Believe ! I really fall in lo...

Zuri-Ju द्वारा

249K 20.1K 387

- Yizhan / BJYX - ~ဘယ်ချိန်တည်းကလဲဆိုတာ ငါမသိဘူးရှောင်းကျန့် ဒါပေမယ့် ငါမင်းကို တကယ်ချစ်မိသွားတာပါ ငါမင်းကိုတ... अधिक

အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃) [Final]

အပိုင်း(၂၉)

6.4K 500 5
Zuri-Ju द्वारा

[Unicode]

ရိပေါ်အိပ်ယာနိုးတော့ မနက်၁၀နာရီလောက်ရှိနေပြီ မနေ့ညက တော်တော်ညဥ့္နက်သွားတာမို့ မနက်ကျအိပ်ယာထနောက်ကျနေတာဖြစ်မယ် တော်သေးတာပေါ့ ရုပ်ရှင်လက်မှတ်ကိုနေ့လယ်ပိုင်းအချိန်ဖြတ်ထားလို့သာ
ရေမိုးချိုးအ၀တ်စားလဲပြီးအောက်ထပ်ဆင်းလာတော့ အစ်ကိုထျန်းရန်က Tvထိုင်ကြည့်နေလေရဲ့

"အိမ်မှာအစ်ကိုတစ်ယောက်တည်းလား"

"ဟုတ်တယ် ရိပေါ် ပါးပါးလုပ်ဖော်ကိုင်ဖက်ရဲ့သားမင်္ဂလာဆောင်မို့တဲ့ တစ်အိမ်လုံးလာခဲ့ဖို့ဖိတ်ထားလို့သွားကြတာ အစ်ကို့ကိုတောင်ခေါ်နေတာ အစ်ကိုကမလိုက်ချင်လို့နေခဲ့တာ"

"သြော် ကျွန်တော့်ကိုကျမခေါ်ဘူး"

"ခေါ်ရင်မင်းကလိုက်မှာမို့လို့လား"

"မလိုက်ပါဘူး "

"အေးလေ မင်းအကြောင်းသိပြီးသားမို့ မင်းကိုဘာမှမပြောတာ မနက်စာပြင်ထားပြီးသားနော်"

"တော်ပြီ မစားတော့ဘူး ဒီနေ့ ရှောင်းကျန့်နဲ့လျှောက်လည်မလို့ အစ်ကို့ကားယူသွားဦးမယ်"

"အေးအေး ဂရုစိုက်မောင်းဦး အစစ်ဆေးတွေရှောင်မောင်းနော် မင်းမှာမောင်းလိုင်စင်မရှိသေးဘူး "

"အင်းပါ သိပါတယ် သွားပြီ"

ရိပေါ် စားပွဲပေါ်က ကားသော့ကိုကောက်ယူပြီး လက်ညိုးထိပ်မှာချိတ်လို့လှည့်ရင်း ကားဆီထွက်လာလိုက်တယ် ရိပေါ်ကမောင်းလိုင်စင်မရှိသေးပေမယ့် ကားမောင်းကျွမ်းနေပါပြီ ဒီနှစ်ကျောင်းပြီးရင် သူ့အတွက်ကား၀ယ်ပေးဖို့ကိုလည်း အိမ်ကိုပြောထားပြီးသား

ရိပေါ်ယွီခြံရှေ့မှာကားရပ်ပြီး အိမ်ထဲကို၀င်လာတော့ ဦးလေးယွီက ဧည့်ခန်းမှာသတင်းစာထိုင်ဖတ်နေတယ်

"ဦးလေးယွီ"

"ရိပေါ် ရှောင်းကျန့်ဆီလာတာလား"

"ဟုတ်တယ် ဦးလေးယွီ"

"သူ့အခန်းထဲနေမှာ မနက်စာထစားတာတောင်မမြင်သေးဘူး ဒီကလေးခုထိအိပ်နေတုန်းလား မသိပါဘူးကွယ်"

"ဒါဆို ကျွန်တော်သွားနှိုးလိုက်ဦးမယ် ဒီနေ့သူနဲ့အပြင်သွားမလို့"

"အေး အေး ရိပေါ် ရှောင်းကျန့်လေးကို ဂရုစိုက်လိုက်ဦးနော်"

"စိတ်ချပါ ဦးလေးယွီ"

ရိပေါ် ဦးလေးယွီကိုပြောပြီးတာနဲ့အပေါ်ထပ်က ရှောင်းကျန့်အခန်းဆီတက်လာလိုက်တယ် အခန်းထဲရောက်တော့ ရှောင်းကျန့်ကိုမတွေ့ပေမယ့် ရေကျသံကြောင့် ရှောင်းကျန့်ရေချိုးခန်းထဲမှာမှန်း ရိပေါ်သိလိုက်တယ် အဲ့တာမို့ရိပေါ် ရှောင်းကျန့်ကုတင်ပေါ်မှာသွားပြီး ထိုင်စောင့်နေရင်း ရှောင်းကျန့်အတွက် အင်္ကျီအ၀တ်စားထုတ်ပေးထားဖို့တွေးမိတာမို့ အဖြူရောင်ဗီရိုလေးထဲက သူ့စိတ်ကြိုက်အ၀တ်စားတွေရွေးနေလိုက်တယ်
ရိပေါ်သူ့လက်ထဲက အရမ်းကြီးထူထဲမနေတဲ့ ဆွယ်တာလည်ပင်းကပ်အဖြူလေးကိုကြည့်ရင်း
'ဒါလေးဆို အဆင်ပြေတယ် '

ရိပေါ်ဆွယ်တာအဖြူလေးနဲ့ ဘောင်းဘီရှည်တစ်ထည်ကို ကုတင်ပေါ်တင်လိုက်ပြီး သူလည်းပြန်ထိုင်နေလိုက်တယ် ခဏအကြာမှာ ရှောင်းကျန့်က အောက်ပိုင်းကိုသာ တပတ်နဲ့ပတ်ထားပြီး တပတ်နောက်တစ်ထည်နဲ့ခေါင်းကိုသုတ်နေရင်း ရေချိုးခန်းထဲကထွက်လာတယ်

ရေချိုးခန်းထဲကထွက်လာတဲ့ ရှောင်းကျန့်ကို ကြည့်နေရင်း ရိပေါ် တံထွေးမြိုချလိုက်တယ် အာခေါင်တွေ.. အာခေါင်တွေတအားခြောက်လာသလိုပဲ ရေသောက်ချင်တယ် ရှောင်းကျန့်ရဲ့ဆံပင်ပေါ်ကတစ်ဆင့် ရင်ဘတ်တစ်လျှောက်စီးကျနေတဲ့ရေသောက်ချင်တယ် ဖွေးဥနေတဲ့ရင်ဘတ်ပြင်ပေါ်က အနီရောင်ချယ်ရီသီးလေးနှစ်ခုကြောင့် ရိပေါ်လျှာသပ်မိလိုက်ရင်း အဲ့ဒီအရာတွေကိုစိုက်ကြည့်နေမိတယ် ရိပေါ်ရဲ့စားတော့၀ါးတော့မလိုစူးစူးရှရှအကြည့်တွေကြောင့် ရှောင်းကျန့် ခေါင်းကိုသုတ်နေတဲ့တပတ်နဲ့ သူ့အပေါ်ပိုင်းကိုလွှားခြုံလိုက်တယ် ဒီတော့မှရိပေါ်က အကြည့်လွှဲသွားပြီး

"ကိုယ် မင်းအတွက်အ၀တ်စားတွေထုတ်ထားတယ်"

ရိပေါ်ကပြောရင်း သူ့ဘေးက အ၀တ်စားတွေကို ရှောင်းကျန့်ဆီလှမ်းပေးလာတယ် ရှောင်းကျန့် ရိပေါ်လက်ထဲက အ၀တ်စားတွေကိုယူလိုက်ပြီး ရေချိုးခန်းထဲပြန်၀င်သွားတယ် အ၀တ်စားသွား၀တ်တာထင်ပါရဲ့ အဲ့တော့မှရိပေါ်သက်ပြင်းချလိုက်တယ် 'ဟူး ရူးတော့မှာပဲ ဘာလို့အဲ့လောက်ထိ စွဲဆောင်မှုရှိနေရတာလဲ ထိန်းထားရတဲ့စိတ်တွေကို မင်းသိစေချင်လိုက်တာ ရှောင်းကျန့်ရယ်"

ရိပေါ်ထုတ်ပေးထားတဲ့ ဆွယ်တာလေး၀တ်ပြီး ရေချိုးခန်းထဲကပြန်ထွက်လာတဲ့ ရှောင်းကျန့်က ရှင်းရှင်းသန့်သန့်နဲ့အဖြူရောင်နတ်သားလေး

"ရိပေါ် ဒါကြီးကပူတယ်လေ"

ရှောင်းကျန့်က သူ၀တ်ထားတဲ့ဆွယ်တာအင်္ကျီလေးရဲ့အစကို လက်ညိုးနဲ့လက်မကိုသုံးလို့ ကိုင်ရင်းပြောတယ်

"ရုပ်ရှင်ရုံထဲမှာ air-conတအားအေးလို့ ကျန့်ကလေးရဲ့..ဆံပင်တွေကရေစိုနေတုန်းပဲ လာ ကိုယ်သုတ်ပေး
မယ်"

ရိပေါ်ပြောလိုက်တော့ ရှောင်းကျန့်က တဘတ်တစ်ထည်ကိုယူပြီး ရိပေါ်ကိုပေးလိုက်တယ် ပြီးတော့ ကုတင်ပေါ်မှာထိုင်နေပြီး ကြမ်းပြင်ပေါ်ချထားတဲ့ ရိပေါ် ခြေထောက်နှစ်ဖက်ကြား ရိပေါ်ကိုကျောပေးပြီးထိုင်လိုက်တယ်

ရိပေါ်သူ့လက်ထဲကတဘတ်ဖြူလေးနဲ့ သူ့ခြေထောက်တွေကြားထိုင်နေတဲ့ ရှောင်းကျန့်ခေါင်းလုံးလုံးလေးကို ရေပြောင်အောင်သုတ်ပေးလိုက်တယ် ရေပြောင်သွားတဲ့ ရှောင်းကျန့်ဆံပင်တွေထဲ ရိပေါ်လက်ထိုးဖွလိုက်ရင်း

"ရေပြောင်သွားပြီ"

ရိပေါ်ပြောတော့ ရှောင်းကျန့်က ခေါင်းလေးလှန်ပြီး ရိပေါ်ကိုမော့ကြည့်လာတယ် ရေချိုးပြီးကာစမို့ ရှောင်းကျန့်မျက်နှာလေးကကြည်လင်နေတယ် သူ့ကိုမော့ကြည့်နေတဲ့ရှောင်းကျန့်ရဲ့ မျက်လုံးကြည်ကြည်လေးတွေမှာ ရိပေါ်ပုံရိပ်လေးထင်ဟပ်နေတယ် ရိပေါ်ခေါင်းကိုငုံ့လိုက်ပြီး ရှောင်းကျန့်နှုတ်ခမ်းလေးကို နမ်းရှိုက်လိုက်တယ် အပေါ်တစ်လှည့်အောက်တစ်လှည့်စုပ်ယူနေရင်း ခေါင်းလျှော်ရည်နံ့နဲ့ဆပ်ပြာရည်နံ့သင်းသင်းလေးက နှာခေါင်းထဲတိုး၀င်လာတယ်
'အဲ့ဒီအနံ့သင်းသင်းလေးကို ကိုယ်သဘောကျတယ် '

ရိပေါ်က သူ့နှုတ်ခမ်းတွေကို နမ်းရှိုက်လာတာမို့ ရှောင်းကျန့်ငြိမ်ငြိမ်လေးနေပေးလိုက်တယ် ရိပေါ်ရဲ့အိစက်စက်နှုတ်ခမ်းလုံးလုံးလေးကို သူသဘောကျတယ် နူးညံ့ညင်သာလွန်းတဲ့ ရိပေါ်အနမ်းတွေကိုလည်းသဘောကျတယ် ရိပေါ်သူ့ကိုနမ်းတာ ချစ်လို့ ဆိုတာသိတာမို့ သူအများကြီးသဘောကျတယ်

အနမ်းတွေကရှည်ကြာလာတော့  ရှောင်းကျန့်အသက်ရှုကြပ်လာတယ် ခေါင်းလှန်ပြီးမော့ထားရတာ ဇက်လည်းညောင်းလာတာမို့ သူ့ပါးနှစ်ဖက်ကို ခပ်ဖွဖွကိုင်ထားတဲ့ရိပေါ်လက်ကို ပုတ်လိုက်တော့ ရိပေါ်က နှုတ်ခမ်းအောက်ကမှဲ့နက်ကလေးမှာ အနမ်းတွေကိုအဆုံးသတ်ပေးတယ်

"အသက်ရှုကြပ်တယ်"

ရှောင်းကျန့်က ပါးစပ်လေးဟပြီးအသက်ရှုရင်း ရိပေါ်ကိုမျက်စောင်းထိုးပြီးပြောလိုက်တယ်
ရှောင်းကျန့်ရဲ့ကြည်လင်နေတဲ့မျက်နှာလေးနဲ့ ရိပေါ်နမ်းထားလို့စိုရဲနေတဲ့နှုတ်ခမ်းလေးက သိပ်လိုက်ဖက်တာပဲ

"အင်းပါ အင်းပါ ကိုယ်လွန်သွားတာ တောင်းပန်ပါတယ်ဗျ"

"အွင်း နောက်ကျနေလိမ့်မယ် သွားကြစို့လေ"

"ဟုတ်ပြီ ဟုတ်ပြီ သွားကြမယ်"

​သူတို့အောက်ထပ်ဆင်းလာတော့ ဧည့်ခန်းမှာထိုင်နေတဲ့ဦးလေးယွီက ရှောင်းကျန့်ကို'မုန့်ဖိုးယူသွားဖို့' လှမ်းပြောပေမယ့် ရှောင်းကျန့်က ငြင်းလိုက်တယ် အရင်ကပေးထားတာတွေတောင် သူမသုံးရသေးဘူးလေ

နှစ်ယောက်လုံးမနက်စာ မစားရသေးတာမို့ ကိတ်ဆိုင်တစ်ခုမှာမုန့်အရင်၀င်စားပြီးမှ ရုပ်ရှင်ရုံထွက်လာကြတယ် ရိပေါ်က ရှောင်းကျန့်အတွက်စတော်ဘယ်ရီအရသာရေခဲမုန့်ဗူးလေးလည်း ကိတ်ဆိုင်ကနေ၀ယ်ခဲ့သေးတာ ရုပ်ရှင်ရုံရောက်တာနဲ့သူတို့အထဲပဲတန်း၀င်လိုက်တယ် အချိန်ကအရမ်းကပ်နေပြီမို့ ..ရိပေါ်ဖြတ်ထားတဲ့ခုံက စုံတွဲခုံ စုံတွဲခုံတောင်မှ ဟိုးအနောက်ဆုံးကထောင့်ခုံ ဘေးမှာနံရံရှိပြီး တစ်ခြားတစ်ဖက်ခုံတွေနဲ့လည်း နည်းနည်းလေး လှမ်းတယ် ကြည့်မယ့်ဇာတ်လမ်းကသရဲကား ဘယ်လိုလဲ ရိပေါ်အကြံပိုင်တယ်မလား

သူတို့ရုံထဲရောက်လို့ထိုင်ခုံမှာထိုင်ပြီးတာနဲ့ မီးတွေအကုန်မှိတ်လိုက်ပြီးဇာတ်လမ်းစပြတယ် အစပိုင်းဇာတ်လမ်းကနည်းနည်းအေးသေးတာမို့ ရှောင်းကျန့်ကရေခဲမုန့်လေးစားလိုက် ရုပ်ရှင်လေးကြည့်လိုက်နဲ့ ၀မ်ရိပေါ်ကတော့ ရုပ်ရှင်ရဲ့အလင်းကြောင့် ခပ်ဖျော့ဖျော့သာမြင်နေရတဲ့ ရှောင်းကျန့်ကိုပဲဘေးကနေထိုင်ငေးတယ် ရှောင်းကျန့်ကဒါကိုသတိထားမိတော့ ရေခဲမုန့်ခွက်လေးကိုရိပေါ်ဆီလှမ်းပေးရင်း

"ရေခဲမုန့်စားချင်လို့လား"

"အင်း"

ရိပေါ်ကပြောပြီး ရှောင်းကျန့်ကမ်းပေးနေတဲ့ ရေခဲမုန့်ခွက်လေးကိုမယူပဲ ရေခဲမုန့်စားထားတဲ့ရှောင်းကျန့်နှုတ်ခမ်းလေးကိုပဲ တစ်ချက်နမ်းစုပ်လိုက်တယ်

"အရသာက ကောင်းသားပဲ"

ရိပေါ်ပြောတော့ ရှောင်းကျန့်က သူ့ဆီကအကြည့်လွှဲပြီး ဇာတ်လမ်းဆီအကြည့်ပို့လိုက်တယ် နားရွက်ဖျားလေးတွေနီနေတဲ့ ရှောင်းကျန့်က ရှက်နေလည်း ချစ်စရာလေး

ဇာတ်လမ်းက ကြောက်စရာကောင်းလာတော့ ရှောင်းကျန့်က ရိပေါ်ရင်ခွင်ထဲ၀င်တိုးလာတယ်

"ကြောက်တယ် မကြည့်ရဲတော့ဘူး"

ရိပေါ်က ရှောင်းကျန့် ပုခုံးလေးကိုကိုင်ပြီး သူနဲ့မျက်နှာချင်းဆိုင်စေရင်း

"ဒါဆို ဇာတ်လမ်းကိုအာရုံမစိုက်ပဲ ကိုယ့်ကိုပဲ အာရုံစိုက်ထား"

ရှောင်းကျန့်ထိုင်နေတာ နံရံဘက်မို့ ရိပေါ်က ရှေ့ကိုတိုးလာရင်း ရှောင်းကျန့်ကို နံရံနဲ့ကပ်စေတယ် ရှောင်းကျန့်ခေါင်းလေးကိုထိန်းကိုင်ရင်း နှုတ်ခမ်းနှစ်ခုကိုထပ်တူကျစေလိုက်တယ် ဒီတစ်ခေါက်အနမ်းမှာတော့ ရိပေါ်ရဲ့လျှာဖျားလေးက ရှောင်းကျန့်ခံတွင်းထဲ၀င်ရောက်လာတယ် ရှောင်းကျန့်ခံတွင်းအနှံ့လှည့်လည်သွားလာရင်း နောက်ဆုံးမှာ ရှောင်းကျန့်လျှာလေးကိုရစ်ပတ်လို့စုပ်ယူလာတယ် နူးညံ့ကြင်သာတဲ့အနမ်းလေးက နည်းနည်းကြမ်းတမ်းမွတ်သိပ်သယောင်ရှိလာတယ်

ရှောင်းကျန့် ရိပေါ်ဆီကဒီလိုမျိုးအနမ်းခံလိုက်ရတာမို့ နည်းနည်းလန့်သွားတယ် 'ခံစားချက်ကဘယ်လိုကြီးလည်း '
ဒါပေမယ့် ရိပေါ်လျှာဖျားလေးရဲ့ဆွဲခေါ်မှုနဲ့အတူ ရိပေါ်အနမ်းတွေကြားသူပါစီးမြောလိုက်ပါလာမိတယ် မျက်လုံးတွေမှိတ်လို့ ရိပေါ်ပြောသလိုသူ့ကိုပဲအာရုံစိုက်ထားတာမို့ အနမ်းတွေကိုနက်နက်ရိှုင်းရှိုင်းခံစားနေရတယ် အဲ့ဒီအနမ်းတွေက စွဲမက်ဖို့ကောင်းတယ် ပြီးတော့ ရုန်းထွက်ဖို့လည်းခက်တယ်

ရိပေါ်သူ့ရဲ့ကျန်တဲ့လက်တစ်ဖက်ကို ရှောင်းကျန့်ဆွယ်တာအောက်လျှို၀င်လိုက်ပြီး ရှောင်းကျန့်ကျောပြင်တစ်လျှောက်နဲ့ ခါးသိမ်သိမ်လေးကို ပွတ်သပ်နေလိုက်တယ် အနမ်းတွေထဲမိန်းမောနေတဲ့ ရှောင်းကျန့်က ဒါကိုသတိတောင်ထားမိပုံမပေါ်ဘူး

ရှောင်းကျန့် ရိပေါ်ရဲ့လက်မောင်းကို ထုလိုက်တယ် သူအသက်ရှုကြပ်နေပြီလေ ဒါပေမယ့် ရိပေါ်က ဒီတစ်ခါတော့ သူ့နှုတ်ခမ်းတွေကိုလွှတ်မပေးပဲ ဆက်နမ်းနေတုန်းပဲ အဲ့တာမို့ရှောင်းကျန့်လည်း ရိပေါ်နှုတ်ခမ်းကို ကိုက်ပစ်လိုက်တယ် အဲ့တော့မှ ရိပေါ်က 'အ့' ဆိုပြီး ရှောင်းကျန့် နှုတ်ခမ်းတွေကို လွှတ်ပေးလိုက်တယ်

"ကိုယ့်ကိုဘာလို့ကိုက်တာလဲ"

"ဒီလောက်လက်မောင်းကိုထုနေတာတောင် လွှတ်မှမပေးတာ ဒီမှာအသက်ရှုကြပ်နေပြီ"

"အာ တောင်းပန်ပါတယ် ကျန့်ကလေးရယ် ကိုယ်သတိမထားလိုက်မိလို့ပါ"

"တော်ပြီ မနမ်းနဲ့တော့ ကျွန်တော်မောတယ်"

"ဒါဆို ကျန့်ကလေး အမောပြေမှပြန်နမ်းကြမယ်လေ ..နော်"

"တော်ပြီ အကြာကြီးနမ်းပြီးပြီဟာ ကျွန်တော့်နှုတ်ခမ်းတွေ ထုံနေပြီ"

"ကျန့်ကလေးကလည်း"

ရိပေါ်က ရှောင်းကျန့်လည်တိုင်ဆီ ခွေးပေါက်လေးလို ခေါင်းတိုး​ေ၀့လာတယ် လက်နှစ်ဖက်နဲ့ရှောင်းကျန့်ခါးသေးသေးလေးကိုဖက်တွယ်ထားတယ် သူတို့စုံတွဲခုံက နောက်ထပ်လူတစ်ယောက်လောက်ရိပေါ်ဘေး ၀င်ထိုင်လို့ရသေးတယ် ဘာလို့ဆိုနှစ်ယောက်လုံးကနံရံဘက်မှာပူးကပ်နေတာကိုး

ရှောင်းကျန့် ရိပေါ်ကို ဘာမှမပြောတော့ပဲ အသက်၀၀ပဲရှုနေလိုက်တယ် သူခုနအရမ်းကိုOxygenပြတ်တောက်သွားတာ

ရှောင်းကျန့်သူ့လည်ပင်းက စိုစွတ်စွတ်နဲ့ခပ်စူးစူးခံစားရတာမို့

"ရိ ရိပေါ် ဘာလုပ်တာလဲ"

"ကိုယ်သရဲကြောက်လို့"

"ဟင်"

"သရဲကြောက်လို့ အကြောက်ပြေအောင်ကိုယ်အာရုံပြုထားတာ ငြိမ်ငြိမ်လေးနေ ကိုယ်ကြောက်လို့"

"အာ အင်းအင်း"

ရှောင်းကျန့်မှာတော့ ရိပေါ်စကားကိုအဟုတ်ထင်ပြီး ရိပေါ်ပြောသလိုငြိမ်ငြိမ်လေးနေရင်းပဲ ရိပေါ်ပုခုံးဆီမေးတင်ရင်း အိပ်နေလိုက်တာ ဇာတ်လမ်းပြီးတဲ့ထိပဲ ရုပ်ရှင်လာကြည့်တာ ဇာတ်လမ်းသာပြီးသွားတယ် နှစ်ယောက်လုံး ဘာမှန်းတောင်သေချာမသိလိုက်ဘူးရယ် ရိပေါ်ကတော့ သူ့အကြံတွေအောင်မြင်လို့ It's meဆိုတဲ့ရုပ်ကြီးနဲ့
ရှောင်းကျန့်ကတော့ လည်ပင်းကစပ်ဖျင်းဖျင်းဖြစ်နေတာကြောင့် ကားပေါ်ရောက်မှမှန်ကြည့်မိတော့ အနီရောင်အကွက်တွေမှဟိုတစ်ကွက်ဒီတစ်ကွက်အပြည့်ပဲ ၀မ်ရိပေါ်ကကြောက်ပြီးသူ့လည်ပင်းကိုကိုက်လိုက်တာထင်တယ်

"ရိပေါ်ကကြောက်ရင်ကိုက်တတ်တာလားဟင်"

၀မ်ရိပေါ် သူ့ဘေးက lover seatမှာထိုင်ပြီး ကားမှန်နဲ့သူ့လည်ပင်းသူကြည့်ရင်း ပြောလိုက်တဲ့ ရှောင်းကျန့်စကားကြောင့် တဟားဟားအော်ရယ်လိုက်မိတယ်
သူကအကြောက်ပြေအောင်လို့ပြောပြီး လုပ်လိုက်တာမို့ ကြောက်ရင်ကိုက်တတ်တယ်ဆိုပြီးထင်သွားပုံပဲ

"အဲ့တာကြောက်လို့ကိုက်တာမဟုတ်ဘူး ကျန့်ကလေးရဲ့ Markingလို့ခေါ်တယ် ​ချစ်လို့အဲ့လိုလုပ်တာ"

"Marking?"

"အင်း ချစ်သူတွေကြားမှာပဲလုပ်တာနော် ခုတော့ ဒါကိုမမြင်အောင် ဒီလိုလုပ်ထား လူကြီးတွေမမြင်စေနဲ့"

ရိပေါ်က ပြောရင်း ရှောင်းကျန့်ဆွယ်တာအဖြူလေးရဲ့ လည်ပင်ကပ်လေးကိုထောင်လိုက်တော့ အနီကွက်တွေကိုဖုံးသွားတယ် ဒီအင်္ကျီလေးကအဲ့တာမို့အဆင်ပြေတာ 'ဟက်ဟက် '

ပထမဆုံးရုပ်ရှင်ဒိတ်လေးကတော့ တစ်ယောက်ကလည်ပင်းတစ်လျှောက်markingရာအပြည့်နဲ့ နောက်တစ်ယောက်ကအောက်နှုတ်ခမ်းပေါက်ပြီးကုန်ဆုံးခဲ့ပါတယ်~

[Zawgyi]

ရိပေါ်အိပ်ယာနိုးတော့ မနက်၁၀နာရီလောက်ရှိနေပြီ မနေ့ညက တော်တော်ညဉ့်နက်သွားတာမို့ မနက်ကျအိပ်ယာထနောက်ကျနေတာဖြစ်မယ် တော်သေးတာပေါ့ ရုပ်ရှင်လက်မှတ်ကိုနေ့လယ်ပိုင်းအချိန်ဖြတ်ထားလို့သာ





"မလိုက်ပါဘူး "







"ဦးလေးယွီ"


"ဟုတ်တယ် ဦးလေးယွီ"




"စိတ်ချပါ ဦးလေးယွီ"

'ဒါလေးဆို အဆင်ပြေတယ် '








မယ်"



"ရေပြောင်သွားပြီ"




"အသက်ရှုကြပ်တယ်"









"အင်း"


"အရသာက ကောင်းသားပဲ"







ဒါပေမယ့် ရိပေါ်လျှာဖျားလေးရဲ့ဆွဲခေါ်မှုနဲ့အတူ ရိပေါ်အနမ်းတွေကြားသူပါစီးမြောလိုက်ပါလာမိတယ် မျက်လုံးတွေမှိတ်လို့ ရိပေါ်ပြောသလိုသူ့ကိုပဲအာရုံစိုက်ထားတာမို့ အနမ်းတွေကိုနက်နက်ရှိုင်းရှိုင်းခံစားနေရတယ် အဲ့ဒီအနမ်းတွေက စွဲမက်ဖို့ကောင်းတယ် ပြီးတော့ ရုန်းထွက်ဖို့လည်းခက်တယ်









"ကျန့်ကလေးကလည်း"

ရိပေါ်က ရှောင်းကျန့်လည်တိုင်ဆီ ခွေးပေါက်လေးလို ခေါင်းတိုး​ဝေ့လာတယ် လက်နှစ်ဖက်နဲ့ရှောင်းကျန့်ခါးသေးသေးလေးကိုဖက်တွယ်ထားတယ် သူတို့စုံတွဲခုံက နောက်ထပ်လူတစ်ယောက်လောက်ရိပေါ်ဘေး ၀င်ထိုင်လို့ရသေးတယ် ဘာလို့ဆိုနှစ်ယောက်လုံးကနံရံဘက်မှာပူးကပ်နေတာကိုး



"ရိ ရိပေါ် ဘာလုပ်တာလဲ"

"ကိုယ်သရဲကြောက်လို့"

"ဟင်"


"အာ အင်းအင်း"





"Marking?"























पढ़ना जारी रखें

आपको ये भी पसंदे आएँगी

180K 18.5K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
158K 13.9K 41
6. 3. 2021 - 11. 6. 2022
49.2K 3.3K 15
ရှောင်းကျန့် - "မင်းကငါ့ရည်းစားဟောင်းလေ" ဝမ်ရိပေါ် - "မဟုတ်ဘူး" 《cover art respectfully credit to artist nim》
185K 15.7K 23
Yizhan "ဝေအိဖော်နဲ့ဂျောင်းဂျန့်ဟာတူနယ်ဂျင်းတွေပါ။ တိနေ့သောအထာရန်ဂျစ်ဂျ။ ဝေအိဖော်ကနှထန်းနဲ့ချ ဂျောင်ဂျောင်းဂျန့်ယဲ့မက်နာဝယ် ချတွေးကွက်တွေကကွယ် ဘယ်ကရတ...