Unicode
ရှောင်ကျန့်အခန်းထဲထိုင်ရင်း ဘာဆက်လုပ်ရမလဲမစဥ်းစားတတ်တော့ပေ...
သေချာတာက သူတစ်ယောက်ထဲသေချာစဥ်းစားဖို့လိုပြီ...ဘယ်သူနဲ့မှစကားမပြောချင်ဘူး ဘယ်သူနဲ့မှလဲမတွေ့ချင်ဘူး ဘယ်သူမှမသိတဲ့နေရာကိုထွက်သွားရမယ်..
ရှောင်ကျန့်ခြေထောက်ကဒဏ်ရာကိုဂရုမစိုက်ပဲ ခြေအိတ်ဝတ်ပြီးဖိနပ်စီးပြီး passportနဲ့ပိုက်ဆံအိတ်ပဲ ယူကာ အခန်းထဲကထွက်သွားတော့သည်။
သူနဲ့ရှောင်ပါး ဓာတ်လှေကားအဖွင့်အပိတ်လေးသာလွဲသွားခဲ့ပေမဲ့ တစ်ယောက်ကိုတစ်ယောက်မမြင်လိုက်ရပေ....
ကောကို ခဏတော့စဥ်းစားခွင့်ပြုပါ ဝမ်လေး...
....................
ရှောင်ပါးအခန်းထဲရောက်တော့ ရှောင်ကျန့်ကိုမတွေ့ပဲ ကြမ်းပြင်ပေါ်ပေကြံနေတဲ့သွေးတွေနဲ့အတူ ဖန်ကွဲစတွေ....
ရှောင်ပါးလန့်သွားပြီးလိုက်ရှာပေမဲ့ သူ့သားကိုရှာလို့မတွေ့ အိပ်ယာပေါ်က ဘတ္ထရီဖြုတ်ထားတဲ့ဖုန်းကိုယူ တပ်ကာ စက်ဖွင့်လိုက်တော့ ရိပေါ်ဆီကခေါ်ထားတဲ့ အဝင်ဖုန်းတွေတန်းစီပေါ်လာတော့သည်...
အိတ်တွေထဲ မွှေနှောက်ရှာတော့ passportယူသွားမှန်းသိလိုက်ရသည်မို့ ရိပေါ်ဆီဖုန်းခေါ်လိုက်တော့သည်။
" ဟလို ပါး...ကျန့်ကောအခြေနေကောင်းလား ကျွန်တော်သူနဲ့စကားပြောချင်တယ် "
"ရိပေါ်... သားကျန့်မရှိတော့ဘူး "
ရိပေါ် ကားကိုအရှိန်လျှော့ကာ လမ်းဘေးထိုးရပ်လိုက်ပြီး...
"ပါး...ဘယ် ဘယ်လိုမရှိတာလဲ ခုဏလေးတင်. ကျွန်တော်နဲ့စကားပြောနေတာလေ နာရီဝက်လောက်ပဲရှိဦးမယ် ပါး ကောဟော်တယ်အနီးမှာရှိဦးမှာ "
"ကျစ်...အဲဒါတွေထားဦး ဘာဖြစ်တာလဲ ပါးကိုရှင်းပြဦးလေ "
''ကျွန်တော်ကြောင့် ကျွန်တော်မကောင်းတာပါ ဟာကွာ..... တောက်...."
ရိပေါ်ကိုယ့်ကိုကိုယ်စိတ်တိုတိုနဲ့ ကားစီယာတိုင်ကို ထုရိုက်နေမိတော့သည်။
ကောကဒီလောက်စိတ်ပူတာ..အားမနာတမ်း တန်းပြန်လိုက်ရင်ဖြစ်မှာမဟုတ်ဘူး...ငါ့ကြောင့် ငါမကောင်းတဲ့ကောင်ပဲ...
"ရိပေါ် သား..ဘာကိစ္စလဲမသိပေမဲ့ သားကျန့်စိတ်တည်ငြိမ်ဖို့တနေရာသွားတာနေမှာပါ..."
''သူ ကျွန်တော်ကို စိတ်နာပြီး ပြန်မလာတော့ရင် ဘယ်လိုလုပ်ရမလဲပါး... "
"မဖြစ်နိုင်ပါဘူး သားကျန့်စိတ်တည်ငြိမ်သွားရင် ပြန်လာမှာပါ အာ့ကျမှဖြေရှင်းကြတာပေါ့ကွာ...စိတ်အေးအေးထားပါ ဟုတ်ပီလား "
" ဟုတ် ပါး... "
..........................
ရိပေါ် ပါးပြင်ပေါ်ကမျက်ရည်တွေသုပ်လိုက်ပြီး... စိတ်ကိုလျှော့ချလိုက်ကာ ကားကိုနောက်ပြန်လှည့်ပြီး ကူးစူးကိုဦးတည်လိုက်ပြန်သည်...
ချင်းချင်းအိမ်ရှေ့ပြန်ရောက်တော့...အရင်လိုပဲတိတ်ဆိတ်လျက်...
ရိပေါ်ကားပေါ်ကဆင်းပြီး အိမ်ထဲဝင်လိုက်တော့ အပေါ်ထပ်ကဆင်းလာတဲ့ ချင်းချင်းနဲ့အန်တီကိုတွေ့လိုက်ရသည်။
ချင်းချင်းက အံသြသွားပုံနဲ့ပြေးဆင်းလာကာ...
"ရိပေါ်ကောကောပြန်လာတယ် ချင်းချင်းကိုလာခေါ်တာလားဟင် "
"လွှတ်ဦး..."
ရိပေါ်အသံက စိတ်ဆိုးတာမဟုတ်ပဲ တည်တည်ငြိမ်ငြိမ်နဲ့ပင်...
ချင်းချင်းလွှတ်ပေးလိုက်တော့ ရိပေါ်ကောကောက အမားအနားသွားကာ...
"အန်တီ... ကျွန်တော် "
"အန်တီနားလည်ပါတယ် တမင်လုပ်ယူတဲ့အမှားမှမဟုတ်ပဲကွယ် ဘာတတ်နိုင်မှာလဲ သားတို့လဲအရွယ်ရောက်ပြီးလူတွေပဲလေ ကြိုက်သလိုလုပ်ကြပါ "
"အခု ချက်ချင်းတော့ ကျွန်တော်လဲမစီစဥ်တတ်ဘူး စဥ်းစားဖို့အချိန်လဲလိုတယ်...ချင်းချင်းကျောင်းပီးလောက်မှ "
"ရိပေါ်ကောကော အာ့လောက်အကြာကြီးစောင့်ဖို့လိုလို့လား "
"ချင်းချင်း ရိပေါ်ပြောတာမှန်တယ် ဒီခေတ်အခါမှာ ဒီလိုကိစ္စတွေကထမင်းစားရေသောက်သလိုဖြစ်နေတာ သမီးအသိဆုံး... ရိပေါ်မလို့တာဝန်ယူဖို့ပြောတာ တခြားသူဆိုတွေးကြည့်စမ်း..."
"ဒါပေမဲ့..."
"တော်တော့...သားရိပေါ် ကြိုက်သလိုလုပ်ပါ "
အမားရယ် ဒီလိုဖြစ်အောင်တမင်လုပ်ထားပါတယ်ဆိုမှ အချိန်ကြာလာတာနဲ့ ရိပေါ်ကောကောစိတ်ပြောင်းသွားရင် အကုန်အလကားဖြစ်ကုန်မှာပေါ့...ကျစ်
"ဟုတ်ကဲ့...ကျွန်တော်အခုပြန်မှာဖြစ်မှာမလို့ ခွင့်ပြုပါဦး.... ချင်းချင်းပါခေါ်သွားမယ်အန်တီ "
"အေးပါကွယ်.."
.......................
ကူးစူးအိမ်ကစထွက်ကတည်းက ရိပေါ်စကားတစ်ခွန်းမှမပြော ကားလေးထဲမှာလေထုကအစ တိတ်ဆိတ်လျက်....
ချင်းချင်း တစ်ချက်တစ်ချက် ရိပေါ်ကိုလှမ်းကြည့်ပေမဲ့ ရိပေါ်ကတော့ တည်ငြိမ်ဆဲပဲ....
ရှောင်အိမ်ကိုပြန်ရောက်တော့ မာမားကပြေးထွက်လာကာ..
"ရိပေါ်လေး...ကျန့်ကျန့်နဲ့ဘာတွေဖြစ်ကြတာလဲကွယ် မားတော့ရင်တွေတုန်နေတယ် ရှင်းပြပါဦး "
" ချင်းချင်းသွားနားတော့..."
"ဟုတ် "
ချင်းချင်းအိမ်ထဲဝင်သွားသည်နှင့်.. ရိပေါ်မားကိုဖက်ကာငိုမိတော့သည်...
"မား..ကျန့်ကော ကျန့်ကော သားကိုထားသွားပြီ ဟင့်.. "
"မဟုတ်တာ သားရယ် သားတို့ပါးပြောပုံအရ စိတ်တည်ငြိမ်အောင်ခဏထွက်သွားတာနေမှာပါ ပြမ်လာမှာပါသားရယ် ဘာတွေဖြစ်လာတာလဲဆိုတာရှင်းပြဦးလေ "
"မား...သား သားလေ "
"အင်း မားနားထောင်နေတယ် "
"သား ချင်းချင်းကိုတာဝန်ယူရမယ် "
"ဟင်....ဘာ ဘာကြောင့်များ "
ရိပေါ် အတိုချုံးရှင်းပြလိုက်တော့ မားကမယုံနိုင်ဖြစ်နေပြီး...
"သားရယ်... "
"အခု အရေးကြီးတာက သားကျန့်ကောကိုရှာရမယ် မား "
"ဟိုမှာ သားရဲ့ပါးလဲလူသုံးပြီးရှာနေတယ် ခက်တာက passport မသုံးသေးဘူး ငွေကလဲမထုတ်သေးတော့ တည်နေရာပျောက်နေတယ် ကြည့်ရတာ ဂျပန်မှာပဲရှိဦးမယ်..."
"သား ဂျပန်သွားရမယ်မား ကောကို သွားရှာရမယ် "
"အင်းပါ သားသဘောပဲ ဒီကကိစ္စတွေကိုစိတ်ချထားခဲ့''
ရိပေါ်သူ့အိမ်လေးဆီပြေးပြီး လိုအပ်တာတွေယူရင်း ဖန်ရှင်းဆီဖုန်းဆက်ကာ အနီးစပ်ဆုံးလေယာဥ်လက်မှတ်ဖြတ်ခိုင်းလိုက်တော့သည်။
သူ့လူသားကိုသူကိုယ်တိုင်ရှာရမယ် မတွေ့တွေ့အောင်ရှာရမယ်.....
.........................
ရှောင်ကျန့်တွေ့တဲ့ကားကိုတက်စီးပြီးရောက်ချင်ရာရောက်အရင်ထွက်လာခဲ့လိုက်ပြီးမှ ကားပေါ်ပါတဲ့ ဦးလေးတစ်ဦးကိုနှုတ်ဆက်ကာ...
"ဟလို ဦးလေး "
"အော...လူလေး ဂျပန်မဟုတ်ဘူးမလား ဂျပန်လိုပြောတတ်တာပဲ "
"တရုတ်ကအလည်လာတာပါ ကျွန်တော့်ကို အေးချမ်းပြီး နေလို့ကောင်းတဲ့နေရာလေးညွှန်ပေးပါလား ဘယ်သွားမယ်ဆိုပြီးရည်ရွယ်ချက်မရှိပဲ ဒီလိုပဲပတ်သွားမယ်ဆိုပြီးထွက်လာတာမလို့ပါ "
"လူငယ်တွေများ မကြောက်မလန့် တယ်စွန့်စားတာပဲ "
"ဟဲဟဲ "
ထိုဦးလေးက မျက်နှာချိုချိုနဲ့ ခင်မင်တတ်တယ် အခုမှတွေ့ပေမဲ့စကားတွေအများကြီးပြောပြီး စိတ်ရင်းနဲ့ဆက်ဆံပေးတယ်...
"လူလေး ဦးလေးတို့ရွာလိုက်လည်မလား "
"ဟင် ဦးလေးတို့ရွာလား "
"အင်း... ဦးလေးတို့က သားဖနှစ်ယောက်တည်းနေတာ ရွာမှာ အသီးရွက်တွေစိုက်ပြီး တစ်ပတ်ကိုတစ်ခါမြို့တက်ရောင်းတယ် ရွာကနဲနဲတော့ဝေးတယ် ကားနောက်တစ်ဆင့်ထပ်စီးပြီး ရွာကဦးလေးသားဆိုင်ကယ်နဲ့လာကြိုမှာ လူလေးစိတ်မရှိရင် "
"ဟုတ် ဦးလေး ကျွန်တော်လိုက်လည်မယ် ကျွန်တော်ကိုခေါ်သွားပါနော် "
"ဟုတ်ပါပီ..."
"ဒါနဲ့ လူလေးနာမည် "
"ဟုတ်သားပဲ မေ့နေတာ ကျွန်တော်နာမည် ရှောင်ကျန့်ပါ... ဦးလေးအဆင်ပြေသလိုခေါ်လို့ရပါတယ် "
"အော် အေးအေး...လူလေးရှောင် ခြေထောက်ကတခုခုထိခိုက်မိတာလား သွေးတွေလားလို့ကွယ် ''
ဦးလေးပြောမှ ကြည့်လိုက်မိသည် သားရေရှူးဖိနပ်မဟုတ်ပဲ ဂျင်းပြာရောင်ဖိနပ်စီးခဲ့မိတာကြောင့် အနာကသွေးတွေပေသွားခဲ့ပုံရသည်။
"ဟုတ် ဟုတ်တယ်ဦးလေး ဟော်တယ်မှာဖန်ကွဲစနင်းမိပြီးအချိန်မရတာနဲ့ ဘာမှမလုပ်လာလိုက်ရလို့ "
"ဒီအတိုင်းကြီးထားရလား ပိုးဝင်ကုန်မှာပေါ့ "
"ရ ရပါတယ် ရောက်မှပဲ ရေဆေးပြီး ဆေးထည့်လိုက်ပါမယ် "
"ကားဂိတ်ရပ်ရင် ဆေးဆိုင်ရှာပြီးဆေးထည့်လိုက်ပါ မဟုတ်လဲကားစောင့်ရဦးမှာ ရွာဘက်ကို ညနေ၄နာရီမှထွက်မှာ အာ့နားမှာစျေးရှိတယ် လူလေးလိုအပ်တာဝယ်ပေါ့ ဟုတ်ပီလား "
"ဟုတ်ကဲ့ဦးလေး.."
စကားပြောပြီး ခဏကြာတော့ဦးလေးလဲခဏမှေးသွားတာကြောင့် ရှောင်ကျန့်ကားမှန်ကတစ်ဆင့် အဝေးကိုမျှော်ကြည့်ရင်း အတွေးတွေက ရိပေါ်ဆီရောက်လို့သွားပြန်သည်။
တကယ်လို့ ဒီအဖြစ်ပျက်ကြီးက အမှားတခုဆိုရင်ရော ဘာတွေဆက်ဖြစ်မလဲ...
...ဝမ်လေးကိုယ်တို့ဘာဆက်လုပ်ကြမလဲ.....
............................
Update မမှန်တဲ့သာသာတွေကို ချောင်းရိုက်ဆိုရင် သာသာထိပ်ဆုံးခံရမှာ အသေချာပဲဟာဟ😁
ဒါဒါလေးတို့ကိုချစ်တယ်လေနော် ချောင်းမရိုက်ကြနဲ့နော်😘😘😘
Zawgyi
ေရွာင္က်န့္အခန္းထဲထိုင္ရင္း ဘာဆက္လုပ္ရမလဲမစဥ္းစားတတ္ေတာ့ေပ...
ေသခ်ာတာက သူတစ္ေယာက္ထဲေသခ်ာစဥ္းစားဖို႔လိုၿပီ...ဘယ္သူနဲ႕မွစကားမေျပာခ်င္ဘူး ဘယ္သူနဲ႕မွလဲမေတြ႕ခ်င္ဘူး ဘယ္သူမွမသိတဲ့ေနရာကိုထြက္သြားရမယ္..
ေရွာင္က်န့္ေျခေထာက္ကဒဏ္ရာကိုဂ႐ုမစိုက္ပဲ ေျခအိတ္ဝတ္ၿပီးဖိနပ္စီးၿပီး passportနဲ႕ပိုက္ဆံအိတ္ပဲ ယူကာ အခန္းထဲကထြက္သြားေတာ့သည္။
သူနဲ႕ေရွာင္ပါး ဓာတ္ေလွကားအဖြင့္အပိတ္ေလးသာလြဲသြားခဲ့ေပမဲ့ တစ္ေယာက္ကိုတစ္ေယာက္မျမင္လိုက္ရေပ....
ေကာကို ခဏေတာ့စဥ္းစားခြင့္ျပဳပါ ဝမ္ေလး...
....................
ေရွာင္ပါးအခန္းထဲေရာက္ေတာ့ ေရွာင္က်န့္ကိုမေတြ႕ပဲ ၾကမ္းျပင္ေပၚေပႀကံေနတဲ့ေသြးေတြနဲ႕အတူ ဖန္ကြဲစေတြ....
ေရွာင္ပါးလန့္သြားၿပီးလိုက္ရွာေပမဲ့ သူ႕သားကိုရွာလို႔မေတြ႕ အိပ္ယာေပၚက ဘတၳရီျဖဳတ္ထားတဲ့ဖုန္းကိုယူ တပ္ကာ စက္ဖြင့္လိုက္ေတာ့ ရိေပၚဆီကေခၚထားတဲ့ အဝင္ဖုန္းေတြတန္းစီေပၚလာေတာ့သည္...
အိတ္ေတြထဲ ေမႊႏွောက္ရွာေတာ့ passportယူသြားမွန္းသိလိုက္ရသည္မို႔ ရိေပၚဆီဖုန္းေခၚလိုက္ေတာ့သည္။
" ဟလို ပါး...က်န့္ေကာအေျခေနေကာင္းလား ကြၽန္ေတာ္သူနဲ႕စကားေျပာခ်င္တယ္ "
"ရိေပၚ... သားက်န့္မရွိေတာ့ဘူး "
ရိေပၚ ကားကိုအရွိန္ေလွ်ာ့ကာ လမ္းေဘးထိုးရပ္လိုက္ၿပီး...
"ပါး...ဘယ္ ဘယ္လိုမရွိတာလဲ ခုဏေလးတင္. ကြၽန္ေတာ္နဲ႕စကားေျပာေနတာေလ နာရီဝက္ေလာက္ပဲရွိဦးမယ္ ပါး ေကာေဟာ္တယ္အနီးမွာရွိဦးမွာ "
"က်စ္...အဲဒါေတြထားဦး ဘာျဖစ္တာလဲ ပါးကိုရွင္းျပဦးေလ "
''ကြၽန္ေတာ္ေၾကာင့္ ကြၽန္ေတာ္မေကာင္းတာပါ ဟာကြာ..... ေတာက္...."
ရိေပၚကိုယ့္ကိုကိုယ္စိတ္တိုတိုနဲ႕ ကားစီယာတိုင္ကို ထုရိုက္ေနမိေတာ့သည္။
ေကာကဒီေလာက္စိတ္ပူတာ..အားမနာတမ္း တန္းျပန္လိုက္ရင္ျဖစ္မွာမဟုတ္ဘူး...ငါ့ေၾကာင့္ ငါမေကာင္းတဲ့ေကာင္ပဲ...
"ရိေပၚ သား..ဘာကိစၥလဲမသိေပမဲ့ သားက်န့္စိတ္တည္ၿငိမ္ဖို႔တေနရာသြားတာေနမွာပါ..."
''သူ ကြၽန္ေတာ္ကို စိတ္နာၿပီး ျပန္မလာေတာ့ရင္ ဘယ္လိုလုပ္ရမလဲပါး... "
"မျဖစ္နိုင္ပါဘူး သားက်န့္စိတ္တည္ၿငိမ္သြားရင္ ျပန္လာမွာပါ အာ့က်မွေျဖရွင္းၾကတာေပါ့ကြာ...စိတ္ေအးေအးထားပါ ဟုတ္ပီလား "
" ဟုတ္ ပါး... "
..........................
ရိေပၚ ပါးျပင္ေပၚကမ်က္ရည္ေတြသုပ္လိုက္ၿပီး... စိတ္ကိုေလွ်ာ့ခ်လိဳက္ကာ ကားကိုေနာက္ျပန္လွည့္ၿပီး ကူးစူးကိုဦးတည္လိုက္ျပန္သည္...
ခ်င္းခ်င္းအိမ္ေရွ႕ျပန္ေရာက္ေတာ့...အရင္လိုပဲတိတ္ဆိတ္လ်က္...
ရိေပၚကားေပၚကဆင္းၿပီး အိမ္ထဲဝင္လိုက္ေတာ့ အေပၚထပ္ကဆင္းလာတဲ့ ခ်င္းခ်င္းနဲ႕အန္တီကိုေတြ႕လိုက္ရသည္။
ခ်င္းခ်င္းက အံၾသသြားပုံနဲ႕ေျပးဆင္းလာကာ...
"ရိေပၚေကာေကာျပန္လာတယ္ ခ်င္းခ်င္းကိုလာေခၚတာလားဟင္ "
"လႊတ္ဦး..."
ရိေပၚအသံက စိတ္ဆိုးတာမဟုတ္ပဲ တည္တည္ၿငိမ္ၿငိမ္နဲ႕ပင္...
ခ်င္းခ်င္းလႊတ္ေပးလိုက္ေတာ့ ရိေပၚေကာေကာက အမားအနားသြားကာ...
"အန္တီ... ကြၽန္ေတာ္ "
"အန္တီနားလည္ပါတယ္ တမင္လုပ္ယူတဲ့အမွားမွမဟုတ္ပဲကြယ္ ဘာတတ္နိုင္မွာလဲ သားတို႔လဲအ႐ြယ္ေရာက္ၿပီးလူေတြပဲေလ ႀကိဳက္သလိုလုပ္ၾကပါ "
"အခု ခ်က္ခ်င္းေတာ့ ကြၽန္ေတာ္လဲမစီစဥ္တတ္ဘူး စဥ္းစားဖို႔အခ်ိန္လဲလိုတယ္...ခ်င္းခ်င္းေက်ာင္းပီးေလာက္မွ "
"ရိေပၚေကာေကာ အာ့ေလာက္အၾကာႀကီးေစာင့္ဖို႔လိုလို႔လား "
"ခ်င္းခ်င္း ရိေပၚေျပာတာမွန္တယ္ ဒီေခတ္အခါမွာ ဒီလိုကိစၥေတြကထမင္းစားေရေသာက္သလိုျဖစ္ေနတာ သမီးအသိဆုံး... ရိေပၚမလို႔တာဝန္ယူဖို႔ေျပာတာ တျခားသူဆိုေတြးၾကည့္စမ္း..."
"ဒါေပမဲ့..."
"ေတာ္ေတာ့...သားရိေပၚ ႀကိဳက္သလိုလုပ္ပါ "
အမားရယ္ ဒီလိုျဖစ္ေအာင္တမင္လုပ္ထားပါတယ္ဆိုမွ အခ်ိန္ၾကာလာတာနဲ႕ ရိေပၚေကာေကာစိတ္ေျပာင္းသြားရင္ အကုန္အလကားျဖစ္ကုန္မွာေပါ့...က်စ္
"ဟုတ္ကဲ့...ကြၽန္ေတာ္အခုျပန္မွာျဖစ္မွာမလို႔ ခြင့္ျပဳပါဦး.... ခ်င္းခ်င္းပါေခၚသြားမယ္အန္တီ "
"ေအးပါကြယ္.."
.......................
ကူးစူးအိမ္ကစထြက္ကတည္းက ရိေပၚစကားတစ္ခြန္းမွမေျပာ ကားေလးထဲမွာေလထုကအစ တိတ္ဆိတ္လ်က္....
ခ်င္းခ်င္း တစ္ခ်က္တစ္ခ်က္ ရိေပၚကိုလွမ္းၾကည့္ေပမဲ့ ရိေပၚကေတာ့ တည္ၿငိမ္ဆဲပဲ....
ေရွာင္အိမ္ကိုျပန္ေရာက္ေတာ့ မာမားကေျပးထြက္လာကာ..
"ရိေပၚေလး...က်န့္က်န့္နဲ႕ဘာေတြျဖစ္ၾကတာလဲကြယ္ မားေတာ့ရင္ေတြတုန္ေနတယ္ ရွင္းျပပါဦး "
" ခ်င္းခ်င္းသြားနားေတာ့..."
"ဟုတ္ "
ခ်င္းခ်င္းအိမ္ထဲဝင္သြားသည္ႏွင့္.. ရိေပၚမားကိုဖက္ကာငိုမိေတာ့သည္...
"မား..က်န့္ေကာ က်န့္ေကာ သားကိုထားသြားၿပီ ဟင့္.. "
"မဟုတ္တာ သားရယ္ သားတို႔ပါးေျပာပုံအရ စိတ္တည္ၿငိမ္ေအာင္ခဏထြက္သြားတာေနမွာပါ ျပမ္လာမွာပါသားရယ္ ဘာေတြျဖစ္လာတာလဲဆိုတာရွင္းျပဦးေလ "
"မား...သား သားေလ "
"အင္း မားနားေထာင္ေနတယ္ "
"သား ခ်င္းခ်င္းကိုတာဝန္ယူရမယ္ "
"ဟင္....ဘာ ဘာေၾကာင့္မ်ား "
ရိေပၚ အတိုခ်ဳံးရွင္းျပလိုက္ေတာ့ မားကမယုံနိုင္ျဖစ္ေနၿပီး...
"သားရယ္... "
"အခု အေရးႀကီးတာက သားက်န့္ေကာကိုရွာရမယ္ မား "
"ဟိုမွာ သားရဲ႕ပါးလဲလူသုံးၿပီးရွာေနတယ္ ခက္တာက passport မသုံးေသးဘူး ေငြကလဲမထုတ္ေသးေတာ့ တည္ေနရာေပ်ာက္ေနတယ္ ၾကည့္ရတာ ဂ်ပန္မွာပဲရွိဦးမယ္..."
"သား ဂ်ပန္သြားရမယ္မား ေကာကို သြားရွာရမယ္ "
"အင္းပါ သားသေဘာပဲ ဒီကကိစၥေတြကိုစိတ္ခ်ထားခဲ့''
ရိေပၚသူ႕အိမ္ေလးဆီေျပးၿပီး လိုအပ္တာေတြယူရင္း ဖန္ရွင္းဆီဖုန္းဆက္ကာ အနီးစပ္ဆုံးေလယာဥ္လက္မွတ္ျဖတ္ခိုင္းလိုက္ေတာ့သည္။
သူ႕လူသားကိုသူကိုယ္တိုင္ရွာရမယ္ မေတြ႕ေတြ႕ေအာင္ရွာရမယ္.....
.........................
ေရွာင္က်န့္ေတြ႕တဲ့ကားကိုတက္စီးၿပီးေရာက္ခ်င္ရာေရာက္အရင္ထြက္လာခဲ့လိုက္ၿပီးမွ ကားေပၚပါတဲ့ ဦးေလးတစ္ဦးကိုႏႈတ္ဆက္ကာ...
"ဟလို ဦးေလး "
"ေအာ...လူေလး ဂ်ပန္မဟုတ္ဘူးမလား ဂ်ပန္လိုေျပာတတ္တာပဲ "
"တ႐ုတ္ကအလည္လာတာပါ ကြၽန္ေတာ့္ကို ေအးခ်မ္းၿပီး ေနလို႔ေကာင္းတဲ့ေနရာေလးၫႊန္ေပးပါလား ဘယ္သြားမယ္ဆိုၿပီးရည္႐ြယ္ခ်က္မရွိပဲ ဒီလိုပဲပတ္သြားမယ္ဆိုၿပီးထြက္လာတာမလို႔ပါ "
"လူငယ္ေတြမ်ား မေၾကာက္မလန့္ တယ္စြန့္စားတာပဲ "
"ဟဲဟဲ "
ထိုဦးေလးက မ်က္ႏွာခ်ိဳခ်ိဳနဲ႕ ခင္မင္တတ္တယ္ အခုမွေတြ႕ေပမဲ့စကားေတြအမ်ားႀကီးေျပာၿပီး စိတ္ရင္းနဲ႕ဆက္ဆံေပးတယ္...
"လူေလး ဦးေလးတို႔႐ြာလိုက္လည္မလား "
"ဟင္ ဦးေလးတို႔႐ြာလား "
"အင္း... ဦးေလးတို႔က သားဖႏွစ္ေယာက္တည္းေနတာ ႐ြာမွာ အသီး႐ြက္ေတြစိုက္ၿပီး တစ္ပတ္ကိုတစ္ခါၿမိဳ႕တက္ေရာင္းတယ္ ႐ြာကနဲနဲေတာ့ေဝးတယ္ ကားေနာက္တစ္ဆင့္ထပ္စီးၿပီး ႐ြာကဦးေလးသားဆိုင္ကယ္နဲ႕လာႀကိဳမွာ လူေလးစိတ္မရွိရင္ "
"ဟုတ္ ဦးေလး ကြၽန္ေတာ္လိုက္လည္မယ္ ကြၽန္ေတာ္ကိုေခၚသြားပါေနာ္ "
"ဟုတ္ပါပီ..."
"ဒါနဲ႕ လူေလးနာမည္ "
"ဟုတ္သားပဲ ေမ့ေနတာ ကြၽန္ေတာ္နာမည္ ေရွာင္က်န့္ပါ... ဦးေလးအဆင္ေျပသလိုေခၚလို႔ရပါတယ္ "
"ေအာ္ ေအးေအး...လူေလးေရွာင္ ေျခေထာက္ကတခုခုထိခိုက္မိတာလား ေသြးေတြလားလို႔ကြယ္ ''
ဦးေလးေျပာမွ ၾကည့္လိုက္မိသည္ သားေရရႉးဖိနပ္မဟုတ္ပဲ ဂ်င္းျပာေရာင္ဖိနပ္စီးခဲ့မိတာေၾကာင့္ အနာကေသြးေတြေပသြားခဲ့ပုံရသည္။
"ဟုတ္ ဟုတ္တယ္ဦးေလး ေဟာ္တယ္မွာဖန္ကြဲစနင္းမိၿပီးအခ်ိန္မရတာနဲ႕ ဘာမွမလုပ္လာလိုက္ရလို႔ "
"ဒီအတိုင္းႀကီးထားရလား ပိုးဝင္ကုန္မွာေပါ့ "
"ရ ရပါတယ္ ေရာက္မွပဲ ေရေဆးၿပီး ေဆးထည့္လိုက္ပါမယ္ "
"ကားဂိတ္ရပ္ရင္ ေဆးဆိုင္ရွာၿပီးေဆးထည့္လိုက္ပါ မဟုတ္လဲကားေစာင့္ရဦးမွာ ႐ြာဘက္ကို ညေန၄နာရီမွထြက္မွာ အာ့နားမွာေစ်းရွိတယ္ လူေလးလိုအပ္တာဝယ္ေပါ့ ဟုတ္ပီလား "
"ဟုတ္ကဲ့ဦးေလး.."
စကားေျပာၿပီး ခဏၾကာေတာ့ဦးေလးလဲခဏေမွးသြားတာေၾကာင့္ ေရွာင္က်န့္ကားမွန္ကတစ္ဆင့္ အေဝးကိုေမွ်ာ္ၾကည့္ရင္း အေတြးေတြက ရိေပၚဆီေရာက္လို႔သြားျပန္သည္။
တကယ္လို႔ ဒီအျဖစ္ပ်က္ႀကီးက အမွားတခုဆိုရင္ေရာ ဘာေတြဆက္ျဖစ္မလဲ...
...ဝမ္ေလးကိုယ္တို႔ဘာဆက္လုပ္ၾကမလဲ.....
............................
Update မမွန္တဲ့သာသာေတြကို ေခ်ာင္းရိုက္ဆိုရင္ သာသာထိပ္ဆုံးခံရမွာ အေသခ်ာပဲဟာဟ😁
ဒါဒါေလးတို႔ကိုခ်စ္တယ္ေလေနာ္ ေခ်ာင္းမရိုက္ၾကနဲ႕ေနာ္😘😘😘