Unicode
"လာ လာ သမီးချင်းချင်း ""ဟုတ်ကဲ့ အန်တီ "
ဒူးအောက်မကျတကျပန်းရောင်လက် ပြတ်ဂါဝန်လေးကို လေဒီရှူးအပါးလေးနဲ့တွဲဖက်ဝတ်ဆင်ထားပြီး ဂုတ်ဝဲဆံပင်လေးကိုနားရွက်တစ်ဖက်ကလစ်ကလေးညှပ်ထားတဲ့ကောင်မလေးတစ်ယောက်...နာမည်ကယန်ချင်းချင်း..
ချင်းချင်းအိမ်ကိုတစ်မေ့တစ်မော့ကြည့်ရင်း အန်တီရှောင်းခေါ်ရာနောက်လိုက်ရတော့သည်...
*ဒီအိမ်ကြီးမှာနေရမှာတဲ့လား..အမလေးရုပ်ရှင်ထဲကလိုပဲ တံခါးအကြီးကြီးနဲ့ ကြမ်းခင်းကလဲငါ့ကိုယ်ငါတောင်ပြန်မြင်နေရတယ် လှေကားကြီးကလဲအကြီးကြီးပဲ ဝါး..ဒီအိမ်ကြီးမှာငါနေရမှာတဲ့လား *"ထိုင်နေဦးနော် သမီး အန်တီ သမီးဖွားဖွားကိုသွားခေါ်လိုက်ဦးမယ်...မားရေ...ဒီမှာမားဧည့်သည်လေးရောက်နေပီ.."
"အိမ်ကြီးကရှယ်ပဲ ကူးစူးကဟာတွေသိအောင်လှမ်းကြွားရဦးမယ် "
"ချင်းချင်း ရောက်လာပီလား "
"ဟုတ်ကဲ့ ဖွားဖွား နေကောင်းတယ်နော်"
"ကောင်းပါတယ်ကွယ်..."
"မား...သမီးဆိုင်သွားဦးမယ် ချင်းချင်း ကိုယ့်အိမ်လိုသဘောထားနော် အာမနာနဲ့နော် အန်တီအလုပ်လေးရှိလို့သွားရဦးမယ် "
"ဟုတ်ကဲ့ အန်တီ "
"ချင်းချင်းနေဖို့ အဖွားအခန်းစီစဥ်ခိုင်းထားတယ် ခရီးပန်းလာတော့ နောက်မှအေးဆေးစကားပြောကြတာပေါ့ အရင်သွားနားလိုက် ဟုတ်ပီလား.. "
"ဟုတ် ဖွားဖွား "
အိမ်တော်ထိန်းအန်တီကြီးနောက် အသာလိုက်ရင်း အိမ်ကြီးပတ်ပတ်လည်ကို မျက်စိကစားလိုက်မိသည်...
ဒုတိယထပ်ဧည့်သည်ခန်းကိုရောက်တော့ အန်တီကြီးက ရေချိုးခန်း.အိမ်သာနဲ့အသုံးဆောင်တွေကို လိုက်ပြရင်းသင်ပေးတော့သည်...ခေတ်မှီအသုံးဆောင်တွေမို့ ပါးစပ်မစိနိုင်လောက်အောင် အံ့သြနေမိပေမဲ့ သင်လွယ်တတ်လွယ်အရွယ်မို့ အခက်ခဲသိပ်မရှိ....
အနားယူပါလို့ပြောပြီး အန်တီကြီးထွက်သွားတော့ ချင်းချင်း အိပ်ယာဘေးကလိုက်ကာကိုဖွင့်ပြီး ဝရံဒါလေးဘက်ကိုထွက်ကြည့်လိုက်သည်...
YOU ARE READING
Game Of Life
Fanfictionကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ လူကိုလဲချစ်ပေးပါ😉