Unicode
"ဟင်းအင်း မချစ်တတ်ဘူး.. ""မဟုတ်သေးဘူးလေဝမ်လေးရဲ့ "
"ကောကိုတောင်ချစ်လို့မဝတာ ပြီးတော့ သေးသေးလေးတွေအသဲယားတယ်မချစ်တတ်ဘူး "
"အိမ်တစ်အိမ်မှာက ကလေးလေးတွေကဆည်းလည်းပဲတဲ့ သူတို့လေးတွေရှိနေတော့အိမ်ပိုစည်တာပေါ့ "
"အင်း...ကောကလိုချင်လို့လား "
"အင်း ဝမ်လေးရဲ့သွေးသားတွေလိုချင်တယ် ပျိုးထောင်ပေးချင်တယ် "
ရိပေါ်ရှောင်ကျန့်ကိုငေးနေမိသည်... သူ့အပြုံးတွေကအသက်ဝင်လွန်းလှသည် ကောသိပ်ပျော်နေတာမှန်းလို့ရသည်...
"ကော.."
"ဟင်...အင်း ပြောလေ "
"ကောဖြစ်ချင်တာ လုပ်ချင်တာ အားလုံးလုပ်လို့ရတယ် ကောဆန္ဒက ကိုယ်ဆန္ဒပဲ"
"တကယ်လား ဝမ်လေး"
"တကယ်ပေါ့ ဒါပေမဲ့တခုရှိတယ် "
ဘာလဲဆိုသည့်အထာနဲ့ငေးကြည့်နေတဲ့ ရှောင်ကျန့်နှာခေါင်းလေးကိုဖွဖွလေးညှပ်ဆွဲရင်း...
'' ကိုယ်တို့မိဘတွေဖြစ်ဖို့အဆင်သင့်ဖြစ်ပြီဆိုမှ သူတို့လေးတွေကိုအပြည့်ဝတာဝန်ယူနိုင်ပြီဆိုမှ ယူကြမယ် အခုလိုအရူး၂ယောက်ပြောတာတွေကိုအလောတကြီး
လိုက်မလုပ်ဖို့လိုတယ် ရလာဒ်ကပစ္စည်းတခုမဟုတ်ဘူး ဖြစ်တည်လာမဲ့အသွေးသားနဲ့လူသားလေး ""ဝမ် ဝမ်လေးသိနေတာလား "
"ရုံးခန်းထဲ CCTVကအလကားတပ်ထားတယ်ထင်လို့လား အသက်ကလေးရဲ့..."
"ဟုတ်သားပဲ ဒါဆို ကောပြောတာတွေအကုန်ကြားတယ်ပေါ့"
"အင်းကြားတယ် ကောစိတ်မချစရာအကြောင်းသေးသေးလေးတောင် ကိုယ်မလုပ်တာမို့ ကိုယ့်ကိုယုံကြည်ပေးပါ "
"အင်း ကောယုံပါတယ် "
"ကဲ ယုံရင်လဲ အိမ်ဖို့လုပ်ရအောင်.."
အလုပ်လုပ်နေတဲ့ laptopတွေဖုန်းတွေကို စားပွဲပေါ်တင်ပြီး ကိုယ်ပေါ်အုပ်မိုးခံလိုက်ရတာကြောင့် ရှောင်ကျန့်စောင်လေးဆွဲကိုင်လိုက်မိသည်..."အိမ်မယ်ဆို "
"အင်းလေ အိပ်ဖို့..လုပ်ရအောင်လို့"
YOU ARE READING
Game Of Life
Fanfictionကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ လူကိုလဲချစ်ပေးပါ😉