𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETE...
By Zoey_Glow
85.9K 9.7K 845
There are 7.8 billion people in the world, but I hate you all the most...Mr.Park! Zawgyi : Unicode Own Story... More
REBIRTH
_1
_2
_3
_4
_5
_7
_8
_9
_10
_11
_12
_13
_14
_15
_16
_17
_18
_19
_20
_21
_22
_23
_24⚠
_25
_26
_27
_28
_29
_30
_31
_32
_33⚠
_34
_35
_36
_37
_38⚠
_FINAL
FMV
_6
1.8K 254 6
By Zoey_Glow
ZAW
"ဟမ့် လာရဲသေးတယ်"
"ဟက်
သက်သေရှိလား"
"သက်သေ!"
"ဗြောင်ဘတ်ဟျွန်း!!"
"မင်း!!"
"သစ္စာဖောက် ?"
"ရော့မင်းစားလိုက်"
"၁၄နှစ်ပါအကိုလေး"
"မင်းမိဘတွေကရော"
"အင်း ငါနဲ့တူတာပေါ့"
"အကိုခက်ခဲခဲ့မှာပေါ့"
"အေးပါကွာ စားစား"
UNI
ဘတ်ဟျွန်းဒီနေ့ကုမ္ပဏီရောက်ရောက်ချင်းမှာ သူကြိုတင်ခန့်မှန်းထားတာတွေ တွေ့လိုက်ရတာပါပဲ။Taxi တစ်စီးမှ ဌားလို့မရတာကြောင့် ဘတ်စ်ကားနဲ့ လာခဲ့တာ။အချိန်နောက်ကျမည်စိုးတာရောမို့ ပြေးလာခဲ့တာ။အခြေအနေတွေက သူထင်ထားတဲ့အတိုင်းပဲ။မောနေတာတွေတောင်  ရေသောက်စရာ မလိုပဲ ပျောက်သွားတယ်။
သူကုမ္ပဏီထဲ ၀င်ဝင်ချင်းမှာ ၀န်ထမ်းတွေရဲ့စောင်းရွဲ့ ပြောဆိုတာတွေ ကြားပြီးကတည်းက သူအခြေအနေကိုသိလိုက်ရတာပါပဲ။
သူဖြေးဖြေးချင်း ဋ္ဌာနဆီကို သွားလိုက်တယ်။ရုံးခန်းတံခါးဖွင့်ဖွင့်ချင်းမှာပဲ စာရွက်စာတမ်းတွေနဲ့ မျက်နှာကိုပစ်ပေါက်ခံလိုက်ရတယ်။စာရွက်တွေက များတာအပြင် ပစ်ပေါက်တဲ့ အရှိန်ကလည်း မနည်းတာမို့ မျက်နှာက ချက်ချင်းနီရဲလာတယ်။
"ဟမ့် လာရဲသေးတယ်"
သူအခြေအနေကိုခန့်မှန်းသားပြီးသားဖြစ်တာမို့ သူထွေထွေထူးထူး မပြောတော့ဘူး။
"ဘတ်ဟျွန်း CEO ခေါ်နေတယ်"
လမ်းကြုံလာပြောတာဟု ထင်ရတဲ့ အခြားဋ္ဌာနက ၀န်ထမ်းတစ်ယောက်ကို သူခေါင်းညိတ်ပြလိုက်ပြီး အထဲက လူတွေကို တစ်ချက်ကြည့်ကာ CEO ရုံးခန်းဆီ လျှောက်လာခဲ့တယ်။
"ဗြောင်ဘတ်ဟျွန်း မင်းကိုငါ အခွင့်အရေးပေးခဲ့တယ် အခုတော့ မင်းက မနာလိုစိတ်တွေများပြီး နောက်ထပ်အကြိမ် အခြားကိုရောင်းလိုက်တယ်ပေါ့"
ရောက်ရောက်ချင်းစွတ်စွဲတော့တာပဲ။
"ဟက်
သက်သေရှိလား"
"သက်သေ? မင်းရဲ့တုံးအတဲ့ ဉာဏ်နဲ့ ပြောမနေနဲ့ မင်းတော်တော်ငါ့ကိုမုန်းနေလား ဟမ်!"
"သက်သေ!"
"ဗြောင်ဘတ်ဟျွန်း!!"
"မင်းပြောစမ်း ငါလုပ်တာလို့ သက်သေရှိလား"
"မင်းလိုလူက တစ်ခါလုပ်ပြီးရင် နောက်ခါထပ်မလုပ်နိုင်ဘူးလို့တော့ ပြောမှမရတာ"
"ဒါဆိုလည်း တစ်ချို့က တစ်ခါယုတ်မာဖူးရင်  ထပ်မယုတ်မာနိုင်ဖူးလို့တော့ ပြောမှမရတာ"
"မင်းရဲ့ အသိဉာဏ်မဲ့တဲ့ အတွေးတွေရပ်လိုက်"
"အိုခေ ဒါပေမယ့် ငါတစ်ခုပြောမယ် ငါအခုကိုယ်ပိုင် projectတစ်ခုရှိတယ် သူများဟာကိုတော့ အောက်တန်းကျပြီး သွားမရောင်းဘူး။ငါလုပ်ချင်ရင် မင်းကုမ္ပဏီတစ်ခုလုံးက အတွင်းရေးတွေ ရောင်းလို့ရတယ်။CEOက အဲ့လိုမျိုးမစဉ်းစားတတ်ဘူးဆိုရင်တော့ ဒီလို လုပ်ငန်းတွေ ဦးစည်းနေတဲ့သူက ဉာဏ်တိမ်တယ်ဆို ရှက်စရာကောင်းတယ်"
ဘတ်ဟျွန်းက သူ့မှာပါလာတဲ့ ပုံတွေ စားပွဲပေါ်တင်လိုက်တယ်။
"ပြီးတော့ ငါလုပ်ခဲ့တယ်ဆိုရင်တောင် မင်းကို ဒီပုံတွေနဲ ခြိမ်းခြောက်ပြီး အပြစ်ဖို့နိုင်တယ်ဆိုတာ မမေ့နဲ့"
"မင်း!!"
"မိတ္တူစက်တွေက အလကားထားတာမဟုတ်ဘူး"
"မင်းလိုကောင်က အယုတ်တမာပဲ"
"ဒီထက်လည်း ပိုယုတ်မာတတ်တယ်"
ဘတ်ဟျွန်းက ပြောပြီးထွက်လာခဲ့တယ်။သူနဲ့အပြိုင် အခြားတစ်ယောက်စီမှာလည်းProjectတစ်ခုရှိတယ်။ထိုprojectက ပြိုင်ဖက်ကုမ္ပဏီဆီ အရောင်းခံလိုက်ရပြီး ဆုံးရှုံးသွားတယ်။သေချာပေါက် တစ်ယောက်ယောက်ကခိုးရောင်းလိုက်ရတာ။
ဘတ်ဟျွန်း ရုံးခန်းထဲဝင်လာတဲ့အခါ အဖွဲ့မှုးကသူ့ကိုနှင်ထုတ်တယ်
"မင်းလိုသစ္စာဖောက်ကောင်က အထုပ်ဆွဲမပြန်သေးပဲ ဘာလုပ်နေတာလဲ "
"သစ္စာဖောက် ?"
"အဟင်း သူခိုးက လူပြန်ဟစ်တယ်ဆိုတာ ဒါမျိုးပဲ ဒီလို အောင်တန်းကျတဲ့ လုပ်ရက်ကိုလုပ်တဲ့သူက မင်းအပြင်မရှိဘူးပဲ"
"ငါ?အဖွဲမှုးရော မလုပ်နိုင်ဘူးလား"
"မင်းမြန်မြန်ကုမ္ပဏီက ထွက်သွားလိုက်တော့"
"နေပါအုန်း အဖွဲ့မှုး အလုပ်ပြုတ်ခြင်း မပြုတ်ခြင်းကCEOပေါ်မှာ မူတည်တာပါနော်ပြီးတော့ CEOကကျွန်တော့်ယောကျာ်းဆိုတာလည်း မမေ့ပါနဲ့အုန်း အဟက်"
ဘတ်ဟျွန်းက စားပွဲပေါ်ကနေ ဖိုင်တွေယူပြီး အငွေ့ပျံမတက် ဒေါသထွက်နေတဲ့ အဖွဲ့မှုးကို လျစ်လျူရှုကာ ထွက်လာခဲ့တယ်။
စက်ရုံကိုဒီနေ့သွားရမှာဖြစ်တယ်။သူဝန်ထမ်းတွေကို စက်ရုံဘက်ကို လိုက်ပို့ခိုင်းလိုက်တယ်။တော်တော်အလှမ်းဝေးတဲ့အပြင် နည်းနည်းကြာအုန်းမှာမို့ သူမုန့်တွေပိုပိုလိုလို ထည့်ခဲ့တယ်။
၁နာရီလောက် မောင်းရတဲ့အပြင် လမ်းကပါ ကျပ်တည်းနေတယ်။ဒီတော့ မလိုအပ်ပါပဲ အချိန်တွေ ပိုကုန်သွားတယ်။
သူစက်ရုံရောက်တော့ သူလိုချင်တဲ့အတိုင်း အလုပ်သမားတွေကို ပြကာ ပြောရတယ်။အကောင်းဆုံးဟုမဆိုနိုင်သော်လည်း မထူးမပါးအဆင်ပြေတဲ့ အိတ်သားလေးက ကိုင်ရပြုရ လွယ်ကူမည်။
သူလိုချင်တဲ့ အတိုင်းပြောပြီးနောက်မှာပဲ ညနေစောင်းပြီ။
မိုးချုပ်တော့မှာဖြစ်တာမို့ သူပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။OG သွားပြမည်တောင် အချိန်လင့်လေတော့ မသွားဖြစ်တော့။
တက္ကစီတစ်စီးကို ဌားပြီး ပြန်လာခဲ့တယ်။လမ်းမှာလည်း ပါလာတဲ့ မုန့်တွေ ဖောက်စားနေပြီး ဇိမ်ယူနေတယ်။
အကောင်းတိုင်းမောင်းနေရင်းမှ ကားဆရာရဲ့ ကားက ဘာထဖောက်တယ်မသိ။ဖွတ်ချွတ်ဖွတ်ချွတ်နဲ့ အသံထွက်ကာ ကားက စက်ရပ်သွားတယ်။
ကားသမားက အားနာကြောင်းပြောပြီး ကားအဖုံးဖွင်ကာစက်တွေဟိုနှိုက်ဒီနှိုက်နဲ့ကလိနေတယ်။
"အားတော့ နာပါတယ်ဗျာ ကားက အင်ဂျင်ပိတ်သွားတာ ဆက်မောင်းလို့တော့ ရမှာမဟုတ်ဖူးဗျ ကျွန်တော်ပိုက်ဆံ ပြန်ပေးလိုက်ပါ့မယ် ဒီကညီလေး အခြားကားတစ်စီးသာ ဌားစီးသွားပါလား"
ကားဆရာရဲ့စကားကြောင့် သူစိတ်ညစ်သွားတာတော့အမှန်။
ကားသမားပြန်ပေးလာတဲ့ နဂိုမူလအတိုင်း ပိုက်ဆံထဲက တစ်ဝက်သာယူလိုက်တယ်။လမ်းတစ်ဝက်ထိ ရောက်အောင်တော့ မောင်းပို့ ပေးခဲ့သေးတာပဲ။သူတို့လည်း လုပ်စားနေရတာ။
ဘတ်ဟျွန်း ပါလာတဲ့ ဖိုင်တွေ ပိုက်ပြီးသာ ကျေးဇူးတင်ကြောင်းပြောပြီးထွက်လာခဲ့တယ်။ဒီအချိန်မှာ နောက်ကားလည်းဌားလို့ရတော့မှာ မဟုတ်တာကြောင့် သူလမ်းလျှောက်ပြန်ရုံသာ တွေးထားလိုက်တော့တယ်။သိပ်လည်းရောက်ဖို့ မဝေးတော့ပေ။
သွားရင်း ပါးစပ်ကလည်း အစားနဲ့မပျက်ပေ။ညောင်းလဲလို့ အနီးနားက ခုံမှာခဏ၀င်ထိုင်နားလိုက်တယ်။
မျက်စိဝေ့၀ဲကစားရင်း ကလေးငယ်တစ်ယောက်နဲ့ မိန်းမကြီးတစ်ယောက်အခြေအတင်ဖြစ်နေတာကို တွေ့ရတယ်။
"ကျွန်တော် မလုပ်ပါဘူး အဒေါ့်ပိုက်ဆံအိတ်ကို ဟိုလူက နှိုက်နေလို့ ကူညီတာပါ"
"မင်းလို လမ်းဘေးအမှိုက်ကောက်သမားက သွားသွား ငါ့အဝေးကနေ"
ကောင်လေးက မျက်နှာငယ်လေးနဲ့ လျှောက်လာတယ်။မိန်းမကြီးကတော့ အခုထိ ဆဲဆိုနေတုန်းပဲ။ဘတ်ဟျွန်းက ထိုကလေးကိုလိုက်ကြည့်နေတယ်။ပလပ်ဖောင်းတစ်နေရာမှာ သွားထိုင်နေပြီးတော့ ဗိုက်ကို ဖိကိုင်ထားတယ်။ဗိုက်ဆာနေတယ် ထင်ရော့တယ်။ဘတ်ဟျွန်း လက်ထဲက ကျန်နေသေးတဲ့ ပေါင်မုန့်တစ်လုံးကို ကြည့်လိုက်ပြီး ထိုကလေး အနီးနားကိုသွားလိုက်တယ်။
"ရော့မင်းစားလိုက်"
ကလေးငယ်က ဘတ်ဟျွန်းကိုမော့ကြည့်ပြီး လက်ထဲက ပေါင်မုန့်ကို ပြုံးရွှင်စွာယူပြီး ကျေးဇူးတင်ကြောင်းအထပ်တစ်လဲလဲ ပြောတယ်။
ဘတ်ဟျွန်း ထိုကလေးဘေးမှာပဲ ၀င်ထိုင်လိုက်တယ်။
"မင်းအသက်ဘယ်လောက်ရှိပြီလဲ"
ထိုကလေးက စားနေတဲ့ ပေါင်မုန့်တွေကို အားပြုကာ မြိုချပြီးမှ ဘတ်ဟျွန်းကို ဖြေလာတယ်။
"၁၄နှစ်ပါအကိုလေး"
"မင်းမိဘတွေကရော"
"မရှိတော့ပါဘူး အကိုလေး"
"အင်း ငါနဲ့တူတာပေါ့"
လေထုက ငြိမ်သက်သွားတယ်။ကားသံတစ်ဝီ၀ီ။လူတွေရဲ့ ပွစိပွစိအော်သံတွေကို ထည့်မထွက်ပဲ သူနဲ့ ထိုကလေးကြားက လေထုက တိတ်ဆိတ်သွားတယ်။
"အကိုခက်ခဲခဲ့မှာပေါ့"
"ဒါပေါ့ကွ စားကောင်းလား"
ဘတ်ဟျွန်း စကားလမ်းကြောင်းလွှဲလိုက်တယ်။
"အွန်း ကောင်းတာပေါ့ဗျ ကျွန်တော့်ဘ၀မှာ ဒီလိုအရသာရှိတဲ့ ပေါင်မုန့်မျိုးမစားဖူးဘူး "
"အေးပါကွာ စားစား"
"ဟီး အကိုလို လူက တစ်ကယ်ရှားတယ်ဗျ တစ်ချို့လူတွေဆို ကျွန်တော်လိုလူတွေတွေ့ရင် အမြဲ နှင်ထုတ်တတ်ကြတာဗျ"
"အေးပါကွာ ရော့ငါ့မှာရှိတာ စားချင်တာဝယ်စား"
"ဟုတ်ကဲ့ အကိုလေး ကျေးဇူးပါအကိုလေး"
ဘတ်ဟျွန်း ခုနက ပိုတဲ့ ပိုက်ဆံကို ထိုကလေးကိုပေးခဲ့တယ်။သူ့ထက်ပိုခက်ခဲနေတဲ့သူတွေ ရှိသေးတယ်ဆိုတဲ့ အသိကြောင့် သူပေးခဲ့တာဖြစ်တယ်။ဒီလိုကလေးတွေက စာသင်ခန်းထဲမှာ စာသင်နေပြီးဘ၀အတွက် ကြိုးစားနေသင့်တယ်။
အခုတော့ ဒီလိုနေရာမျိုးမှာ အချိန်ကုန်နေရတယ်။
အများကြီးမရှိပေမယ့် ကိုယ့်မှာရှိသလိုပေးခဲ့ပြီး ရခဲ့တဲ့ပီတိက ဘာနဲ့မှမလဲနိုင်...။
Continue Reading
You'll Also Like
25.5K 588 23
The Paw Patrol along with Tracker, Carlos, Everest and Jake decide to go out camping in a place called Big Tree Woods. But then the universe decided...
8.4K 120 9
One night while about to go to bed, gogo is called by hiro telling her he's outside when she see's him she's shocked to see that he has been raped! C...
7.8K 641 28
The story of two people who are dying to destroy anything for their revenge. **** "What do you think you are doing ?" My whole b...
3.4K 104 17
Berk is a place where you kill or be killed. Eris starts dragon killing academy and what will she do when she finds a liking for a scaly creature? An...