ရွှေရုပ်

By 14_ashes

261K 16.8K 771

ရင်ဘတ်ထဲ ပစ်ဝင်လာသော ဒဏ်ရာဒဏ်ချက်တွေသည် မျှော်လင့်ထားတာထက် ပိုဆိုးနေခဲ့သည်ကို သိလိုက်ချိန်တွင် နောက်ဆုတ်၍ မရန... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃ ဇာတ်သိမ်း
Extra 1
Extra 2
Extra 3
👋🏻
Extra 4

အပိုင်း ၇

8.3K 606 7
By 14_ashes

Unicode

လေယာဉ်စထွက်တာနဲ့ ရွှေရုပ် ကြောက်လန့်တကြား မျက်စိမှိတ်ထားမိသည်...ငယ်စဥ်ကတည်းက ဘယ်ခရီးဝေးကိုမှ မသွားဖူးသည့်အပြင် လေယာဉ်လဲ တစ်ခါမစီးဖူးသည်မို့ ချွေးပါပြန်လာသည်...

ဘေးနားက သူ့ကို လှမ်းကြည့်လိုက်တော့ သက်တောင့်သက်သာပင် ipadကြည့်ရင်း ပါလာသည်...မျက်စိအသာပြန်မှိတ်ကာ ဘုရားစာသာခပ်တိုးတိုး ရွတ်နေလိုက်သည်...

ဒီခရီးက ဘယ်နှစ်ရက်ကြာမလဲ ရွှေရုပ်မသိပါ...အစက မဝါပါ ပါမည်ထင်ပေမယ့် သူနဲ့နှစ်ယောက်တည်းသာ ထွက်လာရသည်...မဝါက မနေ့ညနေကတော့ အိမ်ကို လာကာ ရွှေရုပ်အတွက် အဝတ်အစားတွေ လာပို့ပေးသည်...

style pantအရောင်ဖျော့ဖျော့လေးတွေပါ ကုတ်နဲ့အရောင်တူ ချုပ်ထားတဲ့ ဝတ်စုံလေးတွေက ဆယ်စုံထက်မနည်း...မနှင်းက စီစဥ်ပေးလိုက်သည်တဲ့...companyလာတဲ့အခါကျရင်လဲ ဒါတွေကိုပဲ ပေါ့ပေါ့ပါးပါး ဝတ်လာဖို့ မှာသွားသည်...

ခုက မရမ်းဖျော့ရောင် စတိုင်ပန်နဲ့ တီရှပ်အဖြူကို အတွင်းမှ ခံဝတ်ထားကာ အပေါ်မှ ကုတ်ထပ်ဝတ်ထားသည့် ရွှေရုပ်ပုံစံလေးက သန့်ပြန့်နေသည်...တစ်ခါမှ ဒီလိုမဝတ်ဖူး၍ နေရခက်ပေမယ့် တော်တော်တော့ ပေါ့ပေါ့ပါးပါး ရှိပါသည်...

"Excuse me..."

လေယာဥ်မယ်လေးက menu ရွေးခိုင်းကာ စားစရာလာပို့သည်... ဘာကိုမှ စားချင်စိတ်မရှိပေမယ့် မနက်တည်းက ဘာမှမစားဖြစ်ထားသည်မို့ အနည်းငယ် စားလိုက်သည်...

သူကတော့ အေးအေးဆေးဆေးပင် စားကာ ဝိုင်ပင်သောက်နေလိုက်သေးသည်...

ဟိုရောက်ရင် ကြုံရမည့် အရာတွေကို တွေးကာ ရွှေရုပ်ရင်မောလာသည် ...သူသည် ဘာရည်ရွယ်ချက်နဲ့ ရွှေရုပ်ကို ခေါ်လာမှန်း မသိပါချေ...

လှမ်းကြည့်မိပြန်တော့ သူက မျက်လုံးတွေ မှိတ်ကာ အိပ်မလို့ ပြင်နေသည်...လက်ကို ခပ်တင်းတင်းပိုက်ထားရင်း မျက်လုံးအစုံကို မှိတ်ထားတဲ့သူက မြင်နေကျအတိုင်း လင်းလက်လှပနေသည်... ခပ်စေ့စေ့ပိတ်ထားတဲ့ နှုတ်ခမ်းပါးတွေဆီ အကြည့်ရောက်သွားတော့ အတင်းအကြပ်ယူနေကျ အနမ်းတွေကို သတိရသွားကာ သူမ ရှက်ရွှံ့မိသွားသည်...

"ဟင်..."

ဆတ်ခနဲ ပွင့်လာကာ ကိုယ့်ဘက်ကို လှည့်ကြည့်လာတဲ့ မျက်ဝန်းတွေကြောင့် အာမေဋိတ်သံသေးသေးလေး ထွက်သွားကာ ခေါင်းကို ကမန်းကတန်း ငုံ့ချလိုက်သည်... သူက ဘာမှမပြောဘဲ ဟိုဘက်ပြန်လှည့်သွားပါသည်...

၁၆နာရီခန့် ကြာမြင့်သည့် လေယာဉ်ချိန်ကြောင့် ရွှေရုပ်ခါးတို့ ညောင်းချိလာသည်... လေယာဥ်ဆိုက်တော့ ဟိုဟိုဒီဒီ မကြည့်အားဘဲ သူ့နောက်ကိုသာ မြန်မြန်လိုက်သွားမိသည်... နာကျင်ခြင်းတွေပဲ ရနေသည့်တိုင် ထိုကျောပြင်ကလေးသည်ပင် ရွှေရုပ်အတွက် လုံခြုံမှုကို ပေးစမြဲဖြစ်သည်...

"ဟိတ်...."

ရှုပ်ထွေးနေသည့်လူကြားထဲ ကြည့်နေရင်း ထိုကျောပြင်လေး ပျောက်သွားသည့်အခါ ရွှေရုပ်လက်တို့ အေးစက်လာသည်...ဟိုဒီ​ဝေ့ဝဲရှာနေသည့်သူမကို စိတ်မရှည်သံခပ်အုပ်အုပ်နဲ့အတူ သူက အေးနေတဲ့လက်လေးကို လာဆွဲသည်...

"ကားထဲဝင်..."

"ဟုတ်ကဲ့..."

ညဘက်ဖြစ်သည့်တိုင် Parisသည် မီးရောင်တို့ဖြင့် လှပနေသည်... ဘေးနားက အမျိုးသမီးရဲ့ မျက်နှာမှာတော့ စိတ်ရှုပ်မှုတို့ အထင်းသား...

မကြာမီ ခမ်းနားလှသည့် hotelတစ်ခုဆီသို့ ကားက ချိုးဝင်သွားသည်... အခန်းယူတော့ တစ်ခန်းထဲပေမယ့် စိတ်မညစ်ဘဲ ရွှေရုပ်ပျော်သွားသည်...ဘယ်သူ့မှ မသိတဲ့ ဒီနေရာမှာ တစ်ယောက်တည်း နေဖို့ သူမသတ္တိမရှိပါ...

ခရီးပန်းလာပြီဖြစ်တဲ့အတွက် အခန်းထဲ ရောက်တာနဲ့ သူရောသူမပါ ဟန်မဆောင်နိုင်ဘဲ ချက်ချင်းအိပ်ပျော်သွားခဲ့ပါသည်...

🥀

"ဝိုးးး..."

Parisမြို့ရဲ့ မနက်ခင်းသည် ဘယ်လိုနေမလို့ သိချင်လှပြီမို့ နိုးတာနဲ့ ရွှေရုပ်လိုက်ကာစအသာဆွဲဖယ်ကာ ကြည့်လိုက်မိသည်... ထိုစဥ် ဓာတ်ပုံတွေ videoတွေထဲမှာသာ မြင်ဖူးသော eiffel towerကြီးကို ရှင်းရှင်းလင်းလင်းကြီး မြင်လိုက်ရတာကြောင့် ရင်တွေခုန်ကာ အသံပင် ထွက်မိသွားသည်... လှလိုက်တာ...အပူတွေကို ခေတ္တမေ့ကာ အရှေ့က မြင်ကွင်းကိုသာ တမေ့တမောကြီး ငေးနေမိသည်...

ထိုစဥ် အနောက်က လှုပ်ရှားသံသဲ့သဲ့ကို ကြားလိုက်ကာ မမသစ္စာထလာသည်ကို မျက်ဝန်းထောင့်ကနေ ရေးရေးမြင်လိုက်သည်...

"ရွှေရုပ်...."

"ဟင်..."

"သွားစရာရှိတယ်...ပြင်ထားလိုက်..."

"ဘယ်ကို..."

နှုတ်က အသံဖွဖွလေး ထွက်သွားတော့ သူက လှည့်ကြည့်လာသည်...

"တရားရုံး..."

နားမလည်သလို ဖြစ်နေတဲ့မျက်နှာကို သူက တည့်တည့်စိုက်ကြည့်လိုက်ကာ...

"​ပြောရရင် မင်းနဲ့ ငါနဲ့ လက်ထပ်ဖို့..."

"ဘာရယ်..."

"ဒီမှာပဲ တရားဝင်လို့ ဒီမှာ လက်ထပ်မယ်..."

တစ်ချက် နှုတ်ဆိတ်သွားပြီးမှ ရွှေရုပ်သူ့ကို မော့ကြည့်လိုက်သည်...

" အဲလိုလုပ်ရရင် မမစိတ်ချမ်းသာသွားမှာလား..."

မကြိုက်မှန်း သိပေမယ့် တမင်ကို မမလို့ ခေါ်လိုက်သည် ...

"ဟုတ်တယ်...မင်းတစ်ဘဝလုံးကို ငါ့ဘေးမှာ ထားဖို့...မင်းကို တစ်သက်လုံး ချုပ်နှောင်ထားဖို့ အဲစာချုပ်လိုတယ်..."

"မလိုဘူး လက်မှတ်ထိုးဖို့...ကျွန်မကို ရှင့်ရဲ့ အခိုင်းအစေ ရှင့်ဆန္ဒတွေဖြည့်ပေးဖို့ ကျွန် ဘယ်လိုပဲ သဘောထားထားရတယ်...ဘာနဲ့မှ ထိန်းချုပ်ထားစရာမလိုဘဲ ရှင့်ခြေရင်းမှာ ကျေကျေနပ်နပ်နဲ့ နေပေးမယ်..."

လည်ချောင်းထဲ ကျပ်ခဲလာကာ ပြောနေရင်း အသံက တုန်လာသည်...အလွန်တရာလှပနေသည့် Parisသည် တစ်ခဏအတွင်း အကျည်းတန်သွားသည်...

"ငါ့ကို ဘာမှ လာစီမံစရာ မလိုဘူး ရွှေရုပ်... ဘယ်ကိစ္စကိုမဆို ငါပဲဆုံးဖြတ်မယ်... မင်းက ငါထားတဲ့အတိုင်း နေ...ငါပေးတဲ့ စိတ်ဒုက္ခကို ယူဖို့ပဲ..."

ပြောပြီးတာနဲ့ ရေချိုးခန်းထဲ လှည့်ဝင်သွားသည်... မတ်မတ်မရပ်နိုင်တော့ဘဲ ရွှေရုပ်ထိုင်ချကာ ရှိုက်ကြီးတငင် ငိုနေမိသည် ... သူဟာ တကယ့်ကို ပြောင်းလဲသွားပြီ... ဘာသံယောဇဉ်မှ မရှိတော့ဘဲ ရက်စက်ပစ်ဖို့ အသင့်ဖြစ်နေပြီ...

ရင်ဘတ်ထဲ ပစ်ဝင်လာသော ဒဏ်ရာဒဏ်ချက်တွေသည် မျှော်လင့်ထားတာထက်ကို ပိုဆိုးနေခဲ့သည်ကို သိလိုက်ချိန်တွင် နောက်ဆုတ်၍ မရနိုင်တော့ချေ...

🥀

Parisမှာ ထိုမနက်ခင်းက သူနဲ့လက်ထပ်သည်...ညနေခင်းကျတော့ သူက ပွဲသွားတက်ကာ နောက်နေ့ကျ သူမတို့ ပြန်လာခဲ့ကြသည်...

ပြန်ရောက်တဲ့အထိ စကားလဲ တစ်ခွန်းမှ မပြောဖြစ်ကြတော့ပါ... ဒီမနက်တော့ companyပြန်တက်ရသည်...

"ရွှေရုပ်...နေကောင်းတာ လုံးဝပျောက်ပြီလား..."

မနှင်းရဲ့အမေးကြောင့် ရင်ထဲကြည်နူးသွားရသည်... သူမကို ဒီလိုမေးပေးတာဆို၍ မနှင်းတစ်ယောက်ပဲ ရှိသည်...

"ပျောက်သွားပြီ...မနှင်း... ခုအလုပ်တွေ အများကြီး ဝိုင်းလုပ်ပေးလို့ရပြီ..."

အားပါးတရ ပြုံးလာရင်း ပြောနေတဲ့ကလေးမကို နှင်းသဘောတကျ ကြည့်မိသည်...မြင်သူတိုင်း မေတ္တာရှိတာ သူ့ကံထင်ပါရဲ့... သစ္စာပြောထားတာကိုတောင် မေ့တေ့တေ့ဖြစ်နေသည်အထိ ဒီကောင်မလေးကို သူမ မေတ္တာသက်မိနေသည်...

"အင်း...ကောင်းတာပေါ့...ဒါနဲ့ ဒီလို ဝတ်ထားတာလေးက ရွှေရုပ်နဲ့ လိုက်လိုက်တာ..."

"ရွေရုပ်က ဒီလိုမဝတ်ဖူးလို့ အဆင်မပြေဘူးထင်နေတာ မနှင်းရဲ့..."

ရွှေရုပ်က ခဲရောင်ကုတ်လေးရဲ့ အနားစကို လက်နဲ့သပ်ရင်း ရှက်ကိုးရှက်ကန်းပြုံးနေသည်...

"ဘာလို့အဆင်မပြေရမှာလဲ...လူကငယ်ငယ်လေး ရှိသေးတာကို... ဒီအရွယ်မှ မဝတ်ရင် ဘယ်အရွယ်ဝတ်မှာလဲ... ပြီးတော့ လူလေးကလဲ ချောချောလှလှလေးကို..."

"ဟား...အဲလိုပြောဖူးတာ မနှင်းတစ်ယောက်တည်းပဲရှိသေးတယ်...."

ရွှေရုပ်သည် နှင်းနဲ့ တော်တော်အလွမ်းသင့်သွားကာ ထမင်းစားသွားလဲ တူတူပင်...ပြန်လာတော့ နှင်းရဲ့ လက်မောင်းကိုပင် ဖက်ထားသေးသည်...

canteenကအပြန် သစ္စာရဲ့ကားကို ရိပ်ခနဲ တွေ့လိုက်ရသော နှင်းမှာ ခေါင်းကြိမ်းနေတုန်းရှိသေး...boss ရဲ့ ခဏလာခဲ့ပါဆိုတဲ့ အမှာစကားကို ကြားလိုက်ရပါသည်...

"ငါ ဝင်လာပြီ သစ္စာ..."

နှစ်ယောက်တည်းရှိတဲ့အခါမျိုးမှာ နင်ငါလို့သာ သူမတို့ သုံးနှုန်းလေ့ ရှိပါသည်...

"အင်း... ထိုင်ပါဦး..."

"ဘာပြောစရာရှိလို့လဲဟင်...."

သစ္စာက နှင်းကို ခပ်တည်တည်ပင် စိုက်ကြည့်လာသည် ...

"ရွှေရုပ်နဲ့ ပက်သက်ပြီး ငါနင့်ကို ပြောထားတာကို နင်များ မေ့နေပြီလားလို့ပါ..."

"ငါ မမေ့ပါဘူး... "

"ဒါဆို ဘာလို့ သူ့ကို မျက်နှာသာပေးနေတာလဲ..."

"ဪ....သူက နေကောင်းခါစမို့ပါ...နောက်ကျ ငါများများခိုင်းပေးမယ် ဟုတ်ပြီလား..."

ရူးချင်ယောင်ဆောင်ပြီး ပြောနေပေမယ့် သစ္စာမျက်နှာက ပြေပြစ်မလာ...

"တကယ်လို့ ငါအကူအညီတောင်းတာက နင့်အတွက် ခက်တယ်ဆိုရင် ပြော...သူ့ကို တခြား teamကို ပြောင်းလိုက်မယ်..."

"ဟာ...မပြောင်းပါနဲ့..."

အလောသုံးဆယ်ငြင်းမိသွားပြီးမှ နှင်း ရယ်ပြလိုက်မိကာ...

"ငါ့teamမှာပဲ ထားပါ...ငါသေချာပေါက် အလုပ်များများ ခိုင်းပစ်မယ် နော်..."

ဒါပေမယ့် သိချင်စိတ်ကိုလဲ နှင်းမထိန်းနိုင်တော့သည်မို့ မဝင့်မရဲပင် မေးကြည့်လိုက်သည်...

"ဒါနဲ့ ငါအကြောင်းပြချက်ကို သိလို့ရမလား သစ္စာ...ဘာကြောင့် အဲကလေးမကို ဒီလို လုပ်စေချင်ရတာလဲ..."

"များများခိုင်းရင် များများသိတာပေါ့...အပိုးကျိုးအောင်လို့..."

"ဪ...."

ကျွမ်းကျင်စွာ ရှောင်ထွက်သွားတဲ့နောက်မှာ နှင်းဆက်မေးစရာ မရှိတော့...ရင်ထဲမှာတော့ ဒီအကြောင်းပြချက်က မဖြစ်နိုင်ဘူးဆိုတာ သေချာပေါက်သိနေခဲ့ပါသည်...

To be continued....🍀

Ps....နေးနဲ့ပိုး one shotလေး တစ်ပုဒ်တင်ထားသေးတယ် တွေ့ကြလားဟင်...

Zawgi

ေလယာဥ္စထြက္တာနဲ႕ ေ႐ႊ႐ုပ္ ေၾကာက္လန့္တၾကား မ်က္စိမွိတ္ထားမိသည္...ငယ္စဥ္ကတည္းက ဘယ္ခရီးေဝးကိုမွ မသြားဖူးသည့္အျပင္ ေလယာဥ္လဲ တစ္ခါမစီးဖူးသည္မို႔ ေခြၽးပါျပန္လာသည္...

ေဘးနားက သူ႕ကို လွမ္းၾကည့္လိုက္ေတာ့ သက္ေတာင့္သက္သာပင္ ipadၾကည့္ရင္း ပါလာသည္...မ်က္စိအသာျပန္မွိတ္ကာ ဘုရားစာသာခပ္တိုးတိုး ႐ြတ္ေနလိုက္သည္...

ဒီခရီးက ဘယ္ႏွစ္ရက္ၾကာမလဲ ေ႐ႊ႐ုပ္မသိပါ...အစက မဝါပါ ပါမည္ထင္ေပမယ့္ သူနဲ႕ႏွစ္ေယာက္တည္းသာ ထြက္လာရသည္...မဝါက မေန႕ညေနကေတာ့ အိမ္ကို လာကာ ေ႐ႊ႐ုပ္အတြက္ အဝတ္အစားေတြ လာပို႔ေပးသည္...

style pantအေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြပါ ကုတ္နဲ႕အေရာင္တူ ခ်ဳပ္ထားတဲ့ ဝတ္စုံေလးေတြက ဆယ္စုံထက္မနည္း...မႏွင္းက စီစဥ္ေပးလိုက္သည္တဲ့...companyလာတဲ့အခါက်ရင္လဲ ဒါေတြကိုပဲ ေပါ့ေပါ့ပါးပါး ဝတ္လာဖို႔ မွာသြားသည္...

ခုက မရမ္းေဖ်ာ့ေရာင္ စတိုင္ပန္နဲ႕ တီရွပ္အျဖဴကို အတြင္းမွ ခံဝတ္ထားကာ အေပၚမွ ကုတ္ထပ္ဝတ္ထားသည့္ ေ႐ႊ႐ုပ္ပုံစံေလးက သန့္ျပန့္ေနသည္...တစ္ခါမွ ဒီလိုမဝတ္ဖူး၍ ေနရခက္ေပမယ့္ ေတာ္ေတာ္ေတာ့ ေပါ့ေပါ့ပါးပါး ရွိပါသည္...

"Excuse me..."

ေလယာဥ္မယ္ေလးက menu ေ႐ြးခိုင္းကာ စားစရာလာပို႔သည္... ဘာကိုမွ စားခ်င္စိတ္မရွိေပမယ့္ မနက္တည္းက ဘာမွမစားျဖစ္ထားသည္မို႔ အနည္းငယ္ စားလိုက္သည္...

သူကေတာ့ ေအးေအးေဆးေဆးပင္ စားကာ ဝိုင္ပင္ေသာက္ေနလိုက္ေသးသည္...

ဟိုေရာက္ရင္ ႀကဳံရမည့္ အရာေတြကို ေတြးကာ ေ႐ႊ႐ုပ္ရင္ေမာလာသည္ ...သူသည္ ဘာရည္႐ြယ္ခ်က္နဲ႕ ေ႐ႊ႐ုပ္ကို ေခၚလာမွန္း မသိပါေခ်...

လွမ္းၾကည့္မိျပန္ေတာ့ သူက မ်က္လုံးေတြ မွိတ္ကာ အိပ္မလို႔ ျပင္ေနသည္...လက္ကို ခပ္တင္းတင္းပိုက္ထားရင္း မ်က္လုံးအစုံကို မွိတ္ထားတဲ့သူက ျမင္ေနက်အတိုင္း လင္းလက္လွပေနသည္... ခပ္ေစ့ေစ့ပိတ္ထားတဲ့ ႏႈတ္ခမ္းပါးေတြဆီ အၾကည့္ေရာက္သြားေတာ့ အတင္းအၾကပ္ယူေနက် အနမ္းေတြကို သတိရသြားကာ သူမ ရွက္႐ႊံ႕မိသြားသည္...

"ဟင္..."

ဆတ္ခနဲ ပြင့္လာကာ ကိုယ့္ဘက္ကို လွည့္ၾကည့္လာတဲ့ မ်က္ဝန္းေတြေၾကာင့္ အာေမဋိတ္သံေသးေသးေလး ထြက္သြားကာ ေခါင္းကို ကမန္းကတန္း ငုံ႕ခ်လိဳက္သည္... သူက ဘာမွမေျပာဘဲ ဟိုဘက္ျပန္လွည့္သြားပါသည္...

၁၆နာရီခန့္ ၾကာျမင့္သည့္ ေလယာဥ္ခ်ိန္ေၾကာင့္ ေ႐ႊ႐ုပ္ခါးတို႔ ေညာင္းခ်ိလာသည္... ေလယာဥ္ဆိုက္ေတာ့ ဟိုဟိုဒီဒီ မၾကည့္အားဘဲ သူ႕ေနာက္ကိုသာ ျမန္ျမန္လိုက္သြားမိသည္... နာက်င္ျခင္းေတြပဲ ရေနသည့္တိုင္ ထိုေက်ာျပင္ကေလးသည္ပင္ ေ႐ႊ႐ုပ္အတြက္ လုံၿခဳံမႈကို ေပးစၿမဲျဖစ္သည္...

"ဟိတ္...."

ရႈပ္ေထြးေနသည့္လူၾကားထဲ ၾကည့္ေနရင္း ထိုေက်ာျပင္ေလး ေပ်ာက္သြားသည့္အခါ ေ႐ႊ႐ုပ္လက္တို႔ ေအးစက္လာသည္...ဟိုဒီေဝ့ဝဲရွာေနသည့္သူမကို စိတ္မရွည္သံခပ္အုပ္အုပ္နဲ႕အတူ သူက ေအးေနတဲ့လက္ေလးကို လာဆြဲသည္...

"ကားထဲဝင္..."

"ဟုတ္ကဲ့..."

ညဘက္ျဖစ္သည့္တိုင္ Parisသည္ မီးေရာင္တို႔ျဖင့္ လွပေနသည္... ေဘးနားက အမ်ိဳးသမီးရဲ႕ မ်က္ႏွာမွာေတာ့ စိတ္ရႈပ္မႈတို႔ အထင္းသား...

မၾကာမီ ခမ္းနားလွသည့္ hotelတစ္ခုဆီသို႔ ကားက ခ်ိဳးဝင္သြားသည္... အခန္းယူေတာ့ တစ္ခန္းထဲေပမယ့္ စိတ္မညစ္ဘဲ ေ႐ႊ႐ုပ္ေပ်ာ္သြားသည္...ဘယ္သူ႕မွ မသိတဲ့ ဒီေနရာမွာ တစ္ေယာက္တည္း ေနဖို႔ သူမသတၱိမရွိပါ...

ခရီးပန္းလာၿပီျဖစ္တဲ့အတြက္ အခန္းထဲ ေရာက္တာနဲ႕ သူေရာသူမပါ ဟန္မေဆာင္နိုင္ဘဲ ခ်က္ခ်င္းအိပ္ေပ်ာ္သြားခဲ့ပါသည္...

🥀

"ဝိုးးး..."

Parisၿမိဳ႕ရဲ႕ မနက္ခင္းသည္ ဘယ္လိုေနမလို႔ သိခ်င္လွၿပီမို႔ နိုးတာနဲ႕ ေ႐ႊ႐ုပ္လိုက္ကာစအသာဆြဲဖယ္ကာ ၾကည့္လိုက္မိသည္... ထိုစဥ္ ဓာတ္ပုံေတြ videoေတြထဲမွာသာ ျမင္ဖူးေသာ eiffel towerႀကီးကို ရွင္းရွင္းလင္းလင္းႀကီး ျမင္လိုက္ရတာေၾကာင့္ ရင္ေတြခုန္ကာ အသံပင္ ထြက္မိသြားသည္... လွလိုက္တာ...အပူေတြကို ေခတၱေမ့ကာ အေရွ႕က ျမင္ကြင္းကိုသာ တေမ့တေမာႀကီး ေငးေနမိသည္...

ထိုစဥ္ အေနာက္က လႈပ္ရွားသံသဲ့သဲ့ကို ၾကားလိုက္ကာ မမသစၥာထလာသည္ကို မ်က္ဝန္းေထာင့္ကေန ေရးေရးျမင္လိုက္သည္...

"ေ႐ႊ႐ုပ္...."

"ဟင္..."

"သြားစရာရွိတယ္...ျပင္ထားလိုက္..."

"ဘယ္ကို..."

ႏႈတ္က အသံဖြဖြေလး ထြက္သြားေတာ့ သူက လွည့္ၾကည့္လာသည္...

"တရား႐ုံး..."

နားမလည္သလို ျဖစ္ေနတဲ့မ်က္ႏွာကို သူက တည့္တည့္စိုက္ၾကည့္လိုက္ကာ...

"ေျပာရရင္ မင္းနဲ႕ ငါနဲ႕ လက္ထပ္ဖို႔..."

"ဘာရယ္..."

"ဒီမွာပဲ တရားဝင္လို႔ ဒီမွာ လက္ထပ္မယ္..."

တစ္ခ်က္ ႏႈတ္ဆိတ္သြားၿပီးမွ ေ႐ႊ႐ုပ္သူ႕ကို ေမာ့ၾကည့္လိုက္သည္...

" အဲလိုလုပ္ရရင္ မမစိတ္ခ်မ္းသာသြားမွာလား..."

မႀကိဳက္မွန္း သိေပမယ့္ တမင္ကို မမလို႔ ေခၚလိုက္သည္ ...

"ဟုတ္တယ္...မင္းတစ္ဘဝလုံးကို ငါ့ေဘးမွာ ထားဖို႔...မင္းကို တစ္သက္လုံး ခ်ဳပ္ႏွောင္ထားဖို႔ အဲစာခ်ဳပ္လိုတယ္..."

"မလိုဘူး လက္မွတ္ထိုးဖို႔...ကြၽန္မကို ရွင့္ရဲ႕ အခိုင္းအေစ ရွင့္ဆႏၵေတြျဖည့္ေပးဖို႔ ကြၽန္ ဘယ္လိုပဲ သေဘာထားထားရတယ္...ဘာနဲ႕မွ ထိန္းခ်ဳပ္ထားစရာမလိုဘဲ ရွင့္ေျခရင္းမွာ ေက်ေက်နပ္နပ္နဲ႕ ေနေပးမယ္..."

လည္ေခ်ာင္းထဲ က်ပ္ခဲလာကာ ေျပာေနရင္း အသံက တုန္လာသည္...အလြန္တရာလွပေနသည့္ Parisသည္ တစ္ခဏအတြင္း အက်ည္းတန္သြားသည္...

"ငါ့ကို ဘာမွ လာစီမံစရာ မလိုဘူး ေ႐ႊ႐ုပ္... ဘယ္ကိစၥကိုမဆို ငါပဲဆုံးျဖတ္မယ္... မင္းက ငါထားတဲ့အတိုင္း ေန...ငါေပးတဲ့ စိတ္ဒုကၡကို ယူဖို႔ပဲ..."

ေျပာၿပီးတာနဲ႕ ေရခ်ိဳးခန္းထဲ လွည့္ဝင္သြားသည္... မတ္မတ္မရပ္နိုင္ေတာ့ဘဲ ေ႐ႊ႐ုပ္ထိုင္ခ်ကာ ရွိုက္ႀကီးတငင္ ငိုေနမိသည္ ... သူဟာ တကယ့္ကို ေျပာင္းလဲသြားၿပီ... ဘာသံေယာဇဥ္မွ မရွိေတာ့ဘဲ ရက္စက္ပစ္ဖို႔ အသင့္ျဖစ္ေနၿပီ...

ရင္ဘတ္ထဲ ပစ္ဝင္လာေသာ ဒဏ္ရာဒဏ္ခ်က္ေတြသည္ ေမွ်ာ္လင့္ထားတာထက္ကို ပိုဆိုးေနခဲ့သည္ကို သိလိုက္ခ်ိန္တြင္ ေနာက္ဆုတ္၍ မရနိုင္ေတာ့ေခ်...

🥀

Parisမွာ ထိုမနက္ခင္းက သူနဲ႕လက္ထပ္သည္...ညေနခင္းက်ေတာ့ သူက ပြဲသြားတက္ကာ ေနာက္ေန႕က် သူမတို႔ ျပန္လာခဲ့ၾကသည္...

ျပန္ေရာက္တဲ့အထိ စကားလဲ တစ္ခြန္းမွ မေျပာျဖစ္ၾကေတာ့ပါ... ဒီမနက္ေတာ့ companyျပန္တက္ရသည္...

"ေ႐ႊ႐ုပ္...ေနေကာင္းတာ လုံးဝေပ်ာက္ၿပီလား..."

မႏွင္းရဲ႕အေမးေၾကာင့္ ရင္ထဲၾကည္ႏူးသြားရသည္... သူမကို ဒီလိုေမးေပးတာဆို၍ မႏွင္းတစ္ေယာက္ပဲ ရွိသည္...

"ေပ်ာက္သြားၿပီ...မႏွင္း... ခုအလုပ္ေတြ အမ်ားႀကီး ဝိုင္းလုပ္ေပးလို႔ရၿပီ..."

အားပါးတရ ၿပဳံးလာရင္း ေျပာေနတဲ့ကေလးမကို ႏွင္းသေဘာတက် ၾကည့္မိသည္...ျမင္သူတိုင္း ေမတၱာရွိတာ သူ႕ကံထင္ပါရဲ႕... သစၥာေျပာထားတာကိုေတာင္ ေမ့ေတ့ေတ့ျဖစ္ေနသည္အထိ ဒီေကာင္မေလးကို သူမ ေမတၱာသက္မိေနသည္...

"အင္း...ေကာင္းတာေပါ့...ဒါနဲ႕ ဒီလို ဝတ္ထားတာေလးက ေ႐ႊ႐ုပ္နဲ႕ လိုက္လိုက္တာ..."

"ေ႐ြ႐ုပ္က ဒီလိုမဝတ္ဖူးလို႔ အဆင္မေျပဘူးထင္ေနတာ မႏွင္းရဲ႕..."

ေ႐ႊ႐ုပ္က ခဲေရာင္ကုတ္ေလးရဲ႕ အနားစကို လက္နဲ႕သပ္ရင္း ရွက္ကိုးရွက္ကန္းၿပဳံးေနသည္...

"ဘာလို႔အဆင္မေျပရမွာလဲ...လူကငယ္ငယ္ေလး ရွိေသးတာကို... ဒီအ႐ြယ္မွ မဝတ္ရင္ ဘယ္အ႐ြယ္ဝတ္မွာလဲ... ၿပီးေတာ့ လူေလးကလဲ ေခ်ာေခ်ာလွလွေလးကို..."

"ဟား...အဲလိုေျပာဖူးတာ မႏွင္းတစ္ေယာက္တည္းပဲရွိေသးတယ္...."

ေ႐ႊ႐ုပ္သည္ ႏွင္းနဲ႕ ေတာ္ေတာ္အလြမ္းသင့္သြားကာ ထမင္းစားသြားလဲ တူတူပင္...ျပန္လာေတာ့ ႏွင္းရဲ႕ လက္ေမာင္းကိုပင္ ဖက္ထားေသးသည္...

canteenကအျပန္ သစၥာရဲ႕ကားကို ရိပ္ခနဲ ေတြ႕လိုက္ရေသာ ႏွင္းမွာ ေခါင္းႀကိမ္းေနတုန္းရွိေသး...boss ရဲ႕ ခဏလာခဲ့ပါဆိုတဲ့ အမွာစကားကို ၾကားလိုက္ရပါသည္...

"ငါ ဝင္လာၿပီ သစၥာ..."

ႏွစ္ေယာက္တည္းရွိတဲ့အခါမ်ိဳးမွာ နင္ငါလို႔သာ သူမတို႔ သုံးႏႈန္းေလ့ ရွိပါသည္...

"အင္း... ထိုင္ပါဦး..."

"ဘာေျပာစရာရွိလို႔လဲဟင္...."

သစၥာက ႏွင္းကို ခပ္တည္တည္ပင္ စိုက္ၾကည့္လာသည္ ...

"ေ႐ႊ႐ုပ္နဲ႕ ပက္သက္ၿပီး ငါနင့္ကို ေျပာထားတာကို နင္မ်ား ေမ့ေနၿပီလားလို႔ပါ..."

"ငါ မေမ့ပါဘူး... "

"ဒါဆို ဘာလို႔ သူ႕ကို မ်က္ႏွာသာေပးေနတာလဲ..."

"ဪ....သူက ေနေကာင္းခါစမို႔ပါ...ေနာက္က် ငါမ်ားမ်ားခိုင္းေပးမယ္ ဟုတ္ၿပီလား..."

႐ူးခ်င္ေယာင္ေဆာင္ၿပီး ေျပာေနေပမယ့္ သစၥာမ်က္ႏွာက ေျပျပစ္မလာ...

"တကယ္လို႔ ငါအကူအညီေတာင္းတာက နင့္အတြက္ ခက္တယ္ဆိုရင္ ေျပာ...သူ႕ကို တျခား teamကို ေျပာင္းလိုက္မယ္..."

"ဟာ...မေျပာင္းပါနဲ႕..."

အေလာသုံးဆယ္ျငင္းမိသြားၿပီးမွ ႏွင္း ရယ္ျပလိုက္မိကာ...

"ငါ့teamမွာပဲ ထားပါ...ငါေသခ်ာေပါက္ အလုပ္မ်ားမ်ား ခိုင္းပစ္မယ္ ေနာ္..."

ဒါေပမယ့္ သိခ်င္စိတ္ကိုလဲ ႏွင္းမထိန္းနိုင္ေတာ့သည္မို႔ မဝင့္မရဲပင္ ေမးၾကည့္လိုက္သည္...

"ဒါနဲ႕ ငါအေၾကာင္းျပခ်က္ကို သိလို႔ရမလား သစၥာ...ဘာေၾကာင့္ အဲကေလးမကို ဒီလို လုပ္ေစခ်င္ရတာလဲ..."

"မ်ားမ်ားခိုင္းရင္ မ်ားမ်ားသိတာေပါ့...အပိုးက်ိဳးေအာင္လို႔..."

"ဪ...."

ကြၽမ္းက်င္စြာ ေရွာင္ထြက္သြားတဲ့ေနာက္မွာ ႏွင္းဆက္ေမးစရာ မရွိေတာ့...ရင္ထဲမွာေတာ့ ဒီအေၾကာင္းျပခ်က္က မျဖစ္နိုင္ဘူးဆိုတာ ေသခ်ာေပါက္သိေနခဲ့ပါသည္...

To be continued...🍀

Ps....ေနးနဲ႕ပိုး one shotေလး တစ္ပုဒ္တင္ထားေသးတယ္ ေတြ႕ၾကလားဟင္...

Continue Reading

You'll Also Like

396K 7.4K 22
George and Dream once enemies from the starting of 1st grade all the way till there senior year in high school. Until they are parried up for a at h...
59.2K 2.3K 21
"Reciprocate this energy to me, you know I love you." PUBLISHED..- December 18th, 2022. ------- TOP RANK: #1 in '12' TOP RANK: #2 in 'basket ball' TO...
3.4K 196 6
လမင်းနဲ့ကြယ်စင်ဟာ ဉ့်ဦးယံမှာ ဖူးစာစုံ ပါရစေ.. နန်း~