ဗီလိန်ကငါ့Systemကို၀င်စီးသွား...

By Berry_Xin

89.8K 14.3K 578

This novel is not mine.I'm just translated it for fun.If there is something wrong about my translation,then... More

Description
Chapter-1.1{Arc 1}
Chapter-1.2
Explanation about System
Chapter-2.1
Chapter-2.2
Chapter-3.1
Chapter-3.2
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-9
Chapter-10
Notice
Chapter-11
Chapter-12
Chapter -13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Not update‼️
Chapter-23
Chapter-24
Chapter-25{Arc 1 End}
Chapter-26{Arc 2}

Chapter-8

2.3K 496 15
By Berry_Xin

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


"အဲ့မစ်ရှင်ကိုငြင်းမယ်ဆိုရင်ရော"
ရှင်းပြသည်များအားနားထောင်ပီးနောက် ဂူရှီးယွီဆီမှပထမဆုံးထွက်လာတဲ့စကားပင်ဖြစ်သည်။
အလိုအလျောက်ဖြေဆိုသံကလည်း ထွက်ပေါ်လာသည်။

[တကယ်လို့Hostက Systemရဲ့ညွှန်ကြားချက်တွေ မစ်ရှင်တွေကိုငြင်းဆန်မယ်ဆိုရင် အာခံမှုအဖြစ်သတ်မှတ်ပီး ပြစ်ဒဏ်ကြီးကြီးမားမားခံရမှာဖြစ်ပါတယ်]

"..."

ဒီမစ်ရှင်က သူတခါမှမထင်မှတ်ထားခဲ့သည့်အရာပင်။
ဂူရှီးယွီတယောက် ခေါင်းပင်ကိုက်လာသည်။
ဓားတချောင်းပေးပီး ရန်သူကိုသေတဲ့အထိသွားသတ် ဆိုတဲ့မစ်ရှင်ရရင်တောင် သူ့အတွက်လွယ်ချင်လွယ်ဦးမယ်။
သူခေါင်းကိုလှည့်ပီးဘေးက ကျီချင်ကိုကြည့်လိုက်တော့ ထိုသူကသူ့မေးသူလက်နဲ့ပွတ်နေပီး ရှေ့ကြည့်ကာတခုခုကြောင့် အံ့သြနေပုံရသည်။

"အဲ့ဒါ ကွယ်လွန်သွားတဲ့အကြီးအကဲရဲ့ဆန္ဒပဲ။
မင်းတို့ဘာတွေပြောပြော ပြောင်းလဲပစ်လို့မရတာအမှန်ပဲ။
ရှေ့နေကြီး ဆက်ပြောပါ"
လင်ဖန်းရူရဲ့အသံကအရမ်းမကျယ်သော်လည်း အိမ်တော်ကြီးရဲ့သခင်မတယောက်အနေနဲ့တော့ သြဇာရှိသည်။
အကုန်လုံးတယောက်တပေါက်ပြောနေသည်များ ငြိမ်ကျသွားသည်။

တကယ်တော့ ကျီဇီရွမ်ရဲ့အရည်အချင်းကို မယုံကြည်ရုံတင်မဟုတ်၊သူတို့အခွင့်အရေးမရ၍လည်း မကျေမနပ်ဖြစ်နေကြခြင်းဖြစ်သည်။
ယခုချိန်ဆက်ပြောနေရင်တော့ လင်ဖန်းရူဒေါသပိုထွက်လာမှာ သိနေသဖြင့် အကုန်လုံးယာယီမျှ တိတ်ဆိတ်သွားကြသည်။
ကျီစံအိမ်ကြီးအားလင်ဖန်းရူအတွက် ချန်ထားခဲ့ခြင်းအပြင် ကျီရန်ရဲ့အခြားကလေးတွေ မြေးတွေအားလည်းပိုင်ဆိုင်မှုခွဲ​ေ၀ပေးထားခဲ့သည်။
အခု ကျီချင့်အလှည့်ဖြစ်သည်။

ယွမ်၅မီလီယံနဲ့ စံအိမ်အခွဲဖြစ်တဲ့ခြံ၀င်းသေးသေးကိုသာ အမွေအဖြစ်ပေးခဲ့ခြင်း။
ဒါကလည်း သူလက်ထပ်ပီးမှသာရမည်ဖြစ်ပီး လူပျိုလူလွတ်ဖြစ်နေပါက တပြားတရွေးမှ မရရှိပေ။
အခုမှ ငယ်ငယ်လေးပဲရှိသေးတဲ့ ကျီရန်ရဲ့အငယ်ဆုံးမြေးမလေးတောင် ယွမ်မီလီယံပေါင်းများစွာအမွေရခဲ့တာ။
သူမ၂၁နှစ်ပြည့်လို့လက်ထပ်ရင် လက်ဖွဲ့ပစ္စည်းအနေနဲ့ ကျွန်း၁ကျွန်းကိုပါပေးခဲ့သေးတယ်။
အဲ့အချိန်ကျရင် ကာလပေါက်စျေးအရ ထိုကျွန်းမှာစျေးပိုမြင့်လာခဲ့မှာ။

ယွမ်၅မီလီယံဆိုတဲ့ပမာဏက မနဲပေမယ့် ဘီလီယံပေါင်းများစွာကြွယ်၀ချမ်းသာတဲ့ ကျီမိသားစုအတွက်ကတော့ သမုဒ္ဒရာထဲမှရေတစက်မျှသာဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ကျီချင်ကသူ့သားအရင်းပဲဟာကို။
သူ့ရဲ့ရည်ရွယ်ချက်က အလွန်အကြူးကိုသိသာပါတယ်။
ဒါမယ့် အဲ့တာကသူများမိသားစုအတွင်းရေးကိစ္စလေ။
ဂူရှီးယွီလိုအပြင်လူအနေနဲ့က သွားအတွန့်တက်နေလို့မှမရတာ။

ကျီချင်မှာ အခြားလူတွေသူ့ကိုထူးဆန်းသလိုကြည့်နေတာတောင်မမှုပေ။
သူ့အလုပ်ကိစ္စအတွက်တောင် ဖုန်းထဲစာရိုက်နေလေသည်။
အခြားသူတွေမသိရင်သာနေမယ်၊ကျီချင့်ဘေးရပ်နေသော ဂူရှီးယွီကတော့ သူ့မျက်လုံးတွေထဲကအေးစက်မှုတွေ မြင်နေရသည်။
အဲ့ပုံစံက ၀မ်းနည်းနေတာထက် ဖျက်ဆီးလိုတဲ့အငွေ့အသက်နဲ့ဆင်သည်။
ဂူရှီးယွီရုတ်တရက်မေးလိုက်သည်
"ကျီချင် ခများမှာပိုက်ဆံပြတ်နေတာလားဟင်"

ကျီချင်ဖုန်းမှာစာရိုက်နေတာရပ်လိုက်ပီး
"ဘာလို့အဲ့လိုမေးတာလဲ"

"ကိုယ်ကမွဲမနေဘူးဆိုရင် သူများပေးကမ်းတာတွေဂရုစိုက်နေဖို့မှ မလိုတာ"
ဂူရှီးယွီ ထိုစကားကိုကျီမိသားစုတသိုက်အား ကြည့်ပီးပြောလိုက်ခြင်း။
​ပြောလိုက်တဲ့လေသံကတော့ ပေါ့ပေါ့ပါးပါးပဲ။
ဒါ ကျီချင်ပထမဆုံးအနေနဲ့သတိပြုမိတာပဲ။
ဂူရှီးယွီက ဘာတွေဖြစ်နေဖြစ်နေ သူ့မျက်လုံးတွေထဲမှာ နူးညံ့မှုအငွေ့အသက်တွေရှိနေတယ်။
အဲ့ဒီနူးညံ့မှုတွေက တဦးတယောက်အတွက်မဟုတ်ဘဲ သူ့ဘ၀နဲ့ ဒီလောကကြီးပဲဆိုင်တာမျိုး။

"ကိုယ် ကိုယ်တိုင်အလုပ်ကြိုးစားပီး ရှာဖွေလို့ရလာတဲ့ပိုက်ဆံတွေက ပိုပီးအဖိုးတန်တယ်လေ၊မဟုတ်ဘူးလား"
သူတို့၂ယောက် အကြည့်ချင်းဆုံသွားတဲ့အခိုက်မှာ ကျီချင်ဟာဂူရှီးယွီရဲ့နူးညံ့တဲ့မျက်၀န်းတွေဆီ အသိလွတ်စွာနဲ့ငေးနေမိခဲ့သည်။
ထိုအခိုက် ပြောမပြတတ်တဲ့ရင်းနှီးမှုတွေက သူ့နှလုံးသားထဲ၀င်ရောက်လာသဖြင့် ဖုန်းကိုင်ထားတဲ့လက်တောင်တုန်သွားပီး စာရိုက်မပီးသေးတဲ့မက်ဆေ့ချ်အား တဖက်လူဆီပို့မိသွားသည်။

သူခေါင်းငုတ်ကာဖုန်းကိုကြည့်လိုက်သည်။
အစောက သူနဲ့စကားပြောနေတဲ့သူမှာ ကျင်းခဲ့သာဖြစ်သည်။

လက်ထောက်ကျင်း-[မစ္စတာအင်ဒရေးက မစ္စတာဂူအဖေ ကုမ္ပဏီနဲ့ အငြင်းပွားမှုဖြစ်ထားတယ်လို့သတင်းရထားတယ်။
သူကဆန်းဆန်းတင့်တဲ့သူဗျ၊ဥက္ကဌက
ဂူမိသားစုနဲ့ပတ်သက်မှုရှိတယ်ဆိုပီး ထင်သွားခဲ့ရင် သူနဲ့အပေးအယူကပျက်ပီပဲ။
ဥက္ကဌလည်းအခုမစ္စတာဂူနဲ့ လက်ထပ်ပီးပီဆိုတော့ ဂူမိသားစုဘက်နဲ့ပဲအပေးအယူလုပ်ရင်ပိုမကောင်းဘူးလား။
အပေးအယူမလုပ်ခင် ကျနော်တို့အရင်က ပြောထားတဲ့အစီအစဥ်ကိုလုပ်သင့်လား]

ကျီချင်က သူမတော်တဆပို့မိတဲ့မက်ဆေ့ချ်ကိုကြည့်ပီး ကျင်းခဲ့စာမပြန်ခင် ဖျက်ပစ်လိုက်သည်။
ထိုစဥ် ကျင်းခဲ့ဆီမှပြန်စာရောက်လာခဲ့သည်
[ကောင်းပါပီ]

'လက်ထောက်ကျင်းမှ မက်ဆေ့ချ်အားပြန်ဖျက်သိမ်းလိုက်သည်'

ကျီချင်-[ဂူမိသားစုအတွက် အခြားအစီအစဥ်တွေရှိတယ်။
အရင်ဆုံး ဂူရှီးယွီနဲ့ငါနဲ့ လက်ထပ်ထားတဲ့သတင်းတွေဖုံးထားလိုက်။
စာချုပ်ချုပ်ပီးမှသိသွားရင် သူနောင်တရမယ်ဆိုရင်တောင် နောက်ကျသွားပီ]

လက်ထောက်ကျင်း-[ကောင်းပါပီ]

ကျီချင်က စကားပြောနေရာမှထွက်လိုက်ပီး သူအခုလေးတင်ခံစားလိုက်ရတဲ့ ထူးထူးဆန်းဆန်းခံစားချက်ကို ပြန်စဥ်းစားဖို့လုပ်ပေမယ့်နားမလည်ခဲ့ဘူး။
ဟောခန်းထဲတွင်တော့ ရှေ့နေကကျီရန်ရဲ့သေတမ်းစာကိုဖတ်၍ပီးသွားပီဖြစ်ပီး သိမ်းဆည်းနေလေသည်။
လင်ဖန်းရူကမတ်တပ်ရပ်နေပီး ဘေးကကျီဇီရွှမ်နဲ့စကားပြောနေသည်။
ကျီဇီရွှမ်ရဲ့အမူအရာကလည်း လေးနက်နေပီး သူ့ကြည့်ရတာထိုဖိအားကိုရှောင်နိုင်မည့်ပုံမပေါ်ပေ။
အခုလေးတင် သူ့ကိုစကားပြောနေတဲ့ဂူရှီးယွီလည်း ဘေးတွင်မရှိတော့ပေ။
မျက်တောင်တခတ်စာအချိန်လေးအတွင်းမှာတင် ကျီချင်ကသူဘယ်ရောက်သွားလဲမသိပါ။

"မီးဖိုချောင် ခဏသုံးလို့ရလား"
ဂူရှီးယွီမီးဖိုချောင်ထဲ ရောက်သွားတဲ့အချိန်တွင် ဘေစင်နားမှာအလုပ်များနေသော အစေခံ၁ဦးသာတွေ့ရသည်။
ထိုအမျိုးသမီးက သူ့ကိုတချက်သာကြည့်ပီး ပြန်လှည့်သွားကာ
"ရပါတယ် ဒါပေမယ့်ပစ္စည်းတွေ ကျမကွဲစေနဲ့"

ဂူရှီးယွီမှာ မွေးလာကတည်းမှအခုထိ ဘယ်သူ့ကိုမှမချော့ဖူးပါ။
Systemပြောတဲ့မစ်ရှင်ကိုလုပ်ဖို့ အစီအစဥ်က ဘာဖြစ်ဖြစ်ပစ်မှတ်ပျော်ရင်ပီးပီမလား။
သူ့ကိုပျော်စေဖို့ဆိုရင် သူကြိုက်တဲ့အရာကနေ စလုပ်တာကောင်းမယ်။
Systemစစချင်းတုန်းက ကျီချင်နဲ့ပတ်သက်ပီးပို့ထားတဲ့ ကဂျိုးကဂျောင် အချက်အလက်တွေက အခုအသုံး၀င်လာမယ်လို့ မထင်ထားပေ။
အချက်အလက်တွေအရ ကျီချင်ကကော်ဖီသောက်ရတာ ကြိုက်တယ်။
အင်း သူကြိုက်တတ်တဲ့ကော်ဖီပုံစံကတော့ တော်တော်လေးမြင့်သား။

ဂူရှီးယွီတွေးနေတာက ဒီတိုင်းဆိုင်ကနေ၀ယ်ပီးသွားပေးရင် ရိုးရှင်းရာကျမလားလို့။
ဆိုတော့ကာ သူကိုယ်တိုင်ပဲဖျော်ပီးပေးတော့မယ်။
သူဌာနချုပ်မှာတုန်းက အားလပ်ချိန်အများရီးရလေတယ်။
အရေးကြီးကိစ္စကလွဲရင် သူပါ၀င်ဖို့မလိုတာကြောင့် အားနေချိန်အခြားအရာတွေလေ့လာသင်ယူခဲ့တယ်။

ဥပမာအနေနဲ့ အားလပ်ချိန်မှာသူကဖျော်ရည်တို့ သရေစာတို့လုပ်နေတတ်ပီး
စိတ်ကူးပေါက်ရင်ပေါက်သလို ဟင်းပွဲအသစ်တွေတောင်ဖန်တီးတတ်သေးတယ်။
သူကတခုခုကိုအာရုံစိုက်နေလေ ပိုပီးစိတ်ငြိမ်လေပဲ။
သူ့ရဲ့စိတ်ဖိစီးမှုတွေလျှော့ချတဲ့နည်းလမ်းလေး၁ခုပေါ့။

သူကကော်ဖီကိုညက်အောင်တဆင့်ချင်း အမှုန့်ကြိတ်နေခဲ့ပီး သုံးဖို့အဆင်သင့်ဖြစ်သွားတဲ့အချိန်မှာတော့ မီးဖိုချောင်မှာသူတယောက်သာကျန်တော့သည်။
ဂူရှီးယွီက နို့(အမြှုပ်)ခွက်လေးယူလိုက်တဲ့အချိန် မီးဖိုချောင်ထဲလူ၁ယောက်၀င်လာသည်။
သူကြည့်လိုက်တော့ ဖူနင်ဖြစ်နေပီး အဖက်မလုပ်ဘဲခေါင်းငုတ်ကာ ကော်ဖီဆက်လုပ်နေသည်။
ဖူနင်သူ့ဘေးရောက်လာပီး စကားပြောမလာခင်အထိပေါ့။

"မင်း အယ်ဘမ်နောက်မှာဖွက်ထားတဲ့ရည်းစားစာကို ငါမြင်ခဲ့တယ်"
ဂူရှီးယွီလက်တုန်သွားပီး ကော်ဖီပေါ်အမြှုပ်နဲ့ပုံဖော်နေတဲ့ ကျားသေးသေးလေးပုံပျက်သွားခဲ့သည်။
သူကခွက်ကိုကိုင်ထားပီး အချိန်အနဲငယ်ကြာမှ ဘာမှမဖြစ်တဲ့အမူအရာနဲ့ခွက်အား စားပွဲပေါ်ချလိုက်သည်။

ငါ့လခွမ်း!!!!!!

ဘယ်ကရည်းစားစာလဲဟ...

ဂူရှီးယွီကသူ့ကိုကြည့်မလာဘဲ မထုံတက်သေးအမူအရာနဲ့သာ စားပွဲကိုကြည့်နေတာမြင်တော့ ဖူနင်ကြောင်သွားသည်။
သူက ဂူရှီးယွီစိတ်ဆိုးသွားမှာစိုးသဖြင့်
"မစိုးရိမ်ပါနဲ့ ငါအဲ့တာငြင်းဖို့လာတာမဟုတ်ပါဘူး။
ငါသိသိချင်းတုန်းကဆို အရမ်းအံ့သြသွားတာ။
ငါအဲ့နေ့က မင်းကိုယ်တိုင်လုပ်ပေးထားတဲ့ ဓာတ်ပုံအယ်ဘမ်လေးသာဖွင့်မကြည့်မိခဲ့ရင် ဘ၀တလျှောက်လုံး အဲ့စာရှိနေမှန်းသိမှာတောင်မဟုတ်ဘူး"

ဂူရှီးယွီမျက်နှာကအမူအရာမဲ့သွားပီး စိတ်ထဲယောက်ယက်ခတ်နေလေသည်။
အဲ့အကြောင်းကို မူလပိုင်ရှင်ကဘာလို့ဒိုင်ယာရီထဲ မရေးခဲ့တာလဲကွ?

အာ့ကြောင့်မို့ပေါ့၊မနက်ကတည်းက ဖူနင်သူ့ကိုကြည့်နေတဲ့အကြည့်တွေက
ထူးဆန်းနေပါတယ်လို့။
ကျီမိသားစုတွေဟောခန်းထဲရှိကတည်းက ဖူနင်ကသူနဲ့ကျီချင်ကိုတလှည့်စီကြည့်နေတာမြင်ပေမယ့် အဲ့တာကကျီဇီရွှမ်ကသူ့အချစ်ဆုံးသူငယ်ချင်းဆိုတော့ အနာဂတ်မှာသူငယ်ချင်းရဲ့ပြိုင်ဘက်ဖြစ်လာမယ့်သူတွေကို သေချာလေ့လာနေတယ်လို့ ထင်ခဲ့တာ။
လက်စသတ်တော့ ဒါကြောင့်လား...

ဂူရှီးယွီတော်တော်လေးရှော့ရသွားပါသည်။
ဖူနင်ရဲ့ဖွင့်ဟ၀န်ခံမှုရီးက တော်တော်လေးကသိကအောက်နိုင်လှပီး လေထုကလည်းထူးဆန်းသွားသည်။
ဒါပေမယ့် ဂျွတ်ခနဲအသံက ထိုအနေရခက်မှုရီးကို ဖြိုခွဲသွားသည်။
ကျီချင်က မီးဖိုချောင်အ၀င်၀တွင်ရပ်နေပီး သူတို့၂ယောက်လုံးကိုကြည့်နေသည်။
သူကလက်ထဲမှ ဘီစကွတ်မုန့်အားစားနေခြင်း၊ထိုမုန့်ကကြွပ်ကြွပ်ရွရွဖြစ်အောင်လုပ်ထားပီး ၀ါးလိုက်ရင်တဂျွတ်ဂျွတ်အသံမြည်လာသည်။

ဂူရှီးယွီ-???

ကျီချင်ဘယ်ကတည်းက အဲ့မှာရပ်နေတာလဲဟ...

သူနှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပီး Systemအားမေးလိုက်သည်
"သူဘယ်ထိကြားသွားတယ်လို့ထင်လဲ"

ပုံမှန်ဆိုဘာမှသိပုံမရသည့် Systemကဒီတခါတိတိကျကျဖြေလာပါသည်
[အကုန်လုံးကိုကြားသွားပါတယ်]

ကျီချင်ကရီလိုက်ပီး
"ဆက်ပြော၊ငါ့ကိုဂရုမစိုက်နဲ့။
ငါကဒီတိုင်းဖြတ်သွားရုံပဲ"
ဂူရှီးယွီတယောက် ခေါင်းပင်ပြန်ကိုက်လာသည်။
ကျီချင်ကသူ့အပေါ်ဘာခံစားချက်မှမရှိသည်ကို သိပေမယ့်လည်းအပြင်လူတွေအမြင်မှာတော့ အဆင်မပြေဘူးလေ။
ကျီချင်ကကုမ္ပဏီကြီးတခုရဲ့ဥက္ကဌကလည်းဖြစ်နေတော့ သူ့ရဲ့ဂုဏ်သိက္ခာကို
ကျဆင်းစေချင်မှာမဟုတ်။
သူ့ကိုမကြိုက်ရင်တောင် အဲ့လိုဖောက်ပြန်ခံရတဲ့ခံစားချက်မျိုးကို ခံနိုင်ရည်ပါ့မလား။

ဂူရှီးယွီရဲ့အတွေးများကို Systemလေးက စက္ကန့်အနဲငယ်အတွင်းအတည်ပြုပေးလိုက်ပါသည်
[ပစ်မှတ်ရဲ့အန္တရာယ်မှတ် ၁၀မှတ်တိုးသွားပါတယ်။
လက်ရှိအန္တရာယ်မှတ်က ၈၀ပါ]

ဂူရှီးယွီ-"....."

ခုနကအမွေဆက်ခံမှုတွေ ပိုင်ဆိုင်မှုတွေအကြောင်းကြားတုန်းကတောင် ကျီချင်ရဲ့အန္တရာယ်မှတ်က တုတ်တုတ်တောင်မလှုပ်ပေ။
ကံကောင်းစွာနဲ့ ဖူနင်ကအရှောင်အတိမ်းကောင်းတဲ့သူမို့ ကျီချင်ရောက်လာတော့ သူကဂူရှီးယွီနဲ့စကားစမြည်ပြောနေတဲ့ပုံစံဖြင့်
"မင်းအားရင်ဆက်သွယ်လေ၊ငါ့ဖုန်းနံပါတ်က အရင်နံပါတ်ပဲ"

ဖူနင်ထွက်သွားပီးနောက် ကျီချင်ကလက်ထဲမှဘီစကွတ်များအား
ဆက်စားနေဆဲ၊ဘယ်သူ့ဆီကရလာလဲတော့မသိ။
ဂူရှီးယွီကတော့ ကော်ဖီပေါ်ကပုံပျက်နေတဲ့ ကျားပုံလေးကိုသာကြည့်နေသည်။
လောလောဆယ်သူ့မှာ ကျီချင်ရဲ့အန္တရာယ်မှတ် ထိုးတက်သွားတဲ့အတွက် အရမ်းတွေဒေါသထွက်နေပီး အဲ့ကျားပုံကိုပြန်လုပ်ချင်စိတ်မရှိတော့ပါ။
အာ့ကြောင့် စားပွဲပေါ်မှကော်ဖီခွက်အား ကျီချင်ဘက်တိုးပေးလိုက်ပီး
"ရော့ ခများအတွက်"

"မင်းက ငါ့အတွက်ဒါလေးလုပ်ပေးဖို့ ဒီမှာအကြာရီးရှိနေတဲ့သဘောလား"
ကျီချင်ကမျက်ခုံးပင့်လိုက်ပီး ဘေးကပန်းကန်လုံးယူကာ လက်ထဲမှကျန်နေတဲ့ဘီစကွတ်များထည့်လိုက်ပီး ဘေစင်တွင်လက်သွားဆေးကာ ပြန်လာသည်။
ဂူရှီးယွီက သူ၏ရွဲ့ပြောနေတဲ့စကားများအား ဘာမှမတုံ့ပြန်ပါ။
ဒီကျီချင်ဆိုတဲ့လူက တော်တော်လေးကျေးဇူးမသိတတ်တဲ့သူပဲ။
ကျီချင်က ကော်ဖီခွက်ကိုကိုင်လိုက်ပီး ဂူရှီးယွီအားကြည့်လိုက်ကာ မေးလာသည်
"မှန်းကြည့်ရအောင် မင်း၀က်ပုံဖော်ထားတာလား၊ ခွေးပုံဖော်ထားတာလား"

ဂူရှီးယွီအမူအရာမှာ ဗလာဖြစ်သွားပီး
"ခများမသောက်ချင်လည်း သွန်ပစ်လိုက်"
ကျီချင်အနဲငယ်သောက်လိုက်ပီး အံ့သြသွားပုံနဲ့
"အရသာရှိသားပဲ"
ဂူရှီးယွီကဘာမှပြန်မပြောဘဲ သူ့ဟာသူခွက်ဆေးနေလေသည်။
သူ့ရဲ့မှုန်မှိုင်းနေတဲ့အငွေ့အသက်တွေနဲ့ ကျောပြင်အားကြည့်ပီး ကျီချင်ရဲ့စိတ်အခြေအနေက မဆိုစရုံလေးတိုးတက်လာသည်။

[ထူးရှယ်မစ်ရှင် အောင်မြင်သွားပါပီ]
Systemရဲ့ရုတ်တရက်အသိပေးမှုကြောင့် ဂူရှီးယွီခမျာပျော်ဖို့လုပ်တုန်း နောက်စာကြောင်းတခု ဆက်​လက်ထွက်ပေါ်လာသည်။
[ပစ်မှတ်ရဲ့အန္တရာယ်မှတ် ၁မှတ်လျော့သွားပါတယ်။
လက်ရှိအန္တရာယ်က ၇၉ပါ]

ဂူရှီးယွီ-"?"

သူခွက်ကိုအားပါပါနဲ့ပွတ်တိုက်ဆေးနေပုံက မသိတဲ့သူတွေသာဆိုရင် ရန်သူကိုလည်ပင်းညှစ်နေတယ်လို့ပင် ထင်ကြလိမ့်မည်။
အန္တရာယ်မှတ်ပြည့်သွားလည်း ကောင်းတာပဲ။
သူကျီချင်ကိုဓားနဲ့ထိုးသတ်လို့ရသွားတာပေါ့။

"မင်းအဖေပေးခဲ့တဲ့ယွမ်၅မီလီယံက မင်းနဲ့ရှီးယွီအတွက်မင်္ဂလာလက်ဖွဲ့ပဲ။
ဘာပဲဖြစ်ဖြစ် မင်းကလည်းလူသိများတဲ့ပုဂ္ဂိုလ်ဆိုတော့ ၀တ္တရားရှိတဲ့အတိုင်းလုပ်ပေးရတာပေါ့"
ဤသည်မှာ ကျီချင်နဲ့ဂူရှီးယွီ ကျီစံအိမ်မှမပြန်ခင် လင်ဖန်းရူပြောလိုက်သောစကားများပင်။
ဂူရှီးယွီက ကျီချင်အားအမွေပေးခဲ့သောခြံ၀င်းလေးအား ကြည့်လိုက်သည်။
အစေခံများက ကျီချင့်ပစ္စည်းတွေကိုတောင် စတင်ပြောင်းရွှေ့နေကြပီဖြစ်သည်။

"ကောင်းပါပီ"
ကျီချင်မှာအေးအေးဆေးဆေးပဲ ပြောလိုက်ပီး ဂူရှီးယွီအတွက်ကားတံခါးတောင်သွားဖွင့်ပေးလိုက်သေး။
လင်ဖန်းရူက ခက်ထန်တဲ့မျက်နှာနဲ့
"မင်းသူ့ကို နောက်တပတ်စီကျီဟိုတယ်မှာ ကျင်းပမယ့်ပါတီပွဲကိုခေါ်လာလို့ရတယ်။
အဲ့တာက အရင်အသိအကျွမ်းဟောင်းတွေကိုအသိပေးပီး သူတို့နဲ့မိတ်ဆက်ပေးတယ်လို့ ယူဆလို့ရတယ်"

ကျီချင်က၀တ်ကျေတန်းကျေပဲ တုံ့ပြန်လိုက်သည်။
ဂူရှီးယွီက လင်ဖန်းရူအိမ်ထဲ၀င်သွားတာကြည့်နေရင်း တံခါး၀မှာကျီဇီရွှမ်နဲ့စကားပြောနေသောဖူနင်ကို တွေ့လိုက်သည်။
သူချက်ချင်းအကြည့်လွှဲပစ်လိုက်သည်။
ကားကလမ်းတ၀က်လောက်ရောက်တော့ ကျီချင်ဆီမှစပီး​စကားသံထွက်လာသည်
"ဘယ်ကိုပြန်မှာလဲ"

ဂူရှီးယွီကပိတ်ထားသောဖုန်းကိုကြည့်လိုက်ပီး ဖြေလိုက်သည်
"ဂူမိသားစုအိမ်"
အိမ်မှာသူဖြေရှင်းရမယ့်ပြဿနာလေးတွေရှိသေးသည်လေ။
---------------------
စာရေးသူမှာ ပြောစရာရှိပါတယ်

ဂူရှီးယွီ-အရမ်းနာကျင်တာပဲ
ကျီချင်-စိတ်မပူနဲ့ နောက်ဆိုပိုပီးတောင်ဆိုးဦးမှာ၊မင်းမလိုချင်လို့တောင် မရဘူးမှတ်။
ဂူရှီးယွီ -_-

ရှီးယွီပြောတဲ့နာကျင်တာက ဗီလိန်ရီးရဲ့အန္တရာယ်မှတ်အတက်အကျကိုပြောတာပါ
ဗီလိန်ရီးဆိုလိုတဲ့နာကျင်မှုကတော့ Xinလည်းမသိပါဘူးလို့😝
ဒီအပိုင်းမှာ ရှာလကာရည်အနံ့လေးရသလားလို့ XD
ပူတူးတို့ ကျန်းမာရေးဂရုစိုက်ကြပါလို့ ( ˘ ³˘)♥

Zawgyi

ဗီလိန္ကအႀကံၾကီးတဲ့ေဘာ့စ္


"အဲ့မစ္ရွင္ကိုျငင္းမယ္ဆိုရင္ေရာ"
ရွင္းျပသည္မ်ားအားနားေထာင္ပီးေနာက္ ဂူရွီးယြီဆီမွပထမဆံုးထြက္လာတဲ့စကားပင္ျဖစ္သည္။
အလိုအေလ်ာက္ေျဖဆိုသံကလည္း ထြက္ေပၚလာသည္။

[တကယ္လို႔Hostက Systemရဲ့ၫႊန္ၾကားခ်က္ေတြ မစ္ရွင္ေတြကိုျငင္းဆန္မယ္ဆိုရင္ အာခံမႈအျဖစ္သတ္မွတ္ပီး ျပစ္ဒဏ္ႀကီးႀကီးမားမားခံရမွာျဖစ္ပါတယ္]

"..."

ဒီမစ္ရွင္က သူတခါမွမထင္မွတ္ထားခဲ့သည့္အရာပင္။
ဂူရွီးယြီတေယာက္ ေခါင္းပင္ကိုက္လာသည္။
ဓားတေခ်ာင္းေပးပီး ရန္သူကိုေသတဲ့အထိသြားသတ္ ဆိုတဲ့မစ္ရွင္ရရင္ေတာင္ သူ႔အတြက္လြယ္ခ်င္လြယ္ၪီးမယ္။
သူေခါင္းကိုလွည့္ပီးေဘးက က်ီခ်င္ကိုၾကည့္လိုက္ေတာ့ ထိုသူကသူ႔ေမးသူလက္နဲ႔ပြတ္ေနပီး ေရ႔ွၾကည့္ကာတခုခုေၾကာင့္ အံ့ၾသေနပံုရသည္။

"အဲ့ဒါ ကြယ္လြန္သြားတဲ့အႀကီးအကဲရဲ့ဆႏၵပဲ။
မင္းတို႔ဘာေတြေျပာေျပာ ေျပာင္းလဲပစ္လို႔မရတာအမွန္ပဲ။
ေရ႔ွေနႀကီး ဆက္ေျပာပါ"
လင္ဖန္းရူရဲ့အသံကအရမ္းမက်ယ္ေသာ္လည္း အိမ္ေတာ္ႀကီးရဲ့သခင္မတေယာက္အေနနဲ႔ေတာ့ ၾသဇာရိွသည္။
အကုန္လံုးတေယာက္တေပါက္ေျပာေနသည္မ်ား ၿငိမ္က်သြားသည္။

တကယ္ေတာ့ က်ီဇီရြမ္ရဲ့အရည္အခ်င္းကို မယံုၾကည္ရံုတင္မဟုတ္၊သူတို႔အခြင့္အေရးမရ၍လည္း မေက်မနပ္ျဖစ္ေနၾကျခင္းျဖစ္သည္။
ယခုခ်ိန္ဆက္ေျပာေနရင္ေတာ့ လင္ဖန္းရူေဒါသပိုထြက္လာမွာ သိေနသျဖင့္ အကုန္လံုးယာယီမ်ွ တိတ္ဆိတ္သြားၾကသည္။
က်ီစံအိမ္ႀကီးအားလင္ဖန္းရူအတြက္ ခ်န္ထားခဲ့ျခင္းအျပင္ က်ီရန္ရဲ့အျခားကေလးေတြ ေျမးေတြအားလည္းပိုင္ဆိုင္မႈခြဲ​ေဝပေးထားခဲ့သည္။
အခု က်ီခ်င့္အလွည့္ျဖစ္သည္။

ယြမ္၅မီလီယံနဲ႔ စံအိမ္အခြဲျဖစ္တဲ့ၿခံ၀င္းေသးေသးကိုသာ အေမြအျဖစ္ေပးခဲ့ျခင္း။
ဒါကလည္း သူလက္ထပ္ပီးမွသာရမည္ျဖစ္ပီး လူပ်ိဳလူလြတ္ျဖစ္ေနပါက တျပားတေရြးမွ မရရိွေပ။
အခုမွ ငယ္ငယ္ေလးပဲရိွေသးတဲ့ က်ီရန္ရဲ့အငယ္ဆံုးေျမးမေလးေတာင္ ယြမ္မီလီယံေပါင္းမ်ားစြာအေမြရခဲ့တာ။
သူမ၂၁ႏွစ္ျပည့္လို႔လက္ထပ္ရင္ လက္ဖြဲ႔ပစၥည္းအေနနဲ႔ ကြၽန္း၁ကြၽန္းကိုပါေပးခဲ့ေသးတယ္။
အဲ့အခ်ိန္က်ရင္ ကာလေပါက္ေစ်းအရ ထိုကြၽန္းမွာေစ်းပိုျမင့္လာခဲ့မွာ။

ယြမ္၅မီလီယံဆိုတဲ့ပမာဏက မနဲေပမယ့္ ဘီလီယံေပါင္းမ်ားစြာႂကြယ္၀ခ်မ္းသာတဲ့ က်ီမိသားစုအတြက္ကေတာ့ သမုဒၵရာထဲမွေရတစက္မ်ွသာျဖစ္သည္။
ဘာပဲျဖစ္ျဖစ္ က်ီခ်င္ကသူ႔သားအရင္းပဲဟာကို။
သူ႔ရဲ့ရည္ရြယ္ခ်က္က အလြန္အၾကဴးကိုသိသာပါတယ္။
ဒါမယ့္ အဲ့တာကသူမ်ားမိသားစုအတြင္းေရးကိစၥေလ။
ဂူရွီးယြီလိုအျပင္လူအေနနဲ႔က သြားအတြန္႔တက္ေနလို႔မွမရတာ။

က်ီခ်င္မွာ အျခားလူေတြသူ႔ကိုထူးဆန္းသလိုၾကည့္ေနတာေတာင္မမႈေပ။
သူ႔အလုပ္ကိစၥအတြက္ေတာင္ ဖုန္းထဲစာရိုက္ေနေလသည္။
အျခားသူေတြမသိရင္သာေနမယ္၊က်ီခ်င့္ေဘးရပ္ေနေသာ ဂူရွီးယြီကေတာ့ သူ႔မ်က္လံုးေတြထဲကေအးစက္မႈေတြ ျမင္ေနရသည္။
အဲ့ပံုစံက ၀မ္းနည္းေနတာထက္ ဖ်က္ဆီးလိုတဲ့အေငြ့အသက္နဲ႔ဆင္သည္။
ဂူရွီးယြီရုတ္တရက္ေမးလိုက္သည္
"က်ီခ်င္ ခမ်ားမွာပိုက္ဆံျပတ္ေနတာလားဟင္"

က်ီခ်င္ဖုန္းမွာစာရိုက္ေနတာရပ္လိုက္ပီး
"ဘာလို႔အဲ့လိုေမးတာလဲ"

"ကိုယ္ကမြဲမေနဘူးဆိုရင္ သူမ်ားေပးကမ္းတာေတြဂရုစိုက္ေနဖို႔မွ မလိုတာ"
ဂူရွီးယြီ ထိုစကားကိုက်ီမိသားစုတသိုက္အား ၾကည့္ပီးေျပာလိုက္ျခင္း။
​ေျပာလိုက္တဲ့ေလသံကေတာ့ ေပါ့ေပါ့ပါးပါးပဲ။
ဒါ က်ီခ်င္ပထမဆံုးအေနနဲ႔သတိျပဳမိတာပဲ။
ဂူရွီးယြီက ဘာေတျြဖစ္ေနျဖစ္ေန သူ႔မ်က္လံုးေတြထဲမွာ ႏူးညံ့မႈအေငြ့အသက္ေတြရိွေနတယ္။
အဲ့ဒီႏူးညံ့မႈေတြက တၪီးတေယာက္အတြက္မဟုတ္ဘဲ သူ႔ဘ၀နဲ႔ ဒီေလာကႀကီးပဲဆိုင္တာမ်ိဳး။

"ကိုယ္ ကိုယ္တိုင္အလုပ္ႀကိဳးစားပီး ရွာေဖြလို႔ရလာတဲ့ပိုက္ဆံေတြက ပိုပီးအဖိုးတန္တယ္ေလ၊မဟုတ္ဘူးလား"
သူတို႔၂ေယာက္ အၾကည့္ခ်င္းဆံုသြားတဲ့အခိုက္မွာ က်ီခ်င္ဟာဂူရွီးယြီရဲ့ႏူးညံ့တဲ့မ်က္၀န္းေတြဆီ အသိလြတ္စြာနဲ႔ေငးေနမိခဲ့သည္။
ထိုအခိုက္ ေျပာမျပတတ္တဲ့ရင္းႏွီးမႈေတြက သူ႔ႏွလံုးသားထဲ၀င္ေရာက္လာသျဖင့္ ဖုန္းကိုင္ထားတဲ့လက္ေတာင္တုန္သြားပီး စာရိုက္မပီးေသးတဲ့မက္ေဆ့ခ်္အား တဖက္လူဆီပို႔မိသြားသည္။

သူေခါင္းငုတ္ကာဖုန္းကိုၾကည့္လိုက္သည္။
အေစာက သူနဲ႔စကားေျပာေနတဲ့သူမွာ က်င္းခဲ့သာျဖစ္သည္။

လက္ေထာက္က်င္း-[မစၥတာအင္ဒေရးက မစၥတာဂူအေဖ ကုမၸဏီနဲ႔ အျငင္းပြားမႈျဖစ္ထားတယ္လို႔သတင္းရထားတယ္။
သူကဆန္းဆန္းတင့္တဲ့သူဗ်၊ဥကၠဌက
ဂူမိသားစုနဲ႔ပတ္သက္မႈရိွတယ္ဆိုပီး ထင္သြားခဲ့ရင္ သူနဲ႔အေပးအယူကပ်က္ပီပဲ။
ဥကၠဌလည္းအခုမစၥတာဂူနဲ႔ လက္ထပ္ပီးပီဆိုေတာ့ ဂူမိသားစုဘက္နဲ႔ပဲအေပးအယူလုပ္ရင္ပိုမေကာင္းဘူးလား။
အေပးအယူမလုပ္ခင္ က်ေနာ္တို႔အရင္က ေျပာထားတဲ့အစီအစဥ္ကိုလုပ္သင့္လား]

က်ီခ်င္က သူမေတာ္တဆပို႔မိတဲ့မက္ေဆ့ခ်္ကိုၾကည့္ပီး က်င္းခဲ့စာမျပန္ခင္ ဖ်က္ပစ္လိုက္သည္။
ထိုစဥ္ က်င္းခဲ့ဆီမျွပန္စာေရာက္လာခဲ့သည္
[ေကာင္းပါပီ]

'လက္ေထာက္က်င္းမွ မက္ေဆ့ခ်္အားျပန္ဖ်က္သိမ္းလိုက္သည္'

က်ီခ်င္-[ဂူမိသားစုအတြက္ အျခားအစီအစဥ္ေတြရိွတယ္။
အရင္ဆံုး ဂူရွီးယြီနဲ႔ငါနဲ႔ လက္ထပ္ထားတဲ့သတင္းေတြဖံုးထားလိုက္။
စာခ်ဳပ္ခ်ဳပ္ပီးမွသိသြားရင္ သူေနာင္တရမယ္ဆိုရင္ေတာင္ ေနာက္က်သြားပီ]

လက္ေထာက္က်င္း-[ေကာင္းပါပီ]

က်ီခ်င္က စကားေျပာေနရာမွထြက္လိုက္ပီး သူအခုေလးတင္ခံစားလိုက္ရတဲ့ ထူးထူးဆန္းဆန္းခံစားခ်က္ကို ျပန္စဥ္းစားဖို႔လုပ္ေပမယ့္နားမလည္ခဲ့ဘူး။
ေဟာခန္းထဲတြင္ေတာ့ ေရ႔ွေနကက်ီရန္ရဲ့ေသတမ္းစာကိုဖတ္၍ပီးသြားပီျဖစ္ပီး သိမ္းဆည္းေနေလသည္။
လင္ဖန္းရူကမတ္တပ္ရပ္ေနပီး ေဘးကက်ီဇီရႊမ္နဲ႔စကားေျပာေနသည္။
က်ီဇီရႊမ္ရဲ့အမူအရာကလည္း ေလးနက္ေနပီး သူ႔ၾကည့္ရတာထိုဖိအားကိုေရွာင္ႏိုင္မည့္ပံုမေပၚေပ။
အခုေလးတင္ သူ႔ကိုစကားေျပာေနတဲ့ဂူရွီးယြီလည္း ေဘးတြင္မရိွေတာ့ေပ။
မ်က္ေတာင္တခတ္စာအခ်ိန္ေလးအတြင္းမွာတင္ က်ီခ်င္ကသူဘယ္ေရာက္သြားလဲမသိပါ။

"မီးဖိုေခ်ာင္ ခဏသံုးလို႔ရလား"
ဂူရွီးယြီမီးဖိုေခ်ာင္ထဲ ေရာက္သြားတဲ့အခ်ိန္တြင္ ေဘစင္နားမွာအလုပ္မ်ားေနေသာ အေစခံ၁ၪီးသာေတြ့ရသည္။
ထိုအမ်ိဳးသမီးက သူ႔ကိုတခ်က္သာၾကည့္ပီး ျပန္လွည့္သြားကာ
"ရပါတယ္ ဒါေပမယ့္ပစၥည္းေတြ က်မကြဲေစနဲ႔"

ဂူရွီးယြီမွာ ေမြးလာကတည္းမွအခုထိ ဘယ္သူ႔ကိုမွမေခ်ာ့ဖူးပါ။
Systemေျပာတဲ့မစ္ရွင္ကိုလုပ္ဖို႔ အစီအစဥ္က ဘာျဖစ္ျဖစ္ပစ္မွတ္ေပ်ာ္ရင္ပီးပီမလား။
သူ႔ကိုေပ်ာ္ေစဖို႔ဆိုရင္ သူႀကိဳက္တဲ့အရာကေန စလုပ္တာေကာင္းမယ္။
Systemစစခ်င္းတုန္းက က်ီခ်င္နဲ႔ပတ္သက္ပီးပို႔ထားတဲ့ ကဂ်ိဳးကေဂ်ာင္ အခ်က္အလက္ေတြက အခုအသံုး၀င္လာမယ္လို႔ မထင္ထားေပ။
အခ်က္အလက္ေတြအရ က်ီခ်င္ကေကာ္ဖီေသာက္ရတာ ႀကိဳက္တယ္။
အင္း သူႀကိဳက္တတ္တဲ့ေကာ္ဖီပံုစံကေတာ့ ေတာ္ေတာ္ေလးျမင့္သား။

ဂူရွီးယြီေတြးေနတာက ဒီတိုင္းဆိုင္ကေန၀ယ္ပီးသြားေပးရင္ ရိုးရွင္းရာက်မလားလို႔။
ဆိုေတာ့ကာ သူကိုယ္တိုင္ပဲေဖ်ာ္ပီးေပးေတာ့မယ္။
သူဌာနခ်ဳပ္မွာတုန္းက အားလပ္ခ်ိန္အမ်ားရီးရေလတယ္။
အေရးႀကီးကိစၥကလြဲရင္ သူပါ၀င္ဖို႔မလိုတာေၾကာင့္ အားေနခ်ိန္အျခားအရာေတြေလ့လာသင္ယူခဲ့တယ္။

ဥပမာအေနနဲ႔ အားလပ္ခ်ိန္မွာသူကေဖ်ာ္ရည္တို႔ သေရစာတို႔လုပ္ေနတတ္ပီး
စိတ္ကူးေပါက္ရင္ေပါက္သလို ဟင္းပြဲအသစ္ေတြေတာင္ဖန္တီးတတ္ေသးတယ္။
သူကတခုခုကိုအာရံုစိုက္ေနေလ ပိုပီးစိတ္ၿငိမ္ေလပဲ။
သူ႔ရဲ့စိတ္ဖိစီးမႈေတြေလ်ွာ့ခ်တဲ့နည္းလမ္းေလး၁ခုေပါ့။

သူကေကာ္ဖီကိုညက္ေအာင္တဆင့္ခ်င္း အမႈန္႔ႀကိတ္ေနခဲ့ပီး သံုးဖို႔အဆင္သင့္ျဖစ္သြားတဲ့အခ်ိန္မွာေတာ့ မီးဖိုေခ်ာင္မွာသူတေယာက္သာက်န္ေတာ့သည္။
ဂူရွီးယြီက ႏို႔(အျမႇဳပ္)ခြက္ေလးယူလိုက္တဲ့အခ်ိန္ မီးဖိုေခ်ာင္ထဲလူ၁ေယာက္၀င္လာသည္။
သူၾကည့္လိုက္ေတာ့ ဖူနင္ျဖစ္ေနပီး အဖက္မလုပ္ဘဲေခါင္းငုတ္ကာ ေကာ္ဖီဆက္လုပ္ေနသည္။
ဖူနင္သူ႔ေဘးေရာက္လာပီး စကားေျပာမလာခင္အထိေပါ့။

"မင္း အယ္ဘမ္ေနာက္မွာဖြက္ထားတဲ့ရည္းစားစာကို ငါျမင္ခဲ့တယ္"
ဂူရွီးယြီလက္တုန္သြားပီး ေကာ္ဖီေပၚအျမႇဳပ္နဲ႔ပံုေဖာ္ေနတဲ့ က်ားေသးေသးေလးပံုပ်က္သြားခဲ့သည္။
သူကခြက္ကိုကိုင္ထားပီး အခ်ိန္အနဲငယ္ၾကာမွ ဘာမွမျဖစ္တဲ့အမူအရာနဲ႔ခြက္အား စားပြဲေပၚခ်လိုက္သည္။

ငါ့လခြမ္း!!!!!!

ဘယ္ကရည္းစားစာလဲဟ...

ဂူရွီးယြီကသူ႔ကိုၾကည့္မလာဘဲ မထံုတက္ေသးအမူအရာနဲ႔သာ စားပြဲကိုၾကည့္ေနတာျမင္ေတာ့ ဖူနင္ေၾကာင္သြားသည္။
သူက ဂူရွီးယြီစိတ္ဆိုးသြားမွာစိုးသျဖင့္
"မစိုးရိမ္ပါနဲ႔ ငါအဲ့တာျငင္းဖို႔လာတာမဟုတ္ပါဘူး။
ငါသိသိခ်င္းတုန္းကဆို အရမ္းအံ့ၾသသြားတာ။
ငါအဲ့ေန့က မင္းကိုယ္တိုင္လုပ္ေပးထားတဲ့ ဓာတ္ပံုအယ္ဘမ္ေလးသာဖြင့္မၾကည့္မိခဲ့ရင္ ဘ၀တေလ်ွာက္လံုး အဲ့စာရိွေနမွန္းသိမွာေတာင္မဟုတ္ဘူး"

ဂူရွီးယြီမ်က္ႏွာကအမူအရာမဲ့သြားပီး စိတ္ထဲေယာက္ယက္ခတ္ေနေလသည္။
အဲ့အေၾကာင္းကို မူလပိုင္ရွင္ကဘာလို႔ဒိုင္ယာရီထဲ မေရးခဲ့တာလဲကြ?

အာ့ေၾကာင့္မို႔ေပါ့၊မနက္ကတည္းက ဖူနင္သူ႔ကိုၾကည့္ေနတဲ့အၾကည့္ေတြက
ထူးဆန္းေနပါတယ္လို႔။
က်ီမိသားစုေတြေဟာခန္းထဲရိွကတည္းက ဖူနင္ကသူနဲ႔က်ီခ်င္ကိုတလွည့္စီၾကည့္ေနတာျမင္ေပမယ့္ အဲ့တာကက်ီဇီရႊမ္ကသူ႔အခ်စ္ဆံုးသူငယ္ခ်င္းဆိုေတာ့ အနာဂတ္မွာသူငယ္ခ်င္းရဲ့ၿပိဳင္ဘက္ျဖစ္လာမယ့္သူေတြကို ေသခ်ာေလ့လာေနတယ္လို႔ ထင္ခဲ့တာ။
လက္စသတ္ေတာ့ ဒါေၾကာင့္လား...

ဂူရွီးယြီေတာ္ေတာ္ေလးေရွာ့ရသြားပါသည္။
ဖူနင္ရဲ့ဖြင့္ဟ၀န္ခံမႈရီးက ေတာ္ေတာ္ေလးကသိကေအာက္ႏိုင္လွပီး ေလထုကလည္းထူးဆန္းသြားသည္။
ဒါေပမယ့္ ဂြၽတ္ခနဲအသံက ထိုအေနရခက္မႈရီးကို ၿဖိဳခြဲသြားသည္။
က်ီခ်င္က မီးဖိုေခ်ာင္အ၀င္၀တြင္ရပ္ေနပီး သူတို႔၂ေယာက္လံုးကိုၾကည့္ေနသည္။
သူကလက္ထဲမွ ဘီစကြတ္မုန္႔အားစားေနျခင္း၊ထိုမုန္႔ကႂကြပ္ႂကြပ္ရြရျြဖစ္ေအာင္လုပ္ထားပီး ဝါးလိုက္ရင္တဂြၽတ္ဂြၽတ္အသံျမည္လာသည္။

ဂူရွီးယြီ-???

က်ီခ်င္ဘယ္ကတည္းက အဲ့မွာရပ္ေနတာလဲဟ...

သူႏႈတ္ခမ္းကိုတင္းတင္းေစ့လိုက္ပီး Systemအားေမးလိုက္သည္
"သူဘယ္ထိၾကားသြားတယ္လို႔ထင္လဲ"

ပံုမွန္ဆိုဘာမွသိပံုမရသည့္ Systemကဒီတခါတိတိက်က်ေျဖလာပါသည္
[အကုန္လံုးကိုၾကားသြားပါတယ္]

က်ီခ်င္ကရီလိုက္ပီး
"ဆက္ေျပာ၊ငါ့ကိုဂရုမစိုက္နဲ႔။
ငါကဒီတိုင္းျဖတ္သြားရံုပဲ"
ဂူရွီးယြီတေယာက္ ေခါင္းပင္ျပန္ကိုက္လာသည္။
က်ီခ်င္ကသူ႔အေပၚဘာခံစားခ်က္မွမရိွသည္ကို သိေပမယ့္လည္းအျပင္လူေတြအျမင္မွာေတာ့ အဆင္မေျပဘူးေလ။
က်ီခ်င္ကကုမၸဏီႀကီးတခုရဲ့ဥကၠဌကလည္းျဖစ္ေနေတာ့ သူ႔ရဲ့ဂုဏ္သိကၡာကို
က်ဆင္းေစခ်င္မွာမဟုတ္။
သူ႔ကိုမႀကိဳက္ရင္ေတာင္ အဲ့လိုေဖာက္ျပန္ခံရတဲ့ခံစားခ်က္မ်ိဳးကို ခံႏိုင္ရည္ပါ့မလား။

ဂူရွီးယြီရဲ့အေတြးမ်ားကို Systemေလးက စကၠန္႔အနဲငယ္အတြင္းအတည္ျပဳေပးလိုက္ပါသည္
[ပစ္မွတ္ရဲ့အႏၲရာယ္မွတ္ ၁၀မွတ္တိုးသြားပါတယ္။
လက္ရိွအႏၲရာယ္မွတ္က ၈၀ပါ]

ဂူရွီးယြီ-"....."

ခုနကအေမြဆက္ခံမႈေတြ ပိုင္ဆိုင္မႈေတြအေၾကာင္းၾကားတုန္းကေတာင္ က်ီခ်င္ရဲ့အႏၲရာယ္မွတ္က တုတ္တုတ္ေတာင္မလႈပ္ေပ။
ကံေကာင္းစြာနဲ႔ ဖူနင္ကအေရွာင္အတိမ္းေကာင္းတဲ့သူမို႔ က်ီခ်င္ေရာက္လာေတာ့ သူကဂူရွီးယြီနဲ႔စကားစျမည္ေျပာေနတဲ့ပံုစံျဖင့္
"မင္းအားရင္ဆက္သြယ္ေလ၊ငါ့ဖုန္းနံပါတ္က အရင္နံပါတ္ပဲ"

ဖူနင္ထြက္သြားပီးေနာက္ က်ီခ်င္ကလက္ထဲမွဘီစကြတ္မ်ားအား
ဆက္စားေနဆဲ၊ဘယ္သူ႔ဆီကရလာလဲေတာ့မသိ။
ဂူရွီးယြီကေတာ့ ေကာ္ဖီေပၚကပံုပ်က္ေနတဲ့ က်ားပံုေလးကိုသာၾကည့္ေနသည္။
ေလာေလာဆယ္သူ႔မွာ က်ီခ်င္ရဲ့အႏၲရာယ္မွတ္ ထိုးတက္သြားတဲ့အတြက္ အရမ္းေတြေဒါသထြက္ေနပီး အဲ့က်ားပံုကိုျပန္လုပ္ခ်င္စိတ္မရိွေတာ့ပါ။
အာ့ေၾကာင့္ စားပြဲေပၚမွေကာ္ဖီခြက္အား က်ီခ်င္ဘက္တိုးေပးလိုက္ပီး
"ေရာ့ ခမ်ားအတြက္"

"မင္းက ငါ့အတြက္ဒါေလးလုပ္ေပးဖို႔ ဒီမွာအၾကာရီးရိွေနတဲ့သေဘာလား"
က်ီခ်င္ကမ်က္ခံုးပင့္လိုက္ပီး ေဘးကပန္းကန္လံုးယူကာ လက္ထဲမွက်န္ေနတဲ့ဘီစကြတ္မ်ားထည့္လိုက္ပီး ေဘစင္တြင္လက္သြားေဆးကာ ျပန္လာသည္။
ဂူရွီးယြီက သူ၏ရြဲ႔ေျပာေနတဲ့စကားမ်ားအား ဘာမွမတံု႔ျပန္ပါ။
ဒီက်ီခ်င္ဆိုတဲ့လူက ေတာ္ေတာ္ေလးေက်းဇူးမသိတတ္တဲ့သူပဲ။
က်ီခ်င္က ေကာ္ဖီခြက္ကိုကိုင္လိုက္ပီး ဂူရွီးယြီအားၾကည့္လိုက္ကာ ေမးလာသည္
"မွန္းၾကည့္ရေအာင္ မင္း၀က္ပံုေဖာ္ထားတာလား၊ ေခြးပံုေဖာ္ထားတာလား"

ဂူရွီးယြီအမူအရာမွာ ဗလာျဖစ္သြားပီး
"ခမ်ားမေသာက္ခ်င္လည္း သြန္ပစ္လိုက္"
က်ီခ်င္အနဲငယ္ေသာက္လိုက္ပီး အံ့ၾသသြားပံုနဲ႔
"အရသာရိွသားပဲ"
ဂူရွီးယြီကဘာမျွပန္မေျပာဘဲ သူ႔ဟာသူခြက္ေဆးေနေလသည္။
သူ႔ရဲ့မႈန္မိႈင္းေနတဲ့အေငြ့အသက္ေတြနဲ႔ ေက်ာျပင္အားၾကည့္ပီး က်ီခ်င္ရဲ့စိတ္အေျခအေနက မဆိုစရံုေလးတိုးတက္လာသည္။

[ထူးရွယ္မစ္ရွင္ ေအာင္ျမင္သြားပါပီ]
Systemရဲ့ရုတ္တရက္အသိေပးမႈေၾကာင့္ ဂူရွီးယြီခမ်ာေပ်ာ္ဖို႔လုပ္တုန္း ေနာက္စာေၾကာင္းတခု ဆက္​လက္ထြက္ေပၚလာသည္။
[ပစ္မွတ္ရဲ့အႏၲရာယ္မွတ္ ၁မွတ္ေလ်ာ့သြားပါတယ္။
လက္ရိွအႏၲရာယ္က ၇၉ပါ]

ဂူရွီးယြီ-"?"

သူခြက္ကိုအားပါပါနဲ႔ပြတ္တိုက္ေဆးေနပံုက မသိတဲ့သူေတြသာဆိုရင္ ရန္သူကိုလည္ပင္းၫွစ္ေနတယ္လို႔ပင္ ထင္ၾကလိမ့္မည္။
အႏၲရာယ္မွတ္ျပည့္သြားလည္း ေကာင္းတာပဲ။
သူက်ီခ်င္ကိုဓားနဲ႔ထိုးသတ္လို႔ရသြားတာေပါ့။

"မင္းအေဖေပးခဲ့တဲ့ယြမ္၅မီလီယံက မင္းနဲ႔ရွီးယြီအတြက္မဂၤလာလက္ဖြဲ႔ပဲ။
ဘာပဲျဖစ္ျဖစ္ မင္းကလည္းလူသိမ်ားတဲ့ပုဂၢိုလ္ဆိုေတာ့ ၀တၲရားရိွတဲ့အတိုင္းလုပ္ေပးရတာေပါ့"
ဤသည္မွာ က်ီခ်င္နဲ႔ဂူရွီးယြီ က်ီစံအိမ္မွမျပန္ခင္ လင္ဖန္းရူေျပာလိုက္ေသာစကားမ်ားပင္။
ဂူရွီးယြီက က်ီခ်င္အားအေမြေပးခဲ့ေသာၿခံ၀င္းေလးအား ၾကည့္လိုက္သည္။
အေစခံမ်ားက က်ီခ်င့္ပစၥည္းေတြကိုေတာင္ စတင္ေျပာင္းေရႊ့ေနၾကပီျဖစ္သည္။

"ေကာင္းပါပီ"
က်ီခ်င္မွာေအးေအးေဆးေဆးပဲ ေျပာလိုက္ပီး ဂူရွီးယြီအတြက္ကားတံခါးေတာင္သြားဖြင့္ေပးလိုက္ေသး။
လင္ဖန္းရူက ခက္ထန္တဲ့မ်က္ႏွာနဲ႔
"မင္းသူ႔ကို ေနာက္တပတ္စီက်ီဟိုတယ္မွာ က်င္းပမယ့္ပါတီပြဲကိုေခၚလာလို႔ရတယ္။
အဲ့တာက အရင္အသိအကြၽမ္းေဟာင္းေတြကိုအသိေပးပီး သူတို႔နဲ႔မိတ္ဆက္ေပးတယ္လို႔ ယူဆလို႔ရတယ္"

က်ီခ်င္က၀တ္ေက်တန္းေက်ပဲ တံု႔ျပန္လိုက္သည္။
ဂူရွီးယြီက လင္ဖန္းရူအိမ္ထဲ၀င္သြားတာၾကည့္ေနရင္း တံခါး၀မွာက်ီဇီရႊမ္နဲ႔စကားေျပာေနေသာဖူနင္ကို ေတြ့လိုက္သည္။
သူခ်က္ခ်င္းအၾကည့္လႊဲပစ္လိုက္သည္။
ကားကလမ္းတ၀က္ေလာက္ေရာက္ေတာ့ က်ီခ်င္ဆီမွစပီး​စကားသံထြက္လာသည္
"ဘယ္ကိုျပန္မွာလဲ"

ဂူရွီးယြီကပိတ္ထားေသာဖုန္းကိုၾကည့္လိုက္ပီး ေျဖလိုက္သည္
"ဂူမိသားစုအိမ္"
အိမ္မွာသူေျဖရွင္းရမယ့္ျပႆနာေလးေတြရိွေသးသည္ေလ။
---------------------
စာေရးသူမွာ ေျပာစရာရိွပါတယ္

ဂူရွီးယြီ-အရမ္းနာက်င္တာပဲ
က်ီခ်င္-စိတ္မပူနဲ႔ ေနာက္ဆိုပိုပီးေတာင္ဆိုးၪီးမွာ၊မင္းမလိုခ်င္လို႔ေတာင္ မရဘူးမွတ္။
ဂူရွီးယြီ -_-

ရွီးယြီေျပာတဲ့နာက်င္တာက ဗီလိန္ရီးရဲ့အႏၲရာယ္မွတ္အတက္အက်ကိုေျပာတာပါ
ဗီလိန္ရီးဆိုလိုတဲ့နာက်င္မႈကေတာ့ Xinလည္းမသိပါဘူးလို႔😝
ဒီအပိုင္းမွာ ရွာလကာရည္အနံ႔ေလးရသလားလို႔ XD
ပူတူးတို႔ က်န္းမာေရးဂရုစိုက္ၾကပါလို႔ ( ˘ ³˘)♥

Continue Reading

You'll Also Like

3.6M 534K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
2.8M 188K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
782K 34K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
75.1K 11.7K 53
၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိ...