ကကြိုးရုပ်[ Complete ]

By XC5953

1.1M 53.5K 2.9K

ငယ်ငယ်တည်းကမတော်တဆမူတခုကြောင့်ကွဲကွာခဲ့ရတဲ့ အမြွှာညီအကိုနှစ်ယောက်ပြန်တွေ့ချိန်မှာကြေကွဲစရာအဖြစ် အပျက်တွေနဲ့အက... More

Chapter 1
Chapter 2
Chapter 3
Uke...မိတ်ဆက်ခြင်း
Seme...မိတ်ဆက်ခြင်း
Chapter ..4
Chapter...5
Chapter....6
Chapter....7
Chapter.....8
Chapter...9
Chapter....10
Chapter...11
Chapter....12
Chapter....13
Chapter...14
Chapter...15
Chapter...16
Chapter...17
Chapter...18
Chapter...19
Chapter...20
Ficအသစ်ကြော်ငြာခြင်း
Chapter...22
Chapter...23
Chapter..24
Chapter...25
Chapter...26
Chapter..27
Chapter...28
Chapter...29
Chapter...30
Chapter...31
Chapter...32
Chapter...33
Chapter...34
Chapter...34 Zawgyi
Chapter...35
Chapter...36
Chapter....37
Chapter....38
Chapter....39
Chapter...40
Chapter....41
Chapter....42
Chapter....43
Chapter...43..Zawgyi..2
Chapter....44
Chapter....45
Chapter....46
Chapter...47
Chapter..47 Zawgyi
🔥🔥
Chapter...48
Chapter..49
Chapter....50
Chapter....51
Chapter....52
Chapter....53
Chapter...54
Chapter....55
Chapter...56
Chapter...57
Chapter....58
Chapter...59
Chapter...60
Chapter....61
Chapter...62
Chapter...63🌷ဇာတ်သိမ်း🌹
🥀🥀🥀
Extra...1
Extra...2
Season-2🔥🔥

Chapter...21

13.3K 710 31
By XC5953

နှစ်ညအိပ်သုံးရက်အပန်းဖြေခရီးက..ခတ်အတွက်တော့အဖိုးမတန်တဲ့ဝမ်းနည်းစရာတွေသာကြုံခဲ့ရတာကြောင့်...တခြားကျောင်းသားတွေလိုမပျော်နိင်ဘဲ...ဟိုနေ့ညကအဖြစ်အပျက်ပြီးတဲ့နောက်မှတော့..အခန်းထဲတွင်သာအောင်းနေမိလေသည်...။

အရက်မူးနေတဲ့သူဟုဆိုရပေမဲ့..ချောမောတဲ့ဥပဓိရုပ်ဖြစ်ပြီး...ဂုဏ်သရေရှိတဲ့လူဟုထင်ရသည်...သို့ပေမဲ့...ခတ်အပေါ်ရမ်းကားခဲ့တာတော့အမှန်ပင်...။

မင်းလွင်နဲ့ခခ...တို့ကတော့အဲ့နေ့ညကပြန်လာတည်းကအပြင်မထွက်ဘဲအခန်းအောင်းနေတာမို့နေများမကောင်းလို့လားဟု..စိတ်ပူပြီး
ဂရုစိူက်ကြပေမဲ့...ခတ်အခုချိန်မှတစ်ယောက်တည်းသာနေချင်တာမို့...ဘယ်သူကိုမှစကားပြောချင်သည့်စိတ်မရှိ...။

ဝမ်းနည်းစရာကိစ္စတွေကြောင့်...အပျော်ခရီးကိုလိုက်ပါလာကာမှ..စိတ်ဒဏ်ရာပါရခဲ့သည်လေ...ဒါဟာ..ခတ်အတွက်ဝဋ်ကြွေးတစ်မျိုးပေဘဲလား....ကျလာတဲ့မျက်ရည်စတွေကိုဖယ်သုတ်ရင်း...အိပ်ရာပေါ်ကွေးကွေးလေးဖြင့်
ငြိမ်နေမိလေသည်...။

ထိုစဥ်.....

"ခတ်...ခတ်ဒီမှာလာကြည့်စမ်း...မီးရှုးမီးပန်း
တွေဖောက်နေတယ်...အရမ်းလှတာဘဲ..."

အခန်းဝကနေ...ခခရဲ့ခေါ်သံကြောင့်ခတ်အိပ်ရာပေါ်ကနေခေါင်းထောင်လိုက်လေသည်...။

"ဟင့်အင်း...ခတ်မကြည့်ချင်ဘူး...ခတ်မကြည့်တော့ဘူးခခ.."

"လာပါခတ်ရယ်...အခုလိုခရီးမှာဒီလိုမျိုးလေး
တွေကပျော်စရာတစ်ခုဘဲလေ...လာစမ်းပါကွာ..."

"အေးလေခတ်ရယ်..လာပါ..အမြန်လာမဟုတ်ရင်....ပြီးသွားဦးမယ်..."

နှစ်ယောက်သားပြိုင်တူလုယက်ခေါ်နေတာကြောင့်...ခတ်အိပ်ရာပေါ်ကနေထလိုက်ပြီး
အခန်းပြင်သိုထွက်လာပြီး...ခခတို့ခေါ်ရာနောက်သို့လ်ိုက်သွားလေသည်...။

"ကြည့်ပါဦး....လှတယ်မဟုတ်လား.."

အို...ကောင်းကင်ယံမှာကြယ်မှုန်ကြယ်မွှားတွေလိုတောက်ပနေတဲ့မီးရှုးမီးပန်းလေးတွေကအရမ်းကိုလှပလေသည်...ထိုမြင်ကွင်းကိုတခြားအပန်းဖြေလာသူတွေကလည်းရင်သက်ရှုမောဖွယ်ရာကြည်ရှုနေကြလေသည်...။

"တွေ့တယ်မလား...လှပါတယ်ဆို..ငါကြားတာတော့အဲ့ဒီမီးရှုးမီးပန်းတွေက...ဒီကိုရောက်နေတဲ့သူဌေးတစ်ယောက်ကသူ့ချစ်သူအတွက်လုပ်ပေးတာတဲ့...ငါလည်းအဲ့လိုချစ်သူမျိုးရရင်ကောင်းမှာဘဲ..."

"ရဦးမယ်အားကြီးကြီး...နင့်လိုစပ်စုစိန်ကိုဘယ်သူမှမကြိုက်ဘူး...ဆုတောင်း..."

"ကောင်စုတ်နင်သေတော့မယ်နော်...ငါကလေငါချစ်သူရရင်....ကိုကိုလို့ခေါ်မှာသိလား..."

မင်းလွင်ကတော့ခခရဲ့စိတ်ကူးနေသမျှကိုနားထောင်ရင်း...အော့အန်သလိုလုပ်ပြနေလေသည်...။

"ခတ်...နင်ကကောချစ်သူရရင်ဘယ်လိုခေါ်မှာလဲ...ဥပမာ....နင်ယောကျ်ားလေးတစ်ယောက်ကိုချစ်မိရင်ပေါ့.."

ခခရဲ့အမေးကို...ခတ်လှည့်ကြည့်လိုက်ပြီးတစ်ဖန်..မီးရှုးမီးပန်းတွေအားမော့ကြည့်လိုက်ပြီးနောက်....

"မောင်....မောင်လို့ခေါ်မှာ..."

ကောင်းကင်၌လှပစွာအလှဆင်နေတဲ့မီးရှုးမီးပန်းတွေအား...အသက်တစ်ယောက်ကတော့
ခမ်းရဲ့ရင်ခွင်ထဲ...ကလေးလေးတစ်ယောက်လိုတိုးဝှေ့မှီတွယ်ရင်း...မော့ကြည့်နေလေသည်...။

"ကလေးလှရဲ့လား...ကလေးအတွက်ဦးကလုပ်ပေးတာ...ကလေးကြိုက်ရဲ့လား.."

"ဟီး...အရမ်းလှတာဘဲ...အသက်အရမ်းကြိုက်တယ်...သူတို့လေးတွေကလေ...ဟော့ဒီလို...ဟောဒီလိုလေးတွေဖြစ်သွားကြတာ...အရမ်းကြည့်ကောင်းတာဘဲ..."

ကလေးကသူရဲ့လက်ကလေးနှစ်ဖက်အားပေါက်ကွဲသလိုလေးလုပ်ပြရင်းမျက်တောင်မခတ်ပြန်၍ကြည့်နေလေသည်...။ဘယ်လောက်ဖြူ
စင်တဲ့ကလေးလေးလဲ...။

မီးရောက်အောက်ကငေးသက်ရှုမောနေတဲ့
ကလေးရဲ့မျက်နှာလေးကို...ခမ်းငေးကြည့်ရင်းအမြတ်နိုးဆုံးပြုံးလိုက်ကာ...ကလေးရဲ့လက်ဖဝါးလေးအား...နှုတ်ခမ်းဖြင့်နမ်းရှိုက်လိုက်ပြီးကလေးရဲ့လက်သူကြွယ်လေးကို..လက်စွပ်လေးစွပ်ပေးလိုက်လေသည်..။

"ဦး...ဒါအသက်အတွက်လား...အသက်ကိုပေးတာလားဟင်..."

"ဟုတာပေါ့..ဦးရဲ့ချစ်မဝတဲ့အသက်လေးကိုပေးတာ...ဒီလက်စွပ်လေးကိုအမြဲစွပ်ထားရမယ်နော်...လက်စွပ်လေးကို..ဦးနဲ့ကလေးရဲ့နာမည်လေးတွေထိုးထားတယ်...ကလေးပျောက်သွားခဲ့ရင်တောင်..ဦးရဲ့လက်စွပ်လေးရှိရင်ဦးနဲ့ဘယ်တော့မှဝေးမှာမဟုတ်တော့ဘူး..ဦးက
ကလေးကိုလက်ထပ်မှာမို့လို့..."

"ဟီး...လက်စွပ်လေးကအရမ်းလှတာဘဲ...ပြီးတော့လက်ထပ်တာကြီးကဘာလဲဟင်..."

"လက်ထပ်တယ်ဆိုတာတယောက်ကိုတယောက်ပိုင်သွားတာမျိုး...ချစ်တဲ့သူတွေမခွဲခွာဘဲတစ်သက်လုံးအတူနေရတာမျိူးပေါ့...ပြီးတော့ကလေးလေးတွေမွေးတာမျိုး.."

ထိုအခါ...အသက်ကသူရဲ့ဦးနှောက်သေးသေးလေးဖြင့်ခဏစဥ်းစားနေသလိုလုပ်ပြီးခမ်းရဲ့ရင်ခွင်ထဲပို၍တိုးဝင်ကာကြောင်လေးတစ်ကောင်လိုချွဲသလိုလေးဖြင့်...

"အဲ့ဒါဆို..အသက်ကိုကို့ကိုကောဦးလက်ထပ်လိုက်ပါလားဟင်..အဲ့ဒါဆိုအသက်တို့တစ်သက်လုံးအတူတူနေနိင်မှာ...အသက်ကိုကိုနဲ့ကလေးလေးမွေးလို့ရတာပေါ့..."

"ဦးကအသက်နဲ့ဘဲကလေးလေးတွေမွေးမှာပေါ့...အသက်ကိုကိုနဲ့မမွေးချင်ပါဘူး...အသက်ကမချစ်ဘူးလားကလေးလေးတွေကို.."

ခမ်းရဲ့စကားဆုံးသည်နှင့်ခုနမျက်နှာလေးကငိုမဲ့မဲ့လေးဖြစ်သွားပြီး...

"အသက်ကိုလူတွေကပြောတယ်...အသက်ကရူးနေတာတဲ့...အသက်ရဲ့ကလေးလေးကအရူးကြီးအနားမလာနဲ့လို့ပြောမှာ..."

"ကလေးရယ်...ဘယ်သူမှမပြောပါဘူး..ပြောရင်ဦးကသူတို့ကိုခွင့်မလွှတ်ဘူးဟုတ်ပြီလား.."

"အသက်ကလေးလေးကအသက်ကိုချစ်ရင်ကောင်းမှာဘဲနော်...အရူးကြီးလို့မပြောရင်ကောင်းမှာဘဲ...ဟင့်...အင့်..."

ရင်ခွင်ထဲက..ရှိုက်သံတွေကောပါနေတဲ့ငိုနေတဲ့ကလေးကိုပို၍ထွေးဖက်လိုက်ပြီး...ခမ်းပါမျက်ရည်တွေဝိုင်းလာလေသည်...အသက်ရဲ့နှုတ်ခမ်းလေးဆူပြီးငိုရ်ှိုက်ပြီးပြောနေတာလေးကစိတ်မကောင်းပေ...ပုံမှန်စိတ်မဟုတ်သည့်အသက်ကိုအသက်မွေးတဲ့ကလေးလေးကပြောလာခဲ့ရင်....

"ကလေးကိုကလေးလေးကပြောမှာမဟုတ်ပါဘူးအသက်ရယ်..."

🍂🍂🍂🍂🍂🍂🍂🍂

နောက်အပိုင်းလေးတွေမှာငိုရရင်သာသာကိုစိတ်မဆိုးကြနဲ့နော်😁😁

Zawgyi

















Continue Reading

You'll Also Like

22.6K 3.4K 59
කිරුළ නොපලන් රජෙකුගෙ කතාව
10.3K 2K 8
මගේ හිතේ ඉඩ දැන් නුඹ අතින් හැඩවෙන සිතුවමකි !
192K 26.9K 66
21+ අසබ්‍ය වචන හා mature content අඩංගුය.
568 131 17
නිල් දෑසකට පෙම් බැදි සීතල හදවතක්.