HE=MY FIRST LOVE [ကိုယ့်အချစ်...

By Futawa

368K 24.3K 899

သူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေ... More

Intro
အခန်း(၁) - အခန်းဖော်ချာတိတ်
အခန်း(၂)- Mechatronic bro
အခန်း(၃)-အေးစက်နေတဲ့သူ့လက်ဖျားလေး
အခန်း(၄) - First smile's Night
အခန်း(၅)-မထင်မှတ်ထားသောလုပ်ရပ်
အခန်း(၆) -အချိုမြိန်ဆုံးသော
အခန်း(၇)-ပြိုလဲခြင်းအစ
အခန်း(၈) -Double Heartbeats
အခန်း(၉)- Lonely
အခန်း(၁၀) - Please take care of me!
အခန်း(၁၁) - Mistake
အခန်း (၁၂)- တိုးညှင်းတိတ်ဆိတ်စွာသော
အခန်း(၁၃) - Love means.....
အခန်း (၁၄) - Don't worry!
အခန်း (၁၅)- ဝန်ခံချက်
အခန်း(၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ
အခန်း(၁၇) -နာကျင်ခြင်းအမှတ် ၃၆၀
အခန်း(၁၈)- Sweet
အခန်း(၁၉)- ရုန်းမထွက်နိုင်သော
အခန်း (၂၀) - Don't go
အခန်း(၂၁) - Someone is on fire
အခန်း(၂၂) - Jelly & Jealous
အခန်း(၂၃) - Jelly But Bitter
အခန်း(၂၄) - အိမ်မက်ထဲ၌ယစ်မူးခြင်း
အခန်း(၂၅)-ရူးအောင်ချစ်ရပါသော
အခန်း (၂၆) -Happy New year night PartI
အခန်း (၂၇) - Happy New year night PartII
အခန်း(၂၈) - ချစ်ရသူကိုကျောခိုင်းထားစဥ်
အခန်း (၂၉) - NEVER
အခန်း (၃၀) - Last Time
အခန်း(၃၁) - ဇာတ်လမ်းဟောင်းလေးPartI
အခန်း(၃၂) -ဇာတ်လမ်းဟောင်းလေးPart II
အခန်း(၃၃)-ဇာတ်လမ်းဟောင်းလေးပြီးဆုံးခြင်း
အခန်း(၃၄) - ကျနော်နှစ်သက်သော
အခန်း(၃၅) - အချစ်တေးကဗျာ
အခန်း (၃၆)- အိပ်စက်နေသောကျနော့်ချစ်သူ
အခန်း(၃၇)- တရားခံရှာဖွေခြင်း
အခန်း (၃၈) - သူမ၏သူ
အခန်း (၃၉) - မေ့ပျောက်နေခဲ့သော.....
အခန်း (၄၀) - မိုး၏အကျိုးဆက်များ
အခန်း (၄၁) - ဟင်းလင်းပြင်ရဲ့အခြားတစ်ဖက်
အခန်း(၄၂) - သူဟာတကယ်တော့ဒဿလိုလူ
အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး
အခန်း (၄၄) - မင်းသားလေးရဲ့ပြိုလုဆဲကောင်းကင်
အခန်း(၄၅) - သူ့အနားမှာကျနော်ရှိနေချင်သေးသည်
အခန်း(၄၆) - ရင်နှစ်သည်းချာလေးပြန်လာပြီ
အခန်း (၄၇)-မုန်းတီးခြင်းအလျဥ်းမရှိ
အခန်း(၄၈) - အလွမ်းဇာတ်လေးအစပျိုးခြင်း
အခန္း(၄၈) - အလြမ္းဇာတ္ေလးအစပ်ိဳးျခင္း
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများ Part I
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part I
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part II
အချပ်ပို (၁)- ဤလူသားကိုကျနော်ပိုင်သည်
အချပ်ပို (၂) - အနမ်းမိုးတို့အလွန်
အချပ်ပို (၃)- လှပသောအနားသတ်
အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု
အချပ်ပို (၅) အပိုင်း (၁)- CEOရဲ့အသည်းအသက်လေး
အချပ်ပို (၅) အပိုင်း (၂)-ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်
Please Read!
Hello Everyone ❗
Announcement ❗

အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများPart II

1.9K 119 14
By Futawa

အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများPart II

Unicode

[Winter is over]


ကျောင်းသင်္ကြန်ပြီးသွားတဲ့အခါ စနေတနင်္ဂနွေကျောင်းနှစ်ရက်ပိတ်ခဲ့လေသည်။ကျောင်းနှစ်ရက်ပိတ်ပြီး နောက်တစ်နေ့တွင်တော့အစားထိုးဖြေရမည့် Tutorialတချို့တလေရှိတာကြောင့် ကလျာတို့အဖွဲ့နှင့်နေသူရိန်တို့နှစ်ယောက်က ကျောင်းရှေ့မှာချိန်း၍အတူတူလာကြလေသည်။ သူတို့ကျောင်းရောက်ပြီး Lobbyဝိုင်း၌ခနထိုင်နားနေစဥ်တွင် ဟန်လင်းထက်နှင့်မင်းစက်ပါရောက်ချလာခဲ့သည်။

"အကိုမင်းစက်လဲ အစားထိုးလာဖြေတာလား?"

ဆက်နောင်က သူတို့နှစ်ယောက်ကိုတအံ့တသြကြည့်ရင်းမေးလိုက်လေသည်။

"အကိုမဖြေရဘူး အလင်းဖြေရမှာ... အကိုလိုက်လာမှဖြေမယ်ဆိုလို့လိုက်လာရတာ!"

မင်းစက်က သက်ပြင်းအရှည်ကြီးချကာပြန်ဖြေလာသံကြားတော့ အူပုတ်လေးဟန်လင်းထက်ကမျက်မှောင်ကြုတ်လိုက်ကာ

"ဘာလဲ ကိုစက်ကကျနော့်ကိုငြီးငွေ့နေပြီလား?" ဟုနှုတ်ခမ်းလေးစူထော်ကာစိတ်ကောက်ပြလာလေသော် တစ်ဝိုင်းလုံးရှိမျက်နှာများကလေဖြတ်တော့မတတ်မဲ့ရွဲ့သွားကုန်ကြလေသည်။

"ဒါနဲ့ ရှိုင်းနဲ့အဆက်အသွယ်ရကြလား?"

သော်တာကအပူတပြင်းမေးလာတဲ့အခါမင်းစက်ကခပ်ဖွဖွဆိုလာသည်။

"အကိုဖုန်းဆက်ကြည့်သေးတယ်
ညီလေးရှိုင်းဇေယံက ဘာမှမဖြစ်လို့ သူ့ကိုအရမ်းစိတ်မပူကြပါနဲ့တဲ့ ..... "

"ဘာမှမဖြစ်တဲ့လူက ငိုယိုပြီးပြေးထွက်သွားပါ့မလား?"

ဆက်နောင်ကထိုသို့ထဆိုလာသော်နေသူရိန်ကဆက်နောင်အား ညင်သာစွာလှမ်းပုတ်လိုက်ကာ မပြောနဲ့ဟု အရိပ်အယောင်ပြလာခဲ့သည်။

"အကိုမင်းခန့်ထည်ကလျှိုချက်ပဲနော် MK gpရဲ့အမွေဆက်ခံသူဆိုတာကိုတော်တော်ပိပိရိရိဖုံးကွယ်ထားနိုင်တာပဲ....
ကျနော်တို့တစ်ခါပြောကြတုန်းကတောင် သူပါဝင်ပြောသေးတာမှတ်လား အဲ့တုန်းကသူဘယ်လိုမှမနေဘူးလားမသိဘူး?"

"ဟန်ဆောင်ကောင်းတယ် အဲ့လူက !"

နေသူရိန်ရဲ့အပြောကိုဟန်လင်းထက်ကထောက်ခံလေသည်။

"သူလျှို့ဝှက်ထားတယ်ဆိုတာကလဲ သူ့ကိုအကိုတို့တွေရှိန်သွားကြမှာစိုးလို့နေမှာပေါ့ကွာ သူလာတဲ့အသိုင်းအဝိုင်းကအကိုတို့နဲ့ယှဥ်ရင် မိုးနဲ့မြေလိုကွာခြားတယ်လေ .... သူက အကိုတို့လိုသာမန်ဘဝမျိုးလေးကိုပဲလိုချင်ခဲ့တာနေမှာ...... "

ထိုသို့ဆိုရင်းမင်းစက်ရဲ့မျက်နှာလေးကတစ်ချက်တစ်ချက်ညှိုးကျသွားခဲ့သည်။

"အကိုမင်းခန့်ထည်က ရှိုင်းနဲ့ဟိုမိန်းမ နှစ်ယောက်ထဲကနေ ဘယ်သူ့ကိုရွေးမှာလဲ ? "

"သေချာပေါက်ရှိုင်းပဲပေါ့ အကိုမင်းခန့်ထည်ကငါတို့ရဲ့ရှိုင်းလေးကိုအရမ်းချစ်တဲ့ဟာ "

"ရှိုင်းကိုချစ်တယ်ဆိုဘာလို့နန်းယမုံနဲ့စေ့စပ်ဖို့ဆက်စီစဥ်နေသေးလဲ ? "

ဒါဒါ သော်တာနှင့်ကလျာတို့သုံးယောက်စလုံးမှာသူမတို့ကိုယ်တိုင်မေး သူမတို့ကိုယ်တိုင်ဖြေရင်းနှင့် လမ်းစရှာမရတော့ပေ။

"အဲ့တာတော့စဥ်းစားစရာပဲ"

မင်းစက်ကလဲတွေးရင်းငေးရင်းနဲ့ရေရွတ်လာခဲ့သည်။ထိုအချိန်မှာပင်စကားပြောတဲ့နေရာမှာလေးလုံးမကွဲတဲ့ဆက်နောင်ကအသံအောင်အောင်နဲ့ထပြောလာခဲ့လေသည်။

"မဟုတ်မှလွဲ အကိုမင်းခန့်ထည်ကရှိုင်းဇေယံကိုအပျော်တွဲတာတော့မဟုတ်ပါဘူးနော် ! " ဟုဆို၍။

".... "

".... "

"..... "

ဆက်နောင်စကားအဆုံးတစ်ဝိုင်းလုံးက အပ်ကျသံကအစမကြားရတော့အောင် တိတ်ဆိတ်သွားခဲ့ကာ ဘေးနားရှိနေသူရိန်မှအပ တစ်ဝိုင်းလုံးကသူ့အားဝါးစားလုမတတ်စိုက်ကြည့််လာကြသည်။

မင်းစက်ကထိုင်နေရာမှမတ်တပ်ထရပ်ကာ ဘေးနားရှိလူတွေကိုကျော်ခွရင်း ဆက်နောင်ရဲ့နှဖူးပြင်ထက်သို့ ခြင်ရိုက်သည်ထက်ပိုသောအားနှင့်ဖက်ခနဲရိုက်ချလိုက်တော့သည်။

"ငါ့ကောင်ကြီးကိုများ မင်းကအိုင်တွေ့တိုင်းခြေဆေးတတ်တဲ့အမျိုးလို့ထင်နေလား!သူတောင်းစားရဲ့!"

"သေနာ! နင်တော့ဒီနေ့တကယ်အသေပဲ!"

ကလျာတို့ကပါစစ်ချီလာတာမို့ ဆက်နောင်ခမှာထိုဝိုင်းကနေလေအလျင်ဖြင့်ထပြေးရတော့လေသည်။

Tutoအစားထိုးဖြေပြီးကြတဲ့နောက်Canteenလမ်းဘက်သို့တစ်အုပ်စုလုံးထွက်လာခဲ့ကြစဥ်သူတို့အနောက်ကနေပျံလွင့်လာတဲ့အသံသေးသေးလေးကြောင့် အကုန်လုံးလှည့်ကြည့်လာကြလေသည်။

"သူငယ်ချင်းတို့ ...... "

Hoddieခဲရောင်လေးနှင့် ဂျင်းအနက်ရောင်ဘောင်းဘီရှည်လေးအားလိုက်ဖက်စွာဝတ်ဆင်ထားပြီး မျက်နှာထက်သို့ခပ်ငိုက်ငိုက်ဆောင်းထားသော NY ဦးထုပ်လေးကိုကောင်လေးတစ်ယောက်ကနဲနဲမြှင့်လိုက်ရင်းခပ်မိုက်မိုက်ပြုံးပြနေသည့်မြင်ကွင်းကိုသူတို့မြင်လိုက်ရတဲ့အခါ အကုန်လုံးပြုံးသွားကြရသည်။

"ရှိုင်း! နင်ဘယ်လိုရောက်လာတာလဲ?"

ကောင်မလေးသုံးယောက်ကတော့နောက်ကြောင်းသို့ပြန်လှည့်ပြေးသွားကြကာ
သုံးယောက်စလုံးရှိုင်းရဲ့ဘယ်ညာတစ်ဖက်တစ်ချက်ဆီ၌နေရာယူထားရင်း ကောင်လေး၏လက်မောင်းလေးနှစ်ဖက်ကိုအမြန်ချိတ်လိုက်ကြသည်။

"ညီလေး ရှိုင်းဇေယံ"

"ရောက်လာပြီလား ? "

"ဘာစိတ်ကူးပေါက်ပြီးရောက်လာတာလဲ?"

"Tutoအစားထိုးလာဖြေတာလား?"ဆိုတဲ့မေးခွန်းပေါင်းစုံနှင့်အတူယောကျာ်းလေးတစ်စုကတော့အိန္ဒြေရရနှုတ်ဆက်လာခဲ့ကြသည်။

ရှိုင်းကသူတို့နဲ့အတူ Canteen၌လိုက်ထိုင်ရင်း ရှမ်းခေါက်ဆွဲစားဖို့လာတဲ့အကြောင်းရှင်းပြလာလေသော် ဟန်လင်းထက်က ခေါင်းခါလိုက်ရင်းအလိုမကျစွာပွစိပွစိဆိုသည်။

"ရှမ်းခေါက်ဆွဲကဒီမှာပဲရှိတာလား? မင်းမို့လို့အဝေးကြီးကိုလာပြီးစားတယ်...."

"ရှမ်းခေါက်ဆွဲစားပြီးရင် Takoyakiလဲစားဦးမှာ .....ငါဒီနေ့ငါစားချင်တဲ့ဟာမှန်သမျှအကုန်စားရမယ်"ဟုရှိုင်းကရယ်ကျဲကျဲလေးနှင့်ထပ်ပြီးဆိုလာပြန်လေသည်။

"ဘာလဲ မင်းကဒီနေ့တစ်ခါတည်းအကုန်လုံးစားမယ်ဆိုတော့ နောက်မစားရတော့မှာကျနေတာပဲ......."

ဟန်လင်းထက်ကသာ ထိုသို့ပေါ့ပေါ့တန်တန်ဆိုလိုက်ပေမယ့်လို့ ရှိုင်းဇေယံရဲ့မျက်နှာလေးမှာချက်ချင်းပျက်သွားရကာ သူအမြန်ပြုံးပြလိုက်ရင်းဘာမှမဖြစ်သည့်ဟန်လေးဖြင့်ပေါ့ပေါ့ပါးပါးပြန်ပြောလိုက်လေ၏။

"မစားရတော့တာလဲ ဖြစ်နိုင်တာပဲ......"

"...."

"အဟမ်း အလင်းကလဲကွာ ညီလေးရှိုင်းဇေယံကိုစမနေပါနဲ့တော့ "

မင်းစက်ကဟန်လင်းထက်ရဲ့အင်္ကျီလက်မောင်းလေးအားဆွဲကိုင်ရင်းဟန့်တားလိုက်သည်။နို့မို့ဆို သူတို့လည်းထိုနှစ်ယောက်၏အရိပ်အခြည်ကိုကြည့်နေရ၍ နေ့လည်စာမှာအစာမကြေဖြစ်နေရတော့မည်။

"ငါ့ကိုတောင်ပြန်ပြောနိုင်တယ်ဆိုတော့ စိတ်အခြေအနေကောင်းသွားပြီပဲဖြစ်ရမယ်"

ဟန်လင်းထက်ကနှာတစ်ချက်မှုတ်လျက်ဆိုလိုက်တဲ့အခါရှိုင်းဇေယံကသူ့အားယဲ့ယဲ့လေးပြုံးပြလာရင်း ပန်းကန်ထဲရှိ
ရှမ်းခေါက်ဆွဲကိုအာရုံတစိုက်စားသောက်နေပြန်သည်။

အကင်းပါးတဲ့ဟန်လင်းထက်မှာရှိုင်းဇေယံကိုကြည့်နေရင်းစားလို့မဝင်တော့တာကြောင့် ဇွန်းကိုအပြီးချထားလိုက်ကာ Ice milkteaခွက်လေးကိုကောက်ကိုင်လိုက်လျက်လည်ချောင်းအပြည့်မော့သောက်လိုက်တော့သည်။

ရှိုင်းဇေယံကို ဒီနေ့ကြည့်ရတာ ထူးဆန်းနေတယ်လို့ ဘာလို့ခံစားရနေတာလဲ?

ငါပဲ သက်သက်မဲ့အတွေးလွန်နေတာလား?

"ငါတို့စားပြီးရင် ဓာတ်ပုံရိုက်ကြရအောင်"

ဖွီး!.... အဟွတ်... အဟွတ်....

"ဟန်လင်းထက်!!"

ဟန်လင်းထက်ရဲ့ပါးစပ်ထဲက Milkteaတွေက နေသူရိန်ဆီသို့တန်းခနဲပင်။တစ်စက်လေးမျှလွဲသွားခြင်းမရှိ။တကယ့်ကိုလက်တည့်လွန်းတဲ့ sniper shooter တစ်ယောက်၏အရိပ်အယောင်များကိုဟန်လင်းထက်ဆီမှတမဟုတ်ချင်းတွေ့လိုက်ရလေသည်။

"မင်းငါ့ကိုကလဲ့စားပြန်ချေတာမှတ်လား
ငါ့အင်္ကျီတော့အနံ့တွေစွဲကုန်ပြီကွ!"

"Sorryပါကွာ sorry....အဟွတ်"

ဟန်လင်းထက်မှာအခုထိသီးတာမပျောက်သေးပေ။လည်ချောင်းထက်၌ရှတတခံစားမှုကမပျောက်သေးတာကြောင့် မင်းစက်ရှေ့ကရေခဲရေဘူးကိုအမြန်မော့သောက်လိုက်ရလေသည်။ထိုအဖြစ်ကိုမြင်တော့ တစ်ဝိုင်းလုံးရှိလူများက သူနှင့်သုံးပေအကွာသို့ဝေးသထက်ဝေးအောင်ဆုတ်သွားခဲ့ကြပေသည်။

ဟန်လင်းထက်ရဲ့အခြေအနေကခုနကထက်ပြန်တည်ငြိမ်သွားပြီဆိုကာမှအကုန်လုံးသူ့အနားသို့ပြန်ကပ်လာကြတော့သည်။
လည်ချောင်းရှင်းလိုက်ပြီးနောက် ဟန်လင်းထက်ကရှိုင်းဇေယံကိုစောင်းငဲ့ကြည့်လျက် ဒေါသတကြီးပြောဆိုလာခဲ့လေ၏။

"ဓာတ်ပုံရိုက်မယ်ဟုတ်လား ဘာလဲနောက်ဆုံးနေ့အမှတ်တရတို့ဘာတို့လား??
ရှိုင်းဇေယံ မင်းစိတ်ကောင်းတယ်ဆိုတာသေချာရဲ့လား?"

ဒီအဖွဲ့ထဲ၌ ဓာတ်ပုံအရိုက်ခံရမှာကိုအရှက်အကြောက်အကြီးဆုံးကရှိုင်းဇေယံဆိုတာကိုသူအတပ်သိလေသည်။

ကျိိုက်ခေါက်ဘုရားပွဲသွားခဲ့တဲ့အခေါက်တုန်းကအမှတ်တရဓာတ်ပုံရိုက်မည့််အကြောင်းကိုသူ့အား ကိုစက်ကအာပေါက်မတတ်ဖြောင်းဖျခဲ့ရပြီးနောက်မရတဲ့အဆုံး သူ့ချစ်သူချော့မော့ပြောကာမှ ဓာတ်ပုံအရိုက်ခံလေသည်။
ထိုအဖြစ်အပျက်ကဟန်လင်းထက်အတွက်တကယ်ကိုမှတ်မှတ်ရရပင်။

ဘာလို့လဲဆိုတော့ ဒီလိုခေတ်ကြီးထဲ၌ဓာတ်ပုံအရိုက်ခံရမှာကိုကြောက်တဲ့လူထူးလူဆန်းဆိုလို့ သူတစ်ယောက်တည်းသာကျန်ရှိတော့တာကြောင့်ပင်။သမိုင်းဝင်အမွေအနှစ်ဆိုပြီးပြတိုက်ထဲမှာတောင်ပြထားရမည်ဟူ၍ထိုအခါတုန်းကတောင်သူတွေးခဲ့ဖူးလေသည်။

သို့သော် အဲ့လိုလူကအခုကျတော့ ဓာတ်ပုံရိုက်ဖို့စကားစပြောတယ်တဲ့လား?
ဒါဘယ်လို Surpriseမျိုးလဲ?

သူ့ပုံစံကဒီနေ့သိပ်ပြီးမူမှန်မနေဘူး!

"အဟား....ငါ့ပြောတတ်တဲ့စကားတွေကဟန်လင်းထက်ဆီရောက်သွားပြီဟ! ဘယ်ဆိုးလို့လဲ ဟန်လင်းထက် မင်းလဲပေါက်ပေါက်ဖောက်တတ်ရဲ့သားနဲ့ နေ့တိုင်းရုပ်တည်ကြီးနဲ့နေဖို့လိုလို့လား?"

ဆက်နောင်ကဟန်လင်းထက်ရဲ့မြင်ရခဲလေခြင်းပုံရိပ်များအားမျက်တောင်မခတ်တမ်းကြည့်နေရင်း မအောင့်အီးနိုင်တော့တဲ့အဆုံးဝင်ပြောလာခဲ့လေသည်။ဆက်နောင်ပြောသံကြားတော့ဟန်လင်းထက်ကဘာမှဆက်မမေးလာတော့ဘဲ အရင်ရက်တွေတုန်းကလိုရေငုံနှုတ်ပိတ်၍သာနေလိုက်တော့သည်။သူတို့တစ်ဖွဲ့လုံးစားပြီးသောက်ပြီးတော့ Cameraကိုဖွင့်ကာ Selfieပုံပေါင်း ၉၉၉ပုံရိုက်လိုက်ရသည်။

၉၉၉ပုံရိုက်လိုက်ရသည့်အဖြစ်ကတမင်ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။ အဖွဲ့ထဲကကောင်မလေးသုံးယောက်က Poseအမျိုးမျိုးပေးကာ မလှမချင်းရိုက်နေကြတာကြောင့် ကျန်ယောကျာ်းလေးများမှာမူ ရိုက်ရတာအချိန်ကြာလာသည်နှင့်အမျှရိုက်နေသောဖုန်းအား ပေါက်ခွဲချင်စိတ်တွေပါတဖွားဖွားပေါ်လာရသည်။
ထို့ကြောင့် နောက်ပိုင်းဓာတ်ပုံတွေထဲ၌သိပ်ပြီးမပြုံးမရယ်နိုင်ကြတော့ပေ။

"ဘယ်လိုလဲရှိုင်းဇေယံ တစ်ခါတုန်းကဓာတ်ပုံရိုက်ရမှာကြောက်နေလို့ဆို ဒီနေ့တစ်ရက်တည်းနဲ့ ၉၉၉ပုံတစ်လျှောက်လုံးရိုက်လိုက်ရတော့ဘယ်လိုခံစားရလဲ ? မင်း မူးမေ့လဲသွားချင်ပြီလား?"

မင်းတော့မသိဘူးငါတို့တွေကတော့မူးမေ့လဲသွားချင်ပြီ ငါ့ကောင်ရေ.....

ဟု ရင်ခေါင်းထဲ၌အော်ဟစ်နေကြသောမျက်နှာများနှင့် ရှိုင်းဇေယံအားရှုကြည့်လာခဲ့ကြသည်။ရှိုင်းဇေယံမှာထိုမျက်နှာတွေကိုကြည့်ပြီးဖွီခနဲထရယ်ချင်သော်လည်းအရိုက်ခံရမည်စိုးတာကြောင့် မနဲအောင့်အီးထားရသည်။

ဆက်နောင်ခရဲ့ထိုသို့ထေ့ငေါ့သံကြားတော့မှ ဒါဒါတို့သုံးယောက်စလုံးကSelfie ဆွဲသည့်လုပ်ငန်းစဥ်ကိုအားနာနာနှင့်ရပ်လိုက်ကြလေသည်။ထိုသို့ရပ်လိုက်သည်ကိုပင် တစ်ဖွဲ့လုံးရှိယောကျာ်းလေးတွေက ကုန်းကန်တော့ချင်လောက်တဲ့အထိကျေးဇူးတင်နေကြပြီဖြစ်သည်။

ထို့နောက်သူတို့အုပ်စုတစ်စုလုံး Canteenလမ်းတစ်လျှောက်ရယ်ရယ်မောမောနှင့်ပြန်လာခဲ့ကြပြီး Archiဆောင်ရှေ့ရောက်တဲ့အခါ တစ်ယောက်ပြီးတစ်ယောက်လမ်းခွဲသွားကြတော့သည်။

"ရှိုင်းရေ ငါတို့သုံးယောက် ဌာနမှာ Wifiသွားသုံးမလို့နင်ကောလိုက်ဦးမလား??"

"မလိုက်တော့ဘူး"

ရှိုင်းက သွားတက်လေးပေါ်အောင်ပြုံးကာခေါင်းခါရင်းပြန်ဖြေလိုက်တာမို့ ဆရာမကြီးသုံးယောက်ကသူ့အားအရင်နှုတ်ဆက်ကာထွက်သွားကြလေသည်။

"အဲ့တာဆို ငါတို့အရင်သွားနှင့်မယ်နော် Examနေ့ကျပြန်တွေ့ကြမယ် bye bye"

"Bye"

"ရှိုင်းဇေယံ ငါတို့လဲ Library ဝင်စရာရှိလို့ အရင်သွားနှင့်တော့မယ် "

"အင်း"

နေသူရိန်နှင့်ဆက်နောင်တို့ကလဲ ထိုသို့ဆိုကာ Libraryထဲသို့လက်ချင်းတွဲကာချိုးဝင်သွားခဲ့ကြသည်။

သူတို့နှစ်ယောက်အဆောက်အဦးထဲသို့ချိုးဝင်လိုက်ကြပြီးနောက် ရှိုင်းဇေယံရဲ့မြင်ကွင်းအကွယ်ရောက်တဲ့အခါ ဆက်နောင်ခကနေသူရိန်ကိုထုရိုက်ရင်းဒေါကန်လာလေသည်။

"မင်းဘာလို့ ငါ့ကိုတစ်ချိန်လုံးဆွဲဆိတ်ထားတာလဲ မသာဂေါင်!! ငါဘယ်လောက်ထိသေလောက်အောင်နာလဲမင်းသိလား? ဒီမှာအညိုအမဲတွေစွဲကုန်ပြီ !!!! "

ဆက်နောင်ကသူ၏အင်္ကျီလက်ရှည်ကိုလက်မောင်းထိလှန်တင်ပြရင်း မျက်နှာလေးနီရဲနေကာမျက်ရည်စမ်းတမ်းစမ်းတမ်းဖြစ်နေရှာတဲ့ပုံစံလေးကတကယ်ကိုရယ်ချင်စရာပင်။သို့သော် နေသူရိန်မှာသူ့ကောင်လေးအားကြည့်ပြီးမရယ်ချရဲပေ။

"အင်းပါကွာ ဥုံဖွဥုံဖွ .... ညကျကိုယ်ဆေးပြန်လူးပေးပါ့မယ် "

"အကြင်နာမရှိတဲ့အကောင်!! "

"အကြင်နာမရှိဘူးလို့မပြောနဲ့လေ နောင် ... မင်းပါးစပ်ကအကိုမင်းခန့်ထည်အကြောင်း သတိမေ့ပြီးထွက်ကျလာခဲ့ရင် ကိုယ်တို့ရှိုင်းဇေယံကို ဒဏ်ရာထပ်ပေးသလိုဖြစ်နေမှာပေါ့ ! ရှိုင်းဇေယံမျက်နှာကတော်တော်ညှိုးကျနေခဲ့တာ မင်းရဲ့စကားလေးတစ်ခွန်းကြောင့်သူစိတ်မကောင်းထပ်ဖြစ်သွားခဲ့ရင်ဘယ်လိုလုပ်မလဲ?"

"အဲ့တာကြောင့်တစ်ချိန်လုံးမင်းကိုသတိထားနေရတာပေါ့....နောင်ကမှ ကို့ရဲ့ဖွဖွလေးဆိတ်ခံရလို့တော်ပါသေးတယ်ကွာ ဟိုအဖွဲ့ကမနိုင်စိန်ဆိုရင် ဒါဒါနဲ့သော်တာနှစ်ယောက်စလုံးက ခြေထောက်နှစ်ဖက်စလုံးကိုခုံအောက်မှာ တစ်ချိန်လုံးတက်နင်းထားခဲ့ကြတာ...."

"အွီး နာလိုက်မယ့်ဖြစ်ခြင်း ရက်စက်လိုက်ကြတာ"

ဆက်နောင်မှာကလျာ့အဖြစ်ကိုစဥ်းစားကြည့်ရင်း မျက်နှာရှုံ့မဲ့သွားတော့သည်။

"ကို့ကိုစိတ်မဆိုးနဲ့တော့ဟုတ်ပြီလား??"

"အင်း ..KFCတစ်ဖာဆိုရင်တော့ကျေနပ်လိုက်မယ်"

" .... "

ဆက်နောင်ခမှာထိုသို့ဆိုရင်း Libraryထဲသို့ခုန်ပေါက်ခုန်ပေါက်နှင့်ပြေးဝင်သွားတဲ့အခါနေသူရိန်ကနောက်ကနေအေးအေးလူလူလိုက်လာခဲ့ရင်း Orderမှာလိုက်လေသည်။

"Hello Food Pandaကလား
ကျနော်Orderမှာစရာလေးရှိလို့ပါ......."

အသီးသီးလမ်းခွဲသွားကြပြီးနောက် ရှိုင်းဇေယံ၏နံဘေး၌ ဟန်လင်းထက်နှင့်မင်းစက်တို့နှစ်ယောက်သာကျန်ရစ်ခဲ့လေသည်။

"ညီလေးရှိုင်းဇေယံ Takoyakiစားမယ်ဆို အကိုဝယ်ကျွေးမယ်"ဟုဆိုကာ
မင်းစက်ကရှိုင်းဇေယံလေးအား Takoyakiဆိုင်ရှေ့သို့အပြေးဆွဲခေါ်သွားလေရာ ဟန်လင်းထက်ကတော့သူတို့နှစ်ယောက်ရဲ့နောက်ကနေအေးအေးဆေးဆေးလမ်းလျှောက်လာခဲ့သည်။

ဆိုင်ဆီကိုဟန်လင်းထက်ရောက်တော့ သူတို့နှစ်ဦးကမှာပြီးနေလေပြီ။

"အကိုမင်းစက် .... "

"အင်းပြောလေ ညီလေး"

"ကိုခန့်နဲ့အဆက်အသွယ်ရလား?"

ရှိုင်းဇေယံဆီမှတွန့်ဆုတ်စွာပွင့်ဟလာတဲ့စကားတို့ကိုကြားတော့မင်းစက်နဲ့ဟန်လင်းထက်တို့နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်မိကြသည်။

"မရဘူးညီလေး သူက MKရဲ့ CEOအသစ်ဖြစ်သွားပြီဆိုတော့ကွာ အကိုတို့တွေအရင်ကလိုဆက်သွယ်ချင်တိုင်းဆက်သွယ်လို့မရတော့ဘူးထင်တယ်"

"မင်းကော အဲ့လူနဲ့အဆက်အသွယ်မရဘူးပေါ့"

"သုံးရက်ရှိပြီ သူငါ့ဆီမလာတော့တာ....."

ထိုစကားကြားတော့ ဟန်လင်းထက်ရဲ့မျက်နှာတစ်ပြင်လုံးမှာအမှောင်ထုတွေနဲ့ဖုံးလွှမ်းသွားတော့သည်။

"သုံးရက်! ဒီကောင်ကြီးအလုပ်များလဲများတာပေါ့ ညီလေးကိုတော့မပစ်ချန်ထားသင့်ဘူးလေကွာ!"

"ကိုစက်ထင်လား ? အဲ့လူ နန်းယမုံကိုရွေးလိုက်ပြီလို့!"

"အလင်း! ရမ်းမပြောနဲ့ အထင်အမြင်တွေလွဲကုန်မယ် မင်းခန့်က ငါးစိမ်းမြင်ငါးကင်ပစ်တတ်တဲ့လူစားမျိုးမဟုတ်ဘူး။ ဟိုတစ်ခါတုန်းက Videoမှာလဲတွေ့တယ်မှတ်လား မင်းခန့်ကနန်းယမုံကိုဘယ်လောက်ထိပစ်ပစ်ခါခါငြင်းပစ်ခဲ့လဲဆိုတာ နန်းယမုံနဲ့စေ့စပ်ပွဲကိုလက်ခံထားရတယ်ဆိုတာကလည်း အလင်းပဲပြောဖူးတယ်လေ ဘိုးဘေးတွေထားခဲ့တဲ့ကတိဆို ... အဲ့တာကြောင့်စေ့စပ်ပွဲကိုစိတ်မပါဘဲသဘောတူခဲ့ရတာနေမှာပါ..."

မင်းစက်ကဟန်လင်းထက်ကိုကြည့်၍ပြောနေရင်းမှ ရှိုင်းဇေယံဘက်လှည့်ကြည့်လာကာကိုင်းကျနေတဲ့ကောင်လေးရဲ့ပခုံးတစ်ဖက်ကိုဆုပ်ကိုင်လိုက်ရင်းသူတတ်နိုင်သလောက်ဖြန်ဖြေနှစ်သိမ့်ပေးလာခဲ့သည်။

"တအားကြီးမတွေးပါနဲ့ညီလေးရှိုင်းဇေယံ
မင်းခန့်ကညီလေးတစ်ယောက်တည်းကိုပဲအသက်တမျှချစ်ခဲ့ရှာတာပါ အဲ့ကောင်ကြီးအစားအကိုအာမခံနိုင်တယ် မင်းခန့်ကညီလေးအပေါ် အဲ့လောက်ထိမရက်စက်နိုင်ဘူး
ဆိုတာညီလေးသိလား  ညီလေးအပေါ်မရက်စက်ခင် အကဲပိုလွန်းတတ်တဲ့အဲ့ကောင်ကြီးကအရင်လဲသေသွားလိမ့်မယ်....."

ထိုစကားတွေကြားတော့အနောက်နား၌လက်ပိုက်လျက်မတ်တပ်ရပ်နေတဲ့ဟန်လင်းထက်ကအချဥ်ပေါက်နေတဲ့လေသံနဲ့ဝင်ပြောလာခဲ့ပြန်သည်။

"ကိုစက်ကအဲ့လူအကြောင်းတော်တော်နက်နက်နဲနဲသိတာပဲနော် ကျနော်တောင်မနာလိုချင်လာပြီ ! "

"အလင်း!"

ဟန်လင်းထက်အားမင်းစက်က သတိပေးတဲ့အကြည့်များဖြင့်စိုက်ကြည့်ပေးလိုက်မှ လူဆိုးလေးကဟွန့်ခနဲနှာမှုတ်လိုက်ရင်းငြိမ်ကျသွားရှာတော့သည်။
ဟန်လင်းထက်ရဲ့ရှာလကာရည်အနံကသူ့ဆီကိုပါချဥ်စူးစူးနှင့်ပျံ့နှံ့လာခဲ့တာကြောင့် ရှိုင်းဇေယံမှာထရယ်မိလေသည်။

ဟန်လင်းထက်တို့နှစ်ယောက်က ရှိုင်းဇေယံကို ကား standဘက်သို့အရောက်လိုက်ပို့ပေးလိုက်ကြပြီးနောက် ရယ်ရယ်မောမောနှင့်နှုတ်ဆက်ကာကျောင်းပေါ်သို့ပြန်တက်သွားကြတော့သည်။

အနောက်၌ကျန်ရစ်ခဲ့တဲ့ရှိုင်းဇေယံလေးဟာကျောင်းပေါ်သို့တရွေ့ရွေ့တက်သွားနေသော အချစ်ငှက်လေးနှစ်ကောင်အား အားကျစွာငေးကြည့်နေရင်း သူ၏နှုတ်ခမ်းပါးတို့က အလှဆုံးကွေးညွတ်နေရှာသည်။

"ကိုဇေ ....."

ထိုစဥ်ရှိုင်းဆက်ယံက စာအိတ်လေးတစ်ခုကိုဆွဲကိုင်လျက်ကျောင်းပေါ်မှပြန်ဆင်းလာခဲ့ပြီး ကားရပ်ထားတဲ့နေရာဆီသို့ပြန်ရောက်လာခဲ့သည်။

ထို့နောက် ရှိုင်းဆက်ယံတို့ရဲ့ကားလေးဟာ ကျောင်းမိန်းလမ်းမကြီးကိုဖြတ်ကျော်၍ကျောင်းဝင်းထဲမှအပြီးအပိုင်ထွက်ခွာသွားလေတော့သည်။

ရှိုင်းဇေယံလေးက သူ၏ချစ်သူနှင့်အတူလျှောက်လှမ်းခဲ့ဖူးသော ကျောင်းဝင်းထဲရှိစင်္ကြံလမ်းလေးကိုသမင်လည်ပြန်ငေးကြည့်လို့နေရင်းလွမ်းဆွေးတမ်းတစွာရေရွတ်နေရှာသည်။

ကိုခန့်သိလား? ဒီလမ်းလေးမှာကျနော်တို့အတူတူလျှောက်လှမ်းခဲ့တုန်းကကိုခန့်မိုးပေးတဲ့ထီးအရိပ်လေးရဲ့အောက်မှာနားခိုရင်း
ကျနော်ပျော်ခဲ့ရတာလေ.....

ပြီးတော့ ကိုခန့်နဲ့ကျနော်စားနေကျဆိုင်လေးကရှမ်းခေါက်ဆွဲလေးရဲ့အရသာကလည်း
တကယ့်ကိုကျနော့်တသက်မမေ့နိုင်တဲ့အမှတ်တရကောင်းလေးတစ်ခုပဲ။
ကိုခန့်နေ့တိုင်းဝယ်ကျွေးခဲ့တဲ့ Takoyakiမုန့်တွေကိုလည်း နောက်ဆုံးအနေနဲ့တစ်ပွေ့တစ်ပိုက်ကြီး ကျနော်ဝယ်သွားခဲ့တယ်သိလား။

နောက်ပြီး ကိုခန့်ကျနော့်ကိုကတိပေးခဲ့ဖူးတဲ့Archiဆောင်ရှေ့ကစိန်ပန်းပင်ကြီးကိုလည်းကျနော်တဝကြီးမော့ကြည့်ခဲ့သေးတယ်။
စိန်ပန်းရဲရဲလေးတွေကလှနေလိုက်ကြတာဗျာ
တကယ့်ကိုမျက်စိမလွှဲချင်အောင်ပဲ

ကျနော်အရမ်းကြိုက်လိုက်တာကိုခန့်ရယ် .....

ကျနော်ရဲ့အချစ်ဆုံးသူငယ်ချင်းတွေနဲ့လဲ ဓာတ်ပုံရိုက်ခဲ့သေးတယ်..ကိုခန့်ကဒီဓာတ်ပုံတွေထဲမှာ မပါတော့ကျနော်နဲနဲတော့ဝမ်းနည်းမိပေမယ့် အခုကျနော်ဓာတ်ပုံရိုက်ရမှာမကြောက်တော့ဘူး........

ကိုခန့် ခများဘယ်မှာလဲ ခများပြောတော့ကျနော့်ကိုတအားချစ်တာဆို မပစ်ချန်သွားပါဘူးဆို အခုကျတော့ ခများလုပ်ရက်လိုက်တာဗျာ!

"နှလုံးသားရှိတဲ့လူတိုင်းမှာအချစ်ဆိုတာရှိကြသလို ကိုယ့်ရဲ့နှလုံးသားကိုလည်း အခုအချစ်ဆိုတဲ့အရာကလွှမ်းမိုးသိမ်းပိုက်သွားခဲ့ပြီ။
ကိုယ်မင်းလေးကိုမြင်တိုင်း နှလုံးသားထဲမှာဖော်ပြလို့မရတဲ့လှိုင်းလေးတစ်ခုဖြတ်သန်းစီးဆင်းနေတာကိုလည်း ကိုယ်အခုခံစားမိနေပြီ။"

"ရှိုင်းဇေယံ ကိုယ်မင်းလေးကိုအရမ်းချစ်တယ်"

"ကိုယ်နဲ့အဲ့ကောင်မလေးကဘာမှမပက်သတ်ပါဘူးကွာ။ တကယ်လို့ပက်သတ်စရာတွေပေါ်လာရင်တောင် ကိုယ်ကမရရအောင် တားဆီးပစ်မှာမို့လို့ ကိုယ့်ချစ်သူလေးကအခုဖြစ်နေတဲ့စိတ်တွေကိုလျှော့လိုက်လို့ရပြီ။
ကိုယ့်ကိုပဲယုံကြည်ထားလိုက်ဟုတ်ပြီလား....."

"ကိုယ့်ကိုယုံပါညီရယ် ညီ့ကို ကိုယ်ကကို့အသက်နဲ့ပဲရင်းရရင်းရ ကို့ဘဝနဲ့ပဲရင်းရရင်းရ ညီနေပြန်ကောင်းအောင် ကာကွယ်စောင့်ရှောက်ပေးမှာမို့ ကိုယ့်ကိုယုံပြီးစိတ်ချထားလိုက် ထပ်ပြီးမငိုနဲ့တော့နော်....."

ခများပြောခဲ့ဖူးတဲ့အဲစကားလုံးတွေကိုပြန်ကြားယောင်မိတိုင်း....နွေးထွေးလုံခြုံမှုတို့ပြည့်နှက်နေခဲ့တဲ့ ခများရဲ့အကြင်နာမျက်ဝန်းတွေကိုမြင်ယောင်မိတိုင်း.... ဒီကကောင်ကသွပ်သွပ်ခါအောင်ရူးနေခဲ့ပြီဆိုတာ သိသေးရဲ့လားခများရာ ....

ကျနော်မုန်းတယ် ခများကိုကျနော်မုန်းတယ် ဘာလို့များကျနော့်အပေါ်ဒီလိုလုပ်ရက်တာလဲဗျာ ခများကျနော့်ကိုတကယ်မချစ်ခဲ့ဖူးမှတ်လား?

ခများကျနော့်ကိုတကယ်ချစ်ရင် ဒီလိုမျိုးကျနော့်ကိုပစ်ထားခဲ့မှာမဟုတ်ဘူး!

ကျောင်းဝင်းထဲမှထွက်လာခဲ့ပြီးသည်နှင့်ကောင်လေးရဲ့မျက်ရည်စက်လေးတွေကမိုးရေစက်လေးတွေကဲ့သို့ပိုးပိုးပေါက်ပေါက်ရွာချလာလျက်ရှိုက်ငိုလာတော့သည်။ရှိုင်းဆက်ယံကညီဖြစ်သူရဲ့မျက်ရည်တွေကို နာကျင်စွာနှင့်မျက်ဝါးထင်ထင်မြင်နေရပါသော်လည်း သူလုံးဝမတားခဲ့ပေ။

မင်းငိုချင်သလောက်ငိုလိုက်ပါကွာ မင်းဒီလိုငိုလိုက်မှ မင်းနေလို့ပေါ့သွားမှာပေါ့

ကိုကြီးရဲ့သနားစရာကောင်းတဲ့ကလေးလေးရာ ........

••••••••••••••••••••••••••••••••••••••••••••••••••

နောက်တစ်နေ့မနက်အစောပိုင်း၌ ရှိုင်းဇေယံကသူ၏အကိုဖြစ်သူအားဖြူစင်သော်တက်ရောက်ကုသနေသောဆေးရုံဆီသို့လိုက်ပို့ပေးရန်ပူဆာခဲ့သည်။ ရှိုင်းဆက်ယံလည်း ငြင်းမနေတော့ဘဲ သူ၏ညီလေးစိတ်ချမ်းသာလျှင်ပြီးရောဟုမှတ်ယူကာ ဆေးရုံသို့လိုက်ပို့ပေးခဲ့လေသည်။
ညီအကိုနှစ်ယောက်စလုံးဆေးရုံထဲသို့အတူတူလျှောက်လှမ်းဝင်လာရင်းနှင့်
ရှိုင်းဆက်ယံက ရှိုင်းဇေယံဘက်လှည့်လာကာဆိုသည်။

"ကိုဇေ .... စိုင်းသီဟဆီသွားပြီးမနှုတ်ဆက်နဲ့တော့နော်...."

"ဘာလို့လဲ ကိုကြီး ကျနော်တို့ ကိုစိုင်းကိုတော့နှုတ်ဆက်သင့်တယ်ထင်တယ်...မဟုတ်ရင် သူစိတ်မကောင်းဖြစ်နေလိမ့်မယ်"

ရှိုင်းဇေယံရဲ့ထိုစကားကြားတော့ရှိုင်းဆက်ယံကအတန်ငယ်တွေဝေသွားရင်းငြိမ်သက်လို့နေလေသည်။

ဆက်ယံ မင်းထွက်သွားတော့မယ့်တစ်နေ့ကျရင်လေ ငါ့ကိုလာမနှုတ်ဆက်ပါနဲ့.........

တစ်စုံတစ်ယောက်ရဲ့နှုတ်ခမ်းဖျားတို့ထက်ကထွက်ကျခဲ့ဖူးတဲ့စကားလုံးတွေ.........

လာမနှုတ်ဆက်ပါနဲ့တဲ့ ......

ရှိုင်းဆက်ယံကရှည်လျားကော့ညွတ်နေတဲ့မျက်တောင်လေးတွေကိုမှိတ်ချလိုက်ရင်းဆက်ပြောလာသည်။

"နှုတ်ဆက်မနေပါနဲ့တော့.....သူကကိုကြီးကိုလာမနှုတ်ဆက်ဖို့မှာထားတယ် ကိုကြီးတို့သူ့ကိုဒီအတိုင်းဘာမှမပြောဘဲသွားလည်း သူဘယ်လိုမှမနေပါဘူး...အကယ်၍သွားနှုတ်ဆက်မှ သူ့ကိုစိတ်မကောင်းဖြစ်အောင်ပိုလုပ်ရာကျသွားလိမ့်မယ် ...... "

"ဟုတ် ကိုကြီး"

ထို့နောက်ညီအကိုနှစ်ယောက်စလုံး စင်္ကြံဘေးကအခန်းတစ်ခုထဲသို့ဝင်သွားလိုက်တော့သည်။

"ဘယ်လိုလဲ သျှား....မင်းဒီရက်ပိုင်းနေရတာအဆင်ပြေရဲ့လား?"

ခုတင်ဘေး၌ငြိမ်သက်စွာထိုင်နေတဲ့ သျှားထက်မောင်က ရှိုင်းဆက်ယံရဲ့အသံကိုကြားလိုက်ရသည်နှင့် ရယ်မောရင်းပြန်ဖြေလာသည်။

"ကိုဆက်ယံရောက်လာတာလား? မတွေ့တာတောင်ကြာပြီနော်.....ဒါနဲ့ ဧည့်သည်တစ်ယောက်လဲပါလာတယ်ထင်တယ် ? "

သျှားထက်မောင်ဆိုသူမှာအမြင်အာရုံချို့တဲ့သော်လည်းအကြားအာရုံဘက်တွင်တော့သာမန်လူတွေထက်အစွမ်းနှစ်ဆပိုရှိလေသည်။စဝင်လာတုန်းကခြေသံနှစ်စုံကိုကြားလိုက်ရတာကြောင့် Dr. စိိုင်းသီဟဟုထင်ခဲ့ပါသော်လည်း အနှီသူရဲ့ဝင်သက်ရှိုက်သက်အသံတို့မှာ ကြားနေကျအသံနှင့်ထပ်တူကျမနေတာမို့ သူမသိတဲ့သူစိမ်းတစ်ယောက်ဖြစ်မည်ဟုကောက်ချက်ချကာထိုသို့မေးလိုက်ခြင်းပင်။

"ကျနော်ကရှိုင်းဇေယံပါ ကျနော်အကို့အကြောင်းကြားဖူးနေတာကြာပါပြီ ... "

"သြော် ...ညီလေးရှိုင်းဇေယံလား အကိုလည်းညီလေးကိုတွေ့ချင်နေတာကြာပြီ ကိုဆက်ယံလိုလူမျိုးကတအားသဲသဲလှုပ်ချစ်ရတဲ့တစ်ဦးတည်းသောညီလေးဆိုတော့ အကိုလဲဆုံဖူးချင်နေတာ..."

"အဟမ်း~~~"

ရှိုင်းဆက်ယံကချက်ချင်းပင်ချောင်းဝင်ဟန့်လေသည်။ သျှားထက်မောင်ရဲ့ထိုစကားတို့က သူ့အား သူ့ညီရှေ့မှာမျက်နှာပူစေတာကြောင့်ပင်။

"သျှား ငါမင်းနဲ့စကားခနပြောချင်တယ် ... "

"ဟုတ်ကဲ့ ကောင်းပါပြီ"

သျှားထက်မောင်ကသူပွတ်သပ်ပေးနေသောဖြူစင်သော်ရဲ့လက်ကလေးအားစောင်အောက်သို့ထည့်ပေးလိုက်ရင်းနူးညံ့စွာဆိုသည်။

"ဖြူ ဒီမှာ ခနနေခဲ့ဦးနော်...."

ခုတင်ထက်တွင်လဲလျောင်းနေတဲ့ဖြူစင်သော်က သျှားထက်မောင်စကားကြားတော့မှေးစက်နေသည့်သူမရဲ့မျက်ဝန်းအိမ်ကလေးကိုဖွင့်လိုက်ကာ ခုတင်ဘေးတွင်မတ်တပ်ရပ်နေတဲ့ရှိုင်းဇေယံဆီသို့သူမဖြည်းဖြည်းချင်းကြည့်လာခဲ့သည်။
ရှိုင်းဇေယံကိုမြင်တာနဲ့ သူမက သျှားထက်မောင်ရဲ့လက်ကလေးတွေကို အမြန်ပင်ပြန်ဆုပ်ကိုင်လာကာဟန့်တားလာခဲ့သည်။

မသွားနဲ့~~

"ဘာမှမဖြစ်ဘူးနော်ဖြူ ကိုယ်ပြန်လာခဲ့မယ်.... "ဟုဆိုပြီးနောက် သျှားထက်မောင်ကရှိုင်းဆက်ယံကိုအားပြုရင်းအခန်းထဲကနေထွက်သွားခဲ့လေသည်။

"အမဖြူစင်သော်....."

ရှိုင်းဇေယံလေးရဲ့အသံကြားတော့ ဖြူစင်သော်ရဲ့မျက်ဝန်းတွေကချက်ချင်းစေ့ပိတ်လို့သွားခဲ့သည်။

ခုနကသျှားထိုင်နေခဲ့သော ခုံလေး၌ရှိုင်းဇေယံကဝင်ထိုင်လိုက်ရင်း မေးလိုက်လေ၏။

"အမ ကျနော့်ကိုမုန်းနေတုန်းပဲလား ?? "ဆိုပြီး။

ရှိုင်းရဲ့အမေးကိုကြားသော်လည်း ဖြူစင်သော်ရဲ့မျက်ဝန်းတို့ကလှုပ်ခတ်မလာခဲ့ပေ။

"အမသိလား? ကျနော်အခုဒီလောကကြီးထဲကနေအပြီးအပိုင်ထွက်သွားရနိုင်တဲ့ ရောဂါတစ်ခုကိုခံစားနေရတယ်......."ဆိုတဲ့အသံလှိုင်းလေးဖြတ်သွားတဲ့အခါမှာတော့ဖြူစင်သော်ရဲ့ လက်ဖျားလေးတွေက ဆတ်ခနဲလှုပ်ခါသွားတော့သည်။

"ကျနော့်ဘေးနားမှာအခု ကိုခန့်လဲမရှိတော့ဘူး။ အမပြောတဲ့အတိုင်းသူကကျနော့်ကိုပစ်ချန်သွားခဲ့ပြီဗျ။ကျနော်အခုအရမ်းအထီးကျန်နေပြီးနေ့ရက်တိုင်းငိုကြွေးနေခဲ့ရတယ်။ ကျနော်ကတော့ သူ့ကြောင့်နာနာကျင်ကျင်နဲ့ငိုနေရတုန်းဖြစ်ပေမယ့် သူကတော့ အခု ကျနော့်ကိုမေ့တောင့်မေ့သွားလောက်ပြီပေါ့။"

"သူ့အတွေးတွေထဲမှာ ကျနော်မရှိတော့ဘူးထင်တယ်။ဒါတွေက အမရဲ့အသည်းကိုခွဲခဲ့တဲ့အတွက် ဘုရားသခင်ကကျနော့်ကိုပြစ်ဒဏ်ပြန်ပေးတာနဲ့တူတယ်နော်။
အမ ကျနော့်ကိုခွင့်လွှတ်ပေးလိို့မရဘူးလားဟင်? အမဆီမှာတင်နေတဲ့အပြစ်ကြွေးတွေအကုန်မကြေသေးဘူးဆိုရင်တောင်နဲနဲလေးလောက်ဖြစ်ဖြစ်ကျနော်ချေသွားခဲ့ချင်သေးတယ်......."

"ပြီးတော့ ကျနော် ဒီကနေအပြီးအပိုင်ထွက်သွားတော့မယ် ......
အမ ကျနော့်ကိုထပ်မမြင်စေရတော့ပါဘူး ဒီတစ်ခါ ကျနော့်ကိုမြင်ရတာအမအတွက်နောက်ဆုံးအကြိမ်ဖြစ်မှာပါ .... သူလည်းပဲ ကျနော့်ကိုထပ်မမြင်စေရတော့ပါဘူး ဒါကြောင့်မို့ကျနော့်ကို ခွင့်လွှတ်ပေးပါဗျာ......
အဲ့တာမှ တစ်ချိန်ကျကျနော်အသေဖြောင့်မှာမို့လို့ပါ..."

ရှိုင်းကထိုသို့ပြောရင်းသူ၏ခေါင်းကိုခုတင်ပေါ်သို့မှောက်ချလိုက်လေသည်။မျက်ဝန်းထက်ကမျက်ရည်ကြည်လေးတွေက ခုံပေါ်ရှိသူ၏ဒူးခေါင်းလေးပေါ်သို့တစ်စက်ချင်းဖြင့်စီးကျစိုစွတ်သွားခဲ့သည်။

ရှိုင်းရဲ့ပင့်ရှိုက်သံတို့ကိုကြားလိုက်ရတဲ့အခါ မှိတ်စက်ထားသောမျက်ခွံလေးတွေကိုသူမကအပေါ်ဘက်ဆီသို့တဖြည်းဖြည်းပင့်တင်လိုက်ကာ သူမရဲ့လက်ကလေးအား ငိုရှိုက်နေသောကောင်လေးရဲ့ဦးခေါင်းထက်ဆီသို့ဦးတည်လိုက်သည်။

သူ၏ဦးခေါင်းထက်ဆီမှ နှစ်သက်ဖွယ်ကောင်းလှသောပွတ်သပ်မှုလေးကိုခံစားလိုက်ရစဥ်တွင် မျက်ရည်ကြည်လေးတွေက တမဟုတ်ချင်းတိတ်သွားခဲ့သည်။

ရှိုင်းကခုတင်ပေါ်သို့မှောက်ချထားသောသူ၏ခေါင်းကိုပြန်ထောင်လိုက်ကာ ဖြူစင်သော်ရဲ့လက်ဖဝါးလေးအားတင်းကြပ်စွာဆုပ်ကိုင်လိုက်ရင်းပြုံး၍မေးလာလေသည်။

"အမ ကျနော့်ကိုခွင့်လွှတ်ပြီလားဟင်??"

သူမက ရှိုင်းဆုပ်ကိုင်ထားတဲ့သူမရဲ့လက်ကလေးကိုပြန်ရုန်းလိုက်ပြီးနောက်
ကောင်လေးရဲ့လက်ဖဝါးလေးပေါ်၌သူမပြောပြချင်သောစကားလုံးလေးများအားဖြည်းညင်းစွာရေးပြလာလေသည်။

'မ.....သွား.....ပါ.....နဲ့ ................... '

'ခွင့်........လွှတ်.......တယ်...........'

'သူ........ငို.......နေ.......မယ်'

ထိိုစကားလုံးတွေကိုခံစားသိလိုက်ရသော်ရှိုင်းဇေယံလေးရဲ့မျက်ဝန်းအိမ်ထဲက မျက်ရည်ဥလေးတွေဟာနောက်ဆုံးမထိန်းနိုင်တော့ဘဲ အရှိန်အဟုန်ဖြင့်ပြိုကျလာခဲ့တော့သည်။

ဆေးရုံအရှေ့ဘက်ခြမ်းရှိလူနာများအပန်းဖြေရာနေရာဖြစ်သော စိမ်းစိုစို မြက်ခင်းပြင်ကြီးအပြည့်ဝန်းရံထားသည့်ပန်းခြံလေးဆီသို့ရှိုင်းဆက်ယံကသျှားအားခေါ်လာခဲ့သည်။သစ်သားခုံတန်းလျားလေးတစ်ခုပေါ်၌ သျှားထက်မောင်အားချပေးလိုက်ပြီးနောက် သူကတော့မတ်တပ်ရပ်နေလေသည်။

"အဲ့ကလေးလေး ရောဂါအခြေအနေဘယ်လိုရှိလဲ?"

ရှိုင်းဆက်ယံကသက်ပြင်းတစ်ခုကိုခပ်ပြင်းပြင်းချရင်းပြန်ဖြေလာသည်။

"ဆိုးတယ်.... "

"ဒါဆို Englandကိုပြန်ကြတော့မလို့လား?"

"အင်း"

ထို့နောက်သျှားထက်မောင်ကတိတ်ဆိတ်သွားကာဘာမှထပ်မမေးလာတော့ပေ။

"သျှား....မင်း ငါတို့နဲ့ပြန်လိုက်ခဲ့ပါလား?"

ရှိုင်းဆက်ယံစကားကြားတော့ သျှားထက်မောင်က အလှဆုံးပြုံးသည်။သူ၏အပြုံးတို့ကအတုအယောင်အပြုံးမျိုးမဟုတ် တကယ့်ကိုစစ်မှန်လှတဲ့အပြုံးမျိုးပင်။

"ကိုဆက်ယံ ကျနော့်အဖြေကိုသိနေရဲ့သားနဲ့ ဘာလို့မေးရတာလဲဗျာ ..... "

"မင်းတကယ်ကြီးဆုံးဖြတ်လိုက်ပြီလား? ငါမင်းကိုပြန်ခေါ်သွားချင်တယ် မင်းကိုငါလက်မလျှော့စေချင်ဘူး သျှား"

"ကျနော်ကလက်လျှော့လိုက်တာမဟုတ်ပါဘူးဗျာ ကျနော်က ရွေးချယ်မှုတစ်ခုကိုပြုလုပ်လိုက်တာပါ အဲ့ရွေးချယ်မှုက ကျနော့်ရှင်သန်ရေးထက်ပိုအဖိုးတန်တဲ့အရာတစ်ခုပေါ့...."

"မင်းမှာ အချိန်မကျန်တော့ဘူးဆိုတာ သူမ
သိသွားခဲ့ရင် သူမအတွက် စိတ်ဒဏ်ရာပိုဖြစ်လာမှာမကြောက်ဘူးလား? မင်းဒီမှာနေခဲ့မယ်ဆိုရင် သူမဘေးမှာအချိန်ခနဘဲမင်းနေရတော့မှာနော် .....မင်းသူ့ဘေးနားမှာအချိန်အကြာကြီးထပ်ရှိမနေချင်ဘူးလား?"

"ရှိချင်တာပေါ့ဗျာ ဒါပေမယ့် ကျနော့်ကိုယ်ကျနော်သိနေခဲ့တယ် သူမနဲ့ရေခြားမြေခြားဝေးကွာနေတဲ့တစ်နေရာမှာအထီးကျန်စွာ အရိုးထုတ်ဖို့အတွက်ကျနော့်မှာသတ္တိမရှိဘူးဆိုတာကိုလေ အချိန်တွေအများကြီးမကျန်တော့ရင်တောင် သူမဘေးမှာခနလေးဘဲဖြစ်ဖြစ်အဖော်ပြုရင်းတိတ်တဆိတ်ထွက်သွားတာကမှ ကျနော့်အတွက်အကောင်းဆုံးအရာတစ်ခုပါ
ကိုဆက်ယံ........"

ရှိုင်းဆက်ယံမှာ ပြောစကားနားမထောင်ဘဲခေါင်းမာနေရှာတဲ့ထိုကောင်လေးအား အရင်အချိန်တွေတုန်းကကဲ့သို့ဆူငေါက်ကာပေါက်ကွဲပစ်လိုက်ချင်မိသည်။

သို့ပေမယ့် ထိုကောင်လေးကိုယ်တိုင်ဆုံးဖြတ်ခဲ့တဲ့ ရွေးချယ်မှုဖြစ်နေတာမို့...သူ့အနေနဲ့လည်း ဝင်စွက်ဖက်ပိုင်ခွင့်ကရှိမနေဘူးလေ......

ကျနော့်ခမျာထိုကောင်လေးအစားကုန်းကောက်စရာမကျန်အောင်ကြေကွဲဝမ်းနည်းနေရပေမယ့်လဲ သူကပျော်ရွှင်စွာထွက်ခွာသွားဖို့ ရွေးချယ်ပြီးပြီမို့ ဒီဆုံးဖြတ်ချက်အပေါ် ကျေနပ်စွာလက်ခံပေးရုံမှအပ ကျနော့်မှာလုပ်ပေးနိုင်တာဘာတစ်ခုမှမရှိတော့ပေ။

ရှိုင်းဆက်ယံတစ်ယောက် သျှားအား အခန်းထဲသို့ပြန်လိုက်ပို့ပေးပြီးတဲ့အခါ ညီဖြစ်သူက 'အမဖြူစင်သော်နားမှာခနနေချင်သေးတယ်' ဟုဆိုလာတာကြောင့် သူအခန်းပြင်သို့ပြန်ထွက်လာကာ စင်္ကြံလမ်းလေးအတိုင်းတွေငေးမောစွာဖြင့်ဦးတည်ရာမဲ့လျှောက်လှမ်းနေခဲ့မိသည်။

အချိန်အနည်းငယ်ကြာတဲ့အထိလျှောက်လှမ်းနေခဲ့ပြီးတဲ့နောက်မှာတော့ သူ၏ခြေလှမ်းတို့က အခန်းတစ်ခုရှေ့၌ရုတ်တရက်ရပ်တန့်သွားခဲ့လေသည်။

သူအခန်းတံခါးကိုခေါက်ဖို့ရွယ်လိုက်သော် သူ၏လက်ကလေထုထဲမှာတင်တန့်သွားရတာကြောင့် ထိုအခန်းရှေ့ကနေပြန်လှည့်ထွက်ဖို့ကြိုးစားလိုက်သော်လည်းခြေထောက်တွေကထိုနေရာ၌အင်္ဂတေကိုင်ထားသကဲ့သို့မြဲမြံစွာရပ်နေခဲ့ကာလှုပ်ရှားမလာတော့ပေ။

သို့နှင့်သူအခန်းတံခါးကိုခေါက်မနေတော့ပဲ တံခါး lockကိုသာဆွဲဖွင့်လိုက်တဲ့အခါကံကောင်းထောက်မစွာပင် တံခါးကအတွင်းဘက်ဆီမှ lockချထားခြင်းမရှိခဲ့ပေ။

Lockမချထားဘူးပဲ ... လူမရှိဘူးနဲ့တူတယ်

အခန်းထဲသို့တိတ်တဆိတ်ဝင်ကြည့်လိုက်စဥ်ဝယ် အခန်းထဲ၌လူရိပ်မတွေ့တာကြောင့် ပြန်လှည့်ထွက်မည့်ဆဲဆဲတွင်
ခပ်ပြင်းပြင်းအသက်ရှူသံတို့ကိုကြားလိုက်ရတာမို့ ခြေလှမ်းတွေကိုပြန်လှည့်လိုက်ကာ အသံလာရာသို့သွားကြည့်လိုက်သည်။

တကယ်တော့ထိုအသက်ရှူသံတို့က အခန်းထဲရှိဆိုဖာပေါ်မှထွက်လာခြင်းပင်။
စိုင်းသီဟက ဆိုဖာပေါ်တွင်လဲလျောင်းလျက်အိပ်မောကျနေကာ ဂျူတီကုဒ်တောင်မချွတ်ထားပေ။ ဘေးနားရှိစားပွဲပေါ်တွင်လည်းဖိုင်များကိုအပုံလိုက်ဖြန့်ထားပြီး ကော်ဖီခွက်အခွံများနှင့်ရှုပ်ပွလို့နေသည်။

လေးအေးပေးစက်ကိုလည်းအမြင့်ဆုံးတင်ထားသည်မှာရေခဲတိုက်နှင့်တောင်အထင်မှားရလေသည်။ထို့ကြောင့် ရှိုင်းဆက်ယံကလေးအေးပေးစက်ကိုပြန်လျှော့လိုက်ကာ အောက်တွင်ပြုတ်ကျနေသော ချည်ပုဝါတစ်ထည်အားကောက်ယူလိုက်ပြီးဆိုဖာပေါ်ကဗရုတ်ကောင်အားလွှမ်းခြုံပေးလိုက်တော့သည်။

ချည်ပုဝါမှာ အလျားရှည်အနံတိုမို့ သူ၏တစ်ကိုယ်လုံးကိုမဖုံးမိသော်လည်း ရင်ဘက်မှဒူးခေါင်းသို့ရောက်တဲ့အထိတော့ကောင်းကောင်းမွန်မွန်ဖုံးမိလေသည်။

လက်ရှိအနေအထားကိုမှန်းဆရသလောက် စိုင်းသီဟမှာအခုရက်ပိုင်းအိမ်မပြန်ဘဲဂျူတီတွေလှိမ့်ပိတ်ဝင်ထားသည့်ပုံပင်။ရှိုင်းဆက်ယံတစ်ယောက်သက်ပြင်းအရှည်ကြီးကိုတစ်ခါထပ်ချရင်း စားပွဲပေါ်ကအမှိုက်ပုံကြီးကိုအသံတိတ်ရှင်းလင်းပေးခဲ့သည်။
အမှိုက်ပုံကြီးကိုရှင်းလင်းပေးပြီးတဲ့အချိန်ထိ စိုင်းကာလနဂါးမှာ တစ်စက်ကလေးမျှမလှုပ်လာဘဲ အိပ်မောကျနေဆဲပေ။

'မင်းမနိုးလာတာပဲ ကောင်းပါတယ်လေ

မဟုတ်ရင် ငါမင်းကိုဘာပြန်ပြောရမှန်းသိမှာမဟုတ်ဘူး......'

ရှိုင်းဆက်ယံကစားပွဲခုံကိုရှင်းပြီးတဲ့နောက်နာရီပြန်ကြည့်လိုက်တဲ့အခါ မိနစ်နှစ်ဆယ်ကျော်တောင်ကြာသွားခဲ့ပြီမို့ သူ
ဒီအခန်းထဲကနေထွက်သွားရတော့မယ့်အချိန်သို့ရောက်နေလေပြီ။

စိုင်းသီဟအိပ်စက်နေတဲ့ ဆိုဖာလေးဘေးသို့သူခြေဖော့လျှောက်သွားလိုက်ပြီး
ဒူးထောက်ထိုင်ချလိုက်တဲ့အခါ တစ်ယောက်သောသူရဲ့မျက်နှာလေးတစ်သွယ်နဲ့အလွန်နီးကပ်သွားရသည်။သူက စိုင်းသီဟရဲ့ ချောမောလွန်းလှတဲ့မျက်နှာလေးအားအချိန်အတန်ကြာမြဲမြဲမြံမြံစိုက်ကြည့်နေခဲ့ပြီးနောက် ကကြီးပုံနှုတ်ခမ်းကွေးတစ်စုံပေါ်သို့သူ၏ကိုယ်ကိုကိုင်းချလိုက်ပါတော့သည်။

" မင်းကို သိပ်ချစ်တယ်....စိုင်း......."

ချိုမြိန်တဲ့အနမ်းတစ်ပွင့်အလွန်တွင် စိုင်းသီဟတစ်ယောက်လန့်နိုးလာခဲ့သည်။သူအိမ်မက်ထဲမှနိုးထလာချိန်မှာတော့ အခန်းထဲ၌ဘယ်သူမှရှိမနေပေ။သို့ပေမယ့် သူ၏ကိုယ်ပေါ်သို့ နွေးထွေးတဲ့ ချည်ပုဝါတစ်ထည်ကရောက်နေခဲ့ပြီးစားပွဲပေါ်၌ရှုပ်ပွနေတဲ့အရာအားလုံးကလည်းသူနိုးထလာတဲ့အချိန်မှာတော့ အကုန်လုံးသပ်သပ်ရပ်ရပ်ဖြစ်နေခဲ့ချေပြီ။

ဒါကအခန်းထဲကိုတစ်စုံတစ်ယောက်ရောက်လာခဲ့တဲ့သဘောမှတ်လား ?

ချိုမြိန်တဲ့အနမ်းတစ်ပွင့်ကျရောက်လာချိန်မှာ သူ့ရဲ့အသိအာရုံထဲ၌စွဲထင်ကျန်ရစ်ခဲ့တဲ့
Narcissus သင်းရနံ့လေး
တစ်ခု........

ထို့နောက် သူအခန်းအပြင်ဘက်ဆီသို့လျင်မြန်စွာတဟုန်ထိုးပြေးထွက်လာခဲ့သည်။

ဆက်ယံ မင်းရောက်လာခဲ့တာလား?

ဆေးရုံရဲ့ ဆင်ဝင်ရှေ့သို့ သူရောက်တဲ့အခါတွင်တော့ အညိုရောင်SUVကားလေးကဆေးရုံဝင်းထဲကနေထွက်ခွာသွားခဲ့လေပြီပင်။

တကယ်ကြီး မင်းငါ့ကိုနှုတ်မဆက်သွားဘူးနော် ဆက်ယံ..... ငါအဲ့နေ့က မင်းကိုပြောခဲ့တာတွေက မင်းထွက်သွားမယ်ဆိုတာ ငါနောက်တစ်ခါသိခဲ့ရင် ငါမင်းကိုထပ်မလွှတ်နိုင်တော့မှာစိုးလို့ ဟန်ဆောင်ပြီးပြောခဲ့တာပါကွာ !

ဒါကိုမင်းကမှတ်ထားပြီးအသဲမာပြသွားတယ်လား.....

အသဲမာလွန်းတဲ့တစ်စုံတစ်ယောက်မှာမူဆေးရုံရှေ့၌မတ်တပ်ရပ်နေရှာတဲ့အဖြူရောင်ပုံရိပ်လေးအားကားနောက်ကြည့်မှန်ကနေတစ်ဆင့် ရင်နစ်စွာဖြင့်ငေးစိုက်ကြည့်နေခဲ့ချေသည်။

••••••••••••••••••••••••••••••••••••••••••••••••••

ဆေးရုံကြီး၌သတိမေ့မြောနေသောမင်းခန့်ထည်ဟာ ငါးရက်အကြာမှာသတိပြန်ရလာခဲ့သည်။သူသတိပြန်ရလာလာချင်းပင် သူပထမဆုံးရှာနေခဲ့တဲ့သူက ရှိုင်းဇေယံသာဖြစ်နေခဲ့သည်။

လင်းထွဋ်နှင့်ပိုင်စစ်တို့နှစ်ယောက်စလုံးက ထိုနာမည်ကိုကြားတာနဲ့မျက်နှာတွေကပျက်ယွင်းသွားကြကာ အကြောင်းတစ်စုံတစ်ရာအားသိထားကြပေမယ့်လည်းသူတို့မင်းခန့်ထည်ဆီသို့ဘာမျှမပြောရဲကြပေ။
အကြောင်းမူကားသူတို့၏သခင်လေးမှာအခုမှနလန်ပြန်ထူခါစမို့ သူတို့အစစအရာရာကိုသတိထားနေရမည့်အနေအထားဖြစ်နေတာကြောင့်ပင်။

သားဖြစ်သူကသတိပြန်ရလာပြီဆိုတဲ့အကြောင်းကြားတာနှင့် ဒေါ်ဝင့်ဝါထည်နှင့်ဦးမင်းထက်ခေါင်တို့မှာ မင်းခန့်ထည်ဘေးနားကနေတစ်ဖဝါးမှမခွာတော့တာကြောင့်ငရဲတွင်းကြီးမှ သူတို့နှစ်ယောက်စလုံးခေတ္တခနလွတ်နေသေးလေသည်။

လင်းထွဋ်နှင့်ပိုင်စစ်တို့နှစ်ယောက်မှာအခန်းထဲမှပြန်ထွက်လာပြီးနောက် သက်ပြင်းတစ်ယောက်တစ်လှည့်ချရင်း
စိတ်ညစ်စွာရေရွတ်လာခဲ့ကြသည်။

"ဘယ်လိုလုပ်မလဲ အထွဋ်ရ ဒီအကြောင်းသခင်လေးသာသိသွားရင်!"

"ငါလဲမစဥ်းစားတတ်တော့ဘူး"

"အေးငါစဥ်းစားထားတာတစ်ခုတော့ရှိတယ်နားထောင်မလား?
သခင်လေးသာသိသွားခဲ့ရင် ငါတို့နှစ်ယောက်စလုံးမြေပေါ်အမှောက်သိပ်ပဲဆိုတာလေ..... "

ထို့ကြောင့်လင်းထွဋ်နှင့်ပိုင်စစ်တို့နှစ်ယောက်စလုံးမှာ သူတို့၏သခင်လေးရှေ့သို့သိပ်မသွားရဲကြပေ။ သခင်လေးဖြစ်သူကသူတို့ကိုတွေ့လျှင် သခင်လေး ရှိုင်းဇေယံအကြောင်းမေးမည်စိုး၍နှစ်ယောက်သားရှောင်ရှောင်ထွက်နေကြသည့်အကြိမ်ပေါင်းလည်းမနဲတော့ပေ။

အခုတစ်ခါလည်း သူမေးမည်ဟုအစပြုလိုက်တိုင်းရှောင်ထွက်ဖို့ကြိုးစားနေကြပြန်တဲ့တပည့်ကျော်နှစ်ယောက်ကြောင့် မင်းခန့်ထည်မှာသိပ်အလိုမကျတော့ဘဲဒေါသထွက်လာတော့လေသည်။

"ဟိုနှစ်ကောင် ပြန်ဝင်လာခဲ့စမ်း!"

အခန်းထဲမှမသိမသာရှောင်ထွက်သွားတဲ့အကြောက်ကြီးနှစ်ကောင်မှာထိုအသံကြားကြားချင်းပင် ချက်ချင်းပြန်လှည့်ဝင်လာကြကာပိုင်စစ်ကအထစ်ထစ် အ,အအနှင့်မေးလာခဲ့သည်။

"သ..ခင်လေး ဘာခိုင်းစရာရှိလို့လဲ ? "

နှစ်ယောက်စလုံးကမင်းခန့်ထည်ရှေ့မှာရပ်သာရပ်နေကြပေမယ့် သခင်လေးဖြစ်သူရဲ့မျက်နှာကိုတော့မော့မကြည့်ရဲကြပေ။ သူတို့တစ်ကိုယ်လုံး၌လည်းချွေးအေးတွေကစိမ့်ထွက်နေကြပြီးကြက်သီးတွေကတဖြန်းဖြန်းထနေခဲ့သည်။

"မင်းတို့ကိုကြည့်ရတာ တစ်ခုခုမှားနေသလိုပဲ။ငါ့ကိုဖုံးကွယ်ထားတာ ရှိလား?"

သူကသာထိုသို့မေးလိုက်သော်လည်းမျက်စိရှေ့ကထိုနှစ်ကောင်မှာစကားမပြောတတ်တဲ့ရုပ်ထုကြီးတွေကဲ့သို့အသံပျောက်နေတာကြောင့် မင်းခန့်ထည်ရဲ့မျက်လုံးတွေကတဖြည်းဖြည်းမီးတောက်လာရတော့သည်။
ထို့ကြောင့်သူစိတ်မရှည်တော့ပဲ အသံတွေပါတင်းမာလာရလေ၏။

"ငါမေးနေတယ်လေ! မင်းတို့ငါ့အကြောင်းသိတယ်မှတ်လား !"

သူတို့နှစ်ယောက်ကိုလွင့်ထွက်သွားလုမတတ် ဟိန်းဟောက်လာတဲ့အသံကြောင့် နောက်ဆုံး၌နှစ်ယောက်စလုံး၏ခြေထောက်တွေဟာမခိုင်တော့ပဲ မင်းခန့်ထည်ရှေ့သို့ တိုက်ထားစရာမလိုအောင်ပင်တစ်ပြိုင်နက်တည်းဒူးထောက်ကျသွားခဲ့သည်။

"သခင်လေး ကျနော်တို့တောင်းပန်ပါတယ် ကျနော်တို့ကိုအပြစ်ပေးပါ"

"....."

မင်းခန့်ထည်ခမျာ ငိုသံတွေနဲ့ရုတ်တရက်ကြီးတောင်းပန်လာကြတဲ့ထိုနှစ်ယောက်ကိုကြည့်ရင်းအမှန်တကယ်ပင် ဘာပြောရမှန်းမသိအောင်ကြောင်အသွားရလေသည်။

နောက်တော့ပိုင်စစ်ကအကျိုးအကြောင်းသေချာရှင်းပြလာလေ၏။

"သခင်လေးဆေးရုံတက်တဲ့အကြာင်းကြားတုန်းက ကျနော် ရန်ကုန်ကနေအလောတကြီးပြန်ဆင်းလာခဲ့မိပါတယ် ....အဲ့တာကြောင့်သခင်လေးပေးထားတဲ့ တာဝန်ကိုကျနော်မကျေပွန်နိုင်ခဲ့ပါဘူး"

"ကျနော်နဲ့လင်းထွဋ် မနေ့ကရန်ကုန်ပြန်ပြီး သခင်လေးရှိုင်းဇေယံကိုသွားရှာတော့ အဲ့ကွန်ဒိုမှာ သခင်လေးရှိုင်းဇေယံကမရှိတော့ဘူးတဲ့! အဲ့တာနဲ့ကျနော်တို့မယုံလို့အိမ်ထဲဝင်ရှာကြည့်တော့ပြောင်ရှင်းနေတဲ့အခန်းတစ်ခုရဲ့စားပွဲခုံပုလေးပေါ်မှာဒီနာရီလေးကိုတွေ့ခဲ့ပါတယ် "

ပိုင်စစ်ကပြောပြောဆိုဆိုနဲ့ငွေဖြူနာရီလေးကိုထုတ်ပြလိုက်တဲ့အခါမင်းခန့်ထည်ကခဲသေနေတဲ့မျက်နှာအမူအရာနဲ့အတူသူ၏လက်ဖဝါးအားပိုင်စစ်ရှေ့သို့ဖြန့်လာခဲ့သည်။
ချက်ချင်းဆိုသလိုသူ၏လက်ဖဝါးထဲကိုရောက်ရှိလာခဲ့တဲ့နာရီလေးကိုကြည့်ရင်းလက်ငါးချောင်းနဲ့တင်းတင်းဆုပ်ထားလိုက်ချေ၏။

"ကျနော်တို့ တစ်နိုင်ငံလုံးကိုမြေလှန်ရှာခဲ့ပေမယ့်သူတို့ညီအကိုနှစ်ယောက်စလုံးကဒီနိုင်ငံထဲမှာမရှိကြတော့ပါဘူး....အဲ့တာနဲ့.ကျနော်တို့လေဆိပ်တွေမှာထပ်ပြီးစုံစမ်းကြည့်တော့
သူတို့နှစ်ယောက်စလုံးကလွန်ခဲ့တဲ့နှစ်ရက်ကပဲ ပြည်ပကိုထွက်ခွာသွားကြပြီတဲ့ !! "

ဝုန်း!!!!!!

ခုတင်ပေါ်တွင်ထိုင်နေတဲ့မင်းခန့်ထည်ဟာ ရုတ်ချည်းခုန်ချလိုက်ကာ သူတို့နှစ်ယောက်အနားကနေလေတစ်ချက်ဝေ့သွားသောအလျင်နှုန်းနှင့်အခန်းအပြင်သို့ဒုန်းဆိုင်းပြေးထွက်သွားတော့သည်။

"သခင်လေး!"

လင်းထွဋ်နှင့်ပိုင်စစ်တို့နှစ်ယောက်မှာ
လည်းမင်းခန့်ထည်နောက်သို့အပြေးပြေးလိုက်ကြတော့လေသည်။

ရေတခေါင်းဘူးလေးကိုင်ပြီးပြန်လာတဲ့ဒေါ်ဝင့်ဝါထည်မှာအခန်းထဲကနေပြေးထွက်သွားတဲ့ထိုနှစ်ယောက်ကိုကြည့်ပြီးအလန့်တကြားဖြစ်သွားရလေ၏။

"ဘာဖြစ်ကြတာလဲ ? "

သူမအခန်းထဲကိုဝင်ကြည့်လိုက်တော့အခန်းထဲမှာခွေးတစ်ကောင်ကြောင်တမြှီးမှရှိမနေတော့ပဲ သူမသားဖြစ်သူဆွဲဖြုတ်ထားတဲ့ဆေးပိုက်တမ်းလန်းသာအခန်းထဲမှာကျန်ရစ်နေခဲ့တာကိုမြင်တော့ သူမရဲ့ Bodyguardများကိုဟစ်အော်ရတော့ချေ၏။

"လာကြစမ်း !
နင်တို့သခင်လေးပြေးထွက်သွားပြီ
အခုချက်ချင်းသွားပြန်ခေါ်လာခဲ့ကြ!"

သို့နောက်ဆေးရုံတစ်ရုံလုံးအုက်အုက်ကျက်ကျက်ဖြစ်သွားကာ မင်းခန့်ထည်ကိုလိုက်ဖမ်းတဲ့ bodyguardအုပ်စုတွေနှင့်ရှုပ်ယှက်ခတ်သွားရပေသည်။

"သခင်လေး!!!"

အနောက်ကနေအရင်ပြေးလိုက်သွားတဲ့လင်းထွဋ်တို့လည်း မင်းခန့်ထည်နှင့်မျက်ခြည်ပျက်သွားကာ ဆေးရုံထဲမှာတင်လမ်းစပျောက်သွားတော့လေ၏။

ဆေးရုံကြီးမှာအလွှာလေးလွှာရှိပြီး အထူးကြပ်မတ်ကုသဆောင်ကအပေါ်ဆုံးထပ်တွင်တည်ရှိလေသည်။

သူ့ကိုလိုက်ရှာနေတဲ့လူတွေကြားကနေမင်းခန့်ထည်ကအပေါ်ဆုံးထပ်မှမြေညီထပ်သို့ အရေးပေါ်လှေကားဘက်ခြမ်းကနေပြေးဆင်းသွားခဲ့တာကြောင့် သူ့အားဘယ်သူမှမမြင်လိုက်ခြင်းပေ။

လင်းထွဋ်နဲ့ပိုင်စစ်မှာလည်းပြေးလွှားရင်းဒေါင်းတောက်နေရရှာသည်။

"မင်းအောက်ကိုဆင်းသွား ငါအပေါ်ဆုံးထပ်ကိုတက်ရှာကြည့်လိုက်ဦးမယ် "

"Ok "

မင်းခန့်ထည်မှာသူ၏ခွဲစိတ်ဒဏ်ရာကိုတောင်မမှုနိုင်တော့ဘဲ အတင်းအားကုန်ရုံးကာပြေးလွှားနေတာကြောင့််သူ၏ဒဏ်ရာမှာပွင့်သွားခဲ့ပြီးစည်းပတ်ထားတဲ့ပတ်တီးစ၌သွေးကွက်များပင်ဆို့လာရသည်။

ညီ .....ရှိုင်းလေး.....မဖြစ်နိုင်ဘူး ......

ဒါအိမ်မက်ပဲဖြစ်ရမယ် အမှန်တကယ်မဖြစ်နိုင်ဘူး.....

ညီကငါ့ကိုတစ်ယောက်တည်းထားခဲ့ပြီးဘယ်တော့မှထွက်သွားမှာမဟုတ်ဘူး....

ဟုတ်တယ်မှတ်လား? ကလေး ကိုယ်ပြောတာမှန်တယ်မှတ်လား ?

မင်းရှိတဲ့နေရာဆီ ကိုယ် ရောက်အောင်လာခဲ့မယ်

ကို့ကိုစောင့်နေ~~~~~~~

အရေးပေါ်လှေကားရဲ့အောက်ဆုံးထပ်ကနေမြေညီထပ်သို့ထွက်လာပြီးနောက် ဆေးရုံရဲ့ဝင်ပေါက်နားရောက်တဲ့အခါ လင်းထွဋ်နှင့်မျက်နှာချင်းဆိုင်ပက်ပင်းတိုးတော့လေသည်။

"သခင်လေး! စိတ်အေးအေးထားပါ...."

"ဖယ်!"

"သခင်လေးအခုဘယ်သွားမှာလဲ? အခုသွားလဲမမှီတော့ဘူးလေ "

"ဖယ်လို့ငါပြောနေတယ် ! "

မင်းခန့်ထည်ရဲ့အော်ဟစ်ကြုံးဝါးသံကဆေးရုံကြီးတစ်ရုံလုံးသို့ ကျယ်လောင်စွာပျံ့နှံ့သွားခဲ့တာကြောင့် ဆရာဝန်များနှင့်လူနာများကပါကွက်ကြည့်ကွက်ကြည့်လုပ်လာကြလေသည်။ ထိုအသံကြားတော့ ပိုင်စစ်နှင့်ဒေါ်ဝင့်ဝါထည်ရဲ့ bodyguardတွေကလည်းသူတို့ရှိရာနေရာသို့ချက်ချင်းပင်စုပြုံရောက်ရှိလာကြသည်။

"သခင်လေး ... ကျေးဇူးပြုပြီး သတိထားပါဦး"

မင်းခန့်ထည်ရဲ့ကျောခိုင်းထားတဲ့နေရာ၌ရှိနေတဲ့ ပိုင်စစ်ကလည်းထိုသို့ဆိုလာလေသည်။

သို့သော်မင်းခန့်ထည်ရဲ့အသိစိတ်ထဲမှာရှိုင်းဇေယံသာရှိနေခဲ့ပြီးသူတို့ဘယ်လောက်ပဲစကားဆိုဆို ထိုစကားလုံးတွေက ကာယကံရှင်ရဲ့နားထဲမဝင်ရောက်နိုင်တော့ပေ။

မင်းခန့်ထည်ကလင်းထွဋ်ကိုတွန်းဖယ်လိုက်ရင်း ဆေးရုံထဲကနေမရမကထွက်ဖို့လုပ်နေတာကြောင့်လင်းထွဋ်က မင်းခန့်ထည်ရဲ့လက်တွေကိုချုပ်ပစ်ဖို့ကြိုးစားသော်လည်းသူချုပ်ထား၍မရပေ။

သူတို့၏သခင်လေးဆိုသူမှာ သူတို့နှစ်ယောက်စလုံးကိုကိုယ်ခံပညာများသင်ကြားပေးခဲ့တဲ့ဆရာတစ်ဆူလည်းဖြစ်ခဲ့တာကြောင့်လင်းထွဋ်တစ်ယောက်တည်းနဲ့မင်းခန့်ထည်ကိုထိန်းချုပ်ဖို့ဆိုတာအလွန်ခဲယဥ်းလှ၏။

ဒေါသကြီးတဲ့မင်းခန့်ထည်ဟာအခုချိန်၌လုံးဝသတိလက်လွတ်ဖြစ်နေ၍သွေးရူးသွေးတန်းဖြစ်နေခဲ့တာကြောင့်သူ့လမ်းကိုတားသမျှလူတွေအားလုံးကိုအမဲဖျက်ပစ်ဖို့အသင့်ဖြစ်နေကာလင်းထွဋ်ကိုလည်းမမှတ်မိတော့ပေ။

သူကလင်းထွဋ်အား ခါးကနေဆွဲကိုင်ကာမြေပြင်ပေါ်သို့အကြမ်းပတမ်းပစ်ချလိုက်တဲ့အခါ လက်ထဲကနာရီလေးကလွတ်ကျသွား၍မာကြောတဲ့မြေပြင်နဲ့အရှိန်ပြင်းပြင်းထိတွေ့သွားပြီးနောက်ခုန်ထွက်သွားကာအပြင်ဘက်သို့လွင့်စင်ထွက်သွားခဲ့သည်။

လင်းထွဋ်ကလည်းထိုအချိန်နှင့်တစ်ဆက်တည်းပင်အနောက်နားရှိပိုင်စစ်ကိုအချက်ပြလိုက်တာကြောင့်ပိုင်စစ်က ဆေးထိုးအပ်တစ်ချောင်းကိုဆွဲကိုင်လျက်ရှေ့သို့ခပ်ဖြည်းဖြည်းတိုးလာခဲ့သည်။

အနောက်ဘက်ကိုသတိမထားမိခဲ့တဲ့မင်းခန့်ထည်က လင်းထွဋ်ကိုမြေပြင်ပေါ်သို့အမှောက်သိပ်လိုက်ကာဆေးရုံထဲကနေထွက်သွားမည်အလုပ်တွင် သူ၏လည်ပင်းဂုတ်နေရာကနေစူးခနဲတစ်ချက်ခံစားလိုက်ရပြီးနောက် သူထိုနေရာ၌တင် ခေါက်ခနဲလဲကျသွားခဲ့လေသည်။

ဒိုင်ခွက်အပြာရောင်နဲ့ငွေဖြူနာရီလေးကတော့သူနဲ့အဝေးဆုံးတစ်နေရာသို့ထွက်ခွာရပ်တန့်သွားခဲ့လေလျက်။

ခဲယဥ်းလိုက်တာ ညီရယ် .....

ကိုယ်မင်းဆီရောက်လာဖို့က ဝေးကွာခဲယဥ်းလွန်းတယ်ကွာ.........

ဆေးရုံ၌ရက်အနည်းငယ်အကြာနေခဲ့ပြီးနောက်မင်းခန့်ထည်မှာ ငူငူငိုင်ငိုင်ဖြစ်နေခဲ့ကာ အသိစိတ်တို့ကင်းလွတ်နေခဲ့သည်။ ပိုင်စစ်ထိုးခဲ့တဲ့မေ့ဆေးအရှိန်ကနေသတိပြန်ရလာပြီးနောက်ပိုင်း နာမည်တစ်ခုကိုသာထပ်တလဲလဲရေရွတ်နေခဲ့ကာ သူ၏အဖေနဲ့အမေကိုပါ စကားပြန်မပြောတော့ပေ။

သူ၏အသိစိတ်ထဲ၌နေရာတစ်ခုကအလွတ်ကြီးဖြစ်နေပြီးနောက် ထိုအခြေအနေမှ သူရုံးထွက်ဖို့ရာလမ်းစပျောက်နေခဲ့သည်။ မင်းခန့်ထည်မှာ ရွှေစံအိမ်သိို့ပြန်ရောက်လာခဲ့သော်လည်း သူ၏စံအိမ်ကိုလဲသူမမှတ်မိတော့ပေ။

သူဟာ၁၀ရက်နီးပါးမစားမသောက်ပဲ သူ၏ကိုယ်ပိုင်အခန်းထဲ၌သာ လော့ချလျက်နေနေခဲ့ပြီးအခန်းထဲကနေလုံးဝထွက်မလာတော့တာမို့လင်းထွဋ်နဲ့ပိုင်စစ်ကအခန်းတံခါးကိုရိုက်ချိုးကာအခန်းထဲသို့ဝင်ကြည့်လိုက်တဲ့အခါ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူတို့နှစ်ယောက်စလုံးဆို့နင်သွားရသည်။

အခန်းတစ်ခန်းလုံးရဲ့လေးဖက်လေးတန်နံရံတွေမှာ ရှိုင်းဇေယံရဲ့ဓာတ်ပုံတွေနဲ့ပြည့်နှက်လို့နေခဲ့ပြီး ကြမ်းပြင်တွင်လည်း ပုံတူဆွဲထားသောစက္ကူတွေကခြေချစရာနေရာမရှိအောင်ပြန့်ကျဲနေရှာလေသည်။

ထို့အပြင်မင်းခန့်ထည်ရဲ့ကိုယ်ပိုင်အခန်းထဲ၌ဓာတ်ပုံဖလင်ခန်းတစ်ခုလဲပါရှိတာကြောင့် မင်းခန့်ထည်ဟာ  Cameraထဲမှရှိုင်းဇေယံလေးရဲ့ဓာတ်ပုံတွေကိုကိုယ်တိုင်ထုတ်နေခဲ့တဲ့အတွက်ဒီ၁၀ရက်တာအတောအတွင်းအခန်းထဲမှထွက်မလာခဲ့ခြင်းပေ။

လင်းထွဋ်နှင့်ပိုင်စစ်မှာသူတို့သခင်လေး၏ပုံစံကိုကြည့်ရင်းရင်ကွဲမတတ်ဝမ်းနည်းနေခဲ့ရသည်။သားဖြစ်သူ၏ဤအဖြစ်အားရပ်မကြည့်နိုင်တော့တဲ့ ဦးမင်းထက်ခေါင်နဲ့ဒေါ်ဝင့်ဝါထည်တို့သည်လည်း မင်းခန့်ထည်ကိုစိတ်ရောဂါအထူးကုနှင့်ဆွေးနွေးကုသဖို့စီစဥ်ခဲ့ကြသည်။

စိတ်ရောဂါအထူးကုဆရာဝန်ကြီးကသခင်လေးမင်းခန့်ထည်ကိုအိမ်မွေ့ချကုထုံးဖြင့်ကုသခဲ့သည့်အခါတိုင်းအဖြေဟာမပြောင်းမလဲ အမြဲတစ်ခုထဲသာရှိခဲ့သည်။

'ရှိုင်းဇေယံ' တဲ့လေ......

ဦးမင်းထက်ခေါင်နှင့်ဒေါ်ဝင့်ဝါထည်တို့ဟာထိုနာမည်ကြားပြီးသည်နှင့် ရှိုင်းဇေယံဆိုတဲ့ကောင်လေးတစ်ယောက်ကမိမိတို့၏သားဖြစ်သူနဲ့ဘယ်လိုများပက်သတ်ဆက်နွယ်နေခဲ့လဲဆိုတာကို လင်းထွဋ်ရှိန်နှင့်ပိုင်စစ်သွေးတို့နှစ်ယောက်အားမေးမြန်းတီးခေါက်ကြည့်လိုက်လေသော် ကံကြမ္မာအရဝေးကွာသွားခဲ့ရတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်းပြန်ပြောင်းပြောပြလာခဲ့တဲ့အခါ အကြောင်းစုံကိုသူတို့သိရှိသွားခဲ့ကြသည်။

ထိုအဖြစ်တို့ကိုသိရှိသွားပြီးနောက် ဦးမင်းထက်ခေါင်ဟာ သားဖြစ်သူ၏နှလုံးသွေးနဲ့အစပျိုးခဲ့ပါသော Glioma projetကိုအောင်အောင်မြင်မြင်နှင့်ဆက်လက်အကောင်အထည်ဖော်ပေးခဲ့ကာနိုင်ငံရေးလောကထဲမှအပြီးအပိုင်နှုတ်ထွက်လိုက်ပြီး MK gpရဲ့ CEOနေရာကိုတရားဝင်ပြန်ယူခဲ့သည်။

Htaewahနဲ့စေ့စပ်ကြောင်းလမ်းခဲ့သည့်ကိစ္စကိုလည်း MKဘက်မှစတင်ဖျက်သိမ်းလိုက်ကာHtaewahဘက်မှနစ်နာကြေးအဖြစ်တောင်းသောBillonသန်း၂၀ကိုမဆိုင်းမတွပေးအပ်ခဲ့ချေသည်။

စေ့စပ်ပွဲဖျက်သိမ်းခံရတဲ့သတင်းကြောင့် Htaewah groupမှာဒေဝါလီခံရလုနီးပါးဖြစ်သွားတဲ့အခိုက် ဦးမင်းထက်ခေါင်ပေးအပ်သည့်Billionသန်း၂၀နှင့်နန်းယမုံ၏ဖခင်ဖြစ်သူဦးမင်းယံဟာသူတို့၏မိသားစုပိုင်လုပ်ငန်းတွေကိုအကြွေးနွံထဲမှပြန်ဆယ်နိုင်ခဲ့သည်။

နန်းယမုံကတော့ MKနဲ့Htaewahတို့ရဲ့ပေါင်းကူးတံတားပျက်သုဥ်းသွားပြီးနောက် အမေရိကသို့ပညာတော်သင်စေလွှတ်ခံခဲ့ရပြီး နှိုင်းရတုမင်းကမူ Hong Kongသို့ပြန်သွားခဲ့ကာသတင်းအစအနမရတော့အောင်ပျောက်ဆုံးသွားခဲ့လေသည်။

မင်းခန့်ထည်အကြောင်းသတင်းကြားပြီးတဲ့နောက်ဟန်လင်းထက်နှင့်မြတ်မင်းစက်တို့ဟာရွှေစံအိမ်သို့တစ်ပတ်တစ်ခါလာရောက်ခဲ့ပြီးမင်းခန့်ထည်အားအဖော်ပြုပေးခဲ့ပါသော်လည်း မင်းခန့်ထည်မှာသူတို့နှစ်ယောက်အား လုံးဝမမှတ်မိလာခဲ့ပေ။  သူတို့နှစ်ယောက်နှင့်စကားပြောတဲ့အခါတွင်လည်း မင်းခန့်ထည်ကသူတို့ရဲ့လက်ထဲသို့ရှိုင်းဇေယံရဲ့ဓာတ်ပုံတစ်ပုံကိုသာ အမြဲတမ်းကမ်းပေးတတ်လေ့ရှိပြီးထိုသို့သာအမြဲမပြတ်မေးမြန်းနေခဲ့လေသည်။

"သူ့ကိုတွေ့မိသေးလား တွေ့မိရင်ငါ့ကိုပြောပါ" တဲ့လေ.......

မင်းစက်မှာထိုစကားတွေကြားတိုင်းမအောင့်အီးနိုင်ဘဲ ငိုချမိခဲ့တဲ့အကြိမ်ပေါင်းလဲမနည်းတော့ပေ။ဟန်လင်းထက်မှာမင်းစက်အားထိန်းကိုင်ပေးထားရင်း သူကိုယ်တိုင်လည်းစိတ်မကောင်းဖြစ်ခဲ့ရသည်။

"သားကြီးရာ .....မင်းကွာ ..... "

ဒီလိုနဲ့ ရက်လနှစ်တွေ၊ရာသီတွေကသာ
တစ်ရာသီပြီးတစ်ရာသီ ၊တစ်ရက်ပြီးတစ်ရက်ကူးပြောင်းလာခဲ့ပေမယ့်လည်း ရှိုင်းဇေယံအတွက်ဖြစ်တည်နေတဲ့မင်းခန့်ထည်ရဲ့ပုံစံလေးကတော့ ထူးထူးခြားခြားပြောင်းလဲလာခြင်းမျိုးမရှိခဲ့ပေ။အမြဲတမ်းတငူငူတငိုင်ငိုင်ဖြစ်နေကာ ဓာတ်ပုံထဲကကောင်လေးကိုသာစကားတွေတဖွဖွပြောနေရှာသည်။

'မင်းလေးကိုယ့်ဆီဘယ်တော့ပြန်လာမှာလဲ' ဟူ၍။

ဒေါ်ဝင့်ဝါထည်မှာသူမ၏သားအဖြစ်ကိုခိုးကြည့်နေရင်း အခန်းထောင့်၌တိတ်တဆိတ်ငိုကြွေးနေခဲ့ရကာဦးမင်းထက်ခေါင်ကလည်းရှိုင်းဇေယံဆိုတဲ့ကောင်လေးအားတစ်ချိန်လုံးမြေလှန်ရှာနေခဲ့ပေမယ့် သုံးနှစ်တာကြာမြင့်ခဲ့တဲ့အချိန်ထိ ထိုကောင်လေးအကြောင်း တစ်စွန်းတစ်စမျှအစအနကောက်မရခဲ့ပေ။

ထိုနှစ်၌ မင်းစက်က ဘွဲ့နှင်းသဘင်အခမ်းအနားသို့ သူ၏သူငယ်ချင်းဖြစ်သူကိုစိတ်ပြေလက်ပျောက်ခေါ်သွားဖို့အတွက် ဦးမင်းထက်ခေါင်ဆီသို့ခွင့်တောင်းခဲ့ရာ ဦးမင်းထက်ခေါင်ကခွင့်ပြုပေးခဲ့တာကြောင့် သူတို့အိမ်မက်တို့စတင်စိုက်ပျိုးရာကျောင်းတော်ကြီးဆီသို့ သူ၏အချစ်ဆုံးသူငယ်ချင်းကြီးအား တစ်ကျော့ပြန်ခေါ်လာခဲ့ပေသည်။

အနက်ရောင် SUVကားလေးကကျောင်းဝင်းထဲသို့ဝင်ဝင်ချင်းပင် သုံးနှစ်တာလုံးငူငိုင်နေခဲ့တဲ့မင်းခန့်ထည်ရဲ့နှုတ်ခမ်းထောင့်စွန်းလေးတွေကခပ်ဖွဖွလေးပြုံးရယ်လာခဲ့သည်။
သို့ပေမယ့် သူ၏မျက်ဝန်းတွေထဲမှာတော့မျက်ရည်တွေနဲ့ပြည့်လျှံနေလျက်.........

"ငါရှာနေတဲ့လူသားလေးကလေ....တစ်ချိန်တုန်းက ဒီနေရာမှာရှိခဲ့ဖူးတယ်။
ဒါပေမယ့် အခုကျတော့ ဒီနေရာမှာ
သူ့ကိုသိပ်ချစ်ရတဲ့ငါတစ်ယောက်တည်းပဲကျန်ခဲ့ရတော့တယ်........"

ဘွဲ့ဝတ်စုံနှင့်မင်းစက်မှာမင်းခန့်ထည်ရေရွတ်လာတဲ့စကားသံတွေကိုကြားတော့နှာတရှုံ့ရှုံ့နှင့်မျက်ရည်လည်ရွှဲဖြစ်နေရလေသည်။ဟန်လင်းထက်မှာ မျက်ရည်တွေနဲ့မင်းစက်အားရင်ခွင်ထဲမှာထည့်ဖက်လို့ထားခဲ့ကာကျောပြင်လေးကိုညင်သာစွာပုတ်ပေးနေရင်း ထပ်မငိုအောင်နှစ်သိမ့်ပေးနေရှာသည်။

ထို့နောက် မင်းခန့်ထည်က Archiဆောင်ရှေ့က စိန်ပန်းပင်ကြီးဆီသွားခဲ့ကာပင်ယံထက်ဆီသို့ငေးကြည့်လိုက်ရင်း အချိန်အတော်ကြာပျောက်ကွယ်သွားခဲ့ရတဲ့သူ၏အပြုံးတို့ကို မျက်နှာထက်တွင်တစ်ဖန်တပ်ဆင်ထားခဲ့ပေမယ့်လို့ မျက်ရည်စီးကြောင်းတစ်ခုကတော့ပါးပြင်တစ်ဖက်ဆီ၌
လှိမ့်ဆင်းကျလာခဲ့လေ၏။

'မင်းဘယ်မှာလဲ ? ရှိုင်းလေး.......'

သူထိုသို့မေးလိုက်တဲ့အခါ
အချစ်ဦးနဲ့တူတဲ့ဆောင်းဦး၏ခပ်အေးအေးလေပြည်လေးက သူ၏နံဘေးသို့ဝေ့ဝဲတိုက်ခတ်လာကာ ညာဘက်ပုခုံးပြင်ထက်ဆီသို့ အနီရင့်ရင့်စိန်ပန်းပွင့်လေးတစ်ပွင့်ကိုတိတ်တိတ်ဆိတ်ဆိတ်လှလှပပနှင့်ခြွေချပေးခဲ့ချေသည်။

••••••••••••••••••••••••••••••••••••••••••••••••••

Thanks for reading. ❤

If you enjoy this love story, you can click on the star for me. ☺

••••••••••••••••••••••••••••••••••••••••••••••••••

အခန္း (၄၉) -အခ်စ္ေၾကာင့္႐ူးသြပ္ခဲ့ရေသာရက္စြဲမ်ားPart II

Unicode

[Winter is over]

ေက်ာင္းသႀကၤန္ၿပီးသြားတဲ့အခါ စေနတနဂၤေႏြေက်ာင္းႏွစ္ရက္ပိတ္ခဲ့ေလသည္။ေက်ာင္းႏွစ္ရက္ပိတ္ၿပီး ေနာက္တစ္ေန႔တြင္ေတာ့အစားထိုးေျဖရမည့္ Tutorialတခ်ိဳ႕တေလ႐ွိတာေၾကာင့္ ကလ်ာတို႔အဖြဲ႕ႏွင့္ေနသူရိန္တို႔ႏွစ္ေယာက္က ေက်ာင္းေ႐ွ႕မွာခ်ိန္း၍အတူတူလာၾကေလသည္။ သူတို႔ေက်ာင္းေရာက္ၿပီး Lobbyဝိုင္း၌ခနထိုင္နားေနစဥ္တြင္ ဟန္လင္းထက္ႏွင့္မင္းစက္ပါေရာက္ခ်လာခဲ့သည္။

"အကိုမင္းစက္လဲ အစားထိုးလာေျဖတာလား?"

ဆက္ေနာင္က သူတို႔ႏွစ္ေယာက္ကိုတအံ့တၾသၾကည့္ရင္းေမးလိုက္ေလသည္။

"အကိုမေျဖရဘူး အလင္းေျဖရမွာ... အကိုလိုက္လာမွေျဖမယ္ဆိုလို႔လိုက္လာရတာ!"

မင္းစက္က သက္ျပင္းအ႐ွည္ႀကီးခ်ကာျပန္ေျဖလာသံၾကားေတာ့ အူပုတ္ေလးဟန္လင္းထက္ကမ်က္ေမွာင္ၾကဳတ္လိုက္ကာ

"ဘာလဲ ကိုစက္ကက်ေနာ္႕ကိုၿငီးေငြ႕ေနၿပီလား?" ဟုႏႈတ္ခမ္းေလးစူေထာ္ကာစိတ္ေကာက္ျပလာေလေသာ္ တစ္ဝိုင္းလုံး႐ွိမ်က္ႏွာမ်ားကေလျဖတ္ေတာ့မတတ္မဲ့႐ြဲ႕သြားကုန္ၾကေလသည္။

"ဒါနဲ႔ ႐ိႈင္းနဲ႔အဆက္အသြယ္ရၾကလား?"

ေသာ္တာကအပူတျပင္းေမးလာတဲ့အခါမင္းစက္ကခပ္ဖြဖြဆိုလာသည္။

"အကိုဖုန္းဆက္ၾကည့္ေသးတယ္
ညီေလး႐ိႈင္းေဇယံက ဘာမွမျဖစ္လို႔ သူ႕ကိုအရမ္းစိတ္မပူၾကပါနဲ႔တဲ့ ..... "

"ဘာမွမျဖစ္တဲ့လူက ငိုယိုၿပီးေျပးထြက္သြားပါ့မလား?"

ဆက္ေနာင္ကထိုသို႔ထဆိုလာေသာ္ေနသူရိန္ကဆက္ေနာင္အား ညင္သာစြာလွမ္းပုတ္လိုက္ကာ မေျပာနဲ႔ဟု အရိပ္အေယာင္ျပလာခဲ့သည္။

"အကိုမင္းခန္႔ထည္ကလွ်ိဳခ်က္ပဲေနာ္ MK gpရဲ႕အေမြဆက္ခံသူဆိုတာကိုေတာ္ေတာ္ပိပိရိရိဖုံးကြယ္ထားႏိုင္တာပဲ....
က်ေနာ္တို႔တစ္ခါေျပာၾကတုန္းကေတာင္ သူပါဝင္ေျပာေသးတာမွတ္လား အဲ့တုန္းကသူဘယ္လိုမွမေနဘူးလားမသိဘူး?"

"ဟန္ေဆာင္ေကာင္းတယ္ အဲ့လူက !"

ေနသူရိန္ရဲ႕အေျပာကိုဟန္လင္းထက္ကေထာက္ခံေလသည္။

"သူလွ်ိဳ႕ဝွက္ထားတယ္ဆိုတာကလဲ သူ႕ကိုအကိုတို႔ေတြ႐ွိန္သြားၾကမွာစိုးလို႔ေနမွာေပါ့ကြာ သူလာတဲ့အသိုင္းအဝိုင္းကအကိုတို႔နဲ႔ယွဥ္ရင္ မိုးနဲ႔ေျမလိုကြာျခားတယ္ေလ .... သူက အကိုတို႔လိုသာမန္ဘဝမ်ိဳးေလးကိုပဲလိုခ်င္ခဲ့တာေနမွာ...... "

ထိုသို႔ဆိုရင္းမင္းစက္ရဲ႕မ်က္ႏွာေလးကတစ္ခ်က္တစ္ခ်က္ညိႇဳးက်သြားခဲ့သည္။

"အကိုမင္းခန္႔ထည္က ႐ိႈင္းနဲ႔ဟိုမိန္းမ ႏွစ္ေယာက္ထဲကေန ဘယ္သူ႕ကိုေ႐ြးမွာလဲ ? "

"ေသခ်ာေပါက္႐ိႈင္းပဲေပါ့ အကိုမင္းခန္႔ထည္ကငါတို႔ရဲ႕႐ိႈင္းေလးကိုအရမ္းခ်စ္တဲ့ဟာ "

"႐ိႈင္းကိုခ်စ္တယ္ဆိုဘာလို႔နန္းယမုံနဲ႔ေစ့စပ္ဖို႔ဆက္စီစဥ္ေနေသးလဲ ? "

ဒါဒါ ေသာ္တာႏွင့္ကလ်ာတို႔သုံးေယာက္စလုံးမွာသူမတို႔ကိုယ္တိုင္ေမး သူမတို႔ကိုယ္တိုင္ေျဖရင္းႏွင့္ လမ္းစ႐ွာမရေတာ့ေပ။

"အဲ့တာေတာ့စဥ္းစားစရာပဲ"

မင္းစက္ကလဲေတြးရင္းေငးရင္းနဲ႔ေရ႐ြတ္လာခဲ့သည္။ထိုအခ်ိန္မွာပင္စကားေျပာတဲ့ေနရာမွာေလးလုံးမကြဲတဲ့ဆက္ေနာင္ကအသံေအာင္ေအာင္နဲ႔ထေျပာလာခဲ့ေလသည္။

"မဟုတ္မွလြဲ အကိုမင္းခန္႔ထည္က႐ိႈင္းေဇယံကိုအေပ်ာ္တြဲတာေတာ့မဟုတ္ပါဘူးေနာ္ ! " ဟုဆို၍။

".... "

".... "

"..... "

ဆက္ေနာင္စကားအဆုံးတစ္ဝိုင္းလုံးက အပ္က်သံကအစမၾကားရေတာ့ေအာင္ တိတ္ဆိတ္သြားခဲ့ကာ ေဘးနား႐ွိေနသူရိန္မွအပ တစ္ဝိုင္းလုံးကသူ႕အားဝါးစားလုမတတ္စိုက္ၾကည္္႕လာၾကသည္။

မင္းစက္ကထိုင္ေနရာမွမတ္တပ္ထရပ္ကာ ေဘးနား႐ွိလူေတြကိုေက်ာ္ခြရင္း ဆက္ေနာင္ရဲ႕ႏွဖူးျပင္ထက္သို႔ ျခင္႐ိုက္သည္ထက္ပိုေသာအားႏွင့္ဖက္ခနဲ႐ိုက္ခ်လိုက္ေတာ့သည္။

"ငါ့ေကာင္ႀကီးကိုမ်ား မင္းကအိုင္ေတြ႕တိုင္းေျခေဆးတတ္တဲ့အမ်ိဳးလို႔ထင္ေနလား!သူေတာင္းစားရဲ႕!"

"ေသနာ! နင္ေတာ့ဒီေန႔တကယ္အေသပဲ!"

ကလ်ာတို႔ကပါစစ္ခ်ီလာတာမို႔ ဆက္ေနာင္ခမွာထိုဝိုင္းကေနေလအလ်င္ျဖင့္ထေျပးရေတာ့ေလသည္။

Tutoအစားထိုးေျဖၿပီးၾကတဲ့ေနာက္Canteenလမ္းဘက္သို႔တစ္အုပ္စုလုံးထြက္လာခဲ့ၾကစဥ္သူတို႔အေနာက္ကေနပ်ံလြင့္လာတဲ့အသံေသးေသးေလးေၾကာင့္ အကုန္လုံးလွည့္ၾကည့္လာၾကေလသည္။

"သူငယ္ခ်င္းတို႔ ...... "

Hoddieခဲေရာင္ေလးႏွင့္ ဂ်င္းအနက္ေရာင္ေဘာင္းဘီ႐ွည္ေလးအားလိုက္ဖက္စြာဝတ္ဆင္ထားၿပီး မ်က္ႏွာထက္သို႔ခပ္ငိုက္ငိုက္ေဆာင္းထားေသာ NY ဦးထုပ္ေလးကိုေကာင္ေလးတစ္ေယာက္ကနဲနဲျမႇင့္လိုက္ရင္းခပ္မိုက္မိုက္ျပဳံးျပေနသည့္ျမင္ကြင္းကိုသူတို႔ျမင္လိုက္ရတဲ့အခါ အကုန္လုံးျပဳံးသြားၾကရသည္။

"႐ိႈင္း! နင္ဘယ္လိုေရာက္လာတာလဲ?"

ေကာင္မေလးသုံးေယာက္ကေတာ့ေနာက္ေၾကာင္းသို႔ျပန္လွည့္ေျပးသြားၾကကာ
သုံးေယာက္စလုံး႐ိႈင္းရဲ႕ဘယ္ညာတစ္ဖက္တစ္ခ်က္ဆီ၌ေနရာယူထားရင္း ေကာင္ေလး၏လက္ေမာင္းေလးႏွစ္ဖက္ကိုအျမန္ခ်ိတ္လိုက္ၾကသည္။

"ညီေလး ႐ိႈင္းေဇယံ"

"ေရာက္လာၿပီလား ? "

"ဘာစိတ္ကူးေပါက္ၿပီးေရာက္လာတာလဲ?"

"Tutoအစားထိုးလာေျဖတာလား?"ဆိုတဲ့ေမးခြန္းေပါင္းစုံႏွင့္အတူေယာက်ာ္းေလးတစ္စုကေတာ့အိေႁႏၵရရႏႈတ္ဆက္လာခဲ့ၾကသည္။

႐ိႈင္းကသူတို႔နဲ႔အတူ Canteen၌လိုက္ထိုင္ရင္း ႐ွမ္းေခါက္ဆြဲစားဖို႔လာတဲ့အေၾကာင္း႐ွင္းျပလာေလေသာ္ ဟန္လင္းထက္က ေခါင္းခါလိုက္ရင္းအလိုမက်စြာပြစိပြစိဆိုသည္။

"႐ွမ္းေခါက္ဆြဲကဒီမွာပဲ႐ွိတာလား? မင္းမို႔လို႔အေဝးႀကီးကိုလာၿပီးစားတယ္...."

"႐ွမ္းေခါက္ဆြဲစားၿပီးရင္ Takoyakiလဲစားဦးမွာ .....ငါဒီေန႔ငါစားခ်င္တဲ့ဟာမွန္သမွ်အကုန္စားရမယ္"ဟု႐ိႈင္းကရယ္က်ဲက်ဲေလးႏွင့္ထပ္ၿပီးဆိုလာျပန္ေလသည္။

"ဘာလဲ မင္းကဒီေန႔တစ္ခါတည္းအကုန္လုံးစားမယ္ဆိုေတာ့ ေနာက္မစားရေတာ့မွာက်ေနတာပဲ......."

ဟန္လင္းထက္ကသာ ထိုသို႔ေပါ့ေပါ့တန္တန္ဆိုလိုက္ေပမယ့္လို႔ ႐ိႈင္းေဇယံရဲ႕မ်က္ႏွာေလးမွာခ်က္ခ်င္းပ်က္သြားရကာ သူအျမန္ျပဳံးျပလိုက္ရင္းဘာမွမျဖစ္သည့္ဟန္ေလးျဖင့္ေပါ့ေပါ့ပါးပါးျပန္ေျပာလိုက္ေလ၏။

"မစားရေတာ့တာလဲ ျဖစ္ႏိုင္တာပဲ......"

"...."

"အဟမ္း အလင္းကလဲကြာ ညီေလး႐ိႈင္းေဇယံကိုစမေနပါနဲ႔ေတာ့ "

မင္းစက္ကဟန္လင္းထက္ရဲ႕အက်ႌလက္ေမာင္းေလးအားဆြဲကိုင္ရင္းဟန္႔တားလိုက္သည္။ႏို႔မို႔ဆို သူတို႔လည္းထိုႏွစ္ေယာက္၏အရိပ္အျခည္ကိုၾကည့္ေနရ၍ ေန႔လည္စာမွာအစာမေၾကျဖစ္ေနရေတာ့မည္။

"ငါ့ကိုေတာင္ျပန္ေျပာႏိုင္တယ္ဆိုေတာ့ စိတ္အေျခအေနေကာင္းသြားၿပီပဲျဖစ္ရမယ္"

ဟန္လင္းထက္ကႏွာတစ္ခ်က္မႈတ္လ်က္ဆိုလိုက္တဲ့အခါ႐ိႈင္းေဇယံကသူ႕အားယဲ့ယဲ့ေလးျပဳံးျပလာရင္း ပန္းကန္ထဲ႐ွိ
႐ွမ္းေခါက္ဆြဲကိုအာ႐ုံတစိုက္စားေသာက္ေနျပန္သည္။

အကင္းပါးတဲ့ဟန္လင္းထက္မွာ႐ိႈင္းေဇယံကိုၾကည့္ေနရင္းစားလို႔မဝင္ေတာ့တာေၾကာင့္ ဇြန္းကိုအၿပီးခ်ထားလိုက္ကာ Ice milkteaခြက္ေလးကိုေကာက္ကိုင္လိုက္လ်က္လည္ေခ်ာင္းအျပည့္ေမာ့ေသာက္လိုက္ေတာ့သည္။

႐ိႈင္းေဇယံကို ဒီေန႔ၾကည့္ရတာ ထူးဆန္းေနတယ္လို႔ ဘာလို႔ခံစားရေနတာလဲ?

ငါပဲ သက္သက္မဲ့အေတြးလြန္ေနတာလား?

"ငါတို႔စားၿပီးရင္ ဓာတ္ပုံ႐ိုက္ၾကရေအာင္"

ဖြီး!.... အဟြတ္... အဟြတ္....

"ဟန္လင္းထက္!!"

ဟန္လင္းထက္ရဲ႕ပါးစပ္ထဲက Milkteaေတြက ေနသူရိန္ဆီသို႔တန္းခနဲပင္။တစ္စက္ေလးမွ်လြဲသြားျခင္းမ႐ွိ။တကယ့္ကိုလက္တည့္လြန္းတဲ့ sniper shooter တစ္ေယာက္၏အရိပ္အေယာင္မ်ားကိုဟန္လင္းထက္ဆီမွတမဟုတ္ခ်င္းေတြ႕လိုက္ရေလသည္။

"မင္းငါ့ကိုကလဲ့စားျပန္ေခ်တာမွတ္လား
ငါ့အက်ႌေတာ့အနံ႔ေတြစြဲကုန္ၿပီကြ!"

"Sorryပါကြာ sorry....အဟြတ္"

ဟန္လင္းထက္မွာအခုထိသီးတာမေပ်ာက္ေသးေပ။လည္ေခ်ာင္းထက္၌႐ွတတခံစားမႈကမေပ်ာက္ေသးတာေၾကာင့္ မင္းစက္ေ႐ွ႕ကေရခဲေရဘူးကိုအျမန္ေမာ့ေသာက္လိုက္ရေလသည္။ထိုအျဖစ္ကိုျမင္ေတာ့ တစ္ဝိုင္းလုံး႐ွိလူမ်ားက သူႏွင့္သုံးေပအကြာသို႔ေဝးသထက္ေဝးေအာင္ဆုတ္သြားခဲ့ၾကေပသည္။

ဟန္လင္းထက္ရဲ႕အေျခအေနကခုနကထက္ျပန္တည္ၿငိမ္သြားၿပီဆိုကာမွအကုန္လုံးသူ႕အနားသို႔ျပန္ကပ္လာၾကေတာ့သည္။
လည္ေခ်ာင္း႐ွင္းလိုက္ၿပီးေနာက္ ဟန္လင္းထက္က႐ိႈင္းေဇယံကိုေစာင္းငဲ့ၾကည့္လ်က္ ေဒါသတႀကီးေျပာဆိုလာခဲ့ေလ၏။

"ဓာတ္ပုံ႐ိုက္မယ္ဟုတ္လား ဘာလဲေနာက္ဆုံးေန႔အမွတ္တရတို႔ဘာတို႔လား??
႐ိႈင္းေဇယံ မင္းစိတ္ေကာင္းတယ္ဆိုတာေသခ်ာရဲ႕လား?"

ဒီအဖြဲ႕ထဲ၌ ဓာတ္ပုံအ႐ိုက္ခံရမွာကိုအ႐ွက္အေၾကာက္အႀကီးဆုံးက႐ိႈင္းေဇယံဆိုတာကိုသူအတပ္သိေလသည္။

က်ိိဳက္ေခါက္ဘုရားပြဲသြားခဲ့တဲ့အေခါက္တုန္းကအမွတ္တရဓာတ္ပုံ႐ိုက္မည္္႕အေၾကာင္းကိုသူ႕အား ကိုစက္ကအာေပါက္မတတ္ေျဖာင္းဖ်ခဲ့ရၿပီးေနာက္မရတဲ့အဆုံး သူ႕ခ်စ္သူေခ်ာ့ေမာ့ေျပာကာမွ ဓာတ္ပုံအ႐ိုက္ခံေလသည္။
ထိုအျဖစ္အပ်က္ကဟန္လင္းထက္အတြက္တကယ္ကိုမွတ္မွတ္ရရပင္။

ဘာလို႔လဲဆိုေတာ့ ဒီလိုေခတ္ႀကီးထဲ၌ဓာတ္ပုံအ႐ိုက္ခံရမွာကိုေၾကာက္တဲ့လူထူးလူဆန္းဆိုလို႔ သူတစ္ေယာက္တည္းသာက်န္႐ွိေတာ့တာေၾကာင့္ပင္။သမိုင္းဝင္အေမြအႏွစ္ဆိုၿပီးျပတိုက္ထဲမွာေတာင္ျပထားရမည္ဟူ၍ထိုအခါတုန္းကေတာင္သူေတြးခဲ့ဖူးေလသည္။

သို႔ေသာ္ အဲ့လိုလူကအခုက်ေတာ့ ဓာတ္ပုံ႐ိုက္ဖို႔စကားစေျပာတယ္တဲ့လား?
ဒါဘယ္လို Surpriseမ်ိဳးလဲ?

သူ႕ပုံစံကဒီေန႔သိပ္ၿပီးမူမွန္မေနဘူး!

"အဟား....ငါ့ေျပာတတ္တဲ့စကားေတြကဟန္လင္းထက္ဆီေရာက္သြားၿပီဟ! ဘယ္ဆိုးလို႔လဲ ဟန္လင္းထက္ မင္းလဲေပါက္ေပါက္ေဖာက္တတ္ရဲ႕သားနဲ႔ ေန႔တိုင္း႐ုပ္တည္ႀကီးနဲ႔ေနဖို႔လိုလို႔လား?"

ဆက္ေနာင္ကဟန္လင္းထက္ရဲ႕ျမင္ရခဲေလျခင္းပုံရိပ္မ်ားအားမ်က္ေတာင္မခတ္တမ္းၾကည့္ေနရင္း မေအာင့္အီးႏိုင္ေတာ့တဲ့အဆုံးဝင္ေျပာလာခဲ့ေလသည္။ဆက္ေနာင္ေျပာသံၾကားေတာ့ဟန္လင္းထက္ကဘာမွဆက္မေမးလာေတာ့ဘဲ အရင္ရက္ေတြတုန္းကလိုေရငုံႏႈတ္ပိတ္၍သာေနလိုက္ေတာ့သည္။သူတို႔တစ္ဖြဲ႕လုံးစားၿပီးေသာက္ၿပီးေတာ့ Cameraကိုဖြင့္ကာ Selfieပုံေပါင္း ၉၉၉ပုံ႐ိုက္လိုက္ရသည္။

၉၉၉ပုံ႐ိုက္လိုက္ရသည့္အျဖစ္ကတမင္ခ်ဲ႕ကားေျပာဆိုျခင္းမဟုတ္ေပ။ အဖြဲ႕ထဲကေကာင္မေလးသုံးေယာက္က Poseအမ်ိဳးမ်ိဳးေပးကာ မလွမခ်င္း႐ိုက္ေနၾကတာေၾကာင့္ က်န္ေယာက်ာ္းေလးမ်ားမွာမူ ႐ိုက္ရတာအခ်ိန္ၾကာလာသည္ႏွင့္အမွ်႐ိုက္ေနေသာဖုန္းအား ေပါက္ခြဲခ်င္စိတ္ေတြပါတဖြားဖြားေပၚလာရသည္။
ထို႔ေၾကာင့္ ေနာက္ပိုင္းဓာတ္ပုံေတြထဲ၌သိပ္ၿပီးမျပဳံးမရယ္ႏိုင္ၾကေတာ့ေပ။

"ဘယ္လိုလဲ႐ိႈင္းေဇယံ တစ္ခါတုန္းကဓာတ္ပုံ႐ိုက္ရမွာေၾကာက္ေနလို႔ဆို ဒီေန႔တစ္ရက္တည္းနဲ႔ ၉၉၉ပုံတစ္ေလွ်ာက္လုံး႐ိုက္လိုက္ရေတာ့ဘယ္လိုခံစားရလဲ ? မင္း မူးေမ့လဲသြားခ်င္ၿပီလား?"

မင္းေတာ့မသိဘူးငါတို႔ေတြကေတာ့မူးေမ့လဲသြားခ်င္ၿပီ ငါ့ေကာင္ေရ.....

ဟု ရင္ေခါင္းထဲ၌ေအာ္ဟစ္ေနၾကေသာမ်က္ႏွာမ်ားႏွင့္ ႐ိႈင္းေဇယံအား႐ႈၾကည့္လာခဲ့ၾကသည္။႐ိႈင္းေဇယံမွာထိုမ်က္ႏွာေတြကိုၾကည့္ၿပီးဖြီခနဲထရယ္ခ်င္ေသာ္လည္းအ႐ိုက္ခံရမည္စိုးတာေၾကာင့္ မနဲေအာင့္အီးထားရသည္။

ဆက္ေနာင္ခရဲ႕ထိုသို႔ေထ့ေငါ့သံၾကားေတာ့မွ ဒါဒါတို႔သုံးေယာက္စလုံးကSelfie ဆြဲသည့္လုပ္ငန္းစဥ္ကိုအားနာနာႏွင့္ရပ္လိုက္ၾကေလသည္။ထိုသို႔ရပ္လိုက္သည္ကိုပင္ တစ္ဖြဲ႕လုံး႐ွိေယာက်ာ္းေလးေတြက ကုန္းကန္ေတာ့ခ်င္ေလာက္တဲ့အထိေက်းဇူးတင္ေနၾကၿပီျဖစ္သည္။

ထို႔ေနာက္သူတို႔အုပ္စုတစ္စုလုံး Canteenလမ္းတစ္ေလွ်ာက္ရယ္ရယ္ေမာေမာႏွင့္ျပန္လာခဲ့ၾကၿပီး Archiေဆာင္ေ႐ွ႕ေရာက္တဲ့အခါ တစ္ေယာက္ၿပီးတစ္ေယာက္လမ္းခြဲသြားၾကေတာ့သည္။

"႐ိႈင္းေရ ငါတို႔သုံးေယာက္ ဌာနမွာ Wifiသြားသုံးမလို႔နင္ေကာလိုက္ဦးမလား??"

"မလိုက္ေတာ့ဘူး"

႐ိႈင္းက သြားတက္ေလးေပၚေအာင္ျပဳံးကာေခါင္းခါရင္းျပန္ေျဖလိုက္တာမို႔ ဆရာမႀကီးသုံးေယာက္ကသူ႕အားအရင္ႏႈတ္ဆက္ကာထြက္သြားၾကေလသည္။

"အဲ့တာဆို ငါတို႔အရင္သြားႏွင့္မယ္ေနာ္ Examေန႔က်ျပန္ေတြ႕ၾကမယ္ bye bye"

"Bye"

"႐ိႈင္းေဇယံ ငါတို႔လဲ Library ဝင္စရာ႐ွိလို႔ အရင္သြားႏွင့္ေတာ့မယ္ "

"အင္း"

ေနသူရိန္ႏွင့္ဆက္ေနာင္တို႔ကလဲ ထိုသို႔ဆိုကာ Libraryထဲသို႔လက္ခ်င္းတြဲကာခ်ိဳးဝင္သြားခဲ့ၾကသည္။

သူတို႔ႏွစ္ေယာက္အေဆာက္အဦးထဲသို႔ခ်ိဳးဝင္လိုက္ၾကၿပီးေနာက္ ႐ိႈင္းေဇယံရဲ႕ျမင္ကြင္းအကြယ္ေရာက္တဲ့အခါ ဆက္ေနာင္ခကေနသူရိန္ကိုထု႐ိုက္ရင္းေဒါကန္လာေလသည္။

"မင္းဘာလို႔ ငါ့ကိုတစ္ခ်ိန္လုံးဆြဲဆိတ္ထားတာလဲ မသာေဂါင္!! ငါဘယ္ေလာက္ထိေသေလာက္ေအာင္နာလဲမင္းသိလား? ဒီမွာအညိဳအမဲေတြစြဲကုန္ၿပီ !!!! "

ဆက္ေနာင္ကသူ၏အက်ႌလက္႐ွည္ကိုလက္ေမာင္းထိလွန္တင္ျပရင္း မ်က္ႏွာေလးနီရဲေနကာမ်က္ရည္စမ္းတမ္းစမ္းတမ္းျဖစ္ေန႐ွာတဲ့ပုံစံေလးကတကယ္ကိုရယ္ခ်င္စရာပင္။သို႔ေသာ္ ေနသူရိန္မွာသူ႕ေကာင္ေလးအားၾကည့္ၿပီးမရယ္ခ်ရဲေပ။

"အင္းပါကြာ ဥဳံဖြဥဳံဖြ .... ညက်ကိုယ္ေဆးျပန္လူးေပးပါ့မယ္ "

"အၾကင္နာမ႐ွိတဲ့အေကာင္!! "

"အၾကင္နာမ႐ွိဘူးလို႔မေျပာနဲ႔ေလ ေနာင္ ... မင္းပါးစပ္ကအကိုမင္းခန္႔ထည္အေၾကာင္း သတိေမ့ၿပီးထြက္က်လာခဲ့ရင္ ကိုယ္တို႔႐ိႈင္းေဇယံကို ဒဏ္ရာထပ္ေပးသလိုျဖစ္ေနမွာေပါ့ ! ႐ိႈင္းေဇယံမ်က္ႏွာကေတာ္ေတာ္ညိႇဳးက်ေနခဲ့တာ မင္းရဲ႕စကားေလးတစ္ခြန္းေၾကာင့္သူစိတ္မေကာင္းထပ္ျဖစ္သြားခဲ့ရင္ဘယ္လိုလုပ္မလဲ?"

"အဲ့တာေၾကာင့္တစ္ခ်ိန္လုံးမင္းကိုသတိထားေနရတာေပါ့....ေနာင္ကမွ ကို႔ရဲ႕ဖြဖြေလးဆိတ္ခံရလို႔ေတာ္ပါေသးတယ္ကြာ ဟိုအဖြဲ႕ကမႏိုင္စိန္ဆိုရင္ ဒါဒါနဲ႔ေသာ္တာႏွစ္ေယာက္စလုံးက ေျခေထာက္ႏွစ္ဖက္စလုံးကိုခုံေအာက္မွာ တစ္ခ်ိန္လုံးတက္နင္းထားခဲ့ၾကတာ...."

"အြီး နာလိုက္မယ့္ျဖစ္ျခင္း ရက္စက္လိုက္ၾကတာ"

ဆက္ေနာင္မွာကလ်ာ့အျဖစ္ကိုစဥ္းစားၾကည့္ရင္း မ်က္ႏွာ႐ႈံ႕မဲ့သြားေတာ့သည္။

"ကို႔ကိုစိတ္မဆိုးနဲ႔ေတာ့ဟုတ္ၿပီလား??"

"အင္း ..KFCတစ္ဖာဆိုရင္ေတာ့ေက်နပ္လိုက္မယ္"

" .... "

ဆက္ေနာင္ခမွာထိုသို႔ဆိုရင္း Libraryထဲသို႔ခုန္ေပါက္ခုန္ေပါက္ႏွင့္ေျပးဝင္သြားတဲ့အခါေနသူရိန္ကေနာက္ကေနေအးေအးလူလူလိုက္လာခဲ့ရင္း Orderမွာလိုက္ေလသည္။

"Hello Food Pandaကလား
က်ေနာ္Orderမွာစရာေလး႐ွိလို႔ပါ......."

အသီးသီးလမ္းခြဲသြားၾကၿပီးေနာက္ ႐ိႈင္းေဇယံ၏နံေဘး၌ ဟန္လင္းထက္ႏွင့္မင္းစက္တို႔ႏွစ္ေယာက္သာက်န္ရစ္ခဲ့ေလသည္။

"ညီေလး႐ိႈင္းေဇယံ Takoyakiစားမယ္ဆို အကိုဝယ္ေကြၽးမယ္"ဟုဆိုကာ
မင္းစက္က႐ိႈင္းေဇယံေလးအား Takoyakiဆိုင္ေ႐ွ႕သို႔အေျပးဆြဲေခၚသြားေလရာ ဟန္လင္းထက္ကေတာ့သူတို႔ႏွစ္ေယာက္ရဲ႕ေနာက္ကေနေအးေအးေဆးေဆးလမ္းေလွ်ာက္လာခဲ့သည္။

ဆိုင္ဆီကိုဟန္လင္းထက္ေရာက္ေတာ့ သူတို႔ႏွစ္ဦးကမွာၿပီးေနေလၿပီ။

"အကိုမင္းစက္ .... "

"အင္းေျပာေလ ညီေလး"

"ကိုခန္႔နဲ႔အဆက္အသြယ္ရလား?"

႐ိႈင္းေဇယံဆီမွတြန္႔ဆုတ္စြာပြင့္ဟလာတဲ့စကားတို႔ကိုၾကားေတာ့မင္းစက္နဲ႔ဟန္လင္းထက္တို႔ႏွစ္ေယာက္သားတစ္ေယာက္မ်က္ႏွာတစ္ေယာက္ျပန္ၾကည့္မိၾကသည္။

"မရဘူးညီေလး သူက MKရဲ႕ CEOအသစ္ျဖစ္သြားၿပီဆိုေတာ့ကြာ အကိုတို႔ေတြအရင္ကလိုဆက္သြယ္ခ်င္တိုင္းဆက္သြယ္လို႔မရေတာ့ဘူးထင္တယ္"

"မင္းေကာ အဲ့လူနဲ႔အဆက္အသြယ္မရဘူးေပါ့"

"သုံးရက္႐ွိၿပီ သူငါ့ဆီမလာေတာ့တာ....."

ထိုစကားၾကားေတာ့ ဟန္လင္းထက္ရဲ႕မ်က္ႏွာတစ္ျပင္လုံးမွာအေမွာင္ထုေတြနဲ႔ဖုံးလႊမ္းသြားေတာ့သည္။

"သုံးရက္! ဒီေကာင္ႀကီးအလုပ္မ်ားလဲမ်ားတာေပါ့ ညီေလးကိုေတာ့မပစ္ခ်န္ထားသင့္ဘူးေလကြာ!"

"ကိုစက္ထင္လား ? အဲ့လူ နန္းယမုံကိုေ႐ြးလိုက္ၿပီလို႔!"

"အလင္း! ရမ္းမေျပာနဲ႔ အထင္အျမင္ေတြလြဲကုန္မယ္ မင္းခန္႔က ငါးစိမ္းျမင္ငါးကင္ပစ္တတ္တဲ့လူစားမ်ိဳးမဟုတ္ဘူး။ ဟိုတစ္ခါတုန္းက Videoမွာလဲေတြ႕တယ္မွတ္လား မင္းခန္႔ကနန္းယမုံကိုဘယ္ေလာက္ထိပစ္ပစ္ခါခါျငင္းပစ္ခဲ့လဲဆိုတာ နန္းယမုံနဲ႔ေစ့စပ္ပြဲကိုလက္ခံထားရတယ္ဆိုတာကလည္း အလင္းပဲေျပာဖူးတယ္ေလ ဘိုးေဘးေတြထားခဲ့တဲ့ကတိဆို ... အဲ့တာေၾကာင့္ေစ့စပ္ပြဲကိုစိတ္မပါဘဲသေဘာတူခဲ့ရတာေနမွာပါ..."

မင္းစက္ကဟန္လင္းထက္ကိုၾကည့္၍ေျပာေနရင္းမွ ႐ိႈင္းေဇယံဘက္လွည့္ၾကည့္လာကာကိုင္းက်ေနတဲ့ေကာင္ေလးရဲ႕ပခုံးတစ္ဖက္ကိုဆုပ္ကိုင္လိုက္ရင္းသူတတ္ႏိုင္သေလာက္ျဖန္ေျဖႏွစ္သိမ့္ေပးလာခဲ့သည္။

"တအားႀကီးမေတြးပါနဲ႔ညီေလး႐ိႈင္းေဇယံ
မင္းခန္႔ကညီေလးတစ္ေယာက္တည္းကိုပဲအသက္တမွ်ခ်စ္ခဲ့႐ွာတာပါ အဲ့ေကာင္ႀကီးအစားအကိုအာမခံႏိုင္တယ္ မင္းခန္႔ကညီေလးအေပၚ အဲ့ေလာက္ထိမရက္စက္ႏိုင္ဘူး
ဆိုတာညီေလးသိလား  ညီေလးအေပၚမရက္စက္ခင္ အကဲပိုလြန္းတတ္တဲ့အဲ့ေကာင္ႀကီးကအရင္လဲေသသြားလိမ့္မယ္....."

ထိုစကားေတြၾကားေတာ့အေနာက္နား၌လက္ပိုက္လ်က္မတ္တပ္ရပ္ေနတဲ့ဟန္လင္းထက္ကအခ်ဥ္ေပါက္ေနတဲ့ေလသံနဲ႔ဝင္ေျပာလာခဲ့ျပန္သည္။

"ကိုစက္ကအဲ့လူအေၾကာင္းေတာ္ေတာ္နက္နက္နဲနဲသိတာပဲေနာ္ က်ေနာ္ေတာင္မနာလိုခ်င္လာၿပီ ! "

"အလင္း!"

ဟန္လင္းထက္အားမင္းစက္က သတိေပးတဲ့အၾကည့္မ်ားျဖင့္စိုက္ၾကည့္ေပးလိုက္မွ လူဆိုးေလးကဟြန္႔ခနဲႏွာမႈတ္လိုက္ရင္းၿငိမ္က်သြား႐ွာေတာ့သည္။
ဟန္လင္းထက္ရဲ႕႐ွာလကာရည္အနံကသူ႕ဆီကိုပါခ်ဥ္စူးစူးႏွင့္ပ်ံ႕ႏွံ႔လာခဲ့တာေၾကာင့္ ႐ိႈင္းေဇယံမွာထရယ္မိေလသည္။

ဟန္လင္းထက္တို႔ႏွစ္ေယာက္က ႐ိႈင္းေဇယံကို ကား standဘက္သို႔အေရာက္လိုက္ပို႔ေပးလိုက္ၾကၿပီးေနာက္ ရယ္ရယ္ေမာေမာႏွင့္ႏႈတ္ဆက္ကာေက်ာင္းေပၚသို႔ျပန္တက္သြားၾကေတာ့သည္။

အေနာက္၌က်န္ရစ္ခဲ့တဲ့႐ိႈင္းေဇယံေလးဟာေက်ာင္းေပၚသို႔တေ႐ြ႕ေ႐ြ႕တက္သြားေနေသာ အခ်စ္ငွက္ေလးႏွစ္ေကာင္အား အားက်စြာေငးၾကည့္ေနရင္း သူ၏ႏႈတ္ခမ္းပါးတို႔က အလွဆုံးေကြးၫြတ္ေန႐ွာသည္။

"ကိုေဇ ....."

ထိုစဥ္႐ိႈင္းဆက္ယံက စာအိတ္ေလးတစ္ခုကိုဆြဲကိုင္လ်က္ေက်ာင္းေပၚမွျပန္ဆင္းလာခဲ့ၿပီး ကားရပ္ထားတဲ့ေနရာဆီသို႔ျပန္ေရာက္လာခဲ့သည္။

ထို႔ေနာက္ ႐ိႈင္းဆက္ယံတို႔ရဲ႕ကားေလးဟာ ေက်ာင္းမိန္းလမ္းမႀကီးကိုျဖတ္ေက်ာ္၍ေက်ာင္းဝင္းထဲမွအၿပီးအပိုင္ထြက္ခြာသြားေလေတာ့သည္။

႐ိႈင္းေဇယံေလးက သူ၏ခ်စ္သူႏွင့္အတူေလွ်ာက္လွမ္းခဲ့ဖူးေသာ ေက်ာင္းဝင္းထဲ႐ွိစႀကႍလမ္းေလးကိုသမင္လည္ျပန္ေငးၾကည့္လို႔ေနရင္းလြမ္းေဆြးတမ္းတစြာေရ႐ြတ္ေန႐ွာသည္။

ကိုခန္႔သိလား? ဒီလမ္းေလးမွာက်ေနာ္တို႔အတူတူေလွ်ာက္လွမ္းခဲ့တုန္းကကိုခန္႔မိုးေပးတဲ့ထီးအရိပ္ေလးရဲ႕ေအာက္မွာနားခိုရင္း
က်ေနာ္ေပ်ာ္ခဲ့ရတာေလ.....

ၿပီးေတာ့ ကိုခန္႔နဲ႔က်ေနာ္စားေနက်ဆိုင္ေလးက႐ွမ္းေခါက္ဆြဲေလးရဲ႕အရသာကလည္း
တကယ့္ကိုက်ေနာ္႕တသက္မေမ့ႏိုင္တဲ့အမွတ္တရေကာင္းေလးတစ္ခုပဲ။
ကိုခန္႔ေန႔တိုင္းဝယ္ေကြၽးခဲ့တဲ့ Takoyakiမုန္႔ေတြကိုလည္း ေနာက္ဆုံးအေနနဲ႔တစ္ေပြ႕တစ္ပိုက္ႀကီး က်ေနာ္ဝယ္သြားခဲ့တယ္သိလား။

ေနာက္ၿပီး ကိုခန္႔က်ေနာ္႕ကိုကတိေပးခဲ့ဖူးတဲ့Archiေဆာင္ေ႐ွ႕ကစိန္ပန္းပင္ႀကီးကိုလည္းက်ေနာ္တဝႀကီးေမာ့ၾကည့္ခဲ့ေသးတယ္။
စိန္ပန္းရဲရဲေလးေတြကလွေနလိုက္ၾကတာဗ်ာ
တကယ့္ကိုမ်က္စိမလႊဲခ်င္ေအာင္ပဲ

က်ေနာ္အရမ္းႀကိဳက္လိုက္တာကိုခန္႔ရယ္ .....

က်ေနာ္ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းေတြနဲ႔လဲ ဓာတ္ပုံ႐ိုက္ခဲ့ေသးတယ္..ကိုခန္႔ကဒီဓာတ္ပုံေတြထဲမွာ မပါေတာ့က်ေနာ္နဲနဲေတာ့ဝမ္းနည္းမိေပမယ့္ အခုက်ေနာ္ဓာတ္ပုံ႐ိုက္ရမွာမေၾကာက္ေတာ့ဘူး........

ကိုခန္႔ ခမ်ားဘယ္မွာလဲ ခမ်ားေျပာေတာ့က်ေနာ္႕ကိုတအားခ်စ္တာဆို မပစ္ခ်န္သြားပါဘူးဆို အခုက်ေတာ့ ခမ်ားလုပ္ရက္လိုက္တာဗ်ာ!

"ႏွလုံးသား႐ွိတဲ့လူတိုင္းမွာအခ်စ္ဆိုတာ႐ွိၾကသလို ကိုယ့္ရဲ႕ႏွလုံးသားကိုလည္း အခုအခ်စ္ဆိုတဲ့အရာကလႊမ္းမိုးသိမ္းပိုက္သြားခဲ့ၿပီ။
ကိုယ္မင္းေလးကိုျမင္တိုင္း ႏွလုံးသားထဲမွာေဖာ္ျပလို႔မရတဲ့လိႈင္းေလးတစ္ခုျဖတ္သန္းစီးဆင္းေနတာကိုလည္း ကိုယ္အခုခံစားမိေနၿပီ။"

"႐ိႈင္းေဇယံ ကိုယ္မင္းေလးကိုအရမ္းခ်စ္တယ္"

"ကိုယ္နဲ႔အဲ့ေကာင္မေလးကဘာမွမပက္သတ္ပါဘူးကြာ။ တကယ္လို႔ပက္သတ္စရာေတြေပၚလာရင္ေတာင္ ကိုယ္ကမရရေအာင္ တားဆီးပစ္မွာမို႔လို႔ ကိုယ့္ခ်စ္သူေလးကအခုျဖစ္ေနတဲ့စိတ္ေတြကိုေလွ်ာ့လိုက္လို႔ရၿပီ။
ကိုယ့္ကိုပဲယုံၾကည္ထားလိုက္ဟုတ္ၿပီလား....."

"ကိုယ့္ကိုယုံပါညီရယ္ ညီ့ကို ကိုယ္ကကို႔အသက္နဲ႔ပဲရင္းရရင္းရ ကို႔ဘဝနဲ႔ပဲရင္းရရင္းရ ညီေနျပန္ေကာင္းေအာင္ ကာကြယ္ေစာင့္ေ႐ွာက္ေပးမွာမို႔ ကိုယ့္ကိုယုံၿပီးစိတ္ခ်ထားလိုက္ ထပ္ၿပီးမငိုနဲ႔ေတာ့ေနာ္....."

ခမ်ားေျပာခဲ့ဖူးတဲ့အဲစကားလုံးေတြကိုျပန္ၾကားေယာင္မိတိုင္း....ေႏြးေထြးလုံျခဳံမႈတို႔ျပည့္ႏွက္ေနခဲ့တဲ့ ခမ်ားရဲ႕အၾကင္နာမ်က္ဝန္းေတြကိုျမင္ေယာင္မိတိုင္း.... ဒီကေကာင္ကသြပ္သြပ္ခါေအာင္႐ူးေနခဲ့ၿပီဆိုတာ သိေသးရဲ႕လားခမ်ားရာ ....

က်ေနာ္မုန္းတယ္ ခမ်ားကိုက်ေနာ္မုန္းတယ္ ဘာလို႔မ်ားက်ေနာ္႕အေပၚဒီလိုလုပ္ရက္တာလဲဗ်ာ ခမ်ားက်ေနာ္႕ကိုတကယ္မခ်စ္ခဲ့ဖူးမွတ္လား?

ခမ်ားက်ေနာ္႕ကိုတကယ္ခ်စ္ရင္ ဒီလိုမ်ိဳးက်ေနာ္႕ကိုပစ္ထားခဲ့မွာမဟုတ္ဘူး!

ေက်ာင္းဝင္းထဲမွထြက္လာခဲ့ၿပီးသည္ႏွင့္ေကာင္ေလးရဲ႕မ်က္ရည္စက္ေလးေတြကမိုးေရစက္ေလးေတြကဲ့သို႔ပိုးပိုးေပါက္ေပါက္႐ြာခ်လာလ်က္႐ိႈက္ငိုလာေတာ့သည္။႐ိႈင္းဆက္ယံကညီျဖစ္သူရဲ႕မ်က္ရည္ေတြကို နာက်င္စြာႏွင့္မ်က္ဝါးထင္ထင္ျမင္ေနရပါေသာ္လည္း သူလုံးဝမတားခဲ့ေပ။

မင္းငိုခ်င္သေလာက္ငိုလိုက္ပါကြာ မင္းဒီလိုငိုလိုက္မွ မင္းေနလို႔ေပါ့သြားမွာေပါ့

ကိုႀကီးရဲ႕သနားစရာေကာင္းတဲ့ကေလးေလးရာ ........

••••••••••••••••••••••••••••••••••••••••••••••••••

ေနာက္တစ္ေန႔မနက္အေစာပိုင္း၌ ႐ိႈင္းေဇယံကသူ၏အကိုျဖစ္သူအားျဖဴစင္ေသာ္တက္ေရာက္ကုသေနေသာေဆး႐ုံဆီသို႔လိုက္ပို႔ေပးရန္ပူဆာခဲ့သည္။ ႐ိႈင္းဆက္ယံလည္း ျငင္းမေနေတာ့ဘဲ သူ၏ညီေလးစိတ္ခ်မ္းသာလွ်င္ၿပီးေရာဟုမွတ္ယူကာ ေဆး႐ုံသို႔လိုက္ပို႔ေပးခဲ့ေလသည္။
ညီအကိုႏွစ္ေယာက္စလုံးေဆး႐ုံထဲသို႔အတူတူေလွ်ာက္လွမ္းဝင္လာရင္းႏွင့္
႐ိႈင္းဆက္ယံက ႐ိႈင္းေဇယံဘက္လွည့္လာကာဆိုသည္။

"ကိုေဇ .... စိုင္းသီဟဆီသြားၿပီးမႏႈတ္ဆက္နဲ႔ေတာ့ေနာ္...."

"ဘာလို႔လဲ ကိုႀကီး က်ေနာ္တို႔ ကိုစိုင္းကိုေတာ့ႏႈတ္ဆက္သင့္တယ္ထင္တယ္...မဟုတ္ရင္ သူစိတ္မေကာင္းျဖစ္ေနလိမ့္မယ္"

႐ိႈင္းေဇယံရဲ႕ထိုစကားၾကားေတာ့႐ိႈင္းဆက္ယံကအတန္ငယ္ေတြေဝသြားရင္းၿငိမ္သက္လို႔ေနေလသည္။

ဆက္ယံ မင္းထြက္သြားေတာ့မယ့္တစ္ေန႔က်ရင္ေလ ငါ့ကိုလာမႏႈတ္ဆက္ပါနဲ႔.........

တစ္စုံတစ္ေယာက္ရဲ႕ႏႈတ္ခမ္းဖ်ားတို႔ထက္ကထြက္က်ခဲ့ဖူးတဲ့စကားလုံးေတြ.........

လာမႏႈတ္ဆက္ပါနဲ႔တဲ့ ......

႐ိႈင္းဆက္ယံက႐ွည္လ်ားေကာ့ၫြတ္ေနတဲ့မ်က္ေတာင္ေလးေတြကိုမွိတ္ခ်လိုက္ရင္းဆက္ေျပာလာသည္။

"ႏႈတ္ဆက္မေနပါနဲ႔ေတာ့.....သူကကိုႀကီးကိုလာမႏႈတ္ဆက္ဖို႔မွာထားတယ္ ကိုႀကီးတို႔သူ႕ကိုဒီအတိုင္းဘာမွမေျပာဘဲသြားလည္း သူဘယ္လိုမွမေနပါဘူး...အကယ္၍သြားႏႈတ္ဆက္မွ သူ႕ကိုစိတ္မေကာင္းျဖစ္ေအာင္ပိုလုပ္ရာက်သြားလိမ့္မယ္ ...... "

"ဟုတ္ ကိုႀကီး"

ထို႔ေနာက္ညီအကိုႏွစ္ေယာက္စလုံး စႀကႍေဘးကအခန္းတစ္ခုထဲသို႔ဝင္သြားလိုက္ေတာ့သည္။

"ဘယ္လိုလဲ သွ်ား....မင္းဒီရက္ပိုင္းေနရတာအဆင္ေျပရဲ႕လား?"

ခုတင္ေဘး၌ၿငိမ္သက္စြာထိုင္ေနတဲ့ သွ်ားထက္ေမာင္က ႐ိႈင္းဆက္ယံရဲ႕အသံကိုၾကားလိုက္ရသည္ႏွင့္ ရယ္ေမာရင္းျပန္ေျဖလာသည္။

"ကိုဆက္ယံေရာက္လာတာလား? မေတြ႕တာေတာင္ၾကာၿပီေနာ္.....ဒါနဲ႔ ဧည့္သည္တစ္ေယာက္လဲပါလာတယ္ထင္တယ္ ? "

သွ်ားထက္ေမာင္ဆိုသူမွာအျမင္အာ႐ုံခ်ိဳ႕တဲ့ေသာ္လည္းအၾကားအာ႐ုံဘက္တြင္ေတာ့သာမန္လူေတြထက္အစြမ္းႏွစ္ဆပို႐ွိေလသည္။စဝင္လာတုန္းကေျခသံႏွစ္စုံကိုၾကားလိုက္ရတာေၾကာင့္ Dr. စိိဳင္းသီဟဟုထင္ခဲ့ပါေသာ္လည္း အႏွီသူရဲ႕ဝင္သက္႐ိႈက္သက္အသံတို႔မွာ ၾကားေနက်အသံႏွင့္ထပ္တူက်မေနတာမို႔ သူမသိတဲ့သူစိမ္းတစ္ေယာက္ျဖစ္မည္ဟုေကာက္ခ်က္ခ်ကာထိုသို႔ေမးလိုက္ျခင္းပင္။

"က်ေနာ္က႐ိႈင္းေဇယံပါ က်ေနာ္အကို႔အေၾကာင္းၾကားဖူးေနတာၾကာပါၿပီ ... "

"ေၾသာ္ ...ညီေလး႐ိႈင္းေဇယံလား အကိုလည္းညီေလးကိုေတြ႕ခ်င္ေနတာၾကာၿပီ ကိုဆက္ယံလိုလူမ်ိဳးကတအားသဲသဲလႈပ္ခ်စ္ရတဲ့တစ္ဦးတည္းေသာညီေလးဆိုေတာ့ အကိုလဲဆုံဖူးခ်င္ေနတာ..."

"အဟမ္း~~~"

႐ိႈင္းဆက္ယံကခ်က္ခ်င္းပင္ေခ်ာင္းဝင္ဟန္႔ေလသည္။ သွ်ားထက္ေမာင္ရဲ႕ထိုစကားတို႔က သူ႕အား သူ႕ညီေ႐ွ႕မွာမ်က္ႏွာပူေစတာေၾကာင့္ပင္။

"သွ်ား ငါမင္းနဲ႔စကားခနေျပာခ်င္တယ္ ... "

"ဟုတ္ကဲ့ ေကာင္းပါၿပီ"

သွ်ားထက္ေမာင္ကသူပြတ္သပ္ေပးေနေသာျဖဴစင္ေသာ္ရဲ႕လက္ကေလးအားေစာင္ေအာက္သို႔ထည့္ေပးလိုက္ရင္းႏူးညံ့စြာဆိုသည္။

"ျဖဴ ဒီမွာ ခနေနခဲ့ဦးေနာ္...."

ခုတင္ထက္တြင္လဲေလ်ာင္းေနတဲ့ျဖဴစင္ေသာ္က သွ်ားထက္ေမာင္စကားၾကားေတာ့ေမွးစက္ေနသည့္သူမရဲ႕မ်က္ဝန္းအိမ္ကေလးကိုဖြင့္လိုက္ကာ ခုတင္ေဘးတြင္မတ္တပ္ရပ္ေနတဲ့႐ိႈင္းေဇယံဆီသို႔သူမျဖည္းျဖည္းခ်င္းၾကည့္လာခဲ့သည္။
႐ိႈင္းေဇယံကိုျမင္တာနဲ႔ သူမက သွ်ားထက္ေမာင္ရဲ႕လက္ကေလးေတြကို အျမန္ပင္ျပန္ဆုပ္ကိုင္လာကာဟန္႔တားလာခဲ့သည္။

မသြားနဲ႔~~

"ဘာမွမျဖစ္ဘူးေနာ္ျဖဴ ကိုယ္ျပန္လာခဲ့မယ္.... "ဟုဆိုၿပီးေနာက္ သွ်ားထက္ေမာင္က႐ိႈင္းဆက္ယံကိုအားျပဳရင္းအခန္းထဲကေနထြက္သြားခဲ့ေလသည္။

"အမျဖဴစင္ေသာ္....."

႐ိႈင္းေဇယံေလးရဲ႕အသံၾကားေတာ့ ျဖဴစင္ေသာ္ရဲ႕မ်က္ဝန္းေတြကခ်က္ခ်င္းေစ့ပိတ္လို႔သြားခဲ့သည္။

ခုနကသွ်ားထိုင္ေနခဲ့ေသာ ခုံေလး၌႐ိႈင္းေဇယံကဝင္ထိုင္လိုက္ရင္း ေမးလိုက္ေလ၏။

"အမ က်ေနာ္႕ကိုမုန္းေနတုန္းပဲလား ?? "ဆိုၿပီး။

႐ိႈင္းရဲ႕အေမးကိုၾကားေသာ္လည္း ျဖဴစင္ေသာ္ရဲ႕မ်က္ဝန္းတို႔ကလႈပ္ခတ္မလာခဲ့ေပ။

"အမသိလား? က်ေနာ္အခုဒီေလာကႀကီးထဲကေနအၿပီးအပိုင္ထြက္သြားရႏိုင္တဲ့ ေရာဂါတစ္ခုကိုခံစားေနရတယ္......."ဆိုတဲ့အသံလိႈင္းေလးျဖတ္သြားတဲ့အခါမွာေတာ့ျဖဴစင္ေသာ္ရဲ႕ လက္ဖ်ားေလးေတြက ဆတ္ခနဲလႈပ္ခါသြားေတာ့သည္။

"က်ေနာ္႕ေဘးနားမွာအခု ကိုခန္႔လဲမ႐ွိေတာ့ဘူး။ အမေျပာတဲ့အတိုင္းသူကက်ေနာ္႕ကိုပစ္ခ်န္သြားခဲ့ၿပီဗ်။က်ေနာ္အခုအရမ္းအထီးက်န္ေနၿပီးေန႔ရက္တိုင္းငိုေႂကြးေနခဲ့ရတယ္။ က်ေနာ္ကေတာ့ သူ႕ေၾကာင့္နာနာက်င္က်င္နဲ႔ငိုေနရတုန္းျဖစ္ေပမယ့္ သူကေတာ့ အခု က်ေနာ္႕ကိုေမ့ေတာင့္ေမ့သြားေလာက္ၿပီေပါ့။"

"သူ႕အေတြးေတြထဲမွာ က်ေနာ္မ႐ွိေတာ့ဘူးထင္တယ္။ဒါေတြက အမရဲ႕အသည္းကိုခြဲခဲ့တဲ့အတြက္ ဘုရားသခင္ကက်ေနာ္႕ကိုျပစ္ဒဏ္ျပန္ေပးတာနဲ႔တူတယ္ေနာ္။
အမ က်ေနာ္႕ကိုခြင့္လႊတ္ေပးလိိဳ႕မရဘူးလားဟင္? အမဆီမွာတင္ေနတဲ့အျပစ္ေႂကြးေတြအကုန္မေၾကေသးဘူးဆိုရင္ေတာင္နဲနဲေလးေလာက္ျဖစ္ျဖစ္က်ေနာ္ေခ်သြားခဲ့ခ်င္ေသးတယ္......."

"ၿပီးေတာ့ က်ေနာ္ ဒီကေနအၿပီးအပိုင္ထြက္သြားေတာ့မယ္ ......
အမ က်ေနာ္႕ကိုထပ္မျမင္ေစရေတာ့ပါဘူး ဒီတစ္ခါ က်ေနာ္႕ကိုျမင္ရတာအမအတြက္ေနာက္ဆုံးအႀကိမ္ျဖစ္မွာပါ .... သူလည္းပဲ က်ေနာ္႕ကိုထပ္မျမင္ေစရေတာ့ပါဘူး ဒါေၾကာင့္မို႔က်ေနာ္႕ကို ခြင့္လႊတ္ေပးပါဗ်ာ......
အဲ့တာမွ တစ္ခ်ိန္က်က်ေနာ္အေသေျဖာင့္မွာမို႔လို႔ပါ..."

႐ိႈင္းကထိုသို႔ေျပာရင္းသူ၏ေခါင္းကိုခုတင္ေပၚသို႔ေမွာက္ခ်လိုက္ေလသည္။မ်က္ဝန္းထက္ကမ်က္ရည္ၾကည္ေလးေတြက ခုံေပၚ႐ွိသူ၏ဒူးေခါင္းေလးေပၚသို႔တစ္စက္ခ်င္းျဖင့္စီးက်စိုစြတ္သြားခဲ့သည္။

႐ိႈင္းရဲ႕ပင့္႐ိႈက္သံတို႔ကိုၾကားလိုက္ရတဲ့အခါ မွိတ္စက္ထားေသာမ်က္ခြံေလးေတြကိုသူမကအေပၚဘက္ဆီသို႔တျဖည္းျဖည္းပင့္တင္လိုက္ကာ သူမရဲ႕လက္ကေလးအား ငို႐ိႈက္ေနေသာေကာင္ေလးရဲ႕ဦးေခါင္းထက္ဆီသို႔ဦးတည္လိုက္သည္။

သူ၏ဦးေခါင္းထက္ဆီမွ ႏွစ္သက္ဖြယ္ေကာင္းလွေသာပြတ္သပ္မႈေလးကိုခံစားလိုက္ရစဥ္တြင္ မ်က္ရည္ၾကည္ေလးေတြက တမဟုတ္ခ်င္းတိတ္သြားခဲ့သည္။

႐ိႈင္းကခုတင္ေပၚသို႔ေမွာက္ခ်ထားေသာသူ၏ေခါင္းကိုျပန္ေထာင္လိုက္ကာ ျဖဴစင္ေသာ္ရဲ႕လက္ဖဝါးေလးအားတင္းၾကပ္စြာဆုပ္ကိုင္လိုက္ရင္းျပဳံး၍ေမးလာေလသည္။

"အမ က်ေနာ္႕ကိုခြင့္လႊတ္ၿပီလားဟင္??"

သူမက ႐ိႈင္းဆုပ္ကိုင္ထားတဲ့သူမရဲ႕လက္ကေလးကိုျပန္႐ုန္းလိုက္ၿပီးေနာက္
ေကာင္ေလးရဲ႕လက္ဖဝါးေလးေပၚ၌သူမေျပာျပခ်င္ေသာစကားလုံးေလးမ်ားအားျဖည္းညင္းစြာေရးျပလာေလသည္။

'မ.....သြား.....ပါ.....နဲ႔ ................... '

'ခြင့္........လႊတ္.......တယ္...........'

'သူ........ငို.......ေန.......မယ္'

ထိိဳစကားလုံးေတြကိုခံစားသိလိုက္ရေသာ္႐ိႈင္းေဇယံေလးရဲ႕မ်က္ဝန္းအိမ္ထဲက မ်က္ရည္ဥေလးေတြဟာေနာက္ဆုံးမထိန္းႏိုင္ေတာ့ဘဲ အ႐ွိန္အဟုန္ျဖင့္ၿပိဳက်လာခဲ့ေတာ့သည္။

ေဆး႐ုံအေ႐ွ႕ဘက္ျခမ္း႐ွိလူနာမ်ားအပန္းေျဖရာေနရာျဖစ္ေသာ စိမ္းစိုစို ျမက္ခင္းျပင္ႀကီးအျပည့္ဝန္းရံထားသည့္ပန္းျခံေလးဆီသို႔႐ိႈင္းဆက္ယံကသွ်ားအားေခၚလာခဲ့သည္။သစ္သားခုံတန္းလ်ားေလးတစ္ခုေပၚ၌ သွ်ားထက္ေမာင္အားခ်ေပးလိုက္ၿပီးေနာက္ သူကေတာ့မတ္တပ္ရပ္ေနေလသည္။

"အဲ့ကေလးေလး ေရာဂါအေျခအေနဘယ္လို႐ွိလဲ?"

႐ိႈင္းဆက္ယံကသက္ျပင္းတစ္ခုကိုခပ္ျပင္းျပင္းခ်ရင္းျပန္ေျဖလာသည္။

"ဆိုးတယ္.... "

"ဒါဆို Englandကိုျပန္ၾကေတာ့မလို႔လား?"

"အင္း"

ထို႔ေနာက္သွ်ားထက္ေမာင္ကတိတ္ဆိတ္သြားကာဘာမွထပ္မေမးလာေတာ့ေပ။

"သွ်ား....မင္း ငါတို႔နဲ႔ျပန္လိုက္ခဲ့ပါလား?"

႐ိႈင္းဆက္ယံစကားၾကားေတာ့ သွ်ားထက္ေမာင္က အလွဆုံးျပဳံးသည္။သူ၏အျပဳံးတို႔ကအတုအေယာင္အျပဳံးမ်ိဳးမဟုတ္ တကယ့္ကိုစစ္မွန္လွတဲ့အျပဳံးမ်ိဳးပင္။

"ကိုဆက္ယံ က်ေနာ္႕အေျဖကိုသိေနရဲ႕သားနဲ႔ ဘာလို႔ေမးရတာလဲဗ်ာ ..... "

"မင္းတကယ္ႀကီးဆုံးျဖတ္လိုက္ၿပီလား? ငါမင္းကိုျပန္ေခၚသြားခ်င္တယ္ မင္းကိုငါလက္မေလွ်ာ့ေစခ်င္ဘူး သွ်ား"

"က်ေနာ္ကလက္ေလွ်ာ့လိုက္တာမဟုတ္ပါဘူးဗ်ာ က်ေနာ္က ေ႐ြးခ်ယ္မႈတစ္ခုကိုျပဳလုပ္လိုက္တာပါ အဲ့ေ႐ြးခ်ယ္မႈက က်ေနာ္႕႐ွင္သန္ေရးထက္ပိုအဖိုးတန္တဲ့အရာတစ္ခုေပါ့...."

"မင္းမွာ အခ်ိန္မက်န္ေတာ့ဘူးဆိုတာ သူမ
သိသြားခဲ့ရင္ သူမအတြက္ စိတ္ဒဏ္ရာပိုျဖစ္လာမွာမေၾကာက္ဘူးလား? မင္းဒီမွာေနခဲ့မယ္ဆိုရင္ သူမေဘးမွာအခ်ိန္ခနဘဲမင္းေနရေတာ့မွာေနာ္ .....မင္းသူ႕ေဘးနားမွာအခ်ိန္အၾကာႀကီးထပ္႐ွိမေနခ်င္ဘူးလား?"

"႐ွိခ်င္တာေပါ့ဗ်ာ ဒါေပမယ့္ က်ေနာ္႕ကိုယ္က်ေနာ္သိေနခဲ့တယ္ သူမနဲ႔ေရျခားေျမျခားေဝးကြာေနတဲ့တစ္ေနရာမွာအထီးက်န္စြာ အ႐ိုးထုတ္ဖို႔အတြက္က်ေနာ္႕မွာသတၱိမ႐ွိဘူးဆိုတာကိုေလ အခ်ိန္ေတြအမ်ားႀကီးမက်န္ေတာ့ရင္ေတာင္ သူမေဘးမွာခနေလးဘဲျဖစ္ျဖစ္အေဖာ္ျပဳရင္းတိတ္တဆိတ္ထြက္သြားတာကမွ က်ေနာ္႕အတြက္အေကာင္းဆုံးအရာတစ္ခုပါ
ကိုဆက္ယံ........"

႐ိႈင္းဆက္ယံမွာ ေျပာစကားနားမေထာင္ဘဲေခါင္းမာေန႐ွာတဲ့ထိုေကာင္ေလးအား အရင္အခ်ိန္ေတြတုန္းကကဲ့သို႔ဆူေငါက္ကာေပါက္ကြဲပစ္လိုက္ခ်င္မိသည္။

သို႔ေပမယ့္ ထိုေကာင္ေလးကိုယ္တိုင္ဆုံးျဖတ္ခဲ့တဲ့ ေ႐ြးခ်ယ္မႈျဖစ္ေနတာမို႔...သူ႕အေနနဲ႔လည္း ဝင္စြက္ဖက္ပိုင္ခြင့္က႐ွိမေနဘူးေလ......

က်ေနာ္႕ခမ်ာထိုေကာင္ေလးအစားကုန္းေကာက္စရာမက်န္ေအာင္ေၾကကြဲဝမ္းနည္းေနရေပမယ့္လဲ သူကေပ်ာ္႐ႊင္စြာထြက္ခြာသြားဖို႔ ေ႐ြးခ်ယ္ၿပီးၿပီမို႔ ဒီဆုံးျဖတ္ခ်က္အေပၚ ေက်နပ္စြာလက္ခံေပး႐ုံမွအပ က်ေနာ္႕မွာလုပ္ေပးႏိုင္တာဘာတစ္ခုမွမ႐ွိေတာ့ေပ။

႐ိႈင္းဆက္ယံတစ္ေယာက္ သွ်ားအား အခန္းထဲသို႔ျပန္လိုက္ပို႔ေပးၿပီးတဲ့အခါ ညီျဖစ္သူက 'အမျဖဴစင္ေသာ္နားမွာခနေနခ်င္ေသးတယ္' ဟုဆိုလာတာေၾကာင့္ သူအခန္းျပင္သို႔ျပန္ထြက္လာကာ စႀကႍလမ္းေလးအတိုင္းေတြေငးေမာစြာျဖင့္ဦးတည္ရာမဲ့ေလွ်ာက္လွမ္းေနခဲ့မိသည္။

အခ်ိန္အနည္းငယ္ၾကာတဲ့အထိေလွ်ာက္လွမ္းေနခဲ့ၿပီးတဲ့ေနာက္မွာေတာ့ သူ၏ေျခလွမ္းတို႔က အခန္းတစ္ခုေ႐ွ႕၌႐ုတ္တရက္ရပ္တန္႔သြားခဲ့ေလသည္။

သူအခန္းတံခါးကိုေခါက္ဖို႔႐ြယ္လိုက္ေသာ္ သူ၏လက္ကေလထုထဲမွာတင္တန္႔သြားရတာေၾကာင့္ ထိုအခန္းေ႐ွ႕ကေနျပန္လွည့္ထြက္ဖို႔ႀကိဳးစားလိုက္ေသာ္လည္းေျခေထာက္ေတြကထိုေနရာ၌အဂၤေတကိုင္ထားသကဲ့သို႔ၿမဲျမံစြာရပ္ေနခဲ့ကာလႈပ္႐ွားမလာေတာ့ေပ။

သို႔ႏွင့္သူအခန္းတံခါးကိုေခါက္မေနေတာ့ပဲ တံခါး lockကိုသာဆြဲဖြင့္လိုက္တဲ့အခါကံေကာင္းေထာက္မစြာပင္ တံခါးကအတြင္းဘက္ဆီမွ lockခ်ထားျခင္းမ႐ွိခဲ့ေပ။

Lockမခ်ထားဘူးပဲ ... လူမ႐ွိဘူးနဲ႔တူတယ္

အခန္းထဲသို႔တိတ္တဆိတ္ဝင္ၾကည့္လိုက္စဥ္ဝယ္ အခန္းထဲ၌လူရိပ္မေတြ႕တာေၾကာင့္ ျပန္လွည့္ထြက္မည့္ဆဲဆဲတြင္
ခပ္ျပင္းျပင္းအသက္႐ွဴသံတို႔ကိုၾကားလိုက္ရတာမို႔ ေျခလွမ္းေတြကိုျပန္လွည့္လိုက္ကာ အသံလာရာသို႔သြားၾကည့္လိုက္သည္။

တကယ္ေတာ့ထိုအသက္႐ွဴသံတို႔က အခန္းထဲ႐ွိဆိုဖာေပၚမွထြက္လာျခင္းပင္။
စိုင္းသီဟက ဆိုဖာေပၚတြင္လဲေလ်ာင္းလ်က္အိပ္ေမာက်ေနကာ ဂ်ဴတီကုဒ္ေတာင္မခြၽတ္ထားေပ။ ေဘးနား႐ွိစားပြဲေပၚတြင္လည္းဖိုင္မ်ားကိုအပုံလိုက္ျဖန္႔ထားၿပီး ေကာ္ဖီခြက္အခြံမ်ားႏွင့္႐ႈပ္ပြလို႔ေနသည္။

ေလးေအးေပးစက္ကိုလည္းအျမင့္ဆုံးတင္ထားသည္မွာေရခဲတိုက္ႏွင့္ေတာင္အထင္မွားရေလသည္။ထို႔ေၾကာင့္ ႐ိႈင္းဆက္ယံကေလးေအးေပးစက္ကိုျပန္ေလွ်ာ့လိုက္ကာ ေအာက္တြင္ျပဳတ္က်ေနေသာ ခ်ည္ပုဝါတစ္ထည္အားေကာက္ယူလိုက္ၿပီးဆိုဖာေပၚကဗ႐ုတ္ေကာင္အားလႊမ္းျခဳံေပးလိုက္ေတာ့သည္။

ခ်ည္ပုဝါမွာ အလ်ား႐ွည္အနံတိုမို႔ သူ၏တစ္ကိုယ္လုံးကိုမဖုံးမိေသာ္လည္း ရင္ဘက္မွဒူးေခါင္းသို႔ေရာက္တဲ့အထိေတာ့ေကာင္းေကာင္းမြန္မြန္ဖုံးမိေလသည္။

လက္႐ွိအေနအထားကိုမွန္းဆရသေလာက္ စိုင္းသီဟမွာအခုရက္ပိုင္းအိမ္မျပန္ဘဲဂ်ဴတီေတြလွိမ့္ပိတ္ဝင္ထားသည့္ပုံပင္။႐ိႈင္းဆက္ယံတစ္ေယာက္သက္ျပင္းအ႐ွည္ႀကီးကိုတစ္ခါထပ္ခ်ရင္း စားပြဲေပၚကအမိႈက္ပုံႀကီးကိုအသံတိတ္႐ွင္းလင္းေပးခဲ့သည္။
အမိႈက္ပုံႀကီးကို႐ွင္းလင္းေပးၿပီးတဲ့အခ်ိန္ထိ စိုင္းကာလနဂါးမွာ တစ္စက္ကေလးမွ်မလႈပ္လာဘဲ အိပ္ေမာက်ေနဆဲေပ။

'မင္းမႏိုးလာတာပဲ ေကာင္းပါတယ္ေလ

မဟုတ္ရင္ ငါမင္းကိုဘာျပန္ေျပာရမွန္းသိမွာမဟုတ္ဘူး......'

႐ိႈင္းဆက္ယံကစားပြဲခုံကို႐ွင္းၿပီးတဲ့ေနာက္နာရီျပန္ၾကည့္လိုက္တဲ့အခါ မိနစ္ႏွစ္ဆယ္ေက်ာ္ေတာင္ၾကာသြားခဲ့ၿပီမို႔ သူ
ဒီအခန္းထဲကေနထြက္သြားရေတာ့မယ့္အခ်ိန္သို႔ေရာက္ေနေလၿပီ။

စိုင္းသီဟအိပ္စက္ေနတဲ့ ဆိုဖာေလးေဘးသို႔သူေျခေဖာ့ေလွ်ာက္သြားလိုက္ၿပီး
ဒူးေထာက္ထိုင္ခ်လိုက္တဲ့အခါ တစ္ေယာက္ေသာသူရဲ႕မ်က္ႏွာေလးတစ္သြယ္နဲ႔အလြန္နီးကပ္သြားရသည္။သူက စိုင္းသီဟရဲ႕ ေခ်ာေမာလြန္းလွတဲ့မ်က္ႏွာေလးအားအခ်ိန္အတန္ၾကာၿမဲၿမဲျမံျမံစိုက္ၾကည့္ေနခဲ့ၿပီးေနာက္ ကႀကီးပုံႏႈတ္ခမ္းေကြးတစ္စုံေပၚသို႔သူ၏ကိုယ္ကိုကိုင္းခ်လိုက္ပါေတာ့သည္။

" မင္းကို သိပ္ခ်စ္တယ္....စိုင္း......."

ခ်ိဳၿမိန္တဲ့အနမ္းတစ္ပြင့္အလြန္တြင္ စိုင္းသီဟတစ္ေယာက္လန္႔ႏိုးလာခဲ့သည္။သူအိမ္မက္ထဲမွႏိုးထလာခ်ိန္မွာေတာ့ အခန္းထဲ၌ဘယ္သူမွ႐ွိမေနေပ။သို႔ေပမယ့္ သူ၏ကိုယ္ေပၚသို႔ ေႏြးေထြးတဲ့ ခ်ည္ပုဝါတစ္ထည္ကေရာက္ေနခဲ့ၿပီးစားပြဲေပၚ၌႐ႈပ္ပြေနတဲ့အရာအားလုံးကလည္းသူႏိုးထလာတဲ့အခ်ိန္မွာေတာ့ အကုန္လုံးသပ္သပ္ရပ္ရပ္ျဖစ္ေနခဲ့ေခ်ၿပီ။

ဒါကအခန္းထဲကိုတစ္စုံတစ္ေယာက္ေရာက္လာခဲ့တဲ့သေဘာမွတ္လား ?

ခ်ိဳၿမိန္တဲ့အနမ္းတစ္ပြင့္က်ေရာက္လာခ်ိန္မွာ သူ႕ရဲ႕အသိအာ႐ုံထဲ၌စြဲထင္က်န္ရစ္ခဲ့တဲ့
Narcissus သင္းရနံ႔ေလး
တစ္ခု........

ထို႔ေနာက္ သူအခန္းအျပင္ဘက္ဆီသို႔လ်င္ျမန္စြာတဟုန္ထိုးေျပးထြက္လာခဲ့သည္။

ဆက္ယံ မင္းေရာက္လာခဲ့တာလား?

ေဆး႐ုံရဲ႕ ဆင္ဝင္ေ႐ွ႕သို႔ သူေရာက္တဲ့အခါတြင္ေတာ့ အညိဳေရာင္SUVကားေလးကေဆး႐ုံဝင္းထဲကေနထြက္ခြာသြားခဲ့ေလၿပီပင္။

တကယ္ႀကီး မင္းငါ့ကိုႏႈတ္မဆက္သြားဘူးေနာ္ ဆက္ယံ..... ငါအဲ့ေန႔က မင္းကိုေျပာခဲ့တာေတြက မင္းထြက္သြားမယ္ဆိုတာ ငါေနာက္တစ္ခါသိခဲ့ရင္ ငါမင္းကိုထပ္မလႊတ္ႏိုင္ေတာ့မွာစိုးလို႔ ဟန္ေဆာင္ၿပီးေျပာခဲ့တာပါကြာ !

ဒါကိုမင္းကမွတ္ထားၿပီးအသဲမာျပသြားတယ္လား.....

အသဲမာလြန္းတဲ့တစ္စုံတစ္ေယာက္မွာမူေဆး႐ုံေ႐ွ႕၌မတ္တပ္ရပ္ေန႐ွာတဲ့အျဖဴေရာင္ပုံရိပ္ေလးအားကားေနာက္ၾကည့္မွန္ကေနတစ္ဆင့္ ရင္နစ္စြာျဖင့္ေငးစိုက္ၾကည့္ေနခဲ့ေခ်သည္။

••••••••••••••••••••••••••••••••••••••••••••••••••

ေဆး႐ုံႀကီး၌သတိေမ့ေျမာေနေသာမင္းခန္႔ထည္ဟာ ငါးရက္အၾကာမွာသတိျပန္ရလာခဲ့သည္။သူသတိျပန္ရလာလာခ်င္းပင္ သူပထမဆုံး႐ွာေနခဲ့တဲ့သူက ႐ိႈင္းေဇယံသာျဖစ္ေနခဲ့သည္။

လင္းထြဋ္ႏွင့္ပိုင္စစ္တို႔ႏွစ္ေယာက္စလုံးက ထိုနာမည္ကိုၾကားတာနဲ႔မ်က္ႏွာေတြကပ်က္ယြင္းသြားၾကကာ အေၾကာင္းတစ္စုံတစ္ရာအားသိထားၾကေပမယ့္လည္းသူတို႔မင္းခန္႔ထည္ဆီသို႔ဘာမွ်မေျပာရဲၾကေပ။
အေၾကာင္းမူကားသူတို႔၏သခင္ေလးမွာအခုမွနလန္ျပန္ထူခါစမို႔ သူတို႔အစစအရာရာကိုသတိထားေနရမည့္အေနအထားျဖစ္ေနတာေၾကာင့္ပင္။

သားျဖစ္သူကသတိျပန္ရလာၿပီဆိုတဲ့အေၾကာင္းၾကားတာႏွင့္ ေဒၚဝင့္ဝါထည္ႏွင့္ဦးမင္းထက္ေခါင္တို႔မွာ မင္းခန္႔ထည္ေဘးနားကေနတစ္ဖဝါးမွမခြာေတာ့တာေၾကာင့္ငရဲတြင္းႀကီးမွ သူတို႔ႏွစ္ေယာက္စလုံးေခတၱခနလြတ္ေနေသးေလသည္။

လင္းထြဋ္ႏွင့္ပိုင္စစ္တို႔ႏွစ္ေယာက္မွာအခန္းထဲမွျပန္ထြက္လာၿပီးေနာက္ သက္ျပင္းတစ္ေယာက္တစ္လွည့္ခ်ရင္း
စိတ္ညစ္စြာေရ႐ြတ္လာခဲ့ၾကသည္။

"ဘယ္လိုလုပ္မလဲ အထြဋ္ရ ဒီအေၾကာင္းသခင္ေလးသာသိသြားရင္!"

"ငါလဲမစဥ္းစားတတ္ေတာ့ဘူး"

"ေအးငါစဥ္းစားထားတာတစ္ခုေတာ့႐ွိတယ္နားေထာင္မလား?
သခင္ေလးသာသိသြားခဲ့ရင္ ငါတို႔ႏွစ္ေယာက္စလုံးေျမေပၚအေမွာက္သိပ္ပဲဆိုတာေလ..... "

ထို႔ေၾကာင့္လင္းထြဋ္ႏွင့္ပိုင္စစ္တို႔ႏွစ္ေယာက္စလုံးမွာ သူတို႔၏သခင္ေလးေ႐ွ႕သို႔သိပ္မသြားရဲၾကေပ။ သခင္ေလးျဖစ္သူကသူတို႔ကိုေတြ႕လွ်င္ သခင္ေလး ႐ိႈင္းေဇယံအေၾကာင္းေမးမည္စိုး၍ႏွစ္ေယာက္သားေ႐ွာင္ေ႐ွာင္ထြက္ေနၾကသည့္အႀကိမ္ေပါင္းလည္းမနဲေတာ့ေပ။

အခုတစ္ခါလည္း သူေမးမည္ဟုအစျပဳလိုက္တိုင္းေ႐ွာင္ထြက္ဖို႔ႀကိဳးစားေနၾကျပန္တဲ့တပည့္ေက်ာ္ႏွစ္ေယာက္ေၾကာင့္ မင္းခန္႔ထည္မွာသိပ္အလိုမက်ေတာ့ဘဲေဒါသထြက္လာေတာ့ေလသည္။

"ဟိုႏွစ္ေကာင္ ျပန္ဝင္လာခဲ့စမ္း!"

အခန္းထဲမွမသိမသာေ႐ွာင္ထြက္သြားတဲ့အေၾကာက္ႀကီးႏွစ္ေကာင္မွာထိုအသံၾကားၾကားခ်င္းပင္ ခ်က္ခ်င္းျပန္လွည့္ဝင္လာၾကကာပိုင္စစ္ကအထစ္ထစ္ အ,အအႏွင့္ေမးလာခဲ့သည္။

"သ..ခင္ေလး ဘာခိုင္းစရာ႐ွိလို႔လဲ ? "

ႏွစ္ေယာက္စလုံးကမင္းခန္႔ထည္ေ႐ွ႕မွာရပ္သာရပ္ေနၾကေပမယ့္ သခင္ေလးျဖစ္သူရဲ႕မ်က္ႏွာကိုေတာ့ေမာ့မၾကည့္ရဲၾကေပ။ သူတို႔တစ္ကိုယ္လုံး၌လည္းေခြၽးေအးေတြကစိမ့္ထြက္ေနၾကၿပီးၾကက္သီးေတြကတျဖန္းျဖန္းထေနခဲ့သည္။

"မင္းတို႔ကိုၾကည့္ရတာ တစ္ခုခုမွားေနသလိုပဲ။ငါ့ကိုဖုံးကြယ္ထားတာ ႐ွိလား?"

သူကသာထိုသို႔ေမးလိုက္ေသာ္လည္းမ်က္စိေ႐ွ႕ကထိုႏွစ္ေကာင္မွာစကားမေျပာတတ္တဲ့႐ုပ္ထုႀကီးေတြကဲ့သို႔အသံေပ်ာက္ေနတာေၾကာင့္ မင္းခန္႔ထည္ရဲ႕မ်က္လုံးေတြကတျဖည္းျဖည္းမီးေတာက္လာရေတာ့သည္။
ထို႔ေၾကာင့္သူစိတ္မ႐ွည္ေတာ့ပဲ အသံေတြပါတင္းမာလာရေလ၏။

"ငါေမးေနတယ္ေလ! မင္းတို႔ငါ့အေၾကာင္းသိတယ္မွတ္လား !"

သူတို႔ႏွစ္ေယာက္ကိုလြင့္ထြက္သြားလုမတတ္ ဟိန္းေဟာက္လာတဲ့အသံေၾကာင့္ ေနာက္ဆုံး၌ႏွစ္ေယာက္စလုံး၏ေျခေထာက္ေတြဟာမခိုင္ေတာ့ပဲ မင္းခန္႔ထည္ေ႐ွ႕သို႔ တိုက္ထားစရာမလိုေအာင္ပင္တစ္ၿပိဳင္နက္တည္းဒူးေထာက္က်သြားခဲ့သည္။

"သခင္ေလး က်ေနာ္တို႔ေတာင္းပန္ပါတယ္ က်ေနာ္တို႔ကိုအျပစ္ေပးပါ"

"....."

မင္းခန္႔ထည္ခမ်ာ ငိုသံေတြနဲ႔႐ုတ္တရက္ႀကီးေတာင္းပန္လာၾကတဲ့ထိုႏွစ္ေယာက္ကိုၾကည့္ရင္းအမွန္တကယ္ပင္ ဘာေျပာရမွန္းမသိေအာင္ေၾကာင္အသြားရေလသည္။

ေနာက္ေတာ့ပိုင္စစ္ကအက်ိဳးအေၾကာင္းေသခ်ာ႐ွင္းျပလာေလ၏။

"သခင္ေလးေဆး႐ုံတက္တဲ့အၾကာင္းၾကားတုန္းက က်ေနာ္ ရန္ကုန္ကေနအေလာတႀကီးျပန္ဆင္းလာခဲ့မိပါတယ္ ....အဲ့တာေၾကာင့္သခင္ေလးေပးထားတဲ့ တာဝန္ကိုက်ေနာ္မေက်ပြန္ႏိုင္ခဲ့ပါဘူး"

"က်ေနာ္နဲ႔လင္းထြဋ္ မေန႔ကရန္ကုန္ျပန္ၿပီး သခင္ေလး႐ိႈင္းေဇယံကိုသြား႐ွာေတာ့ အဲ့ကြန္ဒိုမွာ သခင္ေလး႐ိႈင္းေဇယံကမ႐ွိေတာ့ဘူးတဲ့! အဲ့တာနဲ႔က်ေနာ္တို႔မယုံလို႔အိမ္ထဲဝင္႐ွာၾကည့္ေတာ့ေျပာင္႐ွင္းေနတဲ့အခန္းတစ္ခုရဲ႕စားပြဲခုံပုေလးေပၚမွာဒီနာရီေလးကိုေတြ႕ခဲ့ပါတယ္ "

ပိုင္စစ္ကေျပာေျပာဆိုဆိုနဲ႔ေငြျဖဴနာရီေလးကိုထုတ္ျပလိုက္တဲ့အခါမင္းခန္႔ထည္ကခဲေသေနတဲ့မ်က္ႏွာအမူအရာနဲ႔အတူသူ၏လက္ဖဝါးအားပိုင္စစ္ေ႐ွ႕သို႔ျဖန္႔လာခဲ့သည္။
ခ်က္ခ်င္းဆိုသလိုသူ၏လက္ဖဝါးထဲကိုေရာက္႐ွိလာခဲ့တဲ့နာရီေလးကိုၾကည့္ရင္းလက္ငါးေခ်ာင္းနဲ႔တင္းတင္းဆုပ္ထားလိုက္ေခ်၏။

"က်ေနာ္တို႔ တစ္ႏိုင္ငံလုံးကိုေျမလွန္႐ွာခဲ့ေပမယ့္သူတို႔ညီအကိုႏွစ္ေယာက္စလုံးကဒီႏိုင္ငံထဲမွာမ႐ွိၾကေတာ့ပါဘူး....အဲ့တာနဲ႔.က်ေနာ္တို႔ေလဆိပ္ေတြမွာထပ္ၿပီးစုံစမ္းၾကည့္ေတာ့
သူတို႔ႏွစ္ေယာက္စလုံးကလြန္ခဲ့တဲ့ႏွစ္ရက္ကပဲ ျပည္ပကိုထြက္ခြာသြားၾကၿပီတဲ့ !! "

ဝုန္း!!!!!!

ခုတင္ေပၚတြင္ထိုင္ေနတဲ့မင္းခန္႔ထည္ဟာ ႐ုတ္ခ်ည္းခုန္ခ်လိုက္ကာ သူတို႔ႏွစ္ေယာက္အနားကေနေလတစ္ခ်က္ေဝ့သြားေသာအလ်င္ႏႈန္းႏွင့္အခန္းအျပင္သို႔ဒုန္းဆိုင္းေျပးထြက္သြားေတာ့သည္။

"သခင္ေလး!"

လင္းထြဋ္ႏွင့္ပိုင္စစ္တို႔ႏွစ္ေယာက္မွာ
လည္းမင္းခန္႔ထည္ေနာက္သို႔အေျပးေျပးလိုက္ၾကေတာ့ေလသည္။

ေရတေခါင္းဘူးေလးကိုင္ၿပီးျပန္လာတဲ့ေဒၚဝင့္ဝါထည္မွာအခန္းထဲကေနေျပးထြက္သြားတဲ့ထိုႏွစ္ေယာက္ကိုၾကည့္ၿပီးအလန္႔တၾကားျဖစ္သြားရေလ၏။

"ဘာျဖစ္ၾကတာလဲ ? "

သူမအခန္းထဲကိုဝင္ၾကည့္လိုက္ေတာ့အခန္းထဲမွာေခြးတစ္ေကာင္ေၾကာင္တၿမႇီးမွ႐ွိမေနေတာ့ပဲ သူမသားျဖစ္သူဆြဲျဖဳတ္ထားတဲ့ေဆးပိုက္တမ္းလန္းသာအခန္းထဲမွာက်န္ရစ္ေနခဲ့တာကိုျမင္ေတာ့ သူမရဲ႕ Bodyguardမ်ားကိုဟစ္ေအာ္ရေတာ့ေခ်၏။

"လာၾကစမ္း !
နင္တို႔သခင္ေလးေျပးထြက္သြားၿပီ
အခုခ်က္ခ်င္းသြားျပန္ေခၚလာခဲ့ၾက!"

သို႔ေနာက္ေဆး႐ုံတစ္႐ုံလုံးအုက္အုက္က်က္က်က္ျဖစ္သြားကာ မင္းခန္႔ထည္ကိုလိုက္ဖမ္းတဲ့ bodyguardအုပ္စုေတြႏွင့္႐ႈပ္ယွက္ခတ္သြားရေပသည္။

"သခင္ေလး!!!"

အေနာက္ကေနအရင္ေျပးလိုက္သြားတဲ့လင္းထြဋ္တို႔လည္း မင္းခန္႔ထည္ႏွင့္မ်က္ျခည္ပ်က္သြားကာ ေဆး႐ုံထဲမွာတင္လမ္းစေပ်ာက္သြားေတာ့ေလ၏။

ေဆး႐ုံႀကီးမွာအလႊာေလးလႊာ႐ွိၿပီး အထူးၾကပ္မတ္ကုသေဆာင္ကအေပၚဆုံးထပ္တြင္တည္႐ွိေလသည္။

သူ႕ကိုလိုက္႐ွာေနတဲ့လူေတြၾကားကေနမင္းခန္႔ထည္ကအေပၚဆုံးထပ္မွေျမညီထပ္သို႔ အေရးေပၚေလွကားဘက္ျခမ္းကေနေျပးဆင္းသြားခဲ့တာေၾကာင့္ သူ႕အားဘယ္သူမွမျမင္လိုက္ျခင္းေပ။

လင္းထြဋ္နဲ႔ပိုင္စစ္မွာလည္းေျပးလႊားရင္းေဒါင္းေတာက္ေနရ႐ွာသည္။

"မင္းေအာက္ကိုဆင္းသြား ငါအေပၚဆုံးထပ္ကိုတက္႐ွာၾကည့္လိုက္ဦးမယ္ "

"Ok "

မင္းခန္႔ထည္မွာသူ၏ခြဲစိတ္ဒဏ္ရာကိုေတာင္မမႈႏိုင္ေတာ့ဘဲ အတင္းအားကုန္႐ုံးကာေျပးလႊားေနတာေၾကာင္္႕သူ၏ဒဏ္ရာမွာပြင့္သြားခဲ့ၿပီးစည္းပတ္ထားတဲ့ပတ္တီးစ၌ေသြးကြက္မ်ားပင္ဆို႔လာရသည္။

ညီ .....႐ိႈင္းေလး.....မျဖစ္ႏိုင္ဘူး ......

ဒါအိမ္မက္ပဲျဖစ္ရမယ္ အမွန္တကယ္မျဖစ္ႏိုင္ဘူး.....

ညီကငါ့ကိုတစ္ေယာက္တည္းထားခဲ့ၿပီးဘယ္ေတာ့မွထြက္သြားမွာမဟုတ္ဘူး....

ဟုတ္တယ္မွတ္လား? ကေလး ကိုယ္ေျပာတာမွန္တယ္မွတ္လား ?

မင္း႐ွိတဲ့ေနရာဆီ ကိုယ္ ေရာက္ေအာင္လာခဲ့မယ္

ကို႔ကိုေစာင့္ေန~~~~~~~

အေရးေပၚေလွကားရဲ႕ေအာက္ဆုံးထပ္ကေနေျမညီထပ္သို႔ထြက္လာၿပီးေနာက္ ေဆး႐ုံရဲ႕ဝင္ေပါက္နားေရာက္တဲ့အခါ လင္းထြဋ္ႏွင့္မ်က္ႏွာခ်င္းဆိုင္ပက္ပင္းတိုးေတာ့ေလသည္။

"သခင္ေလး! စိတ္ေအးေအးထားပါ...."

"ဖယ္!"

"သခင္ေလးအခုဘယ္သြားမွာလဲ? အခုသြားလဲမမွီေတာ့ဘူးေလ "

"ဖယ္လို႔ငါေျပာေနတယ္ ! "

မင္းခန္႔ထည္ရဲ႕ေအာ္ဟစ္ၾကဳံးဝါးသံကေဆး႐ုံႀကီးတစ္႐ုံလုံးသို႔ က်ယ္ေလာင္စြာပ်ံ႕ႏွံ႔သြားခဲ့တာေၾကာင့္ ဆရာဝန္မ်ားႏွင့္လူနာမ်ားကပါကြက္ၾကည့္ကြက္ၾကည့္လုပ္လာၾကေလသည္။ ထိုအသံၾကားေတာ့ ပိုင္စစ္ႏွင့္ေဒၚဝင့္ဝါထည္ရဲ႕ bodyguardေတြကလည္းသူတို႔႐ွိရာေနရာသို႔ခ်က္ခ်င္းပင္စုျပဳံေရာက္႐ွိလာၾကသည္။

"သခင္ေလး ... ေက်းဇူးျပဳၿပီး သတိထားပါဦး"

မင္းခန္႔ထည္ရဲ႕ေက်ာခိုင္းထားတဲ့ေနရာ၌႐ွိေနတဲ့ ပိုင္စစ္ကလည္းထိုသို႔ဆိုလာေလသည္။

သို႔ေသာ္မင္းခန္႔ထည္ရဲ႕အသိစိတ္ထဲမွာ႐ိႈင္းေဇယံသာ႐ွိေနခဲ့ၿပီးသူတို႔ဘယ္ေလာက္ပဲစကားဆိုဆို ထိုစကားလုံးေတြက ကာယကံ႐ွင္ရဲ႕နားထဲမဝင္ေရာက္ႏိုင္ေတာ့ေပ။

မင္းခန္႔ထည္ကလင္းထြဋ္ကိုတြန္းဖယ္လိုက္ရင္း ေဆး႐ုံထဲကေနမရမကထြက္ဖို႔လုပ္ေနတာေၾကာင့္လင္းထြဋ္က မင္းခန္႔ထည္ရဲ႕လက္ေတြကိုခ်ဳပ္ပစ္ဖို႔ႀကိဳးစားေသာ္လည္းသူခ်ဳပ္ထား၍မရေပ။

သူတို႔၏သခင္ေလးဆိုသူမွာ သူတို႔ႏွစ္ေယာက္စလုံးကိုကိုယ္ခံပညာမ်ားသင္ၾကားေပးခဲ့တဲ့ဆရာတစ္ဆူလည္းျဖစ္ခဲ့တာေၾကာင့္လင္းထြဋ္တစ္ေယာက္တည္းနဲ႔မင္းခန္႔ထည္ကိုထိန္းခ်ဳပ္ဖို႔ဆိုတာအလြန္ခဲယဥ္းလွ၏။

ေဒါသႀကီးတဲ့မင္းခန္႔ထည္ဟာအခုခ်ိန္၌လုံးဝသတိလက္လြတ္ျဖစ္ေန၍ေသြး႐ူးေသြးတန္းျဖစ္ေနခဲ့တာေၾကာင့္သူ႕လမ္းကိုတားသမွ်လူေတြအားလုံးကိုအမဲဖ်က္ပစ္ဖို႔အသင့္ျဖစ္ေနကာလင္းထြဋ္ကိုလည္းမမွတ္မိေတာ့ေပ။

သူကလင္းထြဋ္အား ခါးကေနဆြဲကိုင္ကာေျမျပင္ေပၚသို႔အၾကမ္းပတမ္းပစ္ခ်လိုက္တဲ့အခါ လက္ထဲကနာရီေလးကလြတ္က်သြား၍မာေၾကာတဲ့ေျမျပင္နဲ႔အ႐ွိန္ျပင္းျပင္းထိေတြ႕သြားၿပီးေနာက္ခုန္ထြက္သြားကာအျပင္ဘက္သို႔လြင့္စင္ထြက္သြားခဲ့သည္။

လင္းထြဋ္ကလည္းထိုအခ်ိန္ႏွင့္တစ္ဆက္တည္းပင္အေနာက္နား႐ွိပိုင္စစ္ကိုအခ်က္ျပလိုက္တာေၾကာင့္ပိုင္စစ္က ေဆးထိုးအပ္တစ္ေခ်ာင္းကိုဆြဲကိုင္လ်က္ေ႐ွ႕သို႔ခပ္ျဖည္းျဖည္းတိုးလာခဲ့သည္။

အေနာက္ဘက္ကိုသတိမထားမိခဲ့တဲ့မင္းခန္႔ထည္က လင္းထြဋ္ကိုေျမျပင္ေပၚသို႔အေမွာက္သိပ္လိုက္ကာေဆး႐ုံထဲကေနထြက္သြားမည္အလုပ္တြင္ သူ၏လည္ပင္းဂုတ္ေနရာကေနစူးခနဲတစ္ခ်က္ခံစားလိုက္ရၿပီးေနာက္ သူထိုေနရာ၌တင္ ေခါက္ခနဲလဲက်သြားခဲ့ေလသည္။

ဒိုင္ခြက္အျပာေရာင္နဲ႔ေငြျဖဴနာရီေလးကေတာ့သူနဲ႔အေဝးဆုံးတစ္ေနရာသို႔ထြက္ခြာရပ္တန္႔သြားခဲ့ေလလ်က္။

ခဲယဥ္းလိုက္တာ ညီရယ္ .....

ကိုယ္မင္းဆီေရာက္လာဖို႔က ေဝးကြာခဲယဥ္းလြန္းတယ္ကြာ.........

ေဆး႐ုံ၌ရက္အနည္းငယ္အၾကာေနခဲ့ၿပီးေနာက္မင္းခန္႔ထည္မွာ ငူငူငိုင္ငိုင္ျဖစ္ေနခဲ့ကာ အသိစိတ္တို႔ကင္းလြတ္ေနခဲ့သည္။ ပိုင္စစ္ထိုးခဲ့တဲ့ေမ့ေဆးအ႐ွိန္ကေနသတိျပန္ရလာၿပီးေနာက္ပိုင္း နာမည္တစ္ခုကိုသာထပ္တလဲလဲေရ႐ြတ္ေနခဲ့ကာ သူ၏အေဖနဲ႔အေမကိုပါ စကားျပန္မေျပာေတာ့ေပ။

သူ၏အသိစိတ္ထဲ၌ေနရာတစ္ခုကအလြတ္ႀကီးျဖစ္ေနၿပီးေနာက္ ထိုအေျခအေနမွ သူ႐ုံးထြက္ဖို႔ရာလမ္းစေပ်ာက္ေနခဲ့သည္။ မင္းခန္႔ထည္မွာ ေ႐ႊစံအိမ္သိိဳ႕ျပန္ေရာက္လာခဲ့ေသာ္လည္း သူ၏စံအိမ္ကိုလဲသူမမွတ္မိေတာ့ေပ။

သူဟာ၁၀ရက္နီးပါးမစားမေသာက္ပဲ သူ၏ကိုယ္ပိုင္အခန္းထဲ၌သာ ေလာ့ခ်လ်က္ေနေနခဲ့ၿပီးအခန္းထဲကေနလုံးဝထြက္မလာေတာ့တာမို႔လင္းထြဋ္နဲ႔ပိုင္စစ္ကအခန္းတံခါးကို႐ိုက္ခ်ိဳးကာအခန္းထဲသို႔ဝင္ၾကည့္လိုက္တဲ့အခါ ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္သူတို႔ႏွစ္ေယာက္စလုံးဆို႔နင္သြားရသည္။

အခန္းတစ္ခန္းလုံးရဲ႕ေလးဖက္ေလးတန္နံရံေတြမွာ ႐ိႈင္းေဇယံရဲ႕ဓာတ္ပုံေတြနဲ႔ျပည့္ႏွက္လို႔ေနခဲ့ၿပီး ၾကမ္းျပင္တြင္လည္း ပုံတူဆြဲထားေသာစကၠဴေတြကေျခခ်စရာေနရာမ႐ွိေအာင္ျပန္႔က်ဲေန႐ွာေလသည္။

ထို႔အျပင္မင္းခန္႔ထည္ရဲ႕ကိုယ္ပိုင္အခန္းထဲ၌ဓာတ္ပုံဖလင္ခန္းတစ္ခုလဲပါ႐ွိတာေၾကာင့္ မင္းခန္႔ထည္ဟာ  Cameraထဲမွ႐ိႈင္းေဇယံေလးရဲ႕ဓာတ္ပုံေတြကိုကိုယ္တိုင္ထုတ္ေနခဲ့တဲ့အတြက္ဒီ၁၀ရက္တာအေတာအတြင္းအခန္းထဲမွထြက္မလာခဲ့ျခင္းေပ။

လင္းထြဋ္ႏွင့္ပိုင္စစ္မွာသူတို႔သခင္ေလး၏ပုံစံကိုၾကည့္ရင္းရင္ကြဲမတတ္ဝမ္းနည္းေနခဲ့ရသည္။သားျဖစ္သူ၏ဤအျဖစ္အားရပ္မၾကည့္ႏိုင္ေတာ့တဲ့ ဦးမင္းထက္ေခါင္နဲ႔ေဒၚဝင့္ဝါထည္တို႔သည္လည္း မင္းခန္႔ထည္ကိုစိတ္ေရာဂါအထူးကုႏွင့္ေဆြးေႏြးကုသဖို႔စီစဥ္ခဲ့ၾကသည္။

စိတ္ေရာဂါအထူးကုဆရာဝန္ႀကီးကသခင္ေလးမင္းခန္႔ထည္ကိုအိမ္ေမြ႕ခ်ကုထုံးျဖင့္ကုသခဲ့သည့္အခါတိုင္းအေျဖဟာမေျပာင္းမလဲ အၿမဲတစ္ခုထဲသာ႐ွိခဲ့သည္။

'႐ိႈင္းေဇယံ' တဲ့ေလ......

ဦးမင္းထက္ေခါင္ႏွင့္ေဒၚဝင့္ဝါထည္တို႔ဟာထိုနာမည္ၾကားၿပီးသည္ႏွင့္ ႐ိႈင္းေဇယံဆိုတဲ့ေကာင္ေလးတစ္ေယာက္ကမိမိတို႔၏သားျဖစ္သူနဲ႔ဘယ္လိုမ်ားပက္သတ္ဆက္ႏြယ္ေနခဲ့လဲဆိုတာကို လင္းထြဋ္႐ွိန္ႏွင့္ပိုင္စစ္ေသြးတို႔ႏွစ္ေယာက္အားေမးျမန္းတီးေခါက္ၾကည့္လိုက္ေလေသာ္ ကံၾကမၼာအရေဝးကြာသြားခဲ့ရတဲ့အခ်စ္ဇာတ္လမ္းေလးတစ္ပုဒ္အေၾကာင္းျပန္ေျပာင္းေျပာျပလာခဲ့တဲ့အခါ အေၾကာင္းစုံကိုသူတို႔သိ႐ွိသြားခဲ့ၾကသည္။

ထိုအျဖစ္တို႔ကိုသိ႐ွိသြားၿပီးေနာက္ ဦးမင္းထက္ေခါင္ဟာ သားျဖစ္သူ၏ႏွလုံးေသြးနဲ႔အစပ်ိဳးခဲ့ပါေသာ Glioma projetကိုေအာင္ေအာင္ျမင္ျမင္ႏွင့္ဆက္လက္အေကာင္အထည္ေဖာ္ေပးခဲ့ကာႏိုင္ငံေရးေလာကထဲမွအၿပီးအပိုင္ႏႈတ္ထြက္လိုက္ၿပီး MK gpရဲ႕ CEOေနရာကိုတရားဝင္ျပန္ယူခဲ့သည္။

Htaewahနဲ႔ေစ့စပ္ေၾကာင္းလမ္းခဲ့သည့္ကိစၥကိုလည္း MKဘက္မွစတင္ဖ်က္သိမ္းလိုက္ကာHtaewahဘက္မွနစ္နာေၾကးအျဖစ္ေတာင္းေသာBillonသန္း၂၀ကိုမဆိုင္းမတြေပးအပ္ခဲ့ေခ်သည္။

ေစ့စပ္ပြဲဖ်က္သိမ္းခံရတဲ့သတင္းေၾကာင့္ Htaewah groupမွာေဒဝါလီခံရလုနီးပါးျဖစ္သြားတဲ့အခိုက္ ဦးမင္းထက္ေခါင္ေပးအပ္သည့္Billionသန္း၂၀ႏွင့္နန္းယမုံ၏ဖခင္ျဖစ္သူဦးမင္းယံဟာသူတို႔၏မိသားစုပိုင္လုပ္ငန္းေတြကိုအေႂကြးႏြံထဲမွျပန္ဆယ္ႏိုင္ခဲ့သည္။

နန္းယမုံကေတာ့ MKနဲ႔Htaewahတို႔ရဲ႕ေပါင္းကူးတံတားပ်က္သုဥ္းသြားၿပီးေနာက္ အေမရိကသို႔ပညာေတာ္သင္ေစလႊတ္ခံခဲ့ရၿပီး ႏိႈင္းရတုမင္းကမူ Hong Kongသို႔ျပန္သြားခဲ့ကာသတင္းအစအနမရေတာ့ေအာင္ေပ်ာက္ဆုံးသြားခဲ့ေလသည္။

မင္းခန္႔ထည္အေၾကာင္းသတင္းၾကားၿပီးတဲ့ေနာက္ဟန္လင္းထက္ႏွင့္ျမတ္မင္းစက္တို႔ဟာေ႐ႊစံအိမ္သို႔တစ္ပတ္တစ္ခါလာေရာက္ခဲ့ၿပီးမင္းခန္႔ထည္အားအေဖာ္ျပဳေပးခဲ့ပါေသာ္လည္း မင္းခန္႔ထည္မွာသူတို႔ႏွစ္ေယာက္အား လုံးဝမမွတ္မိလာခဲ့ေပ။  သူတို႔ႏွစ္ေယာက္ႏွင့္စကားေျပာတဲ့အခါတြင္လည္း မင္းခန္႔ထည္ကသူတို႔ရဲ႕လက္ထဲသို႔႐ိႈင္းေဇယံရဲ႕ဓာတ္ပုံတစ္ပုံကိုသာ အၿမဲတမ္းကမ္းေပးတတ္ေလ့႐ွိၿပီးထိုသို႔သာအၿမဲမျပတ္ေမးျမန္းေနခဲ့ေလသည္။

"သူ႕ကိုေတြ႕မိေသးလား ေတြ႕မိရင္ငါ့ကိုေျပာပါ" တဲ့ေလ.......

မင္းစက္မွာထိုစကားေတြၾကားတိုင္းမေအာင့္အီးႏိုင္ဘဲ ငိုခ်မိခဲ့တဲ့အႀကိမ္ေပါင္းလဲမနည္းေတာ့ေပ။ဟန္လင္းထက္မွာမင္းစက္အားထိန္းကိုင္ေပးထားရင္း သူကိုယ္တိုင္လည္းစိတ္မေကာင္းျဖစ္ခဲ့ရသည္။

"သားႀကီးရာ .....မင္းကြာ ..... "

ဒီလိုနဲ႔ ရက္လႏွစ္ေတြ၊ရာသီေတြကသာ
တစ္ရာသီၿပီးတစ္ရာသီ ၊တစ္ရက္ၿပီးတစ္ရက္ကူးေျပာင္းလာခဲ့ေပမယ့္လည္း ႐ိႈင္းေဇယံအတြက္ျဖစ္တည္ေနတဲ့မင္းခန္႔ထည္ရဲ႕ပုံစံေလးကေတာ့ ထူးထူးျခားျခားေျပာင္းလဲလာျခင္းမ်ိဳးမ႐ွိခဲ့ေပ။အၿမဲတမ္းတငူငူတငိုင္ငိုင္ျဖစ္ေနကာ ဓာတ္ပုံထဲကေကာင္ေလးကိုသာစကားေတြတဖြဖြေျပာေန႐ွာသည္။

'မင္းေလးကိုယ့္ဆီဘယ္ေတာ့ျပန္လာမွာလဲ' ဟူ၍။

ေဒၚဝင့္ဝါထည္မွာသူမ၏သားအျဖစ္ကိုခိုးၾကည့္ေနရင္း အခန္းေထာင့္၌တိတ္တဆိတ္ငိုေႂကြးေနခဲ့ရကာဦးမင္းထက္ေခါင္ကလည္း႐ိႈင္းေဇယံဆိုတဲ့ေကာင္ေလးအားတစ္ခ်ိန္လုံးေျမလွန္႐ွာေနခဲ့ေပမယ့္ သုံးႏွစ္တာၾကာျမင့္ခဲ့တဲ့အခ်ိန္ထိ ထိုေကာင္ေလးအေၾကာင္း တစ္စြန္းတစ္စမွ်အစအနေကာက္မရခဲ့ေပ။

ထိုႏွစ္၌ မင္းစက္က ဘြဲ႕ႏွင္းသဘင္အခမ္းအနားသို႔ သူ၏သူငယ္ခ်င္းျဖစ္သူကိုစိတ္ေျပလက္ေပ်ာက္ေခၚသြားဖို႔အတြက္ ဦးမင္းထက္ေခါင္ဆီသို႔ခြင့္ေတာင္းခဲ့ရာ ဦးမင္းထက္ေခါင္ကခြင့္ျပဳေပးခဲ့တာေၾကာင့္ သူတို႔အိမ္မက္တို႔စတင္စိုက္ပ်ိဳးရာေက်ာင္းေတာ္ႀကီးဆီသို႔ သူ၏အခ်စ္ဆုံးသူငယ္ခ်င္းႀကီးအား တစ္ေက်ာ့ျပန္ေခၚလာခဲ့ေပသည္။

အနက္ေရာင္ SUVကားေလးကေက်ာင္းဝင္းထဲသို႔ဝင္ဝင္ခ်င္းပင္ သုံးႏွစ္တာလုံးငူငိုင္ေနခဲ့တဲ့မင္းခန္႔ထည္ရဲ႕ႏႈတ္ခမ္းေထာင့္စြန္းေလးေတြကခပ္ဖြဖြေလးျပဳံးရယ္လာခဲ့သည္။
သို႔ေပမယ့္ သူ၏မ်က္ဝန္းေတြထဲမွာေတာ့မ်က္ရည္ေတြနဲ႔ျပည့္လွ်ံေနလ်က္.........

"ငါ႐ွာေနတဲ့လူသားေလးကေလ....တစ္ခ်ိန္တုန္းက ဒီေနရာမွာ႐ွိခဲ့ဖူးတယ္။
ဒါေပမယ့္ အခုက်ေတာ့ ဒီေနရာမွာ
သူ႕ကိုသိပ္ခ်စ္ရတဲ့ငါတစ္ေယာက္တည္းပဲက်န္ခဲ့ရေတာ့တယ္........"

ဘြဲ႕ဝတ္စုံႏွင့္မင္းစက္မွာမင္းခန္႔ထည္ေရ႐ြတ္လာတဲ့စကားသံေတြကိုၾကားေတာ့ႏွာတ႐ႈံ႕႐ႈံ႕ႏွင့္မ်က္ရည္လည္႐ႊဲျဖစ္ေနရေလသည္။ဟန္လင္းထက္မွာ မ်က္ရည္ေတြနဲ႔မင္းစက္အားရင္ခြင္ထဲမွာထည့္ဖက္လို႔ထားခဲ့ကာေက်ာျပင္ေလးကိုညင္သာစြာပုတ္ေပးေနရင္း ထပ္မငိုေအာင္ႏွစ္သိမ့္ေပးေန႐ွာသည္။

ထို႔ေနာက္ မင္းခန္႔ထည္က Archiေဆာင္ေ႐ွ႕က စိန္ပန္းပင္ႀကီးဆီသြားခဲ့ကာပင္ယံထက္ဆီသို႔ေငးၾကည့္လိုက္ရင္း အခ်ိန္အေတာ္ၾကာေပ်ာက္ကြယ္သြားခဲ့ရတဲ့သူ၏အျပဳံးတို႔ကို မ်က္ႏွာထက္တြင္တစ္ဖန္တပ္ဆင္ထားခဲ့ေပမယ့္လို႔ မ်က္ရည္စီးေၾကာင္းတစ္ခုကေတာ့ပါးျပင္တစ္ဖက္ဆီ၌
လွိမ့္ဆင္းက်လာခဲ့ေလ၏။

'မင္းဘယ္မွာလဲ ? ႐ိႈင္းေလး.......'

သူထိုသို႔ေမးလိုက္တဲ့အခါ
အခ်စ္ဦးနဲ႔တူတဲ့ေဆာင္းဦး၏ခပ္ေအးေအးေလျပည္ေလးက သူ၏နံေဘးသို႔ေဝ့ဝဲတိုက္ခတ္လာကာ ညာဘက္ပုခုံးျပင္ထက္ဆီသို႔ အနီရင့္ရင့္စိန္ပန္းပြင့္ေလးတစ္ပြင့္ကိုတိတ္တိတ္ဆိတ္ဆိတ္လွလွပပႏွင့္ေႁခြခ်ေပးခဲ့ေခ်သည္။

••••••••••••••••••••••••••••••••••••••••••••••••••

Thanks for reading. ❤

If you enjoy this love story, you can click on the star for me. ☺

••••••••••••••••••••••••••••••••••••••••••••••••••

Continue Reading

You'll Also Like

48.9K 5.7K 40
ရင်ခုန်သူထံ တိမ်းညွှတ်ခြင်း
63.5K 4.2K 51
သူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...
39.6K 3.3K 23
A love story between the Seaman and teenage boy -ministory-
191K 16.6K 37
ဆိုင်းခေတ်သွင် × ဝိုင်းဝသာန် ဆိုင္းေခတ္သြင္ × ဝိုင္းဝသာန္