-๐–ฌ๐—’ ๐–ฎ๐—†๐–พ๐—€๐–บ ๐–จ๐—Œ ๐–ฒ๐—Ž๐—€...
Oleh ChristianCherry5
741K 54.5K 8.8K
Season 2 @ParkCherry8 [Psycho Alpha] ๐Ÿ–‡๏ธ Omega/Alpha ๐Ÿ–‡๏ธ [ Married Life / M-Preg ] Side Couple แ€›แ€พแ€ญแ€ฏแ€„แ€บแ€ธแ€ Seaso... Lebih Banyak
๐Ÿ‚Ep_1๐Ÿ‚
โš ๏ธEp-2โš ๏ธ
๐Ÿ‚Ep-3๐Ÿ‚
๐Ÿ‚Ep-4๐Ÿ‚
๐Ÿ‚Ep-5๐Ÿ‚
๐Ÿ‚Ep-6๐Ÿ‚
๐Ÿ‚Ep-7๐Ÿ‚
๐Ÿ‚Ep-8๐Ÿ‚
๐ŸšจEp-9๐Ÿšจ
๐Ÿ‚Ep-10๐Ÿ‚
๐Ÿ‚Ep-11๐Ÿ‚
๐Ÿ‚Ep-12๐Ÿ‚
๐Ÿ‚Ep-13๐Ÿ‚
๐Ÿ–‡๏ธ Ep-14 ๐Ÿ–‡๏ธ
๐Ÿšซ๐Ÿšจ Ep-15 ๐Ÿšจ๐Ÿšซ
๐Ÿ‚Ep-16๐Ÿ‚
๐Ÿ‚Ep-17๐Ÿ‚
๐Ÿšซ๐ŸšจEp 18๐Ÿšจ๐Ÿšซ
๐Ÿ‚Ep-19๐Ÿ‚
๐Ÿšซ๐ŸšจEp-20๐Ÿšจ๐Ÿšซ
๐Ÿ‚Ep-21๐Ÿ‚
๐Ÿ‚Ep-22๐Ÿ‚
๐Ÿ‚Ep-23๐Ÿ‚
๐Ÿ‚Ep-24๐Ÿ‚
๐Ÿ‚Ep-25๐Ÿ‚
๐ŸšจEp-26[Role Player Sex]๐Ÿšจ
๐Ÿ‚Ep-27๐Ÿ‚
๐Ÿ‚Ep-28๐Ÿ‚
๐Ÿ‚Ep-29๐Ÿ‚
โ›”Ep-31โ›”
๐Ÿ‚Ep-32๐Ÿ‚
๐Ÿ‚Ep-33๐Ÿ‚
๐Ÿ‚Ep-34๐Ÿ‚
๐Ÿ‚Ep-35๐Ÿ‚
๐Ÿ‚Ep-36๐Ÿ‚
Ep-37๐Ÿšจ[Soft Sex]๐Ÿšจ
Ep-38๐Ÿšจ๐Ÿšซ[Knot]๐Ÿšซ๐Ÿšจ
๐Ÿ‚ Ep-39 ๐Ÿ‚
๐Ÿ‚ Ep-40 ๐Ÿ‚
Ep-41๐Ÿšจ๐Ÿšซ[Knot]๐Ÿšซ๐Ÿšจ
๐Ÿ‚ Ep-42 ๐Ÿ‚
๐Ÿ‚Ep-43๐Ÿ‚
๐Ÿ‚Ep-44๐Ÿ‚
๐Ÿ‚Ep-45๐Ÿ‚
๐Ÿ‚Ep-46๐Ÿ‚
// Final Part //
// โค๏ธ //
แ€…แ€ฌแ€กแ€ฏแ€•แ€บแ€œแ€ฑแ€ธแ€‘แ€ฝแ€€แ€บแ€•แ€ผแ€ฎ แ‹ ๐Ÿ–ค
New OC โœ“
๐Ÿ‚Ep-30๐Ÿ‚
10.7K 962 184
Oleh ChristianCherry5
Unicode ✅
-My Omega is sugar baby-
မျက်မှန်ကြီးတပ်ပြီး စာအုပ်တွေစစ်နေတဲ့ သူ့၏အမျိုးသား အမောင်ကျောင်းဆရာကိုကြည့်ပြီး ဇာတ်ကျောတွေတောင်တက်ချင်လာသလို။ စာအုပ်တွေအား အသေအချာကြည့်ပြီးစစ်နေတဲ့ သူ့အမျိုးသားသည် ကျောင်းသားတိုင်း ကြောက်ရသည့်ဆရာတယောက်မဟုတ်လား။
သူသက်ပြင်းတချက်ချရင်း နာရီကိုကြည့်လိုက်တော့ မနက်၉နာရီသာရှိသေးသည်။ ဒီနေ့က နှစ်ယောက်လုံးပိတ်ရက်ဖြစ်တာမို့ နှစ်ယောက်အတူတူအိမ်မှာရှိနေခြင်းပင်။ သူကတော့ ကုမ္ပဏီအလုပ်တွေ ဖွင့်ရက်ထဲကအပြီးဖျက်ခဲ့တာမို့ နားရက်မှာဘာမှလုပ်စရာမရှိပေ။ သို့သော်သူ့၏ခင်ပွန်းကတော့ အလုပ်တွေပိတ်ရက်ထိသယ်လာတာမို့ သိပ်တော့ဘ၀မကျချင်။ ပိတ်ရက်တောင်အတူတူအချိန်မဖြုန်းရပါလား။
"ဒါလင်"
"ဗျား"
သူခေါ်တော့ ထူးလာပေမယ့်လည်း မျက်လုံးတွေကတော့ လက်ထဲကစာအုပ်တွေဆီသာ အကြည့်ရောက်နေတာမို့ သူ့မျက်မှောင်ကြုတ်မိပါရဲ့။
"ဒါလင်"
"ပြောလေ ဟန်နီ"
ဒီတခါလည်း သူ့၏မျက်နှာကိုလှည့်မကြည့်ပဲ လက်ထဲက စာအုပ်ကိုသာ အာရုံစိုက်နေပြန်ပါသည်။ သူလည်းစိတ်တိုတိုနှင့် လက်ထဲက remote ကိုပြစ်ချကာ ဒါလင်ရှိရာကိုသွားလိုက်သည်။ ပြီးတာနှင့် စာအုပ်တွေအားစစ်နေတဲ့ ဒါလင်ပေါင်ပေါ်အားခွရက်ကလေး တက်ထိုင်လိုက်တော့ သူ့အားကြောင်တောင်"လေး ကြည့်လာပြန်ပါရော။
အဲ့လူကြီးကသိပ်ရိုးတာပဲ။
"အဲ့အလုပ်တွေထားလိုက်တော့"
သူ့ပြောတာကို ဒါလင်ကတချက်ပြုံးပြီး သူ့နှုတ်ခမ်းကိုတချက်နမ်းကာ စာအုပ်တွေအားထပ်စစ်နေပြန်ပါသည်။
"ဒါလင်လို့"
"ထားလို့မရဘူးလေဟန်နီရဲ့၊ စာမေးပွဲတွေနီးနေပြီ"
"မသိဘူးဗျား မစစ်နဲ့တော့"
"မဆိုးရဘူးလေ ကလေးလေးရဲ့"
သူ့ကိုနားလည်အောင်ချော့ပြောတိုင်း ကလေးလေးလို့ခေါ်တက်တာ ဒါလင့်ရဲ့အကျင့်ပဲ။ အခုလည်းသူ့အားချော့ပြောပြီး စစ်လက်စစာအုပ်တွေအစစ်မပျက်ပေ။ ဒီတိုင်းပြောရင်တော့ ရမယ့်ပုံမပေါ်။ အရမ်းကြီးပြောတော့လည်း ဒါလင့်အလုပ်အား နှောင့်ယှက်သလိုဖြစ်ဦးမည်။ ဒါကြောင့်မို့ ငြိမ်"လေးနေပေးဖို့သာ သူတက်နိုင်တော့သည်မဟုတ်လား။
ချက်ချင်းဆိုသလို သူ့အားဖက်လာပြီး ရင်ဘတ်ပေါ်မျက်နှာအပ်ထားတဲ့ ဟန်နီကြောင့် သူပြုံးရင်းရင်ခွင်ထဲက ဆံနွယ်နုနုလေးတွေကိုတချက်နမ်းလိုက်သည်။ ပြီးတာနှင့် စာအုပ်တွေဆက်ပြီးစစ်နေလိုက်သည်။ သူစာအုပ်တွေအပြီးစစ်မှ ကလေးတွေစာကြည့်လို့ရမှာဖြစ်မည်။ စာမေးပွဲကလည်းသိပ်မလိုတော့တာကြောင့် ကလေးတွေစာကြည့်လို့ရအောင် သူ့အမြန်စစ်ဆေးပေးနေခြင်းပင်။
စစ်ဖို့စာအုပ်ကလည်း နောက်ထပ်၂အုပ်သာကျန်တော့တာမို့ ပေါင်ပေါ်ကဟန်နီပေါက်လေးကိုတော့ ခဏလွှတ်ထားမိသည်။ ဟန်နီပေါက်လေးကလည်း နောက်ပိုင်းလိမ်မာလာတာမို့ သူ့အားပြဿနာရှာရစ်တာမျိုးမလုပ်ပဲ သူပေါင်ပေါ်မှာ ငြိမ်ငြိမ်ကလေးထိုင်နေရှာသည်။
အခုလိုကျတော့ လိမ်မာပြီးချစ်စရာကောင်းလွန်းတဲ့ ဟန်နီပေါက်လေးပါလား။
စာအုပ်တွေအားစစ်ရင်း ခဏကြာတော့ စစ်စရာစာအုပ်ကုန်လေပြီ။ ဒီတော့စာအုပ်တွေအား သေချာထပ်ကာ ခုံပေါ်မှာတင်ထားလိုက်ပြီး ရင်ခွင်ထဲကဟန်နီပေါက်လေးကို သတိရတော့သည်။ ဒီကလေးဒီတခါတကယ်ကိုငြိမ်နေတာ။ အခါတိုင်းဆိုရင်တောင် ပြဿနာတခုပြီးတခု ထရှာသည့်တဲ့ဂျစ်တူးလေးမဟုတ်လား။
"ဟန်နီ"
"ပြီးပြီလား ဒါလင်"
"မော့ပါအုံး ကိုယ့်ရဲ့အမောပြေ ရွှေရင်အေးမျက်နှာလေးကို ကြည့်ချင်လို့"
သူ့စကားကြောင့် ရင်ခွင်ထဲကနေထွက်ပေါ်လာတဲ့ မျက်နှာလေးက အနည်းငယ်စူပုတ်"လေး။ ထင်တော့ထင်သား သူ့ဟန်နီပေါက်လေး အနည်းနှင့်အများတော့ စိတ်ကောက်နေမယ်ဆိုတာ။ သူထင်ထားသလိုပါပဲ။
-mwh-
ဟန်နီပေါက်ရဲ့ပါးပြင်အား နှာခေါင်းတွေနစ်ဝင်တဲ့အထိ တချက်နမ်းလိုက်တော့မှ အားအင်အသစ်တွေရလိုက်သလို။
"အမေပြောတဲ့ အမောပြေရွှေရင်အေးလေး"
"အပိုတွေ"
"တကယ်ပါဆို၊ ဟန်နီပေါက်ကဒီတခါငြိမ်လို့ပါလား၊ လိမ်မာလာတယ်ပေါ့လေ"
နှာခေါင်းအားအသာလေးဆွဲညှစ်ပြီး ပြောလိုက်တော့ သူ့ရင်ဘက်ပေါ်မေးထောက်ကာ သူ့အားခပ်ဆွေးဆွေး ငေးကြည့်လာလေရဲ့။
"လိမ်မာတာမဟုတ်ဘူး၊ ဟန်နီကအရမ်းဆိုးရင် ဒါလင်စိတ်ပျက်သွားမှာကြောက်လို့ငြိမ်နေလိုက်တာ"
"ကိုယ့်ကြင်သူလေးက ဆိုးမှမဆိုးတာ"
"ဟန်နီဆိုးတာဟန်နီသိပါတယ်၊ ဆိုးခဲ့လို့လည်း ဟန်နီတို့စကားအကျီးကျယ်များခဲ့တယ်လေ၊ အဲ့တုန်းက ဒါလင်ကဟန်နီကိုရိုက်လိုက်တော့...
"ဟန်နီ တော်တော့ ကိုယ်သိတယ်"
သူ့စကားအောင်ဆုံးအောင်ပေးမပြောပဲ ကြားဖြတ်ပြောလိုက်တဲ့ဒါလင်။ ပြီးတာနှင့်သူ့ရဲ့ ပါးပြင်တွေကိုင်ထားရင်း သူ့နဖူးအားတချက်နမ်းရင်း တောင်းပန်စကားဆိုလေသည်။ ဒါလင်သည် မာနရှိတဲ့ကျောင်းဆရာတယောက်ဆိုတာ သူ့၏အမျိုးသားအကြောင်း သူကောင်းကောင်းသိပါသည်။
သို့သော် သူနဲ့ပတ်သတ်လာရင် သေးသေးလေးကအစ အတိမ်းအစောင်း မခံသလို။ တောင်းပန်စကားကိုလည်း နှုတ်ဖျားကထွက်လာဖို့ ဘယ်သောအခါမှ ဝန်မလေးခဲ့သူပင်။ ဒါဟာသူနဲ့မှဖြစ်ပေါ်လာတဲ့ ဒါလင့်ရဲ့မြတ်နိုးဖွယ်ရာ မေတ္တာတရားတွေပင်။
"ကိုယ်ကပဲတောင်းပန်တာမို့ ဟန်နီအဲ့အကြောင်းအရာကို ထပ်ပြီးမတွေးပါနဲ့တော့၊ အတူတူမေ့ထားကြမယ်နော်"
"ဘာလို့ဒီလိုကစ္စတွေကြုံလာတိုင်း မေ့ပြစ်ဖို့ပြောတာလဲ ဒါလင်"
"ကိုယ်တို့အိမ်ထောင်ရေးမှာ အဖုအထစ်တွေ မရှိစေချင်လို့ပေါ့၊ ကိုယ်ကဟန်နီကိုချစ်တယ်၊ ဟန်နီကလည်းကိုယ့်ကိုချစ်တယ်၊ ဒါဆိုပြီးပြည့်စုံနေပြီမဟုတ်လားဟန်နီ၊ အိမ်ထောင်ရေးတခုမှာတော့ ပြဿနာဆိုတာ ရှိစမြဲပါပဲဟန်နီရယ်၊ ကိုယ်တွေအဲ့လိုပြဿနာတွေကြုံလာတိုင်း အတူတူမေ့ပြစ်ကြမယ်၊ နော်...ကိုယ့်ရဲ့အသက်လေး"
သူ့အားပြုံးရင်ဆိုလာတဲ့ ဒါလင်သည် ကမ္ဘာပေါ်ရှိသမျှ လူသားတိုင်းထက် နွေးထွေးသည်။ အပြစ်ကင်းစင်သည်။ သူ့အတွက် သူ့၏အမျိုးသားကတော့ အကောင်းဆုံးအားအင်ကလေးပင်။ မြတ်နိုးလိုက်ရတာ ရူးမတက်ပါပဲ။
"ချစ်တယ်"
ခပ်တိုးတိုးဆိုကာ သူ့၏နှုတ်ခမ်းတွေအား ခပ်ဖွဖွလေးနမ်းရှိိုက်လာတဲ့ ဟန်နီ။ သူလည်းပြန်ပြီး နမ်းရှိုက်ရင်း ခါးသွယ်သွယ်လေးအား ဖက်တွယ်ထားလိုက်သည်။ တယောက်နှုတ်ခမ်းတယောက် ခပ်ကြာကြာနမ်းရှိုက်ပြီးချိန်မှာတော့ သူ့အားပြုံးပြလာတဲ့ ဟန်နီပေါက်လေးကတကယ့်အဆိုးလေး။
သူ့နှုတ်ခမ်းကိုစိတ်ကြိုက် ကိုက်ပြီးတော့မှ လာပြုံးပြနေပါရောလား။
"အဆိုးလေး"
"ဟီး ချစ်လို့ဆိုးတာ"
"ဟုတ်ပါပြီဗျား ဒါနဲ့ ဒီနေ့အပြင်သွားကြမလား၊ ကိုယ်လိုတာလေးတွေဝယ်ချင်လို့"
"အင်း သွားကြတာပေါ့"
ဒီလိုနှင့်နှစ်ယောက်သား အပြင်ထွက်ဖို့အကြောင်းဖန်လာတော့သည်။ နှစ်ယောက်သားအတူတူ အရင်ဦးဆုံး Austin လိုတဲ့ပစ္စည်းတွေဝယ်ရန် City Mart ထဲအရင်သွားလိုက်ကြသည်။ အပြင်ထွက်ပြီးဆိုရင် Austin ဝယ်သမျှလိုက်ရှင်းပေးသူကတော့ သူ့၏အမျိုးသား Krist ရယ်ပင်။
အခုလည်း လိုအပ်တဲ့ ပစ္စည်းတွေအား တခုပြီးတခုခြင်းထဲကောက်ထည့်နေတာကို မငြိုငြင်ပဲပြုံး"ကြီးဘေးကနေ လိုက်ရွေးပေးနေတဲ့ Krist ရယ်ပါပင်။ ခါးထက်လွယ်ထားတဲ့အိတ်အသေးလေးထဲမှာတော့ Austin ပူဆာသမျှရှင်းပေးဖို့ ထည့်ထားသည့် ဘဏ်ကဒ်တွေမှာအထပ်ထပ်။
"ဟန်နီ ဒါလေးလိုချင်တယ်"
လက်ထဲကနေ ထောင်ပြနေတဲ့ ဆွယ်တာအပြာနုရောင်လေးကိုကြည့်ပြီး သူပြုံးမိပါရဲ့။ ဒါလင်ကဆွယ်တာလေးတွေဆို သိပ်သဘောကျရှာတာ။ အခုလည်းယူဖို့ပူဆာနေပုံလေးမှာချစ်စရာအတိ။
"ကြိုက်ရင်ယူလေ"
"Ok love u baby"
ဒါလင့်ရဲ့စကားကြောင့် ပြုံးစိစိနှင့် သူ့အားကွက်ကြည့်လာတဲ့ အနားရှိစျေးဝယ်သူတွေ။ သူကတော့ အားလုံးကိုအားနာသလိုလေး ပြုံးပြရင်း ခေါင်းတွေစွတ်ငြိမ့်ပြရတော့သည်။ ဒါလင်ဆိုသည်မှာ ပတ်ဝန်းကျင်ကို နည်းနည်းကလေးမှဂရုမစိုက်တဲ့ အဆိုးအပေလေး။
"ဟန်နီ...ဒါလေးရော ဟီး"
ဒီတခါတော့လက်ထဲမှာကိုင်ထားတာ ဝက်ဝံရုပ်အသေးလေး။ အရုပ်တွေအိမ်မှာတပုံကြိီးကို ထပ်ယူအုံးမှာတဲ့။ မယူပါနဲ့တားရင်လည်း လူကြားထဲသူ့အားစိန်ကောက်အုံးမယ့်အရေး သူကြိုမြင်ပါသည်။ ဒီတော့တားလို့တော့မဖြစ်။ လက်ခံပေးဖို့တာတက်နိုင်တော့သည်။
ချစ်တော့လည်း...။
"အင်း ယူလေ"
"Ok love u bby"
ဒီတခါတော့ ဒါလင့်ဘေးကိုကပ်ကာ ဗိုက်ခေါက်အား တချက်ဆွဲစိတ်ပေးလိုက်သည်။ ဒါတောင် သဘောမပေါက်တဲ့ ဒါလင်အဆိုးအပေ။
"ဘာလဲ အရုပ်ယူလို့အခုလိုနှိမ့်စက်နေတာလား"
အဲ့မှာပေါက်ကရတွေပြောနေလိုက်။
"မဟုတ်ဘူး၊ ကြိုက်တာယူ၊ အဲ့လိုလူကြားထဲ ချစ်ကြောင်းတွေအော်မပြောရဘူး ကြားလား"
"ကိုယ့်ကောင်လေးကိုယ်ပြောတာလေ၊ မသိဘူး ပိုက်ဆံလိုက်ရှင်းတော့"
အရှေ့ကနေကော့ပတ်ကော့ပတ်နဲ့ ထွက်သွားတဲ့ အမောင်ကျောင်းဆရာကိုကြည့်ပြီး သူရယ်မိပါရဲ့။ တကယ်ဒီလူကြီးတဇွတ်ထိုးလေး။ ချက်ချင်းကောင်တာကိုလိုက်သွားပြီး ပိုက်ဆံရှင်းဖို့ကြံတော့မှာ မြင်လိုက်ရတဲ့ခုံပေါ်က သူ့အမျိုးသားရွေးထားတဲ့ပစ္စည်းတွေဟာ မနည်းမနော။
ဒါတွေအကုန်လုံးဘယ်အချိန်ကများရွေးလိုက်တာလဲ။
"ဟန်နီ ကဒ်ပေးပါအုံး ဟီး"
သူ့အား တချက်ရယ်ပြပြီး ဘဏ်ကဒ်အားလက်ဖြန့်တောင်းနေတဲ့ အဆိုးအပေလေးကို သူမနိုင်ပေ။ အိတ်ထဲက ကဒ်တကဒ်ကိုထုတ်ကာပေးလိုက်တော့ ဟိုဘာဘယ်လောက်ဒီဟာဘယ်လောက်နဲ့ သူ့ပစ္စည်းတွေကိုစစ်ဆေးနေပြန်တဲ့ အမောင်ကျောင်းဆရာဟာ စည်းစနစ်ကျနေရောပဲ။
"အိုကေပြည့်ပြီ ရှင်းမယ်"
သူ့ပစ္စည်းတွေပြည့်တော့ ကဒ်ပေးကာပိုက်ဆံရှင်းနေတဲ့လူလည်ကြီး။ တက်လည်းတက်နိုင်ပါ့။
"ကဒ်လေး ပြန်ယူဦး"
ပိုက်ဆံရှင်းပြီးချိန်မှာတော့ သူ့အားကဒ်ပြန်ပေးလာပြန်သည်။ လိုချင်တာများရရင် သူ့ချစ်လင်ကပြုံးဖြီးနေပါရော။
"ဒီညီအကိုနှစ်ယောက် တကယ်ချစ်စရာကြီးတွေနော်"
သူတို့အားကြည့်ပြီး ဘေးကနေတိုး" တိုး"ပြောနေတဲ့ ဝန်ထမ်းကလေးမတွေစကားကြောင့်  ချစ်လင်ကြီးကမျက်မှောင်ကြုတ်လေရဲ့။ ညီအကိုလို့အပြောခံလိုက်ရတာကို တင်းသွားပုံပင်။ ဆိုင်ထဲကထွက်ခါနီးမှ ချက်ချင်းဆိုသလို သူ့လက်အားဆွဲကာ ထိုကလေးမတွေရှေ့ ပိတ်ရပ်လိုက်တဲ့ဒါလင်။
ဘာတွေပြဿနာရှာအုံးမလဲမသိ။
"He is my omega, you know? Hk!"
ပြောချင်ရာပြောပြီး တချက်လှောင်သလိုရယ်ကာ ဆွဲခေါ်လာတဲ့ဒါလင်။ ကျန်ခဲ့ကလေးမတွေမျက်နှာကတော့ မအီမသာနှင့် သူတို့ကိုအားနာသွားပုံပင်။ အမောင်ကျောင်းဆရာကတော့ နည်းနည်းလေးတောင် အတိမ်းအစောင်းမခံ။ ညီအကိုလိုအထင်ခံရတော့လည်း ဘာအရေးလဲ။ နစ်နာသွားတာမှမဟုတ်ပဲ။ ကလေးဆန်"ပြန်ဖြေရှင်းခဲ့ရတယ်လို့။
အူယားစရာ သတ္တဝါလေး။
_________________________
တပတ်လောက်ရှိရောပေါ့။ ခနှင့်အဆက်အသွယ်မရသည်မှာ။ စိတ်ပူသလားဆိုတော့ မပူပဲနေမလား။ ခ က သူ့အတွက်အကောင်းဆုံးမိတ်ဆွေမဟုတ်လား။ သူအခုလိုရပ်တည်နိုင်ဖို့ ခ ကျေးဇူးဘယ်လောက်တောင်များလိုက်သလဲ။ အခါတိုင်းလည်း အခုလိုပျောက်တက်သွားပေမယ့် အခုတော့ သူ့စိတ်ထဲလေးနေသလိုပင်။ ခအဆင်ပြေနေရဲ့လား သူသိပ်သိချင်ပါသည်။
"Emma"
"ဟုတ်ကဲ့ အကိုလေးပြောလေ"
"ခ မင်းဆီကိုဆက်သွယ်လာသေးလား"
သူ့အမေးကို Emma က ခေါင်းခါငြင်းလေသည်။
"ဒီတခါ ခပျောက်နေတာ စိတ်ထဲလေးနေတယ်"
"စိတ်ပူနေတာလား"
နောက်ကနေထွက်ပေါ်လာတဲ့ အသံကြောင့် လှည့်ကြည့်မိတော့ သားလေးအားချီထားရင် သူ့အားစူးစိုက်ကြည့်နေတဲ့ ကိုကို။ ခ အကြောင်းပြောရင် ကိုကိုကတစက်ကလေးမှကိုမကြိုက်တာ။ အခုလည်းကြံဖန်စိတ်တိုချင်နေပြန်ပါပြီ။ ခက်လိုက်တာ။ ဘာလို့များခကို အဲ့လောက်တောင်အမြင်မကြည်ရသလဲ သိချင်ပါရဲ့။
"Emma ခ ဆီဖုန်းဆက်ကြည့်ပါအုံး"
"မလိုဘူး၊ ချာတိတ်သူနဲ့ပတ်သတ်စရာမလိုဘူး"
"ခင်ဗျားဘာတွေပြောနေတာလဲ၊ ခင်ဗျားနဲ့မဆိုင်တဲ့ကိစ္စကို ဝင်မပါနဲ့နေပေးလို့မရဘူးလား"
ချာတိတ်သည်သူ့အား စိတ်ပျက်သလိုပြောသည်။ ခ ဘယ်လောက်ယုတ်မာသလဲတော့ ချာတိတ်မသိ။ သူ့အား ဘယ်လိုနည်းနဲ့အပြစ်တင်ရမလဲတော့ ချာတိတ်ကောင်း"သိသည်။ ကိုကိုလည်း မင်းလိုပဲပြတ်သားပြစ်လိုက်ချင်တယ်သိလား ချာတိတ်။ ခက်တာက ကိုကိုမှမင်းကို မချစ်ပဲမနေနိုင်တာ။
"Sorry ကိုကိုနဲ့မဆိုင်တဲ့ကိစ္စ ကိုကိုဝင်မပါသင့်ဘူး"
ထိုစကားအားဆိုပြီး သားလေးကိုချီလျက် ဝိုင်းသွားထိုင်နေတဲ့ကိုကို။ အခုလိုကျတော့လည်း သူစိတ်ထဲမကောင်း။ ပုံမှန်ဆိုဒီလိုတွေမပြောထွက်ပေမယ့်လည်း အခုချိန်မှာ သူ့ရင်ထဲခကိုစိတ်ပူနေတဲ့ အပူမီးတွေတောက်လောက်နေတာမို့ မည်သည်တဦးတယောက်ကိုမှ ပြေ"လည်"ပြောချင်စိတ်မရှိပေ။
ထင်ချင်သလိုသာထင်ကြပါတော့။
"ဒယ်~ ဟို..."
သူ့ကိုယ်ပေါ်ကသားလေးက သူ့အားခေါ်ပြီး လက်ညိုးသေးသေးလေးနှင့် ဟိုဘက်ဝိုင်းကိုထိုးပြလေသည်။ သူကြည့်လိုက်တော့ သားလေးပြနေသည်မှာ တဖတ်ဝိုင်းက ကောင်လေးတီးနေသည့် ဂစ်တာလေးကိုပင်။
"သားလေး သဘောကျလို့လား"
"ခစ်ခစ်"
တခစ်ခစ်ရယ်ပြကာ လက်ခုတ်ကလေးနှစ်ဖက်အား တီးပြနေတာမို့ ကြည့်ရတာ သားလေးကလည်း သူ့လိုပဲဂစ်တာကိုသဘောကျပုံပင်။ သူကလည်း ငယ်ငယ်ထဲ ဂစ်တာကိုသဘောကျတာ။ မြင်လိုက်တိုင်း ယူပြိီးတီးကြည့်လိုက်ရမှ။ အခုလည်းအရှေ့မှာမြင်နေတဲ့ ဂစ်တာလေး တီးချင်စိတ်ဖြစ်လာပြန်သည်။
"သားသားနားထောင်ချင်လား၊ ဒယ်ဒီတီးပြမယ်လေ"
"ခစ်ခစ်"
သားလေးကနားထောင်ချင်သည်ထင်။ သူ့အားမော့ပြီးပြုံးပြသည်။ သူလည်းသားလေးအား ပွေ့ချီပြီးတဖတ်ဝိုင်းကို ပြောင်းလိုက်သည်။ သူတို့သားအဖကိုမြင်တော့ ရင်းနှီးပြီးသားဖြစ်တဲ့ ကျောင်းသူတွေဟာ သူတို့သားဖကိုဝိုင်းမှာထိုင်ခိုင်းလေသည်။
"အကို့ကို မင်းတို့ဂစ်တာလေး ခဏငှားပါလား"
"အကိုကတီးတက်တာလား ဒါဆိုတပွဲလောက်လုပ်ဗျား၊ Jusmmyလေး ကိုကိုတို့ဆီလာခဲ့"
အီတလီကောင်လေးက သူ့သားလေးကိုပွေ့ချီကာ တယောက်တော့ သူ့အားဂစ်တာလေးပေးလာသည်။ သူလည်းလက်ထဲဂစ်တာကိုကြည့်ပြီး သားလေးအားလှမ်းကြည့် သူ့အားပြုံးပြပြီးလက်ကလေးနှစ်ဖက်တီးနေပြန်ပါသည်။
"ကဲ ဒယ်ဒီတပုဒ်လောက်ဆိုလိုက်ရမလား"
"ခစ်ခစ်"
"အကို Justin လုပ်လိုက်တော့ တပုဒ်လောက်"
သားလေးကလည်းသဘောကျနေသလို။ အီတလီကောင်လေးတွေကလည်း တိုက်တွန်းနေတာမို့ သူလည်းတပုဒ်လောက်ဆိုဖို့ဆုံးဖြတ်လိုက်သည်။ ဂစ်တာကြိုးတွေထက် လက်ကလေးတင်ကာ တချက်နှစ်ချက်တီးခတ်လိုက်တော့ ငြိမ်ခနဲဖြစ်သွားတဲ့ သူတို့ဆိုင်လေး။
Emma ကလည်း သီချင်းကောက်ပိတ်လိုက်တာမို့ တဆိုင်လုံး သူတီးနေတဲ့ဂစ်တာသံလေးသာ ထွက်ပေါ်နေလေရဲ့။ ချာတိတ်ကိုလှမ်းကြည့်လိုက်တော့ သူ့အားကြည့်နေတာမို့ သူပြုံးမိလိုက်သည်။ ချာတိတ်မြင်မှ သူဆိုချင်တဲ့သီချင်းလေး အာရုံထဲထွက်ပေါ်လာတော့သည်။
အသက်ကိုဝဝရှုကာ ဂစ်တာပေါ်လက်တင်ပြီး သူဆိုချင်နေသည့် သီချင်းလေးအား နှုတ်ဖျားကနေ စတင်သီဆိုလိုက်တော့သည်။
"ငါဘာကြောင့်...ဘာကြောင့်မတွေးမိခဲ့"
"ဘယ်အရာက ငါ့ဘ၀မှာ အကောင်းဆုံးဆုလာဒ်လဲ"
"လိုချင်လာတာသတိထားမိချိန် နင်ထွက်မသွားဖို့ တောင်းပန်ချိန်"
"ငါ တကယ်နားလည်ပြီ...ငါနားလည်ပြီ"
"ငါမငိုတော့ဘူး..မင်းလည်း..မသွားနဲ့ ဆုလာဒ်ကလေးရယ်"
"တခါပြန်အသစ်ကစမယ်"
"ငါရှင်သန်နေသမျှ တသက်မှာတခေါက်သာ ရနိုင်မယ့်အချစ်ကို"
"ငါတန်ဖိုးထားပါ့မယ်"
"ငါအိမ်မက်...ငါအိမ်မက်ကအခုလန့်နိုး"
"အပြင်မှာလက်တွေ့ မင်းတန်ဖိုးများသိရလို့"
"ဘယ်လိုနေမယ် ငါမတွေးရဲ"
"အချိန်မှီယုံလေးချစ်သူရယ်"
"ငါတကယ်တောင်းပန်တယ်...တောင်းပန်တယ်"
"ငါမငိုတော့ဘူး..မင်းလည်း..မသွားနဲ့ ဆုလာဒ်ကလေးရယ်"
"တခါပြန်အသစ်ကစမယ်"
"ငါရှင်သန်နေသမျှ တသက်မှာတခေါက်သာ ရနိုင်မယ့်အချစ်ကို"
"ငါတန်ဖိုးထားပါ့မယ်"
"ငါမငိုတော့ဘူး..မင်းလည်း..မသွားနဲ့ ဆုလာဒ်ကလေးရယ်"
"တခါပြန်အသစ်ကစမယ်"
"ငါရှင်သန်နေသမျှ တသက်မှာတခေါက်သာ ရနိုင်မယ့်အချစ်ကို"
"ငါတန်ဖိုးထားပါ့မယ်"
သီချင်းအသံဆုံးသွားတော့ ထွက်ပေါ်လာတဲ့ လက်ခုတ်သီးသံနှင့်အတူ သူ့အားတော်ကြောင်း ချီးကျူးလာတဲ့ ဆိုင်ထဲကကျောင်းသူလေးများ။ သားလေးကလည်း သဘောကျသည်ထင်။ လက်ကလေးနှစ်ဖက်ကိုတီးအား သူ့အားတခစ်ခစ်ရယ်ပြသည်။ သူလည်းဂစ်တားလေးအားပြန်ပေးပြီး သားလေးအားချီဖို့ကြံနေတုံးမှာပဲ သတိရမိသည်မှာချာတိတ်။
စောနက ချာတိတ်ထိုင်နေတဲ့နေရာအား လှမ်းကြည့်တော့ ချာတိတ်ရှိမနေတော့။ သီချင်းဆိုနေတဲ့တောက်လျှောက်လုံးလည်း သူသည်ချာတိတ်မျက်နှာကိုသာကြည့်ပြီး ဆိုနေမိတာမို့ ချာတိတ်မျက်နှာမကောင်းတာကို သူရိပ်မိပါသည်။ မဖြစ်သေး။ ချာတိတ်ကသိပ်ဝမ်းနည်းလွယ်တာ။ ချာတိတ်ရှိရာသူလိုက်သွားဖို့လိုပါသည်။
"အကို့ကို သားလေးခဏကြည့်ထားပေးလို့ရမလား"
"ရတာပေါ့၊ အကိုလုပ်စရာရှိတာလုပ်ပါ၊ ကျွန်တော်တို့ကြည့်ထားလိုက်မယ်"
သူလည်း သားလေးအားထားခဲ့ဖို့ စိတ်ချရပြီဆိုတော့မှ ဝိုင်းကနေထကာ ဆိုင်ထဲ၀င်လာလိုက်သည်။ အထဲရောက်တာနှင့် ချာတိတ်ကိုရှာရတော့သည်။ မီးဖိုဆောင်ထဲမှာလည်း မရှိတာကြောင့် အနောက်ဘက်ခြမ်းမှာများရှိနေမလား။ ဆိုင်ရဲ့အနောက်ဘက်ခြမ်းအား ထွက်လာလိုက်တော့မှ နံရံဘက်မျက်နှာမူကာ သူ့အားကျောပေးရပ်နေတဲ့ချာတိတ်။
မြင်နေရသည့် ကျောပြင်ငယ်သည် တသိမ့်သိမ့်တုန်လို့နေသည်။ ကိုကိုထင်သလိုပဲ ငိုနေပြန်တာလား နှလုံးသားငယ်။ ကိုကိုမကောင်းဘူးမဟုတ်လား။ ကိုကို့ကြောင့် မင်းအခုလိုတွေ ငိုနေရတာ။ ကိုကိုမရှိတဲ့ ၂နှစ်အတွင်းမှာ မင်းဒီလိုပဲနေ့စဥ်ရက်စက်ငိုနေခဲ့တာလား။ ကိုကို့ရင်ဘတ်တွေအောင့်လိုက်တာ။
"ချာတိတ်..."
"ဟင့်!"
သူ့ခေါ်တော့ သူ့ဘက်အား လှည့်ကြည့်လာတဲ့ ချာတိတ်သည် မျက်ဝန်းထက်မျက်ရည်တွေအပြည့်။ ဒီနည်းနဲ့ဒီကောင်ကို မသေသေအောင်သတ်နေသလား။ သတ်မယ့်သတ် တခါထဲအပြီးသာသတ်လိုက်ပါလားနှလုံးသားငယ်ရယ်။
"တောင်းပန်ပါတယ်"
ချက်ချင်းဆိုသလို သူ့အရှေ့မှာဒူးထောက်ချကာ တောင်းပန်စကားဆိုနေတဲ့ ကိုကို့အားကြည့်ရင်း သူဘာစကားမှမတုံ့ပြန်မိ။ ကိုကိုသီချင်းစဆိုထဲက သူ့ရင်ထဲနေလို့မကောင်းတာ။ ကိုကိုကတောင်းပန်နေသလို သူ့မျက်ဝန်းတွေကိုစိုက်ကြည့်ရင်း ဆိုနေတာမို့သူငိုချင်လာမိသည်။ သီချင်းစာသားတွေဟာလည်း သူတို့နှစ်ယောက်အဖြစ်အားချရေးထားသလိုပင်။
"ထ အဲ့လိုမလုပ်နဲ့"
"ကိုကိုမကောင်းတဲ့ကောင်ပါ၊ ကိုကိုမင်းကိုတောင်းပန်ပါတယ်ချာတိတ်၊ ထပ်ပြီးထွက်မသွားပါနဲ့တော့၊ ဒီကောင်ကြောင့် မင်းခံစားခဲ့ရမှန်းသိပါတယ်၊ ဒီကောင်အသုံးမကျတာ၊ ဒီကောင် အသုံးမကျလို့"
ပြောလည်းပြော ငိုရင်း ကိုယ့်ပါးကိုပြန်ရိုက်နေတဲ့ကိုကိုရှေ့ထိုင်ချကာ ကိုကို့လက်တွေကို လိုက်ဖမ်းနေသော်လည်းမမိ။ ကိုကိုကတော့ ပြောပြောပြီး ကိုယ့်ပါးကိုယ်ပြန်ရိုက်နေတော့သည်။
"ရပ်ပါတော့!"
"ဒီကောင်ကသေသင့်တာ"
"ဟင့်! ရပ်ပါ၊ ကျေးဇူးပြုပြီး"
သူတားသော်လည်း မရပ်သွား ပို၍ပို၍လုပ်နေတာမို့ ကိုကို့ပါးစပ်ထဲက သွေးနီနီတွေတောင်ထွက်ကျလို့နေပြီ။ ကိုကိုဟာ ဒီနည်းနှင့် သူ့ကိုသတ်နေသလိုပင်။ ဒီလိုတွေမြင်နေရတာ သူ့ရင်ဘတ်ထဲဘယ်လောက်တောင်နာရသလဲ ကိုကိုမသိလေသလား။
"ဟင့်! ရပ်ပါ၊ ရပ်လိုက်ပါ့တော့ ကိုကိုရယ်..."
ဒီတခါတော့ ကိုကိုလုပ်ရက်တွေဟာ တိခနဲရပ်သွားပြီး သူ့အားခပ်ဆွေးငေးကြည့်လာတော့သည်။
"ချာတိတ် ကိုကို့ကို ဘယ်လို...ဘယ်လိုခေါ်လိုက်တာ"
သူ့အားကြည့်ရင်းမေးလာတဲ့ ကိုကို့အမေးဟာ သူ့ရင်ထဲနစ်ခနဲ။ ကိုကိုသည်ဒီအခေါ်အဝေါကို ကြားရဖို့မျော်လင့်ခဲ့ပုံပင်။ သူဟာကိုကိုနှင့်ပြန်ဆုံထဲက ခင်ဗျားဟူသောနာမ်စားကိုသာ ခါးခါးသီးသီး ခေါ်ဝေါခဲ့သည်မဟုတ်လား။
"ချာတိတ်...ကိုကိုနားကြားမှားတာတော့ မဟုတ်ဘူးမလားဟင်"
"ဟင့်! ခင်ဗျားကိုမုန်းတယ် ကိုကို"
ဒီတခါတော့ချာတိတ်သည် သူ့အားတင်းနေအောင်ဖတ်ထားရင်း တရှုံ့ငိုပြန်သည်။ သူလည်းချာတိတ်အားပြန်ဖက်ထားရင််း ငိုနေမိသည်။ ဒီအခေါ်ဝေါလေး သူဘယ်လောက်တောင် လွမ်းနေခဲ့ရသလဲ။ ကိုကို့နှလုံးသားငယ်ကမုန်းရင်တောင် ကိုကိုကတော့မင်းမုန်းတာကိုခံပြီး မင်းကိုဆက်ပြီးချစ်နေအုံးမှာပဲ နှလုံးသားငယ်။
"ဟင့်! ဘာလို့လဲ...ဘာလို့ဒီနှစ်တွေထဲ ကျွန်တော်ကိုလိုက်မရှာရတာလဲ၊ ဟင့်!"
ချာတိတ်စကားကြောင့် သူ့အံကိုခင်တင်းတင်းကြိတ်ထားမိသည်။ ချာတိတ်မှမသိပဲ။ သူလိုက်ရှာခဲ့အချိန်က သိပ်ကိုနည်းခဲ့သလို။ ကျန်တဲ့အချိန်တွေမှာ သူဆေးရုံမှာ ကိုလ်မာဝင်ပြီး လူ့လောကကြီးနဲ့ အဆက်ပြတ်ခဲ့ရတဲ့အကြောင်းတွေ။ သေမတက်ဆေးရုံမှာ အကြိမ်"အခါ" ခွဲစိတ်ခဲ့ရတဲ့အချိန်တွေ။ ချာတိတ်မသိပါဘူး။ မင်းဘာမှမသိပါဘူး နှလုံးသားငယ်ရယ်။
"ဟင့်! ခင်ဗျားတခါတောင် လိုက်ရှာခဲ့ရလား ဟမ် မုန်းတယ် ခင်ဗျားကို သိပ်မုန်းတယ်ကိုကို"
"ကိုကိုမင်းကိုလိုက်ရှာချင်တာပေါ့...ဒီကောင်မင်းကို အကြိမ်"အခါ" လိုက်ရှာချင်ခဲ့တာပါ ချာတိတ်ရယ်"
"ခင်ဗျားကိုမုန်းပြစ်ချင်တယ်ကိုကို"
"မုန်းပါ၊ မင်းမုန်းရင်တောင်ခံရမယ့်သူပါချာတိတ်၊ မင်းမုန်းလို့ဝရင်တော့ ကိုကို့ဆီပြန်လာခဲ့ပါ၊ ကိုကိုလေ...ကိုကိုမင်းပြန်လာမယ့်အချိန်ထိ စောင့်နေမှာ၊ ဘယ်လောက်ကြာကြာစောင့်နေမှာမို့၊ မုန်းလို့ဝရင် ကိုကို့ဆီ ပြန်လာခဲ့ပါ နှလုံးသားငယ်ရယ်"
"ခင်ဗျားအရူးပဲ"
ထိုစကားကိုဆိုကာ ငိုနေရင်းမှ ချက်ချင်းဆိုသလို သူ့အားဖက်ထားရမှလွှတ်ပေးပြီး သူ့ရဲ့မျက်နှာကို ကိုင်တွယ်လာတဲ့ လက်သေးသေးလေးတွေ။ ပြီးတာနှင့် ချာတိတ်ဟာ သူ့နဖူးအားမျက်ရည်တွေကြားကနေ တချက်နမ်းလေသည်။
"အသစ်ကပြန်စကြမယ်၊ ခင်ဗျားပြန်လာမယ့်ချိန်ကို အမြဲတမ်းမျှော်နေတဲ့သူမို့၊ ထပ်ပြီး..ထပ်ပြီး ထွက်မသွားမိအောင် ကျွန်တော်ကိုဆွဲထားပါကိုကို၊ ဒီကောင်ကို ကိုကို့ဘ၀ထဲ အပြီးတိုင်ချုပ်နှောင်ထားပေးပါ"
"ဒီတခါကိုကိုမင်းကို ထွက်သွားခွင့်မပေးတော့ဘူး နှလုံးသားငယ်~"
End...
သီချင်းမြန်မာသီချင်းပဲထည့်လိုက်တယ်နော်။
ကိုယ်ကြိုက်တဲ့သီချင်းလည်းဖြစ်သလို
သူတို့နှစ်ယောက်အဖြစ်နဲ့လည်းလိုက်နေလို့။🥺🖤
မေ့နေတာ ချယ်တခုပြောမို့။
ဒါလေးကို Ss2ထုတ်မယ်။
ရှိုင်း/ခ main couple အနေနဲ့ပါ။
ကျန်တဲ့နှစ်တွဲကိုလည်း နည်း"စီထည့်ပေးမယ်လေ။
အဲ့ဒါ ရီဒါတွေသဘောကဘယ်လိုရှိလဲဟင်?
အသည်းအသက်တို့ကကြိုက်တယ်။
အဆင်ပြေတယ်ဆိုရင် Ss2ထုတ်မယ်။
အဆင်မပြေဘူးဆိုရင်တော့ တမျိုးစဥ်းစားတာပေါ့။
အဓိကအသည်းအသက်တို့သဘောပါ။
ဘယ်လိုလုပ်စေချင်လဲ အကြံပေးခဲ့နော်။🖤💬
____________________________________
Zawgyi ✅
Unicode
-My Omega is sugar baby-
"ဒါလင်"
"ဗျား"
"ဒါလင်"
"ပြောလေ ဟန်နီ"
"ဒါလင်လို့"
"ဟန်နီ"
"ပြီးပြီလား ဒါလင်"
-mwh-
"အပိုတွေ"
"ချစ်တယ်"
"အဆိုးလေး"
"ဟီး ချစ်လို့ဆိုးတာ"
"အင်း သွားကြတာပေါ့"
"ကြိုက်ရင်ယူလေ"
"Ok love u baby"
"ဟန်နီ...ဒါလေးရော ဟီး"
ချစ်တော့လည်း...။
"အင်း ယူလေ"
"Ok love u bby"
"ကဒ်လေး ပြန်ယူဦး"
အူယားစရာ သတ္တဝါလေး။
_________________________
"Emma"
"စိတ်ပူနေတာလား"
"ဒယ်~ ဟို..."
"သားလေး သဘောကျလို့လား"
"ခစ်ခစ်"
"ခစ်ခစ်"
"ခစ်ခစ်"
"တခါပြန်အသစ်ကစမယ်"
"ငါတန်ဖိုးထားပါ့မယ်"
"တခါပြန်အသစ်ကစမယ်"
"ငါတန်ဖိုးထားပါ့မယ်"
"တခါပြန်အသစ်ကစမယ်"
"ငါတန်ဖိုးထားပါ့မယ်"
"ချာတိတ်..."
"ဟင့်!"
"တောင်းပန်ပါတယ်"
"ထ အဲ့လိုမလုပ်နဲ့"
"ရပ်ပါတော့!"
"ဒီကောင်ကသေသင့်တာ"
"ခင်ဗျားအရူးပဲ"
End...
ဒါလေးကို Ss2ထုတ်မယ်။
____________________________________
Lanjutkan Membaca
Kamu Akan Menyukai Ini
4.7M 525K 58
{Both Zg&Uni} แ€กแ€žแ€ฑแ€™แ€แ€ฝแ€ฎแ€ธแ€›แ€แ€ฑแ€ฌแ€„แ€บ แ€แ€…แ€บแ€แ€ปแ€€แ€บแ€แ€ฑแ€ฌแ€ทแ€•แ€ผแ€ฏแ€ถแ€ธแ€™แ€ญแ€–แ€ญแ€ฏแ€ท แ€กแ€ฌแ€™แ€แ€ถแ€•แ€ซแ€แ€šแ€บ ..๐Ÿ’š Start - { 11,8,2020 } End - { 25,11,2020 } แ€กแ€ฑแ€žแ€™แ€แ€ผแ€ฎแ€ธแ€›แ€ฑแ€แ€ฌแ€„แ€น แ€แ€…แ€นแ€แ€บแ€€แ€นแ€ฑแ€แ€ฌแ€ทแ€ปแ€•แ€ณแ€ถแ€ธแ€™แ€ญแ€–แ€ญแ€ฏแ‚”...
305K 15.6K 30
๐Ÿƒแ€กแ€™แ€พแ€ฌแ€…แ€ฌ๐Ÿƒ แ€กแ€แ€ฏแ€แ€œแ€ฑแ€ฌ แ€œแ€ฝแ€”แ€บแ€ธแ€แ€ซแ€›แ€ฒแ€ท แ€แ€ฑแ€ซแ€„แ€บแ€ธแ€‘แ€ฒแ€•แ€ฑแ€ซแ€บแ€œแ€ฌแ€œแ€ญแ€ฏแ€ท แ€’แ€ฎficแ€œแ€ฑแ€ธแ€€แ€ญแ€ฏแ€›แ€ฑแ€ธแ€–แ€ผแ€…แ€บแ€แ€ฌแ€•แ€ซแ‹ แ€™แ€Šแ€บแ€žแ€ฐแ€ทแ€€แ€ญแ€ฏแ€™แ€พ แ€‘แ€ญแ€แ€ญแ€ฏแ€€แ€บแ€…แ€ฑแ€œแ€ญแ€ฏแ€แ€ผแ€„แ€บแ€ธแ€™แ€›แ€พแ€ญแ€•แ€ซแ‹ แ€…แ€ญแ€แ€บแ€€แ€ฐแ€ธแ€šแ€‰แ€บ แ€แ€แ€นแ€‘แ€ฏ แ€–แ€ผแ€…แ€บแ€žแ€Šแ€ทแ€บแ€กแ€แ€ฝแ€€แ€บ แ€แ€แ€นแ€‘แ€ฏแ€œแ€ญแ€ฏ...
286K 10.3K 42
แ€–แ€ฎแ€ธแ€”แ€…แ€บแ€„แ€พแ€€แ€บแ€แ€…แ€บแ€€แ€ฑแ€ฌแ€„แ€บแ€›แ€ฒแ€ท แ€›แ€„แ€บแ€€แ€ฝแ€ฒแ€™แ€แ€แ€บแ€กแ€ฑแ€ฌแ€บแ€Ÿแ€…แ€บแ€žแ€ถแ€Ÿแ€ฌ แ€œแ€ฑแ€ฌแ€„แ€บแ€€แ€ปแ€ฝแ€™แ€บแ€ธแ€กแ€ถแ€ทแ€†แ€ฒแ€†แ€ฒ แ€กแ€แ€ฑแ€ฌแ€„แ€บแ€•แ€ถแ€แ€ฝแ€ฑแ€”แ€ฒแ€ทแ€กแ€แ€ฐ แ€•แ€ปแ€ฑแ€ฌแ€€แ€บแ€€แ€ฝแ€šแ€บแ€•แ€ปแ€€แ€บแ€…แ€ฎแ€ธแ€žแ€ฝแ€ฌแ€ธแ€แ€ฑแ€ฌแ€ทแ€™แ€šแ€บแ€ทแ€กแ€แ€ปแ€ญแ€”แ€บแ€™แ€พแ€ฌ แ€„แ€ซแ€Ÿแ€ฌ แ€™แ€„แ€บแ€ธแ€”แ€ฒแ€ทแ€”แ€ฑแ€ฌแ€€แ€บแ€แ€…แ€บแ€€แ€ผแ€ญแ€™แ€บ...