Unicode
မိုးလင်းတာနဲ့ သူနဲ့မျက်နှာချင်းဆိုင်ရသည့်တိုင်အောင် အရှက်တရားတို့က ဖိစီးနေသည်...ဘယ်သူနဲ့မှ မျက်နှာချင်းမဆိုင်ချင်...ဘယ်သူ့ကိုမှ မတွေ့ချင်...ရောက်ရာပေါက်ရာကိုသာ ပြေးထွက်သွားလိုက်ချင်သည်...သူကတော့ ခပ်တည်တည်သာ...
Companyကိုသာ သွားရသည်...လူက ပစ်လဲတော့မည်ကို သိနေရပြီ...အပူရှိန်တွေက တရိပ်ရိပ်တက်လာကာ မျက်နှာမှာ လာဟပ်နေသည်...
ရောက်တာနဲ့ ဒီဇိုင်းဌာနဘက်သာ တန်းသွားလိုက်သည်...
"ရွှေရုပ်...လာပြီလား...ဒီမှာ လာဝိုင်းကူဦး..."
မနှင်းက အဝတ်စတွေကြားမှာ အလုပ်ရှုပ်နေရင်း လှမ်းခေါ်သည်...
"ဟုတ်ကဲ့...မနှင်း..."
"ဒီမှာ သစ္စာပွဲတက်စရာရှိလို့ အရေးတကြီး ချုပ်နေရတာ...မင်းလက်ရာကို တို့သေချာကြည့်ပြီးပြီ...အဆင်ပြေတယ်...နောက်မှပဲ လုပ်ရမယ့်နေရာကို သေချာပြောတော့မယ်...အခုတော့ ကိုယ့်ကို ဒါလေး ပြီးအောင် ဝိုင်းလုပ်ပေး..."
ပျာယာခတ်ကာပြောနေတာမို့ သူမလဲမနေသာတော့ပါ...မနှင်းက မနေ့ကထက် ပိုပြီးသူမအပေါ် ပျော့ပြောင်းနေသလိုပင်...
တစ်မနက်လုံး တကုပ်ကုပ်နဲ့ အလုပ်ရှုပ်ပြီးတော့မှ မနှင်းစိတ်တိုင်းကျတဲ့ ပုံကြမ်းထွက်လာတယ်...ရွှေရုပ်လဲ တော်တော်ကို မူးနောက်နေပြီ...
"အင်း...ခဏလောက်နားကြရအောင်...lunchစားရင်းနဲ့...ကျန်တာကိုတော့ ညနေမှပဲ ဆက်လုပ်ကြရအောင်..."
"ဟုတ်ကဲ့ မနှင်း..."
မနှင်းဆီက ခွင့်ပြုချက်ရတာနဲ့ ရွှေရုပ် သန့်စင်ခန်းဆီ သွားဖို့ ကမန်းကတန်း ထလိုက်မိသည်...ရင်ထဲက ပျို့တက်လာသည့် ခံစားချက်က တော်တော်ဆိုးဆိုးဝါးဝါးပင်...
ရုတ်တရက် ထအရပ်မှာ ဘယ်လိုမှ မထိန်းနိုင်တော့ဘဲ မျက်လုံးတွေ ပြာသွားကာ ဒူးညွတ်ကျသွားတော့တယ်...
"ဟင်...ရွှေရုပ် ဘာဖြစ်တာလဲ... ဟာ...ကိုယ်တွေလဲ ပူခြစ်နေတာပါလား..."
စိတ်ပူတကြီး ရေရွတ်နေတဲ့မနှင်းရဲ့အသံကို ကြားပြီးတဲ့နောက်မှာ အသိဉာဏ်တွေအကုန်လုံး မှောင်အတိကျသွားပါတော့တယ်...
🥀
"တော်တော်အားနည်းနေတာ...ခုတော့ dripချိတ်ထားပေးတယ်...အနားယူဖို့လဲ လိုမယ်..."
ဆေးနံ့အချို့နဲ့အတူ စကားသံအချို့ကို ဝိုးတိုးဝါးတား ကြားနေရသည်... မျက်ခွံတွေကို အားတင်းကာ ဖွင့်ပြီး ဝေ့ဝဲကြည့်လိုက်တော့ မရင်းနှီးတဲ့နေရာတစ်ခု...ဆေးရုံရောက်နေတာဖြစ်လိမိ့မည်...
"ဟော...သတိရလာပြီလား... "
မနှင်းကို မြင်တော့ သူမအတင်းထဖို့ ကြိုးစားလိုက်သည်...
"မထနဲ့...မထနဲ့...လှဲနေဦး ရွှေရုပ်..."
မနှင်းက သူမကို အသာပြန်လှဲစေပြီး ကုတင်အစွန်းမှာ ဝင်ထိုင်လာသည်...
"ဒီလောက် နေမကောင်းဖြစ်နေတာကို တို့ကို တစ်ခွန်းမှ မပြောဘူး...စိတ်ပူလိုက်ရတာ... ဝါဝါကိုတော့ တို့ပြောလာခဲ့တယ်...meeting roomထဲ ရောက်နေလို့ တော်ကြာနေ လိုက်လာလိမ့်မယ်နော်...အဲမတိုင်ခင်ထိ တို့စောင့်နေပေးမယ်..."
"ရပါတယ်... မနှင်းက ညနေ dressချုပ်ရဦးမှာမလား...ညီမကို ထားခဲ့ပါ...မဝါလဲ လာမှာပဲကို..."
"ချုပ်တာက အချိန်ရှိပါသေးတယ်... ရွှေရုပ်ကိုတော့ တစ်ယောက်တည်း မထားသွားချင်ဘူးလေ...နေမကောင်းဖြစ်နေတာကို...မိသားစုကိုရော တို့ခေါ်ပေးရမလား..."
မိသားစုတဲ့...အသာငြိမ်ကျသွားကာ မျက်ရည်တွေ ဝဲတက်လာသည်...နွေးထွေးပေးမယ့်သူ ဘယ်သူမှ မရှိတော့တဲ့ဘဝ...
"ရပါတယ် မနှင်း...မိသားစုက မရှိတော့လို့ပါ..."
"ဟင်..."
နှင်း အံ့သြသွားသည်...အစကတော့ သစ္စာက ဆွေမျိုးနီးစပ်ကောင်မလေးကို အလုပ်သင်ခေါ်လာတာပဲ ထင်ထားတာပါ...တဖြည်းဖြည်းနဲ့ ကိုယ်မသိလောက်မယ့် ကိစ္စတွေ ရှိနေနိုင်တာကိုလဲ သတိထားမိလာတယ်...ဒါပေမယ့် ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ ချစ်စရာကောင်မလေးမှာ ရင်နင့်စရာတွေ ရှိနေမလားလို့တော့ မစဥ်းစားခဲ့ဖူးပါ...
"ဆောရီးပါ...တို့ဝမ်းနည်းအောင် လုပ်မိသွားပြီ..."
"မဟုတ်တာ...ရွှေရုပ်က အဲလိုသဘောမထားပါဘူး..."
ဖျော့တော့နေတဲ့ အသံလေးကလဲ ကြင်နာစဖွယ်...နှင်း ပင့်သက်သာ ရှိုက်မိတော့သည်...
" အင်း...အခုက ဘယ်လိုနေသေးလဲဟင်...ဆေးတော့ ကုန်တော့မယ်..."
"သက်သာလာပါပြီ...မနှင်းကို အားနာလိုက်တာ...ရွှေရုပ်ကြောင့် အလုပ်ပျက်ရပြီ..."
"အားမနာပါနဲ့...ရတယ်...စကားတွေ အများကြီး ပြောနေမိတယ်...ညီမ ခဏမှိန်းနေလိုက်ဦးနော်..."
ညီမဆိုတဲ့ အသုံးအနှုန်းကြောင့် ရင်ထဲ နွေးခနဲ ဖြစ်သွားသည်... ဒီလိုခေါ်တာမျိုး မကြားဖူးလို့နေမယ်...
"ဟုတ်ကဲ့ မနှင်း..."
မျက်လုံးအသာမှိတ်ကာ ငြိမ်သက်သွားသော ကလေးမကို ကြည့်ပြီး နှင်း အတွေးတွေ များလာသည်...
သစ္စာ သစ္စာ... ဘာလို့များ ဒီကလေးမကိုမှလဲ...
"ဟော...ဝါဝါလာပြီလား..."
မှိန်းနေရင်း အတော်ကြာတော့ မနှင်းရဲ့ ဝမ်းသာအားရအသံကို ကြားလိုက်ရသည်...ဆေးကလဲ ကုန်တော့မည်မို့ ရွှေရုပ်ထဖို့ အားယူလိုက်သည်...
"အော်...သစ္စာလဲ ပါလာတာလား..."
မနှင်းရဲ့ နောက်ဆက်တွဲ အသံကြောင့် ကိုယ်က မတ်ခနဲ ဖြစ်သွားသည်...သူက ဘာလို့ ပါလာရတာလဲ... သူ့ကို မျက်လုံးချင်းဆုံဖို့တောင် ရွှေရုပ်အားမရှိနေပါ...
"ဟုတ်တယ်...နှင်း ပင်ပန်းသွားပြီ... အားနာလိုက်တာ..."
သူက လူတစ်ယောက်ကို အားနာတတ်သေးတာပဲ...
"ရပါတယ် သစ္စာရဲ့...ဒီကလေးမကိုတော့ အနားယူခိုင်းရမယ်လို့ ဆရာဝန်ပြောထားတယ်နော်...နောက်နေ့ အလုပ်ကို ပေးမလာပါနဲ့ဦးနော်..."
"အင်းပါ... မလာခိုင်းဘူး..."
သူလှမ်းကြည့်လိုက်တာကို ခံစားမိနေသည်...ထိုင်နေရင်း လူက မောလာသလိုပဲ...
"ဒါနဲ့ သစ္စာကို နှင်းပို့ထားတဲ့ဒီဇိုင်းကြည့်ပြီးပြီလား...paris fashion showသွားဖို့ဟာလေ..."
"အင်း ကိုယ်ကြည့်ပြီးပြီ...အဆင်ပြေပါတယ်...နှစ်ရက်လောက်ပဲ အချိန်ရတော့တာမို့ နှင်းကို အပူကပ်ရတာ...အစက သွားဖို့ အစီအစဉ် မရှိပါဘူး...မာမီက အတင်းတက်ခိုင်းနေလို့..."
သူတို့စကားပြောနေတုန်း နာစ်က ရွှေရုပ်ကို ဆေးပိုက် လာဖြုတ်ပေးသည်...
"ဆင်းလို့ရပြီ boss..."
"အင်း သွားမယ်...နှင်းကတော့ အလုပ်ပြန်သွားရမှာဆိုတော့ ဝါဝါနဲ့ ပြန်သွားလိုက်...ကိုယ် သူနဲ့ အတူပြန်လိုက်တော့မယ်...
ဖျတ်ခနဲ လှမ်းကြည့်လာတဲ့ မနှင်းရဲ့အကြည့်တွေမှာ စူးစမ်းလိုစိတ်တွေ အပြည့်နဲ့...
"အင်းအင်း...ဒါဆို နှင်းတို့ သွားတော့မယ်..."
မဝါက ရွှေရုပ်ကို ကားပေါ်ထိ တွဲပို့ပေးသည်... တည်တင်းနေတဲ့ မျက်နှာကို လန့်နေပေမယ့် သူက စကားတစ်ခွန်းမှ မပြောပါ...အိမ်ပြန်ရောက်တဲ့အထိ ဘာမှမပြောဘဲ သူ့အခန်းဆီ ဝင်သွားသည်...
ကောင်မလေးတစ်ယောက် လာပြေးတွဲတော့ မနေ့က အဖြစ်ကို သတိရပြီး ရွှေရုပ် ရှက်စိတ်တွေ ပြည့်သိပ်လာသည်... သူတို့အမြင်မှာ ကိုယ်ဟာ ဘယ်လိုဖြစ်နေမှာလဲ...ဆက်မတွေးရဲတော့ပါ...
ကိုယ့်အိပ်ရာပေါ် ရောက်တာနဲ့ ရွှေရုပ် စိတ်တွေ ဖြေလျော့ပြီး အိပ်ချလိုက်ပါသည်...
🥀
ဒီနေ့ပါဆို ရွှေရုပ် ရုံးမသွားရတာ၂ ရက်ရှိပြီ...သောကြာနေ့မို့ မနက်ဖြန်လဲ ရုံးပိတ်ရက်ပါပဲ...ပြည့်ပြည့်ဝဝ အနားယူလိုက်ရတာမို့ လူလဲ အနည်းငယ် လန်းဆန်းလာသည်...ဒီရက်တွေမှာ သူ့ကိုလဲ တစ်ချက်မှ မတွေ့အောင် ရှောင်နေမိသည်...သူကလဲ ရွှေရုပ်ဆီ ကူးမလာပါ...
ပြီးတော့ ဟိုနေ့က မနှင်းနဲ့ပြောပုံအရဆို သူခရီးထွက်စရာရှိသည်ပဲ... ဒါဆို ရင်မတုန်ရမည့်ရက်အချို့တော့ ရှိနေပေဦးမည်...
ဝရံတာမှာ နေနေတာ အတော်ကြာပြီ...နေကလဲ စောင်းနေပြီမို့ အခန်းထဲ ပြန်ဝင်လာလိုက်သည်...ဒီနေ့တော့ နေလဲကောင်းနေပြီမို့ ရေကိုစိတ်ရှိလက်ရှိချိုးဖို့ ဆုံးဖြတ်ထားပါသည်...
အားပါးတရ ရေချိုးပြီး ထွက်လာသောသူမမှာ အခန်းထဲရောက်မှ မှန်တင်ခုံရှေ့က ကျောပြင်တစ်ခုကို တွေ့ကာ မျက်လုံးဝိုင်းသွားသည်...
သူပြန်ရောက်ပြီလား...ဒါနဲ့ ဘာကို ကြည့်နေတာလဲ...
"ဟာ..."
နေ့ခင်းက ရေးပြီး ချထားမိသည့် ဒိုင်ယာရီစာအုပ်မှာ မှန်တင်ခုံမှာ ဖွင့်ရက်သား...
ရွှေရုပ်အတင်းဝင်သွားကာ သူ့ရှေ့က စာအုပ်ကို ပြေးယူမိသည်...သူဖတ်မိသွားပြီလား...အလန့်တကြား သူ့မျက်ဝန်းတွေကို ကြည့်မိတော့ သူက မျက်မှောင်ကြုတ်ထားသည်...
"ဘာစာအုပ်လဲ...ပြန်ချလိုက်..."
"ဟင့်အင်း..."
မဖတ်မိသေးဘူးနေမယ်...ရင်ထဲ လန့်နေပေမယ့် စာအုပ်ကိုတော့ ခပ်တင်းတင်း ကိုင်ထားမိသည်...
"ငါ့ကို အခု အာခံနေတာလား..."
"မဟုတ်ပါဘူး... ဒါလေးပဲ...ဒါလေးကိုပဲ မယူပါနဲ့...ကျွန်မ တောင်းပန်ပါတယ်... "
မျက်လုံးတွေက စူးရဲလာပေမယ့် ခဏကြာတော့ သူက ဟက်ခနဲ ရယ်သည်...
"မင်း ပြောတိုင်း ငါက လက်ခံလိုက်ရရောလား..."
"တောင်းပန်ပါတယ်... "
"တောင်းပန်တာတွေ မကြိုက်ဘူး...ငါက အပေးအယူပဲ ကြိုက်တာ..."
မော့ကြည့်လာတဲ့ မျက်လုံးတွေကို သူက တည့်တည့်စိုက်ကြည့်သည်...
"ဒါကို မကြည့်ပါနဲ့...ကျွန်မ ဘာလုပ်ပေးရမလဲ..."
"မင်း စာအုပ်ကို မယူရရင် မင်းကိုတော့ ယူရမှ ဖြစ်မှာပေါ့..."
မထိတထိအပြုံးတွေကြောင့် ရွှေရုပ် ရှက်ရွှံ့စွာ ခေါင်းငုံ့ချလိုက်သည်...
သူက လက်ထဲက စာအုပ်ကို ဖျတ်ခနဲ ဆွဲယူကာ မှန်တင်ခုံပေါ် ပစ်တင်လိုက်သည်...တစ်ဆက်တည်း ရွှေရုပ်ဝတ်ထားတဲ့ ဂါဝန်လေးရဲ့ ခါးစည်းကြိုးကိုလဲ ဖြေချလိုက်သည်...
နှုတ်ခမ်းတွေဆီက အနမ်းကြမ်းကြမ်းတွေနဲ့အတူ ခါးကို ထိန်းကိုင်ကာ သူက ကုတင်ဆီကို တရွေ့ရွေ့လျှောက်လာသည်...
ခါတိုင်းထက် ပိုပြင်းထန်နေသည့် အထိအတွေ့တွေကြောင့် ရွေရုပ် မောဟိုက်လာသည်... အသက်ရှူဖြစ်ဖို့ကို အသည်းအသန် ကြိုးပမ်းနေရသည်...
ထိုစဥ် သူက နမ်းနေရာမှ ရုတ်တရက်ခွာကာ မျက်လုံးတည့်တည့်ကို ကြည့်သည်...
"ငါ့ကို မှတ်မိနေသေးတဲ့အတွက် ဝမ်းသာပါတယ် ရွှေရုပ်..."
"ဟင်..."
သူ စာအုပ်ဖတ်လိုက်တာပဲ ဒါဆို...မခံချိမခံသာစိတ်တွေနဲ့အတူ ရွှေရုပ် အတင်းရုန်းဖို့ ကြိုးစားလိုက်တယ်...
ရယ်သံဟဟနဲ့အတူ သူက ပိုပြီးတင်းတင်းကျပ်ကျပ်ဖက်ကာ ရှေ့ဆက်သည်... ဘယ်လိုမှ မလွတ်မြောက်နိုင်ဘဲ သူမ မျက်ရည်တွေ ဝေ့လာသည်... ဘယ်ကနေ စမှားခဲ့ကြတာလဲ... ဘာလို့ ဒီလိုတွေ ဆုံတွေ့ခဲ့ကြတာလဲ...
သူက တမင်ညစ်ပြီး အတော်ကြာတဲ့အထိ လွှတ်မပေးပါ... သူမမျက်ရည်တွေ ပြန်ခြောက်သွေ့သွားမှသာ ထိုရင်ခွင်ထဲက ပြန်လွတ်မြောက်ခွင့် ရသွားကာ...
"သဘက်ခါရင် parisသွားမှာ...မင်းပါလိုက်ရမှာမို့ အသင့်ပြင်ထား..."
ငြင်းဆန်ခွင့်မရှိတဲ့အမိန့်တွေနောက်မှာ အလဲအကွဲ...
ထွက်သွားတော့မှ မှန်တင်ခုံဆီ လျှောက်လာကာ သူဖတ်မိသွားသည့် စာမျက်နှာကို အသာငုံ့ကြည့်မိသည်...
မကြာခင် ပျောက်ကွယ်တော့မယ့် ရင်းနှီးခဲ့ဖူးတဲ့အတိတ်တွေ...
မမသစ္စာကနေ သစ္စာထင်လင်းဖြစ်သွားပေမယ့် မှတ်မိနေတုန်းပဲ...
မမရစရာရှိတဲ့ အပြစ်ကြွေးတွေအားလုံးကို ရွှေရုပ်အကြေဆပ်ပေးပါ့မယ်...
မျက်ရည်တစ်စက်က စာရွက်ပေါ် ပေါက်ခနဲ ကျသွားခဲ့ပြန်ပါသည်...
To be continued....🍀
Zawgi
မိုးလင္းတာနဲ႕ သူနဲ႕မ်က္ႏွာခ်င္းဆိုင္ရသည့္တိုင္ေအာင္ အရွက္တရားတို႔က ဖိစီးေနသည္...ဘယ္သူနဲ႕မွ မ်က္ႏွာခ်င္းမဆိုင္ခ်င္...ဘယ္သူ႕ကိုမွ မေတြ႕ခ်င္...ေရာက္ရာေပါက္ရာကိုသာ ေျပးထြက္သြားလိုက္ခ်င္သည္...သူကေတာ့ ခပ္တည္တည္သာ...
Companyကိုသာ သြားရသည္...လူက ပစ္လဲေတာ့မည္ကို သိေနရၿပီ...အပူရွိန္ေတြက တရိပ္ရိပ္တက္လာကာ မ်က္ႏွာမွာ လာဟပ္ေနသည္...
ေရာက္တာနဲ႕ ဒီဇိုင္းဌာနဘက္သာ တန္းသြားလိုက္သည္...
"ေ႐ႊ႐ုပ္...လာၿပီလား...ဒီမွာ လာဝိုင္းကူဦး..."
မႏွင္းက အဝတ္စေတြၾကားမွာ အလုပ္ရႈပ္ေနရင္း လွမ္းေခၚသည္...
"ဟုတ္ကဲ့...မႏွင္း..."
"ဒီမွာ သစၥာပြဲတက္စရာရွိလို႔ အေရးတႀကီး ခ်ဳပ္ေနရတာ...မင္းလက္ရာကို တို႔ေသခ်ာၾကည့္ၿပီးၿပီ...အဆင္ေျပတယ္...ေနာက္မွပဲ လုပ္ရမယ့္ေနရာကို ေသခ်ာေျပာေတာ့မယ္...အခုေတာ့ ကိုယ့္ကို ဒါေလး ၿပီးေအာင္ ဝိုင္းလုပ္ေပး..."
ပ်ာယာခတ္ကာေျပာေနတာမို႔ သူမလဲမေနသာေတာ့ပါ...မႏွင္းက မေန႕ကထက္ ပိုၿပီးသူမအေပၚ ေပ်ာ့ေျပာင္းေနသလိုပင္...
တစ္မနက္လုံး တကုပ္ကုပ္နဲ႕ အလုပ္ရႈပ္ၿပီးေတာ့မွ မႏွင္းစိတ္တိုင္းက်တဲ့ ပုံၾကမ္းထြက္လာတယ္...ေ႐ႊ႐ုပ္လဲ ေတာ္ေတာ္ကို မူးေနာက္ေနၿပီ...
"အင္း...ခဏေလာက္နားၾကရေအာင္...lunchစားရင္းနဲ႕...က်န္တာကိုေတာ့ ညေနမွပဲ ဆက္လုပ္ၾကရေအာင္..."
"ဟုတ္ကဲ့ မႏွင္း..."
မႏွင္းဆီက ခြင့္ျပဳခ်က္ရတာနဲ႕ ေ႐ႊ႐ုပ္ သန့္စင္ခန္းဆီ သြားဖို႔ ကမန္းကတန္း ထလိုက္မိသည္...ရင္ထဲက ပ်ိဳ႕တက္လာသည့္ ခံစားခ်က္က ေတာ္ေတာ္ဆိုးဆိုးဝါးဝါးပင္...
႐ုတ္တရက္ ထအရပ္မွာ ဘယ္လိုမွ မထိန္းနိုင္ေတာ့ဘဲ မ်က္လုံးေတြ ျပာသြားကာ ဒူးၫြတ္က်သြားေတာ့တယ္...
"ဟင္...ေ႐ႊ႐ုပ္ ဘာျဖစ္တာလဲ... ဟာ...ကိုယ္ေတြလဲ ပူျခစ္ေနတာပါလား..."
စိတ္ပူတႀကီး ေရ႐ြတ္ေနတဲ့မႏွင္းရဲ႕အသံကို ၾကားၿပီးတဲ့ေနာက္မွာ အသိဉာဏ္ေတြအကုန္လုံး ေမွာင္အတိက်သြားပါေတာ့တယ္...
🍂
"ေတာ္ေတာ္အားနည္းေနတာ...ခုေတာ့ dripခ်ိတ္ထားေပးတယ္...အနားယူဖို႔လဲ လိုမယ္..."
ေဆးနံ႕အခ်ိဳ႕နဲ႕အတူ စကားသံအခ်ိဳ႕ကို ဝိုးတိုးဝါးတား ၾကားေနရသည္... မ်က္ခြံေတြကို အားတင္းကာ ဖြင့္ၿပီး ေဝ့ဝဲၾကည့္လိုက္ေတာ့ မရင္းႏွီးတဲ့ေနရာတစ္ခု...ေဆး႐ုံေရာက္ေနတာျဖစ္လိမိ့မည္...
"ေဟာ...သတိရလာၿပီလား... "
မႏွင္းကို ျမင္ေတာ့ သူမအတင္းထဖို႔ ႀကိဳးစားလိုက္သည္...
"မထနဲ႕...မထနဲ႕...လွဲေနဦး ေ႐ႊ႐ုပ္..."
မႏွင္းက သူမကို အသာျပန္လွဲေစၿပီး ကုတင္အစြန္းမွာ ဝင္ထိုင္လာသည္...
"ဒီေလာက္ ေနမေကာင္းျဖစ္ေနတာကို တို႔ကို တစ္ခြန္းမွ မေျပာဘူး...စိတ္ပူလိုက္ရတာ... ဝါဝါကိုေတာ့ တို႔ေျပာလာခဲ့တယ္...meeting roomထဲ ေရာက္ေနလို႔ ေတာ္ၾကာေန လိုက္လာလိမ့္မယ္ေနာ္...အဲမတိုင္ခင္ထိ တို႔ေစာင့္ေနေပးမယ္..."
"ရပါတယ္... မႏွင္းက ညေန dressခ်ဳပ္ရဦးမွာမလား...ညီမကို ထားခဲ့ပါ...မဝါလဲ လာမွာပဲကို..."
"ခ်ဳပ္တာက အခ်ိန္ရွိပါေသးတယ္... ေ႐ႊ႐ုပ္ကိုေတာ့ တစ္ေယာက္တည္း မထားသြားခ်င္ဘူးေလ...ေနမေကာင္းျဖစ္ေနတာကို...မိသားစုကိုေရာ တို႔ေခၚေပးရမလား..."
မိသားစုတဲ့...အသာၿငိမ္က်သြားကာ မ်က္ရည္ေတြ ဝဲတက္လာသည္...ႏြေးေထြးေပးမယ့္သူ ဘယ္သူမွ မရွိေတာ့တဲ့ဘဝ...
"ရပါတယ္ မႏွင္း...မိသားစုက မရွိေတာ့လို႔ပါ..."
"ဟင္..."
ႏွင္း အံ့ၾသသြားသည္...အစကေတာ့ သစၥာက ေဆြမ်ိဳးနီးစပ္ေကာင္မေလးကို အလုပ္သင္ေခၚလာတာပဲ ထင္ထားတာပါ...တျဖည္းျဖည္းနဲ႕ ကိုယ္မသိေလာက္မယ့္ ကိစၥေတြ ရွိေနနိုင္တာကိုလဲ သတိထားမိလာတယ္...ဒါေပမယ့္ ဒီလိုငယ္ငယ္႐ြယ္႐ြယ္နဲ႕ ခ်စ္စရာေကာင္မေလးမွာ ရင္နင့္စရာေတြ ရွိေနမလားလို႔ေတာ့ မစဥ္းစားခဲ့ဖူးပါ...
"ေဆာရီးပါ...တို႔ဝမ္းနည္းေအာင္ လုပ္မိသြားၿပီ..."
"မဟုတ္တာ...ေ႐ႊ႐ုပ္က အဲလိုသေဘာမထားပါဘူး..."
ေဖ်ာ့ေတာ့ေနတဲ့ အသံေလးကလဲ ၾကင္နာစဖြယ္...ႏွင္း ပင့္သက္သာ ရွိုက္မိေတာ့သည္...
" အင္း...အခုက ဘယ္လိုေနေသးလဲဟင္...ေဆးေတာ့ ကုန္ေတာ့မယ္..."
"သက္သာလာပါၿပီ...မႏွင္းကို အားနာလိုက္တာ...ေ႐ႊ႐ုပ္ေၾကာင့္ အလုပ္ပ်က္ရၿပီ..."
"အားမနာပါနဲ႕...ရတယ္...စကားေတြ အမ်ားႀကီး ေျပာေနမိတယ္...ညီမ ခဏမွိန္းေနလိုက္ဦးေနာ္..."
ညီမဆိုတဲ့ အသုံးအႏႈန္းေၾကာင့္ ရင္ထဲ ႏြေးခနဲ ျဖစ္သြားသည္... ဒီလိုေခၚတာမ်ိဳး မၾကားဖူးလို႔ေနမယ္...
"ဟုတ္ကဲ့ မႏွင္း..."
မ်က္လုံးအသာမွိတ္ကာ ၿငိမ္သက္သြားေသာ ကေလးမကို ၾကည့္ၿပီး ႏွင္း အေတြးေတြ မ်ားလာသည္...
သစၥာ သစၥာ... ဘာလို႔မ်ား ဒီကေလးမကိုမွလဲ...
"ေဟာ...ဝါဝါလာၿပီလား..."
မွိန္းေနရင္း အေတာ္ၾကာေတာ့ မႏွင္းရဲ႕ ဝမ္းသာအားရအသံကို ၾကားလိုက္ရသည္...ေဆးကလဲ ကုန္ေတာ့မည္မို႔ ေ႐ႊ႐ုပ္ထဖို႔ အားယူလိုက္သည္...
"ေအာ္...သစၥာလဲ ပါလာတာလား..."
မႏွင္းရဲ႕ ေနာက္ဆက္တြဲ အသံေၾကာင့္ ကိုယ္က မတ္ခနဲ ျဖစ္သြားသည္...သူက ဘာလို႔ ပါလာရတာလဲ... သူ႕ကို မ်က္လုံးခ်င္းဆုံဖို႔ေတာင္ ေ႐ႊ႐ုပ္အားမရွိေနပါ...
"ဟုတ္တယ္...ႏွင္း ပင္ပန္းသြားၿပီ... အားနာလိုက္တာ..."
သူက လူတစ္ေယာက္ကို အားနာတတ္ေသးတာပဲ...
"ရပါတယ္ သစၥာရဲ႕...ဒီကေလးမကိုေတာ့ အနားယူခိုင္းရမယ္လို႔ ဆရာဝန္ေျပာထားတယ္ေနာ္...ေနာက္ေန႕ အလုပ္ကို ေပးမလာပါနဲ႕ဦးေနာ္..."
"အင္းပါ... မလာခိုင္းဘူး..."
သူလွမ္းၾကည့္လိုက္တာကို ခံစားမိေနသည္...ထိုင္ေနရင္း လူက ေမာလာသလိုပဲ...
"ဒါနဲ႕ သစၥာကို ႏွင္းပို႔ထားတဲ့ဒီဇိုင္းၾကည့္ၿပီးၿပီလား...paris fashion showသြားဖို႔ဟာေလ..."
"အင္း ကိုယ္ၾကည့္ၿပီးၿပီ...အဆင္ေျပပါတယ္...ႏွစ္ရက္ေလာက္ပဲ အခ်ိန္ရေတာ့တာမို႔ ႏွင္းကို အပူကပ္ရတာ...အစက သြားဖို႔ အစီအစဥ္ မရွိပါဘူး...မာမီက အတင္းတက္ခိုင္းေနလို႔..."
သူတို႔စကားေျပာေနတုန္း နာစ္က ေ႐ႊ႐ုပ္ကို ေဆးပိုက္ လာျဖဳတ္ေပးသည္...
"ဆင္းလို႔ရၿပီ boss..."
"အင္း သြားမယ္...ႏွင္းကေတာ့ အလုပ္ျပန္သြားရမွာဆိုေတာ့ ဝါဝါနဲ႕ ျပန္သြားလိုက္...ကိုယ္ သူနဲ႕ အတူျပန္လိုက္ေတာ့မယ္...
ဖ်တ္ခနဲ လွမ္းၾကည့္လာတဲ့ မႏွင္းရဲ႕အၾကည့္ေတြမွာ စူးစမ္းလိုစိတ္ေတြ အျပည့္နဲ႕...
"အင္းအင္း...ဒါဆို ႏွင္းတို႔ သြားေတာ့မယ္..."
မဝါက ေ႐ႊ႐ုပ္ကို ကားေပၚထိ တြဲပို႔ေပးသည္... တည္တင္းေနတဲ့ မ်က္ႏွာကို လန့္ေနေပမယ့္ သူက စကားတစ္ခြန္းမွ မေျပာပါ...အိမ္ျပန္ေရာက္တဲ့အထိ ဘာမွမေျပာဘဲ သူ႕အခန္းဆီ ဝင္သြားသည္...
ေကာင္မေလးတစ္ေယာက္ လာေျပးတြဲေတာ့ မေန႕က အျဖစ္ကို သတိရၿပီး ေ႐ႊ႐ုပ္ ရွက္စိတ္ေတြ ျပည့္သိပ္လာသည္... သူတို႔အျမင္မွာ ကိုယ္ဟာ ဘယ္လိုျဖစ္ေနမွာလဲ...ဆက္မေတြးရဲေတာ့ပါ...
ကိုယ့္အိပ္ရာေပၚ ေရာက္တာနဲ႕ ေ႐ႊ႐ုပ္ စိတ္ေတြ ေျဖေလ်ာ့ၿပီး အိပ္ခ်လိဳက္ပါသည္...
🍂
ဒီေန႕ပါဆို ေ႐ႊ႐ုပ္ ႐ုံးမသြားရတာ၂ ရက္ရွိၿပီ...ေသာၾကာေန႕မို႔ မနက္ျဖန္လဲ ႐ုံးပိတ္ရက္ပါပဲ...ျပည့္ျပည့္ဝဝ အနားယူလိုက္ရတာမို႔ လူလဲ အနည္းငယ္ လန္းဆန္းလာသည္...ဒီရက္ေတြမွာ သူ႕ကိုလဲ တစ္ခ်က္မွ မေတြ႕ေအာင္ ေရွာင္ေနမိသည္...သူကလဲ ေ႐ႊ႐ုပ္ဆီ ကူးမလာပါ...
ၿပီးေတာ့ ဟိုေန႕က မႏွင္းနဲ႕ေျပာပုံအရဆို သူခရီးထြက္စရာရွိသည္ပဲ... ဒါဆို ရင္မတုန္ရမည့္ရက္အခ်ိဳ႕ေတာ့ ရွိေနေပဦးမည္...
ဝရံတာမွာ ေနေနတာ အေတာ္ၾကာၿပီ...ေနကလဲ ေစာင္းေနၿပီမို႔ အခန္းထဲ ျပန္ဝင္လာလိုက္သည္...ဒီေန႕ေတာ့ ေနလဲေကာင္းေနၿပီမို႔ ေရကိုစိတ္ရွိလက္ရွိခ်ိဳးဖို႔ ဆုံးျဖတ္ထားပါသည္...
အားပါးတရ ေရခ်ိဳးၿပီး ထြက္လာေသာသူမမွာ အခန္းထဲေရာက္မွ မွန္တင္ခုံေရွ႕က ေက်ာျပင္တစ္ခုကို ေတြ႕ကာ မ်က္လုံးဝိုင္းသြားသည္...
သူျပန္ေရာက္ၿပီလား...ဒါနဲ႕ ဘာကို ၾကည့္ေနတာလဲ...
"ဟာ..."
ေန႕ခင္းက ေရးၿပီး ခ်ထားမိသည့္ ဒိုင္ယာရီစာအုပ္မွာ မွန္တင္ခုံမွာ ဖြင့္ရက္သား...
ေ႐ႊ႐ုပ္အတင္းဝင္သြားကာ သူ႕ေရွ႕က စာအုပ္ကို ေျပးယူမိသည္...သူဖတ္မိသြားၿပီလား...အလန့္တၾကား သူ႕မ်က္ဝန္းေတြကို ၾကည့္မိေတာ့ သူက မ်က္ေမွာင္ၾကဳတ္ထားသည္...
"ဘာစာအုပ္လဲ...ျပန္ခ်လိဳက္..."
"ဟင့္အင္း..."
မဖတ္မိေသးဘူးေနမယ္...ရင္ထဲ လန့္ေနေပမယ့္ စာအုပ္ကိုေတာ့ ခပ္တင္းတင္း ကိုင္ထားမိသည္...
"ငါ့ကို အခု အာခံေနတာလား..."
"မဟုတ္ပါဘူး... ဒါေလးပဲ...ဒါေလးကိုပဲ မယူပါနဲ႕...ကြၽန္မ ေတာင္းပန္ပါတယ္... "
မ်က္လုံးေတြက စူးရဲလာေပမယ့္ ခဏၾကာေတာ့ သူက ဟက္ခနဲ ရယ္သည္...
"မင္း ေျပာတိုင္း ငါက လက္ခံလိုက္ရေရာလား..."
"ေတာင္းပန္ပါတယ္... "
"ေတာင္းပန္တာေတြ မႀကိဳက္ဘူး...ငါက အေပးအယူပဲ ႀကိဳက္တာ..."
ေမာ့ၾကည့္လာတဲ့ မ်က္လုံးေတြကို သူက တည့္တည့္စိုက္ၾကည့္သည္...
"ဒါကို မၾကည့္ပါနဲ႕...ကြၽန္မ ဘာလုပ္ေပးရမလဲ..."
"မင္း စာအုပ္ကို မယူရရင္ မင္းကိုေတာ့ ယူရမွ ျဖစ္မွာေပါ့..."
မထိတထိအၿပဳံးေတြေၾကာင့္ ေ႐ႊ႐ုပ္ ရွက္႐ႊံ႕စြာ ေခါင္းငုံ႕ခ်လိဳက္သည္...
သူက လက္ထဲက စာအုပ္ကို ဖ်တ္ခနဲ ဆြဲယူကာ မွန္တင္ခုံေပၚ ပစ္တင္လိုက္သည္...တစ္ဆက္တည္း ေ႐ႊ႐ုပ္ဝတ္ထားတဲ့ ဂါဝန္ေလးရဲ႕ ခါးစည္းႀကိဳးကိုလဲ ေျဖခ်လိဳက္သည္...
ႏႈတ္ခမ္းေတြဆီက အနမ္းၾကမ္းၾကမ္းေတြနဲ႕အတူ ခါးကို ထိန္းကိုင္ကာ သူက ကုတင္ဆီကို တေ႐ြ႕ေ႐ြ႕ေလွ်ာက္လာသည္...
ခါတိုင္းထက္ ပိုျပင္းထန္ေနသည့္ အထိအေတြ႕ေတြေၾကာင့္ ေ႐ြ႐ုပ္ ေမာဟိုက္လာသည္... အသက္ရႉျဖစ္ဖို႔ကို အသည္းအသန္ ႀကိဳးပမ္းေနရသည္...
ထိုစဥ္ သူက နမ္းေနရာမွ ႐ုတ္တရက္ခြာကာ မ်က္လုံးတည့္တည့္ကို ၾကည့္သည္...
"ငါ့ကို မွတ္မိေနေသးတဲ့အတြက္ ဝမ္းသာပါတယ္ ေ႐ႊ႐ုပ္..."
"ဟင္..."
သူ စာအုပ္ဖတ္လိုက္တာပဲ ဒါဆို...မခံခ်ိမခံသာစိတ္ေတြနဲ႕အတူ ေ႐ႊ႐ုပ္ အတင္း႐ုန္းဖို႔ ႀကိဳးစားလိုက္တယ္...
ရယ္သံဟဟနဲ႕အတူ သူက ပိုၿပီးတင္းတင္းက်ပ္က်ပ္ဖက္ကာ ေရွ႕ဆက္သည္... ဘယ္လိုမွ မလြတ္ေျမာက္နိုင္ဘဲ သူမ မ်က္ရည္ေတြ ေဝ့လာသည္... ဘယ္ကေန စမွားခဲ့ၾကတာလဲ... ဘာလို႔ ဒီလိုေတြ ဆုံေတြ႕ခဲ့ၾကတာလဲ...
သူက တမင္ညစ္ၿပီး အေတာ္ၾကာတဲ့အထိ လႊတ္မေပးပါ... သူမမ်က္ရည္ေတြ ျပန္ေျခာက္ေသြ႕သြားမွသာ ထိုရင္ခြင္ထဲက ျပန္လြတ္ေျမာက္ခြင့္ ရသြားကာ...
"သဘက္ခါရင္ parisသြားမွာ...မင္းပါလိုက္ရမွာမို႔ အသင့္ျပင္ထား..."
ျငင္းဆန္ခြင့္မရွိတဲ့အမိန့္ေတြေနာက္မွာ အလဲအကြဲ...
ထြက္သြားေတာ့မွ မွန္တင္ခုံဆီ ေလွ်ာက္လာကာ သူဖတ္မိသြားသည့္ စာမ်က္ႏွာကို အသာငုံ႕ၾကည့္မိသည္...
မၾကာခင္ ေပ်ာက္ကြယ္ေတာ့မယ့္ ရင္းႏွီးခဲ့ဖူးတဲ့အတိတ္ေတြ...
မမသစၥာကေန သစၥာထင္လင္းျဖစ္သြားေပမယ့္ မွတ္မိေနတုန္းပဲ...
မမရစရာရွိတဲ့ အျပစ္ေႂကြးေတြအားလုံးကို ေ႐ႊ႐ုပ္အေၾကဆပ္ေပးပါ့မယ္...
မ်က္ရည္တစ္စက္က စာ႐ြက္ေပၚ ေပါက္ခနဲ က်သြားခဲ့ျပန္ပါသည္...
To be continued....🍀