ေနျခည္နမ္းသည့္ပန္းေလျပည္ နေခြ...

By NwayOo_ALinkar

37.9K 2.4K 457

မင္းကအင္းေရျပင္ႀကီးဆိုရင္ ကိုယ္ကမင္းနဲ႔ အၿမဲတမ္းမ်က္ႏွာခ်င္းဆိုင္ပဲရွိေနမယ့္ ေကာင္းကင္ျပာျကီးေပါ့ မင်းကအင်းရ... More

ဇာတ္လမ္းမိတ္ဆက္
အခန္း-၁{အင္းေလးေျမ}
အခန္း-၂ {ေတြ႕ဆံုျခင္းရဲ႕ကံၾကမၼာအစ}
အခန္း-၃ {ႏွဖူးစာရြာလည္}
အခန္း-၄ {ႏွလံုးသားနိဒါန္း}
အခန္း-၅ {ႏွလံုးသားပံုရိပ္}
အခန္း-၆ {ဘုရားလည္းဖူးလိပ္ဥလည္းတူး}
အပိုင္း-၇ {အခ်စ္က္ိုစတင္ခံစားမိျခင္း}
အပ္ိုင္း-၈ {ၾကာပန္းေလးလႉေပးခ်င္လို႔}
အခန္း-၉{ရြာမေရေပၚေစ်းေန႔မွဂယက္}
အခန္း-၁၀{ခ်စ္ျခင္းထက္ပိုေသာျမတ္ႏိုးမႈ}
အပိုင္း-၁၁{ေဗဒါပင္ေလးလ္ိုလူ}
အပိုင္း-၁၂ {မင္းရဲ႕ျဖစ္တည္မႈတိုင္းကိုခ်စ္တယ္}
အပ္ိုင္း-၁၃{ခ်စ္စဖြယ္တိုက္ေတးပြဲဓေလ့}
အပိုင္း-၁၄{အင္းေလးဆိုတာေရစက္ေတြနဲ႔ခင္းထားတဲ့လမ္းျဖစ္ေနတယ္}
အပိုင္း-၁၅{ႏွလံုးသားတစ္စံုသာကိုယ့္ထံအပ္ႏွံပါ}
အပိုင္း-၁၇{ဒီတစ္သက္လံုးတို႔မခြဲဘူး}
အပိုင္း-၁၈{ခ်စ္ျခင္း၏႐ိုးသားမႈ}
အပ္ိုင္း-၁၉{ႏွလံုးသားေလးကိုခ်ည္ေႏွာင္ထားခ်င္လို႔}
အပိုင္း-၂၀{သေဘာမတူရင္ခိုးေျပးၾကမယ္}
အပိုင္း-၂၁{မဂၤလာဦးည}
အပိုင္း-၂၂{ခ်စ္ျခင္းေန႔ရက္အေစာပိုင္း}
အပိုင္း-၂၃{ခ်စ္ျခင္းႀက္ိဳးေလးခိ္ုင္ၿမဲေစ}
အပိုင္း-၂၄{တြဲလက္တို႔ခိုင္ၿမဲေစ}
အပိုင္း-၂၅{မင္းနဲ႔ခ်စ္တတ္ၿပီေပါ့}
အပ္ိုင္း-၂၆{အလြမ္းေန႔ရက္}
အပိုင္း-၂၇{ကိုယ္မညာေတာ့ဘူးမင္းကိုခ်စ္သည္}
အပိုင္း-၂၈{ရင္ခုန္သံရပ္ဝန္း}{ဇာတ္သိမ္းပိုင္း}

အပ္ိုင္း-၁၆{ျမတ္ေဖာင္ေတာ္ဦးေစတီဦးဝယ္}

617 48 2
By NwayOo_ALinkar

{Zawgyi}

*အင္းလယ္ကေရႊၾကာပန္း
ေနာင္ကူးနဲ႔အတူခူးလို႔
ျမတ္ေဖာင္ေတာ္ ေစတီဦးဝယ္
ဌာေနတို႔သာေစေၾကာင္း
ဆုေတာင္းက ေမတၱာေဝ..ေအးခ်မ္းပါေစ*

နန္းဟူရြာရွိ ေဖာင္ေတာ္ဦး႐ုပ္ပြားေတာ္ျမတ္မ်ား
က္ိုစံေက်ာင္းေတာ္မွ ေရႊအင္းတိန္ဘုရားဆီသို႔
ေဒသစာရီႂကြခ်ီမည့္ေန႔ မနက္ေစာေစာတြင္
အင္းေဒသနယ္ခံတစ္ေယာက္ႏွယ္ ေသခ်ာကို
ပင္ ဝတ္စားထားကာ အဆင္သင့္ျဖစ္ေနၿပီျဖစ္
ေသာ မေဟာ္ႏွင့္တာရာ။

ပင္နီေရာင္ရွမ္းအက်ႋလက္တိုႏွင့္ ရွမ္းေဘာင္းဘီ
ပြပြကိုဝတ္ဆင္ထားေသာ မေဟာ့္ သြင္ျပင္သည္
ငယ္ရြယ္မႈအသြင္တို႔တစ္ဖန္ျပန္ေဆာင္ကာ ရွင္း
သန္႔ခန္႔ညားေခ်ာေမာေန၏။

နံနတ္၇နာရီတြင္ ေဖာင္ေတာ္ဦး႐ုပ္ပြားေတာ္
ျမတ္မ်ားက ေဖာင္ေတာ္ဦးဘုရားရင္ျပင္ကို
တစ္ပတ္ ပတ္ၿပီး ေရႊအင္းတိန္ဘုရားဆီသို႔
ေဒသစာရီႂကြခ်ီလာခဲ့ေလသည္။

ေဒသစာရီႂကြခ်ီသည့္ ကရဝိတ္ေဖာင္ေတာ္
ကို ဆြဲမည့္ ဆြဲေလွမ်ားတြင္ ႐ိုးရာရွမ္းအိုးစည္၊
ေမာင္းႏွင့္ နကၠဒဏ္ထီမ်ားခ်ိတ္ဆြဲထားၾက
သည္။ တစ္ခ်ိဳ႕ေလွမ်ားသည္ ရြာအမည္ပါ
သည့္ ဆိုင္းဘုတ္မ်ားပါ ခ်ိတ္ထားၾက၏။

ေက်းရြာအလိုက္ အေရာင္သတ္မွတ္ေပးထား
ပံုရပါသည္။ ေလွေလွာ္တက္မ်ားသည္ တစ္စင္း
ကို အေရာင္တစ္ေရာင္စီႏွင့္ျဖစ္သည္။ ထိုဆြဲေလွ
မ်ားထဲတြင္ နန္းပန္ရြာမွသိပ္ကိုခ်စ္စရာေကာင္း
လွေသာ သူရဲ႕ခ်စ္ရသူ ဒီပါ ။

ဒီပါ့ သူငယ္ခ်င္းျဖစ္သူ ရန္ႏွင့္အတူ ေလွတစ္
စီးထဲ စီးလာခဲ့ရၿပီး ရန္ကေတာ့ ကင္မရာ ကိုင္
ရင္းပင္ အလုပ္႐ွဳပ္ေန၏။ တာရာက ဆြဲေလွ
အဖြဲ႕ထဲသို႔ ပါသြားၿပီျဖစ္၏။ မေဟာ္က ဒီပါ့
ကိုျမင္ေတာ့ လက္လွမ္းျပသည္။ ဒီပါကလည္း
မေဟာ့္ကို ျမင္ေတာ့ ျပံဳးျပေလသည္။

"ဘာလို႔ ဆြဲေလွအဖြဲ႕ထဲမဝင္ရတာလဲ? "

ဒီပါ့ တို႔ဆြဲေလွကိုေဘးကေန ၾကည့္ရင္း
ျပံဳးျမ ေနေသာ မေဟာ့္ ကို ရန္က လွမ္းေမး
သည္။

"ငါ့ဘာသာ ဝင္ဝင္မဝင္ဝင္ မင္းနဲ႔ဘာဆိုင္လို႔
လဲ"

မေဟာ္က ပက္ခနဲျပန္ေျပာေလေတာ့ ရန္က
ရယ္ေလသည္။

"ဟုတ္ပါၿပီ..ဒါနဲ႔ ကၽြန္ေတာ္ သိခ်င္တာေလး
ရွိလို႔ ဒီက မေဟာ္ရဲ႕ နာမည္အရင္းက ခြန္းစစ္
မေဟာ္ မလား? ကၽြန္ေတာ္ အမွတ္မမွားဘူးဆို
ရင္ မေဟာ္ဂနီ လုပ္ငန္းစု ကုမၼဏီရဲ႕ သူေဌးခြန္း
စစ္မေဟာ္ နဲ႔ ခင္ဗ်ားနဲ႔က တစ္ေယာက္ထဲပဲ
မဟုတ္လား..ဒါဆိုရင္ ဘာလို႔ ခင္ဗ်ားရဲ႕ညီ
က္ို ေဒၚပန္းသုဟန္ရဲ႕သားလို႔ အားလံုကထင္
ေနရတာလဲ? "

ရန္က ေပါ့ပါးစြာျဖင့္ ေမးလိုက္ေသာ္လည္း
မေဟာ့္ မ်က္ခံုးတန္းတို႔သည္ ခ်က္ခ်င္းကိုပင္
တြန္႔ခ်ိဳးသြား၏။ ရန္႔အား အကဲခတ္သည့္
မ်က္ဝန္းမ်ားျဖင့္ ၾကည့္ရင္း...၊

"မင္းဒီကိုေရာက္တာမွ ဘယ္ႏွစ္ရက္ေလာက္
မွမရွိေသးတာကို ငါ့အေၾကာင္းေတြကို လိုက္
စံုစမ္းေနတာလား"

"ေကာက္ခ်က္ခ်မေစာပါနဲ႔အံုးဗ်ာ..ကၽြန္ေတာ္
က နယ္တကာလိုက္ၿပီး ဓာတ္ပံု႐ိုက္ရင္း ဓာတ္ပံု
ပညာက္ို ေလ့လာေနတဲ့သူဆိုေတာ့ ခင္ဗ်ား
အေၾကာင္းေတြက္ို ၾကားဖူးနားဝရွိေနရံုပါ..
ၿပီးေတာ့ ခင္ဗ်ားနဲ႔ဒီပါက ခ်စ္သူေတြဆိုတာ
ကိုလည္း ဒီပါက ကၽြန္ေတာ့္ကို ေျပာျပတယ္။
ဒီပါ့ကို ၾကည့္ရတာ ခင္ဗ်ားက ဘယ္သူလည္း
ဆိုတာကို သူမသိေသးတဲ့ပံုပဲ..ဘာလို႔ သူ႔ကို
ခင္ဗ်ား ဖံုးကြယ္ထားရတာလဲ"

"ဟူး..!! မင္းက အဲ့ေလာက္ထိသိၿပီး ေျပာေန
မွေတာ့ ငါဆက္ၿပီးဖုံးကြယ္မေနေတာ့ပါဘူး ။
ဟုတ္တယ္..မင္းသိထားတဲ့ အဲ့ဒီခြန္းစစ္မေဟာ္
နဲ႔ ငါနဲ႔က တစ္ေယာက္ထဲပဲ..ဒီအေၾကာင္းေတြကို
မၾကာခင္ ဒီပါကို အမွန္တိုင္းဝန္ခံၿပီး ရွင္းျပမွာပါ"

"ဒီပါက သိပ္ကို႐ိုးသားျဖဴစင္တယ္ဆိုတာ
ခင္ဗ်ားသိလား..အခ်ိန္အၾကာႀကီးဆက္ၿပီး
ဖံုးကြယ္ထားရင္ ဒီပါ ဝမ္းနည္းရလိမ့္မယ္..
ဒီပါက ကၽြန္ေတာ့္ သူငယ္ခ်င္း..သူ႔က္ိုဝမ္း
နည္းေအာင္လုပ္မဲ့ ဘယ္သူ႔ကိုမဆို ကၽြန္
ေတာ္ ခြင့္လႊတ္မွာမဟုတ္ဘူး"

ဒီစကားက ရန္႔ ရင္ထဲက လာတဲ့ အ႐ိုးသားဆံုး
စကား။ ရန္က ဒီပါ့က္ို သေဘာက်ေနသူတစ္
ေယာက္ျဖစ္ေနေပမဲ့ ရန္႔ အလုပ္ေၾကာင့္ နယ္
အေဝးကိုအၿမဲတမ္းသြားေနရသူ။ ဒါေပမဲ့တစ္
ႏွစ္တစ္ခါေတာ့ အင္းေလးကို မေရာက္ေရာက္
ေအာင္ကို သူအေရာက္ျပန္လာတတ္ပါသည္။
ဒီႏွစ္ ဘုရားပြဲေတာ္ အမွီျပန္လာရင္း ရင္ထဲက
ခံစားခ်က္ေတြကို ဒီပါ့ထံ ဝန္ခံမည့္စိတ္ျဖင့္
လာခဲ့ေသာ္လည္း သူ ေျခတစ္လွမ္းေနာက္က်
သြားခဲ့ရသည္။ သူ႔ေရွ႕မွာ ရပ္ေနတဲ့ ခပ္ေခ်ာ
ေခ်ာ လူက ဒီပါ့ရဲ႕ ခ်စ္သူတဲ့ေလ။

ငါးဖယ္ေခ်ာင္းေက်ာင္းမွာထဲက တစ္ေယာက္
ကို တစ္ေယာက္ ျမတ္ႏိုးစြာကိုပင္ ေငးစိုက္
ၾကည့္ေနထဲက လူေတြကို အရိပ္အကဲခက္ႏိုင္
စြမ္းရွိလွတဲ့ သူ႔စိတ္က အလိုလိုကို သိေနခဲ့ရ၏။

ဒါေၾကာင့္လည္း ထိုေန႔က ထိုျမင္ကြင္းေလး
ကိုအမိအရ႐ိုက္ယူခဲ့ရတဲ့ ပံုေလးက လွလည္း
လွပခဲ့သလို၊ သူ႔အတြက္ နာက်င္စရာလည္း
ေကာင္းလြန္းခဲ့ျပန္ပါသည္။ ကိုယ္ခ်စ္တဲ့သူ
ကို ကိုယ္တိုင္ေတာ့ ဓာတ္ပံု႐ိုက္ခြင့္ရခဲ့ပါသည္။
သို႔ေသာ္ သူ႔ခ်စ္သူနဲ႔စံုတြဲပံုေလးျဖစ္ေနခဲ့ရံုေလး
ပါပဲ။

"မင္း..ဒီပ့ါ အေပၚကို ခံစားခ်က္ေတြရွိေနတာ
မလား"

"အမွန္တိုင္းေျပာရရင္ ကၽြန္ေတာ္ ဒီပါ့ အေပၚ
မွာ ခံစားခ်က္ရွိတယ္..ဒါေပမဲ့ ခင္ဗ်ားစိတ္မပူ
ပါနဲ႔.. ကၽြန္ေတာ့္ဆီမွာ လုယူလိုစိတ္မရွိပါဘူး.။
ကၽြန္ေတာ္က ကၽြန္ေတာ့္အတြက္ ျဖစ္တည္
လာတဲ့ ခ်စ္ျခင္း မ်ိဳးကိုပဲသေဘာက်တာ၊
ကိုယ့္အတၱအတြက္နဲ႔ တစ္ပါးသူဆီကေန
လုယူၿပီး ရရွိလာမဲ့ ခ်စ္ျခင္းေမတၱာကို
မလိုခ်င္ဘူး..ေရာ့.!! ဒီမွာ ဟိုးေန႔က ခင္ဗ်ား
တု႔ိ ႏွစ္ေယာက္ရဲ႕ပံု ကၽြန္ေတာ္႐ိုက္ထားေပး
တယ္"

ရန္က အိတ္ထဲက ပလက္စတစ္အၾကည္ေလး
ျဖင့္ ထည့္ထားေသာ ဓာတ္ပံုႏွစ္ပံုကို မေဟာ့္
လက္ထဲသို႔ ထည့္ေပးေလသည္။

"ေက်းဇူးပဲ"

ဆြဲေလွမ်ားက ေရႊအင္းတိန္ဘုရားရင္ျပင္ေရွ႕
တြင္ ေနရာယူၿပီးခ်ိန္တြင္ ေဖာင္ေတာ္ဦး႐ုပ္ပြား
ေတာ္ျမတ္အားတင္ေဆာင္လာေသာ ကရဝိတ္
ေလွဆိုက္ေရာက္လာခဲ့ေလသည္။

႐ုပ္ပြားေတာ္ျမတ္မ်ားကို ေရႊအင္းတိန္ဘုရား
စံေက်ာင္းေတာ္အတြင္းသို႔ ပင့္ေဆာင္သြားၾက
ေလသည္။ လူမ်ားတိုးမေပါက္ေအာင္ က်ိတ္
က်ိတ္တိုးေနသည္မို႔ မေဟာ္ အထဲသို႔မလိုက္
သြားေတာ့ဘဲ ဒီပါ့ အား ေစာင့္ေနလိုက္မိသည္။

"ဒီပါ..ပင္ပန္းေနၿပီလားဟင္..ၾကည့္ပါအံုး..!
ႏွဖူးမွာ ေခၽြးစေတြစို႔ေနတာပဲ..လာ ကိုယ္သုတ္
ေပးမယ္"

မေဟာ္က ဒီပါ့အားေတြ႕လွ်င္ တိုက္ရန္
ေရသန္႔ဘူးႏွင့္ ေခၽြးသုတ္ေပးရန္လက္ကိုင္
ပဝါတစ္ထည္ကို လက္ထဲတြင္အသင့္ေဆာင္
လာခဲ့ေလသည္။ ေခၽြးစတို႔စို႔ေနေသာ ဆံစေလး
မ်ားကို ဖယ္ကာ ႏွဖူးေပၚသို႔ ခပ္ဖြဖြပင္ မေဟာ္
ေခၽြးသုတ္ေပးေနသည္ကို ဒီပါ ဘာမွမေျပာမိ
ဘဲ ၿငိမ္ေနမိသည္။

"ရန္႔ ကိုေရာ မေတြ႕မိပါလား..မေဟာ္နဲ႔ရန္က
စက္ေလွတစ္စီးထဲအတူလာတာ မဟုတ္ဘူးလား"

"ဒီပါကလည္းကြာ..ဒီမွာ ကိုယ္တစ္ေယာက္လံုး
ရွိေနတာကို တျခားသူကိုေမးေနေသးတယ္...
သူက ဓာတ္ပံု႐ိုက္ဖို႔ အထဲထဲကိုဝင္သြားၿပီ..။
တာရာကလည္း ဆြဲေလွအဖြဲ႕ထဲက ကာလသား
ေတြနဲ႔ ေပ်ာက္သြားတာ အရိပ္အေယာင္ေတာင္
မေတြ႕ေတာ့ဘူး..ကိုယ့္မွာမ်ား တစ္ေယာက္ထဲ
ကိုယ့္ရဲ႕ ခ်စ္သူေလးကို ေနပူပူႀကီးထဲေစာင့္ေန
ရတာ..အဲဒါကို ဒီပါက တျခားသူကိုေမးေတာ့
ကိုယ္ ဝမ္းနည္းသြားၿပီေပါ့"

"မေဟာ္ကေလ..ကေလးႀကီးက်ေနတာပဲ..
ဒီပါကေလ မေဟာ္နဲ႔ ဒီပါက အသက္အရြယ္
ခ်င္း၊ ပံုစံခ်င္းကလည္း ကြာေတာ့ ေရွ႕သြား
ေနာက္လိုက္ပိုညီေအာင္ ရင့္ရင့္က်က္က်က္
ျဖစ္ေအာင္ေနေနတာ..ဒါေပမဲ့ မေဟာ္က်ေတာ့
တစ္ေန႔ထက္တစ္ေန႔ ကေလးပိုပိုဆန္လာတယ္
သိရဲ႕လား"

"ဟက္..ဒါဆိုရင္ေတာ့..ကိုယ္နဲ႔ ဒီပါက စိတ္
ခ်င္းဆက္ေနၿပီ ။ ကိုယ္ကလည္းေလ ဒီပါနဲ႔ပိုၿပီး
လိုက္ဖက္ညီေအာင္ လူငယ္ဆန္ဆန္ျဖစ္ေအာင္
ေနေနတာ..ဒါေပမဲ့ တကယ္တမ္းစဥ္းစားၾကည့္
ကိုယ္တို႔ၾကားမွာ ဘယ္အရာကို တမင္တကာ
ဖန္တီးယူမစရာမလိုပါဘူး..ဘာလို႔လည္းဆ္ို
ေတာ့ မေဟာ္နဲ႔ဒီပါဆိုတာ လိုက္ဖတ္ညီဖို႔ကို
ေမြးဖြားလာတာ..ေနနဲ႔လ၊ ေရႊနဲ႔ျမကေတာင္
ကိုယ္နဲ႔ဒီပါ လိုက္ဖတ္ညီတာကို မမွီေသးဘူး"

"ခင္ဗ်ားႀကီးကေလ..ဒါမ်ိဳးဆို စကားေတြ
အရမ္းတတ္"

ဒီပါက မေဟာ့္ရင္ဘက္ကို လက္သီေလးျဖင့္
ခပ္ဖြဖြထိုးရင္း ေျပာေတာ့ မေဟာ္က သြားတန္း
ေလးေတြေပၚေအာင္ရယ္ေလေတာ့သည္။
.
.
.
*စံေက်ာင္းေတာ္သို႔ျပန္ဝင္မည့္ေန႔*

စံေက်ာင္းေတာ္သို႔ ျပန္ဝင္မည့္ေန႔တြင္
က်င္းပသည့္ ေလွေလွာ္ၿပိဳင္ပြဲသည္
တစ္ရြာႏွင့္တစ္ရြာ ရင္းႏွီးခ်စ္ခင္မႈ ႏွင့္
အင္းသားတို႔၏ စည္းလံုးညီၫြတ္မႈကို
ထုတ္ေဖာ္ေသာ ႐ိုးရာေလွၿပိဳင္ပြဲတစ္ခုျဖစ္
ေလသည္။

ဘုရားအား စံေက်ာင္းေတာ္သို႔ျပန္လည္ပင့္
ေဆာင္ေပးၿပီးမွ ေလွေလွာ္ၿပိဳင္ပြဲဝင္ၾကရသည္။
အားေပးမည့္ ပရိတ္သတ္မ်ားက မနက္၈နာရီ
တြင္ စတင္ေစာင့္ဆိုင္းၿပီး ေလွေလွာ္ၿပိဳင္ပြဲ
သည္ ေန႔လည္ ၁၁နာရီတြင္ စတင္မည္ျဖစ္
သည္။

ထို႔ျပင္ ညခင္းပိုင္းတြင္လည္း အင္းေပါခံုတြင္
မီးထြန္းပြဲႏွင့္ဆီမီးေမွ်ာပြဲက်င္းပရန္ရွိေသးျပန္
သည္။

"ဒီပါ..ကိုယ္အက်ယ္ႀကီး အားေပးေနမယ္ေနာ္
သိလား..ကိုယ့္ရဲ႕ ဒီပါေလး ႏိုင္မယ္ဆိုတာကိုယ္
ေသခ်ာကိုသိတယ္"

ဒီပါ့ ေခါင္းေလးအား ပြတ္ကာ ျပံဳးျမျမျဖင့္
ေျပာေနေသာ မေဟာ့္ကို ဒီပါက ဟန္ပါပါ
ၾကည့္ရင္း...၊

"ေသခ်ာေပါက္ကို ႏိုင္မွာ ဘာလို႔လဲဆ္ိုေတာ့
ဒီပါ့ကို အားေပးမဲ့ ဒီပါ့ရဲ႕ ခ်စ္သူက ေဘးမွာ
ရွိေနလု႔ိေလ.."

"ကိုယ့္ရဲ႕ ေကာင္ေလးကေလ ဘာေၾကာင့္
အဲ့ေလာက္ထိကို သိပ္ကိုခ်စ္ဖို႔ေကာင္းေနရ
တာလဲမသိဘူး..ဒီလို ေကာင္ေလးမ်ိဳးကို ပ္ိုင္
ဆိုင္ထားရတာ ကိုယ္ကေတာ့ သိပ္ကိုကံ
ေကာင္းတာပဲ"

ေဘးတြင္ တကဲကဲျဖင့္ သဲသဲကဲကဲျဖစ္ေနၾက
ေသာ မေဟာ္ႏွင့္ ဒီပါကို ေပေစာင္းေစာင္းၾကည့္
ေနသူကေတာ့ တာရာပင္။ တာရာက ႏႈတ္ခမ္း
ေလးဆူကာ သူ႔ေရွ႕တြင္ ရွိေနေသာ ေစာမူကို
သနားစဖြယ္မ်က္ႏွာေလးျဖင့္ ၾကည့္ရင္း..၊

"ေစာမူကေကာ..ကိုယ့္ကို အားမေပးခ်င္ဘူး
လားဟင္။ ကိုယ့္မွာေလ ကိုယ့္ခ်စ္သူကေပးမဲ့
အားေတြအမ်ားႀကီးလိုအပ္ေနလို႔ မဟုတ္ရင္
ေလွာ္တက္ေတာင္ မ,ႏိုင္မွာမဟုတ္ဘူး"

ေစာမူက တာရာရဲ႕ လက္ေမာင္းရင္းေလးကို
လိမ္ဆြဲကာ...၊

"ကဲ..ဘယ္လိုလဲ ေလွာ္တက္ မ,ႏိုင္သြားၿပီလား"

"အ..အ... နာလိုက္တာ..ဟဲဟဲ မ,ႏိုင္သြားပါၿပီ
ေစာမူရဲ႕ ။ ေစာမူရဲ႕ အားေပးမႈကေလ ကိုယ့္ရဲ႕
လက္ကိုရဲသြားတာပဲေနာ္"

"တာရာ..ေကာင္းေကာင္းသာ ၿပိဳင္လာခဲ့ပါ..
အႏိုင္ရလာခဲ့လို႔ရွိရင္ ေစာမူက ဆုခ်မယ္ဟုတ္
ၿပီလား"

"တကယ္ေနာ္..ေစာမူ ..ကိုယ္မွတ္ထားလိုက္ၿပီ"

ေန႔လည္ ၁၁နာရီ ထိုးေလေတာ့ ယွဥ္ၿပိဳင္ၾက
ရန္ ေလွမ်ားအားလံုး အဆင္သင့္ျဖစ္ေနၾကၿပီ
ျဖစ္သည္။ ပြဲစသည္ႏွင့္ အားေပးသံမ်ားက
သူ႔ထက္ငါအၿပိဳင္အဆိုင္ကိုပင္ ညံထြက္လာၾက
သည္။

ဒီပါ ႏွင့္ တာရာအျပင္ ကာလသားတစ္စုတ္ု႔ိပါ
ေသာ ေလွသည္ ေရွ႕ဆံုးမွပင္ဦးေဆာင္ေန၏။
နန္းပန္ရြာ၏ ၿပိဳင္ပြဲဝင္ေလွေလွာ္သားမ်ား
အားလံုးသည္ ရွမ္းအက်ႋပင္နီေရာင္လက္တ္ိုႏွင့္
အင္းေဘာင္းဘီ ကို ဆင္တူဝတ္ဆင္ထားၾက
သည္။

"ေရာက္ေတာ့မယ္!! ေရာက္ေတာ့မယ္..!!!
ႀကိဳးစားၿပီးေလွာ္ထား"

က္ိုယ္တိုင္ဝင္ေလွာ္ေတာ့မည့္ ပံုစံျဖင့္ တစ္ခဲနက္
အားေပးေနၾကေသာ သူမ်ားထဲတြင္ မေဟာ္သည္
အဆိုးဆံုး ၊ အသံအက်ယ္ဆံုးျဖစ္သည္။

"ေဟ...!!! နန္းပန္ရြာကေလွ ပန္းဝင္သြားၿပီ"

ဒီပါတို႔ေလွ ပန္းဝင္သြားခ်ိန္တြင္ လက္ခုပ္သံ
မ်ားက ဆူညံထြက္သြားေလသည္။

"မေဟာ္ရဲ႕ ေကာင္ေလး ဒီပါက အေတာ္ဆံုးပဲကြာ"

လက္မတေထာင္ေထာင္ျဖင့္ ဂုဏ္ယူဝင့္ႂကြား
စြာေျပာေနေသာ မေဟာ္။ အႏိုင္ရသည့္ ရြာကို
ဆုခ်ီးျမႇင့္ၿပီးေလေတာ့ အင္းေလးအလွကိုပံု
႐ိုက္ရံုသာလာေသာ ရန္က အကုန္လံုး၏ ပင္
တိုင္ ဓာတ္ပံုဆရာျဖစ္လာ၏။

"ျပံဳးျပံဳးေလးေနေနာ္..!! ၁..၂..၃...႐ိုက္ၿပီ"

"ခ်ပ္..!! "

"ဘယ္လိုလဲ..ရန္ လွလား.."

"လွတယ္..ဒီပါ ၾကည့္ၾကည့္ေလ"

ရန္က ကင္မရာစခရင္တြင္ ေပၚေနေသာ ပံု
မ်ားကို တစ္ပံုၿပီးတစ္ပံုေရႊ႕ျပေလသည္။

"ရန္..ဒီည အင္းေပၚခံု မွာ မီးထြန္းပြဲနဲ႔ ဆီမီးေမွ်ာ
ပြဲရွိတယ္..ရန္ သြားမွာလား"

"မသြားေတာ့ဘူး...ရန္ မနက္ျဖန္ ျပန္ရေတာ့
မွာ..အဲ့တာေၾကာင့္ ဒီည ပစၥည္းေတြသိမ္းရမွာ
နဲ႔ အားမွာမဟုတ္ေတာ့ဘူး..ဒီပါ တို႔ပဲသြားၾက
ေတာ့ေလ"

"ရန္႔ကို ဆီမီးေမွ်ာပြဲေလးမွာေတာ့ရွိေစခ်င္တာ.."

"ဟုတ္လို႔လား..ေတာ္ၾကာေန ရန္က ဒီပါနဲ႔
မေဟာ့္ၾကားထဲ ၾကားလူျဖစ္ေနပါအံုးမယ္..
ဒီပါ တို႔သာေပ်ာ္ခဲ့ၾကဟုတ္ၿပီလား.."

ရန္က ဒီပါ ေဘးနားကေန ထြက္သြားေလေတာ့
မေဟာ္က ဒီပါ့ ေဘးသို႔ ခ်က္ခ်င္းပင္ ေရာက္ခ်
လာကာ...၊

"ဒီပါနဲ႔ ရန္ ဘာေတြ တီးတိုးေျပာေနၾကတာလဲ"

"မေဟာ္က သိခ်င္လို႔လား"

"ဒါေပါ့..."

"ေလွေလွာ္ၿပိဳင္ပြဲထဲ ဦးခြန္စစ္မေဟာ္ႀကီး
ဝင္မၿပိဳင္တာ အသက္ႀကီးေနၿပီမို႔ ဒီပါတို႔လို႔
သန္သန္မာမာမရွိေတာ့တာေၾကာင့္လို႔ေလ"

"ဟာ..ကိုယ္ဝင္မၿပိဳင္တာ ကိုယ့္ခ်စ္သူကို
အားေပးခ်င္လို႔ပါကြာ..ကိုယ္က အခုထိ
သန္သန္မာမာရွိေနတုန္းပဲ..မယံုရင္စမ္းၾကည့္
မလား..လာ..ကိုယ္သက္ေသျပမယ္"

မေဟာ္က ဒီပါ့ လက္ေကာက္ဝတ္ကိုဆြဲကိုင္
ရင္း ညစ္က်ယ္က်ယ္ျပံဳးေလေတာ့ ဒီပါက
မ်က္လံုးျပဴးမ်က္စံျပဴးျဖင့္ ေခါင္းတသြင္
သြင္ ခါယမ္းေလသည္။

"မလုပ္နဲ႔ေနာ္..!! မေဟာ္.."

"မရေတာ့ဘူး..ေနာက္က်သြားၿပီ။ ကိုယ့္ကိုေလ
အသက္ႀကီးၿပီလို႔ ခဏခဏေျပာတတ္တဲ့ ေဟာဒီ
ႏႈတ္ခမ္းေလးကို အျပစ္ႀကီးႀကီးေပးရမယ္"

ဒီပါ့ ပါးေလးႏွစ္ဖက္ကို အုပ္ကိုင္ရင္း မေဟာ့္
မ်က္ႏွာေလးရိပ္ခနဲ လ်င္ျမန္စြာ ငံု႔က်လာသည္
မို႔ ဒီပါ ေရွာင္ခ်ိန္ပင္မရလိုက္။

အနားတြင္ မည္သူမွ မရွိေတာ့၍သာ ေတာ္
ေသး သည္ဟု ဒီပါ ေတြးမိ၏။ မဟုတ္လွ်င္
ဇြတ္ကိုပင္ နမ္းတတ္ေသာ မေဟာ္ေၾကာင့္
ဒီပါ မ်က္ႏွာျပရဲေတာ့မွာမဟုတ္ေခ်။

မေဟာ့္ရဲ႕ ၾကမ္းရွမြတ္သိပ္ေသာ အနမ္းမ်ားကို
လက္ခံရရွိတိုင္း ဒီပါ့ ခႏၶာကိုယ္တစ္ခုလံုးျပန္
လည္ တြန္းဖယ္ရန္ အားပင္မရွိေတာ့ေခ်။
ေထြးအိႏူးညံ့လွေသာ အနမ္းမ်ားက ေမ့မူးေစ
သည္။ တသိမ့္သိမ့္ရင္ခုန္သံတို႔ ဆြတ္ပ်ံ႕လာ
ေစသည္။ ႏွလံုးသားႏွစ္စံုတို႔သည္ ပိုမို၍ပင္
ရင္းႏွီးလာသေယာင္။

ပတ္ဝန္းက်င္သည္ အခ်စ္မ်ားပ်ံ႕လြင့္ကာ
ပ်ားပိတုန္းေလးမ်ားဝဲေနသလို ခ်ိဳၿမိန္လွပ
ေနေလေတာ့၏။

..........................................................

သီတင္းကၽြတ္လျပည့္ည၏ လသည္ ထိန္ထိန္
သာေန၏။ ေကာင္းကင္တြင္ တိမ္မွ်င္တိမ္စိုင္
တို႔ ကင္းစင္ကာ ၾကယ္ေလးမ်ားက ျပန္႔က်ဲ
ေနၾကသည္။ လေရာင္တို႔ျဖန္းပတ္ထားေသာ
ကန္ေရျပင္ေပၚတြင္ ဖေယာင္းဆီမီးတင္ထြန္း
ထားေသာ ၾကာပန္းပြင့္ဆီမီးခြက္မ်ားကအႏွံ့
အျပားေနရာ ယူထားလ်က္ရွိ၏။

ေဘးတစ္ဖက္ရွိ ေရျပင္ႏွင့္ မနီးမျမင့္တည္ရွိ
ေနေသာ သစ္သားတံတားကမ္းစပ္ေလးတြင္
ေနရာယူထားၾကၿပီး ဆီမီးေမွ်ာရန္ မီးစေလး
အား မီးညွိေနၾက၏။

"ဒီပါ...လက္ေလးနဲ႔ ကာထားေပး ကိုယ္က
မီးညွိေပးမယ္"

ဒီပါက ေရာင္စံု ပန္းၾကာဆီမီးခြက္ေလးအား
လက္ထဲတြင္ ကိုင္ထားရင္း က်န္လက္ေလး
တစ္ဖက္ျဖင့္ မိညႇိလြယ္ကူေစရန္ ေလကာ
ထားေလသည္။

"ရသြားၿပီ....ေမွ်ာၾကရေအာင္ေလ ဒီပါ"

ၾကာခြက္ပံုစံျပဳလုပ္ထားေသာ ဆီမီးခြက္ေလး
ႏွစ္ခုအား ကိုယ္စီကိုင္ထားရင္း တစ္ေယာက္
ႏွင့္ တစ္ေယာက္ အၾကည့္ခ်င္းစံုသြားကာ ရွက္
ျပံဳးေလးျပံဳးမိၾကသည္။ ဆီမီးေရာင္ဝါဝါႏွင့္
လေရာင္ႏုႏုတို႔ ေပါင္းစပ္မႈေအာက္တြင္ အခြန္
မေဆာင္ရတိုင္း ေခ်ာခ်င္တိုင္း ေခ်ာေမာေန
ေသာ ဒီပါ။ ၾကည္လင္ေနေသာ မ်က္ဝန္းမ်ား
က တလဲ့လဲ့။ ရႊန္းစိုေနေသာ ႏႈတ္ခမ္းႏွစ္လႊာ
က ျပံဳးယဲ့ယဲ့။ မ်က္ေတာင္ရွည္ေလးေတြက
ေကာ့ၫႊတ္ၫႊတ္။ ႏွဖူးေပၚသို႔ ဝဲက်ေနသည့္
ဆံပင္ႏုႏုေလးမ်ားက တဝဲဝဲ။

"အဟမ္း...အဟမ္း...!! ကိုကိုနဲ႔ ဒီပါတို႔...၊
ကိုကိုတို႔ လက္ထဲက ဆီမီးခြက္က ဒီေန႔
ေမွ်ာေကာ ေမွ်ာျဖစ္ၾကအံုးမွာလား"

မေဟာ့္ ေဘးတြင္ ထိုင္ရင္း သူတို႔ႏွစ္ေယာက္
၏ ၾကည္ႏူးစရာအခိုက္အတန္႔ကို လာေႏွာက္
ယွက္ေသာ တာရာ့အား မေဟာ္ တံေတာင္ျဖင့္
လွမ္းတြပ္လိုက္ေလသည္။

"ဆီမီးလည္း ေမွ်ာသလို မင္းကိုလည္း
အင္းေလးကန္ထဲ ငါေမွ်ာခ်လိုက္ရမလား
တာရာ"

"No..No.. ေစတနာအတြက္ ေက်းဇူးအမ်ား
ႀကီးတင္တယ္..ကိုကို။ တာရာက အင္ေလး
ကန္ထဲ အေမွ်ာမခံရရင္ေတာင္ အခ်စ္ကမ႓ာ
ထဲမွာ ေမွ်ာေနတဲ့ လူသားျဖစ္ေနပါၿပီ"

တာရာ့စကားေၾကာင့္ ေဘးနားတြင္ရွိေနေသာ
လင္းဦးတို႔ကာလသားတစ္စုက တခြိခြိရယ္ေန
ၾကသည္။

"ကိုမေဟာ့္ရဲ႕ ညီ တာရာက သူ႔ခ်စ္သူနဲ႔အတူ
ဆီမီးမေမွ်ာရေတာ့ စိတ္ေတြဂေယာက္ဂယက္
ျဖစ္ေနတာေလ"

လင္းဦးက ရယ္သြမ္းေသြးလ်က္ေျပာေလသည္။

"ဒါဆို မင္းတ္ု႔ိကေကာ..ငါ့လိုပဲမဟုတ္ဘူးလား?
ပန္းေမနဲ႔ ေခတၱာအနား သူ႔အစ္ကိုတစ္ေယာက္
လံုးရွိေနလို႔ မင္းတို႔လည္း အနားမသြားရဲၾကတာ
မလား"

ေတာင္တိုရြာမွ ပန္းေမႏွင့္ ေခတၱာသည္လည္း
အင္းေပၚခံုသို႔လာ၍ ဆီမီးေမွ်ာၾကသည္။ ပန္း
ေမႏွင့္ ေခတၱာတို႔လာၾက၍ ေစာမူက မိန္းက
ေလးအုပ္စုႏွင့္သာ ေရာေႏွာေနေနသျဖင့္ အနား
သို႔ သြားရန္ တာရာ တစ္ေယာက္ အခက္ေတြ႕ေန
၏။ ထို႔ျပင္ လင္းဦးႏွင့္ ဝင္းေနာင္သည္လည္း
ပန္းေမႏွင့္ ေခတၱာတို႔၏အစ္ကိုျဖစ္သူ စစ္ေဝ၏
မ်က္ႏွာေၾကာေၾကာင့္ အနားသို႔မသြားရဲၾကဘဲ
ေဘးတြင္သာရစ္သီေနၾကသည္။

"ခ႐ုမွာလည္း အဆံရွိသလို တာရာ့မွာလည္း
အဆံရွိပါတယ္..အဲ..မဟုတ္ပါဘူး..အၾကံရွိ
တယ္လို႔..ေနပါအံုး...ငါၾကံလိုက္ပါအံုးမယ္...!!
Ok..!! သိၿပီ..ပလန္ေအနဲ႔ ပလန္ဘီ သြားၾက
မယ္..တစ္ခုမေအာင္ျမင္တစ္ခုေပါ့"

တာရာက ေဘးရွိ ကာလသားမ်ားႏွင့္
ေခါင္းခ်င္းဆိုင္ကာ တီးတိုးေျပာဆိုၿပီး
ထ,သြားေလသည္။ အနားမွ အေႏွာင့္
အယွက္ ပုဂိၢဳလ္မ်ားထြက္သြားခါမွ
ဒီပါႏွင့္ မေဟာ္ တို႔ ၾကည္ႏူးစရာအခ်ိန္
ေလးကို ေရွ႕ဆက္ၾကသည္။

"မေဟာ္..ဒီပါတို႔ ဆီမီးခြက္ေလးကို ေရထဲ
ခ်ၿပီးရင္ အတူတူဆုေတာင္းၾကရေအာင္ေနာ္"

"အင္း..ေကာင္းၿပီေလ...."

ထို႔ေနာက္ ဆီမီးခြက္ေလးႏွစ္ခြက္ကို ေရေပၚ
သို႔ ျဖည္းညင္းစြာ ခ်လိုက္ၿပီး လက္အုပ္ေလး
ႏွစ္ဖက္ခ်ီကာ မ်က္ဝန္းေလးမ်ားကို ယွက္ပိတ္
လ်က္ ေတာင္းဆုျပဳေနေသာ ခ်စ္ရသူ၏ေဘး
တစ္ေစာင္း မ်က္ႏွာေလးကို ၾကည့္ရင္း မေဟာ္
သြားတန္းေလးေတြေပၚေအာင္ ႏွစ္ၿခိဳက္စြာပင္
ျပံဳးလိုက္မိ၏။

' ခ်စ္ရတဲ့ ဒီပါ့ ကို တစ္သက္လံုး စိတ္ခ်မ္း
သာေအာင္ ထားႏိုင္ၿပီး ခ်စ္သြားရမဲ့သူ ျဖစ္ရ
ပါလို၏'

'ခ်စ္ရတဲ့ မေဟာ့္ ဘဝေလးထဲမွာ ေအးအတူ
ပူအမွ် အတူေနထိုင္သြားရၿပီး ခ်စ္သြားႏိုင္မဲ့
တစ္ဦးတည္းေသာ သူျဖစ္ရပါလို၏'

ရင္ထဲမွ ဆုေတာင္းသံေလးမ်ားအဆံုးသတ္
သြားၾကၿပီးေနာက္ အျပန္အလွန္ ေငးစိုက္ၾကည့္
ရင္း....၊

"မေဟာ့္ကို ဒီပါ အရမ္းခ်စ္တယ္.."

"ကိုယ္ကလည္း မင္းကိုပဲ တစ္သက္လံုးခ်စ္
သြားပါ့မယ္လို႔..ေဟာဒီ အင္းေလးကန္ႀကီး
ရယ္၊ လျပည့္ဝန္းႀကီးရယ္ကို တိုင္တည္ၿပီး
ေတာ့ကို ကတိေပးတယ္"

လူေတြက တစ္ခါတေလ အခ်စ္ေၾကာင့္
နာက်င္ရတဲ့အခါ အခ်စ္ဆိုတဲ့ အရာဟာ
တကယ္တမ္းလက္ေတြ႕မွာမရွိဘူးလို႔
ေျပာတတ္ၾကေပမဲ့ တကယ္တမ္း အခ်စ္စစ္
နဲ႔ေတြ႕ၿပီး မွန္ကန္တဲ့လူကိုသာ ေရြးခ်ယ္ေတြ႕
ဆံုႏိုင္ခဲ့လွ်င္ အခ်စ္သည္ ဘယ္ေလာက္ထိ
ႏူးညံ့ၾကည္ႏူးစရာ ေကာင္းသလဲဆိုတာကို
သူနားလည္သေဘာေပါက္လာခဲ့ေလသည္။

To be continued >>>>>

A/N- ကိုယ္က အင္းေလးရဲ႕ ပြဲေတြကိုမေရာက္
ဖူးတဲ့အတြက္ မွတ္ထားဖတ္ထားတာနဲ႔ ကိုယ့္ရဲ႕
အေတြးစိတ္ကူးကို ေပါင္းစပ္ၿပီး ပံုေဖာ္ေရးလိုက္
တာပါ..လိုအပ္ခ်က္ေတြရွိရင္ အၾကံျပဳေပးႏိုင္ပါ
တယ္❣️

--------------------------------------------------
--------------------------------------------------

{Unicode}

*အင်းလယ်ကရွှေကြာပန်း
နောင်ကူးနဲ့အတူခူးလို့
မြတ်ဖောင်တော် စေတီဦးဝယ်
ဌာနေတို့သာစေကြောင်း
ဆုတောင်းက မေတ္တာဝေ..အေးချမ်းပါစေ*

နန်းဟူရွာရှိ ဖောင်တော်ဦးရုပ်ပွားတော်မြတ်
များ က်ိုစံကျောင်းတော်မှ ရွှေအင်းတိန်ဘုရား
ဆီသို့ဒေသစာရီကြွချီမည့်နေ့ မနက်စောစော
တွင် အင်းဒေသနယ်ခံတစ်ယောက်နှယ်
သေချာကိုပင် ဝတ်စားထားကာ အဆင်သင့်
ဖြစ်နေပြီဖြစ်သော မဟော်နှင့်တာရာ။

ပင်နီရောင်ရှမ်းအကျႋလက်တိုနှင့် ရှမ်း
ဘောင်းဘီပွပွကိုဝတ်ဆင်ထားသော
မဟော့် သွင်ပြင်သည်ငယ်ရွယ်မှုအသွင်
တို့တစ်ဖန်ပြန်ဆောင်ကာ ရှင်းသန့်ခန့်ညား
ချောမောနေ၏။

နံနတ်ရနာရီတွင် ဖောင်တော်ဦးရုပ်ပွားတော်
မြတ်များက ဖောင်တော်ဦးဘုရားရင်ပြင်ကို
တစ်ပတ် ပတ်ပြီး ရွှေအင်းတိန်ဘုရားဆီသို့
ဒေသစာရီကြွချီလာခဲ့လေသည်။

ဒေသစာရီကြွချီသည့် ကရဝိတ်ဖောင်တော်
ကို ဆွဲမည့် ဆွဲလှေများတွင် ရိုးရာရှမ်းအိုးစည်၊
မောင်းနှင့် နက္ကဒဏ်ထီများချိတ်ဆွဲထားကြ
သည်။ တစ်ချို့လှေများသည် ရွာအမည်ပါ
သည့် ဆိုင်းဘုတ်များပါ ချိတ်ထားကြ၏။

ကျေးရွာအလိုက် အရောင်သတ်မှတ်ပေးထား
ပုံရပါသည်။ လှေလှော်တက်များသည် တစ်
စင်းကို အရောင်တစ်ရောင်စီနှင့်ဖြစ်သည်။
ထိုဆွဲလှေများထဲတွင် နန်းပန်ရွာမှသိပ်ကို
ချစ်စရာကောင်းလှသော သူရဲ့ချစ်ရသူ ဒီပါ ။

ဒီပါ့ သူငယ်ချင်းဖြစ်သူ ရန်နှင့်အတူ လှေတစ်
စီးထဲ စီးလာခဲ့ရပြီး ရန်ကတော့ ကင်မရာ ကိုင်
ရင်းပင် အလုပ်ရှုပ်နေ၏။ တာရာက ဆွဲလှေ
အဖွဲ့ထဲသို့ ပါသွားပြီဖြစ်၏။ မဟော်က ဒီပါ့
ကိုမြင်တော့ လက်လှမ်းပြသည်။ ဒီပါကလည်း
မဟော့်ကို မြင်တော့ ပြုံးပြလေသည်။

"ဘာလို့ ဆွဲလှေအဖွဲ့ထဲမဝင်ရတာလဲ? "

ဒီပါ့ တို့ဆွဲလှေကိုဘေးကနေ ကြည့်ရင်း
ပြုံးမြ နေသော မဟော့် ကို ရန်က လှမ်းမေး
သည်။

"ငါ့ဘာသာ ဝင်ဝင်မဝင်ဝင် မင်းနဲ့ဘာဆိုင်လို့
လဲ"

မဟော်က ပက်ခနဲပြန်ပြောလေတော့ ရန်က
ရယ်လေသည်။

"ဟုတ်ပါပြီ..ဒါနဲ့ ကျွန်တော် သိချင်တာလေး
ရှိလို့ ဒီက မဟော်ရဲ့ နာမည်အရင်းက ခွန်းစစ်
မဟော် မလား? ကျွန်တော် အမှတ်မမှားဘူးဆို
ရင် မဟော်ဂနီ လုပ်ငန်းစု ကုမ္မဏီရဲ့ သူဌေး
ခွန်းစစ်မဟော် နဲ့ ခင်ဗျားနဲ့က တစ်ယောက်
ထဲပဲမဟုတ်လား..ဒါဆိုရင် ဘာလို့ ခင်ဗျားရဲ့
ညီက်ို ဒေါ်ပန်းသုဟန်ရဲ့သားလို့ အားလုံက
ထင်နေရတာလဲ? "

ရန်က ပေါ့ပါးစွာဖြင့် မေးလိုက်သော်လည်း
မဟော့် မျက်ခုံးတန်းတို့သည် ချက်ချင်းကို
ပင် တွန့်ချိုးသွား၏။ ရန့်အား အကဲခတ်သည့်
မျက်ဝန်းများဖြင့် ကြည့်ရင်း...၊

"မင်းဒီကိုရောက်တာမှ ဘယ်နှစ်ရက်လောက်
မှမရှိသေးတာကို ငါ့အကြောင်းတွေကို လိုက်
စုံစမ်းနေတာလား"

"ကောက်ချက်ချမစောပါနဲ့အုံးဗျာ..ကျွန်တော်
က နယ်တကာလိုက်ပြီး ဓာတ်ပုံရိုက်ရင်း
ဓာတ်ပုံပညာက်ို လေ့လာနေတဲ့သူဆိုတော့
ခင်ဗျားအကြောင်းတွေက်ို ကြားဖူးနားဝရှိ
နေရုံပါ..ပြီးတော့ ခင်ဗျားနဲ့ဒီပါက ချစ်သူတွေ
ဆိုတာကိုလည်း ဒီပါက ကျွန်တော့်ကို ပြော
ပြတယ်။ ဒီပါ့ကို ကြည့်ရတာ ခင်ဗျားက
ဘယ်သူလည်းဆိုတာကို သူမသိသေးတဲ့ပုံ
ပဲ..ဘာလို့ သူ့ကိုခင်ဗျား ဖုံးကွယ်ထားရတာလဲ"

"ဟူး..!! မင်းက အဲ့လောက်ထိသိပြီး ပြောနေ
မှတော့ ငါဆက်ပြီးဖုံးကွယ်မနေတော့ပါဘူး ။
ဟုတ်တယ်..မင်းသိထားတဲ့ အဲ့ဒီခွန်းစစ်
မဟော်နဲ့ ငါနဲ့က တစ်ယောက်ထဲပဲ..ဒီ
အကြောင်းတွေကိုမကြာခင် ဒီပါကို အမှန်တိုင်း
ဝန်ခံပြီး ရှင်းပြမှာပါ"

"ဒီပါက သိပ်ကိုရိုးသားဖြူစင်တယ်ဆိုတာ
ခင်ဗျားသိလား..အချိန်အကြာကြီးဆက်ပြီး
ဖုံးကွယ်ထားရင် ဒီပါ ဝမ်းနည်းရလိမ့်မယ်..
ဒီပါက ကျွန်တော့် သူငယ်ချင်း..သူ့က်ိုဝမ်း
နည်းအောင်လုပ်မဲ့ ဘယ်သူ့ကိုမဆို ကျွန်
တော် ခွင့်လွှတ်မှာမဟုတ်ဘူး"

ဒီစကားက ရန့် ရင်ထဲက လာတဲ့ အရိုးသားဆုံး
စကား။ ရန်က ဒီပါ့က်ို သဘောကျနေသူတစ်
ယောက်ဖြစ်နေပေမဲ့ ရန့် အလုပ်ကြောင့် နယ်
အဝေးကိုအမြဲတမ်းသွားနေရသူ။ ဒါပေမဲ့တစ်
နှစ်တစ်ခါတော့ အင်းလေးကို မရောက်ရောက်
အောင်ကို သူအရောက်ပြန်လာတတ်ပါသည်။
ဒီနှစ် ဘုရားပွဲတော် အမှီပြန်လာရင်း ရင်ထဲက
ခံစားချက်တွေကို ဒီပါ့ထံ ဝန်ခံမည့်စိတ်ဖြင့်
လာခဲ့သော်လည်း သူ ခြေတစ်လှမ်းနောက်ကျ
သွားခဲ့ရသည်။ သူ့ရှေ့မှာ ရပ်နေတဲ့ ခပ်ချော
ချော လူက ဒီပါ့ရဲ့ ချစ်သူတဲ့လေ။

ငါးဖယ်ချောင်းကျောင်းမှာထဲက တစ်ယောက်
ကို တစ်ယောက် မြတ်နိုးစွာကိုပင် ငေးစိုက်
ကြည့်နေထဲက လူတွေကို အရိပ်အကဲခက်နိုင်
စွမ်းရှိလှတဲ့ သူ့စိတ်က အလိုလိုကို သိနေခဲ့ရ၏။

ဒါကြောင့်လည်း ထိုနေ့က ထိုမြင်ကွင်းလေး
ကိုအမိအရရိုက်ယူခဲ့ရတဲ့ ပုံလေးက လှလည်း
လှပခဲ့သလို၊ သူ့အတွက် နာကျင်စရာလည်း
ကောင်းလွန်းခဲ့ပြန်ပါသည်။ ကိုယ်ချစ်တဲ့သူ
ကို ကိုယ်တိုင်တော့ ဓာတ်ပုံရိုက်ခွင့်ရခဲ့ပါ
သည်။ သို့သော် သူ့ချစ်သူနဲ့စုံတွဲပုံလေးဖြစ်
နေခဲ့ရုံလေးပါပဲ။

"မင်း..ဒီပ့ါ အပေါ်ကို ခံစားချက်တွေရှိနေတာ
မလား"

"အမှန်တိုင်းပြောရရင် ကျွန်တော် ဒီပါ့ အပေါ်
မှာ ခံစားချက်ရှိတယ်..ဒါပေမဲ့ ခင်ဗျားစိတ်မပူ
ပါနဲ့.. ကျွန်တော့်ဆီမှာ လုယူလိုစိတ်မရှိပါဘူး.။
ကျွန်တော်က ကျွန်တော့်အတွက် ဖြစ်တည်
လာတဲ့ ချစ်ခြင်း မျိုးကိုပဲသဘောကျတာ၊
ကိုယ့်အတ္တအတွက်နဲ့ တစ်ပါးသူဆီကနေ
လုယူပြီး ရရှိလာမဲ့ ချစ်ခြင်းမေတ္တာကို
မလိုချင်ဘူး..ရော့.!! ဒီမှာ ဟိုးနေ့က ခင်ဗျား
တို့ နှစ်ယောက်ရဲ့ပုံ ကျွန်တော်ရိုက်ထားပေး
တယ်"

ရန်က အိတ်ထဲက ပလက်စတစ်အကြည်လေး
ဖြင့် ထည့်ထားသော ဓာတ်ပုံနှစ်ပုံကို မဟော့်
လက်ထဲသို့ ထည့်ပေးလေသည်။

"ကျေးဇူးပဲ"

ဆွဲလှေများက ရွှေအင်းတိန်ဘုရားရင်ပြင်ရှေ့
တွင် နေရာယူပြီးချိန်တွင် ဖောင်တော်ဦးရုပ်ပွား
တော်မြတ်အားတင်ဆောင်လာသော ကရဝိတ်
လှေဆိုက်ရောက်လာခဲ့လေသည်။

ရုပ်ပွားတော်မြတ်များကို ရွှေအင်းတိန်ဘုရား
စံကျောင်းတော်အတွင်းသို့ ပင့်ဆောင်သွားကြ
လေသည်။ လူများတိုးမပေါက်အောင် ကျိတ်
ကျိတ်တိုးနေသည်မို့ မဟော် အထဲသို့မလိုက်
သွားတော့ဘဲ ဒီပါ့ အား စောင့်နေလိုက်မိသည်။

"ဒီပါ..ပင်ပန်းနေပြီလားဟင်..ကြည့်ပါအုံး..!
နှဖူးမှာ ချွေးစတွေစို့နေတာပဲ..လာ ကိုယ်သုတ်
ပေးမယ်"

မဟော်က ဒီပါ့အားတွေ့လျှင် တိုက်ရန်
ရေသန့်ဘူးနှင့် ချွေးသုတ်ပေးရန်လက်ကိုင်
ပဝါတစ်ထည်ကို လက်ထဲတွင်အသင့်ဆောင်
လာခဲ့လေသည်။ ချွေးစတို့စို့နေသော ဆံစလေး
များကို ဖယ်ကာ နှဖူးပေါ်သို့ ခပ်ဖွဖွပင် မဟော်
ချွေးသုတ်ပေးနေသည်ကို ဒီပါ ဘာမှမပြောမိ
ဘဲ ငြိမ်နေမိသည်။

"ရန့် ကိုရော မတွေ့မိပါလား..မဟော်နဲ့ရန်က
စက်လှေတစ်စီးထဲအတူလာတာ မဟုတ်ဘူးလား"

"ဒီပါကလည်းကွာ..ဒီမှာ ကိုယ်တစ်ယောက်လုံး
ရှိနေတာကို တခြားသူကိုမေးနေသေးတယ်...
သူက ဓာတ်ပုံရိုက်ဖို့ အထဲထဲကိုဝင်သွားပြီ..။
တာရာကလည်း ဆွဲလှေအဖွဲ့ထဲက ကာလသား
တွေနဲ့ ပျောက်သွားတာ အရိပ်အယောင်တောင်
မတွေ့တော့ဘူး..ကိုယ့်မှာများ တစ်ယောက်ထဲ
ကိုယ့်ရဲ့ ချစ်သူလေးကို နေပူပူကြီးထဲစောင့်နေ
ရတာ..အဲဒါကို ဒီပါက တခြားသူကိုမေးတော့
ကိုယ် ဝမ်းနည်းသွားပြီပေါ့"

"မဟော်ကလေ..ကလေးကြီးကျနေတာပဲ..
ဒီပါကလေ မဟော်နဲ့ ဒီပါက အသက်အရွယ်
ချင်း၊ ပုံစံချင်းကလည်း ကွာတော့ ရှေ့သွား
နောက်လိုက်ပိုညီအောင် ရင့်ရင့်ကျက်ကျက်
ဖြစ်အောင်နေနေတာ..ဒါပေမဲ့ မဟော်ကျတော့
တစ်နေ့ထက်တစ်နေ့ ကလေးပိုပိုဆန်လာတယ်
သိရဲ့လား"

"ဟက်..ဒါဆိုရင်တော့..ကိုယ်နဲ့ ဒီပါက စိတ်
ချင်းဆက်နေပြီ ။ ကိုယ်ကလည်းလေ ဒီပါနဲ့ပိုပြီး
လိုက်ဖက်ညီအောင် လူငယ်ဆန်ဆန်ဖြစ်
အောင်နေနေတာ..ဒါပေမဲ့ တကယ်တမ်း
စဉ်းစားကြည့် ကိုယ်တို့ကြားမှာ ဘယ်အရာ
ကို တမင်တကာဖန်တီးယူမစရာမလိုပါဘူး..
ဘာလို့လည်းဆ်ိုတော့ မဟော်နဲ့ဒီပါဆိုတာ
လိုက်ဖတ်ညီဖို့ကိုမွေးဖွားလာတာ..နေနဲ့လ၊
ရွှေနဲ့မြကတောင် ကိုယ်နဲ့ဒီပါ လိုက်ဖတ်ညီ
တာကို မမှီသေးဘူး"

"ခင်ဗျားကြီးကလေ..ဒါမျိုးဆို စကားတွေ
အရမ်းတတ်"

ဒီပါက မဟော့်ရင်ဘက်ကို လက်သီလေးဖြင့်
ခပ်ဖွဖွထိုးရင်း ပြောတော့ မဟော်က သွားတန်း
လေးတွေပေါ်အောင်ရယ်လေတော့သည်။
.
.
.
*စံကျောင်းတော်သို့ပြန်ဝင်မည့်နေ့*

စံကျောင်းတော်သို့ ပြန်ဝင်မည့်နေ့တွင်
ကျင်းပသည့် လှေလှော်ပြိုင်ပွဲသည်
တစ်ရွာနှင့်တစ်ရွာ ရင်းနှီးချစ်ခင်မှု နှင့်
အင်းသားတို့၏ စည်းလုံးညီညွတ်မှုကို
ထုတ်ဖော်သော ရိုးရာလှေပြိုင်ပွဲတစ်ခုဖြစ်
လေသည်။

ဘုရားအား စံကျောင်းတော်သို့ပြန်လည်ပင့်
ဆောင်ပေးပြီးမှ လှေလှော်ပြိုင်ပွဲဝင်ကြရသည်။
အားပေးမည့် ပရိတ်သတ်များက မနက်၈နာရီ
တွင် စတင်စောင့်ဆိုင်းပြီး လှေလှော်ပြိုင်ပွဲ
သည် နေ့လည် ၁၁နာရီတွင် စတင်မည်ဖြစ်
သည်။

ထို့ပြင် ညခင်းပိုင်းတွင်လည်း အင်းပေါခုံတွင်
မီးထွန်းပွဲနှင့်ဆီမီးမျှောပွဲကျင်းပရန်ရှိသေးပြန်
သည်။

"ဒီပါ..ကိုယ်အကျယ်ကြီး အားပေးနေမယ်နော်
သိလား..ကိုယ့်ရဲ့ ဒီပါလေး နိုင်မယ်ဆိုတာကိုယ်
သေချာကိုသိတယ်"

ဒီပါ့ ခေါင်းလေးအား ပွတ်ကာ ပြုံးမြမြဖြင့်
ပြောနေသော မဟော့်ကို ဒီပါက ဟန်ပါပါ
ကြည့်ရင်း...၊

"သေချာပေါက်ကို နိုင်မှာ ဘာလို့လဲဆ်ိုတော့
ဒီပါ့ကို အားပေးမဲ့ ဒီပါ့ရဲ့ ချစ်သူက ဘေးမှာ
ရှိနေလို့လေ.."

"ကိုယ့်ရဲ့ ကောင်လေးကလေ ဘာကြောင့်
အဲ့လောက်ထိကို သိပ်ကိုချစ်ဖို့ကောင်းနေရ
တာလဲမသိဘူး..ဒီလို ကောင်လေးမျိုးကို ပ်ိုင်
ဆိုင်ထားရတာ ကိုယ်ကတော့ သိပ်ကိုကံ
ကောင်းတာပဲ"

ဘေးတွင် တကဲကဲဖြင့် သဲသဲကဲကဲဖြစ်နေကြ
သော မဟော်နှင့် ဒီပါကို ပေစောင်းစောင်းကြည့်
နေသူကတော့ တာရာပင်။ တာရာက နှုတ်ခမ်း
လေးဆူကာ သူ့ရှေ့တွင် ရှိနေသော စောမူကို
သနားစဖွယ်မျက်နှာလေးဖြင့် ကြည့်ရင်း..၊

"စောမူကကော..ကိုယ့်ကို အားမပေးချင်ဘူး
လားဟင်။ ကိုယ့်မှာလေ ကိုယ့်ချစ်သူကပေးမဲ့
အားတွေအများကြီးလိုအပ်နေလို့ မဟုတ်ရင်
လှော်တက်တောင် မ,နိုင်မှာမဟုတ်ဘူး"

စောမူက တာရာရဲ့ လက်မောင်းရင်းလေးကို
လိမ်ဆွဲကာ...၊

"ကဲ..ဘယ်လိုလဲ လှော်တက် မ,နိုင်သွားပြီလား"

"အ..အ... နာလိုက်တာ..ဟဲဟဲ မ,နိုင်သွားပါပြီ
စောမူရဲ့ ။ စောမူရဲ့ အားပေးမှုကလေ ကိုယ့်ရဲ့
လက်ကိုရဲသွားတာပဲနော်"

"တာရာ..ကောင်းကောင်းသာ ပြိုင်လာခဲ့ပါ..
အနိုင်ရလာခဲ့လို့ရှိရင် စောမူက ဆုချမယ်ဟုတ်
ပြီလား"

"တကယ်နော်..စောမူ ..ကိုယ်မှတ်ထားလိုက်ပြီ"

နေ့လည် ၁၁နာရီ ထိုးလေတော့ ယှဉ်ပြိုင်ကြ
ရန် လှေများအားလုံး အဆင်သင့်ဖြစ်နေကြပြီ
ဖြစ်သည်။ ပွဲစသည်နှင့် အားပေးသံများက
သူ့ထက်ငါအပြိုင်အဆိုင်ကိုပင် ညံထွက်လာ
ကြသည်။

ဒီပါ နှင့် တာရာအပြင် ကာလသားတစ်စုတ်ု့ိပါ
သော လှေသည် ရှေ့ဆုံးမှပင်ဦးဆောင်နေ၏။
နန်းပန်ရွာ၏ ပြိုင်ပွဲဝင်လှေလှော်သားများ
အားလုံးသည် ရှမ်းအကျႋပင်နီရောင်လက်တ်ို
နှင့် အင်းဘောင်းဘီ ကို ဆင်တူဝတ်ဆင်ထား
ကြသည်။

"ရောက်တော့မယ်!! ရောက်တော့မယ်..!!!
ကြိုးစားပြီးလှော်ထား"

က်ိုယ်တိုင်ဝင်လှော်တော့မည့် ပုံစံဖြင့်
တစ်ခဲနက်အားပေးနေကြသော သူများ
ထဲတွင် မဟော်သည် အဆိုးဆုံး ၊ အသံ
အကျယ်ဆုံးဖြစ်သည်။

"ဟေ...!!! နန်းပန်ရွာကလှေ ပန်းဝင်သွားပြီ"

ဒီပါတို့လှေ ပန်းဝင်သွားချိန်တွင် လက်ခုပ်သံ
များက ဆူညံထွက်သွားလေသည်။

"မဟော်ရဲ့ ကောင်လေး ဒီပါက အတော်ဆုံးပဲ
ကွာ"

လက်မတထောင်ထောင်ဖြင့် ဂုဏ်ယူဝင့်ကြွား
စွာပြောနေသော မဟော်။ အနိုင်ရသည့် ရွာကို
ဆုချီးမြှင့်ပြီးလေတော့ အင်းလေးအလှကိုပုံ
ရိုက်ရုံသာလာသော ရန်က အကုန်လုံး၏ ပင်
တိုင် ဓာတ်ပုံဆရာဖြစ်လာ၏။

"ပြုံးပြုံးလေးနေနော်..!! ၁..၂..၃...ရိုက်ပြီ"

"ချပ်..!! "

"ဘယ်လိုလဲ..ရန် လှလား.."

"လှတယ်..ဒီပါ ကြည့်ကြည့်လေ"

ရန်က ကင်မရာစခရင်တွင် ပေါ်နေသော ပုံ
များကို တစ်ပုံပြီးတစ်ပုံရွှေ့ပြလေသည်။

"ရန်..ဒီည အင်းပေါ်ခုံ မှာ မီးထွန်းပွဲနဲ့ ဆီမီးမျှော
ပွဲရှိတယ်..ရန် သွားမှာလား"

"မသွားတော့ဘူး...ရန် မနက်ဖြန် ပြန်ရတော့
မှာ..အဲ့တာကြောင့် ဒီည ပစ္စည်းတွေသိမ်းရမှာ
နဲ့ အားမှာမဟုတ်တော့ဘူး..ဒီပါ တို့ပဲသွားကြ
တော့လေ"

"ရန့်ကို ဆီမီးမျှောပွဲလေးမှာတော့ရှိစေချင်တာ.."

"ဟုတ်လို့လား..တော်ကြာနေ ရန်က ဒီပါနဲ့
မဟော့်ကြားထဲ ကြားလူဖြစ်နေပါအုံးမယ်..
ဒီပါ တို့သာပျော်ခဲ့ကြဟုတ်ပြီလား.."

ရန်က ဒီပါ ဘေးနားကနေ ထွက်သွားလေတော့
မဟော်က ဒီပါ့ ဘေးသို့ ချက်ချင်းပင် ရောက်
ချလာကာ...၊

"ဒီပါနဲ့ ရန် ဘာတွေ တီးတိုးပြောနေကြတာလဲ"

"မဟော်က သိချင်လို့လား"

"ဒါပေါ့..."

"လှေလှော်ပြိုင်ပွဲထဲ ဦးခွန်စစ်မဟော်ကြီး
ဝင်မပြိုင်တာ အသက်ကြီးနေပြီမို့ ဒီပါတို့လို့
သန်သန်မာမာမရှိတော့တာကြောင့်လို့လေ"

"ဟာ..ကိုယ်ဝင်မပြိုင်တာ ကိုယ့်ချစ်သူကို
အားပေးချင်လို့ပါကွာ..ကိုယ်က အခုထိ
သန်သန်မာမာရှိနေတုန်းပဲ..မယုံရင်စမ်းကြည့်
မလား..လာ..ကိုယ်သက်သေပြမယ်"

မဟော်က ဒီပါ့ လက်ကောက်ဝတ်ကိုဆွဲကိုင်
ရင်း ညစ်ကျယ်ကျယ်ပြုံးလေတော့ ဒီပါက
မျက်လုံးပြူးမျက်စံပြူးဖြင့် ခေါင်းတသွင်
သွင် ခါယမ်းလေသည်။

"မလုပ်နဲ့နော်..!! မဟော်.."

"မရတော့ဘူး..နောက်ကျသွားပြီ။ ကိုယ့်ကိုလေ
အသက်ကြီးပြီလို့ ခဏခဏပြောတတ်တဲ့ ဟောဒီ
နှုတ်ခမ်းလေးကို အပြစ်ကြီးကြီးပေးရမယ်"

ဒီပါ့ ပါးလေးနှစ်ဖက်ကို အုပ်ကိုင်ရင်း မဟော့်
မျက်နှာလေးရိပ်ခနဲ လျင်မြန်စွာ ငုံ့ကျလာသည်
မို့ ဒီပါ ရှောင်ချိန်ပင်မရလိုက်။

အနားတွင် မည်သူမှ မရှိတော့၍သာ တော်
သေး သည်ဟု ဒီပါ တွေးမိ၏။ မဟုတ်လျှင်
ဇွတ်ကိုပင် နမ်းတတ်သော မဟော်ကြောင့်
ဒီပါ မျက်နှာပြရဲတော့မှာမဟုတ်ချေ။

မဟော့်ရဲ့ ကြမ်းရှမွတ်သိပ်သော အနမ်းများကို
လက်ခံရရှိတိုင်း ဒီပါ့ ခန္ဓာကိုယ်တစ်ခုလုံးပြန်
လည် တွန်းဖယ်ရန် အားပင်မရှိတော့ချေ။
ထွေးအိနူးညံ့လှသော အနမ်းများက မေ့မူးစေ
သည်။ တသိမ့်သိမ့်ရင်ခုန်သံတို့ ဆွတ်ပျံ့လာ
စေသည်။ နှလုံးသားနှစ်စုံတို့သည် ပိုမို၍ပင်
ရင်းနှီးလာသယောင်။

ပတ်ဝန်းကျင်သည် အချစ်များပျံ့လွင့်ကာ
ပျားပိတုန်းလေးများဝဲနေသလို ချိုမြိန်လှပ
နေလေတော့၏။

..........................................................

သီတင်းကျွတ်လပြည့်ည၏ လသည် ထိန်ထိန်
သာနေ၏။ ကောင်းကင်တွင် တိမ်မျှင်တိမ်စိုင်
တို့ ကင်းစင်ကာ ကြယ်လေးများက ပြန့်ကျဲ
နေကြသည်။ လရောင်တို့ဖြန်းပတ်ထားသော
ကန်ရေပြင်ပေါ်တွင် ဖယောင်းဆီမီးတင်ထွန်း
ထားသော ကြာပန်းပွင့်ဆီမီးခွက်များကအနှံ့
အပြားနေရာ ယူထားလျက်ရှိ၏။

ဘေးတစ်ဖက်ရှိ ရေပြင်နှင့် မနီးမမြင့်တည်ရှိ
နေသော သစ်သားတံတားကမ်းစပ်လေးတွင်
နေရာယူထားကြပြီး ဆီမီးမျှောရန် မီးစလေး
အား မီးညှိနေကြ၏။

"ဒီပါ...လက်လေးနဲ့ ကာထားပေး ကိုယ်က
မီးညှိပေးမယ်"

ဒီပါက ရောင်စုံ ပန်းကြာဆီမီးခွက်လေးအား
လက်ထဲတွင် ကိုင်ထားရင်း ကျန်လက်လေး
တစ်ဖက်ဖြင့် မိညှိလွယ်ကူစေရန် လေကာ
ထားလေသည်။

"ရသွားပြီ....မျှောကြရအောင်လေ ဒီပါ"

ကြာခွက်ပုံစံပြုလုပ်ထားသော ဆီမီးခွက်
လေးနှစ်ခုအား ကိုယ်စီကိုင်ထားရင်း
တစ်ယောက်နှင့် တစ်ယောက် အကြည့်
ချင်းစုံသွားကာ ရှက်ပြုံးလေးပြုံးမိကြသည်။

ဆီမီးရောင်ဝါဝါနှင့်လရောင်နုနုတို့ ပေါင်းစပ်
မှုအောက်တွင် အခွန်မဆောင်ရတိုင်း ချော
ချင်တိုင်း ချောမောနေသော ဒီပါ။ ကြည်လင်
နေသော မျက်ဝန်းများက တလဲ့လဲ့။ ရွှန်းစိုနေ
သော နှုတ်ခမ်းနှစ်လွှာက ပြုံးယဲ့ယဲ့။

မျက်တောင်ရှည်လေးတွေကကော့ညွှတ်ညွှတ်။
နှဖူးပေါ်သို့ ဝဲကျနေသည့်ဆံပင်နုနုလေးများ
က တဝဲဝဲ။

"အဟမ်း...အဟမ်း...!! ကိုကိုနဲ့ ဒီပါတို့...၊
ကိုကိုတို့ လက်ထဲက ဆီမီးခွက်က ဒီနေ့
မျှောကော မျှောဖြစ်ကြအုံးမှာလား"

မဟော့် ဘေးတွင် ထိုင်ရင်း သူတို့နှစ်ယောက်
၏ ကြည်နူးစရာအခိုက်အတန့်ကို လာနှောက်
ယှက်သော တာရာ့အား မဟော် တံတောင်ဖြင့်
လှမ်းတွပ်လိုက်လေသည်။

"ဆီမီးလည်း မျှောသလို မင်းကိုလည်း
အင်းလေးကန်ထဲ ငါမျှောချလိုက်ရမလား
တာရာ"

"No..No.. စေတနာအတွက် ကျေးဇူးအများ
ကြီးတင်တယ်..ကိုကို။ တာရာက အင်လေး
ကန်ထဲ အမျှောမခံရရင်တောင် အချစ်ကမ႓ာ
ထဲမှာ မျှောနေတဲ့ လူသားဖြစ်နေပါပြီ"

တာရာ့စကားကြောင့် ဘေးနားတွင်ရှိနေသော
လင်းဦးတို့ကာလသားတစ်စုက တခွိခွိရယ်နေ
ကြသည်။

"ကိုမဟော့်ရဲ့ ညီ တာရာက သူ့ချစ်သူနဲ့အတူ
ဆီမီးမမျှောရတော့ စိတ်တွေဂယောက်ဂယက်
ဖြစ်နေတာလေ"

လင်းဦးက ရယ်သွမ်းသွေးလျက်ပြောလေသည်။

"ဒါဆို မင်းတ်ု့ိကကော..ငါ့လိုပဲမဟုတ်ဘူး
လား?ပန်းမေနဲ့ ခေတ္တာအနား သူ့အစ်ကို
တစ်ယောက်လုံးရှိနေလို့ မင်းတို့လည်း
အနားမသွားရဲကြတာမလား"

တောင်တိုရွာမှ ပန်းမေနှင့် ခေတ္တာသည်
လည်းအင်းပေါ်ခုံသို့လာ၍ ဆီမီးမျှောကြ
သည်။ ပန်းမေနှင့် ခေတ္တာတို့လာကြ၍
စောမူက မိန်းကလေးအုပ်စုနှင့်သာ ရောနှော
နေ နေသဖြင့် အနားသို့ သွားရန် တာရာ
တစ်ယောက် အခက်တွေ့နေ၏။

ထို့ပြင် လင်းဦးနှင့် ဝင်းနောင်သည်
လည်းပန်းမေနှင့် ခေတ္တာတို့၏အစ်ကို
ဖြစ်သူ စစ်ဝေ၏မျက်နှာကြောကြောင့် အနား
သို့မသွားရဲကြဘဲဘေးတွင်သာရစ်သီနေကြ
သည်။

"ခရုမှာလည်း အဆံရှိသလို တာရာ့မှာလည်း
အဆံရှိပါတယ်..အဲ..မဟုတ်ပါဘူး..အကြံရှိ
တယ်လို့..နေပါအုံး...ငါကြံလိုက်ပါအုံးမယ်...!!
Ok..!! သိပြီ..ပလန်အေနဲ့ ပလန်ဘီ သွားကြ
မယ်..တစ်ခုမအောင်မြင်တစ်ခုပေါ့"

တာရာက ဘေးရှိ ကာလသားများနှင့်
ခေါင်းချင်းဆိုင်ကာ တီးတိုးပြောဆိုပြီး
ထ,သွားလေသည်။ အနားမှ အနှောင့်
အယှက် ပုဂ္ဂိုလ်များထွက်သွားခါမှ
ဒီပါနှင့် မဟော် တို့ ကြည်နူးစရာအချိန်
လေးကို ရှေ့ဆက်ကြသည်။

"မဟော်..ဒီပါတို့ ဆီမီးခွက်လေးကို ရေထဲ
ချပြီးရင် အတူတူဆုတောင်းကြရအောင်နော်"

"အင်း..ကောင်းပြီလေ...."

ထို့နောက် ဆီမီးခွက်လေးနှစ်ခွက်ကို ရေပေါ်
သို့ ဖြည်းညင်းစွာ ချလိုက်ပြီး လက်အုပ်လေး
နှစ်ဖက်ချီကာ မျက်ဝန်းလေးများကို ယှက်ပိတ်
လျက် တောင်းဆုပြုနေသော ချစ်ရသူ၏ဘေး
တစ်စောင်း မျက်နှာလေးကို ကြည့်ရင်း မဟော်
သွားတန်းလေးတွေပေါ်အောင် နှစ်ခြိုက်စွာပင်
ပြုံးလိုက်မိ၏။

' ချစ်ရတဲ့ ဒီပါ့ ကို တစ်သက်လုံး စိတ်ချမ်း
သာအောင် ထားနိုင်ပြီး ချစ်သွားရမဲ့သူ ဖြစ်ရ
ပါလို၏'

'ချစ်ရတဲ့ မဟော့် ဘဝလေးထဲမှာ အေးအတူ
ပူအမျှ အတူနေထိုင်သွားရပြီး ချစ်သွားနိုင်မဲ့
တစ်ဦးတည်းသော သူဖြစ်ရပါလို၏'

ရင်ထဲမှ ဆုတောင်းသံလေးများအဆုံးသတ်
သွားကြပြီးနောက် အပြန်အလှန် ငေးစိုက်ကြည့်
ရင်း....၊

"မဟော့်ကို ဒီပါ အရမ်းချစ်တယ်.."

"ကိုယ်ကလည်း မင်းကိုပဲ တစ်သက်လုံးချစ်
သွားပါ့မယ်လို့..ဟောဒီ အင်းလေးကန်ကြီး
ရယ်၊ လပြည့်ဝန်းကြီးရယ်ကို တိုင်တည်ပြီး
တော့ကို ကတိပေးတယ်"

လူတွေက တစ်ခါတလေ အချစ်ကြောင့်
နာကျင်ရတဲ့အခါ အချစ်ဆိုတဲ့ အရာဟာ
တကယ်တမ်းလက်တွေ့မှာမရှိဘူးလို့
ပြောတတ်ကြပေမဲ့ တကယ်တမ်း အချစ်စစ်
နဲ့တွေ့ပြီး မှန်ကန်တဲ့လူကိုသာ ရွေးချယ်တွေ့
ဆုံနိုင်ခဲ့လျှင် အချစ်သည် ဘယ်လောက်ထိ
နူးညံ့ကြည်နူးစရာ ကောင်းသလဲဆိုတာကို
သူနားလည်သဘောပေါက်လာခဲ့လေသည်။

To be continued >>>>>

A/N- ကိုယ်က အင်းလေးရဲ့ ပွဲတွေကိုမရောက်
ဖူးတဲ့အတွက် မှတ်ထားဖတ်ထားတာနဲ့ ကိုယ့်ရဲ့
အတွေးစိတ်ကူးကို ပေါင်းစပ်ပြီး ပုံဖော်ရေးလိုက်
တာပါ..လိုအပ်ချက်တွေရှိရင် အကြံပြုပေးနိုင်ပါ
တယ်❣️

--------------------------------------------------
--------------------------------------------------

Continue Reading

You'll Also Like

5.4K 170 22
[Unicode] ဝိုင်ဟာ ပြင်းရှရှ ဝီစကီအရသာတွေထက် တဖြည်းဖြည်းနှင့် ခပ်ရေးရေးကလေး ယစ်မူးဖွယ်ရာအတိ။ [Zawgyi] ဝိုင္ဟာ ျပင္းရွရွ ဝီစကီအရသာေတြထက္ တျဖည္းျဖည္းႏွင...
1.1M 58.3K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
5.1K 152 18
🅻🅾🆅🅴 🅸🆂🅽'🆃 🆂🅾🅼🅴🆃🅷🅸🅽🅶 🆈🅾🆄 🅵🅸🅽🅳
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...