Mr.Z..../ S1 ( Z &U )Complete
By KhineZar4
1M 61.6K 2.6K
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
ဇာတ်ကောင်မိတ်ဆက်
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20🔞
Ep-21
Ep-22
Ep_23
Ep-24
Ep-25🔞
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-32🔞
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Ep-38
Ep-39
Ep-40
Ep-41
Ep-42
Ep-43
Ep-44
Ep-45🔞
Ep-46
Ep-47
Ep-48 ( Final )
Mr.Z Book
Mr.Z Book Mark📢
Gift Away🍀
Ep-31
19.3K 1.1K 113
By KhineZar4
မနက်ဖြန် ရွာမှာ အလှူရှိတာမို့... ရွာသားများအားလုံး တစ်နိုင်တစ်ပိုင် တက်ညီလက်ညီဝိုင်းဝန်းကူညီကြသည်.... လူငယ်ယောက်ကျားလေးများမှ လုပ်အားဖြင့် ကူညီကျသလို မိန်းကလေးငယ်များမှလဲ ချက်ပြုတ်ဖို့ အတွက် အားတက်သရော ပါဝင်နေကြသည်။
Yan ကတော့ ပျော်နေပေမဲ့.... ဒါမျိုး အတွေ့အကြုံ မရှိတဲ့ လူကြီးကတော့ Yan အနောက်မှာ ကြောင်တောင်တောင်လေးဖြင့်.....
ဘာလုပ်ပေးကမှန်းလဲမသိ.... ဟိုကြည့် ဒီကြည့်နဲ့ လူတွေ များတာကြောင့် Yan လေးပျောက်သွားမှာလဲ စိုးရိမ်သေး..... ဒါကြောင့် Yan အင်္ကျီစကို ကလေး တစ်ယောက်လို ဆွဲထားလျက်...။
" အတူးတို့တောင် ကူဖို့ လာပြီ....ဟယ် !!!....မြို့က ကိုလူချောလဲ ပါတယ်ဟေ့ !!တို့ရွာအလှူတော့ ပွဲစည်းတော့မယ် "
အပျိုဖြန်း တစ်သိုက်... တဟားဟား ရယ်မောရင်း Yan နောက်က.....ဦးမှိုင်း ကြီးကို စနောက်နေပေမဲ့ Yan ကတော့ သဘောမကျပါ... စိတ်ထဲ ကြိတ်ပြီး သဝန်တိုနေသလို...။
" Yan ကိုယ်ဘယ်နားသွားနေကလဲ "
" လာလာ ကိုလူချော ကျုပ်တို့နဲ့ အရွက်တွေ ခြွေပေးပါအုံး "
တကယ့် မနိုင်စိန်တွေပါ.... သူတို့ ပွင့်လင်း ချက်ကတော့ ဦးမှိုင်းလက်ဖျားခါမိသည်...။
" မသွားဘူးနော် ကိုယ့်ကို သူတို့နဲ့ မထားခဲ့နဲ့ "
ဒါမျိုးတော့ ကြောက်တက်သား.... ကြောက်ကန်ကန်ကာ ငြင်းနေတဲ့ ဦးမှိုင်းကြီးကိုတွေတော့.... Yan အတော်လေး ရယ်ချင်မိသည်။
ဟိုတစ်ခါ ဦးမှိုင်းနှင့် Yan တို့ ရွာနားက ချောင်းမှာ ရေချိုးတုန်းကလဲ သူတို့တွေ လာချောင်းကြည့်သေး....
ပြောပါသေးတယ် ဘာတဲ့ မြို့က သူတွေ ရေချိူးတာ မမြင်ဖူးလို့ ဆိုဘဲ... ဦးမှိုင်း ခမျာ ရှက်လွန်းလို့ တစ်ပတ်လောက် အိမ်ထဲ အောင်းနေသေးတယ်..။
" လာ ဟိုမှာ တိုးအောင်တို့ဆီသွားမယ် "
" omm....omm သူတို့နဲ့ ဝေးရင် ပြီးရော "
အခု ဦးမှိုင်း ပုံဟာ ကလေး တစ်ယောက်နဲ့တောင် တူသေး.... ဝတ်ထားတဲ့ အင်္ကျီက ညစ်နွမ်းနွမ်း ဟောင်းနွမ်းနွမ်းဖြင့်... ပုဆိူးကလဲ မသားနား...
ဒါ စီးပွားရေး လုပ်ငန်းရှင်ကြီး ပါလို့ ပြောရင် ဘယ်သူက ယုံမလဲ.... ဒါပေမဲ့..... ဘာဘဲဝတ် ဘယ်နေရာမှာဘဲ နေနေ သန့်ပြန့်နေတဲ့ သူ့ရဲ့ပုံစံဟာ ပျိုမဒီတွေကို ဆွဲဆောင်နိုင်တဲ့ အဓိက အချက်ပင်..။
" အော်... အတူးတို့တောင် လာပြီ...."
ထင်းခုတ်ပေးနေရင်း Yan တို့ကိုတွေ့တာကြောင့်တိုးအောင် နှုတ်ဆက်လိုက်သည်။
" အေ ဘာလုပ်ပေးရအုံးမလဲ "
Yan ပြောတော့ တိုးအောင် တစ်ယောက် အားတက်သရောဖြင့်
" အိုးတွေ သယ်ဖို့ဘဲ ကျန်တော့တယ် အတူးရ ငါလဲ ထင်းဝိုင်းခုတ်ပေးနေတာ "
" အေအေ ငါတို့ သွားသယ်လိုက်မယ်"
" အေ ဒါဆို မင်းနဲ့ မင်းလင် အိုးတွေ ဂိုထောင်မှာ သွား သယ်ပေးကြ ၂ယောက်ထဲ ဖြစ်တယ်မှတ်လား "
တိုးအောင်ရဲ့ မင်းနဲ့ မင်းလင်ဆိုတဲ့စကားကြောင့်...မဟာမှိုင်း ပြုံးဖြီးသွားပေမဲ့.... သူဘေးက ကောင်လေး ကတော့ ခရမ်းချဥ်သီးအလား....
" အေ ! "
မချိုမချဥ် မျက်နှာထားဖြင့် Yan။
ဒီလိုနှင့်...ဦးမှိုင်းနဲ့ သူအလှူမှာ ချက်ဖို့ အိုးတွေ ထားတဲ့ ဂိုထောင်ဆီ..... ဦးမှိုင်းကတော့ ဘာမှမလုပ်တက်တာကြောင့် Yan နောက်သာ ကလေးတစ်ယောက်လို တစ်ကောက်ကောက်လိုက်နေရတယ်...။
" မှီတာ လဲမဟုတ် ကိုယ် ယူပေးမယ် "
ဒယ်အိုးတွေကို မမှီတဲ့ အရပ်နဲ့ ခြေဖျားထောက်ပြီး လှမ်းယူနေတဲ့ Yan ..... မတော်ပြုတ်ကျမှဖြင့် ကဒီလူကြီးရင်တွေ ကွဲရကြည်ရဲ့...။
ဂျစ်ကန်ကန် လုပ်နေတဲ့ကောင်လေးက ဒီလူကြီးပြောစကားကို နားမထောင်ဘဲ.....သူမမှီတဲ့ အရပ်ဖြင့် ယူနေတာကြောင့်..
" ကဲဖယ် "
အကြောတင်းတဲ့ ကောင်လေးက သူ့အပြောကို ဂရုမစိုက်တာမို့ စိတ်မရှည်စွာ သူလေးကိူ ခါးနားက လက်တစ်ဖက်နဲ့ ချီပြီး အနောက်မှာ ထားထားလိုက်သည်.... အဲ့တာတောင် ဒင်းလေးက မျက်နှာမဲ့ရွဲ့ပြသေး
" ဒီဟာလား Yan..... "
" ဟုတ်တယ်... ဟို ဘေးက ဟာလဲ ပါတယ် "
သူပြောတဲ့ အတိုင်း အိုးတွေ သေချာ ယူပေးလိုက်တော့တယ်.....
" ပေးပေး ကိုယ်ဘဲ သယ်လိုက်မယ် " အားကောင်းမောင်းသန် ဦးမှိုင်းကြီးကဘဲ သယ်လို့...။
.
.
.
.
" ကဲ အိုးတွေ ရပြီ အမိတို့ "
ဦးမှိုင်း အိုးတွေကို....ဟင်းချက်ကြမဲ့ အပျိုတစ်သိုက်ရှေ့သွားချပေးတော့......
" ဟယ် ကိုလူချောကြီး က အားကိုးချင် စရာကြီးတော်အေ... အဟိ!.... အတူး နင့် လူကြီးကို ကို ငါ့တို့ကို ​ပေးပါလားဟယ် "
ငယ်ပေါင်းကြီးဖော်တွေမို့ သိပ်ပြီး အိုက်တင်ခံမနေတော့......
ဒီ ကလေးမ စကားကြောင့် Yan မျက်နှာ ချက်ချင်းစူပုတ်သွားတယ်.... မသိရင် သူစားနေတဲ့ မုန့်ကို လုစားလိူ့ စိတ်တိုနေတဲ့ ကလေးပုံစံ...... မှန်းစမ်း..ဒီကလေး သဝန်တိုနေတာလားမသိ....
" လိုချင်ရင် အိမ်ခေါ်ထားလိုက်ကြဟေ့..... တကယ် ပါဘဲ မိန်းကလေးတွေ ဖြစ်​ပြီး တော်တော်ဖြစ်နေကြတယ် "
ဟောကြည့် စိတ်ကောက်ပြီး ထွက်သွားပြီ...
ကျန်ခဲ့တဲ့ ကလေးမတစ်သိုက် ကတော့ တဟားးဟားးနဲ့ အော်ရယ်လို့.. ကိုယ်မှာ ဘာလုပ်ကမှန်းမသိတာကြောင့်သူလေးနောက်သာ အမှီလိုက်ကတော့မည်...။
" ဟာ.... Yan...Yan.... စောင့်ပါအုံးကွာ "
" သွားစမ်းပါ! လိုက်မလာနဲ့ ဟိုဟာမတွေ ဆီဘဲ သွားစမ်းပါ..... "
" အော် ကိုယ်ဘာလုပ်လို့လဲ ချာတိတ်ရယ် "
ပြောတော့ မျက်နှာထက် အလိုမကျမှုတွေနဲ့။
" တော်ပြီ ခများ မြို့ပြန်တော့ ဗျာ "
ဒီကောင်လေး ဘာလို့ အဲ့လောက်ထိမောင်းထုက်ချင်နေရတာလဲ....ကိုယ်မှာတော့ သူလေးနားနေချင်လွန်းလို့.... လုပ်ရမဲ့ အလုပ်တွေ တောင် ပစ်ထားခဲ့ရတာ...
ဘာလို့ ကိုယ့်ကို.. အမြဲ မင်းနားကနေ မောင်းထုတ်နေချင်တာလဲကွာ..... မင်းကိုယ့်ကို နောက်ထပ် အခွင့်ရေးလေး တစ်ခုတောင် မပေးချင်တော့ဘူးလားYan..
" မင်းကိုယ့်ကို တကယ်မလိုအပ်ဘူးလား Yan "
ထိန်းထားသည်.... သူ့၏ မျက်ရည်များအား ထိန်းထားသည်..... ဒီကောင်လေးသာ သူ့မျက်ရည်တွေ မြင်ရင်လှောင်နေမလားဆိုတဲ့ စိတ်လေး တစ်ခုကြောင့်...။
မေးလိုက်တော့..... သူလေးက ဟန်တောင်မဆောင်ဘူး..... ချက်ချင်းဆိုဟသလို.... ခေါင်းတစ်ဆက်ဆက် ငြိမ့်ပြတယ်..... တကယ်ဘဲ ကိုယ့်ကို မလိုအပ်တော့တာလားကောင်လေးရယ်...။
" ကိုယ်တောင်းပန်ပါတယ် ကိုယ်တွယ်ကပ်နေမိပြန်ပြီ.... မင်းကို ဒုက္ခတွေ ထပ်ပေးမိပြန်ပြီ...နောက်ဆုံးတစ်ခေါက်လောက်တောင်..အခွင့်အရေး မပေးနိုင်တော့ဘူးပေါ့ "
ဦးမှိုင်း သူလေးရှေ့ ဒူးထောက်က လက်ကလေးတွေကို စုတ်ကိုင်ရင်း တောင်းဆိုပြန်တယ်..... ဒါပေမဲ့လေ Yanဆိုတဲ့ ကောင်ငယ်လေးက အငြိုးအတေးသိပ်ကြီးတယ်ဗျ....
အဟက်.....ကိုယ်ဝဋ်လည်တာပေါ့လေ....
" ဟင့်အင်းး ကျွန်တော့် အချစ်က သေပြီ.... ကျနော်ချစ်ခဲ့တဲ့ ဦးမှိုင်းက ကျွန်တော့် နှလုံးသားထဲမှာရော...ဦးနှောက်ထဲမှာပါ သေသွားပြီ "
အဲ့လောက်တောင်ဘဲ လား ချာတိတ်ရယ်။
" omm ကောင်းပါပြီ..... ကိုယ် နောက်ဆုတ်ပေးပါ့မယ်Yan.. နောင်ဘဝ ပြန်ဆုံနိုင်ခွင့်ရှိသေးရင်.... မင်းကို ဖြူစင်တဲ့ အချစ်တစ်ခုတည်းနဲ့ဘဲ ပြန်ဆုံတွေ့ ချင်တယ် "
ဒီကောင်လေးရှေ့ သူအားတင်းပြုံးကာ...
" ...... "
ကျွန်တော်ရောဘဲ..... ချစ်ခဲ့တယ်...ဦးမှိုင်းရယ် ။
" ကိုယ်မနက် ပြန်တော့မယ်..... "
ဟုတ်တယ်လေ ကိုယ့်ကြောင့် မင်းလေး စိတ်အနှောက်ယှက်ဖြစ်မှာ မလိုလားဘူး....ကလေးရယ်....။
" ....... "
Yan ဘာမှ ပြန်မဖြေမိပါ... ပြောရရင် သူကိုယ်တိုင်တောင် ဘာဖြစ်နေမှန်းမသိ....
.
.
.
.
.
.
.
.
.
.
.
တစ်ညလုံး အလှူအတွက် ပြင်ဆင်နေကြသည်မို့.... ရွာက အပျိုလူပျိုတွေ မအိပ်ဘဲ အားတက်သရော ဝိုင်းကူနေကြသည်..... အချင်းချင်း စနောက်ရင်း တက်ညီလက်ညီပေါ့..... ကာလသား တစ်ချို့ကတော့..... သီချင်းတွေ ဆိုရင်း... ကိုယ်ချစ်တဲ့ သူကို စောင်းမြောင်းဆိုနေတဲ့ သူတွေလဲ သက်သက်ကို ရှိတာ.....
" ဟေ့ ကိုမြို့သားကြီး အတူး ကို တွေ့မိသေးလား "
ကိုယ်လဲ မိုက် စမ်းပေးနေတာမို့ Yan ကို သတိမထားမိ..... ပြောရရင် စကားများပြီးထဲက မတွေ့ဖြစ်ဘူးဆိုပါတော့...။
" မတွေ့မိဘူး.... " ပြောလိုက်တော့ ခေါင်းတငြိမ့်ငြိမ့်နဲ့ထွက်သွားတဲ့ တိုးအောင်။
" ဒီလောက်ဆို အဆင်ပြေပြီလား "
မိုက်စမ်းပေး​ပြီးတော့.... သူကိုယ်တိုင်ဘဲ ဒီကလေးကို သွားရှာ ရတော့မည်..... ဘယ်ချောင် သွားကပ်နေတာပါလိမ့်..... ဒီကလေးလူကို သက်သက်မဲ့ စိတ်ပူအောင်....။
တိုးအောင်တောင် ရှာရင်းပြန်ရောက်ပြီ.... Yan ကိုမေးကြည့်တော့ မတွေ့ဖူးတဲ့..... ဟာ ဒီကောင်လေး ဘယ်ရောက်သွားပြန်တာလဲ! ကိုယ်တကယ် စိတ်ပူနေပြီ.....
" ဟိတ်ကလေးမတွေ အတူးကို တွေ့မိသေးလား "
ပန်းကန်ဆေးနေတဲ့ ကလေးမလေးတွေ မေးကြည့်တော့လဲ မတွေ့ဘူးတဲ့.....
*** ဒီလောက်မှောင်မဲ နေတာ ဘယ်ကို လှစ်ခနဲ ရောက်သွားပါလိမ့် ! ကျစ် ပြန်လာမှ မဒိန်းကျင့်ပြီး မြို့ ပြန်ခေါ်သွားမယ် ***
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မင်းဉာဏ် အခြေအနေအရင်ကထက် တိုးတက်လာသည်မို့ ဒီဘက်ကိုပြန်ရွေ့ပေးလိုက်သည်  တစ်ပက်ကျော်လောက် မျှောနေတာမို့  အခန္ဓာကိုယ်ဟာ ပုံမှန်လိူမဟုတ်....
သို့ပေမဲ့ ရှင်းသန့်နောင်ဆိုတဲ့ကောင်လေးကတော့ သူ့ဘေးနားဟအမြဲရှိနေခဲ့သည်။
ဆေးရုံကြီးထဲ ကောင်လေး တစ်ယောက်ကတော့ ငိုတာများပြီး ပင်ပန်းလာတာကြောင့် အိပ်ပျော်သွားပေမဲ့ ... နောက်ကောင်လေးကတော့ သူ့ကို ပြုံးပြီးကြည့်နေလေရဲ့.....
မင်းဉာဏ် လွန်ခဲ့တဲ့ 1 နာရီလောက်ကသတိပြန်လည် လာခဲ့တယ်..... နိုးနိုးချင်း ဘေးကိုကြည့် သူ့လက်ကို ကိုင်ကာ အိပ်ပျော်နေတဲ့ ချစ်ရတဲ့ ကိုကို.... မြင်ကွင်းလေးက ကြည်နူးဖို့ကောင်းပေမဲ့..... ကိုကိုက သူ့ကို မချစ်ဘူးလေ....။
ကိုယ့်မှာတော့ အဝေးက ကြည့်နေရက်နဲ့ဘဲ.... ချစ်နေရတာပေါ့.... ကိုကို ကတော့လေ ဘယ်လောက်တောင် ငိုထားလဲမသိ.... မျက်လုံးတွေတောင် အစ်နေပြီ.... ချစ်လိုက်တာ ကိုယ်ကို့ရဲ့ ပုံစံဘယ်လိုလို ဖြစ်နေပါစေ ကိုကို့ရဲ့ ဖြစ်တည်မှုလေးကို ချစ်နေရတာ..။
" ဆရာ.! "
" ရူးးးးးးး "
တံခါး ဖွင့်ပြီး ဆရာ ! လို့ ခေါ်နေတဲ့ သူ့တပည့်ကြောင့် ကိုယ့်မှာ လက်ညိုးနဲ့ နှုတ်ခမ်းနားတေ့တာ တိုးတိုးနေဆိုတဲ့ သဘောဖြင့်...... သူစောက်သံကြောင့် ကိုကို နိုးသွားမှာ သူမလိုလား...ဒီတိုင်းလေးဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်စေချင်သည်..။
တပည့် ဖြစ်သူကို လက်အမူအရာနဲ့ ပြကာ ထွက်သွားဖို့ အမိန့်ပေးတော့..... ဟိုကလဲ သဘောပေါက်ဟန်.....ဖြင့် တံခါးကို သေချာ စေ့ကာ သွားတော့သည်.....
အတော်တော်ကြာသည်အထိ... မနိုးသေးတဲ့ ကိုကို..... ဘယ်လောက်တောင် အိပ်ရေး ပျက်နေတာလဲ ကွာ.... စိတ်ပူအောင်မလုပ်စမ်းနဲ့ ကလေးလူကြီးလေးရာ။
" အင်းးးး ဟင့် "
မျက်နှာကြီး ရှုတ်မဲ့ကာ နိုးလာပါပြီ....
" ဟိတ် .... ထတော့လေ လူနာစောင့်လေး "
နားနားကပ်ကာ....ပြောလိုက်တော့.... မျက်လုံးကြီး ပြူးပြီး လူကိုတော်တော်ကြာ စိူက်ကြည့်နေတာ....ပြီးမှ....
.
.
.
.
.
.
.
" မကောင်းတဲ့ ကောင်.... မင်းကို ဒဏ်ရာ မရဖို့ ဒီလောက်မှာထားတာကို ကွာ ! ငါ့ ငါမင်းကို ရိုက်ချင်တယ် အင့် အီးးးး ဟီးးးး အင့် "
လူကို ဖတ်ပြီး စငိုတော့တာဘဲ..... ဒီဒဏ်ရာတွေထက်....ကိုကို ငိုတာ ပိုနာကျင်ရတယ်.... ကိူကိုရဲ့ မျက်ရည်တွေကိူ ပျော်ရွှင်လို့ ကျတဲ့ မျက်ရည်လေးတွေဘဲ ဖြစ်စေချင်တာ...
" omm omm ရိုက် ကျွန်တော်ကို စိတ်ရှိသလောက်ရိုက် "
ပြောတော့... မျက်နှာချက်ချင်း မှိုင်သွားကာ ငိုမဲ့မဲ့နဲ့...
" ငါမင်းကို ဘယ်လို ပုံစံနဲ့ ရိုက်ရမှာလဲ ငါ့မှာ လွမ်းလို့ သေတော့မယ်.... "
" ကျွန်တော်ရော ဘဲ...."
နှစ်ယောက်သား အပြန်အလှန် ထွေးပွေ့ထားရင်း ...... သူ့ကလေးလူကြီးလေးကတော့ အထိ အငိုမတိတ်သေးဘူး.....
" ဘာလို့ ငါကို အကြာကြီးပစ်သွားတာလဲ လူဆိုးကောင် "
ကလေးတစ်ယောက်လို မျက်ရည်တွေရွဲကာ....ပြောနေတဲ့ ကိုကို...
" ကျွန်တော်ချစ်တဲ့ လူသားလေးက ကျွန်တော့်ကို မုန်းနေတာကို.... "
မင်းဉာဏ်အဲ့လိုပြောတော့ ကိုကို မျက်နှာထက် စိတ်မကောင်းဖြစ်တဲ့ အရိပ်ယောင်လေး တွေ့လိုက်ရတယ်....
ချက်ချင်း မင်းဉာဏ် လက်ကလေးကို စုတ်ကိုင်ကာ...." မင်းကွာ.....မင်းအရူးဘဲ အင့် မင်း အရူးကောင် "
" ဟုတ်တယ် ကျွန်တော်ကလေ ကိုကိုနဲ့ ပက်သက်ရင်ရူးနေတာ.... "
" မုန်းလိုက်တာ.... " မျက်စောင်းလှလှလေးထိုးက ကိုကိုနှုတ်ဖျားက မုန်းလိုက်တာတဲ့..... ကျွန်တော့်ရင်ထဲ ကလိ ကလိနဲ့ ဒီကိုကို ကို သိပ်ချစ်တာဘဲ...
.
.
.
.
.
.
.
ညနေရောက်တော့ ဆရာဝန်တွေ လာစစ်ဆေးကြည့်တော့ အားလုံး အခြေနေကောင်းသည်မို့ အခုမှဘဲ စိတ်အေးရတော့တယ်.... Z ကိုလဲ လှမ်းအကြောင်းကြားပြီးတာမို့....အဆင်ပြေသည်...။
" ဒါဆို ဆရာလဲ သက်သာပြီဆိုတော့ ကျွန်တော်တို့ ပြန်တော့မယ်..... "
တပည့်ဖြစ်သူ နှစ်ယောက် နှုတ်ဆက်စကားဆိုရင်း..... နောက်မှာ ဝင်လာတဲ့ ချစ်ရတဲ့ကိုကို...
" အာ....ငါ့ညီတို့ ပြန်တော့မလို့လား "
" ဟုတ်ကဲ့ အကို ရှင်းသန့်နောင်.... "
" အေအေ ပင်ပန်းသွားပြီ....ကျေးဇူးပါဘဲကွာ "
" ဟုတ်... ခွင့်ပြုပါအုံး ဆရာ ခွင့်ပြုပါအုံး အကိုရှင်သန့်နောင် "
ရှင်းသန့်လဲ ကောင်းလေးနှစ်ယောက်ကို....နှုတ်ဆက် စကားဆို ပြီး ကုတင်မှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ ချစ်ရတဲ့ လူနာလေးဆီ....။
" ကိုကို ကို လွမ်းနေခဲ့တာ အခုမှဘဲ တဝကြီး ဖတ်ကတော့တယ် "
ကုတင်ပေါ်ကနေ... ရှင်းသန့် ခါးကို ဖတ်ကာ....ရင်ခွင်ထဲ မျက်နှာ အပ်ထားတဲ့ကောင်လေး..... တခါတလေ ဒီလိုလေးလဲ ချွဲတက်သေးရဲ့..။
" နောက်တစ်ခါ ထိခိုက်အောင်မလုပ်ဘူးလို့ ကိုယ့်ကို ကတိပေး "
" ....... "
ဘယ်ချိန် ဘယ်လိုသေမယ်မှန်းမသိပေမဲ့....ကျနော်အသက်ရှင်သမျှကိုကို ဘေးမှာဘဲ နေချင်တယ်...
" မင်းဉာဏ်... "
" ဗျာ... "
" ကိုယ် ​မင်းကို အထင်လွဲမိခဲ့တာတွေ အတွက်တောင်းပန်ပါတယ် "
".... "
" နောက်ပြီး မင်းရဲ့ အချစ်တွေကို မမြင်ခဲ့မိလို့ ကိုယ်နောင်တ ရတယ်.... "
" .... "
" ကိုယ် မင်းကိုချစ်တယ် "
ကိုကို.....ကိုကိုက သူကို ချစ်တယ်တဲ့ ရုတ်တရတ်ကြီး ဟား....သူပျော်ကမှာလား..... ကိုကို ကိုကိုကလေ သူကို ချစ်တယ်တဲ့....
မင်းဉာဏ်တစ်ယောက်....ကြောင်တောင်တောင်ကြီး ရှင်းသန့်နောင်ကို ကြည့်နမိသည်......
ကိုကိုက သူကိုချစ်တယ်တဲ့ သေပျော်ပြီ...
အို သေလိုလဲ မဖြစ်သေး ကိုကို နဲ့ ချစ်ရအုံးမှာ..... အခုချိန် သေမင်းလာခေါ်ရင်တောင် ပါးရိုက်ပြီး ပြန်လွှတ်မှာ...
" ကျနော်လဲ ကိုကို ကိုချစ်တယ် ပြောရရင် ဟို စတွေ့ထဲ ချစ်တယ်..... "
" သိတယ် နှာဘူးကောင် "
" ကိုကို တစ်ယောက်ထဲကိုဘဲဘူးနေတာ "
"ဟွန်းးး "
" ဒီကိုယ်လုံးလေးကို ဖတ်ထားချင်နေတာ လွမ်းနေတာ "
ဖတ်ထားရင် လက်များဟာ ရှင်းသန့်နောင် တင်ပါးကို သွားညှစ်တာကြောင့်
" ဟိတ်ကောင်!  မင်းကလေ အရမ်းအသားယူလွန်းတယ် " 
မျက်မှောင်ကြုတ်ကာပြောကာ ပြောလိုက်တော့လူကို စပ်ဖြဲဖြဲပြောင်ပြသေး။
ဟူးးးးး ဒီကောင်နဲ့တော့ မလွယ်။
နှစ်ယောက်သား ကိုယ်ဆီ ကိုယ်ဆီ ချစ်ကြောင်းဝန်ခံ ခဲ့ကြပြီးနောက် ..... ဒီညလေးဟာ နှစ်ယောက်လုံး အတွက် အမှတ်တရ ညလေး ဖြစ်ခဲ့တယ်...... နှစ်ယောက်လုံး မအိပ်ဘဲ ကောင်းကင်ပေါ်က ကြယ်လေးတွေ ကို ရေတွက်ရင်း..... နှလုံးသားက ခံစား ချက်တွေကို ဝန်ခံ ခဲ့ကြတယ်....။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
Z တစ်ယောက် သူ့ကလေးနဲ့ တစ်မနက်လုံး အလုပ်ရှုပ်နေတာ..... ဗိုက်ဗိုက်လေး ရှိပြီဆိုတာ စံအိမ်တစ်ခုလုံး သူတို့ 2 ယောက်သာ သိသည်.... သူလေးကပြောသေး....
" Daddy ဒါPromise နော်.... ဘယ်သူမှ လျောက်မပြောနဲ့ သားသားနဲ့ Daddy ရဲ့ လျှို့ဝှက်ချက် "
ကလေးပြောတဲ့ အတိုင်းလျှို့ ဝှက်ချက်​ပေါ့လေ....။
အခုလဲ ကလေးကို...Raji တို့ မိသားစုဆီခေါ်သွားမလို့ဟာ..... သူလေးက သားကို့ တွေ့အောင်ရှာနိုင်ရင် သွားမယ်ဆို ပြီးပြောတော့ Z မှာ မကြီး မငယ်ကလေးနဲ့ အပြိုင် လိုက်ဆော့ ကတော့မှာပေါ့.....
" Daddy အချစ်ကလေးရေ..... သေချာ ပုန်းနော်..... Daddy လိုက်ရှာပြီ "
ဟောဟော တွေ့ပါပြီ.... ခြေထောက်သေးသေးလေး....ကုတင် အောင်မှာ ခွေခွေ လေး လှဲနေတာ..... သူလေး ခြေထောက်သေးသေးလေးက ထင်းလို့......
Z မရှာဘဲ မိုးသားလေး သူ့ဘာသာ ထွက်လာမဲ့ နည်းရှိတယ် အဲ့ဒါကတော့......
" ဟူး.... Babe လေးက ဘယ်နားရောက်သွားပြန်တာလဲ ကိုယ့်ကို ထားခဲ့ပြီလားမသိ.... ဝမ်းနည်းလိုက်တာကွာ~~~"
" ကလေးလေးက ကိုယ့်ကို ထားခဲ့ရင် တော့ ကိုယ်ရင်တွေ ကွဲပါပြီ..... ဘယ်နားရောက်နေလဲ အချစ်ရယ် "
ဒီနည်းလမ်းက အလုပ်ဖြစ်သား ကုတင်အောက်က ဖြူဖြူသေးသေးလေး ထွက်လာပြီ....
" Daddy.... ! သားက ဒီမှာ..! Daddy ဝမ်းမနည်းပါနဲ့နော်.... "
အားချစ်လိုက်တာ ဒီကလေး Z ရဲ့ ဟူဒီ ကြီးဝတ်ပြီး..... လုံးနေအောင် ရင်ခွင်ထဲ ပြေးဝင်လာတဲ့ ကလေးပေါက်...
Z ချစ်လွန်းလို့ သနပ်ခါးဖွေးဖွေးလေး လိမ်းထားတဲ့ ပါးလေး နှစ်ဖက်ကို နမ်းလိုက်တော့..... တစ်ခစ်ခစ်နဲ့ ရီပြီ.... Z အပေါ် ပြန်ဖတ်ထားသေး.....
" Daddy က ကလေးလေး မရှိတော့ဘူးထင်ပြီး ဝမ်းနည်းသွားတာ.... "
မျက်နှာငယ်လေးနဲ့ ပြောတော့ သူလေးက အဟုတ်မှတ်ပြီ... Z နှုတ်ခမ်းလေးကိုအသာနမ်းကာ...
" ဟင့်အင်း နောက်ခါ အဲ့လို တွေးရဘူးနော်...သားက Daddy ဘေးမှာဘဲ နေချင်တာ .... "
Z ကို အပြောတွေနဲ့ သတ်နေတဲ့ ကလေးလေး ချစ်လွန်းလို့ သော့ခတ် သိမ်းထားလိုက်ချင်သည်....
တခါတလေ ကိုယ့်အချစ်က စိတ်တ္တဇ ဆန်လွန်းလို့.... မင်းလေး အဝေး ပြေးထွက်သွားမှာတောင်ကြောက်မိတယ်.... ဒါပေမဲ့ မင်းလေးကလေ... စုန်းမလေး လိုဘဲ ကိုယ့်ကို ပြုစားနိုင်လွန်းတယ်...။
" လာ....ရေချိုးမယ် ပြီးရင် Babe လေးကို အပြင်ခေါ်သွားစရာရှိတယ် "
" ဟုတ်ကဲ့ ! "
အသံဆာဆာလေးနဲ့ ရေချိုးခန်းထဲ ဝင်သွားတဲ့ကလေး..
ရေချိုးခန်းထဲရောက်တော့ ရေစိမ်တာ ကြိုက်တဲ့ ကလေးက ရေဇလုံထဲ ရေစိမ်ပေးထားရင်း ကိုယ်က သူလေးကို ခေါင်းလျှော်ပေးနေရတယ်....
တခါတလေ.... ရေစိမ်ရင်း ဘဲရုပ်ကြက်ရုပ် အစုံဘဲ သူ့ရေဇလား ထဲ ခေါ်ထည့်သေး....ကိုယ့်မှာ တခါတလေ ခေါင်းလျှော်ပြီးရင် အဲ့အရုပ်တွေ လိုက်သိမ်းကတာလဲ အလုပ်တစ်လုပ်...။
ခေါင်းလျှော်ပေးတော့ သူလေးက မျက်လုံးလေး မှိတ်ပြီး ဇိမ်ခံသေးရဲ့..... တကယ့်ကို မနိုင်စိန်လေး.....
" ဟူး.... ပြီးပါပြီဗျ..... "
" Daddy ချမ်းတယ် မြန်မြန်... ဂစ်~ဂစ် "
အပိုတွေ အပိုတွေ သိပ်လုပ်တဲ့ ကလေးလေး.... သွားကြိတ်ပြီး သူချမ်းနေပါပြီပေါ့.....
" ကဲ့ လာပါပြီဗျ.... "
အဝတ်စားလေးသေချာ ဝတ်ပေးပြီ..... သူကိုယ်တိုင်လဲ အဆင်ပြေမဲ့ ဝတ်စုံ တစ်စုံ ယူဝတ်လိုက်သည်..... သူ့ဆံပင် ရှည်တွေကိုတော့ ထုံးဆံ မပျက် ကလေးလေးက ချည်ပေးသည်..။
" Daddy သွားစို့ " တက်ကြွတဲ့ ကြက်ဖပေါက်လေး.....
" ကောင်းပါပြီဗျ...." ပေါ့ပေါ့ ပါးပါးမို့ သူကိုယ်တိုင်သာ ကားမောင်းရင်း နှစ်ယောက်ထဲ ထွက်ခဲ့သည်... သက်တော်စောင့်တွေနဲ့ဆို ကလေးငယ်စိတ်ရှုပ်မှာ မလိုလား....။
.
.
.
.
.
.
.
.
.
.
.
.
.
နာရီဝတ်လောက် မောင်းနှင်ပြီးနောက်.... Raji တို့ရဲ့ ခြံဝန်းကို ရောက်တော့တယ်.... Z တို့ စံအိမ်တော် လောက်မကြီးပေမဲ့... ဆောက်ထားတဲ့ ဒီဇိုင်းက နိုင်ငံခြားဆန်ဆန်နဲ့ မိုက်တယ်....
" မင်္ဂလာပါ "
ကား​ပေါ်မှ ဆင်းဆင်းခြင်း Raji တို့ မိသားစုက နွေးနွေးထွေးထွေး ဆက်ဆံတာကြောင့် Z လဲ ပြုံးကာ ကလေးငယ်နဲ့ အတူ နှုတ်ဆက်လိုက်သည်..။
ထိုနောက် ခြံဝန်းထဲက စားပွဲဝိုင်းမှာ ထိုင်ရင်း Z နဲ့ Dr.Raji တို့ဆွေးနွေ နေပေမဲ့Zရဲ့ Babe လေးကတော့   သူ့ရှေ့မှာ အရုပ်တွေနဲ့ ဆော့နေတဲ့ ကလေးငယ်ဆီအကြည့်မခွာ။
" Daddy ကလေးလေး က ချစ်စရာလေးနော် "
သူရှေ့က... မြက်ခင်းပြင်ပေါ်မှာ အရုပ်တွေနဲ့ ထိုင်ဆော့နေတဲ့ ကလေးကို ငေးကာ....
" အဲ့သားသားလေးကို ဒီကိုကိုနဲ့ ဦးဦးနဲ့ မွေးတာ Babe လေးရဲ့ "
ပြောလိုက်တော့ အံသြသလို ပါးစပ်အဟောင်းသားလေးနဲ့....
" Daddy သားသားလဲ အဲ့လို မွေးမှာနော် " ကလေးငယ် အပြောကို Z သဘောကျကာ... ပြုံးရင်း...
" Babe အဲ့သားသားလေးနဲ့ဆော့ချင်ရင်သွားဆော့ Daddy ထိုင်စောင့်နေမယ် "
ပြောပြီးချက်ချင်း.... Z ပေါ်က လှစ်ကနဲ့ ​ပျောက်သွားတဲ့ ကလေးလေး....
ဘေးကနှစ်ယောက်ကတော့ သူ့ကလေးပုံသဘောကျ ပြီးရယ်လို့...သုံးယောက်သား အပြုံးကိုယ်ဆီနဲ့ ရှေ့ကမြက်ခင်းမှာ ဆော့နေတဲ့ ကလေး နှစ်ယောက်ကို ကြည့်ကာ ပြုံးနေသည်.... ထိုစဥ်....
" Mr.Z သေချာစဥ်းစားပြီးပြီလား.."
Raji ဆီက အသံထွက်လာသည်...
" Raji တို့ မွေးတုန်းက အရမ်းခက်ခဲ ခဲ့လား "
" ပြောရရင် အများကြီးပေါ့.... ဒါပေမဲ့ မိခင်စိတ်ကဘဲ အရာအာလုံးကို ကျော်ဖြတ်ပေးနိုင်အောင်ထိ ကြီးမားလွန်းတယ် "
" ဟုတ်တယ်..... သားသား ကြယ်တာရာ ကို မွေးတုန်းက အကိုက ဘေးမှာ တစ်ချိန်လုံး ရှိနေခဲ့တာ....ပင်ပန်းလာတဲ့ အချိန်တွေမှာတောင် ဗိုက်ထဲကသားသားလေးနဲ့ အကိုအတွက် ဆိုတဲ့ စိတ်ကလေးကြောင့် အရာအားလုံးကျော်ဖြတ်ခဲ့တယ်"
Raji ရဲ့ အမျိုးသားလေး ကောင်းကင်ပြောတဲ့ စကားကို .... ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်နေသည်...
" ကိုယ့်ရဲ့ အမျိုးသားလေးလဲ သူ့ဗိုက်က ကလေးကို အရမ်းချစ်မှာဘဲ "
" သေချာတာပေါ့ဗျာ "
တစ်ဖက်ကလေး ၂ယောက်မှာတော့..,
" ဟိတ် ကလေးလေး "
အမယ် ကလေးလိုလို ခွေးလိူလိူ ဟာလေးက ကြယ်တာရာကို ကလေးလေးတဲ့..။
" ရော့ ဦးဦး အရမ်းကြိုက်တဲ့ စက်ရုပ်လေး ပေးမယ် "
ပေးလိူက်တော့ ကြယ်တာရာလေး ပြုံးပျော်သွားကာ... ကျေးဇူးတင်ပါတယ် ခမျတဲ့.....
" ဦးဦး ဗိုက်ထဲမှာ ကလေးလေး ရှိတယ်သိလား "
ပြောလိုက်တော့ ကြယ်တာရာဆိုတဲ့ ကလေးလေးက မျက်လုံးလေး ပြူးကာဟင်တဲ့...။
" အဲ့ ကလေးလေး ကော တားတား ကိုပေးပါရား"
( ကဲအဲ့မှာ စတွေ့တာဘဲ)
" ကလေးလေး က လိုချင်လို့လား "
" အင်လိုချင်ရို့ "
ချစ်ဖိူ့ကောင်းအောင်ပြောတက်တဲ့ ကလေးလေး... ကလေးကလေး ချင်း အဆင်ပြေလိူ့....
" Daddy ရေ ! ဒီကလေးလေးကလေ သား ဗိုက်ထဲက အပင်ပေါက်လေး ကို တောင်းနေတယ် ပေးလိုက်ရမှာလား "
မြက်ခင်းပြင်ပေါ်ထိုင်နေရင်း ကြယ်တာရာလေးကိုလက်ညိူးထိုးကာပြောတော့ Mr.Zမျက်နှာ မချိုမချဥ်နဲ့....
( မွေးတောင်မမွေးသေးဘူး နင်ကတောင်းနေပြီ 🙂)
" သားသား ကြယ်တာရာ အဲ့လို မတောင်းကဘူးလေ "
နှစ်ဖက် မိဘတွေ မျက်နှာ ရှက်ကိုး ရှက်ကန်းဖြစ်ကုန်ပြီး.....
" ဟုတ်ကဲ့ တားတား တောင်းတော့ဝူး "
( မင်္ဂမဆောင်ဘူးလား မမေးကြပါနဲ့✋️.... ကလေးမွေးပြီးမှ အေးဆေးဆောင်ကြတာပေါ့နော့်🤭 )
#Vote_Comment_Plz
#Love_Yourself
______________________________________________________________________________________________________________
Zawgyi...
ပြောပါသေးတယ် ဘာတဲ့ မြို့က သူတွေ ရေချိုးတာ မမြင်ဖူးလို့ ဆိုဘဲ... ဦးမှိုင်း ခမျာ ရှက်လွန်းလို့ တစ်ပတ်လောက် အိမ်ထဲ အောင်းနေသေးတယ်..။
အခု ဦးမှိုင်း ပုံဟာ ကလေး တစ်ယောက်နဲ့တောင် တူသေး.... ဝတ်ထားတဲ့ အင်္ကျီက ညစ်နွမ်းနွမ်း ဟောင်းနွမ်းနွမ်းဖြင့်... ပုဆိုးကလဲ မသားနား...
" အေ ဘာလုပ်ပေးရအုံးမလဲ "
" အေ ! "
" ကဲဖယ် "
အကြောတင်းတဲ့ ကောင်လေးက သူ့အပြောကို ဂရုမစိုက်တာမို့ စိတ်မရှည်စွာ သူလေးကို ခါးနားက လက်တစ်ဖက်နဲ့ ချီပြီး အနောက်မှာ ထားထားလိုက်သည်.... အဲ့တာတောင် ဒင်းလေးက မျက်နှာမဲ့ရွဲ့ပြသေး
" ဒီဟာလား Yan..... "
.
.
.
.
ဒီ ကလေးမ စကားကြောင့် Yan မျက်နှာ ချက်ချင်းစူပုတ်သွားတယ်.... မသိရင် သူစားနေတဲ့ မုန့်ကို လုစားလို့ စိတ်တိုနေတဲ့ ကလေးပုံစံ...... မှန်းစမ်း..ဒီကလေး သဝန်တိုနေတာလားမသိ....
" ...... "
" ....... "
.
.
.
.
.
.
.
.
.
.
.
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မင်းဉာဏ် အခြေအနေအရင်ကထက် တိုးတက်လာသည်မို့ ဒီဘက်ကိုပြန်ရွေ့ပေးလိုက်သည်  တစ်ပက်ကျော်လောက် မျှောနေတာမို့  အခန္ဓာကိုယ်ဟာ ပုံမှန်လိုမဟုတ်....
" ဆရာ.! "
" ရူးးးးးးး "
" အင်းးးး ဟင့် "
နားနားကပ်ကာ....ပြောလိုက်တော့.... မျက်လုံးကြီး ပြူးပြီး လူကိုတော်တော်ကြာ စိုက်ကြည့်နေတာ....ပြီးမှ....
.
.
.
.
.
.
.
လူကို ဖတ်ပြီး စငိုတော့တာဘဲ..... ဒီဒဏ်ရာတွေထက်....ကိုကို ငိုတာ ပိုနာကျင်ရတယ်.... ကိုကိုရဲ့ မျက်ရည်တွေကို ပျော်ရွှင်လို့ ကျတဲ့ မျက်ရည်လေးတွေဘဲ ဖြစ်စေချင်တာ...
" ကျွန်တော်ရော ဘဲ...."
.
.
.
.
.
.
.
" ....... "
" မင်းဉာဏ်... "
" ဗျာ... "
".... "
" .... "
" ကိုယ် မင်းကိုချစ်တယ် "
" သိတယ် နှာဘူးကောင် "
"ဟွန်းးး "
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
" ဟုတ်ကဲ့ ! "
" ဟူး.... ပြီးပါပြီဗျ..... "
" ကဲ့ လာပါပြီဗျ.... "
.
.
.
.
.
.
.
.
.
.
.
.
.
" မင်္ဂလာပါ "
Raji ဆီက အသံထွက်လာသည်...
" သေချာတာပေါ့ဗျာ "
" ဟိတ် ကလေးလေး "
အမယ် ကလေးလိုလို ခွေးလိုလို ဟာလေးက ကြယ်တာရာကို ကလေးလေးတဲ့..။
ပေးလိုက်တော့ ကြယ်တာရာလေး ပြုံးပျော်သွားကာ... ကျေးဇူးတင်ပါတယ် ခမျတဲ့.....
( ကဲအဲ့မှာ စတွေ့တာဘဲ)
" အင်လိုချင်ရို့ "
ချစ်ဖို့ကောင်းအောင်ပြောတက်တဲ့ ကလေးလေး... ကလေးကလေး ချင်း အဆင်ပြေလို့....
မြက်ခင်းပြင်ပေါ်ထိုင်နေရင်း ကြယ်တာရာလေးကိုလက်ညိုးထိုးကာပြောတော့ Mr.Zမျက်နှာ မချိုမချဉ်နဲ့....
#Vote_Comment_Plz
#Love_Yourself
______________________________________________________________________________________________________________
Continue Reading
You'll Also Like
180K 30.8K 84
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
187K 4.6K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
168K 17.5K 109
ဘာသာပြန်သူ - စွဲညို့အသင်း
411K 21.6K 47