Ep-17

20.3K 1.2K 23
                                    

Uni.....

" အ့ Sry ခမျ "

 Daddyကို စချင်တာကြောင့် Daddy အလစ်ကို စောင့်ကာမိုးသား သစ်ပင်နောက်မှာ ပုန်းနေသည်.... ရှေ့မကြည့်နောက်မကြည့်တက်တဲ့ မိုးသားတစ်ယောက်..သစ်ပင် အမြစ်ကို ခလုတ်တိုက်ကာ  လှဲကျသွားချိန်..... တစ်စုံတစ်ယောက်က မိုသားကိုလှမ်းဖမ်းလိုက်သည်.....

" သတိထားလေ~~~~ အရုပ်ကလေးရဲ့ "

ဆွယ်တာ လည်ပိတ် ဝတ်ဆင်ထားပြီး အပေါ်က ကုတ်တစ်ထည်ပါတွဲရက်ဝတ်ဆင်ထားတဲ့ လူကြီးတစ်ယောက်... လူဂုဏ်ထန် အသိုင်းဝိုင်းကြီးထဲက ဖြစ်ပုံရသည်....ဒီလူကြီးကို မိုးသားမသိပါ ..... သို့သော် ဒီလူကြီးမျက်လုံးတွေက ရမ္မက်အပြည့်နဲ့ကြောက်ဖို့ကောင်းသည်.....

" ဟို.... ရပါပြီ သွားခွင့်ပြုပါအုံး "

မိုးသားလက် အား စုတ်ကိုင်ထားသည့် မဟာမှိုင်းကြောင့် မိုးသားအခက်တွေ့နေပြီ...

" ဟို.... သားလက်ကို.. "

မိုးသားမရဲတရဲလေးပြောလိုက်တော့...

" အရုပ်ကလေးက~~ ချစ်ဖို့ကောင်းလိုက်တာ "

မဟာမှိုင်း ကလေးငယ်ကို ကြည့်လေကြည့်လေ အပိုင်သိမ်းချင်စိတ်တွေထိန်းမရတော့ပေ..... သူ့ရှေ့က မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ အကောင်ပေါက်လေး ကလဲ မဟာမှိုင်းကိုသေချာကြည့်နေသည်...

မိုးသားတစ်ယောက် ဒီလူကြီးနဲ့တော့ခက်ပြီ.... မိုးသားတို့အသိမိတ်ဆွေတွေလဲမဟုတ်...  ဒီလူကြီးရူးနေတာလားမသိ....
.
.
.
.
.

တစ်ဖက်မှာတော့

Z ကလေးပျောက်လို့ခေါင်းမီးတောက်နေသည်.... Z သူ့လူတွေနဲ့ ချက်ချင်းရှာခိုင်းကာ..... သူကိုယ်တိုင်လဲ ကလေးငယ်ကို မင်းဉာဏ်တို့ အုပ်စုနဲ့အတူရှာနေသည်...... Z ဒီလောက်ထိ ကလေးငယ်ကို မျက်စိအောက်က အပျောက်မခံတာ​တောင် Z အလစ်မှာ ကလေးငယ်ပျောက်သွားတာကြောင့် သူ့ကိုယ်သူယူကျုံးမရ ဖြစ်နေသည်....ဒီကလေးသာ သူ့ဆီကထွက်သွားရင် သူရူးမှာ......

ဒီလိုကိစ္စတွေ ဖြစ်မှာ ကြောက်လို့ Z ကစားကွင်း တစ်ခုလုံးကို ဒီနေ့အတွက် ငှားထားခြင်းဖြစ်သည်....

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now