Ep-19

20.1K 1.1K 17
                                    

Uni.....

ဒီနေ့ မင်းဉာဏ်ရဲ့ Holiday မို့ ထုံးစံအတိုင်း အချစ်ရှိရာ Coffee ဆိုင်လေးသို့ ထွက်လာခဲ့သည်... ဒီနေ့မှ ရင်ထဲ ထူးထူးခြားခြားဖြစ်မိနေတယ်......... ဘာတွေ ဖြစ်အုံးမလဲ မသိ....

အရင်နေ့တွေလို suit အပြည့်ဝတ်စရာမလိုဘဲ လူငယ်ဆန်ဆန်...ဝတ်ထားတဲ့ မင်းဉာဏ်ပုံစံက တစ်မျိုးကြည့်ကောင်းနေပြန်တယ်.....

မင်းဉာဏ် ကော်ဖီ ဆိုင်လေးကို မဝင်သေးဘဲ ကားထဲကနေ ပုံရိပ်ဖြူဖြူလေးကို ငေးကြည့်နေမိတယ်..... အမြဲပြုံးနေတဲ့ သူ့ရဲ့တစ်ဦးတည်းသော ကိုကို...

အပစ်ကင်းလိုက်တာ..... ခများကို အမြဲပြံးပျော်ပြီး သန်မာတဲ့ သူတစ်ယောက်ဖြစ်စေချင်တာ..
ကိုကို ဟာလေ ဆိုင်ပိုင်ရှင်တစ်ယောက်လို မနေဘဲ အမြဲ အလုပ်သမားဝတ်စုံလေးနဲ့ Coffee ဖျော်နေတက်တယ်..... တနည်းအားဖြင့် ကျနော့်ရဲ့ ကိုယ်ပိုင် အဖျော်ဆရာလေး.....

ဆိုင်လေး က အချက်အချာ ကျတဲ့နေရာမှာ ဖွင့်ထားတဲ့ အပြင် ဆိုင်အပြင်အဆင်လေးကလဲ ရှေးခေတ်ပုံစံလေးနဲ့ Vintage ဆန်ဆန် ပုံစံလေးဖြစ်တာကြောင့်   အခုခေတ် လူငယ်တွေအကြိုက်.... ဆိုရှယ်မီဒီယာထက် ရေပန်းစားနေသည့် ဆိုင်လေးဖြစ်သည့်အပြင်  ရှင်းသန့်နောင် coffee ဟာလဲ coffee ချစ်သူတွေကြားနာမည်ကြီးသည်

ခေတ်စကားနဲ့ပြောရရင် ဓာတ်ဖမ်းလို့ကောင်းတဲ့ နေရာတခုပေါ့....

" အမေရီကာနို တစ်ခွက် "

ခပ်တည်တည် သူ့ရဲ့ ကိုကိုရှေ့သွားကာ Coffee သွားမှာပေမဲ့ ကိုကို က အရှေ့ကို မကြည့်ဘဲ ကော်ဖီဖျော်စက်အား အာရုံစိုက်နေတယ်....

" အာ.... ညီ ..... ဘယ်ချိန်ထဲကရောက်နေတာလဲ "

အခုမှာ အံသြသွားတဲ့ ကိုကို က ခုနက သူမဟုတ်တဲ့ အတိုင်း.....

" ခုနက မှ ရောက်တာ "

" စားပွဲမှာ စောင့်နေ ကိုယ် လာခဲ့မယ် "

ရှင်းသန့်နောင်ရဲ့ အပြုံးနုနုလေးတွေဟာလေ သူ့အတွက်ဘယ်တော့မှ ရိုးသွားတယ်လို့ကို မရှိ။

ခနကြာတော့ ကော်ဖီဗန်းလေး နဲ့ ကိုကို... လက်ထဲမှာလဲ ဗူးလေးတစ်ဗူး.... ဘာလေးလဲမသိ...

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now