ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ င...

By Kay_Wine

552K 103K 4.1K

Title - I Only Lived for Three Chapters in A Campus Romance Novel Author - Tang Shan Yue (糖山月) Total Chapter... More

Description
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈ [ Zawgyi ]
အပိုင်း - ၂၈ [ Unicode ]
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆.၁
အပိုင်း - ၃၆.၂
အပိုင်း - ၃၇.၁
အပိုင်း - ၃၇.၂
အပိုင်း - ၃၈.၁
အပိုင်း - ၃၈.၂
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၈.၂
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉

အပိုင်း - ၃၁

6.5K 1.4K 108
By Kay_Wine

{Zawgyi}


ေမာ့က်ဴးခ်န္ လင္ရွန္းကို အၾကည့္တစ္ခ်က္ပစ္သြင္းလိုက္ျပန္တယ္။

သူ႔လက္ကို ေျဖးေျဖးခ်င္းဆန႔္ထုတ္ကာ သူ႔ေရွ႕မွာရွိေနတဲ့ ထမင္းဘူးကို ဆြဲယူၿပီး လုံး၀ကိုအေရးမစိုက္သလိုေလသံမ်ိဳးနဲ႔ ေျပာလိုက္တယ္ "အထဲမွာ ဘာရွိလဲ ၾကည့္အုံးမယ္"

ကမာၻႀကီးက ေမာ့က်ဴးခ်န္အေပၚ ေအာ္စကာဆုတစ္ဆု အေႂကြးတင္ေနတယ္လို႔ လင္ရွန္းခံစားမိလာတယ္။ ထမင္းဘူးထဲမွာ ဘာရွိလဲဆိုတာ ထုတ္လုပ္သူတစ္ေယာက္အေနနဲ႔ သူမသိဘူးလား?! သို႔ေပမယ့္ ဘာမွ မေျပာလိုက္ပါဘူး၊ ဘယ္လိုေနေန ေမာ့က်ဴးခ်န္ ေပ်ာ္ရင္ၿပီးတာပဲ။

ေမာ့က်ဴးခ်န္ ထမင္းဘူးကို ဖြင့္လိုက္တယ္ "ဟမ္၊ တ႐ုတ္နံနံနဲ႔ အမဲသားမႊေၾကာ္ပဲ... အေရာင္က ဘာလို႔ ဒီေလာက္မည္းေနရတာလဲ? ေၾကာ္တာအရမ္းၾကာသြားလို႔လား?"

"နံ႐ိုးခ်ိဳခ်ဥ္... က်စ္..." သူ ထမင္းဘူးကို အသာတြန္းလိုက္တယ္ : "သၾကားသုံးထားတာ အရမ္းမ်ားတယ္၊ အေရာင္ကလည္း သိပ္မေကာင္းဘူး"

အေပၚဆုံးအဆင့္မွာ ဒီဟင္းႏွစ္မ်ိဳးသာ ထည့္ထားတာျဖစ္တယ္။ လင္ရွန္း ဘာမွမေျပာခဲ့ဘူး။ ဒီဟင္းေတြက ေမာ့က်ဴးခ်န္ကိုယ္တိုင္ ခ်က္ထားတာေတြျဖစ္ၿပီး တဖက္လူက သူ႔ဟာသူ ဓားနဲ႔ျပန္ထိုးခ်င္ေနတာေၾကာင့္ သူလည္း တားလို႔မရဘူး။

သူ ေမာ့က်ဴးခ်န္ကိုၾကည့္ေနၿပီး မ်က္ႏွာေပၚမွာ ေရးထားတာကေတာ့ : 'ေက်းဇူးျပဳၿပီး မင္းရဲ႕ေဖ်ာ္ေျဖပြဲကို ဆက္တင္ဆက္ေနပါ'

ေမာ့က်ဴးခ်န္က ထမင္းဘူးကို တကယ္ႀကီး ဖြင့္ေနတယ္ : "Yo......." ႐ုတ္တရက္ သူက မ်က္ခုံးေတြပင့္ကာ လင္ရွန္းကို မ်က္လုံးလွန္ၾကည့္လာတယ္။ သူ႔မ်က္လုံးေတြထဲမွာ စေနာက္လိုတဲ့အေရာင္လက္ေနတယ္။

ထမင္းဘူးရဲ႕ဒုတိယအဆင့္မွာ ထပ္ေပါင္းေျပာရရင္ ထမင္းထည့္ထားတဲ့အကန႔္ေလးရဲ႕ေဘးမွာ ၾကက္ဥေခါက္ေၾကာ္ေလးတစ္လုံး ထည့္ထားေသးတယ္။

လင္ရွန္း "!!!"

သူအဲ့တာကို တကယ္မျမင္ခဲ့ဘူး၊ ေမာ့က်ဴးခ်န္က ေတာ္ေတာ္ေလးဟိတ္ဟန္မ်ားတာပဲ! ေနာက္ၿပီးေတာ့လည္း အဲ့ၾကက္ဥေၾကာ္ကို ဘယ္တုန္းကမ်ား လုပ္လိုက္တာလဲ? သူ ဘာေၾကာင့္ မသိလိုက္ရတာလဲ?!

"Ha Ha" ေမာ့က်ဴးခ်န္ ခပ္တိုးတိုးရယ္လိုက္တယ္ "ငါ မသိခဲ့ဘူး၊ မင္းကလည္း ေတာ္ေတာ္ေလး စိတ္ဝင္စားစရာေကာင္းသား"

လင္ရွန္း "..."

ရႈခ်န္း "..."

Fတန္းမွ ေက်ာင္းသားမ်ား "..."

ေတာက္ရန္တစ္ေယာက္သာ ထေအာ္တယ္ "Wow ဒါေလးက ၾကည့္ေကာင္းလိုက္တာ! လင္ရွန္းမွာ ဒီလိုစေကးမ်ိဳး ရွိလိမ့္မယ္လို႔ ထင္မထားဘူး!" သူ ဖုန္းကိုထုတ္ကာ ေမာ့က်ဴးခ်န္ကို ထင္ျမင္ခ်က္ေတာင္းလိုက္တယ္ "ငါ ဓာတ္ပုံတစ္ပုံေလာက္ ႐ိုက္လို႔ရလား?"

"႐ိုက္ေပါ့" ေမာ့က်ဴးခ်န္က သေဘာထားႀကီးစြာနဲ႔ ထမင္းဘူးကိုေတာင္ ေတာက္ရန္ေရွ႕ကို တြန္းေပးလိုက္ေသးတယ္။

လင္ရွန္း "..."

ထိုေန႔ ေန႔လယ္ေလာက္မွာ ေက်ာင္းျမက္ႀကီးရဲ႕ခ်စ္သူေလးက ကိုယ္တိုင္ကိုယ္က် အခ်စ္ေတြနဲ႔ခ်က္ျပဳတ္ထားတဲ့ ေန႔လယ္စာထမင္းဘူးကို ယူလာေပးခဲ့တယ္ဆိုတဲ့သတင္းက ဖိုရမ္ရဲ႕ရွာေဖြအခံရဆုံးစာရင္းထိပ္ဆုံးကို အလ်င္အျမန္ပဲ တက္ေရာက္လာေတာ့တယ္။ အခင္းျဖစ္ပြားရာမွာ ရွိေနခဲ့တဲ့အမည္မေဖာ္လိုသူ အမ်ိဳးသားတစ္ေယာက္ကေတာင္ ကြန္ယက္ေပၚမွာ ထမင္းဘူးရဲ႕ဓာတ္ပုံေတြ တင္ခဲ့တယ္။

အမည္မေဖာ္လိုသူအမ်ိဳးသားကပဲ ေဖာ္ထုတ္လာေသးတယ္ : ေမာ့က်ဴးခ်န္က စိတ္ႀကီးဝင္ၿပီး တြန႔္ဆုတ္ေနသလိုပုံစံေပါက္ေနေပမယ့္ ထမင္းဘူး ယူလိုက္ခ်ိန္မွာ မ်က္ခုံးေတြနဲ႔မ်က္လုံးစြန္းနားေလးေတြက ပုံမွန္ထက္ ႏူးညံ့သြားတာ အတိုင္းသားပဲ...

ဖိုရမ္ေပၚမွာ ေန႔တိုင္းတက္ေနတဲ့ ေနာက္ဆုံးေပၚဖရဲသီး အရႈပ္ထုပ္ေတြက ေက်နပ္အားရစရာေကာင္းလွတယ္။

ဖိုရမ္အျပင္ ရွင္းဆန္းေက်ာင္းေထာင့္ကာ ေညာင္ပင္ႀကီးေအာက္မွာ ေမာ့က်ဴးခ်န္က မ်က္ႏွာႀကီးမည္းေမွာင္ၿပီး စားေနတယ္။ လင္ရွန္းက သူ႔ကို ကန္တင္းက ပါဆယ္ထုပ္ေလး ဝယ္ေပးလာတယ္။

"မင္းက ဝက္လာား?" ေမာ့က်ဴးခ်န္ ေဒါသထြက္လြန္းလို႔ သူ႔ရဲ႕တူေတြကိုေတာင္ လႊင့္ပစ္ခ်င္ေနတယ္ "ဒီလိုရာသီဥတုမ်ိဳးမွာ ခ်က္ၿပီးသားစားစရာေတြကို အိမ္သယ္သြားၿပီး ေရခဲေသတၱာထဲေတာင္ ထည့္မထားဘူး..."

"ေသခ်ာေပါက္ စားမရေတာ့ဘူးေပါ့!"

လင္ရွန္း အျပစ္မကင္းဟန္နဲ႔ ေခါင္းေလးသာ ငုံ႔ထားၿပီး ပုစာၦေတြကို တိတ္တိတ္ေလး ဆက္ၿပီးမွတ္ေနလိုက္တယ္။

ေမာ့က်ဴးခ်န္ ေဒါသထြက္တာလည္း မဆန္းပါဘူး။ သူ အိမ္ျပန္ေရာက္ရင္ ထမင္းဘူးကိုယူၿပီး ေရခဲေသတၱာထဲထည့္ဖို႔ ေတြးထားၿပီးသားျဖစ္တယ္။ သို႔ေပမယ့္ မေန႔တုန္းက သူ အိမ္ေရာက္တဲ့အခ်ိန္မွာ သူ႔စိတ္က ဓာတုေဗဒပုံေသနည္းေတြနဲ႔သာ ျပည့္ေနခဲ့တယ္။

ထမင္းဘူးေလးကေတာ့ သူ႔ေက်ာပိုးအိတ္ထဲမွာ သနားစဖြယ္အေမ့ေလ်ာ့ခံေလး ျဖစ္ခဲ့ရတယ္။

Sၿမိဳ႕ေတာ္ရဲ႕ ေအာက္တိုဘာလက အရမ္းႀကီးပူေလာင္ေနတာမ်ိဳး မဟုတ္ေပမယ့္ ညအခ်ိန္မွာဆို 15 16ဒီဂရီနားေလာက္မွာ ရွိတယ္။ တကယ္ေတာ့ သူမနက္ အိပ္ရာႏိုးလာခ်ိန္တည္းက လင္ရွန္း ဒါကိုေတြးထားၿပီးသားျဖစ္တယ္။ သူ ထမင္းဘူးကို ဖြင့္ၿပီးေတာင္ အနံ႔ခံၾကည့္လိုက္ေသးတယ္။ အနံ႔က နည္းနည္းေလးမေကာင္းေတာ့ဘူး။

ခ်က္ခ်င္းဆိုသလို လင္ရွန္းလည္း ထိတ္ျပာခဲ့ရတယ္။ သူ တကယ္ကို အသစ္တစ္ခုလုပ္ေပးမလို႔ပါပဲ။ ဒါေပမယ့္ သူ႔ရဲ႕ခ်က္ျပဳတ္တဲ့စေကးေတြက ၾကက္ဥျပဳတ္တာေလာက္အထိပဲ အကန႔္အသတ္နဲ႔ရွိေနတယ္။

လင္ရွန္း စိတ္ထဲမွာေတာင္ ျမင္ေယာင္လိုက္ေသးတယ္။ သူသာ ေက်ာင္းကို ၾကက္ဥျပဳတ္တစ္ပုံႀကီး ယူသြားလိုက္ရင္ ေမာ့က်ဴးခ်န္ရဲ႕မ်က္ႏွာႀကီး ဘယ္ေလာက္ေတာင္ ၾကည့္ရဆိုးေနမလဲဆိုတာ။ ေနာက္ၿပီး လင္မိသားစုရဲ႕ ေရခဲေသတၱာထဲမွာ စားကြၽင္းစားက်န္ေတြ မရွိဘူး။

ထိုအခ်ိန္က အရမ္းလည္းေစာေနေသးတာေၾကာင့္ အျပင္က စားေသာက္ဆိုင္ေတြေတာင္ မဖြင့္ၾကေသးဘူး။

ဒါေၾကာင့္ပဲ ခဏေလာက္ တြန႔္ဆုတ္သြားေပမယ့္ မူလပုံစံထမင္းဘူးေလးကိုပဲ ေက်ာင္းယူလာလိုက္တာျဖစ္တယ္။

"ေတာင္းပန္ပါတယ္ဆို..." လင္ရွန္းတိုးတိုးေလးေျပာလိုက္တယ္ "ငါ ေက်ာင္းကို ထမင္းဘူး တစ္ခါမွ ယူမလာဖူးဘူးေလ"

ကေလးဘ၀တည္းက ကန္တင္းမွာျဖစ္ျဖစ္ အျပင္က စားေသာက္ဆိုင္ေတြမွာျဖစ္ျဖစ္ တန္းၿပီးသြားစားေလ့ရွိတယ္။

မူလတန္းေက်ာင္းတုန္းကေတာင္ ေက်ာင္းက ေလ့လာေရးခရီးေတြ စီစဥ္ေပးခဲ့ရင္ ကေလးအမ်ားစုက သူတို႔မိဘေတြ ျပင္ဆင္ေပးတဲ့ စားစရာေတြ ယူလာတတ္ၾကတယ္။

သူတစ္ေယာက္တည္းသာ အၿမဲတမ္း စူပါမားကတ္က ဝယ္ထားတဲ့ ဘီစကစ္ေတြ၊ ေပါင္မုန႔္ေတြ တစ္ၿပဳံႀကီးနဲ႔ျဖစ္ေနတတ္တယ္။ ဒါနဲ႔ပက္သက္ၿပီး လင္ရွန္းမွာ တကယ္အေတြ႕အႀကဳံမရွိဘူး။

ေနာက္ၿပီး သူအိမ္ျပန္ေရာက္ခ်ိန္မွာ အရမ္းလည္းပင္ပန္းေနတာေၾကာင့္ ေမ့သြားခဲ့တာျဖစ္တယ္။ ၿပီးေတာ့လည္း ဒါက ဒီတိုင္းလုပ္႐ိုးလုပ္စဥ္တစ္ခုလို ထင္သြားခဲ့တာ။ မနက္တုန္းကလည္း ေမာ့က်ဴးခ်န္က ေတာက္ရန္ကို ထမင္းဘူးပုံေတြ ႐ိုက္ခြင့္ျပဳခဲ့တာ ၾကာလွၿပီ မဟုတ္ဘူးလား?!

ေမာ့က်ဴးခ်န္ "..."

သူ ေျပာခ်င္တဲ့စကားေတြ ျပန္သိမ္းထားလိုက္ရတယ္ "ထားလိုက္ေတာ့" လင္ရွန္းကန္တင္းကေန ဝယ္လာေပးတဲ့ အသားကင္ဟင္းကို တစ္ကိုက္စားၿပီး ႐ြံရွာဟန္နဲ႔ မ်က္ေမွာင္ၾကဳတ္သြားတယ္။

"ၿပီးေတာ့... စားမရတာမ်ိဳးမဟုတ္ဘူး" သူ ဗလုံးဗေထြးေျပာလိုက္တယ္ "ျဖည္ၾကည့္ၿပီးေတာ့မွ တကယ္ႀကီး စားမေကာင္းေတာ့တာ"

လင္ရွန္း သူ႔ကိုေမာ့ၾကည့္လိုက္တယ္။ သူတို႔ေတြ ကန္တင္းအတူသြားဖို႔ အႀကံေပးလိုက္ေပမယ့္ ေမာ့က်ဴးခ်န္က တဇြတ္ထိုးျငင္းေနေတာ့တယ္။ သူ႔အတြက္ေတာ့ ထမင္းဘူးကို ထုတ္သိမ္းၿပီး ဒီေနရာမွာ တိတ္တိတ္ေလးပုန္းကာ စားဖို႔လိုေနတယ္။

လင္ရွန္းလည္း တဖက္လူရဲ႕အေတြးေတြကို ခန႔္မွန္းမိတယ္။ ဘယ္လိုေနေန ျပစ္မႈတခ်ိဳ႕ခံရတာက အဆင္ေျပေပမယ့္ သိကၡာက်လို႔ေတာ့ မျဖစ္ဘူး။

"တကယ္ ေတာင္းပန္ပါတယ္ကြာ" လင္ရွန္း ထပ္ေတာင္းပန္လိုက္တယ္။

ဒါက သူအရမ္းအေတြ႕အႀကဳံမရွိတာေၾကာင့္ျဖစ္သလို တကယ္ႀကီးလည္း ေမ့သြားခဲ့တာေၾကာင့္ျဖစ္တယ္။

လင္ရွန္း ကတိေပးလိုက္တယ္ "ေနာက္တစ္ခါက်ရင္ ဂ႐ုစိုက္ပါ့မယ္"

"ေတာ္ပါေတာ့" ေမာ့က်ဴးခ်န္ ေနာက္တစ္လုပ္စားကာ ပါးစပ္ထဲ ျပည့္သိပ္ေနေအာင္ ထည့္လိုက္တယ္။ ကန္တင္းက အသားကင္ထမင္းကို ေျဖးေျဖးခ်င္းဝါးေနၿပီး သူ႔ရဲ႕ၾကည့္ေကာင္းတဲ့မ်က္ႏွာေပၚမွာ ခံစားခ်က္ရႈပ္ေထြးေနတဲ့အရိပ္ေယာင္ ျဖတ္သန္းသြားတယ္။

"ေဟး..." တ္တရက္ႀကီး လင္ရွန္းကို ေခၚကာ ေမာ့က်ဴးခ်န္တစ္ေယာက္ တစ္ဝက္စားၿပီးသား အသားကင္ထမင္းကို ေဘးဖယ္လိုက္တယ္။

"ဟမ္?" လင္ရွန္းက စာေမးပြဲေမးခြန္းေတြေပၚက အၾကည့္ခြာကာ ေမာ့က်ဴးခ်န္ကို ၾကည့္လိုက္တယ္ "ဘာလဲ?"

ေမာ့က်ဴးခ်န္ေျပာမလို႔လုပ္လိုက္ေပမယ့္ ႐ုတ္တရက္ႀကီး သူတို႔နဲ႔သိပ္မေဝးလွတဲ့ ၿခံစည္း႐ိုးဆီကေန ေခါင္းတစ္လုံးျပဴထြက္လာၿပီး ျပန္က်ဳံ႕ဝင္သြားျပန္တယ္။

ေမာ့က်ဴးခ်န္က ေညာင္ပင္ကို ေက်ာေပးကာ ထိုင္ေနၿပီး လင္ရွန္းကေတာ့ သူနဲ႔မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနတာျဖစ္တယ္။ နံရံဘက္ဆီကအသံက သူတို႔ႏွစ္ေယာက္လုံးရဲ႕အာ႐ုံကို တခ်ိန္တည္းမွာ ဖမ္းစားႏိုင္သြားတယ္။

လင္ရွန္းနဲ႔ ေမာ့က်ဴးခ်န္လည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္မိသြားတယ္။ ရွင္းဆန္းေက်ာင္းရဲ႕နံရံက အရမ္းႀကီးမျမင့္လွဘူး။ အေပၚနားမွာလည္း မဆိုစေလာက္ေလးက်ယ္တဲ့အတြက္ ရပ္တာျဖစ္ျဖစ္ ထိုင္တာျဖစ္ျဖစ္ လုပ္လို႔ရတယ္။

ထိုေခါင္း ျပဴထြက္လာၿပီး အခ်ိန္တိုေလးအတြင္းမွာ အျပင္နံရံဘက္ကေန ေက်ာင္းလြယ္အိတ္တစ္လုံး ပစ္ထည့္လာတယ္။ ထို႔ေနာက္ ေက်ာင္းသားေလးတစ္ေယာက္က စည္း႐ိုးေပၚ လက္ႏွစ္ဖက္ေထာက္ကာတက္လာၿပီး ကြၽမ္းကြၽမ္းက်င္က်င္ရပ္ေနေတာ့တယ္။

ေကာင္ေလးကိုၾကည့္ရင္ ဆယ့္ေျခာက္ ဆယ့္ခုနစ္အ႐ြယ္ေလာက္ပဲ ရွိလိမ့္မယ္။ တစ္ဖက္က ဆံပင္တိုေလးေတြကို အညိဳေရာင္ဆိုးထားၿပီး ႏွဖူးေပၚက ဆံပင္အနည္းငယ္ကိုေတာ့ အျဖဴေရာင္ဆိုးထားတယ္။ သူက ရွင္းဆန္းေက်ာင္း ယူနီေဖာင္းလည္း ဝတ္မထားဘဲ ပိုၿပီးေလးနက္တည္ၾကည္တဲ့ အနက္ေရာင္ေက်ာင္းယူနီေဖာင္းကို ဝတ္ထားတယ္။ ေကာင္ေလးက ေက်ာင္းယူနီေဖာင္းကို ၾကယ္သီးလည္း တပ္မထားဘူး။

ေက်ာင္းယူနီေဖာင္းအတြင္းက အျဖဴေရာင္ရွပ္အက်ီကိုေတာင္ ႀကဳံသလိုၾကယ္သီးတခ်ိဳ႕တပ္ထားတယ္။ အညိဳစင္ဆြဲေဆာင္မႈရွိတဲ့ ညႇပ္႐ိုးကေတာင္ ဝိုးတဝါးေပၚေနၿပီး ရင္အုပ္တစ္ဝက္ေလာက္ကိုလည္း လွစ္ဟထားတယ္။

ေက်ာင္းသားေလးက လင္ရွန္းနဲ႔ ေမာ့က်ဴးခ်န္ကို စိုက္ၾကည့္ရင္း နံရံေပၚက ေသေသသပ္သပ္ ခုန္ဆင္းလိုက္ၿပီး ခါးကိုင္းကာ လြယ္အိတ္ေကာက္လိုက္တယ္။ သူ႔လြယ္အိတ္ေပၚက ဖုန္ေတြကို သာမန္ကာလွ်ံကာ ပုတ္လိုက္ၿပီးေနာက္ ပုခုံးေပၚတင္လိုက္တယ္။

"ေဟ့!" ေကာင္ေလးက လင္ရွန္းကို ေမးေငါ့ျပကာ "ဒါက ရွင္းဆန္းေက်ာင္းလား?"ဆိုၿပီး ေမးလိုက္တယ္။

ေလသံက ေဖာ္ေ႐ြမႈကင္းမဲ့ကာ လႈိက္လွဲမႈမရွိသလို ယဥ္ေက်းမႈလည္း မရွိဘူး။ သူေမးၿပီးတဲ့ေနာက္မွာ သူ႔မ်က္လုံးေထာင့္စြန္းေတြကေန လင္ရွန္းတို႔ေရွ႕က ေက်ာက္စားပြဲဆီ အၾကည့္ေရာက္သြားတယ္။ ထိုေနရာမွာ လင္ရွန္း ေလ့လာေနတဲ့ စာေမးပြဲေမးခြန္းစာအုပ္ေတြ ရွိ႐ုံတင္မက ေမာ့က်ဴးခ်န္ဆီက သခ်ၤာနမူနာပုစာၦေပါင္းခ်ဳပ္လည္း ရွိေနေသးတယ္။

ေက်ာင္းသားေလးက ႐ုတ္တရက္ ႏွာေခါင္းရႈံ႕ကာ "တကယ္ႀကီး ရွင္းဆန္းပဲ! အမွန္ပဲကိုး!" သူ လင္ရွန္းနဲ႔ ေမာ့က်ဴးခ်န္ရဲ႕မ်က္ႏွာေတြကို အျပန္ျပန္အလွန္လွန္ၾကည့္လိုက္ကာ "ဒီကေန nerdေတြ ေမြးထုတ္ေပးတယ္လို႔ ၾကားထားတာ၊ ၾကည့္ရတာ ေကာလဟာလေတြက မွန္ေနတဲ့ပုံပဲ"

သူ ရပ္လိုက္ၿပီးေနာက္ ေျပာလာတယ္ "ေသခ်ာသြားၿပီ၊ ငါဝင္လာခ်င္းမွာတင္ စာဂ်ပိုးႏွစ္ေကာင္ ေတြ႕လိုက္ရတယ္!"

ေက်ာင္းသားေလးရဲ႕ေလသံက ေလွာင္ေျပာင္မႈေတြနဲ႔ ျပည့္ေနတယ္။ လင္ရွန္း နည္းနည္းေတာ့ ဆြံ႕အသြားရတယ္။ သူက တကယ့္ကို စာဂ်ပိုးပါ။ ဒါေပမယ့္ ေမာ့က်ဴးခ်န္ႀကီးကိုပါ ထည့္ေျပာလိုက္တာလား?!

လြန္ခဲ့တဲ့တစ္ပတ္တုန္းကဆို သူက စာေတာင္လုံး၀ဖတ္တာမဟုတ္တဲ့ Fတန္းက ေက်ာင္းသားတစ္ေယာက္။ ခုေတာင္...

ဟမ္? လင္ရွန္း ႐ုတ္တရက္ တုန႔္ျပန္မိသြားတယ္။ သူ႔ေခါင္းကို ေမာ့က်ဴးခ်န္ဘက္လွည့္လိုက္ေတာ့ တစ္ဖက္လူက ေအးစက္စက္မ်က္ႏွာႀကီးနဲ႔ ထိုင္ေနၿပီး သူ႔ေရွ႕မွာ သခ်ၤာပုစာၦနမူနာေပါင္းခ်ဳပ္စာအုပ္တစ္အုပ္က ရွိေနေသးတယ္။

ရွပ္အက်ီကို ထိပ္ဆုံးအထိ ၾကယ္သီးတပ္ထားၿပီး ေက်ာင္းယူနီေဖာင္းကိုလည္း ကိုယ္ေပၚမွာ သပ္သပ္ရပ္ရပ္ေလး ဝတ္ဆင္ထားတယ္။ မ်က္ေတာင္တစ္ခတ္အတြင္းမွာ စာေလ့လာရင္းကေန တစ္ဖက္လူက ဒီေလာက္ထိ ေျပာင္းလဲသြားတာလား?

ေသခ်ာေပါက္ အသိပညာဆိုတာ စြမ္းအားပဲ!

လင္ရွန္း စိတ္သက္သာရာရသြားေပမယ့္ နည္းနည္းေတာ့ သိခ်င္သြားတယ္။ သူ နံရံေက်ာ္လာတဲ့ ေက်ာင္းသားေလးကိုၾကည့္ကာ ေမးခြန္းထုတ္လိုက္တယ္ "မင္းက ဘယ္သူလဲ?"

"ငါ ဘယ္သူလဲဆိုတာ မင္းသိစရာမလိုဘူး!" ေက်ာင္းသားေလးက ဂုဏ္ယူစြာနဲ႔ ေက်ာင္းလြယ္အိတ္ကို ပုခုံးေပၚ ထပ္မံပစ္တင္ၿပီး "မင္းသိရမွာက ငါက သမိုင္းတစ္ခုေရးဖို႔ ဒီေရာက္ေနတယ္ဆိုတာပဲ"

တကယ္ေတာ့ ထိုေက်ာင္းသားေလးက ေတာ္ေတာ္ေလးၾကည့္ေကာင္းတယ္။ အထူးသျဖင့္ မ်က္ႏွာအသြင္အျပင္ေတြက ခံ့ညားၿပီး ၿပိဳင္ဘက္ကင္းတယ္။ မ်က္ႏွာက မဆိုစေလာက္ေလး ဝိုင္းေနတာေၾကာင့္ နည္းနည္းေလး မရင့္က်က္ေသးသလိုပုံေတာ့ ျဖစ္ေနတယ္။

"ငါက မင္းတို႔ရဲ႕ေက်ာင္းျမက္ေလးေမာ့က်ဴးခ်န္ကို လာရွာတာ!" ေက်ာင္းသားေလးက မ်က္လုံးေတြေမွးက်ဥ္းကာ ေအးတိေအးစက္ ႏွာေခါင္းရႈံ႕လိုက္တယ္ "ငါ့ရဲ႕နတ္ဘုရားမေလးအတြက္ သူနဲ႔ ၿပိဳင္ခ်င္တယ္!"

လင္ရွန္း "မင္းရဲ႕ နတ္ဘုရားမက ဘယ္သူတုန္း?"

ဘာေၾကာင့္မွန္းေတာ့မသိေပမယ့္ ဒီလိုေကာင္ေလးကိုၾကည့္ရင္း တစ္ဖက္လူရဲ႕ခႏၶာကိုယ္က ထြက္ေပၚေနတဲ့ ကိုယ့္ကိုယ္ကိုအထင္ႀကီးတဲ့ အေရာင္အဝါကို ခံစားမိတယ္။ ထိုအေရာင္အဝါက ေမာ့က်ဴးခ်န္ထက္ေတာင္ ဘယ္လိုမွ မေလ်ာ့ဘူး။

"လုေျမာင္ေျမာင္!" ေက်ာင္းသားေလးက က်ယ္ေလာင္တဲ့အသံနဲ႔ ေျပာလိုက္တယ္ "မင္း ေမာ့က်ဴးခ်န္ကို ထြက္လာခဲ့လို႔ ျမန္ျမန္သြားေျပာလိုက္၊ ငါ သူနဲ႔ၿပိဳင္မယ္! သူက ငါ့ရဲ႕နတ္ဘုရားမေလးကို အႏိုင္က်င့္ၿပီး ငိုေအာင္လုပ္ရဲတယ္ဆိုမွေတာ့ အဲ့အတြက္ တန္ရာတန္ေၾကးေပးဖို႔ အသိစိတ္ေတာ့ရွိရမယ္"

လင္ရွန္းနဲ႔ ေမာ့က်ဴးခ်န္ အခ်င္းခ်င္းၾကည့္လိုက္ၾကတယ္။ သူ ေကာင္ေလးကို ျပန္ၾကည့္ကာ "မင္းက သူနဲ႔ ဘယ္လိုၿပိဳင္မွာလဲ?"

"ဟမ့္!" ေကာင္ေလးက အသာႏွာရႈတ္လိုက္တယ္ "ဒါေပါ့ ေယာက်ာ္းေလးေတြၾကားမွာရွိတဲ့ နည္းအတိုင္းပဲေလ၊ သူ႔ကို ငါနဲ႔ ခ်ခိုင္းမယ္!" သူေျပာရင္း လက္ကိုေျမႇာက္ကာ လင္ရွန္းနဲ႔ ေမာ့က်ဴးခ်န္တို႔ကို သူ႔လက္ေမာင္းႂကြက္သားေတြ ႂကြားလုံးထုတ္ေတာ့တယ္။

"ႏုံအလိုက္တာ!" ေမာ့က်ဴးခ်န္ သေရာ္လိုက္တယ္။ သူ မတ္တပ္ရပ္ၿပီး ေက်ာင္းသားေလးဆီကို တစ္လွမ္းတိုးသြားလိုက္တယ္။

"မင္းက ဘယ္သူလဲ?" ေက်ာင္းသားေလးက ေဒါသတႀကီးနဲ႔ ခုန္ေပါက္လုနီးပါးပဲ "ငါ့ကိုဘာလို႔ ႏုံတယ္ဆိုၿပီး ေျပာတာလဲ?"

"ငါက ေမာ့က်ဴးခ်န္ပဲ!" ေမာ့က်ဴးခ်န္ သူ႔ကိုေမးေငါ့ျပလိုက္တယ္ "ပထမဆုံးအေနနဲ႔ လုေျမာင္ေျမာင္ေၾကာင့္ မင္းလာၿပိဳင္တာကို ငါလက္မခံဘူး၊ သူ႔ကိစၥက ငါနဲ႔ဘာမွမဆိုင္ဘူး! ဒုတိယအခ်က္အေနနဲ႔..." သူေျပာလိုက္တယ္ "ငႏုံေတြကပဲ တိုက္ခိုက္ဖို႔ကို ေ႐ြးမွာ"

သူက ေရွ႕မွာရွိေနတဲ့ သခ်ၤာနမူနာေပါင္းခ်ဳပ္ကို ေကာက္မလိုက္ၿပီး "အ႐ြယ္ေရာက္ၿပီးရင့္က်က္တဲ့သူေတြက စာေလ့လာတာနဲ႔ပဲ ၿပိဳင္တယ္! ဥပမာ..." သူ သူ႔လက္ထဲမွာရွိတဲ့ နမူနာပုစာၦေတြကို လွန္ေလွာလိုက္တယ္ "ဒီေမးခြန္းပုစာၦနဲ႔ ၿပိဳင္မယ္၊ ဘယ္သူက ေမးခြန္းေတြ ပို႐ြတ္ျပႏိုင္မလဲ"

___________________________________


{Unicode}


မော့ကျူးချန် လင်ရှန်းကို အကြည့်တစ်ချက်ပစ်သွင်းလိုက်ပြန်တယ်။

သူ့လက်ကို ဖြေးဖြေးချင်းဆန့်ထုတ်ကာ သူ့ရှေ့မှာရှိနေတဲ့ ထမင်းဘူးကို ဆွဲယူပြီး လုံး၀ကိုအရေးမစိုက်သလိုလေသံမျိုးနဲ့ ပြောလိုက်တယ် "အထဲမှာ ဘာရှိလဲ ကြည့်အုံးမယ်"

ကမ္ဘာကြီးက မော့ကျူးချန်အပေါ် အော်စကာဆုတစ်ဆု အကြွေးတင်နေတယ်လို့ လင်ရှန်းခံစားမိလာတယ်။ ထမင်းဘူးထဲမှာ ဘာရှိလဲဆိုတာ ထုတ်လုပ်သူတစ်ယောက်အနေနဲ့ သူမသိဘူးလား?! သို့ပေမယ့် ဘာမှ မပြောလိုက်ပါဘူး၊ ဘယ်လိုနေနေ မော့ကျူးချန် ပျော်ရင်ပြီးတာပဲ။

မော့ကျူးချန် ထမင်းဘူးကို ဖွင့်လိုက်တယ် "ဟမ်၊ တရုတ်နံနံနဲ့ အမဲသားမွှကြော်ပဲ... အရောင်က ဘာလို့ ဒီလောက်မည်းနေရတာလဲ? ကြော်တာအရမ်းကြာသွားလို့လား?"

"နံရိုးချိုချဉ်... ကျစ်..." သူ ထမင်းဘူးကို အသာတွန်းလိုက်တယ် : "သကြားသုံးထားတာ အရမ်းများတယ်၊ အရောင်ကလည်း သိပ်မကောင်းဘူး"

အပေါ်ဆုံးအဆင့်မှာ ဒီဟင်းနှစ်မျိုးသာ ထည့်ထားတာဖြစ်တယ်။ လင်ရှန်း ဘာမှမပြောခဲ့ဘူး။ ဒီဟင်းတွေက မော့ကျူးချန်ကိုယ်တိုင် ချက်ထားတာတွေဖြစ်ပြီး တဖက်လူက သူ့ဟာသူ ဓားနဲ့ပြန်ထိုးချင်နေတာကြောင့် သူလည်း တားလို့မရဘူး။

သူ မော့ကျူးချန်ကိုကြည့်နေပြီး မျက်နှာပေါ်မှာ ရေးထားတာကတော့ : 'ကျေးဇူးပြုပြီး မင်းရဲ့ဖျော်ဖြေပွဲကို ဆက်တင်ဆက်နေပါ'

မော့ကျူးချန်က ထမင်းဘူးကို တကယ်ကြီး ဖွင့်နေတယ် : "Yo......." ရုတ်တရက် သူက မျက်ခုံးတွေပင့်ကာ လင်ရှန်းကို မျက်လုံးလှန်ကြည့်လာတယ်။ သူ့မျက်လုံးတွေထဲမှာ စနောက်လိုတဲ့အရောင်လက်နေတယ်။

ထမင်းဘူးရဲ့ဒုတိယအဆင့်မှာ ထပ်ပေါင်းပြောရရင် ထမင်းထည့်ထားတဲ့အကန့်လေးရဲ့ဘေးမှာ ကြက်ဥခေါက်ကြော်လေးတစ်လုံး ထည့်ထားသေးတယ်။

လင်ရှန်း "!!!"

သူအဲ့တာကို တကယ်မမြင်ခဲ့ဘူး၊ မော့ကျူးချန်က တော်တော်လေးဟိတ်ဟန်များတာပဲ! နောက်ပြီးတော့လည်း အဲ့ကြက်ဥကြော်ကို ဘယ်တုန်းကများ လုပ်လိုက်တာလဲ? သူ ဘာကြောင့် မသိလိုက်ရတာလဲ?!

"Ha Ha" မော့ကျူးချန် ခပ်တိုးတိုးရယ်လိုက်တယ် "ငါ မသိခဲ့ဘူး၊ မင်းကလည်း တော်တော်လေး စိတ်ဝင်စားစရာကောင်းသား"

လင်ရှန်း "..."

ရှုချန်း "..."

Fတန်းမှ ကျောင်းသားများ "..."

တောက်ရန်တစ်ယောက်သာ ထအော်တယ် "Wow ဒါလေးက ကြည့်ကောင်းလိုက်တာ! လင်ရှန်းမှာ ဒီလိုစကေးမျိုး ရှိလိမ့်မယ်လို့ ထင်မထားဘူး!" သူ ဖုန်းကိုထုတ်ကာ မော့ကျူးချန်ကို ထင်မြင်ချက်တောင်းလိုက်တယ် "ငါ ဓာတ်ပုံတစ်ပုံလောက် ရိုက်လို့ရလား?"

"ရိုက်ပေါ့" မော့ကျူးချန်က သဘောထားကြီးစွာနဲ့ ထမင်းဘူးကိုတောင် တောက်ရန်ရှေ့ကို တွန်းပေးလိုက်သေးတယ်။

လင်ရှန်း "..."

ထိုနေ့ နေ့လယ်လောက်မှာ ကျောင်းမြက်ကြီးရဲ့ချစ်သူလေးက ကိုယ်တိုင်ကိုယ်ကျ အချစ်တွေနဲ့ချက်ပြုတ်ထားတဲ့ နေ့လယ်စာထမင်းဘူးကို ယူလာပေးခဲ့တယ်ဆိုတဲ့သတင်းက ဖိုရမ်ရဲ့ရှာဖွေအခံရဆုံးစာရင်းထိပ်ဆုံးကို အလျင်အမြန်ပဲ တက်ရောက်လာတော့တယ်။ အခင်းဖြစ်ပွားရာမှာ ရှိနေခဲ့တဲ့အမည်မဖော်လိုသူ အမျိုးသားတစ်ယောက်ကတောင် ကွန်ယက်ပေါ်မှာ ထမင်းဘူးရဲ့ဓာတ်ပုံတွေ တင်ခဲ့တယ်။

အမည်မဖော်လိုသူအမျိုးသားကပဲ ဖော်ထုတ်လာသေးတယ် : မော့ကျူးချန်က စိတ်ကြီးဝင်ပြီး တွန့်ဆုတ်နေသလိုပုံစံပေါက်နေပေမယ့် ထမင်းဘူး ယူလိုက်ချိန်မှာ မျက်ခုံးတွေနဲ့မျက်လုံးစွန်းနားလေးတွေက ပုံမှန်ထက် နူးညံ့သွားတာ အတိုင်းသားပဲ...

ဖိုရမ်ပေါ်မှာ နေ့တိုင်းတက်နေတဲ့ နောက်ဆုံးပေါ်ဖရဲသီး အရှုပ်ထုပ်တွေက ကျေနပ်အားရစရာကောင်းလှတယ်။

ဖိုရမ်အပြင် ရှင်းဆန်းကျောင်းထောင့်ကာ ညောင်ပင်ကြီးအောက်မှာ မော့ကျူးချန်က မျက်နှာကြီးမည်းမှောင်ပြီး စားနေတယ်။ လင်ရှန်းက သူ့ကို ကန်တင်းက ပါဆယ်ထုပ်လေး ဝယ်ပေးလာတယ်။

"မင်းက ဝက်လာား?" မော့ကျူးချန် ဒေါသထွက်လွန်းလို့ သူ့ရဲ့တူတွေကိုတောင် လွှင့်ပစ်ချင်နေတယ် "ဒီလိုရာသီဥတုမျိုးမှာ ချက်ပြီးသားစားစရာတွေကို အိမ်သယ်သွားပြီး ရေခဲသေတ္တာထဲတောင် ထည့်မထားဘူး..."

"သေချာပေါက် စားမရတော့ဘူးပေါ့!"

လင်ရှန်း အပြစ်မကင်းဟန်နဲ့ ခေါင်းလေးသာ ငုံ့ထားပြီး ပုစ္ဆာတွေကို တိတ်တိတ်လေး ဆက်ပြီးမှတ်နေလိုက်တယ်။

မော့ကျူးချန် ဒေါသထွက်တာလည်း မဆန်းပါဘူး။ သူ အိမ်ပြန်ရောက်ရင် ထမင်းဘူးကိုယူပြီး ရေခဲသေတ္တာထဲထည့်ဖို့ တွေးထားပြီးသားဖြစ်တယ်။ သို့ပေမယ့် မနေ့တုန်းက သူ အိမ်ရောက်တဲ့အချိန်မှာ သူ့စိတ်က ဓာတုဗေဒပုံသေနည်းတွေနဲ့သာ ပြည့်နေခဲ့တယ်။

ထမင်းဘူးလေးကတော့ သူ့ကျောပိုးအိတ်ထဲမှာ သနားစဖွယ်အမေ့လျော့ခံလေး ဖြစ်ခဲ့ရတယ်။

Sမြို့တော်ရဲ့ အောက်တိုဘာလက အရမ်းကြီးပူလောင်နေတာမျိုး မဟုတ်ပေမယ့် ညအချိန်မှာဆို 15 16ဒီဂရီနားလောက်မှာ ရှိတယ်။ တကယ်တော့ သူမနက် အိပ်ရာနိုးလာချိန်တည်းက လင်ရှန်း ဒါကိုတွေးထားပြီးသားဖြစ်တယ်။ သူ ထမင်းဘူးကို ဖွင့်ပြီးတောင် အနံ့ခံကြည့်လိုက်သေးတယ်။ အနံ့က နည်းနည်းလေးမကောင်းတော့ဘူး။

ချက်ချင်းဆိုသလို လင်ရှန်းလည်း ထိတ်ပြာခဲ့ရတယ်။ သူ တကယ်ကို အသစ်တစ်ခုလုပ်ပေးမလို့ပါပဲ။ ဒါပေမယ့် သူ့ရဲ့ချက်ပြုတ်တဲ့စကေးတွေက ကြက်ဥပြုတ်တာလောက်အထိပဲ အကန့်အသတ်နဲ့ရှိနေတယ်။

လင်ရှန်း စိတ်ထဲမှာတောင် မြင်ယောင်လိုက်သေးတယ်။ သူသာ ကျောင်းကို ကြက်ဥပြုတ်တစ်ပုံကြီး ယူသွားလိုက်ရင် မော့ကျူးချန်ရဲ့မျက်နှာကြီး ဘယ်လောက်တောင် ကြည့်ရဆိုးနေမလဲဆိုတာ။ နောက်ပြီး လင်မိသားစုရဲ့ ရေခဲသေတ္တာထဲမှာ စားကျွင်းစားကျန်တွေ မရှိဘူး။

ထိုအချိန်က အရမ်းလည်းစောနေသေးတာကြောင့် အပြင်က စားသောက်ဆိုင်တွေတောင် မဖွင့်ကြသေးဘူး။

ဒါကြောင့်ပဲ ခဏလောက် တွန့်ဆုတ်သွားပေမယ့် မူလပုံစံထမင်းဘူးလေးကိုပဲ ကျောင်းယူလာလိုက်တာဖြစ်တယ်။

"တောင်းပန်ပါတယ်ဆို..." လင်ရှန်းတိုးတိုးလေးပြောလိုက်တယ် "ငါ ကျောင်းကို ထမင်းဘူး တစ်ခါမှ ယူမလာဖူးဘူးလေ"

ကလေးဘ၀တည်းက ကန်တင်းမှာဖြစ်ဖြစ် အပြင်က စားသောက်ဆိုင်တွေမှာဖြစ်ဖြစ် တန်းပြီးသွားစားလေ့ရှိတယ်။

မူလတန်းကျောင်းတုန်းကတောင် ကျောင်းက လေ့လာရေးခရီးတွေ စီစဉ်ပေးခဲ့ရင် ကလေးအများစုက သူတို့မိဘတွေ ပြင်ဆင်ပေးတဲ့ စားစရာတွေ ယူလာတတ်ကြတယ်။

သူတစ်ယောက်တည်းသာ အမြဲတမ်း စူပါမားကတ်က ဝယ်ထားတဲ့ ဘီစကစ်တွေ၊ ပေါင်မုန့်တွေ တစ်ပြုံကြီးနဲ့ဖြစ်နေတတ်တယ်။ ဒါနဲ့ပက်သက်ပြီး လင်ရှန်းမှာ တကယ်အတွေ့အကြုံမရှိဘူး။

နောက်ပြီး သူအိမ်ပြန်ရောက်ချိန်မှာ အရမ်းလည်းပင်ပန်းနေတာကြောင့် မေ့သွားခဲ့တာဖြစ်တယ်။ ပြီးတော့လည်း ဒါက ဒီတိုင်းလုပ်ရိုးလုပ်စဉ်တစ်ခုလို ထင်သွားခဲ့တာ။ မနက်တုန်းကလည်း မော့ကျူးချန်က တောက်ရန်ကို ထမင်းဘူးပုံတွေ ရိုက်ခွင့်ပြုခဲ့တာ ကြာလှပြီ မဟုတ်ဘူးလား?!

မော့ကျူးချန် "..."

သူ ပြောချင်တဲ့စကားတွေ ပြန်သိမ်းထားလိုက်ရတယ် "ထားလိုက်တော့" လင်ရှန်းကန်တင်းကနေ ဝယ်လာပေးတဲ့ အသားကင်ဟင်းကို တစ်ကိုက်စားပြီး ရွံရှာဟန်နဲ့ မျက်မှောင်ကြုတ်သွားတယ်။

"ပြီးတော့... စားမရတာမျိုးမဟုတ်ဘူး" သူ ဗလုံးဗထွေးပြောလိုက်တယ် "ဖြည်ကြည့်ပြီးတော့မှ တကယ်ကြီး စားမကောင်းတော့တာ"

လင်ရှန်း သူ့ကိုမော့ကြည့်လိုက်တယ်။ သူတို့တွေ ကန်တင်းအတူသွားဖို့ အကြံပေးလိုက်ပေမယ့် မော့ကျူးချန်က တဇွတ်ထိုးငြင်းနေတော့တယ်။ သူ့အတွက်တော့ ထမင်းဘူးကို ထုတ်သိမ်းပြီး ဒီနေရာမှာ တိတ်တိတ်လေးပုန်းကာ စားဖို့လိုနေတယ်။

လင်ရှန်းလည်း တဖက်လူရဲ့အတွေးတွေကို ခန့်မှန်းမိတယ်။ ဘယ်လိုနေနေ ပြစ်မှုတချို့ခံရတာက အဆင်ပြေပေမယ့် သိက္ခာကျလို့တော့ မဖြစ်ဘူး။

"တကယ် တောင်းပန်ပါတယ်ကွာ" လင်ရှန်း ထပ်တောင်းပန်လိုက်တယ်။

ဒါက သူအရမ်းအတွေ့အကြုံမရှိတာကြောင့်ဖြစ်သလို တကယ်ကြီးလည်း မေ့သွားခဲ့တာကြောင့်ဖြစ်တယ်။

လင်ရှန်း ကတိပေးလိုက်တယ် "နောက်တစ်ခါကျရင် ဂရုစိုက်ပါ့မယ်"

"တော်ပါတော့" မော့ကျူးချန် နောက်တစ်လုပ်စားကာ ပါးစပ်ထဲ ပြည့်သိပ်နေအောင် ထည့်လိုက်တယ်။ ကန်တင်းက အသားကင်ထမင်းကို ဖြေးဖြေးချင်းဝါးနေပြီး သူ့ရဲ့ကြည့်ကောင်းတဲ့မျက်နှာပေါ်မှာ ခံစားချက်ရှုပ်ထွေးနေတဲ့အရိပ်ယောင် ဖြတ်သန်းသွားတယ်။

"ဟေး..." တ်တရက်ကြီး လင်ရှန်းကို ခေါ်ကာ မော့ကျူးချန်တစ်ယောက် တစ်ဝက်စားပြီးသား အသားကင်ထမင်းကို ဘေးဖယ်လိုက်တယ်။

"ဟမ်?" လင်ရှန်းက စာမေးပွဲမေးခွန်းတွေပေါ်က အကြည့်ခွာကာ မော့ကျူးချန်ကို ကြည့်လိုက်တယ် "ဘာလဲ?"

မော့ကျူးချန်ပြောမလို့လုပ်လိုက်ပေမယ့် ရုတ်တရက်ကြီး သူတို့နဲ့သိပ်မဝေးလှတဲ့ ခြံစည်းရိုးဆီကနေ ခေါင်းတစ်လုံးပြူထွက်လာပြီး ပြန်ကျုံ့ဝင်သွားပြန်တယ်။

မော့ကျူးချန်က ညောင်ပင်ကို ကျောပေးကာ ထိုင်နေပြီး လင်ရှန်းကတော့ သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတာဖြစ်တယ်။ နံရံဘက်ဆီကအသံက သူတို့နှစ်ယောက်လုံးရဲ့အာရုံကို တချိန်တည်းမှာ ဖမ်းစားနိုင်သွားတယ်။

လင်ရှန်းနဲ့ မော့ကျူးချန်လည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိသွားတယ်။ ရှင်းဆန်းကျောင်းရဲ့နံရံက အရမ်းကြီးမမြင့်လှဘူး။ အပေါ်နားမှာလည်း မဆိုစလောက်လေးကျယ်တဲ့အတွက် ရပ်တာဖြစ်ဖြစ် ထိုင်တာဖြစ်ဖြစ် လုပ်လို့ရတယ်။

ထိုခေါင်း ပြူထွက်လာပြီး အချိန်တိုလေးအတွင်းမှာ အပြင်နံရံဘက်ကနေ ကျောင်းလွယ်အိတ်တစ်လုံး ပစ်ထည့်လာတယ်။ ထို့နောက် ကျောင်းသားလေးတစ်ယောက်က စည်းရိုးပေါ် လက်နှစ်ဖက်ထောက်ကာတက်လာပြီး ကျွမ်းကျွမ်းကျင်ကျင်ရပ်နေတော့တယ်။

ကောင်လေးကိုကြည့်ရင် ဆယ့်ခြောက် ဆယ့်ခုနစ်အရွယ်လောက်ပဲ ရှိလိမ့်မယ်။ တစ်ဖက်က ဆံပင်တိုလေးတွေကို အညိုရောင်ဆိုးထားပြီး နှဖူးပေါ်က ဆံပင်အနည်းငယ်ကိုတော့ အဖြူရောင်ဆိုးထားတယ်။ သူက ရှင်းဆန်းကျောင်း ယူနီဖောင်းလည်း ဝတ်မထားဘဲ ပိုပြီးလေးနက်တည်ကြည်တဲ့ အနက်ရောင်ကျောင်းယူနီဖောင်းကို ဝတ်ထားတယ်။ ကောင်လေးက ကျောင်းယူနီဖောင်းကို ကြယ်သီးလည်း တပ်မထားဘူး။

ကျောင်းယူနီဖောင်းအတွင်းက အဖြူရောင်ရှပ်အကျီကိုတောင် ကြုံသလိုကြယ်သီးတချို့တပ်ထားတယ်။ အညိုစင်ဆွဲဆောင်မှုရှိတဲ့ ညှပ်ရိုးကတောင် ဝိုးတဝါးပေါ်နေပြီး ရင်အုပ်တစ်ဝက်လောက်ကိုလည်း လှစ်ဟထားတယ်။

ကျောင်းသားလေးက လင်ရှန်းနဲ့ မော့ကျူးချန်ကို စိုက်ကြည့်ရင်း နံရံပေါ်က သေသေသပ်သပ် ခုန်ဆင်းလိုက်ပြီး ခါးကိုင်းကာ လွယ်အိတ်ကောက်လိုက်တယ်။ သူ့လွယ်အိတ်ပေါ်က ဖုန်တွေကို သာမန်ကာလျှံကာ ပုတ်လိုက်ပြီးနောက် ပုခုံးပေါ်တင်လိုက်တယ်။

"ဟေ့!" ကောင်လေးက လင်ရှန်းကို မေးငေါ့ပြကာ "ဒါက ရှင်းဆန်းကျောင်းလား?"ဆိုပြီး မေးလိုက်တယ်။

လေသံက ဖော်ရွေမှုကင်းမဲ့ကာ လှိုက်လှဲမှုမရှိသလို ယဉ်ကျေးမှုလည်း မရှိဘူး။ သူမေးပြီးတဲ့နောက်မှာ သူ့မျက်လုံးထောင့်စွန်းတွေကနေ လင်ရှန်းတို့ရှေ့က ကျောက်စားပွဲဆီ အကြည့်ရောက်သွားတယ်။ ထိုနေရာမှာ လင်ရှန်း လေ့လာနေတဲ့ စာမေးပွဲမေးခွန်းစာအုပ်တွေ ရှိရုံတင်မက မော့ကျူးချန်ဆီက သင်္ချာနမူနာပုစ္ဆာပေါင်းချုပ်လည်း ရှိနေသေးတယ်။

ကျောင်းသားလေးက ရုတ်တရက် နှာခေါင်းရှုံ့ကာ "တကယ်ကြီး ရှင်းဆန်းပဲ! အမှန်ပဲကိုး!" သူ လင်ရှန်းနဲ့ မော့ကျူးချန်ရဲ့မျက်နှာတွေကို အပြန်ပြန်အလှန်လှန်ကြည့်လိုက်ကာ "ဒီကနေ nerdတွေ မွေးထုတ်ပေးတယ်လို့ ကြားထားတာ၊ ကြည့်ရတာ ကောလဟာလတွေက မှန်နေတဲ့ပုံပဲ"

သူ ရပ်လိုက်ပြီးနောက် ပြောလာတယ် "သေချာသွားပြီ၊ ငါဝင်လာချင်းမှာတင် စာဂျပိုးနှစ်ကောင် တွေ့လိုက်ရတယ်!"

ကျောင်းသားလေးရဲ့လေသံက လှောင်ပြောင်မှုတွေနဲ့ ပြည့်နေတယ်။ လင်ရှန်း နည်းနည်းတော့ ဆွံ့အသွားရတယ်။ သူက တကယ့်ကို စာဂျပိုးပါ။ ဒါပေမယ့် မော့ကျူးချန်ကြီးကိုပါ ထည့်ပြောလိုက်တာလား?!

လွန်ခဲ့တဲ့တစ်ပတ်တုန်းကဆို သူက စာတောင်လုံး၀ဖတ်တာမဟုတ်တဲ့ Fတန်းက ကျောင်းသားတစ်ယောက်။ ခုတောင်...

ဟမ်? လင်ရှန်း ရုတ်တရက် တုန့်ပြန်မိသွားတယ်။ သူ့ခေါင်းကို မော့ကျူးချန်ဘက်လှည့်လိုက်တော့ တစ်ဖက်လူက အေးစက်စက်မျက်နှာကြီးနဲ့ ထိုင်နေပြီး သူ့ရှေ့မှာ သင်္ချာပုစ္ဆာနမူနာပေါင်းချုပ်စာအုပ်တစ်အုပ်က ရှိနေသေးတယ်။

ရှပ်အကျီကို ထိပ်ဆုံးအထိ ကြယ်သီးတပ်ထားပြီး ကျောင်းယူနီဖောင်းကိုလည်း ကိုယ်ပေါ်မှာ သပ်သပ်ရပ်ရပ်လေး ဝတ်ဆင်ထားတယ်။ မျက်တောင်တစ်ခတ်အတွင်းမှာ စာလေ့လာရင်းကနေ တစ်ဖက်လူက ဒီလောက်ထိ ပြောင်းလဲသွားတာလား?

သေချာပေါက် အသိပညာဆိုတာ စွမ်းအားပဲ!

လင်ရှန်း စိတ်သက်သာရာရသွားပေမယ့် နည်းနည်းတော့ သိချင်သွားတယ်။ သူ နံရံကျော်လာတဲ့ ကျောင်းသားလေးကိုကြည့်ကာ မေးခွန်းထုတ်လိုက်တယ် "မင်းက ဘယ်သူလဲ?"

"ငါ ဘယ်သူလဲဆိုတာ မင်းသိစရာမလိုဘူး!" ကျောင်းသားလေးက ဂုဏ်ယူစွာနဲ့ ကျောင်းလွယ်အိတ်ကို ပုခုံးပေါ် ထပ်မံပစ်တင်ပြီး "မင်းသိရမှာက ငါက သမိုင်းတစ်ခုရေးဖို့ ဒီရောက်နေတယ်ဆိုတာပဲ"

တကယ်တော့ ထိုကျောင်းသားလေးက တော်တော်လေးကြည့်ကောင်းတယ်။ အထူးသဖြင့် မျက်နှာအသွင်အပြင်တွေက ခံ့ညားပြီး ပြိုင်ဘက်ကင်းတယ်။ မျက်နှာက မဆိုစလောက်လေး ဝိုင်းနေတာကြောင့် နည်းနည်းလေး မရင့်ကျက်သေးသလိုပုံတော့ ဖြစ်နေတယ်။

"ငါက မင်းတို့ရဲ့ကျောင်းမြက်လေးမော့ကျူးချန်ကို လာရှာတာ!" ကျောင်းသားလေးက မျက်လုံးတွေမှေးကျဉ်းကာ အေးတိအေးစက် နှာခေါင်းရှုံ့လိုက်တယ် "ငါ့ရဲ့နတ်ဘုရားမလေးအတွက် သူနဲ့ ပြိုင်ချင်တယ်!"

လင်ရှန်း "မင်းရဲ့ နတ်ဘုရားမက ဘယ်သူတုန်း?"

ဘာကြောင့်မှန်းတော့မသိပေမယ့် ဒီလိုကောင်လေးကိုကြည့်ရင်း တစ်ဖက်လူရဲ့ခန္ဓာကိုယ်က ထွက်ပေါ်နေတဲ့ ကိုယ့်ကိုယ်ကိုအထင်ကြီးတဲ့ အရောင်အဝါကို ခံစားမိတယ်။ ထိုအရောင်အဝါက မော့ကျူးချန်ထက်တောင် ဘယ်လိုမှ မလျော့ဘူး။

"လုမြောင်မြောင်!" ကျောင်းသားလေးက ကျယ်လောင်တဲ့အသံနဲ့ ပြောလိုက်တယ် "မင်း မော့ကျူးချန်ကို ထွက်လာခဲ့လို့ မြန်မြန်သွားပြောလိုက်၊ ငါ သူနဲ့ပြိုင်မယ်! သူက ငါ့ရဲ့နတ်ဘုရားမလေးကို အနိုင်ကျင့်ပြီး ငိုအောင်လုပ်ရဲတယ်ဆိုမှတော့ အဲ့အတွက် တန်ရာတန်ကြေးပေးဖို့ အသိစိတ်တော့ရှိရမယ်"

လင်ရှန်းနဲ့ မော့ကျူးချန် အချင်းချင်းကြည့်လိုက်ကြတယ်။ သူ ကောင်လေးကို ပြန်ကြည့်ကာ "မင်းက သူနဲ့ ဘယ်လိုပြိုင်မှာလဲ?"

"ဟမ့်!" ကောင်လေးက အသာနှာရှုတ်လိုက်တယ် "ဒါပေါ့ ယောကျာ်းလေးတွေကြားမှာရှိတဲ့ နည်းအတိုင်းပဲလေ၊ သူ့ကို ငါနဲ့ ချခိုင်းမယ်!" သူပြောရင်း လက်ကိုမြှောက်ကာ လင်ရှန်းနဲ့ မော့ကျူးချန်တို့ကို သူ့လက်မောင်းကြွက်သားတွေ ကြွားလုံးထုတ်တော့တယ်။

"နုံအလိုက်တာ!" မော့ကျူးချန် သရော်လိုက်တယ်။ သူ မတ်တပ်ရပ်ပြီး ကျောင်းသားလေးဆီကို တစ်လှမ်းတိုးသွားလိုက်တယ်။

"မင်းက ဘယ်သူလဲ?" ကျောင်းသားလေးက ဒေါသတကြီးနဲ့ ခုန်ပေါက်လုနီးပါးပဲ "ငါ့ကိုဘာလို့ နုံတယ်ဆိုပြီး ပြောတာလဲ?"

"ငါက မော့ကျူးချန်ပဲ!" မော့ကျူးချန် သူ့ကိုမေးငေါ့ပြလိုက်တယ် "ပထမဆုံးအနေနဲ့ လုမြောင်မြောင်ကြောင့် မင်းလာပြိုင်တာကို ငါလက်မခံဘူး၊ သူ့ကိစ္စက ငါနဲ့ဘာမှမဆိုင်ဘူး! ဒုတိယအချက်အနေနဲ့..." သူပြောလိုက်တယ် "ငနုံတွေကပဲ တိုက်ခိုက်ဖို့ကို ရွေးမှာ"

သူက ရှေ့မှာရှိနေတဲ့ သင်္ချာနမူနာပေါင်းချုပ်ကို ကောက်မလိုက်ပြီး "အရွယ်ရောက်ပြီးရင့်ကျက်တဲ့သူတွေက စာလေ့လာတာနဲ့ပဲ ပြိုင်တယ်! ဥပမာ..." သူ သူ့လက်ထဲမှာရှိတဲ့ နမူနာပုစ္ဆာတွေကို လှန်လှောလိုက်တယ် "ဒီမေးခွန်းပုစ္ဆာနဲ့ ပြိုင်မယ်၊ ဘယ်သူက မေးခွန်းတွေ ပိုရွတ်ပြနိုင်မလဲ"

_____

Thanks 🌹



Continue Reading

You'll Also Like

1.1M 26.1K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
361K 34.8K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
309K 6.7K 72
''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိ...
717K 100K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~