Lawless Gangster (Myanmar Tra...

By ViVianKhin

40.9K 7.6K 490

Original Author - Bai Shan Hei Shui Total - 79 chapters + 5 extras Genre - Action, Romance, Modern Time Discl... More

Disclaimer
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37
Episode 38
Episode 39
Episode 40
Episode 41
Episode 42
Episode 43
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
Episode 51
Episode 52
Episode 53
Episode 54
Episode 55

Episode 26

548 146 8
By ViVianKhin

ိုအပိုင္း ၂၆

Zawgyi

ေန႔တာ႐ွည္ၾကာ ထြန္းေတာက္ခဲ့တဲ့ အလင္းေရာင္ကို ႐ုတ္ခ်ည္းက်ေရာက္လာတဲ့ ညအေမွာင္က ဝါးၿမိဳလိုက္တယ္။ ျဖဴလိုက္ျပာလိုက္ ညေနခင္းဆို ပုစြန္ဆီေရာင္သမ္းလိုက္နဲ႔ေကာင္းကင္က ၿမိဳ႕ကိုဖံုးလႊမ္းထားတဲ့ အေတာမသတ္က်ယ္ျပန္႔တဲ့ အနက္ေရာင္ျပင္ႀကီးအျဖစ္ အေရာင္ေျပာင္းသြားတယ္။
အဆံုးမ႐ွိတဲ့ မိွတ္တုတ္တုတ္ၾကယ္ေလးေတြက မည္းေမွာင္ေနတဲ့ ေရျပင္မွာ ဟိုတစ္စ ဒီတစ္စ ျပန္႔ၾကဲကာ ေရာင္ျပန္ဟပ္ေနစဥ္ ေလျပည္ညင္းက ျမစ္ျပင္က်ယ္ကို ျဖတ္တိုက္ကာ ၿငိမ္သက္ေနတဲ့ မ်က္ႏွာျပင္ကို လိႈင္းၾကပ္ခြပ္တို႔ထေစတယ္။ ျမစ္ရနံ႔လည္း သင္းေစတယ္။

ေ႐ွာင္းလီ ေသာက္ေနက် စီးကရက္ကိုခဲရင္း ကမ္းပါးေဘးမွာ အခ်ိန္အၾကာႀကီး ထိုင္ေနမိတယ္။ ေနာက္ဆံုးထိကို သူသြားစရာေနရာ စဥ္းစားလို႔မရခဲ့။ ေ႐ွ႕ကေရျပင္ကိုၾကည့္ၿပီး ဒီေနရာကို ဘာရယ္မဟုတ္ ေရာက္လာခဲ့တယ္။ ဒီကိုလာၿပီးကာမွ ေရျပင္ပဲျဖစ္ျဖစ္ သူ႔ကား
Dashboard မ်က္ႏွာျပင္ပဲျဖစ္ျဖစ္ ဘာမွသိပ္မထူးတာ သိလိုက္ရတယ္။
ဘယ္ဟာပဲျကည့္ျကည့္ သူ႔ရင္တြင္းမွာ စူးစိုက္ေနတဲ့ ေသာကတို႔က ေျပေလ်ာ့သြားျခင္းမ႐ွိ ဘာမွပိုမထူးျခားသြားေပ။

သူျမစ္ေရျပင္ကိုေငးရင္း အေတြးထဲေမ်ာေနတုန္း သူ႔ေနာက္ေက်ာဘက္ကေန လႈပ္႐ွားသံတစ္ခုကို ၾကားလိုက္ရတယ္။ ျမစ္ကမ္းနားက တစ္ေယာက္ေယာက္က ကမ္းပါးေဘးက လူေလ်ွာက္လမ္းေပၚတက္လာတဲ့ အသံမ်ိဳး။

ခပ္ဖြဖြေျခသံတို႔ သူနဲ႔သိပ္မေဝးတဲ့ ေနာက္နားတစ္ေနရာမွာ ရပ္သြားတဲ့အထိ ေ႐ွာင္းလီ တုပ္တုပ္မလႈပ္ေသး။

" ေ႐ွာင္းလီ "

ထိုလူက အခ်ိန္အတန္ၾကာ တိတ္ဆိတ္ေနၿပီးမွ သူ႔နာမည္ကို ေခၚလိုုက္ေလတယ္။

ဒီအသံကို ေ႐ွာင္းလီ မွတ္မိတယ္။ ကိုယ္ကိုလွည့္ကာ မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး ထိုလူရဲ႕ ေယာင္ကိုင္းတဲ့အထိ အ႐ိုက္ခံထားရတဲ့ မ်က္ႏွာကိုေ႐ွာင္းလီ အၾကည့္တို႔ ေဝ့ဝဲရင္း စိတ္ဆိုးစြာ ေျပာလိုက္တယ္။

" မင္းကိုငါ မသိသလိုပဲ ေနမယ္လို႔ေျပာခဲ့တယ္ မဟုတ္ဘူးလား။ ထပ္အ႐ိုက္ခံခ်င္ေနတာလို႔ေတာ့မေျပာနဲ႔ေနာ္။ "

ခ်ီ႐ႈိ႕ယြမ္ ေခါင္းခါျပကာစိတ္အားထက္သန္စြာ႐ွင္းျပတယ္။

" မင္းဒီမွာဆိုတာ ကိုယ္မွမသိတာ။ ကိုယ္ဒီမွာ လမ္းေလ်ာက္ဖို႔ထြက္လာတာ။ ကိုယ္.... အရင္က... အရင္က..... ကိုယ္တို႔ ရံဖန္ရံခါ လာဖူးတဲ့ေနရာမို႔ေလ။ "

ေခတၱမ်ွ တိတ္ဆိတ္ေနၿပီးေနာက္ေ႐ွာင္းလီျပန္ဖို႔ျပင္တယ္။

" ေ႐ွာင္းလီ.... မင္းကိုယ့္ကို မျမင္ခ်င္ဘူးဆိုရင္ ကိုယ္ထြက္သြားပါ့မယ္။ "

ခ်ီ႐ႈိ႕ယြမ္ ေနာက္ကိုေျခတစ္လွမ္းဆုတ္ကာ ေျပာလိုက္တယ္။

ေ႐ွာင္းလီ စီးကရက္ကို ပါးစပ္မွာ ေလ်ာ့တိေလ်ာ့ရဲ ကိုက္ထားရင္း စကၠန္႔အနည္းငယ္ေလာက္ သူ႔ကိုၾကည့္လိုက္တယ္။

" မင္းငါ့ကို ဘာၾကည့္ႀကိဳက္တာလဲ "

ခ်ီ႐ႈိ႕ယြမ္ ေ႐ွာင္းလီရဲ႕အသံခပ္တိုးတိုးနဲ႔ ေမးတာကိုၾကားလိုက္ရခ်ိန္ ရပ္ေနတဲ့ေနရာကေန တစ္ခ်က္ကေလးေတာင္ မလႈပ္ရဲဘူး။

ခ်ီ႐ႈိ႕ယြမ္ရဲ႕ စိတ္ပ်က္ေနတဲ့မ်က္ႏွာက အ့ံအားသင့္မႈအျပည့္ျဖစ္သြားကာ သူ႔ အျကည့္တို႔ကို ေ႐ွာင္းလီထံ ပို႔လိုက္တယ္။

" ငါက ေယာက်္ားတစ္ေယာက္ "

ေ႐ွာင္းလီက ဆက္ေျပာတယ္။

" ကိုယ္မင္းကို ဘယ္တုန္းကမွ မိန္းမလို႔ မျမင္ခဲ့ဘူး "

ခ်ီ႐ႈိ႕ယြမ္ ခ်က္ခ်င္း ခြန္းတံု႔ျပန္လိုက္တယ္။

ေ႐ွာင္းလီက ေလွာင္ျပံဳးေလးျပံဳးၿပီး

" ဒါဆို မင္းငါ့ Dick ကို ေႂကြသြားတာလား။ ဒါမွမဟုတ္ ငါ့ကိုလုပ္ခ်င္တာလား။ ငါလုပ္တာခံခ်င္တာလား။ "

"ကိစၥမရွိပါဘူး။ကုိယ္ကဘယ္လိုျဖစ္ျဖစ္အဆင္ေျပတယ္။"

ခ်ီ႐ႈိ႕ယြမ္ ေ႐ွ႕ကို ေျခႏွစ္လွမ္းတိုးလိုက္ကာ ေ႐ွာင္းလီနဲ႔အၾကည့္ခ်င္းဆံုလိုက္တယ္။ ျပီးေတာ့ စကားဆက္ေျပာရင္း သူ႔အဝတ္ေတြကို စတင္ခြၽတ္ေတာ့တယ္။

" ကိုယ္က မင္းကိုႀကိဳက္တာမလို႔ မင္းသာဆႏၵ႐ွိမယ္ဆို ဘယ္သူက ဘာလုပ္မယ္ဆိုတာ အေရးမႀကီးဘူး။ "

ေ႐ွာင္းလီ ဆြံ႕အသြားတယ္။ သူဒီလိုမ်ိဳး ျပန္ေျဖဖို႔ မေမ်ွာ္လင့္ထားခဲ့။ ခ်ီ႐ႈိ႕ယြမ္ အက်ႌခြၽတ္ၿပီးေနာက္ ေဘာင္းဘီပါခြၽတ္ဖို႔လုပ္တဲ့အခ်ိန္ ေ႐ွာင္းလီ ေခါင္းပါကိုက္လာရတယ္။ သူေအာ္မဆဲပဲ မေနႏိုင္ေတာ့။

" ထြက္သြားစမ္းပါကြာ။ ေစာက္႐ူးတစ္ေကာင္ င့ါေဘးမွာ႐ွိေနတာ မလိုခ်င္ဘူး။ "

သူထိုသို႔ေျပာၿပီးေနာက္ ျမစ္ကမ္းေဘးျပန္ထိုင္ကာ စီးကရက္ကို စိတ္ဆိုးမာန္ဆိုး ႐ႈိက္ဖြာလိုက္တယ္။

ေ႐ွာင္းလီကို ၾကည့္ရင္း ခ်ီ႐ႈိ႕ယြမ္ သူကိုယ္တိုင္လည္း ဘာလို႔ ဒီေနရာကိုညလယ္ေခါင္ေျပးလာမိလဲ နားမလည္။ သို႔ေသာ္ ဆိပ္ကမ္းက မိွန္ျပျပမီးေရာင္ေအာက္ကေန သူအ႐ိုးထဲထိ စြဲေနေအာင္ မွတ္မိတဲ့သူကိုေတြ႔လိုက္ရေတာ့ အတိုင္းထက္အလြန္ စိတ္လႈပ္႐ွားလာရတယ္။

' သူ ငါ့ကိုမ်ားစိုးရိမ္လို႔လား ' လို႔ ခ်ီ႐ႈိ႕ယြမ္မေတြးပဲ မေနႏိုင္ေတာ့။

အဲ့လိုအေတြးေတြနဲ႔ သူၿငိမ္သက္ေနမိတယ္။

ေ႐ွာင္းလီရဲ႕ေလသံထဲ ရက္စက္မႈတို႔ပါေနဆဲဆိုေပမယ့္..
သူ႔ခႏၶာကိုယ္က ဒဏ္ရာတို႔က နာက်င္ကိုက္ခဲေနဆဲဆိုေပမယ့္....
သူ႔ေျခလွမ္းေတြကေတာ့ ဒီေနရာကေန ထြက္သြားဖို႔ ျငင္းဆန္တယ္။

သူေ႐ွာင္းလီကို တိတ္တိတ္ေလး ေငးၾကည့္ေနတုန္း ေ႐ွာင္းလီေဘးက ေသာက္ၿပီးသား ဘီယာဘူးခြံေတြကို သတိထားမိေတာ့ သူပိုၿပီးေတာ့ေတာင္ ထြက္မသြားခ်င္ျဖစ္ရတယ္။

သူခဏေလာက္ ေတြးၿပီးေနာက္ အသံတိုးတိုးနဲ႔ ေျပာလိုက္တယ္။

" မင္း.... မင္း.. ေသာက္လို႔မရဘူး မဟုတ္လား။ "

ေ႐ွာင္းလီကေတာ့ သူ႔ကိုေက်ာေပးထိုင္ရင္း စကားျပန္မေျပာ။ သူ႔ေ႐ွ႕က ေရျပင္က အေရျပားေပၚ တလက္တလက္နဲ႔ေရာင္ျပန္ဟပ္ကာ မိွန္လိုက္ေတာက္လိုက္နဲ႔ သူ႔ပံုရိပ္ကို ထင္ထင္႐ွား႐ွားပံုေဖာ္ေပးေနတယ္။

အဲ့ဒီအခိုက္အတန္႔မွာ ေ႐ွာင္းလီဟာ အေမွာင္ထုထဲ အရိပ္က်ေနေသာ္ျငား အလင္းထိုးခံထားရတဲ့ စကၠဴ႐ုပ္ေလးလိုပဲ။

ခ်ီ႐ႈိ႕ယြမ္ တေမ့တေမာနဲ႔ ေငးၾကည့္ကာ ဒီပံုရိပ္ေလးကို သူ႔မွတ္ဥာဏ္ထဲ စြဲထင္ေနေစဖို႔ ႀကိဳးစားေနတယ္။

သူ႔ႏွလံုးသားထဲ ျပည့္ၾကပ္ေနတဲ့ နာက်င္မႈလည္းျဖစ္ခ်င္ျဖစ္မယ္။ သူ႔ေ႐ွ႕မွာေ႐ွာင္းလီထိုင္ေနတဲ့ျမင္ကြင္းေၾကာင့္ အားအျပည့္နဲ႔ ႂကြတက္လာတဲ့ သူ႔စိတ္ခံစားခ်က္လည္း ျဖစ္ခ်င္ျဖစ္မယ္။

သို႔ေသာ္ ေနာက္ဆံုးမွာေတာ့ သူမေအာင့္ထားႏိုင္ေတာ့ပဲ အသံတိုးတိုးနဲ႔ ထုတ္ေျပာလိုက္တယ္။

" ေ႐ွာင္းလီ၊ ကိုယ္မင္းကို ခ်စ္တယ္။ "

ၾကားတယ္ဆိုတာနဲ႔ ေ႐ွာင္းလီကလည္း ခ်က္ခ်င္းျပန္ေျပာတယ္။

" သြားစမ္းပါ "

" ေ႐ွာင္းလီ....... "

" မင္းကို ထြက္သြားလို႔ ေျပာေနတယ္ေလ "

ေ႐ွာင္းလီ စိတ္ႀကီးစြာ မတ္တပ္ထရပ္လိုက္ၿပီး သူ႔ကိုယ္ကေန အႏၱရာယ္ေရာင္ဝါတို႔ ထုတ္လႊတ္လ်က္ ခ်ီ႐ႈိ႕ယြမ္ဆီေလ်ွာက္လာတယ္။

" မင္းမနက္က အ႐ိုက္ခံရတာ မမွတ္ေသးဘူးလား "

သာမန္လူတစ္ေယာက္ မလုပ္ေလာက္ႏိုင္တာမ်ိဳးကို ခ်ီ႐ႈိ႕ယြမ္ကေတာ့ ကံကိုယံုၿပီး လုပ္ခ်လိုက္ၿပီ။ ေ႐ွာင္းလီရဲ႕ေ႐ွ႕တိုးလာတဲ့ ေျခလွမ္းေတြကို မ်က္ေျခမျပတ္ၾကည့္ရင္း တုပ္တုပ္မလႈပ္ပဲရပ္ေနလိုက္္တယ္။ ေ႐ွာင္းလီ သူ႔နားေရာက္တဲ့အထိေစာင့္ၿပီးေနာက္

" ဒီဒဏ္ရာေတြက နာတာေပါ့။ ဒါေပမယ့္ ဆုိးဆိုးရြားရြားႀကီးေတာ့ မဟုတ္ဘူး။ ေ႐ွာင္းလီ...မင္းကဒုစ႐ိုက္ေလာကမွာ က်င္လည္ေနတာပဲဟာ။ ဒီေလာက္အမ်ားႀကီးထိုးခဲ့ရဲ႕သားနဲ႔ ကိုယ္အ႐ိုးတစ္ေခ်ာင္း မက်ိဳးသြားတာ ဘာလို႔လဲ။ "

ေ႐ွာင္းလီသူ႔ကို မယံုသလိုၾကည့္ၿပီး ေအးစက္စက္နဲ႔ရယ္တယ္။

" ငါအခု မင္းအ႐ိုးကို က်ဳိးေအာင္ခ်ိဳးေပးမယ္။ "

အဲ့လိုေျပာၿပီးတာနဲ႔ ေျခေထာက္ကေလထဲ ေျမာက္တက္သြားတယ္။

ခ်ီ႐ႈိ႕ယြမ္ သစ္ပင္နဲ႔ ခပ္ျပင္းျပင္းေဆာင့္မိတဲ့အထိ ေနာက္ကိုဆုတ္လိုက္မိတယ္။ အကိုင္းအခက္ေတြရဲ႕ အရိပ္က သစ္ပင္ေအာက္ဆီက ခ်ီ႐ႈိ႕ယြမ္ေပၚ ျဖာက်ေနတယ္။

႐ုတ္တရက္ျဖစ္ေပၚလာတဲ့ နာက်င္မႈေၾကာင့္ သူပါးစပ္က ထုတ္ညည္းမိျပီးေနာက္ မ်က္ႏွာေပၚ အျပံဳးတစ္ပြင့္ဆင္ျမန္းရင္း ခပ္ျမဴးျမဴးအသံနဲ႔ ေျပာလိုက္တယ္။

" ဘာမွ မက်ိဳးသြားဘူး "

ေ႐ွာင္းလီရဲ႕ေဒါသက သူ႔ကိုယ္သူေနာက္ျပန္ဆုတ္ခြင့္ မေပးဘူး။ ဒါ့အျပင္ ခ်ီ႐ႈိ႕ယြမ္ကလည္း မီးေလာင္ရာေလပင့္ေနေလေတာ့ သူေဒါသတႀကီးနဲ႔ ေသေအာင္ရိုက္သတ္ပစ္မယ္ဆိုၿပီး ခ်ီ႐ႈိ႕ယြမ္႐ွိရာ သြားလိုက္တယ္။

သစ္ပင္ရိပ္ေပၚ ေျခခ်မိတယ္ဆိုရင္ပဲ လက္တစ္ဖက္က ဖ်တ္ခနဲထြက္လာကာသူ႔လက္ေမာင္း ဖမ္းကိုင္ၿပီး ႐ုတ္တရက္ေပြ႔ဖက္လိုက္တယ္။

ေ႐ွာင္းလီရဲ႕ေဒါသက တားမရတဲ့အဆင့္ကိုေရာက္သြားၿပီ။ သူ႐ိုက္ခ်မလို႔ျပင္လိုက္စဥ္မွာ ခ်ီ႐ႈိ႕ယြမ္က သူလႈပ္မရေအာင္ တင္းၾကပ္စြာ ေပြ႔ဖက္လိုက္တယ္။

သူတို႔ႏွစ္ေယာက္ၾကား ေနရာလပ္ေလးတစ္ခုေတာင္မက်န္ေတာ့အထိ ဆြဲဖက္ထားၿပီးမွ ခ်ီ႐ႈိ႕ယြမ္ ေ႐ွာင္းလီရဲ႕နားေဘးကို ကပ္ကာေျပာတယ္။

" ကိုယ့္ကို ကိုယ္ခ်င္းစာပါဦး.....မင္းကို ခဏေလာက္ဖက္ထားခြင့္ေလးေတာ့ေပးပါကြာ။ ကိုယ္ တျခားဘာမွ မလုပ္ဘူး......ေနာ္။ ေ႐ွာင္းလီ.... ေ႐ွာင္းလီရာ... ကိုယ့္ကိုသနားပါကြာ။ "

ခ်ီ႐ႈိ႕ယြမ္ အသံကို ဘယ္လိုေဖာ္ျပရမလဲေတာင္ မသိေတာ့။ သန္မာေပမယ့္ ကြဲေၾကလြယ္တယ္။ သိမ္ေမြ႔ေပမယ့္ ေခါင္းမာတယ္။ နစ္နာမႈေတြလည္း ေပ်ာ္ဝင္ေနတယ္။

ေ႐ွာင္းလီ ႏွလံုးသားေလးႏူးည့ံသြားကာ ခ်ီ႐ႈိ႕ယြမ္ စကားတို႔ကို ဆက္နားေထာင္ရင္း သူ႔ရင္ထဲ ထူးဆန္းစြာနဲ႔ ေၾကာက္ရြံ႕မႈကို ခံစားမိတယ္။

" ကိုယ့္ကို စိတ္မဆိုးပါနဲ႔။ ကိုယ္တမင္လိမ္ေျပာတာမဟုတ္ပါဘူး။ ကိုယ့္ကိုမင္း ျပန္သေဘာက်ေစခ်င္လို႔။ ကိုယ္မင္းကို စစေတြ႔တည္းက......
မင္းက ဒုစ႐ိုက္ေလာက,က ဆိုရင္ေတာင္၊ ကိုယ္က ဒုကၡေရာက္မွာကို ေၾကာက္တတ္တယ္ဆိုရင္ေတာင္.....ကိုယ္ကေတာ့ ကိုယ့္ကို ျပန္ႀကိဳက္ေစခ်င္တုန္းပဲ။ "

အေၾကာင္းျပခ်က္တစ္ခုမွ မ႐ွိပါပဲ ေ႐ွာင္းလီ ဝမ္းနည္းမႈတို႔ပြင့္အံထြက္လာတယ္။ အ့ံျသစရာေကာင္းစြာ သူစိတ္ေလ်ာ့မိလိုက္ၿပီး ႐ုန္းကန္ေနတာကို ရပ္လိုက္တယ္။

ဒါကို ခံစားမိတဲ့ ခ်ီ႐ႈိ႕ယြမ္ကေတာ့ ေပ်ာ္ရႊင္မႈေရခ်ိန္ျမင့္တက္လာတယ္။ သူေ႐ွာင္းလီ တင္းတင္းၾကပ္ၾကပ္ႀကီး ဆက္ဖက္မထားေတာ့ဘူး။ အဲ့အစား ေ႐ွာင္းလီရဲ႕ အသက္႐ႈသံနဲ႔ ကိုယ္ေငြ႕ကိုခံစားရင္း လက္ေမာင္းအားကို ေလ်ွာ့ကာ ၾကင္ၾကင္နာနာ ေထြးေပြ႔ထားတယ္။

အေမွာင္ထုရယ္၊ တစ္ေယာက္စီရဲ႕ အသက္႐ႈသံရယ္က ထိုလူႏွစ္ေယာက္ကို လႊမ္းျခံဳထားတယ္။ ပတ္ဝန္းက်င္မွာၾကားႏိုင္တာဆိုလို႔ လိႈင္းခတ္သံရယ္ ျမစ္ျပင္ကို ျဖတ္တိုက္လာတဲ့ ေလႏုႏုရယ္ပဲ႐ွိတယ္။

-----------------------------------------------------------

ိုအပိုင်း ၂၆

Unicode

နေ့တာရှည်ကြာ ထွန်းတောက်ခဲ့တဲ့ အလင်းရောင်ကို ရုတ်ချည်းကျရောက်လာတဲ့ ညအမှောင်က ဝါးမြိုလိုက်တယ်။ ဖြူလိုက်ပြာလိုက် ညနေခင်းဆို ပုစွန်ဆီရောင်သမ်းလိုက်နဲ့ကောင်းကင်က မြို့ကိုဖုံးလွှမ်းထားတဲ့ အတောမသတ်ကျယ်ပြန့်တဲ့ အနက်ရောင်ပြင်ကြီးအဖြစ် အရောင်ပြောင်းသွားတယ်။
အဆုံးမရှိတဲ့ မှိတ်တုတ်တုတ်ကြယ်လေးတွေက မည်းမှောင်နေတဲ့ ရေပြင်မှာ ဟိုတစ်စ ဒီတစ်စ ပြန့်ကြဲကာ ရောင်ပြန်ဟပ်နေစဉ် လေပြည်ညင်းက မြစ်ပြင်ကျယ်ကို ဖြတ်တိုက်ကာ ငြိမ်သက်နေတဲ့ မျက်နှာပြင်ကို လှိုင်းကြပ်ခွပ်တို့ထစေတယ်။ မြစ်ရနံ့လည်း သင်းစေတယ်။

ရှောင်းလီ သောက်နေကျ စီးကရက်ကိုခဲရင်း ကမ်းပါးဘေးမှာ အချိန်အကြာကြီး ထိုင်နေမိတယ်။ နောက်ဆုံးထိကို သူသွားစရာနေရာ စဉ်းစားလို့မရခဲ့။ ရှေ့ကရေပြင်ကိုကြည့်ပြီး ဒီနေရာကို ဘာရယ်မဟုတ် ရောက်လာခဲ့တယ်။ ဒီကိုလာပြီးကာမှ ရေပြင်ပဲဖြစ်ဖြစ် သူ့ကား
Dashboard မျက်နှာပြင်ပဲဖြစ်ဖြစ် ဘာမှသိပ်မထူးတာ သိလိုက်ရတယ်။
ဘယ်ဟာပဲကြည့်ကြည့် သူ့ရင်တွင်းမှာ စူးစိုက်နေတဲ့ သောကတို့က ပြေလျော့သွားခြင်းမရှိ ဘာမှပိုမထူးခြားသွားပေ။

သူမြစ်ရေပြင်ကိုငေးရင်း အတွေးထဲမျောနေတုန်း သူ့နောက်ကျောဘက်ကနေ လှုပ်ရှားသံတစ်ခုကို ကြားလိုက်ရတယ်။ မြစ်ကမ်းနားက တစ်ယောက်ယောက်က ကမ်းပါးဘေးက လူလျှောက်လမ်းပေါ်တက်လာတဲ့ အသံမျိုး။

ခပ်ဖွဖွခြေသံတို့ သူနဲ့သိပ်မဝေးတဲ့ နောက်နားတစ်နေရာမှာ ရပ်သွားတဲ့အထိ ရှောင်းလီ တုပ်တုပ်မလှုပ်သေး။

" ရှောင်းလီ "

ထိုလူက အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးမှ သူ့နာမည်ကို ခေါ်လိုက်လေတယ်။

ဒီအသံကို ရှောင်းလီ မှတ်မိတယ်။ ကိုယ်ကိုလှည့်ကာ မျက်နှာချင်းဆိုင်လိုက်ပြီး ထိုလူရဲ့ ယောင်ကိုင်းတဲ့အထိ အရိုက်ခံထားရတဲ့ မျက်နှာကိုရှောင်းလီ အကြည့်တို့ ဝေ့ဝဲရင်း စိတ်ဆိုးစွာ ပြောလိုက်တယ်။

" မင်းကိုငါ မသိသလိုပဲ နေမယ်လို့ပြောခဲ့တယ် မဟုတ်ဘူးလား။ ထပ်အရိုက်ခံချင်နေတာလို့တော့မပြောနဲ့နော်။ "

ချီရှို့ယွမ် ခေါင်းခါပြကာစိတ်အားထက်သန်စွာရှင်းပြတယ်။

" မင်းဒီမှာဆိုတာ ကိုယ်မှမသိတာ။ ကိုယ်ဒီမှာ လမ်းလျောက်ဖို့ထွက်လာတာ။ ကိုယ်.... အရင်က... အရင်က..... ကိုယ်တို့ ရံဖန်ရံခါ လာဖူးတဲ့နေရာမို့လေ။ "

ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက်ရှောင်းလီပြန်ဖို့ပြင်တယ်။

" ရှောင်းလီ.... မင်းကိုယ့်ကို မမြင်ချင်ဘူးဆိုရင် ကိုယ်ထွက်သွားပါ့မယ်။ "

ချီရှို့ယွမ် နောက်ကိုခြေတစ်လှမ်းဆုတ်ကာ ပြောလိုက်တယ်။

ရှောင်းလီ စီးကရက်ကို ပါးစပ်မှာ လျော့တိလျော့ရဲ ကိုက်ထားရင်း စက္ကန့်အနည်းငယ်လောက် သူ့ကိုကြည့်လိုက်တယ်။

" မင်းငါ့ကို ဘာကြည့်ကြိုက်တာလဲ "

ချီရှို့ယွမ် ရှောင်းလီရဲ့အသံခပ်တိုးတိုးနဲ့ မေးတာကိုကြားလိုက်ရချိန် ရပ်နေတဲ့နေရာကနေ တစ်ချက်ကလေးတောင် မလှုပ်ရဲဘူး။

ချီရှို့ယွမ်ရဲ့ စိတ်ပျက်နေတဲ့မျက်နှာက အံ့အားသင့်မှုအပြည့်ဖြစ်သွားကာ သူ့ အကြည့်တို့ကို ရှောင်းလီထံ ပို့လိုက်တယ်။

" ငါက ယောက်ျားတစ်ယောက် "

ရှောင်းလီက ဆက်ပြောတယ်။

" ကိုယ်မင်းကို ဘယ်တုန်းကမှ မိန်းမလို့ မမြင်ခဲ့ဘူး "

ချီရှို့ယွမ် ချက်ချင်း ခွန်းတုံ့ပြန်လိုက်တယ်။

ရှောင်းလီက လှောင်ပြုံးလေးပြုံးပြီး

" ဒါဆို မင်းငါ့ Dick ကို ကြွေသွားတာလား။ ဒါမှမဟုတ် ငါ့ကိုလုပ်ချင်တာလား။ ငါလုပ်တာခံချင်တာလား။ "

"ကိစ္စမရှိပါဘူး။ကိုယ်ကဘယ်လိုဖြစ်ဖြစ်အဆင်ပြေတယ်။"

ချီရှို့ယွမ် ရှေ့ကို ခြေနှစ်လှမ်းတိုးလိုက်ကာ ရှောင်းလီနဲ့အကြည့်ချင်းဆုံလိုက်တယ်။ ပြီးတော့ စကားဆက်ပြောရင်း သူ့အဝတ်တွေကို စတင်ချွတ်တော့တယ်။

" ကိုယ်က မင်းကိုကြိုက်တာမလို့ မင်းသာဆန္ဒရှိမယ်ဆို ဘယ်သူက ဘာလုပ်မယ်ဆိုတာ အရေးမကြီးဘူး။ "

ရှောင်းလီ ဆွံ့အသွားတယ်။ သူဒီလိုမျိုး ပြန်ဖြေဖို့ မမျှော်လင့်ထားခဲ့။ ချီရှို့ယွမ် အင်္ကျီချွတ်ပြီးနောက် ဘောင်းဘီပါချွတ်ဖို့လုပ်တဲ့အချိန် ရှောင်းလီ ခေါင်းပါကိုက်လာရတယ်။ သူအော်မဆဲပဲ မနေနိုင်တော့။

" ထွက်သွားစမ်းပါကွာ။ စောက်ရူးတစ်ကောင် ငါ့ဘေးမှာရှိနေတာ မလိုချင်ဘူး။ "

သူထိုသို့ပြောပြီးနောက် မြစ်ကမ်းဘေးပြန်ထိုင်ကာ စီးကရက်ကို စိတ်ဆိုးမာန်ဆိုး ရှိုက်ဖွာလိုက်တယ်။

ရှောင်းလီကို ကြည့်ရင်း ချီရှို့ယွမ် သူကိုယ်တိုင်လည်း ဘာလို့ ဒီနေရာကိုညလယ်ခေါင်ပြေးလာမိလဲ နားမလည်။ သို့သော် ဆိပ်ကမ်းက မှိန်ပြပြမီးရောင်အောက်ကနေ သူအရိုးထဲထိ စွဲနေအောင် မှတ်မိတဲ့သူကိုတွေ့လိုက်ရတော့ အတိုင်းထက်အလွန် စိတ်လှုပ်ရှားလာရတယ်။

' သူ ငါ့ကိုများစိုးရိမ်လို့လား ' လို့ ချီရှို့ယွမ်မတွေးပဲ မနေနိုင်တော့။

အဲ့လိုအတွေးတွေနဲ့ သူငြိမ်သက်နေမိတယ်။

ရှောင်းလီရဲ့လေသံထဲ ရက်စက်မှုတို့ပါနေဆဲဆိုပေမယ့်..
သူ့ခန္ဓာကိုယ်က ဒဏ်ရာတို့က နာကျင်ကိုက်ခဲနေဆဲဆိုပေမယ့်....
သူ့ခြေလှမ်းတွေကတော့ ဒီနေရာကနေ ထွက်သွားဖို့ ငြင်းဆန်တယ်။

သူရှောင်းလီကို တိတ်တိတ်လေး ငေးကြည့်နေတုန်း ရှောင်းလီဘေးက သောက်ပြီးသား ဘီယာဘူးခွံတွေကို သတိထားမိတော့ သူပိုပြီးတော့တောင် ထွက်မသွားချင်ဖြစ်ရတယ်။

သူခဏလောက် တွေးပြီးနောက် အသံတိုးတိုးနဲ့ ပြောလိုက်တယ်။

" မင်း.... မင်း.. သောက်လို့မရဘူး မဟုတ်လား။ "

ရှောင်းလီကတော့ သူ့ကိုကျောပေးထိုင်ရင်း စကားပြန်မပြော။ သူ့ရှေ့က ရေပြင်က အရေပြားပေါ် တလက်တလက်နဲ့ရောင်ပြန်ဟပ်ကာ မှိန်လိုက်တောက်လိုက်နဲ့ သူ့ပုံရိပ်ကို ထင်ထင်ရှားရှားပုံဖော်ပေးနေတယ်။

အဲ့ဒီအခိုက်အတန့်မှာ ရှောင်းလီဟာ အမှောင်ထုထဲ အရိပ်ကျနေသော်ငြား အလင်းထိုးခံထားရတဲ့ စက္ကူရုပ်လေးလိုပဲ။

ချီရှို့ယွမ် တမေ့တမောနဲ့ ငေးကြည့်ကာ ဒီပုံရိပ်လေးကို သူ့မှတ်ဉာဏ်ထဲ စွဲထင်နေစေဖို့ ကြိုးစားနေတယ်။

သူ့နှလုံးသားထဲ ပြည့်ကြပ်နေတဲ့ နာကျင်မှုလည်းဖြစ်ချင်ဖြစ်မယ်။ သူ့ရှေ့မှာရှောင်းလီထိုင်နေတဲ့မြင်ကွင်းကြောင့် အားအပြည့်နဲ့ ကြွတက်လာတဲ့ သူ့စိတ်ခံစားချက်လည်း ဖြစ်ချင်ဖြစ်မယ်။

သို့သော် နောက်ဆုံးမှာတော့ သူမအောင့်ထားနိုင်တော့ပဲ အသံတိုးတိုးနဲ့ ထုတ်ပြောလိုက်တယ်။

" ရှောင်းလီ၊ ကိုယ်မင်းကို ချစ်တယ်။ "

ကြားတယ်ဆိုတာနဲ့ ရှောင်းလီကလည်း ချက်ချင်းပြန်ပြောတယ်။

" သွားစမ်းပါ "

" ရှောင်းလီ....... "

" မင်းကို ထွက်သွားလို့ ပြောနေတယ်လေ "

ရှောင်းလီ စိတ်ကြီးစွာ မတ်တပ်ထရပ်လိုက်ပြီး သူ့ကိုယ်ကနေ အန္တရာယ်ရောင်ဝါတို့ ထုတ်လွှတ်လျက် ချီရှို့ယွမ်ဆီလျှောက်လာတယ်။

" မင်းမနက်က အရိုက်ခံရတာ မမှတ်သေးဘူးလား "

သာမန်လူတစ်ယောက် မလုပ်လောက်နိုင်တာမျိုးကို ချီရှို့ယွမ်ကတော့ ကံကိုယုံပြီး လုပ်ချလိုက်ပြီ။ ရှောင်းလီရဲ့ရှေ့တိုးလာတဲ့ ခြေလှမ်းတွေကို မျက်ခြေမပြတ်ကြည့်ရင်း တုပ်တုပ်မလှုပ်ပဲရပ်နေလိုက်တယ်။ ရှောင်းလီ သူ့နားရောက်တဲ့အထိစောင့်ပြီးနောက်

" ဒီဒဏ်ရာတွေက နာတာပေါ့။ ဒါပေမယ့် ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်ဘူး။ ရှောင်းလီ...မင်းကဒုစရိုက်လောကမှာ ကျင်လည်နေတာပဲဟာ။ ဒီလောက်အများကြီးထိုးခဲ့ရဲ့သားနဲ့ ကိုယ်အရိုးတစ်ချောင်း မကျိုးသွားတာ ဘာလို့လဲ။ "

ရှောင်းလီသူ့ကို မယုံသလိုကြည့်ပြီး အေးစက်စက်နဲ့ရယ်တယ်။

" ငါအခု မင်းအရိုးကို ကျိုးအောင်ချိုးပေးမယ်။ "

အဲ့လိုပြောပြီးတာနဲ့ ခြေထောက်ကလေထဲ မြောက်တက်သွားတယ်။

ချီရှို့ယွမ် သစ်ပင်နဲ့ ခပ်ပြင်းပြင်းဆောင့်မိတဲ့အထိ နောက်ကိုဆုတ်လိုက်မိတယ်။ အကိုင်းအခက်တွေရဲ့ အရိပ်က သစ်ပင်အောက်ဆီက ချီရှို့ယွမ်ပေါ် ဖြာကျနေတယ်။

ရုတ်တရက်ဖြစ်ပေါ်လာတဲ့ နာကျင်မှုကြောင့် သူပါးစပ်က ထုတ်ညည်းမိပြီးနောက် မျက်နှာပေါ် အပြုံးတစ်ပွင့်ဆင်မြန်းရင်း ခပ်မြူးမြူးအသံနဲ့ ပြောလိုက်တယ်။

" ဘာမှ မကျိုးသွားဘူး "

ရှောင်းလီရဲ့ဒေါသက သူ့ကိုယ်သူနောက်ပြန်ဆုတ်ခွင့် မပေးဘူး။ ဒါ့အပြင် ချီရှို့ယွမ်ကလည်း မီးလောင်ရာလေပင့်နေလေတော့ သူဒေါသတကြီးနဲ့ သေအောင်ရိုက်သတ်ပစ်မယ်ဆိုပြီး ချီရှို့ယွမ်ရှိရာ သွားလိုက်တယ်။

သစ်ပင်ရိပ်ပေါ် ခြေချမိတယ်ဆိုရင်ပဲ လက်တစ်ဖက်က ဖျတ်ခနဲထွက်လာကာသူ့လက်မောင်း ဖမ်းကိုင်ပြီး ရုတ်တရက်ပွေ့ဖက်လိုက်တယ်။

ရှောင်းလီရဲ့ဒေါသက တားမရတဲ့အဆင့်ကိုရောက်သွားပြီ။ သူရိုက်ချမလို့ပြင်လိုက်စဉ်မှာ ချီရှို့ယွမ်က သူလှုပ်မရအောင် တင်းကြပ်စွာ ပွေ့ဖက်လိုက်တယ်။

သူတို့နှစ်ယောက်ကြား နေရာလပ်လေးတစ်ခုတောင်မကျန်တော့အထိ ဆွဲဖက်ထားပြီးမှ ချီရှို့ယွမ် ရှောင်းလီရဲ့နားဘေးကို ကပ်ကာပြောတယ်။

" ကိုယ့်ကို ကိုယ်ချင်းစာပါဦး.....မင်းကို ခဏလောက်ဖက်ထားခွင့်လေးတော့ပေးပါကွာ။ ကိုယ် တခြားဘာမှ မလုပ်ဘူး......နော်။ ရှောင်းလီ.... ရှောင်းလီရာ... ကိုယ့်ကိုသနားပါကွာ။ "

ချီရှို့ယွမ် အသံကို ဘယ်လိုဖော်ပြရမလဲတောင် မသိတော့။ သန်မာပေမယ့် ကွဲကြေလွယ်တယ်။ သိမ်မွေ့ပေမယ့် ခေါင်းမာတယ်။ နစ်နာမှုတွေလည်း ပျော်ဝင်နေတယ်။

ရှောင်းလီ နှလုံးသားလေးနူးညံ့သွားကာ ချီရှို့ယွမ် စကားတို့ကို ဆက်နားထောင်ရင်း သူ့ရင်ထဲ ထူးဆန်းစွာနဲ့ ကြောက်ရွံ့မှုကို ခံစားမိတယ်။

" ကိုယ့်ကို စိတ်မဆိုးပါနဲ့။ ကိုယ်တမင်လိမ်ပြောတာမဟုတ်ပါဘူး။ ကိုယ့်ကိုမင်း ပြန်သဘောကျစေချင်လို့။ ကိုယ်မင်းကို စစတွေ့တည်းက......
မင်းက ဒုစရိုက်လောက,က ဆိုရင်တောင်၊ ကိုယ်က ဒုက္ခရောက်မှာကို ကြောက်တတ်တယ်ဆိုရင်တောင်.....ကိုယ်ကတော့ ကိုယ့်ကို ပြန်ကြိုက်စေချင်တုန်းပဲ။ "

အကြောင်းပြချက်တစ်ခုမှ မရှိပါပဲ ရှောင်းလီ ဝမ်းနည်းမှုတို့ပွင့်အံထွက်လာတယ်။ အံ့သြစရာကောင်းစွာ သူစိတ်လျော့မိလိုက်ပြီး ရုန်းကန်နေတာကို ရပ်လိုက်တယ်။

ဒါကို ခံစားမိတဲ့ ချီရှို့ယွမ်ကတော့ ပျော်ရွှင်မှုရေချိန်မြင့်တက်လာတယ်။ သူရှောင်းလီ တင်းတင်းကြပ်ကြပ်ကြီး ဆက်ဖက်မထားတော့ဘူး။ အဲ့အစား ရှောင်းလီရဲ့ အသက်ရှုသံနဲ့ ကိုယ်ငွေ့ကိုခံစားရင်း လက်မောင်းအားကို လျှော့ကာ ကြင်ကြင်နာနာ ထွေးပွေ့ထားတယ်။

အမှောင်ထုရယ်၊ တစ်ယောက်စီရဲ့ အသက်ရှုသံရယ်က ထိုလူနှစ်ယောက်ကို လွှမ်းခြုံထားတယ်။ ပတ်ဝန်းကျင်မှာကြားနိုင်တာဆိုလို့ လှိုင်းခတ်သံရယ် မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေနုနုရယ်ပဲရှိတယ်။

-----------------------------------------------------------

Continue Reading

You'll Also Like

252K 37.5K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
334K 18.2K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
487K 41.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1M 32.7K 37
အငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်