Lawless Gangster (Myanmar Tra...

By ViVianKhin

41.7K 7.7K 491

Original Author - Bai Shan Hei Shui Total - 79 chapters + 5 extras Genre - Action, Romance, Modern Time Discl... More

Disclaimer
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37
Episode 38
Episode 39
Episode 40
Episode 41
Episode 42
Episode 43
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
Episode 51
Episode 52
Episode 53
Episode 54
Episode 55

Episode 25

493 134 2
By ViVianKhin

အပိုင္း ၂၅

Zawgyi

လီ႐ွီခ်င္းရဲ႕ဗီလာက ၿမိဳ႕ရဲ႕အထင္ကရအိမ္ယာေတြ႐ွိတဲ့ဧရိယာမွာတည္႐ွိတယ္။

ေ႐ွာင္းလီ စိတ္ထဲစိုးထိတ္ေနမိၿပီး လမ္းတစ္ေလ်ာက္ ေျခမကိုင္မိလက္မကိုင္မိျဖစ္ေနခဲ့ကာ ေခၚဆိုထားတဲ့ေနရာကို ျမန္ျမန္ေရာက္႐ွိသြားေသာ္ျငား ေၾကာက္လန္႔မႈကေတာ့ လြင့္ပ်ယ္မသြားေသးေခ်။ အိမ္ယာဝင္း ဝင္ေပါက္ကိုဝင္လာေတာ့ ဗီလာေ႐ွ႕မွာ ကားႏွစ္စီးရပ္ထားတာကိုေတြ႔ရတယ္။
ေ႐ွာင္းလီလည္း အဲ့ကားေတြနားမွာပဲ ပါကင္ထိုးလိုက္တယ္။ ရပ္ထားတဲ့ကားႏွစ္စီးေပၚမွာေတာ့ လီ႐ွီခ်င္းရဲ႕ လူႏွစ္ေယာက္ျဖစ္တဲ့ ဖန္းဖန္နဲ႔ လ်ိဳ႕က်ီးခ်န္ကိုေတြ႔လိုက္ရတယ္။
ထိုလူႏွစ္ေယာက္က သူ႔ကိုျမင္ေတာ့ သနားသလိုအၾကည့္ေတြနဲ႔ၾကည့္ၾကတယ္။ လ်ိဳ႕က်ီးခ်န္က ေ႐ွာင္းလီနဲ႔ နည္းနည္းပိုရင္းႏီွးလို႔ ေ႐ွာင္းလီကို သူကပဲ စကားအရင္စေျပာတယ္။

" ျမန္ျမန္ဝင္သြားလိုက္။ခ်င္းရယ္မင္းကို ေစာင့္ေနတယ္။ "

ေလးလံေနတဲ႔စိတ္နဲ႔ ေ႐ွာင္းလီအထဲကိုဝင္သြားခ်ိန္ လီ႐ွီခ်င္းက မီးဖိုေခ်ာင္ထဲက ဆိုဖာေပၚထိုင္ကာ ေဆးျပင္းလိပ္ေသာက္ေနတယ္။

" ခ်င္းရယ္.. "

ေ႐ွာင္းလီ ကိုယ္ကိုအနည္းငယ္ ကိုင္းၫြတ္ကာႏႈတ္ဆက္ရင္း

" ကြၽန္ေတာ့္ညီ... "

လီ႐ွီခ်င္းက လက္ကိုေဝ့ယမ္းျပကာ ေ႐ွာင္းလီကို ႏႈတ္ဆိတ္ေစတယ္။

သက္ျပင္းခ်ၿပီးေနာက္ သူ႔နားကိုလာဖို႔ လီ႐ွီခ်င္းက အခ်က္ျပတယ္။

" အရင္ ထိုင္ပါဦး။ ဘာေသာက္ခ်င္လဲ။ "

မ်က္ႏွာခ်င္းဆိုင္ခံုမွာဝင္ထိုင္လိုက္တဲ့ ေ႐ွာင္းလီက အနည္းငယ္စိုးရိမ္ေနတဲ့ ေလသံနဲ႔

" မလုိပါဘူး ခ်င္းရယ္။ ကြၽန္ေတာ့ညီ ဘာျဖစ္တာလဲ "

လီ႐ွီခ်င္းက ခဏေလာက္ တိတ္ဆိတ္ေနၿပီးမွ

" မင္းလုပ္ၾကံခံရတုန္းက ေလာ္တုန္းကမင္းကို လက္စားေခ်ခ်င္လို႔ လုပ္တယ္ထင္တယ္ လို႔ မင္းေျပာခဲ့တယ္မွတ္လား။ "

" ဟုတ္ကဲ့ "

" မင္းအဲ့လိုေျပာလို႔ က်ီးခ်န္ကို ငါအဲ့ကိစၥစံုစမ္းခိုင္းလိုက္တယ္။ သူက အဲ့မွာ လုပ္ငန္းစလုပ္ေနၿပီဆိုေတာ့ ျမန္ျမန္ပဲစံုစမ္းလို႔ရလာတယ္။ "

လီ႐ွီခ်င္း ေျပာေနရင္း ခဏရပ္ၿပီးမွ ဆက္ေျပာတယ္။

" ေလာ္တုန္း အနီးအနားက နယ္ကိုထြက္ေျပးသြားတုန္းက ေမြးစားအေဖတစ္ေယာက္ ရလိ္ုက္တယ္တဲ့။ အဲ့ဒီလူက လုဝူရယ္ပဲ "

ေ႐ွာင္းလီ ေခတၱမ်ွ ေၾကာင္အသြားတယ္။ ေနရာခ်င္းေဝးေနၾကေပမယ့္ လုဝူရယ္မွာ ယန္႔က်ီျမစ္တစ္ေလ်ာက္ ျဖန္႔က်က္ထားႏိုင္ေလာက္တဲ့ ေတာင္ပံေတြ႐ွိတယ္။

လီ႐ွီခ်င္း စကားဆက္ေျပာရင္း မ်က္ေမွာင္ၾကံဳ႕လာတယ္။

" ေလာ္တုန္းက ဒီကေန ငါတို႔ေမာင္းထုတ္ခံလိုက္ရေပမယ့္ အခုသူ႔ကို ေထာက္ပ့ံေပးမယ့္သူ ႐ွာေတြ႔ထားတယ္။
ဒီက သူ႔ပိုင္နက္ကိုျပန္လိုခ်င္တယ္ဆိုရင္ ငါတို႔ဒုကၡေရာက္မယ္။ အဲ့ဒါေၾကာင့္ ငါ စြန္းက်ဲယီြကို သြားေတြ႔ရတာ။
သူကေနတစ္ဆင့္ လုဝူရယ္နဲ႔ဆက္သြယ္လို႔ရေအာင္။ ငါထင္ထားတာနဲ႔မတူပဲ လုဝူရယ္ကရည္မြန္ျပီး စကားလည္း ေျပာတတ္ဆိုတတ္တယ္။
သူ႔ေမြးစားသားက ေမာင္းထုတ္ခံလိုက္ရတာမို႔ ဒီစိတ္နာစရာေနရာဆီ ျပန္မသြားေစခ်င္ဘူး တဲ့။ သူေတာင္းဆိုတာကိုပဲ ငါတို႔ကိုလုပ္ေပးေစခ်င္တာ။
အဲ့လိုသာဆို ငါတို႔အခက္ေတြ႔ေအာင္ သူမလုပ္ပါဘူးတဲ့ေလ။ "

ေ႐ွာင္းလီစိတ္ထဲ ဘာကိုေတာင္းဆိုမလဲဆိုတာကို အလိုလိုသိေနသလိုပဲ။

" သူက ဘာကိုမ်ားေတာင္းဆိုတာလဲ "

" သူက မင္းနဲ႔ဟန္က်ားကို သူ႔ဆီလက္လႊဲခိုင္းတာ။ ဟန္က်ားက ေလာ္တုန္းကို ကလိမ္ကက်စ္က်ၿပီး ရဲလက္ထဲေရာင္းစားခဲ့တာ တဲ့။
ၿပီးေတာ့မင္းက.... သူ႔ေျခေထာက္ကို အေၾကာေသေအာင္ လုပ္ခဲ့တယ္။ သူက တျခားသူေတြကို တာဝန္မယူခိုင္းခ်င္ပဲ မင္းတို႔ကိုေတာ့ လႊတ္မေပးႏိုင္ဘူးတဲ့ေလ။
ၿပီးေတာ့ ဟန္က်ားရဲ႕လုပ္ငန္းေတြေႏွာင့္ယွက္ခံရတာနဲ႔ မင္းလုပ္ၾကံခံရတာေတြတာက သူလုပ္တာပါလို႔လည္း ေျပာသြားေသးတယ္။ "

ထိုစကားေတြကို ေ႐ွာင္းလီကေတာ့ ထူးေထြၿပီး အ့ံျသမေနေတာ့။

" ခ်င္းရယ္ ကြၽန္ေတာ္တို႔ကိုဘာလို႔ဒီကိစၥမေျပာခဲ့တာလဲ "

လီ႐ွီခ်င္းက သူ႔ကို ခပ္ေတြေတြေလးၾကည့္လိုက္တယ္။

" မင္းတို႔ႏွစ္ေယာက္ကို ငါမွလက္မလႊဲေပးခ်င္တာ။ ဘာလို႔ေျပာျပရမွာလဲ။ "

ေ႐ွာင္းလီေခါင္းငံု႔ကာ ေဖ်ာ့ေတာ့စြာေျပာလုိက္တယ္။

" ေက်းဇူးတင္ပါတယ္ ခ်င္းရယ္ "

" ငါ့ကို ေက်းဇူးတင္မေစာနဲ႔ဦး "

လီ႐ွီခ်င္း ေနာက္တစ္ခါသက္ျပင္းထပ္ခ်တယ္။

" မင္းတုိ႔ႏွစ္ေယာက္လံုး ငါ့ညာလက္ရံုးေတြပဲဟာ။ သူ႔ဆီလြယ္လြယ္နဲ႔လက္လႊဲေပးလိုက္ရင္ ငါ့မ်က္ႏွာဘယ္နားသြားထားရမလဲ။
ဒါေပမယ့္ ငါ့အေနနဲ႔ တတ္ႏိုင္တာလည္း ဘာမွေတာ့မ႐ွိဘူး။ ငါသူနဲ႔ အခ်ိန္အၾကာႀကီး ေဆြးေႏြးခဲ့ၿပီးၿပီ။ သူ႔အတြက္အျမတ္ထြက္မယ့္ အေပးအယူေတြလည္း လုပ္ၾကည့္ၿပီးၿပီ။
ဒါေပမယ့္ ဒီတစ္ေလ်ာက္လံုး ငါ့ကို ဘာမွတိတိက်က်အေျကာင္းမျပန္ဘူး။ ဒီမနက္မတိုင္ခင္ထိေပါ့။ ဒီမနက္ကေတာ့ အေၾကာင္းထူးလာတယ္။ "

လီ႐ွီခ်င္း သက္ျပင္းထပ္ခ်တယ္။

" အဲ့ဒါက စားပြဲေပၚမွာ။ မင္းဟာမင္းယူၾကည့္လို႔ရတယ္။ "

ေျပာၿပီးတာနဲ႔ သူကေခါင္းကို တျခားဖက္လွည့္ထားလိုက္တယ္။ သူေ႐ွာင္းလီမ်က္ႏွာေပၚမွာ ျဖစ္လာမယ့္ အမူအရာေတြကို မၾကည့္ရက္ဘူး။

စားပြဲေပၚမွာ အနက္ေရာင္ေသတၱာတစ္လံုး႐ွိေနတာကို အစတည္းက ေ႐ွာင္းလီ သတိထားမိ္တယ္။ အခု လီ႐ွီခ်င္း ေျပာလိုက္တဲ့စကားအရဆိုရင္ ဒီေသတၱာက မေမ်ွာင္လင့္ပဲ သူနဲ႔တစ္နည္းနည္း ဆက္စပ္ေနပံုရတယ္။ သူ႔ရင္တြင္းမွ ေၾကာက္ရြံ႕မႈတို႔ လိႈက္တက္လာရကာ လက္ႏွစ္ဖက္လံုး တုန္ယင္ေနတာ မရပ္ႏိုင္ေတာ့။ ဒါေပမယ့္လည္း ဒီေၾကာက္ရြံ႕မႈကို စိတ္ထဲကေန အတတ္ႏိုင္ဆံုးထိန္းခ်ဳပ္ရင္း ေသတၱာကို ဖြင့္လိုက္တယ္။

အထဲမွာေတာ့ လက္ေကာက္ဝတ္ကေန အျဖတ္ခံထားရတဲ့ လက္တစ္ဖက္။

ေသြးထြက္လြန္ေနလို႔ လက္က ေသြးမ႐ွိပဲ ျဖဴေဖ်ာ့ေနတယ္။ လက္ခံုမွာေတာ့ ေ႐ွာင္းယန္ဆိုတဲ့ စာလံုးႏွစ္လံုးကို ဓားထက္ထက္နဲ႔ ခပ္နက္နက္ေလး ထြင္းကာ ေရးထားတယ္။

ေရွာင္းလီ ေသတၱာကိုျမန္ျမန္ျပန္ပိတ္ကာ ေဘးဘက္ကို တြန္းထုတ္ပစ္လိုက္တယ္။ ကိုက္ခဲလာတဲ့ ေခါင္းကိုလက္နဲ႔ ဖိကိုင္ၿပီး နာက်င္စြာ အက်ယ္ႀကီး ေအာ္လိုက္မိတယ္။

လီ႐ွီခ်င္း ေ႐ွာင္းလီဆီသြားကာ ေပြ႔ဖက္ႏွစ္သိမ့္လိုက္ေတာ့ ေ႐ွာင္းလီတစ္ကိုယ္လံုး တဆတ္ဆတ္တုန္ေနတာကို ခံစားမိတယ္။ သူအရမ္း သနားေနေပမယ့္လည္း ႏူးညံ့စြာ ႏွစ္သိမ့္ေျပာဆိုေပးတာပဲ လုပ္ေပးႏိုင္တယ္။

" အရမ္းစိတ္မေကာင္း ျဖစ္မေနပါနဲ႔ "

ေ႐ွာင္းလီ ဘာမွမေျပာပဲ ေခါင္းခါလိုက္တယ္။ အခ်ိန္အေတာ္ၾကာၿပီးေနာက္ စိတ္ေအးေအးထားကာ စိတ္ကို အတတ္ႏိုင္ဆံုး ျပန္လည္စုစည္း လိုက္ၿပီး လီ႐ွီခ်င္းရဲ႕ ေပြ႔ဖက္မႈကေန ႐ုန္းထြက္လိုက္တယ္။ ထို႔ေနာက္မတ္တပ္ရပ္ကာ ထိုေသတၱာဆီ ေလ်ွာက္သြားတယ္။

လီ႐ွီခ်င္းက သူ႔ပံုစံကိုၾကည့္ၿပီး

" မင္းညီကို သြားျပန္ေခၚမယ္လို႔ေတြးေနတာလား "

လို႔ေမးလိုက္တယ္။

ေ႐ွာင္းလီ ေခါင္းၿငိမ့္ျပတယ္။

ဒါကိုျမင္ေတာ့ လီ႐ွီခ်င္းက ျပတ္သားစြာေျပာလိုက္တယ္။

" ငါမင္းကို ေခၚလိုက္တာ ဒီအေၾကာင္းေျပာျပခ်င္ရံုပဲ။ မင္းအဲ့လိုလုပ္မွာကိုေတာ့ ငါသေဘာမတူႏိုင္ဘူး။ "

ေ႐ွာင္းလီ အံအားသင့္စြာ လွည့္ၾကည့္မိတယ္။

လီ႐ွီခ်င္း ကူရာမဲ့စြာ သက္ျပင္းခ်ကာ

" လုဝူနဲ႔ ေလာ္တုန္းပို႔လိုက္တာ မင္းညီရဲ႕လက္ဆိုေတာ့ မင္းကို မေျပာလို႔မျဖစ္လို႔သာ ေျပာျပတာ။ ဒါေပမယ့္ မင္းဘဝကိုေတာ့ စေတးမခံေစခ်င္ဘူး။
မင္းနားလည္ရမွာက ေလာ္တုန္းက မင္းကိုေရာ ဟန္က်ားကိုပါ မုန္းေနတယ္ဆိုတာပဲ။ မင္းတစ္ေယာက္တည္းသြားရံုနဲ႔ေတာ့ မင္းညီကို ျပန္ရမွာမဟုတ္ဘူး။
မင္းတကယ္သြားမယ္ဆိုရင္ေတာင္ ဟန္က်ားက မင္းနဲ႔လိုက္မယ္လို႔ မင္းထင္ေနလား။ "

ေ႐ွာင္းလီ ဘာမွျပန္မေျပာႏိုင္ေသာ္ျငား ေခ်ပစရာစကား ႐ွာေနမိတယ္။

ဒါကိုၾကည့္ၿပီး လီ႐ွီခ်င္းက ျမန္ျမန္ေျပာလိုက္တယ္။

" ငါဟန္က်ားကို ဘာမွမေျပာရေသးဘူး။ အဲ့ေတာ့ မင္းေသခ်ာျပန္စဥ္းစားၾကည့္ဦး။ "

ေ႐ွာင္းလီရဲ႕ အမူအရာထဲ နာက်င္မႈနဲ႔ အေတြးေပါင္းစံု ပိတ္ေလွာင္ေနကာ သူ႔ညီရဲ႕ ဘယ္လက္ကို ထုတ္ပိုးေပးလိုက္တဲ့ ေသတၱာကို ငံု႔ၾကည့္ေနမိတယ္။

လီ႐ွီခ်င္းကေတာ့ ေျပာစရာ႐ွိတာ ဆက္ေျပာတယ္။

" ၿပီးေတာ့ မင္းတို႔သြားတာနဲ႔ မင္းတို႔ဘဝေတာ့သြားၿပီပဲ။ ဒီတိုင္းျပည္ထဲက တျခားဂိုဏ္းကလည္း ေျပာမွာေပါ့။ လုဝူဆီက စကားေလးတစ္ခြန္းနဲ႔တင္ လီ႐ွီခ်င္းက သူ႔လက္ရံုးႏွစ္ေယာက္ကို ႐ို႐ိုက်ိဳးက်ိဳးနဲ႔ ပို႔လိုက္တယ္ဆိုၿပီးေတာ့။ ေနာက္က်ရင္ ငါ့ကို ဘယ္သူကေလးစားေတာ့မွာလဲ။ "

ေ႐ွာင္းလီ ေက်ာ႐ိုးထဲကေနကို တသိမ့္သိမ့္တုန္လာတယ္။

" ကြၽန္ေတာ့္ညီကို ဂ႐ုစိုက္မေနနဲ႔လို႔ ေျပာခ်င္တာလား ခ်င္းရယ္ "

လီ႐ွီခ်င္းထိုင္ရာမွထကာ ေ႐ွာင္းလီ ပုခံုးကိုပုတ္ေပးလိုက္တယ္။

" ေရွာင္းလီ၊ ရည္မွန္းခ်က္ႀကီးတဲ့ ေယာက်္ားေတြမွာ လုပ္ကိုလုပ္ရမယ့္ အရာေတြ႐ွိတယ္။ ကိုယ့္ရည္မွန္းခ်က္ေအာင္ျမင္ဖို႔ စြန္႔လႊတ္စရာ႐ွိတာ စြန္႔လႊတ္ရမယ့္ အခ်ိန္ေတြလည္း႐ွိတယ္။ ႏွစ္ေတြဒီေလာက္ၾကာလာၿပီ။
ဂိုဏ္းက မင္းကို ဘယ္လိုသေဘာထားခဲ့လဲ။ ဟန္က်ားကေရာ မင္းကို ဘယ္လိုသေဘာထားခဲ့လဲ။ ငါ လီ႐ွီခ်င္းကေရာ မင္းအေပၚ ဘယ္လိုသေဘာထားခဲ့လဲ။
မင္း သိတတ္ဖို႔ေကာင္းတယ္။ မင္းညီနဲ႔ ယွဥ္ရင္ ဘယ္ဟာက အေရးႀကီးလဲ မႀကီးသလဲဆိုတာ မင္းအရင္ဆံုး ခ်င့္ခ်ိန္စဥ္းစားရမယ္ေလ။ "

ေ႐ွာင္းလီ အခ်ိန္အၾကာႀကီး တိတ္ဆိတ္ေနၿပီးမွသူ႔မ်က္ႏွာကို လက္ႏွစ္ဖက္ၾကားမွာ ကြယ္ျမႇဳပ္ရင္း

" ခ်င္းရယ္.... ကြၽန္ေတာ္လုပ္ႏိုင္တာ တျခားဘာမွမ႐ွိဘူး။ ကြၽန္ေတာ့္ကို အခ်ိန္ေပးလို႔ရမလား။ အခု ဘာမွမစဥ္းစားႏိုင္ေသးလို႔.... "

ေနာက္ထပ္ သက္ျပင္း႐ွည္ႀကီး ခ်ရင္း လီ႐ွီခ်င္းသူ႔ကို ခဏစိုက္ၾကည့္လိုက္တယ္။

" မနက္ျဖန္ ငါ့ကို ျပန္လာေတြ႔ဦး "

ေခါင္းကို ျဖည္းညင္းစြာ ၿငိမ့္ျပၿပီး ေသတၱာကိုပိုက္ရင္း အျပင္ဘက္တံခါးဆီကို ေတြေဝမိန္းေမာစြာ ေ႐ွာင္းလီထြက္လာတယ္။

" ေ႐ွာင္းလီ..... "

လီ႐ွီခ်င္းက ေနာက္ကေန ေအာ္ေခၚတယ္။

ေ႐ွာင္းလီ ေျခလွမ္းတို႔ တံု႔ဆိုင္းသြားတယ္။

" ေနာက္ပိုင္း မင္းဘယ္လိုပဲ လက္စားေခ်ခ်င္ခ်င္ ငါကူညီေပးမယ္။ လုဝူရဲ႕ အသက္ကိုလိုခ်င္ရင္ေတာင္ မင္းကိုရေအာင္ ကူညီမယ္။ "

ေ႐ွာင္းလီ ဘာမွကိုျပန္ေျပာမေနပဲ အျပင္ကိုသာထြက္လာလိုက္တယ္။

ေသတၱာကို ကားေ႐ွ႕ခန္းက ခရီးသည္ခံုမွာတင္ကာ ကားထဲ အၾကာႀကီးထိုင္ေနလိုက္တယ္။

ထိုင္ေနရင္းနဲ႔ပဲ သူ႔ေခါင္းထဲ မဆံုးႏိုင္တဲ့ အေတြးေတြ ဝင္ေရာက္လာတယ္။

ခ်စ္စဖြယ္မ်က္ႏွာေလးနဲ႔ သူ႔ေနာက္မွာပုန္းေနတဲ့ သူ႔ညီ ကေလးတုန္းကပံုေလးရယ္၊ သူ႔ညီကို ေစာင့္ေ႐ွာက္ေပးမွာပါလို႔ သူ႔အေမအုတ္ဂူေ႐ွ႕မွာ ကတိေပးခဲ့တာရယ္၊သူ႔ညီက တစ္ေန႔ထက္တစ္ေန႔ သူ႔ကိုမုန္းသထက္မုန္းလာေပမယ့္ အခ်ိန္ေတြကို ျပန္လွည့္ရေလာက္ေအာင္ သူ႔မွာအစြမ္းမ႐ွိတာရယ္၊ သူ႔ခ်စ္သူမိန္းကေလးနဲ႔ဆို သူ႔ညီဘယ္ေလာက္ေတာင္ ေပ်ာ္ေနခဲ့လဲဆိုတာရယ္ စတဲ့အေတြးေတြ......

အဲ့အေတြးေတြ သူ႔ေခါင္းထဲမွာအဆက္မျပတ္ ျပည့္လ်ွံေနခဲ့တယ္။ ထို႔ေနာက္ သူက်င္းတင္ကိုေမာင္းထြက္လာတယ္။

သို႔ေသာ္...

သူ ဟန္က်ားကို ဆြဲမထည့္ႏိုင္။

ဟန္က်ားဆိုတာ သူ႔ဘဝရဲ႕ ေပ်ာ္တစ္လွည့္ငိုတစ္ခါ အခ်ိန္ေတြကိုအတူျဖတ္သန္းခဲ့တဲ့ သူငယ္ခ်င္းေကာင္း...

သူ႔ဘဝရဲ႕ ေသြးလႊမ္းခဲ့တဲ့ေန႔ေတြမွာ သူ႔ကိုအေဖာ္ျပဳကာ သူ႔ေဘးမွာရပ္တည္ေပးခဲ့သူ....

သူတို႕ဟာ လက္႐ွိႂကြယ္ဝမႈေတြသာမက တစ္ေယာက္ အတိတ္ကို တစ္ေယာက္ ရင္းႏွီးၿပီးသားသူေတြျဖစ္တယ္။

သူ႔ညီအတြက္နဲ႔ ဟန္က်ားအနာဂတ္ကို စြန္႔လႊတ္ခိုင္းခြင္႔သူ႔မွာမ႐ွိ။

က်င္းတင္နားေရာက္ကာမွ ေ႐ွာင္းလီဘရိတ္နင္းကာ ကားကိုျပန္ေကြ႔လိုက္တယ္။

ေအးစက္ၿပီး အထီးက်န္ေနတဲ့ ' အိမ္ ' ဆိုတဲ့ အေဆာင္ကိုလည္း သူမျပန္ခ်င္။

သူ႔ကို လီေကာလို႔ေခၚၿပီး သူ႔အတြက္စိတ္ရင္းနဲ႔ အသက္ေပးကာ ကိုးကြယ္ေနတဲ့ လက္ေအာက္ငယ္သားေတြဆီလည္း မသြားခ်င္။

သူမ်ား သားပ်ိဳသမီးပ်ိဳေတြကို ဖ်က္ဆီးကာ အက်င့္ပ်က္ျခစားေနတဲ့ ေဖ်ာ္ေျဖေရးေနရာေတြလည္း သူမသြားခ်င္။

ၿမိဳ႕ထဲလမ္းေဘးတစ္ေနရာမွာ ကားထိုးရပ္ရင္း သူ႐ုတ္တရက္ေတြးမိတယ္။

ကမၻာႀကီး ဘယ္ေလာက္က်ယ္က်ယ္ သူခိုနားစရာေနရာရယ္လို႔မ႐ွိ။ သူပိုင္တဲ့ေနရာရယ္လို႔ မ႐ွိ။

-----------------------------------------------------

အပိုင်း ၂၅

Unicode

လီရှီချင်းရဲ့ဗီလာက မြို့ရဲ့အထင်ကရအိမ်ယာတွေရှိတဲ့ဧရိယာမှာတည်ရှိတယ်။

ရှောင်းလီ စိတ်ထဲစိုးထိတ်နေမိပြီး လမ်းတစ်လျောက် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေခဲ့ကာ ခေါ်ဆိုထားတဲ့နေရာကို မြန်မြန်ရောက်ရှိသွားသော်ငြား ကြောက်လန့်မှုကတော့ လွင့်ပျယ်မသွားသေးချေ။ အိမ်ယာဝင်း ဝင်ပေါက်ကိုဝင်လာတော့ ဗီလာရှေ့မှာ ကားနှစ်စီးရပ်ထားတာကိုတွေ့ရတယ်။
ရှောင်းလီလည်း အဲ့ကားတွေနားမှာပဲ ပါကင်ထိုးလိုက်တယ်။ ရပ်ထားတဲ့ကားနှစ်စီးပေါ်မှာတော့ လီရှီချင်းရဲ့ လူနှစ်ယောက်ဖြစ်တဲ့ ဖန်းဖန်နဲ့ လျို့ကျီးချန်ကိုတွေ့လိုက်ရတယ်။
ထိုလူနှစ်ယောက်က သူ့ကိုမြင်တော့ သနားသလိုအကြည့်တွေနဲ့ကြည့်ကြတယ်။ လျို့ကျီးချန်က ရှောင်းလီနဲ့ နည်းနည်းပိုရင်းနှီးလို့ ရှောင်းလီကို သူကပဲ စကားအရင်စပြောတယ်။

" မြန်မြန်ဝင်သွားလိုက်။ချင်းရယ်မင်းကို စောင့်နေတယ်။ "

လေးလံနေတဲ့စိတ်နဲ့ ရှောင်းလီအထဲကိုဝင်သွားချိန် လီရှီချင်းက မီးဖိုချောင်ထဲက ဆိုဖာပေါ်ထိုင်ကာ ဆေးပြင်းလိပ်သောက်နေတယ်။

" ချင်းရယ်.. "

ရှောင်းလီ ကိုယ်ကိုအနည်းငယ် ကိုင်းညွတ်ကာနှုတ်ဆက်ရင်း

" ကျွန်တော့်ညီ... "

လီရှီချင်းက လက်ကိုဝေ့ယမ်းပြကာ ရှောင်းလီကို နှုတ်ဆိတ်စေတယ်။

သက်ပြင်းချပြီးနောက် သူ့နားကိုလာဖို့ လီရှီချင်းက အချက်ပြတယ်။

" အရင် ထိုင်ပါဦး။ ဘာသောက်ချင်လဲ။ "

မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်တဲ့ ရှောင်းလီက အနည်းငယ်စိုးရိမ်နေတဲ့ လေသံနဲ့

" မလိုပါဘူး ချင်းရယ်။ ကျွန်တော့ညီ ဘာဖြစ်တာလဲ "

လီရှီချင်းက ခဏလောက် တိတ်ဆိတ်နေပြီးမှ

" မင်းလုပ်ကြံခံရတုန်းက လော်တုန်းကမင်းကို လက်စားချေချင်လို့ လုပ်တယ်ထင်တယ် လို့ မင်းပြောခဲ့တယ်မှတ်လား။ "

" ဟုတ်ကဲ့ "

" မင်းအဲ့လိုပြောလို့ ကျီးချန်ကို ငါအဲ့ကိစ္စစုံစမ်းခိုင်းလိုက်တယ်။ သူက အဲ့မှာ လုပ်ငန်းစလုပ်နေပြီဆိုတော့ မြန်မြန်ပဲစုံစမ်းလို့ရလာတယ်။ "

လီရှီချင်း ပြောနေရင်း ခဏရပ်ပြီးမှ ဆက်ပြောတယ်။

" လော်တုန်း အနီးအနားက နယ်ကိုထွက်ပြေးသွားတုန်းက မွေးစားအဖေတစ်ယောက် ရလ်ိုက်တယ်တဲ့။ အဲ့ဒီလူက လုဝူရယ်ပဲ "

ရှောင်းလီ ခေတ္တမျှ ကြောင်အသွားတယ်။ နေရာချင်းဝေးနေကြပေမယ့် လုဝူရယ်မှာ ယန့်ကျီမြစ်တစ်လျောက် ဖြန့်ကျက်ထားနိုင်လောက်တဲ့ တောင်ပံတွေရှိတယ်။

လီရှီချင်း စကားဆက်ပြောရင်း မျက်မှောင်ကြုံ့လာတယ်။

" လော်တုန်းက ဒီကနေ ငါတို့မောင်းထုတ်ခံလိုက်ရပေမယ့် အခုသူ့ကို ထောက်ပံ့ပေးမယ့်သူ ရှာတွေ့ထားတယ်။
ဒီက သူ့ပိုင်နက်ကိုပြန်လိုချင်တယ်ဆိုရင် ငါတို့ဒုက္ခရောက်မယ်။ အဲ့ဒါကြောင့် ငါ စွန်းကျဲယွီကို သွားတွေ့ရတာ။
သူကနေတစ်ဆင့် လုဝူရယ်နဲ့ဆက်သွယ်လို့ရအောင်။ ငါထင်ထားတာနဲ့မတူပဲ လုဝူရယ်ကရည်မွန်ပြီး စကားလည်း ပြောတတ်ဆိုတတ်တယ်။
သူ့မွေးစားသားက မောင်းထုတ်ခံလိုက်ရတာမို့ ဒီစိတ်နာစရာနေရာဆီ ပြန်မသွားစေချင်ဘူး တဲ့။ သူတောင်းဆိုတာကိုပဲ ငါတို့ကိုလုပ်ပေးစေချင်တာ။
အဲ့လိုသာဆို ငါတို့အခက်တွေ့အောင် သူမလုပ်ပါဘူးတဲ့လေ။ "

ရှောင်းလီစိတ်ထဲ ဘာကိုတောင်းဆိုမလဲဆိုတာကို အလိုလိုသိနေသလိုပဲ။

" သူက ဘာကိုများတောင်းဆိုတာလဲ "

" သူက မင်းနဲ့ဟန်ကျားကို သူ့ဆီလက်လွှဲခိုင်းတာ။ ဟန်ကျားက လော်တုန်းကို ကလိမ်ကကျစ်ကျပြီး ရဲလက်ထဲရောင်းစားခဲ့တာ တဲ့။
ပြီးတော့မင်းက.... သူ့ခြေထောက်ကို အကြောသေအောင် လုပ်ခဲ့တယ်။ သူက တခြားသူတွေကို တာဝန်မယူခိုင်းချင်ပဲ မင်းတို့ကိုတော့ လွှတ်မပေးနိုင်ဘူးတဲ့လေ။
ပြီးတော့ ဟန်ကျားရဲ့လုပ်ငန်းတွေနှောင့်ယှက်ခံရတာနဲ့ မင်းလုပ်ကြံခံရတာတွေတာက သူလုပ်တာပါလို့လည်း ပြောသွားသေးတယ်။ "

ထိုစကားတွေကို ရှောင်းလီကတော့ ထူးထွေပြီး အံ့သြမနေတော့။

" ချင်းရယ် ကျွန်တော်တို့ကိုဘာလို့ဒီကိစ္စမပြောခဲ့တာလဲ "

လီရှီချင်းက သူ့ကို ခပ်တွေတွေလေးကြည့်လိုက်တယ်။

" မင်းတို့နှစ်ယောက်ကို ငါမှလက်မလွှဲပေးချင်တာ။ ဘာလို့ပြောပြရမှာလဲ။ "

ရှောင်းလီခေါင်းငုံ့ကာ ဖျော့တော့စွာပြောလိုက်တယ်။

" ကျေးဇူးတင်ပါတယ် ချင်းရယ် "

" ငါ့ကို ကျေးဇူးတင်မစောနဲ့ဦး "

လီရှီချင်း နောက်တစ်ခါသက်ပြင်းထပ်ချတယ်။

" မင်းတို့နှစ်ယောက်လုံး ငါ့ညာလက်ရုံးတွေပဲဟာ။ သူ့ဆီလွယ်လွယ်နဲ့လက်လွှဲပေးလိုက်ရင် ငါ့မျက်နှာဘယ်နားသွားထားရမလဲ။
ဒါပေမယ့် ငါ့အနေနဲ့ တတ်နိုင်တာလည်း ဘာမှတော့မရှိဘူး။ ငါသူနဲ့ အချိန်အကြာကြီး ဆွေးနွေးခဲ့ပြီးပြီ။ သူ့အတွက်အမြတ်ထွက်မယ့် အပေးအယူတွေလည်း လုပ်ကြည့်ပြီးပြီ။
ဒါပေမယ့် ဒီတစ်လျောက်လုံး ငါ့ကို ဘာမှတိတိကျကျအကြောင်းမပြန်ဘူး။ ဒီမနက်မတိုင်ခင်ထိပေါ့။ ဒီမနက်ကတော့ အကြောင်းထူးလာတယ်။ "

လီရှီချင်း သက်ပြင်းထပ်ချတယ်။

" အဲ့ဒါက စားပွဲပေါ်မှာ။ မင်းဟာမင်းယူကြည့်လို့ရတယ်။ "

ပြောပြီးတာနဲ့ သူကခေါင်းကို တခြားဖက်လှည့်ထားလိုက်တယ်။ သူရှောင်းလီမျက်နှာပေါ်မှာ ဖြစ်လာမယ့် အမူအရာတွေကို မကြည့်ရက်ဘူး။

စားပွဲပေါ်မှာ အနက်ရောင်သေတ္တာတစ်လုံးရှိနေတာကို အစတည်းက ရှောင်းလီ သတိထားမ်ိတယ်။ အခု လီရှီချင်း ပြောလိုက်တဲ့စကားအရဆိုရင် ဒီသေတ္တာက မမျှောင်လင့်ပဲ သူနဲ့တစ်နည်းနည်း ဆက်စပ်နေပုံရတယ်။ သူ့ရင်တွင်းမှ ကြောက်ရွံ့မှုတို့ လှိုက်တက်လာရကာ လက်နှစ်ဖက်လုံး တုန်ယင်နေတာ မရပ်နိုင်တော့။ ဒါပေမယ့်လည်း ဒီကြောက်ရွံ့မှုကို စိတ်ထဲကနေ အတတ်နိုင်ဆုံးထိန်းချုပ်ရင်း သေတ္တာကို ဖွင့်လိုက်တယ်။

အထဲမှာတော့ လက်ကောက်ဝတ်ကနေ အဖြတ်ခံထားရတဲ့ လက်တစ်ဖက်။

သွေးထွက်လွန်နေလို့ လက်က သွေးမရှိပဲ ဖြူဖျော့နေတယ်။ လက်ခုံမှာတော့ ရှောင်းယန်ဆိုတဲ့ စာလုံးနှစ်လုံးကို ဓားထက်ထက်နဲ့ ခပ်နက်နက်လေး ထွင်းကာ ရေးထားတယ်။

ရှောင်းလီ သေတ္တာကိုမြန်မြန်ပြန်ပိတ်ကာ ဘေးဘက်ကို တွန်းထုတ်ပစ်လိုက်တယ်။ ကိုက်ခဲလာတဲ့ ခေါင်းကိုလက်နဲ့ ဖိကိုင်ပြီး နာကျင်စွာ အကျယ်ကြီး အော်လိုက်မိတယ်။

လီရှီချင်း ရှောင်းလီဆီသွားကာ ပွေ့ဖက်နှစ်သိမ့်လိုက်တော့ ရှောင်းလီတစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေတာကို ခံစားမိတယ်။ သူအရမ်း သနားနေပေမယ့်လည်း နူးညံ့စွာ နှစ်သိမ့်ပြောဆိုပေးတာပဲ လုပ်ပေးနိုင်တယ်။

" အရမ်းစိတ်မကောင်း ဖြစ်မနေပါနဲ့ "

ရှောင်းလီ ဘာမှမပြောပဲ ခေါင်းခါလိုက်တယ်။ အချိန်အတော်ကြာပြီးနောက် စိတ်အေးအေးထားကာ စိတ်ကို အတတ်နိုင်ဆုံး ပြန်လည်စုစည်း လိုက်ပြီး လီရှီချင်းရဲ့ ပွေ့ဖက်မှုကနေ ရုန်းထွက်လိုက်တယ်။ ထို့နောက်မတ်တပ်ရပ်ကာ ထိုသေတ္တာဆီ လျှောက်သွားတယ်။

လီရှီချင်းက သူ့ပုံစံကိုကြည့်ပြီး

" မင်းညီကို သွားပြန်ခေါ်မယ်လို့တွေးနေတာလား "

လို့မေးလိုက်တယ်။

ရှောင်းလီ ခေါင်းငြိမ့်ပြတယ်။

ဒါကိုမြင်တော့ လီရှီချင်းက ပြတ်သားစွာပြောလိုက်တယ်။

" ငါမင်းကို ခေါ်လိုက်တာ ဒီအကြောင်းပြောပြချင်ရုံပဲ။ မင်းအဲ့လိုလုပ်မှာကိုတော့ ငါသဘောမတူနိုင်ဘူး။ "

ရှောင်းလီ အံအားသင့်စွာ လှည့်ကြည့်မိတယ်။

လီရှီချင်း ကူရာမဲ့စွာ သက်ပြင်းချကာ

" လုဝူနဲ့ လော်တုန်းပို့လိုက်တာ မင်းညီရဲ့လက်ဆိုတော့ မင်းကို မပြောလို့မဖြစ်လို့သာ ပြောပြတာ။ ဒါပေမယ့် မင်းဘဝကိုတော့ စတေးမခံစေချင်ဘူး။
မင်းနားလည်ရမှာက လော်တုန်းက မင်းကိုရော ဟန်ကျားကိုပါ မုန်းနေတယ်ဆိုတာပဲ။ မင်းတစ်ယောက်တည်းသွားရုံနဲ့တော့ မင်းညီကို ပြန်ရမှာမဟုတ်ဘူး။
မင်းတကယ်သွားမယ်ဆိုရင်တောင် ဟန်ကျားက မင်းနဲ့လိုက်မယ်လို့ မင်းထင်နေလား။ "

ရှောင်းလီ ဘာမှပြန်မပြောနိုင်သော်ငြား ချေပစရာစကား ရှာနေမိတယ်။

ဒါကိုကြည့်ပြီး လီရှီချင်းက မြန်မြန်ပြောလိုက်တယ်။

" ငါဟန်ကျားကို ဘာမှမပြောရသေးဘူး။ အဲ့တော့ မင်းသေချာပြန်စဉ်းစားကြည့်ဦး။ "

ရှောင်းလီရဲ့ အမူအရာထဲ နာကျင်မှုနဲ့ အတွေးပေါင်းစုံ ပိတ်လှောင်နေကာ သူ့ညီရဲ့ ဘယ်လက်ကို ထုတ်ပိုးပေးလိုက်တဲ့ သေတ္တာကို ငုံ့ကြည့်နေမိတယ်။

လီရှီချင်းကတော့ ပြောစရာရှိတာ ဆက်ပြောတယ်။

" ပြီးတော့ မင်းတို့သွားတာနဲ့ မင်းတို့ဘဝတော့သွားပြီပဲ။ ဒီတိုင်းပြည်ထဲက တခြားဂိုဏ်းကလည်း ပြောမှာပေါ့။ လုဝူဆီက စကားလေးတစ်ခွန်းနဲ့တင် လီရှီချင်းက သူ့လက်ရုံးနှစ်ယောက်ကို ရိုရိုကျိုးကျိုးနဲ့ ပို့လိုက်တယ်ဆိုပြီးတော့။ နောက်ကျရင် ငါ့ကို ဘယ်သူကလေးစားတော့မှာလဲ။ "

ရှောင်းလီ ကျောရိုးထဲကနေကို တသိမ့်သိမ့်တုန်လာတယ်။

" ကျွန်တော့်ညီကို ဂရုစိုက်မနေနဲ့လို့ ပြောချင်တာလား ချင်းရယ် "

လီရှီချင်းထိုင်ရာမှထကာ ရှောင်းလီ ပုခုံးကိုပုတ်ပေးလိုက်တယ်။

" ရှောင်းလီ၊ ရည်မှန်းချက်ကြီးတဲ့ ယောက်ျားတွေမှာ လုပ်ကိုလုပ်ရမယ့် အရာတွေရှိတယ်။ ကိုယ့်ရည်မှန်းချက်အောင်မြင်ဖို့ စွန့်လွှတ်စရာရှိတာ စွန့်လွှတ်ရမယ့် အချိန်တွေလည်းရှိတယ်။ နှစ်တွေဒီလောက်ကြာလာပြီ။
ဂိုဏ်းက မင်းကို ဘယ်လိုသဘောထားခဲ့လဲ။ ဟန်ကျားကရော မင်းကို ဘယ်လိုသဘောထားခဲ့လဲ။ ငါ လီရှီချင်းကရော မင်းအပေါ် ဘယ်လိုသဘောထားခဲ့လဲ။
မင်း သိတတ်ဖို့ကောင်းတယ်။ မင်းညီနဲ့ ယှဉ်ရင် ဘယ်ဟာက အရေးကြီးလဲ မကြီးသလဲဆိုတာ မင်းအရင်ဆုံး ချင့်ချိန်စဉ်းစားရမယ်လေ။ "

ရှောင်းလီ အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှသူ့မျက်နှာကို လက်နှစ်ဖက်ကြားမှာ ကွယ်မြှုပ်ရင်း

" ချင်းရယ်.... ကျွန်တော်လုပ်နိုင်တာ တခြားဘာမှမရှိဘူး။ ကျွန်တော့်ကို အချိန်ပေးလို့ရမလား။ အခု ဘာမှမစဉ်းစားနိုင်သေးလို့.... "

နောက်ထပ် သက်ပြင်းရှည်ကြီး ချရင်း လီရှီချင်းသူ့ကို ခဏစိုက်ကြည့်လိုက်တယ်။

" မနက်ဖြန် ငါ့ကို ပြန်လာတွေ့ဦး "

ခေါင်းကို ဖြည်းညင်းစွာ ငြိမ့်ပြပြီး သေတ္တာကိုပိုက်ရင်း အပြင်ဘက်တံခါးဆီကို တွေဝေမိန်းမောစွာ ရှောင်းလီထွက်လာတယ်။

" ရှောင်းလီ..... "

လီရှီချင်းက နောက်ကနေ အော်ခေါ်တယ်။

ရှောင်းလီ ခြေလှမ်းတို့ တုံ့ဆိုင်းသွားတယ်။

" နောက်ပိုင်း မင်းဘယ်လိုပဲ လက်စားချေချင်ချင် ငါကူညီပေးမယ်။ လုဝူရဲ့ အသက်ကိုလိုချင်ရင်တောင် မင်းကိုရအောင် ကူညီမယ်။ "

ရှောင်းလီ ဘာမှကိုပြန်ပြောမနေပဲ အပြင်ကိုသာထွက်လာလိုက်တယ်။

သေတ္တာကို ကားရှေ့ခန်းက ခရီးသည်ခုံမှာတင်ကာ ကားထဲ အကြာကြီးထိုင်နေလိုက်တယ်။

ထိုင်နေရင်းနဲ့ပဲ သူ့ခေါင်းထဲ မဆုံးနိုင်တဲ့ အတွေးတွေ ဝင်ရောက်လာတယ်။

ချစ်စဖွယ်မျက်နှာလေးနဲ့ သူ့နောက်မှာပုန်းနေတဲ့ သူ့ညီ ကလေးတုန်းကပုံလေးရယ်၊ သူ့ညီကို စောင့်ရှောက်ပေးမှာပါလို့ သူ့အမေအုတ်ဂူရှေ့မှာ ကတိပေးခဲ့တာရယ်၊သူ့ညီက တစ်နေ့ထက်တစ်နေ့ သူ့ကိုမုန်းသထက်မုန်းလာပေမယ့် အချိန်တွေကို ပြန်လှည့်ရလောက်အောင် သူ့မှာအစွမ်းမရှိတာရယ်၊ သူ့ချစ်သူမိန်းကလေးနဲ့ဆို သူ့ညီဘယ်လောက်တောင် ပျော်နေခဲ့လဲဆိုတာရယ် စတဲ့အတွေးတွေ......

အဲ့အတွေးတွေ သူ့ခေါင်းထဲမှာအဆက်မပြတ် ပြည့်လျှံနေခဲ့တယ်။ ထို့နောက် သူကျင်းတင်ကိုမောင်းထွက်လာတယ်။

သို့သော်...

သူ ဟန်ကျားကို ဆွဲမထည့်နိုင်။

ဟန်ကျားဆိုတာ သူ့ဘဝရဲ့ ပျော်တစ်လှည့်ငိုတစ်ခါ အချိန်တွေကိုအတူဖြတ်သန်းခဲ့တဲ့ သူငယ်ချင်းကောင်း...

သူ့ဘဝရဲ့ သွေးလွှမ်းခဲ့တဲ့နေ့တွေမှာ သူ့ကိုအဖော်ပြုကာ သူ့ဘေးမှာရပ်တည်ပေးခဲ့သူ....

သူတို့ဟာ လက်ရှိကြွယ်ဝမှုတွေသာမက တစ်ယောက် အတိတ်ကို တစ်ယောက် ရင်းနှီးပြီးသားသူတွေဖြစ်တယ်။

သူ့ညီအတွက်နဲ့ ဟန်ကျားအနာဂတ်ကို စွန့်လွှတ်ခိုင်းခွင့်သူ့မှာမရှိ။

ကျင်းတင်နားရောက်ကာမှ ရှောင်းလီဘရိတ်နင်းကာ ကားကိုပြန်ကွေ့လိုက်တယ်။

အေးစက်ပြီး အထီးကျန်နေတဲ့ ' အိမ် ' ဆိုတဲ့ အဆောင်ကိုလည်း သူမပြန်ချင်။

သူ့ကို လီကောလို့ခေါ်ပြီး သူ့အတွက်စိတ်ရင်းနဲ့ အသက်ပေးကာ ကိုးကွယ်နေတဲ့ လက်အောက်ငယ်သားတွေဆီလည်း မသွားချင်။

သူများ သားပျိုသမီးပျိုတွေကို ဖျက်ဆီးကာ အကျင့်ပျက်ခြစားနေတဲ့ ဖျော်ဖြေရေးနေရာတွေလည်း သူမသွားချင်။

မြို့ထဲလမ်းဘေးတစ်နေရာမှာ ကားထိုးရပ်ရင်း သူရုတ်တရက်တွေးမိတယ်။

ကမ္ဘာကြီး ဘယ်လောက်ကျယ်ကျယ် သူခိုနားစရာနေရာရယ်လို့မရှိ။ သူပိုင်တဲ့နေရာရယ်လို့ မရှိ။

Continue Reading

You'll Also Like

1.7M 123K 67
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...
2.2M 79.3K 79
ငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံ...
1.4M 84K 139
မြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ...