Secret Monster

By ErigomTdoo

14.3K 2K 447

#Chansoo #Kaisoo More

Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep-14
Note
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Ep - 25
Ep - 26
Ep - 28
Ep - 29
Ep - 30
Ep - 31
Ep - 32
Ep - 33
Ep - 34
Ep - 35
Ep - 36
Ep - 37
38
Ep - 39
Ep - 40
Ep - 41
Ep - 42
Ep - 43
Ep - 44
Ep - 45
Ep - 46
Ep - 47
Ep - 48 ( uni )
Ep - 49 ( uni )
Final ( uni )

Ep - 27

205 42 9
By ErigomTdoo

မနက်ခင်း၏ အလင်းရောင်နှင့်အတူ နိုးလာတော့ မနေ့ညက သူ့အားနေခိုင်းသောအခန်းမပြန်ဖြစ်တော့ပဲ ဆရာ့အခန်းမှာ အိပ်ဖြစ်သွားတာကို Kyungsoo သတိရသွားပြီး သူ၏ ဘေးနားမှာလှဲလျောင်းနေဦးမယ့်တစ်ဖက်လူအား အသာကိုယ်လေးလှည့်ကာ ကြည့်လိုက်တော့ သူ၏ အဆုံးအထိ အချစ်တွေနှင့် ချစ်ရသူ၏ အိပ်စက်နေသော မျက်နှာလေးကြောင့် အရမ်းကိုတုန်လှုပ်ရပါတယ် ။

ဆရာဟာအရမ်းချောတယ် ကြည့်ကောင်းတယ် ဒီရုပ်ရည်ကို ကျောင်းမှာဆို ကျောင်းသူ တွေဘယ်လောက်အထိ သဘောကျကြလည်းတွေးမိတော့ ... အခုလည်း ဆရာ့ကိုသဘောကျနေတဲ့လူတွေ ထပ်ရှိနေဦးမယ့်အကြောင်းတွေးမိတော့ ရင်ထဲမှာ ပြည့်ကျပ်ကျပ်ခံစားလာရသည် ။

သိမ်ငယ်မိတယ် ... တစ်ဆက်ထဲမှာပဲ ဆရာ့ဆီက ကံကောင်းမှုတွေရနေတဲ့ ကျွန်တော်ဟာ ထိုကောင်းချီးပေးခံရတဲ့ အနေအထားလေးကို အလွန်ပျော်နေမိသည် ။ ဆရာပေးသော အစိတ်အပိုင်းအသေးကို ကျွန်တော်ဟာ ကမ္ဘာကြီးတစ်ခုလုံးအပိုင်ရနေသလို ခံစားနေရပြန်တယ် ။ ဒါဟာ လူတွေပြောကြတဲ့ အချစ်များလား ? ...

" နိူးနေပြီလား "

Kyungsoo ကပြုံးကာ ခေါင်းငြိမ့်လိုက်သည် ။ သူဟာ အရှေ့ မျက်နှာချင်းဆိုင်ကလူသား၏ ဆွဲဆောင်မှုအောက်မှာ စက်ရုပ်တစ်ခုလိုလှုပ်ရှားနေတယ် ။ Chanyeol ကတော့ သူ့အရှေ့က ကောင်လေး၏ အိမ်မုန်စုတ်ဖွားလေးဖြစ်နေသော ဆံပင်များကို ဖွလိုက်ပြီး အိပ်ယာပေါ်ကနေ ထလိုက်သည် ။ နာရီကိုကြည့်တော့ ၇နာရီဖြစ်နေပြီဖြစ်သည်

" ထတော့ ကိုယ်နဲ့ ဆိုင်လိုက်ခဲ့မှာလား"

" ဟုတ်ကဲ့ "

Kyungsoo ဟာ သူ့ရဲ့ ရဲပတောင်းခက်နေသော မျက်နှာလေးကိုကွယ်လျက်ပြန်ဖြေလိုက်သည် ။ Chanyeol ကတော့ အကျင်္ီဗလာဖြင့် ရေချိုးရန် ရေချိုးခန်းထဲ၀င်သွားပြီဖြစ်သည် ။ အခုထိ ရှက်နေသော ကောင်လေးကတော့ သူ့ရဲ့ အလွန်ခုန်နေသော ရင်ဘက်၏ အရှိန်ကိုထိန်းလျက် အိပ်ယာပေါ်ကနေ ထလိုက်သည် ။ ထို့နောက် သူအခန်းထဲက ထွက်သွားတော့တယ် ... Chanyeol အခန်းထဲကနေထွက်လာတော့ Kyungsoo က အကျင်္ီလှဲကာ အပြင်သွားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည် ။

အနောက်ပိုင်း၀တ်စုံဖြင့် သပ်ရပ်လွန်းသော chanyeol အား သူ့အနေဖြင့် စားသောက်ဆိုင်လေးသွားဖို့ ဒီလောက်ပြင်စရာလိုလို့လားဟုတွေးမိပေမဲ့ တကယ်တမ်း chanyeol ၏ စားသောက်ဆိုင်ကို အရောက်မှာ သူအတော်လေး ပါးစပ်မပိတ်နိုင်အောင်ဖြစ်ခဲ့ရပါတယ် ။

အနောက်တိုင်း အဆင့်မြင့်အစားသောက်ဆိုင်မှာ ၃ထပ်အမြင့်ရှိရုံမက မြေအောက်ထပ်ပါရှိသေးသည် ကျယ်၀န်းသောအဆောက်အဦးကြီးဟာ 5stars hotel တစ်ခုနီးပါးရှိပြီး အရမ်းကို ခမ်းနားကာ ဘေးပတ်ပတ်လည်၌လည်း သူအရမ်းသဘောကျရသော ပန်းချီးကားများကို ပြခင်းထားသည် ။

" လိုက်ကြည့်နေလေ ကိုယ်နည်းနည်းအလုပ်ရှုပ်မယ် "

" ဟုတ်ကဲ့ ဆရာ "

Chanyeol ကတော့ သူ့ရဲ့မန်နေဂျာနှင့်အတူထွက်သွားခိုက် Kyungsoo ကတော့ အရမ်းကိုလှပသော အဆောက်အဦးကြီးအနှ့ံ လိုက်ကြည့်နေလိုက်သည် ။ အဲ့နောက် VVIP ဧည့်သည်များအတွက်သာဟု ခေါင်းစဥ်တပ်ထားသော ခန်းမဆောင်၏ မှန်တံခါးကို သူဖွင့်လိုက်သည် ။ အဲ့မှာ ရုတ်တရက် သူ့အနားကဖြတ်သွားသော waiter တစ်ဦးကို တိုက်မိမလိုဖြစ်သွားကာ လင်ဗန်းထဲက ရှန်ပိန်ပုလင်းဟာ ကြမ်းပြင်ပေါ်ကိုကျကာ ခွမ်းခနဲကွဲသွားတော့သည် ။ အဲ့မှာ ဘေးက ဧည့်သည်ကိုလည်း အနည်းငယ်စင်သွားသေးတယ် ။

" ဒီကောင်စုတ်ကို ဘယ်သူ၀င်ခွင့်ပြုလိုက်တာလဲ ? "

ထိုနေရာမှ ဧည့်သည်များကလည်း အပစ်တင်ပြောဆိုသံများထွက်လာ၏ Waiter ကလည်း စျေးကြီးသော ရှန်ပိန်ကျကွဲကာ လျော်ရမှာကိုကြောက်ပြီး ကြောင်တောင်တောင်ဖြင့် ရပ်နေသော Kyungsoo ကိုအနောက်သို့တွန်းလိုက်တော့ ကောင်လေးဟာ ကြမ်းပြင်ပေါ်သို့ လှဲကျသွားကာ ထိုကြမ်းပြင်ကယိုစီးနေသော အရည်များပေကြံနေတော့သည် ။ VVIP တာ၀န်ခံမန်နေဂျာက ချက်ချင်းရောက်လာပြီး kyungsoo ၏ ပုံစံကိုကြည့်ကာ လုံခြုံရေးခေါ်ပြီးမောင်းထုတ်ခိုင်းတော့သည် ။

Kyungsoo ကတော့ သူ့လက်က ဖန်ကွဲစရှသော ဒဏ်ရာကြောင့် နာကျင်နေသည် ။ ဒါပေမဲ့ အဲ့ဒါထက် ဘေးပတ်ပတ်လည်က သူ့ကား ပြောဆိုနေသောလူများအား ပိုကြောက်လန့်မိတာကြောင့် အရမ်းလန့်နေမိသည် ။ အဲ့အချိန် VVIP အခန်းတာ၀န်ခံ ခေါ်သော လုံခြုံရေးတွေက ပြေးလာပြီး kyungsoo ၏ နာကျင်နေသော လက်ကနေဆွဲကာ အတင်းဆွဲခေါ်တော့သည်။

" ခေါ်ထုတ်သွား နောက်တစ်ခါ အထဲကိုအ၀င်မခံနဲ့ လုံခြုံရေးအခန်းကိုပို့လိုက် "

Kyungsoo ဟာ အရမ်းကို တုန်လှုပ်နေရာက ဒီအကြောင်းကိုဆရာသိသွားမှာကြောက်တာကြောင့်ပိုပြီး ကြောက်မိသွားတယ် ။ ဆရာသာ သူ့ကို စိတ်ပျက်စရာတစ်ခုလို့မြင်သွားပြီး လက်မခံတော့ရင် ဘယ်လိုလုပ်ရမလဲ ? အဲ့လိုအဖြစ်မခံနိုင်ပါ ဒါ့ကြောင့် လုံခြုံရေးတွေနှင့်အတူ အသာတကြည်လိုက်သွားခဲ့သည် ။ သူ့အား ရှန်ပိန်ဖိုး သိန်း၂၀ ရှင်းခိုင်းပြီးနောက် အဆောက်အဦး၏ အပြင်ကိုနှင်ထုတ်လိုက်သည် ။ Kyungsoo ဟာသူ၏ နာကျင်နေသော လက်ကပျက်ရှရာအတွက် အနီးနားကဆေးခန်းက ပလာစရာ၀ယ်ကာကပ်လိုက်ပြီး Chanyeol ၏ အဆောက်အဦးအရှေ့က အုတ်ခုံလေး၌သာ ထိုင်နေခဲ့သည် ။

နောက် ၁နာရီခွဲအကြာမှ Chanyeol ကသူ့ကိုဖုန်းဆက်လာတယ် ဒါ့ကြောင့် Kyungsoo ဟာ အိမ်ပြန်သွားပြီဟု ညာလိုက်ကာ ထိုနေရာကနေ ပြန်သွားခဲ့သည် ။ မနက် ၁၀နာရီခွဲနေသော်လည်း အခုထိမနက်စာ မစားရသေးတာကြောင့် အပြန်လမ်းက Mini mark တစ်ခု၌သာ ခေါက်ဆွဲဗူး၀ယ်စားလိုက်ရသည်။ တကယ်ဆို သူခုဏက ပျော်ရွှင်စွာဖြင့် ဆရာ့ဆိုင်က အစားအသောက်တွေမြည်းစမ်းကြည့်ဖို့ တွေးနေခဲ့သေးတာလေ .... အခုတော့ သူ့လုပ်ရက်ကြောင့် မဖြစ်နိုင်တော့ပါ ။

မျက်လုံးထဲ ၀ဲလာသော မျက်ရည်များကိုဖိသုတ်လိုက်ကာ ခေါက်ဆွဲသာ ဆက်စားနေရင်း တစ်ဖက်ဖုန်းကနေ အ၀င်CALL ၀င်လာတယ် ။

* Hello Jongin အင်း .... ငါလား အားပါတယ် အိမ်လာမလို့လား ? လာလေ *

Jongin ကဒီနေ့သူ့အိမ်လာမယ့်အကြောင်း ဖုန်းဆက်လာတယ် ။ အလုပ်လုပ်တုန်းက သူ၏ လစဥ်စုငွေ လာပေးမလိုတဲ့လေ ။ မန်နေဂျာက သူ့အားပေးခိုင်းတာတဲ့ ။ Ktungsoo အမြန်စားပြီး အိမ်ပြန်တော့ Jongin က သူ၏ တိုက်ခန်းအရှေ့တောင်ရောက်နေပြီဖြစ်သည် ။ နေ့လည်စာ ထမင်းဗူးတွေကလည်း ကိုင်ထားသေးတယ် ။

" ဘယ်သွားနေတာလဲ "

" ဒီနားက mini mark ပါ ငါမှာထားတဲ့ ပစ္စည်းရောက်ပြီလား သွားမေးတာ မရောက်သေးဘူးတဲ့ "

" ငါ ထမင်းလိပ်နဲ့ ၀က်သားအစပ်၀ယ်လာတယ် မင်းအကြိုက်ပဲ ဒါက မင်းတဲ့စုငွေ "

" ကျေးဇူးပါ ဒီနေ့အလုပ်ပိတ်တာလား ? "

" မဟုတ်ဘူး မင်းဆီလာချင်လို့ ခွင့်တင်ထားတာ စုငွေပေးစရာရှိတာနဲ့ အတော်ပဲပေါ့ "

" အင်း ... "

Kyungsoo ကတစ်ဖက်လူ၏ စိတ်ကိုသိတာကြောင့် အားနာမိနေမိသည် ။ အရင် သူတို့တွဲတုန်းကဆို Jongin ဟာသူ့ကိုပဲအရိပ်ရိပ်တကြည့်ကြည့်ဖြင့် ဖြည့်စည်းပေးတတ်သော ချစ်သူတစ်ယောက်ဖြစ်ဖူးတယ် ။ အရင်က ရှုပ်သမျှကိုလည်း ၀န်ခံခဲ့ပြီး သူ့ကိုတကယ်ချစ်တဲ့အကြောင်းကိုလည်း ပြောတယ်။ တစ်ဖက်လူ၏ မေတ္တာတွေမှန်တဲ့အခါ သူ့ဘက်က လိပ်ပြာမလုံတာကြောင့်ဖျက်ခဲ့တာဖြစ်သည် ။ဒါတောင် Jongin နဲ့ အခုထိ ဆက်ဆံရေးကောင်းမွန်နေဆဲဖြစ်တယ် ....

အခုတော့ Jongin ရဲ့ မေတ္တာတွေကို စော်ကားမိလို့ ၀ဋ်လည်နေဟန်တူသည်။သူ၏ မိုက်မဲသောနှလုံးသားဟာ နွံထဲမှာနေရတာ သဘောကျလှတယ် ... ရုန်းလေနစ်လေပါပဲ ။

နှစ်ယောက်အတူ စကားတပြောပြောဖြင့် နေ့လည်စာစားလိုက်ကြပြီး Jongin က တစ်နေ့လုံးသူနှင့်သာအချိန်ဖြုန်းပေးခဲ့တယ် ။ အတူတူဂိမ်းတွေဆော့တယ် အဲ့လိုဖြင့် ညနေရောက်လာတော့ Kyungsoo ကသူ့လက်ရာ ပူပူနွေးနွေးလေးကို ချက်ကျွေးသည် ... ဒီလက်ရာလေးကို ဂျာမနီမှာ အမြဲစားရပေမဲ့ Korea မှာ ပထမဆုံးအကြိမ်ပြန်စားရတာကြောင့် Jongin တစ်ယောက်ပျော်နေခဲ့တယ် ။ သူတို့နှစ်ယောက်ချစ်သူဖြစ်တုန်းကဆိုလည်း ထမင်း၀ိုင်းမှာ Kyungsoo ကသူ့အကြိုက်တွေသာချက်တာကြောင့် Sehun တို့ကတောင် စနှောက်ကြသေးသည် ။

" ကောင်းတယ် မင်းလက်ရာကအမြဲတမ်း ကောင်းတယ် လက်ကဘာဖြစ်တာလဲ "

" ရှမိတာ သေးသေးလေးပါ ဘာမှမဖြစ်ဘူး "

" Kyungsoo လူတစ်ယောက်ကို ချစ်တဲ့အခါ အဲ့လူရဲ့မျက်နှာကိုကြည့်တာနဲ့ သူပျော်နေလား ၀မ်းနည်းနေတာလား ဆိုတာ သိနိုင်တယ် ငါကမင်းတကယ်ပျော်နေတာကိုပဲ မျော်လင့်တယ် "

" ငါပျော်နေပါတယ် "

ဟုတ်တယ်အခုဆို သူချစ်တဲ့လူနဲ့လည်း ပျော်နေတယ် ။ သူ့ရဲ့အမေကလည်း အဆင်ပြေနေပြီ ဘွဲ့လည်းရသွားပြီး အရင်လိုဆင်းရဲနေတာလည်းမဟုတ်တော့ဘူး ။ ပန်းချီလည်းပြန်ဆွဲနေတာပဲလေ။ သူပျော်နေတယ်လို့ ထင်ပါ၏ ....ဒါပေမဲ့ ဘယ်လောက်အထိပျော်ရွှင်နေပါတယ်လို့တော့ လိပ်ပြာမလုံတဲ့အတွက် မပြောဖြစ်တော့ပါ ။ ထို့အတူ Jongin ကလည်း သူ့အားဆက်၍ မမေးခဲ့ ။ မနက်တုန်းက စိတ်ညစ်မှုတွေဟာ Jongin ရဲ့ဟာသတွေအောက်မှာ ရယ်ရယ်မောမောဖြစ်လာတယ် ။ တချိန်က Sehun ချစ်သူကသူ့အားပြောဖူးတယ် အဲ့ကောင်က မင်းတစ်ယောက်ထဲအတွက် လူရွှင်တော်ဖြစ်နေတာတဲ့ .... လူတွေဟာ ကိုယ့်အတွက်မဟုတ်သော ဒဏ်ရာတွေကို ပို၍ မက်မောကြတဲ့နေရာမှာ သူလည်းအတူတူပဲဖြစ်လိမ့်မည် ။

ကောင်းချီးပေးခံရသော ချစ်ခြင်းတရား ကို စိတ်ရှုပ်စွာ ပစ်ချခဲ့ပြီးမှ စေတန်၏ ပန်သီးကိုမှ ပိုချိုတယ်ထင်နေသော သူ့အား သူကိုယ်တိုင်ကယ်တင်မှရလိမ့်မည် ။ အရင်ကတော့တွေးဖူးတယ် ဆရာရဲ့ နွေးထွေးမှုနှင့်ဂရုစိုက်မှုတွေဟာ သူ့ကမ္ဘာမှာ အံ့သြသင့်ဖွယ်ဖြစ်ရပ်များဖြစ်ခဲ့သလို အဲ့လိုအရာများကို ပိုလိုချင်သည် .... ထိုသူမရှိရင်မဖြစ်တော့ဘူးဆိုတဲ့အထိ လိုချင်ခဲ့တယ် .... တကယ်တမ်း အဲ့ဟာသည် မှန်ရဲ့လားဆိုတာ မသေချာပါ ။ သို့သော် အားလုံးဟာ ကိုယ့်အပစ်ကိုယ်သာ ပိုင်ဆိုင်နေရခြင်း ဖြစ်တာကြောင့် မပြောရဲပါ ။

Jongin ကသူ၀ယ်လာသော ပန်းသီးအား ဂရုတစိုက်ဖြင့်ခွာပြီး Kyungsoo စားနေတဲ့ပန်းကန်ထဲကိုထည့်ပေးနေသည် ။ ထို့နောက် သူတို့အမြဲလိုလိုကြည့်နေသော Supernatural ကားတွေကြည့်ကြမယ် .... အချိန်တွေဟာ အရမ်းကိုမြန်လွန်းပါတယ် ... ကပ်တွယ်ဖို့အခွင့်အရေးမရှိတဲ့သူ့အား အချိန်တွေဟာ ပြန်ဖို့တွန်းအားပေးနေသည် ။ Kyungsoo ကလည်း ဘာမှမပြောတာကြောင့် အခွင့်ကောင်းယူစွာ မပြန်ဖြစ်သေးပါ ။ အဲ့အချိန် Kyungsoo ၏ အခန်းတံခါး ဘဲလ် ကမြည်လာခဲ့သည်။

Kyungsoo တစ်ယောက်အခန်းတံခါးကိုသွားဖွင့်တော့ အပြင်၌ Chanyeol ကသူ့အားပြုံးကာ ကြည့်နေပြီး လက်ထဲက အစားအစာများကိုမြောက်ပြကာ

" ညစာအတူစားချင်လို့ "

Kyungsoo ကတော့ သူ့အခန်းထဲ Jongin ရှိနေတာကြောင့် အတော်လေးလန့်သွားကာ တစ်ဆက်ထဲမှာပဲ သူ့ကိုယ်သူယုံကြည်မှုမရှိတဲ့ကောင်လေးဟာ ဆရာဖြစ်သူထံက စွန့်ပစ်ခြင်းခံရဖို့ကို ကြောက်နေပြီဖြစ်သည် ။ Jongin ကတော့ တံခါးနားမှာ ကြာနေတာကြောင့် ပြသနာတစ်ခုခုဖြစ်နေပြီအထင်နှင့် Kyungsoo ဆီကိုရောက်လာတော့ တစ်ဖက်လူက သူ့အားတွေ့တာနဲ့ စိတ်ပျက်နေသော မျက်လုံးများနှင့်ကြည့်လာပြီး ... ချက်ချင်းကိုလှည့်ထွက်သွားတော့သည် ။ Kyungsoo က သူ့အခန်းရှေ့ကနေ ထွက်သွားသော Chanyeol အနောက်ကိုပြေးလိုက်ရန် ပြင်လိုက်တယ် ။ အဲ့အချိန် Jongin က Kyungsoo လက်ကိုဖမ်းဆွဲလိုက်ကာ

" ညနက်နေပြီ မသွားနဲ့တော့ ငါရှင်းပြပေးမယ် "

ပြသနာကိုရှောင်လွဲရတာသဘောကျသော ကောင်လေးက Jongin ကသူ့အစားရှင်းပြမဟ်ဆိုတော့ ခေါင်းငြိမ့်လိုက်သည် ။ တကယ်ဆို သူလိုက်သွားရင်လည်း တစ်ဖက်လူအရှေ့၌ ငိုယိုကာ စိတ်ပျက်စရာပုံစံကိုသာပြမိမည်ဖြစ်သည် ။ Jongin က Chanyeol အနောက်ကို လိုက်သွားတော့ တစ်ဖက်လူက ကားပါတင်နေရာ၌ ပြန်ဖို့လုပ်နေပြီဖြစ်သည် ။

" ဆရာchan ခဏလောက်စကားပြောလို့ရမလား ? "

" ငါမင်းနဲ့ဘာမှပြောစရာမရှိဘူး "

" ကျွန်တော်ပြောချင်တာက ဆရာchan မှာ သူ့ကိုစိတ်ဆိုးပိုင်ခွင့်ရှိလို့လား ? ဘယ်လောက်အထိအနိုင်ယူမှ ကျေနပ်နိုင်မှာလဲ "

Chanyeol က Jongin စကားကြောင့် သူဖွင့်လက်စ ကားတံခါးကိုပြန်ပိတ်လိုက်ကာ Jongin နှင့်မျက်နှာချင်းဆိုင်လိုက်သည် ။ သူအခုအရမ်းဒေါသဖြစ်နေတယ် သူနဲ့တွဲနေတဲ့ ကောင်လေးက EX ဖြစ်သူကို အိမ်ပေါ်ခေါ်တင်ထားတဲ့ ကိစ္စနဲ့ပတ်သတ်ပြီးတော့ပေါ့ အဲ့ဒါကိုများ သူ့ကို စိတ်ဆိုးခွင့်ရှိလို့လားဟု မျက်နှာပြောင်တိုက်စွာ မေးနေသေးသည် ။ ဒီလူရှုပ်တစ်ယောက်က အခုထိ kyungsoo ကိုဒုက္ခပေးလို့မ၀သေးဘူးလား ??

" ငါနဲ့ Kyungsoo ကြားမှာ သူစိမ်းတစ်ယောက်က ၀င်ပြောစရာမလိုဘူး "

" ကျွန်တော်က သူ့သူငယ်ချင်းတစ်ယောက် အနေနဲ့ ပြောရမယ်ထင်တာပဲ "

" Huk* သူငယ်ချင်း မင်းတို့နှစ်ယောက်ကို သူငယ်ချင်းလို့ ဘယ်သူကယုံမှာလဲ ? အဲ့ကောင်လေးက ငါ့ကိုလာမတွေ့ရဲလို့ မင်းကလာတွေ့တာလား "

Jongin ဟာ သူ့လက်သီးကိုကျစ်ကျစိမြည်အောင်ဆုပ်လိုက်သည် ။ တစ်ဖက်လူက Kyungsoo ချစ်တဲ့သူသာမဟုတ်ပါက လူရုပ်မပေါ်အောင် စိတ်ကြိုက်ထိုးပစ်မိမှာပဲ ။ ဒီလူဟာ အတ္တသိပ်ကြီးတယ် သူ့ကိုယ်သူကလွဲပြီး Kyungsoo ဘက်ကိုတစ်ချက်လေးမှမတွေးခဲ့ဘူး။ Kyungsoo ရဲ့အကြောင်းကိုတောင် သေချာမသိပါပဲ လောကမှာ သူ့ကိုယ်သူအချစ်တတ်ဆုံးဆိုတဲ့ အထှာများဖြင့် ။ ဘယ်လောက်စိတ်ပျက်ဖို့ကောင်းလိုက်လဲ ??

" ကျွန်တော် သူ့အစားပြောဖို့လိုနေတဲ့ကိစ္စတစ်ခုရှိတယ် Kyungsoo ကအမြဲတမ်း ဆရာ့တစ်ယောက်ထဲကိုချစ်ခဲ့တယ် ကျွန်တော်နဲ့တွဲတုန်းကလည်း ဆရာ့ကိုပဲတမ်းတနေခဲ့တယ် သူဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ဘူး။ ဒါပေမဲ့ သူ့ကိုယ်သူအမြဲတမ်း ခင်များအပေါ်မှားနေတယ်ဆိုပြီးတွေးနေတာလေ .... သူအမြဲတမ်း အဲ့နောင်တတွေနဲ့ ရှင်သန်ခဲ့တယ် ​​သူဘာမှားခဲ့လို့ ဆရာက အမြဲတမ်း သူ့ဆီကနေ ထွက်သွားချင်နေတာလဲ ?? အဲ့လိုစိတ်ရှိနေရင် အစထဲက အပျက်ငြင်းခဲ့ရမှာပေါ့ ခင်များပျော်နေပြီဆိုတဲ့အကြောင်း ပြောခဲ့ရမှာပေါ့ !!!! "

Chanyeol က တစ်ဖက်လူ၏ မျက်နှာအား ထိုးလိုက်ကာ သူ့မျက်နှာမှာ အလွန်ခက်ထန်နေ၏ ... Jongin ကတော့ သူ၏ ပါးစပ်ထောင့်ကသွေးများကို သုတ်လိုက်ကာ ခပ်ဖွဖွရယ်လိုက်သည် ။

" ခင်များမျက်နှာမှာ သွေးထွက်နေရင် သူမကြိုက်ဘူး ... "

" Kim Jongin မင်းဘ၀ကအရမ်းသနားဖို့ကောင်းတယ် သူမကြိုက်ဘူးဆိုတာတောင် မင်းကကပ်တွယ်နေတုန်းပဲ ငါ့ကိုလာယှဥ်နဲ့ ဒါကို မင်းကောင်း ကောင်းသိမှာပါ "

ခံစားဖူးလား ? ကိုယ်ရူးလောက်အောင်ချစ်ရတဲ့လူက သူ့အပေါ်အနိုင်ယူနေတဲ့ လူတစ်ယောက်ဆီမှာကပ်တွယ်နေရတာကို သွေးအေးအေးနဲ့ကြည့်နေရတဲ့ခံစားမှုမျိုးပေါ့ ။ နာကျင်မှုတွေအစိမ်းလိုက်လှိုက်စားနေပြီးနောက်မှာ တစ်ယောက်သောလူအား ဒေါသထွက်လွန်းလို့ သနားလွန်းလို့ ကျိန်ဆဲပစ်လိုက်တယ် ။ တကယ်တမ်းမှာ အပြင်လူတစ်ယောက်ဟာ ဘာမှလုပ်နိုင်စွမ်းမရှိပါဘူး .... စိတ်ထဲကနေအခါပေါင်းများစွာ အော်ဟစ်နေမိတယ် တော်ပါတော့ တော်လိုက်ပါတော့ မင်းလေးနဲ့ မတန်ပါဘူး။ ကိုယ့်အတွက် မင်းဟာ အရမ်းကိုဖြူစင်လွန်းတယ် အရမ်းကိုချစ်တတ်လွန်းတယ် ။ မင်းနာကျင်နေတဲ့ ဆူးတစ်ခုကို ဆုပ်ကိုင်မထားပါနဲ့တော့လို့ အကြိမ်ကြိမ်ပြောမိပါသည် ။။။။ ဒါပေမဲ့ ကိုယ်ကလည်း ထို့အတူ ဆူးတစ်ချောင်းနှင့်တူသော မင်းကို မစွန့်လွှတ်နိုင်သေးပါ ။

အချစ်ကို မသင်ယူနိုင်သေးပဲ ထွေလီရှုပ်ပွေတဲ့ ၀င်္ကပါထဲမှာ တွေ့ရတဲ့ အလင်းရောင်လေးဟာမင်းပေါ့ ... စစတုန်းကတော့ ကိုယ့်ကိုကိုယ်အထင်ကြီးနေတဲ့ ကိုယ်ဟာ အလွယ်လေးမင်းကို ပိုင်ဆိုင်ဖို့တွေးခဲ့ဖူးသည် ။ ဒါပေမဲ့ ကိုယ်မြင်တဲ့အလင်းရောင်လေးဟာ ကိုယ့်အတွက်ထွန်းလင်းနေတာမဟုတ်ပဲ ကိုယ်ကအနားသပ် အလင်းပြန်မှုလေးကို ကမ္ဘာကြီးတစ်ခုလုံး အပိုင်ရပြီထင်နေခဲ့တာ ....အစစအရာရာ လူတိုင်းအားကျနေရတဲ့ ဘ၀တစ်ခုနှင့် အထီးကျန်နေတဲ့ နှလုံးသားတစ်ခုဟာ မင်းကိုပေးလိုက်ထဲက ကိုယ့်ထံတစ်ခါမှမရဘူးတဲ့ အရှုံးတွေ အစားထိုး၀င်လာခဲ့သည် ။

ကိုယ့်အိမ်မက် ကိုယ်ဆန္ဒ ကိုယ့်အမူအကျင့်တွေ အရာအားလုံးကို စတေးပစ်လိုက်နိုင်လောက်တဲ့အထိ ချစ်ခဲ့မိမယ်လို့ မထင်ခဲ့မိဖူးပါ ။ တကယ်တော့ ကိုယ်ဟာ အချစ်ခံရတာပဲ မွေ့လျော်တဲ့လူတစ်ယောက်ဖြစ်သည် ။ ရိုင်းစိုင်းနေတဲ့ ကိုယ်ဟာ မင်းအတွက် ဘယ်လောကိအထိနူးညံ့နေပါသလဲ ? စိတ်ရှုပ်မှာကြောက်လို့ မင်းအနားမရောက်ဖြစ်တဲ့နေ့တွေ ... မင်းကရော ...

" သူ့ကိုပဲ ရွေးလို့မရဘူးလား ? "

Jongin ဟာ သူ့ဘ၀မှာ သူစိမ်းတစ်ယောက်ကြောင့် ပထမဆုံး ကျလာတဲ့မျက်ရည်များဟာ နှစ်ပေါင်းများစွာ သိမ်းထားသော စိမ့်စမ်းရေများပမာ သူ၏ မျက်လုံးထောင့်ကနေ ယိုစီးကျလာသည် ။ ဒါပေမဲ့ နူးညံ့ခွင့်မပေးပဲ ခပ်ကြမ်းကြမ်းဖိသုတ်ပစ်လိုက်ပါတယ် ။

" ခင်များချစ်တယ်ဆို သူ့ကိုပဲရွေးလို့မရနိုင်ဘူးလား ? "

" Kim Jongin မင်းငါ့အကြောင်းစုံစမ်းထားတာလား ? "

" တောင်းပန်ပါတယ် သူကခင်များကို အရမ်းချစ်နေတာ ကျွန်တော်ကို တစ်ခါမှ သူငယ်ချင်းထက်မပိုဖူးဘူး ဒါတောင် သူငယ်ချင်းတွေထဲမှာ ကျွန်တော်က သူ့အတွက် ပထမနေရာ မဟုတ်ဘူးလေ ဘယ်လိုလုပ် ယှဥ်နိုင်ပါ့မလဲ ? "

" ငါ့ကိစ္စပါ တကယ်လို့ မင်းသာ သူ့ဘေးကို ပေါ်မလာတော့ဘူးဆိုရင် အခုပြောတဲ့ ကိစ္စကို စဥ်းစားပေးမယ် "

" ကျွန်တော်လုပ်ပေးမယ် သူ့အနားမှာ ပေါ်မလာတော့ပါဘူး "

" ကောင်းပြီလေ မင်းကတိကိုတည်အောင်လုပ်ရင် Kyungsoo လည်း ပိုပျော်ရမှာပါ "

" ကျေးဇူးတင်ပါတယ် ဆရာchan "

Chanyeol ကားထွက်သွားတော့ သူအပေါ်ဘက်က မီးလင်းနေသေးသော တိုက်ခန်းလေးကို အချိန်အတော်ကြာအောင် အကြာကြီး ငေးမော့ကြည့်နေသည်မှာ ထိုအခန်းလေး မီးမှိတ်သွားတဲ့အထိပါပဲ ။ တစ်ဖက်မှာတော့ Jongin စကားကြောင့် Kyungsoo အကြောင်းကို စိတ်ကျေနပ်သော Chanyeol က Kyungsoo ဆီကို ဖုန်းပြန်ဆက်ကာ အဆင်ပြေသွားကြပြီဖြစ်သည် ။

Zawgyi

မနက္ခင္း၏ အလင္းေရာင္ႏွင့္အတူ နိုးလာေတာ့ မေန႔ညက သူ႔အားေနခိုင္းေသာအခန္းမျပန္ျဖစ္ေတာ့ပဲ ဆရာ့အခန္းမွာ အိပ္ျဖစ္သြားတာကို Kyungsoo သတိရသြားၿပီး သူ၏ ေဘးနားမွာလွဲေလ်ာင္းေနဦးမယ့္တစ္ဖက္လူအား အသာကိုယ္ေလးလွည့္ကာ ၾကည့္လိုက္ေတာ့ သူ၏ အဆုံးအထိ အခ်စ္ေတြႏွင့္ ခ်စ္ရသူ၏ အိပ္စက္ေနေသာ မ်က္ႏွာေလးေၾကာင့္ အရမ္းကိုတုန္လႈပ္ရပါတယ္ ။

ဆရာဟာအရမ္းေခ်ာတယ္ ၾကည့္ေကာင္းတယ္ ဒီ႐ုပ္ရည္ကို ေက်ာင္းမွာဆို ေက်ာင္းသူ ေတြဘယ္ေလာက္အထိ သေဘာက်ၾကလည္းေတြးမိေတာ့ ... အခုလည္း ဆရာ့ကိုသေဘာက်ေနတဲ့လူေတြ ထပ္ရွိေနဦးမယ့္အေၾကာင္းေတြးမိေတာ့ ရင္ထဲမွာ ျပည့္က်ပ္က်ပ္ခံစားလာရသည္ ။

သိမ္ငယ္မိတယ္ ... တစ္ဆက္ထဲမွာပဲ ဆရာ့ဆီက ကံေကာင္းမႈေတြရေနတဲ့ ကၽြန္ေတာ္ဟာ ထိုေကာင္းခ်ီးေပးခံရတဲ့ အေနအထားေလးကို အလြန္ေပ်ာ္ေနမိသည္ ။ ဆရာေပးေသာ အစိတ္အပိုင္းအေသးကို ကၽြန္ေတာ္ဟာ ကမၻာႀကီးတစ္ခုလုံးအပိုင္ရေနသလို ခံစားေနရျပန္တယ္ ။ ဒါဟာ လူေတြေျပာၾကတဲ့ အခ်စ္မ်ားလား ? ...

" နိူးေနၿပီလား "

Kyungsoo ကျပဳံးကာ ေခါင္းၿငိမ့္လိုက္သည္ ။ သူဟာ အေရွ႕ မ်က္ႏွာခ်င္းဆိုင္ကလူသား၏ ဆြဲေဆာင္မႈေအာက္မွာ စက္႐ုပ္တစ္ခုလိုလႈပ္ရွားေနတယ္ ။ Chanyeol ကေတာ့ သူ႔အေရွ႕က ေကာင္ေလး၏ အိမ္မုန္စုတ္ဖြားေလးျဖစ္ေနေသာ ဆံပင္မ်ားကို ဖြလိုက္ၿပီး အိပ္ယာေပၚကေန ထလိုက္သည္ ။ နာရီကိုၾကည့္ေတာ့ ၇နာရီျဖစ္ေနၿပီျဖစ္သည္

" ထေတာ့ ကိုယ္နဲ႔ ဆိုင္လိုက္ခဲ့မွာလား"

" ဟုတ္ကဲ့ "

Kyungsoo ဟာ သူ႔ရဲ့ ရဲပေတာင္းခက္ေနေသာ မ်က္ႏွာေလးကိုကြယ္လ်က္ျပန္ေျဖလိုက္သည္ ။ Chanyeol ကေတာ့ အက်ၤီဗလာျဖင့္ ေရခ်ိဳးရန္ ေရခ်ိဳးခန္းထဲ၀င္သြားၿပီျဖစ္သည္ ။ အခုထိ ရွက္ေနေသာ ေကာင္ေလးကေတာ့ သူ႔ရဲ့ အလြန္ခုန္ေနေသာ ရင္ဘက္၏ အရွိန္ကိုထိန္းလ်က္ အိပ္ယာေပၚကေန ထလိုက္သည္ ။ ထို႔ေနာက္ သူအခန္းထဲက ထြက္သြားေတာ့တယ္ ... Chanyeol အခန္းထဲကေနထြက္လာေတာ့ Kyungsoo က အက်ၤီလွဲကာ အျပင္သြားဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္သည္ ။

အေနာက္ပိုင္း၀တ္စုံျဖင့္ သပ္ရပ္လြန္းေသာ chanyeol အား သူ႔အေနျဖင့္ စားေသာက္ဆိုင္ေလးသြားဖို႔ ဒီေလာက္ျပင္စရာလိုလို႔လားဟုေတြးမိေပမဲ့ တကယ္တမ္း chanyeol ၏ စားေသာက္ဆိုင္ကို အေရာက္မွာ သူအေတာ္ေလး ပါးစပ္မပိတ္နိုင္ေအာင္ျဖစ္ခဲ့ရပါတယ္ ။

အေနာက္တိုင္း အဆင့္ျမင့္အစားေသာက္ဆိုင္မွာ ၃ထပ္အျမင့္ရွိ႐ုံမက ေျမေအာက္ထပ္ပါရွိေသးသည္ က်ယ္၀န္းေသာအေဆာက္အဦးႀကီးဟာ 5stars hotel တစ္ခုနီးပါးရွိၿပီး အရမ္းကို ခမ္းနားကာ ေဘးပတ္ပတ္လည္၌လည္း သူအရမ္းသေဘာက်ရေသာ ပန္းခ်ီးကားမ်ားကို ျပခင္းထားသည္ ။

" လိုက္ၾကည့္ေနေလ ကိုယ္နည္းနည္းအလုပ္ရႈပ္မယ္ "

" ဟုတ္ကဲ့ ဆရာ "

Chanyeol ကေတာ့ သူ႔ရဲ့မန္ေနဂ်ာႏွင့္အတူထြက္သြားခိုက္ Kyungsoo ကေတာ့ အရမ္းကိုလွပေသာ အေဆာက္အဦးႀကီးအႏွ႕ံ လိုက္ၾကည့္ေနလိုက္သည္ ။ အဲ့ေနာက္ VVIP ဧည့္သည္မ်ားအတြက္သာဟု ေခါင္းစဥ္တပ္ထားေသာ ခန္းမေဆာင္၏ မွန္တံခါးကို သူဖြင့္လိုက္သည္ ။ အဲ့မွာ ႐ုတ္တရက္ သူ႔အနားကျဖတ္သြားေသာ waiter တစ္ဦးကို တိုက္မိမလိုျဖစ္သြားကာ လင္ဗန္းထဲက ရွန္ပိန္ပုလင္းဟာ ၾကမ္းျပင္ေပၚကိုက်ကာ ခြမ္းခနဲကြဲသြားေတာ့သည္ ။ အဲ့မွာ ေဘးက ဧည့္သည္ကိုလည္း အနည္းငယ္စင္သြားေသးတယ္ ။

" ဒီေကာင္စုတ္ကို ဘယ္သူ၀င္ခြင့္ျပဳလိုက္တာလဲ ? "

ထိုေနရာမွ ဧည့္သည္မ်ားကလည္း အပစ္တင္ေျပာဆိုသံမ်ားထြက္လာ၏ Waiter ကလည္း ေစ်းႀကီးေသာ ရွန္ပိန္က်ကြဲကာ ေလ်ာ္ရမွာကိုေၾကာက္ၿပီး ေၾကာင္ေတာင္ေတာင္ျဖင့္ ရပ္ေနေသာ Kyungsoo ကိုအေနာက္သို႔တြန္းလိုက္ေတာ့ ေကာင္ေလးဟာ ၾကမ္းျပင္ေပၚသို႔ လွဲက်သြားကာ ထိုၾကမ္းျပင္ကယိုစီးေနေသာ အရည္မ်ားေပႀကံေနေတာ့သည္ ။ VVIP တာ၀န္ခံမန္ေနဂ်ာက ခ်က္ခ်င္းေရာက္လာၿပီး kyungsoo ၏ ပုံစံကိုၾကည့္ကာ လုံျခဳံေရးေခၚၿပီးေမာင္းထုတ္ခိုင္းေတာ့သည္ ။

Kyungsoo ကေတာ့ သူ႔လက္က ဖန္ကြဲစရွေသာ ဒဏ္ရာေၾကာင့္ နာက်င္ေနသည္ ။ ဒါေပမဲ့ အဲ့ဒါထက္ ေဘးပတ္ပတ္လည္က သူ႔ကား ေျပာဆိုေနေသာလူမ်ားအား ပိုေၾကာက္လန္႔မိတာေၾကာင့္ အရမ္းလန္႔ေနမိသည္ ။ အဲ့အခ်ိန္ VVIP အခန္းတာ၀န္ခံ ေခၚေသာ လုံျခဳံေရးေတြက ေျပးလာၿပီး kyungsoo ၏ နာက်င္ေနေသာ လက္ကေနဆြဲကာ အတင္းဆြဲေခၚေတာ့သည္။

" ေခၚထုတ္သြား ေနာက္တစ္ခါ အထဲကိုအ၀င္မခံနဲ႔ လုံျခဳံေရးအခန္းကိုပို႔လိုက္ "

Kyungsoo ဟာ အရမ္းကို တုန္လႈပ္ေနရာက ဒီအေၾကာင္းကိုဆရာသိသြားမွာေၾကာက္တာေၾကာင့္ပိုၿပီး ေၾကာက္မိသြားတယ္ ။ ဆရာသာ သူ႔ကို စိတ္ပ်က္စရာတစ္ခုလို႔ျမင္သြားၿပီး လက္မခံေတာ့ရင္ ဘယ္လိုလုပ္ရမလဲ ? အဲ့လိုအျဖစ္မခံနိုင္ပါ ဒါ့ေၾကာင့္ လုံျခဳံေရးေတြႏွင့္အတူ အသာတၾကည္လိုက္သြားခဲ့သည္ ။ သူ႔အား ရွန္ပိန္ဖိုး သိန္း၂၀ ရွင္းခိုင္းၿပီးေနာက္ အေဆာက္အဦး၏ အျပင္ကိုႏွင္ထုတ္လိုက္သည္ ။ Kyungsoo ဟာသူ၏ နာက်င္ေနေသာ လက္ကပ်က္ရွရာအတြက္ အနီးနားကေဆးခန္းက ပလာစရာ၀ယ္ကာကပ္လိုက္ၿပီး Chanyeol ၏ အေဆာက္အဦးအေရွ႕က အုတ္ခုံေလး၌သာ ထိုင္ေနခဲ့သည္ ။

ေနာက္ ၁နာရီခြဲအၾကာမွ Chanyeol ကသူ႔ကိုဖုန္းဆက္လာတယ္ ဒါ့ေၾကာင့္ Kyungsoo ဟာ အိမ္ျပန္သြားၿပီဟု ညာလိုက္ကာ ထိုေနရာကေန ျပန္သြားခဲ့သည္ ။ မနက္ ၁၀နာရီခြဲေနေသာ္လည္း အခုထိမနက္စာ မစားရေသးတာေၾကာင့္ အျပန္လမ္းက Mini mark တစ္ခု၌သာ ေခါက္ဆြဲဗူး၀ယ္စားလိုက္ရသည္။ တကယ္ဆို သူခုဏက ေပ်ာ္ရႊင္စြာျဖင့္ ဆရာ့ဆိုင္က အစားအေသာက္ေတြျမည္းစမ္းၾကည့္ဖို႔ ေတြးေနခဲ့ေသးတာေလ .... အခုေတာ့ သူ႔လုပ္ရက္ေၾကာင့္ မျဖစ္နိုင္ေတာ့ပါ ။

မ်က္လုံးထဲ ၀ဲလာေသာ မ်က္ရည္မ်ားကိုဖိသုတ္လိုက္ကာ ေခါက္ဆြဲသာ ဆက္စားေနရင္း တစ္ဖက္ဖုန္းကေန အ၀င္CALL ၀င္လာတယ္ ။

* Hello Jongin အင္း .... ငါလား အားပါတယ္ အိမ္လာမလို႔လား ? လာေလ *

Jongin ကဒီေန႔သူ႔အိမ္လာမယ့္အေၾကာင္း ဖုန္းဆက္လာတယ္ ။ အလုပ္လုပ္တုန္းက သူ၏ လစဥ္စုေငြ လာေပးမလိုတဲ့ေလ ။ မန္ေနဂ်ာက သူ႔အားေပးခိုင္းတာတဲ့ ။ Ktungsoo အျမန္စားၿပီး အိမ္ျပန္ေတာ့ Jongin က သူ၏ တိုက္ခန္းအေရွ႕ေတာင္ေရာက္ေနၿပီျဖစ္သည္ ။ ေန႔လည္စာ ထမင္းဗူးေတြကလည္း ကိုင္ထားေသးတယ္ ။

" ဘယ္သြားေနတာလဲ "

" ဒီနားက mini mark ပါ ငါမွာထားတဲ့ ပစၥည္းေရာက္ၿပီလား သြားေမးတာ မေရာက္ေသးဘူးတဲ့ "

" ငါ ထမင္းလိပ္နဲ႔ ၀က္သားအစပ္၀ယ္လာတယ္ မင္းအႀကိဳက္ပဲ ဒါက မင္းတဲ့စုေငြ "

" ေက်းဇူးပါ ဒီေန႔အလုပ္ပိတ္တာလား ? "

" မဟုတ္ဘူး မင္းဆီလာခ်င္လို႔ ခြင့္တင္ထားတာ စုေငြေပးစရာရွိတာနဲ႔ အေတာ္ပဲေပါ့ "

" အင္း ... "

Kyungsoo ကတစ္ဖက္လူ၏ စိတ္ကိုသိတာေၾကာင့္ အားနာမိေနမိသည္ ။ အရင္ သူတို႔တြဲတုန္းကဆို Jongin ဟာသူ႔ကိုပဲအရိပ္ရိပ္တၾကည့္ၾကည့္ျဖင့္ ျဖည့္စည္းေပးတတ္ေသာ ခ်စ္သူတစ္ေယာက္ျဖစ္ဖူးတယ္ ။ အရင္က ရႈပ္သမၽွကိုလည္း ၀န္ခံခဲ့ၿပီး သူ႔ကိုတကယ္ခ်စ္တဲ့အေၾကာင္းကိုလည္း ေျပာတယ္။ တစ္ဖက္လူ၏ ေမတၱာေတြမွန္တဲ့အခါ သူ႔ဘက္က လိပ္ျပာမလုံတာေၾကာင့္ဖ်က္ခဲ့တာျဖစ္သည္ ။ဒါေတာင္ Jongin နဲ႔ အခုထိ ဆက္ဆံေရးေကာင္းမြန္ေနဆဲျဖစ္တယ္ ....

အခုေတာ့ Jongin ရဲ့ ေမတၱာေတြကို ေစာ္ကားမိလို႔ ၀ဋ္လည္ေနဟန္တူသည္။သူ၏ မိုက္မဲေသာႏွလုံးသားဟာ ႏြံထဲမွာေနရတာ သေဘာက်လွတယ္ ... ႐ုန္းေလနစ္ေလပါပဲ ။

ႏွစ္ေယာက္အတူ စကားတေျပာေျပာျဖင့္ ေန႔လည္စာစားလိုက္ၾကၿပီး Jongin က တစ္ေန႔လုံးသူႏွင့္သာအခ်ိန္ျဖဳန္းေပးခဲ့တယ္ ။ အတူတူဂိမ္းေတြေဆာ့တယ္ အဲ့လိုျဖင့္ ညေနေရာက္လာေတာ့ Kyungsoo ကသူ႔လက္ရာ ပူပူေႏြးေႏြးေလးကို ခ်က္ေကၽြးသည္ ... ဒီလက္ရာေလးကို ဂ်ာမနီမွာ အျမဲစားရေပမဲ့ Korea မွာ ပထမဆုံးအႀကိမ္ျပန္စားရတာေၾကာင့္ Jongin တစ္ေယာက္ေပ်ာ္ေနခဲ့တယ္ ။ သူတို႔ႏွစ္ေယာက္ခ်စ္သူျဖစ္တုန္းကဆိုလည္း ထမင္း၀ိုင္းမွာ Kyungsoo ကသူ႔အႀကိဳက္ေတြသာခ်က္တာေၾကာင့္ Sehun တို႔ကေတာင္ စေႏွာက္ၾကေသးသည္ ။

" ေကာင္းတယ္ မင္းလက္ရာကအျမဲတမ္း ေကာင္းတယ္ လက္ကဘာျဖစ္တာလဲ "

" ရွမိတာ ေသးေသးေလးပါ ဘာမွမျဖစ္ဘူး "

" Kyungsoo လူတစ္ေယာက္ကို ခ်စ္တဲ့အခါ အဲ့လူရဲ့မ်က္ႏွာကိုၾကည့္တာနဲ႔ သူေပ်ာ္ေနလား ၀မ္းနည္းေနတာလား ဆိုတာ သိနိုင္တယ္ ငါကမင္းတကယ္ေပ်ာ္ေနတာကိုပဲ ေမ်ာ္လင့္တယ္ "

" ငါေပ်ာ္ေနပါတယ္ "

ဟုတ္တယ္အခုဆို သူခ်စ္တဲ့လူနဲ႔လည္း ေပ်ာ္ေနတယ္ ။ သူ႔ရဲ့အေမကလည္း အဆင္ေျပေနၿပီ ဘြဲ႕လည္းရသြားၿပီး အရင္လိုဆင္းရဲေနတာလည္းမဟုတ္ေတာ့ဘူး ။ ပန္းခ်ီလည္းျပန္ဆြဲေနတာပဲေလ။ သူေပ်ာ္ေနတယ္လို႔ ထင္ပါ၏ ....ဒါေပမဲ့ ဘယ္ေလာက္အထိေပ်ာ္ရႊင္ေနပါတယ္လို႔ေတာ့ လိပ္ျပာမလုံတဲ့အတြက္ မေျပာျဖစ္ေတာ့ပါ ။ ထို႔အတူ Jongin ကလည္း သူ႔အားဆက္၍ မေမးခဲ့ ။ မနက္တုန္းက စိတ္ညစ္မႈေတြဟာ Jongin ရဲ့ဟာသေတြေအာက္မွာ ရယ္ရယ္ေမာေမာျဖစ္လာတယ္ ။ တခ်ိန္က Sehun ခ်စ္သူကသူ႔အားေျပာဖူးတယ္ အဲ့ေကာင္က မင္းတစ္ေယာက္ထဲအတြက္ လူရႊင္ေတာ္ျဖစ္ေနတာတဲ့ .... လူေတြဟာ ကိုယ့္အတြက္မဟုတ္ေသာ ဒဏ္ရာေတြကို ပို၍ မက္ေမာၾကတဲ့ေနရာမွာ သူလည္းအတူတူပဲျဖစ္လိမ့္မည္ ။

ေကာင္းခ်ီးေပးခံရေသာ ခ်စ္ျခင္းတရား ကို စိတ္ရႈပ္စြာ ပစ္ခ်ခဲ့ၿပီးမွ ေစတန္၏ ပန္သီးကိုမွ ပိုခ်ိဳတယ္ထင္ေနေသာ သူ႔အား သူကိုယ္တိုင္ကယ္တင္မွရလိမ့္မည္ ။ အရင္ကေတာ့ေတြးဖူးတယ္ ဆရာရဲ့ ေႏြးေထြးမႈႏွင့္ဂ႐ုစိုက္မႈေတြဟာ သူ႔ကမၻာမွာ အံ့ၾသသင့္ဖြယ္ျဖစ္ရပ္မ်ားျဖစ္ခဲ့သလို အဲ့လိုအရာမ်ားကို ပိုလိုခ်င္သည္ .... ထိုသူမရွိရင္မျဖစ္ေတာ့ဘူးဆိုတဲ့အထိ လိုခ်င္ခဲ့တယ္ .... တကယ္တမ္း အဲ့ဟာသည္ မွန္ရဲ့လားဆိုတာ မေသခ်ာပါ ။ သို႔ေသာ္ အားလုံးဟာ ကိုယ့္အပစ္ကိုယ္သာ ပိုင္ဆိုင္ေနရျခင္း ျဖစ္တာေၾကာင့္ မေျပာရဲပါ ။

Jongin ကသူ၀ယ္လာေသာ ပန္းသီးအား ဂ႐ုတစိုက္ျဖင့္ခြာၿပီး Kyungsoo စားေနတဲ့ပန္းကန္ထဲကိုထည့္ေပးေနသည္ ။ ထို႔ေနာက္ သူတို႔အျမဲလိုလိုၾကည့္ေနေသာ Supernatural ကားေတြၾကည့္ၾကမယ္ .... အခ်ိန္ေတြဟာ အရမ္းကိုျမန္လြန္းပါတယ္ ... ကပ္တြယ္ဖို႔အခြင့္အေရးမရွိတဲ့သူ႔အား အခ်ိန္ေတြဟာ ျပန္ဖို႔တြန္းအားေပးေနသည္ ။ Kyungsoo ကလည္း ဘာမွမေျပာတာေၾကာင့္ အခြင့္ေကာင္းယူစြာ မျပန္ျဖစ္ေသးပါ ။ အဲ့အခ်ိန္ Kyungsoo ၏ အခန္းတံခါး ဘဲလ္ ကျမည္လာခဲ့သည္။

Kyungsoo တစ္ေယာက္အခန္းတံခါးကိုသြားဖြင့္ေတာ့ အျပင္၌ Chanyeol ကသူ႔အားျပဳံးကာ ၾကည့္ေနၿပီး လက္ထဲက အစားအစာမ်ားကိုေျမာက္ျပကာ

" ညစာအတူစားခ်င္လို႔ "

Kyungsoo ကေတာ့ သူ႔အခန္းထဲ Jongin ရွိေနတာေၾကာင့္ အေတာ္ေလးလန္႔သြားကာ တစ္ဆက္ထဲမွာပဲ သူ႔ကိုယ္သူယုံၾကည္မႈမရွိတဲ့ေကာင္ေလးဟာ ဆရာျဖစ္သူထံက စြန္႔ပစ္ျခင္းခံရဖို႔ကို ေၾကာက္ေနၿပီျဖစ္သည္ ။ Jongin ကေတာ့ တံခါးနားမွာ ၾကာေနတာေၾကာင့္ ျပသနာတစ္ခုခုျဖစ္ေနၿပီအထင္ႏွင့္ Kyungsoo ဆီကိုေရာက္လာေတာ့ တစ္ဖက္လူက သူ႔အားေတြ႕တာနဲ႔ စိတ္ပ်က္ေနေသာ မ်က္လုံးမ်ားႏွင့္ၾကည့္လာၿပီး ... ခ်က္ခ်င္းကိုလွည့္ထြက္သြားေတာ့သည္ ။ Kyungsoo က သူ႔အခန္းေရွ႕ကေန ထြက္သြားေသာ Chanyeol အေနာက္ကိုေျပးလိုက္ရန္ ျပင္လိုက္တယ္ ။ အဲ့အခ်ိန္ Jongin က Kyungsoo လက္ကိုဖမ္းဆြဲလိုက္ကာ

" ညနက္ေနၿပီ မသြားနဲ႔ေတာ့ ငါရွင္းျပေပးမယ္ "

ျပသနာကိုေရွာင္လြဲရတာသေဘာက်ေသာ ေကာင္ေလးက Jongin ကသူ႔အစားရွင္းျပမဟ္ဆိုေတာ့ ေခါင္းၿငိမ့္လိုက္သည္ ။ တကယ္ဆို သူလိုက္သြားရင္လည္း တစ္ဖက္လူအေရွ႕၌ ငိုယိုကာ စိတ္ပ်က္စရာပုံစံကိုသာျပမိမည္ျဖစ္သည္ ။ Jongin က Chanyeol အေနာက္ကို လိုက္သြားေတာ့ တစ္ဖက္လူက ကားပါတင္ေနရာ၌ ျပန္ဖို႔လုပ္ေနၿပီျဖစ္သည္ ။

" ဆရာchan ခဏေလာက္စကားေျပာလို႔ရမလား ? "

" ငါမင္းနဲ႔ဘာမွေျပာစရာမရွိဘူး "

" ကၽြန္ေတာ္ေျပာခ်င္တာက ဆရာchan မွာ သူ႔ကိုစိတ္ဆိုးပိုင္ခြင့္ရွိလို႔လား ? ဘယ္ေလာက္အထိအနိုင္ယူမွ ေက်နပ္နိုင္မွာလဲ "

Chanyeol က Jongin စကားေၾကာင့္ သူဖြင့္လက္စ ကားတံခါးကိုျပန္ပိတ္လိုက္ကာ Jongin ႏွင့္မ်က္ႏွာခ်င္းဆိုင္လိုက္သည္ ။ သူအခုအရမ္းေဒါသျဖစ္ေနတယ္ သူနဲ႔တြဲေနတဲ့ ေကာင္ေလးက EX ျဖစ္သူကို အိမ္ေပၚေခၚတင္ထားတဲ့ ကိစၥနဲ႔ပတ္သတ္ၿပီးေတာ့ေပါ့ အဲ့ဒါကိုမ်ား သူ႔ကို စိတ္ဆိုးခြင့္ရွိလို႔လားဟု မ်က္ႏွာေျပာင္တိုက္စြာ ေမးေနေသးသည္ ။ ဒီလူရႈပ္တစ္ေယာက္က အခုထိ kyungsoo ကိုဒုကၡေပးလို႔မ၀ေသးဘူးလား ??

" ငါနဲ႔ Kyungsoo ၾကားမွာ သူစိမ္းတစ္ေယာက္က ၀င္ေျပာစရာမလိုဘူး "

" ကၽြန္ေတာ္က သူ႔သူငယ္ခ်င္းတစ္ေယာက္ အေနနဲ႔ ေျပာရမယ္ထင္တာပဲ "

" Huk* သူငယ္ခ်င္း မင္းတို႔ႏွစ္ေယာက္ကို သူငယ္ခ်င္းလို႔ ဘယ္သူကယုံမွာလဲ ? အဲ့ေကာင္ေလးက ငါ့ကိုလာမေတြ႕ရဲလို႔ မင္းကလာေတြ႕တာလား "

Jongin ဟာ သူ႔လက္သီးကိုက်စ္က်စိျမည္ေအာင္ဆုပ္လိုက္သည္ ။ တစ္ဖက္လူက Kyungsoo ခ်စ္တဲ့သူသာမဟုတ္ပါက လူ႐ုပ္မေပၚေအာင္ စိတ္ႀကိဳက္ထိုးပစ္မိမွာပဲ ။ ဒီလူဟာ အတၱသိပ္ႀကီးတယ္ သူ႔ကိုယ္သူကလြဲၿပီး Kyungsoo ဘက္ကိုတစ္ခ်က္ေလးမွမေတြးခဲ့ဘူး။ Kyungsoo ရဲ့အေၾကာင္းကိုေတာင္ ေသခ်ာမသိပါပဲ ေလာကမွာ သူ႔ကိုယ္သူအခ်စ္တတ္ဆုံးဆိုတဲ့ အထွာမ်ားျဖင့္ ။ ဘယ္ေလာက္စိတ္ပ်က္ဖို႔ေကာင္းလိုက္လဲ ??

" ကၽြန္ေတာ္ သူ႔အစားေျပာဖို႔လိုေနတဲ့ကိစၥတစ္ခုရွိတယ္ Kyungsoo ကအျမဲတမ္း ဆရာ့တစ္ေယာက္ထဲကိုခ်စ္ခဲ့တယ္ ကၽြန္ေတာ္နဲ႔တြဲတုန္းကလည္း ဆရာ့ကိုပဲတမ္းတေနခဲ့တယ္ သူဘယ္တုန္းကမွ သစၥာမေဖာက္ခဲ့ဘူး။ ဒါေပမဲ့ သူ႔ကိုယ္သူအျမဲတမ္း ခင္မ်ားအေပၚမွားေနတယ္ဆိုၿပီးေတြးေနတာေလ .... သူအျမဲတမ္း အဲ့ေနာင္တေတြနဲ႔ ရွင္သန္ခဲ့တယ္ ​​သူဘာမွားခဲ့လို႔ ဆရာက အျမဲတမ္း သူ႔ဆီကေန ထြက္သြားခ်င္ေနတာလဲ ?? အဲ့လိုစိတ္ရွိေနရင္ အစထဲက အပ်က္ျငင္းခဲ့ရမွာေပါ့ ခင္မ်ားေပ်ာ္ေနၿပီဆိုတဲ့အေၾကာင္း ေျပာခဲ့ရမွာေပါ့ !!!! "

Chanyeol က တစ္ဖက္လူ၏ မ်က္ႏွာအား ထိုးလိုက္ကာ သူ႔မ်က္ႏွာမွာ အလြန္ခက္ထန္ေန၏ ... Jongin ကေတာ့ သူ၏ ပါးစပ္ေထာင့္ကေသြးမ်ားကို သုတ္လိုက္ကာ ခပ္ဖြဖြရယ္လိုက္သည္ ။

" ခင္မ်ားမ်က္ႏွာမွာ ေသြးထြက္ေနရင္ သူမႀကိဳက္ဘူး ... "

" Kim Jongin မင္းဘ၀ကအရမ္းသနားဖို႔ေကာင္းတယ္ သူမႀကိဳက္ဘူးဆိုတာေတာင္ မင္းကကပ္တြယ္ေနတုန္းပဲ ငါ့ကိုလာယွဥ္နဲ႔ ဒါကို မင္းေကာင္း ေကာင္းသိမွာပါ "

ခံစားဖူးလား ? ကိုယ္႐ူးေလာက္ေအာင္ခ်စ္ရတဲ့လူက သူ႔အေပၚအနိုင္ယူေနတဲ့ လူတစ္ေယာက္ဆီမွာကပ္တြယ္ေနရတာကို ေသြးေအးေအးနဲ႔ၾကည့္ေနရတဲ့ခံစားမႈမ်ိဳးေပါ့ ။ နာက်င္မႈေတြအစိမ္းလိုက္လွိုက္စားေနၿပီးေနာက္မွာ တစ္ေယာက္ေသာလူအား ေဒါသထြက္လြန္းလို႔ သနားလြန္းလို႔ က်ိန္ဆဲပစ္လိုက္တယ္ ။ တကယ္တမ္းမွာ အျပင္လူတစ္ေယာက္ဟာ ဘာမွလုပ္နိုင္စြမ္းမရွိပါဘူး .... စိတ္ထဲကေနအခါေပါင္းမ်ားစြာ ေအာ္ဟစ္ေနမိတယ္ ေတာ္ပါေတာ့ ေတာ္လိုက္ပါေတာ့ မင္းေလးနဲ႔ မတန္ပါဘူး။ ကိုယ့္အတြက္ မင္းဟာ အရမ္းကိုျဖဴစင္လြန္းတယ္ အရမ္းကိုခ်စ္တတ္လြန္းတယ္ ။ မင္းနာက်င္ေနတဲ့ ဆူးတစ္ခုကို ဆုပ္ကိုင္မထားပါနဲ႔ေတာ့လို႔ အႀကိမ္ႀကိမ္ေျပာမိပါသည္ ။။။။ ဒါေပမဲ့ ကိုယ္ကလည္း ထို႔အတူ ဆူးတစ္ေခ်ာင္းႏွင့္တူေသာ မင္းကို မစြန္႔လႊတ္နိုင္ေသးပါ ။

အခ်စ္ကို မသင္ယူနိုင္ေသးပဲ ေထြလီရႈပ္ေပြတဲ့ ၀ကၤပါထဲမွာ ေတြ႕ရတဲ့ အလင္းေရာင္ေလးဟာမင္းေပါ့ ... စစတုန္းကေတာ့ ကိုယ့္ကိုကိုယ္အထင္ႀကီးေနတဲ့ ကိုယ္ဟာ အလြယ္ေလးမင္းကို ပိုင္ဆိုင္ဖို႔ေတြးခဲ့ဖူးသည္ ။ ဒါေပမဲ့ ကိုယ္ျမင္တဲ့အလင္းေရာင္ေလးဟာ ကိုယ့္အတြက္ထြန္းလင္းေနတာမဟုတ္ပဲ ကိုယ္ကအနားသပ္ အလင္းျပန္မႈေလးကို ကမၻာႀကီးတစ္ခုလုံး အပိုင္ရၿပီထင္ေနခဲ့တာ ....အစစအရာရာ လူတိုင္းအားက်ေနရတဲ့ ဘ၀တစ္ခုႏွင့္ အထီးက်န္ေနတဲ့ ႏွလုံးသားတစ္ခုဟာ မင္းကိုေပးလိုက္ထဲက ကိုယ့္ထံတစ္ခါမွမရဘူးတဲ့ အရႈံးေတြ အစားထိုး၀င္လာခဲ့သည္ ။

ကိုယ့္အိမ္မက္ ကိုယ္ဆႏၵ ကိုယ့္အမူအက်င့္ေတြ အရာအားလုံးကို စေတးပစ္လိုက္နိုင္ေလာက္တဲ့အထိ ခ်စ္ခဲ့မိမယ္လို႔ မထင္ခဲ့မိဖူးပါ ။ တကယ္ေတာ့ ကိုယ္ဟာ အခ်စ္ခံရတာပဲ ေမြ႕ေလ်ာ္တဲ့လူတစ္ေယာက္ျဖစ္သည္ ။ ရိုင္းစိုင္းေနတဲ့ ကိုယ္ဟာ မင္းအတြက္ ဘယ္ေလာကိအထိႏူးညံ့ေနပါသလဲ ? စိတ္ရႈပ္မွာေၾကာက္လို႔ မင္းအနားမေရာက္ျဖစ္တဲ့ေန႔ေတြ ... မင္းကေရာ ...

" သူ႔ကိုပဲ ေရြးလို႔မရဘူးလား ? "

Jongin ဟာ သူ႔ဘ၀မွာ သူစိမ္းတစ္ေယာက္ေၾကာင့္ ပထမဆုံး က်လာတဲ့မ်က္ရည္မ်ားဟာ ႏွစ္ေပါင္းမ်ားစြာ သိမ္းထားေသာ စိမ့္စမ္းေရမ်ားပမာ သူ၏ မ်က္လုံးေထာင့္ကေန ယိုစီးက်လာသည္ ။ ဒါေပမဲ့ ႏူးညံ့ခြင့္မေပးပဲ ခပ္ၾကမ္းၾကမ္းဖိသုတ္ပစ္လိုက္ပါတယ္ ။

" ခင္မ်ားခ်စ္တယ္ဆို သူ႔ကိုပဲေရြးလို႔မရနိုင္ဘူးလား ? "

" Kim Jongin မင္းငါ့အေၾကာင္းစုံစမ္းထားတာလား ? "

" ေတာင္းပန္ပါတယ္ သူကခင္မ်ားကို အရမ္းခ်စ္ေနတာ ကၽြန္ေတာ္ကို တစ္ခါမွ သူငယ္ခ်င္းထက္မပိုဖူးဘူး ဒါေတာင္ သူငယ္ခ်င္းေတြထဲမွာ ကၽြန္ေတာ္က သူ႔အတြက္ ပထမေနရာ မဟုတ္ဘူးေလ ဘယ္လိုလုပ္ ယွဥ္နိုင္ပါ့မလဲ ? "

" ငါ့ကိစၥပါ တကယ္လို႔ မင္းသာ သူ႔ေဘးကို ေပၚမလာေတာ့ဘူးဆိုရင္ အခုေျပာတဲ့ ကိစၥကို စဥ္းစားေပးမယ္ "

" ကၽြန္ေတာ္လုပ္ေပးမယ္ သူ႔အနားမွာ ေပၚမလာေတာ့ပါဘူး "

" ေကာင္းၿပီေလ မင္းကတိကိုတည္ေအာင္လုပ္ရင္ Kyungsoo လည္း ပိုေပ်ာ္ရမွာပါ "

" ေက်းဇူးတင္ပါတယ္ ဆရာchan "

Chanyeol ကားထြက္သြားေတာ့ သူအေပၚဘက္က မီးလင္းေနေသးေသာ တိုက္ခန္းေလးကို အခ်ိန္အေတာ္ၾကာေအာင္ အၾကာႀကီး ေငးေမာ့ၾကည့္ေနသည္မွာ ထိုအခန္းေလး မီးမွိတ္သြားတဲ့အထိပါပဲ ။ တစ္ဖက္မွာေတာ့ Jongin စကားေၾကာင့္ Kyungsoo အေၾကာင္းကို စိတ္ေက်နပ္ေသာ Chanyeol က Kyungsoo ဆီကို ဖုန္းျပန္ဆက္ကာ အဆင္ေျပသြားၾကၿပီျဖစ္သည္ ။






Continue Reading

You'll Also Like

962K 22K 49
In wich a one night stand turns out to be a lot more than that.
1.3M 58.9K 105
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
167K 5.8K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
328K 9.8K 105
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...