Te Amo Por Siempre (I Love Yo...
By flickstar1
55.1K 4.9K 167
တစ်ခြားသူတွေနဲ့ မတူညီတဲ့ချစ်ခြင်းမျိုးဆိုရင်တော့ မမကို ညီမက အပြည့်ထက်ကျော်လွန်တဲ့ ၁၀၁% ချစ်ခြင်းမျိုးနဲ့ ချစ်... More
Author Note
အပိုင်း - (၁)
အပိုင်း - (၂)
အပိုင်း - (၄)
အပိုင်း - (၅)
အပိုင်း - (၆)
အပိုင်း - (၇)
အပိုင်း - (၈)
အပိုင်း - (၉)
အပိုင်း - (၁၀)
အပိုင်း - (၁၁)
အပိုင်း - (၁၂)
အပိုင်း - (၁၃)
ဇာတ်သိမ်းပိုင်း
အပိုင်း - (၃)
2.6K 315 6
By flickstar1
(Zawgyi)
ပုံမှန်ချစ်ခြင်းမျိုး မဟုတ်သော ချစ်သူစဖြစ်သည့် နေ့မှာတောင် ခေတ်ဟာ အစ်မက ဘယ်သူဆိုတာမျိုးကို တိတိကျကျ မသိသေး။ အံ့သြစရာကောင်းလောက်အောင် ထူးဆန်းတာက အစ်မဆိုသော ထိုအမျိုးသမီးလေးကို တွေးမိလိုက်တာနှင့်ပင် ခေတ် နှလုံးခုန်နှုန်းဟာ သာမာန်ထက်ပို၍ အကြိမ်ပေါင်းများစွာမြန်ဆန် သွားတတ်ခြင်းပါ။
ဝန်ခံရမည်ဆိုလျှင်...အစ်မနှင့် ခတေ် ချစ်သူတွေ စဖြစ်သွားပြီဆိုသည့် အချိန်ထဲက ထိုအမျိုးသမီးနှင့်သာ ခေတ် ဘဝကို ဖြတ်သန်းချင်လိုက်တာ ဆိုသည့် စိတ်ဟာ ဦးဆုံးဖြစ်တည်လာခဲ့၏။ ခေတ် အဲ့လိုတွေးမိလို့ တစ်ခြားသူတွေများ သိလျှင် ခေတ်ကို အရူးတစ်ယောက် ဆိုပြီး ဟားတိုက်ရယ်မောကြလိမ့်မယ် ထင်ပါတယ်။
ဟုတ်ပါတယ်...ခေတ်က အစ်မ နှင့် ပတ်သက်မိပြီးထဲက အရူးလုံးလုံးလိုပါပဲလေ...။
ချစ်သူတွေ စဖြစ်ပြီး ပထမဆုံး မနက်ခင်းမှာပင် ခေတ်က အစောကြီးနိုးနေခဲ့သည်။ ပုံမှန် မနက်(၅)နာရီဆိုသော အချိန်ဟာ နိုးလေ့နိုးထ မရှိပေမဲ့ ဒီနေ့တော့ အစောကြီးနိုးနေသည်ပေါ့...။
အစ်မက လူကြီးဆိုတော့ မအားတာမျိုး ဖြစ်မှာပါ ကိစ္စမရှိပါဘူးလေ လို့တွေးလိုက်ပြီး အစ်မဆီကို စာတစ်ကြောင်းပို့လိုက်သည်။
"မောနင်းနော် အစ်မ..."
"အစ်မက ခေတ် ထက်တောင်အစောကြီးနိုးနေတာပဲ...မင်္ဂလာဆောင်သွားရင် ပုံလေးတွေရိုက်ခဲ့နော်...ဖြစ်နိုင်ရင် ခေတ်ကို တစ်ပုံလောက်ပို့ပေးပါလားဟင် အစ်မ...ကိုယ့်ချစ်သူရဲ့ ပုံလေးတစ်ပုံတော့ ခေတ်မှာ ရှိသင့်တယ် မဟုတ်လား..."
"ဟိုလေ...ခေတ်က အစ်မ ပြောတဲ့ စကားကို အလေးမထားတာမဟုတ်ပါဘူးနော် အစ်မ...အစ်မ အဆင်ပြေမှ ပေးပါ...အစ်မ ပြန်ရောက်ရင် ခေတ်ကို စာပို့ထားပါအုံးနော်"
ခေတ်က အစ်မကို ပို့ချင်သော စကားလုံး တစ်ချို့ ရှိသည်။ ပို့ရင်ကောင်းမလား မပို့ရင်ကောင်းမလား ဆိုသည့် ချီတုံချတုံ စိတ်တို့ ဖြစ်နေပြီး နောက်ဆုံး ပို့လိုက်ပါမယ်လေ ဆိုသည့် ဆုံးဖြတ်ချက်ကို ချလိုက်ကာ နောက်ဆုံး စာတစ်ကြောင်းကို ထပ်ပို့လိုက်ပြန်သည်။
"အစ်မကို အရမ်းချစ်တယ်..."
"အစ်မကို ခေတ် သိပ်ချစ်တာပဲ"
"ယွန်းခေတ်သဒ္ဒါ နေဖင်ထိုးနေပြီ...မထသေးဘူးလား...ငါနဲ့ဈေးလိုက်ခဲ့" ဆိုသော ခေတ် မေမေ၏ အော်ဟစ်သံကြောင့် ခေတ် ကိုယ်လေးတုန်ယင်သွားပြီး အိပ်ယာက မြန်မြန်ထဖို့ ပြင်ဆင်လိုက်ရပါတော့သည်။
ဘွဲ့မရ အလုပ်ရှာနေရတဲ့ ခေတ်က မိဘတွေနှင့်တော့ ဘယ်ဘဝကရေစက်မှန်း မသိပါဘူး...ခေတ် ဆိုတာနှင့် ဖေဖေရော မေမေကပါ ကြည့်မရဘူးလို့ ပြောလို့ရသည်။ ခေတ် ကိုကြီးက civil engineer တစ်ယောက်ဖြစ်ပြီး ခေတ် ညီမလေးကတော့ ပြီးခဲ့သော နှစ်ကပင် စီးပွားရေးဘွဲ့ရပြီး အလုပ်လုပ်နေသည့် သူတစ်ယောက်ပေါ့။
ဒီကြားထဲ အိမ်ရှိလူအကုန်လုံး၏ အဝတ်တွေလျှော်စရာရှိတာလျှော် မီးပူတိုက်စရာရှိတာတိုက်...ညနေစောင်းပြီဆိုတာနှင့် ညစာစားကြဖို့ ခေတ်ကပဲ ဟင်းနွှေးဘာနွှေး ခေတ်ရဲ့ အားလပ်ချိန်ဆိုတာ ညပိုင်းလောက်လေးပဲပေါ့။
မေမေကလည်း ခေတ် အလုပ်မရှိလို့ အလုပ်အတင်းလုပ်ခိုင်း...ခေတ်ကလည်း မကြာခင်မှာပင် တက်ရတော့မည့် အဝေးသင်အတန်းကြောင့် ခေတ်အလုပ်ရတာနှင့် (၁၀)ရက်ကျော်လောက်တက်ရမည့် အတန်းချိန်တွေကို ခွင့်မပေးမှာ စဉ်းစားပြီး အလုပ်မလုပ်သေးဘဲ ကိုယ်တတ်သော ပညာလေးဖြင့် ဝင်ငွေရှာတာကို မေမေတို့က ရှက်သည်တဲ့လေ။
ပြောရရင် အစ်မ နှင့် မတွေ့ခင်နောက်ပိုင်းက ကံတရားမျက်နှာသာ မပေးသော သူတွေထဲ ခေတ်လည်း ပါခဲ့တယ်ပေါ့လေ...။
အစ်မ နှင့်တွေ့ဆုံပြီး နောက်ပိုင်း ခေတ်ရဲ့ ဘဝက ပြောင်းလဲလာတယ်။ မိဘမေတ္တာတွေ ထင်သလောက်ကြီး မရခဲ့ရင်တောင် ဒီကမ္ဘာမှာ ခေတ်ကိုချစ်သော တစ်စုံတစ်ယောက် ရှိလာပါလားဆိုသည့် စိတ်တွေနဲ့ ခေတ်ရဲ့ ဘဝကို ရှေ့ဆက်လျှောက်ဖို့ အားအင်တွေရှိလာရတယ်။
ဘယ်လို အကြောင်းအရာမျိုးနဲ့ပဲ ဖြစ်ဖြစ် ခေတ်ဟာလည်း ကံတရားက မျက်နှာသာပေးသော လူတစ်ယောက် ဖြစ်ချင်လာမိတယ်။ အစ်မနဲ့သာ ဆိုရင် ဆိုသောစိတ်ကူးယဉ်အိပ်မက်လေးတွေ မက်တတ်လာတယ်။ အပြုံးအရယ် နည်းလွန်းသော ခေတ်က အစ်မ စာလေးတွေ မြင်ယုံ...အစ်မနှင့် အပြန်အလှန် စာလေးတွေပို့ယုံဖြင့်ပင် ပျော်ရွှင်တတ်လာတယ်။
အရာရာဟာ အစ်မကို ချစ်သော စိတ်ကနေပဲ မြစ်ဖျားခံလာခဲ့တယ်ပေါ့လေ။
-----
ခေတ် မနက်ထဲက ပို့သော စာတွေကို အစ်မက seenဖြစ်ပေမဲ့လို့ အခုမိုးချုပ်သော အချိန်ထိ ခေတ်ကို အစ်မ စာမပို့သေး...။ ခေတ် လိုင်းပေါ်တက်တိုင်း အစ်မ လိုင်းပေါ်က ဆင်းသွားသော ဘယ်လောက် minute agoဆိုသည့် စာလေးကိုသာ မြင်တွေ့ရတော့ ချစ်သူတွေသာ ဖြစ်တယ်ဆိုသည့် နာမ်စားလေးသာ ပြောင်းသွားခဲ့ပြီး...အစ်မက အရင်ကခင်မင်ခဲ့ဘူးသော အမျိုးသမီးတစ်ယောက်ကနေ တစ်စိမ်းလူတစ်ယောက်လို ချက်ချင်းဖြစ်သွားမှုကြောင့် ခေတ်က ဝမ်းနည်းမိသွားလေသည်။
၈နာရီ...
၉နာရီ...
နောက်ကျတော့ စာပို့မှပါပဲလေ ဟု ဆုံးဖြတ်လိုက်ပြီး အစ်မဆီကို စာပို့ရန် ပြင်လိုက်သည်။
"အစ်မ မအားသေးတာလားဟင်"
"နေရောကောင်းရဲ့လား...တစ်နေကုန်လုံး ခေတ်ကို စာမပြန်တော့လေ...ခေတ် ပို့လိုက်တဲ့စာတွေကို စိတ်ဆိုးသွားလို့လား...အစ်မ မကြိုက်ဘူးဆိုရင် နောက်ပိုင်း ခေတ်ဆင်ခြင်ပါ့မယ်နော် အစ်မ"
သိပ်မကြာခင်မှာပင် 'တောင်' ဆိုသော notiတက်လာချိန်၌ ခေတ် ဖုန်းကို အလျှင်အမြန် ဖွင့်ကြည့်တော့ ခေတ်မျှော်လင့်ထားသလို အစ်မဆီမှ ပို့သော စာဖြစ်နေလေသည်။
"Sorry ကလေးမရယ်...အစ်မ ခေတ်ကို စိတ်မဆိုးပါဘူး...သူငယ်ချင်းမင်္ဂလာဆောင်ဆိုတော့ အလုပ်ရှုပ်နေတာရော...ပြန်ရောက်တော့လည်း နည်းနည်းပင်ပန်းပြီး အိပ်ပျော်သွားလို့ပါ...ဒါတောင် အခုအိပ်ချင်မူးတူးဖြစ်ပြီး နိုးလာလို့နော်...အစ်မကို စကားပြောရတာ"
"ဟုတ်လား...ခေတ်က မသိလို့လေ... ခေတ်ကြောင့်နဲ့ အစ်မ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးနေတာ"
"ဟင့်အင်း စိတ်အနှောက်အယှက်က ဘာလို့ဖြစ်ရမှာလဲ...တစ်ခြားသူမှ မဟုတ်တာ..."
"ဟုတ်တာပဲ နော် အစ်မ...တစ်ခြားသူမှ မဟုတ်တာကို"
အစ်မပို့လာသော စကားကြောင့် ခေတ်မှာ ပျော်ရွှင်လိုက်ရတာ...အစ်မ သိမယ်မထင်ပါလေ...။
"ဒါနဲ့ ညစာစားပြီးပြီလားဟင် အစ်မ"
ခေတ် ပို့လိုက်သော စာကြောင့် အစ်မက ရှုံ့မဲ့နေသော emojiလေးပို့ပြီး...
"ပြောစရာဒီစကားပဲ ရှိတာလား ကလေးမ...စိတ်ဝင်စားစရာကောင်းတာ တစ်ခုခုပြောလေ...ဒီအချိန်က ထမင်းစားပြီးချိန်တောင် ကျော်လို့ အိပ်ချိန်ရောက်တော့မှာလေ...တစ်ခြားသူနဲ့သာဆိုရင်တော့ တာ့တာပြသွားလောက်ပြီ"
အစ်မ ပို့သော စာကြောင့်ခေတ်က ဘာပြောရမလဲဆိုတာကို အပြေးအလွှားစဉ်းစားရလေသည်။ ပြောမဲ့သာပြောတာ ခေတ်က အခုလို ခေတ်ဘက်က ချစ်မြတ်နိုးပြီး ခေတ် ဘက်ကစကားစပြောရသော relationshipမျိုးနှင့် တစ်ခါလေးမှ မကြုံဖူးခဲ့...။
နောက်တော့ အစ်မဘက်ကတောင် ခေတ်ကို တစ်ခုခုပြောဖို့ ပြောနေသေးတာပဲလို့ တွေးလိုက်ပြီး ခေတ်က အစ်မကို စာပြန်ပို့လိုက်သည်။
"ပြောစရာဆိုရင်တော့ အစ်မရဲ့ ဖုန်းနံပါတ်လေး သိချင်တယ်...ပြီးတော့ အစ်မ ဒီနေ့ မင်္ဂလာဆောင်သွားတယ် မဟုတ်လား...ဘာပဲ ပြောပြောဓာတ်ပုံ ရိုက်ခဲ့မှာပဲလေ...ညီမကို အစ်မရဲ့ ဓာတ်ပုံလေး တစ်ပုံလောက် စွန့်ကြဲပေးပါလို့လည်း ​တောင်းဆိုချင်တယ်...ပြီးတော့ အစ်မရဲ့ အကြောင်းတွေအကုန်သိချင်တာ...အစ်မ ဘာတွေများကြိုက်တတ်လဲ...ဘယ်အရောင်တွေများနှစ်သက်လဲ...ဘယ်သီချင်းတွေများညည်းလေ့ရှိလဲ...စတာတွေပေါ့လေ"
စာရိုက်ပြီး ပို့သာ ပို့လိုက်ရတာ...အစ်မများ ကြိုက်ပါ့မလားဆိုသည့် စိုးထိတ်မှုတွေကတော့ အပြည့်...
"အစ်မကလည်း ပြောပြမယ် မဟုတ်လားဟင်...အစ်မ ပြောပြချင်သလောက်ပေါ့လေ...ခေတ်ကတော့ အစ်မနဲ့ပတ်သက်လာရင် အကုန်လုံးကို စိတ်ဝင်တစားသိချင်ပါတယ် သိလား အစ်မ"
ခေတ်စာပို့ပြီး သိပ်မကြာ အစ်မ ဘက်ကနေ စာလေးတစ်ကြောင်းပြန်ပို့လေသည်။
"၀၉××××× အဲ့တာ အစ်မရဲ့ ဖုန်းနံပါတ်...နေ့လည်ပိုင်းတွေတော့ အကြောင်းမရှိရင် မဆက်နဲ့...ခေတ် အခက်အခဲတစ်ခုခုဖြစ်တယ်ဆိုရင်တော့ နေ့ညမရွေးဆက်လို့ရပါတယ်...မလိုအပ်ဘဲ မဆက်နဲ့လို့ပြောတာ"
ပြီးတော့ အလျှင်အမြန်ပင် အစ်မပို့ထားသော စာလေးကို screenshot လေးရိုက်လိုက်ပြီး ခေတ်ဖုန်း၏ galleryထဲ အစ်မဆိုသည့် album တစ်ခုcreateလုပ်ကာ ထည့်ထားလိုက်သည်။ ခေတ် အစ်မကို သတိရသော အချိန်တိုင်း ထူးထူးခြားခြား အစ်မပြောသော စာလေးတွေကို ပြန်ကြည့်ချင်လို့လေ...။
သိပ်မကြာ...အစ်မက ပုံလေးတစ်ပုံ ခေတ်ကို ထပ်ပြပြန်သည်။
"ဒီနေ့ပုံလေ...အခုလို ကိုယ်နဲ့မသိဘဲ တစ်ခြားသူကို အစ်မပုံပြတာ ခေတ်တစ်ယောက်တည်းပဲ ရှိသေးတာနော်...တစ်ခြားအကြောင်းအရာတွေကတော့ နောက်မှဖြည်းဖြည်းချင်းသိပေါ့လေ.."
အစ်မ ရဲ့ပုံကို ပထမဆုံး မြင်လိုက်ရသောအချိန်မှာ ခေတ်က အစ်မကိုချစ်သောစိတ်တွေဟာ ပိုပြီးတိုးလို့လာရ၏။တစ်ခြားကြောင့် မဟုတ်...အစ်မက အရမ်းလှသော အမျိုးသမီးတစ်ယောက်ကြောင့်မို့လို့လေ...
အား...အစ်မရေ အစ်မကြောင့် ခေတ်ကတော့ ရူးတော့မယ်...။
အစ်မ ဆီက စာဝင်မှ ခေတ်က ပစ္စုပ္ပန်ကိုပြန်သတိရသွားပြီး အစ်မကို အလျှင်အမြန် စာပို့ရလေသည်။
"အစ် က အရမ်းလှတာပဲ...ခေတ်က အစ်မအလှမှာ မျောနေတာ အစ်မရဲ့...ခေတ်က ကံကောင်းတယ်နော် အစ်မ...အစ်မလို အရမ်းလှတဲ့သူနဲ့ ချစ်သူဖြစ်ရလို့လေ...စိတ်မချချင်တော့ဘူး အစ်မရယ်"
"စိတ်ချပါ...ဒီပုံကို ဘယ်သူမှ မကြိုက်ကြပါဘူး..."
"ဘယ်သူမှမကြိုက်တာကို ခေတ်က ပိုတောင်ကြိုက်သေးတယ်အစ်မရဲ့"
ခေတ်အတွက်တော့...
အစ်မဟာ ပစ္စုပ္ပန်ကနေ စိတ်တွေလေလွင့်သွားအောင် လုပ်နိုင်သူတစ်ယောက်ပေါ့...။
အစ်မက ရုပ်နဲ့နာမ် နှစ်ဖက်ကွဲသွားအောင်တောင် ပြုလုပ်နိုင်စွမ်းရှိပြန်တယ်...။
အစ်မက အတိတ်ကဒဏ်ရာတွေကနေ ကယ်ထုတ်ပေးပြီး ပစ္စုပ္ပန်မှာ ရှင်သန်ချင်စိတ်တွေ ဖြစ်လာအောင်လည်း စွမ်းဆောင်နိုင်သေးတယ်...။
ထို့ကြောင့်ပဲ ခေတ် အစ်မကို ချစ်ပါတယ်...။
"အစ်မ ခေတ်...အစ်မနဲ့ မနက်ဖြန်တွေ့လို့ရမလားဟင်...မနက်ဖြန် ပိတ်ရက်လည်း ဖြစ်တော့လေ"
"ဟင့်အင်း မရဘူး ခေတ်...အစ်မကို တွေ့ဖို့အကြောင်းတော့ မပြောပါနဲ့အုံး...အစ်မတို့ RS တစ်လပြည့်တဲ့နေ့မှ တွေ့ကြတာပေါ့ ခေတ်...အဲ့အကြောင်း အစ်မထပ်မပြောဘူးနော်"
ခေတ်ကို အသုံးမချချင်ပေမဲ့ ခေတ်နှင့်စကားပြောနေရလျင် ပျော်ရသော စိတ်တွေကို မိုးသားသဘောကျမိသည်။ အဲ့အချိန်တွေဆို မိုးသား နိုရာ့ကို မေ့နေမိတယ်လေ။ ခေတ်နဲ့ မတွေ့ရချိန်တွေကတော့ နိုရာ့ကို လွမ်းတဲ့ စိတ်တွေက နေရာယူကြတယ်ပေါ့...။
××××××
❤Love you all❤
Flickstar
---------
(Unicode)
ခေတ်၏ အချစ်ရေးဟာ ထူးဆန်းဖို့ သိပ်ကောင်းလွန်းလှသည်။ ခေတ် တစ်ကြိမ်တစ်ခါလေးမျှ မမြင်ဘူးသော အမျိုးသမီးတစ်ယောက်ကို ခေတ် စွဲစွဲလမ်းလမ်း ချစ်မြတ်နိုးမိခ့ဲလို့ပေါ့။
ပုံမှန်ချစ်ခြင်းမျိုး မဟုတ်သော ချစ်သူစဖြစ်သည့် နေ့မှာတောင် ခေတ်ဟာ အစ္မက ဘယ်သူဆိုတာမျိုးကို တိတိက်က် မသိသေး။ အ့ံသြစရာကောင်းလောက်အောင် ထူးဆန်းတာက အစ်မဆိုသော ထိုအမျိုးသမီးလေးကို တွေးမိလိုက်တာနှင့်ပင် ခေတ် နှလုံးခုန်နှုန်းဟာ သာမာန္ထက္ပို၍ အကြိမ်ပေါင်းများစွာမြန်ဆန် သွားတတ်ခြင်းပါ။
ဝန်ခံရမည်ဆိုလျှင်...အစ်မနှင့် ခတေ် ချစ်သူတွေ စဖြစ်သွားပြီဆိုသည့် အချိန်ထဲက ထိုအမျိုးသမီးနှင့်သာ ခေတ် ဘဝကို ဖြတ်သန်းချင်လိုက်တာ ဆိုသည့် စိတ်ဟာ ဦးဆုံးဖြစ်တည်လာခ့ဲ၏။ ခေတ် အ့ဲလိုတွေးမိလို့ တစ်ခြားသူတွေများ သိလျှင် ခေတ်ကို အရူးတစ်ယောက် ဆိုပြီး ဟားတိုက်ရယ်မောကြလိမ့်မယ် ထင်ပါတယ်။
ဟုတ်ပါတယ်...ခေတ်က အစ္မ နှင့် ပတ်သက်မိပြီးထဲက အရူးလုံးလုံးလိုပါပဲလေ...။
ချစ်သူတွေ စဖြစ်ပြီး ပထမဆုံး မနက်ခင်းမှာပင် ခေတ်က အစောကြီးနိုးနေခ့ဲသည်။ ပုံမှန် မနက်(၅)နာရီဆိုသော အချိန်ဟာ နိုးလေ့နိုးထ မရှိပေမ့ဲ ဒီနေ့တော့ အစောကြီးနိုးနေသည်ပေါ့...။
မျက်လုံးဖွင့်တာနှင့် လက္က ဖုန်းဆီသို့ တိုက်ရိုက်ရောက်ပြီးသား...ခေတ် ပထမဆုံး လုပ်ဆောင်တာက ဖုန်းကိုဖွင့်ပြီး အစ္မ Accountရ့ဲ messengerလေးကို တန်းသွားတာပါ။ 38min ago ဆိုတာလေးမြင်တော့ မသိစိတ်ထဲက ဝမ်းနည်းသွားတာတော့ အမှန်။ အစ္မက လိုင်းပေါ်တက်ရ့ဲသားန့ဲ ခေတ်ဆီကို စာတစ်ကြောင်းမှ မပို့လို့လေ။
အစ္မက လူကြီးဆိုတော့ မအားတာမျိုး ဖြစ်မှာပါ ကိစ္စမရှိပါဘူးလေ လို့တွေးလိုက်ပြီး အစ္မဆီကို စာတစ်ကြောင်းပို့လိုက်သည်။
"မောနင်းနော် အစ္မ..."
"အစ္မက ခေတ် ထက်တောင်အစောကြီးနိုးနေတာပဲ...မင်္ဂလာဆောင်သွားရင် ပုံလေးတွေရိုက်ခ့ဲနော်...ဖြစ်နိုင်ရင် ခေတ်ကို တစ်ပုံလောက်ပို့ပေးပါလားဟင် အစ္မ...ကိုယ့်ချစ်သူရ့ဲ ပုံလေးတစ်ပုံတော့ ခေတ်မှာ ရှိသင့်တယ် မဟုတ္လား..."
ခေတ်က စာပို့ပြီးတာနှင့် မျက်နှာပေါ်တွင် အပြုံးလေးတစ်ချို့ ဖြစ်ထွန်းမိ၏။ ပြီးတော့မှ ခေတ် ဓာတ်ပုံတောင်းတာ အစ္မ တစ်ယောက် ကြိုက်မှကြိုက်ပါ့မလား ဆိုသည့် စိုးထိတ်မှု ဖြစ်ပြီး နောက်ထပ် အစ္မကို စာထပ်ပို့ပြန်သည်။
"ဟိုလေ...ခေတ်က အစ္မ ပြောတ့ဲ စကားကို အလေးမထားတာမဟုတ်ပါဘူးနော် အစ္မ...အစ္မ အဆင်ပြေမှ ပေးပါ...အစ္မ ပြန်ရောက်ရင် ခေတ်ကို စာပို့ထားပါအုံးနော်"
ခေတ်က အစ္မကို ပို့ချင်သော စကားလုံး တစ်ချို့ ရှိသည်။ ပို့ရင်ကောင်းမလား မပို့ရင်ကောင်းမလား ဆိုသည့် ချီတုံချတုံ စိတ်တို့ ဖြစ်နေပြီး နောက်ဆုံး ပို့လိုက်ပါမယ်လေ ဆိုသည့် ဆုံးဖြတ်ချက်ကို ခ်လိုက္ကာ နောက်ဆုံး စာတစ်ကြောင်းကို ထပ်ပို့လိုက်ပြန်သည်။
"အစ္မကို အရမ်းချစ်တယ်..."
ထို စာကြောင်းကို ပို့ပြီး ခေတ်ရ့ဲ လက်တွေက တုန်တုန်ယင်ယင် ဖြစ်လာလေသည်။ ရင်ထဲမှာလည်း ဆူနာမီ မုန်တိုင်းဝင်နေအလား အောက်မေ့ရလောက်အောင်ကိုပင် ဝုန်းဒိုင်းကြဲနေပြန်၏။ အ့ဲကြားထဲကနေပင် ခေတ်က တစ်ယောက်တည်း ခပ္ဖြဖြ ပြုံးလိုက်ပြီး နှုတ်ကလည်းတိုးတိုးလေး ရေရွတ်လိုက်သည်။
"အစ္မကို ခေတ် သိပ္ခ်စ္တာပဲ"
ခေတ် အပြုံးတွေဟာ ကြာကြာမတည်မြဲလိုက်ပါဘူး...
"ယွန်းခေတ်သဒ္ဒါ နေဖင်ထိုးနေပြီ...မထေသးဘူးလား...ငါန့ဲဈေးလိုက်ခ့ဲ" ဆိုသော ခေတ် မေမေ၏ အော်ဟစ်သံကြောင့် ခေတ် ကိ်ုယ်လေးတုန်ယင်သွားပြီး အိပ်ယာက မြန်မြန်ထဖို့ ပြင်ဆင်လိုက်ရပါတော့သည်။
ခေတ်က အသက်(၂၄)နှစ်သာ ရှိတာ အခုချိန်ထိ အဝေးသင်နောက်ဆုံးနှစ် တက်နေပြီး ခေတ်လို အသက်တူရွယ်တူများနှင့် ယှဉ်ရင်တော့ အသုံးမကျသည့် ကောင်မလေးတစ်ယောက်ပေါ့။ ခေတ်တို့က မိသားစု(၅)ယောက်ရှိပြီး ခေတ်ကတော့ မွေးချင်းထဲမှာ အလတ်နေရာကို ယူထားသူပါ။
ဘွ့ဲမရ အလုပ်ရှာနေရတ့ဲ ခေတ်က မိဘတွေနှင့်တော့ ဘယ်ဘဝကရေစက်မှန်း မသိပါဘူး...ခေတ် ဆိုတာနှင့် ဖေဖေရော မေမေကပါ ကြည့်မရဘူးလို့ ပြောလို့ရသည်။ ခေတ် ကိုကြီးက civil engineer တစ်ယောက်ဖြစ်ပြီး ခေတ် ညီမေလးကေတာ့ ပြီးခ့ဲသော နှစ်ကပင် စီးပွားရေးဘွ့ဲရပြီး အလုပ်လုပ်နေသည့် သူတစ်ယောက်ပေါ့။
အ့ဲတော့ မွေးချင်းထဲမှာ ဘွ့ဲမရ ပညာမတတ်သော ခေတ်က အပြောခံ အဆိုခံ တစ်ယောက်ဖြစ်နေတာက မည်သူ့ကိုမျှ အပြစ်ပြောလို့တော့ မရဘူးပေါ့လေ။ ခေတ်ရ့ဲ တစ်နေ့တာ တာဝန္က မနက်(၆)နာရီထိုးပြီ ဆိုတာနှင့် ဖေဖေရယ်၊ ကိုကြီးရယ်၊ ညီမလေးတို့ရယ် ရုံးသွားဖို့အတွက် ဈေးသွားရသည်။ မနက်စာစားဖို့ဝယ် ထမင်းချိုင့်အတွက်ရော ညနေစာအတွက်ပါဝယ်...တစ်ခါတစ်လေ မေမေကပါ ဈေးလိုက်တယ်ပေါ့။ အားလုံးဝယ်ခြမ်း ချက်ပြုတ်ပြီး အကုန်လုံးရုံးသွားကြတော့မှ ခေတ်က ခေတ်ရ့ဲ customerတွေ orderမှာထားတ့ဲ resin handmadeလေးတွေကို ပြုလုပ်ရ၏။
ဒီကြားထဲ အိမ်ရှိလူအကုန်လုံး၏ အဝတ်တွေလျှော်စရာရှိတာလျှော် မီးပူတိုက်စရာရှိတာတိုက်...ညနေစောင်းပြီဆိုတာနှင့် ညစာစားကြဖို့ ခေတ်ကပဲ ဟင်းနွှေးဘာနွှေး ခေတ်ရ့ဲ အားလပ်ချိန်ဆိုတာ ညပိုင်းလောက်လေးပဲပေါ့။
အ့ဲလိုတွေ လုပ်ပေးရတယ်ဆိုလို့ ခေတ်က မျက်နှာရတယ်ဆိုတာ တစ်ခါလေးမျှ မရှိခ့ဲ။ ဝင်ငွေမရှိတော့ မောင်နှမတွေကြားထဲလည်း မျက်နှာငယ်၊ မိသားစုကြားထဲလည်း မျက်နှာငယ်ပေါ့လေ။ ခေတ်ရ့ဲ online handmade page လေးကလည်း ခေတ် တစ်ကိုယ်ရည် သုံးစာတောင် ဝင်ဖို့အနိုင်နိုင်မို့လို့ ခေတ် မိဘေတြကို ပုံမှန်ဝင်ငွေရနေသော ကိုကြီးနှင့် ညီမလေးတို့လောက် အများကြီး မထောက်ပ့ံနိုင်ခ့ဲဘူးပေါ့လေ။
မေမေကလည်း ခေတ် အလုပ်မရှိလို့ အလုပ်အတင်းလုပ်ခိုင်း...ခေတ်ကလည်း မကြာခင်မှာပင် တက်ရတော့မည့် အဝေးသင်အတန်းကြောင့် ခေတ်အလုပ်ရတာနှင့် (၁၀)ရက်ကျော်လောက်တက်ရမည့် အတန်းချိန်တွေကို ခွင့်မပေးမှာ စဉ်းစားပြီး အလုပ်မလုပ်သေးဘဲ ကိုယ်တတ်သော ပညာလေးဖြင့် ဝင်ငွေရှာတာကို မေမေတို့က ရှက်သည်တ့ဲလေ။
အပြောခံလာရတာ ကြာတော့ ခေတ် ထိုစကားတွေမှာ နားရည်ဝလာရသည်။ ဘယ်လိုအကြောင်းအရာမျိုးကိုမှ ခေတ်ပြိုင်မပြောချင်တော့...ခေတ်၏ အတိတ်အကြောင်းကံက ဒီလိုပါလာတယ်ဆိုရင် ခေတ်က လက်ခံရမှာပါ လို့သာ မှတ်ယူလိုက်တော့သည်။
ပြောရရင် အစ္မ နှင့် မတွေ့ခင်နောက်ပိုင်းက ကံတရားမျက်နှာသာ မပေးသော သူတွေထဲ ခေတ်လည်း ပါခ့ဲတယ်ပေါ့လေ...။
အစ္မ နှင့်တွေ့ဆုံပြီး နောက်ပိုင်း ခေတ်ရ့ဲ ဘဝက ပြောင်းလဲလာတယ်။ မိဘမေတ္တာတွေ ထင်သလောက်ကြီး မရခ့ဲရင်တောင် ဒီကမ္ဘာမှာ ခေတ်ကိုချစ်သော တစ်စုံတစ်ယောက် ရှိလာပါလားဆိုသည့် စိတ်တွေန့ဲ ခေတ်ရ့ဲ ဘဝကို ရှေ့ဆက်လျှောက်ဖို့ အားအင်တွေရှိလာရတယ်။
ဘယ္လို အကြောင်းအရာမျိုးန့ဲပဲ ဖြစ်ဖြစ် ခေတ်ဟာလည်း ကံတရားက မျက်နှာသာပေးသော လူတစ်ယောက် ဖြစ်ချင်လာမိတယ်။ အစ်မန့ဲသာ ဆိုရင် ဆိုသောစိတ်ကူးယဉ်အိပ်မက်လေးတွေ မက်တတ်လာတယ်။ အပြုံးအရယ် နည်းလွန်းသော ခေတ်က အစ္မ စာလေးတွေ မြင်ယုံ...အစ်မနှင့် အပြန်အလှန် စာလေးတွေပို့ယုံဖြင့်ပင် ပျော်ရွှင်တတ်လာတယ်။
အရာရာဟာ အစ္မကို ချစ်သော စိတ္ကေနပဲ မြစ်ဖျားခံလာခ့ဲတယ်ပေါ့လေ။
-----
ခေတ် မနက်ထဲက ပို့သော စာတွေကို အစ္မက seenဖြစ်ပေမ့ဲလို့ အခုမိုးချုပ်သော အချိန်ထိ ခေတ်ကို အစ္မ စာမပို့သေး...။ ခေတ် လိုင်းပေါ်တက်တိုင်း အစ္မ လိုင်းပေါ်က ဆင်းသွားသော ဘယ်လောက် minute agoဆိုသည့် စာလေးကိုသာ မြင်တွေ့ရတော့ ချစ်သူတွေသာ ဖြစ်တယ်ဆိုသည့် နာမ်စားလေးသာ ပြောင်းသွားခ့ဲပြီး...အစ္မက အရင်ကခင်မင်ခ့ဲဘူးသော အမျိုးသမီးတစ်ယောက်ကနေ တစ်စိမ်းလူတစ်ယောက်လို ချက်ချင်းဖြစ်သွားမှုကြောင့် ခေတ်က ဝမ်းနည်းမိသွားလေသည်။
၈နာရီ...
၉နာရီ...
၁၀နာရီ...ရောက်သည်အထိ အစ်မလိုင်းပေါ် မတက်လာသေးတော့ ခေတ်တစ်ယောက် နေရထိုင်ရ သိပ်မကောင်းချင်တော့...။ ဘာများဖြစ်တာလဲ ဆိုသည့် စိုးရိမ်မှုတွေ ဖုံးလွှမ်းထားပြီး ဘယ်လိုလုပ်ရမလဲဆိုသည့် အတွေးတွေက လွှမ်းမိုးထားလေသည်။
နောက်ကျတော့ စာပို့မှပါပဲလေ ဟု ဆုံးဖြတ်လိုက်ပြီး အစ္မဆီကို စာပို့ရန် ပြင်လိုက်သည်။
"အစ္မ မအားသေးတာလားဟင်"
"နေရောကောင်းရ့ဲလား...တစ်နေကုန်လုံး ခေတ်ကို စာမပြန်တော့လေ...ခေတ် ပို့လိုက်တ့ဲစာတွေကို စိတ်ဆိုးသွားလို့လား...အစ္မ မကြိုက်ဘူးဆိုရင် နောက်ပိုင်း ခေတ်ဆင်ခြင်ပါ့မယ်နော် အစ္မ"
ပိုင်ရှင်မရောက်သေးသော accountလေးထဲစာပို့တာကြောင့် ခေတ်စာလေးတွေက မျက်နှာငယ်စွာဖြင့် ခေတ်ကိုပြန်ကြည့် နေသယောင်...
သိပ်မကြာခင်မှာပင် 'တောင်' ဆိုသော notiတက်လာချိန်၌ ခေတ် ဖုန်းကို အလျှင်အမြန် ဖွင့်ကြည့်တော့ ခေတ်မျှော်လင့်ထားသလို အစ္မဆီမွ ပို့သော စာဖြစ်နေလေသည်။
"Sorry ကလေးမရယ်...အစ္မ ခေတ်ကို စိတ်မဆိုးပါဘူး...သူငယ်ချင်းမင်္ဂလာဆောင်ဆိုတော့ အလုပ်ရှုပ်နေတာရော...ပြန်ရောက်တော့လည်း နည်းနည်းပင်ပန်းပြီး အိပ်ပျော်သွားလို့ပါ...ဒါတောင် အခုအိပ်ချင်မူးတူးဖြစ်ပြီး နိုးလာလို့နော်...အစ္မကို စကားပြောရတာ"
"ဟုတ္လား...ခေတ်က မသိလို့လေ... ခေတ်ကြောင့်န့ဲ အစ္မ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးနေတာ"
"ဟင့်အင်း စိတ်အနှောက်အယှက်က ဘာလို့ဖြစ်ရမှာလဲ...တစ်ခြားသူမှ မဟုတ္တာ..."
"ဟုတ္တာပဲ နော် အစ္မ...တစ်ခြားသူမှ မဟုတ္တာကို"
အစ်မပို့လာသော စကားကြောင့် ခေတ်မှာ ပျော်ရွှင်လိုက်ရတာ...အစ္မ သိ်မယ်မထင်ပါလေ...။
"ဒါန့ဲ ညစာစားပြီးပြီလားဟင် အစ္မ"
ခေတ် ပို့လို်က်သော စာကြောင့် အစ္မက ရှုံ့မ့ဲနေသော emojiလေးပို့ပြီး...
"ပြောစရာဒီစကားပဲ ရှိတာလား ကေလးမ...စိတ်ဝင်စားစရာကောင်းတာ တစ်ခုခုပြောလေ...ဒီအချိန်က ထမင်းစားပြီးချိန်တောင် ကျော်လို့ အိပ်ချိန်ရောက်တော့မှာလေ...တစ်ခြားသူန့ဲသာဆိုရင်တော့ တာ့တာပြသွားလောက်ပြီ"
အစ္မ ပို့သော စာကြောင့်ခေတ်က ဘာပြောရမလဲဆိုတာကို အပြေးအလွှားစဉ်းစားရလေသည်။ ပြောမ့ဲသာပြောတာ ခေတ်က အခုလို ခေတ်ဘက်က ချစ်မြတ်နိုးပြီး ခေတ် ဘက်ကစကားစပြောရသော relationshipမျိုးနှင့် တစ်ခါလေးမှ မကြုံဖူးခ့ဲ...။
နောက်တော့ အစ်မဘက်ကတောင် ခေတ်ကို တစ်ခုခုပြောဖို့ ပြောနေသေးတာပဲလို့ တွေးလိုက်ပြီး ခေတ်က အစ္မကို စာပြန်ပို့လိုက်သည်။
"ပြောစရာဆိုရင်တော့ အစ်မရ့ဲ ဖုန်းနံပါတ်လေး သိချင်တယ်...ပြီးတော့ အစ္မ ဒီနေ့ မင်္ဂလာဆောင်သွားတယ် မဟုတ္လား...ဘာပဲ ပြောပြောဓာတ်ပုံ ရိုက်ခ့ဲမှာပဲလေ...ညီမကို အစ်မရ့ဲ ဓာတ်ပုံလေး တစ်ပုံလောက် စွန့်ကြဲပေးပါလို့လည်း တောင်းဆိုချင်တယ်...ပြီးတော့ အစ်မရ့ဲ အကြောင်းတွေအကုန်သိချင်တာ...အစ္မ ဘာတွေများကြိုက်တတ်လဲ...ဘယ်အရောင်တွေများနှစ်သက်လဲ...ဘယ်သီချင်းတွေများညည်းလေ့ရှိလဲ...စတာတွေပေါ့လေ"
စာရိုက်ပြီး ပို့သာ ပို့လိုက်ရတာ...အစ္မမ်ား ကြိုက်ပါ့မလားဆိုသည့် စိုးထိတ်မှုတွေကတော့ အပြည့်...
ခေတ် စာပို့လိုက်ပြီး ချက်ချင်းပင် အစ်မဘက်မှ ပြန်စာဝင်လာ၏။
"ပြောဆိုတော့လည်း တန်းစီပြီးကို ပြောတော့တာပဲနော်...ဘယ်အချိန်ထဲက သိချင်တာတွေကို တန်းစီထားပါလိမ့်"
"အစ်မကလည်း ပြောပြမယ် မဟုတ်လားဟင်...အစ္မ ပြောပြချင်သလောက်ပေါ့လေ...ခေတ်ကတော့ အစ်မန့ဲပတ်သက်လာရင် အကုန္လုံးကို စိတ်ဝင်တစားသိချင်ပါတယ် သိလား အစ္မ"
ခေတ်စာပို့ပြီး သိပ်မကြာ အစ္မ ဘက္ကေန စာလေးတစ်ကြောင်းပြန်ပို့လေသည်။
"၀၉ အ့ဲတာ အစ်မရ့ဲ ဖုန်းနံပါတ်...နေ့လည်ပိုင်းတွေတော့ အကြောင်းမရှိရင် မဆက်န့ဲ...ခေတ် အခက်အခဲတစ်ခုခုဖြစ်တယ်ဆိုရင်တော့ နေ့ညမရွေးဆက်လို့ရပါတယ်...မလိုအပ်ဘဲ မဆက်န့ဲလို့ပြောတာ"
ခေတ်ကို ဖုန်းနံပါတ်ပြောပြသော စာကို မြင်လိုက်ရတော့ ခေတ်မှာ ဘာပြောရမှန်း မသိအောင်ဝမ်းသာသွားရသည်။
ပြီးတော့ အလျှင်အမြန်ပင် အစ်မပို့ထားသော စာလေးကို screenshot လေးရိုက်လိုက်ပြီး ခေတ်ဖုန်း၏ galleryထဲ အစ်မဆိုသည့် album တစ္ခုcreateလုပ္ကာ ထည့်ထားလိုက်သည်။ ခေတ် အစ္မကို သတိရေသာ အချိန်တိုင်း ထူးထူးခြားခြား အစ်မပြောသော စာလေးတွေကို ပြန်ကြည့်ချင်လို့လေ...။
သိပ်မကြာ...အစ္မက ပုံလေးတစ်ပုံ ခေတ်ကို ထပ်ပြပြန်သည်။
"ဒီနေ့ပုံလေ...အခုလို ကိုယ်န့ဲမသိဘဲ တစ်ခြားသူကို အစ်မပုံပြတာ ခေတ်တစ်ယောက်တည်းပဲ ရှိသေးတာနော်...တစ်ခြားအကြောင်းအရာတွေကတော့ နောက်မှဖြည်းဖြည်းချင်းသိပေါ့လေ.."
အစ္မ ရ့ဲပုံကို ပထမဆုံး မြင်လိုက်ရသောအချိန်မှာ ခေတ်က အစ်မကိုချစ်သောစိတ်တွေဟာ ပိုပြီးတိုးလို့လာရ၏။တစ်ခြားကြောင့် မဟုတ်...အစ္မက အရမ်းလှသော အမျိုးသမီးတစ်ယောက်ကြောင့်မို့လို့လေ...
ဓာတ္ပုံထဲမွာ အစ္မက ရင်ဖုံးအကျႌအနီရဲရဲလေးကို ဝတ်ဆင်ထားလေသည်။ ရင်ဖုံးဆိုပေမ့ဲ ရိုးရိုးကြီးဖြစ်မနေဘဲနှင့် ရင်ဖုံးအနားသတ်လေးတွေမှာ အတွန့်အဖတ်လေးများ တောက်လျှောက်ကပ်ထားပြီး အစ္မ၏ ဖြူဖွေးနေသော အသားရေနှင့် လိုက်ဖက်လွန်းနေပြန်သည်။ ဆံနွယ်အရှည်ဟာ ခါးအောက်လောက်ရောက်မည်လို့ ခန့်မှန်းနိုင်ပြီး ရှည်လျှားလှသော ထိုဆံနွယ်တွေကို မစည်းနှောင်ဘဲ တစ်ဖက်ထဲသို့အကုန်စုကာ အရှေ့သို့ချထားသည်။ ထိုင်နေသည့်ပုံဖြစ်တာကြောင့် မတ်နေသောခါးနှင့် ခြေချိတ်ထိုင်နေသော အစ္မဟာ မြန်မာအကျႌနှင့်ပင် ဖြစ်လင့်ကစား တော်တော်လေးsmartကျလွန်းနေပြန်၏။
ခေတ်ကြည့်လိုက်တော့ အစ္မဆီ၌ အထူးခြားဆုံးက မျက်ဝန်းလေးတွေပါ...အစ္မ မျက်ဝန်းတွေဟာ ညှို့အားကောင်းလွန်းပြီး အရမ်းကိုဆွဲဆောင်လွန်းလှသည်။ Camera pixel ကောင်းတာကြောင့် နဂိုရှိရင်းစွဲ မျက်တောင်ကော့ကော့လေးတွေနှင့် ဝန်းရံထားသော မျက်ဝန်းတောက်တောက်လေးကို ပုံထဲ၌ ထင်ထင်ရှားရှားမြင်ရလေသည်။ မျက်ခုံးထင်းထင်း နှာတံစင်းစင်းလေးနှင့် လေးကိုင်းသဏ္႑ာန် နှုတ်ခမ်းပါးလေးဟာ ဆိုးထားသော နှုတ်ခမ်းနီအရောင်လေးနှင့် လိုက်ဖက်နေပြန်သေးသည်။
ဒီလို လှလွန်းသော အစ်မနှင့် ချစ်သူဖြစ်ရတာ ခေတ် ကံကောင်းလိုက်တာလို့ ရေရွတ်မိပြီး အစ္မ အလှတွေကြားမှာပင် ခေတ်က မျောနေမိ၏။ ချက်ချင်းပင် အစ်မပုံလေးအား ခေတ် ဖုန်း၏ wallpaper ထားလိုက်မိတော့သည်။
အား...အစ္မေရ အစ်မကြောင့် ခေတ်ကတော့ ရူးတော့မယ်...။
"ဟိတ်...ဘာဖြစ်သွားတာလဲ...စာလည်း ပြန်မပို့ဘူးနော် ခေတ်"
အစ္မ ဆီက စာဝင်မှ ခေတ်က ပစ္စုပ္ပန်ကိုပြန်သတိရသွားပြီး အစ္မကို အလျှင်အမြန် စာပို့ရလေသည်။
"အစ္မ က အရမ်းလှတာပဲ...ခေတ်က အစ္မအလွမွာ မျောနေတာ အစ်မရ့ဲ...ခေတ်က ကံကောင်းတယ်နော် အစ္မ...အစ္မလို အရမ်းလှတ့ဲသူန့ဲ ချစ်သူဖြစ်ရလို့လေ...စိတ်မချချင်တော့ဘူး အစ်မရယ်"
"စိတ္ခ်ပါ...ဒီပုံကို ဘယ္သူမွ မကြိုက်ကြပါဘူး..."
"ဘယ်သူမှမကြိုက်တာကို ခေတ်က ပိုတောင်ကြိုက်သေးတယ်အစ်မရ့ဲ"
ခေတ် ပို့လိုက်သော စာကြောင့် မမက အသည်းပုံ stickerလေးပြန်ပို့၏။ ခေတ်မှာ ပျော်လိုက်ရတာ...
ခေတ်အတွက်တော့...
အစ္မဟာ ပစ္စုပ္ပန်ကနေ စိတ်တွေလေလွင့်သွားအောင် လုပ်နိုင်သူတစ်ယောက်ပေါ့...။
အစ္မက ရုပ်နဲ့နာမ် နှစ်ဖက်ကွဲသွားအောင်တောင် ပြုလုပ်နိုင်စွမ်းရှိပြန်တယ်...။
အစ္မက အတိတ်ကဒဏ်ရာတွေကနေ ကယ်ထုတ်ပေးပြီး ပစ္စုပ္ပန်မှာ ရှင်သန်ချင်စိတ်တွေ ဖြစ်လာအောင်လည်း စွမ်းဆောင်နိုင်သေးတယ်...။
ထို့ကြောင့်ပဲ ခေတ် အစ္မကို ချစ်ပါတယ်...။
"အစ္မ ခေတ်...အစ်မန့ဲ မနက်ဖြန်တွေ့လို့ရမလားဟင်...မနက်ဖြန် ပိတ်ရက်လည်း ဖြစ်တော့လေ"
"ဟင့်အင်း မရဘူး ခေတ်...အစ္မကို တွေ့ဖို့အကြောင်းတော့ မပြောပါန့ဲအုံး...အစ်မတို့ RS တစ်လပြည့်တ့ဲနေ့မှ တွေ့ကြတာပေါ့ ခေတ်...အ့ဲအကြောင်း အစ်မထပ်မပြောဘူးနော်"
မိုးသားက ခေတ်ကို မတွေ့ဘူးပြောတော့လည်း ခေတ်က အတင်းအကျပ်မတောင်းဆို အစ်မသဘောပါနော် ဆိုပြီးတော့သာ ပြန်ပြောလေသည်။
ခေတ်နှင့် စကားပြော နှုတ်ဆက်ပြီးချိန်အထိ မိုးသား အိပ်လို့မပျော်။ သူမတကယ်ပဲ ကေလးမေလးကို လှည့်စားနေမိပြီလားဆိုသည့် စိတ်တွေက ဝေခွဲမရ...။
ခေတ်ကို အသုံးမချချင်ပေမ့ဲ ခေတ်နှင့်စကားပြောနေရလျင် ပျော်ရသော စိတ်တွေကို မိုးသားသဘောကျမိသည်။ အ့ဲအချိန်တွေဆို မိုးသား နိုရာ့ကို မေ့နေမိတယ်လေ။ ခေတ်န့ဲ မတွေ့ရချိန်တွေကတော့ နိုရာ့ကို လွမ်းတ့ဲ စိတ်တွေက နေရာယူကြတယ်ပေါ့...။
နှစ်နှစ်ဆိုသည့် အချိန်တစ်ခုဟာ (၇)နှစ်တာ ချစ်ခ့ဲသော နိုရာ့ကို မေ့ပစ်ဖို့ အချိ်န်တန်နေပြီလေ။ သူလည်း သူ့ဘဝနှင့်သူ လျှောက်လှမ်းနေသလို မိုးသားလည်း မိုးသားဘဝနှင့် မိုးသားအခြေချသင့်ပြီ ထင်ပါတယ်။
ငါ နင့်ကို မေ့ပစ်ချင်ပြီ နိုရာ...။
×××××
Love you all
Flickstar
---------
Continue Reading
You'll Also Like
324K 34.5K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
341K 8.4K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
78.6K 2.9K 33
Unicode and Zawgyi version ကံကြမ္မာကဆန်းကြယ်တယ် အမှတ်မထင်ကိုယ့်ဘဝထဲကိုရောက်လာတဲ့ မိသားစု၀င်သူစိမ်းတယောက်ကလည်း ကိုယ့်ချစ်သူဖြစ်လာနိုင်တာပဲ‌..... Zawgy...
253K 40.6K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .