ဗီလိန်ကငါ့Systemကို၀င်စီးသွား...

By Berry_Xin

89.7K 14.3K 578

This novel is not mine.I'm just translated it for fun.If there is something wrong about my translation,then... More

Description
Chapter-1.1{Arc 1}
Chapter-1.2
Explanation about System
Chapter-2.1
Chapter-2.2
Chapter-3.1
Chapter-3.2
Chapter-4
Chapter-5
Chapter-7
Chapter-8
Chapter-9
Chapter-10
Notice
Chapter-11
Chapter-12
Chapter -13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Not update‼️
Chapter-23
Chapter-24
Chapter-25{Arc 1 End}
Chapter-26{Arc 2}

Chapter-6

2.4K 510 24
By Berry_Xin

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


နောက်ဆုံးတော့လည်း ဂူရှီးယွီကဘယ်သူ့ကိုမှကျိန်ဆဲမနေတော့ဘဲ တဖက်ကအမျိုးသမီးကြီးကို ဦးညွှတ်ပီးယဥ်ယဥ်ကျေးကျေးပဲ နှုတ်ဆက်လိုက်သည်။
သူဘယ်လောက်ပဲ အံ့သြပီးဒေါသတွေထွက်နေပါစေ ဘယ်လောက်ပဲကျီချင်ဆိုတဲ့လူကြီးကို မျက်ခွက်တွေပိတ်ထိုးချင်နေပါစေ၊ဧည့်ခန်းမှာထိုင်နေတဲ့ ရွှေကိုင်းမျက်မှန်နဲ့ အမျိုးသမီးကြီးရဲ့အမူအရာပုံသဏ္ဍာန်ကိုထောက်ထားပီး ဘာမှမလုပ်ဖြစ်ပေ။

ကျီချင်က သူ့ကိုမျက်နှာချင်းဆိုင် ဆိုဖာမှာထိုင်ခိုင်းစေပီးတော့မှ ကိုင်ထားတဲ့လက်ကိုလွှတ်လိုက်သည်။
"သူ့နာမည်က ဂူရှီးယွီပါ။
ဂူနည်းပညာကုမ္ပဏီက ဥက္ကဌဂူရဲ့သားလေ"

ကျီချင်က ကျီဇီရွှမ်နဲ့အမျိုးသမီးကြီးကိုသူ့ရဲ့အကြောင်းတွေ မိတ်ဆက်ပေးနေခဲ့တယ်။
ကျီချင်ရဲ့လေသံဟာဖြင့် အရမ်းတွေကြည်လင်နူးညံ့နေပီး ဖြောင့်ဖြူးနေတာပဲ။
မသိတဲ့သူတွေသာဆို သူတို့၂ယောက်က ဟိုးအရင်ကတည်းက ရင်းနှီးချစ်ခင်လာတဲ့သူတွေလို့တောင် ထင်သွားကြမှာ။

ဒါမယ့် ဂူရှီးယွီအနေနဲ့ကတော့ လောလောဆယ်သူ့စိတ်တွေ ဟာလာဟင်းလင်းရီး ဖြစ်နေတယ်။
အာ့ကြောင့်မို့ပေါ့ ဒင်းကလိန်လီနာနဲ့လက်မထပ်ဖြစ်လို့ မစ်ရှင်အောင်သွားတာက သူနဲ့လက်ထပ်ဖြစ်သွားလို့ကိုး။
သူ့မှာ မသာမယာနဲ့Systemကိုမေးလိုက်သည်
"ဘာလို့ ငါလက်ထပ်ထားတဲ့လူက ရုတ်တရက်ကြီး ကျီချင်ဖြစ်သွားတာတုန်း"

ပစ်မှတ်နဲ့ပတ်သက်ပီး သူစီစဥ်ထားတဲ့အရာတွေ တလွဲတွေဖြစ်ကုန်တာကို နဲနဲလေးမှမကျေနပ်ဘူး။
Systemကတော့ရိုးသားစွာပဲ ပြောလာပါတယ်
"အဲ့ဒါ မင်းကိုယ်မင်းမေးရမှာ မဟုတ်ဘူးလား"

ဂူရှီးယွီခမျာမှာတော့ ဘာမှပြန်မပြောနိုင်လောက်အောင် ဆွံ့အလျက်။

"ဂူကုမ္ပဏီ ဟုတ်လား။ငါတခါမှမကြားဖူးဘူး"
အမျိုးသမီးကြီးဟာ ခေါင်းတောင်မော့မလာဘဲ ဘေးကအစေခံပေးတဲ့လက်ဖက်ရည်ကိုသာသောက်နေရင်း ပြောလိုက်သည်။
သူလွန်ခဲ့တဲ့ရက်တွေတုန်းက ကျီချင်ကိုလိုက်ရှာနေစဥ်က သတင်းအချို့ကိုကြားထားမိသည်။
ဒီအမျိုးသမီးကြီးက အကြီးအကဲကျီရဲ့
မိန်းမ လင်ဖန်းရူဖြစ်ပေမယ့် ကျီချင်ရဲ့အမေရင်းတော့မဟုတ်ဘူး။

ကျီချင်က ပုံမှန်လေသံဖြင့်
"သူတို့က သိပ်နာမည်မကြီးတဲ့ကုမ္ပဏီသေးသေးလေးဆိုတော့ အမေမကြားဖူးတာ မဆန်းပါဘူး။
ကျနော်ကတော့ လိန်မိသားစုကသမီးလို ထင်ပေါ်ကျော်ကြားပီးဆယ်လီဖြစ်နေတဲ့သူထက်စာရင် နှိမ့်ချတတ်တဲ့သူ့ကိုပိုသဘောကျတယ်"

လင်ဖန်းရူကပြန်ပြောလာသည်
"ငါပြောချင်တာက မင်းတို့အရင်ကတည်းက ဒီလိုဆက်ဆံရေးရှိခဲ့တယ်ဆိုရင် ဘာလို့ကြင်ဖက်တွေ့ခိုင်းတုန်းက မငြင်းခဲ့တာလဲ"
ဂူရှီးယွီကလည်း သူ့ဘေးကလူကိုတိတ်တိတ်လေးထိုင်ကြည့်နေပီး ဒင်းဘယ်လိုတွေ ဆင်ခြေဆင်လက်ပေးမလဲစောင့်ကြည့်လို့နေသည်။

မထင်မှတ်ထားစွာနဲ့ပဲ ကျီချင်ဟာဒီလိုအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပုံရသည်။
သူ့မျက်လုံးထဲမှာ မတတ်သာသည့်အရိပ်အရောင်လေးတွေပေါ်လာပီး
"အဲ့အချိန်တုန်းက ရှီးယွီနဲ့ကျနော်ရန်ဖြစ်ထားပီး လမ်းခွဲကြမို့တောင်လုပ်နေတာ။
ကျနော်ကလည်း သူစိတ်ဆိုးအောင်ဆိုပီး ကြင်ဖက်တွေ့ဖို့လက်ခံခဲ့တာ။
နောက်မှပြန်တွေးလိုက်တော့ ကျနော်သူနဲ့မခွဲနိုင်ဘူး။
ကျနော်သူ၀မ်းနည်းမယ့်လုပ်ရပ်မျိုး မလုပ်ချင်ဘူး"

ဂူရှီးယွီ-"???"

လင်ဖန်းရူက သူ့ကိုအခေါက်ခေါက်အခါခါ ကြည့်လိုက်ပီးမှ သူမရဲ့ခြုံထည်ကိုသပ်သပ်ရပ်ရပ် ပြင်လိုက်ကာ မေးလာသည်
"ဟုတ်လား၊အာ့ဆို ဘာလို့အစကတည်းက မပြောတာလဲ"

ကျီချင်မှာ မျက်လွှာလေးချလိုက်ပီးမချိပြုံးလေးဖြင့်
"အစက ကျနော့်ဘေးမှာ အဖော်ပြုပေးမယ့် တစုံတယောက်အနေနဲ့သူ့ကိုရွေးချယ်ထားတဲ့သဘောပဲ။
လက်ထပ်ဖို့အထိတောင် မစဥ်းစားထားဘူး။
အဲ့လိုလုပ်ဖို့လည်းမလိုဘူးလို့ထင်ခဲ့တာ။
ဒါမယ့် အခုတခေါက်ရန်ဖြစ်ပီးမှ သူကကျနော့်အတွက် ဘယ်လောက်အရေးပါတဲ့သူဖြစ်ကြောင်း သိလာခဲ့တာ။
ပီးတော့ ကျနော့ဘ၀ရဲ့နောက်ဆုံးအချိန်တွေထိ အတူရှိသွားချင်တဲ့လူက သူဖြစ်မှကိုရမယ်လို့ ကျိန်းသေသွားခဲ့တာ"
(T/N ဒရမ်မာတွေရမယ် ဒရမ်မာတွေ😆)

ဂူရှီးယွီရဲ့ ဖုန်းကိုကြေလုနီးပါးဆုပ်ကိုင်ထားတဲ့လက်က အဖြူရောင်ဘက်တောင်သန်းနေပီ။
ဒီလိုချစ်ရည်ရွှန်းပီး ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းလှတဲ့ အချစ်ဇာတ်လမ်းလေးကို သူတောင် ယုံမိလုနီးပါးဖြစ်သွားခဲ့သည်။
ကျီဇီရွှမ်က အဖြူရောင်လည်ထောင်အင်္ကျီကို၀တ်ဆင်ထားသည်။
သူကတည်တည်ငြိမ်ငြိမ်နဲ့ သူ့ကိုကြည့်ပီး
"မစ္စတာဂူက မိသားစုကြီးကမဟုတ်ပေမယ့် သူ့မိသားစုနဲ့နောက်ခံက ပြဿနာတစုံတရာမရှိပါဘူး။
ဦးလေးကလည်း အရမ်းနှစ်သက်နေတော့ အားလုံးကအဆင်ပြေနေသားပဲလေ"

လင်ဖန်းရူကထပ်ပြောသည်
"အခုတလော ဂူကုမ္ပဏီကသိပ်အဆင်မပြေဘူးလို့ ကြားတယ်"
သူမက ပုံမှန်လိုပြောလိုက်ပေမယ့် အကုန်လုံးကတော့ ဆိုလိုရင်းကိုသဘောပေါက်လိုက်သည်။
ဒီလက်ထပ်မှုရဲ့နောက်ကွယ်မှာ တခုခုကိုမက်မောတာတွေပါမပါဆိုတာပေါ့။
ထိုအခါ ကျီချင်က
"ဟုတ်ပါတယ်။ဒါပေမယ့် ရှီးယွီမိသားစုရဲ့ လုပ်ငန်းအခြေအနေနဲ့ပတ်သက်ပီး ကျနော်တခါမှမစပ်စုဖူးဘူး။
ပီးတော့ သူနဲ့သူ့မိသားစုကလည်း ဆက်ဆံရေးသိပ်အဆင်မပြေဘူး။
အဲ့တော့ ကျနော်နဲ့သူလက်ထပ်ပီးရင်တောင်မှ ကျနော်သူ့မိသားစုအတွင်းရေးတွေ ၀င်စွက်ဖက်ဖို့စိတ်ကူးမရှိဘူး"

အေးအေး၊မင်းစိတ်ချမ်းသာသလိုသာ​ပြောတော့ကွာ...
ဂူရှီးယွီမှာ ထိုလူကြီးစကားဆုံးအောင်ပေးပြောထားလိုက်သည်။
လင်ဖန်းရူဘာမေးမေး ကျီချင်ဆီကထွက်လာတဲ့အဖြေတွေက လုံး၀ကိုဆီလျော်နေသည်။
တခါတလေ ဂူရှီးယွီမသိတဲ့အကြောင်း
တွေတောင် သူကဖြေပေးလိုက်သေး။
သူမရဲ့သံသယတွေက လျော့ပါးသွားပီး ကျီချင်အား
"မင်းဘာသာမင်း ယူတဲ့လူက ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ငါဘာမှမပြောလိုပါဘူး။
ဒါပေမယ့် အခုမင်းတို့လက်ထပ်မှတ်ပုံတင်တာတောင် လုပ်ပီးပီဆိုတော့ တရား၀င်ကြေညာချက်လေးထုတ်ဖို့ လုပ်ပါလား။
မင်းလည်းမွဲနေတာမှမဟုတ်ဘဲ၊မင်္ဂလာပွဲလေးဘာလေးလုပ်ပေါ့"

ကျီချင်က သူ့လက်ကိုဆန့်လိုက်ပီး ဂူရှီးယွီခေါင်းကိုပုတ်လိုက်သည်။
ဂူရှီးယွီမှာတော့ အပြစ်ရှိသလိုခံစားနေရပီး သူ့ကိုအေးစက်တဲ့အမူအရာနဲ့ကြည့်လိုက်သည်။
ကျီချင်မှာ စိတ်ချမ်းသာနေတဲ့အသံနဲ့
"စိတ်မပူပါနဲ့။ကျနော် လက်ရှိကုမ္ပဏီကိစ္စတွေ လက်စသတ်ပီးတာနဲ့ မီဒီယာတွေရှေ့မှာတရား၀င်ကြေညာမှာပါ။
သူ့အတွက်လည်း တသက်မမေ့နိုင်တဲ့မင်္ဂလာပွဲမျိုး ကျင်းပပေးဦးမှာ"

ဂူရှီးယွီကလည်း သူ့ခေါင်းကိုပုတ်နေတဲ့ ကျီချင့်လက်ကောက်၀တ်ကို အားနဲ့ဆွဲညစ်ထားပီး
"အွန်း ကျနော်လည်း အချိန်မရွေး အားလုံးကိုတရား၀င်ချပြချင်နေပါပီ"
သူကကျီစံအိမ်မှာပဲ နေ့လည်စာစားလိုက်သည်။
သူစားပီးလို့ ကျီချင်နဲ့အတူ အပေါ်ထပ်တက်မယ့်အချိန်မှာ ကျီဇီရွှမ်စားနေတဲ့ထမင်း တ၀က်တောင်မကျိုးသေးဘူး။
လင်ဖန်းရူကလည်း စားပွဲမှာစိတ်ဖိစီးနေတဲ့အမူအရာနဲ့ ထိုင်နေသည်။

ဂူရှီးယွီက ကျီချင်ရဲ့စာကြည့်ခန်းထဲကို လိုက်လာခဲ့သည်။
စာကြည့်ခန်းတံခါးပိတ်သွားပီးတဲ့အချိန်မှာ အခန်းထဲရှိလေထုကရုတ်တရက် တင်းမာလာသည်။
ဂူရှီးယွီက ကျီချင်တယောက် ရေခဲရိုက်ထားတဲ့မျက်နှာနဲ့ သူ့ကွန်ပြူတာထားတဲ့စားပွဲဆီသွားနေတာ ကြည့်လိုက်သည်။
ကျီချင်က သူ့ကိုအဖက်လုပ်မယ့်ပုံမပေါ်ဘူး။
နောက်တော့ သူပဲအသက်ပြင်းပြင်းရှိုက်လိုက်ပီး မေးလိုက်သည်
"ကျီချင် ကျနော့ကိုရှင်းပြချင်တာလေးများ ရှိလား"

သူလက်ထပ်ထားတဲ့လူက သူ့ပစ်မှတ်ကြီးဖြစ်နေတယ်။
သူ့ရင်ထဲမှာ မဖော်ပြနိုင်လောက်အောင်ကို ဒီပျက်ရှင်၀င်သွားသည်။
ဒါက အံ့အားသင့်ပီးမယုံကြည်နိုင်လောက်အောင် ခံစားနေရသည့်အပြင် ဒေါသထွက်တာကိုပါ ခံစားနေရသည်။
သူဘာလို့အဲ့တုန်းက စာချုပ်ကိုဖွင့်မကြည့်မိရတာလဲ။
သူမှားတာ၊အစကတည်းက ချင်ကျင်း ဟုတ်မဟုတ်အတည်ပြုခဲ့ရမှာ။
လက်ထပ်မှတ်ပုံတင်ရုံးရှေ့မှာ တွေ့တယ်ဆိုတိုင်း ချင်ကျင်းဖြစ်ပါတယ်လို့ သူမယုံကြည်ခဲ့သင့်တာ။

ပီးတော့ ပိုပီးအရေးကြီးတာက သူဒီကမ္ဘာရောက်တာမှမကြာသေးဘူး။
ကျီချင်နဲ့အဲ့လိုဆုံရမယ်လို့မမျှော်လင့်ထားသလို သူနဲ့ပတ်သက်မိလိမ့်မယ်လို့လည်း လုံး၀မထင်ထားဘူး။
သူ့ကိုသတ်ဖို့လုပ်တဲ့လူတွေကို ငှားထားတဲ့သူက တကယ်ပဲကျီချင်လား။

"မင်းဆိုလိုတာက ဒီလက်ထပ်စာချုပ်အကြောင်းလား"
ကျီချင်က ထိုင်ခုံကိုဆွဲကာထိုင်လိုက်ပီး ရယ်မော၍ပြောလာသည်
"ကိုယ်အဲ့ဒီမေးခွန်းကို မဖြေခင် မင်းဘာလို့ ကိုယ်နဲ့လိန်လီနာနဲ့တွေ့မှာကို တားပီးသူ့အစားလာတွေ့တာလဲ၊အဲ့တာလေး အရင်သိချင်မိတယ်"
ဂူရှီးယွီရဲ့လက်တွေ အနဲငယ်တုန်ယင်သွားသည်။
ကျီချင်ကအဲ့အကြောင်းကိုသိနေတာလား?

ကျီချင်ရဲ့လက်တွေ ကွန်ပြူတာကီးဘုတ်ပေါ် ပြေးလွှားနေတာကိုကြည့်လိုက်ပီး ဂူရှီးယွီကတိတ်ဆိတ်စွာနဲ့
"ကျနော်က သူမခင်များကိုမကြိုက်ဘူးပြောနေတာ ကြားလို့ပါ။
ကျနော်ကလည်း ခင်များကိုပြောစရာလေးရှိနေတော့ အဲ့အခွင့်အရေးကိုသုံးပီး ခင်များနဲ့တွေ့ချင်ရုံပါ"
ကျီချင်ကတကယ်တော့ အဲ့အချိန်ကတည်းက သိပီးသားပေါ့။

"အိုး..."
ကျီချင်က စာရိုက်နေတာရပ်လိုက်ပီးသနားစဖွယ်လေသံနဲ့
"ကိုယ်ထင်တာက မင်းကိုယ့်ကိုတအားတွေကြိုက်နေလို့ အဲ့နည်းသုံးပီးကိုယ့်ကိုချဥ်းကပ်တယ်ထင်နေတာ။
အာ့ကြောင့်လည်း အခွင့်အရေးလေး၁ခုပေးလိုက်မိတာလေ"
ဂူရှီးယွီ-"?????"

ကျီချင်ကထပ်ပြောလာသည်
"အာ့ဆို ကိုယ်တို့ကွာရှင်းကြမလား"
ဂူရှီးယွီခမျာ ကျီချင်အခုလိုဒဲ့ဒိုးကြီး ပြောလာမည်လို့မထင်သဖြင့် ကြောင်အသွားသည်။
ထိုအချိန်တွင် Systemဆီမှရုတ်တရက်အသံထွက်လာသည်
[Hostရဲ့တာ၀န်က ပစ်မှတ်နဲ့ရင်းနှီးမှအဆင်ပြေမယ်မလား။
အခုအခြေအနေအတိုင်းဆို အိုခေမှာစိုပြေနေပီ မဟုတ်ဘူးလား]

ဂူရှီးယွီမှာလည်း Systemပြောတာ တော်တော်လေးဆီလျော်တယ်လို့ ခံစားမိသည်။
ထို့ကြောင့် သူငြင်းလိုက်သည်
"မလိုပါဘူး၊ကျနော့အတွက်ကတော့ လက်ထပ်မယ့်သူက ခင်များဖြစ်ဖြစ် ချင်ကျင်းဖြစ်ဖြစ် အထွေအထူးမဟုတ်ပါဘူး။
ဒီတိုင်း ၀က် မဟုတ်ရင် ခွေး အဲ့လိုအနေအထားကွာခြားမှုမျိုးပဲ ဖြစ်သွားတာပါ"

ထိုစကားများမှာ တော်တော်နား၀င်ခါးရာကျပါသည်။
အခြားတယောက်ယောက်ကသာ ကျီချင်အရှေ့မှာအဲ့လိုပြောလို့ကတော့ အရိုးပါမကျန်အောင်ဖျောက်ပစ်ခံရမှာ ကျိန်းသေတယ်။
သို့သော်လည်း ခဏတာတိတ်ဆိတ်မှုအပီးမှာ ကျီချင်ကအရမ်းသိချင်နေတဲ့လေသံနဲ့
"အာ့ဆို ဘယ်သူက ၀က်လဲ"
ဂူရှီးယွီ-"???"

အဲ့ဒါကအရေးကြီးလို့လားဟ။
ဂူရှီးယွီအနေနဲ့ကတော့ Systemပီးရင် ပြောရဆိုရအခက်ဆုံးက ကျီချင်လို့သတ်မှတ်လိုက်သည်။
ဂူရှီးယွီထွက်သွားဖို့လုပ်လိုက်တော့ ကျီချင်က တားလိုက်ပီး
"မင်းပြောစရာရှိတယ်ဆို၊ဘာများလဲ"
ဂူရှီးယွီက ကျီချင်မှာသူခုနက
ပေးခဲ့တဲ့​ တွေ့ကရာဆင်ခြေအားမေးနေတယ်လို့ ထင်ပေမယ့် ကျီချင်မှာသူ့ကွန်ပြူတာကို ဂူရှီးယွီဘက်လှည့်ပြလာသည်။

အချို့စာလုံးတွေက ကုတ်ပုံစံလိုရေးထားတာသူတွေ့လိုက်သည်။
သေချာပြန်ကြည့်ပီး ဖတ်လိုက်တော့
ရေးထားတာက
"ဖုန်းမင်လုပ်ငန်းစုနဲ့ပတ်သက်ပီး ဥက္ကဌကျီကို အရေးတကြီးအသိပေးစရာလေးရှိတယ်"
ဂူရှီးယွီတိတ်ဆိတ်သွားပီး စိတ်ထဲမှSystemအားမေးနေသည်။
Systemမှာလည်း အားလျော့နေတဲ့အသံနဲ့
[ကျနော်လည်းမသိပါဘူးခမျာ]

မူလပိုင်ရှင်က အရေးမကြီးတဲ့အမြှောက်စာဇာတ်ကောင်လေးပဲဖြစ်ပေမယ့် ဂူရှီးယွီမ၀င်ခင် အရင်ကမူလပိုင်ရှင်မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တွေ အချက်အလက်တွေ ဘာဆိုဘာမှမသိခဲ့ရဘူး။
ဂူရှီးယွီလက်ခံရရှိတဲ့အချက်အလက်တွေက လုံး၀အပေါ်ယံမျှသာ။
ဂူရှီးယွီက ကျီချင်မေးတာကိုပြန်မဖြေဘဲ မေးလာသည်
"လွန်ခဲ့တဲ့တပတ်က ကျနော်လမ်းကြားတခုထဲမှာ အသတ်ခံရလုနီးပါးဖြစ်သွားတယ်။
အဲ့ဒါခများလက်ချက်လား"
ကျီချင်မှာ ခဏတန့်သွားပီး သံသယလေသံနဲ့
"ကိုယ်မှမင်းကိုတခါမှမမြင်ဖူးတာ၊ဘာကိစ္စနဲ့ မင်းကိုသတ်ခိုင်းရမှာလဲ"

"ပီးတော့ ကိုယ်ကတရားမ၀င်တဲ့လုပ်ရပ်တွေ မလုပ်ဘူး"
ကွန်ပြူတာထဲ Mailအသစ်၀င်လာသံကြားပီးနောက် ကျီချင်ကတချက်လှမ်းကြည့်ပီး ရီလိုက်ကာ
"ဆိုပေမယ့် အနာဂတ်မှာစိတ်ပြောင်းချင်လည်း ပြောင်းသွားနိုင်တယ်"
ကျီချင်ရဲ့ပုံစံက လိမ်ပြောနေတာမဟုတ်မှန်းသူသိသည်။
သူ့အခန်းထဲမှာ USBတခုရှိနေသေးသည်ကိုလည်း သတိရလိုက်သည်။
အဲ့ထဲမှာ သူသိချင်နေတဲ့အဖြေတွေပါမယ် ထင်ရတာပဲ။

ကျီချင်နဲ့စကားပြောပီးနောက် ဂူရှီးယွီကကျီအိမ်မှထွက်သွားဖို့ ပြင်လိုက်သည်။
အောက်ထပ်ဆင်းလာတော့ ကျီဇီရွှမ်နဲ့ဆုံသည်
"အဘွားက မနက်ဖြန်အရေးကြီးတဲ့ကိစ္စ ကြေညာဖို့ရှိတယ်။
မင်းက ဦးလေးရဲ့သက်ဆိုင်သူဆိုတော့ အဲ့မှာရှိနေသင့်တယ်လို့ ပြောတယ်"
အဲ့ကိစ္စက ဘာများလဲလို့တွေးနေမိရင်း
ပစ်မှတ်ရဲ့အခြေအနေကိုလည်း နဲနဲစိတ်ပူမိတာနဲ့ သူသဘောတူလိုက်သည်။
ညဘက်ရောက်သော် သူနဲ့ကျီချင်မှာတခန်းတည်းနေရမယ့် အခြေအနေရောက်လာသည်။
သူ၀တ်ထားတဲ့ည၀တ်အင်္ကျီတောင်မှ ကျီချင့်ဟာဖြစ်သည်။

"အဲ့တာ ကိုယ်အထက်တန်းကျောင်းတုန်းက ၀တ်ခဲ့တဲ့ည၀တ်အင်္ကျီ၊မင်းနဲ့တော်မယ် ထင်တာပဲ"
ဂူရှီးယွီက ကျီချင်အားကျေးဇူးတင်လိုက်ပေမယ့် သူ့စိတ်ထဲအနဲငယ်
မကျေနပ်ဘူးလို့ ခံစားရသည်။
ညသန်းခေါင်တွင်ကား ကြီးမားလှတဲ့အိပ်ရာထက်၌ ဂူရှီးယွီရယ် ကျီချင်မွေးထားတဲ့ကြောင်လေးရယ်သာ ရှိသည်။
ကြောင်လေးက ကျီချင့်ခေါင်းအုံးပေါ်ခွေနေပေမယ့် မအိပ်ဘဲလျှောက်ကြည့်နေသည်။
ကျီချင့်အခန်းတွင် ပစ္စည်းများများစားစားမရှိပါ။
ထင်ထင်ရှားရှားဆိုလို့ စာအုပ်များစွာစီရီထားသော နံရံဘက်ကပ်ထားသည့် စာအုပ်စင်ကြီးသာ။
သူကကျီချင်အကြောင်း သိအောင်စပ်စုချင်ပေမယ့် သူ့တွင်အခြားသူပစ္စည်းများအား ပိုင်ရှင်မသိဘဲကိုင်တတ်သည့် အကျင့်မရှိပေ။

လျှောက်လမ်းကိုချောင်းလိုက်တော့ အခြားသူများရှိမနေပါ။
တဖက်စာကြည့်ခန်းမှမီးရောင်ကလည်း လင်းထိန်နေဆဲ။
ဂူရှီးယွီ အခန်းပြင်ထွက်လိုက်သောအခါ
စာကြည့်ခန်းမှ ကျီချင်ရဲ့အစည်းအ​ေ၀းလုပ်နေတဲ့အသံအား ၀ိုးတ၀ါးကြားလိုက်ရသည်။
သူအခန်းထဲပြန်၀င်ဖို့လုပ်တဲ့အချိန်မှာ နေ့ခင်းကတွေ့ခဲ့တဲ့ အိမ်တော်ထိန်းကြီးမှာ တဖက်လျှောက်လမ်းလှေကားဆီမှ ကော်ဖီခွက်ကိုင်ပီး ဖြေးဖြေးချင်းတက်လာသည်ကို တွေ့လိုက်ရသည်။
တဖက်လူကလည်း သူ့ကိုမြင်လိုက်ပီးအံ့သြသွားပုံရသည်။

"မစ္စတာဂူ သခင်လေး၅ကို စောင့်နေတာလားဗျ?"
ဂူရှီးယွီက ဘာလို့မှန်းမသိ အိမ်တော်ထိန်းရီးပျော်သွားသည်ဟု ခံစားမိသည်။
ဂူရှီးယွီဘာမှပြန်မပြောပေမယ့် အိမ်တော်ထိန်းရီးက သူ့ကိုယ်သူပြောသလိုနဲ့
"မင်းဒီကို ရှားရှားပါးပါးရောက်နေပေမယ့် သခင်လေးကတော့ ဒီချိန်ထိအလုပ်ပဲလုပ်နေတယ်။
ကျနော်တော့ သခင်လေးနဲ့စကားပြောမှရတော့မယ်"
ထိုအခါ ဂူရှီးယွီမှ
"ရပါတယ်ဗျာ။ စီးပွားရေးကိစ္စကပိုအရေးကြီးပါတယ်"

အိမ်တော်ထိန်းမှာပြုံးလိုက်ပီး ခံစားချက်ပြည့်နေတဲ့အသံနဲ့
"သခင်လေးကလေ လက်ထပ်ဖို့ကိစ္စကလွဲရင် အခြားအရာတွေမှာအဆင်ပြေတယ်။
ကျီမိသားစုကစီစဥ်ပေးတဲ့ မိန်းကလေးတယောက်နဲ့ပဲ လက်ထပ်လိမ့်မယ်လို့ထင်ခဲ့တာ။
သခင်လေးက သူကြိုက်တဲ့လူအကြောင်းထုတ်ပြောလာမယ့်နေ့ ရောက်လာလိမ့်မယ်လို့ တခါမှမတွေးဖူးဘူး"

ဂူရှီးယွီခမျာမှာတော့ အဲ့တာတွေအကုန်လုံးက လုပ်ကြံဇာတ်တွေဖြစ်ပီး သူ့ရဲ့သခင်လေး၅က အော်စကာဆုရှင်ရီးဖြစ်ကြောင်းသာ ပြောပြချင်နေသည်။
မထင်မှတ်ဘဲ အိမ်တော်ထိန်းမှာသူ့မျက်လုံးမှ မျက်ရည်များစီးကျလာပီး
"သူ့အတွက် ကျီအိမ်က အဆင်မပြေဘူး။
သူ့ဘေးမှာ အခုလိုသူ့ဘက်သားတယောက်ရှိတာ ရှားတယ်။
သူငယ်ငယ်ကတည်းကနေ အရွယ်ရောက်တဲ့အထိ စောင့်ရှောက်လာခဲ့တဲ့လူအနေနဲ့ တောင်းဆိုမှုလေး၁ခုလောက်ပြောပါရစေ။
သူ့အပေါ်ကောင်းကောင်းဆက်ဆံပေးပါ။
အနဲဆုံးတော့ ဒီအိမ်မှာသူတယောက်တည်း အထီးမကျန်တော့အောင်ပေါ့"

ဂူရှီးယွီက လင်ဖန်းရူနဲ့ကျီဇီရွှမ်ရဲ့ ကျီချင်အားစိမ်းကားတဲ့ အပြုအမူအား
အမှတ်ရလိုက်ပီး
"ကျီမိသားစုနဲ့ သူနဲ့က အဆင်မပြေကြဘူးလား။
ဟိုလေ ကျနော်က သူ့မိသားစုအကြောင်းသိပ်ဂရုမပြုမိလို့"
အိမ်တော်ထိန်းရီးမှာ တိတ်ဆိတ်သွားပီး အားနည်းတဲ့လေသံနဲ့

"ကျီချင်က သူ့စိတ်ထင်တာလုပ်ပီး ဆွေမျိုးတွေနဲ့ သိပ်မနီးကပ်ပေမယ့် အရမ်းလိမ္မာတဲ့ကောင်လေးပါ။
လောကကြီးက ဒီကောင်လေးအပေါ်  အမြဲရက်စက်တယ်လို့ပဲဆိုရမှာပေါ့"

--------------
ကဲ ကဲ ဒီအပိုင်းမှာတော့ ဗီလိန်ကြီးကနေ
ဒရမ်မာကင်းကြီး ဖြစ်သွားပါပီ👏👏👏
ယွီလေးကတောင် အော်စကာဆုပေးလိုက်ပီ😆
ဒီnovelကလေ တပိုင်းတပိုင်းအရှည်ကြီးပဲရယ် 😁
ကဲ ကိုယ်တို့ဗီလိန်ရီး ဒရမ်မာချိုးမှုတွေကို နောက်အပိုင်းတွေမှာစောင့်ကြည့်လိုက်ရအောင် 😉
ပူတူးတို့အကုန် ကျန်းမာရေးဂရုစိုက်ကြပါ 𖦹♥ᴥ♥𖦹

Zawgyi

ဗီလိန္ကအႀကံၾကီးတဲ့ေဘာ့စ္


ေနာက္ဆံုးေတာ့လည္း ဂူရွီးယြီကဘယ္သူ႔ကိုမွက်ိန္ဆဲမေနေတာ့ဘဲ တဖက္ကအမ်ိဳးသမီးႀကီးကို ၪီးၫႊတ္ပီးယဥ္ယဥ္ေက်းေက်းပဲ ႏႈတ္ဆက္လိုက္သည္။
သူဘယ္ေလာက္ပဲ အံ့ၾသပီးေဒါသေတြထြက္ေနပါေစ ဘယ္ေလာက္ပဲက်ီခ်င္ဆိုတဲ့လူႀကီးကို မ်က္ခြက္ေတြပိတ္ထိုးခ်င္ေနပါေစ၊ဧည့္ခန္းမွာထိုင္ေနတဲ့ ေရႊကိုင္းမ်က္မွန္နဲ႔ အမ်ိဳးသမီးႀကီးရဲ့အမူအရာပံုသ႑ာန္ကိုေထာက္ထားပီး ဘာမွမလုပ္ျဖစ္ေပ။

က်ီခ်င္က သူ႔ကိုမ်က္ႏွာခ်င္းဆိုင္ ဆိုဖာမွာထိုင္ခိုင္းေစပီးေတာ့မွ ကိုင္ထားတဲ့လက္ကိုလႊတ္လိုက္သည္။
"သူ႔နာမည္က ဂူရွီးယြီပါ။
ဂူနည္းပညာကုမၸဏီက ဥကၠဌဂူရဲ့သားေလ"

က်ီခ်င္က က်ီဇီရႊမ္နဲ႔အမ်ိဳးသမီးႀကီးကိုသူ႔ရဲ့အေၾကာင္းေတြ မိတ္ဆက္ေပးေနခဲ့တယ္။
က်ီခ်င္ရဲ့ေလသံဟာျဖင့္ အရမ္းေတြၾကည္လင္ႏူးညံ့ေနပီး ေျဖာင့္ျဖဴးေနတာပဲ။
မသိတဲ့သူေတြသာဆို သူတို႔၂ေယာက္က ဟိုးအရင္ကတည္းက ရင္းႏွီးခ်စ္ခင္လာတဲ့သူေတြလို႔ေတာင္ ထင္သြားၾကမွာ။

ဒါမယ့္ ဂူရွီးယြီအေနနဲ႔ကေတာ့ ေလာေလာဆယ္သူ႔စိတ္ေတြ ဟာလာဟင္းလင္းရီး ျဖစ္ေနတယ္။
အာ့ေၾကာင့္မို႔ေပါ့ ဒင္းကလိန္လီနာနဲ႔လက္မထပ္ျဖစ္လို႔ မစ္ရွင္ေအာင္သြားတာက သူနဲ႔လက္ထပ္ျဖစ္သြားလို႔ကိုး။
သူ႔မွာ မသာမယာနဲ႔Systemကိုေမးလိုက္သည္
"ဘာလို႔ ငါလက္ထပ္ထားတဲ့လူက ရုတ္တရက္ႀကီး က်ီခ်င္ျဖစ္သြားတာတုန္း"

ပစ္မွတ္နဲ႔ပတ္သက္ပီး သူစီစဥ္ထားတဲ့အရာေတြ တလြဲေတျြဖစ္ကုန္တာကို နဲနဲေလးမွမေက်နပ္ဘူး။
Systemကေတာ့ရိုးသားစြာပဲ ေျပာလာပါတယ္
"အဲ့ဒါ မင္းကိုယ္မင္းေမးရမွာ မဟုတ္ဘူးလား"

ဂူရွီးယြီခမ်ာမွာေတာ့ ဘာမျွပန္မေျပာႏိုင္ေလာက္ေအာင္ ဆြံ႔အလ်က္။

"ဂူကုမၸဏီ ဟုတ္လား။ငါတခါမွမၾကားဖူးဘူး"
အမ်ိဳးသမီးႀကီးဟာ ေခါင္းေတာင္ေမာ့မလာဘဲ ေဘးကအေစခံေပးတဲ့လက္ဖက္ရည္ကိုသာေသာက္ေနရင္း ေျပာလိုက္သည္။
သူလြန္ခဲ့တဲ့ရက္ေတြတုန္းက က်ီခ်င္ကိုလိုက္ရွာေနစဥ္က သတင္းအခ်ိဳ႕ကိုၾကားထားမိသည္။
ဒီအမ်ိဳးသမီးႀကီးက အႀကီးအကဲက်ီရဲ့
မိန္းမ လင္ဖန္းရူျဖစ္ေပမယ့္ က်ီခ်င္ရဲ့အေမရင္းေတာ့မဟုတ္ဘူး။

က်ီခ်င္က ပံုမွန္ေလသံျဖင့္
"သူတို႔က သိပ္နာမည္မႀကီးတဲ့ကုမၸဏီေသးေသးေလးဆိုေတာ့ အေမမၾကားဖူးတာ မဆန္းပါဘူး။
က်ေနာ္ကေတာ့ လိန္မိသားစုကသမီးလို ထင္ေပၚေက်ာ္ၾကားပီးဆယ္လီျဖစ္ေနတဲ့သူထက္စာရင္ ႏိွမ့္ခ်တတ္တဲ့သူ႔ကိုပိုသေဘာက်တယ္"

လင္ဖန္းရူကျပန္ေျပာလာသည္
"ငါေျပာခ်င္တာက မင္းတို႔အရင္ကတည္းက ဒီလိုဆက္ဆံေရးရိွခဲ့တယ္ဆိုရင္ ဘာလို႔ၾကင္ဖက္ေတြ့ခိုင္းတုန္းက မျငင္းခဲ့တာလဲ"
ဂူရွီးယြီကလည္း သူ႔ေဘးကလူကိုတိတ္တိတ္ေလးထိုင္ၾကည့္ေနပီး ဒင္းဘယ္လိုေတြ ဆင္ေျခဆင္လက္ေပးမလဲေစာင့္ၾကည့္လို႔ေနသည္။

မထင္မွတ္ထားစြာနဲ႔ပဲ က်ီခ်င္ဟာဒီလိုအေျခအေနအတြက္ ႀကိဳတင္ျပင္ဆင္ထားပံုရသည္။
သူ႔မ်က္လံုးထဲမွာ မတတ္သာသည့္အရိပ္အေရာင္ေလးေတြေပၚလာပီး
"အဲ့အခ်ိန္တုန္းက ရွီးယြီနဲ႔က်ေနာ္ရန္ျဖစ္ထားပီး လမ္းခြဲၾကမို႔ေတာင္လုပ္ေနတာ။
က်ေနာ္ကလည္း သူစိတ္ဆိုးေအာင္ဆိုပီး ၾကင္ဖက္ေတြ့ဖို႔လက္ခံခဲ့တာ။
ေနာက္မျွပန္ေတြးလိုက္ေတာ့ က်ေနာ္သူနဲ႔မခြဲႏိုင္ဘူး။
က်ေနာ္သူ၀မ္းနည္းမယ့္လုပ္ရပ္မ်ိဳး မလုပ္ခ်င္ဘူး"

ဂူရွီးယြီ-"???"

လင္ဖန္းရူက သူ႔ကိုအေခါက္ေခါက္အခါခါ ၾကည့္လိုက္ပီးမွ သူမရဲ့ၿခံဳထည္ကိုသပ္သပ္ရပ္ရပ္ ျပင္လိုက္ကာ ေမးလာသည္
"ဟုတ္လား၊အာ့ဆို ဘာလို႔အစကတည္းက မေျပာတာလဲ"

က်ီခ်င္မွာ မ်က္လႊာေလးခ်လိုက္ပီးမခ်ိၿပံဳးေလးျဖင့္
"အစက က်ေနာ့္ေဘးမွာ အေဖာ္ျပဳေပးမယ့္ တစံုတေယာက္အေနနဲ႔သူ႔ကိုေရြးခ်ယ္ထားတဲ့သေဘာပဲ။
လက္ထပ္ဖို႔အထိေတာင္ မစဥ္းစားထားဘူး။
အဲ့လိုလုပ္ဖို႔လည္းမလိုဘူးလို႔ထင္ခဲ့တာ။
ဒါမယ့္ အခုတေခါက္ရန္ျဖစ္ပီးမွ သူကက်ေနာ့္အတြက္ ဘယ္ေလာက္အေရးပါတဲ့သူျဖစ္ေၾကာင္း သိလာခဲ့တာ။
ပီးေတာ့ က်ေနာ့ဘ၀ရဲ့ေနာက္ဆံုးအခ်ိန္ေတြထိ အတူရိွသြားခ်င္တဲ့လူက သူျဖစ္မွကိုရမယ္လို႔ က်ိန္းေသသြားခဲ့တာ"
(T/N ဒရမ္မာေတြရမယ္ ဒရမ္မာေတြ😆)

ဂူရွီးယြီရဲ့ ဖုန္းကိုေၾကလုနီးပါးဆုပ္ကိုင္ထားတဲ့လက္က အျဖဴေရာင္ဘက္ေတာင္သန္းေနပီ။
ဒီလိုခ်စ္ရည္ရႊန္းပီး ဆြတ္ပ်ံ့ၾကည္ႏူးဖြယ္ေကာင္းလွတဲ့ အခ်စ္ဇာတ္လမ္းေလးကို သူေတာင္ ယံုမိလုနီးပါးျဖစ္သြားခဲ့သည္။
က်ီဇီရႊမ္က အျဖဴေရာင္လည္ေထာင္အက်ႌကို၀တ္ဆင္ထားသည္။
သူကတည္တည္ၿငိမ္ၿငိမ္နဲ႔ သူ႔ကိုၾကည့္ပီး
"မစၥတာဂူက မိသားစုႀကီးကမဟုတ္ေပမယ့္ သူ႔မိသားစုနဲ႔ေနာက္ခံက ျပႆနာတစံုတရာမရိွပါဘူး။
ၪီးေလးကလည္း အရမ္းႏွစ္သက္ေနေတာ့ အားလံုးကအဆင္ေျပေနသားပဲေလ"

လင္ဖန္းရူကထပ္ေျပာသည္
"အခုတေလာ ဂူကုမၸဏီကသိပ္အဆင္မေျပဘူးလို႔ ၾကားတယ္"
သူမက ပံုမွန္လိုေျပာလိုက္ေပမယ့္ အကုန္လံုးကေတာ့ ဆိုလိုရင္းကိုသေဘာေပါက္လိုက္သည္။
ဒီလက္ထပ္မႈရဲ့ေနာက္ကြယ္မွာ တခုခုကိုမက္ေမာတာေတြပါမပါဆိုတာေပါ့။
ထိုအခါ က်ီခ်င္က
"ဟုတ္ပါတယ္။ဒါေပမယ့္ ရွီးယြီမိသားစုရဲ့ လုပ္ငန္းအေျခအေနနဲ႔ပတ္သက္ပီး က်ေနာ္တခါမွမစပ္စုဖူးဘူး။
ပီးေတာ့ သူနဲ႔သူ႔မိသားစုကလည္း ဆက္ဆံေရးသိပ္အဆင္မေျပဘူး။
အဲ့ေတာ့ က်ေနာ္နဲ႔သူလက္ထပ္ပီးရင္ေတာင္မွ က်ေနာ္သူ႔မိသားစုအတြင္းေရးေတြ ၀င္စြက္ဖက္ဖို႔စိတ္ကူးမရိွဘူး"

6.2

ေအးေအး၊မင္းစိတ္ခ်မ္းသာသလိုသာ​ေျပာေတာ့ကြာ...
ဂူရွီးယြီမွာ ထိုလူႀကီးစကားဆံုးေအာင္ေပးေျပာထားလိုက္သည္။
လင္ဖန္းရူဘာေမးေမး က်ီခ်င္ဆီကထြက္လာတဲ့အေျဖေတြက လံုး၀ကိုဆီေလ်ာ္ေနသည္။
တခါတေလ ဂူရွီးယြီမသိတဲ့အေၾကာင္း
ေတြေတာင္ သူကေျဖေပးလိုက္ေသး။
သူမရဲ့သံသယေတြက ေလ်ာ့ပါးသြားပီး က်ီခ်င္အား
"မင္းဘာသာမင္း ယူတဲ့လူက ေယာက်ာ္းျဖစ္ျဖစ္ မိန္းမျဖစ္ျဖစ္ ငါဘာမွမေျပာလိုပါဘူး။
ဒါေပမယ့္ အခုမင္းတို႔လက္ထပ္မွတ္ပံုတင္တာေတာင္ လုပ္ပီးပီဆိုေတာ့ တရား၀င္ေၾကညာခ်က္ေလးထုတ္ဖို႔ လုပ္ပါလား။
မင္းလည္းမြဲေနတာမွမဟုတ္ဘဲ၊မဂၤလာပြဲေလးဘာေလးလုပ္ေပါ့"

က်ီခ်င္က သူ႔လက္ကိုဆန္႔လိုက္ပီး ဂူရွီးယြီေခါင္းကိုပုတ္လိုက္သည္။
ဂူရွီးယြီမွာေတာ့ အျပစ္ရိွသလိုခံစားေနရပီး သူ႔ကိုေအးစက္တဲ့အမူအရာနဲ႔ၾကည့္လိုက္သည္။
က်ီခ်င္မွာ စိတ္ခ်မ္းသာေနတဲ့အသံနဲ႔
"စိတ္မပူပါနဲ႔။က်ေနာ္ လက္ရိွကုမၸဏီကိစၥေတြ လက္စသတ္ပီးတာနဲ႔ မီဒီယာေတြေရ႔ွမွာတရား၀င္ေၾကညာမွာပါ။
သူ႔အတြက္လည္း တသက္မေမ့ႏိုင္တဲ့မဂၤလာပြဲမ်ိဳး က်င္းပေပးၪီးမွာ"

ဂူရွီးယြီကလည္း သူ႔ေခါင္းကိုပုတ္ေနတဲ့ က်ီခ်င့္လက္ေကာက္၀တ္ကို အားနဲ႔ဆြဲညစ္ထားပီး
"အြန္း က်ေနာ္လည္း အခ်ိန္မေရြး အားလံုးကိုတရား၀င္ခ်ျပခ်င္ေနပါပီ"
သူကက်ီစံအိမ္မွာပဲ ေန့လည္စာစားလိုက္သည္။
သူစားပီးလို႔ က်ီခ်င္နဲ႔အတူ အေပၚထပ္တက္မယ့္အခ်ိန္မွာ က်ီဇီရႊမ္စားေနတဲ့ထမင္း တ၀က္ေတာင္မက်ိဳးေသးဘူး။
လင္ဖန္းရူကလည္း စားပြဲမွာစိတ္ဖိစီးေနတဲ့အမူအရာနဲ႔ ထိုင္ေနသည္။

ဂူရွီးယြီက က်ီခ်င္ရဲ့စာၾကည့္ခန္းထဲကို လိုက္လာခဲ့သည္။
စာၾကည့္ခန္းတံခါးပိတ္သြားပီးတဲ့အခ်ိန္မွာ အခန္းထဲရိွေလထုကရုတ္တရက္ တင္းမာလာသည္။
ဂူရွီးယြီက က်ီခ်င္တေယာက္ ေရခဲရိုက္ထားတဲ့မ်က္ႏွာနဲ႔ သူ႔ကြန္ျပဴတာထားတဲ့စားပြဲဆီသြားေနတာ ၾကည့္လိုက္သည္။
က်ီခ်င္က သူ႔ကိုအဖက္လုပ္မယ့္ပံုမေပၚဘူး။
ေနာက္ေတာ့ သူပဲအသက္ျပင္းျပင္းရိႈက္လိုက္ပီး ေမးလိုက္သည္
"က်ီခ်င္ က်ေနာ့ကိုရွင္းျပခ်င္တာေလးမ်ား ရိွလား"

သူလက္ထပ္ထားတဲ့လူက သူ႔ပစ္မွတ္ႀကီးျဖစ္ေနတယ္။
သူ႔ရင္ထဲမွာ မေဖာ္ျပႏိုင္ေလာက္ေအာင္ကို ဒီပ်က္ရွင္၀င္သြားသည္။
ဒါက အံ့အားသင့္ပီးမယံုၾကည္ႏိုင္ေလာက္ေအာင္ ခံစားေနရသည့္အျပင္ ေဒါသထြက္တာကိုပါ ခံစားေနရသည္။
သူဘာလို႔အဲ့တုန္းက စာခ်ဳပ္ကိုဖြင့္မၾကည့္မိရတာလဲ။
သူမွားတာ၊အစကတည္းက ခ်င္က်င္း ဟုတ္မဟုတ္အတည္ျပဳခဲ့ရမွာ။
လက္ထပ္မွတ္ပံုတင္ရံုးေရ႔ွမွာ ေတြ့တယ္ဆိုတိုင္း ခ်င္က်င္းျဖစ္ပါတယ္လို႔ သူမယံုၾကည္ခဲ့သင့္တာ။

ပီးေတာ့ ပိုပီးအေရးႀကီးတာက သူဒီကမ႓ာေရာက္တာမွမၾကာေသးဘူး။
က်ီခ်င္နဲ႔အဲ့လိုဆံုရမယ္လို႔မေမ်ွာ္လင့္ထားသလို သူနဲ႔ပတ္သက္မိလိမ့္မယ္လို႔လည္း လံုး၀မထင္ထားဘူး။
သူ႔ကိုသတ္ဖို႔လုပ္တဲ့လူေတြကို ငွားထားတဲ့သူက တကယ္ပဲက်ီခ်င္လား။

"မင္းဆိုလိုတာက ဒီလက္ထပ္စာခ်ဳပ္အေၾကာင္းလား"
က်ီခ်င္က ထိုင္ခံုကိုဆြဲကာထိုင္လိုက္ပီး ရယ္ေမာ၍ေျပာလာသည္
"ကိုယ္အဲ့ဒီေမးခြန္းကို မေျဖခင္ မင္းဘာလို႔ ကိုယ္နဲ႔လိန္လီနာနဲ႔ေတြ့မွာကို တားပီးသူ႔အစားလာေတြ့တာလဲ၊အဲ့တာေလး အရင္သိခ်င္မိတယ္"
ဂူရွီးယြီရဲ့လက္ေတြ အနဲငယ္တုန္ယင္သြားသည္။
က်ီခ်င္ကအဲ့အေၾကာင္းကိုသိေနတာလား?

က်ီခ်င္ရဲ့လက္ေတြ ကြန္ျပဴတာကီးဘုတ္ေပၚ ေျပးလႊားေနတာကိုၾကည့္လိုက္ပီး ဂူရွီးယြီကတိတ္ဆိတ္စြာနဲ႔
"က်ေနာ္က သူမခင္မ်ားကိုမႀကိဳက္ဘူးေျပာေနတာ ၾကားလို႔ပါ။
က်ေနာ္ကလည္း ခင္မ်ားကိုေျပာစရာေလးရိွေနေတာ့ အဲ့အခြင့္အေရးကိုသံုးပီး ခင္မ်ားနဲ႔ေတြ့ခ်င္ရံုပါ"
က်ီခ်င္ကတကယ္ေတာ့ အဲ့အခ်ိန္ကတည္းက သိပီးသားေပါ့။

"အိုး..."
က်ီခ်င္က စာရိုက္ေနတာရပ္လိုက္ပီးသနားစဖြယ္ေလသံနဲ႔
"ကိုယ္ထင္တာက မင္းကိုယ့္ကိုတအားေတြႀကိဳက္ေနလို႔ အဲ့နည္းသံုးပီးကိုယ့္ကိုခ်ဥ္းကပ္တယ္ထင္ေနတာ။
အာ့ေၾကာင့္လည္း အခြင့္အေရးေလး၁ခုေပးလိုက္မိတာေလ"
ဂူရွီးယြီ-"?????"

က်ီခ်င္ကထပ္ေျပာလာသည္
"အာ့ဆို ကိုယ္တို႔ကြာရွင္းၾကမလား"
ဂူရွီးယြီခမ်ာ က်ီခ်င္အခုလိုဒဲ့ဒိုးႀကီး ေျပာလာမည္လို႔မထင္သျဖင့္ ေၾကာင္အသြားသည္။
ထိုအခ်ိန္တြင္ Systemဆီမွရုတ္တရက္အသံထြက္လာသည္
[Hostရဲ့တာ၀န္က ပစ္မွတ္နဲ႔ရင္းႏွီးမွအဆင္ေျပမယ္မလား။
အခုအေျခအေနအတိုင္းဆို အိုေခမွာစိုေျပေနပီ မဟုတ္ဘူးလား]

ဂူရွီးယြီမွာလည္း Systemေျပာတာ ေတာ္ေတာ္ေလးဆီေလ်ာ္တယ္လို႔ ခံစားမိသည္။
ထို႔ေၾကာင့္ သူျငင္းလိုက္သည္
"မလိုပါဘူး၊က်ေနာ့အတြက္ကေတာ့ လက္ထပ္မယ့္သူက ခင္မ်ားျဖစ္ျဖစ္ ခ်င္က်င္းျဖစ္ျဖစ္ အေထြအထူးမဟုတ္ပါဘူး။
ဒီတိုင္း ၀က္ မဟုတ္ရင္ ေခြး အဲ့လိုအေနအထားကြာျခားမႈမ်ိဳးပဲ ျဖစ္သြားတာပါ"

ထိုစကားမ်ားမွာ ေတာ္ေတာ္နား၀င္ခါးရာက်ပါသည္။
အျခားတေယာက္ေယာက္ကသာ က်ီခ်င္အေရ႔ွမွာအဲ့လိုေျပာလို႔ကေတာ့ အရိုးပါမက်န္ေအာင္ေဖ်ာက္ပစ္ခံရမွာ က်ိန္းေသတယ္။
သို႔ေသာ္လည္း ခဏတာတိတ္ဆိတ္မႈအပီးမွာ က်ီခ်င္ကအရမ္းသိခ်င္ေနတဲ့ေလသံနဲ႔
"အာ့ဆို ဘယ္သူက ၀က္လဲ"
ဂူရွီးယြီ-"???"

အဲ့ဒါကအေရးႀကီးလို႔လားဟ။
ဂူရွီးယြီအေနနဲ႔ကေတာ့ Systemပီးရင္ ေျပာရဆိုရအခက္ဆံုးက က်ီခ်င္လို႔သတ္မွတ္လိုက္သည္။
ဂူရွီးယြီထြက္သြားဖို႔လုပ္လိုက္ေတာ့ က်ီခ်င္က တားလိုက္ပီး
"မင္းေျပာစရာရိွတယ္ဆို၊ဘာမ်ားလဲ"
ဂူရွီးယြီက က်ီခ်င္မွာသူခုနက
ေပးခဲ့တဲ့​ ေတြ့ကရာဆင္ေျခအားေမးေနတယ္လို႔ ထင္ေပမယ့္ က်ီခ်င္မွာသူ႔ကြန္ျပဴတာကို ဂူရွီးယြီဘက္လွည့္ျပလာသည္။

အခ်ိဳ႕စာလံုးေတြက ကုတ္ပံုစံလိုေရးထားတာသူေတြ့လိုက္သည္။
ေသခ်ာျပန္ၾကည့္ပီး ဖတ္လိုက္ေတာ့
ေရးထားတာက
"ဖုန္းမင္လုပ္ငန္းစုနဲ႔ပတ္သက္ပီး ဥကၠဌက်ီကို အေရးတႀကီးအသိေပးစရာေလးရိွတယ္"
ဂူရွီးယြီတိတ္ဆိတ္သြားပီး စိတ္ထဲမွSystemအားေမးေနသည္။
Systemမွာလည္း အားေလ်ာ့ေနတဲ့အသံနဲ႔
[က်ေနာ္လည္းမသိပါဘူးခမ်ာ]

မူလပိုင္ရွင္က အေရးမႀကီးတဲ့အေျမႇာက္စာဇာတ္ေကာင္ေလးပဲျဖစ္ေပမယ့္ ဂူရွီးယြီမ၀င္ခင္ အရင္ကမူလပိုင္ရွင္မွာျဖစ္ပ်က္ခဲ့တဲ့ျဖစ္ရပ္ေတြ အခ်က္အလက္ေတြ ဘာဆိုဘာမွမသိခဲ့ရဘူး။
ဂူရွီးယြီလက္ခံရရိွတဲ့အခ်က္အလက္ေတြက လံုး၀အေပၚယံမ်ွသာ။
ဂူရွီးယြီက က်ီခ်င္ေမးတာကိုျပန္မေျဖဘဲ ေမးလာသည္
"လြန္ခဲ့တဲ့တပတ္က က်ေနာ္လမ္းၾကားတခုထဲမွာ အသတ္ခံရလုနီးပါးျဖစ္သြားတယ္။
အဲ့ဒါခမ်ားလက္ခ်က္လား"
က်ီခ်င္မွာ ခဏတန္႔သြားပီး သံသယေလသံနဲ႔
"ကိုယ္မွမင္းကိုတခါမွမျမင္ဖူးတာ၊ဘာကိစၥနဲ႔ မင္းကိုသတ္ခိုင္းရမွာလဲ"

"ပီးေတာ့ ကိုယ္ကတရားမ၀င္တဲ့လုပ္ရပ္ေတြ မလုပ္ဘူး"
ကြန္ျပဴတာထဲ Mailအသစ္၀င္လာသံၾကားပီးေနာက္ က်ီခ်င္ကတခ်က္လွမ္းၾကည့္ပီး ရီလိုက္ကာ
"ဆိုေပမယ့္ အနာဂတ္မွာစိတ္ေျပာင္းခ်င္လည္း ေျပာင္းသြားႏိုင္တယ္"
က်ီခ်င္ရဲ့ပံုစံက လိမ္ေျပာေနတာမဟုတ္မွန္းသူသိသည္။
သူ႔အခန္းထဲမွာ USBတခုရိွေနေသးသည္ကိုလည္း သတိရလိုက္သည္။
အဲ့ထဲမွာ သူသိခ်င္ေနတဲ့အေျဖေတြပါမယ္ ထင္ရတာပဲ။

6.3

က်ီခ်င္နဲ႔စကားေျပာပီးေနာက္ ဂူရွီးယြီကက်ီအိမ္မွထြက္သြားဖို႔ ျပင္လိုက္သည္။
ေအာက္ထပ္ဆင္းလာေတာ့ က်ီဇီရႊမ္နဲ႔ဆံုသည္
"အဘြားက မနက္ျဖန္အေရးႀကီးတဲ့ကိစၥ ေၾကညာဖို႔ရိွတယ္။
မင္းက ၪီးေလးရဲ့သက္ဆိုင္သူဆိုေတာ့ အဲ့မွာရိွေနသင့္တယ္လို႔ ေျပာတယ္"
အဲ့ကိစၥက ဘာမ်ားလဲလို႔ေတြးေနမိရင္း
ပစ္မွတ္ရဲ့အေျခအေနကိုလည္း နဲနဲစိတ္ပူမိတာနဲ႔ သူသေဘာတူလိုက္သည္။
ညဘက္ေရာက္ေသာ္ သူနဲ႔က်ီခ်င္မွာတခန္းတည္းေနရမယ့္ အေျခအေနေရာက္လာသည္။
သူ၀တ္ထားတဲ့ည၀တ္အက်ႌေတာင္မွ က်ီခ်င့္ဟာျဖစ္သည္။

"အဲ့တာ ကိုယ္အထက္တန္းေက်ာင္းတုန္းက ၀တ္ခဲ့တဲ့ည၀တ္အက်ႌ၊မင္းနဲ႔ေတာ္မယ္ ထင္တာပဲ"
ဂူရွီးယြီက က်ီခ်င္အားေက်းဇူးတင္လိုက္ေပမယ့္ သူ႔စိတ္ထဲအနဲငယ္
မေက်နပ္ဘူးလို႔ ခံစားရသည္။
ညသန္းေခါင္တြင္ကား ႀကီးမားလွတဲ့အိပ္ရာထက္၌ ဂူရွီးယြီရယ္ က်ီခ်င္ေမြးထားတဲ့ေၾကာင္ေလးရယ္သာ ရိွသည္။
ေၾကာင္ေလးက က်ီခ်င့္ေခါင္းအံုးေပၚေခြေနေပမယ့္ မအိပ္ဘဲေလ်ွာက္ၾကည့္ေနသည္။
က်ီခ်င့္အခန္းတြင္ ပစၥည္းမ်ားမ်ားစားစားမရိွပါ။
ထင္ထင္ရွားရွားဆိုလို႔ စာအုပ္မ်ားစြာစီရီထားေသာ နံရံဘက္ကပ္ထားသည့္ စာအုပ္စင္ႀကီးသာ။
သူကက်ီခ်င္အေၾကာင္း သိေအာင္စပ္စုခ်င္ေပမယ့္ သူ႔တြင္အျခားသူပစၥည္းမ်ားအား ပိုင္ရွင္မသိဘဲကိုင္တတ္သည့္ အက်င့္မရိွေပ။

ေလ်ွာက္လမ္းကိုေခ်ာင္းလိုက္ေတာ့ အျခားသူမ်ားရိွမေနပါ။
တဖက္စာၾကည့္ခန္းမွမီးေရာင္ကလည္း လင္းထိန္ေနဆဲ။
ဂူရွီးယြီ အခန္းျပင္ထြက္လိုက္ေသာအခါ
စာၾကည့္ခန္းမွ က်ီခ်င္ရဲ့အစည္းအ​ေဝးလုပ္ေနတဲ့အသံအား ဝိုးတဝါးၾကားလိုက္ရသည္။
သူအခန္းထဲျပန္၀င္ဖို႔လုပ္တဲ့အခ်ိန္မွာ ေန့ခင္းကေတြ့ခဲ့တဲ့ အိမ္ေတာ္ထိန္းႀကီးမွာ တဖက္ေလ်ွာက္လမ္းေလွကားဆီမွ ေကာ္ဖီခြက္ကိုင္ပီး ေျဖးေျဖးခ်င္းတက္လာသည္ကို ေတြ့လိုက္ရသည္။
တဖက္လူကလည္း သူ႔ကိုျမင္လိုက္ပီးအံ့ၾသသြားပံုရသည္။

"မစၥတာဂူ သခင္ေလး၅ကို ေစာင့္ေနတာလားဗ်?"
ဂူရွီးယြီက ဘာလို႔မွန္းမသိ အိမ္ေတာ္ထိန္းရီးေပ်ာ္သြားသည္ဟု ခံစားမိသည္။
ဂူရွီးယြီဘာမျွပန္မေျပာေပမယ့္ အိမ္ေတာ္ထိန္းရီးက သူ႔ကိုယ္သူေျပာသလိုနဲ႔
"မင္းဒီကို ရွားရွားပါးပါးေရာက္ေနေပမယ့္ သခင္ေလးကေတာ့ ဒီခ်ိန္ထိအလုပ္ပဲလုပ္ေနတယ္။
က်ေနာ္ေတာ့ သခင္ေလးနဲ႔စကားေျပာမွရေတာ့မယ္"
ထိုအခါ ဂူရွီးယြီမွ
"ရပါတယ္ဗ်ာ။ စီးပြားေရးကိစၥကပိုအေရးႀကီးပါတယ္"

အိမ္ေတာ္ထိန္းမွာၿပံဳးလိုက္ပီး ခံစားခ်က္ျပည့္ေနတဲ့အသံနဲ႔
"သခင္ေလးကေလ လက္ထပ္ဖို႔ကိစၥကလြဲရင္ အျခားအရာေတြမွာအဆင္ေျပတယ္။
က်ီမိသားစုကစီစဥ္ေပးတဲ့ မိန္းကေလးတေယာက္နဲ႔ပဲ လက္ထပ္လိမ့္မယ္လို႔ထင္ခဲ့တာ။
သခင္ေလးက သူႀကိဳက္တဲ့လူအေၾကာင္းထုတ္ေျပာလာမယ့္ေန့ ေရာက္လာလိမ့္မယ္လို႔ တခါမွမေတြးဖူးဘူး"

ဂူရွီးယြီခမ်ာမွာေတာ့ အဲ့တာေတြအကုန္လံုးက လုပ္ႀကံဇာတ္ေတျြဖစ္ပီး သူ႔ရဲ့သခင္ေလး၅က ေအာ္စကာဆုရွင္ရီးျဖစ္ေၾကာင္းသာ ေျပာျပခ်င္ေနသည္။
မထင္မွတ္ဘဲ အိမ္ေတာ္ထိန္းမွာသူ႔မ်က္လံုးမွ မ်က္ရည္မ်ားစီးက်လာပီး
"သူ႔အတြက္ က်ီအိမ္က အဆင္မေျပဘူး။
သူ႔ေဘးမွာ အခုလိုသူ႔ဘက္သားတေယာက္ရိွတာ ရွားတယ္။
သူငယ္ငယ္ကတည္းကေန အရြယ္ေရာက္တဲ့အထိ ေစာင့္ေရွာက္လာခဲ့တဲ့လူအေနနဲ႔ ေတာင္းဆိုမႈေလး၁ခုေလာက္ေျပာပါရေစ။
သူ႔အေပၚေကာင္းေကာင္းဆက္ဆံေပးပါ။
အနဲဆံုးေတာ့ ဒီအိမ္မွာသူတေယာက္တည္း အထီးမက်န္ေတာ့ေအာင္ေပါ့"

ဂူရွီးယြီက လင္ဖန္းရူနဲ႔က်ီဇီရႊမ္ရဲ့ က်ီခ်င္အားစိမ္းကားတဲ့ အျပဳအမူအား
အမွတ္ရလိုက္ပီး
"က်ီမိသားစုနဲ႔ သူနဲ႔က အဆင္မေျပၾကဘူးလား။
ဟိုေလ က်ေနာ္က သူ႔မိသားစုအေၾကာင္းသိပ္ဂရုမျပဳမိလို႔"
အိမ္ေတာ္ထိန္းရီးမွာ တိတ္ဆိတ္သြားပီး အားနည္းတဲ့ေလသံနဲ႔

"က်ီခ်င္က သူ႔စိတ္ထင္တာလုပ္ပီး ေဆြမ်ိဳးေတြနဲ႔ သိပ္မနီးကပ္ေပမယ့္ အရမ္းလိမၼာတဲ့ေကာင္ေလးပါ။
ေလာကႀကီးက ဒီေကာင္ေလးအေပၚ  အၿမဲရက္စက္တယ္လို႔ပဲဆိုရမွာေပါ့"

--------------
ကဲ ကဲ ဒီအပိုင္းမွာေတာ့ ဗီလိန္ႀကီးကေန
ဒရမ္မာကင္းႀကီး ျဖစ္သြားပါပီ👏👏👏
ယြီေလးကေတာင္ ေအာ္စကာဆုေပးလိုက္ပီ😆
ဒီnovelကေလ တပိုင္းတပိုင္းအရွည္ႀကီးပဲရယ္ 😁
ကဲ ကိုယ္တို႔ဗီလိန္ရီး ဒရမ္မာခ်ိဳးမႈေတြကို ေနာက္အပိုင္းေတြမွာေစာင့္ၾကည့္လိုက္ရေအာင္ 😉
ပူတူးတို႔အကုန္ က်န္းမာေရးဂရုစိုက္ၾကပါ 𖦹♥ᴥ♥𖦹

Continue Reading

You'll Also Like

4.2K 815 32
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
3.6M 533K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
219K 5.3K 37
warning 21+ punishment, BDSM, sm play, roleplay , etc... တွေပါနိုင်ပါတယ် တပိုင်းချင်းဆီ warning ကိုတပိုင်းချင်းဆီပြန်ရေးပါ့မယ် Ukeက transgender ပါ❗