ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ...

Galing kay Kay_Wine

108K 19.4K 960

Title - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) E... Higit pa

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter- 43
Chapter 44

Chapter 8

2.3K 476 13
Galing kay Kay_Wine

{Zawgyi}

ဝမ္ေရွာင္းမ်ယ္ဒိုင္ယာရီ : ဒီေန႔ ေျမေအာက္မွာငါေလးအမႈိက္ေကာက္တယ္ huuuuu......

ၾကည့္ရတာ ငါအရာေတာ္ေတာ္မ်ားမ်ား ေမ့ေလ်ာ့သြားခဲ့တာပဲ။ ငါ့အေဖ ငါ့အေမနဲ႔ ငါ့ပုံမွန္ဘဝေတြကို အဝတ္ျဖဴတစနဲ႔ ဖုံးထားသလို ေမ့ထားခဲ့မိတယ္။ ငါအေမွာင္ထဲ လုံးဝေရာက္ေနၿပီဆိုတာ ေသခ်ာေနတာေတာင္မွ ဒီလိုအသိတရားမရွိျဖစ္ေနတာကို ေက်နပ္ေနမိေသးတယ္။

ဝမ္ေရွာင္းမ်ယ္က ေၾကးမုံျပင္ႀကီးထဲမွာ ေပၚေနတဲ့ သူ႔ပုံကို စိတ္မဝင္စားစြာ ၾကည့္လိုက္တယ္။ သိမ္ေမြ႕တဲ့မ်က္ဝန္းတစ္စုံနဲ႔ ၾကည့္ေကာင္းတဲ့မ်က္ႏွာတစ္ခုဘာအမူအရာမွ ျပမေနတာေတာင္မွ သူ႔ပုံစံက ၾကည့္ေကာင္းေနတုန္းပဲ။

ဝမ္ေရွာင္းမ်ယ္ မ်က္ေမွာင္ၾကဳတ္လိုက္တယ္။ သူေသၿပီး ဇြန္ဘီတစ္ေကာင္ျဖစ္လာခဲ့တယ္ ႏွစ္တစ္ေထာင္ေလာက္ပိုႀကီးတဲ့ ခ်စ္သူလည္းရွိၿပီး အခုဒီေျမေအာက္နန္းေတာ္ႀကီးထဲမွာအသက္ရွင္ေနတယ္။ သူကဒီအေျခအေနႀကီးကို အရမ္းျမန္ျမန္ဆန္ဆန္ပဲလက္သင့္ခံလိုက္မိတယ္လို႔ခံစားလိုက္ရတယ္။

ဒီကမာၻႀကီးရဲ႕အျပင္ဘက္တစ္ခုခုကိုသူျမင္လိုက္ရတဲ့အခ်ိန္မွာေတာင္ သူကအၾကာႀကီးထိတ္လန္႔ ေၾကာက္႐ြံ႕ေနတာမ်ိဳးမရွိခဲ့ဘူး။ သူကသာ ဒီလိုခံစားခ်က္မ်ိဳးေတြကို ေပ်ာက္ဆုံးသြားခဲ့တာဆိုရင္.....

ဒါကအရမ္းကို သိပၸံနည္းမက်လြန္းတယ္!

" ငါကထိန္းခ်ဳပ္ခံထားရတာမ်ားလား " ဝမ္ေရွာင္းမ်ယ္က က်ယ္ဝန္းေသာေဟာခန္းမႀကီးထဲမတ္တပ္ရပ္ေနတာျဖစ္တယ္။ သူက မွန္ကိုၾကည့္လိုက္ၿပီး သူ႔ကိုယ္သူရယ္ေမာလိုက္တယ္။ ေဘးပတ္လည္မွာေတာ့ ဖ​ေယာင္းတိုင္ေတြက ေတာက္ပေနၿပီး ေၾကာက္မက္ဖြယ္အေျခအေနကိုေပးစြမ္းေနတယ္။ အရင္တုန္းကလိုဆိုရင္ သူေသးေတာင္ထြက္က်ၿပီးေနေလာက္ၿပီ ဒါေပမဲ့ အခုေတာ့သူဒီေနရာမွာႏွစ္ရာနဲ႔ခ်ီၿပီး ေနခဲ့ဖူးသလိုခံစားခ်က္ႀကီးကိုပဲရေနေတာ့တယ္။

ဝမ္ေရွာင္းမ်ယ္ကသူ႔ကိုယ္သူ ျဖတ္ေျပာလိုက္တယ္ " ဒါမမွန္ဘူး.... " ငါဘာျဖစ္ေနတာလဲ

" ရွစ္ရႈန္း ဘာလုပ္ေနတာလဲ " လက္တစ္စုံက သူ႔ပခုံးကိုဆုပ္ကိုင္လာၿပီး ႏူးညံ့တဲ့အၿပဳံးေလးတစ္ခုၿပဳံးထားတဲ့ မ်က္ႏွာတစ္ခုကသူ႔နား႐ြက္နားကို ကပ္လာတယ္။ ထို ေအးစက္တဲ့ပုံရိပ္ကအဝါေရာင္မွန္ႀကီးထဲေပၚလာတယ္။

လက္သည္းေတြက သူ႔အေပၚကို အမ်ားႀကီး အားစိုက္လိုက္တာကို ဝမ္ေရွာင္းမ်ယ္ ခံစားလိုက္ရတယ္။ သြယ္လ်တဲ့လက္ေခ်ာင္းေတြက သူ႔အေပၚကို ေမ်ာ့တြယ္သလို ကပ္ေနၾကတယ္။ တကယ္လို႔ သူသာအခုခ်ိန္မွာ လူေသအေလာင္းေကာင္ ျဖစ္မေနဘူးဆိုရင္ နာလြန္းလို႔ အသံကုန္ျခစ္ၿပီး ေအာ္ၿပီးေနေလာက္ၿပီ။

တကယ္လို႔ ဒီအေျခအေနထဲအျခားလူေတြသာဆိုရင္ ဒီလိုမ်ိဳး႐ုတ္တရက္အားနဲ႔ဖက္ခံလိုက္ရတာနဲ႔ သူတို႔ကပါး႐ိုက္လိုက္ၿပီး ဒီလိုတုန္႔ျပန္ၾကလိမ့္မယ္ " ဘာလား နင္႐ူးေနလား "

ဒါေပမယ့္ ဝမ္ေရွာင္းမ်ယ္ကေတာ့ မွန္ထဲကမ်က္ႏွာနဲ႔ပက္သက္ၿပီး ေဒါသေတာင္မထြက္ခဲ့ပါဘူး နည္းနည္းေလးေတာင္မွထြက္မေနခဲ့ဘူး။ သူကနာနာခံခံနဲ႔ပဲ သူ႔ေနာက္ကလူ၍ေပြ႕ဖက္ျခင္းကိုခံေနခဲ့တာ။

" ရွစ္ရႈန္း လိမၼာပါဗ်ာ ကြၽန္ေတာ္ႏိုးလာတဲ့အခ်ိန္တုန္းက ရွစ္ရႈန္းကိုမေတြ႕ရေတာ့ စိတ္ပူသြားတာပဲ။ ေနာက္ဆိုရင္ေလ ကြၽန္ေတာ့ကိုအေဝးႀကီးထားမသြားရဘူးေနာ္ သိလား " ဝမ္ဖုန္းက်င္ရဲ႕အသံက အရမ္းကိုအလိုလိုက္လြန္းသည့္ပုံျဖစ္ေနၿပီး ကူကယ္ရာမဲ့စြာႏွင့္ပဲ သက္ျပင္းေလးခ်လိုက္တယ္။ သူ႔ရဲ႕ေအးစက္စက္လက္ဖဝါးက ဝမ္ေရွာင္းမ်ယ္ရဲ႕ဆံပင္ေတြကိုပြတ္သပ္ေပးေနတယ္။

သူ႔ပုံစံက လုံးဝၿပီးျပည့္စုံတဲ့ခ်စ္သူတစ္ေယာက္ပုံအတိုင္းပဲ။

ဝမ္ေရွာင္းမ်ယ္ရဲ႕လက္ေတြကလႈပ္လာတယ္။ သူ႔ကိုၾကည့္ေနတဲ့ ဝမ္ဖုန္းက်င္ကိုၾကည့္ရင္း သူနည္းနည္းေလးတုန္လႈပ္လာတယ္။ သူ႔ေခါင္းထဲမွာေတြးလိုက္တယ္ : မင္းကဘာျဖစ္ေနတာလဲ? ဒီရက္အတြင္းမွာပဲ ငါကမင္းနဲ႔ ခါးပတ္တစ္ခုလိုမ်ိဴးကပ္ေနခဲ့တာေလ။

ဒါေပမယ့္လည္း သူ႔ပါးစပ္ကေတာ့ခ်ိဳခ်ိဳသာသာေလးေျပာလာတယ္ " အိုေခ ေနာက္တစ္ခါမျဖစ္ေစရဘူး "

ဝမ္ေရွာင္းမ်ယ္ : "..."

ငါဘယ္တုံးက ဒီလိုဟန္ေဆာင္တတ္တဲ့သူျဖစ္လာတာလဲ

" မင္းကဘာလို႔ ဒီေန႔ ဒီကိုလာတာလဲ "

" ဘာအေၾကာင္းျပခ်က္မွမရွိဘူး....ဒီနားဝန္းက်င္ကိုလမ္းေလွ်ာက္႐ုံပဲ "

ပထမဆုံးအႀကိမ္ ေဟာခန္းရဲ႕တစ္ဖက္မွာ ေ႐ႊေတာင္နဲ႔ ပုလဲေတာင္တို႔ကိုေတြ႕လိုက္ရတဲ့အခ်ိန္ သူအေပ်ာ္လြန္ၿပီးခုန္ေပါက္ေနမိေသးတယ္။ ေနာက္ဆုံးေတာ့သူကခ်မ္းသာတဲ့လူတစ္ေယာက္ျဖစ္ၿပီေပါ့လို႔ေတြးလိုက္မိတယ္။ ဒါေပမယ့္အခုေတာ့ သူကထိုအရာေတြကို မ်က္ႏွာေသႀကီးနဲ႔သာေဆာ့ေနရတယ္။

ဒီေျမေအာက္သခ်ႋဳင္းဂူႀကီးက အေဝးကမည္သည့္အသံမဆိုၾကားရေလာက္ေအာင္ကို တိတ္ဆိတ္ၿငိမ္သက္တယ္။

ဒါကေသခ်င္ေစာ္နံတဲ့အထိကိုပါပဲ။

" ဒီေနရာမွာ အင္တာနက္တို႔ စမတ္ဖုန္းတို႔သာရွိမယ္ဆိုရင္ ငါဂိမ္းေဆာ့လို႔ရမွာပဲ....ငါမေဆာ့ရတာအရမ္းၾကာေနၿပီ " ဝမ္ေရွာင္းမ်ယ္ရဲ႕အသံက ခန္းမတစ္ေလွ်ာက္ ဟိန္းထြက္လာတယ္။

ဝမ္ဖုန္းက်င္ကေျပာလာတယ္ " ရွစ္ရႈန္းေျပာတာ ဒီေန႔ေခတ္မွာလူသားေတြအသုံးျပဳၾကတဲ့ဟာကိုလား အဲ့လိုအရာေလးေတြဆိုရင္ေတာ့ အျခားအခန္းဘက္မွာအမ်ားႀကီးပဲရွိတယ္ သခ်ႋဳင္းဂူကေထာင္ေခ်ာက္ေတြထဲမိၿပီးေသသြားခဲ့တဲ့ သခ်ႋဳင္းသူခိုးေတြကခ်န္ထားခဲ့ၾကတာ အရာေသးေသးေလးေတြကို ကိုယ္ ခန္းမတစ္ဖက္ကိုသြားထားထားတာ "

" လာ ကိုယ္အဲ့ေနရာကိုေခၚသြားေပးမယ္ "

ဝမ္ေရွာင္းမ်ယ္က ဝမ္ဖုန္းက်င္ေနာက္ကလိုက္လာတယ္။ သူတို႔ကရဲတိုက္ေတြနဲ႔ ေက်ာက္တုံးေတြကိုျဖတ္လာရၿပီး တခါတေလသူကလ်ိဳ႕ဝွက္ခလုတ္မ်ားကိုလည္းဖြင့္ရေသးတယ္။

ဒါေပမယ့္လည္းအရမ္းကိုတိတ္ဆိတ္ေနတယ္လို႔ခံစားရတယ္။ ဝမ္ေရွာင္းမ်ယ္ကတိတ္တိတ္ေလးေမးလိုက္တယ္ " အေလာင္းေတြကိုေရာဘယ္လိုလုပ္လဲ "

ဝမ္ဖန္ဂ်င္ကေနာက္ကိုၾကည့္ၿပီး မ်က္ေတာင္ခတ္လိုက္တယ္။ ထို႔ေနာက္သူကၿပဳံးၿပီးေျပာလာတယ္ " ကိုယ္အကုန္စားလိုက္တယ္ "

ဝမ္ေရွာင္းမိန္ : " အ...အရသာကေကာင္းလို႔လား "

ဝမ္ဖန္ဂ်င္ : " ဟား လိမ္ေျပာတာပါ "

"..." အဲ့တာမွန္တယ္လို႔ ငါဘာလို႔ခံစားေနရတာပါလိမ့္။

အစြန္ဘက္ခမ္းမတစ္ခုထဲသူတို႔ေရာက္လာတဲ့အခ်ိန္ ဝမ္ေရွာင္းမ်ယ္ရဲ႕ပါးစပ္ကအံ့ၾသမႈျဖင့္ပြင့္ဟသြားရတယ္။ သူကေရွာ့ရၿပီး ေျမႀကီးေပၚမွာလုယက္ခံရဖို႔ေစာင့္ဆိုင္းေနၾကတဲ့ အိတ္ေတြကိုၾကည့္ၿပီးေျပာစရာစကားတို႔မဲ့သြားရတယ္။ အဲ့အထဲမွာ အခုေခတ္အိတ္ေတြ ေဟာင္းႏြမ္းတဲ့အိတ္ေတြနဲ႔ ေရွးေဟာင္းအိတ္ေတြေတာင္ရွိေနေသးတယ္။

တခ်ိဳ႕ဆိုရင္ ႏွစ္ ၉၀ ထက္ပိုႀကီးပုံေပၚၿပီး ၿပဲစုတ္ေနတာေတြလည္းရွိတယ္။ နည္းနည္းေလးထိလိုက္႐ုံနဲ႔ကို အဲ့ဟာေတြကျပာပုံဘဝေျပာင္းသြားေတာ့မလိုပဲ။

ဝမ္ေရွာင္းမ်ယ္က ဓားေတြလိုမ်ိဳးေရွးေဟာင္းလက္နက္အမ်ားအျပားကိုလည္းရွာေတြ႕ခဲ့ေသးတယ္။ ဒါေတြကိုသုံးၿပီး ေခတ္သစ္သခ်ႋဳင္းဓားျပေတြက ဖက္ထုပ္ေတြကိုျဖတ္ဖို႔အသုံးျပဳခဲ့ရင္ ဆိုၿပီးသူအံ့ၾသခဲ့ရေသးတယ္။

ဝမ္ေရွာင္းမ်ယ္ လက္နက္တစ္ခုကိုေကာက္ယူလိုက္ၿပီး ဖုန္ေတြကိုမႈတ္ထုတ္လို​က္တယ္။ သူကဓားကိုဓားအိမ္ထဲကဆြဲထုတ္လိုက္ၿပီး သူ႔မ်က္လုံးေတြကေတာက္ပလာတယ္။ ႏွစ္ေတြအမ်ားႀကီးၾကာၿပီးတာေတာင္ ဒီဓားသြားကႏွင္းလိုမ်ိဳး ေတာက္ပေနတုန္းပဲ။

ထိုအရာေတြထက္ သူကျမန္ျမန္ပဲသူ႔အၾကည့္ေတြကို ေက်ာပိုးအိတ္အသစ္ေတြေပၚေျပာင္းၿပီး စိတ္ဝင္စားမႈျမင့္္တက္လာတယ္။ အစားအေသာက္ေတြကိုခိုးၿပီးတဲ့ ဟန္းစတားေလးတစ္ေကာင္လိုမ်ိဳး ေျမျပင္ေပၚမွာပစၥည္းေတြကိုခ်လိုက္ၿပီး စိတ္လႈပ္ရွားစြာေအာ္ဟစ္ေနတယ္။

" ဝိုး မီးပန္းေတြ ဓာတ္မီးေတြ မီးျခစ္ေတြ ဒိုင္ယာယီေတြ! ၿပီးေတာ့ စည္သြပ္ဘူးေတြနဲ႔ဘီစကစ္ေတြေတာင္ရွိေသးတယ္ ေနာက္ၿပီးသူတို႔ကစားလို႔ရေသးကြ ေရး " ဝမ္ေရွာင္းမ်ယ္က ပါဝါပိတ္ထားတဲ့စမတ္ဖုန္းေတြ ကိုေတာင္ရွာေတြ႕ခဲ့ေသးတယ္။ သူစိတ္အားထက္သန္စြာျဖင့္ ဖြင့္လိုက္ေသာ္လည္းထိုဖုန္းေတြက password ေတြခံထားေၾကာင္း ေတြ႕လိုက္ရေတာ့တယ္။

သူအသုံးျပဳႏိုင္တဲ့တစ္လုံးရွာေတြ႕ခဲ့ေသာ္လည္း သိပ္အသုံးမျပဳရေသးခင္ပဲ ဖုန္းကအားကုန္သြားတယ္....

ဝမ္ေရွာင္းမ်ယ္က အားကုန္သြားတဲ့ဖုန္းေလးကိုၾကည့္ၿပီး မ်က္ရည္မ်ားက်လာေတာ့တယ္။

ေျပာၾကတယ္မလား ရတနာေတြအတြက္ တူးေဖာ္ၿပီး လုၾကရတာကိုစြဲလမ္းၾကတယ္လို႔။ ဘာလို႔ဂိမ္းကစားတဲ့သူေတြက ပစၥည္းေတြကိုအသက္လုၿပီး လုယက္ေနရသလဲဆိုတာ ေနာက္ဆုံးေတာ့သူနားလည္သြားခဲ့ရၿပီ။

သူကအျခားအိတ္တစ္ခုကိုဖြင့္လိုက္ၿပီး စားလို႔ရေသးတဲ့မုန္႔ေတြကိုစုေဆာင္းလိုက္တယ္။ သူ႔အတြက္ေတာ့ ဘီစကစ္ေတြနဲ႔အသားေျခာက္ေတြကသူ႔ကိုပိုၿပီးစိတ္လႈပ္ရွားေစတယ္။ နာရီေတြ ဓာတ္ပုံေတြနဲ႔ အျခားအရာေတြကိုေတာ့ သူကအိတ္ထဲကိုေသေသခ်ာခ်ာေလးျပန္ထည့္ေပးထားလိုက္တယ္။

ထိုအရာေတြလုပ္ေနရင္းနဲ႔ သူကသူ႔ကိုယ္သူတီးတိုးေျပာဆိုေနတယ္ " ဒီအိတ္ပိုင္ရွင္က ဘာလို႔မ်ားအမဲသားေျခာက္ေတြ ဒီေလာက္အမ်ားႀကီးသယ္လာတာပါလိမ့္ မေလးဘူးလားမသိဘူး ဒီတစ္ခုဆိုဒိတ္ေတာင္လြန္ခါနီးေနၿပီ ျမန္ျမန္ေလးစားပစ္ရေတာ့မယ္! အိုး ငါေဘာပင္ေတြနဲ႔စာအုပ္ေတြပိုယူသင့္တယ္။ ငါ့ရဲ႕အေတြ႕အႀကဳံေတြအေၾကာင္းေရးၿပီး လိုင္းေပၚတင္ရမယ္ ဟီးဟီးဟီး ငါေတာ့ Robinson Crusoe လက္သစ္ျဖစ္လာေတာ့မွာပဲ "

(T/N: Robinson Crusoe ဆိုတာကေလ Daniel Defoe ေရးသားထားတဲ့ ဝတၳဳစာအုပ္ပါ အဲ့စာအုပ္ကို 25 April 1719 ကစတင္ၿပီးထုတ္ေဝခဲ့တာဆိုေတာ့ အခုဆိုရင္ ႏွစ္ေပါင္း ၃၀၁ ႏွစ္ရွိခဲ့ၿပီေပါ့။ Google မွာ Robinson Crusoe လို႔႐ိုက္ရွာလိုက္ရင္ အဲ့အေၾကာင္းေတြေပၚလာလိမ့္မယ္။ ကိုယ္ကဗဟုသုတအေနနဲ႔ထည့္ေပးထားတာပါရွင္)

(Robinson Crusoe)

ေနာက္ထပ္ ဝမ္ေရွာင္းမ်ယ္ကိုင္လိုက္တဲ့အရာက ႏူးညံ့ၿပီး အနီေရာင္ရွိတဲ့ပစၥည္းတစ္ခုျဖစ္တယ္။ သူဆြဲထုတ္လိုက္ၿပီးတာနဲ႔ သူ႔မ်က္ႏွာကျဖည္းျဖည္းခ်င္းနီရဲလာတယ္။

" ခ်ီးပဲ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ေဘာ္လီနဲ႔ဒီသခ်ႋဳင္းသူခိုးေတြကဘာလုပ္ၾကတာလဲဟ! နတ္ဆိုးဝိဉာဥ္ေတြကို ဒီဟာသုံးၿပီးႏွင္ထုတ္ဖို႔လား "

သူျမန္ျမန္ပဲ ထိုအတြင္းခံကိုျပန္ခ်ထားလိုက္တယ္။ ေနာက္အိတ္တစ္ခုထဲမွာ ျမည္းခြာေတြ အရက္ခဲေတြနဲ႔ အရက္အိုးေတြကိုရွာေတြ႕လိုက္တယ္။

" မဆိုးဘူး ဒါေတြအားလုံးမဆိုးဘူးပဲ ျမည္းခြာေတြကိုခ်က္စားလို႔ရတယ္ အာ ေနပါအုံး ငါကအခုဇြန္ဘီျဖစ္ေနၿပီေလ ဒါေတြစားလို႔အဆင္ေျပပါ့မလား " ဝမ္ေရွာင္းမ်ယ္က ဝမ္ဖုန္းက်င္ကိုၾကည့္ၿပီး ျမည္းခြာေတြကိုရမ္းျပလိုက္တယ္ သူေမးလိုက္တယ္ " ဖုန္းက်င္ ငါဒါေတြစားလို႔ရမလား "

(အထက္ေလးရဲ႕ေကာက္ႏႈတ္ခ်က္ : ျမည္းခြာကိုခ်က္စားလို႔ရမွန္းမသိဘူး သြားရွာၾကည့္လိုက္ေတာ့ တကယ္ႀကီးခ်က္စားၾကတယ္ဗ်ာ ဆြံ႕အသြားရတယ္ ကိုယ္ပဲမသိတာလားေတာ့မသိဘူး)

ဝမ္ဖုန္းက်င္က သူ႔ေရွ႕မွာလုယက္ေနတဲ့ေကာင္ေလးကိုတစ္ခ်ိန္လုံးေပ်ာ္႐ႊင္စြာျဖင့္ၾကည့္ေနခဲ့တယ္။ သူက ဝမ္ေရွာင္းမ်ယ္ရဲ႕ေမးေစ့ေလးကိုကိုင္ၿပီး ေျပာလိုက္တယ္ " အဲ့ဒီသခ်ႋဳင္းသူခိုးေတြက အၿမဲတမ္းဒီလိုအရာေတြသယ္လာတတ္တယ္ အဲ့တာေတြကတကယ္အသုံးမဝင္ဘူး မင္းစားလိုက္လို႔ရတယ္ "

" ေကာင္းတယ္ ငါဒီေန႔ဒါေတြခ်က္စားမယ္ "

" အိုး ဒီလူကေဟာ့ေပါ့အႏွစ္ထုပ္ႀကီးပါသယ္လာတယ္ဟ ၿပီးေတာ့အဲ့တာက အိမ္လုပ္အႏွစ္ထုပ္ေတာင္ျဖစ္ေနေသးတယ္...ဒါေပမယ့္ အသားနဲ႔ပင္လယ္စာနည္းနည္းေလးေတာင္မေတြ႕ဘူး သူတို႔ကစြတ္ျပဳတ္လုပ္ေသာက္ဖို႔ပဲစဥ္းစားၾကတာလား " ဝမ္ေရွာင္းမ်ယ္ ဂႏၶာမာပန္းေလးထဲနာက်င္သြားသလိုခံစားလိုက္ရတယ္။ ဘယ္သူကဒီေဟာ့ေပါ့အႏွစ္ကိုဒီတိုင္းေသာက္ရဲရတာလဲ သူတို႔ရဲ႕ဂႏၶာမာပန္းေလးဘယ္ေလာက္ေတာင္ ပူေနလိမ့္မလဲ။ (အထက္ေလးရွင္းျပမယ္ေနာ္ ေဟာ့ေပါ့စားၿပီးရင္ဖင္ပူၾကတယ္မလား အဲ့တာကိုေျပာတာ)

ဝမ္ေရွာင္းမ်ယ္က သူ႔ကိုယ္က်ိဳးအတြက္လုယက္ေနတာေတာင္မွ သူ႔ကိုယ္သူ Samaritan လိုေကာင္းတဲ့အရာလုပ္ေနသလိုသ႐ုပ္ေဆာင္ေနၿပီး အမႈိက္ပုံထဲကအမႈိက္ေတြကို ေပ်ာ္႐ႊင္စြာစုေဆာင္းေနခဲ့တယ္။ ထို႔ေနာက္သူက သူ႔ကိုယ္သူအတြက္ သနားမ်က္ရည္ေလးေတာင္က်လာခဲ့ေသးတယ္ " ငါေလးလိုမ်ိဳး Meituan ထဲက VIP Foodie ေလးက အမႈိက္ပုံထဲကေနအစားအေသာက္ေတြေကာက္စားေနရတယ္လို႔ Hu Huu.... "

(T/N: Meituan ဆိုတာက Food Deli ပါ ျမန္မာမွာဆို Food Panda လိုမ်ိဳး)

(Meituan Food Delivery)

"ဝိုး ဒီတစ္ေယာက္ကအသင့္စားေဟာ့ေပါ့ဘူးေတာင္သယ္လာေသးတယ္! အနံ႔ေလးကလည္းေကာင္းတယ္ "

ဝမ္ဖုန္းက်င္က ေျမေပၚမွာဆန္ေတြသိုေလွာင္ေနတဲ့ႂကြက္ေလးကိုၾကည့္ရင္း အၿပဳံးေဖ်ာ့ေဖ်ာ့ေလးတစ္ခုေဖာ္ျပလာတယ္။

သူကအရမ္းခ်စ္ဖို႔ေကာင္းတယ္...

_____


{Unicode}

ဝမ်ရှောင်းမျယ်ဒိုင်ယာရီ : ဒီနေ့ မြေအောက်မှာငါလေးအမှိုက်ကောက်တယ် huuuuu......

ကြည့်ရတာ ငါအရာတော်တော်များများ မေ့လျော့သွားခဲ့တာပဲ။ ငါ့အဖေ ငါ့အမေနဲ့ ငါ့ပုံမှန်ဘဝတွေကို အဝတ်ဖြူတစနဲ့ ဖုံးထားသလို မေ့ထားခဲ့မိတယ်။ ငါအမှောင်ထဲ လုံးဝရောက်နေပြီဆိုတာ သေချာနေတာတောင်မှ ဒီလိုအသိတရားမရှိဖြစ်နေတာကို ကျေနပ်နေမိသေးတယ်။

ဝမ်ရှောင်းမျယ်က ကြေးမုံပြင်ကြီးထဲမှာ ပေါ်နေတဲ့ သူ့ပုံကို စိတ်မဝင်စားစွာ ကြည့်လိုက်တယ်။ သိမ်မွေ့တဲ့မျက်ဝန်းတစ်စုံနဲ့ ကြည့်ကောင်းတဲ့မျက်နှာတစ်ခုဘာအမူအရာမှ ပြမနေတာတောင်မှ သူ့ပုံစံက ကြည့်ကောင်းနေတုန်းပဲ။

ဝမ်ရှောင်းမျယ် မျက်မှောင်ကြုတ်လိုက်တယ်။ သူသေပြီး ဇွန်ဘီတစ်ကောင်ဖြစ်လာခဲ့တယ် နှစ်တစ်ထောင်လောက်ပိုကြီးတဲ့ ချစ်သူလည်းရှိပြီး အခုဒီမြေအောက်နန်းတော်ကြီးထဲမှာအသက်ရှင်နေတယ်။ သူကဒီအခြေအနေကြီးကို အရမ်းမြန်မြန်ဆန်ဆန်ပဲလက်သင့်ခံလိုက်မိတယ်လို့ခံစားလိုက်ရတယ်။

ဒီကမ္ဘာကြီးရဲ့အပြင်ဘက်တစ်ခုခုကိုသူမြင်လိုက်ရတဲ့အချိန်မှာတောင် သူကအကြာကြီးထိတ်လန့် ကြောက်ရွံ့နေတာမျိုးမရှိခဲ့ဘူး။ သူကသာ ဒီလိုခံစားချက်မျိုးတွေကို ပျောက်ဆုံးသွားခဲ့တာဆိုရင်.....

ဒါကအရမ်းကို သိပ္ပံနည်းမကျလွန်းတယ်!

" ငါကထိန်းချုပ်ခံထားရတာများလား " ဝမ်ရှောင်းမျယ်က ကျယ်ဝန်းသောဟောခန်းမကြီးထဲမတ်တပ်ရပ်နေတာဖြစ်တယ်။ သူက မှန်ကိုကြည့်လိုက်ပြီး သူ့ကိုယ်သူရယ်မောလိုက်တယ်။ ဘေးပတ်လည်မှာတော့ ဖ​ယောင်းတိုင်တွေက တောက်ပနေပြီး ကြောက်မက်ဖွယ်အခြေအနေကိုပေးစွမ်းနေတယ်။ အရင်တုန်းကလိုဆိုရင် သူသေးတောင်ထွက်ကျပြီးနေလောက်ပြီ ဒါပေမဲ့ အခုတော့သူဒီနေရာမှာနှစ်ရာနဲ့ချီပြီး နေခဲ့ဖူးသလိုခံစားချက်ကြီးကိုပဲရနေတော့တယ်။

ဝမ်ရှောင်းမျယ်ကသူ့ကိုယ်သူ ဖြတ်ပြောလိုက်တယ် " ဒါမမှန်ဘူး.... " ငါဘာဖြစ်နေတာလဲ

" ရှစ်ရှုန်း ဘာလုပ်နေတာလဲ " လက်တစ်စုံက သူ့ပခုံးကိုဆုပ်ကိုင်လာပြီး နူးညံ့တဲ့အပြုံးလေးတစ်ခုပြုံးထားတဲ့ မျက်နှာတစ်ခုကသူ့နားရွက်နားကို ကပ်လာတယ်။ ထို အေးစက်တဲ့ပုံရိပ်ကအဝါရောင်မှန်ကြီးထဲပေါ်လာတယ်။

လက်သည်းတွေက သူ့အပေါ်ကို အများကြီး အားစိုက်လိုက်တာကို ဝမ်ရှောင်းမျယ် ခံစားလိုက်ရတယ်။ သွယ်လျတဲ့လက်ချောင်းတွေက သူ့အပေါ်ကို မျော့တွယ်သလို ကပ်နေကြတယ်။ တကယ်လို့ သူသာအခုချိန်မှာ လူသေအလောင်းကောင် ဖြစ်မနေဘူးဆိုရင် နာလွန်းလို့ အသံကုန်ခြစ်ပြီး အော်ပြီးနေလောက်ပြီ။

တကယ်လို့ ဒီအခြေအနေထဲအခြားလူတွေသာဆိုရင် ဒီလိုမျိုးရုတ်တရက်အားနဲ့ဖက်ခံလိုက်ရတာနဲ့ သူတို့ကပါးရိုက်လိုက်ပြီး ဒီလိုတုန့်ပြန်ကြလိမ့်မယ် " ဘာလား နင်ရူးနေလား "

ဒါပေမယ့် ဝမ်ရှောင်းမျယ်ကတော့ မှန်ထဲကမျက်နှာနဲ့ပက်သက်ပြီး ဒေါသတောင်မထွက်ခဲ့ပါဘူး နည်းနည်းလေးတောင်မှထွက်မနေခဲ့ဘူး။ သူကနာနာခံခံနဲ့ပဲ သူ့နောက်ကလူ၍ပွေ့ဖက်ခြင်းကိုခံနေခဲ့တာ။

" ရှစ်ရှုန်း လိမ္မာပါဗျာ ကျွန်တော်နိုးလာတဲ့အချိန်တုန်းက ရှစ်ရှုန်းကိုမတွေ့ရတော့ စိတ်ပူသွားတာပဲ။ နောက်ဆိုရင်လေ ကျွန်တော့ကိုအဝေးကြီးထားမသွားရဘူးနော် သိလား " ဝမ်ဖုန်းကျင်ရဲ့အသံက အရမ်းကိုအလိုလိုက်လွန်းသည့်ပုံဖြစ်နေပြီး ကူကယ်ရာမဲ့စွာနှင့်ပဲ သက်ပြင်းလေးချလိုက်တယ်။ သူ့ရဲ့အေးစက်စက်လက်ဖဝါးက ဝမ်ရှောင်းမျယ်ရဲ့ဆံပင်တွေကိုပွတ်သပ်ပေးနေတယ်။

သူ့ပုံစံက လုံးဝပြီးပြည့်စုံတဲ့ချစ်သူတစ်ယောက်ပုံအတိုင်းပဲ။

ဝမ်ရှောင်းမျယ်ရဲ့လက်တွေကလှုပ်လာတယ်။ သူ့ကိုကြည့်နေတဲ့ ဝမ်ဖုန်းကျင်ကိုကြည့်ရင်း သူနည်းနည်းလေးတုန်လှုပ်လာတယ်။ သူ့ခေါင်းထဲမှာတွေးလိုက်တယ် : မင်းကဘာဖြစ်နေတာလဲ? ဒီရက်အတွင်းမှာပဲ ငါကမင်းနဲ့ ခါးပတ်တစ်ခုလိုမျိူးကပ်နေခဲ့တာလေ။

ဒါပေမယ့်လည်း သူ့ပါးစပ်ကတော့ချိုချိုသာသာလေးပြောလာတယ် " အိုခေ နောက်တစ်ခါမဖြစ်စေရဘူး "

ဝမ်ရှောင်းမျယ် : "..."

ငါဘယ်တုံးက ဒီလိုဟန်ဆောင်တတ်တဲ့သူဖြစ်လာတာလဲ

" မင်းကဘာလို့ ဒီနေ့ ဒီကိုလာတာလဲ "

" ဘာအကြောင်းပြချက်မှမရှိဘူး....ဒီနားဝန်းကျင်ကိုလမ်းလျှောက်ရုံပဲ "

ပထမဆုံးအကြိမ် ဟောခန်းရဲ့တစ်ဖက်မှာ ရွှေတောင်နဲ့ ပုလဲတောင်တို့ကိုတွေ့လိုက်ရတဲ့အချိန် သူအပျော်လွန်ပြီးခုန်ပေါက်နေမိသေးတယ်။ နောက်ဆုံးတော့သူကချမ်းသာတဲ့လူတစ်ယောက်ဖြစ်ပြီပေါ့လို့တွေးလိုက်မိတယ်။ ဒါပေမယ့်အခုတော့ သူကထိုအရာတွေကို မျက်နှာသေကြီးနဲ့သာဆော့နေရတယ်။

ဒီမြေအောက်သင်္ချိုင်းဂူကြီးက အဝေးကမည်သည့်အသံမဆိုကြားရလောက်အောင်ကို တိတ်ဆိတ်ငြိမ်သက်တယ်။

ဒါကသေချင်စော်နံတဲ့အထိကိုပါပဲ။

" ဒီနေရာမှာ အင်တာနက်တို့ စမတ်ဖုန်းတို့သာရှိမယ်ဆိုရင် ငါဂိမ်းဆော့လို့ရမှာပဲ....ငါမဆော့ရတာအရမ်းကြာနေပြီ " ဝမ်ရှောင်းမျယ်ရဲ့အသံက ခန်းမတစ်လျှောက် ဟိန်းထွက်လာတယ်။

ဝမ်ဖုန်းကျင်ကပြောလာတယ် " ရှစ်ရှုန်းပြောတာ ဒီနေ့ခေတ်မှာလူသားတွေအသုံးပြုကြတဲ့ဟာကိုလား အဲ့လိုအရာလေးတွေဆိုရင်တော့ အခြားအခန်းဘက်မှာအများကြီးပဲရှိတယ် သင်္ချိုင်းဂူကထောင်ချောက်တွေထဲမိပြီးသေသွားခဲ့တဲ့ သင်္ချိုင်းသူခိုးတွေကချန်ထားခဲ့ကြတာ အရာသေးသေးလေးတွေကို ကိုယ် ခန်းမတစ်ဖက်ကိုသွားထားထားတာ "

" လာ ကိုယ်အဲ့နေရာကိုခေါ်သွားပေးမယ် "

ဝမ်ရှောင်းမျယ်က ဝမ်ဖုန်းကျင်နောက်ကလိုက်လာတယ်။ သူတို့ကရဲတိုက်တွေနဲ့ ကျောက်တုံးတွေကိုဖြတ်လာရပြီး တခါတလေသူကလျို့ဝှက်ခလုတ်များကိုလည်းဖွင့်ရသေးတယ်။

ဒါပေမယ့်လည်းအရမ်းကိုတိတ်ဆိတ်နေတယ်လို့ခံစားရတယ်။ ဝမ်ရှောင်းမျယ်ကတိတ်တိတ်လေးမေးလိုက်တယ် " အလောင်းတွေကိုရောဘယ်လိုလုပ်လဲ "

ဝမ်ဖန်ဂျင်ကနောက်ကိုကြည့်ပြီး မျက်တောင်ခတ်လိုက်တယ်။ ထို့နောက်သူကပြုံးပြီးပြောလာတယ် " ကိုယ်အကုန်စားလိုက်တယ် "

ဝမ်ရှောင်းမိန် : " အ...အရသာကကောင်းလို့လား "

ဝမ်ဖန်ဂျင် : " ဟား လိမ်ပြောတာပါ "

"..." အဲ့တာမှန်တယ်လို့ ငါဘာလို့ခံစားနေရတာပါလိမ့်။

အစွန်ဘက်ခမ်းမတစ်ခုထဲသူတို့ရောက်လာတဲ့အချိန် ဝမ်ရှောင်းမျယ်ရဲ့ပါးစပ်ကအံ့သြမှုဖြင့်ပွင့်ဟသွားရတယ်။ သူကရှော့ရပြီး မြေကြီးပေါ်မှာလုယက်ခံရဖို့စောင့်ဆိုင်းနေကြတဲ့ အိတ်တွေကိုကြည့်ပြီးပြောစရာစကားတို့မဲ့သွားရတယ်။ အဲ့အထဲမှာ အခုခေတ်အိတ်တွေ ဟောင်းနွမ်းတဲ့အိတ်တွေနဲ့ ရှေးဟောင်းအိတ်တွေတောင်ရှိနေသေးတယ်။

တချို့ဆိုရင် နှစ် ၉၀ ထက်ပိုကြီးပုံပေါ်ပြီး ပြဲစုတ်နေတာတွေလည်းရှိတယ်။ နည်းနည်းလေးထိလိုက်ရုံနဲ့ကို အဲ့ဟာတွေကပြာပုံဘဝပြောင်းသွားတော့မလိုပဲ။

ဝမ်ရှောင်းမျယ်က ဓားတွေလိုမျိုးရှေးဟောင်းလက်နက်အများအပြားကိုလည်းရှာတွေ့ခဲ့သေးတယ်။ ဒါတွေကိုသုံးပြီး ခေတ်သစ်သင်္ချိုင်းဓားပြတွေက ဖက်ထုပ်တွေကိုဖြတ်ဖို့အသုံးပြုခဲ့ရင် ဆိုပြီးသူအံ့သြခဲ့ရသေးတယ်။

ဝမ်ရှောင်းမျယ် လက်နက်တစ်ခုကိုကောက်ယူလိုက်ပြီး ဖုန်တွေကိုမှုတ်ထုတ်လို​က်တယ်။ သူကဓားကိုဓားအိမ်ထဲကဆွဲထုတ်လိုက်ပြီး သူ့မျက်လုံးတွေကတောက်ပလာတယ်။ နှစ်တွေအများကြီးကြာပြီးတာတောင် ဒီဓားသွားကနှင်းလိုမျိုး တောက်ပနေတုန်းပဲ။

ထိုအရာတွေထက် သူကမြန်မြန်ပဲသူ့အကြည့်တွေကို ကျောပိုးအိတ်အသစ်တွေပေါ်ပြောင်းပြီး စိတ်ဝင်စားမှုမြင့််တက်လာတယ်။ အစားအသောက်တွေကိုခိုးပြီးတဲ့ ဟန်းစတားလေးတစ်ကောင်လိုမျိုး မြေပြင်ပေါ်မှာပစ္စည်းတွေကိုချလိုက်ပြီး စိတ်လှုပ်ရှားစွာအော်ဟစ်နေတယ်။

" ဝိုး မီးပန်းတွေ ဓာတ်မီးတွေ မီးခြစ်တွေ ဒိုင်ယာယီတွေ! ပြီးတော့ စည်သွပ်ဘူးတွေနဲ့ဘီစကစ်တွေတောင်ရှိသေးတယ် နောက်ပြီးသူတို့ကစားလို့ရသေးကွ ရေး " ဝမ်ရှောင်းမျယ်က ပါဝါပိတ်ထားတဲ့စမတ်ဖုန်းတွေ ကိုတောင်ရှာတွေ့ခဲ့သေးတယ်။ သူစိတ်အားထက်သန်စွာဖြင့် ဖွင့်လိုက်သော်လည်းထိုဖုန်းတွေက password တွေခံထားကြောင်း တွေ့လိုက်ရတော့တယ်။

သူအသုံးပြုနိုင်တဲ့တစ်လုံးရှာတွေ့ခဲ့သော်လည်း သိပ်အသုံးမပြုရသေးခင်ပဲ ဖုန်းကအားကုန်သွားတယ်....

ဝမ်ရှောင်းမျယ်က အားကုန်သွားတဲ့ဖုန်းလေးကိုကြည့်ပြီး မျက်ရည်များကျလာတော့တယ်။

ပြောကြတယ်မလား ရတနာတွေအတွက် တူးဖော်ပြီး လုကြရတာကိုစွဲလမ်းကြတယ်လို့။ ဘာလို့ဂိမ်းကစားတဲ့သူတွေက ပစ္စည်းတွေကိုအသက်လုပြီး လုယက်နေရသလဲဆိုတာ နောက်ဆုံးတော့သူနားလည်သွားခဲ့ရပြီ။

သူကအခြားအိတ်တစ်ခုကိုဖွင့်လိုက်ပြီး စားလို့ရသေးတဲ့မုန့်တွေကိုစုဆောင်းလိုက်တယ်။ သူ့အတွက်တော့ ဘီစကစ်တွေနဲ့အသားခြောက်တွေကသူ့ကိုပိုပြီးစိတ်လှုပ်ရှားစေတယ်။ နာရီတွေ ဓာတ်ပုံတွေနဲ့ အခြားအရာတွေကိုတော့ သူကအိတ်ထဲကိုသေသေချာချာလေးပြန်ထည့်ပေးထားလိုက်တယ်။

ထိုအရာတွေလုပ်နေရင်းနဲ့ သူကသူ့ကိုယ်သူတီးတိုးပြောဆိုနေတယ် " ဒီအိတ်ပိုင်ရှင်က ဘာလို့များအမဲသားခြောက်တွေ ဒီလောက်အများကြီးသယ်လာတာပါလိမ့် မလေးဘူးလားမသိဘူး ဒီတစ်ခုဆိုဒိတ်တောင်လွန်ခါနီးနေပြီ မြန်မြန်လေးစားပစ်ရတော့မယ်! အိုး ငါဘောပင်တွေနဲ့စာအုပ်တွေပိုယူသင့်တယ်။ ငါ့ရဲ့အတွေ့အကြုံတွေအကြောင်းရေးပြီး လိုင်းပေါ်တင်ရမယ် ဟီးဟီးဟီး ငါတော့ Robinson Crusoe လက်သစ်ဖြစ်လာတော့မှာပဲ "

(T/N: Robinson Crusoe ဆိုတာကလေ Daniel Defoe ရေးသားထားတဲ့ ဝတ္ထုစာအုပ်ပါ အဲ့စာအုပ်ကို 25 April 1719 ကစတင်ပြီးထုတ်ဝေခဲ့တာဆိုတော့ အခုဆိုရင် နှစ်ပေါင်း ၃၀၁ နှစ်ရှိခဲ့ပြီပေါ့။ Google မှာ Robinson Crusoe လို့ရိုက်ရှာလိုက်ရင် အဲ့အကြောင်းတွေပေါ်လာလိမ့်မယ်။ ကိုယ်ကဗဟုသုတအနေနဲ့ထည့်ပေးထားတာပါရှင်)

(Robinson Crusoe)

နောက်ထပ် ဝမ်ရှောင်းမျယ်ကိုင်လိုက်တဲ့အရာက နူးညံ့ပြီး အနီရောင်ရှိတဲ့ပစ္စည်းတစ်ခုဖြစ်တယ်။ သူဆွဲထုတ်လိုက်ပြီးတာနဲ့ သူ့မျက်နှာကဖြည်းဖြည်းချင်းနီရဲလာတယ်။

" ချီးပဲ အမျိုးသမီးတစ်ယောက်ရဲ့ဘော်လီနဲ့ဒီသင်္ချိုင်းသူခိုးတွေကဘာလုပ်ကြတာလဲဟ! နတ်ဆိုးဝိဉာဥ်တွေကို ဒီဟာသုံးပြီးနှင်ထုတ်ဖို့လား "

သူမြန်မြန်ပဲ ထိုအတွင်းခံကိုပြန်ချထားလိုက်တယ်။ နောက်အိတ်တစ်ခုထဲမှာ မြည်းခွာတွေ အရက်ခဲတွေနဲ့ အရက်အိုးတွေကိုရှာတွေ့လိုက်တယ်။

" မဆိုးဘူး ဒါတွေအားလုံးမဆိုးဘူးပဲ မြည်းခွာတွေကိုချက်စားလို့ရတယ် အာ နေပါအုံး ငါကအခုဇွန်ဘီဖြစ်နေပြီလေ ဒါတွေစားလို့အဆင်ပြေပါ့မလား " ဝမ်ရှောင်းမျယ်က ဝမ်ဖုန်းကျင်ကိုကြည့်ပြီး မြည်းခွာတွေကိုရမ်းပြလိုက်တယ် သူမေးလိုက်တယ် " ဖုန်းကျင် ငါဒါတွေစားလို့ရမလား "

(အထက်လေးရဲ့ကောက်နှုတ်ချက် : မြည်းခွာကိုချက်စားလို့ရမှန်းမသိဘူး သွားရှာကြည့်လိုက်တော့ တကယ်ကြီးချက်စားကြတယ်ဗျာ ဆွံ့အသွားရတယ် ကိုယ်ပဲမသိတာလားတော့မသိဘူး)

ဝမ်ဖုန်းကျင်က သူ့ရှေ့မှာလုယက်နေတဲ့ကောင်လေးကိုတစ်ချိန်လုံးပျော်ရွှင်စွာဖြင့်ကြည့်နေခဲ့တယ်။ သူက ဝမ်ရှောင်းမျယ်ရဲ့မေးစေ့လေးကိုကိုင်ပြီး ပြောလိုက်တယ် " အဲ့ဒီသင်္ချိုင်းသူခိုးတွေက အမြဲတမ်းဒီလိုအရာတွေသယ်လာတတ်တယ် အဲ့တာတွေကတကယ်အသုံးမဝင်ဘူး မင်းစားလိုက်လို့ရတယ် "

" ကောင်းတယ် ငါဒီနေ့ဒါတွေချက်စားမယ် "

" အိုး ဒီလူကဟော့ပေါ့အနှစ်ထုပ်ကြီးပါသယ်လာတယ်ဟ ပြီးတော့အဲ့တာက အိမ်လုပ်အနှစ်ထုပ်တောင်ဖြစ်နေသေးတယ်...ဒါပေမယ့် အသားနဲ့ပင်လယ်စာနည်းနည်းလေးတောင်မတွေ့ဘူး သူတို့ကစွတ်ပြုတ်လုပ်သောက်ဖို့ပဲစဥ်းစားကြတာလား " ဝမ်ရှောင်းမျယ် ဂန္ဓာမာပန်းလေးထဲနာကျင်သွားသလိုခံစားလိုက်ရတယ်။ ဘယ်သူကဒီဟော့ပေါ့အနှစ်ကိုဒီတိုင်းသောက်ရဲရတာလဲ သူတို့ရဲ့ဂန္ဓာမာပန်းလေးဘယ်လောက်တောင် ပူနေလိမ့်မလဲ။ (အထက်လေးရှင်းပြမယ်နော် ဟော့ပေါ့စားပြီးရင်ဖင်ပူကြတယ်မလား အဲ့တာကိုပြောတာ)

ဝမ်ရှောင်းမျယ်က သူ့ကိုယ်ကျိုးအတွက်လုယက်နေတာတောင်မှ သူ့ကိုယ်သူ Samaritan လိုကောင်းတဲ့အရာလုပ်နေသလိုသရုပ်ဆောင်နေပြီး အမှိုက်ပုံထဲကအမှိုက်တွေကို ပျော်ရွှင်စွာစုဆောင်းနေခဲ့တယ်။ ထို့နောက်သူက သူ့ကိုယ်သူအတွက် သနားမျက်ရည်လေးတောင်ကျလာခဲ့သေးတယ် " ငါလေးလိုမျိုး Meituan ထဲက VIP Foodie လေးက အမှိုက်ပုံထဲကနေအစားအသောက်တွေကောက်စားနေရတယ်လို့ Hu Huu.... "

(T/N: Meituan ဆိုတာက Food Deli ပါ မြန်မာမှာဆို Food Panda လိုမျိုး)

(Meituan Food Delivery)

"ဝိုး ဒီတစ်ယောက်ကအသင့်စားဟော့ပေါ့ဘူးတောင်သယ်လာသေးတယ်! အနံ့လေးကလည်းကောင်းတယ် "

ဝမ်ဖုန်းကျင်က မြေပေါ်မှာဆန်တွေသိုလှောင်နေတဲ့ကြွက်လေးကိုကြည့်ရင်း အပြုံးဖျော့ဖျော့လေးတစ်ခုဖော်ပြလာတယ်။

သူကအရမ်းချစ်ဖို့ကောင်းတယ်...

_____

Thanks 🌹





Ipagpatuloy ang Pagbabasa

Magugustuhan mo rin

1.3M 56.9K 27
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
262K 33.3K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
1.5M 240K 92
Title - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Modern, School Eng Translator - Flareax Myan...