Zawgyi
မနၱေလးသို႔ ေစာေစာထြက္ရမည္ျဖစ္ေသာ္လည္း ညိဳ႕ကေတာ့ေတာ္ေတာ္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားခဲ့တာျဖစ္သည္။ ညကလည္း ေကာ္ဖီတစ္ခြက္သာေသာက္ခဲ့ၿပီးေနာက္ တန္းအိပ္ေပ်ာ္သြားသည္။ အခ်ိန္ကိုၾကည့္ေတာ့ ကိုးနာရီထိုးကာနီး ဆယ့္ငါးမိနစ္။ သူခ်ိန္းထားတဲ့အခ်ိန္က ကိုးနာရီအတိ။ ျခံထဲကို ကားဝင္လာသံၾကားလိုက္ရသည္။ လိုက္ကာကိုဖယ္ကာငံု႔ၾကည့္ေတာ့ ခိုင္ေဇာ့္ကိုျပင္ခိုင္းထားသည့္ကား။
" အာ တကယ္ပါပဲ "
သူ႔အေ႐ွ႕မွေျပးဆင္းသြားသူေၾကာင့္ တည္ျမဲလွမ္းေခၚခ်ိန္ေတာင္မရ။ ဖ႐ိုဖရဲနဲ႔ ဘယ္လိုျဖစ္ေနတာပါလိမ့္။ သူျပာယာခက္တာမျမင္ဖူး၍လည္း သိခ်င္စိတ္ေၾကာင့္ ေအာက္ထပ္ဆင္းလာခဲ့သည္။ ဧည့္ခန္းမွာ သူအျမင္မၾကည္ေသာ ခိုင္ေဇာ္ကခန္႔ခန္႔ႀကီးထိုင္ေန၏။ ဟိုေကာင္ကလည္း ဘာေတြေျပာေနမွန္းမသိ ၊ အခုမွၾကည့္မိသည္။ ေဘာင္းဘီအတိုႏွင့္ ေဖြးဥေနေသာေျခတံတို႔က အထင္းသား။
" အဲ့ဒါဘယ္လိုျဖစ္ေနတာလဲ "
လွည့္ၾကည့္လာသူက အခုမွအိပ္ယာႏိုးလာဟန္။ မ်က္ခြံမို႔မို႔ႏွင့္ ႏႈတ္ခမ္းရဲရဲ၊ ပါးတစ္ဖက္ကလည္း ေခါင္းအံုးေပၚဖိအိပ္လာဟန္တူသည္။ ပန္းေရာင္ခပ္ေျပးေျပး။ တီ႐ွပ္အျဖဴေရာင္ႏွင့္ ဒူးအထက္ ေ႐ွာ့ပင္အနက္ျဖင့္ ေသးသြယ္သြယ္ျဖစ္ေနသည္။ ႐ုတ္တရက္ႀကီး ဘာကိုစိတ္အလိုမက်သည္မသိ ကြၽဲျမႇီးတိုသြားရ၏။
" ကိုခိုင္ေဇာ္ ကြၽန္ေတာ္အိပ္ယာထေနာက္က်သြားတာ ေဆာရီးဗ်ာ ေရျမန္ျမန္ေလးခ်ိဳးလိုက္ဦးမယ္ ေစာင့္ေပးပါဦး "
" ဟုတ္ကဲ့Boss "
ကိုခိုင္ေဇာ္ကလည္း အိပ္ယာထကာစေတာင္ ေခ်ာေမာေနသည့္ Bossကိုၾကည့္ကာ ဂုဏ္ယူေနမိသည္။ Bossက အသက္ငယ္ငယ္ေခ်ာေခ်ာႏွင့္ အရည္အခ်င္းကလည္း႐ွိေသးသည္။ သေဘာကလည္းေကာင္းေတာ့ ခ်စ္ခင္သူေပါတာကမဆန္း။ ဒါေပမယ့္လည္းေလ Bossအမ်ိဳးသားက ဘာကိစၥနဲ႔ သူ႔အားေၾကာက္စရာေကာင္းေအာင္စိုက္ၾကည့္ေနတာလည္းသူမသိ။ ေခြၽးေတာင္ျပန္သည္။ သြားၿဖီးကာ ရယ္ျပေတာ့မ်က္ေမွာင္ၾကဳတ္ကာ Bossေနာက္လိုက္သြား၏။
" ငါဘာအမွားလုပ္မိလို႔လဲ "
တစ္ခါမွေနာက္မက်ဖူး၍ ညိဳ႕ ကိုယ့္ကိုကိုယ္အျပစ္တင္လိုက္မိသည္။ ကိုယ္ေပၚမွ တီ႐ွပ္ကို ခြၽတ္ပစ္လိုက္ကာ ေဘာင္းဘီပါခြၽတ္မည္အလုပ္ ေနာက္ေက်ာမွ မလံုမလဲခံစားခ်က္ေၾကာင့္ ေနာက္လွည့္ၾကည့္လိုက္သည္။
" ဘာ ဘာလဲ မင္းဘယ္လိုဝင္လာ "
စူးစိုက္ၾကည့္ေန၍ ၾကက္သီးေမႊးညႇင္းမ်ားပင္ထလာရသည္။ သူဘယ္လိုဝင္လာတာလဲ တံခါးေလာခ့္ခ်ခဲ့တယ္ထင္တာ။ တည္ျမဲကလည္း တစ္ကိုယ္လံုးပန္းေရာင္ထေနသူ၏ ခနၱာကိုယ္ကိုအခုထိအၾကည့္မလႊဲႏိုင္။ ေျခလွမ္းမ်ားကလည္း အလိုလိုသူ႔အနားတိုးသြားမိသည္။ တကယ္ကိုေဖြးဥေနသည့္အသားအရည္ပဲ။
" ေျဖာင္း! "
ပါးျပင္သည္ပူတတ္သြား၏။ သူအခုပါး႐ိုက္ခံလိုက္ရတာလား။ တအ့ံတျသေမာ့ၾကည့္ေတာ့ မ်က္ႏွာတစ္ခုလံုးရဲေပါက္ေနသည္။ ၾကည့္ရံုေလးၾကည့္တာကို သူကဘာျဖစ္ေနတာလဲ။
" ႏွာဘူးေကာင္ "
ေအာ္ၿပီး ေရခ်ိဳးခန္းထဲေျပးဝင္ကာ တံခါးကိုအသံျမည္ေအာင္ေဆာင့္ပိတ္လိုက္မွ တည္ျမဲအသိဝင္ေတာ့သည္။ သူအ႐ိုက္ခံလိုက္ရတာ။ ဟိုေကာင္သူ႔ကိုပါးခ်သြားတာ။ ၿပီးေတာ့ ဘာတဲ့။ ႏွာဘူး ဟုတ္လား၊ ကိုယ္ကသူယူထားတဲ့ ေယာက်ာ္းမဟုတ္ဘူးလား။ ၾကည့္တာဘာျဖစ္လို႔လဲ ၊ အသားပဲ့ပါသြားတာမဟုတ္။
" က်စ္ ဘာေတြေတြးေနမိတာလဲ "
အျပင္ျပန္ထြက္သြားသည့္ေျခသံႏွင့္ တံခါးပိတ္သံၾကားေတာ့မွ အသက္႐ႈႏိုင္ေတာ့သည္။ ႐ွက္ၿပီး႐ိုက္လိုက္မိတာ။ စိတ္ေတာ့မဆိုးေလာက္ပါဘူးေနာ္။ သူစိတ္ဆိုးသင့္တယ္၊ ၿပီးေတာ့ ေမာင္က အ႐ိုက္ခံရသင့္တယ္။ ရင္ဘက္ကလည္း တဒုန္းဒုန္းႏွင့္ျပင္းထန္စြာခုန္ေနသလို ခနၱာကိုယ္၏ အပူလိႈင္းမ်ားက တရိပ္ရိပ္တတ္ေန၏။ ညိဳ႕ ေရသြက္သြက္ခ်ိဳးကာ ဟန္မပ်က္ ေအာက္ဆင္းလာခဲ့သည္။ သံုးရက္ေလာက္သြားမွာဆိုေတာ့ အဝတ္အစားေတြကေတာ့ထည့္ရမည္။ အိတ္တစ္လံုးႏွင့္ဆင္းလာေတာ့ စိုက္ၾကည့္ေနသည့္ေမာင္ႏွင့္ မ်က္လံုးခ်င္းစံုသည္။ မလံုမလဲ မ်က္ႏွာလႊဲလိုက္ၿပီးမွ ေမာင့္ပါးမွ လက္ဝါးရာႀကီးကို ဖ်က္ခနဲေတြ႔လိုက္မိ၏။
အာ သူအရမ္းအားပါမိသြားတာလား။ ဒီလိုက်ေတာ့လည္း သနားစရာေလး။
" ဘာလုပ္တာလဲ သြားမယ္ မင္းကအခ်ိန္ကိုဆြဲလြန္းတယ္ အဟြန္း ေမေမက မင္းကိုဂ႐ုစိုက္ဖို႔မွာလိုက္တာေၾကာင့္ ငါလိုက္တာေနာ္ တစ္ျခားမေတြးနဲ႔ ၾကားလား "
" အင္း "
အခုေတာ့ သနားစရာမေကာင္းေတာ့ဘူး။ ညိဳ႕ႏႈတ္ခမ္းမသိမသာ စူလိုက္မိေတာ့ သူက မ်က္ေမွာင္ၾကဳတ္ကာ ႏႈတ္ခမ္းကို သူ႔လက္ႏွင့္ဆိတ္ဆြဲ၏။ ေက်ာင္းတုန္းကလည္း ညိဳ႕အလိုမက်ျဖစ္လို႔ႏႈတ္ခမ္းစူတိုင္း အျမဲဆိတ္ဆြဲတတ္သည္။ တအံ့တျသေမာ့ၾကည့္လိုက္ေတာ့ သူမဟုတ္သလိုမ်က္ႏွာကခပ္တင္းတင္း။
" Boss ကြၽန္ေတာ္ အိတ္ေတြကားေပၚတင္လိုက္ေတာ့မယ္ "
" ဟုတ္ကဲ့ ကိုခိုင္ေဇာ္ ဒါနဲ႔ေလ ဒီအိတ္ကိုေတာ့အထဲယူမယ္ေနာ္ "
ခိုင္ေဇာ္ေခါင္းၿငိမ့္လိုက္ၿပီး Bossအမ်ိဳးသားကိုၾကည့္လိုက္သည္။ ဆိုလိုခ်င္တာက အိတ္ကတစ္အိတ္ထဲလား။ သူ႔အေတြးကိုရိပ္မိစြာပင္ Bossကေျဖသည္။
" သူကခရီးထြက္ရင္ဘယ္ေတာ့မွ အိတ္မယူဘူး ဟိုေရာက္မွသူ႔ဘာသာသူဝယ္လိမ့္မယ္ "
မထင္ထားေသာစကားေပမို႔ တည္ျမဲေၾကာင္သြားသည္။ အရင္ကဆို သူဘယ္သြားသြား ညိဳ႕က သူ႔အတြက္ အဝတ္အစားေတြထည့္ေပးသည္။ အာ....သူကိုယ္တိုင္ပဲ ေနာက္ဆိုရင္ သူ႔အတြက္လုပ္ေပးစရာမလိုဘူးလို႔ေျပာထားသည္ေလ။ ဟြန္း ဒီေကာင္က ဒါမ်ိဳးက် အမွတ္တရ႐ွိသား။ ဘယ္လိုပဲျဖစ္ျဖစ္ပါ ဟိုေရာက္မွဝယ္ဝတ္ရံုေပါ့။ ပိုက္ဆံကိုကိုယ္တိုင္႐ွာႏိုင္ေနမွေတာ့ ႏွေျမာမေနပါဘူး။ ပံုမွန္ဆိုလည္း ဝယ္ဝတ္သမ်ွအဝတ္အစားေတြကို တစ္ခါႏွစ္ခါ ဝတ္ၿပီးတာနဲ႔ တံဆိတ္မျဖဳတ္ပဲ ေဘထုတ္သမားေတြကိုေပးလိုက္တာမ်ားသည္။
မႈိင္းညိဳ႕ကေတာ့ အဲ့လိုမဟုတ္၊ အဝတ္အစားဆိုလ်ွင္ မစုတ္မခ်င္းျပန္ဝတ္ေလ့႐ွိသည္။ ေက်ာင္းတတ္စဥ္ကလည္း အဝတ္တစ္ထည္ကိုႏွစ္ရက္ဝတ္ေလ့႐ွိတာမို႔ ဒီေကာင္ေလ်ွာ္ေရာေလ်ွာ္ရဲ႕လားဟုေတြးမိသည္အထိ။ သူ႔အနားကပ္ရင္ေတာ့ ေမႊးေနတာပဲ။ အခုလည္း အက်ီအျဖဴလက္႐ွည္ကို ဂ်င္းေဘာင္းဘီအျပာတစ္ထည္ႏွင့္တြဲဝတ္ထားသည္။ လူကျဖဴျဖဴေဖြးေဖြးဆိုေတာ့ Kpop Idolပံုစံႏွင့္တူေနေသးသည္။
" ေမာင္ တတ္ေလ "
" မင္းကဘယ္သြားထိုင္မွာလဲ "
" ငါကအေ႐ွ႕မွာ "
" မရဘူး အေနာက္မွာထိုင္ရမယ္ "
ကိုယ့္ကိုက်ေတာ့ ဧည့္သည္လိုသေဘာထားၿပီး သူကဟိုလူနဲ႔ေ႐ွ႕မွာထိုင္မယ္ေပါ့၊ တည္ျမဲကမၻာကို ဒီလိုအခ်ိဳးေတာ့ လာမခ်ိဳးနဲ႔။ ေနာက္ခန္းထဲတြန္းပို႔ေတာ့ သက္ျပင္းခ်ကာ ေထာင့္ကပ္ထိုင္သည္။ တစ္ခ်က္တစ္ခ်က္ ခိုးခိုးၾကည့္ေနတာက ဆြဲေဆာင့္ၿပီး႐ိုက္ခ်င္စရာ။
" ေမာင္းေတာ့ "
" ဟုတ္ကဲ့ "
ခိုင္ေဇာ္ကလည္း ေနာက္ၾကည့္မွန္းကေန Bossတို႔ႏွစ္ေယာက္ကိုအကဲခတ္ေနမိသည္။ Bossအမ်ိဳးသားက Suitအနက္ေရာင္ႏွင့္ျဖစ္ကာ necktieကိုခပ္ေလ်ာေလ်ာစည္းထားသည္။ ခန္႔ခန္႔ညားညား ရင္အုပ္ေတာင့္ေတာင့္ႏွင့္ တကယ္ကိုၾကည့္ေကာင္းသည္ကိုေတာ့ ခိုင္ေဇာ္လက္ခံရေပမည္။ Bossကိုၾကည့္ေတာ့ သူ႔အမ်ိဳးသားႏွင့္ဆန္႔က်င္ဘက္။ တီ႐ွပ္အျဖဴကို ဆြယ္တာအသားေရာင္ႏွင့္တြဲဝတ္ထားတာ နဂိုမူလလွန္တင္ေလ့႐ွိေသာ ဆံပင္က အခုနဖူးေပၚခပ္ဝဲဝဲ။ ေသးေသးသြယ္သြယ္ႏွင့္ လူေခ်ာေလးပါပင္။
အင္း...Bossတို႔ႏွစ္ေယာက္က ေတာ္ေတာ္လိုက္ဖက္သကိုး။ Bossအမ်ိဳးသားကလည္း Bossကို မုန္းေနတာမွဟုတ္ရဲ႕လား။ Bossကိုၾကည့္တဲ့အၾကည့္ေတြက တစ္ခါတစ္ေလက်ရင္ ပံုမွန္မဟုတ္။ ခိုင္ေဇာ္ၾကည့္ရင္ေတာင္ Bossအမ်ိဳးသားက မႀကိဳက္သလိုပံုစံျပတတ္ေသးသည္။
" အဟိ "
ေတြးရင္းရယ္မိသြားေလေတာ့ Bossအမ်ိဳးသားရဲ႕မ်က္လံုးက သူ႔အားစူးခနဲၾကည့္လာသည္ကို ေနာက္ၾကည့္မွန္မွတဆင့္ျမင္လိုက္ရ၍ မ်က္ႏွာပိုးသတ္လိုက္ရသည္။ ေျသာ္ ဘဝႀကီးကလည္း ရယ္တာေတာင္ အလုပ္႐ွင္ရဲ႕အမ်ိဳးသားမ်က္ႏွာၾကည့္ေနရတယ္။
" ကိုခိုင္ေဇာ္ ခင္ဗ်ားက ကြၽန္ေတာ္တို႔နဲ႔လိုက္ေတာ့ ျမျမေလးကိုဘယ္သူနဲ႔ထားခဲ့လဲ "
" ျမျမက သူ႔ႀကီးေမ နဲ႔ေနခဲ့တယ္ Boss သိတဲ့အတိုင္း ကြၽန္ေတာ္တို႔အေမက ကင္ဆာနဲ႔ဆံုးသြားတာေလ..အခု ကြၽန္ေတာ္တို႔ ေမာင္ႏွမႏွစ္ေယာက္ရယ္ ႀကီးေမရယ္ပဲ က်န္ေတာ့တာေပါ့..."
" ေျသာ္ အဲ့လိုကိုး ျမျမေလးကသိတတ္ပါတယ္ စာလည္းေတာ္တယ္ေလ ဟိုတစ္ခါက သူ႔ကိုစေကာ္လာေပးတယ္ၾကားေတာ့ ကြၽန္ေတာ္ကဝမ္းသာေနတာ "
" သူကေတာ့ ဘြဲ႔ယူၿပီးရင္ က်ဴတာျပန္လုပ္မယ္ေျပာတာပါပဲ ကြၽန္ေတာ္က သူ႔ကိုထားႏိုင္ပါတယ္ေျပာတာေတာင္ အခုအိမ္ကို ဆယ္တန္းကေလးေတြေခၚၿပီး စာျပေနတယ္ေလ ေမးေတာ့ သူ႔အကိုတစ္ေယာက္ထဲအလုပ္လုပ္ေနရၿပီး သူကေအးေဆးေလးေက်ာင္းတတ္မေနခ်င္ဘူးလို႔ျပန္ေျဖတယ္ "
" တကယ္ေတာ္ၿပီး သိတတ္တဲ့ကေလးပါဗ်ာ "
" ဟုတ္တယ္ဗ် ၿပီးေတာ့ သူကေလ ေျပာေသးတယ္...Bossရဲ႕မိတ္ေဆြ ဟိုmodelေလးေလ သူအရမ္းႀကိဳက္တာတဲ့ ကြၽန္ေတာ့္ကို လက္မွတ္အတင္းေတာင္းခိုင္းေနတာဗ်ာ..."
" ရဟန္ကိုေျပာတာလား ရတယ္ ကြၽန္ေတာ္သူ႔ကိုေျပာၿပီး ျမျမေလးအတြက္ လက္မွတ္ေတာင္းလိုက္ပါ့မယ္ "
တည္ျမဲ သူတို႔ေျပာသမ်ွကို ၿငိမ္ကာနားေထာင္ေနရင္းမွ ရဟန္ဆိုသည့္နာမည္ၾကားေတာ့ မ်က္ေမွာင္ၾကဳတ္သည္။ ဒီေကာင့္နာမည္က ေနရာတိုင္းမွာ ေပၚျပဴလာျဖစ္ေနတာပဲ။ ရံုးကဝန္ထမ္းမေတြဆိုလည္း " ရဟန္ ရဟန္ " နဲ႔။ ၾကားရတာမ်ားေတာ့ အျမင္မၾကည္ေတာ့။ သူ႔ေဘးကေကာင္ကလည္း အဲ့ဒီတစ္ေယာက္အေၾကာင္းေျပာရင္ တတ္ႂကြေနေရာ။
" အရမ္းဆူတယ္ ငါအိပ္မလို႔ "
ႏွစ္ေယာက္လံုး႐ုတ္တရက္တိတ္သြားၾကသည္။ တည္ျမဲလည္းမ်က္လံုးမွိတ္ကာ ၿငိမ္ၿငိမ္လိုက္ပါလာ၏။ ကားထဲတြင္ သီခ်င္းသံတိုးတိုးေလး ပ်ံ့လြင့္လာသည္။ တစ္ဆက္ထဲမွာတင္မ်က္လံုးျပန္ဖြင့္ကာ ေဘးကိုၾကည့္လိုက္သည္။ ေဘးကလူ၏ ေခါင္းက တဒုတ္ဒုတ္ႏွင့္ ကားမွန္ကိုတိုက္ေန၏။ ကားစီးလ်ွင္ အိပ္ေပ်ာ္တတ္တဲ့အက်င့္ ဒီေကာင္အခုထိ မေပ်ာက္ေသးဘူး။ ကားကတစ္ခ်က္ခုန္သြားေလေလ သူ႔ေခါင္းက ကားမွန္ကိုတိုက္သြားေလေလျဖစ္ေနသည္။ ၾကားရင္ေခါင္းေတြေတာ့ကြဲကုန္ေတာ့မွာပဲ။
" အ႐ွိန္ေလ်ာ့ေမာင္း "
ကားကတစ္ျဖည္းျဖည္းေႏွးသြားေတာ့လည္း သေကာင့္သားက လည္ပင္းလိမ္ေနျပန္သည္။ ၾကည့္ရတာအခ်ိဳးကိုမေျပဘူး။ ခိုင္ေဇာ္လည္း ေနာက္ကလႈပ္႐ွားသံေၾကာင့္ မရဲတရဲခိုးၾကည့္လိုက္သည္။ အိုးမိုင္ေဂါ့ ၊ Bossအမ်ိဳးသားက Bossကိုသူ႔ေပါင္ေပၚေခါင္းအံုးဖို႔ အသာဆြဲေခၚလိုက္တာေလး။ ေျသာ္ အတြဲေတြမ်ားေနာ္။
တည္ျမဲ၏ ေပါင္ေပၚေခါင္းအံုးကာ အိပ္ေပ်ာ္ေနသူ၏ မ်က္ႏွာကိုငံု႔ၾကည့္လိုက္သည္။ ေလးကိုင္းသ႑ာန္မ်က္ခံုး ၊ ႐ွည္လ်ားေသာမ်က္ေတာင္၊ ႏွာေခါင္းက သြယ္တန္းေနၿပီး ႏွာသီးထိပ္က လံုးသြားသည္။ ထို႔ေနာက္ ေသြးေရာင္လႊမ္းကာေဖာင္းေနေသာႏႈတ္ခမ္းတစ္စံု။ ဒီေကာင့္အသားအေရက ေတာ္ေတာ္ေတာ့ေကာင္းသည္။ အနီးကပ္ၾကည့္လ်ွင္ မိန္းခေလးႏွင့္တူသည္အထိကို ေခ်ာတာ။ မဟုတ္ဘူး လွတာဟုေျပာရမလားပဲ။ သူ႔ပံုစံ သူ႔႐ုပ္ရည္ႏွင့္ဆို ႀကိဳက္တဲ့သူေတြနည္းမွာမဟုတ္။ ဒါေပမယ့္ ကိုယ့္ကိုမွခ်စ္ပါသည္ဟုဆိုကာ အနားမွာ႐ွိေနခဲ့သည္။ တကယ္လို႔ အရင္ကလိုသာ သူငယ္ခ်င္းဆက္ဆံေရးအေနနဲ႔႐ွိမယ္ဆိုလ်ွင္ တည္ျမဲကမၻာ၏ အခ်စ္ဆံုးသူငယ္ခ်င္းက မွိုင္းညိဳ႕ ဆိုေသာ ေကာင္ေလးသာျဖစ္ေပမည္။
" မင္းဘာလို႔ ငါနဲ႔လက္ထပ္ဖို႔ လက္ခံခဲ့တယ္ ဆိုတာ ငါမသိဘူး ေမေမနဲ႔ မင္း ဘာေတြဖံုးကြယ္ထားၾကတယ္ဆိုတာလည္း ငါမသိဘူး ဒါေပမယ့္ ကိုယ့္သိကၡာအက်ခံၿပီး ေယာက်ာ္းတစ္ေယာက္ကိုလက္ထပ္တဲ့မင္းက တကယ္မိုက္မဲတာ "
တည္ျမဲဆက္မေျပာခ်င္ေတာ့။ ျဖစ္ခဲ့သမ်ွကို နားလည္ဖို႔ႀကိဳးစားေသာ္ညား သူေမ့ေလ်ာ့ေနသည့္တစ္စံုတစ္ရာ႐ွိသည္ဟု သူထင္ေနသည္။
<<<<<<
>>>>>>
" ထေတာ့ ေဟ့ေကာင္ "
" ဟမ္ အင္း အင္း ဟာ ေမာင္ ငါေတာင္းပန္ပါတယ္ ဘယ္လိုလုပ္ၿပီး ေမာင့္ေပါင္ကိုေခါင္းအံုးမိတယ္မသိ"
ေမာင္က ဘာမွမေျပာပဲဆင္းသြားသည္။ ဘယ္ေလာက္ေတာင္အိပ္ေပ်ာ္သြားတာပါလိမ့္ ညေတာင္ေရာက္ေနၿပီ။ ကားေပၚကလိုက္ဆင္းေတာ့ ေမာင့္ရင္အုပ္က်ယ္ႏွင့္ ေခါင္းကမိတ္ဆက္လို႔။ ေမာင္က မ်က္ခံုးတစ္ခ်က္ပင့္ရင္းႏွင့္ ဟိုတယ္ထဲဝင္သြားေတာ့ သူ႔မွာေနာက္ကထပ္ၾကပ္မကြာလိုက္ရသည္။ ကိုခိုင္ေဇာ္က ကားပါကင္ထိုးေန၍ ပါမလာေသး။
" တစ္ေယာက္အိပ္ႏွစ္ခန္းေပးေနာ္ "
" ႏွစ္ေယာက္အိပ္တစ္ခန္းနဲ႔ တစ္ေယာက္အိပ္တစ္ခန္းေပး VVIP "
" ဘာေတြေျပာေနတာလဲ မင္းဘယ္တုန္းကငါနဲ႔တစ္ခန္းထဲအတူေနလို႔ "
" အခုေနရမယ္ မင္းကဟိုေကာင္နဲ႔သြားအိပ္ခ်င္လို႔လား "
" ဘာရယ္ မဟုတ္ပါဘူး ဒါဆိုလည္း ႀကိဳက္တာသာလုပ္ေတာ့ ငါဘာမွဝင္မေျပာေတာ့ဘူး "
ကိုယ့္ကိုစိတ္ဆိုးကာ ဧည့္ထိုင္ခံုေပၚသြားထိုင္ေလသည္။ ကိုယ္ကသူနဲ႔ယူထားတာပဲေလ ႏွစ္ေယာက္အိပ္မယူလို႔ ဘာယူရမွာလဲ။ ပိန္းတာလား ဒူတာလားေတာ့မသိ တစ္ခါတစ္ေလလည္း ကိုယ့္ကိုသူကေတာင္အႏိုင္လိုခ်င္ေသးတာ။ လက္မွတ္ျဖတ္ၿပီးေတာ့ ခိုင္ေဇာ္ဆိုတဲ့တစ္ေယာက္က အိတ္ဆြဲကာဝင္လာေလသည္။
" ဒီမွာမင္းရဲ႕အခန္း သူတို႔လိုက္ပို႔လိမ့္မယ္ ၊ ဟိုတစ္ေယာက္က ထေတာ့ ဒီေအာက္မွာအိပ္ခ်င္လို႔လား "
ေျပာမရ ေပေတကာဆက္ထိုင္ေနေတာ့ တည္ျမဲစိတ္မ႐ွည္ေတာ့။ အဲ့ဒါေတြ႐ိုက္ခ်င္တာ။ ကိုယ္ကသူ႔ကိုမတရားေျပာထားသလိုမ်ိဳး ႐ုပ္နဲ႔။ စိတ္မ႐ွည္တာေၾကာင့္ ဆြဲထူကာ လက္ကိုတင္းေနေအာင္ကိုင္ကာ ေ႐ွ႕ကဦးေဆာင္သြားလိုက္ေတာ့၏။ ခိုင္ေဇာ္က ဘုမသိဘမသိက်န္ခဲ့ေလသည္။ ေကာင္တာမွအမ်ိဳးသမီးေလးေတြကေတာ့ သို႔ေလာသို႔ေလာ ျပံဳးစိစိ။
" လူႀကီးမင္းတို႔က ဒီအခန္းပါဗ် တစ္ခုခုလိုအပ္ရင္ ဆက္သြယ္ဖို႔ ေကာင္တာဖုန္းနံပတ္ပါ သာယာေသာေန႔ေလးျဖစ္ပါေစခင္ဗ်ာ "
ဝန္ထမ္းေကာင္ေလးထြက္သြားၿပီးတာနဲ႔ အခန္းတံခါးကိုပိတ္လိုက္သည္။ လက္ထဲမွေဆာင့္႐ုန္းသြားၿပီး ခုတင္ေပၚေျပးတတ္အိပ္သည္။ အရင္က ဒီလိုကေလးဆန္ဆန္အမူအက်င့္ေတြမေတြ႔ဖူးေပ။ အခုေနာက္ပိုင္းမွ ကိုယ့္အေပၚအရြဲ႔တိုက္သလို မခံခ်င္ေအာင္ဆြသည္။ ကိုယ္ကစိတ္တိုရတယ္မ႐ွိ ၊ တစ္ခုခုဆို သူကပဲ ကိုယ့္ထက္ဦးေအာင္ ပါးခ်သည္။
ဟုတ္သည္ ၊ တည္ျမဲ နဲ႔ သူလက္ထပ္ၿပီးတည္းက တည္ျမဲကသူ႔ကိုတစ္ခါပဲ လက္ပါရေသးသည္။ က်န္တဲ့ ရန္ျဖစ္သည့္အခ်ိန္ေတြမွာဆို ကိုယ့္ကိုပဲသူက ဦးေအာင္ပါးခ်တာ။
" ေျခအိတ္ခြၽတ္ၿပီးမွအိပ္ ငါေျပာတာၾကားလား ေျခအိတ္အနံ႔ထြက္ရင္ ခုတင္ေပၚမအိပ္နဲ႔ "
" မအိပ္ဘူး "
ဆက္ခနဲေကာက္ထကာ ေအာ္ၿပီး ေရခ်ိဳးခန္းထဲဝင္သြားျပန္သည္။ တည္ျမဲမွာသာ ပါးစပ္အေဟာင္းသား။ ဒီတစ္ေယာက္ ဘယ္လိုျဖစ္ေနတာလဲ။ ထားပါေတာ့ ၊ သူေဟမာန္႔ဆီကို ေရာက္ေၾကာင္း ဖုန္းဆက္ေျပာရဦးမည္။ ညိဳ႕အက်ီယူရန္ အျပင္ျပန္ထြက္လာေတာ့ ေမာင္က ဝရန္တာထြက္ဖုန္းေျပာေနသည္။ သိခ်င္လာတာနဲ႔ ေခ်ာင္းနားေထာင္လိုက္၏။
" အင္း ကိုယ္ေရာက္ၿပီ မင္းစိတ္ပူေနမွာစိုးလို႔...အင္း မင္းလည္းဂ႐ုစိုက္ အသံဝင္ေနတာလား တစ္မ်ိဳးႀကီး ေျသာ္ အင္းပါ ဒါဆိုဖုန္းခ်ၿပီ "
ေမာင္ဖုန္းခ်လိုက္ေတာ့ ညိဳ႕ကမန္းကတမ္း အက်ီေတြဖြင့္႐ွာသည္။ လိုခ်င္တာေတြ႔ေတာ့ ကိုယ္မဟုတ္သလိုပင္ ေရခ်ိဳးခန္းထဲျပန္ဝင္သြား၏။ တည္ျမဲတစ္ေယာက္ ဖုန္းသံုးေနတုန္း ေရခ်ိဳးခန္းထဲကထြက္လာသူေၾကာင့္ ေအာ္ရယ္မလိုျဖစ္သြား၏။ Stitch အ႐ုပ္ေတြပါသည့္ ညဝတ္အက်ီဝမ္းဆက္ႏွင့္ ကေလးကလား။
" အဟက္ "
သူ႔ကိုရယ္ေတာ့ မ်က္ေမွာင္ကုပ္သြားၿပီး ဆံပင္ကိုအေျခာက္ခံေနသည္။ အေနာက္မွျမင္ရသည့္ ေဖြးအုေနေသာလည္တိုင္က ႐ွည္သြယ္သြယ္ေလး။ ဂုတ္တြင္ မွဲ႔နက္တစ္လံုး႐ွိသည္။
" ဘာျဖစ္ေနတာလဲ ေရသြားခ်ိဳးေလ "
" ေျသာ္ ေအး ေနပါဦး မင္းေျပာစရာမလိုပါဘူး ငါသိတယ္ "
" သိလည္းၿပီးတာပဲ "
တည္ျမဲေရခ်ိဳးၿပီး ခါးတြင္တပတ္တစ္ထည္ပတ္ကာ ထြက္လာခဲ့သည္။ ခုတင္ေပၚထိုင္ေနသူ၏ မ်က္လံုးက သူ႔ဆီေရာက္လာေတာ့ မဲ့ျပံဳးျပံဳးလိုက္သည္။ မ်က္ႏွာကရဲတြတ္သြားၿပီး တစ္ဖက္ကိုလွည့္သြားေလ၏။ အဖုအထစ္အျပည့္ႏွင့္ ႀကီးမားက်ယ္ျပန္႔သည့္ ရင္အုပ္ႀကီး ၊ က်ယ္ျပန္႔တဲ့ေနာက္ေက်ာျပင္ႀကီးက အားကိုးခ်င္စဖြယ္။
" မင္း မင္း အ႐ွက္မ႐ွိဘူး "
သူ႔ေ႐ွ႕မွာတင္ တပတ္ကိုေျဖခ်လိုက္သူေၾကာင့္ ညိဳ႕အက်ယ္ႀကီးေအာ္ကာ ဝရန္တာကိုေျပးထြက္သြားလိုက္သည္။ တကယ္ႀကီး သူ႔ေ႐ွ႕ခြၽတ္ခ်စရာလား။ ဘယ္လိုေတာင္ အ႐ွက္ကင္းမဲ့တာလဲ။ ၿပီးေတာ့ သူဖ်က္ခနဲျမင္လိုက္ရတာက ေျပာျပခ်င္းငွါမစြမ္းသာေပ။
" ေယာက်ာ္းအခ်င္းခ်င္း ႐ွက္ေနေသးတယ္ ဟိုတစ္ေယာက္ ဝင္လာလို႔ရၿပီ "
မ်က္ႏွာေသးေသးက သူ႔အားမ်က္လံုးခ်င္းဆံုေအာင္ေတာင္မၾကည့္။ ေဘးဝင္လွဲသည္။ ေျပာရရင္ တစ္ခုတင္ထဲအတူအိပ္ရတာကို ေနသားမက်။
" ေမာင္ ငါ ဆိုဖာေပၚသြားအိပ္မယ္ "
" ေနေတာ့ ငါပဲသြားအိပ္လိုက္မယ္ ငါလည္းမင္းနဲ႔အတူမအိပ္ခ်င္ပါဘူး "
အင္းေလ သူက ကိုယ့္ကိုမုန္းေနတာပဲ၊ ဒီေန႔အျပဳအမူေတြေၾကာင့္ ခဏအထင္မွားသြားခဲ့တာေနမွာပါ။ အခန္းမီးကိုမွိတ္လိုက္သည္။ အေတာ္ၾကာေတာ့ ေမာင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္သြားပံုရသည္။ ထိုအခါမွ တိတ္တိတ္ေလး ခုတင္ေပၚကဆင္းကာ ေမာင့္ေဘးဒူးေထာက္၍ ေမာင့္မ်က္ႏွာေခ်ာေခ်ာကို အဝေငးလိုက္ေတာ့သည္။
" ခ်စ္တယ္ ေမာင္ကေတာ့ ေယာက်ာ္းနဲ႔မိန္းမခ်စ္မွ စစ္မွန္တာလို႔ေတြးတဲ့ပံုပဲ ငါလည္းဒီလိုမျဖစ္ခ်င္ခဲ့ပါဘူး ဒါေပမယ့္ ငါ့ႏွလံုးသားက ေမာင့္ကိုမျငင္းပယ္ႏိုင္တာမို႔ ငါဟာ ေဂးတစ္ေယာက္ဆိုတာ လက္ခံခဲ့ရတယ္ ဒါဟာ ကံစီမံရာပါပဲေလ ေကာင္းေသာညပါ "
ေမာင့္ႏႈတ္ခမ္းထူထူထက္ အနမ္းတစ္ပြင့္ဖြဖြေႁခြကာ ခုတင္ေပၚျပန္တတ္၍ စိတ္ခ်လက္ခ်အိပ္စက္လိုက္ေတာ့သည္။ ညိဳ႕မသိလိုက္တာက "ေမာင္" ဟုေခၚေသာ အမ်ိဳးသား၏မ်က္လံုးမ်ားသည္ ဖ်က္ခနဲပြင့္လာခဲ့သည္ကိုပင္။
TBC~~~
21.8.2021
Unicode
မန္တလေးသို့ စောစောထွက်ရမည်ဖြစ်သော်လည်း ညို့ကတော့တော်တော်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တာဖြစ်သည်။ ညကလည်း ကော်ဖီတစ်ခွက်သာသောက်ခဲ့ပြီးနောက် တန်းအိပ်ပျော်သွားသည်။ အချိန်ကိုကြည့်တော့ ကိုးနာရီထိုးကာနီး ဆယ့်ငါးမိနစ်။ သူချိန်းထားတဲ့အချိန်က ကိုးနာရီအတိ။ ခြံထဲကို ကားဝင်လာသံကြားလိုက်ရသည်။ လိုက်ကာကိုဖယ်ကာငုံ့ကြည့်တော့ ခိုင်ဇော့်ကိုပြင်ခိုင်းထားသည့်ကား။
" အာ တကယ်ပါပဲ "
သူ့အရှေ့မှပြေးဆင်းသွားသူကြောင့် တည်မြဲလှမ်းခေါ်ချိန်တောင်မရ။ ဖရိုဖရဲနဲ့ ဘယ်လိုဖြစ်နေတာပါလိမ့်။ သူပြာယာခက်တာမမြင်ဖူး၍လည်း သိချင်စိတ်ကြောင့် အောက်ထပ်ဆင်းလာခဲ့သည်။ ဧည့်ခန်းမှာ သူအမြင်မကြည်သော ခိုင်ဇော်ကခန့်ခန့်ကြီးထိုင်နေ၏။ ဟိုကောင်ကလည်း ဘာတွေပြောနေမှန်းမသိ ၊ အခုမှကြည့်မိသည်။ ဘောင်းဘီအတိုနှင့် ဖွေးဥနေသောခြေတံတို့က အထင်းသား။
" အဲ့ဒါဘယ်လိုဖြစ်နေတာလဲ "
လှည့်ကြည့်လာသူက အခုမှအိပ်ယာနိုးလာဟန်။ မျက်ခွံမို့မို့နှင့် နှုတ်ခမ်းရဲရဲ၊ ပါးတစ်ဖက်ကလည်း ခေါင်းအုံးပေါ်ဖိအိပ်လာဟန်တူသည်။ ပန်းရောင်ခပ်ပြေးပြေး။ တီရှပ်အဖြူရောင်နှင့် ဒူးအထက် ရှော့ပင်အနက်ဖြင့် သေးသွယ်သွယ်ဖြစ်နေသည်။ ရုတ်တရက်ကြီး ဘာကိုစိတ်အလိုမကျသည်မသိ ကျွဲမြှီးတိုသွားရ၏။
" ကိုခိုင်ဇော် ကျွန်တော်အိပ်ယာထနောက်ကျသွားတာ ဆောရီးဗျာ ရေမြန်မြန်လေးချိုးလိုက်ဦးမယ် စောင့်ပေးပါဦး "
" ဟုတ်ကဲ့Boss "
ကိုခိုင်ဇော်ကလည်း အိပ်ယာထကာစတောင် ချောမောနေသည့် Bossကိုကြည့်ကာ ဂုဏ်ယူနေမိသည်။ Bossက အသက်ငယ်ငယ်ချောချောနှင့် အရည်အချင်းကလည်းရှိသေးသည်။ သဘောကလည်းကောင်းတော့ ချစ်ခင်သူပေါတာကမဆန်း။ ဒါပေမယ့်လည်းလေ Bossအမျိုးသားက ဘာကိစ္စနဲ့ သူ့အားကြောက်စရာကောင်းအောင်စိုက်ကြည့်နေတာလည်းသူမသိ။ ချွေးတောင်ပြန်သည်။ သွားဖြီးကာ ရယ်ပြတော့မျက်မှောင်ကြုတ်ကာ Bossနောက်လိုက်သွား၏။
" ငါဘာအမှားလုပ်မိလို့လဲ "
တစ်ခါမှနောက်မကျဖူး၍ ညို့ ကိုယ့်ကိုကိုယ်အပြစ်တင်လိုက်မိသည်။ ကိုယ်ပေါ်မှ တီရှပ်ကို ချွတ်ပစ်လိုက်ကာ ဘောင်းဘီပါချွတ်မည်အလုပ် နောက်ကျောမှ မလုံမလဲခံစားချက်ကြောင့် နောက်လှည့်ကြည့်လိုက်သည်။
" ဘာ ဘာလဲ မင်းဘယ်လိုဝင်လာ "
စူးစိုက်ကြည့်နေ၍ ကြက်သီးမွှေးညှင်းများပင်ထလာရသည်။ သူဘယ်လိုဝင်လာတာလဲ တံခါးလောခ့်ချခဲ့တယ်ထင်တာ။ တည်မြဲကလည်း တစ်ကိုယ်လုံးပန်းရောင်ထနေသူ၏ ခန္တာကိုယ်ကိုအခုထိအကြည့်မလွှဲနိုင်။ ခြေလှမ်းများကလည်း အလိုလိုသူ့အနားတိုးသွားမိသည်။ တကယ်ကိုဖွေးဥနေသည့်အသားအရည်ပဲ။
" ဖြောင်း! "
ပါးပြင်သည်ပူတတ်သွား၏။ သူအခုပါးရိုက်ခံလိုက်ရတာလား။ တအ့ံတသြမော့ကြည့်တော့ မျက်နှာတစ်ခုလုံးရဲပေါက်နေသည်။ ကြည့်ရုံလေးကြည့်တာကို သူကဘာဖြစ်နေတာလဲ။
" နှာဘူးကောင် "
အော်ပြီး ရေချိုးခန်းထဲပြေးဝင်ကာ တံခါးကိုအသံမြည်အောင်ဆောင့်ပိတ်လိုက်မှ တည်မြဲအသိဝင်တော့သည်။ သူအရိုက်ခံလိုက်ရတာ။ ဟိုကောင်သူ့ကိုပါးချသွားတာ။ ပြီးတော့ ဘာတဲ့။ နှာဘူး ဟုတ္လား၊ ကိုယ္ကသူယူထားတဲ့ ယောကျာ်းမဟုတ်ဘူးလား။ ကြည့်တာဘာဖြစ်လို့လဲ ၊ အသားပဲ့ပါသွားတာမဟုတ်။
" ကျစ် ဘာတွေတွေးနေမိတာလဲ "
အပြင်ပြန်ထွက်သွားသည့်ခြေသံနှင့် တံခါးပိတ်သံကြားတော့မှ အသက်ရှုနိုင်တော့သည်။ ရှက်ပြီးရိုက်လိုက်မိတာ။ စိတ်တော့မဆိုးလောက်ပါဘူးနော်။ သူစိတ်ဆိုးသင့်တယ်၊ ပြီးတော့ မောင်က အရိုက်ခံရသင့်တယ်။ ရင်ဘက်ကလည်း တဒုန်းဒုန်းနှင့်ပြင်းထန်စွာခုန်နေသလို ခန္တာကိုယ်၏ အပူလှိုင်းများက တရိပ်ရိပ်တတ်နေ၏။ ညို့ ရေသွက်သွက်ချိုးကာ ဟန်မပျက် အောက်ဆင်းလာခဲ့သည်။ သုံးရက်လောက်သွားမှာဆိုတော့ အဝတ်အစားတွေကတော့ထည့်ရမည်။ အိတ်တစ်လုံးနှင့်ဆင်းလာတော့ စိုက်ကြည့်နေသည့်မောင်နှင့် မျက်လုံးချင်းစုံသည်။ မလုံမလဲ မျက်နှာလွှဲလိုက်ပြီးမှ မောင့်ပါးမှ လက်ဝါးရာကြီးကို ဖျက်ခနဲတွေ့လိုက်မိ၏။
အာ သူအရမ်းအားပါမိသွားတာလား။ ဒီလိုကျတော့လည်း သနားစရာလေး။
" ဘာလုပ်တာလဲ သွားမယ် မင်းကအချိန်ကိုဆွဲလွန်းတယ် အဟွန်း မေမေက မင်းကိုဂရုစိုက်ဖို့မှာလိုက်တာကြောင့် ငါလိုက်တာနော် တစ်ခြားမတွေးနဲ့ ကြားလား "
" အင်း "
အခုတော့ သနားစရာမကောင်းတော့ဘူး။ ညို့နှုတ်ခမ်းမသိမသာ စူလိုက်မိတော့ သူက မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းကို သူ့လက်နှင့်ဆိတ်ဆွဲ၏။ ကျောင်းတုန်းကလည်း ညို့အလိုမကျဖြစ်လို့နှုတ်ခမ်းစူတိုင်း အမြဲဆိတ်ဆွဲတတ်သည်။ တအံ့တသြမော့ကြည့်လိုက်တော့ သူမဟုတ်သလိုမျက်နှာကခပ်တင်းတင်း။
" Boss ကျွန်တော် အိတ်တွေကားပေါ်တင်လိုက်တော့မယ် "
" ဟုတ်ကဲ့ ကိုခိုင်ဇော် ဒါနဲ့လေ ဒီအိတ်ကိုတော့အထဲယူမယ်နော် "
ခိုင်ဇော်ခေါင်းငြိမ့်လိုက်ပြီး Bossအမျိုးသားကိုကြည့်လိုက်သည်။ ဆိုလိုချင်တာက အိတ်ကတစ်အိတ်ထဲလား။ သူ့အတွေးကိုရိပ်မိစွာပင် Bossကဖြေသည်။
" သူကခရီးထွက်ရင်ဘယ်တော့မှ အိတ်မယူဘူး ဟိုရောက်မှသူ့ဘာသာသူဝယ်လိမ့်မယ် "
မထင်ထားသောစကားပေမို့ တည်မြဲကြောင်သွားသည်။ အရင်ကဆို သူဘး ညို့က သူ့အတွက် အဝတ်အစားတွေထည့်ပေးသည်။ အာ....သူကိုယ်တိုင်ပဲ နောက်ဆိုရင် သူ့အတွက်လုပ်ပေးစရာမလိုဘူးလို့ပြောထားသည်လေ။ ဟွန်း ဒီကောင်က ဒါမျိုးကျ အမှတ်တရရှိသား။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဟိုရောက်မှဝယ်ဝတ်ရုံပေါ့။ ပိုက်ဆံကိုကိုယ်တိုင်ရှာနိုင်နေမှတော့ နှမြောမနေပါဘူး။ ပုံမှန်ဆိုလည်း ဝယ်ဝတ်သမျှအဝတ်အစားတွေကို တစ်ခါနှစ်ခါ ဝတ်ပြီးတာနဲ့ တံဆိတ်မဖြုတ်ပဲ ဘေထုတ်သမားတွေကိုပေးလိုက်တာများသည်။
မှိုင်းညို့ကတော့ အဲ့လိုမဟုတ်၊ အဝတ်အစားဆိုလျှင် မစုတ်မချင်းပြန်ဝတ်လေ့ရှိသည်။ ကျောင်းတတ်စဉ်ကလည်း အဝတ်တစ်ထည်ကိုနှစ်ရက်ဝတ်လေ့ရှိတာမို့ ဒီကောင်လျှော်ရောလျှော်ရဲ့လားဟုတွေးမိသည်အထိ။ သူ့အနားကပ်ရင်တော့ မွှေးနေတာပဲ။ အခုလည်း အကျီအဖြူလက်ရှည်ကို ဂျင်းဘောင်းဘီအပြာတစ်ထည်နှင့်တွဲဝတ်ထားသည်။ လူကဖြူဖြူဖွေးဖွေးဆိုတော့ Kpop Idolပုံစံနှင့်တူနေသေးသည်။
" မောင် တတ်လေ "
" မင်းကဘယ်သွားထိုင်မှာလဲ "
" ငါကအရှေ့မှာ "
" မရဘူး အနောက်မှာထိုင်ရမယ် "
ကိုယ့်ကိုကျတော့ ဧည့်သည်လိုသဘောထားပြီး သူကဟိုလူနဲ့ရှေ့မှာထိုင်မယ်ပေါ့၊ တည်မြဲကမ်ဘာကို ဒီလိုအချိုးတော့ လာမချိုးနဲ့။ နောက်ခန်းထဲတွန်းပို့တော့ သက်ပြင်းချကာ ထောင့်ကပ်ထိုင်သည်။ တစ်ချက်တစ်ချက် ခိုးခိုးကြည့်နေတာက ဆွဲဆောင့်ပြီးရိုက်ချင်စရာ။
" မောင်းတော့ "
" ဟုတ်ကဲ့ "
ခိုင်ဇော်ကလည်း နောက်ကြည့်မှန်းကနေ Bossတို့နှစ်ယောက်ကိုအကဲခတ်နေမိသည်။ Bossအမျိုးသားက Suitအနက်ရောင်နှင့်ဖြစ်ကာ necktieကိုခပ်လျောလျောစည်းထားသည်။ ခန့်ခန့်ညားညား ရင်အုပ်တောင့်တောင့်နှင့် တကယ်ကိုကြည့်ကောင်းသည်ကိုတော့ ခိုင်ဇော်လက်ခံရပေမည်။ Bossကိုကြည့်တော့ သူ့အမျိုးသားနှင့်ဆန့်ကျင်ဘက်။ တီရှပ်အဖြူကို ဆွယ်တာအသားရောင်နှင့်တွဲဝတ်ထားတာ နဂိုမူလလှန်တင်လေ့ရှိသော ဆံပင်က အခုနဖူးပေါ်ခပ်ဝဲဝဲ။ သေးသေးသွယ်သွယ်နှင့် လူချောလေးပါပင်။
အင်း...Bossတို့နှစ်ယောက်က တော်တော်လိုက်ဖက်သကိုး။ Bossအမျိုးသားကလည်း Bossကို မုန်းနေတာမှဟုတ်ရဲ့လား။ Bossကိုကြည့်တဲ့အကြည့်တွေက တစ်ခါတစ်လေကျရင် ပုံမှန်မဟုတ်။ ခိုင်ဇော်ကြည့်ရင်တောင် Bossအမျိုးသားက မကြိုက်သလိုပုံစံပြတတ်သေးသည်။
" အဟိ "
တွေးရင်းရယ်မိသွားလေတော့ Bossအမျိုးသားရဲ့မျက်လုံးက သူ့အားစူးခနဲကြည့်လာသည်ကို နောက်ကြည့်မှန်မှတဆင့်မြင်လိုက်ရ၍ မျက်နှာပိုးသတ်လိုက်ရသည်။ သြော် ဘဝကြီးကလည်း ရယ်တာတောင် အလုပ်ရှင်ရဲ့အမျိုးသားမျက်နှာကြည့်နေရတယ်။
" ကိုခိုင်ဇော် ခင်ဗျားက ကျွန်တော်တို့နဲ့လိုက်တော့ မြမြလေးကိုဘယ်သူနဲ့ထားခဲ့လဲ "
" မြမြက သူ့ကြီးမေ နဲ့နေခဲ့တယ် Boss သိတဲ့အတိုင်း ကျွန်တော်တို့အမေက ကင်ဆာနဲ့ဆုံးသွားတာလေ..အခု ကျွန်တော်တို့ မောင်နှမနှစ်ယောက်ရယ် ကြီးမေရယ်ပဲ ကျန်တော့တာပေါ့..."
" သြော် အဲ့လိုကိုး မြမြလေးကသိတတ်ပါတယ် စာလည်းတော်တယ်လေ ဟိုတစ်ခါက သူ့ကိုစကော်လာပေးတယ်ကြားတော့ ကျွန်တော်ကဝမ်းသာနေတာ "
" သူကေတာ့ ဘွဲ့ယူပြီးရင် ကျူတာပြန်လုပ်မယ်ပြောတာပါပဲ ကျွန်တော်က သူ့ကိုထားနိုင်ပါတယ်ပြောတာတောင် အခုအိမ်မှာ ဆယ်တန်းကလေးတွေခေါ်ပြီး စာပြနေတယ်လေ မေးတော့ သူ့အကိုတစ်ယောက်ထဲအလုပ်လုပ်နေရပြီး သူကအေးဆေးလေးကျောင်းတတ်မနေချင်ဘူးလို့ပြန်ဖြေတယ် "
" တကယ်တော်ပြီး သိတတ်တဲ့ကလေးပါဗျာ "
" ဟုတ်တယ်ဗျ ပြီးတော့ သူကလေ ပြောသေးတယ်...Bossရဲ့မိတ်ဆွေ ဟိုmodelလေးလေ သူအရမ်းကြိုက်တာတဲ့ ကျွန်တော့်ကို လက်မှတ်အတင်းတောင်းခိုင်းနေတာဗျာ..."
" ရဟန်ကိုပြောတာလား ရတယ် ကျွန်တော်သူ့ကိုပြောပြီး မြမြလေးအတွက် လက်မှတ်တောင်းလိုက်ပါ့မယ် "
တည်မြဲ သူတို့ပြောသမျှကို ငြိမ်ကာနားထောင်နေရင်းမှ ရဟန်ဆိုသည့်နာမည်ကြားတော့ မျက်မှောင်ကြုတ်သည်။ ဒီကောင့်နာမည်က နေရာတိုင်းမှာ ပေါ်ပြူလာဖြစ်နေတာပဲ။ ရုံးကဝန်ထမ်းမတွေဆိုလည်း " ရဟန် ရဟန် " နဲ့။ ကြားရတာများတော့ အမြင်မကြည်တော့။ သူ့ဘေးကကောင်ကလည်း အဲ့ဒီတစ်ယောက်အကြောင်းပြောရင် တတ်ကြွနေရော။
" အရမ်းဆူတယ် ငါအိပ်မလို့ "
နှစ်ယောက်လုံးရုတ်တရက်တိတ်သွားကြသည်။ တည်မြဲလည်းမျက်လုံးမှိတ်ကာ ငြိမ်ငြိမ်လိုက်ပါလာ၏။ ကားထဲတွင် သီချင်းသံတိုးတိုးလေး ပျံ့လွင့်လာသည်။ တစ်ဆက်ထဲမှာတင်မျက်လုံးပြန်ဖွင့်ကာ ဘေးကိုကြည့်လိုက်သည်။ ဘေးကလူ၏ ခေါင်းက တဒုတ်ဒုတ်နှင့် ကားမှန်ကိုတိုက်နေ၏။ ကားစီးလျှင် အိပ်ပျော်တတ်တဲ့အကျင့် ဒီကောင်အခုထိ မပျောက်သေးဘူး။ ကားကတစ်ချက်ခုန်သွားလေလေ သူ့ခေါင်းက ကားမှန်ကိုတိုက်သွားလေလေဖြစ်နေသည်။ ကြားရင်ခေါင်းတွေတော့ကွဲကုန်တော့မှာပဲ။
" အရှိန်လျော့မောင်း "
ကားကတစ်ဖြည်းဖြည်းနှေးသွားတော့လည်း သကောင့်သားက လည်ပင်းလိမ်နေပြန်သည်။ ကြည့်ရတာအချိုးကိုမပြေဘူး။ ခိုင်ဇော်လည်း နောက်ကလှုပ်ရှားသံကြောင့် မရဲတရဲခိုးကြည့်လိုက်သည်။ အိုးမိုင်ဂေါ့ ၊ Bossအမျိုးသားက Bossကိုသူ့ပေါင်ပေါ်ခေါင်းအုံးဖို့ အသာဆွဲခေါ်လိုက်တာလေး။ သြော် အတွဲတွေများနော်။
တည်မြဲ၏ ပေါင်ပေါ်ခေါင်းအုံးကာ အိပ်ပျော်နေသူ၏ မျက်နှာကိုငုံ့ကြည့်လိုက်သည်။ လေးကိုင်းသဏ္႑ာန်မျက်ခုံး ၊ ရှည်လျားသောမျက်တောင်၊ နှာခေါင်းက သွယ်တန်းနေပြီး နှာသီးထိပ်က လုံးသွားသည်။ ထို့နောက် သွေးရောင်လွှမ်းကာဖောင်းနေသောနှုတ်ခမ်းတစ်စုံ။ ဒီကောင့်အသားအရေက တော်တော်တော့ကောင်းသည်။ အနီးကပ်ကြည့်လျှင် မိန်းခလေးနှင့်တူသည်အထိကို ချောတာ။ မဟုတ်ဘူး လှတာဟုပြောရမလားပဲ။ သူ့ပုံစံ သူ့ရုပ်ရည်နှင့်ဆို ကြိုက်တဲ့သူတွေနည်းမှာမဟုတ်။ ဒါပေမယ့် ကိုယ့်ကိုမှချစ်ပါသည်ဟုဆိုကာ အနားမှာရှိနေခဲ့သည်။ တကယ်လို့ အရင်ကလိုသာ သူငယ်ချင်းဆက်ဆံရေးအနေနဲ့ရှိမယ်ဆိုလျှင် တည်မြဲကမ်ဘာ၏ အချစ်ဆုံးသူငယ်ချင်းက မှိုင်းညို့ ဆိုသော ကောင်လေးသာဖြစ်ပေမည်။
" မင်းဘာလို့ ငါနဲ့လက်ထပ်ဖို့ လက်ခံခဲ့တယ် ဆိုတာ ငါမသိဘူး မေမေနဲ့ မင်း ဘာတွေဖုံးကွယ်ထားကြတယ်ဆိုတာလည်း ငါမသိဘူး ဒါပေမယ့် ကိုယ့်သိက္ခာအကျခံပြီး ယောကျာ်းတစ်ယောက်ကိုလက်ထပ်တဲ့မင်းက တကယ်မိုက်မဲတာ "
တည်မြဲဆက်မပြောချင်တော့။ ဖြစ်ခဲ့သမျှကို နားလည်ဖို့ကြိုးစားသော်ညား သူမေ့လျော့နေသည့်တစ်စုံတစ်ရာရှိသည်ဟု သူထင်နေသည်။
<<<<<<
>>>>>>
" ထေတာ့ ဟေ့ကောင် "
" ဟမ် အင်း အင်း ဟာ မောင် ငါတောင်းပန်ပါတယ် ဘယ်လိုလုပ်ပြီး မောင့်ပေါင်ကိုခေါင်းအုံးမိတယ်မသိ"
မောင်က ဘာမှမပြောပဲဆင်းသွားသည်။ ဘယ်လောက်တောင်အိပ်ပျော်သွားတာပါလိမ့် ညတောင်ရောက်နေပြီ။ ကားပေါ်ကလိုက်ဆင်းတော့ မောင့်ရင်အုပ်ကျယ်နှင့် ခေါင်းကမိတ်ဆက်လို့။ မောင်က မျက်ခုံးတစ်ချက်ပင့်ရင်းနှင့် ဟိုတယ်ထဲဝင်သွားတော့ သူ့မှာနောက်ကထပ်ကြပ်မကွာလိုက်ရသည်။ ကိုခိုင်ဇော်က ကားပါကင်ထိုးနေ၍ ပါမလာသေး။
" တစ်ယောက်အိပ်နှစ်ခန်းပေးနော် "
" နှစ်ယောက်အိပ်တစ်ခန်းနဲ့ တစ်ယောက်အိပ်တစ်ခန်းပေး VVIP "
" ဘာတွေပြောနေတာလဲ မင်းဘယ်တုန်းကငါနဲ့တစ်ခန်းထဲအတူနေလို့ "
" အခုနေရမယ် မင်းကဟိုကောင်နဲ့သွားအိပ်ချင်လို့လား "
" ဘာရယ် မဟုတ်ပါဘူး ဒါဆိုလည်း ကြိုက်တာသာလုပ်တော့ ငါဘာမှဝင်မပြောတော့ဘူး "
ကိုယ့်ကိုစိတ်ဆိုးကာ ဧည့်ထိုင်ခုံပေါ်သွားထိုင်လေသည်။ ကိုယ်ကသူနဲ့ယူထားတာပဲလေ နှစ်ယောက်အိပ်မယူလို့ ဘာယူရမှာလဲ။ ပိန်းတာလား ဒူတာလားတော့မသိ တစ်ခါတစ်လေလည်း ကိုယ့်ကိုသူကတောင်အနိုင်လိုချင်သေးတာ။ လက်မှတ်ဖြတ်ပြီးတော့ ခိုင်ဇော်ဆိုတဲ့တစ်ယောက်က အိတ်ဆွဲကာဝင်လာလေသည်။
" ဒီမှာမင်းရဲ့အခန်း သူတို့လိုက်ပို့လိမ့်မယ် ၊ ဟိုတစ်ယောက်က ထေတာ့ ဒီအောက်မှာအိပ်ချင်လို့လား "
ပြောမရ ပေတေကာဆက်ထိုင်နေတော့ တည်မြဲစိတ်မရှည်တော့။ အဲ့ဒါတွေရိုက်ချင်တာ။ ကိုယ်ကသူ့ကိုမတရားပြောထားသလိုမျိုး ရုပ်နဲ့။ စိတ်မရှည်တာကြောင့် ဆြဲထူကာ လက်ကိုတင်းနေအောင်ကိုင်ကာ ရှေ့ကဦးဆောင်သွားလိုက်တော့၏။ ခိုင်ဇော်က ဘုမသိဘမသိကျန်ခဲ့လေသည်။ ကောင်တာမှအမျိုးသမီးလေးတွေကတော့ သို့လောသို့လော ပြုံးစိစိ။
" လူကြီးမင်းတို့က ဒီအခန်းပါဗျ တစ်ခုခုလိုအပ်ရင် ဆက်သွယ်ဖို့ ကောင်တာဖုန်းနံပတ်ပါ သာယာသောနေ့လေးဖြစ်ပါစေခင်ဗျာ "
ဝန်ထမ်းကောင်လေးထွက်သွားပြီးတာနဲ့ အခန်းတံခါးကိုပိတ်လိုက်သည်။ လက်ထဲမှဆောင့်ရုန်းသွားပြီး ခုတင်ပေါ်ပြေးတတ်အိပ်သည်။ အရင်က ဒီလိုကလေးဆန်ဆန်အမူအကျင့်တွေမတွေ့ဖူးပေ။ အခုနောက်ပိုင်းမှ ကိုယ့်အပေါ်အရွဲ့တိုက်သလို မခံချင်အောင်ဆွသည်။ ကိုယ်ကစိတ်တိုရတယ်မရှိ ၊ တစ်ခုခုဆို သူကပဲ ကိုယ့်ထက်ဦးအောင် ပါးချသည်။
ဟုတ်သည် ၊ တည်မြဲ နဲ့ သူလက်ထပ်ပြီးတည်းက တည်မြဲကသူ့ကိုတစ်ခါပဲ လက်ပါရသေးသည်။ ကျန်တဲ့ ရန်ဖြစ်သည့်အချိန်တွေမှာဆို ကိုယ့်ကိုပဲသူက ဦးအောင်ပါးချတာ။
" ခြေအိတ်ချွတ်ပြီးမှအိပ် ငါပြောတာကြားလား ခြေအိတ်အနံ့ထွက်ရင် ခုတင်ပေါ်မအိပ်နဲ့ "
" မအိပ်ဘူး "
ဆက်ခနဲကောက်ထကာ အော်ပြီး ရေချိုးခန်းထဲဝင်သွားပြန်သည်။ တည်မြဲမှာသာ ပါးစပ်အဟောင်းသား။ ဒီတစ်ယောက် ဘယ်လိုဖြစ်နေတာလဲ။ ထားပါတော့ ၊ သူဟေမာန့်ဆီကို ရောက်ကြောင်း ဖုန်းဆက်ပြောရဦးမည်။ ညို့အကျီယူရန် အပြင်ပြန်ထွက်လာတော့ မောင်က ဝရန်တာထွက်ဖုန်းပြောနေသည်။ သိချင်လာတာနဲ့ ချောင်းနားထောင်လိုက်၏။
" အင်း ကိုယ်ရောက်ပြီ မင်းစိတ်ပူနေမှာစိုးလို့...အင်း မင်းလည်းဂရုစိုက် အသံဝင်နေတာလား တစ်မျိုးကြီး သြော် အင်းပါ ဒါဆိုဖုန်းချပြီ "
မောင်ဖုန်းချလိုက်တော့ ညို့ကမန်းကတမ်း အကျီတွေဖွင့်ရှာသည်။ လိုချင်တာတွေ့တော့ ကိုယ်မဟုတ်သလိုပင် ရေချိုးခန်းထဲပြန်ဝင်သွား၏။ တည်မြဲတစ်ယောက် ဖုန်းသုံးနေတုန်း ရေချိုးခန်းထဲကထွက်လာသူကြောင့် အော်ရယ်မလိုဖြစ်သွား၏။ Stitch အရုပ်တွေပါသည့် ညဝတ်အကျီဝမ်းဆက်နှင့် ကလေးကလား။
" အဟက် "
သူ့ကိုရယ်တော့ မျက်မှောင်ကုပ်သွားပြီး ဆံပင်ကိုအခြောက်ခံနေသည်။ အနောက်မှမြင်ရသည့် ဖွေးအုနေသောလည်တိုင်က ရှည်သွယ်သွယ်လေး။ ဂုတ်တွင် မှဲ့နက်တစ်လုံးရှိသည်။
" ဘာဖြစ်နေတာလဲ ရေသွားချိုးလေ "
" သြော် အေး နေပါဦး မင်းပြောစရာမလိုပါဘူး ငါသိတယ် "
" သိလည်းပြီးတာပဲ "
တည်မြဲရေချိုးပြီး ခါးတွင်တပတ်တစ်ထည်ပတ်ကာ ထွက်လာခဲ့သည်။ ခုတင်ပေါ်ထိုင်နေသူ၏ မျက်လုံးက သူ့ဆီရောက်လာတော့ မဲ့ပြုံးပြုံးလိုက်သည်။ မျက်နှာကရဲတွတ်သွားပြီး တစ်ဖက်ကိုလှည့်သွားလေ၏။ အဖုအထစ်အပြည့်နှင့် ကြီးမားကျယ်ပြန့်သည့် ရင်အုပ်ကြီး ၊ ကျယ်ပြန့်တဲ့နောက်ကျောပြင်ကြီးက အားကိုးချင်စဖွယ်။
" မင်း မင်း အရှက်မရှိဘူး "
သူ့ရှေ့မှာတင် တပတ်ကိုဖြေချလိုက်သူကြောင့် ညို့အကျယ်ကြီးအော်ကာ ဝရန်တာကိုပြေးထွက်သွားလိုက်သည်။ တကယ်ကြီး သူ့ရှေ့ချွတ်ချစရာလား။ ဘယ်လိုတောင် အရှက်ကင်းမဲ့တာလဲ။ ပြီးတော့ သူဖျက်ခနဲမြင်လိုက်ရတာက ပြောပြချင်းငှါမစွမ်းသာပေ။
" ယောကျာ်းအချင်းချင်း ရှက်နေသေးတယ် ဟိုတစ်ယောက် ဝင်လာလို့ရပြီ "
မျက်နှာသေးသေးက သူ့အားမျက်လုံးချင်းဆုံအောင်တောင်မကြည့်။ ဘေးဝင်လှဲသည်။ ပြောရရင် တစ်ခုတင်ထဲအတူအိပ်ရတာကို နေသားမကျ။
" မောင် ငါ ဆိုဖာပေါ်သွားအိပ်မယ် "
" နေတော့ ငါပဲသွားအိပ်လိုက်မယ် ငါလည်းမင်းနဲ့အတူမအိပ်ချင်ပါဘူး "
အင်းလေ သူက ကိုယ့်ကိုမုန်းနေတာပဲ၊ ဒီနေ့အပြုအမူတွေကြောင့် ခဏအထင်မှားသွားခဲ့တာနေမှာပါ။ အခန်းမီးကိုမှိတ်လိုက်သည်။ အတော်ကြာတော့ မောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်သွားပုံရသည်။ ထိုအခါ တိတ်တိတ်လေး ခုတင်ပေါ်ကဆင်းကာ မောင့်ဘေးဒူးထောက်၍ မောင့်မျက်နှာချောချောကို အဝငေးလိုက်တော့သည်။
" ချစ်တယ် မောင်ကတော့ ယောကျာ်းနဲ့မိန်းမချစ်မှ စစ်မှန်တာလို့တွေးတဲ့ပုံပဲ ငါလည်းဒီလိုမဖြစ်ချင်ခဲ့ပါဘူး ဒါပေမယ့် ငါ့နှလုံးသားက မောင့်ကိုမငြင်းပယ်နိုင်တာမို့ ငါဟာ ဂေးတစ်ယောက်ဆိုတာ လက်ခံခဲ့ရတယ် ဒါဟာ ကံစီမံရာပါပဲလေ ကောင်းသောညပါ "
မောင့်နှုတ်ခမ်းထူထူထက် အနမ်းတစ်ပွင့်ဖွဖွခြွေကာ ခုတင်ပေါ်ပြန်တတ်၍ စိတ်ချလက်ချအိပ်စက်လိုက်တော့သည်။ ညို့မသိလိုက်တာက "မောင်" ဟုခေါ်သော အမျိုးသား၏မျက်လုံးများသည် ဖျက်ခနဲပွင့်လာခဲ့သည်ကိုပင်။
TBC~~~
21.8.2021