𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETE...

By Zoey_Glow

79.4K 9.4K 845

There are 7.8 billion people in the world, but I hate you all the most...Mr.Park! Zawgyi : Unicode Own Story... More

REBIRTH
_2
_3
_4
_5
_6
_7
_8
_9
_10
_11
_12
_13
_14
_15
_16
_17
_18
_19
_20
_21
_22
_23
_24⚠
_25
_26
_27
_28
_29
_30
_31
_32
_33⚠
_34
_35
_36
_37
_38⚠
_FINAL
FMV

_1

2.8K 316 12
By Zoey_Glow

ZAW

ဘတ္ဟြၽန္းက  အရာမယြင္းေသးတဲ့ ဗိုက္ေလးကိုလက္နဲ႔ထိၾကည့္လိုက္တယ္။၁ပတ္ပဲ ရွိေနေသးတာမို႔ ခံစားမႈတစ္စံုတစ္ရာမရေသးဘူး။တိုင္ကပ္နာရီေပၚမွာ ၫႊန္ျပေနတဲ့ နာရီလက္တံေလးက ၁၂ကိုၫႊန္ျပေနတယ္။ဆာေလာင္လာတဲ့ ဗိုက္ကိုျဖည့္စြက္ဖို႔အတြက္ သူက ေဘးနားက ေဟာင္းႏြမ္းေနတဲ့ ပိုက္ဆံအိတ္ကေလးကိုဖြင့္ၾကည့္လိုက္တယ္။
၀မ္၄၀၀၀က သိပ္အမ်ားႀကီးမဟုတ္ေတာင္ အဆာေျပေလာက္ေတာ့ အဆင္ေျပတယ္။

သူဒီအိမ္မွာ ကပ္ခိုေနမွာမဟုတ္ဘူး။အဲ့ဒါေၾကာင့္ သူတိုက္ခန္းတစ္ခန္းျပန္၀ယ္ဖို႔ဆံုးျဖတ္လိုက္တယ္။သူျဖစ္ခ်င္တဲ့ ဒီဇိုင္နာတစ္ေယာက္ျဖစ္ေအာင္လုပ္မယ္။ငါ့တက္လမ္းမွာ လာရႈပ္ရင္ေတာင္ ငါကရွင္းပစ္ဖို႔ ၀င္မေလးဘူး။

ထိေတြ႕ထားတဲ့ဗုိက္ကေလးကိုငံု႔ၾကည့္ရင္း ၀မ္းနည္းစြာဆိုလိုက္တယ္။

ပါးပါးကေလးေရ။က်န္းက်န္းမာမာနဲ႔ပဲ ေမြးဖြားလာေပးပါ။ဒီကပါးပါးက မင္းကိုကာကြယ္ေပးပါ့မယ္။

သူ႔ဘ၀အတြက္က မေမြးဖြားလာေသးတဲ့ သူ႔ကေလးက အေရးအႀကီးဆံုးပဲ။ေနလယ္စာအခ်ိန္မလင့္ေအာင္ အျပင္သြားဖို႔ ျပင္ဆင္တယ္။
ဘတ္ဟြၽန္းက အခန္းထဲကေန ၀မ္၄၀၀၀ဆြဲၿပီးေက်ာ့ေက်ာ့ေလးထြက္လာတယ္။

"ေျဗာင္ဘတ္ဟြၽန္း!!"

ဘတ္ဟြၽန္းက သြားေနရင္းမွ အသံလာရာ ေဘးဘက္ကိုၾကည့္လိုက္မိတယ္။အိုး မိတ္ေဆြေဟာင္းႀကီးပဲ။

"ဘာအလိုရွိလို႔လဲ"

"မင္းက ငါ့ကိုေတာင္ ေမးခြန္းျပန္ထုတ္ရဲတယ္ေပါ့ ခဏေလာက္လႊတ္ထားတာ ေရာင့္တက္လာတာပဲ သြား ၿခံထဲမွာ ျမက္သြားရွင္းၿပီးရင္း အိမ္ထဲမွာ ၾကမ္းတိုက္ဖို႔မေမ့နဲ႔ မင္းကိုျမင္ရတာ ႐ြံလြန္းလို႔"

"အဟင္း မင္းရဲ႕ပိုက္ဆံနဲ႔ခိုင္းထားတဲ့ အလုပ္သမားေတြက က်ိဳးေနလို႔လား"

"ဘာ"

ဘတ္ဟြၽန္းက ဘာမွမသိသလို မ်က္နွာေလးနဲ႔ ျပန္ၾကည့္ေတာ့ ခ်န္းေယာလ္ရဲ႕လက္၀ါးတစ္ဖက္က သူ႔ပါးျပင္ကို ခပ္ၾကမ္းၾကမ္းလာနႈတ္ဆက္လာတယ္။ရိုက္တဲ့အားက အရမ္းမ်ားလြန္းလို႔ သူေတာင္လဲက်သြားတယ္။ !ခက္ငန္ငန္အရသာေတြက ပါးစပ္ထဲစီး၀င္လာတယ္။

"ဟက္ မင္းလိုေကာင္က ငါ့ကိုျပန္ေျပာဖို႔တန္လား"

"ဒါေပါ့"

ဘတ္ဟြၽန္းက လဲက်ေနရာကေနထၿပီး လက္၀ါးကဖုန္ေတြ ခါကာမဆိုင္းမတြျပန္ေျဖတယ္။ ေရွ႕က ေဒါသထြက္ေနတဲ့ ခ်န္းေယာလ္ကို သူခပ္ၿပံဳးၿပံဳးၾကည့္လိုက္တယ္။အမွန္ဆို သူအစကတည္းက ဒီလိုမ်ိဳးေလး အရသာခံၾကည့္ေနခဲ့သင့္တာပဲ။သူ႔ပါးေလးအနာခံၿပီးေတာ့ေပါ့။

"မင္းနဲ႔တန္လို႔ပဲ ငါကမင္းရဲ႕ အိမ္ေထာင္ဖက္ျဖစ္ေနတာေလ"

ဘတ္ဟြၽန္းက ခ်န္းေယာလ္ကိုေျပာတာ ခပ္ၿပံဳးၿပံဳးပဲ။နာက်င္ရတာေတြ မ်ားလာတဲ့အခါ သူအမ်ားဆံုးၿပံဳးတတ္လာတယ္။အရွံုးသမားလို ထိုင္ငိုေနတာထပ္ ေလာကႀကီးကိုအ႐ြဲ႕တိုက္ၿပီးၿပံဳးျပလိုက္တယ္။သူမ်ားေတြမုန္းေနရင္ေတာင္ ငါကေပ်ာ္ေနတယ္ေလ။သူတို႔ကေတာ့ အမုန္းတရားေတြနဲ႔ ပူေလာင္ေနလိုက္အုန္းေပါ့။

"ေအး မင္းရခဲ့တဲ့ ေနရာက ငါအလိုမတူဘူးဆိုတာမွတ္ထား"

"မင္းပဲမွတ္လိုက္ ငါကအေရးမပါတာေတြ စိတ္မ၀င္စားဘူး"

ဘတ္ဟြၽန္းက ခ်န္းေယာလ္ရဲ႕ရင္ဘက္ကိုပုတ္ကာ ထြက္လာခဲ့တယ္။ေပါက္ေပါက္စားရင္းထိုင္ၾကည့္သင့္တာက မင္းရဲ႕ေဒါသထြက္ေနတဲ့ မ်က္နွာႀကီးပဲ။

ငါေျပာင္းလဲသြားတဲ့အခါ မင္းမအံ့ၾသနဲ႔။မင္းအရင္ ငါ့ဘ၀ကိုေဇာက္ထိုးျဖစ္သြားေအာင္ လုပ္ခဲ့တယ္ဆိုတာမင္းသတိရလိုက္။

သူဟာ ပထမဆံုး၂၄နာရီစတိုးကိုသြားလိုက္တယ္။ေခါက္ဆြဲဘူးတစ္ဘူးနဲ႔ ေပါင္မုန္႔ ၂လံုးက သူ႔လိုလူအတြက္ ဗိုက္၀ေစဖို႔ အဆင္ေျပေနၿပီ။

အသင့္စားေခါက္ဆြဲဘူးေလးေတြကိုသူလြမ္းေနတာၾကာၿပီ။ဒါေနာက္ဆံုးပဲ။သူေနာက္တစ္ခါက် ဒီထက္ပိုအရသာရွိတဲ့ အစားအစာေတြ စားရမယ္။သူ႔ကေလးေလးလဲရွိေနတာေၾကာင့္ သူက ဒီထက္အရသာရွိတာေတြစားသင့္တယ္ဟုထင္တယ္။

က်သေလာက္ရွင္းခဲ့ၿပီး သူဟာအလုပ္ရဖို႔ ရွာရမယ္။သူနားလည္ခဲ့တာ ၾကာၾကာတည္ၿမဲဖို႔ဆို လိုတာက ပိုက္ဆံနဲ႔ အာဏာပဲ
အရည္းအခ်င္းရွိေတာင္ ေနာက္ခံမရွိရင္ ေခြးလိုကန္ခ်ခံရမွာပဲ။

ငါျဖစ္ခ်င္ခဲ့တာ ဒီဇိုင္းပညာရွင္။ငါ့ကိုစြပ္စြဲခဲ့တဲ့လူေတြကိုျပန္ေျပာခ်င္ခဲ့တာက မင္းတို႔အဆင့္မရွိဘူးေျပာတဲ့ ပံုေတြက မူႀကိဳကေလး ၀လံုးေရးေလ့က်င့္ထားတာမဟုတ္ဘူးဆိုတာပဲ။

ဒါေပမယ့္လည္း သူက တစ္ခါက်ရွံုးၿပီးၿပီပဲ။ထပ္ခါက်ရွံုးဖို႔လည္း မေၾကာက္ေတာ့ဘူး။အဲ့ေတာ့ ငါကႀကိဳက္သေလာက္ႀကီးေတာ့ ဒုကၡေပးအုန္းမယ္။မင္းတို႔ရဲ႕ မသာယာေတာ့တဲ့ အနာဂတ္ေလးကိုပဲနႈတ္ဆက္ဖို႔ ျပင္ထား။

သူလမ္းသြားရင္း တစ္ေနရာအၾကည့္ေရာက္မိတယ္။၀န္ထမ္းအသစ္လိုအပ္တယ္ဟုေရးထားတဲ့ ေကာ္ဖီဆိုင္။

ေကာ္ဖီဆိုင္?

သူအလုပ္သင္ဘ၀မွာတုန္းက လုပ္ေဖာ္ကိုင္ဖက္ေတြ ေဖ်ာ္ခိုင္းတဲ့ ေကာ္ဖီေတြနဲ႔ဆို သူေကာင္းေကာင္းဆိုင္ဖြင့္စားလို႔ရၿပီ။

သူတက္ႂကြစြာပဲ ကားလမ္းကူးကာ ထိုဆိုင္ဆီကိုသြားလိုက္တယ္။နာမည္က ဘာတဲ့

'ORANGE' ။

ဖြင့္၀င္သြားတဲ့အခါ တစ္ခြၽင္ခြၽင္နဲ႔ တံခါးအေပၚ၀ဆီက ၾကားရတယ္။

"ဘာအလိုရွိပါလဲ ခင္မ်"

"၀န္ထမ္းအသစ္လိုတယ္ဆိုလိုပါ "

"အာ ညီေလးလား လာလာ "

ဘတ္ဟြၽန္းက ယခုသူ႔အ႐ြယ္က အသက္ ၂၄နွစ္ေက်ာ္ျဖစ္ေနေပမယ့္ အရင္ဘ၀ကသူ႔အသက္၃၅နွစ္ဆိုတာ ထည့္မေျပာေတာ့ဘူး။
ခပ္ေသးေသး လူငယ္ရဲ႕ ေခၚရာေနာက္ကိုပဲ သူေအးေဆးလိုက္ခဲ့တယ္။

"အကိုတို႔ဆိုင္က ေဖ်ာ္သူတစ္ေယာက္ပဲ လိုအပ္တာပါ လိုအပ္ရင္ေတာ့ စားပြဲေတာ့ ထိုးရမယ္ ညီေလးအဆင္ေျပရဲ႕လား"

"အာကြၽန္ေတာ္အတြက္ အေသးမႊားေလးပါ အဆင္ေျပပါတယ္"

"ဒါဆို ဘယ္ေတာ့အလုပ္စဆင္းမလဲ ညီေလး"

"အခုပဲ စဆင္းလိုက္မယ္ေလ အဆင္ေျပရဲ႕လားမသိဘူး"

"ဒါဆို ပိုေကာင္းတာေပါ့ အကိုေနာက္လုိက္ခဲ့ ဒါနဲ႔ နာမည္က"

"ဘတ္ဟြၽန္းပါ"

"အကိုက လုဟန္"

ရင္းနီွးေဖာ္ေ႐ြတဲ့ အလုပ္ရွင္ေၾကာင့္ သူအလုပ္ လုပ္ရတာ အဆင္ေျပတယ္။ပထမေန႔မွာတင္ပဲ သူသင္စရာရွိတဲ့ အရာေတြအားလံုးမဟုတ္ရင္ေတာင္ တစ္၀က္ေလာက္ေတာ့ တက္ေျမာက္သြားတယ္။မထင္ရေလာက္ေအာင္ႏုပ်ဳိတဲ့ အလုပ္ရွင္ေလးက အသက္၃၀တဲ့ေလ။

ဘတ္ဟြၽန္းက ရလာတဲ့ အခ်ိန္ပိုင္းအလုပ္ဆီက ပိုက္ဆံေလးကို က်စ္က်စ္ပါေအာင္ ဆုတ္ကိုင္ရင္း အိမ္ျပန္လာခဲ့တယ္။ည၈နာရီထိုးကာ ေမွာင္မဲတဲ့ လမ္းမထက္ကို သူေက်ာ္ျဖတ္ခဲ့တယ္။

"မင္းျပန္လာခ်င္တဲ့အခ်ိန္ျပန္လာရေအာင္ မင္းကိုမင္း ဘာထင္ေနလဲ"

"အို သခင္ေလးပတ္က ထိုင္ေစာင့္ေနတာလား ဂုဏ္ယူမိေတာ့မလိုေတာင္ျဖစ္သြားတယ္ "

ဘတ္ဟြၽန္းရဲ႕ ႐ႊင္ေနာက္ေနာက္ေျပာသံေလးက ခ်န္းေယာလ္ရဲ႕ေဒါသမီးကိုေလာင္စာထည့္ေပးလိုက္သလိုပဲ။မနက္ကတည္းက မေက်နပ္ခ်က္ေတြ မ်ားေနတဲ့ ခ်န္းေယာလ္က ဘတ္ဟြၽန္းကို တစ္ခ်က္ထိုးကာ လဲက်သြားတဲ့ ခနၶာကိုယ္ကို တစ္႐ြတ္တိုက္ဆြဲၿပီး စတိုခန္းကိုေခၚသြားတယ္။

"မင္းနဲ႔တန္တာ ဒါပဲ"

ဂ်ိမ္းကနဲ ပိတ္သြားတဲ့တံခါးသံကိုနားေထာင္ၿပီး
ဘတ္ဟြၽန္းဘာမွမေျပာနိုင္ေသးဘူး။ၾကမ္းျပင္နဲ႔ တစ္႐ြက္တိုက္ဆြဲေခၚလာခံရတာေၾကာင့္ ေက်ာေတြက ပူထူကာ နာက်င္ေနတယ္။

ေမွာင္မဲမဲ စတိုခန္းထက္ဆိုးတဲ့ ေနရာမွာ ေနဖူးသူမို႔ အထူးတလည္ကိစၥမရွိ။ေဘးနားက ဂ်က္ကိုသာေအာက္ကေနခင္းၿပီး လက္ကိုေခါင္းခုကာ အိပ္စက္လိုက္တယ္။သူမ်က္ရည္တစ္စက္မက်ေတာ့ဘူး။အဲ့ဒီအစား မင္းကိုပဲ ငါက ေကာင္းေကာင္းႀကီးဒုကၡေပးျပမယ္။

ဒီေန႔ညေတာ့ ပိုးဟပ္ေတြနဲ႔ အတူ အိမ္မက္ကမၻာထဲသြားရေတာ့မွာေပါ့။ဖုန္ေတြထူထဲေနေပမယ့္ သူအိပ္လို႔အဆင္ေျပတယ္။အလင္းေရာင္တစြန္းတစ္စမွမရတဲ့ စတိုခန္းထဲမွာ သူ႔လက္ကေလးက သူ႔ဗိုက္ေပၚမွာ ဖြဖြေလးတင္ထားတယ္။

အိတ္ေထာင္ထဲက ပိုက္ဆံအခ်ိဳ႕ကို က်စ္က်စ္ပါေအာင္ လက္နဲ႔ဆုတ္ကိုင္ထားတုန္းပဲ။ဒါေတြကငါ့ရဲ႕ သားဖြားစရိတ္။

ပါးပါးကေလးေရ ဒီေန႔ေတာ့ ပါးပါးတို႔ဂ်က္ေလးနဲ႔ပဲ အိပ္စက္ရေအာင္။ပါးပါးကတိေပးပါတယ္။ေနာက္ခါပါးပါးမင္းကို
အေကာင္းဆံုးေမြ့ယာနဲ႔ ထားပါ့မယ္။

ေစာင္မရွိတဲ့ ညအခ်ိန္မွာ အသည္းခိုက္မတတ္ ခ်မ္းေနေပမယ့္ သူက ေခြေခြေလးပဲ လွဲအိပ္ခဲ့တယ္။အနည္းဆံုး သူ႔ကေလးေလး မခ်မ္းေအာင္ သူကာကြယ္ခဲ့တယ္။

ငါ့ဘ၀က အေမွာင္ဖုံးၿပီးသားဖို႔ ကိစၥမရွိေပမယ့္ ပါးပါးကေလးအတြက္ေတာ့ အနာဂတ္အလင္းေရာင္ေတြ ပါးပါးဖန္တီးေပးပါ့မယ္။

မင္းရဲ႕ မ်ိဳးမစစ္တဲ့ဒယ္ဒီကိုေတာ့ တစ္စက္ေလးမွ ေတြးမေနေတာ့နဲ႔ကေလးရယ္။

UNI

ဘတ်ဟျွန်းက  အရာမယွင်းသေးတဲ့ ဗိုက်လေးကိုလက်နဲ့ထိကြည့်လိုက်တယ်။၁ပတ်ပဲ ရှိနေသေးတာမို့ ခံစားမှုတစ်စုံတစ်ရာမရသေးဘူး။တိုင်ကပ်နာရီပေါ်မှာ ညွှန်ပြနေတဲ့ နာရီလက်တံလေးက ၁၂ကိုညွှန်ပြနေတယ်။ဆာလောင်လာတဲ့ ဗိုက်ကိုဖြည့်စွက်ဖို့အတွက် သူက ဘေးနားက ဟောင်းနွမ်းနေတဲ့ ပိုက်ဆံအိတ်ကလေးကိုဖွင့်ကြည့်လိုက်တယ်။
၀မ်၄၀၀၀က သိပ်အများကြီးမဟုတ်တောင် အဆာပြေလောက်တော့ အဆင်ပြေတယ်။

သူဒီအိမ်မှာ ကပ်ခိုနေမှာမဟုတ်ဘူး။အဲ့ဒါကြောင့် သူတိုက်ခန်းတစ်ခန်းပြန်ဝယ်ဖို့ဆုံးဖြတ်လိုက်တယ်။သူဖြစ်ချင်တဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်အောင်လုပ်မယ်။ငါ့တက်လမ်းမှာ လာရှုပ်ရင်တောင် ငါကရှင်းပစ်ဖို့ ၀င်မလေးဘူး။

ထိတွေ့ထားတဲ့ဗိုက်ကလေးကိုငုံ့ကြည့်ရင်း ၀မ်းနည်းစွာဆိုလိုက်တယ်။

ပါးပါးကလေးရေ။ကျန်းကျန်းမာမာနဲ့ပဲ မွေးဖွားလာပေးပါ။ဒီကပါးပါးက မင်းကိုကာကွယ်ပေးပါ့မယ်။

သူ့ဘ၀အတွက်က မမွေးဖွားလာသေးတဲ့ သူ့ကလေးက အရေးအကြီးဆုံးပဲ။နေလယ်စာအချိန်မလင့်အောင် အပြင်သွားဖို့ ပြင်ဆင်တယ်။
ဘတ်ဟျွန်းက အခန်းထဲကနေ ၀မ်၄၀၀၀ဆွဲပြီးကျော့ကျော့လေးထွက်လာတယ်။

"ဗြောင်ဘတ်ဟျွန်း!!"

ဘတ်ဟျွန်းက သွားနေရင်းမှ အသံလာရာ ဘေးဘက်ကိုကြည့်လိုက်မိတယ်။အိုး မိတ်ဆွေဟောင်းကြီးပဲ။

"ဘာအလိုရှိလို့လဲ"

"မင်းက ငါ့ကိုတောင် မေးခွန်းပြန်ထုတ်ရဲတယ်ပေါ့ ခဏလောက်လွှတ်ထားတာ ရောင့်တက်လာတာပဲ သွား ခြံထဲမှာ မြက်သွားရှင်းပြီးရင်း အိမ်ထဲမှာ ကြမ်းတိုက်ဖို့မမေ့နဲ့ မင်းကိုမြင်ရတာ ရွံလွန်းလို့"

"အဟင်း မင်းရဲ့ပိုက်ဆံနဲ့ခိုင်းထားတဲ့ အလုပ်သမားတွေက ကျိုးနေလို့လား"

"ဘာ"

ဘတ်ဟျွန်းက ဘာမှမသိသလို မျက်နှာလေးနဲ့ ပြန်ကြည့်တော့ ချန်းယောလ်ရဲ့လက်ဝါးတစ်ဖက်က သူ့ပါးပြင်ကို ခပ်ကြမ်းကြမ်းလာနှုတ်ဆက်လာတယ်။ရိုက်တဲ့အားက အရမ်းများလွန်းလို့ သူတောင်လဲကျသွားတယ်။ !ခက်ငန်ငန်အရသာတွေက ပါးစပ်ထဲစီးဝင်လာတယ်။

"ဟက် မင်းလိုကောင်က ငါ့ကိုပြန်ပြောဖို့တန်လား"

"ဒါပေါ့"

ဘတ်ဟျွန်းက လဲကျနေရာကနေထပြီး လက်ဝါးကဖုန်တွေ ခါကာမဆိုင်းမတွပြန်ဖြေတယ်။ ရှေ့က ဒေါသထွက်နေတဲ့ ချန်းယောလ်ကို သူခပ်ပြုံးပြုံးကြည့်လိုက်တယ်။အမှန်ဆို သူအစကတည်းက ဒီလိုမျိုးလေး အရသာခံကြည့်နေခဲ့သင့်တာပဲ။သူ့ပါးလေးအနာခံပြီးတော့ပေါ့။

"မင်းနဲ့တန်လို့ပဲ ငါကမင်းရဲ့ အိမ်ထောင်ဖက်ဖြစ်နေတာလေ"

ဘတ်ဟျွန်းက ချန်းယောလ်ကိုပြောတာ ခပ်ပြုံးပြုံးပဲ။နာကျင်ရတာတွေ များလာတဲ့အခါ သူအများဆုံးပြုံးတတ်လာတယ်။အရှုံးသမားလို ထိုင်ငိုနေတာထပ် လောကကြီးကိုအရွဲ့တိုက်ပြီးပြုံးပြလိုက်တယ်။သူများတွေမုန်းနေရင်တောင် ငါကပျော်နေတယ်လေ။သူတို့ကတော့ အမုန်းတရားတွေနဲ့ ပူလောင်နေလိုက်အုန်းပေါ့။

"အေး မင်းရခဲ့တဲ့ နေရာက ငါအလိုမတူဘူးဆိုတာမှတ်ထား"

"မင်းပဲမှတ်လိုက် ငါကအရေးမပါတာတွေ စိတ်မ၀င်စားဘူး"

ဘတ်ဟျွန်းက ချန်းယောလ်ရဲ့ရင်ဘက်ကိုပုတ်ကာ ထွက်လာခဲ့တယ်။ပေါက်ပေါက်စားရင်းထိုင်ကြည့်သင့်တာက မင်းရဲ့ဒေါသထွက်နေတဲ့ မျက်နှာကြီးပဲ။

ငါပြောင်းလဲသွားတဲ့အခါ မင်းမအံ့သြနဲ့။မင်းအရင် ငါ့ဘ၀ကိုဇောက်ထိုးဖြစ်သွားအောင် လုပ်ခဲ့တယ်ဆိုတာမင်းသတိရလိုက်။

သူဟာ ပထမဆုံး၂၄နာရီစတိုးကိုသွားလိုက်တယ်။ခေါက်ဆွဲဘူးတစ်ဘူးနဲ့ ပေါင်မုန့် ၂လုံးက သူ့လိုလူအတွက် ဗိုက်ဝစေဖို့ အဆင်ပြေနေပြီ။

အသင့်စားခေါက်ဆွဲဘူးလေးတွေကိုသူလွမ်းနေတာကြာပြီ။ဒါနောက်ဆုံးပဲ။သူနောက်တစ်ခါကျ ဒီထက်ပိုအရသာရှိတဲ့ အစားအစာတွေ စားရမယ်။သူ့ကလေးလေးလဲရှိနေတာကြောင့် သူက ဒီထက်အရသာရှိတာတွေစားသင့်တယ်ဟုထင်တယ်။

ကျသလောက်ရှင်းခဲ့ပြီး သူဟာအလုပ်ရဖို့ ရှာရမယ်။သူနားလည်ခဲ့တာ ကြာကြာတည်မြဲဖို့ဆို လိုတာက ပိုက်ဆံနဲ့ အာဏာပဲ
အရည်းအချင်းရှိတောင် နောက်ခံမရှိရင် ခွေးလိုကန်ချခံရမှာပဲ။

ငါဖြစ်ချင်ခဲ့တာ ဒီဇိုင်းပညာရှင်။ငါ့ကိုစွပ်စွဲခဲ့တဲ့လူတွေကိုပြန်ပြောချင်ခဲ့တာက မင်းတို့အဆင့်မရှိဘူးပြောတဲ့ ပုံတွေက မူကြိုကလေး ၀လုံးရေးလေ့ကျင့်ထားတာမဟုတ်ဘူးဆိုတာပဲ။

ဒါပေမယ့်လည်း သူက တစ်ခါကျရှုံးပြီးပြီပဲ။ထပ်ခါကျရှုံးဖို့လည်း မကြောက်တော့ဘူး။အဲ့တော့ ငါကကြိုက်သလောက်ကြီးတော့ ဒုက္ခပေးအုန်းမယ်။မင်းတို့ရဲ့ မသာယာတော့တဲ့ အနာဂတ်လေးကိုပဲနှုတ်ဆက်ဖို့ ပြင်ထား။

သူလမ်းသွားရင်း တစ်နေရာအကြည့်ရောက်မိတယ်။၀န်ထမ်းအသစ်လိုအပ်တယ်ဟုရေးထားတဲ့ ကော်ဖီဆိုင်။

ကော်ဖီဆိုင်?

သူအလုပ်သင်ဘ၀မှာတုန်းက လုပ်ဖော်ကိုင်ဖက်တွေ ဖျော်ခိုင်းတဲ့ ကော်ဖီတွေနဲ့ဆို သူကောင်းကောင်းဆိုင်ဖွင့်စားလို့ရပြီ။

သူတက်ကြွစွာပဲ ကားလမ်းကူးကာ ထိုဆိုင်ဆီကိုသွားလိုက်တယ်။နာမည်က ဘာတဲ့

'ORANGE' ။

ဖွင့်ဝင်သွားတဲ့အခါ တစ်ချွင်ချွင်နဲ့ တံခါးအပေါ်ဝဆီက ကြားရတယ်။

"ဘာအလိုရှိပါလဲ ခင်မျ"

"၀န်ထမ်းအသစ်လိုတယ်ဆိုလိုပါ "

"အာ ညီလေးလား လာလာ "

ဘတ်ဟျွန်းက ယခုသူ့အရွယ်က အသက် ၂၄နှစ်ကျော်ဖြစ်နေပေမယ့် အရင်ဘ၀ကသူ့အသက်၃၅နှစ်ဆိုတာ ထည့်မပြောတော့ဘူး။
ခပ်သေးသေး လူငယ်ရဲ့ ခေါ်ရာနောက်ကိုပဲ သူအေးဆေးလိုက်ခဲ့တယ်။

"အကိုတို့ဆိုင်က ဖျော်သူတစ်ယောက်ပဲ လိုအပ်တာပါ လိုအပ်ရင်တော့ စားပွဲတော့ ထိုးရမယ် ညီလေးအဆင်ပြေရဲ့လား"

"အာကျွန်တော်အတွက် အသေးမွှားလေးပါ အဆင်ပြေပါတယ်"

"ဒါဆို ဘယ်တော့အလုပ်စဆင်းမလဲ ညီလေး"

"အခုပဲ စဆင်းလိုက်မယ်လေ အဆင်ပြေရဲ့လားမသိဘူး"

"ဒါဆို ပိုကောင်းတာပေါ့ အကိုနောက်လိုက်ခဲ့ ဒါနဲ့ နာမည်က"

"ဘတ်ဟျွန်းပါ"

"အကိုက လုဟန်"

ရင်းနှီးဖော်ရွေတဲ့ အလုပ်ရှင်ကြောင့် သူအလုပ် လုပ်ရတာ အဆင်ပြေတယ်။ပထမနေ့မှာတင်ပဲ သူသင်စရာရှိတဲ့ အရာတွေအားလုံးမဟုတ်ရင်တောင် တစ်ဝက်လောက်တော့ တက်မြောက်သွားတယ်။မထင်ရလောက်အောင်နုပျိုတဲ့ အလုပ်ရှင်လေးက အသက်၃၀တဲ့လေ။

ဘတ်ဟျွန်းက ရလာတဲ့ အချိန်ပိုင်းအလုပ်ဆီက ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ရင်း အိမ်ပြန်လာခဲ့တယ်။ည၈နာရီထိုးကာ မှောင်မဲတဲ့ လမ်းမထက်ကို သူကျော်ဖြတ်ခဲ့တယ်။

"မင်းပြန်လာချင်တဲ့အချိန်ပြန်လာရအောင် မင်းကိုမင်း ဘာထင်နေလဲ"

"အို သခင်လေးပတ်က ထိုင်စောင့်နေတာလား ဂုဏ်ယူမိတော့မလိုတောင်ဖြစ်သွားတယ် "

ဘတ်ဟျွန်းရဲ့ ရွှင်နောက်နောက်ပြောသံလေးက ချန်းယောလ်ရဲ့ဒေါသမီးကိုလောင်စာထည့်ပေးလိုက်သလိုပဲ။မနက်ကတည်းက မကျေနပ်ချက်တွေ များနေတဲ့ ချန်းယောလ်က ဘတ်ဟျွန်းကို တစ်ချက်ထိုးကာ လဲကျသွားတဲ့ ခန္ဓာကိုယ်ကို တစ်ရွတ်တိုက်ဆွဲပြီး စတိုခန်းကိုခေါ်သွားတယ်။

"မင်းနဲ့တန်တာ ဒါပဲ"

ဂျိမ်းကနဲ ပိတ်သွားတဲ့တံခါးသံကိုနားထောင်ပြီး
ဘတ်ဟျွန်းဘာမှမပြောနိုင်သေးဘူး။ကြမ်းပြင်နဲ့ တစ်ရွက်တိုက်ဆွဲခေါ်လာခံရတာကြောင့် ကျောတွေက ပူထူကာ နာကျင်နေတယ်။

မှောင်မဲမဲ စတိုခန်းထက်ဆိုးတဲ့ နေရာမှာ နေဖူးသူမို့ အထူးတလည်ကိစ္စမရှိ။ဘေးနားက ဂျက်ကိုသာအောက်ကနေခင်းပြီး လက်ကိုခေါင်းခုကာ အိပ်စက်လိုက်တယ်။သူမျက်ရည်တစ်စက်မကျတော့ဘူး။အဲ့ဒီအစား မင်းကိုပဲ ငါက ကောင်းကောင်းကြီးဒုက္ခပေးပြမယ်။

ဒီနေ့ညတော့ ပိုးဟပ်တွေနဲ့ အတူ အိမ်မက်ကမ္ဘာထဲသွားရတော့မှာပေါ့။ဖုန်တွေထူထဲနေပေမယ့် သူအိပ်လို့အဆင်ပြေတယ်။အလင်းရောင်တစွန်းတစ်စမှမရတဲ့ စတိုခန်းထဲမှာ သူ့လက်ကလေးက သူ့ဗိုက်ပေါ်မှာ ဖွဖွလေးတင်ထားတယ်။

အိတ်ထောင်ထဲက ပိုက်ဆံအချို့ကို ကျစ်ကျစ်ပါအောင် လက်နဲ့ဆုတ်ကိုင်ထားတုန်းပဲ။ဒါတွေကငါ့ရဲ့ သားဖွားစရိတ်။

ပါးပါးကလေးရေ ဒီနေ့တော့ ပါးပါးတို့ဂျက်လေးနဲ့ပဲ အိပ်စက်ရအောင်။ပါးပါးကတိပေးပါတယ်။နောက်ခါပါးပါးမင်းကို
အကောင်းဆုံးမွေ့ယာနဲ့ ထားပါ့မယ်။

စောင်မရှိတဲ့ ညအချိန်မှာ အသည်းခိုက်မတတ် ချမ်းနေပေမယ့် သူက ခွေခွေလေးပဲ လှဲအိပ်ခဲ့တယ်။အနည်းဆုံး သူ့ကလေးလေး မချမ်းအောင် သူကာကွယ်ခဲ့တယ်။

ငါ့ဘ၀က အမှောင်ဖုံးပြီးသားဖို့ ကိစ္စမရှိပေမယ့် ပါးပါးကလေးအတွက်တော့ အနာဂတ်အလင်းရောင်တွေ ပါးပါးဖန်တီးပေးပါ့မယ်။

မင်းရဲ့ မျိုးမစစ်တဲ့ဒယ်ဒီကိုတော့ တစ်စက်လေးမှ တွေးမနေတော့နဲ့ကလေးရယ်။








Continue Reading

You'll Also Like

7.8K 572 15
"We are destined to meet, mate" the taller boy said "Nice to meet you again, mate" the shorter boy replied This is the sequel to "Destined to Meet Y...
1.3M 58.2K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
467K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
1.1M 37.8K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...