(Unicode)
ကျောင်းဆင်းချိန်မို့ ကျောင်းသားကျောင်းသူများ အလျှိုအလျှိုထွက်လာကြသည်။ ထယ်ယောင်းမှာတော့ ခုထိ ဆွဲလက်စ ပန်းချီကားက လတ်စမသတ်ရသေးတာမို့ အတန်းထဲက မထွက်ရသေး။
"ထယ်ယောင်း မပြန်သေးဘူးလား"
အတန်းထဲမှ ရုပ်ချောပြီး လှပလွန်းသောကောင်မလေး တစ်ယောက်က ထယ်ယောင်းပုခုံးကို လာကိုင်ရင်း မေးသည်။ ထယ်ယောင်းလည်း ထိုကောင်မလေးကို တစ်ချက်သာ မော့ကြည့်ပြီး ပန်းချီကားကို အာရုံပြန်စိုက်ကာ
"ဒါလေး လတ်စသတ်ပြီးရင် ပြန်မှာပါ"
"လှလိုက်တာ နင်က ပန်းချီဆရာလုပ်စားလို့ရနေပြီ၊ အဲ့ဒါ ချောက်ကမ်းပါးလား၊ တစ်ဖက်က ဘာပန်းတွေလဲ"
"မက်မွန်ပန်းတွေလေ"
ထယ်ယောင်းဆွဲနေတာကို ထိုကောင်မလေးက သေချာကြည့်နေပြီးမှ
"ငါ့နာမည် ယဲဂျင်းပါ၊ ဂန်ယဲဂျင်း"
"ကင်ထယ်ယောင်းပါ"
"နင့်နာမည်ကို ငါသိပြီးသားပါ"
ယဲဂျင်းစကားကြောင့် ထယ်ယောင်း ပြုံးရုံသာ ပြုံးပြလိုက်သည်။ ကျောင်းထဲ ကျောင်းသားအနည်းငယ်သာ ကျန်တော့မှ ထိုကောင်မလေးလည်း ထယ်ယောင်းကို နှုတ်ဆက်ကာ ထွက်သွားတော့သည်။
ခဏအကြာမှာပဲ ဆွဲလက်စ ပန်းချီကားလေး ပြီးသွားတော့သည်။ တစ်ယောက်ထဲစောင့်နေရမဲ့ ဂျောင်ဂုကို တွေးမိတာကြောင့် ပစ္စည်းတွေ အမြန် လွယ်အိတ်ထဲ ထည့်ကာ sketch book ကိုတော့ လက်ကသာ ကိုင်ရင်း အပြင်သို့ ခပ်သွက်သွက်ပြေးထွက်လာခဲ့သည်။
"ဟေ့ ကောင်လေး"
ခေါ်သံကြောင့် ပြေးနေတဲ့ ခြေလှမ်းတွေကို ရပ်ကာ အနောက်ကို လှည့်ကြည့်လိုက်တော့ စီနီယာဖြစ်ဟန်တူသော ကျောင်းသား သုံးယောက်။
ထိုသုံးယောက်က ထယ်ယောင်းနားကို ဖြည်းဖြည်းချင်း လျှောက်လာသည်။
"ဒီကောင့်ရုပ်က ဘယ်နားထူးခြားနေလို့ ယဲဂျင်းက တကူးတက စကား သွားပြောရတာလဲ"
တစ်ယောက်က ထယ်ယောင်းမျက်နှာကို သေချာစိုက်ကြည့်ရင်းပြောတော့ ဘေးက တစ်ယောက်က ပြောတဲ့သူအား လက်အသာတို့ကာ
"အဲ့ဒါ ဆရာဂျောင်ဂုနဲ့တွဲနေတဲ့ ထယ်ယောင်းလေ"
လူရှေ့မှာတင် ပေါ်တင် အတင်းတုတ်နေကြတဲ့ သုံးယောက်ကို ကြည့်ကာ စိတ်ရှုပ်လာတာနဲ့ ထယ်ယောင်းလှည့်ထွက်လာသော်လည်း ထိုသုံးယောက်က ထယ်ယောင်းရှေ့ကနေ တစ်ဖန် ပိတ်ရပ်လိုက်သည်။
"နေပါဦး ကောင်လေးရ၊ ပြောစရာရှိတယ်လေကွာ"
"မင်းက တစ်ကျောင်းလုံးက မိန်းကလေးတွေရဲ့ တမ်းတမ်းစွဲ ဆရာကို ရအောင်ယူပြီး အခုယောက်ျားလေးတိုင်း သဘောကျရတဲ့ ယဲဂျင်းကိုပါ ရအောင်ယူမလို့လား"
"ဗျာ ဘာ..ဘာတွေ ပြော"
ထယ်ယောင်းက မျက်လုံးအဝိုင်းသားသာ ဖြစ်နေပြီး ဘာမှပြန်မပြောမိ။ ပါးစပ်က စကားတစ်ခွန်းမှ ထွက်မလာ။
ထယ်ယောင်းပုံစံကို ကြည့်ကာ အရှေ့ကသုံးယောက်က တဟားဟားရယ်ကြသည်။
"အပြစ်ရှိတဲ့သူက စကားထစ်ပြီး ကြောက်လန့်တတ်တယ်တဲ့ ငါတို့ ပညာလေး နဲနဲပြလိုက်ရမလား"
အလယ်က တစ်ယောက်က ထိုသို့ဆိုတော့ ဘေးကနှစ်ယောက်ကလည်း မဆိုင်းမတွဘဲ ထယ်ယောင်းကို တစ်ဖက်တစ်ချက်စီ ချုပ်လိုက်ကြသည်။
"ဘာ.. ဘာလုပ်မလို့လဲ၊ လွှတ်"
ထယ်ယောင်း အားကုန်ရုန်းပါသော်လည်း နှစ်ယောက်အားကို မယှဉ်နိုင်ရှာ။ ဘယ်လောက်ရုန်းရုန်း ဘေးက နှစ်ယောက်က အပြုံးမပျက်။ နောက်ဆုံး မောဟိုက်သွားပါသော ထယ်ယောင်းကိုကြည့်ကာ ရယ်ကြပြန်သည်။
"ဒီလောက်တောင် အရည်အချင်းမရှိတာ ဘာလို့ ဆရာဂျောင်ဂုက ကြိုက်လဲမသိဘူး၊ ကြည့်ရတာတော့ ကုတင်ပေါ်မှာ ကောင်းကောင်းလုပ်ပြလို့ထင်တယ်၊ အဲ့ဒါကြောင့် ဆရာဂျောင်ဂု အရမ်းကြိုက်သွားတာနေမှာ ဟားဟား"
ထိုသူစကားကြောင့် ထယ်ယောင်းရဲ့ ဒေါသတွေကထောင်းခနဲ။ သူ့ကိုပါမက ဂျောင်ဂုကိုပါ စော်ကားနေတော့ သည်းမခံနိုင်တော့။
လက်နှစ်ဖက်ချုပ်ထားပေမဲ့ ခြေထောက်က လွတ်နေသေးတာကြောင့် အရှေ့ကလူရဲ့ ပေါင်ခွကြားထဲကို ခြေထောက်တစ်ဖက်နဲ့ အရှိန်ပြင်းပြင်းကန်ထည့်လိုက်ရာ
"အားး"
ထိုသူက အသံနက်ကြီးနဲ့အတူ မြေပြင်ပေါ် ခွေယိုင်ကျသွားတော့ ထယ်ယောင်းကို ချုပ်ထားသော နှစ်ယောက်ကလည်း လဲကျသွားသော သူတို့သူငယ်ချင်းကို ပြေးထူသည်။
ဒီအချိန် ထယ်ယောင်းထွက်ပြေးလို့ရပေမဲ့ ဂျောင်ဂုကို ပြောထားတဲ့ မကောင်းတဲ့ကောင်တွေကို ဒီတိုင်းမထားနိုင်ခဲ့တာကြောင့် လက်ထဲက စာအုပ်စောင်းနဲ့ ထိုသူတွေကို ရိုက်လေသည်။
"ခင်ဗျားတို့က ငါ့လူကြီးကိုများ ပြောရဲသေးတယ် အင့်ဟာ အင့်ဟာ သေကြစမ်း"
လက်ကလည်းဆက်တိုက်ရိုက် ပါးစပ်ကလည်း ဆက်တိုက်ပြောနဲ့ ထယ်ယောင်း မျက်လုံးစုံမှိတ်ကာ စိတ်တိုတိုနဲ့ ထိုင်ဆော်တော့သည်။
"ဟေ့ ဟိုကလေးတွေ ရန်မဖြစ်ကြနဲ့"
အနားက ဆရာတစ်ယောက် ရောက်လာမှ ထယ်ယောင်းအသိစိတ်ပြန်ဝင်ကာ လက်အစုံကို ရပ်တန့်လိုက်ရသည်။
.
.
အမြဲတမ်းစောစောထွက်လာနေကျ ထယ်ယောင်းမှာ ဒီနေ့ကျတော့ ကျောင်းသားအားလုံးနီးပါး ကုန်တာတောင် မလာသေးတာကြောင့် ဂျောင်ဂုစိတ်ပူလာသည်။
ကားထဲကထွက်ပြီး ကျောင်းထဲ လိုက်ရှာရမလား? လမ်းလွဲသွားမှာကလည်း စိုးရသေး။ မကြာလိုက် ဂျောင်ဂုထံသို့ ဖုန်းဝင်လာသည်။
"ဟယ်လို"
"ဆရာ ဂျွန်ဂျောင်ဂု၊ ကျောင်းအုပ်ကြီးရုံးခန်းကပါ ထယ်ယောင်းက အုပ်ထိန်းသူမရှိလို့ ဆရာ့ကိုပဲခေါ်လိုက်ပါပြောလို့ ဖုန်းဆက်တာပါ"
"ဟုတ် ဘာလို့လဲမသိဘူး"
"ထယ်ယောင်းရန်ဖြစ်ထားလို့ အဲ့ဒါ"
တစ်ဖက်က စကားသံကြောင့် ဂျောင်ဂု မျက်လုံးပြူးကနဲဖြစ်သည်။
"ဘာ! ရန်ဖြစ်ထားတယ်ဟုတ်လား အခုချက်ချင်း လာခဲ့မယ်"
ဂျောင်ဂု တစ်ဖက်က စကားကို ဆုံးအောင် နားမထောင်တော့ဘဲ ဖုန်းကိုချကာ ကားပေါ်က ဆင်းလာသည်။ ပြေးသွားလိုက်ချင်ပေမဲ့ ခြေထောက်က ရူးလောက်အောင်နာသည်မို့ ဖြေးဖြေးမှန်မှန်သာသွားနေရသည်။ စိတ်ကသိပ်မရှည်။
ကားပါကင်နဲ့ ကျောင်းအုပ်ရုံးခန်း သိပ်မဝေးတာကြောင့် မြန်မြန်ပင်ရောက်သွားသည်။ ရုံးခန်းထဲဝင်လိုက်တာနဲ့ မျက်နှာ အပျက်ပျက်အယွင်းယွင်းနဲ့ ပုံ့ပုံ့လေးထိုင်နေသော ချစ်ရတဲ့ ကလေးငယ်ကို အရင်တွေ့လိုက်ရသည်။
"မက်မွန်ပွင့်လေး"
ဂျောင်ဂု ခေါ်သံကြောင့် ထယ်ယောင်းမှာ ချက်ချင်းခေါင်းထောင်လာကာ အရှေ့က ကျောင်းအုပ်ကြီးမျက်နှာမှမထောက်၊ ထိုင်ရာက ထပြီး ဂျောင်ဂုရင်ခွင်ထဲ ပြေးဝင်လာသည်။
"လူကြီး ဟင့်၊ ကျွန်တော့်ကို သူတို့ အနိုင်ဝိုင်းကျင့်ကြတယ်"
ငိုသံလေးစွတ်ကာ ပြောလာသော ထယ်ယောင်းကြောင့် ဂျောင်ဂုမှာ ဒေါသတို့ ထောင်းခနဲထသွားကာ ထယ်ယောင်းနောက်က ကျောင်းသားသုံးယောက်ကို ဆတ်ခနဲ လှမ်းကြည့်လိုက်သည်။
မျက်နှာနဲ့ ဦးခေါင်းမှာ အကွဲကွဲအပြဲပြဲနဲ့ စုတ်ပြတ်နေသော ကျောင်းသားသုံးယောက်။ သူတို့တော့ မဟုတ်လောက်ဘူးထင်တယ်။
"ကိုယ့်ကိုပြော၊ ဘယ်သူတွေ အနိုင်ဝိုင်းကျင့်တာလဲ"
"သူတို့"
ထယ်ယောင်းက ပြောရင်း လက်ညိုးလေး ထိုးပြရာ အနောက်က ကျောင်းသားသုံးယောက်ပဲ။ အခန်းထဲမှာလည်း ထိုသုံးယောက်၊ ထယ်ယောင်းနဲ့ဂျောင်ဂုအပြင် ကျောင်းအုပ်ကြီးသာရှိသည်လေ။
ထယ်ယောင်းကို စစ်ဆေးကြည့်လိုက်တော့ ထိခိုက်ထားတာ ဘာမှမရှိလို့ တော်သေးသည် ပြောရမည်။ ဒါပေမဲ့ ဟိုသုံးယောက်က ဘယ်လိုတွေဖြစ်နေတာလဲ ဂျောင်ဂုအဖြေရှာမရ။
"ဆရာဂျွန် ထိုင်ပါဦး"
ကျောင်းအုပ်ကြီးအသံကြားမှ ဂျောင်ဂုလည်း အတွေးတွေကိုရပ်ကာ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
"ဆရာဂျွန်က ထယ်ယောင်းရဲ့ အုပ်ထိန်းသူလား"
"ဟုတ်ပါတယ်"
"ထယ်ယောင်းက ဒီကလေးသုံးယောက်ကို ခုလိုဖြစ်အောင်လုပ်လိုက်တယ်"
ဂျောင်ဂုလည်း ထိုကျောင်းသားများကို တစ်ချက်ပြန်လှည့်ကြည့်လိုက်သည်။ အကြောင်းမရှိဘဲနဲ့တော့ ထယ်ယောင်းက ဒီလိုလုပ်မဲ့သူမဟုတ်ပါဘူး။
"လူကြီး ကျွန်တော့်ကို သူတို့ အရင်လုပ်တာပါဆို"
ထယ်ယောင်းစကားသံလေးက ဖြတ်ဝင်လာသည်။
ဂျောင်ဂုလည်း မနေသာတော့ဘဲ ကျောင်းအုပ်ဘက်ကို လှည့်ကာ
"ကျောင်းအုပ်ကြီး၊ ကျွန်တော် ထယ်ယောင်းရဲ့စကားကို အရင်နားထောင်လို့ရမလား"
ကျောင်းအုပ်ကလည်း ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်။
"ရပါတယ်၊ ထယ်ယောင်းကို ခုနကတည်းက မေးပေမဲ့ သူက ဆရာလာမှ ပြောမယ်ဆိုလို့လေ"
ကျောင်းအုပ်စကားကြောင့် ဂျောင်ဂု မသိမသာပြုံးမိသေးသည်။
"လူကြီး သိလား၊ အဲ့နှစ်ယောက်က ကျွန်တော့်ကို တစ်ဖက်စီ ချုပ်ထားပြီး အလယ်က တစ်ယောက်က လူကြီးကိုရော ကျွန်တော့်ကိုပါ စော်ကားနေတာ၊ ကျွန်တော့်ကိုပြောတာ ဘာမှမဖြစ်ပေမဲ့ လူကြီးကိုထိခိုက်လာတော့ စိတ်မထိန်းနိုင်ဘဲ သူ့ခွကြားထဲ ဖြတ်ကန်လိုက်မိတာ၊ ဒါပေမဲ့ စိတ်မပြေသေးတော့ လက်ထဲက စာအုပ်စောင်းနဲ့ ရိုက်ရင်း အဲ့လို.."
ထယ်ယောင်းက ဆက်မပြောတော့ဘဲ ခေါင်းလေးငုံ့သွားသည်။ အရေးပေါ်အခြေအနေ ဖြစ်နေပေမဲ့ သူ့ကြောင့် ရန်ဖြစ်ခဲ့တယ်ဆိုတဲ့အချက်က ဂျောင်ဂုကို ရင်ခုန်စေသည်။
နောက်ဆုံးတော့ ကျောင်းအုပ်ဆုံးဖြတ်ချက်အရ ထိုကျောင်းသားသုံးယောက်က ထယ်ယောင်းနဲ့ ဂျောင်ဂုကို တောင်းပန်ပြီး ဂျောင်ဂုကတော့ ထယ်ယောင်းကိုယ်စား ဆေးဖိုးပေးလိုက်ရသည်။
ကားပေါ်ရောက်တဲ့ထိ ထယ်ယောင်းက ဘာစကားမှ မပြောသလို ဂျောင်ဂုကလည်း တစ်ခွန်းမဟ။ ဂျောင်ဂုက ထယ်ယောင်းကို ခါးပတ်ပတ်ပေးရင်း
"ကလေးလေးက ရန်တောင်ဖြစ်တတ်နေပြီလား၊ နောက်တစ်ခါဆို မဖြစ်ရဘူး၊ မင်းကို သူတို့ ထိုးကြိတ်သွားရင် ဘယ်လိုလုပ်မလဲ"
ဂျောင်ဂုစကားကြောင့် ထယ်ယောင်းမှာ ခေါင်းလေးငုံ့သွားပြီး အင်္ကျီစလေးတွေကို လုံးချေနေသည်။
"တောင်းပန်ပါတယ်၊ ပြီးတော့ ဆေးဖိုးလည်း ပြန်ဆပ်ပါမယ်၊ လူကြီးကို အကြွေးပေးရမှာတွေ များနေပြီ"
"အကြွေးကို ငွေနဲ့မဆပ်ဘဲ ကိုယ့်ကိုပဲ ချစ်ပေးပြီး လိမ်လိမ်မာမာနေရင် ရပြီ၊ ဟုတ်ပြီလား"
အဲ့တော့မှ ခေါင်းလေးကို ညင်သာစွာငြိမ့်ပြလာသည်။
"အာ ပြီးတော့ ဒီနေ့ ကျွန်တော် အိမ်မပြန်သေးဘူး၊ ကျွန်တော်တို့ လမ်းထိပ်က ကော်ဖီဆိုင်မှာ ချပေးခဲ့နော်"
"ဘာလုပ်မလို့လဲ ကော်ဖီသောက်ချင်လို့လား"
"မဟုတ်ပါဘူး အချိန်ပိုင်းအလုပ်ရထားလို့"
ထယ်ယောင်းစကားကြောင့် ဂျောင်ဂု ဆတ်ခနဲလှည့်လာသည်။
"အချိန်ပိုင်းအလုပ် ဟုတ်လား ဘာလို့လဲ"
"ပိုက်ဆံလိုတယ်လေ ကျွန်တော် ပိုက်ဆံရှာရမှာပေါ့"
"ပိုက်ဆံလိုရင် ကိုယ်ပေးမယ်၊ အလုပ်မလုပ်နဲ့ ပင်ပန်းတယ်"
"မလိုချင်ပါဘူး၊ ကျွန်တော်လည်း ကိုယ်တိုင်ပိုက်ဆံရှာနိုင်ရမှာပေါ့၊ လူကြီးကိုပဲ အားကိုးနေလို့ မရဘူးလေ"
စိတ်ဓာတ်တက်ကြွနေသော ထယ်ယောင်းကြောင့် ဂျောင်ဂု ဘာမှ အခြေအတင်ပြောမနေတော့ဘဲ ခေါင်းငြိမ့်သဘောတူလိုက်ရသည်။ ကော်ဖီဆိုင်ဆိုတော့ အရမ်းပင်ပန်းမှာတော့မဟုတ်ပါဘူး။
ထယ်ယောင်းစကားအတိုင်း လမ်းထိပ်က ကော်ဖီဆိုင်လေးတွင် ရပ်လိုက်သည်။ ဆိုင်က စဖွင့်ခါစဖြစ်ပုံရသည်။ အပြင်အဆင်က သစ်လွင်နေကာ လူသိပ်မရှိ။
ထယ်ယောင်းနဲ့အတူ ဆိုင်ထဲဝင်လိုက်တော့ ဝယ်သူတစ်ယောက်မှတောင် မရှိ။ ဆိုင်ရှင်ဆိုသူကို ဖြတ်ခနဲ ကြည့်လိုက်တော့ ဂျောင်ဂု မျက်မှောင်တွေ အလိုလိုကုတ်မိသည်။
ထိုလူ။ မင်းသားမင်ယွန်းဂီ။
ထယ်ယောင်းကို ဘဝပျက်အောင်လုပ်တာ။
ဂျောင်ဂု တုန့်ဆိုင်းမနေဘဲ ထယ်ယောင်းနားကနေ ထွက်လာပြီး ဆိုင်ရှင်ရဲ့ လည်ပင်းကို ချက်ချင်းဆွဲကိုင်လိုက်သည်။
"ခင်ဗျားကြောင့်၊ အဓိက တရားခံက ခင်ဗျားပဲ"
ဆိုင်ရှင်မှာ ရုတ်တရက်လန့်သွားသလို ထယ်ယောင်းမှာလည်း အလန့်တကြားနဲ့ ဂျောင်ဂုကို ဆွဲရတော့သည်။
"လူ..လူကြီး ဘာလုပ်တာလဲ လွှတ်"
ထယ်ယောင်းစကားက နားထဲမဝင်တော့။ ဂျောင်ဂု မျက်လုံးတွေနီရဲလာပြီး ထိုသူရဲ့ လည်ပင်းအား တဖြည်းဖြည်းတင်းကြပ်စွာ ဆုပ်ကိုင်လာသည်။ ဆိုင်ရှင်မှာလည်း ဂျောင်ဂုလက်ကို ကမန်းကတမ်းဖယ်ရင်း အသက်ရှူကြပ်လာပုံရသည်။
"လူကြီး ဟိုမှာ ဆိုင်ရှင် သေတော့မယ်၊ ကျွန်တော် ခေါင်းဆောင်ဂျွန်ကို အရမ်းမုန်းခဲ့တာ သူက လူသတ်လို့၊ နှိပ်စက်လို့၊ အခု ကျွန်တော် လူကြီးကို မုန်းမိလိမ့်မယ်"
အနောက်ကနေ ဆက်တိုက် ထွက်လာသော အသံလေးကြောင့် ဂျောင်ဂုလည်း အလိုလိုလက်လွှတ်မိကာ ထယ်ယောင်းဘက်ကို ပြန်လှည့်လာသည်။
"ကိုယ်တောင်းပန်ပါတယ်၊ နောက်ဆို မလုပ်တော့ပါဘူး မမုန်းလိုက်ပါနဲ့ ကျေးဇူးပြုပြီး"
ကမန်းကတမ်း ထယ်ယောင်းလက်လေးတွေကိုဆုပ်ကိုင်ကာ ပြောလာသော ဂျောင်ဂုရယ်။ ထယ်ယောင်းက ဘာမှပြန်မပြောဘဲ ဂျောင်ဂုလက်ထဲမှ အတင်းရုန်းထွက်ကာ ကြမ်းပြင်ပေါ်လဲနေသော ဆိုင်ရှင်ကို ပြေးထူသည်။
"အစ်ကို အဆင်ပြေရဲ့လား"
ဆိုင်ရှင်က စကားပင်မပြောနိုင်သေး။
"လူကြီး ဘာလို့ ဒီလိုလုပ်ရတာလဲ ဟမ်? ရူးနေတာလား? မတော်တဆ သေသွားရင် ဘယ်လိုလုပ်မလဲ"
ထယ်ယောင်းအသံက အနည်းငယ်တုန်ယင်နေကာ ဒေါသထွက်နေဟန်။
"သူက မင်းကို သေစေခဲ့တဲ့သူလေ မမှတ်မိဘူးလား၊ မင်းသားမင်ယွန်းဂီ၊ မင်းကို နောက်ဆုံးချိန်ထိ မလွှတ်ပေးခဲ့ဘဲ သေဒဏ်ချတာကို ထိုင်ကြည့်နေခဲ့တဲ့သူ"
ဂျောင်ဂု ပြောနေရင်း ဒေါသထွက်လာပြန်တာကြောင့် မျက်လုံးများ ချက်ချင်းရဲတက်လာပြန်သည်။ ယွန်းဂီနဲ့တူသော ဆိုင်ရှင်နားမှာ ထယ်ယောင်းရှိနေတာကြောင့် ဘာမှတော့ မလုပ်ဖြစ်။
ငြိမ်သက်သွားသူကတော့ ထယ်ယောင်း။ ဦးနှောက်ထဲ မှတ်ဉာဏ်များက ဟိုဟိုဒီဒီပြေးနေသယောင် ရှုပ်ထွေးလာသည်။ အာရုံထဲ မင်းသားဝတ်စုံနဲ့ ဆိုင်ရှင်ပုံ ပေါ်လာတာကြောင့် မျက်လုံးကိုစုံမှိတ်ကာ လက်တစ်ဖက်နဲ့ အုပ်မိသည်။
ထယ်ယောင်းပုံစံကြောင့် ဂျောင်ဂုမှာ အနားကို အလန့်တကြားပြေးလာသည်။
"မက်မွန်ပွင့်လေး ဘာဖြစ်တာလဲ"
"ကျွန်တော် မှတ်မိသလိုလိုဖြစ်သွားလို့"
ထပ်ပြီး တခြားတစ်ယောက်ကိုပဲလား။ ကုန်သည်ဂျွန်ကို ဘယ်တော့မှ မှတ်မိမှာလဲ မက်မွန်ပွင့်လေးရ။
ဂျောင်ဂုသက်ပြင်းမသိမသာ ချမိသည်။
"ပြန်ရအောင်၊ ကိုယ် ဆိုင်ရှင်ကို ဆေးရုံပို့လိုက်မယ်"
"ခ..ခဏလေး"
ထယ်ယောင်းက စကားအထစ်ထစ်နဲ့ ခေါင်းလေးပြန်မော့လာသည်။
"လူကြီးက... ကုန်သည်လား"
မထင်မှတ်ထားသော ထယ်ယောင်းဆီမှ စကားကြောင့် ဂျောင်ဂု မျက်လုံးလေး ဝိုင်းစက်သွားကာ ထယ်ယောင်းလက်လေးကို ဆုပ်ကိုင်မိသည်။
"မှတ်မိသွားတာလား၊ အင်း ဟုတ်တယ် ကိုယ်လေ၊ ကုန်သည်ဂျွန်"
ဂျောင်ဂုက တက်ကြွစွာပြောနေပေမဲ့ ထယ်ယောင်းက ဘာမှထပ်မပြောတော့ဘဲ မျက်လုံးတစ်ဝိုက်တွင် မျက်ရည်လေးများဝေ့တက်လာသည်။
"ကုန်သည်ဂျွန်"
ထယ်ယောင်း နှုတ်ခမ်းဖျားက အသံပိစိလေး။ ဂျောင်ဂုနှလုံးသားတစ်ခုလုံး အပျော်တွေဖုံးလွှမ်းသွားတော့သည်။ ဒီအချိန်ကို စောင့်နေခဲ့ရတာ ဘယ်လောက်တောင် ကြာပြီလဲ။
တအံ့တဩဖြစ်နေသော ထယ်ယောင်း ကိုယ်လုံးလေးကို ရင်ခွင်ထဲ ဆွဲထည့်လိုက်တော့ အလိုက်သင့်လေး ပြန်ဖက်သော ထယ်ယောင်းရယ်။ ဂျောင်ဂုရင်ခွင်ထဲရောက်မှ တရှုံ့ရှုံ့နဲ့ ပိုတိုးလို့ ငိုချေပြီ။
"တောင်းပန်ပါတယ် အခုမှ သိလို့ တောင်းပန်ပါတယ် လူကြီး ဟင့်"
ငိုသံလေးစွတ်ကာ ပြောနေတဲ့ ထယ်ယောင်းကြောင့် ဂျောင်ဂု နှုတ်ခမ်းထောင့်လေး တွန့်ချိုးသွားပြီး ခေါင်းလုံးလုံးလေးကို တစ်ချက်နမ်းလိုက်သည်။
"ကျေးဇူးပါ ကိုယ့်ကို မှတ်မိပေးလို့၊ ကိုယ်မင်းကို ဘယ်လောက်တောင်စောင့်နေခဲ့ရလဲ သိပြီမလား"
ဂျောင်ဂုရဲ့ မေးခွန်းကို ထယ်ယောင်းက ရင်ခွင်ထဲကနေ ခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြရင်း အဖြေပေးသည်။
"ရေ...ရေ"
ဘေးကနေအသံကြားမှ ဂျောင်ဂုနဲ့ ထယ်ယောင်းလည်း ကြမ်းပြင်ပေါ်လဲနေသော ဆိုင်ရှင်ကို သတိရတော့သည်။
.
.
.
To Be Continued
(Zawgyi)
ေက်ာင္းဆင္းခ်ိန္မို႔ ေက်ာင္းသားေက်ာင္းသူမ်ား အလွ်ိုအလွ်ိုထြက္လာၾကသည္။ ထယ္ေယာင္းမွာေတာ့ ခုထိ ဆြဲလက္စ ပန္းခ်ီကားက လတ္စမသတ္ရေသးတာမို႔ အတန္းထဲက မထြက္ရေသး။
"ထယ္ေယာင္း မျပန္ေသးဘူးလား"
အတန္းထဲမွ ႐ုပ္ေခ်ာၿပီး လွပလြန္းေသာေကာင္မေလး တစ္ေယာက္က ထယ္ေယာင္းပုခုံးကို လာကိုင္ရင္း ေမးသည္။ ထယ္ေယာင္းလည္း ထိုေကာင္မေလးကို တစ္ခ်က္သာ ေမာ့ၾကည့္ၿပီး ပန္းခ်ီကားကို အာ႐ုံျပန္စိုက္ကာ
"ဒါေလး လတ္စသတ္ၿပီးရင္ ျပန္မွာပါ"
"လွလိုက္တာ နင္က ပန္းခ်ီဆရာလုပ္စားလို႔ရေနၿပီ၊ အဲ့ဒါ ေခ်ာက္ကမ္းပါးလား၊ တစ္ဖက္က ဘာပန္းေတြလဲ"
"မက္မြန္ပန္းေတြေလ"
ထယ္ေယာင္းဆြဲေနတာကို ထိုေကာင္မေလးက ေသခ်ာၾကည့္ေနၿပီးမွ
"ငါ့နာမည္ ယဲဂ်င္းပါ၊ ဂန္ယဲဂ်င္း"
"ကင္ထယ္ေယာင္းပါ"
"နင့္နာမည္ကို ငါသိၿပီးသားပါ"
ယဲဂ်င္းစကားေၾကာင့္ ထယ္ေယာင္း ၿပဳံး႐ုံသာ ၿပဳံးျပလိုက္သည္။ ေက်ာင္းထဲ ေက်ာင္းသားအနည္းငယ္သာ က်န္ေတာ့မွ ထိုေကာင္မေလးလည္း ထယ္ေယာင္းကို ႏႈတ္ဆက္ကာ ထြက္သြားေတာ့သည္။
ခဏအၾကာမွာပဲ ဆြဲလက္စ ပန္းခ်ီကားေလး ၿပီးသြားေတာ့သည္။ တစ္ေယာက္ထဲေစာင့္ေနရမဲ့ ေဂ်ာင္ဂုကို ေတြးမိတာေၾကာင့္ ပစၥည္းေတြ အျမန္ လြယ္အိတ္ထဲ ထည့္ကာ sketch book ကိုေတာ့ လက္ကသာ ကိုင္ရင္း အျပင္သို႔ ခပ္သြက္သြက္ေျပးထြက္လာခဲ့သည္။
"ေဟ့ ေကာင္ေလး"
ေခၚသံေၾကာင့္ ေျပးေနတဲ့ ေျခလွမ္းေတြကို ရပ္ကာ အေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ စီနီယာျဖစ္ဟန္တူေသာ ေက်ာင္းသား သုံးေယာက္။
ထိုသုံးေယာက္က ထယ္ေယာင္းနားကို ျဖည္းျဖည္းခ်င္း ေလွ်ာက္လာသည္။
"ဒီေကာင့္႐ုပ္က ဘယ္နားထူးျခားေနလို႔ ယဲဂ်င္းက တကူးတက စကား သြားေျပာရတာလဲ"
တစ္ေယာက္က ထယ္ေယာင္းမ်က္ႏွာကို ေသခ်ာစိုက္ၾကည့္ရင္းေျပာေတာ့ ေဘးက တစ္ေယာက္က ေျပာတဲ့သူအား လက္အသာတို႔ကာ
"အဲ့ဒါ ဆရာေဂ်ာင္ဂုနဲ႕တြဲေနတဲ့ ထယ္ေယာင္းေလ"
လူေရွ႕မွာတင္ ေပၚတင္ အတင္းတုတ္ေနၾကတဲ့ သုံးေယာက္ကို ၾကည့္ကာ စိတ္ရႈပ္လာတာနဲ႕ ထယ္ေယာင္းလွည့္ထြက္လာေသာ္လည္း ထိုသုံးေယာက္က ထယ္ေယာင္းေရွ႕ကေန တစ္ဖန္ ပိတ္ရပ္လိုက္သည္။
"ေနပါဦး ေကာင္ေလးရ၊ ေျပာစရာရွိတယ္ေလကြာ"
"မင္းက တစ္ေက်ာင္းလုံးက မိန္းကေလးေတြရဲ႕ တမ္းတမ္းစြဲ ဆရာကို ရေအာင္ယူၿပီး အခုေယာက္်ားေလးတိုင္း သေဘာက်ရတဲ့ ယဲဂ်င္းကိုပါ ရေအာင္ယူမလို႔လား"
"ဗ်ာ ဘာ..ဘာေတြ ေျပာ"
ထယ္ေယာင္းက မ်က္လုံးအဝိုင္းသားသာ ျဖစ္ေနၿပီး ဘာမွျပန္မေျပာမိ။ ပါးစပ္က စကားတစ္ခြန္းမွ ထြက္မလာ။
ထယ္ေယာင္းပုံစံကို ၾကည့္ကာ အေရွ႕ကသုံးေယာက္က တဟားဟားရယ္ၾကသည္။
"အျပစ္ရွိတဲ့သူက စကားထစ္ၿပီး ေၾကာက္လန႔္တတ္တယ္တဲ့ ငါတို႔ ပညာေလး နဲနဲျပလိုက္ရမလား"
အလယ္က တစ္ေယာက္က ထိုသို႔ဆိုေတာ့ ေဘးကႏွစ္ေယာက္ကလည္း မဆိုင္းမတြဘဲ ထယ္ေယာင္းကို တစ္ဖက္တစ္ခ်က္စီ ခ်ဳပ္လိုက္ၾကသည္။
"ဘာ.. ဘာလုပ္မလို႔လဲ၊ လႊတ္"
ထယ္ေယာင္း အားကုန္႐ုန္းပါေသာ္လည္း ႏွစ္ေယာက္အားကို မယွဥ္နိုင္ရွာ။ ဘယ္ေလာက္႐ုန္း႐ုန္း ေဘးက ႏွစ္ေယာက္က အၿပဳံးမပ်က္။ ေနာက္ဆုံး ေမာဟိုက္သြားပါေသာ ထယ္ေယာင္းကိုၾကည့္ကာ ရယ္ၾကျပန္သည္။
"ဒီေလာက္ေတာင္ အရည္အခ်င္းမရွိတာ ဘာလို႔ ဆရာေဂ်ာင္ဂုက ႀကိဳက္လဲမသိဘူး၊ ၾကည့္ရတာေတာ့ ကုတင္ေပၚမွာ ေကာင္းေကာင္းလုပ္ျပလို႔ထင္တယ္၊ အဲ့ဒါေၾကာင့္ ဆရာေဂ်ာင္ဂု အရမ္းႀကိဳက္သြားတာေနမွာ ဟားဟား"
ထိုသူစကားေၾကာင့္ ထယ္ေယာင္းရဲ႕ ေဒါသေတြကေထာင္းခနဲ။ သူ႕ကိုပါမက ေဂ်ာင္ဂုကိုပါ ေစာ္ကားေနေတာ့ သည္းမခံနိုင္ေတာ့။
လက္ႏွစ္ဖက္ခ်ဳပ္ထားေပမဲ့ ေျခေထာက္က လြတ္ေနေသးတာေၾကာင့္ အေရွ႕ကလူရဲ႕ ေပါင္ခြၾကားထဲကို ေျခေထာက္တစ္ဖက္နဲ႕ အရွိန္ျပင္းျပင္းကန္ထည့္လိုက္ရာ
"အားး"
ထိုသူက အသံနက္ႀကီးနဲ႕အတူ ေျမျပင္ေပၚ ေခြယိုင္က်သြားေတာ့ ထယ္ေယာင္းကို ခ်ဳပ္ထားေသာ ႏွစ္ေယာက္ကလည္း လဲက်သြားေသာ သူတို႔သူငယ္ခ်င္းကို ေျပးထူသည္။
ဒီအခ်ိန္ ထယ္ေယာင္းထြက္ေျပးလို႔ရေပမဲ့ ေဂ်ာင္ဂုကို ေျပာထားတဲ့ မေကာင္းတဲ့ေကာင္ေတြကို ဒီတိုင္းမထားနိုင္ခဲ့တာေၾကာင့္ လက္ထဲက စာအုပ္ေစာင္းနဲ႕ ထိုသူေတြကို ရိုက္ေလသည္။
"ခင္ဗ်ားတို႔က ငါ့လူႀကီးကိုမ်ား ေျပာရဲေသးတယ္ အင့္ဟာ အင့္ဟာ ေသၾကစမ္း"
လက္ကလည္းဆက္တိုက္ရိုက္ ပါးစပ္ကလည္း ဆက္တိုက္ေျပာနဲ႕ ထယ္ေယာင္း မ်က္လုံးစုံမွိတ္ကာ စိတ္တိုတိုနဲ႕ ထိုင္ေဆာ္ေတာ့သည္။
"ေဟ့ ဟိုကေလးေတြ ရန္မျဖစ္ၾကနဲ႕"
အနားက ဆရာတစ္ေယာက္ ေရာက္လာမွ ထယ္ေယာင္းအသိစိတ္ျပန္ဝင္ကာ လက္အစုံကို ရပ္တန့္လိုက္ရသည္။
.
.
အၿမဲတမ္းေစာေစာထြက္လာေနက် ထယ္ေယာင္းမွာ ဒီေန႕က်ေတာ့ ေက်ာင္းသားအားလုံးနီးပါး ကုန္တာေတာင္ မလာေသးတာေၾကာင့္ ေဂ်ာင္ဂုစိတ္ပူလာသည္။
ကားထဲကထြက္ၿပီး ေက်ာင္းထဲ လိုက္ရွာရမလား? လမ္းလြဲသြားမွာကလည္း စိုးရေသး။ မၾကာလိုက္ ေဂ်ာင္ဂုထံသို႔ ဖုန္းဝင္လာသည္။
"ဟယ္လို"
"ဆရာ ဂြၽန္ေဂ်ာင္ဂု၊ ေက်ာင္းအုပ္ႀကီး႐ုံးခန္းကပါ ထယ္ေယာင္းက အုပ္ထိန္းသူမရွိလို႔ ဆရာ့ကိုပဲေခၚလိုက္ပါေျပာလို႔ ဖုန္းဆက္တာပါ"
"ဟုတ္ ဘာလို႔လဲမသိဘူး"
"ထယ္ေယာင္းရန္ျဖစ္ထားလို႔ အဲ့ဒါ"
တစ္ဖက္က စကားသံေၾကာင့္ ေဂ်ာင္ဂု မ်က္လုံးျပဴးကနဲျဖစ္သည္။
"ဘာ! ရန္ျဖစ္ထားတယ္ဟုတ္လား အခုခ်က္ခ်င္း လာခဲ့မယ္"
ေဂ်ာင္ဂု တစ္ဖက္က စကားကို ဆုံးေအာင္ နားမေထာင္ေတာ့ဘဲ ဖုန္းကိုခ်ကာ ကားေပၚက ဆင္းလာသည္။ ေျပးသြားလိုက္ခ်င္ေပမဲ့ ေျခေထာက္က ႐ူးေလာက္ေအာင္နာသည္မို႔ ေျဖးေျဖးမွန္မွန္သာသြားေနရသည္။ စိတ္ကသိပ္မရွည္။
ကားပါကင္နဲ႕ ေက်ာင္းအုပ္႐ုံးခန္း သိပ္မေဝးတာေၾကာင့္ ျမန္ျမန္ပင္ေရာက္သြားသည္။ ႐ုံးခန္းထဲဝင္လိုက္တာနဲ႕ မ်က္ႏွာ အပ်က္ပ်က္အယြင္းယြင္းနဲ႕ ပုံ႕ပုံ႕ေလးထိုင္ေနေသာ ခ်စ္ရတဲ့ ကေလးငယ္ကို အရင္ေတြ႕လိုက္ရသည္။
"မက္မြန္ပြင့္ေလး"
ေဂ်ာင္ဂု ေခၚသံေၾကာင့္ ထယ္ေယာင္းမွာ ခ်က္ခ်င္းေခါင္းေထာင္လာကာ အေရွ႕က ေက်ာင္းအုပ္ႀကီးမ်က္ႏွာမွမေထာက္၊ ထိုင္ရာက ထၿပီး ေဂ်ာင္ဂုရင္ခြင္ထဲ ေျပးဝင္လာသည္။
"လူႀကီး ဟင့္၊ ကြၽန္ေတာ့္ကို သူတို႔ အနိုင္ဝိုင္းက်င့္ၾကတယ္"
ငိုသံေလးစြတ္ကာ ေျပာလာေသာ ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ဂုမွာ ေဒါသတို႔ ေထာင္းခနဲထသြားကာ ထယ္ေယာင္းေနာက္က ေက်ာင္းသားသုံးေယာက္ကို ဆတ္ခနဲ လွမ္းၾကည့္လိုက္သည္။
မ်က္ႏွာနဲ႕ ဦးေခါင္းမွာ အကြဲကြဲအၿပဲၿပဲနဲ႕ စုတ္ျပတ္ေနေသာ ေက်ာင္းသားသုံးေယာက္။ သူတို႔ေတာ့ မဟုတ္ေလာက္ဘူးထင္တယ္။
"ကိုယ့္ကိုေျပာ၊ ဘယ္သူေတြ အနိုင္ဝိုင္းက်င့္တာလဲ"
"သူတို႔"
ထယ္ေယာင္းက ေျပာရင္း လက္ညိုးေလး ထိုးျပရာ အေနာက္က ေက်ာင္းသားသုံးေယာက္ပဲ။ အခန္းထဲမွာလည္း ထိုသုံးေယာက္၊ ထယ္ေယာင္းနဲ႕ေဂ်ာင္ဂုအျပင္ ေက်ာင္းအုပ္ႀကီးသာရွိသည္ေလ။
ထယ္ေယာင္းကို စစ္ေဆးၾကည့္လိုက္ေတာ့ ထိခိုက္ထားတာ ဘာမွမရွိလို႔ ေတာ္ေသးသည္ ေျပာရမည္။ ဒါေပမဲ့ ဟိုသုံးေယာက္က ဘယ္လိုေတြျဖစ္ေနတာလဲ ေဂ်ာင္ဂုအေျဖရွာမရ။
"ဆရာဂြၽန္ ထိုင္ပါဦး"
ေက်ာင္းအုပ္ႀကီးအသံၾကားမွ ေဂ်ာင္ဂုလည္း အေတြးေတြကိုရပ္ကာ ထိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္။
"ဆရာဂြၽန္က ထယ္ေယာင္းရဲ႕ အုပ္ထိန္းသူလား"
"ဟုတ္ပါတယ္"
"ထယ္ေယာင္းက ဒီကေလးသုံးေယာက္ကို ခုလိုျဖစ္ေအာင္လုပ္လိုက္တယ္"
ေဂ်ာင္ဂုလည္း ထိုေက်ာင္းသားမ်ားကို တစ္ခ်က္ျပန္လွည့္ၾကည့္လိုက္သည္။ အေၾကာင္းမရွိဘဲနဲ႕ေတာ့ ထယ္ေယာင္းက ဒီလိုလုပ္မဲ့သူမဟုတ္ပါဘူး။
"လူႀကီး ကြၽန္ေတာ့္ကို သူတို႔ အရင္လုပ္တာပါဆို"
ထယ္ေယာင္းစကားသံေလးက ျဖတ္ဝင္လာသည္။
ေဂ်ာင္ဂုလည္း မေနသာေတာ့ဘဲ ေက်ာင္းအုပ္ဘက္ကို လွည့္ကာ
"ေက်ာင္းအုပ္ႀကီး၊ ကြၽန္ေတာ္ ထယ္ေယာင္းရဲ႕စကားကို အရင္နားေထာင္လို႔ရမလား"
ေက်ာင္းအုပ္ကလည္း ေခါင္းတဆတ္ဆတ္ၿငိမ့္ျပသည္။
"ရပါတယ္၊ ထယ္ေယာင္းကို ခုနကတည္းက ေမးေပမဲ့ သူက ဆရာလာမွ ေျပာမယ္ဆိုလို႔ေလ"
ေက်ာင္းအုပ္စကားေၾကာင့္ ေဂ်ာင္ဂု မသိမသာၿပဳံးမိေသးသည္။
"လူႀကီး သိလား၊ အဲ့ႏွစ္ေယာက္က ကြၽန္ေတာ့္ကို တစ္ဖက္စီ ခ်ဳပ္ထားၿပီး အလယ္က တစ္ေယာက္က လူႀကီးကိုေရာ ကြၽန္ေတာ့္ကိုပါ ေစာ္ကားေနတာ၊ ကြၽန္ေတာ့္ကိုေျပာတာ ဘာမွမျဖစ္ေပမဲ့ လူႀကီးကိုထိခိုက္လာေတာ့ စိတ္မထိန္းနိုင္ဘဲ သူ႕ခြၾကားထဲ ျဖတ္ကန္လိုက္မိတာ၊ ဒါေပမဲ့ စိတ္မေျပေသးေတာ့ လက္ထဲက စာအုပ္ေစာင္းနဲ႕ ရိုက္ရင္း အဲ့လို.."
ထယ္ေယာင္းက ဆက္မေျပာေတာ့ဘဲ ေခါင္းေလးငုံ႕သြားသည္။ အေရးေပၚအေျခအေန ျဖစ္ေနေပမဲ့ သူ႕ေၾကာင့္ ရန္ျဖစ္ခဲ့တယ္ဆိုတဲ့အခ်က္က ေဂ်ာင္ဂုကို ရင္ခုန္ေစသည္။
ေနာက္ဆုံးေတာ့ ေက်ာင္းအုပ္ဆုံးျဖတ္ခ်က္အရ ထိုေက်ာင္းသားသုံးေယာက္က ထယ္ေယာင္းနဲ႕ ေဂ်ာင္ဂုကို ေတာင္းပန္ၿပီး ေဂ်ာင္ဂုကေတာ့ ထယ္ေယာင္းကိုယ္စား ေဆးဖိုးေပးလိုက္ရသည္။
ကားေပၚေရာက္တဲ့ထိ ထယ္ေယာင္းက ဘာစကားမွ မေျပာသလို ေဂ်ာင္ဂုကလည္း တစ္ခြန္းမဟ။ ေဂ်ာင္ဂုက ထယ္ေယာင္းကို ခါးပတ္ပတ္ေပးရင္း
"ကေလးေလးက ရန္ေတာင္ျဖစ္တတ္ေနၿပီလား၊ ေနာက္တစ္ခါဆို မျဖစ္ရဘူး၊ မင္းကို သူတို႔ ထိုးႀကိတ္သြားရင္ ဘယ္လိုလုပ္မလဲ"
ေဂ်ာင္ဂုစကားေၾကာင့္ ထယ္ေယာင္းမွာ ေခါင္းေလးငုံ႕သြားၿပီး အကၤ်ီစေလးေတြကို လုံးေခ်ေနသည္။
"ေတာင္းပန္ပါတယ္၊ ၿပီးေတာ့ ေဆးဖိုးလည္း ျပန္ဆပ္ပါမယ္၊ လူႀကီးကို အေႂကြးေပးရမွာေတြ မ်ားေနၿပီ"
"အေႂကြးကို ေငြနဲ႕မဆပ္ဘဲ ကိုယ့္ကိုပဲ ခ်စ္ေပးၿပီး လိမ္လိမ္မာမာေနရင္ ရၿပီ၊ ဟုတ္ၿပီလား"
အဲ့ေတာ့မွ ေခါင္းေလးကို ညင္သာစြာၿငိမ့္ျပလာသည္။
"အာ ၿပီးေတာ့ ဒီေန႕ ကြၽန္ေတာ္ အိမ္မျပန္ေသးဘူး၊ ကြၽန္ေတာ္တို႔ လမ္းထိပ္က ေကာ္ဖီဆိုင္မွာ ခ်ေပးခဲ့ေနာ္"
"ဘာလုပ္မလို႔လဲ ေကာ္ဖီေသာက္ခ်င္လို႔လား"
"မဟုတ္ပါဘူး အခ်ိန္ပိုင္းအလုပ္ရထားလို႔"
ထယ္ေယာင္းစကားေၾကာင့္ ေဂ်ာင္ဂု ဆတ္ခနဲလွည့္လာသည္။
"အခ်ိန္ပိုင္းအလုပ္ ဟုတ္လား ဘာလို႔လဲ"
"ပိုက္ဆံလိုတယ္ေလ ကြၽန္ေတာ္ ပိုက္ဆံရွာရမွာေပါ့"
"ပိုက္ဆံလိုရင္ ကိုယ္ေပးမယ္၊ အလုပ္မလုပ္နဲ႕ ပင္ပန္းတယ္"
"မလိုခ်င္ပါဘူး၊ ကြၽန္ေတာ္လည္း ကိုယ္တိုင္ပိုက္ဆံရွာနိုင္ရမွာေပါ့၊ လူႀကီးကိုပဲ အားကိုးေနလို႔ မရဘူးေလ"
စိတ္ဓာတ္တက္ႂကြေနေသာ ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ဂု ဘာမွ အေျခအတင္ေျပာမေနေတာ့ဘဲ ေခါင္းၿငိမ့္သေဘာတူလိုက္ရသည္။ ေကာ္ဖီဆိုင္ဆိုေတာ့ အရမ္းပင္ပန္းမွာေတာ့မဟုတ္ပါဘူး။
ထယ္ေယာင္းစကားအတိုင္း လမ္းထိပ္က ေကာ္ဖီဆိုင္ေလးတြင္ ရပ္လိုက္သည္။ ဆိုင္က စဖြင့္ခါစျဖစ္ပုံရသည္။ အျပင္အဆင္က သစ္လြင္ေနကာ လူသိပ္မရွိ။
ထယ္ေယာင္းနဲ႕အတူ ဆိုင္ထဲဝင္လိုက္ေတာ့ ဝယ္သူတစ္ေယာက္မွေတာင္ မရွိ။ ဆိုင္ရွင္ဆိုသူကို ျဖတ္ခနဲ ၾကည့္လိုက္ေတာ့ ေဂ်ာင္ဂု မ်က္ေမွာင္ေတြ အလိုလိုကုတ္မိသည္။
ထိုလူ။ မင္းသားမင္ယြန္းဂီ။
ထယ္ေယာင္းကို ဘဝပ်က္ေအာင္လုပ္တာ။
ေဂ်ာင္ဂု တုန႔္ဆိုင္းမေနဘဲ ထယ္ေယာင္းနားကေန ထြက္လာၿပီး ဆိုင္ရွင္ရဲ႕ လည္ပင္းကို ခ်က္ခ်င္းဆြဲကိုင္လိုက္သည္။
"ခင္ဗ်ားေၾကာင့္၊ အဓိက တရားခံက ခင္ဗ်ားပဲ"
ဆိုင္ရွင္မွာ ႐ုတ္တရက္လန႔္သြားသလို ထယ္ေယာင္းမွာလည္း အလန႔္တၾကားနဲ႕ ေဂ်ာင္ဂုကို ဆြဲရေတာ့သည္။
"လူ..လူႀကီး ဘာလုပ္တာလဲ လႊတ္"
ထယ္ေယာင္းစကားက နားထဲမဝင္ေတာ့။ ေဂ်ာင္ဂု မ်က္လုံးေတြနီရဲလာၿပီး ထိုသူရဲ႕ လည္ပင္းအား တျဖည္းျဖည္းတင္းၾကပ္စြာ ဆုပ္ကိုင္လာသည္။ ဆိုင္ရွင္မွာလည္း ေဂ်ာင္ဂုလက္ကို ကမန္းကတမ္းဖယ္ရင္း အသက္ရႉၾကပ္လာပုံရသည္။
"လူႀကီး ဟိုမွာ ဆိုင္ရွင္ ေသေတာ့မယ္၊ ကြၽန္ေတာ္ ေခါင္းေဆာင္ဂြၽန္ကို အရမ္းမုန္းခဲ့တာ သူက လူသတ္လို႔၊ ႏွိပ္စက္လို႔၊ အခု ကြၽန္ေတာ္ လူႀကီးကို မုန္းမိလိမ့္မယ္"
အေနာက္ကေန ဆက္တိုက္ ထြက္လာေသာ အသံေလးေၾကာင့္ ေဂ်ာင္ဂုလည္း အလိုလိုလက္လႊတ္မိကာ ထယ္ေယာင္းဘက္ကို ျပန္လွည့္လာသည္။
"ကိုယ္ေတာင္းပန္ပါတယ္၊ ေနာက္ဆို မလုပ္ေတာ့ပါဘူး မမုန္းလိုက္ပါနဲ႕ ေက်းဇူးျပဳၿပီး"
ကမန္းကတမ္း ထယ္ေယာင္းလက္ေလးေတြကိုဆုပ္ကိုင္ကာ ေျပာလာေသာ ေဂ်ာင္ဂုရယ္။ ထယ္ေယာင္းက ဘာမွျပန္မေျပာဘဲ ေဂ်ာင္ဂုလက္ထဲမွ အတင္း႐ုန္းထြက္ကာ ၾကမ္းျပင္ေပၚလဲေနေသာ ဆိုင္ရွင္ကို ေျပးထူသည္။
"အစ္ကို အဆင္ေျပရဲ႕လား"
ဆိုင္ရွင္က စကားပင္မေျပာနိုင္ေသး။
"လူႀကီး ဘာလို႔ ဒီလိုလုပ္ရတာလဲ ဟမ္? ႐ူးေနတာလား? မေတာ္တဆ ေသသြားရင္ ဘယ္လိုလုပ္မလဲ"
ထယ္ေယာင္းအသံက အနည္းငယ္တုန္ယင္ေနကာ ေဒါသထြက္ေနဟန္။
"သူက မင္းကို ေသေစခဲ့တဲ့သူေလ မမွတ္မိဘူးလား၊ မင္းသားမင္ယြန္းဂီ၊ မင္းကို ေနာက္ဆုံးခ်ိန္ထိ မလႊတ္ေပးခဲ့ဘဲ ေသဒဏ္ခ်တာကို ထိုင္ၾကည့္ေနခဲ့တဲ့သူ"
ေဂ်ာင္ဂု ေျပာေနရင္း ေဒါသထြက္လာျပန္တာေၾကာင့္ မ်က္လုံးမ်ား ခ်က္ခ်င္းရဲတက္လာျပန္သည္။ ယြန္းဂီနဲ႕တူေသာ ဆိုင္ရွင္နားမွာ ထယ္ေယာင္းရွိေနတာေၾကာင့္ ဘာမွေတာ့ မလုပ္ျဖစ္။
ၿငိမ္သက္သြားသူကေတာ့ ထယ္ေယာင္း။ ဦးေႏွာက္ထဲ မွတ္ဉာဏ္မ်ားက ဟိုဟိုဒီဒီေျပးေနသေယာင္ ရႈပ္ေထြးလာသည္။ အာ႐ုံထဲ မင္းသားဝတ္စုံနဲ႕ ဆိုင္ရွင္ပုံ ေပၚလာတာေၾကာင့္ မ်က္လုံးကိုစုံမွိတ္ကာ လက္တစ္ဖက္နဲ႕ အုပ္မိသည္။
ထယ္ေယာင္းပုံစံေၾကာင့္ ေဂ်ာင္ဂုမွာ အနားကို အလန႔္တၾကားေျပးလာသည္။
"မက္မြန္ပြင့္ေလး ဘာျဖစ္တာလဲ"
"ကြၽန္ေတာ္ မွတ္မိသလိုလိုျဖစ္သြားလို႔"
ထပ္ၿပီး တျခားတစ္ေယာက္ကိုပဲလား။ ကုန္သည္ဂြၽန္ကို ဘယ္ေတာ့မွ မွတ္မိမွာလဲ မက္မြန္ပြင့္ေလးရ။
ေဂ်ာင္ဂုသက္ျပင္းမသိမသာ ခ်မိသည္။
"ျပန္ရေအာင္၊ ကိုယ္ ဆိုင္ရွင္ကို ေဆး႐ုံပို႔လိုက္မယ္"
"ခ..ခဏေလး"
ထယ္ေယာင္းက စကားအထစ္ထစ္နဲ႕ ေခါင္းေလးျပန္ေမာ့လာသည္။
"လူႀကီးက... ကုန္သည္လား"
မထင္မွတ္ထားေသာ ထယ္ေယာင္းဆီမွ စကားေၾကာင့္ ေဂ်ာင္ဂု မ်က္လုံးေလး ဝိုင္းစက္သြားကာ ထယ္ေယာင္းလက္ေလးကို ဆုပ္ကိုင္မိသည္။
"မွတ္မိသြားတာလား၊ အင္း ဟုတ္တယ္ ကိုယ္ေလ၊ ကုန္သည္ဂြၽန္"
ေဂ်ာင္ဂုက တက္ႂကြစြာေျပာေနေပမဲ့ ထယ္ေယာင္းက ဘာမွထပ္မေျပာေတာ့ဘဲ မ်က္လုံးတစ္ဝိုက္တြင္ မ်က္ရည္ေလးမ်ားေဝ့တက္လာသည္။
"ကုန္သည္ဂြၽန္"
ထယ္ေယာင္း ႏႈတ္ခမ္းဖ်ားက အသံပိစိေလး။ ေဂ်ာင္ဂုႏွလုံးသားတစ္ခုလုံး အေပ်ာ္ေတြဖုံးလႊမ္းသြားေတာ့သည္။ ဒီအခ်ိန္ကို ေစာင့္ေနခဲ့ရတာ ဘယ္ေလာက္ေတာင္ ၾကာၿပီလဲ။
တအံ့တဩျဖစ္ေနေသာ ထယ္ေယာင္း ကိုယ္လုံးေလးကို ရင္ခြင္ထဲ ဆြဲထည့္လိုက္ေတာ့ အလိုက္သင့္ေလး ျပန္ဖက္ေသာ ထယ္ေယာင္းရယ္။ ေဂ်ာင္ဂုရင္ခြင္ထဲေရာက္မွ တရႈံ႕ရႈံ႕နဲ႕ ပိုတိုးလို႔ ငိုေခ်ၿပီ။
"ေတာင္းပန္ပါတယ္ အခုမွ သိလို႔ ေတာင္းပန္ပါတယ္ လူႀကီး ဟင့္"
ငိုသံေလးစြတ္ကာ ေျပာေနတဲ့ ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ဂု ႏႈတ္ခမ္းေထာင့္ေလး တြန႔္ခ်ိဳးသြားၿပီး ေခါင္းလုံးလုံးေလးကို တစ္ခ်က္နမ္းလိုက္သည္။
"ေက်းဇူးပါ ကိုယ့္ကို မွတ္မိေပးလို႔၊ ကိုယ္မင္းကို ဘယ္ေလာက္ေတာင္ေစာင့္ေနခဲ့ရလဲ သိၿပီမလား"
ေဂ်ာင္ဂုရဲ႕ ေမးခြန္းကို ထယ္ေယာင္းက ရင္ခြင္ထဲကေန ေခါင္းေလးတဆတ္ဆတ္ၿငိမ့္ျပရင္း အေျဖေပးသည္။
"ေရ...ေရ"
ေဘးကေနအသံၾကားမွ ေဂ်ာင္ဂုနဲ႕ ထယ္ေယာင္းလည္း ၾကမ္းျပင္ေပၚလဲေနေသာ ဆိုင္ရွင္ကို သတိရေတာ့သည္။
.
.
.
To Be Continued