အပိုင္း ၂၂
Zawgyi
ေ႐ွာင္းလီ ဒီလိုအေျခအေနမ်ိဳးေတြ ဘယ္ႏွျကိမ္ေလာက္ၾကံဳဖူးခဲ့လဲ၊ တျခားသူေ႐ွ႕ဆို ဘယ္လိုေနထိုင္ရမလဲဆိုတာ သူ႔ကိုယ္သူျပန္ေမးေနမိတယ္။ အခု က်န္းကြၽင္းကြၽင္းဆိုတဲ့ အမ်ိဳးသမီးကို သူေတြ႔ေတာ့ ဘာရယ္မဟုတ္နည္းနည္း လန္႔ေနမိတယ္။
က်န္းကြၽင္းကြၽင္းက အေရာင္ခပ္ရင့္ရင့္ အက်ႌကိုဝတ္ထားၿပီးဆံပင္ကုိ အေျပာင္သိမ္းကာ သူမဆံေကသာထက္မွာ လိုက္ဖက္တင့္တယ္ေနတဲ့ ဆံထံုးလွလွေလးကို ထံုးဖြဲ႔ထားတယ္။ သူမက တည္တည္ၿငိမ္ၿငိမ္ အိေႃႏၵ႐ွိ႐ွိနဲ႔ စားပြဲေပၚက ဖိုင္တြဲေတြကို လွန္ေလွာၾကည့္႐ႈေနတယ္။ ထို႔ေနာက္ သူမရဲ႕ေရႊကိုင္းတပ္မ်က္မွန္ကို ခြၽတ္ကာ ေ႐ွာင္းလီကိုၾကည့္တယ္။
" မဟုတ္ဘူး "
" ကြ်န္ေတာ့္ကို ႐ွင္းျပေပးႏိုင္မလား "
" ဒါကိုၾကည့္လိုက္ "
က်န္းကြၽင္းကြၽင္းက ဓာတ္ပံုတစ္ပံုကုိ သူမရဲ႕လက္ညိွဳးနဲ႔ ေ႐ွာင္းလီေ႐ွ႕ တြန္းပို႔လိုက္တယ္။
" မေသမခ်င္း လည္ပင္းညႇစ္သတ္တာ၊ ဂုတ္ခ်ိဳးသတ္တာမ်ိဳးက ေၾကးစားလူသတ္သမားေတြ သိပ္သေဘာက်တဲ့နည္းပဲ။ လြယ္ကူ႐ိုး႐ွင္းလို႔ေလ။ သူတို႔က ဘာလို႔ ေရခ်ိဳးခန္းထဲက သားေကာင္ကို ေသနတ္ထုတ္ႏိုင္ေလာက္တဲ့ အခ်ိန္မ်ိဳး ေပးမွာလဲ။ "
သူမက ဖိုင္ေတြကိုထပ္ကာ လွန္ေလွာေနျပန္တယ္။
" ဒီဒ႐ိုင္ဘာ..."
သူမက မႈခင္းေဆးဘက္ဆိုင္ရာ အစီအရင္ခံစာကို ဆြဲထုတ္ျပကာ ေျပာတယ္။
" သူက လည္ပင္းကို ေတာ္ေတာ္ေလး နက္တဲ့အထိ အလီွးခံလိုက္ရေပမယ့္ ေသေတာ့မသြားဘူး။ က်စ္....... အထက္တန္းေက်ာင္းသားေတြေတာင္ ဒီလူသတ္သမားထက္ ပိုေတာ္ဦးမယ္။ သူ႔လည္ပင္းက ဒဏ္ရာက အခြ်န္နဲ႔ အထိုးခံရလို႔ရတဲ့ဒဏ္ရာဆိုတာ အ့ံျသစရာပဲ။ ကြၽန္မသာဆို......"
သူမရဲ႕ႏႈတ္ခမ္းေထာင့္မွာ ရက္စက္တဲ့အျပံဳးတစ္ခု ေကြးတက္သြားကာသူမလည္ပင္းကို လက္ေခ်ာင္းနဲ႔ က်က္သေရ႐ွိ႐ွိ ခပ္ျမန္ျမန္ တစ္ခ်က္ဆြဲျပတယ္။
" အဲ့လိုဆို သားေကာင္က အသံတစ္ခ်က္ေတာင္မထြက္ႏိုင္ပဲ တျဖည္းျဖည္းနဲ႔ေသသြားမွာ က်ိန္းေသပဲ။ ပိုေကာင္းတာက ေသြးေတြလည္း ပိုၿပီးလွလွပပထြက္လာမယ္။ "
ေ႐ွာင္းလီကေတာ့ မ်က္ခံုးႏွစ္ဖက္ကို တြန္႔႐ႈံ႕လို႔ စုစည္းထားတယ္။
" ဒီVan ကားကိုၾကည့္လိုက္။ ေမာ္ဒယ္ကလည္းေဟာင္းေနၿပီ။ ကားတံခါးကလည္းေကာင္းေကာင္းမေစ့ႏိုင္ဘူး။ ကားကိုယ္ထည္ကလည္း ယြဲေနၿပီ။ ကားထဲမွာ လူတစ္ေယာက္ကို မီးခိုးမႊန္ၿပီးေသေအာင္သတ္တာထက္ အရယ္လြန္ေအာင္လုပ္ၿပီး သတ္တာကမွ ေတာ္ဦးမယ္။ လမ္းေဘးမွာ ေခ်ာင္ထိုးထားရမယ့္ကားစုတ္ႀကီး။ "
က်န္းကြၽင္းကြၽင္းသက္ျပင္း႐ွည္ႀကီးခ်ကာ ဖိုင္တခ်ိဳ႕ကို ေကာက္ကိုင္လိုက္တယ္။
" ၿပီးေတာ့ဒီလို ဘားမွာသံုးတဲ့ေဆးမ်ိဳးနဲ႔ သားေကာင္ကိုျပန္ေပးဆြဲခ်င္ေသးတယ္။ ေစာက္ရမ္းကိုရယ္ရတယ္။ ကြၽန္မသာ အဲ့အလုပ္ကအနားမယူခဲ့ဘူးဆိုရင္ အပ္ေလးတစ္ခ်က္ထိုးရံုနဲ႔ သားေကာင္ကိုလႈပ္မရေအာင္ လုပ္ႏိုင္တယ္။
႐ွင္ဘယ္လိုမ်ားျပတင္းေပါက္ကခုန္ခ်ၿပီး အေဝးႀကီးကိုထြက္ေျပးႏိုင္မွာတဲ့လဲ။ အဲ့ဒါထက္ အလြတ္တန္းလူသတ္သမားေတြမွာ သူတို႔ရဲ႕ကိုယ္ပိုင္ သတ္နည္းသတ္ဟန္ေတြ႐ွိတယ္။
ဓားသံုးတဲ့သူလည္း႐ွိသလို အဆိပ္သံုးတဲ့လူလည္း႐ွိေပမယ့္ အမွန္အတိုင္းေျပာရရင္ သူတို႔က တစ္ေယာက္နဲ႔တစ္ေယာက္ တေစာင္းနဲ႔မ်က္ေခ်းပဲ။ အခုက် ဘယ္လိုမ်ား အတူပူးေပါင္းၿပီးလႈပ္႐ွားခိုင္းလိုက္လဲမသိဘူး။ "
သူမက ဖိုင္ေတြကို ျပန္စီလိုက္ကာ ေခါင္းကိုအသာအယာခါတယ္။
" ပစၥည္းအစုတ္ေတြ၊ ခ်ာတူးလန္စေကးေတြနဲ႔ ဘယ္လိုေၾကးစားလူသတ္သမားပါလိမ့္။ မစၥတာေ႐ွာင္း..႐ွင္စိုးရိမ္စရာမလိုပါဘူး။
ကြၽန္မအေတြ႔အၾကံဳအရ တစ္ဖက္အဖြဲ႔က ႐ွင့္လိုေျမေအာက္ဒုစ႐ိုက္ေလာက ကပဲေနမွာ။ ႐ွင့္ကိုမ်က္စိစပါးေမႊးစူးေနတဲ့ တစ္ေယာက္ေယာက္က ပညာေပးခ်င္ေနတာ ျဖစ္မွာေပါ့။ ဒါေပမယ့္ သူတို႔က ႐ွင့္အေပါင္းအပါေတြကိုေတာ့ ေၾကာက္ၾကတယ္ေနာ္.......
သူတို႔ကို ျပန္ေဆာ္ႏိုင္တဲ့ ႐ွင့္လုပ္ေဖာ္ကိုင္ဖက္ေတြကိုေလ။ အဲ့ဒါေၾကာင့္ သူတို႔ခမ်ာ ႐ွင့္ကိုပညာျပခ်င္တာေတာင္ သူတို႔ကိုေနာက္ေယာင္ခံလိုက္လို႔မရေအာင္ အလြတ္တန္းလူသတ္သမားကိုငွါးၿပီးလုပ္ၾကံရတာပဲ။ "
သူမက ေျပာစရာ႐ွိတာေျပာၿပီးတာနဲ႔ ဖိုင္ေတြကိုစာအိတ္ထဲထည့္ကာ ေ႐ွာင္းလီေ႐ွ႕ သူမရဲ႕သြယ္လ်လ်လက္ေခ်ာင္းေလးေတြနဲ႔ တြန္းပို႔လိုက္တယ္။
" ႏွေျမာစရာပဲ.... "
" ဘာလို႔လဲ။ "
" ႐ွင္ကေတာ့ ႐ွင့္ကို ကြၽမ္းက်င္လူသတ္သမားက မ်က္စိက်ေနတယ္ထင္ၿပီး ကြၽန္မကို သက္ေတာ္ေစာင့္အေနနဲ႔ငွါးဖို႔ေတြးေနတာမွတ္လား။ ၿပီးေတာ့ ကြၽန္မကို အသားယူဖို႔စဥ္းစားေနတာမဟုတ္လား။ "
က်န္းကြၽင္းကြၽင္းက လက္တစ္ဖက္ကိုပိုက္ကာ က်န္လက္တစ္ဖက္နဲ႔ သူမရဲ႕ေမးေစ့ကို ေထာက္ထားတယ္။ထို႔ေနာက္ သူမရဲ႕မ်က္ခံုးတို႔ကို ပမာမခန္႔စြာ ပင့္တင္လိုက္ၿပီး ေ႐ွာင္းလီကို ငဲ့ေစာင္းၾကည့္လိုက္တယ္။
" စိတ္မပူပါနဲ႔။ တကယ္သာ ကြၽမ္းက်င္လူသတ္သမားဆိုရင္ ဒီတစ္ခါ ၾကံစည္တာ မေအာင္ျမင္ေပမယ့္ ေအာင္ျမင္တဲ့အထိ႐ွင့္ကိုလိုက္႐ွာၿပီး လုပ္ၾကံေနမွာက်ိန္းေသေပါ့။ တျခားေျမေအာက္ေလာကက အဖြဲ႔ဆိုရင္ေတာ့ ႐ွင္သူတို႔ကို သိသြားမွာေၾကာက္ေနမွာပဲ။
သူတို႔လုပ္ၾကံတာ မေအာင္ျမင္ခဲ့ေတာ့ ကြၽန္မအထင္ ေလာေလာဆယ္သူတို႔ အရိပ္အေျခအကဲခတ္ၿပီး ေစာင့္ၾကည့္ေနဦးမွာပဲ။ ႐ွင္လည္း တစ္ခဏေတာ့စိတ္ေအးရတာေပါ့။ "
က်န္းကြၽင္းကြၽင္းက သူမရဲ႕မ်က္လံုးေတြကိုေမွးက်ဥ္းကာ ေျပာေလတယ္။
ေ႐ွာင္းလီ သူမကို အျပံဳးနဲ႔ျပန္ၾကည့္လိုက္တယ္။
" မင္းအတြက္ တိုင္ပင္ေဆြးေႏြးခကို ေကာင္းေကာင္းေလး ေပးမွာပါ။
မစၥက်န္းလို ေျမေအာက္ေလာကနဲ႔ လူသတ္အဖဲြ႔အစည္းရဲ႕ လႈပ္႐ွားမႈေတြအေၾကာင္း ဗဟုသုတမ်ားတဲ့သူဆိုတာ ခပ္႐ွား႐ွားရယ္။ ဒါေပမယ့္ ကြၽန္ေတာ္က ခင္ဗ်ားလို လူမ်ိဳးေတြကို သိပ္ေတာ့သေဘာမက်ဘူးဗ်။
အေႏွာင့္အယွက္ေပးမိတာ ေတာင္းပန္ပါတယ္။ အခု သြားလို႔ရပါၿပီ။ "
" အိုး...႐ွင္က သက္ေတာ္ေစာင့္ေတြ လူသတ္သမားေတြကို သေဘာမက်ေပမယ့္ ေျမေအာက္ေလာက,ကလူေတြကိုေတာ့ သေဘာက်မွာပါ။ "
က်န္းကြၽင္းကြၽင္း သူမအက်ႌရဲ႕ အေပၚၾကယ္သီးႏွစ္လံုးကိုျဖဳတ္လိုက္တယ္။ထိုင္ေနရာကထကာ ဆံထံုးကိုေျဖခ်လိုက္ၿပီး မ်က္မွန္ကို ခြၽတ္လိုက္တယ္။ စားပြဲေပၚကိုယ္ကိုကိုင္းကာ ေ႐ွာင္းလီနားတိုးကပ္လိုက္ၿပီး သူမႏႈတ္ခမ္းေထာင့္ကို လ်ွာနဲ႔သပ္ျပတယ္။
" စမ္းၾကည့္လို႔ အ႐ႈံးမ႐ွိပါဘူးေနာ္ "
ေ႐ွာင္းလီေခါင္းေမာ့ကာ သူမရဲ႕ေမးေစ့ကိုဖမ္းကိုင္လိုက္္တယ္။ သူ႔မ်က္လံုးေတြက သူမမ်က္ႏွာတစ္ျပင္လံုးကို ေဝ့ဝိုက္ၾကည့္လိုက္ၿပီး ျဖည္းျဖည္းခ်င္းေျပာလိုက္တယ္။
" ေကာင္းၿပီေလ။ ေျမေအာက္ေလာကအေၾကာင္း ခင္ဗ်ားဘယ္ေလာက္သိလဲ ၾကည့္ရေသးတာေပါ့။ "
က်န္းကြၽင္းကြၽင္းက ေခါင္းကို ခပ္ျဖည္းျဖည္းေစာင္းၿပီး ေ႐ွာင္းလီရဲ႕နားရြက္ကို လ်က္လိုက္တယ္။
" ဟင္းဟင္း...ေျမေအာက္ေလာကနဲ႔ကြၽန္မဆိုတာက ခြဲလို႔ကိုမရဘူး။ "
ေ႐ွာင္းလီမ်က္လံုးေတြေမွးက်ဥ္းကာ လက္ေတြကို သူမအက်ႌထဲပို႔လိုက္တယ္။
" ေျသာ္..... "
-----------------------------------
ခ်ီ႐ႈိ႕ယြမ္ ေက်ာင္းေ႐ွ႕ကိုထြက္လာေတာ့ ေ႐ွာင္းလီတစ္ေယာက္ လမ္းတစ္ဖက္ျခမ္းက သစ္ပင္ေအာက္မွာ ရပ္ေနတာကိုေတြ႔လိုက္ရတယ္။ သူဝတ္ေနက်ပံုစံနဲ႔မတူစြာ ဂ်င္းေဘာင္းဘီနဲ႔႐ွပ္အက်ႌကို ဝတ္ဆင္လ်က္ လက္ကိုေတာ့ ေဘာင္းဘီအိတ္ထဲထည့္ထားတယ္။ ေက်ာင္းဂိတ္ေပါက္ကို ၾကည့္ရင္း မတ္မတ္ရပ္ေနေလတယ္။
ခ်ီ႐ႈိ႕ယြမ္ ႐ုတ္တရက္ အ့ံအားသင့္မႈေတြေပါက္ကြဲထြက္ကုန္တယ္။ သူ႔ကားဆီမသြားပဲ လမ္းကိုျမန္ျမန္ကူးလိုက္တယ္။
" ကိုယ့္ကိုဘာလို႔ ဖုန္းမေခၚလိုက္တာလဲ။ "
သူအျပံဳးေလးနဲ႔ေမးလိုက္တယ္။
ဒါေပမယ့္ ေ႐ွာင္းလီကေတာ့ ျပံဳးရယ္ျခင္းလည္းမ႐ွိသလို စကားလည္း ျပန္မေျပာပဲ လွည့္ထြက္သြားတယ္။
" ေဟး....ဘာေတြျဖစ္ေနတာလဲ "
ခ်ီ႐ႈိ႕ယြမ္ ဘာမွန္းမသိပဲ ေနာက္ကလိုက္သြားမိတယ္။
" မင္း စိတ္မၾကည္ဘူးလား "
" ဟုတ္တယ္ "
ေ႐ွာင္းလီျပန္ေျဖလိုက္တယ္။
" ဘာေတြျဖစ္တာလဲ "
" ဒီေန႔ငါ့ကို မိန္းမတစ္ေယာက္က လာ႐ွာတယ္။ "
ေရွာင္းလီအသံက အနိမ့္အျမင့္မ႐ွိပဲ နည္းနည္းထူးဆန္းေနတယ္။
" သူက ငါတကယ္မုန္းတဲ့ကိစၥတစ္ခုကို လာေျပာသြားတယ္။ "
" ဘာလာေျပာသြားတာလဲ "
ေ႐ွာင္းလီက တစ္ဖန္ႏႈတ္ဆိတ္သြားကာ ေ႐ွ႕ကိုသြားေနတဲ့ ေျခလွမ္းကိုပိုျမန္လိုက္တယ္။
ေ႐ွာင္းလီကိုၾကည့္ရတာ ဘာမွထပ္ေမးလို႔ရမယ့္ပံုမေပၚလို႔ ခ်ီ႐ႈိ႕ယြမ္လည္း ပါးစပ္ပိတ္ၿပီးေနာက္က လိုက္သြားလိုက္တယ္။
သူတို႔ စကားမေျပာပဲလမ္းေလ်ွာက္လာတာ နာရီဝက္ေလာက္ၾကာလာတယ္။ ေလ်ွာက္ေလေလ ေနရာက လူျပတ္ေလေလျဖစ္လာၿပီး လမ္းေတြကလည္း ပိုက်ဥ္းလာတယ္။
ခ်ီ႐ႈိ႕ယြမ္လည္း ေနာက္ေဖးလမ္းၾကားတစ္ခုေရာက္တဲ့အထိ ေ႐ွာင္းလီေနာက္လိုက္လာခဲ့ေပမယ့္ သည္းမခံႏိုင္တဲ့အဆံုးထုတ္ေျပာေတာ့တယ္။
" ေ႐ွာင္းလီ...မင္းတကယ္ ဘာ.... "
ေ႐ွာင္းလီ ႐ုတ္တရက္ႀကီး ေခါင္းကိုလွည့္လာကာ ခ်ီ႐ႈိ႕ယြမ္ ေမးေစ့ကို ထိုးခ်လိုက္တယ္။
သူ႔လက္သီးက အေတာ္ေလးအားပါတာျဖစ္လို႔ ခ်ီ႐ႈိ႕ယြမ္ ယိုင္သြားကာ ေဘးကနံရံနဲ႔ ေဆာင့္မိသြားတယ္။ ေျခမခိုင္ေတာ့ပဲ ေနာက္ကိုေျခတစ္ခ်က္ယိုင္သြားကာ ေျမျပင္ေပၚလဲက်သြားေတာ့တယ္။ သူ႔ပါးစပ္ထဲမွာ ေသြးအရသာရလာၿပီး ႏႈတ္ခမ္းေထာင့္က ေသြးေတြက ေမးကိုစီးက်လာတယ္။
ခ်ီ႐ႈိ႕ယြမ္ ရုတ္တရက္ အားျပင္းျပင္းနဲ႔လဲက်သြားတာျဖစ္လို႔ အျမင္ေတြပါေဝဝါးလာတယ္။
အားတင္းၿပီး နံရံကိုတံေတာင္နဲ႔ေထာက္ကာ ထဖို႔ႀကိဳးစားလိုက္ေပမယ့္ သူထေတာင္မထရေသးခင္မွာပဲ ေ႐ွာင္းလီက သူ႔ေ႐ွ႕မွာထိုင္ခ်လိုက္တယ္။
သူတို႔ႏွစ္ေယာက္ၾကား ေလေအးေတြက ျဖတ္တိုက္လို႔.....
ခ်ီ႐ႈိ႕ယြမ္ မူးေနာက္မႈေတြလြင့္စင္သြားေအာက္ ေခါင္းကို ခါခ်လိုက္တယ္။ သူအျမင္ေတြျပန္ၾကည္လာခ်ိန္ သူ႔မ်က္ခံုးႏွစ္ခုၾကားေနရာကို တည့္တည့္ခ်ိန္ထားတဲ့ ေသနတ္ေျပာင္းဝကို ျမင္လိုက္ရတယ္။
" ခ်ီ႐ႈိ႕ယြမ္ လူေတြငါ့ကိုလိမ္တာကို ငါအမုန္းဆံုးပဲ.... "
ခ်ီ႐ႈိ႕ယြမ္ မ်က္ေစ့ေ႐ွ႕မွာတင္ပဲ ေ႐ွာင္းလီက ေသနတ္ေမာင္းကို ျဖည္းျဖည္းခ်င္း တင္လိုက္တယ္။
ေ႐ွာင္းလီရဲ႕မ်က္ဝန္းထဲက နက္နက္႐ႈိင္း႐ႈိင္း လူသတ္လိုတဲ့အရိပ္အေယာင္ေတြကို ခ်ီ႐ႈိ႕ယြမ္ တစ္ခါမွ မျမင္ေတြ႔ခဲ့ဖူးဘူး။ ထို႔ေနာက္ သူ႔ရဲ႕ သူမ်ားကို ေသေစႏိုင္တဲ့အထိ ေအးခဲသြားေလာက္တဲ့ ေအးစက္စက္ေလသံနဲ႔
" ငါ့ကို ျပန္ေျပာစမ္း....မင္းအဘိုးက ဘယ္သူလဲဆိုတာ "
---------------------------------------------------------
အပိုင်း ၂၂
Unicode
ရှောင်းလီ ဒီလိုအခြေအနေမျိုးတွေ ဘယ်နှကြိမ်လောက်ကြုံဖူးခဲ့လဲ၊ တခြားသူရှေ့ဆို ဘယ်လိုနေထိုင်ရမလဲဆိုတာ သူ့ကိုယ်သူပြန်မေးနေမိတယ်။ အခု ကျန်းကျွင်းကျွင်းဆိုတဲ့ အမျိုးသမီးကို သူတွေ့တော့ ဘာရယ်မဟုတ်နည်းနည်း လန့်နေမိတယ်။
ကျန်းကျွင်းကျွင်းက အရောင်ခပ်ရင့်ရင့် အင်္ကျီကိုဝတ်ထားပြီးဆံပင်ကို အပြောင်သိမ်းကာ သူမဆံကေသာထက်မှာ လိုက်ဖက်တင့်တယ်နေတဲ့ ဆံထုံးလှလှလေးကို ထုံးဖွဲ့ထားတယ်။ သူမက တည်တည်ငြိမ်ငြိမ် အိန္ဒြေရှိရှိနဲ့ စားပွဲပေါ်က ဖိုင်တွဲတွေကို လှန်လှောကြည့်ရှုနေတယ်။ ထို့နောက် သူမရဲ့ရွှေကိုင်းတပ်မျက်မှန်ကို ချွတ်ကာ ရှောင်းလီကိုကြည့်တယ်။
" မဟုတ်ဘူး "
" ကျွန်တော့်ကို ရှင်းပြပေးနိုင်မလား "
" ဒါကိုကြည့်လိုက် "
ကျန်းကျွင်းကျွင်းက ဓာတ်ပုံတစ်ပုံကို သူမရဲ့လက်ညှိုးနဲ့ ရှောင်းလီရှေ့ တွန်းပို့လိုက်တယ်။
" မသေမချင်း လည်ပင်းညှစ်သတ်တာ၊ ဂုတ်ချိုးသတ်တာမျိုးက ကြေးစားလူသတ်သမားတွေ သိပ်သဘောကျတဲ့နည်းပဲ။ လွယ်ကူရိုးရှင်းလို့လေ။ သူတို့က ဘာလို့ ရေချိုးခန်းထဲက သားကောင်ကို သေနတ်ထုတ်နိုင်လောက်တဲ့ အချိန်မျိုး ပေးမှာလဲ။ "
သူမက ဖိုင်တွေကိုထပ်ကာ လှန်လှောနေပြန်တယ်။
" ဒီဒရိုင်ဘာ..."
သူမက မှုခင်းဆေးဘက်ဆိုင်ရာ အစီအရင်ခံစာကို ဆွဲထုတ်ပြကာ ပြောတယ်။
" သူက လည်ပင်းကို တော်တော်လေး နက်တဲ့အထိ အလှီးခံလိုက်ရပေမယ့် သေတော့မသွားဘူး။ ကျစ်....... အထက်တန်းကျောင်းသားတွေတောင် ဒီလူသတ်သမားထက် ပိုတော်ဦးမယ်။ သူ့လည်ပင်းက ဒဏ်ရာက အချွန်နဲ့ အထိုးခံရလို့ရတဲ့ဒဏ်ရာဆိုတာ အံ့သြစရာပဲ။ ကျွန်မသာဆို......"
သူမရဲ့နှုတ်ခမ်းထောင့်မှာ ရက်စက်တဲ့အပြုံးတစ်ခု ကွေးတက်သွားကာသူမလည်ပင်းကို လက်ချောင်းနဲ့ ကျက်သရေရှိရှိ ခပ်မြန်မြန် တစ်ချက်ဆွဲပြတယ်။
" အဲ့လိုဆို သားကောင်က အသံတစ်ချက်တောင်မထွက်နိုင်ပဲ တဖြည်းဖြည်းနဲ့သေသွားမှာ ကျိန်းသေပဲ။ ပိုကောင်းတာက သွေးတွေလည်း ပိုပြီးလှလှပပထွက်လာမယ်။ "
ရှောင်းလီကတော့ မျက်ခုံးနှစ်ဖက်ကို တွန့်ရှုံ့လို့ စုစည်းထားတယ်။
" ဒီVan ကားကိုကြည့်လိုက်။ မော်ဒယ်ကလည်းဟောင်းနေပြီ။ ကားတံခါးကလည်းကောင်းကောင်းမစေ့နိုင်ဘူး။ ကားကိုယ်ထည်ကလည်း ယွဲနေပြီ။ ကားထဲမှာ လူတစ်ယောက်ကို မီးခိုးမွှန်ပြီးသေအောင်သတ်တာထက် အရယ်လွန်အောင်လုပ်ပြီး သတ်တာကမှ တော်ဦးမယ်။ လမ်းဘေးမှာ ချောင်ထိုးထားရမယ့်ကားစုတ်ကြီး။ "
ကျန်းကျွင်းကျွင်းသက်ပြင်းရှည်ကြီးချကာ ဖိုင်တချို့ကို ကောက်ကိုင်လိုက်တယ်။
" ပြီးတော့ဒီလို ဘားမှာသုံးတဲ့ဆေးမျိုးနဲ့ သားကောင်ကိုပြန်ပေးဆွဲချင်သေးတယ်။ စောက်ရမ်းကိုရယ်ရတယ်။ ကျွန်မသာ အဲ့အလုပ်ကအနားမယူခဲ့ဘူးဆိုရင် အပ်လေးတစ်ချက်ထိုးရုံနဲ့ သားကောင်ကိုလှုပ်မရအောင် လုပ်နိုင်တယ်။
ရှင်ဘယ်လိုများပြတင်းပေါက်ကခုန်ချပြီး အဝေးကြီးကိုထွက်ပြေးနိုင်မှာတဲ့လဲ။ အဲ့ဒါထက် အလွတ်တန်းလူသတ်သမားတွေမှာ သူတို့ရဲ့ကိုယ်ပိုင် သတ်နည်းသတ်ဟန်တွေရှိတယ်။
ဓားသုံးတဲ့သူလည်းရှိသလို အဆိပ်သုံးတဲ့လူလည်းရှိပေမယ့် အမှန်အတိုင်းပြောရရင် သူတို့က တစ်ယောက်နဲ့တစ်ယောက် တစောင်းနဲ့မျက်ချေးပဲ။ အခုကျ ဘယ်လိုများ အတူပူးပေါင်းပြီးလှုပ်ရှားခိုင်းလိုက်လဲမသိဘူး။ "
သူမက ဖိုင်တွေကို ပြန်စီလိုက်ကာ ခေါင်းကိုအသာအယာခါတယ်။
" ပစ္စည်းအစုတ်တွေ၊ ချာတူးလန်စကေးတွေနဲ့ ဘယ်လိုကြေးစားလူသတ်သမားပါလိမ့်။ မစ္စတာရှောင်း..ရှင်စိုးရိမ်စရာမလိုပါဘူး။
ကျွန်မအတွေ့အကြုံအရ တစ်ဖက်အဖွဲ့က ရှင့်လိုမြေအောက်ဒုစရိုက်လောက ကပဲနေမှာ။ ရှင့်ကိုမျက်စိစပါးမွှေးစူးနေတဲ့ တစ်ယောက်ယောက်က ပညာပေးချင်နေတာ ဖြစ်မှာပေါ့။ ဒါပေမယ့် သူတို့က ရှင့်အပေါင်းအပါတွေကိုတော့ ကြောက်ကြတယ်နော်.......
သူတို့ကို ပြန်ဆော်နိုင်တဲ့ ရှင့်လုပ်ဖော်ကိုင်ဖက်တွေကိုလေ။ အဲ့ဒါကြောင့် သူတို့ခမျာ ရှင့်ကိုပညာပြချင်တာတောင် သူတို့ကိုနောက်ယောင်ခံလိုက်လို့မရအောင် အလွတ်တန်းလူသတ်သမားကိုငှါးပြီးလုပ်ကြံရတာပဲ။ "
သူမက ပြောစရာရှိတာပြောပြီးတာနဲ့ ဖိုင်တွေကိုစာအိတ်ထဲထည့်ကာ ရှောင်းလီရှေ့ သူမရဲ့သွယ်လျလျလက်ချောင်းလေးတွေနဲ့ တွန်းပို့လိုက်တယ်။
" နှမြောစရာပဲ.... "
" ဘာလို့လဲ။ "
" ရှင်ကတော့ ရှင့်ကို ကျွမ်းကျင်လူသတ်သမားက မျက်စိကျနေတယ်ထင်ပြီး ကျွန်မကို သက်တော်စောင့်အနေနဲ့ငှါးဖို့တွေးနေတာမှတ်လား။ ပြီးတော့ ကျွန်မကို အသားယူဖို့စဉ်းစားနေတာမဟုတ်လား။ "
ကျန်းကျွင်းကျွင်းက လက်တစ်ဖက်ကိုပိုက်ကာ ကျန်လက်တစ်ဖက်နဲ့ သူမရဲ့မေးစေ့ကို ထောက်ထားတယ်။ထို့နောက် သူမရဲ့မျက်ခုံးတို့ကို ပမာမခန့်စွာ ပင့်တင်လိုက်ပြီး ရှောင်းလီကို ငဲ့စောင်းကြည့်လိုက်တယ်။
" စိတ်မပူပါနဲ့။ တကယ်သာ ကျွမ်းကျင်လူသတ်သမားဆိုရင် ဒီတစ်ခါ ကြံစည်တာ မအောင်မြင်ပေမယ့် အောင်မြင်တဲ့အထိရှင့်ကိုလိုက်ရှာပြီး လုပ်ကြံနေမှာကျိန်းသေပေါ့။ တခြားမြေအောက်လောကက အဖွဲ့ဆိုရင်တော့ ရှင်သူတို့ကို သိသွားမှာကြောက်နေမှာပဲ။
သူတို့လုပ်ကြံတာ မအောင်မြင်ခဲ့တော့ ကျွန်မအထင် လောလောဆယ်သူတို့ အရိပ်အခြေအကဲခတ်ပြီး စောင့်ကြည့်နေဦးမှာပဲ။ ရှင်လည်း တစ်ခဏတော့စိတ်အေးရတာပေါ့။ "
ကျန်းကျွင်းကျွင်းက သူမရဲ့မျက်လုံးတွေကိုမှေးကျဉ်းကာ ပြောလေတယ်။
ရှောင်းလီ သူမကို အပြုံးနဲ့ပြန်ကြည့်လိုက်တယ်။
" မင်းအတွက် တိုင်ပင်ဆွေးနွေးခကို ကောင်းကောင်းလေး ပေးမှာပါ။
မစ္စကျန်းလို မြေအောက်လောကနဲ့ လူသတ်အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေအကြောင်း ဗဟုသုတများတဲ့သူဆိုတာ ခပ်ရှားရှားရယ်။ ဒါပေမယ့် ကျွန်တော်က ခင်ဗျားလို လူမျိုးတွေကို သိပ်တော့သဘောမကျဘူးဗျ။
အနှောင့်အယှက်ပေးမိတာ တောင်းပန်ပါတယ်။ အခု သွားလို့ရပါပြီ။ "
" အိုး...ရှင်က သက်တော်စောင့်တွေ လူသတ်သမားတွေကို သဘောမကျပေမယ့် မြေအောက်လောက,ကလူတွေကိုတော့ သဘောကျမှာပါ။ "
ကျန်းကျွင်းကျွင်း သူမအင်္ကျီရဲ့ အပေါ်ကြယ်သီးနှစ်လုံးကိုဖြုတ်လိုက်တယ်။ထိုင်နေရာကထကာ ဆံထုံးကိုဖြေချလိုက်ပြီး မျက်မှန်ကို ချွတ်လိုက်တယ်။ စားပွဲပေါ်ကိုယ်ကိုကိုင်းကာ ရှောင်းလီနားတိုးကပ်လိုက်ပြီး သူမနှုတ်ခမ်းထောင့်ကို လျှာနဲ့သပ်ပြတယ်။
" စမ်းကြည့်လို့ အရှုံးမရှိပါဘူးနော် "
ရှောင်းလီခေါင်းမော့ကာ သူမရဲ့မေးစေ့ကိုဖမ်းကိုင်လိုက်တယ်။ သူ့မျက်လုံးတွေက သူမမျက်နှာတစ်ပြင်လုံးကို ဝေ့ဝိုက်ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်းပြောလိုက်တယ်။
" ကောင်းပြီလေ။ မြေအောက်လောကအကြောင်း ခင်ဗျားဘယ်လောက်သိလဲ ကြည့်ရသေးတာပေါ့။ "
ကျန်းကျွင်းကျွင်းက ခေါင်းကို ခပ်ဖြည်းဖြည်းစောင်းပြီး ရှောင်းလီရဲ့နားရွက်ကို လျက်လိုက်တယ်။
" ဟင်းဟင်း...မြေအောက်လောကနဲ့ကျွန်မဆိုတာက ခွဲလို့ကိုမရဘူး။ "
ရှောင်းလီမျက်လုံးတွေမှေးကျဉ်းကာ လက်တွေကို သူမအင်္ကျီထဲပို့လိုက်တယ်။
" သြော်..... "
-----------------------------------
ချီရှို့ယွမ် ကျောင်းရှေ့ကိုထွက်လာတော့ ရှောင်းလီတစ်ယောက် လမ်းတစ်ဖက်ခြမ်းက သစ်ပင်အောက်မှာ ရပ်နေတာကိုတွေ့လိုက်ရတယ်။ သူဝတ်နေကျပုံစံနဲ့မတူစွာ ဂျင်းဘောင်းဘီနဲ့ရှပ်အင်္ကျီကို ဝတ်ဆင်လျက် လက်ကိုတော့ ဘောင်းဘီအိတ်ထဲထည့်ထားတယ်။ ကျောင်းဂိတ်ပေါက်ကို ကြည့်ရင်း မတ်မတ်ရပ်နေလေတယ်။
ချီရှို့ယွမ် ရုတ်တရက် အံ့အားသင့်မှုတွေပေါက်ကွဲထွက်ကုန်တယ်။ သူ့ကားဆီမသွားပဲ လမ်းကိုမြန်မြန်ကူးလိုက်တယ်။
" ကိုယ့်ကိုဘာလို့ ဖုန်းမခေါ်လိုက်တာလဲ။ "
သူအပြုံးလေးနဲ့မေးလိုက်တယ်။
ဒါပေမယ့် ရှောင်းလီကတော့ ပြုံးရယ်ခြင်းလည်းမရှိသလို စကားလည်း ပြန်မပြောပဲ လှည့်ထွက်သွားတယ်။
" ဟေး....ဘာတွေဖြစ်နေတာလဲ "
ချီရှို့ယွမ် ဘာမှန်းမသိပဲ နောက်ကလိုက်သွားမိတယ်။
" မင်း စိတ်မကြည်ဘူးလား "
" ဟုတ်တယ် "
ရှောင်းလီပြန်ဖြေလိုက်တယ်။
" ဘာတွေဖြစ်တာလဲ "
" ဒီနေ့ငါ့ကို မိန်းမတစ်ယောက်က လာရှာတယ်။ "
ရှောင်းလီအသံက အနိမ့်အမြင့်မရှိပဲ နည်းနည်းထူးဆန်းနေတယ်။
" သူက ငါတကယ်မုန်းတဲ့ကိစ္စတစ်ခုကို လာပြောသွားတယ်။ "
" ဘာလာပြောသွားတာလဲ "
ရှောင်းလီက တစ်ဖန်နှုတ်ဆိတ်သွားကာ ရှေ့ကိုသွားနေတဲ့ ခြေလှမ်းကိုပိုမြန်လိုက်တယ်။
ရှောင်းလီကိုကြည့်ရတာ ဘာမှထပ်မေးလို့ရမယ့်ပုံမပေါ်လို့ ချီရှို့ယွမ်လည်း ပါးစပ်ပိတ်ပြီးနောက်က လိုက်သွားလိုက်တယ်။
သူတို့ စကားမပြောပဲလမ်းလျှောက်လာတာ နာရီဝက်လောက်ကြာလာတယ်။ လျှောက်လေလေ နေရာက လူပြတ်လေလေဖြစ်လာပြီး လမ်းတွေကလည်း ပိုကျဉ်းလာတယ်။
ချီရှို့ယွမ်လည်း နောက်ဖေးလမ်းကြားတစ်ခုရောက်တဲ့အထိ ရှောင်းလီနောက်လိုက်လာခဲ့ပေမယ့် သည်းမခံနိုင်တဲ့အဆုံးထုတ်ပြောတော့တယ်။
" ရှောင်းလီ...မင်းတကယ် ဘာ.... "
ရှောင်းလီ ရုတ်တရက်ကြီး ခေါင်းကိုလှည့်လာကာ ချီရှို့ယွမ် မေးစေ့ကို ထိုးချလိုက်တယ်။
သူ့လက်သီးက အတော်လေးအားပါတာဖြစ်လို့ ချီရှို့ယွမ် ယိုင်သွားကာ ဘေးကနံရံနဲ့ ဆောင့်မိသွားတယ်။ ခြေမခိုင်တော့ပဲ နောက်ကိုခြေတစ်ချက်ယိုင်သွားကာ မြေပြင်ပေါ်လဲကျသွားတော့တယ်။ သူ့ပါးစပ်ထဲမှာ သွေးအရသာရလာပြီး နှုတ်ခမ်းထောင့်က သွေးတွေက မေးကိုစီးကျလာတယ်။
ချီရှို့ယွမ် ရုတ်တရက် အားပြင်းပြင်းနဲ့လဲကျသွားတာဖြစ်လို့ အမြင်တွေပါဝေဝါးလာတယ်။
အားတင်းပြီး နံရံကိုတံတောင်နဲ့ထောက်ကာ ထဖို့ကြိုးစားလိုက်ပေမယ့် သူထတောင်မထရသေးခင်မှာပဲ ရှောင်းလီက သူ့ရှေ့မှာထိုင်ချလိုက်တယ်။
သူတို့နှစ်ယောက်ကြား လေအေးတွေက ဖြတ်တိုက်လို့.....
ချီရှို့ယွမ် မူးနောက်မှုတွေလွင့်စင်သွားအောက် ခေါင်းကို ခါချလိုက်တယ်။ သူအမြင်တွေပြန်ကြည်လာချိန် သူ့မျက်ခုံးနှစ်ခုကြားနေရာကို တည့်တည့်ချိန်ထားတဲ့ သေနတ်ပြောင်းဝကို မြင်လိုက်ရတယ်။
" ချီရှို့ယွမ် လူတွေငါ့ကိုလိမ်တာကို ငါအမုန်းဆုံးပဲ.... "
ချီရှို့ယွမ် မျက်စေ့ရှေ့မှာတင်ပဲ ရှောင်းလီက သေနတ်မောင်းကို ဖြည်းဖြည်းချင်း တင်လိုက်တယ်။
ရှောင်းလီရဲ့မျက်ဝန်းထဲက နက်နက်ရှိုင်းရှိုင်း လူသတ်လိုတဲ့အရိပ်အယောင်တွေကို ချီရှို့ယွမ် တစ်ခါမှ မမြင်တွေ့ခဲ့ဖူးဘူး။ ထို့နောက် သူ့ရဲ့ သူများကို သေစေနိုင်တဲ့အထိ အေးခဲသွားလောက်တဲ့ အေးစက်စက်လေသံနဲ့
" ငါ့ကို ပြန်ပြောစမ်း....မင်းအဘိုးက ဘယ်သူလဲဆိုတာ "