Home (MM Translation)
By lisamycat
103K 7.6K 284
[Edited] တစ်ခါမှ မတွေ့ဖူးတဲ့ တစိမ်းတစ်ယောက်ကို တစ်နှစ်ပဲ ရင်းနှီးအောင်လုပ်ပြီး လက်ထပ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလ... More
အပိုင်း(၁) -၁ တရားဝင် ကြေညာခြင်း
အပိုင်း(၁)-၂ တရားဝင် ကြေညာခြင်း
အပိုင်း(၅)-စတင်မှု တစ်ခု
အပိုင်း(၆)-မိသားစုတည်ဆောက်ရင်
အပိုင်း(၇)-ရေခဲမုန့် လက်ဆောင်နှင့် စိတ်ရှုပ်ထွေးမှု
အပိုင်(၈)-နာခံခြင်း
အပိုင်း(၉)- မကြိုက်ခြင်း
အပိုင်း(၁၀)-မလုံလောက်သော ကြိုးပမ်းမှုများ
အပိုင်း(၁၁)-မလှပခဲ့တဲ့ အတိတ်
အပိုင်း(၁၂)-စကားတွေ လွန်သွားရင်
အပိုင်း(၁၃)-သူငယ်ချင်းရဲ့ သတိပေးမှု
အပိုင်း(၁၄)-ခဏတာ ငြိမ်းချမ်းမှုလေး
အပိုင်း(၁၅)-ငါကို တွန်း မထုတ်ပါနဲ့တော့
အပိုင်း(၁၆) ထိုက်တန်ကြောင်း ပြပါ့မယ်
အပိုင်း-(၂) သူနဲ့တွေ့ဆုံမှု
အပိုင်း(၁၇)-(၁)ပြန်လည်ပေါင်းစည်းမှုနဲ့ တိုးတက်မှုများ
အပိုင်း(၁၇)-(၂) နား‌ေထာင်ပေးရမလား
အပိုင်း(၁၈)-(၁) ငါလေး fighting
အပိုင်း(၁၈)-(၂) Jennie နဲ့ ဒိတ်
အပိုင်း(၁၉)-Nini စိတ်မဆိုးပါနဲ့
အပိုင်း(၂၀)-(၁) Lili အင်္ကျီချွတ်လိုက်
အပိုင်း(၃)-သုံးရာ ခြောက်ဆယ့်နဲ့ သုံးရက်အတွင်း ကံဆိုးမှုလား
အပိုင်း(၂၀)-(၂) ငါ့နှလုံးက နင့်ကို သဘောကျတယ်
အပိုင်း(၂၁)-(၁) သိမ်းထားသင့်တဲ့လူ
အပိုင်း(၂၁)-(၂) နင့်ဘေးမှာ ရှိနေဖို့က ငါ့အိပ်မက်ပါ Nini
အပိုင်း(၂၂)- Lisa အပိုင်
အပိုင်း(၂၃)-(၁) Nini မွေးနေ့
အပိုင်း(၂၃)-(၂) ငါတို့တွေ ပြီးသွားပြီ
အပိုင်း(၄)-Nini နဲ့ Lili
အပိုင်း(၂၄)-(၁) ငါထပ် မကြုံတွေ့ချင်တော့ဘူး
အပိုင်း(၂၄)-(၂) Lili ရဲ့ လျစ်လှူရှုမှု
အပိုင်း(၂၅)-(၁) 'ငါတို့' ဆိုတာ
အပိုင်း(၂၅)-(၂)ငါတိုရဲ့ ပထမဆုံး...
အပိုင်း(၂၆)-(၁) Nini ကို ဖျောင်းဖျ...
အပိုင်း(၂၆)-(၂) Prague
အပိုင်း(၂၇)-(၁) Believing her lover
အပိုင်း(၂၇)-(၂) Lili က နှင်ထုတ်ပြီလား
အပိုင်း(၂၈)-(၁) နင်မရှိဘဲ မနေနိုင်လောက်ဘူး
အပိုင်း(၂၈)-(၂) အမြဲတမ်းအတွက်ဆိုရင်
အပိုင်း(၂၉)-(၁) Nini နားလည်ပါစေ
အပိုင်း(၃၀)-(၁) ကြောက်ရွံ့မှု
အပိုင်း(၃၀)-(၂) ဆယ်နှစ်ကြာရင်...
အပိုင်း(၃၁) အပျော်လွန်နေတဲ့ Lisa
အပိုင်း(၃၂)-(၁) Oppa နဲ့ မိတ်ဆက်ပေး
အပိုင်း(၃၂)-(၂) ကာကွယ်ပေးရမယ့်သူ
အပိုင်း(၃၃)-(၁) ပြဿနာ
အပိုင်း(၃၃)-(၂) ညှိုနှိုင်းကြမယ်
အပိုင်း(၃၄)-(၁) Girls Night
အပိုင်း(၃၄)-(၂)
Home=Us
LeoN's Note
New Fic/ New Translation
New Short Stories
အပိုင်း(၂၉)-(၂) အချိန်တန်တယ်ဆိုတာ မရှိဘူး
1.2K 125 8
By lisamycat
[Unicode]
အပိုင်း(၂၉)-(၂) အချိန်တန်တယ်ဆိုတာ မရှိဘူး
Jennie နဲ့အတူတူ ကရ ရယ်ရတာကြောင့် Lisa ပင်ပန်းလာ၏။ သူမက ပင်ပန်းလာပေမယ့် ထိုမိန်းကလေးမှာတော့ အားယုတ်လာခြင်း မရှိ။ သူမလေးမှာ Lisa အဖေနဲ့ ဆက်ကနေ‌တာကြောင့် ဆရာဝန်မလေးမှာတော့ စားပွဲခုံထောင့်လေးမှာ Seulgi နဲ့ ထိုင်နေသည်။ Wendy က သန့်စင်ခန်းဝင်နေတာကြောင့် သူတို့ နှစ်ယောက်သာ ရှိနေသည်။
"ဒီနေ့လို နေ့မျိုး တကယ်ကြီး ဖြစ်လာလိမ့်မယ်လို့ ယုံတောင် မယုံ‌နိုင်ဘူး။ ငါတို့ထဲက တစ်ယောက် အခု မိသားစု ရှိလာပြီ"
"နင်ပြောသလိုပဲ" Lisa ရေသောက်လိုက်ပြီး ချွေးသုတ်လိုက်သည်။ "ငါတို့ဆေးကျောင်းပြီးတာ မနေ့ကလိုပဲ သိလား။ အခု သူက ဇနီးတစ်ယောက်ဖြစ်သွားပြီး မကြာခင်မှာ ကိုယ်ဝန်သည်အမျိုးသမီး ပြီးတော့ အမေဖြစ်လာမယ်။ နောက် အဖွားဖြစ်လာရင် သေဆုံးသွားမယ်" Lisa မျက်ခုံးကြုပ်လိုက်၏။
Seulgi က Lisa ကို 'ဘာကြီးလဲ' ဆိုတဲ့ အကြည့် ကြည့်လာ၏။
"ငါတို့ အသက်ကြီးလာပြီ Seulgi" သူမ သေသေချာချာပြောလိုက်၏။
"ငါတို့ အသက် မကြီးသေးပါဘူး။ ငါတို့ အသက်တွေ ကြီးလာပေမယ့်။ ဒါပေမယ့် အသက်ကြီးနေတုန်းပဲရှိသေးတယ် အခုထိ မဟုတ်သေးဘူး"
သူတို့ တိတ်ဆိတ်သွားကြ၏။
"ငါလည်း လိုချင်တယ်" Seulgi လည်း တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ "Jihyo ရသွားတဲ့ မိသားစုဆိုတဲ့အရာကို ငါလည်း လိုချင်တယ်"
"Wendy လည်း လိုချင်မယ် ထင်လား"
"မသိဘူးလေ ဒါပေမယ့် လက်စွပ်ကတော့ တစ်နေ့တစ်ခြား ပိုလေးလာသလိုပဲ"
Lisa ခေါင်းလှည့်လိုက်ကာ တခြားမိန်းကလေးကို မယုံကြည်နိုင်သလို ကြည့်လာ၏။
"ဘာ"
"ငါမှာ လက်စွပ်ရှိတယ် Lisa ။ အခု ကားထဲမှာ"
"နင် နောက်‌နေတာလား"
Seulgi အသက်တစ်ချက်ရှူထုတ်လိုက်၏။ "ဘာလို့နောက်ရမှာလဲ။ ကြည့်ချင်လား"
သူတို့တွေ အဖြူရောင်ပြိုင်ကားလေးဆီ ဦးတည်လိုက်ပြီ အထဲဝင်လိုက်ကြ၏။
Seulgi က သူမကို အပြာရောင် လက်စွပ်ဘူးလေး ပြလိုက်ကာ ဖွင့်ပြလိုက်၏။
"ဝိုး အရမ်းလှတာပဲ" အပြာရောင် စိန်လေးကို ကြည့်ရင်း Lisa ပြုံးလိုက်၏။
"ပြောသားပဲ" Seulgi လက်စွပ်ကို နေရာတကျပြန်ထားလိုက်၏။
"ဘယ်အချိန်လုပ်မှာလဲ"
"ငါလည်း မသိဘူး။ ငါမှာ သတ္တိရှိလာတဲ့နေ့ပေါ့။ ထင်တာပဲ"
"ငကြောက်" Lisa သူမကို လှောင်တော့ ခေါင်းနောက်ကို တစ်ချက် ဖြတ်ရိုက်တာခံလိုက်ရ၏။
"ရား"
"နင် အဲ့လို ပြောနိုင်တာပေါ့။ နင်မှာ Jennie ဆီကနေ ဖုံးကွယ်ပြီး သိမ်းထားဖို့လိုတဲ့ လက်စွပ်မှ မရှိတာ" Seulgi သူမကို ပြန်ပတ်သည်။ "ငါ ဘာလို့ စိတ်လွင့်နေတာလဲလို့ မေးလာတိုင်း လိမ်‌နေရတာ ပင်ပန်းလာတယ်ဟာ။ ငါ ပြီးပြည့်စုံတဲ့ လက်ထပ်ခွင့်တောင်းတဲ့ပုံစံဖြစ်ချင်တာ ဒါပေမယ့် ငါ ဘာမှကို တွေးမရဘူး။ ငါ ဒီအတိုင်း မေးခွန်းမေးလိုက်ပြီး လက်ထပ်လိုက်ချင်တယ်"
"ငါမှာ မရှိဘူးလို့ ဘယ်သူပြောလဲ"
"အို"
                        ******
ဒေါက် မြင့်ဖိနပ်သံက သူမဆီ ဦးတည်လာတာ ကြားလိုက်ရတော့ သူမ ‌ဖုန်းကနေ မော့ကြည့်လိုက်၏။ သူမ ပြုံးလိုက်ကာ ထိုင်ခုံကနေ ထလိုက်ပြီး သူမရဲ့ အသက်ကြီးအမျိုးသမီးကို ဖက်လိုက်၏။
"Jennie ဘယ်မှာလဲ" အမျိုးသမီးကြီးက မေးသည်။
Lisa မျက်ခုံးကြုပ်လိုက်ပြီး ကိုယ့်မျက်နှာ ကိုယ်ပြန်ရိုက်လိုက်၏။ "တွေ့ရတာဝမ်းသာပါတယ် ငါ့ချစ်မိခင်ကြီးရယ်" သူမ ရွဲ့ပြီး ပြောလိုက်၏။
*ဟယ်လိုပါ ဖေ့ပါးဖောင်းဖောင်းလေးရေ" သူမ အဖေက သူမရဲ့ ဘယ်ဘက်နှဖူးကို နမ်းလိုက်၏။
"ဟိုင်း သမီးလေး။ အခု Jennie ဘယ်မှာလဲ" သူမအမေကလည်း ညာဘက်နှဖူးကို နမ်းလာ၏။
"သူ တရားခွင်မှာ။ သူ့ကို ဘာလို့မေးနေကြတာလဲ" သူတို့ ထိုင်လိုက်ကြ၏။
"သူက ငါကို အပတ်တိုင်း ဖုန်းခေါ်တဲ့ သမီးလေးလေ။ Jennie ဖုန်းမခေါ်ရင် ဖုန်းဆက်ဖို့ သတိမရတဲ့ ငါ့ရဲ့တခြားသမီးနဲ့မတူဘူး" သူမ ပြော၏။ "အခု ငါ့ရဲ့အလုပ်များတဲ့သမီးလေး ‌လာတွေ့ရလောက်တဲ့အထိ အမေတို့ ဘာလိုများ ကံကောင်းနေပါလိမ့်" Lisa အမေက လက်ပိုက်လိုက်ကာ သူကို ကြောက်စရာ အကြည့်နဲ့ ကြည့်လာ၏။
"သမီးတောင်းပန်ပါတယ်။ အရင်တုန်းက တကယ့်ကို အလုပ်များနေလို့။ နောက်ပိုင်း တစ်ခုခု ပြန်လုပ်‌ပေးပါ့မယ်။ မကြာမကြာ ဖုန်းခေါ်မယ်။ အမေလိုချင်ရင် ပိတ်ရက်တိုင်း လာလည်မယ်။ စိတ်မဆိုးပါနဲ့နော်" Lisa နှုတ်ခမ်းဆူပြ၏။
"အဲ့ခွေးပေါက် မျက်လုံးလေးက အလုပ်မဖြစ်တော့ဘူးနော်" သူမက သူမသမီးကို လက်ညို့ ထိုးပြ၏။ "အများကြီးတောင်းဆိုနေတာ မဟုတ်ဘူး။ အခုချိန်ကစပြီး ဖုန်းခေါ်ဖို့ပဲ ပြောနေတာ။ သမီး‌လေး အဆင်ပြေလား အမေတို့ကို သိခွင့်ပေးလေ။ သမီးလုပ်နေတာက တကယ့်ကို စိတ်ပျက်စရာကြီးနော် အမျိုးသမီးလေး"
"သိပါတယ် အမေရဲ့။ တောင်းပန်ပါတယ်" သူမ ကြောက်လန့်လာတာကြောင့် ခေါင်းငုံလိုက်၏။
"အမျိုးသမီးတို့ ငါတို့ လူမြင်ကွင်းမှာလေကွာ။ အငြင်းအခုန်မလုပ်ကြနဲ့ ဟုတ်ပြီလား" အမျိုးသားကြီးက ဝင်ပြော၏။
"ငါတို့မပြီးသေးဘူးနော်" အမေဖြစ်သူမှ တစ်ချက် စိုက်ကြည့်လာ၏။
Lisa မြေပြင်ကိုသာ စိုက်ကြည့်နေသည်။
သူတို့ စားစရာမှာကြပြီး စောင့်နေကြ၏။
"ဆိုတော့ အားလုံး အဆင်ပြေရဲ့လား"
"မပြေဘူး။ အမေက သမီးကို စိတ်ဆိုးနေတယ်" Lisa မျက်နှာ သုန်မှုန်နေ၏။
သူမ‌အဖေဖြစ်သူက သက်ပြင်းချလိုက်ပြီး "သမီးအမေက သမီးကို ခွင့်လွှတ်လိုက်ပါပြီ။ ဟုတ်တယ်မလား မိန်းမ"
"မကြာခဏ ဖုန်းခေါ်မယ်လို့ ကတိပေးရင် ခွင့်လွှတ်ပေးမယ်"
"ဖုန်းခေါ်မယ်လို့ ကျိန်ပြောတယ် ခေါ်မယ်" သူမ ရင်ဘက်ပေါ် လက်တင်ပြပြီး အသေအချာပြော၏။
"ဆိုတော့ အခြေအနေ ဘယ်လိုလဲ" အမျိုးသားကြီး ထပ် မေး၏။
"မကောင်းသေးဘူး" Lisa အကြီးအကျယ်သက်ပြင်းချ၏။ "အမေ တို့နဲ့ တွေ့ချင်တဲ့ အဓိက အကြောင်းအရင်းပဲ။ Nini ကိစ္စ"
သူမမိဘတွေ လန့်သွား၏။ "တစ်ခုခု ပြဿနာရှိလို့လား"
"မရှိပါဘူး" Lisa မျက်ခုံး ကြုပ်လိုက်ကာ "ဘာမှမမှားဘူး။ ဒီအတိုင်း... အဲ့တာက အမေတို့ကို တစ်ခုခု မေးစရာ ရှိလို့"
"မေးလေ..."
သူမ ပါးစပ်ဟလိုက်ပြီး ပြန်ပိတ်လိုက်၏။ သူမက စကားပြောတဲ့‌နေရာမှာ လုံးဝဆိုးရွားလွန်းလှ၏။ သူမ ခေါင်းဆန့်လိုက်ပြီး သက်ပြင်းပြန်ချလိုက်ပြန်သည်။
သူမ ဘောင်းဘီအိတ်ကပ်ထဲက ပစ္စည်းလေးကို ထုတ်လိုက်ပြီး စားပွဲပေါ် တင်လိုက်၏။
"ဘာလေးလဲ"
"ငါတွေးနေတာလေးလား"
"လက်စွပ်မဟုတ်ဘူးဆိုရင် အမေ သမီးကို စိတ်ဆိုးတော့မှာနော်" သူမအမေက Lisa ကို ခြိမ်းခြောက်၏။
Lisa နက်ပြာရောင်ဘူးလေးကို ယူလိုက်ပြီး သူမအမေ မြင်အောင် ဖွင့်ပြလိုက်လိုက်၏။
"အဖေတို့ရဲ့ ကောင်းချီးကို သမီးလေး ရပါစေကွယ်" သူမအဖေက နွေးနွေးထွေးထွေး ပြုံးပြ၏။
"ငါ့သမီးလေးက အခု အရွယ်ရောက်လာပြီပဲ" အမျိုးသမီးကြီးမှာ ရုတ်တရက်ကြီး တင်းတင်းကြပ်ကြပ် လာဖက်၏။ "အမလေး ကြည့်ပါဦး!" စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပါးလာဆွဲ၏။
"မေမေ..." Lisa ဒီအမျိုးသမီးကြီး ဆီက လွတ်အောင် ရုန်းကန်နေရသည်။
"အေးပါ။ အေးပါ။ အမေတောင်းပန်ပါတယ်။ အရမ်းပျော်သွားလို့ပါ" သူမပြန်ထိုင်လိုက်၏။
"ဘယ်အချိန်လုပ်မှာလဲ သမီး"
"မကြာခင်ပေါ့အဖေ။ မကြာခင်ပေါ့" သူမ နားရွက်တက်ချိတ်အောင် ပြုံးလိုက်သည်။
"ကောင်းတယ်။ ငါမြေးလေးတွေ မြန်မြန်ရတော့မှာပေါ့!" Lisa အမေ လက်ခုပ်ထတီး၏။
ဘေးက နှစ်ယောက်ကတော့ ခေါင်းသာ ခါနေတော့သည်။
                         *****
"ဝိုး ဆိုတော့ နင်မိဘတွေနဲ့ ပြောပြီးပြီပေါ့"
"အင်း"
"ငါ ကြည့်ချင်တယ်"
"ငါ့လျို့ဝှက်နေရာမှာ သိမ်းထားတယ်။ နင်ကို နောက် မှပဲ ပြတော့မယ်"
"နင့်ရဲ့ အပြာရောင်အမှတ်တရ သေတ္တာကို ပြောတာလား" Seulgi မေးလိုက်၏။
"အင်း သူ အဲ့မှာဆို ရှာမတွေ့နိုင်ဘူးပေါ့။ ဒါနဲ့ နင်ဘာလို့ လက်ထပ်ဖို့ကိစ္စကို လောနေတာလဲ"
"ငါမငယ်တော့ဘူးလေ Lisa ။ ငါ သူနဲ့ မိသာစုလေးလိုချင်တယ်။ သူကို ဟိုးအရင်ကတည်းက သိနေတာဆိုတော့ သူကလွဲရင် ဘယ်သူကိုမှ မတွေးမိဘူး။ နင်ကကော"
"အတူတူဘဲ Seulgi။ အတူတူပဲ"
သူတိူ့တွေ အခမ်းအနားပြီး ပါတီမှာ တော်တော်ပျော်ခဲ့ရသည်။ Lisa ကားမောင်းရမှာမို့ အရမ်းမသောက်ပေ။ ညတာလေးက အမျိုးအချို့ရဲ့ နွေးထွေးတဲ့ ပွေ့ဖက်မှုတွေနဲ့ Jihyo ရင်းနှီးတဲ့သူငယ်ချင်းအချို့ရဲ့ မျက်ရည်တွေနဲ့အတူ ပြီးဆုံးသွား၏။ လှပတဲ့လက်ထပ်ပွဲလေး ဖြစ်ပြီး Seulgi နဲ့စကားပြောပြီးတဲ့အခါ Lisa ရဲ့ဆန္ဒက ပိုသေချာသွား၏။
                       ******
Lisa တံခါးဘောင်ကိုမှီရင်း Jennie က လက်ဆွဲသေတ္တာထဲကို အဝတ်တွေ ထည့်နေတာကို ကြည့်နေလိုက်၏။ လွန်ခဲ့တဲ့ တစ်နာရီကမှ Jennie အိမ်ပြန်ရောက်တယ်ဆိုပေမယ့် မနက်ဖြန်မနက်စောစော Lisa က San Francisco ကို သွားရမှာဖြစ်တဲ့အတွက် ကူညီပြီး အဝတ်အစားပြင်ပေးတာဖြစ်သည်။
"နင်လည်း ငါနဲ့လိုက်ခဲ့လို့ရရင်ကောင်းမယ်" သူမ သက်ပြင်းချလိုက်၏။
"ငါတောင်းပန်ပါတယ် Lisa-ah ။ ငါ မလိုက်ချင်တာမဟုတ်ဘူး။ နင်သိတဲ့အတိုင်း အခုချိန် ငါထွက်သွားဖို့ မဖြစ်နိုင်ဘူးဆိုတော့" သူမ တောင်းပန်တဲ့ အနေနဲ့ ပြုံးပြ၏။
"နင်မရှိရင် ငါ တစ်ယောက်တည်း အထီးကျန်တော့မှာပဲ"
"ငါ ဒီအဆောက်အအုံထဲမှာ နင်မရှိဘဲ တစ်ယောက်တည်း နေရတာ ပျော်မယ် ထင်နေလို့လား"
"မသိဘူးလေ။ ပြောပြ" Lisa ပုခုံးတွန့်ပြ၏။
Jennie လေတစ်ချက် မှုတ်ထုတ်လိုက်သည်။
လက်ဆွဲသေတ္တာကို ဇစ်ပိတ်လိုက်ပြီး နံရံထောင့် ကပ်လိုက်၏။
ပြီးတော့ သူမ Lisa ရပ်နေတဲ့နေရာကို လမ်းလျှောက်လာ၏။
Lisa ကြမ်းပြင်ကို ကြည့်နေရာကနေ သူမ မျက်လုံးကို ကြည့်လလိုက်၏။ Jennie သူမကိုကြည့်နေတဲ့အကြည့်ကို လုံးဝသိသည်။ နူးညံပြီး ညင်သာနေတဲ့အကြည့်ရဲ့စွမ်းအားက အလင်းအလျင်အတွင်းမှာ Lisa နှလုံးသားလေးကို အရည်ပျော်ကြအောင် လုပ်နိုင်လိမ့်မည်။
"တစ်ပတ်ပါပဲကွာ။ ငါတို့ တစ်ပတ်တော့ သည်းခံနိုင်ပါတယ်။ honey ရဲ့" သူမရဲ့ အသံချိုချိုလေးနဲ့ပြော၏။
"နင် လုပ်နိုင်တယ်။ ငါ မလုပ်နိုင်ဘူး" Lisa တိုးတိုးလေး ပြောလိုက်၏။
"ဆိုးရွားတာ ငါလည်း သိတာ‌ပေါ့။ ဒါပေမယ့် ငါ တကယ့် တကယ့်ကို တောင်းပန်ပါတယ် Lisa-ah ။ ငါတို့ ဖုန်းခေါ်လို့ရတယ်။ video call ခေါ်လို့ရတယ်။ စာပို့မယ်။ နည်းလမ်းတွေအများကြီး ရှိတာပဲလေ"
"ငါတစ်‌ယောက်တည်း မအိပ်ချင်ဘူး" Lisa ပြန်ငြင်းသည်။ "ငါမျက်လုံးဖွင့်လိုက်တာနဲ့ နင့်ကို မမြင်ရတဲ့နေရာမှာ အိပ်ရာမထချင်ဘူး။ မ‌နှစ်တုန်းက နင် ဂျပန်သွားနေတုန်း ငါ တစ်ရက်တာကို တော်တော်သည်းခံ ဖြတ်သန်းလိုက်ရတာ။ အဲ့အချိန်တုန်းကဆို ငါတို့ ကြားကိစ္စက ဒီ‌လို‌တောင် သေချာနေတာ မဟုတ်ဘူး။ ဒါပေမယ့် နောက်ဆုံးလေယာဉ်နဲ့ နင့်ဆီလိုက်လာနိုင်အောင်လုပ်ရတယ်။ အခုတော့ နင်ကို ချစ်မိနေ- ရူးရူးမူးမူးကို ချစ်မိ‌နေတာ" နည်းနည်း ပြန်ပြင်ပြောလိုက်၏။ "ငါမလုပ်နိုင်ဘူး။ ငါ နင့်ဆီပြန်လာနိုင်အောင် လေယာဉ်ကို လေယာဉ်ကွင်း ပြန်လှည့်သွားအောင် လေယာဉ်ပေါ်ကနေ ခုန်ချမိမယ်ထင်တယ်"
Jennie ရယ်လိုက်သည်။ သူမ နှဖူးကို Lisa နှဖူးဆီမှီလိုက်ကာ ပါးကို သာသာလေးပွတ်သပ်လိုက်၏။
"အဲ့လို မလုပ်ပါနဲ့‌" သူမတိုးတိုးလေး ပြော၏။ "နင် လေကြောင်းတစ်လိုင်းလုံးအချိန်ဇယားကို ရှုပ်သွားအောင် လုပ်လိုက်မိလိမ့်မယ်။ နင် တစ်ပတ်တော့ တောင့်ခံနိုင်ပါတယ် Honey နော်"
"ငါ နင့်ကို စိတ်ဆိုးနေတုန်းပဲ" Lisa မျက်နှာတည်လိုက်၏။
"South Africa က ငါ့အမှုပြီးရင် သွားကြမယ်လေ။ ဘယ်လိုလဲ"
"နင့်အလုပ်ရှင်က နင့်ကို အမှုပေးပြီး ငါတို့ စီစဉ်ထားတာတွေကို ဖျက်လိုဖျက်ဆီးမလုပ်သ၍တော့ အကြံကောင်းပဲ" သူမ လက် မြောက်ပြလိုက်ပြီး အိပ်ရာဆီလျှောက်သွား၏။ "နင်အရမ်းတော်‌လွန်းနေတာ နင့်အမှား" သူမ ငတုံးလို ထိုင်ငြင်းကာ လက်ကို ရင်ဘက်ရှေ့ထားကာပိုက်လိုက်၏။
"ဆိုတော့ နင် ငါ့ကို ငတုံးဖြစ်စေချင်တာပေါ့" Jennie တစ်ခစ်ခစ်ရယ်သည်။ 
Lisa အဖြေပြန်မပေးဘဲ စိတ်ကောက်ပြ၏။
Jennie က Lisa ဆီလျှောက်သွားကာ Lisa လက်ကို ကိုင်လိုက်သည်။
"တစ်ပတ်တည်းပါပဲ‌ကွာ ပြီးတော့ နင်လည်း လေ့ကျင့်‌နေတာနဲ့ အလုပ်များနေမှာပဲကို။ နောက်ထပ် တနင်္ဂနွေနေ့ ပြန်ရောက်ရင် နင် အိမ်ပြန်ရောက်ပြီပဲ" Lisa နှုတ်ခမ်းကို တစ်ချက်နမ်းလိုက်၏။ "ပြီးရင် နင် တောင်းတနေတဲ့ ရေခဲကိတ်နဲ့ နင့်မွေးနေ့ လုပ်‌ပေးမယ်"
"နင်ပါ လိုက်လာမယ်ဆိုရင် ငါ ဒိုးနတ်ပဲ စားဆိုလည်း စားမှာ"
"ငါ နင့်ကို ချစ်တယ်" ရှေ့နေမလေးက သူမကို မွတ်သိမ့်စွာ နမ်းလိုက်၏။
သူတို့ မကြိုက်ဆုံးအရာမှာ အချိန်ကွာခြားခြင်း ဖြစ်၏။ သူတို့တွေက တစ်နေ့ကုန် ပင်ပန်းနေတာကြောင့် အိပ်ရာနဲ့ကိုယ်နဲ့ ထိတာနဲ့ အိပ်ပျော်သွား၏။ မိနစ်အနည်းငယ်ဖုန်းပြောတာက မလုံလောက်ပေမယ့်လည်း နည်းနည်းတော့ လွမ်းနေတာကို ဖြေဖျောက်ပေးနိုင်သည်။
အေးဆေးတဲ့ ဗုဒ္ဓဟူးည‌လေးမှာ Skype ခေါ်ရင်းပဲ Lisa မွေးနေ့ကို ကျင်းပကြသည်။ Lisa မအိပ်ပျော်မချင်း သူတို့တွေ အဆက် မပြတ်စကားပြောကြ၏။ Lisa အိပ်ရာအစား ထိုင်ခုံပေါ်မှာ အိပ်ပျော်သွားတဲ့အတွက် နောက်နေ့မနက် နောက်ကျောနာကျင်ကာ နိုးလာ‌တော့သည်။
Lisa ရဲ့နောက်ဆုံးလေ့ကျင့်ရေး ဆင်းတဲ့နေ့မှာ နှလုံးအဆို့ရှင် ပြန်ပြင်ဖို့ လိုတဲ့ နှလုံးကြွက်သားတောင့်တင်းရောဂါသည် ရောက်လာ၏။ အဆို့ရှင်ပျက်ဆီးမှုက များနေတဲ့အတွက် ခွဲစိတ်မှုက အရမ်း စွန့်စားရာ ရောက်၏။
ခွဲစိတ်ဇာတ်လမ်းကလည်း တကယ့်ကို အချစ်ဇာတ်လမ်းလေး ဖြစ်နေပြန်သည်။
လူနာက မူးယစ်ဆေး မှန်သမျှကို မတည့်တဲ့ရောဂါရှိသည်။ ဓာတ်မတည်ရောဂါ ရှိနေတဲ့အတွက် သာမာန်မေ့ဆေးတောင် ပေးလို့မရပေ။ မေ့ဆေးအစား ကျောကနေ တစ်ဆင့် ထုံဆေးပေးကာ ခွဲစိတ်လူနာမှာ ခွဲစိတ်‌နေစဉ်အတွင်းမှာ နိုးနေရသည်။ လူနာရဲ့ကောင်မလေးကလည်း  OR ခန်းထဲရောက်နေကာ သူတို့ရဲ့ ချစ်သူဖြစ်နှစ်ပတ်လည် သီချင်းကို ထပ်ခါ ထပ်ခါ ဆိုပြနေသည်။
ထိုလူနာမှာ ခွဲစိတ်ခုံပေါ်တွင် သေသွားနိုင်တာမျိုး သွေးလန့်ပြီး သေတာ မျိုး ဖြစ်နိုင်သည်။ ဒါပေမယ့် ချစ်သူကောင်မလေးမှာ ဘေးမှာနေဖို့ကိုသာ ရွေးချယ်၏။
"နင်သိလား ဒီလေးနှစ်လုံးက ငါဘဝမှာ အကောင်းဆုံး နှစ်တွေပဲ" သူမ နှာတစ်ချက်ရှုပ်ကာ ပြောလိုက်သည်။ "နင့်ကြောင့်လေ"
"ဟုတ်လား?"
သူမခေါင်းညိပ်ပြသည်။ "ငါ နင့်ကို မေးစရာရှိတယ်"
"မေးလေး ကိုယ့်ဘုရင်မလေးရဲ့"
"ပုံမှန်ဆိုရင် ကောင်လေးက ကောင်မလေးကို လက်ထပ်ခွင့်တောင်း‌လေ့ ရှိတာ ငါသိတယ်။ ဒါပေမယ့် ငါတို့က ပုံမှန်မှ မဟုတ်တာ ဟုတ်တယ်မလား။ ငါတို့က ကောင်းတဲ့နည်းနဲ့ ကွဲပြားတယ်လေ။ ငါတို့တွေ ဒီအထိရောက်လာတာကို အရမ်း ဂုဏ်ယူမိတယ် Sean"
သူမ မျက်ရည်သုတ်လိုက်သည်။
"ငါမေးချင်တာက နင့် ငါ့ကို လက်ထပ်နိုင်မလားလို့။ ငါ့ဘဝရဲ့ အမျိုးသားလေး လုပ်ပေးနိုင်မလား"
လူတွေက တိုး‌တိုးလေးနဲ့ လူနာကို အားပေးလိုက်ကာ ကောင်မလေးရဲ့ လက်ထပ်ခွင့်တောင်းတာကို လက်ခံဖို့ ပြောကြ၏။ Lisa က ချစ်ကြည်နူးစရာ အချိန်အခါလေးကြောင့် မျက်နှာအုပ် မာစ်အောက်ကနေ ပြုံးလိုက်မိ၏။
"ငါ ခွဲစိတ်တာ ပြီးလို့ အချိန်တန်လာရင် မေးတော့မလို့ကို။ ကို့မိန်းမချောလေးက ကိုယ့်ရဲ့ လက်ထပ်ခွင့်တောင်းမယ့် အခွင့်အရေးကို ဖျက်ဆီးလိုက်တာပဲ" သူလည်း ငိုလာ၏။
"အချိန်တန်တယ်ဆိုတဲ့ အရာကြီး မရှိဘူး။ အချိန်တန်တယ်ဆိုတာကို စောင့်နေရင် ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး။ ငါတို့တွေ ဖြတ်သန်း‌ရတဲ့ ကာလတိုင်းကို ပြီးပြည့်စုံအောင် နေရမှာ။ ငါ နင့်ကို ချစ်တယ်"
"ငါ့ကို နမ်း"
သူတို့ နမ်းကြ၏။
"အဲ့တော့"
"Yes"
အချိန်တန်တယ်ဆိုတာကို စောင့်နေရင် ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး။
ငါ အချိန်ကာလတိုင်းကို ပြီးပြည့်စုံအောင် လုပ်ရမှာ။
သူမ မရင်းနှီးတဲ့ တံခါး‌ရှေ့မှာ ရပ်နေကာ ကျော်လွန်သွားတဲ့ စက္ကန့်တိုင်းကို ရေတွက်‌နေလိုက်၏။ သူမ တံတွေးကို အတင်းမျိုချလိုက်ရသည်။ သူမချစ်ရသူရဲ့ အဖေနာမည်ထိုးထားတဲ့ သစ်သားတံခါးကို ငေးကြည့်လိုက်၏။
ငါ ရှေးဟောင်းနည်းအတိုင်း လုပ်ရမှာပဲ။
-------------------------------------------------------------
Date-20.8.2021
Note
LeoN လေး နောက် Fic တစ်ခု စဖို့ စိတ်ကူးနေတာ။ translation ရေးမှာပါ။ အဲ့‌ fic က အစပိုင်းမှာ အရမ်း အေးတော့ စိတ်ဝင်စားပါ့မလားပဲ။ LeoN လည်း စဖတ်တုန်းကဆို ရှေ့ငါးပိုင်းကို ပျင်းလွန်းလို့ ဆက်ဖတ်ချင်တဲ့ စိတ် မရှိသလို ဖြစ်သွားဖူးတယ်။
ဒါပေမယ့်လည်း အဲ့ Fic ကို ဘာသာပြန်မှာပဲ။
လာမတားနဲ့ 😐။
-အပျင်းကြီးတဲ့ LeoN
======================================
[Zawgyi]
အပိုင္း(၂၉)-(၂) အချိန်တန်တယ်ဆိုတာ မရှိဘူး
"ဘာ"
"နင် နောက်‌နေတာလား"
"ဘယ်အချိန်လုပ်မှာလဲ"
"ရား"
"အို"
                        ******
"မေးလေ..."
"ဘာလေးလဲ"
"ငါတွေးနေတာလေးလား"
                         *****
"အင်း"
"ငါ ကြည့်ချင်တယ်"
"အတူတူဘဲ Seulgi။ အတူတူပဲ"
                       ******