#Unicode
"သာထူး သာထူး"
"အင် . . . ဟင် . . . "
"ထစမ်းပါ"
"ဘာလို့လဲ"
"ထ . . အရင် မျက်လုံးဖွင့်ဦး"
"အင်"
သာထူးကို လင်းရာဆွဲထူလိုက်တော့ မျက်လုံးမပွင့်ဘဲ ငုတ်တုတ်ထိုင်လျက်လေး ပါလာသည်။
"ကျောင်းသွားရအောင်"
"အမ်"
"လုပ် မျက်နှာသစ်တော့"
လင်းရာစကားကြောင့် သာထူးကြောင်အစွာနဲ့ မယုံနိုင်ဖြစ်ကာ နာရီကို ကြည့်လိုက်မိတော့ မနက်ခြောက်နာရီသာထိုးသေးသည်။
"အစောကြီးရှိသေးတယ်လေ လင်းရာ။ ခုမှ ခြောက်နာရီပဲရှိသေးတယ် ပြန်အိပ်ဦးမယ် ဝှါးးး"
အိပ်ချင်မူးတူးသံနဲ့ပြောကာ သန်းဝေပြီး ပြန်အိပ်ဖို့ပြင်နေတဲ့ သာထူးကို လင်းရာလက်နဲ့ လှမ်းဆွဲထားရသည်။
"မအိပ်နဲ့တော့ ထတော့ဟ"
"ညက သောက်တာ များလို့ အိပ်ရေးမဝသေးပါဘူးဆို ကျောင်းကို အစောကြီးသွားပြီး ဘာလုပ်မလို့လဲ လင်းရာ"
"ဒါဆို မင်း ဇေယျာတို့နဲ့ လိုက်ခဲ့လိုက်။ ငါ မင်း ဆိုင်ကယ် ယူသွားလိုက်မယ်"
"တူတူသွားမယ်လေကွာ။ ဘာလို့ တစ်ယောက်ထဲ သွားချင်နေတာလဲ"
"မင်းပဲ အိပ်ချင်သေးတယ်ဆို"
"အင်း"
"အာ့ဆို ဆက်အိပ် . . ငါဆိုင်ကယ် ယူသွားလိုက်မယ်"
"ဘာသွားလုပ်မလို့လဲ"
"လူကြီးနဲ့တွေ့ဖို့ ချိန်းထားလို့"
"အင်း . . . မင်းသွားချင်ရင် လိုက်ပို့မှာပေါ့။ တစ်ယောက်ထဲမသွားနဲ့ စိတ်မချဘူး"
"မင်းစိတ်မချရအောင် ငါက ကလေးလား"
"အင်း . . . မင်းကို ကလေးပိစိလို့ပဲ မျက်လုံးထဲမှာ မြင်နေတုန်း"
"ထ မျက်နှာ သစ်တော့"
"အင်း . . . အတွဲတွေ ပိုကိုပိုတယ်။ အိပ်ကောင်းခြင်း မအိပ်ရဘူး။ မင်းတို့နှစ်ယောက် ယူဖြစ်တဲ့အခါ ငါ့ကိုကျေးဇူးဆပ်ပါ"
"ထိပ်ဆုံးကဆပ်မယ်။ မြန်မြန်မျက်နှာသွားသစ်တော့"
သာထူးကို အိပ်ရာပေါ်က ဆွဲချကာ ရေချိုးခန်းကို တွန်းလွှတ်ရသည်။ လူကြီးနဲ့တွေ့ဖို့ ချိန်းထားတာမို့ အမြန်ဆုံးသွားဖို့ စိတ်လောနေမိတာပါ။ ညက ကိစ္စကို သေချာ ချော့ရဦးမည် မဟုတ်ပါလား။
သာထူး ပြင်ဆင်ပြီးပြီဆိုတာနဲ့ ဆိုင်ကယ်ဆွဲကာ ထွက်လာခဲ့လိုက်ပြီး ရွှေစကားရှေ့ရောက်တော့ ပေါက်စီဝယ်ဖို့ ဆိုင်ကယ်ခဏ ရပ်လိုက်သည်။
"ညီလေး အစ်ကို့ကို ပေါ့စိမ့်နှစ်ခွက်နဲ့ ပေါက်စီသုံးလုံးပေးပါ။ ပါဆယ်ယူမှာနော် ညီလေး"
"ဟုတ် အစ်ကို"
ဆိုင်ထဲမှာဝင်ထိုင်ပြီးမှ ပါဆယ်မှာနေသည့် လင်းရာကြောင့် ရေနွေးကြမ်းငှဲ့ဖို့ ပြင်နေသည့် သာထူးမှာ ငှဲ့ရင်းတန်းလန်း ရပ်လိုက်ရသည်။
"လင်းရာ"
"ဟင်"
"ဒီမှာ ထိုင်စားမှာ မဟုတ်ဘူးလား"
"လူကြီးနဲ့ချိန်းထားပါတယ်ဆို လူကြီးနဲ့စားမှာပေါ့ဟ"
"ဪ . . . မင်းမှာတဲ့အထဲမှာ ငါဖို့ရောပါလား"
"No"
လင်းရာ ပြန်ဖြေလိုက်တဲ့ အဖြေကို ကြားပြီး သာထူးမှာ ပါစပ်အဟောင်းသားဖြစ်ကာ ဆွံ့အသွားရသည်။
"ဪ . . . အေးပါ . . . အရမ်းချစ်ဖို့ကောင်းတာပဲ။ သူ့လူကြီးနဲ့တွေ့ဖို့ အိပ်ရေးပျက်ခံပြီးတော့လည်း မနက်အစောကြီးအိပ်ရာထပြီး လိုက်ပို့ရသေးတယ်။ မုန့်မှာတော့ ငါ့အတွက် မပါဘူးတဲ့။ တရားကျဖို့ ကောင်းလိုက်တာ။ သူ့ဟာကြီးအတွက်ကြ မမေ့မလျော့ဝယ်တယ်"
"အစထဲက လူကြီးစားဖို့ ဝင်ဝယ်တာလေ။ မင်းစားချင်ရင် မင်းစားချင်တဲ့ဟာကို မင်းဘာမင်း မှာလိုက်လေ။ ငါက မင်းဘာစားချင်မှန်းမှ မသိတာ။ မင်းစားချင်တာ မှာလိုက်။ ငါဝယ်ကျွေးမယ်"
"ဪ . . . အေး . . ကျေးဇူး"
သာထူးက လင်းရာကိုကြည့်ကာ ပွစိပွစိ ရေရွတ်ပြီး သိပ်မကြည်တော့ပေ။
"ညီလေး အစ်ကို့ကိုလည်း ပေါ့စိမ့်နှစ်ခွက်နဲ့ ပေါက်စီသုံးလုံး ပါဆယ်ပေးပါ"
"မင်း ငါ့ကို မကျေနပ်ချက်နဲ့များ ရွဲ့ဝယ်သလား သာထူးအောင်"
"အေး . . . သိပြီးရော"
"မင်းတစ်ယောက်ထဲ စားလို့ ကုန်မှာလား"
"မကုန်ဘူးလေ"
"မကုန်ဘဲ ဘာလို့ အဲ့လောက်အများကြီး ဝယ်တာလဲ"
"မင်းနဲ့ငါ့အတွက်ပဲလား။ ဟိုကြ ထူးခြားနဲ့ပါ တွေ့ရဦးမှာလေ။ သူ့အတွက်လည်း ဝယ်ရမှာပေါ့"
"ဪ . . ဪ . . ဪ . . အေးပါ . . အေးပါ။ ထူးခြားအတွက်ပါ ဝယ်တာပေါ့။ ထူးခြားတစ်ယောက်ထဲနဲ့ပဲ တွေ့ရမှာပေါ့လေ။ ကျန်တဲ့ လေးယောက်က လူတွေမဟုတ်ဘဲ သရဲတွေဖြစ်ရမယ်။ ငါက ငါတို့အဖွဲ့မှာ ငါအပါအဝင် အားလုံးပေါင်း ခုနှစ်ယောက်ရှိတယ်ထင်နေတာ။ လက်စသတ်တော့ မင်းရယ် ထူးခြားရယ် ငါရယ်ပဲ ရှိတာကိုး။ တော်သေးတာပေါ့ ငါ့ပါထည့်တွက်ပေးသေးလို့။ မဟုတ်ရင် ငါလည်း ဟိုကောင်တွေလို မမြင်ရတဲ့ သရဲတစ္ဆေ ဖြစ်သွားနိုင်တယ်"
"လာမရွဲ့နဲ့။ မင်းပိုက်ဆံနဲ့ ဝယ်ကျွေးတာလေ။ အများကြီးစာ ယူလို့ကောင်းမလား"
"အဲ့တာဆိုလည်း အများကြီးစာ ယူဖို့မကောင်းရင် ထူးခြားအတွက်လည်း မမှာနဲ့လေ။ မင်းအတွက်ပဲ မင်းမှာပေါ့။ ဘာလို့ အားလုံးထဲမှာမှ ထူးခြားအတွက်ပဲ ထည့်မှာတာလဲ။ မျက်နှာလိုက် လိုက်တာ။ ကျန်တဲ့သူငယ်ချင်းတွေသာ သိရင် စိတ်မကောင်း ဖြစ်နေတော့မှာပဲ။ သူငယ်ချင်း အချင်းချင်း ခွဲခြား ခွဲခြားနဲ့"
"ဟ ငါတို့အဖွဲ့က ခုနှစ်ယောက်ဆိုပေမယ့် ငါတို့သုံးယောက်ကပဲ အတွဲအများဆုံးလေ"
"အင်းပါ အင်းပါ။ အကြောင်းပြချက်တွေက ရှယ်ကောင်းဆိုတော့ ယုံပေးရမှာပေါ့ ငါက ဟ ဟ"
"မင်းဘဲကြီး စောင့်နေတော့မယ်။ မြန်မြန်သွားမယ် လာ"
"မှာထားတာတွေ မလာသေးဘူးကွ ဟျောင့်ရ။ ရှက်ရမ်း ရမ်းမနေနဲ့ ခဏစောင့်ဦး"
"မင်းပဲ စောင့်။ ငါ ဆိုင်ကယ်ပေါ်က စောင့်မယ်"
ရှက်ကို့ရှက်ကန်းနဲ့ ထွက်သွားတဲ့ သာထူးကိုကြည့်ပြီး လင်းရာ ရယ်မိပါတော့သည်။ ငဒူလေးက ညာလည်း မညာတတ်နဲ့ လူမိတော့လည်း ရှက်သွားတာများ သူ့အပြင် နှစ်ယောက်မရှိပေ။
ကျောင်းကိုရောက်တော့ လူကြီးကို ဦးတီးကန်တင်းမှာ စောင့်နေလိုက်သည်။ ခဏကြာတော့ လူကြီးနဲ့ မမမေချယ်က နှစ်ယောက်သား လက်ချိတ်ကာ ကန်တင်းထဲကို ဝင်လာကြလေသည်။ ချိတ်ထားတဲ့လက်ကိုမြင်ရတော့ လင်းရာစိတ်ထဲ သိပ်ဘဝင်မကျတော့ပေ။
"ဘေဘီ"
"အင်း"
"စောင့်နေတာ ကြာပြီလား"
"အင်း"
"ကိုယ့်ကို မေမေက မယုံမကြည်ဖြစ်နေတာနဲ့ မေချယ့်ကို လာခေါ်ပေးဖို့ အကူအညီတောင်းလိုက်ရတယ်"
"ဪ . . . "
မျက်နှာလေးတည်နေသည့် ဘေဘီ့ကိုကြည့်ကာ မေချယ်က မျက်စပြစ်ပြလေသည်။
"ကလေး အူတိုနေပြီ ထင်တယ် စစ်ပိုင်။ ကလေးခမျာ အူတိုနေတာ သိသိသာသာ ဟန်တောင် မဆောင်နိုင်ရှာဘူး မျက်နှာလေးကို စူပုတ်လို့။ ရှင်းပြပြီး ချော့လိုက်ပါဦးဟယ်။ ငါသွားပြီနော်"
အလိုက်သိစွာဖြင့် မေချယ်က ထွက်သွားပေသည်မို့ သူငယ်ချင်းမကို ကျေးဇူးတင်ရပြန်သည်။
"ဘေဘီ"
"အင်း"
"မေချယ်နဲ့ သဝန်တိုနေတာလား"
"ကျွန်တော်က . . ."
"အင်းလေ ဘေဘီကပေါ့။ ကိုယ်နဲ့မေချယ် လက်တွဲပြီး ဝင်လာလို့ သဝန်တိုပြီး စိတ်ဆိုးနေတယ်မို့လား"
"မတိုရဲပါဘူးဗျာ။ ခင်ဗျားတို့က BFFကြီးတွေပဲဟာ"
"မရွဲ့ပါနဲ့ကွာ။ ကိုယ်ရှင်းပြမယ်နော်။ မနက်က ကျောင်းကို စောစောသွားမယ်ပြောတော့ မေမေက အစောကြီး ဘာသွားလုပ်မှာလဲလို့မေးလို့ သူငယ်ချင်းတွေနဲ့ ချိန်ထားတယ်ပြောတာကို မေမေက မသွားခိုင်းတာနဲ့ မေချယ့်ကို လာခေါ်ထုတ်ပေးဖို့ အကူအညီတောင်းလိုက်ရတာ။ မေချယ်လာခေါ်တော့ မေမေက ဘာမှတောင် မမေးဘူး တစ်ခါထဲ ထည့်လိုက်တာ။ မေချယ်နဲ့ဆို မေမေက သိပ်မမေးဘူး သွားခိုင်းတယ်"
"အင်းပေါ့"
"တကယ်ပါ ဘေဘီရ။ ဘေဘီ့ကို ကိုယ်ပြောတယ်လေ မေချယ့်ကို သူငယ်ချင်းအနေနဲ့ ချစ်တယ် ခင်တယ်လို့ ပြောပြဘူးတယ်လေ"
"ဘာလဲဟ ဒီလူကြီးက ဘာလို့ အသည်းအသန် လာဖြေရှင်းပြနေတာလဲ။ အိုးမလုံ အုံပွင့်ဆိုတာ ဒါမျိုးကိုပြောတာ။ ကိုယ့်ကိုယ်ကို မလုံတာနဲ့ လိုက်ဖြေရှင်းပြနေတယ်။ သူ့ကို ဘယ်သူက ဘာတွေမေးနေလို့ လာဖြေရှင်းပြနေတာလဲ"
"ဟင် . . ဘေဘီ့ရုပ်က ကိုယ်နဲ့မေချယ့်ကို သဝန်တိုပြီး စိတ်တိုနေတဲ့ ပုံစံကြီးလေ"
"ကျွန်တော်က အဲ့လို ပြောလို့လား"
"မပြောပေမယ့် ဘေဘီ့ရုပ်ကြီးက သိသာနေတာကိုး"
"ဪ . . . "
"ကဲပါ ဘေဘီရာ စိတ်မဆိုးနဲ့တော့နော်။ ကိုယ့်ကို မယုံဘူးလား"
"ဘယ်သူက ဘာပြောလို့"
"အာ့ဆို ဘေဘီ့ရုပ်ကြီးကို အရင်ပြင်"
"ဘာကိုပြင်"
"ပြုံးပြုံးလေးနေ"
"ကျွန်တော့် သဘော"
"ကိုယ့်ကို မချစ်ဘူးလား"
"ဘာဆိုင်"
"ချစ်တဲ့သူဆိုရင် ကိုယ်ဒီလောက်ရှင်းပြ တောင်းပန်နေတာကို နားလည်လက်ခံပေးရမှာပေါ့"
"နေပါဦး ခင်ဗျားကြီးက ကျွန်တော့်ကို ပြန်ပြီး အပြစ်တင်နေတာလား။ ခင်ဗျားက ဘာမှန်နေလို့လဲ။ ကူညီတယ်ဆိုရင်တောင် လက်ချင်း ချိတ်ထားစရာလိုလား။ ဘာလို့ အဲ့မမက ခင်ဗျားလက်ကို ချိတ်ထားရတာလဲပြော"
မျက်နှာလေးဆူပုတ်ကာ ရှုံ့မဲ့ပြီး ပြောနေတဲ့ ဘေဘီ့ကိုကြည့်ပြီး ကိုယ့်မှာ ချစ်ရပြန်သည်။ ကလေးက ကိုယ်နဲ့မေချယ် လက်ချင်းချိတ်ဝင်လာတာကိုကြည့်ပြီး သဝန်တိုနေတာပေါ့လေ။ သဝန်တိုနေတဲ့ ရုပ်လေးက ဆူပုတ်ပြီး တအားကို ချစ်ဖို့ကောင်းနေပါရောလား။ အသဲတွေ အူတွေယားလို့ ပါးလေးကို ဖျစ်ညှစ်လိုက်တော့ မျက်စောင်းလေးက ဒိုင်းကနဲ ရောက်လာသည်။
"လက်ချင်းချိတ်လာလို့ ဘေဘီက စိတ်ဆိုးနေတာလား။ စိတ်မဆိုးပါနဲ့ ဘေဘီရာ။ မေချယ်က အဲ့လိုပဲ အကျင့်ပါနေတာ။ သူနဲ့တူတူ လမ်းတွဲလျှောက်ရင် သူက အဲ့လိုပဲ လက်ချိတ်တာ အကျင့်ပါနေတာ"
"အကျင့်ကြီးက လွန်တယ်"
"ဪ . . . ဟော် . . . သူ့ကို တစ်မျိုးမထင်ပါနဲ့ကွာ။ သူက ကိုယ်တို့နှစ်ယောက်အကြောင်းကို သိပါတယ်ကွ။ ခုလည်း ကိုယ်တို့နှစ်ယောက်တွေ့ရဖို့ သူက စေတနာနဲ့ ကူညီပေးတာလေကွာ။ နားလည်ပေးလိုက်နော်"
"မကြိုက်ဘူး"
"ဘာကို"
"ခင်ဗျားနဲ့ အဲ့မမ တပူးပူး တတွဲတွဲနေတာ မကြိုက်ဘူး။ ခင်ဗျားလက်ကို အဲ့မမ ချိတ်ထားတာ ကို မကြိုက်ဘူး။ ခင်ဗျား အဲ့မမကိုကြည့်ပြီး ရယ်နေတာလည်း မကြိုက်ဘူး။ အဲ့မမကို ခင်ဗျားနဲ့ ပတ်သက်ရင် အကုန်မကြိုက်ဘူး"
"ဪ . . . အေး . . . ကောင်းကွာ"
တကယ်ပါ ဘေဘီတစ်ယောက် အရင်က ခုလောက်ထိ အူမတိုတတ်ဘူးလားလို့။ ခုတော့ နှစ်ယောက်တွေ့ဖို့ ကူညီပေးတဲ့သူကိုတောင် ကျေးဇူးမတင်ဘဲ အူတိုနေရှာတဲ့ ကလေးလေး။
"ကဲပါဗျာ ခင်ဗျားလေး စူပုတ်မနေပါနဲ့တော့။ ကိုယ်ဗိုက်ဆာလှပြီ မနက်စာ စားရအောင်။ ပေါက်စီတွေရော လက်ဖက်ရည်တွေရော ဘေဘီစိတ်ကောက်နေတာနဲ့တင် အေးကုန်ပြီ။ ကိုယ့်ကိုချော့ဖို့ လာတဲ့သူကို ကိုယ်ကပြန်ချော့နေရတဲ့ဘဝ။ ဘေဘီတို့များ ပိုင်ချက်။ သူစိတ်ကောက်လိုက်တာနဲ့ပဲ ကိုယ့်ကို ချော့စရာ မလိုတော့ဘူး"
"ခင်ဗျားနော်"
"စတာ စား စား"
ပေါက်စီ တစ်လုံးကို တစ်ဝက်ခွဲပြီး ဘေဘီ့ကို ကမ်းပေးလိုက်တော့ ဘေဘီက လှမ်းယူမလိုပြင်ပြီးမှ လက်ကို ပြန်ရုတ်သွားလေသည်။
"တစ်ယောက်တစ်လုံးစားမယ်"
"ဘာလို့"
"တစ်ယောက်တစ်ခြမ်းခွဲလည်း တစ်ယောက်တစ်လုံးပဲ စားရမှာလေ။ တစ်ယောက်တစ်လုံး ကိုယ့်အလုံးကိုယ်စား"
"ကိုယ်က စေတနာနဲ့ ဘေဘီ့ကို ဘဲဥပါတဲ့အပိုင်းလေးတွေပဲ စားစေချင်လို့လေ။ တမင်သက်သက် ပေါက်စီကို နှစ်ပိုင်းပိုင်းပြီး ဘဲဥပါတဲ့ အခြမ်းကိုပဲ ရွေးပေးတာ"
ဘေဘီက စစ်ပိုင်စကားကို နားထောင်ပြီးနောက် ပေါက်စီတစ်လုံး ကောက်ယူပြီး တစ်ပိုင်းပိုင်းကာ ဘဲဥပါတဲ့အခြမ်းကို ကိုယ့်ကိုကမ်းပေးလာသည်။
"ဘာလုပ်တာ"
"လူကြီးရဲ့ ချစ်ခြင်းမေတ္တာတွေပဲ အမြဲစားနေရတော့ ဒီတစ်ခါတော့ ကျွန်တော့်အချစ်တွေပါတဲ့ ဘဲဥပါတဲ့အပိုင်းလေးကို လူကြီးကစားလိုက်ပါ"
"ဟုတ်ကဲ့ပါဗျာ။ ဒါပေမဲ့ ကျန်တဲ့တစ်လုံးကတော့ ညီတူညီမျှ တစ်ယောက်တစ်ပိုင်းပဲနော်"
"ဒီလူကြီးကတော့နော် . . . တစ်ခါတလေလေးများ အနစ်နာခံပြီး ကျွေးဖူးတယ်ရှိအောင် ကျန်တဲ့အလုံးကို တစ်ဝက်မဝက်ဘဲ ကျွန်တ်ော့ကို အကုန် အလုံးလိုက် ကျွေးကြည့်ပါ့လား"
"ကျွေးကြည့်ပါဘူးကွာ"
"အူပုတ်ကြီး"
"ဒါနဲ့ ဘေဘီညက သောက်တာ များလား"
"များဘူး"
"အင်း။ ကောင်မလေးတွေ ခေါ်သေးလား"
"ဟုတ်"
"ဘေဘီ့အတွက်ပါ ခေါ်တာလား"
"ကျွန်တော်တို့ ခုနှစ်ယောက်လုံးအတွက် ခေါ်တာ"
"ဘာ"
"လန့်တာဗျာ လူကြီးရာ။ ဘာလို့ အော်လိုက်တာလဲ"
"ဘေဘီပါ ကောင်မလေး ခေါ်တာလား"
"အင်းပါဆို"
"ဘာလုပ်သေးလဲ"
"ဟာဗျာ . . . KTV ကကောင်မလေးကို ပုခုံးဖက်တာအပြင် ဘာလုပ်လို့ရသေးလို့လဲ"
"ဒါ . . ဒါဆို ပုခုံးဖက်ခဲ့တယ်ပေါ့"
"အင်းလေ ပုခုံးဖက်ပြီး သီချင်းတွေ အော်ဆိုခဲ့တာ"
"ဟမ်"
"ပုခုံးဖက်တာပဲ ဘာဖြစ်မှာမို့လို့လဲ"
"ဘာ ဘယ်လို ဘယ်လို ပြောလိုက်တာ"
"ဟုတ်တယ်လေ ပုခုံးဖက်တာပဲ ဘာဖြစ်လို့"
"ခုနက ကျွန်တော်မျိုးကို မေချယ်လက်ချိတ်တာတောင် ခင်ဗျားလေး သဝန်တိုတယ်ဆို"
"အင်းလေ"
"ခင်ဗျားလေးကြမှ တခြားကောင်မလေးပုခုံးကိုဖက်တာ ဘာဖြစ်မှာမို့လို့လဲလို့ ကိုယ်ချင်းစာစိတ် တစ်စက်လေးမှမရှိ ဘယ်လိုများ ပြောထွက်ရတာလဲ"
"ဟို . . ."
"ကိုယ်သွားပြီ . . . ကိုယ်စိတ်မကောင်းဖြစ်သွားပြီမို့ နည်းနည်းလေး စိတ်တော့ကောက်သွားမိပြီ"
"ဟမ် . . . လူကြီး . . . နေဦးလေ . . . "
လက်ဖက်ရည်ခွက်လေးနဲ့ ပေါက်စီလုံးလေး လက်ကကိုင်ကာ ထွက်သွားသော လူကြီးကိုကြည့်ပြီး လင်းရာ အင်တင်တင်နှင့် ကျန်ခဲ့ရသည်။
"စိတ်ကောက်တာလည်း ရိုးရိုးကောက်ပါ့လား။ ကျန်နေတဲ့တစ်လုံးကို တစ်ယောက်တစ်ဝက် ခွဲစားရမှာကို တစ်လုံးလုံး တစ်ယောက်ထဲ အပိုင်ယူသွားတယ်။ စိတ်ကောက်တာက နည်းနည်း ပေါက်စီတစ်လုံးလုံး တစ်ယောက်ထဲ စားချင်တာကများများ။ အူပုတ်ကြီး"
"ယောင်္ကျားလေးပဲ KTV ဝင်လို့ ကောင်မလေးခေါ်ဖြစ်ရင် ပုခုံးတော့ဖက်မှာပေါ့။ ပုခုံးဖက်တာပဲဆန်းသလား။ ယောင်္ကျားလေးချင်းကို ဒါလေးတောင် နားလည်မပေးဘူး။ ဒီလူကြီးကတော့"
"တစ်ယောက်ထဲ ဘာတွေပွစိပွစိ ရေရွတ်နေတာလဲ"
သာထူးက အနားကို ရောက်လာပြီး ပွစိပွစိလုပ်နေတဲ့ လင်းရာကိုကြည့်ကာ ပြုံးစိစိဖြင့် မေးလေသည်။
"မနေ့က ကောင်မလေးခေါ်ပြီး ပုခုံးဖက်လို့တဲ့ကွာ"
"အင်း သဝန်တိုမှာပေါ့"
"တိုစရာလား ယောင်္ကျားချင်း နားလည်ပေးရမှာပေါ့"
"ယောင်္ကျားချင်းဆိုပေမယ့် မင်းက သူ့ချစ်သူလေ။ ဘယ်လိုနားလည်ပေးနိုင်မလဲ။ ကိုယ့်ကောင်လေး ရင်ခွင်ထဲ တခြားမိန်းမတစ်ယောက်ရှိနေမှာကို ဘယ်သူမှ မကြိုက်ဘူး"
"မသိဘူးကွာ"
"ပြောရင်လည်း လက်မခံဘူး"
"ဒါနဲ့ မင်းက ခုထိ လက်ဖက်ရည်ရော ပေါက်စီရော မစားရသေးဘူးလား"
"အင်း"
"မစားဘဲ ဘာလုပ်နေတာလဲ"
"ထူးခြားကိုစောင့်နေတာ"
"ဪ . . . အဲ့ကောင် ခုထိမလာသေးဘူးလား"
"အင်း"
"စောင့်မနေနဲ့ စားလိုက်တော့လေ"
"အင်း တစ်ယောက်ထဲ စားရမှာပျင်းလို့ မင်းတို့ဆီ လာစားတာ"
"အင်း ငါနဲ့တူတူစားမယ်လေ။ မင်းပေါက်စီတွေ မင်းတစ်ယောက်ထဲစားလို့ ဘယ်ကုန်မလဲ ငါကူစားပေးမယ်နော်"
လင်းရာလေးက သာထူးကို မျက်နှာချိုသွေးကာ ပေါက်စီတစ်လုံးကို လှမ်းယူလေသည်။
"စားမှာသာစား ဟျောင့်။ စားချင်တာနဲ့ပဲ ကူစားပေးမယ် လုပ်နေတယ်"
"အဟီး . . . ချစ်တယ်"
"နေစမ်း"
"ဟားးဟားးးးး"
လင်းရာနဲ့စကားတွေပြောပြီး ရယ်နေပေမယ့် ထူးခြားကို မျှော်နေမိခဲ့သည်။ ဒီကောင်ခုထိ ဘာလို့ မလာသေးတာလဲ။
"ထူးခြားကို မျှော်နေတာလား"
"အင်း"
"မလာသေးဘူးလား ဒီကောင်"
"အင်း"
"ဘာလို့ပါလိမ့်"
"ငါ့ကိုရှောင်နေတာများလား"
"မင်းတို့နှစ်ယောက်လည်း တစ်ယောက်ကိုတစ်ယောက် တစ်လှည့်စီ ရှောင်နေလိုက်ကြ"
ထိုနေ့က စာသင်ချိန်တွေ တစ်ချိန်ပြီးတစ်ချိန် ကုန်သွားခဲ့ပေမယ့် ထူးခြားကို အရိပ်အယောင်တောင် မမြင်ခဲ့ရပေ။ တစ်နေကုန်စောင့်နေခဲ့ပေမယ့် ထူးခြားက ပေါ်မလာခဲ့ပါ။ ငါမင်းကို မျှော်နေတယ် ဟျောင့်။
နောက်နေ့ရက်တွေမှာလည်း ထူးခြားက ကျောင်းလာမတက်ခဲ့ပေ။ နေမကောင်းလို့များလားလို့တွေးပြီး စိတ်ပူမိလို့ ဖုန်းဆက်ခဲ့ပေမယ့် စက်ပိတ်ထားသည်တဲ့လေ။
"လင်းရာ"
"ဟေ"
"ထူးခြားနဲ့ တွေ့ဖြစ်သေးလား"
"ဟေ့အေ မတွေ့မိဘူး"
"အဆက်အသွယ်ရောရလား"
"ဟေ့အေ မရဘူး။ ငါဖုန်းခေါ်တာကို စက်ပိတ်ထားတယ်ပဲ အော်နေလို့ သူ့အဆောင်ကိုသွားရှာတော့လည်း မတွေ့ဘူး"
"ငါလည်း ဆက်သွယ်ကြည့်သေးတယ် ဖုန်းစက်ပိတ်ထားတယ်ပဲ အော်နေလို့"
"ဒီကောင် ဘာဖြစ်နေလဲ မသိဘူး"
"အင်း"
"Private Study နားနီးလို့ ကျောင်းမတက်တော့ဘဲ စာကျက်ဖို့ အိမ်ပြန်သွားတာဖြစ်မယ်"
"အင်း ဟုတ်လောက်မယ်"
"အိမ်ပြန်မယ်ဆိုလည်း ငါတို့ကို တစ်ခုခုတော့ ပြောသွားသင့်တယ်။ ခုတော့ ဘာမှပြောမသွားတဲ့အပြင် ဖုန်းပါစက်ပိတ်ထားတယ်ဆိုတော့ အိမ်ပြန်သွားတာမှန်းမသိ ဘာဖြစ်မှန်းမသိနဲ့ စိတ်ပူနေရတယ်။ အဆက်အသွယ်လေး ရရင်လည်း ကောင်းသား။ စိတ်သိပ်မပူရတော့ဘူးပေါ့"
"အင်းလေ"
"မင်းတို့နှစ်ယောက် လူကို အရမ်းစိတ်ပူအောင်လုပ်ကြတယ်"
ထူးခြားကျောင်းမလာတာ ဒီနေ့နဲ့ဆို ၅ရက်(တစ်ပတ်) ရှိခဲ့ပါပြီ။ ကိုယ့်ကိုရှောင်ဖို့ ကျောင်းမလာတာများလားလို့ တွေးမိပြန်တော့ စိတ်မကောင်းဖြစ်ရသည်။ ကိုယ့်ရဲ့မပြတ်မသား စိတ်ကြောင့် ထူးခြားက အနေရခက်ပြီး ရှောင်နေပေးသည့်ပုံပါပဲ။ ခုကစပြီး မင်းငါ့ကို ရှောင်စရာမလိုတော့ပါဘူး ထူးခြားရာ။
နေ့ရက်တိုင်းမှာ မျှော်နေခဲ့မိပေမယ့် မျှော်နေတဲ့သူက ပေါ်မလာခဲ့ပေ။ ရှောင်မနေပါနဲ့တော့လို့ ပြောချင်ပေမယ့် ပြောရမည့်သူက ကိုယ့်ကိုရှောင်နေတော့ ကိုယ့်မှာ ပြောခွင့်မရပြန်။
စိတ်ပြေလက်ပျောက် တစ်ယောက်ထဲ ဆိုင်ကယ်လျှောက်မောင်းရင်း မထင်မှတ်ဘဲ မြို့ပတ်လမ်းက ထိုင်းနေကြ ဂုန်းပေါက်လေးသို့ ရောက်လာခဲ့မိသည်။ ဂုန်းပေါက်ကိုရောက်တော့ ကိုယ်တစ်ပတ်လုံး မျှော်နေခဲ့ရသည့်သူကို မထင်မှတ်ဘဲ တွေ့လိုက်ရလေသည်။
"ထူးခြား"
"ဟင်"
ဂုန်းပေါက်ကို နောက်ခိုင်းလေးထိုင်နေသည့် ကောင်လေးက သာထူးအသံကြားတော့ လှည့်ကြည့်လာလေသည်။
"တစ်ယောက်ထဲလား"
"အင်း"
"ဘာလုပ်နေတာလဲ"
"စိတ်ပြေလက်ပျောက် လာထိုင်နေတာ။ မင်းရော"
"မင်းလိုပဲ"
"အင်း"
"ဘာလို့ တစ်ပတ်လုံး ကျောင်းမလာတာလဲ"
"အိမ်ပြန်ပြီး စာကျက်နေတာ"
"ဪ . . . ငါတို့က မင်းကို ဆက်သွယ်လို့ မရလို့ စိတ်ပူနေခဲ့တာ"
"အင်း စိတ်ပူစေခဲ့မိလို့ တောင်းပန်ပါတယ်။ ငါလည်း ဒီမနက်မှ အိမ်ကပြန်ရောက်တာ"
"ဪ . . . အင်းပါ"
နှစ်ယောက်သားကြားမှာ ခဏတာ တိတ်ဆိတ်သွားခဲ့သည်။
"ငါလေ ငွေခြည့်ဆီက အဖြေရခဲ့တယ်"
"အင်း"
"ဒါပေမဲ့ ငွေခြည့်ကို အဖြေတောင်းထားတာကို။ပြန်ရုပ်သိမ်းခဲ့တယ်"
"ဟမ်"
"ဟုတ်တယ်။ ငါသူ့ကို မချစ်နိုင်တော့လို့လေ။ အဲ့ကြောင့် ရည်းစားစကားပြောထားတာကို ပြန်ရုတ်သိမ်းခဲ့တယ်"
သာထူးစကားကြောင့် ထူးခြား ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားခဲ့ရသည်။ ကိုယ့်အတွက် မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာသလို ခံစားရပြီး ပျော်နေမိသည်။
"ဘာလို့ ငွေခြည့်ကို မချစ်နိုင်တော့တာလဲ။ မင်းပဲ အရင်က ငွေခြည့်ကို အသည်းအသန် ချစ်ခဲ့တာလေ"
"အရင်ကလေ . . . ခုမဟုတ်တော့ဘူး"
"မင်းက ငွေခြည်မဟုတ်တဲ့ တခြားတစ်ယောက်ကို ချစ်မိသွားလို့လား"
"အင်း"
သာထူးအဖြေကို ကြားလိုက်ရတော့ ဆွံ့အပြီး အံ့ဩသွားရပြန်သည်။ မင်းချစ်မိသွားတာ ဘယ်သူလဲ သိချင်မိသည်။ ငါ့အတွက် မျှော်လင့်ချက် ရှိရဲ့လားလို့ သိချင်တာမို့ မင်းကို နောက်တစ်ကြိမ် ချစ်ခွင့်ပန်ကြည့်ချင်သည်။
"သာထူးအောင်"
"ဟင်"
"မင်းငါ့ကို ချစ်လား"
"ဘာ . . ဘယ်လို ဘယ်လို ပြန်ပြောစမ်းပါ"
"မင်းငါ့ကို ချစ်လားလို့"
"မင်းတော်တော်လူပါးဝတယ်နော်။ တကယ်ဆို မင်းကိုငါချစ်တယ်လို့ မင်းဘက်က ငါ့ကို ရည်းစားစကားပြောပြီး အဖြေတောင်းရမှာ မဟုတ်ဘူးလား။ စကားပြောပုံကိုက အထက်စီးဆန်ဆန် မင်းငါ့ကို ချစ်လားတဲ့။ တကယ်ဆို မင်းက ငါ့ကို အရင်စပြီး ချစ်ခဲ့တဲ့သူ မဟုတ်ဘူးလား"
"ဟုတ်တယ်လေ"
"အဲ့ဒါဆို မင်းဘက်ကအရင် မင်းကိုငါချစ်တယ်လို့ ပြောရမှာ မဟုတ်ဘူးလား"
"ဟုတ်တယ်လေ"
"အဲ့ဒါကို ဘာလို့များ မင်းငါ့ကိုချစ်လား ဆိုတဲ့မေးခွန်းကြီးကို လူပါးဝပြီး လာမေးနေရတာလဲ"
"မင်းငါ့ကို ချစ်မှန်းမသိ မချစ်မှန်းမသိ မင်းကို ချစ်တယ်လို့ မပြောချင်ပါဘူး"
"ဒါဆို ငါလည်းမင်းကို မေးပါဦးမယ်။ မင်းရော ငါ့ကိုချစ်လား"
မထင်မှတ်ထားတဲ့မေးခွန်းကို သာထူးက ကိုယ့်မျက်နှာကို တည့်တည့်စိုက်ကြည့်ပြီး မျက်လုံးချင်းဆုံကာ မေးလိုက်သည်မို့ ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲသွားရသည်။
ဒါပေမဲ့ သာထူးမျက်နှာကို တည့်တည့်စိုက်ကြည့်ပြီး ကိုယ်ပြန်ဖြေလိုက်ပါသည်။
"ချစ်တယ် တစ်ဘလုံးစာအတွက် ရည်ရွယ်ပြီးတော့ကို မင်းကိုငါချစ်တယ်"
"မင်းလက်ကိုတွဲပြီး အရာရာရင်ဆိုင်ရဲတဲ့အထိ မင်းကိုငါလည်း ချစ်တယ်"
ထူးခြားဖြေလိုက်တဲ့ စကားအဆုံးမှာ ချက်ချင်းဆိုသလို ကိုယ့်မျက်လုံးကို စူးစူးရှရှစိုက်ကြည့်ပြီး ပြန်အဖြေပေးလာတဲ့ သာထူးကြောင့် အံ့ဩသွားရသည်။
ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး။ သာထူးဘက်က ကျွန်တော့်ကို ဒီလို ချက်ချင်း ပြန်အဖြေပေးလာလိမ့်မယ်လို့ လုံးဝကို မျှော်လင့်မထားခဲ့ဘူး။
ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲနေတဲ့ကြားက သာထူးနှုတ်ခမ်းပါးလှလှလေးကို ကျွန်တော် အနမ်းတွေ ခြွေချလိုက်မိသည်။ ကျွန်တော်သူ့ကို အရမ်းချစ်သည်။
[A/N] => ခရီးသွားနေရလို့ Update နောက်ကျသွားတာမို့ ခွင့်လွှတ်နားလည်ပေးပါနော်။
Mon, Aug 23 (23/8/2021/Mon)
****************
#Zawgyi
"သာထူး သာထူး"
"အင္ . . . ဟင္ . . . "
"ထစမ္းပါ"
"ဘာလို႔လဲ"
"ထ . . အရင္ မ်က္လုံးဖြင့္ဦး"
"အင္"
သာထူးကို လင္းရာဆြဲထူလိုက္ေတာ့ မ်က္လုံးမပြင့္ဘဲ ငုတ္တုတ္ထိုင္လ်က္ေလး ပါလာသည္။
"ေက်ာင္းသြားရေအာင္"
"အမ္"
"လုပ္ မ်က္ႏွာသစ္ေတာ့"
လင္းရာစကားေၾကာင့္ သာထူးေၾကာင္အစြာနဲ႔ မယုံနိုင္ျဖစ္ကာ နာရီကို ၾကည့္လိုက္မိေတာ့ မနက္ေျခာက္နာရီသာထိုးေသးသည္။
"အေစာႀကီးရွိေသးတယ္ေလ လင္းရာ။ ခုမွ ေျခာက္နာရီပဲရွိေသးတယ္ ျပန္အိပ္ဦးမယ္ ဝွါးးး"
အိပ္ခ်င္မူးတူးသံနဲ႔ေျပာကာ သန္းေဝၿပီး ျပန္အိပ္ဖို႔ျပင္ေနတဲ့ သာထူးကို လင္းရာလက္နဲ႔ လွမ္းဆြဲထားရသည္။
"မအိပ္နဲ႔ေတာ့ ထေတာ့ဟ"
"ညက ေသာက္တာ မ်ားလို႔ အိပ္ေရးမဝေသးပါဘူးဆို ေက်ာင္းကို အေစာႀကီးသြားၿပီး ဘာလုပ္မလို႔လဲ လင္းရာ"
"ဒါဆို မင္း ေဇယ်ာတို႔နဲ႔ လိုက္ခဲ့လိုက္။ ငါ မင္း ဆိုင္ကယ္ ယူသြားလိုက္မယ္"
"တူတူသြားမယ္ေလကြာ။ ဘာလို႔ တစ္ေယာက္ထဲ သြားခ်င္ေနတာလဲ"
"မင္းပဲ အိပ္ခ်င္ေသးတယ္ဆို"
"အင္း"
"အာ့ဆို ဆက္အိပ္ . . ငါဆိုင္ကယ္ ယူသြားလိုက္မယ္"
"ဘာသြားလုပ္မလို႔လဲ"
"လူႀကီးနဲ႔ေတြ႕ဖို႔ ခ်ိန္းထားလို႔"
"အင္း . . . မင္းသြားခ်င္ရင္ လိုက္ပို႔မွာေပါ့။ တစ္ေယာက္ထဲမသြားနဲ႔ စိတ္မခ်ဘူး"
"မင္းစိတ္မခ်ရေအာင္ ငါက ကေလးလား"
"အင္း . . . မင္းကို ကေလးပိစိလို႔ပဲ မ်က္လုံးထဲမွာ ျမင္ေနတုန္း"
"ထ မ်က္ႏွာ သစ္ေတာ့"
"အင္း . . . အတြဲေတြ ပိုကိုပိုတယ္။ အိပ္ေကာင္းျခင္း မအိပ္ရဘူး။ မင္းတို႔ႏွစ္ေယာက္ ယူျဖစ္တဲ့အခါ ငါ့ကိုေက်းဇူးဆပ္ပါ"
"ထိပ္ဆုံးကဆပ္မယ္။ ျမန္ျမန္မ်က္ႏွာသြားသစ္ေတာ့"
သာထူးကို အိပ္ရာေပၚက ဆြဲခ်ကာ ေရခ်ိဳးခန္းကို တြန္းလႊတ္ရသည္။ လူႀကီးနဲ႔ေတြ႕ဖို႔ ခ်ိန္းထားတာမို႔ အျမန္ဆုံးသြားဖို႔ စိတ္ေလာေနမိတာပါ။ ညက ကိစၥကို ေသခ်ာ ေခ်ာ့ရဦးမည္ မဟုတ္ပါလား။
သာထူး ျပင္ဆင္ၿပီးၿပီဆိုတာနဲ႔ ဆိုင္ကယ္ဆြဲကာ ထြက္လာခဲ့လိုက္ၿပီး ေရႊစကားေရွ႕ေရာက္ေတာ့ ေပါက္စီဝယ္ဖို႔ ဆိုင္ကယ္ခဏ ရပ္လိုက္သည္။
"ညီေလး အစ္ကို႔ကို ေပါ့စိမ့္ႏွစ္ခြက္နဲ႔ ေပါက္စီသုံးလုံးေပးပါ။ ပါဆယ္ယူမွာေနာ္ ညီေလး"
"ဟုတ္ အစ္ကို"
ဆိုင္ထဲမွာဝင္ထိုင္ၿပီးမွ ပါဆယ္မွာေနသည့္ လင္းရာေၾကာင့္ ေရေႏြးၾကမ္းငွဲ႕ဖို႔ ျပင္ေနသည့္ သာထူးမွာ ငွဲ႕ရင္းတန္းလန္း ရပ္လိုက္ရသည္။
"လင္းရာ"
"ဟင္"
"ဒီမွာ ထိုင္စားမွာ မဟုတ္ဘူးလား"
"လူႀကီးနဲ႔ခ်ိန္းထားပါတယ္ဆို လူႀကီးနဲ႔စားမွာေပါ့ဟ"
"ဪ . . . မင္းမွာတဲ့အထဲမွာ ငါဖို႔ေရာပါလား"
"No"
လင္းရာ ျပန္ေျဖလိုက္တဲ့ အေျဖကို ၾကားၿပီး သာထူးမွာ ပါစပ္အေဟာင္းသားျဖစ္ကာ ဆြံ့အသြားရသည္။
"ဪ . . . ေအးပါ . . . အရမ္းခ်စ္ဖို႔ေကာင္းတာပဲ။ သူ႔လူႀကီးနဲ႔ေတြ႕ဖို႔ အိပ္ေရးပ်က္ခံၿပီးေတာ့လည္း မနက္အေစာႀကီးအိပ္ရာထၿပီး လိုက္ပို႔ရေသးတယ္။ မုန႔္မွာေတာ့ ငါ့အတြက္ မပါဘူးတဲ့။ တရားက်ဖို႔ ေကာင္းလိုက္တာ။ သူ႔ဟာႀကီးအတြက္ၾက မေမ့မေလ်ာ့ဝယ္တယ္"
"အစထဲက လူႀကီးစားဖို႔ ဝင္ဝယ္တာေလ။ မင္းစားခ်င္ရင္ မင္းစားခ်င္တဲ့ဟာကို မင္းဘာမင္း မွာလိုက္ေလ။ ငါက မင္းဘာစားခ်င္မွန္းမွ မသိတာ။ မင္းစားခ်င္တာ မွာလိုက္။ ငါဝယ္ေကၽြးမယ္"
"ဪ . . . ေအး . . ေက်းဇူး"
သာထူးက လင္းရာကိုၾကည့္ကာ ပြစိပြစိ ေရရြတ္ၿပီး သိပ္မၾကည္ေတာ့ေပ။
"ညီေလး အစ္ကို႔ကိုလည္း ေပါ့စိမ့္ႏွစ္ခြက္နဲ႔ ေပါက္စီသုံးလုံး ပါဆယ္ေပးပါ"
"မင္း ငါ့ကို မေက်နပ္ခ်က္နဲ႔မ်ား ရြဲ႕ဝယ္သလား သာထူးေအာင္"
"ေအး . . . သိၿပီးေရာ"
"မင္းတစ္ေယာက္ထဲ စားလို႔ ကုန္မွာလား"
"မကုန္ဘူးေလ"
"မကုန္ဘဲ ဘာလို႔ အဲ့ေလာက္အမ်ားႀကီး ဝယ္တာလဲ"
"မင္းနဲ႔ငါ့အတြက္ပဲလား။ ဟိုၾက ထူးျခားနဲ႔ပါ ေတြ႕ရဦးမွာေလ။ သူ႔အတြက္လည္း ဝယ္ရမွာေပါ့"
"ဪ . . ဪ . . ဪ . . ေအးပါ . . ေအးပါ။ ထူးျခားအတြက္ပါ ဝယ္တာေပါ့။ ထူးျခားတစ္ေယာက္ထဲနဲ႔ပဲ ေတြ႕ရမွာေပါ့ေလ။ က်န္တဲ့ ေလးေယာက္က လူေတြမဟုတ္ဘဲ သရဲေတြျဖစ္ရမယ္။ ငါက ငါတို႔အဖြဲ႕မွာ ငါအပါအဝင္ အားလုံးေပါင္း ခုႏွစ္ေယာက္ရွိတယ္ထင္ေနတာ။ လက္စသတ္ေတာ့ မင္းရယ္ ထူးျခားရယ္ ငါရယ္ပဲ ရွိတာကိုး။ ေတာ္ေသးတာေပါ့ ငါ့ပါထည့္တြက္ေပးေသးလို႔။ မဟုတ္ရင္ ငါလည္း ဟိုေကာင္ေတြလို မျမင္ရတဲ့ သရဲတေစၧ ျဖစ္သြားနိုင္တယ္"
"လာမရြဲ႕နဲ႔။ မင္းပိုက္ဆံနဲ႔ ဝယ္ေကၽြးတာေလ။ အမ်ားႀကီးစာ ယူလို႔ေကာင္းမလား"
"အဲ့တာဆိုလည္း အမ်ားႀကီးစာ ယူဖို႔မေကာင္းရင္ ထူးျခားအတြက္လည္း မမွာနဲ႔ေလ။ မင္းအတြက္ပဲ မင္းမွာေပါ့။ ဘာလို႔ အားလုံးထဲမွာမွ ထူးျခားအတြက္ပဲ ထည့္မွာတာလဲ။ မ်က္ႏွာလိုက္ လိုက္တာ။ က်န္တဲ့သူငယ္ခ်င္းေတြသာ သိရင္ စိတ္မေကာင္း ျဖစ္ေနေတာ့မွာပဲ။ သူငယ္ခ်င္း အခ်င္းခ်င္း ခြဲျခား ခြဲျခားနဲ႔"
"ဟ ငါတို႔အဖြဲ႕က ခုႏွစ္ေယာက္ဆိုေပမယ့္ ငါတို႔သုံးေယာက္ကပဲ အတြဲအမ်ားဆုံးေလ"
"အင္းပါ အင္းပါ။ အေၾကာင္းျပခ်က္ေတြက ရွယ္ေကာင္းဆိုေတာ့ ယုံေပးရမွာေပါ့ ငါက ဟ ဟ"
"မင္းဘဲႀကီး ေစာင့္ေနေတာ့မယ္။ ျမန္ျမန္သြားမယ္ လာ"
"မွာထားတာေတြ မလာေသးဘူးကြ ေဟ်ာင့္ရ။ ရွက္ရမ္း ရမ္းမေနနဲ႔ ခဏေစာင့္ဦး"
"မင္းပဲ ေစာင့္။ ငါ ဆိုင္ကယ္ေပၚက ေစာင့္မယ္"
ရွက္ကို႔ရွက္ကန္းနဲ႔ ထြက္သြားတဲ့ သာထူးကိုၾကည့္ၿပီး လင္းရာ ရယ္မိပါေတာ့သည္။ ငဒူေလးက ညာလည္း မညာတတ္နဲ႔ လူမိေတာ့လည္း ရွက္သြားတာမ်ား သူ႔အျပင္ ႏွစ္ေယာက္မရွိေပ။
ေက်ာင္းကိုေရာက္ေတာ့ လူႀကီးကို ဦးတီးကန္တင္းမွာ ေစာင့္ေနလိုက္သည္။ ခဏၾကာေတာ့ လူႀကီးနဲ႔ မမေမခ်ယ္က ႏွစ္ေယာက္သား လက္ခ်ိတ္ကာ ကန္တင္းထဲကို ဝင္လာၾကေလသည္။ ခ်ိတ္ထားတဲ့လက္ကိုျမင္ရေတာ့ လင္းရာစိတ္ထဲ သိပ္ဘဝင္မက်ေတာ့ေပ။
"ေဘဘီ"
"အင္း"
"ေစာင့္ေနတာ ၾကာၿပီလား"
"အင္း"
"ကိုယ့္ကို ေမေမက မယုံမၾကည္ျဖစ္ေနတာနဲ႔ ေမခ်ယ့္ကို လာေခၚေပးဖို႔ အကူအညီေတာင္းလိုက္ရတယ္"
"ဪ . . . "
မ်က္ႏွာေလးတည္ေနသည့္ ေဘဘီ့ကိုၾကည့္ကာ ေမခ်ယ္က မ်က္စျပစ္ျပေလသည္။
"ကေလး အူတိုေနၿပီ ထင္တယ္ စစ္ပိုင္။ ကေလးခမ်ာ အူတိုေနတာ သိသိသာသာ ဟန္ေတာင္ မေဆာင္နိုင္ရွာဘူး မ်က္ႏွာေလးကို စူပုတ္လို႔။ ရွင္းျပၿပီး ေခ်ာ့လိုက္ပါဦးဟယ္။ ငါသြားၿပီေနာ္"
အလိုက္သိစြာျဖင့္ ေမခ်ယ္က ထြက္သြားေပသည္မို႔ သူငယ္ခ်င္းမကို ေက်းဇူးတင္ရျပန္သည္။
"ေဘဘီ"
"အင္း"
"ေမခ်ယ္နဲ႔ သဝန္တိုေနတာလား"
"ကၽြန္ေတာ္က . . ."
"အင္းေလ ေဘဘီကေပါ့။ ကိုယ္နဲ႔ေမခ်ယ္ လက္တြဲၿပီး ဝင္လာလို႔ သဝန္တိုၿပီး စိတ္ဆိုးေနတယ္မို႔လား"
"မတိုရဲပါဘူးဗ်ာ။ ခင္ဗ်ားတို႔က BFFႀကီးေတြပဲဟာ"
"မရြဲ႕ပါနဲ႔ကြာ။ ကိုယ္ရွင္းျပမယ္ေနာ္။ မနက္က ေက်ာင္းကို ေစာေစာသြားမယ္ေျပာေတာ့ ေမေမက အေစာႀကီး ဘာသြားလုပ္မွာလဲလို႔ေမးလို႔ သူငယ္ခ်င္းေတြနဲ႔ ခ်ိန္ထားတယ္ေျပာတာကို ေမေမက မသြားခိုင္းတာနဲ႔ ေမခ်ယ့္ကို လာေခၚထုတ္ေပးဖို႔ အကူအညီေတာင္းလိုက္ရတာ။ ေမခ်ယ္လာေခၚေတာ့ ေမေမက ဘာမွေတာင္ မေမးဘူး တစ္ခါထဲ ထည့္လိုက္တာ။ ေမခ်ယ္နဲ႔ဆို ေမေမက သိပ္မေမးဘူး သြားခိုင္းတယ္"
"အင္းေပါ့"
"တကယ္ပါ ေဘဘီရ။ ေဘဘီ့ကို ကိုယ္ေျပာတယ္ေလ ေမခ်ယ့္ကို သူငယ္ခ်င္းအေနနဲ႔ ခ်စ္တယ္ ခင္တယ္လို႔ ေျပာျပဘူးတယ္ေလ"
"ဘာလဲဟ ဒီလူႀကီးက ဘာလို႔ အသည္းအသန္ လာေျဖရွင္းျပေနတာလဲ။ အိုးမလုံ အုံပြင့္ဆိုတာ ဒါမ်ိဳးကိုေျပာတာ။ ကိုယ့္ကိုယ္ကို မလုံတာနဲ႔ လိုက္ေျဖရွင္းျပေနတယ္။ သူ႔ကို ဘယ္သူက ဘာေတြေမးေနလို႔ လာေျဖရွင္းျပေနတာလဲ"
"ဟင္ . . ေဘဘီ့႐ုပ္က ကိုယ္နဲ႔ေမခ်ယ့္ကို သဝန္တိုၿပီး စိတ္တိုေနတဲ့ ပုံစံႀကီးေလ"
"ကၽြန္ေတာ္က အဲ့လို ေျပာလို႔လား"
"မေျပာေပမယ့္ ေဘဘီ့႐ုပ္ႀကီးက သိသာေနတာကိုး"
"ဪ . . . "
"ကဲပါ ေဘဘီရာ စိတ္မဆိုးနဲ႔ေတာ့ေနာ္။ ကိုယ့္ကို မယုံဘူးလား"
"ဘယ္သူက ဘာေျပာလို႔"
"အာ့ဆို ေဘဘီ့႐ုပ္ႀကီးကို အရင္ျပင္"
"ဘာကိုျပင္"
"ျပဳံးျပဳံးေလးေန"
"ကၽြန္ေတာ့္ သေဘာ"
"ကိုယ့္ကို မခ်စ္ဘူးလား"
"ဘာဆိုင္"
"ခ်စ္တဲ့သူဆိုရင္ ကိုယ္ဒီေလာက္ရွင္းၿပ ေတာင္းပန္ေနတာကို နားလည္လက္ခံေပးရမွာေပါ့"
"ေနပါဦး ခင္ဗ်ားႀကီးက ကၽြန္ေတာ့္ကို ျပန္ၿပီး အျပစ္တင္ေနတာလား။ ခင္ဗ်ားက ဘာမွန္ေနလို႔လဲ။ ကူညီတယ္ဆိုရင္ေတာင္ လက္ခ်င္း ခ်ိတ္ထားစရာလိုလား။ ဘာလို႔ အဲ့မမက ခင္ဗ်ားလက္ကို ခ်ိတ္ထားရတာလဲေျပာ"
မ်က္ႏွာေလးဆူပုတ္ကာ ရႈံ႔မဲ့ၿပီး ေျပာေနတဲ့ ေဘဘီ့ကိုၾကည့္ၿပီး ကိုယ့္မွာ ခ်စ္ရျပန္သည္။ ကေလးက ကိုယ္နဲ႔ေမခ်ယ္ လက္ခ်င္းခ်ိတ္ဝင္လာတာကိုၾကည့္ၿပီး သဝန္တိုေနတာေပါ့ေလ။ သဝန္တိုေနတဲ့ ႐ုပ္ေလးက ဆူပုတ္ၿပီး တအားကို ခ်စ္ဖို႔ေကာင္းေနပါေရာလား။ အသဲေတြ အူေတြယားလို႔ ပါးေလးကို ဖ်စ္ညႇစ္လိုက္ေတာ့ မ်က္ေစာင္းေလးက ဒိုင္းကနဲ ေရာက္လာသည္။
"လက္ခ်င္းခ်ိတ္လာလို႔ ေဘဘီက စိတ္ဆိုးေနတာလား။ စိတ္မဆိုးပါနဲ႔ ေဘဘီရာ။ ေမခ်ယ္က အဲ့လိုပဲ အက်င့္ပါေနတာ။ သူနဲ႔တူတူ လမ္းတြဲေလၽွာက္ရင္ သူက အဲ့လိုပဲ လက္ခ်ိတ္တာ အက်င့္ပါေနတာ"
"အက်င့္ႀကီးက လြန္တယ္"
"ဪ . . . ေဟာ္ . . . သူ႔ကို တစ္မ်ိဳးမထင္ပါနဲ႔ကြာ။ သူက ကိုယ္တို႔ႏွစ္ေယာက္အေၾကာင္းကို သိပါတယ္ကြ။ ခုလည္း ကိုယ္တို႔ႏွစ္ေယာက္ေတြ႕ရဖို႔ သူက ေစတနာနဲ႔ ကူညီေပးတာေလကြာ။ နားလည္ေပးလိုက္ေနာ္"
"မႀကိဳက္ဘူး"
"ဘာကို"
"ခင္ဗ်ားနဲ႔ အဲ့မမ တပူးပူး တတြဲတြဲေနတာ မႀကိဳက္ဘူး။ ခင္ဗ်ားလက္ကို အဲ့မမ ခ်ိတ္ထားတာ ကို မႀကိဳက္ဘူး။ ခင္ဗ်ား အဲ့မမကိုၾကည့္ၿပီး ရယ္ေနတာလည္း မႀကိဳက္ဘူး။ အဲ့မမကို ခင္ဗ်ားနဲ႔ ပတ္သက္ရင္ အကုန္မႀကိဳက္ဘူး"
"ဪ . . . ေအး . . . ေကာင္းကြာ"
တကယ္ပါ ေဘဘီတစ္ေယာက္ အရင္က ခုေလာက္ထိ အူမတိုတတ္ဘူးလားလို႔။ ခုေတာ့ ႏွစ္ေယာက္ေတြ႕ဖို႔ ကူညီေပးတဲ့သူကိုေတာင္ ေက်းဇူးမတင္ဘဲ အူတိုေနရွာတဲ့ ကေလးေလး။
"ကဲပါဗ်ာ ခင္ဗ်ားေလး စူပုတ္မေနပါနဲ႔ေတာ့။ ကိုယ္ဗိုက္ဆာလွၿပီ မနက္စာ စားရေအာင္။ ေပါက္စီေတြေရာ လက္ဖက္ရည္ေတြေရာ ေဘဘီစိတ္ေကာက္ေနတာနဲ႔တင္ ေအးကုန္ၿပီ။ ကိုယ့္ကိုေခ်ာ့ဖို႔ လာတဲ့သူကို ကိုယ္ကျပန္ေခ်ာ့ေနရတဲ့ဘဝ။ ေဘဘီတို႔မ်ား ပိုင္ခ်က္။ သူစိတ္ေကာက္လိုက္တာနဲ႔ပဲ ကိုယ့္ကို ေခ်ာ့စရာ မလိုေတာ့ဘူး"
"ခင္ဗ်ားေနာ္"
"စတာ စား စား"
ေပါက္စီ တစ္လုံးကို တစ္ဝက္ခြဲၿပီး ေဘဘီ့ကို ကမ္းေပးလိုက္ေတာ့ ေဘဘီက လွမ္းယူမလိုျပင္ၿပီးမွ လက္ကို ျပန္႐ုတ္သြားေလသည္။
"တစ္ေယာက္တစ္လုံးစားမယ္"
"ဘာလို႔"
"တစ္ေယာက္တစ္ျခမ္းခြဲလည္း တစ္ေယာက္တစ္လုံးပဲ စားရမွာေလ။ တစ္ေယာက္တစ္လုံး ကိုယ့္အလုံးကိုယ္စား"
"ကိုယ္က ေစတနာနဲ႔ ေဘဘီ့ကို ဘဲဥပါတဲ့အပိုင္းေလးေတြပဲ စားေစခ်င္လို႔ေလ။ တမင္သက္သက္ ေပါက္စီကို ႏွစ္ပိုင္းပိုင္းၿပီး ဘဲဥပါတဲ့ အျခမ္းကိုပဲ ေရြးေပးတာ"
ေဘဘီက စစ္ပိုင္စကားကို နားေထာင္ၿပီးေနာက္ ေပါက္စီတစ္လုံး ေကာက္ယူၿပီး တစ္ပိုင္းပိုင္းကာ ဘဲဥပါတဲ့အျခမ္းကို ကိုယ့္ကိုကမ္းေပးလာသည္။
"ဘာလုပ္တာ"
"လူႀကီးရဲ့ ခ်စ္ျခင္းေမတၱာေတြပဲ အျမဲစားေနရေတာ့ ဒီတစ္ခါေတာ့ ကၽြန္ေတာ့္အခ်စ္ေတြပါတဲ့ ဘဲဥပါတဲ့အပိုင္းေလးကို လူႀကီးကစားလိုက္ပါ"
"ဟုတ္ကဲ့ပါဗ်ာ။ ဒါေပမဲ့ က်န္တဲ့တစ္လုံးကေတာ့ ညီတူညီမၽွ တစ္ေယာက္တစ္ပိုင္းပဲေနာ္"
"ဒီလူႀကီးကေတာ့ေနာ္ . . . တစ္ခါတေလေလးမ်ား အနစ္နာခံၿပီး ေကၽြးဖူးတယ္ရွိေအာင္ က်န္တဲ့အလုံးကို တစ္ဝက္မဝက္ဘဲ ကၽြန္တ္ော့ကို အကုန္ အလုံးလိုက္ ေကၽြးၾကည့္ပါ့လား"
"ေကၽြးၾကည့္ပါဘူးကြာ"
"အူပုတ္ႀကီး"
"ဒါနဲ႔ ေဘဘီညက ေသာက္တာ မ်ားလား"
"မ်ားဘူး"
"အင္း။ ေကာင္မေလးေတြ ေခၚေသးလား"
"ဟုတ္"
"ေဘဘီ့အတြက္ပါ ေခၚတာလား"
"ကၽြန္ေတာ္တို႔ ခုႏွစ္ေယာက္လုံးအတြက္ ေခၚတာ"
"ဘာ"
"လန႔္တာဗ်ာ လူႀကီးရာ။ ဘာလို႔ ေအာ္လိုက္တာလဲ"
"ေဘဘီပါ ေကာင္မေလး ေခၚတာလား"
"အင္းပါဆို"
"ဘာလုပ္ေသးလဲ"
"ဟာဗ်ာ . . . KTV ကေကာင္မေလးကို ပုခုံးဖက္တာအျပင္ ဘာလုပ္လို႔ရေသးလို႔လဲ"
"ဒါ . . ဒါဆို ပုခုံးဖက္ခဲ့တယ္ေပါ့"
"အင္းေလ ပုခုံးဖက္ၿပီး သီခ်င္းေတြ ေအာ္ဆိုခဲ့တာ"
"ဟမ္"
"ပုခုံးဖက္တာပဲ ဘာျဖစ္မွာမို႔လို႔လဲ"
"ဘာ ဘယ္လို ဘယ္လို ေျပာလိုက္တာ"
"ဟုတ္တယ္ေလ ပုခုံးဖက္တာပဲ ဘာျဖစ္လို႔"
"ခုနက ကၽြန္ေတာ္မ်ိဳးကို ေမခ်ယ္လက္ခ်ိတ္တာေတာင္ ခင္ဗ်ားေလး သဝန္တိုတယ္ဆို"
"အင္းေလ"
"ခင္ဗ်ားေလးၾကမွ တျခားေကာင္မေလးပုခုံးကိုဖက္တာ ဘာျဖစ္မွာမို႔လို႔လဲလို႔ ကိုယ္ခ်င္းစာစိတ္ တစ္စက္ေလးမွမရွိ ဘယ္လိုမ်ား ေျပာထြက္ရတာလဲ"
"ဟို . . ."
"ကိုယ္သြားၿပီ . . . ကိုယ္စိတ္မေကာင္းျဖစ္သြားၿပီမို႔ နည္းနည္းေလး စိတ္ေတာ့ေကာက္သြားမိၿပီ"
"ဟမ္ . . . လူႀကီး . . . ေနဦးေလ . . . "
လက္ဖက္ရည္ခြက္ေလးနဲ႔ ေပါက္စီလုံးေလး လက္ကကိုင္ကာ ထြက္သြားေသာ လူႀကီးကိုၾကည့္ၿပီး လင္းရာ အင္တင္တင္ႏွင့္ က်န္ခဲ့ရသည္။
"စိတ္ေကာက္တာလည္း ရိုးရိုးေကာက္ပါ့လား။ က်န္ေနတဲ့တစ္လုံးကို တစ္ေယာက္တစ္ဝက္ ခြဲစားရမွာကို တစ္လုံးလုံး တစ္ေယာက္ထဲ အပိုင္ယူသြားတယ္။ စိတ္ေကာက္တာက နည္းနည္း ေပါက္စီတစ္လုံးလုံး တစ္ေယာက္ထဲ စားခ်င္တာကမ်ားမ်ား။ အူပုတ္ႀကီး"
"ေယာကၤ်ားေလးပဲ KTV ဝင္လို႔ ေကာင္မေလးေခၚျဖစ္ရင္ ပုခုံးေတာ့ဖက္မွာေပါ့။ ပုခုံးဖက္တာပဲဆန္းသလား။ ေယာကၤ်ားေလးခ်င္းကို ဒါေလးေတာင္ နားလည္မေပးဘူး။ ဒီလူႀကီးကေတာ့"
"တစ္ေယာက္ထဲ ဘာေတြပြစိပြစိ ေရရြတ္ေနတာလဲ"
သာထူးက အနားကို ေရာက္လာၿပီး ပြစိပြစိလုပ္ေနတဲ့ လင္းရာကိုၾကည့္ကာ ျပဳံးစိစိျဖင့္ ေမးေလသည္။
"မေန႔က ေကာင္မေလးေခၚၿပီး ပုခုံးဖက္လို႔တဲ့ကြာ"
"အင္း သဝန္တိုမွာေပါ့"
"တိုစရာလား ေယာကၤ်ားခ်င္း နားလည္ေပးရမွာေပါ့"
"ေယာကၤ်ားခ်င္းဆိုေပမယ့္ မင္းက သူ႔ခ်စ္သူေလ။ ဘယ္လိုနားလည္ေပးနိုင္မလဲ။ ကိုယ့္ေကာင္ေလး ရင္ခြင္ထဲ တျခားမိန္းမတစ္ေယာက္ရွိေနမွာကို ဘယ္သူမွ မႀကိဳက္ဘူး"
"မသိဘူးကြာ"
"ေျပာရင္လည္း လက္မခံဘူး"
"ဒါနဲ႔ မင္းက ခုထိ လက္ဖက္ရည္ေရာ ေပါက္စီေရာ မစားရေသးဘူးလား"
"အင္း"
"မစားဘဲ ဘာလုပ္ေနတာလဲ"
"ထူးျခားကိုေစာင့္ေနတာ"
"ဪ . . . အဲ့ေကာင္ ခုထိမလာေသးဘူးလား"
"အင္း"
"ေစာင့္မေနနဲ႔ စားလိုက္ေတာ့ေလ"
"အင္း တစ္ေယာက္ထဲ စားရမွာပ်င္းလို႔ မင္းတို႔ဆီ လာစားတာ"
"အင္း ငါနဲ႔တူတူစားမယ္ေလ။ မင္းေပါက္စီေတြ မင္းတစ္ေယာက္ထဲစားလို႔ ဘယ္ကုန္မလဲ ငါကူစားေပးမယ္ေနာ္"
လင္းရာေလးက သာထူးကို မ်က္ႏွာခ်ိဳေသြးကာ ေပါက္စီတစ္လုံးကို လွမ္းယူေလသည္။
"စားမွာသာစား ေဟ်ာင့္။ စားခ်င္တာနဲ႔ပဲ ကူစားေပးမယ္ လုပ္ေနတယ္"
"အဟီး . . . ခ်စ္တယ္"
"ေနစမ္း"
"ဟားးဟားးးးး"
လင္းရာနဲ႔စကားေတြေျပာၿပီး ရယ္ေနေပမယ့္ ထူးျခားကို ေမၽွာ္ေနမိခဲ့သည္။ ဒီေကာင္ခုထိ ဘာလို႔ မလာေသးတာလဲ။
"ထူးျခားကို ေမၽွာ္ေနတာလား"
"အင္း"
"မလာေသးဘူးလား ဒီေကာင္"
"အင္း"
"ဘာလို႔ပါလိမ့္"
"ငါ့ကိုေရွာင္ေနတာမ်ားလား"
"မင္းတို႔ႏွစ္ေယာက္လည္း တစ္ေယာက္ကိုတစ္ေယာက္ တစ္လွည့္စီ ေရွာင္ေနလိုက္ၾက"
ထိုေန႔က စာသင္ခ်ိန္ေတြ တစ္ခ်ိန္ၿပီးတစ္ခ်ိန္ ကုန္သြားခဲ့ေပမယ့္ ထူးျခားကို အရိပ္အေယာင္ေတာင္ မျမင္ခဲ့ရေပ။ တစ္ေနကုန္ေစာင့္ေနခဲ့ေပမယ့္ ထူးျခားက ေပၚမလာခဲ့ပါ။ ငါမင္းကို ေမၽွာ္ေနတယ္ ေဟ်ာင့္။
ေနာက္ေန႔ရက္ေတြမွာလည္း ထူးျခားက ေက်ာင္းလာမတက္ခဲ့ေပ။ ေနမေကာင္းလို႔မ်ားလားလို႔ေတြးၿပီး စိတ္ပူမိလို႔ ဖုန္းဆက္ခဲ့ေပမယ့္ စက္ပိတ္ထားသည္တဲ့ေလ။
"လင္းရာ"
"ေဟ"
"ထူးျခားနဲ႔ ေတြ႕ျဖစ္ေသးလား"
"ေဟ့ေအ မေတြ႕မိဘူး"
"အဆက္အသြယ္ေရာရလား"
"ေဟ့ေအ မရဘူး။ ငါဖုန္းေခၚတာကို စက္ပိတ္ထားတယ္ပဲ ေအာ္ေနလို႔ သူ႔အေဆာင္ကိုသြားရွာေတာ့လည္း မေတြ႕ဘူး"
"ငါလည္း ဆက္သြယ္ၾကည့္ေသးတယ္ ဖုန္းစက္ပိတ္ထားတယ္ပဲ ေအာ္ေနလို႔"
"ဒီေကာင္ ဘာျဖစ္ေနလဲ မသိဘူး"
"အင္း"
"Private Study နားနီးလို႔ ေက်ာင္းမတက္ေတာ့ဘဲ စာက်က္ဖို႔ အိမ္ျပန္သြားတာျဖစ္မယ္"
"အင္း ဟုတ္ေလာက္မယ္"
"အိမ္ျပန္မယ္ဆိုလည္း ငါတို႔ကို တစ္ခုခုေတာ့ ေျပာသြားသင့္တယ္။ ခုေတာ့ ဘာမွေျပာမသြားတဲ့အျပင္ ဖုန္းပါစက္ပိတ္ထားတယ္ဆိုေတာ့ အိမ္ျပန္သြားတာမွန္းမသိ ဘာျဖစ္မွန္းမသိနဲ႔ စိတ္ပူေနရတယ္။ အဆက္အသြယ္ေလး ရရင္လည္း ေကာင္းသား။ စိတ္သိပ္မပူရေတာ့ဘူးေပါ့"
"အင္းေလ"
"မင္းတို႔ႏွစ္ေယာက္ လူကို အရမ္းစိတ္ပူေအာင္လုပ္ၾကတယ္"
ထူးျခားေက်ာင္းမလာတာ ဒီေန႔နဲ႔ဆို ၅ရက္(တစ္ပတ္) ရွိခဲ့ပါၿပီ။ ကိုယ့္ကိုေရွာင္ဖို႔ ေက်ာင္းမလာတာမ်ားလားလို႔ ေတြးမိျပန္ေတာ့ စိတ္မေကာင္းျဖစ္ရသည္။ ကိုယ့္ရဲ့မျပတ္မသား စိတ္ေၾကာင့္ ထူးျခားက အေနရခက္ၿပီး ေရွာင္ေနေပးသည့္ပုံပါပဲ။ ခုကစၿပီး မင္းငါ့ကို ေရွာင္စရာမလိုေတာ့ပါဘူး ထူးျခားရာ။
ေန႔ရက္တိုင္းမွာ ေမၽွာ္ေနခဲ့မိေပမယ့္ ေမၽွာ္ေနတဲ့သူက ေပၚမလာခဲ့ေပ။ ေရွာင္မေနပါနဲ႔ေတာ့လို႔ ေျပာခ်င္ေပမယ့္ ေျပာရမည့္သူက ကိုယ့္ကိုေရွာင္ေနေတာ့ ကိုယ့္မွာ ေျပာခြင့္မရျပန္။
စိတ္ေျပလက္ေပ်ာက္ တစ္ေယာက္ထဲ ဆိုင္ကယ္ေလၽွာက္ေမာင္းရင္း မထင္မွတ္ဘဲ ၿမိဳ႕ပတ္လမ္းက ထိုင္းေနၾက ဂုန္းေပါက္ေလးသို႔ ေရာက္လာခဲ့မိသည္။ ဂုန္းေပါက္ကိုေရာက္ေတာ့ ကိုယ္တစ္ပတ္လုံး ေမၽွာ္ေနခဲ့ရသည့္သူကို မထင္မွတ္ဘဲ ေတြ႕လိုက္ရေလသည္။
"ထူးျခား"
"ဟင္"
ဂုန္းေပါက္ကို ေနာက္ခိုင္းေလးထိုင္ေနသည့္ ေကာင္ေလးက သာထူးအသံၾကားေတာ့ လွည့္ၾကည့္လာေလသည္။
"တစ္ေယာက္ထဲလား"
"အင္း"
"ဘာလုပ္ေနတာလဲ"
"စိတ္ေျပလက္ေပ်ာက္ လာထိုင္ေနတာ။ မင္းေရာ"
"မင္းလိုပဲ"
"အင္း"
"ဘာလို႔ တစ္ပတ္လုံး ေက်ာင္းမလာတာလဲ"
"အိမ္ျပန္ၿပီး စာက်က္ေနတာ"
"ဪ . . . ငါတို႔က မင္းကို ဆက္သြယ္လို႔ မရလို႔ စိတ္ပူေနခဲ့တာ"
"အင္း စိတ္ပူေစခဲ့မိလို႔ ေတာင္းပန္ပါတယ္။ ငါလည္း ဒီမနက္မွ အိမ္ကျပန္ေရာက္တာ"
"ဪ . . . အင္းပါ"
ႏွစ္ေယာက္သားၾကားမွာ ခဏတာ တိတ္ဆိတ္သြားခဲ့သည္။
"ငါေလ ေငြျခည့္ဆီက အေျဖရခဲ့တယ္"
"အင္း"
"ဒါေပမဲ့ ေငြျခည့္ကို အေျဖေတာင္းထားတာကို။ျပန္႐ုပ္သိမ္းခဲ့တယ္"
"ဟမ္"
"ဟုတ္တယ္။ ငါသူ႔ကို မခ်စ္နိုင္ေတာ့လို႔ေလ။ အဲ့ေၾကာင့္ ရည္းစားစကားေျပာထားတာကို ျပန္႐ုတ္သိမ္းခဲ့တယ္"
သာထူးစကားေၾကာင့္ ထူးျခား ဘာျပန္ေျပာရမွန္းမသိ ျဖစ္သြားခဲ့ရသည္။ ကိုယ့္အတြက္ ေမၽွာ္လင့္ခ်က္ ေရာင္ျခည္ေလး သန္းလာသလို ခံစားရၿပီး ေပ်ာ္ေနမိသည္။
"ဘာလို႔ ေငြျခည့္ကို မခ်စ္နိုင္ေတာ့တာလဲ။ မင္းပဲ အရင္က ေငြျခည့္ကို အသည္းအသန္ ခ်စ္ခဲ့တာေလ"
"အရင္ကေလ . . . ခုမဟုတ္ေတာ့ဘူး"
"မင္းက ေငြျခည္မဟုတ္တဲ့ တျခားတစ္ေယာက္ကို ခ်စ္မိသြားလို႔လား"
"အင္း"
သာထူးအေျဖကို ၾကားလိုက္ရေတာ့ ဆြံ့အၿပီး အံ့ဩသြားရျပန္သည္။ မင္းခ်စ္မိသြားတာ ဘယ္သူလဲ သိခ်င္မိသည္။ ငါ့အတြက္ ေမၽွာ္လင့္ခ်က္ ရွိရဲ့လားလို႔ သိခ်င္တာမို႔ မင္းကို ေနာက္တစ္ႀကိမ္ ခ်စ္ခြင့္ပန္ၾကည့္ခ်င္သည္။
"သာထူးေအာင္"
"ဟင္"
"မင္းငါ့ကို ခ်စ္လား"
"ဘာ . . ဘယ္လို ဘယ္လို ျပန္ေျပာစမ္းပါ"
"မင္းငါ့ကို ခ်စ္လားလို႔"
"မင္းေတာ္ေတာ္လူပါးဝတယ္ေနာ္။ တကယ္ဆို မင္းကိုငါခ်စ္တယ္လို႔ မင္းဘက္က ငါ့ကို ရည္းစားစကားေျပာၿပီး အေျဖေတာင္းရမွာ မဟုတ္ဘူးလား။ စကားေျပာပုံကိုက အထက္စီးဆန္ဆန္ မင္းငါ့ကို ခ်စ္လားတဲ့။ တကယ္ဆို မင္းက ငါ့ကို အရင္စၿပီး ခ်စ္ခဲ့တဲ့သူ မဟုတ္ဘူးလား"
"ဟုတ္တယ္ေလ"
"အဲ့ဒါဆို မင္းဘက္ကအရင္ မင္းကိုငါခ်စ္တယ္လို႔ ေျပာရမွာ မဟုတ္ဘူးလား"
"ဟုတ္တယ္ေလ"
"အဲ့ဒါကို ဘာလို႔မ်ား မင္းငါ့ကိုခ်စ္လား ဆိုတဲ့ေမးခြန္းႀကီးကို လူပါးဝၿပီး လာေမးေနရတာလဲ"
"မင္းငါ့ကို ခ်စ္မွန္းမသိ မခ်စ္မွန္းမသိ မင္းကို ခ်စ္တယ္လို႔ မေျပာခ်င္ပါဘူး"
"ဒါဆို ငါလည္းမင္းကို ေမးပါဦးမယ္။ မင္းေရာ ငါ့ကိုခ်စ္လား"
မထင္မွတ္ထားတဲ့ေမးခြန္းကို သာထူးက ကိုယ့္မ်က္ႏွာကို တည့္တည့္စိုက္ၾကည့္ၿပီး မ်က္လုံးခ်င္းဆုံကာ ေမးလိုက္သည္မို႔ ရင္ခုန္သံေတြ ဝုန္းဒိုင္းက်ဲသြားရသည္။
ဒါေပမဲ့ သာထူးမ်က္ႏွာကို တည့္တည့္စိုက္ၾကည့္ၿပီး ကိုယ္ျပန္ေျဖလိုက္ပါသည္။
"ခ်စ္တယ္ တစ္ဘလုံးစာအတြက္ ရည္ရြယ္ၿပီးေတာ့ကို မင္းကိုငါခ်စ္တယ္"
"မင္းလက္ကိုတြဲၿပီး အရာရာရင္ဆိုင္ရဲတဲ့အထိ မင္းကိုငါလည္း ခ်စ္တယ္"
ထူးျခားေျဖလိုက္တဲ့ စကားအဆုံးမွာ ခ်က္ခ်င္းဆိုသလို ကိုယ့္မ်က္လုံးကို စူးစူးရွရွစိုက္ၾကည့္ၿပီး ျပန္အေျဖေပးလာတဲ့ သာထူးေၾကာင့္ အံ့ဩသြားရသည္။
ကၽြန္ေတာ္ မေမၽွာ္လင့္ထားခဲ့ဘူး။ သာထူးဘက္က ကၽြန္ေတာ့္ကို ဒီလို ခ်က္ခ်င္း ျပန္အေျဖေပးလာလိမ့္မယ္လို႔ လုံးဝကို ေမၽွာ္လင့္မထားခဲ့ဘူး။
ရင္ခုန္သံေတြ ဝုန္းဒိုင္းၾကဲေနတဲ့ၾကားက သာထူးႏႈတ္ခမ္းပါးလွလွေလးကို ကၽြန္ေတာ္ အနမ္းေတြ ေႁခြခ်လိုက္မိသည္။ ကၽြန္ေတာ္သူ႔ကို အရမ္းခ်စ္သည္။
[A/N] => ခရီးသြားေနရလို႔ Update ေနာက္က်သြားတာမို႔ ခြင့္လႊတ္နားလည္ေပးပါေနာ္။
Mon, Aug 23 (23/8/2021/Mon)
****************