ဝိညာဥ်ကူး​ပြောင်းလာပြီး​နောက်...

By SwimmingKitty01

54.9K 9.2K 267

I've got permission to translate from English Translator! You can read English version here: https://travistr... More

Description
Chapter 1.1: မင်္ဂလာ​ဆောင်ပွဲသို့ ဝိညာဥ်ကူး​ပြောင်းလာခြင်း (1)
Chapter 1.2: မင်္ဂလာ​ဆောင်ပွဲသို့ ဝိညာဥ်ကူး​ပြောင်းလာခြင်း (2)
Chapter 2: ကွာရှင်း​ပေးရမယ်? အဓိပ္ပါယ်မရှိလိုက်တာ!
Chapter 3: ငါ မင်းအနားမှာပဲ တွယ်ကပ်​နေမှာ
Chapter 4: တကယ် ငါမဟုတ်ပါဘူး
Chapter 5: အတင်း​ပြောခြင်းအတွက် အပြစ်​ပေးခြင်းမရှိ။
Chapter 6: တာဝန် - ​ရှောက်ယန်ရှီးအ​​ပေါ် ​ကောင်းရမယ်
Chapter 7: ငါမင်းကိုသ​ဘောကျတာ​ကြောင့် ကုမ္ပဏီကိုဝယ်ခဲ့တာ
Chapter 8: ငါမင်းကိုသ​ဘောကျတာ​ကြောင့် ငါ့နည်းငါ့ဟန်နဲ့ မင်းကိုဂရုစိုက်​ပေး​နေမယ်
Chapter 10: ကိုယ်ရည်မ​သွေးခင် ကိုယ့်ရဲ့အခွင့်ထူးခံအ​နေအထားကို ​လေ့လာပါ
Chapter 11: မထင်မှတ်ထားတဲ့ မျက်နှာဖြတ်ရိိုက်ခံရခြင်း
Chapter 12: ရင်းနှီးမြှုပ်နှံရခြင်း၏ အ​ကြောင်းအရင်း
Chapter 13: ဘယ်တစ်​ယောက်က မင်းပုံစံအစစ်လဲ?
Chapter 14 - မ​မျှော်လင့်ထား​သော အ​ခြေအ​နေများ
Chapter 15 - သရုပ်​ဆောင်စွမ်းရည် ​ကောင်းတာလား။ ညံ့တာလား။
Chapter 16.1: မင်းစားချင်တာမှန်သမျှ ငါမင်းကို​ပေးမယ် (1)
Chapter 16.2: မင်းစားချင်တာမှန်သမျှ ငါမင်းကို​ပေးမယ် (2)
Chapter 17: မ​ကောင်းဆိုးဝါးဧကရာဇ်
Chapter 18.1: မ​ကောင်းဆိုးဝါးဝတ်စုံ ဝတ်ထားစဥ် ​ရှောက်ယန်ရှီးနှင့်​တွေ့ခြင်း (1)
Chapter 18.2: မ​ကောင်းဆိုးဝါးဝတ်စုံ ဝတ်ထားစဥ် ​ရှောက်ယန်ရှီးနှင့်​တွေ့ခြင်း (2)

Chapter 9: အလွယ်တကူ ရရှိလာသော အလုပ်တစ်ခု

1.8K 409 11
By SwimmingKitty01

[Unicode]

ကျောက်ရှန်က ဇာတ်ညွှန်းတချို့ကို ပို့လာပေးပြီးနောက် လျှိုယွီအန်းသည် ထိုဇာတ်ညွှန်းများက စီအီးအို-နင် ပို့လိုက်သောဇာတ်ညွှန်းများနှင့် တူညီနေသည်ကို သိလိုက်ရသည်။

သို့သော် နားလည်ပေးလို့ရပါသည်။ သူတို့ကုမ္ပဏီ​၏နောက်ကွယ်မှ တကယ့်သူဌေးသည် ရှောက်ယန်ရှီးဖြစ်သော်လည်း မသိသောသူများကတော့ သူတို့ကုမ္ပဏီကို မထင်မရှားကုမ္ပဏီအသေးလေးတစ်ခုအဖြစ်သာ မြင်နေကြလိမ့်မည်။

လျှိုယွီအန်းသည် သူ့‌ ငွေအရင်းအနှီးများ ပါဝင်ထားသော ဇာတ်ညွှန်းများကို ​ကျောက်ရှန်ဆီက တောင်းလိုက်သည်။ ထိုဇာတ်ညွှန်းများသည် တစ်ချိန်က ယွဲ့ကျွင်းကိုသရုပ်ဆောင်ရန်ကမ်းလှမ်းပြီးသား (သို့မဟုတ်) ကမ်းလှမ်းတော့မည့် အခြေအနေ၌ရှိနေသော ဇာတ်ညွှန်းများဖြစ်ကြသည်။ ထို့ကြောင့် သဘာဝကျကျပင် ကုမ္ပဏီဘက်ကလည်း ၎င်းဇာတ်ညွှန်းတို့၌ ရင်းနှီးမြှုပ်နှံပြီးသားဖြစ်နေရလိမ့်မည်။

သို့သော် ယွဲ့ကျွင်းသရုပ်ဆောင်ထားသော ဒီဆယ်ကျော်သက်လူငယ်ဇာတ်လမ်းမှာတော့ ကုမ္ပဏီဘက်က ရင်းနှီးမြှုပ်နှံမှုလုံးဝမထည့်ဝင်ထားပေ။

ရှောက်ယန်ရှီးသည် အနှီဇာတ်လမ်းတွင် ရည်ရွယ်ချက်ရှိရှိဖြင့် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ထားခြင်းဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် မူလလျှိုယွီအန်းသည် ယွဲ့ကျွင်းနှင့်ဇာတ်လိုက်မင်းသမီးတို့ ချစ်ကြည်နူးရမည့်အခန်းများပါဝင်လျှင် ထိုဇာတ်လမ်း၌ ဘယ်တော့မှပါဝင်သရုပ်ဆောင်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။

ဒါဆို အဓိပ္ပါယ်က လျှိုယွီအန်း ၁၀၀ရာခိုင်နှုန်းမပါဝင်တဲ့ ယွဲ့ကျွင်းရဲ့ဇာတ်လမ်းတွေ၊ အလုပ်တွေမှာ ရှောက်ယန်ရှီးက ရန်ပုံငွေလုံးဝမပေးထားဘူးပေါ့။

ရှောက်ယန်ရှီး သဝန်တိုတဲ့ပုံစံက ချစ်စရာကောင်းတယ်လို့ သူ ရုတ်တရက်ခံစားလိုက်ရသည်။

ထိုသို့တွေးတောရင်း ရှောက်ယန်ရှီးဆီ ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်သည်။ ရှောက်ယန်ရှီး အလုပ်လုပ်နေလိမ့်မည်ဟု သူထင်ခဲ့ပေမယ့် သူက အခုဂေါက်ရိုက်နေတယ်ဟု ပြောလာသည်။

"အိုး? မထင်ထားဘူး။ လျှိုသခင်လေးက စီအီးအို ဘယ်မှာရှိနေလဲဆိုတာတောင် လိုက်မေးနေပြီး အရမ်းကိုလူကပ်နေ​တာပါလား။"

အထက်တန်းလွှာရှိ လူတော်တော်များများသည် လျှိုယွီအန်းက ယွဲ့ကျွင်းအား ကြိုက်နေသည့်အကြောင်းကို သိထားကြသည်။ သို့သော် သူတို့တွေ အခုတလော ထပ်ကြားထားရသည်က လျှိုယွီအန်းသည် လက်ထပ်ပြီး‌နောက် ယွဲ့ကျွင်းနှင့် ပတ်သက်သမျှ အဆက်အသွယ်အားလုံးကို ဖြတ်လိုက်ပြီး သူ့ကိုလည်း လုံးဝရှောင်နေသည်ဟူ၍ပင်။ 

ရှောက်ယန်ရှီး၌ အစွမ်းထက်သည့်နည်းလမ်းတစ်ခုခု ရှိရမည်ဟု လူတိုင်းကလက်ခံထားကြသည်။ တခြားတစ်ယောက်အား အရူးအမူးချစ်နေသော လူတစ်ယောက်ကိုတောင် အလွယ်တကူ ပြောင်းလဲသွားစေနိုင်လောက်တဲ့အထိ အရမ်းကိုကျွမ်းကျင်စွာကိုင်တွယ်နိုင်သည့် ရှောက်ယန်ရှီးလိုလူကို သူတို့တွေ ပိုပြီးသတိထားရမည်။

ထိုအချိန်၌ ရှောက်ယန်ရှီးက သူတို့ပြောနေသည့်စကားများကို နားထောင်ပြီး ခံစားချက်မရှိသည့်ပုံနှင့် ပြန်ဖြေလိုက်သည်။ "အမ်း၊ သူက အရမ်းလူကပ်တယ်။"

ထို့ကြောင့် သူတို့ထဲမှ စီအီးအိုတစ်ယောက်က စလိုက်သည်။ "အစက ကျွန်တော်တို့ ဂေါက်ရိုက်ပြီးရင် မစ္စတာရှောက်ကို 'ကျွင်းယွဲ့' သွားဖို့ခေါ်မယ်ဆိုပြီး စီစဥ်ထားတာ။ ဒါပေမယ့် လျှိုသခင်လေးက အရမ်းကိုစိတ်ပူနေတာဆိုတော့ သွားလို့ဖြစ်မှာမဟုတ်တော့ဘူးပဲ"

ကျွင်းယွဲ့၊  တော်တော်လေးကို အဆင့်အတန်းမြင့်တဲ့နာမည်ပဲ။ ပြီးတော့ တကယ်လည်း နာမည်နဲ့လိုက်ဖက်ပါသည်။

တကယ်တော့ ဤပထမတန်းစားနေရာတွင် တမူထူးခြားသောဝန်ဆောင်မှုများလည်း ရသည်။ ပြီးတော့ သူ့အရှေ့က တခြားစီအီးအိုများကလည်း ထိုကဲ့သို့...ခေါ်လေ့ရှိကြသည်ဟု တော်တော်လေး နာမည်ကြီးသည်။

ရှောက်ယန်ရှီးကတော့ စိတ်မဝင်စားပေ။

အရင်က‌တော့ ထိုဝန်ဆောင်မှုပေးသည့်သူများက လျှိုယွီအန်း၏ ၁၀ပုံ၁ပုံလောက်တောင် ဆွဲဆောင်မှုမရှိဟု ခံစားရသောကြောင့် ထိုလူတွေနှင့်အိပ်ဖို့ သူပိုက်ဆံမသုံးချင်ခဲ့ခြင်းဖြစ်သည်။

အခုကတော့ သူလုံးဝကို စိတ်မဝင်စားတော့ခြင်းဖြစ်သည်။

ထိုဟာသကို ကြားလိုက်ရတော့ သူ လျှိုယွီအန်းကို မကွာရှင်းဖို့ ဆုံးဖြတ်လိုက်တာ အရမ်းမှန်တယ်လို့ ခံစားလိုက်ရသည်။

ထိုအချိန်၌ ရှောက်ယန်ရှီးနှင့် အလုပ်တူတူတွဲလုပ်ချင်သော်လည်း အငြင်းခံထားရသော စီအီးအိုတစ်ယောက်က ပြောလာသည်။ "ဒီအကြောင်းပြောမှ သတိရတယ်၊ လျှိုသခင်လေးက အနုပညာနယ်ပယ်မှာ အလုပ်လုပ်နေတာ မဟုတ်လား? ဒီနှစ် ဆောင်းရာသီအတွက်ထုတ်မဲ့ ကျွန်တော့်ရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်အတွက် ကိုယ်စားလှယ်တစ်ယောက် လိုနေတာ။ အဲ့ဒါ လျှိုသခင်လေးများ စိတ်ဝင်စားမလားလို့"

သူ တကယ့် တကယ်ကို ရှောက်ယန်ရှီးနှင့် အလုပ်တွဲလုပ်ဖို့ အခွင့်အရေးရချင်သည်။ အတူတူပူးပေါင်းပြီး မလုပ်နိုင်ရင်တောင် ရှောက်ယန်ရှီးဆီမှာ ရင်းနှီးမြှုပ်နှံနိုင်တယ်ဆိုရင်ပဲ သူကျေနပ်သည်။ 

ဒီနေ့ ရှောက်ယန်ရှီးနှင့် လျှိုယွီအန်း၏အပြုအမူများကိုကြည့်ရင်း လျှိုယွီအန်းကို ကိုယ်စားလှယ်အနေနှင့် ကမ်းလှမ်းလိုက်ခြင်းသည် ဗျူဟာကောင်းတစ်ခု ဖြစ်လိမ့်မည်ဟု သူခံစားလိုက်ရသည်။ 

လျှိုယွီအန်းက နာမည်ပျက်ရှိတဲ့သူတစ်ယောက် ဖြစ်နေတာတောင်မှပေါ့။ 

ဒါပေမယ့်လည်း ဒါကအနုပညာလောကပဲ မဟုတ်လား။ လျှော်လိုက်လျှင် တခဏအတွင်း ဖြူသွားလိမ့်မည်။

သူ့အတွက်ကတော့ ဒီကမ္ဘာပေါ်တွင် ပိုက်ဆံနှင့် ဖြေရှင်း၍မရနိုင်သည့်အရာ ဘာမှမရှိ။ တကယ်လို့ ရှိခဲ့လျှင်လည်း မလုံလောက်၍သာဖြစ်ပြီး ပိုက်ဆံများများထပ်ထည့်လိုက်ရုံသာ။

ပစ္စည်းရောင်းအားအပေါ် ဘယ်လောက်ပဲ အကျိုးသက်ရောက်မှုရှိပါစေ၊ အဆုံးသတ်မှာ ရှောက်ယန်ရှီးနှင့် ရင်းနှီးခွင့်ရမည်ဆိုလျှင် သူ့အတွက် ဒီဆုံးရှုံးမှုက ဘာမှမပြောပလောက်ပေ။

ထိုစီအီးအို ပြောလိုက်သည့်စကားကို ကြားသောအခါ သူဘာကိုဆိုလိုချင်သည်ဆိုတာကို တခြားစီအီးအိုများကလည်း ချက်ချင်း သဘောပေါက်ကြသည်။ သူ့၏မရိုးသားသောပရိယာယ်ကို သူတို့တွေသည် စိတ်ထဲမှ အပြစ်တင်ပြောဆိုနေကြသလို သူတို့တွေရဲ့ ဦးနှောက်က နှေးကွေးနေသည့်အတွက်လည်း နောင်တရနေကြသည်။ 

အခုမှ သူတို့တွေပါ ဝင်ပြီးအလုပ်ကမ်းလှမ်းမည်ဆိုလျှင် အရမ်းကိုသိသာသွားလိမ့်မည်။

နာမည်ကောင်းရအောင်မလုပ်နိုင်ဘဲ ရှောက်ယန်ရှီးကို ‌ဒေါသထွက်အောင် လုပ်မိသွားရင် ပိုဆိုးသွားလိမ့်မည်။

ရှောက်ယန်ရှီးကတော့ အနည်းငယ်အံ့အားသင့်သွားပြီး ပြန်ပြောလာသည်။ "မင်းကိုယ်တိုင် သူ့ကိုမေးကြည့်လိုက်လေ"

------------------------------

တစ်ဖက်မှာ လျှိုယွီအန်းကတော့ သူ့၏ဖုန်းခေါ်ဆိုမှုကြောင့် ဘာတွေဖြစ်သွားတယ်ဆိုတာကို မသိလိုက်ပေ။ ဖုန်းချပြီးနောက် ဇာတ်ညွှန်းများကိုသာ ဆက်ဖတ်နေခဲ့သည်။ 

ရန်ကျန့်ကျန်းသည် ဇာတ်ညွှန်းများကို သေချာဖတ်ကြည့်ပြီးနောက် ခွင့်ပြုပေးလိုက်သည်။

လျှိုယွီအန်းသည် ရန်ကျန့်ကျန်း၏ ပရော်ဖက်ရှင်နယ်ပီသပုံကို ကြည့်ပြီး အထင်ကြီးသွားသည်။ သူက ဇာတ်ညွှန်းများကို သေချာဖတ်ရုံသာမက သူ့အတွက် မှတ်စုများကိုလည်း လုပ်ပေးထားသေးသည်။

ဒါက စီးပွားဖြစ်ရိုက်ကူးတဲ့ဇာတ်လမ်းလား၊ ဒါမှမဟုတ် ဆုရအောင်ကြိုးစားမယ့်ဇာတ်လမ်းမျိုးလား၊ သူ အစမ်းသရုပ်ဆောင်ပြရန် လိုမလို၊ သူသရုပ်ဆောင်ရမယ့် ဇာတ်ကောင်အမျိုးအစားအပြင် ၎င်း၏အကြိုက်နှင့် ထင်ရှားတဲ့အကျင့်စရိုက်၊ ဇာတ်လမ်း၏အဓိကအခန်းများ၊ ဒီဇာတ်လမ်းကို သရုပ်ဆောင်ပြီးနောက် သူရရှိမည့် ကောင်းကျိုးဆိုးကျိုးများကို ဇာတ်ညွှန်းစာရွက်များအားလုံး၏ ရှေ့စာမျက်နှာတွင် ရေးသားထားသည်။

ဒါက လျှိုယွီအန်းအတွက် အရမ်းကိုအဆင်ပြေသည်။ 

သို့သော် ဝတ္ထုတစ်ပုဒ်ကို အခြေခံထားသော ဇာတ်ညွှန်းတစ်ခုကြောင့် လျှိုယွီအန်းတစ်ယောက် ထိတ်လန့်သွားရသည်။

အဘယ်ကြောင့်ဆိုသော် ထိုဝတ္ထုသည် သူယခုကမ္ဘာမတိုင်မီ အရှေ့တွင် ကူးပြောင်းခဲ့သောကမ္ဘာတစ်ခုနှင့် အတိအကျတူနေသောကြောင့် ဖြစ်သည်။

ထိုကမ္ဘာတွင် သူသည် မကောင်းဆိုးဝါးဧကရာဇ်ဖြစ်ခဲ့ပြီး ရန်ကျန့်ကျန်းပေးလာသော ဇာတ်ညွှန်းထဲ၌ သူသရုပ်ဆောင်ရမည့်ဇာတ်ကောင်နေရာကလည်း မကောင်းဆိုးဝါးဧကရာဇ်နေရာကပင်ဖြစ်သည်။ 

တစ်နည်းပြောရလျှင် သူ့အတိတ်ဘဝများထဲမှ တစ်ခုကို ပြန်သရုပ်ဆောင်ပြရမှာဖြစ်နေခြင်း။

"ဟမ်၊ တကယ်ကြီးလား?" ရန်ကျန့်ကျန်း ရေးပေးထားသော မှတ်စုများကို ဖတ်နေရင်း လျှိုယွီအန်း အံ့အားသင့်နေဆဲဖြစ်သည်။

ဖတ်ရသည်မှာလည်း အရမ်းကိုရယ်စရာကောင်းသည်။ အထူးသဖြင့် 'မကောင်းဆိုးဝါးဧကရာဇ်သည် အတ္တကြီးပြီး သူ့ကိုယ်သူ အမြဲတမ်းအလှဆုံးဟု ထင်နေသောသူဖြစ်သည်။ နေ့တိုင်း အိပ်ရာနိုးပြီးချိန်နှင့် အိပ်ရာမဝင်မီအချိန်တိုင်း နာရီဝက်ခန့် သူ့၏မှန်ရှေ့တွင် ကပ်နေလေ့ရှိသည်။ သူ့ကိုယ်သူ "ဟွားယဲ့၊ မင်းက တကယ်ကို ကမ္ဘာမှာ အလှပဆုံး ဖြစ်တည်မှုပဲ"ဟု မပြောမချင်းအချိန်အထိ သူ့၏လက်အောက်ငယ်သား မကောင်းဆိုးဝါးသည် အမျိုးမျိုးသော စကားလုံးများဖြင့် ​ဘေးက​နေ မရပ်မနား ချီးကျူးနေရသည်...'

ရန်ကျန့်ကျန်း၏ အနှစ်ချုပ်မှတ်စုက အရမ်းကိုတိကျသည်ဟု လျှိုယွီအန်း တွေးလိုက်မိသည်။

ဟွားယဲ့က ထိုသို့သောလူမျိုးပင်ဖြစ်သည်။

အလှအပပေါ် ယစ်မူးနေသော လုံးဝအတ္တကြီးသည့်သူတစ်ယောက်။ သူ့ကိုမလှဘူးဟု ပြောရဲသည့်သူမှန်သမျှ၏ အဆုံးသတ်သည် သေခြင်းပင်။

ထိုအမြှောက်စာဇာတ်ကောင်နှင့် ဇာတ်လိုက်၏ ပဋိပက္ခသည် ဇာတ်လိုက်၏ 'ကျစ်၊ ကြောက်စရာကောင်းလိုက်တဲ့မျက်နှာ' ဟူသော စကားတစ်ခွန်းကို အစပြုကာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သူက မကောင်းဆိုးဝါးလောကကနေ လူ့လောကအထိ လိုက်တိုက်ခိုက်ခဲ့ကာ လူသားနှင့်မကောင်းဆိုးဝါးများအကြား စစ်ပွဲကို အစပျိုးစေခဲ့သည်။ သူက အရမ်းကိုစွမ်းအားကြီးပြီး သတ်၍မရနိုင်သောကြောင့် အဆုံး၌ သူ့ကို ချိပ်ပိတ်ထားလိုက်ရသည်။

လျှိုယွီအန်း ထိုကမ္ဘာသို့ ဝိညာဥ်ကူးပြောင်းသွားရခြင်းသည် ၎င်းမကောင်းဆိုးဝါးဧကရာဇ်ကြီးက ဇာတ်ညွှန်းကနေ သွေဖီတော့မည့် အရိပ်အယောင်များ ပြလာသောကြောင့်ဖြစ်သည်။ ဇာတ်လမ်းထဲတွင် သရုပ်ဖော်ထားသည့်အတိုင်း ကမ္ဘာကြီးလည်ပတ်နေစေရန် လျှိုယွီအန်းသည် မကောင်းဆိုးဝါးဧကရာဇ်၏ပုံစံအတိုင်း ကူညီသရုပ်ဆောင်ပေးခဲ့ရသည်။ ထို့ကြောင့် မနက်တိုင်း အိပ်ရာကနိုးသည်နှင့် မှန်ရှေ့တွင် နာရီဝက်ခန့်ထိုင်ကာ ကိုယ့်ကိုယ်ကို ချီးကျူးရင်း လက်အောက်ငယ်သားများ၏ မရပ်မနား ထပ်တလဲလဲ ချီးမွမ်းနေမှုများကိုလည်း အင်တင်တင်ဖြင့် လက်ခံနေရသည်။ 

နောက်ဆုံး ပြောနေကျအဆုံးသတ်စကားကြီးကို မပြောခင်အချိန်အထိ...

တစ်နှစ်ပတ်လုံး တစ်ရက်မကျန်...

ဒီအတွေ့အကြုံကို ပြန်စဥ်းစားမိရုံနဲ့တင် သူ့ကျောရိုးတွေပါ အေးလာသည်။

ဇာတ်လိုက်က သူ့ကို ချိပ်မပိတ်ခင်အချိန်အထိ ပြန်လာ၍မရသောကြောင့် ထိုကမ္ဘာ၌ နှစ်တစ်ရာကျော်လောက် နေခဲ့ရသည်။

မူလက ဤဇာတ်ညွှန်းကို လျှိုယွီအန်း မယူချင်ခဲ့ပေ။ သို့သော် ရန်ကျန့်ကျန်း၏မှတ်စုများအရ လျှိုယွီအန်း သေချာဖတ်ကြည့်ပြီးနောက် အားလုံးထဲတွင် ဒီဇာတ်ညွှန်းက အကောင်းဆုံးဖြစ်နေသည်။ 

မူရင်းဝတ္ထုဖြစ်သည့် 'အဆုံးမဲ့ည' ကိုက ဒီကမ္ဘာ၌ အရမ်းနာမည်ကြီးပြီးသားဖြစ်နေပြီး ဝတ္ထုဖတ်သည့်သူတိုင်းက ၎င်းဝတ္ထုကို သိကြသည်။ လမ်းမပေါ်ပစ်ချထားလျှင်တောင် ၎င်း၏ကျော်ကြားမှုက နိမ့်ကျသွားလိမ့်မည်မဟုတ်။ ဒါကြောင့် ဇာတ်လမ်းတစ်ခုလုံး ဆိုးဆိုးရွားရွားဖြစ်ချင်ဖြစ်ပါစေ အခုအချိန်၌ ဒီဇာတ်ညွှန်းက သူ့အတွက် အကျိုးအရှိဆုံးဖြစ်သည်။

အနည်းဆုံး သူသာ ဇာတ်ကောင်ထဲဝင်အောင် သရုပ်ဆောင်နိုင်နေသရွေ့ သေချာပေါက် fanတွေလည်း ရလာလိမ့်မည်။ တကယ်လို့ သူသာ သဘာဝကျ‌အောင် အောင်အောင်မြင်မြင် သရုပ်ဆောင်နိုင်ခဲ့မယ်ဆိုလျှင် သူ့အောင်မြင်မှုက ထိပ်သို့ရောက်လာနိုင်သည်။

သူ့ကိုကမ်းလှမ်းထားသော တခြားဇာတ်ညွှန်းများက သာမန်ရွက်ကြမ်းရေကျိုမျှသာဖြစ်ပြီး ဇာတ်ကောင်ကလည်း မေ့ပျောက်လွယ်သော ဇာတ်ရုပ်မျိုးဖြစ်ကာ လုပ်ကွက်သိပ်မရှိပေ။

တကယ်လို့ ဇာတ်ညွှန်းထဲ၌ လျှိုယွီအန်း သဘောမကျလို့ ပြောင်းချင်သည့်အပိုင်းရှိလျှင် ပြောင်းပေးမည်ဖြစ်ကြောင်းကိုလည်း ရန်ကျန့်ကျန်းက အဆုံး၌ထည့်ရေးထားသေးသည်။

"ငါတကယ်ကြီး ပြောင်းလိုက်ရင် ဇာတ်ညွှန်းရေးဆရာတွေက ငါ့ကိုသေလောက်အောင်မုန်းသွားလိမ့်မယ်" ဖြစ်နိုင်ခြေကိုစဥ်းစားမိပြီး လျှိုယွီအန်း သူ့မျက်လုံးများကို လှန်လိုက်သည်။

ရန်ကျန့်ကျန်း ဖုန်းခေါ်လာသည်နှင့် တိုက်ဆိုင်သွားသောကြောင့် လျှိုယွီအန်းက သူ့ကိုပြောလိုက်သည်။ "ရန်-ကော၊ ဒီ'အဆုံးမဲ့ည' ဝတ္ထုကိုပဲ ရွေးလိုက်ကြရအောင်"

"ငါလည်း အဲ့ဒါကောင်းတယ်လို့ တွေးနေတာ" ရန်ကျန့်ကျန်း အလျင်အမြန် ပြန်ပြောလိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ထပ်ပြောလာသည်။ "ပြီးတော့ သတင်းကောင်းရှိတယ်။ အရမ်း အရမ်းကောင်းတဲ့သတင်း။ ရိကျားကုမ္ပဏီ က သူတို့ရဲ့ ဆောင်းရာသီကုန်ပစ္စည်းတွေအတွက် မင်းကို ကိုယ်စားလှယ်ခန့်ချင်လို့တဲ့"

'ရိကျား' သည် ထိပ်တန်း အဝတ်အစားအမှတ်တံဆိပ်တစ်ခုဖြစ်သည်။ နာမည်ကြီး အိုင်‌‌‌ဒေါတွေတောင်မှ ဒီအခွင့်အရေးကိုရဖို့ တိုက်ခိုက်နေကြရတာဖြစ်သည်။ 

အခုတော့ ရုတ်တရက်ကြီး လျှိုယွီအန်း၏ အိတ်ထဲသို့ ရောက်လာသောကြောင့် ရန်ကျန့်ကျန်း အူမြူးနေလေသည်။ သို့သော် ထိုဆုံးဖြတ်ချက်၏နောက်ကွယ်၌ ရှောက်ယန်ရှီး၏ သက်ရောက်မှုရှိနေသည် ဆိုတာတော့ တော်တော်လေး သေချာသည်။ 

ထို့ကြောင့် သူထပ်ပြောလိုက်သည်။ "အန်းအန်း၊ မစ္စတာရှောက်က မင်းအတွက် အများကြီးလုပ်ပေးထားတာ၊ နောက်ဆို စိတ်ဆိုးကြတာလောက်နဲ့ လူတွေကို ထိခိုက်နာကျင်စေမယ့်ကိစ္စမျိုး ဘယ်တော့မှမလုပ်နဲ့၊ ဟုတ်ပြီလား"

တော်သေးတာပေါ့၊ သူ့ခံစားချက်တွေကို ယွဲ့ကျွင်းက ပြန်မတုံ့ပြန်ခဲ့လို့။ မဟုတ်လျှင်...ငရဲပြည်ဖြစ်သွားလောက်ပြီ။

ယွဲ့ကျွင်းအတွက်ပဲဖြစ်ဖြစ်၊ စီအီးအို-ရှောက်အတွက်ပဲဖြစ်ဖြစ် လျှိုယွီအန်းက လူယုတ်မာတစ်ယောက် ဖြစ်နေဆဲဖြစ်သည်။ ရန်ကျန့်ကျန်း ဒီလိုကိစ္စမျိုး ဘယ်တော့မှ ထပ်မဖြစ်စေချင်တော့။ သို့သော် နှစ်ယောက်လုံးက သူ့ကိုစွန့်ပစ်သွားကြတာမျိုးလည်း ဖြစ်သွားနိုင်သည်။ အဲ့လိုဆို အများဆုံးနာကျင်ခံစားရမည့်သူက လျှိုယွီအန်းကိုယ်တိုင်ပဲဖြစ်သွားလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ဖောက်ပြန်တဲ့ကိစ္စရပ်များသည် ဘယ်တော့မှ အဆုံးသတ်မကောင်းကြပေ။

"ဒါပေါ့၊ ကျွန်တော် နားလည်ပါတယ်။ ရန်-ကော၊ စိတ်မပူပါနဲ့၊ ကျွန်တော် သူ့ကို ဘယ်တော့မှ ထိခိုက်အောင်လုပ်မှာမဟုတ်ပါဘူး။"

"အမ်း၊ ငါလည်း ယွဲ့ကျွင်းကို ပြောပြထားလိုက်ပါ့မယ်"

"ကောင်းပြီ" လျှိုယွီအန်း ပြန်ပြောလိုက်သည်။ "ကျွန်တော် လက်ထပ်လိုက်ပြီလို့ သူ့ကိုပြောပြလိုက်ပါ။ ဒါကြောင့် ကျွန်တော် သူ့ကိုထပ်ပြီး မနှောင့်ယှက်တော့ပါဘူးလို့။ ပြီးတော့ သူလည်း ကျွန်တော့်ကို မဆက်သွယ်တော့ဖို့ မျှော်လင့်ပါတယ်။"

အစကတည်းက မူလအမြှောက်စာဇာတ်ကောင်၏ ချဥ်းကပ်မှုကို ယွဲ့ကျွင်းက ပြတ်ပြတ်သားသား ငြင်းပယ်ထားခဲ့ပြီးဖြစ်သောကြောင့် ဒီပြဿနာတစ်ခုလုံးသည် သူ့၏အမှား မဟုတ်ချေ။

မူလလျှိုယွီအန်းကသာ ခေါင်းမာစွာဖြင့် နောက်ဆုတ်ဖို့ငြင်းပယ်ခဲ့ပြီး 'ချစ်သူတွေ မဖြစ်နိုင်ရင်‌တောင် အနည်းဆုံး သူငယ်ချင်းတော့ ဖြစ်ကြရအောင်' ဆိုသောစကားများကို ပြောခဲ့ခြင်းဖြစ်သည်။

ဒီအမြှောက်စာဇာတ်ကောင်ကတော့ ယွဲ့ကျွင်းကို မရမကလိုက်နေခဲ့တာပဲ!

"မင်းလက်ထပ်ပြီးပြီဆိုတဲ့အကြောင်း ယွဲ့ကျွင်းကို ‌ပြောပြတော့မလို့လား?" ရန်ကျန့်ကျန်း အံ့အားသင့်သွားသည်။

"ဟုတ်တယ်" လျှိုယွီအန်း သူ့ကိုပြောလိုက်သည်။ "ရန်-ကော၊ ကျွန်တော် ဒီမင်္ဂလာပွဲအကြောင်းကို ဖုံးကွယ်ထားဖို့ အစီအစဥ်မရှိဘူး။ ဒါတင်မကဘူး၊ နောက်ကျရင် ကျွန်တော် ဒီအကြောင်းကို လူသိရှင်ကြားကြေညာဖို့ စီစဥ်ထားတယ်..."

စာအုပ်ထဲကအတိုင်းဆိုရင် သူ့အဖေကိစ္စကြောင့် သူ့အမေဘက်ကဆွေမျိုးများကပါ ရှောက်ယန်ရှီးကို သတိထားဆက်ဆံနေကြပြီး သူ့ကိုမယုံကြည်နိုင်ကြဘဲ ပွင့်ပွင့်လင်းလင်းလည်းမရှိကြပေ။ ထို့ကြောင့် ရှောက်ယန်ရှီး၌ အမြဲလိုလို သိမ်ငယ်စိတ် အနည်းငယ်ရှိနေလေ့ရှိသည်။

တကယ်လို့ သူသာလူသိရှင်ကြားဖွင့်ပြောလိုက်မယ်ဆိုရင် ဒါက ရှောက်ယန်ရှီးအတွက် အသိအမှတ်ပြုမှုတစ်ခုဖြစ်သွားလိမ့်မည်။ သူပျော်သွားလိမ့်မယ်ဆိုတာ သေချာပါတယ်။

------------------------------------------------------------------

[Zawgyi]

ေက်ာက္ရွန္က ဇာတ္ၫႊန္းတခ်ိဳ႕ကို ပို႔လာေပးၿပီးေနာက္ လွ်ိဳယြီအန္းသည္ ထိုဇာတ္ၫႊန္းမ်ားက စီအီးအို-နင္ ပို႔လိုက္ေသာဇာတ္ၫႊန္းမ်ားႏွင့္ တူညီေနသည္ကို သိလိုက္ရသည္။သို႔ေသာ္ နားလည္ေပးလို႔ရပါသည္။ သူတို႔ကုမၸဏီ​၏ေနာက္ကြယ္မွ တကယ့္သူေဌးသည္ ေရွာက္ယန္ရွီးျဖစ္ေသာ္လည္း မသိေသာသူမ်ားကေတာ့ သူတို႔ကုမၸဏီကို မထင္မရွားကုမၸဏီအေသးေလးတစ္ခုအျဖစ္သာ ျမင္ေနၾကလိမ့္မည္။လွ်ိဳယြီအန္းသည္ သူ႔‌ ေငြအရင္းအႏွီးမ်ား ပါဝင္ထားေသာ ဇာတ္ၫႊန္းမ်ားကို ​ေက်ာက္ရွန္ဆီက ေတာင္းလိုက္သည္။ ထိုဇာတ္ၫႊန္းမ်ားသည္ တစ္ခ်ိန္က ယြဲ႕ကြၽင္းကိုသ႐ုပ္ေဆာင္ရန္ကမ္းလွမ္းၿပီးသား (သို႔မဟုတ္) ကမ္းလွမ္းေတာ့မည့္ အေျခအေန၌ရွိေနေသာ ဇာတ္ၫႊန္းမ်ားျဖစ္ၾကသည္။ ထို႔ေၾကာင့္ သဘာဝက်က်ပင္ ကုမၸဏီဘက္ကလည္း ၎ဇာတ္ၫႊန္းတို႔၌ ရင္းႏွီးျမႇဳပ္ႏွံၿပီးသားျဖစ္ေနရလိမ့္မည္။သို႔ေသာ္ ယြဲ႕ကြၽင္းသ႐ုပ္ေဆာင္ထားေသာ ဒီဆယ္ေက်ာ္သက္လူငယ္ဇာတ္လမ္းမွာေတာ့ ကုမၸဏီဘက္က ရင္းႏွီးျမႇဳပ္ႏွံမႈလုံးဝမထည့္ဝင္ထားေပ။ေရွာက္ယန္ရွီးသည္ အႏွီဇာတ္လမ္းတြင္ ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ မျပဳလုပ္ထားျခင္းျဖစ္ရမည္။ အဘယ္ေၾကာင့္ဆိုေသာ္ မူလလွ်ိဳယြီအန္းသည္ ယြဲ႕ကြၽင္းႏွင့္ဇာတ္လိုက္မင္းသမီးတို႔ ခ်စ္ၾကည္ႏူးရမည့္အခန္းမ်ားပါဝင္လွ်င္ ထိုဇာတ္လမ္း၌ ဘယ္ေတာ့မွပါဝင္သ႐ုပ္ေဆာင္လိမ့္မည္ မဟုတ္ေသာေၾကာင့္ ျဖစ္သည္။ဒါဆို အဓိပၸါယ္က လွ်ိဳယြီအန္း ၁၀၀ရာခိုင္ႏႈန္းမပါဝင္တဲ့ ယြဲ႕ကြၽင္းရဲ႕ဇာတ္လမ္းေတြ၊ အလုပ္ေတြမွာ ေရွာက္ယန္ရွီးက ရန္ပုံေငြလုံးဝမေပးထားဘူးေပါ့။ေရွာက္ယန္ရွီး သဝန္တိုတဲ့ပုံစံက ခ်စ္စရာေကာင္းတယ္လို႔ သူ ႐ုတ္တရက္ခံစားလိုက္ရသည္။ထိုသို႔ေတြးေတာရင္း ေရွာက္ယန္ရွီးဆီ ဖုန္းေခၚရန္ ဆုံးျဖတ္လိုက္သည္။ ေရွာက္ယန္ရွီး အလုပ္လုပ္ေနလိမ့္မည္ဟု သူထင္ခဲ့ေပမယ့္ သူက အခုေဂါက္႐ိုက္ေနတယ္ဟု ေျပာလာသည္။"အိုး? မထင္ထားဘူး။ လွ်ိဳသခင္ေလးက စီအီးအို ဘယ္မွာရွိေနလဲဆိုတာေတာင္ လိုက္ေမးေနၿပီး အရမ္းကိုလူကပ္ေန​တာပါလား။"အထက္တန္းလႊာရွိ လူေတာ္ေတာ္မ်ားမ်ားသည္ လွ်ိဳယြီအန္းက ယြဲ႕ကြၽင္းအား ႀကိဳက္ေနသည့္အေၾကာင္းကို သိထားၾကသည္။ သို႔ေသာ္ သူတို႔ေတြ အခုတေလာ ထပ္ၾကားထားရသည္က လွ်ိဳယြီအန္းသည္ လက္ထပ္ၿပီး‌ေနာက္ ယြဲ႕ကြၽင္းႏွင့္ ပတ္သက္သမွ် အဆက္အသြယ္အားလုံးကို ျဖတ္လိုက္ၿပီး သူ႔ကိုလည္း လုံးဝေရွာင္ေနသည္ဟူ၍ပင္။ ေရွာက္ယန္ရွီး၌ အစြမ္းထက္သည့္နည္းလမ္းတစ္ခုခု ရွိရမည္ဟု လူတိုင္းကလက္ခံထားၾကသည္။ တျခားတစ္ေယာက္အား အ႐ူးအမူးခ်စ္ေနေသာ လူတစ္ေယာက္ကိုေတာင္ အလြယ္တကူ ေျပာင္းလဲသြားေစႏိုင္ေလာက္တဲ့အထိ အရမ္းကိုကြၽမ္းက်င္စြာကိုင္တြယ္ႏိုင္သည့္ ေရွာက္ယန္ရွီးလိုလူကို သူတို႔ေတြ ပိုၿပီးသတိထားရမည္။ထိုအခ်ိန္၌ ေရွာက္ယန္ရွီးက သူတို႔ေျပာေနသည့္စကားမ်ားကို နားေထာင္ၿပီး ခံစားခ်က္မရွိသည့္ပုံႏွင့္ ျပန္ေျဖလိုက္သည္။ "အမ္း၊ သူက အရမ္းလူကပ္တယ္။"ထို႔ေၾကာင့္ သူတို႔ထဲမွ စီအီးအိုတစ္ေယာက္က စလိုက္သည္။ "အစက ကြၽန္ေတာ္တို႔ ေဂါက္႐ိုက္ၿပီးရင္ မစၥတာေရွာက္ကို 'ကြၽင္းယြဲ႕' သြားဖို႔ေခၚမယ္ဆိုၿပီး စီစဥ္ထားတာ။ ဒါေပမယ့္ လွ်ိဳသခင္ေလးက အရမ္းကိုစိတ္ပူေနတာဆိုေတာ့ သြားလို႔ျဖစ္မွာမဟုတ္ေတာ့ဘူးပဲ"ကြၽင္းယြဲ႕၊ ေတာ္ေတာ္ေလးကို အဆင့္အတန္းျမင့္တဲ့နာမည္ပဲ။ ၿပီးေတာ့ တကယ္လည္း နာမည္နဲ႔လိုက္ဖက္ပါသည္။တကယ္ေတာ့ ဤပထမတန္းစားေနရာတြင္ တမူထူးျခားေသာဝန္ေဆာင္မႈမ်ားလည္း ရသည္။ ၿပီးေတာ့ သူ႔အေရွ႕က တျခားစီအီးအိုမ်ားကလည္း ထိုကဲ့သို႔...ေခၚေလ့ရွိၾကသည္ဟု ေတာ္ေတာ္ေလး နာမည္ႀကီးသည္။ေရွာက္ယန္ရွီးကေတာ့ စိတ္မဝင္စားေပ။အရင္က‌ေတာ့ ထိုဝန္ေဆာင္မႈေပးသည့္သူမ်ားက လွ်ိဳယြီအန္း၏ ၁၀ပုံ၁ပုံေလာက္ေတာင္ ဆြဲေဆာင္မႈမရွိဟု ခံစားရေသာေၾကာင့္ ထိုလူေတြႏွင့္အိပ္ဖို႔ သူပိုက္ဆံမသုံးခ်င္ခဲ့ျခင္းျဖစ္သည္။အခုကေတာ့ သူလုံးဝကို စိတ္မဝင္စားေတာ့ျခင္းျဖစ္သည္။ထိုဟာသကို ၾကားလိုက္ရေတာ့ သူ လွ်ိဳယြီအန္းကို မကြာရွင္းဖို႔ ဆုံးျဖတ္လိုက္တာ အရမ္းမွန္တယ္လို႔ ခံစားလိုက္ရသည္။ထိုအခ်ိန္၌ ေရွာက္ယန္ရွီးႏွင့္ အလုပ္တူတူတြဲလုပ္ခ်င္ေသာ္လည္း အျငင္းခံထားရေသာ စီအီးအိုတစ္ေယာက္က ေျပာလာသည္။ "ဒီအေၾကာင္းေျပာမွ သတိရတယ္၊ လွ်ိဳသခင္ေလးက အႏုပညာနယ္ပယ္မွာ အလုပ္လုပ္ေနတာ မဟုတ္လား? ဒီႏွစ္ ေဆာင္းရာသီအတြက္ထုတ္မဲ့ ကြၽန္ေတာ့္ရဲ႕ ကုန္ပစၥည္းအမွတ္တံဆိပ္အတြက္ ကိုယ္စားလွယ္တစ္ေယာက္ လိုေနတာ။ အဲ့ဒါ လွ်ိဳသခင္ေလးမ်ား စိတ္ဝင္စားမလားလို႔"သူ တကယ့္ တကယ္ကို ေရွာက္ယန္ရွီးႏွင့္ အလုပ္တြဲလုပ္ဖို႔ အခြင့္အေရးရခ်င္သည္။ အတူတူပူးေပါင္းၿပီး မလုပ္ႏိုင္ရင္ေတာင္ ေရွာက္ယန္ရွီးဆီမွာ ရင္းႏွီးျမႇဳပ္ႏွံႏိုင္တယ္ဆိုရင္ပဲ သူေက်နပ္သည္။ ဒီေန႔ ေရွာက္ယန္ရွီးႏွင့္ လွ်ိဳယြီအန္း၏အျပဳအမူမ်ားကိုၾကည့္ရင္း လွ်ိဳယြီအန္းကို ကိုယ္စားလွယ္အေနႏွင့္ ကမ္းလွမ္းလိုက္ျခင္းသည္ ဗ်ဴဟာေကာင္းတစ္ခု ျဖစ္လိမ့္မည္ဟု သူခံစားလိုက္ရသည္။ လွ်ိဳယြီအန္းက နာမည္ပ်က္ရွိတဲ့သူတစ္ေယာက္ ျဖစ္ေနတာေတာင္မွေပါ့။ ဒါေပမယ့္လည္း ဒါကအႏုပညာေလာကပဲ မဟုတ္လား။ ေလွ်ာ္လိုက္လွ်င္ တခဏအတြင္း ျဖဴသြားလိမ့္မည္။သူ႔အတြက္ကေတာ့ ဒီကမာၻေပၚတြင္ ပိုက္ဆံႏွင့္ ေျဖရွင္း၍မရႏိုင္သည့္အရာ ဘာမွမရွိ။ တကယ္လို႔ ရွိခဲ့လွ်င္လည္း မလုံေလာက္၍သာျဖစ္ၿပီး ပိုက္ဆံမ်ားမ်ားထပ္ထည့္လိုက္႐ုံသာ။ပစၥည္းေရာင္းအားအေပၚ ဘယ္ေလာက္ပဲ အက်ိဳးသက္ေရာက္မႈရွိပါေစ၊ အဆုံးသတ္မွာ ေရွာက္ယန္ရွီးႏွင့္ ရင္းႏွီးခြင့္ရမည္ဆိုလွ်င္ သူ႔အတြက္ ဒီဆုံးရႈံးမႈက ဘာမွမေျပာပေလာက္ေပ။ထိုစီအီးအို ေျပာလိုက္သည့္စကားကို ၾကားေသာအခါ သူဘာကိုဆိုလိုခ်င္သည္ဆိုတာကို တျခားစီအီးအိုမ်ားကလည္း ခ်က္ခ်င္း သေဘာေပါက္ၾကသည္။ သူ႔၏မ႐ိုးသားေသာပရိယာယ္ကို သူတို႔ေတြသည္ စိတ္ထဲမွ အျပစ္တင္ေျပာဆိုေနၾကသလို သူတို႔ေတြရဲ႕ ဦးေႏွာက္က ေႏွးေကြးေနသည့္အတြက္လည္း ေနာင္တရေနၾကသည္။ အခုမွ သူတို႔ေတြပါ ဝင္ၿပီးအလုပ္ကမ္းလွမ္းမည္ဆိုလွ်င္ အရမ္းကိုသိသာသြားလိမ့္မည္။နာမည္ေကာင္းရေအာင္မလုပ္ႏိုင္ဘဲ ေရွာက္ယန္ရွီးကို ‌ေဒါသထြက္ေအာင္ လုပ္မိသြားရင္ ပိုဆိုးသြားလိမ့္မည္။ေရွာက္ယန္ရွီးကေတာ့ အနည္းငယ္အံ့အားသင့္သြားၿပီး ျပန္ေျပာလာသည္။ "မင္းကိုယ္တိုင္ သူ႔ကိုေမးၾကည့္လိုက္ေလ"------------------------------တစ္ဖက္မွာ လွ်ိဳယြီအန္းကေတာ့ သူ႔၏ဖုန္းေခၚဆိုမႈေၾကာင့္ ဘာေတြျဖစ္သြားတယ္ဆိုတာကို မသိလိုက္ေပ။ ဖုန္းခ်ၿပီးေနာက္ ဇာတ္ၫႊန္းမ်ားကိုသာ ဆက္ဖတ္ေနခဲ့သည္။ ရန္က်န႔္က်န္းသည္ ဇာတ္ၫႊန္းမ်ားကို ေသခ်ာဖတ္ၾကည့္ၿပီးေနာက္ ခြင့္ျပဳေပးလိုက္သည္။လွ်ိဳယြီအန္းသည္ ရန္က်န႔္က်န္း၏ ပေရာ္ဖက္ရွင္နယ္ပီသပုံကို ၾကည့္ၿပီး အထင္ႀကီးသြားသည္။ သူက ဇာတ္ၫႊန္းမ်ားကို ေသခ်ာဖတ္႐ုံသာမက သူ႔အတြက္ မွတ္စုမ်ားကိုလည္း လုပ္ေပးထားေသးသည္။ဒါက စီးပြားျဖစ္႐ိုက္ကူးတဲ့ဇာတ္လမ္းလား၊ ဒါမွမဟုတ္ ဆုရေအာင္ႀကိဳးစားမယ့္ဇာတ္လမ္းမ်ိဳးလား၊ သူ အစမ္းသ႐ုပ္ေဆာင္ျပရန္ လိုမလို၊ သူသ႐ုပ္ေဆာင္ရမယ့္ ဇာတ္ေကာင္အမ်ိဳးအစားအျပင္ ၎၏အႀကိဳက္ႏွင့္ ထင္ရွားတဲ့အက်င့္စ႐ိုက္၊ ဇာတ္လမ္း၏အဓိကအခန္းမ်ား၊ ဒီဇာတ္လမ္းကို သ႐ုပ္ေဆာင္ၿပီးေနာက္ သူရရွိမည့္ ေကာင္းက်ိဳးဆိုးက်ိဳးမ်ားကို ဇာတ္ၫႊန္းစာ႐ြက္မ်ားအားလုံး၏ ေရွ႕စာမ်က္ႏွာတြင္ ေရးသားထားသည္။ဒါက လွ်ိဳယြီအန္းအတြက္ အရမ္းကိုအဆင္ေျပသည္။ သို႔ေသာ္ ဝတၳဳတစ္ပုဒ္ကို အေျခခံထားေသာ ဇာတ္ၫႊန္းတစ္ခုေၾကာင့္ လွ်ိဳယြီအန္းတစ္ေယာက္ ထိတ္လန႔္သြားရသည္။အဘယ္ေၾကာင့္ဆိုေသာ္ ထိုဝတၳဳသည္ သူယခုကမာၻမတိုင္မီ အေရွ႕တြင္ ကူးေျပာင္းခဲ့ေသာကမာၻတစ္ခုႏွင့္ အတိအက်တူေနေသာေၾကာင့္ ျဖစ္သည္။ထိုကမာၻတြင္ သူသည္ မေကာင္းဆိုးဝါးဧကရာဇ္ျဖစ္ခဲ့ၿပီး ရန္က်န႔္က်န္းေပးလာေသာ ဇာတ္ၫႊန္းထဲ၌ သူသ႐ုပ္ေဆာင္ရမည့္ဇာတ္ေကာင္ေနရာကလည္း မေကာင္းဆိုးဝါးဧကရာဇ္ေနရာကပင္ျဖစ္သည္။ တစ္နည္းေျပာရလွ်င္ သူ႔အတိတ္ဘဝမ်ားထဲမွ တစ္ခုကို ျပန္သ႐ုပ္ေဆာင္ျပရမွာျဖစ္ေနျခင္း။"ဟမ္၊ တကယ္ႀကီးလား?" ရန္က်န႔္က်န္း ေရးေပးထားေသာ မွတ္စုမ်ားကို ဖတ္ေနရင္း လွ်ိဳယြီအန္း အံ့အားသင့္ေနဆဲျဖစ္သည္။ဖတ္ရသည္မွာလည္း အရမ္းကိုရယ္စရာေကာင္းသည္။ အထူးသျဖင့္ 'မေကာင္းဆိုးဝါးဧကရာဇ္သည္ အတၱႀကီးၿပီး သူ႔ကိုယ္သူ အၿမဲတမ္းအလွဆုံးဟု ထင္ေနေသာသူျဖစ္သည္။ ေန႔တိုင္း အိပ္ရာႏိုးၿပီးခ်ိန္ႏွင့္ အိပ္ရာမဝင္မီအခ်ိန္တိုင္း နာရီဝက္ခန႔္ သူ႔၏မွန္ေရွ႕တြင္ ကပ္ေနေလ့ရွိသည္။ သူ႔ကိုယ္သူ "ဟြားယဲ့၊ မင္းက တကယ္ကို ကမာၻမွာ အလွပဆုံး ျဖစ္တည္မႈပဲ"ဟု မေျပာမခ်င္းအခ်ိန္အထိ သူ႔၏လက္ေအာက္ငယ္သား မေကာင္းဆိုးဝါးသည္ အမ်ိဳးမ်ိဳးေသာ စကားလုံးမ်ားျဖင့္ ​ေဘးက​ေန မရပ္မနား ခ်ီးက်ဴးေနရသည္...'ရန္က်န႔္က်န္း၏ အႏွစ္ခ်ဳပ္မွတ္စုက အရမ္းကိုတိက်သည္ဟု လွ်ိဳယြီအန္း ေတြးလိုက္မိသည္။ဟြားယဲ့က ထိုသို႔ေသာလူမ်ိဳးပင္ျဖစ္သည္။အလွအပေပၚ ယစ္မူးေနေသာ လုံးဝအတၱႀကီးသည့္သူတစ္ေယာက္။ သူ႔ကိုမလွဘူးဟု ေျပာရဲသည့္သူမွန္သမွ်၏ အဆုံးသတ္သည္ ေသျခင္းပင္။ထိုအေျမႇာက္စာဇာတ္ေကာင္ႏွင့္ ဇာတ္လိုက္၏ ပဋိပကၡသည္ ဇာတ္လိုက္၏ 'က်စ္၊ ေၾကာက္စရာေကာင္းလိုက္တဲ့မ်က္ႏွာ' ဟူေသာ စကားတစ္ခြန္းကို အစျပဳကာ ျဖစ္ေပၚလာျခင္းျဖစ္သည္။ ေနာက္ပိုင္းတြင္ သူက မေကာင္းဆိုးဝါးေလာကကေန လူ႔ေလာကအထိ လိုက္တိုက္ခိုက္ခဲ့ကာ လူသားႏွင့္မေကာင္းဆိုးဝါးမ်ားအၾကား စစ္ပြဲကို အစပ်ိဳးေစခဲ့သည္။ သူက အရမ္းကိုစြမ္းအားႀကီးၿပီး သတ္၍မရႏိုင္ေသာေၾကာင့္ အဆုံး၌ သူ႔ကို ခ်ိပ္ပိတ္ထားလိုက္ရသည္။လွ်ိဳယြီအန္း ထိုကမာၻသို႔ ဝိညာဥ္ကူးေျပာင္းသြားရျခင္းသည္ ၎မေကာင္းဆိုးဝါးဧကရာဇ္ႀကီးက ဇာတ္ၫႊန္းကေန ေသြဖီေတာ့မည့္ အရိပ္အေယာင္မ်ား ျပလာေသာေၾကာင့္ျဖစ္သည္။ ဇာတ္လမ္းထဲတြင္ သ႐ုပ္ေဖာ္ထားသည့္အတိုင္း ကမာၻႀကီးလည္ပတ္ေနေစရန္ လွ်ိဳယြီအန္းသည္ မေကာင္းဆိုးဝါးဧကရာဇ္၏ပုံစံအတိုင္း ကူညီသ႐ုပ္ေဆာင္ေပးခဲ့ရသည္။ ထို႔ေၾကာင့္ မနက္တိုင္း အိပ္ရာကႏိုးသည္ႏွင့္ မွန္ေရွ႕တြင္ နာရီဝက္ခန႔္ထိုင္ကာ ကိုယ့္ကိုယ္ကို ခ်ီးက်ဴးရင္း လက္ေအာက္ငယ္သားမ်ား၏ မရပ္မနား ထပ္တလဲလဲ ခ်ီးမြမ္းေနမႈမ်ားကိုလည္း အင္တင္တင္ျဖင့္ လက္ခံေနရသည္။ ေနာက္ဆုံး ေျပာေနက်အဆုံးသတ္စကားႀကီးကို မေျပာခင္အခ်ိန္အထိ...တစ္ႏွစ္ပတ္လုံး တစ္ရက္မက်န္...ဒီအေတြ႕အႀကဳံကို ျပန္စဥ္းစားမိ႐ုံနဲ႔တင္ သူ႔ေက်ာ႐ိုးေတြပါ ေအးလာသည္။ဇာတ္လိုက္က သူ႔ကို ခ်ိပ္မပိတ္ခင္အခ်ိန္အထိ ျပန္လာ၍မရေသာေၾကာင့္ ထိုကမာၻ၌ ႏွစ္တစ္ရာေက်ာ္ေလာက္ ေနခဲ့ရသည္။မူလက ဤဇာတ္ၫႊန္းကို လွ်ိဳယြီအန္း မယူခ်င္ခဲ့ေပ။ သို႔ေသာ္ ရန္က်န႔္က်န္း၏မွတ္စုမ်ားအရ လွ်ိဳယြီအန္း ေသခ်ာဖတ္ၾကည့္ၿပီးေနာက္ အားလုံးထဲတြင္ ဒီဇာတ္ၫႊန္းက အေကာင္းဆုံးျဖစ္ေနသည္။ မူရင္းဝတၳဳျဖစ္သည့္ 'အဆုံးမဲ့ည' ကိုက ဒီကမာၻ၌ အရမ္းနာမည္ႀကီးၿပီးသားျဖစ္ေနၿပီး ဝတၳဳဖတ္သည့္သူတိုင္းက ၎ဝတၳဳကို သိၾကသည္။ လမ္းမေပၚပစ္ခ်ထားလွ်င္ေတာင္ ၎၏ေက်ာ္ၾကားမႈက နိမ့္က်သြားလိမ့္မည္မဟုတ္။ ဒါေၾကာင့္ ဇာတ္လမ္းတစ္ခုလုံး ဆိုးဆိုး႐ြား႐ြားျဖစ္ခ်င္ျဖစ္ပါေစ အခုအခ်ိန္၌ ဒီဇာတ္ၫႊန္းက သူ႔အတြက္ အက်ိဳးအရွိဆုံးျဖစ္သည္။အနည္းဆုံး သူသာ ဇာတ္ေကာင္ထဲဝင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္ေနသေ႐ြ႕ ေသခ်ာေပါက္ fanေတြလည္း ရလာလိမ့္မည္။ တကယ္လို႔ သူသာ သဘာဝက်‌ေအာင္ ေအာင္ေအာင္ျမင္ျမင္ သ႐ုပ္ေဆာင္ႏိုင္ခဲ့မယ္ဆိုလွ်င္ သူ႔ေအာင္ျမင္မႈက ထိပ္သို႔ေရာက္လာႏိုင္သည္။သူ႔ကိုကမ္းလွမ္းထားေသာ တျခားဇာတ္ၫႊန္းမ်ားက သာမန္႐ြက္ၾကမ္းေရက်ိဳမွ်သာျဖစ္ၿပီး ဇာတ္ေကာင္ကလည္း ေမ့ေပ်ာက္လြယ္ေသာ ဇာတ္႐ုပ္မ်ိဳးျဖစ္ကာ လုပ္ကြက္သိပ္မရွိေပ။တကယ္လို႔ ဇာတ္ၫႊန္းထဲ၌ လွ်ိဳယြီအန္း သေဘာမက်လို႔ ေျပာင္းခ်င္သည့္အပိုင္းရွိလွ်င္ ေျပာင္းေပးမည္ျဖစ္ေၾကာင္းကိုလည္း ရန္က်န႔္က်န္းက အဆုံး၌ထည့္ေရးထားေသးသည္။"ငါတကယ္ႀကီး ေျပာင္းလိုက္ရင္ ဇာတ္ၫႊန္းေရးဆရာေတြက ငါ့ကိုေသေလာက္ေအာင္မုန္းသြားလိမ့္မယ္" ျဖစ္ႏိုင္ေျခကိုစဥ္းစားမိၿပီး လွ်ိဳယြီအန္း သူ႔မ်က္လုံးမ်ားကို လွန္လိုက္သည္။ရန္က်န႔္က်န္း ဖုန္းေခၚလာသည္ႏွင့္ တိုက္ဆိုင္သြားေသာေၾကာင့္ လွ်ိဳယြီအန္းက သူ႔ကိုေျပာလိုက္သည္။ "ရန္-ေကာ၊ ဒီ'အဆုံးမဲ့ည' ဝတၳဳကိုပဲ ေ႐ြးလိုက္ၾကရေအာင္""ငါလည္း အဲ့ဒါေကာင္းတယ္လို႔ ေတြးေနတာ" ရန္က်န႔္က်န္း အလ်င္အျမန္ ျပန္ေျပာလိုက္ၿပီးေနာက္ စိတ္လႈပ္ရွားစြာျဖင့္ ထပ္ေျပာလာသည္။ "ၿပီးေတာ့ သတင္းေကာင္းရွိတယ္။ အရမ္း အရမ္းေကာင္းတဲ့သတင္း။ ရိက်ားကုမၸဏီ က သူတို႔ရဲ႕ ေဆာင္းရာသီကုန္ပစၥည္းေတြအတြက္ မင္းကို ကိုယ္စားလွယ္ခန႔္ခ်င္လို႔တဲ့"'ရိက်ား' သည္ ထိပ္တန္း အဝတ္အစားအမွတ္တံဆိပ္တစ္ခုျဖစ္သည္။ နာမည္ႀကီး အိုင္‌‌‌ေဒါေတြေတာင္မွ ဒီအခြင့္အေရးကိုရဖို႔ တိုက္ခိုက္ေနၾကရတာျဖစ္သည္။ အခုေတာ့ ႐ုတ္တရက္ႀကီး လွ်ိဳယြီအန္း၏ အိတ္ထဲသို႔ ေရာက္လာေသာေၾကာင့္ ရန္က်န႔္က်န္း အူျမဴးေနေလသည္။ သို႔ေသာ္ ထိုဆုံးျဖတ္ခ်က္၏ေနာက္ကြယ္၌ ေရွာက္ယန္ရွီး၏ သက္ေရာက္မႈရွိေနသည္ ဆိုတာေတာ့ ေတာ္ေတာ္ေလး ေသခ်ာသည္။ ထို႔ေၾကာင့္ သူထပ္ေျပာလိုက္သည္။ "အန္းအန္း၊ မစၥတာေရွာက္က မင္းအတြက္ အမ်ားႀကီးလုပ္ေပးထားတာ၊ ေနာက္ဆို စိတ္ဆိုးၾကတာေလာက္နဲ႔ လူေတြကို ထိခိုက္နာက်င္ေစမယ့္ကိစၥမ်ိဳး ဘယ္ေတာ့မွမလုပ္နဲ႔၊ ဟုတ္ၿပီလား"ေတာ္ေသးတာေပါ့၊ သူ႔ခံစားခ်က္ေတြကို ယြဲ႕ကြၽင္းက ျပန္မတုံ႔ျပန္ခဲ့လို႔။ မဟုတ္လွ်င္...ငရဲျပည္ျဖစ္သြားေလာက္ၿပီ။ယြဲ႕ကြၽင္းအတြက္ပဲျဖစ္ျဖစ္၊ စီအီးအို-ေရွာက္အတြက္ပဲျဖစ္ျဖစ္ လွ်ိဳယြီအန္းက လူယုတ္မာတစ္ေယာက္ ျဖစ္ေနဆဲျဖစ္သည္။ ရန္က်န႔္က်န္း ဒီလိုကိစၥမ်ိဳး ဘယ္ေတာ့မွ ထပ္မျဖစ္ေစခ်င္ေတာ့။ သို႔ေသာ္ ႏွစ္ေယာက္လုံးက သူ႔ကိုစြန႔္ပစ္သြားၾကတာမ်ိဳးလည္း ျဖစ္သြားႏိုင္သည္။ အဲ့လိုဆို အမ်ားဆုံးနာက်င္ခံစားရမည့္သူက လွ်ိဳယြီအန္းကိုယ္တိုင္ပဲျဖစ္သြားလိမ့္မည္။ ဘာပဲျဖစ္ျဖစ္ ေဖာက္ျပန္တဲ့ကိစၥရပ္မ်ားသည္ ဘယ္ေတာ့မွ အဆုံးသတ္မေကာင္းၾကေပ။"ဒါေပါ့၊ ကြၽန္ေတာ္ နားလည္ပါတယ္။ ရန္-ေကာ၊ စိတ္မပူပါနဲ႔၊ ကြၽန္ေတာ္ သူ႔ကို ဘယ္ေတာ့မွ ထိခိုက္ေအာင္လုပ္မွာမဟုတ္ပါဘူး။""အမ္း၊ ငါလည္း ယြဲ႕ကြၽင္းကို ေျပာျပထားလိုက္ပါ့မယ္""ေကာင္းၿပီ" လွ်ိဳယြီအန္း ျပန္ေျပာလိုက္သည္။ "ကြၽန္ေတာ္ လက္ထပ္လိုက္ၿပီလို႔ သူ႔ကိုေျပာျပလိုက္ပါ။ ဒါေၾကာင့္ ကြၽန္ေတာ္ သူ႔ကိုထပ္ၿပီး မေႏွာင့္ယွက္ေတာ့ပါဘူးလို႔။ ၿပီးေတာ့ သူလည္း ကြၽန္ေတာ့္ကို မဆက္သြယ္ေတာ့ဖို႔ ေမွ်ာ္လင့္ပါတယ္။"အစကတည္းက မူလအေျမႇာက္စာဇာတ္ေကာင္၏ ခ်ဥ္းကပ္မႈကို ယြဲ႕ကြၽင္းက ျပတ္ျပတ္သားသား ျငင္းပယ္ထားခဲ့ၿပီးျဖစ္ေသာေၾကာင့္ ဒီျပႆနာတစ္ခုလုံးသည္ သူ႔၏အမွား မဟုတ္ေခ်။မူလလွ်ိဳယြီအန္းကသာ ေခါင္းမာစြာျဖင့္ ေနာက္ဆုတ္ဖို႔ျငင္းပယ္ခဲ့ၿပီး 'ခ်စ္သူေတြ မျဖစ္ႏိုင္ရင္‌ေတာင္ အနည္းဆုံး သူငယ္ခ်င္းေတာ့ ျဖစ္ၾကရေအာင္' ဆိုေသာစကားမ်ားကို ေျပာခဲ့ျခင္းျဖစ္သည္။ဒီအေျမႇာက္စာဇာတ္ေကာင္ကေတာ့ ယြဲ႕ကြၽင္းကို မရမကလိုက္ေနခဲ့တာပဲ!"မင္းလက္ထပ္ၿပီးၿပီဆိုတဲ့အေၾကာင္း ယြဲ႕ကြၽင္းကို ‌ေျပာျပေတာ့မလို႔လား?" ရန္က်န႔္က်န္း အံ့အားသင့္သြားသည္။"ဟုတ္တယ္" လွ်ိဳယြီအန္း သူ႔ကိုေျပာလိုက္သည္။ "ရန္-ေကာ၊ ကြၽန္ေတာ္ ဒီမဂၤလာပြဲအေၾကာင္းကို ဖုံးကြယ္ထားဖို႔ အစီအစဥ္မရွိဘူး။ ဒါတင္မကဘူး၊ ေနာက္က်ရင္ ကြၽန္ေတာ္ ဒီအေၾကာင္းကို လူသိရွင္ၾကားေၾကညာဖို႔ စီစဥ္ထားတယ္..."စာအုပ္ထဲကအတိုင္းဆိုရင္ သူ႔အေဖကိစၥေၾကာင့္ သူ႔အေမဘက္ကေဆြမ်ိဳးမ်ားကပါ ေရွာက္ယန္ရွီးကို သတိထားဆက္ဆံေနၾကၿပီး သူ႔ကိုမယုံၾကည္ႏိုင္ၾကဘဲ ပြင့္ပြင့္လင္းလင္းလည္းမရွိၾကေပ။ ထို႔ေၾကာင့္ ေရွာက္ယန္ရွီး၌ အၿမဲလိုလို သိမ္ငယ္စိတ္ အနည္းငယ္ရွိေနေလ့ရွိသည္။တကယ္လို႔ သူသာလူသိရွင္ၾကားဖြင့္ေျပာလိုက္မယ္ဆိုရင္ ဒါက ေရွာက္ယန္ရွီးအတြက္ အသိအမွတ္ျပဳမႈတစ္ခုျဖစ္သြားလိမ့္မည္။ သူေပ်ာ္သြားလိမ့္မယ္ဆိုတာ ေသခ်ာပါတယ္။

- 25 Aug 2021 -

Thanks for reading!!!

Continue Reading

You'll Also Like

286K 4K 30
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
2.3M 135K 45
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
775K 21.5K 60
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
1M 54.4K 58
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...