𝒀𝒆𝒍𝒍𝒐𝒘 𝑨𝒄𝒂𝒄𝒊𝒂 •Ye...

By Dazzling_Angel9900

6.7K 826 191

တစ်နေ့နေ့တော့မင်းမြင်နိုင်ပါစေရည်ရွယ်ပြီး အဝါရောင် Acaciaတွေကို ငါ့ရင်ထဲမှာတိတ်တခိုးပျိုးထားခဲ့မိတယ် YeonBin... More

Part 1
Part 2
Part 3
Part 5
Part 6
Part 7
Part 8
Part 9
Part 10

Part 4

702 120 18
By Dazzling_Angel9900

ဆူဘင်းနှင့်မျက်နှာချင်းမဆိုင်လိုတာမို့ သွားနေကျအချိန် ထပ်စောပြီး ကျောင်းသို့သူထွက်လာခဲ့လိုက်သည် ။

ဒီနေ့မနက်ပိုင်း volleyball အသင်းအတွက်လေ့ကျင့်ရေးရှိသည်ကိုလည်းသူမသွားတော့ဘဲနေပစ်လိုက်သည် ။ ဆူဘင်းနဲ့ဘယ်လိုမျိုး မျက်နှာချင်းတွေ့ပြီး ဘာစကားပြောရမှန်းသူမသိနေတော့ပါ ။

တစ်နေ့ညက အလွန်ဒေါသထွက်နေသည့် ဆူဘင်းမျက်နှာကိုပြန်မြင်ယောင်မိတော့ နောက်တစ်ကြိမ်သက်ပြင်းမောတစ်ခုကို လေးကန်စွာချလိုက်မိပြန်တော့သည် ။

သူ့စကားတွေကအတိုင်းအတာတစ်ခုအထိလွန်သွားမှန်းလည်း ယောန်ဂျွန်းသိသည် ။ အရင်လိုစရင်းနောက်ရင်းစိတ်ကောက်ကြတာမျိုးနဲ့မတူသည်မို့ ဘယ်လိုပြန်အဆင်ပြေအောင်လုပ်သင့်လဲ သူမတွေးတတ်တော့ ။

သူသိတာတစ်ခုက ဆူဘင်းသူ့ကို အမှန်တကယ်စိတ်ပျက်သွားခဲ့ပြီ ။

" ဘာလုပ်နေတာလဲ "

" ဘာလဲ ... မင်းကဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ "

" မနက်ပထမဆုံးအချိန်ထဲကအတန်းထဲမှာ မရှိလို့ ဒီမှာထင်ပြီးလိုက်ရှာတာ "

ဟုတ်သည် ။ ဒီနေ့လည်းထုံးစံအတိုင်း ကျောင်းရောက်နေပေမယ့် အတန်းလစ်ပြီး လာနေကျခေါင်မိုးထပ်မှာသူရောက်နေခြင်း .....။

" လာမရှုပ်နဲ့ဂန်ဝူးရာ အေးဆေးနေပါရစေ ငါစိတ်မကြည်ဘူး "

ပြောလိုက်သည်ကို မကြားယောင်ဆောင်ပြီး နံရံကိုမှီထိုင်နေသည့် သူ့ဘေးတွင်တိုးကပ်ထိုင်လိုက်သည်မို့ စိတ်ပေါက်ပေါက်နှင့် အသံတိတ်ကျိန်ဆဲပစ်လိုက်မိသည် ။ တကယ့် အရှုပ်ထုပ်ကောင်ပဲ ။

"မျက်နှာကဘာဖြစ်ထားတာလဲ "

ဂန်ဝူးအမေးကြောင့်နှုတ်ခမ်းထောင့်ကဒဏ်ရာကို လက်နဲ့အသာထိကာသူ ခပ်ဟဟရယ်လိုက်ရင်း

" ဆေးလိပ်သောက်တာအိမ်ကမိသွားလို့ "

အိမ်ပြန်လာတဲ့အချိန်ထဲက အဖေနဲ့အမေ လုံးဝမသိခဲ့ပေမယ့် သူနဲ့ ဆူဘင်း အော်ကြီးဟစ်ကျယ်တွေထဖြစ်တော့ ဖုံးမနိုင်ဖိမရဖြစ်သွားခဲ့ခြင်း ။

"ယောန်...မင်းဘယ်အချိန်အထိ ဒီလိုပဲဆက်သွားဖို့စီစဉ်ထားတာလဲ "

" ဘာကိုလဲ ....."

" ဟိုနလပိန်းတုံး အကောင်ဘယ်တော့မှမသိနိုင်တဲ့ မင်းရဲ့သနားစရာတစ်ဖက်သတ်အချစ်ဇာတ်လမ်းကြီးလေ "

ဂန်ဝူးစကားကြောင့် မသိစိတ်ကအလိုလိုလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိသည် ။

" အဲဒါမင်းနဲ့ဘာဆိုင်လို့လဲ!!  "

" မင်းက နာကျင်နေရတယ်လေ "

" ဘယ်သူကပြောလဲ ငါနာကျင်နေရတယ်လို့ ရယ်စရာတွေလာမပြောနဲ့ ချာဂန်ဝူး ... ဘာမဟုတ်တဲ့အချစ်တစ်ခုအတွက်နဲ့ အသည်းအသန်လိုက်ခံစားနေမယ့်ကောင်မဟုတ်ဘူး .... "

" အဲ့လိုဆိုလည်း အပြောနဲ့အလုပ်ညီအောင်နေလေ အဲ့ဒီကောင်နဲ့ပတ်သက်လာတိုင်း ဝမ်းနည်းနေတဲ့ နာကျင်နေတဲ့မင်းကို အကုန်မြင်နေရတယ် ငါကမင်းကိုပဲအမြဲကြည့်နေတဲ့ကောင်ပါ ယောန်ရ "

မြင်နေရတယ်တဲ့လား ။ ငါကအမြဲတမ်း အရှုံးသမားကြီးတစ်ယောက်လို ဝမ်းနည်းခံစားနေခဲ့တာလား ။ ချွဲယောန်ဂျွန်းဆိုတဲ့ငါကလေ ။
ရူးလိုက်တာ မိုက်မဲပြီးဉာဏ်မရှိလိုက်တာ ချွဲယောန်ဂျွန်းရာ ။

"ငါက အဲ့လောက်အထိသိသာနေတာလား "

" အရူးကောင်!! .... "

အသက်မပါတဲ့ လုပ်ရယ်သံခပ်အက်အက်တစ်ခုကို သူလုပ်လိုက်သည် ။ ကိုယ့်ကိုယ်ကိုယ်လှောင်ရယ်မိခြင်းပေလား ....... ။

" ငါနဲ့တွဲရအောင် !! "

"....."

" ခံစားမနေဘဲနဲ့ အဲ့ကောင်ကိုအရွဲ့တိုက်ပြီး ငါနဲ့တွဲကြရအောင်လို့ ဘယ်သူကသိနိုင်မှာလဲ မင်းရည်းစားရသွားမှ သူမနာလိုတွေဘာတွေဖြစ်လာမလားဆိုတာ "

" သူများခံစားချက်တွေကို ငါအသုံးချပြီး  မကစားတတ်ဘူး ဂန်ဝူး "

ငါဘယ်တော့မှမြင်အောင်မကြည့်ပေးနိုင်တဲ့ မင်းရဲ့ခံစားချက်တွေကိုငါကဘယ်လိုများ အပျော်ကစားရက်မှာလဲ ။

" ငါကရပါတယ်လို့ဆိုနေ ..."

" တော်တော့ ဒီအကြောင်းကိုဘယ်တော့မှဆက်မပြောနဲ့တော့ ငါလက်မခံဘူး "

" ယောန်...!!!! "

"  ငါ့ကိုမကြိုက်နဲ့ ... ငါမင်းကိုကြိုးရှည်ရှည်တွေနဲ့လည်းမလှန်ထားဘူး မျှော်လင့်ချက်တွေလည်းမထားစေချင်ဘူး ....မထိုက်တန်တဲ့ ငါ့အတွက်မခံစားနဲ့ ဂန်ဝူး .... ကြားလား! "

တစ်ဖက်သတ်အချစ်တွေနဲ့ မိုးပြိုနေတာငါတစ်ယောက်တည်းနဲ့တင်ကို လုံလောက်ပြီလေ ...... ။

"   ငါကဒီတိုင်းမင်းကိုစိတ်ဝင်စားတာပါ ယောန်ရ .... မင်း အဲ့ဒီအကောင်ကိုအသည်းအသန်ဖြစ်နေသလိုမျိုးမဟုတ်တာမို့ ငါ့ကိုစိတ်မပူနဲ့  .... ယောန်စိတ်ပြောင်းသွားတဲ့အချိန်ပြော ငါပြောထားတဲ့စကားကို မရုတ်သိမ်းသေးဘူး အိုကေ...."

သူပြောစရာစကားရှာမရတော့..... ။ ဂန်ဝူးက ကြောင်ငေးနေမိသည့် သူ့ပခုံးကိုခပ်ဖွဖွပုတ်ပေးလိုက်ပြီး ဘေးနားကပ်ထိုင်နေရာမှထသွားသည်။

" တစ်နေကုန်တော့ အတန်းထဲမဝင်လာဘဲမနေနဲ့ နောက်အချိန်ဝင်လာခဲ့ စာမေးပွဲနီးနေပြီ အဲ့ဒီအကောင်ကမင်းကိုစာမေးပွဲ‌အောင်အောင်မလုပ်ပေးနိုင်ဘူး "

သွားနေရင်းတန်းလန်းက အနောက်သမင်လည်ပြန်ကြည့်ပြီး ပြောလာသောဂန်ဝူး ။

" မင်းအပူမပါဘူး!  ..... ဒါနဲ့ မင်းဘာလို့သူ့ကို အဲ့ဒီအကောင် ဆိုပြီးတစ်ချိန်လုံး  ရိုင်းရိုင်းစိုင်းစိုင်းသုံးနှုန်းနေတာလဲ "

" သောက်မြင်ကတ်လို့လေ  ရှင်းနေတာပဲ "

နှာခေါင်းရှုံ့ပြီးပြောသွားလေသော ဂန်ဝူး.....။

ဘယ်နေရာက အမြင်ကတ်စရာကောင်းနေလို့လဲ .......။

___________________________________________________________

လေလွင့်နေသည့်စိတ်အစဉ်ကိုပြန်စုစည်းရင်း သင်သမျှစာကိုသာ ယောန်ဂျွန်းပုံစံနှင့်မတူစွာ စိတ်နှစ်ထားလိုက်တော့သည် ။

ဆူဘင်းသည်လည်း တစ်နေကုန်သူတို့အတန်းဘက်သို့ အရိပ်အယောင်ပင်လာမပြခဲ့ပါ ။ အမြဲ ကင်နာနာကိုတွေ့ရန် အခန်းဘက်လာနေသူကို ယနေ့တစ်နေကုန် မတွေ့ရပေ။

ကင်နာနာကိုကြည့်မိတော့လည်း မျက်နှာကသိပ်မကောင်း ။ ရန်ဖြစ်ထား၍များလား......။

ကင်နာနာကိုရော မင်းတကယ်ချစ်သွားတာဟုတ်ရဲ့လားဆူဘင်းရယ် ။

ငါလေတစ်ခါတစ်လေ မင်းနှလုံးသားက အသွေးအသားတွေနဲ့မဟုတ်ဘဲ ဘာသားနဲ့များထုဆစ်ထားလဲဆိုတာ သိချင်မိပါရဲ့ ......။

ညနေကျောင်းဆင်းတော့လည်း မတော်တဆ တွေ့မည်စိုး၍ အတန်းထဲခဏထိုင်ကာ လူကုန်မှသာ ထွက်လာခဲ့လိုက်သည် ။

" ချွဲယောန်ဂျွန်း ... မင်းလိုက်လာခဲ့ "

အခန်းထဲကထွက်လာသည်နှင့် ဘယ်အချိန်ထဲကစောင့်နေမှန်းမသိသည့် တစ်နေကုန်ရှောင်ချင်နေသည့် လူသားသည်မျက်စိရှေ့ ဘွားခနဲပေါ်လာပြီး လက်ကောက်ဝတ်ကိုဆွဲကိုင်ကာ တရကြမ်းပင်ဆွဲခေါ်သွားခံရတော့သည် ။

" ဒါက ဘာလုပ်တာလဲ ... ချွဲဆူဘင်း ငါ့လက်ကိုချက်ချင်းလွှတ်စမ်း ... "

" ....."

" Yarr ... ချွဲဆူဘင်း ငါပြောတာမကြားဘူးလား အခုလွှတ်လိုက် ရပ်လိုက်လို့ပြောနေတယ် ..... "

သန်မာလွန်းလှသည့် လက်တွေကြောင့်ရုန်းထွက်ဖို့ရာ မစွမ်းသာ ။ အားကိုပိုပြီးထည့်တာဆွဲကိုင်လိုက်သည်မို့ နာကျင်မှုပင် ခံစားလိုက်ရသည် ။

" ဘယ်ကိုသွားနေတာလဲ "

အရှေ့ကဦးဆောင်သွားနေသူ၏ခြေလှမ်းများက အသုံးမပြုဘဲ ထားထားသည့် ကျောင်းဆောင်ဟောင်းဆီကိုဦးတည်နေမှန်းသူသတိထားမိလိုက်သည် ။

ခြေလှမ်းကျဲများဖြင့် တရစပ်လျှောက်နေပေမယ့် သူ့စကားတွေကို တုံ့ပြန်ဖို့ ဆန္ဒလုံးဝမရှိသည့်နှယ် ..... ။

" ငါ့လက်နာနေပြီ..... ဆူဘင်းနား "

သူ့အသံကအနည်းငယ်တိမ်ဝင်သွားသယောင် ။ ဝဲတက်လာသည့်မျက်ရည်စတွေကြောင့် မျက်တောင်များကိုအမြန်ခပ်ပစ်လိုက်ရသည် ။

ဆူဘင်းကသူ့ကိုလုံးဝ ဂရုမစိုက် အလေးမထားတော့ပါ ။

မင်းငါ့ကို တကယ်မုန်းနေပြီလား ..... ။

သူကကျောင်းဆောင်ဟောင်း၏အပေါ်ထပ်သို့တက်သွားကာ အခန်းတစ်ခန်းထဲ သူ့ကိုဆောင့်တွန်းထည့်လိုက်ကာ တံခါးကိုအကြမ်းပတမ်းဆွဲပိတ်ပစ်လိုက်သည် ။

လွတ်မြောက်မှုရသွားတဲ့ လက်ကောက်ဝတ်ဖြူဖြူသည် သိသိသာသာပင်နီရဲနေကြောင်း သူတွေ့လိုက်ရသည် ။

နောက်လက်တစ်ဖက်ဖြင့်ခပ်ဖွဖွဆုပ်ကိုင်ကာ သူအံကိုတင်းတင်းကြိတ်ထားလိုက်မိသည် ။

ဆူဘင်းသည် သူနှင့်ဒီနေရာတွင် မကျေပွဲနွှဲဖို့စီစဉ်ထားခြင်းပေလား ။

ဆူဘင်းနှင့်သူသာဆိုလျှင် သေချာပေါက်ကိုသူရှုံးလိမ့်မည် ။ နှစ်ခါစဉ်းစားစရာပင်မလိုအပ်..... ။

ကျောင်းတကာပတ်ပြီးရန်ဖြစ်ခဲ့သည့် သူဟာ ဒီအခြေအနေတွင်တော့ မဆိုစလောက်လေးကြောက်စိတ်ဝင်လာခဲ့သည်ဆိုတာ ဝန်ခံပါသည် ။

တံတွေးကိုမသိမသာမြိုချမိကာ ဆူဘင်းဘက်သို့လှည့်လိုက်ရင်း

" ဒါကဘာလုပ်တာလဲ ချွဲဆူဘင်း "

" ချွတ်လိုက် ..... "

" ဘာ !! "

" မင်းအိတ်ကိုအခုချွတ်လိုက်လို့ "

" ဘာလို့လဲ!  "

အိတ်ချွတ်ပြီး သူတစ်ပြန်ကိုယ်တစ်ပြန်ချကြမှာသေချာနေပြီလား ။

သူ့ကျောပိုးအိတ်ကြိုးနှစ်ဖက်ဆီသို့ လက်တွေကအလိုလိုရောက်သွားတော့သည် ။

" မြန်မြန်ချွတ်လိုက် ချွဲယောန်ဂျွန်း "

ကြောက်စရာကောင်းနေတယ် ။ ဒါဟာသူသဘောကျရတဲ့လူရဲ့ မျက်နှာချိုချိုမဟုတ်....။ရင်ထဲကအလိုလိုဝမ်းနည်းမှုအချို့ လှိုက်တက်လာခဲ့သည် ။ 

" ဟင့်အင်း .... မလုပ်ဘူး"

တစ်ကမ္ဘာလုံးနဲ့ပတ်ပြီးထိုးကြိတ်နေရင်တောင် မင်းနဲ့တော့မဟုတ်ဘူး ။ ငါမင်းနဲ့ရန်သူမဖြစ်ချင်ဘူး ။

ခေါင်းမာစွာပင် သူဆက်ငြင်းနေလိုက်သည် ။

" ဘာလုပ်တာလဲ !!! "

သူမထင်မှတ်ထားဘဲ အရမ်းကိုကမန်းကတန်းဗရုတ်သုတ်ခနိုင်စွာ အနှီဆူဘင်းသည် သူ့အနားသို့ရောက်လာပြီး ကျောပိုးအိတ်ကိုအတင်းဆွဲလုချွတ်နေတော့သည် ။

အခန်းထဲရှိနှစ်ယောက်တည်းသော လူသားတို့သည် ရုန်းရင်းဆန်ခတ်ပေါင်းများစွာနှင့် နှစ်မိနစ်ခန့်လုံးထွေးကာ ဆွဲလားရမ်းလားဖြစ်ပြီးနောက် ကျောပိုးအိတ်လေးသည် ဆွဲလုနေသူလက်ထဲဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားတော့သည် ။

လက်ထဲသို့ရောက်သည်နှင့်အိတ်ကိုဖွင့်ကာ နီးစပ်ရာခုံပေါ်သို့ အိတ်ထဲကပစ္စည်းများကို တရဟော သွန်ချပစ်လိုက်တော့သည် ။

" ချွဲဆူဘင်း .... မင်းအခုဘာတွေလုပ်နေတာလဲ အခုရပ်လိုက်တော့ မင်းဘာဖြစ်နေတာလဲ!!! "

" လွှတ် "

ပစ္စည်းတွေစာအုပ်တွေ  အကုန်ဆွဲဖွပစ်နေသည့်လက်တွေကိုရပ်ပစ်ဖို့ တားဆီးနေသော်လည်း အရာမထင် ။

အရမ်းကို သတိလက်လွတ် အကြမ်းပတမ်းဆန်လွန်းနေသည် ။

" တော်ပါတော့!!! .... "

" ဘယ်မှာလဲ "

" ဘာကိုလဲ မင်းဒီလို သောက်ရမ်း အရူးလိုလုပ်နေတာတွေခဏရပ်ပြီးပြော ဘာဖြစ်နေတာလဲ "

" အဲဒါတွေလေ မင်းသောက်နေတဲ့ဆေးလိပ်တွေ  "

"ဘာ!! "

အိတ်ထဲရှိသမျှအကုန်မွှေနှောက်ပြီးနောက် ရှာနေသောအရာမတွေ့သောဆူဘင်းသည် သူ့ဘက်သို့တစ်ဖန်ပြန်လှည့်လာကာ စိမ်းစိမ်းကြီးစိုက်ကြည့်ကာ ပြောထွက်လာတော့သည် ။

သူကြောင်အသွားနေတုန်းမှာပင် ထိုအကြမ်းဖက်နေတဲ့လက်တစ်သုံက သူ့အပေါ်ဝတ်ကုတ်အပေါ်သို့ကျရောက်လာပြန်လေသည် ။

" ဘယ်မှာဖွက်ထားတာလဲ "

ကုတ်အင်္ကျီကိုအတင်းဆွဲချွတ်နေပြီး တစ်ကိုယ်လုံးအနှံ့နယ်ကျွံလာသည့် လက်တွေကြောင့် သူအသက်ရှူပင်မမှန်ချင်တော့......။

နီးကပ်လွန်းနေသည့် ခန္ဓာကိုယ်တွေနှင့်အတူလက်အထိအတွေ့တို့ကြောင့် သွေးဆောင့်တက်လာရသည် ။

စကားပြောဖို့ပင်အချိန်မရ ။ ဒီအခြေအနေကြီးကို လွတ်မြောက်ဖို့မနည်းကြိုးစားနေရသည် ။

S**t!!! အသံတိတ်အားရပါးရကျိန်ဆဲပစ်လိုက်မိသည် ။

ရင်ခုန်ပါတယ်ဆိုမှ မင်းမေကြီးတော်လို လာလုပ်နေတာလား ငလူးကောင်ရဲ့ ။

" မရှိဘူး မရှိဘူးလို့ !!! "

" မလိမ်နဲ့ "

" ရပ်လိုက်တော့ချွဲဆူဘင်း ငါအရမ်းစိတ်တိုလာပြီ မရှိဘူးဆိုတာ မကြားဘူးလား !!! "

ရှိသမျှအားစုစည်းပြီး သူအော်ဟစ်ပစ်လိုက်တော့ လှုပ်ရှားနေသည့် လက်တွေရပ်တန့်သွားတော့သည် ။

" တစ်လိပ်တည်း...."

"...."

" ငါတစ်လိပ်တည်းပဲဝယ်သောက်ထားတာ ဆူဘင်း.... "

အဲဒါကလည်းမင်းကြောင့် ....။ ငါအရမ်းမွန်းကြပ်လွန်းလို့ စိတ်ဖြေရာတစ်ခုအဖြစ် အသုံးချလိုက်တာ ။

" မင်းထင်သလို ငါကမကောင်းတဲ့အရာကိုစွဲလန်းနေတဲ့လူတစ်ယောက်မဟုတ်ဘူး ဆူဘင်း "

မကောင်းမှန်းသိရက်နဲ့စွဲလန်းမိတာဆိုလို့ မင်းဆိုတဲ့ကောင်တစ်‌ယောက်တည်းပဲရှိတယ် ..... ။

" ငါဒီတိုင်းအပျော်တစ်လိပ်တည်းသောက်တာပါ "

" တစ်ကယ်ပဲလား "

" မင်း ငါ့ကိုမယုံဘူးလား "

သူမေးလိုက်တော့ တစ်ခွန်းမှပြန်မပြောတော့ဘဲ သူဆွဲဖွထားသည့် ပစ္စည်းများကို အိတ်ထဲတစ်ခုချင်းပြန်ကောက်ထည့်နေတော့သည် ။

ဖရိုဖရဲဖြစ်နေသည့် သူ့ပုံစံကို ကြည့်ကောင်းအောင်ပြန်ပြင်လိုက်ရင်း

" ငါဆေးလိပ်သောက်တာကိုမင်းအဲ့လောက်ထိ ဒေါသထွက်တာလား "

ငါ့ကို အများကြီးစိတ်ပူပေးတာလား ။ ဘာကြောင့်မှန်းမသိ ဒီခံစားချက်က နည်းနည်းပျော်စရာကောင်းနေသလိုပဲ ။

" ငါ့အဖေနဲ့အမေတောင်အဲ့လောက်မဟုတ်ဘူး မင်းကငါ့အဖိုးကျနေတာပဲ အဟား  "

" သေမလို့လား "

" ငါတို့ကနောက်နှစ်ပဲ အထက်တန်းပြီးလို့ အသက်ပြည့်ကြတော့မှာပဲ သူများတွေလည်းသောက်နေကြတာပဲ မင်းကဘာလို့ တအားဖြစ်နေတာလဲ "

" ဒီမှာ ချွဲယောန်ဂျွန်း သူများတွေလုပ်တိုင်း လိုက်လုပ်နေစရာမလိုဘူး ဒီအရွယ်လေးနဲ့ ဆေးလိပ်လေးတစ်လိပ် လက်ဖျားကြားညှပ်နေလိုက်ရင် cool ဖြစ်တယ်လို့ထင်နေကြတာ အပေါစားဆန်တဲ့လူတွေကြီးပဲ ....

ဘာကောင်းကျိုးတစ်ခုမှမရှိဘူး အဲဒီအငွေ့တွေရှူရှိုက်နေလို့ရလာသမျှက 100% ဆိုးကျိုးတွေကြီးပဲ စိတ်ကိုပျော်ရွှင်စေတာလား ရယ်စရာတွေလာမပြောစမ်းနဲ့ စိတ်ကိုပျော်ဖို့ ကောင်းတဲ့နည်းလမ်းတွေ ရိုက်သတ်လို့တောင်မကုန်ဘူး ....

မင်းပြောသလို လူတိုင်းက တစ်လိပ်လောက်စမ်းသောက်တာကစလို့ စွဲသွားပြီးဖြတ်မရတဲ့အဆင့်ကို ကူးသွားကြတာကြီးပဲ ။ သောက်တဲ့လူတစ်ယောက်တည်းအတွက်တောင်မဟုတ်ဘူး အငွေ့ရှူမိတဲ့လူတွေအတွက်လည်းမကောင်းဘူး တစ်ခါတစ်လေ မသောက်ဘဲရှူမိတဲ့လူတွေကတောင်ပိုပြီးတော့ ရောဂါရတတ်သေးတယ် ....

မင်းဆေးလိပ်သောက်လိုက်လို့ အဆုတ်တစ်ခုတည်းထိခိုက်တယ်ထင်ရင်လည်းမှားသွားလိမ့်မယ် ပါးစပ်ကနေရှိုက်သွင်းလိုက်တဲ့အငွေ့တွေက ပထမဆုံးသွားဖုံးနဲ့ခံတွင်းကိုထိမယ် ၊ ပြီးရင် ဦးနှောက် ၊ အသက်ရှူလမ်းကြောင်း ၊ အစာရေမျိုပြွန် ၊ အဆုတ် ၊ အသည်း ၊ အစာအိမ် နဲ့ သည်းခြေအိတ်တွေအထိကို အဲ့ဒီအငွေ့တွေကရောက်သွားပြီး ဒုက္ခပေးမှာ ....

အဲဒီအဆိပ်ငွေ့တွေကြောင့် မောပန်းလွယ်လာမယ်ဆိုတာမင်းသိလား မင်းလို volleyball ကစားရတာ ရူးသွပ်တဲ့လူတစ်ယောက်က အမောခံနိုင်ဖို့အဓိကပဲမဟုတ်ဘူးလား မင်းလုံးဝကိုရှောင်သင့်တယ်

ပြီးရင် ချောင်းဆိုးရင်ကျပ်မယ် ၊ အစာစားချင်စိတ်တွေနည်းလာမယ် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတွေလည်းနည်းလာမယ် သွားတွေလည်းမည်းပြီး ကြာလာရင်စဉ်းစားတွေးခေါ်နိုင်စွမ်းတွေလည်းနည်းပါးလာမယ်

ယုတ်စွအဆုံး အဆုတ်ကင်ဆာရောဂါဖြစ်ပြီး ငယ်ငယ်လေးနဲ့သေလိမ့်မယ် ....

ကဲဘယ်မှာလဲ အဲဒီဆေးလိပ်ကရတဲ့ကောင်းကျိုးတွေမင်းပြော ..... "

ဆူဘင်းရဲ့ရှည်လျားလှသည့် ဆေးလိပ်ဋီကာအဆုံးမှာ သူအောက်မေးရိုးပြုတ်သလို ပါးစပ်ဟောင်းလောင်းဖြစ်သွားရသည် ။

ဆေးလိပ်တစ်လိပ်သောက်မိခြင်းမှသည် အဆုတ်ကင်ဆာရကာ သေတော့မယ့်ဘဝအထိကို ပညာပေးခံလိုက်ရသည့် ခံစားချက်က ရယ်ရခက် ငိုရခက်နှင့် တကယ်အောင့်သက်သက် ...... ။

" မင်း... တကယ် ငါ့အဖိုးလိုပဲ..... "

" ဘာ ... yarr ချွဲယောန်ဂျွန်း ....!!!  "

ငါလည်း မိန်းကလေးတွေ အသည်းနှလုံးကို အပျော်ကစားပြီး အသည်းလိုက်ခွဲရခြင်းရဲ့ ဆိုးကျိုးတွေကို ပြောချင်လိုက်တာ .....။

ခက်တာကမင်းလို စီကာပတ်ကုံး လေမရှည်တတ်တော့ ရှိစေတော့ ..... ။

မှုန်ကုတ်နေသည့် အဖိုးကြီးပေါက်စကို သူခပ်ပြုံးပြုံးကြည့်လိုက်ရင်း

" ငါနောက်မသောက်တော့ဘူးဟုတ်ပြီလား ကတိပေးတယ် "

ဆေးလိပ်တစ်လိပ်နဲ့မတန်အောင် အသက်ရှူရပ်မတတ်တွေ ခံစားလိုက်ရတာကို ငါတကယ်နောင်ကျဉ်သွားပြီမို့ ..... ။

" ဒါဆို ငါတို့အခုစိတ်ဆိုးပြေပြီလား .... ဆူဘင်းနား ... "

" ငါကဘယ်တုန်းကစိတ်ဆိုးလို့လဲ မင်းပဲငါ့ကိုစိတ်ဆိုးတာမဟုတ်ဘူးလား "

ကြည့်ကပ်သတ်နေတာ ဒီကောင် ...... ။

" ဟုတ်ပါပြီ ငါကပဲမင်းကိုစိတ်ဆိုးမိတာ ငါကတောင်းပန်ပါတယ် ရပြီလား  "

" နောက်ကို ထပ်ပြီးရန်မဖြစ်ကြရအောင် "

" သိပါပြီ ... သိပြီမို့လို့ အခုပြန်ကြရအောင် မှောင်တောင်နေပြီ "

" အွန်း "

ဆူဘင်းလက်ထဲက ကျောပိုးအိတ်ကိုဆွဲယူလွယ်လိုက်ပြီးနောက် နှစ်ယောက်လုံးအခန်းထဲမှပြန်ထွက်လာခဲ့ကြသည် ။

" ဘာလဲ !!! "

သူအလန့်တကြား အာမေဋိတ်အသံထွက်သွားရသည် ။

" ဘာဖြစ်တာလဲ !"

" တံခါးကဖွင့်လို့မရဘူး "

" ဟမ် "

ဒီလိုသောက်ကျိုးနည်းကြီး ...... ။

နှစ်ယောက်တည်း ဒီနေရာက အခန်းတစ်ခန်းထဲရှိနေတာကနေ အမြန်ဆုံးထွက်ပြေးချင်နေပါတယ်ဆို သောက်ကျိုးနည်းတံခါးက ‌အပြင်က  လော့ကျနေလိုက် ...... ။

" အ့ အ့ .... "

စိတ်ပေါက်ပေါက်နှင့် လက်မောင်းကိုနှစ်ချက်ဆင့်ပြီး ပိတ်ထိုးပစ်ပေးလိုက်သည် ။

သူ့အမှားပေမို့ ဘာမှပြန်မပြောပြန်မလုပ်နိုင်ဘဲ လက်မောင်းကိုပွတ်နေသည့် မျက်နှာငယ်လေးကရှုံ့မဲ့မဲ့ ..... ။

စိတ်တိုနေရင်းက အသည်းထဲယားကျိကျိဖြစ်လာပြီး ဘယ်ကဘယ်လိုရောက်လာမှန်းမသိသည့် ဖက်နမ်းပစ်လိုက်ချင်တဲ့စိတ်တွေက အိုးနင်းခွက်နင်းထွက်ပေါ်လာရပြန်သည် ။

ဒီကောင် တစ်ကိုယ်နှစ်စိတ်နဲ့လူများလား ။ အစောပိုင်းက သရဲစီးဘီလူးစီးဖြစ်နေတာသူပါပဲ တကယ်ဘုရားစူး ..... ။

" အခုဘယ်လိုလုပ်မှာလဲ ထွက်လို့မရတော့ဘူး မောင်မင်းကြီးသားရဲ့ "

" ငါလည်းမသိဘူး !"

" အရမ်းတွေကို ရှေ့မကြည့်နောက်မကြည့်နဲ့ ဇွတ်လုပ်နေတုန်းက ဒီပုံစံမဟုတ်ဘူးနော် ချွဲဆူဘင်းရှီ "

" ......"

" မတတ်နိုင်ဘူး ဒါကအဆောင်ဟောင်းမို့လို့ ညစောင့်လည်းလာမှာမဟုတ်ဘူး တစ်ယောက်ယောက်ကိုဖုန်းဆက်အကူအညီတောင်းရမှာပဲ မင်းဆက်လိုက် "

" ငါဖုန်းမပါလာဘူး "

သူ့စကားကြောင့် စိတ်ကုန်သွားသည့် အကြည့်မျိုးဖြင့် မော့ကြည့်လိုက်မိတော့ ခေါင်းဆတ်ပြလာသည် ။

" တစ်ကယ်လို့ ငါလည်းမပါလာဘူးဆိုဘယ်လိုလုပ်မလဲ "

" မတတ်နိုင်ဘူး တံခါးကိုရအောင်ဖျက်ရင်ဖျက် မဟုတ်ရင်တစ်ယောက်ယောက်မတော်တဆလောက်လာတာကို စောင့်နေရမှာပဲ "

" ကောင်းလိုက်တာ အရမ်းကိုကောင်းတယ် "

သူအရွဲ့တိုက်နေသည့်လေသံဖြင့် ပြောလိုက်ပြီး အိတ်ထဲမှဖုန်းကိုထုတ်ကာ ဘယ်သူ့ဆက်ရမှန်းတွေးမရသည်နှင့် ဂန်ဝူးကိုသာ မျက်နှာပူစွာအကူအညီလှမ်းတောင်းလိုက်ရတော့သည် ။

" ဂန်ဝူးလာနေပြီ သူ့အိမ်ကနည်းနည်းလှမ်းလို့ စောင့်တော့စောင့်ရလိမ့်မယ် "

" မင်းကသူနဲ့အရမ်းရင်းနှီးနေတာလား "

" အင်းလေ သေချာတာပေါ့ ဘာဖြစ်လို့လဲ "

" မဟုတ်ဘူး ဘာမှ ....."

နှစ်ယောက်ကြားလေထုကရုတ်ချည်းတိတ်ဆိတ်သွားသည် ။

အပြင်တွင်လည်း မှောင်ရီပျိုးနေပြီမို့ မီးမရှိသည့်အခန်းငယ်က လျင်မြန်စွာ အမှောင်လွှမ်းခြုံလာတော့သည် ။

ဂန်ဝူးမြန်မြန်ရောက်လာဖို့သာ ဆုတောင်းလိုက်ရင်း နီးစပ်ရာခုံတစ်ခုဆွဲပြီးထိုင်လိုက်သည် ။

ဆူဘင်းကတော့ သူနဲ့မျက်နှာချင်းဆိုင်က နံရံတွင်မှီကာ ခပ်လျှောလျှော ထိုင်ချလိုက်သည် ။

လောကတစ်ခွင်လုံးမှောင်သွားပြီးနောက်တွင် ခပ်မှိန်မှိန်လရောင်လေးက အခန်းတွင်းသို့ဖြာကျလာခဲ့သည် ။

၎င်းလရောင်က ချမ်းစိမ့်စိမ့်ဖြစ်မှုကိုပါ တစ်ပါတည်းတွဲလျက်သယ်ဆောင်လာပြန်သည် ။

" ငါ့နားလာထိုင်လေ ချမ်းနေတယ်ဟုတ်လား "

မဖြစ်ဘူး ။ အမြဲတမ်း တစ်ခန်းထဲအတူနေနေကျပေမယ့် အခြေအနေပတ်ဝန်းကျင်တွေကမတူသည်မို့ အနားသွားလျှင် သူသေချာပေါက်ရင်ခုန်နေလိမ့်မည် ။ အခုတောင်.....။

" ရတယ် "

"ရတယ်မလုပ်နဲ့ လာဆိုလာလိုက် ငါ့အနွေးအင်္ကျီကိုအတူခြုံထားမယ် "

သူက ကျောင်းဝတ်စုံသာဝတ်ထားပြီး ဆူဘင်းက အပေါ်က long coat ထပ်ဝတ်ထားသည်လေ ..... ။

အမှန်တကယ်လည်း ချမ်းနေသည်မို့ ထပ်ပြီးစောဒကတက်မနေဘဲ ဘေးနားသာသွားကပ်ထိုင်လိုက်တော့သည် ။

မဟုတ်ရင် အချမ်းလွန်တာရဲ့ နောက်ဆက်တွဲ အပေါ့သွားချင်ပြီးအောင့်မနိုင်အင်းမရဖြစ် လာမှ သောက်ရှက်ကွဲမှာမဟုတ်ဘူးလား ။

သူ့ကိုယ်ပေါ်သို့ လွှမ်းခြုံလာသည့်ဆူဘင်း၏ coat ကြောင့် နွေးထွေးမှုလေးတစ်ခုခံစားရရှိလိုက်သည် ။

ရေမွှေးနံ့နဲ့ ရောယှက်နေသည့် ကိုယ်သင်းနံ့လေးကြောင့် မသိစိတ်က အလိုလိုပြုံးမိလာသည် ။

" ဘာတွေပြုံးနေတာလဲ "

" ဟမ် "

ဒါကသူခိုးလူမိခြင်းလား ။

" ဘာရယ်မဟုတ်ပါဘူး ဒီအချိန်ဒီနေရာကြီးမှာ ရုတ်တရက်သရဲခြောက်ရင် ဘယ်လိုလုပ်မလဲစဉ်းစားလိုက်မိလို့ "

ပါးစပ်ကထွက်ရာ ပလီပလာစကားတွေ ပြောချပစ်လိုက်တော့ဆူဘင်းက အလိုမကျစွာ နှာခေါင်းရှုံ့သည် ။

" အများကြီးနာနေလား "

ရုတ်တရက်ဆန်စွာ နှုတ်ခမ်းပေါ်သို့ရောက်လာသည့် လက်ဖျားတစ်ခုကြောင့် ကျင်စက်နဲ့အတို့ခံလိုက်ရသလိုဖြစ်ကာ ရင်ထဲဒိန်းခနဲဆောင့်တက်သွားရသည် ။

ဒီကောင်ကတော့ ငါဆဲမိတော့မယ် ။

အန္တရာယ် လက်ကြီးကိုခပ်မြန်မြန်ဖယ်ထုတ်ပစ်လိုက်ရင်း

" မနာပါဘူး အဖေက အားမထည့်ထားဘူး "

" တောင်းပန်ပါတယ် ငါ့ကြောင့် "

"......"

ပြောစရာစကားများမရှိတော့သည့်နောက် တိတ်ဆိတ်မှုကပြန်ကာကြီးစိုးလာပြန်သည် ။

ကြာလိုက်တာ ဂန်ဝူးကလည်း..... ဆူဘင်းကိုကြည့်မရလို့များ မလာရင်ဒုက္ခ ။ တစ်ယောက်တည်းရှိနေတာလို့ ပြောလိုက်ရမှာ ။

ဘာလဲ အိပ်ပျော်သွားတာလား ။

လှည့်ကြည့်လိုက်မိတော့ မျက်လုံးအစုံမှိတ်ကာ ငြိမ်သက်နေသောဆူဘင်းကြောင့် သူကြောင်သွားရသည် ။ ဒီအခြေအနေမှာအိပ်ပျော်နိုင်သေးတာလား ။

" ဆူဘင်း.... ချွဲဆူဘင်း "

တုံ့ပြန်မှုမရှိ.... ။

" တကယ်အိပ်နေတာလား "

အိပ်နေတာပဲ ။

" အရူးကောင် ..... ငါ့မှာတော့ရင်တွေခုန်လိုက်ရတာ မင်းကတော့ ဘာမှမဖြစ်သလို အေးအေးချမ်းချမ်းလေးကို အိပ်နေပါရော့လား "

မတရားလိုက်တာ ..... ။

အပူအပင်မရှိအိပ်နေသည့်ပုံလေးက ဘယ်အချိန်ကြည့်ကြည့်အမြဲအေးချမ်းမှုကိုပေးစွမ်းနိုင်သည် ။

ချစ်လိုက်တာ ။ သူ့ကိုယ်သူပင် အံ့ဩရလောက်တဲ့အထိ ထိုလူသားကို သူအတိုင်းအတာတစ်ခုအထိ ချစ်မြတ်နိုးနေခဲ့မိပြီးပြီ ..... ။

ချွဲဆူဘင်းဆိုသည့် ထောင်ချောက်ထဲတွင်သူ့နှလုံးသားသည် လွတ်လမ်းမရှိ ထာဝရအတွက် ပိတ်လှောင်ခံလိုက်ရသည် ။

လွတ်မြောက်ဖို့ ကြိုးစားနေမိလား ။ နွံမှန်းသိရက်နှင့် ရှေ့ဆက်တိုးနေမိတာလား ဦးနှောက်ကဝေဖန်ပိုင်းခြားမှုမပြုရသေးခင်မှာ သူ့နှုတ်ခမ်းတို့က အကြင်လူသားရဲ့ပါးပြင်ထက်ခစားနေမိခဲ့ပြီ ။

အိစက်နေသည့် ပါးပြင်ထဲ နှာခေါင်းနစ်ဝင်သွားသည်အထိ သူမွှေးကြူပစ်လိုက်မိသည် ။

ချစ်လိုက်တာဆူဘင်းရာ ။ ငါမင်းကိုသိပ်ချစ်တာပဲ ။

တစ်မိနစ်ရဲ့ တစ်ဝက်ခန့်မျှကြာအောင် အနမ်းတစ်ခုခိုးယူအပြီးမှာ သူနှမြောတသစွာ ဖယ်ခွာလိုက်ရတော့သည် ။

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိဆိုသောစကားသည် ငြင်းပယ်စရာမရှိ ချွင်းချက်မရှိမှန်သည် ။

အဘယ်ကြောင့်ဆိုသော် သူ့မျက်လုံးများ သည် အဓိပ္ပာယ်မဖော်နိုင်သည့်ခံစားချက်များရောပြွန်းနေသော မျက်ဝန်းအစုံနှင့် မတော်တဆ ခလုတ်တိုက်မိသွားသောကြောင့်ပင် ။


__________________________________________________________

ညနေထဲကဖေ့စဘွတ်နဲ့တွယ်တာမှာ ဖရဲသီးဂယက်ထနေလို့ ရေးတာနောက်ကျသွားပြီး တစ်နာရီကျော်မှပြီးတယ် 🍉😆

နောက်အပိုင်းအတွက် အားဆေးလေးအဖြစ် ဖလိဘတ်လေးတွေ ပေးရင်သိပ်ပျောိမိမှာပဲㅠㅠ ဝေဖန်ပေးကြပါ

Special Thanks To My All Readers 💜


Zawgyi .....


ဆူဘင္းႏွင့္မ်က္ႏွာခ်င္းမဆိုင္လိုတာမို႔ သြားေနက်အခ်ိန္ ထပ္ေစာၿပီး ေက်ာင္းသို႔သူထြက္လာခဲ့လိုက္သည္ ။

ဒီေန႕မနက္ပိုင္း volleyball အသင္းအတြက္ေလ့က်င့္ေရးရွိသည္ကိုလည္းသူမသြားေတာ့ဘဲေနပစ္လိုက္သည္ ။ ဆူဘင္းနဲ႕ဘယ္လိုမ်ိဳး မ်က္ႏွာခ်င္းေတြ႕ၿပီး ဘာစကားေျပာရမွန္းသူမသိေနေတာ့ပါ ။

တစ္ေန႕ညက အလြန္ေဒါသထြက္ေနသည့္ ဆူဘင္းမ်က္ႏွာကိုျပန္ျမင္ေယာင္မိေတာ့ ေနာက္တစ္ႀကိမ္သက္ျပင္းေမာတစ္ခုကို ေလးကန္စြာခ်လိဳက္မိျပန္ေတာ့သည္ ။

သူ႕စကားေတြကအတိုင္းအတာတစ္ခုအထိလြန္သြားမွန္းလည္း ေယာန္ဂြၽန္းသိသည္ ။ အရင္လိုစရင္းေနာက္ရင္းစိတ္ေကာက္ၾကတာမ်ိဳးနဲ႕မတူသည္မို႔ ဘယ္လိုျပန္အဆင္ေျပေအာင္လုပ္သင့္လဲ သူမေတြးတတ္ေတာ့ ။

သူသိတာတစ္ခုက ဆူဘင္းသူ႕ကို အမွန္တကယ္စိတ္ပ်က္သြားခဲ့ၿပီ ။

" ဘာလုပ္ေနတာလဲ "

" ဘာလဲ ... မင္းကဘယ္လိုလုပ္ဒီကိုေရာက္လာတာလဲ "

" မနက္ပထမဆုံးအခ်ိန္ထဲကအတန္းထဲမွာ မရွိလို႔ ဒီမွာထင္ၿပီးလိုက္ရွာတာ "

ဟုတ္သည္ ။ ဒီေန႕လည္းထုံးစံအတိုင္း ေက်ာင္းေရာက္ေနေပမယ့္ အတန္းလစ္ၿပီး လာေနက်ေခါင္မိုးထပ္မွာသူေရာက္ေနျခင္း .....။

" လာမရႈပ္နဲ႕ဂန္ဝူးရာ ေအးေဆးေနပါရေစ ငါစိတ္မၾကည္ဘူး "

ေျပာလိုက္သည္ကို မၾကားေယာင္ေဆာင္ၿပီး နံရံကိုမွီထိုင္ေနသည့္ သူ႕ေဘးတြင္တိုးကပ္ထိုင္လိုက္သည္မို႔ စိတ္ေပါက္ေပါက္ႏွင့္ အသံတိတ္က်ိန္ဆဲပစ္လိုက္မိသည္ ။ တကယ့္ အရႈပ္ထုပ္ေကာင္ပဲ ။

"မ်က္ႏွာကဘာျဖစ္ထားတာလဲ "

ဂန္ဝူးအေမးေၾကာင့္ႏႈတ္ခမ္းေထာင့္ကဒဏ္ရာကို လက္နဲ႕အသာထိကာသူ ခပ္ဟဟရယ္လိုက္ရင္း

" ေဆးလိပ္ေသာက္တာအိမ္ကမိသြားလို႔ "

အိမ္ျပန္လာတဲ့အခ်ိန္ထဲက အေဖနဲ႕အေမ လုံးဝမသိခဲ့ေပမယ့္ သူနဲ႕ ဆူဘင္း ေအာ္ႀကီးဟစ္က်ယ္ေတြထျဖစ္ေတာ့ ဖုံးမနိုင္ဖိမရျဖစ္သြားခဲ့ျခင္း ။

"ေယာန္...မင္းဘယ္အခ်ိန္အထိ ဒီလိုပဲဆက္သြားဖို႔စီစဥ္ထားတာလဲ "

" ဘာကိုလဲ ....."

" ဟိုနလပိန္းတုံး အေကာင္ဘယ္ေတာ့မွမသိနိုင္တဲ့ မင္းရဲ႕သနားစရာတစ္ဖက္သတ္အခ်စ္ဇာတ္လမ္းႀကီးေလ "

ဂန္ဝူးစကားေၾကာင့္ မသိစိတ္ကအလိုလိုလက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္လိုက္မိသည္ ။

" အဲဒါမင္းနဲ႕ဘာဆိုင္လို႔လဲ!! "

" မင္းက နာက်င္ေနရတယ္ေလ "

" ဘယ္သူကေျပာလဲ ငါနာက်င္ေနရတယ္လို႔ ရယ္စရာေတြလာမေျပာနဲ႕ ခ်ာဂန္ဝူး ... ဘာမဟုတ္တဲ့အခ်စ္တစ္ခုအတြက္နဲ႕ အသည္းအသန္လိုက္ခံစားေနမယ့္ေကာင္မဟုတ္ဘူး .... "

" အဲ့လိုဆိုလည္း အေျပာနဲ႕အလုပ္ညီေအာင္ေနေလ အဲ့ဒီေကာင္နဲ႕ပတ္သက္လာတိုင္း ဝမ္းနည္းေနတဲ့ နာက်င္ေနတဲ့မင္းကို အကုန္ျမင္ေနရတယ္ ငါကမင္းကိုပဲအၿမဲၾကည့္ေနတဲ့ေကာင္ပါ ေယာန္ရ "

ျမင္ေနရတယ္တဲ့လား ။ ငါကအၿမဲတမ္း အရႈံးသမားႀကီးတစ္ေယာက္လို ဝမ္းနည္းခံစားေနခဲ့တာလား ။ ခြၽဲေယာန္ဂြၽန္းဆိုတဲ့ငါကေလ ။
႐ူးလိုက္တာ မိုက္မဲၿပီးဉာဏ္မရွိလိုက္တာ ခြၽဲေယာန္ဂြၽန္းရာ ။

"ငါက အဲ့ေလာက္အထိသိသာေနတာလား "

" အ႐ူးေကာင္!! .... "

အသက္မပါတဲ့ လုပ္ရယ္သံခပ္အက္အက္တစ္ခုကို သူလုပ္လိုက္သည္ ။ ကိုယ့္ကိုယ္ကိုယ္ေလွာင္ရယ္မိျခင္းေပလား ....... ။

" ငါနဲ႕တြဲရေအာင္ !! "

"....."

" ခံစားမေနဘဲနဲ႕ အဲ့ေကာင္ကိုအ႐ြဲ႕တိုက္ၿပီး ငါနဲ႕တြဲၾကရေအာင္လို႔ ဘယ္သူကသိနိုင္မွာလဲ မင္းရည္းစားရသြားမွ သူမနာလိုေတြဘာေတြျဖစ္လာမလားဆိုတာ "

" သူမ်ားခံစားခ်က္ေတြကို ငါအသုံးခ်ၿပီး မကစားတတ္ဘူး ဂန္ဝူး "

ငါဘယ္ေတာ့မွျမင္ေအာင္မၾကည့္ေပးနိုင္တဲ့ မင္းရဲ႕ခံစားခ်က္ေတြကိုငါကဘယ္လိုမ်ား အေပ်ာ္ကစားရက္မွာလဲ ။

" ငါကရပါတယ္လို႔ဆိုေန ..."

" ေတာ္ေတာ့ ဒီအေၾကာင္းကိုဘယ္ေတာ့မွဆက္မေျပာနဲ႕ေတာ့ ငါလက္မခံဘူး "

" ေယာန္...!!!! "

" ငါ့ကိုမႀကိဳက္နဲ႕ ... ငါမင္းကိုႀကိဳးရွည္ရွည္ေတြနဲ႕လည္းမလွန္ထားဘူး ေမွ်ာ္လင့္ခ်က္ေတြလည္းမထားေစခ်င္ဘူး ....မထိုက္တန္တဲ့ ငါ့အတြက္မခံစားနဲ႕ ဂန္ဝူး .... ၾကားလား! "

တစ္ဖက္သတ္အခ်စ္ေတြနဲ႕ မိုးၿပိဳေနတာငါတစ္ေယာက္တည္းနဲ႕တင္ကို လုံေလာက္ၿပီေလ ...... ။

" ငါကဒီတိုင္းမင္းကိုစိတ္ဝင္စားတာပါ ေယာန္ရ .... မင္း အဲ့ဒီအေကာင္ကိုအသည္းအသန္ျဖစ္ေနသလိုမ်ိဳးမဟုတ္တာမို႔ ငါ့ကိုစိတ္မပူနဲ႕ .... ေယာန္စိတ္ေျပာင္းသြားတဲ့အခ်ိန္ေျပာ ငါေျပာထားတဲ့စကားကို မ႐ုတ္သိမ္းေသးဘူး အိုေက...."

သူေျပာစရာစကားရွာမရေတာ့..... ။ ဂန္ဝူးက ေၾကာင္ေငးေနမိသည့္ သူ႕ပခုံးကိုခပ္ဖြဖြပုတ္ေပးလိုက္ၿပီး ေဘးနားကပ္ထိုင္ေနရာမွထသြားသည္။

" တစ္ေနကုန္ေတာ့ အတန္းထဲမဝင္လာဘဲမေနနဲ႕ ေနာက္အခ်ိန္ဝင္လာခဲ့ စာေမးပြဲနီးေနၿပီ အဲ့ဒီအေကာင္ကမင္းကိုစာေမးပြဲေအာင္ေအာင္မလုပ္ေပးနိုင္ဘူး "

သြားေနရင္းတန္းလန္းက အေနာက္သမင္လည္ျပန္ၾကည့္ၿပီး ေျပာလာေသာဂန္ဝူး ။

" မင္းအပူမပါဘူး! ..... ဒါနဲ႕ မင္းဘာလို႔သူ႕ကို အဲ့ဒီအေကာင္ ဆိုၿပီးတစ္ခ်ိန္လုံး ရိုင္းရိုင္းစိုင္းစိုင္းသုံးႏႈန္းေနတာလဲ "

" ေသာက္ျမင္ကတ္လို႔ေလ ရွင္းေနတာပဲ "

ႏွာေခါင္းရႈံ႕ၿပီးေျပာသြားေလေသာ ဂန္ဝူး.....။

ဘယ္ေနရာက အျမင္ကတ္စရာေကာင္းေနလို႔လဲ .......။

___________________________________________________________

ေလလြင့္ေနသည့္စိတ္အစဥ္ကိုျပန္စုစည္းရင္း သင္သမွ်စာကိုသာ ေယာန္ဂြၽန္းပုံစံႏွင့္မတူစြာ စိတ္ႏွစ္ထားလိုက္ေတာ့သည္ ။

ဆူဘင္းသည္လည္း တစ္ေနကုန္သူတို႔အတန္းဘက္သို႔ အရိပ္အေယာင္ပင္လာမျပခဲ့ပါ ။ အၿမဲ ကင္နာနာကိုေတြ႕ရန္ အခန္းဘက္လာေနသူကို ယေန႕တစ္ေနကုန္ မေတြ႕ရေပ။

ကင္နာနာကိုၾကည့္မိေတာ့လည္း မ်က္ႏွာကသိပ္မေကာင္း ။ ရန္ျဖစ္ထား၍မ်ားလား......။

ကင္နာနာကိုေရာ မင္းတကယ္ခ်စ္သြားတာဟုတ္ရဲ႕လားဆူဘင္းရယ္ ။

ငါေလတစ္ခါတစ္ေလ မင္းႏွလုံးသားက အေသြးအသားေတြနဲ႕မဟုတ္ဘဲ ဘာသားနဲ႕မ်ားထုဆစ္ထားလဲဆိုတာ သိခ်င္မိပါရဲ႕ ......။

ညေနေက်ာင္းဆင္းေတာ့လည္း မေတာ္တဆ ေတြ႕မည္စိုး၍ အတန္းထဲခဏထိုင္ကာ လူကုန္မွသာ ထြက္လာခဲ့လိုက္သည္ ။

" ခြၽဲေယာန္ဂြၽန္း ... မင္းလိုက္လာခဲ့ "

အခန္းထဲကထြက္လာသည္ႏွင့္ ဘယ္အခ်ိန္ထဲကေစာင့္ေနမွန္းမသိသည့္ တစ္ေနကုန္ေရွာင္ခ်င္ေနသည့္ လူသားသည္မ်က္စိေရွ႕ ဘြားခနဲေပၚလာၿပီး လက္ေကာက္ဝတ္ကိုဆြဲကိုင္ကာ တရၾကမ္းပင္ဆြဲေခၚသြားခံရေတာ့သည္ ။

" ဒါက ဘာလုပ္တာလဲ ... ခြၽဲဆူဘင္း ငါ့လက္ကိုခ်က္ခ်င္းလႊတ္စမ္း ... "

" ....."

" Yarr ... ခြၽဲဆူဘင္း ငါေျပာတာမၾကားဘူးလား အခုလႊတ္လိုက္ ရပ္လိုက္လို႔ေျပာေနတယ္ ..... "

သန္မာလြန္းလွသည့္ လက္ေတြေၾကာင့္႐ုန္းထြက္ဖို႔ရာ မစြမ္းသာ ။ အားကိုပိုၿပီးထည့္တာဆြဲကိုင္လိုက္သည္မို႔ နာက်င္မႈပင္ ခံစားလိုက္ရသည္ ။

" ဘယ္ကိုသြားေနတာလဲ "

အေရွ႕ကဦးေဆာင္သြားေနသူ၏ေျခလွမ္းမ်ားက အသုံးမျပဳဘဲ ထားထားသည့္ ေက်ာင္းေဆာင္ေဟာင္းဆီကိုဦးတည္ေနမွန္းသူသတိထားမိလိုက္သည္ ။

ေျခလွမ္းက်ဲမ်ားျဖင့္ တရစပ္ေလွ်ာက္ေနေပမယ့္ သူ႕စကားေတြကို တုံ႕ျပန္ဖို႔ ဆႏၵလုံးဝမရွိသည့္ႏွယ္ ..... ။

" ငါ့လက္နာေနၿပီ..... ဆူဘင္းနား "

သူ႕အသံကအနည္းငယ္တိမ္ဝင္သြားသေယာင္ ။ ဝဲတက္လာသည့္မ်က္ရည္စေတြေၾကာင့္ မ်က္ေတာင္မ်ားကိုအျမန္ခပ္ပစ္လိုက္ရသည္ ။

ဆူဘင္းကသူ႕ကိုလုံးဝ ဂ႐ုမစိုက္ အေလးမထားေတာ့ပါ ။

မင္းငါ့ကို တကယ္မုန္းေနၿပီလား ..... ။

သူကေက်ာင္းေဆာင္ေဟာင္း၏အေပၚထပ္သို႔တက္သြားကာ အခန္းတစ္ခန္းထဲ သူ႕ကိုေဆာင့္တြန္းထည့္လိုက္ကာ တံခါးကိုအၾကမ္းပတမ္းဆြဲပိတ္ပစ္လိုက္သည္ ။

လြတ္ေျမာက္မႈရသြားတဲ့ လက္ေကာက္ဝတ္ျဖဴျဖဴသည္ သိသိသာသာပင္နီရဲေနေၾကာင္း သူေတြ႕လိုက္ရသည္ ။

ေနာက္လက္တစ္ဖက္ျဖင့္ခပ္ဖြဖြဆုပ္ကိုင္ကာ သူအံကိုတင္းတင္းႀကိတ္ထားလိုက္မိသည္ ။

ဆူဘင္းသည္ သူႏွင့္ဒီေနရာတြင္ မေက်ပြဲႏႊဲဖို႔စီစဥ္ထားျခင္းေပလား ။

ဆူဘင္းႏွင့္သူသာဆိုလွ်င္ ေသခ်ာေပါက္ကိုသူရႈံးလိမ့္မည္ ။ ႏွစ္ခါစဥ္းစားစရာပင္မလိုအပ္..... ။

ေက်ာင္းတကာပတ္ၿပီးရန္ျဖစ္ခဲ့သည့္ သူဟာ ဒီအေျခအေနတြင္ေတာ့ မဆိုစေလာက္ေလးေၾကာက္စိတ္ဝင္လာခဲ့သည္ဆိုတာ ဝန္ခံပါသည္ ။

တံေတြးကိုမသိမသာၿမိဳခ်မိကာ ဆူဘင္းဘက္သို႔လွည့္လိုက္ရင္း

" ဒါကဘာလုပ္တာလဲ ခြၽဲဆူဘင္း "

" ခြၽတ္လိုက္ ..... "

" ဘာ !! "

" မင္းအိတ္ကိုအခုခြၽတ္လိုက္လို႔ "

" ဘာလို႔လဲ! "

အိတ္ခြၽတ္ၿပီး သူတစ္ျပန္ကိုယ္တစ္ျပန္ခ်ၾကမွာေသခ်ာေနၿပီလား ။

သူ႕ေက်ာပိုးအိတ္ႀကိဳးႏွစ္ဖက္ဆီသို႔ လက္ေတြကအလိုလိုေရာက္သြားေတာ့သည္ ။

" ျမန္ျမန္ခြၽတ္လိုက္ ခြၽဲေယာန္ဂြၽန္း "

ေၾကာက္စရာေကာင္းေနတယ္ ။ ဒါဟာသူသေဘာက်ရတဲ့လူရဲ႕ မ်က္ႏွာခ်ိဳခ်ိဳမဟုတ္....။ရင္ထဲကအလိုလိုဝမ္းနည္းမႈအခ်ိဳ႕ လွိုက္တက္လာခဲ့သည္ ။

" ဟင့္အင္း .... မလုပ္ဘူး"

တစ္ကမၻာလုံးနဲ႕ပတ္ၿပီးထိုးႀကိတ္ေနရင္ေတာင္ မင္းနဲ႕ေတာ့မဟုတ္ဘူး ။ ငါမင္းနဲ႕ရန္သူမျဖစ္ခ်င္ဘူး ။

ေခါင္းမာစြာပင္ သူဆက္ျငင္းေနလိုက္သည္ ။

" ဘာလုပ္တာလဲ !!! "

သူမထင္မွတ္ထားဘဲ အရမ္းကိုကမန္းကတန္းဗ႐ုတ္သုတ္ခနိုင္စြာ အႏွီဆူဘင္းသည္ သူ႕အနားသို႔ေရာက္လာၿပီး ေက်ာပိုးအိတ္ကိုအတင္းဆြဲလုခြၽတ္ေနေတာ့သည္ ။

အခန္းထဲရွိႏွစ္ေယာက္တည္းေသာ လူသားတို႔သည္ ႐ုန္းရင္းဆန္ခတ္ေပါင္းမ်ားစြာႏွင့္ ႏွစ္မိနစ္ခန႔္လုံးေထြးကာ ဆြဲလားရမ္းလားျဖစ္ၿပီးေနာက္ ေက်ာပိုးအိတ္ေလးသည္ ဆြဲလုေနသူလက္ထဲဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္သြားေတာ့သည္ ။

လက္ထဲသို႔ေရာက္သည္ႏွင့္အိတ္ကိုဖြင့္ကာ နီးစပ္ရာခုံေပၚသို႔ အိတ္ထဲကပစၥည္းမ်ားကို တရေဟာ သြန္ခ်ပစ္လိုက္ေတာ့သည္ ။

" ခြၽဲဆူဘင္း .... မင္းအခုဘာေတြလုပ္ေနတာလဲ အခုရပ္လိုက္ေတာ့ မင္းဘာျဖစ္ေနတာလဲ!!! "

" လႊတ္ "

ပစၥည္းေတြစာအုပ္ေတြ အကုန္ဆြဲဖြပစ္ေနသည့္လက္ေတြကိုရပ္ပစ္ဖို႔ တားဆီးေနေသာ္လည္း အရာမထင္ ။

အရမ္းကို သတိလက္လြတ္ အၾကမ္းပတမ္းဆန္လြန္းေနသည္ ။

" ေတာ္ပါေတာ့!!! .... "

" ဘယ္မွာလဲ "

" ဘာကိုလဲ မင္းဒီလို ေသာက္ရမ္း အ႐ူးလိုလုပ္ေနတာေတြခဏရပ္ၿပီးေျပာ ဘာျဖစ္ေနတာလဲ "

" အဲဒါေတြေလ မင္းေသာက္ေနတဲ့ေဆးလိပ္ေတြ  "

"ဘာ!! "

အိတ္ထဲရွိသမွ်အကုန္ေမႊႏွောက္ၿပီးေနာက္ ရွာေနေသာအရာမေတြ႕ေသာဆူဘင္းသည္ သူ႕ဘက္သို႔တစ္ဖန္ျပန္လွည့္လာကာ စိမ္းစိမ္းႀကီးစိုက္ၾကည့္ကာ ေျပာထြက္လာေတာ့သည္ ။

သူေၾကာင္အသြားေနတုန္းမွာပင္ ထိုအၾကမ္းဖက္ေနတဲ့လက္တစ္သုံက သူ႕အေပၚဝတ္ကုတ္အေပၚသို႔က်ေရာက္လာျပန္ေလသည္ ။

" ဘယ္မွာဖြက္ထားတာလဲ "

ကုတ္အကၤ်ီကိုအတင္းဆြဲခြၽတ္ေနၿပီး တစ္ကိုယ္လုံးအႏွံ႕နယ္ကြၽံလာသည့္ လက္ေတြေၾကာင့္ သူအသက္ရႉပင္မမွန္ခ်င္ေတာ့......။

နီးကပ္လြန္းေနသည့္ ခႏၶာကိုယ္ေတြႏွင့္အတူလက္အထိအေတြ႕တို႔ေၾကာင့္ ေသြးေဆာင့္တက္လာရသည္ ။

စကားေျပာဖို႔ပင္အခ်ိန္မရ ။ ဒီအေျခအေနႀကီးကို လြတ္ေျမာက္ဖို႔မနည္းႀကိဳးစားေနရသည္ ။

S**t!!! အသံတိတ္အားရပါးရက်ိန္ဆဲပစ္လိုက္မိသည္ ။

ရင္ခုန္ပါတယ္ဆိုမွ မင္းေမႀကီးေတာ္လို လာလုပ္ေနတာလား ငလူးေကာင္ရဲ႕ ။

" မရွိဘူး မရွိဘူးလို႔ !!! "

" မလိမ္နဲ႕ "

" ရပ္လိုက္ေတာ့ခြၽဲဆူဘင္း ငါအရမ္းစိတ္တိုလာၿပီ မရွိဘူးဆိုတာ မၾကားဘူးလား !!! "

ရွိသမွ်အားစုစည္းၿပီး သူေအာ္ဟစ္ပစ္လိုက္ေတာ့ လႈပ္ရွားေနသည့္ လက္ေတြရပ္တန႔္သြားေတာ့သည္ ။

" တစ္လိပ္တည္း...."

"...."

" ငါတစ္လိပ္တည္းပဲဝယ္ေသာက္ထားတာ ဆူဘင္း.... "

အဲဒါကလည္းမင္းေၾကာင့္ ....။ ငါအရမ္းမြန္းၾကပ္လြန္းလို႔ စိတ္ေျဖရာတစ္ခုအျဖစ္ အသုံးခ်လိဳက္တာ ။

" မင္းထင္သလို ငါကမေကာင္းတဲ့အရာကိုစြဲလန္းေနတဲ့လူတစ္ေယာက္မဟုတ္ဘူး ဆူဘင္း "

မေကာင္းမွန္းသိရက္နဲ႕စြဲလန္းမိတာဆိုလို႔ မင္းဆိုတဲ့ေကာင္တစ္ေယာက္တည္းပဲရွိတယ္ ..... ။

" ငါဒီတိုင္းအေပ်ာ္တစ္လိပ္တည္းေသာက္တာပါ "

" တစ္ကယ္ပဲလား "

" မင္း ငါ့ကိုမယုံဘူးလား "

သူေမးလိုက္ေတာ့ တစ္ခြန္းမွျပန္မေျပာေတာ့ဘဲ သူဆြဲဖြထားသည့္ ပစၥည္းမ်ားကို အိတ္ထဲတစ္ခုခ်င္းျပန္ေကာက္ထည့္ေနေတာ့သည္ ။

ဖရိုဖရဲျဖစ္ေနသည့္ သူ႕ပုံစံကို ၾကည့္ေကာင္းေအာင္ျပန္ျပင္လိုက္ရင္း

" ငါေဆးလိပ္ေသာက္တာကိုမင္းအဲ့ေလာက္ထိ ေဒါသထြက္တာလား "

ငါ့ကို အမ်ားႀကီးစိတ္ပူေပးတာလား ။ ဘာေၾကာင့္မွန္းမသိ ဒီခံစားခ်က္က နည္းနည္းေပ်ာ္စရာေကာင္းေနသလိုပဲ ။

" ငါ့အေဖနဲ႕အေမေတာင္အဲ့ေလာက္မဟုတ္ဘူး မင္းကငါ့အဖိုးက်ေနတာပဲ အဟား  "

" ေသမလို႔လား "

" ငါတို႔ကေနာက္ႏွစ္ပဲ အထက္တန္းၿပီးလို႔ အသက္ျပည့္ၾကေတာ့မွာပဲ သူမ်ားေတြလည္းေသာက္ေနၾကတာပဲ မင္းကဘာလို႔ တအားျဖစ္ေနတာလဲ "

" ဒီမွာ ခြၽဲေယာန္ဂြၽန္း သူမ်ားေတြလုပ္တိုင္း လိုက္လုပ္ေနစရာမလိုဘူး ဒီအ႐ြယ္ေလးနဲ႕ ေဆးလိပ္ေလးတစ္လိပ္ လက္ဖ်ားၾကားညွပ္ေနလိုက္ရင္ cool ျဖစ္တယ္လို႔ထင္ေနၾကတာ အေပါစားဆန္တဲ့လူေတြႀကီးပဲ ....

ဘာေကာင္းက်ိဳးတစ္ခုမွမရွိဘူး အဲဒီအေငြ႕ေတြရႉရွိုက္ေနလို႔ရလာသမွ်က 100% ဆိုးက်ိဳးေတြႀကီးပဲ စိတ္ကိုေပ်ာ္႐ႊင္ေစတာလား ရယ္စရာေတြလာမေျပာစမ္းနဲ႕ စိတ္ကိုေပ်ာ္ဖို႔ ေကာင္းတဲ့နည္းလမ္းေတြ ရိုက္သတ္လို႔ေတာင္မကုန္ဘူး ....

မင္းေျပာသလို လူတိုင္းက တစ္လိပ္ေလာက္စမ္းေသာက္တာကစလို႔ စြဲသြားၿပီးျဖတ္မရတဲ့အဆင့္ကို ကူးသြားၾကတာႀကီးပဲ ။ ေသာက္တဲ့လူတစ္ေယာက္တည္းအတြက္ေတာင္မဟုတ္ဘူး အေငြ႕ရႉမိတဲ့လူေတြအတြက္လည္းမေကာင္းဘူး တစ္ခါတစ္ေလ မေသာက္ဘဲရႉမိတဲ့လူေတြကေတာင္ပိုၿပီးေတာ့ ေရာဂါရတတ္ေသးတယ္ ....

မင္းေဆးလိပ္ေသာက္လိုက္လို႔ အဆုတ္တစ္ခုတည္းထိခိုက္တယ္ထင္ရင္လည္းမွားသြားလိမ့္မယ္ ပါးစပ္ကေနရွိုက္သြင္းလိုက္တဲ့အေငြ႕ေတြက ပထမဆုံးသြားဖုံးနဲ႕ခံတြင္းကိုထိမယ္ ၊ ၿပီးရင္ ဦးႏွောက္ ၊ အသက္ရႉလမ္းေၾကာင္း ၊ အစာေရမ်ိဳႁပြန္ ၊ အဆုတ္ ၊ အသည္း ၊ အစာအိမ္ နဲ႕ သည္းေျခအိတ္ေတြအထိကို အဲ့ဒီအေငြ႕ေတြကေရာက္သြားၿပီး ဒုကၡေပးမွာ ....

အဲဒီအဆိပ္ေငြ႕ေတြေၾကာင့္ ေမာပန္းလြယ္လာမယ္ဆိုတာမင္းသိလား မင္းလို volleyball ကစားရတာ ႐ူးသြပ္တဲ့လူတစ္ေယာက္က အေမာခံနိုင္ဖို႔အဓိကပဲမဟုတ္ဘူးလား မင္းလုံးဝကိုေရွာင္သင့္တယ္

ၿပီးရင္ ေခ်ာင္းဆိုးရင္က်ပ္မယ္ ၊ အစာစားခ်င္စိတ္ေတြနည္းလာမယ္ ခႏၶာကိုယ္ဖြံ႕ၿဖိဳးမႈေတြလည္းနည္းလာမယ္ သြားေတြလည္းမည္းၿပီး ၾကာလာရင္စဥ္းစားေတြးေခၚနိုင္စြမ္းေတြလည္းနည္းပါးလာမယ္

ယုတ္စြအဆုံး အဆုတ္ကင္ဆာေရာဂါျဖစ္ၿပီး ငယ္ငယ္ေလးနဲ႕ေသလိမ့္မယ္ ....

ကဲဘယ္မွာလဲ အဲဒီေဆးလိပ္ကရတဲ့ေကာင္းက်ိဳးေတြမင္းေျပာ ..... "

ဆူဘင္းရဲ႕ရွည္လ်ားလွသည့္ ေဆးလိပ္ဋီကာအဆုံးမွာ သူေအာက္ေမးရိုးျပဳတ္သလို ပါးစပ္ေဟာင္းေလာင္းျဖစ္သြားရသည္ ။

ေဆးလိပ္တစ္လိပ္ေသာက္မိျခင္းမွသည္ အဆုတ္ကင္ဆာရကာ ေသေတာ့မယ့္ဘဝအထိကို ပညာေပးခံလိုက္ရသည့္ ခံစားခ်က္က ရယ္ရခက္ ငိုရခက္ႏွင့္ တကယ္ေအာင့္သက္သက္ ...... ။

" မင္း... တကယ္ ငါ့အဖိုးလိုပဲ..... "

" ဘာ ... yarr ခြၽဲေယာန္ဂြၽန္း ....!!!  "

ငါလည္း မိန္းကေလးေတြ အသည္းႏွလုံးကို အေပ်ာ္ကစားၿပီး အသည္းလိုက္ခြဲရျခင္းရဲ႕ ဆိုးက်ိဳးေတြကို ေျပာခ်င္လိုက္တာ .....။

ခက္တာကမင္းလို စီကာပတ္ကုံး ေလမရွည္တတ္ေတာ့ ရွိေစေတာ့ ..... ။

မႈန္ကုတ္ေနသည့္ အဖိုးႀကီးေပါက္စကို သူခပ္ၿပဳံးၿပဳံးၾကည့္လိုက္ရင္း

" ငါေနာက္မေသာက္ေတာ့ဘူးဟုတ္ၿပီလား ကတိေပးတယ္ "

ေဆးလိပ္တစ္လိပ္နဲ႕မတန္ေအာင္ အသက္ရႉရပ္မတတ္ေတြ ခံစားလိုက္ရတာကို ငါတကယ္ေနာင္က်ဥ္သြားၿပီမို႔ ..... ။

" ဒါဆို ငါတို႔အခုစိတ္ဆိုးေျပၿပီလား .... ဆူဘင္းနား ... "

" ငါကဘယ္တုန္းကစိတ္ဆိုးလို႔လဲ မင္းပဲငါ့ကိုစိတ္ဆိုးတာမဟုတ္ဘူးလား "

ၾကည့္ကပ္သတ္ေနတာ ဒီေကာင္ ...... ။

" ဟုတ္ပါၿပီ ငါကပဲမင္းကိုစိတ္ဆိုးမိတာ ငါကေတာင္းပန္ပါတယ္ ရၿပီလား  "

" ေနာက္ကို ထပ္ၿပီးရန္မျဖစ္ၾကရေအာင္ "

" သိပါၿပီ ... သိၿပီမို႔လို႔ အခုျပန္ၾကရေအာင္ ေမွာင္ေတာင္ေနၿပီ "

" အြန္း "

ဆူဘင္းလက္ထဲက ေက်ာပိုးအိတ္ကိုဆြဲယူလြယ္လိုက္ၿပီးေနာက္ ႏွစ္ေယာက္လုံးအခန္းထဲမွျပန္ထြက္လာခဲ့ၾကသည္ ။

" ဘာလဲ !!! "

သူအလန႔္တၾကား အာေမဋိတ္အသံထြက္သြားရသည္ ။

" ဘာျဖစ္တာလဲ !"

" တံခါးကဖြင့္လို႔မရဘူး "

" ဟမ္ "

ဒီလိုေသာက္က်ိဳးနည္းႀကီး ...... ။

ႏွစ္ေယာက္တည္း ဒီေနရာက အခန္းတစ္ခန္းထဲရွိေနတာကေန အျမန္ဆုံးထြက္ေျပးခ်င္ေနပါတယ္ဆို ေသာက္က်ိဳးနည္းတံခါးက အျပင္က  ေလာ့က်ေနလိုက္ ...... ။

" အ့ အ့ .... "

စိတ္ေပါက္ေပါက္ႏွင့္ လက္ေမာင္းကိုႏွစ္ခ်က္ဆင့္ၿပီး ပိတ္ထိုးပစ္ေပးလိုက္သည္ ။

သူ႕အမွားေပမို႔ ဘာမွျပန္မေျပာျပန္မလုပ္နိုင္ဘဲ လက္ေမာင္းကိုပြတ္ေနသည့္ မ်က္ႏွာငယ္ေလးကရႈံ႕မဲ့မဲ့ ..... ။

စိတ္တိုေနရင္းက အသည္းထဲယားက်ိက်ိျဖစ္လာၿပီး ဘယ္ကဘယ္လိုေရာက္လာမွန္းမသိသည့္ ဖက္နမ္းပစ္လိုက္ခ်င္တဲ့စိတ္ေတြက အိုးနင္းခြက္နင္းထြက္ေပၚလာရျပန္သည္ ။

ဒီေကာင္ တစ္ကိုယ္ႏွစ္စိတ္နဲ႕လူမ်ားလား ။ အေစာပိုင္းက သရဲစီးဘီလူးစီးျဖစ္ေနတာသူပါပဲ တကယ္ဘုရားစူး ..... ။

" အခုဘယ္လိုလုပ္မွာလဲ ထြက္လို႔မရေတာ့ဘူး ေမာင္မင္းႀကီးသားရဲ႕ "

" ငါလည္းမသိဘူး !"

" အရမ္းေတြကို ေရွ႕မၾကည့္ေနာက္မၾကည့္နဲ႕ ဇြတ္လုပ္ေနတုန္းက ဒီပုံစံမဟုတ္ဘူးေနာ္ ခြၽဲဆူဘင္းရွီ "

" ......"

" မတတ္နိုင္ဘူး ဒါကအေဆာင္ေဟာင္းမို႔လို႔ ညေစာင့္လည္းလာမွာမဟုတ္ဘူး တစ္ေယာက္ေယာက္ကိုဖုန္းဆက္အကူအညီေတာင္းရမွာပဲ မင္းဆက္လိုက္ "

" ငါဖုန္းမပါလာဘူး "

သူ႕စကားေၾကာင့္ စိတ္ကုန္သြားသည့္ အၾကည့္မ်ိဳးျဖင့္ ေမာ့ၾကည့္လိုက္မိေတာ့ ေခါင္းဆတ္ျပလာသည္ ။

" တစ္ကယ္လို႔ ငါလည္းမပါလာဘူးဆိုဘယ္လိုလုပ္မလဲ "

" မတတ္နိုင္ဘူး တံခါးကိုရေအာင္ဖ်က္ရင္ဖ်က္ မဟုတ္ရင္တစ္ေယာက္ေယာက္မေတာ္တဆေလာက္လာတာကို ေစာင့္ေနရမွာပဲ "

" ေကာင္းလိုက္တာ အရမ္းကိုေကာင္းတယ္ "

သူအ႐ြဲ႕တိုက္ေနသည့္ေလသံျဖင့္ ေျပာလိုက္ၿပီး အိတ္ထဲမွဖုန္းကိုထုတ္ကာ ဘယ္သူ႕ဆက္ရမွန္းေတြးမရသည္ႏွင့္ ဂန္ဝူးကိုသာ မ်က္ႏွာပူစြာအကူအညီလွမ္းေတာင္းလိုက္ရေတာ့သည္ ။

" ဂန္ဝူးလာေနၿပီ သူ႕အိမ္ကနည္းနည္းလွမ္းလို႔ ေစာင့္ေတာ့ေစာင့္ရလိမ့္မယ္ "

" မင္းကသူနဲ႕အရမ္းရင္းႏွီးေနတာလား "

" အင္းေလ ေသခ်ာတာေပါ့ ဘာျဖစ္လို႔လဲ "

" မဟုတ္ဘူး ဘာမွ ....."

ႏွစ္ေယာက္ၾကားေလထုက႐ုတ္ခ်ည္းတိတ္ဆိတ္သြားသည္ ။

အျပင္တြင္လည္း ေမွာင္ရီပ်ိဳးေနၿပီမို႔ မီးမရွိသည့္အခန္းငယ္က လ်င္ျမန္စြာ အေမွာင္လႊမ္းၿခဳံလာေတာ့သည္ ။

ဂန္ဝူးျမန္ျမန္ေရာက္လာဖို႔သာ ဆုေတာင္းလိုက္ရင္း နီးစပ္ရာခုံတစ္ခုဆြဲၿပီးထိုင္လိုက္သည္ ။

ဆူဘင္းကေတာ့ သူနဲ႕မ်က္ႏွာခ်င္းဆိုင္က နံရံတြင္မွီကာ ခပ္ေလွ်ာေလွ်ာ ထိုင္ခ်လိဳက္သည္ ။

ေလာကတစ္ခြင္လုံးေမွာင္သြားၿပီးေနာက္တြင္ ခပ္မွိန္မွိန္လေရာင္ေလးက အခန္းတြင္းသို႔ျဖာက်လာခဲ့သည္ ။

၎လေရာင္က ခ်မ္းစိမ့္စိမ့္ျဖစ္မႈကိုပါ တစ္ပါတည္းတြဲလ်က္သယ္ေဆာင္လာျပန္သည္ ။

" ငါ့နားလာထိုင္ေလ ခ်မ္းေနတယ္ဟုတ္လား "

မျဖစ္ဘူး ။ အၿမဲတမ္း တစ္ခန္းထဲအတူေနေနက်ေပမယ့္ အေျခအေနပတ္ဝန္းက်င္ေတြကမတူသည္မို႔ အနားသြားလွ်င္ သူေသခ်ာေပါက္ရင္ခုန္ေနလိမ့္မည္ ။ အခုေတာင္.....။

" ရတယ္ "

"ရတယ္မလုပ္နဲ႕ လာဆိုလာလိုက္ ငါ့အႏြေးအကၤ်ီကိုအတူၿခဳံထားမယ္ "

သူက ေက်ာင္းဝတ္စုံသာဝတ္ထားၿပီး ဆူဘင္းက အေပၚက long coat ထပ္ဝတ္ထားသည္ေလ ..... ။

အမွန္တကယ္လည္း ခ်မ္းေနသည္မို႔ ထပ္ၿပီးေစာဒကတက္မေနဘဲ ေဘးနားသာသြားကပ္ထိုင္လိုက္ေတာ့သည္ ။

မဟုတ္ရင္ အခ်မ္းလြန္တာရဲ႕ ေနာက္ဆက္တြဲ အေပါ့သြားခ်င္ၿပီးေအာင့္မနိုင္အင္းမရျဖစ္ လာမွ ေသာက္ရွက္ကြဲမွာမဟုတ္ဘူးလား ။

သူ႕ကိုယ္ေပၚသို႔ လႊမ္းၿခဳံလာသည့္ဆူဘင္း၏ coat ေၾကာင့္ ႏြေးေထြးမႈေလးတစ္ခုခံစားရရွိလိုက္သည္ ။

ေရေမႊးနံ႕နဲ႕ ေရာယွက္ေနသည့္ ကိုယ္သင္းနံ႕ေလးေၾကာင့္ မသိစိတ္က အလိုလိုၿပဳံးမိလာသည္ ။

" ဘာေတြၿပဳံးေနတာလဲ "

" ဟမ္ "

ဒါကသူခိုးလူမိျခင္းလား ။

" ဘာရယ္မဟုတ္ပါဘူး ဒီအခ်ိန္ဒီေနရာႀကီးမွာ ႐ုတ္တရက္သရဲေျခာက္ရင္ ဘယ္လိုလုပ္မလဲစဥ္းစားလိုက္မိလို႔ "

ပါးစပ္ကထြက္ရာ ပလီပလာစကားေတြ ေျပာခ်ပစ္လိုက္ေတာ့ဆူဘင္းက အလိုမက်စြာ ႏွာေခါင္းရႈံ႕သည္ ။

" အမ်ားႀကီးနာေနလား "

႐ုတ္တရက္ဆန္စြာ ႏႈတ္ခမ္းေပၚသို႔ေရာက္လာသည့္ လက္ဖ်ားတစ္ခုေၾကာင့္ က်င္စက္နဲ႕အတို႔ခံလိုက္ရသလိုျဖစ္ကာ ရင္ထဲဒိန္းခနဲေဆာင့္တက္သြားရသည္ ။

ဒီေကာင္ကေတာ့ ငါဆဲမိေတာ့မယ္ ။

အႏၱရာယ္ လက္ႀကီးကိုခပ္ျမန္ျမန္ဖယ္ထုတ္ပစ္လိုက္ရင္း

" မနာပါဘူး အေဖက အားမထည့္ထားဘူး "

" ေတာင္းပန္ပါတယ္ ငါ့ေၾကာင့္ "

"......"

ေျပာစရာစကားမ်ားမရွိေတာ့သည့္ေနာက္ တိတ္ဆိတ္မႈကျပန္ကာႀကီးစိုးလာျပန္သည္ ။

ၾကာလိုက္တာ ဂန္ဝူးကလည္း..... ဆူဘင္းကိုၾကည့္မရလို႔မ်ား မလာရင္ဒုကၡ ။ တစ္ေယာက္တည္းရွိေနတာလို႔ ေျပာလိုက္ရမွာ ။

ဘာလဲ အိပ္ေပ်ာ္သြားတာလား ။

လွည့္ၾကည့္လိုက္မိေတာ့ မ်က္လုံးအစုံမွိတ္ကာ ၿငိမ္သက္ေနေသာဆူဘင္းေၾကာင့္ သူေၾကာင္သြားရသည္ ။ ဒီအေျခအေနမွာအိပ္ေပ်ာ္နိုင္ေသးတာလား ။

" ဆူဘင္း.... ခြၽဲဆူဘင္း "

တုံ႕ျပန္မႈမရွိ.... ။

" တကယ္အိပ္ေနတာလား "

အိပ္ေနတာပဲ ။

" အ႐ူးေကာင္ ..... ငါ့မွာေတာ့ရင္ေတြခုန္လိုက္ရတာ မင္းကေတာ့ ဘာမွမျဖစ္သလို ေအးေအးခ်မ္းခ်မ္းေလးကို အိပ္ေနပါေရာ့လား "

မတရားလိုက္တာ ..... ။

အပူအပင္မရွိအိပ္ေနသည့္ပုံေလးက ဘယ္အခ်ိန္ၾကည့္ၾကည့္အၿမဲေအးခ်မ္းမႈကိုေပးစြမ္းနိုင္သည္ ။

ခ်စ္လိုက္တာ ။ သူ႕ကိုယ္သူပင္ အံ့ဩရေလာက္တဲ့အထိ ထိုလူသားကို သူအတိုင္းအတာတစ္ခုအထိ ခ်စ္ျမတ္နိုးေနခဲ့မိၿပီးၿပီ ..... ။

ခြၽဲဆူဘင္းဆိုသည့္ ေထာင္ေခ်ာက္ထဲတြင္သူ႕ႏွလုံးသားသည္ လြတ္လမ္းမရွိ ထာဝရအတြက္ ပိတ္ေလွာင္ခံလိုက္ရသည္ ။

လြတ္ေျမာက္ဖို႔ ႀကိဳးစားေနမိလား ။ ႏြံမွန္းသိရက္ႏွင့္ ေရွ႕ဆက္တိုးေနမိတာလား ဦးႏွောက္ကေဝဖန္ပိုင္းျခားမႈမျပဳရေသးခင္မွာ သူ႕ႏႈတ္ခမ္းတို႔က အၾကင္လူသားရဲ႕ပါးျပင္ထက္ခစားေနမိခဲ့ၿပီ ။

အိစက္ေနသည့္ ပါးျပင္ထဲ ႏွာေခါင္းနစ္ဝင္သြားသည္အထိ သူေမႊးၾကဴပစ္လိုက္မိသည္ ။

ခ်စ္လိုက္တာဆူဘင္းရာ ။ ငါမင္းကိုသိပ္ခ်စ္တာပဲ ။

တစ္မိနစ္ရဲ႕ တစ္ဝက္ခန႔္မွ်ၾကာေအာင္ အနမ္းတစ္ခုခိုးယူအၿပီးမွာ သူႏွေျမာတသစြာ ဖယ္ခြာလိုက္ရေတာ့သည္ ။

မေကာင္းမႈဟူသည္ ဆိတ္ကြယ္ရာမရွိဆိုေသာစကားသည္ ျငင္းပယ္စရာမရွိ ခြၽင္းခ်က္မရွိမွန္သည္ ။

အဘယ္ေၾကာင့္ဆိုေသာ္ သူ႕မ်က္လုံးမ်ား သည္ အဓိပၸာယ္မေဖာ္နိုင္သည့္ခံစားခ်က္မ်ားေရာႁပြန္းေနေသာ မ်က္ဝန္းအစုံႏွင့္ မေတာ္တဆ ခလုတ္တိုက္မိသြားေသာေၾကာင့္ပင္ ။


__________________________________________________________

ညေနထဲကေဖ့စဘြတ္နဲ႕တြယ္တာမွာ ဖရဲသီးဂယက္ထေနလို႔ ေရးတာေနာက္က်သြားၿပီး တစ္နာရီေက်ာ္မွၿပီးတယ္ 😆

ေနာက္အပိုင္းအတြက္ အားေဆးေလးအျဖစ္ ဖလိဘတ္ေလးေတြ ပေးရင်သိပ်ပျောိမိမှာပဲ ေဝဖန္ေပးၾကပါ

Special Thanks To My All Readers

Continue Reading

You'll Also Like

632K 49.7K 200
အတိတ်၌ ပြန်လည်မွေးဖွားခြင်း
518K 6K 18
ယောက်ဖကို မြူစွယ်မည့် ဒွိလိင်ကောင်လေးအကြောင်း 21+ ပါ smut အသားပေး fiction တစ်ပုဒ်ဖြစ်လို့ အသက်မပြည့်ရင်မဖတ်စေလိုပါ။
300K 22.6K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...