အပိုင္း ၁၉
Zawgyi
" ေ႐ွာင္းလီ၊ က်င္းကုယြမ္( T/N ျပည့္တန္ဆာအိမ္နာမည္ )ကိုျမန္ျမန္လာခဲ့။ "
ဖုန္းတစ္ဖက္က ဖုန္းခ်န္ရဲ႕အသံကိုၾကားရတယ္။
" စြန္းမ်ိဳး႐ိုးနဲ႔လူတစ္ေယာက္က မင္းကိုေမးေနလို႔။ မင္းအေၾကာင္းကိုသိခ်င္တယ္တယ္ေျပာလို႔.. ခ်င္းရယ္က မင္းကိုဖုန္းဆက္ေခၚခိုင္းလိုက္တာ။ "
ေ႐ွာင္းလီ မ်က္ေမွာင္ၾကံဳ႕လိုက္ကာ သူ႔ကိုယ္ေပၚမွာ လွဲေနတဲ့ မိန္းမကို ေဘးတြန္းထုတ္ၿပီး ထထိုင္လိုက္တယ္။
" သူက ငါ့အေၾကာင္း သိစရာလိုလို႔လား။ "
" နယ္ေျမတစ္ခုစီက ေခါင္းေဆာင္ငါးေယာက္ ဒီကိုေရာက္ေနတယ္။ မင္းပဲမ႐ွိတာဆိုေတာ့ စြန္းဆိုတဲ့ေကာင္က သိပ္မေက်နပ္ဘူးျဖစ္ေနတယ္။ "
ဖုန္းခ်န္က အသံခပ္တိုးတိုးနဲ႔
" ျမန္ျမန္လာ...စကားေျပာရင္လည္း သတိထားဦး။ ငါၾကည့္ရတာ အဲ့စြန္းဆိုတဲ့ေကာင္က ခ်င္းရယ္ကိုလည္း မေလးမစားနဲ႔။ "
ေ႐ွာင္းလီထၿပီး ေရခ်ိဳးခန္းဆီ သြားလိုက္တယ္။
" မင္း ဘာေျပာခ်င္တာလဲ။ "
" သူေျပာတာနားေထာင္ရသေလာက္ သူက တျခားဟာေျပာခ်င္ေနတာ သိသာတယ္။ ငါတို႔ဒီမွာ စိုးမိုးေနတာကို မေက်နပ္ဘူးျဖစ္ေနတာ။ ေလာ္တုန္း ဒီကိုျပန္လာတာ ဘာကိစၥမ႐ွိဘူးလို႔ ထင္ေနတယ္။ ပိုဆိုးတာက ငါတို႔က သူ႔ကို ဒုကၡေပးမယ္ထင္ေနတာပဲ။ ငါထင္တာေတာ့ ေလာ္တုန္းက သူ႔ကို ေထာက္ပ့ံေပးမယ့္ အေကာင္ႀကီးႀကီးကို ႐ွာေတြ႔ထားတာျဖစ္မယ္။ အဲ့တာေၾကာင့္ ဒီေစာက္စြန္းဆိုတဲ့ေကာင္ေတာင္ ငါတို႔ကို မကူညီရဲတာေပါ့။ မဟုတ္ရင္ ဒီလိုေစာက္ေရးမပါတာေတြ လာေျပာမွာမဟုတ္ဘူး။ "
" အဲ့ဒါဆို ငါတို႔က ဘာလို႔ အခုထိ သူနဲ႔ အေရးမပါတာေတြ ထိုင္ေျပာေနတာလဲ။ "
" ငါထင္တာေျပာရတာေလ။ အေျခအေနက ေသခ်ာေတာ့ မသိေသးဘူး။ ငါတို႔သူ႔ကို ဆြဲထားႏိုင္မွျဖစ္မယ္။ ၿပီးေတာ့ ခ်င္းရယ္ရဲ႕ လုပ္ငန္းအႀကီးႀကီးတစ္ခုကို အဲ့ေကာင္က ကိုင္ထားေသးတယ္။ သူငါတို႔ကို မကူညီဘူးဆိုရင္ေတာင္ ေနာက္က် ငါတို႔ကိုဆန္႔က်င္ဖို႔ အျပစ္႐ွာေတြ႔လို႔မျဖစ္ဘူး။ "
" ငါခဏေန လာခဲ့မယ္။ "
ေ႐ွာင္းလီ ေရျမန္ျမန္ခ်ိဳးၿပီး ၿမိဳ႕ရဲ႕ေတာင္ဘက္ပိုင္းကို ကားေမာင္းကာ တန္းထြက္လာလိုက္တယ္။ က်င္းကုယြမ္မွာ ေျခခ်မယ္လုပ္တုန္း ဖုန္းခ်ဆီက ေနာက္ထပ္ ဖုန္းေခၚလာတယ္။
" အခုဘယ္မွာလဲ "
" ေအာက္ထပ္မွာ "
" ငါမင္းကို ေျပာစရာ႐ွိတယ္။ "
ဖုန္းခ်န္က ခပ္ျမန္ျမန္ ေျပာတယ္။
" ေစာေစာတုန္းက လ်ိဳ႕က်ိခ်န္က မင္းဘက္ကေန ေျပာေပးတယ္။ မင္း ဒဏ္ရာရထားလို႔ မေသာက္ႏိုင္ဘူးဆိုၿပီး။ အခု အရက္အစား လက္ဘက္ရည္နဲ႔လဲခိုင္းထားတယ္ အဲ့စြန္းမ်ိဳး႐ိုးဘယ္သူ႔ကိုမွ ျပႆနာမ႐ွာႏိုင္ေအာင္။ ဒါေပမယ့္ အဲ့စြန္းမ်ိဳး႐ိုးက ခ်င္းရယ္ကို မိုက္ၾကည့္ၾကည့္ၿပီး ရယ္ေနတယ္ကြာ။ ၿပီးေတာ့ ' ခင္ဗ်ားရဲ႕ လက္ေအာက္ငယ္သားက ခင္ဗ်ားရဲ႕ နာမည္ဂုဏ္သတင္းထက္ ပိုအေရးႀကီးတဲ့ သေဘာလား ' ဆိုၿပီးေျပာေသးတယ္။ "
"........ ခ်င္းရယ္ ဘာျပန္ေျပာလဲ။ "
" ခ်င္းရယ္က ဘာမွေတာ့ ျပန္မေျပာေပမယ့္ မ်က္ႏွာေတာ့ သိပ္မေကာင္းဘူးေပါ့ကြာ။ "
ေ႐ွာင္းလီတစ္ေယာက္ တိတ္သြားတယ္။
" ေ႐ွာင္းလီ....မင္းက အခု ေသာက္ေရာေသာက္ႏိုင္လုိ႔လား။ "
" ငါအခု ဓာတ္ေလွကားထဲဝင္ေတာ႔မွာမလို႔ ဖုန္းခ်ေတာ့မယ္။ မင္းအရင္သြားႏွင့္လိုက္။ "
ေ႐ွာင္းလီ ဖုန္းပိတ္ၿပီး ဓာတ္ေလွကားထဲ ဝင္လိုက္တယ္။ ဆယ့္ငါးလႊာကိုေရာက္ေတာ့ သူခ်က္ခ်င္းပဲ က်င္းကုယြမ္ရဲ႕ ဇိမ္အက်ဆံုး အေကာင္းစားသီးသန္႕ခန္းထဲကို တန္းသြားတယ္။
အသက္ကိုခပ္ျပင္းျပင္း႐ႈၿပီး တံခါးကိုတြန္းဖြင့္ကာ အထဲသို႔ဝင္လိုက္တယ္။
" အျကီးအကဲစြန္း....ခ်င္းရယ္...။ ေနာက္က်မွေရာက္လို႔ ေတာင္းပန္ပါတယ္။ ျပစ္ဒဏ္အေနနဲ႔ အရင္ဆံုး သံုးခြက္ေသာက္ပါရေစ။ "
သူတို႔စားေသာက္ၾကၿပီးေနာက္ ေျဖ႐ွင္းစရာ ကိစၥတစ္ခုက်န္ေနေသးတယ္။
က်င္းကုယြမ္ျပည့္တန္ဆာအိမ္ေခါင္းက မာလီလ်န္လို႔ေခၚတဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ၿပီး သူမထိန္းခ်ဳပ္ကိုင္တြယ္ပံုက ဟန္က်ားနဲ႔ လံုးဝမတူေပ။ သူမျပံဳးေနရင္ ႐ိုးသားေလးစားမႈကို ခံစားရေစျပီး ျပံဳးမေနရင္ေတာ႔ ဆြဲေဆာင္မႈတို႔ လ်ွံဖိတ္ေနတယ္။
သူမက ႐ွိသမ်ွလူေတြကို ခမ္းနားထည္ဝါတင့္တယ္လြန္းလွတဲ့ ေရခ်ိဳးေဆာင္ဆီကို က်က္သေရ႐ွိ႐ွိ ဦးေဆာင္ေခၚသြားတယ္။ ေရပူစမ္းကန္ရဲ႕အလယ္မွာ အဝတ္အစားမဲ့အမ်ိဳးသမီးပံု ေရပန္းႀကီးတစ္ခု႐ွိေလတယ္။ ဝတ္လစ္စလစ္နဲ႔ အမ်ိဳးသားအမ်ိဳးသမီးတို႔က ႏွိပ္ေပးျခင္း ဝန္ေဆာင္မႈကိုျပဳတယ္။ တကယ့္ကို ' ကာမရာဂ ' ဆိုတဲ့စကားရဲ႕ အေကာင္းဆံုး ဥပမာျဖစ္တယ္။
အဲ့ဒီအခ်ိန္မွာ ေရပူစမ္းကန္ထဲ စိမ္ေနတဲ့ ဝူခ်င္းဟြာကလြဲရင္ က်န္တဲ့သူေတြက သူတို႔ကိုႏိွပ္ေပးတဲ့သူေတြကို ပံုစံအမ်ိဳးမ်ိဳးနဲ႔ အသားယူၾကတယ္။ မၾကာခင္ပဲ တစ္ေယာက္ၿပီးတစ္ေယာက္ ျပည့္တန္ဆာအိမ္ထဲ မိန္းမ႐ွာထြက္သြားၾကတယ္။
ေ႐ွာင္းလီ အံႀကိတ္ၿပီးလမ္းေလ်ွာက္လာတယ္။ မာလီလ်န္က သူ႔ကိုႏႈတ္ဆက္ခ်င္လို႔ ေလ်ွာက္လာေပမယ့္ သူ႔ရဲ႕ အေျခအေနမေကာင္းတာကို ေတြ႔လိုက္ရလို႔ အေၾကာက္တရားက အေရျပားေအာက္က ထြက္လာၿပီး ေနာကျ္ပန္ဆုတ္လိုက္ရတယ္။
သူ႔ရဲ႕ အစာအိမ္ထဲကေန မခ်ိမဆ့ံနာက်င္မႈကို ခံစားေနရၿပီး ဗိုက္ထဲကအစာေတြ ပ်ိဳ႕မတက္လာေသးခင္ ေရခ်ိဳးေဆာင္က ေျပးထြက္ကာ အိမ္သာေဘးနား ဒူးေထာက္ထိုင္ရင္း အန္ခ်လိုက္တယ္။
ေနာက္ဆံုး အန္စရာ ဘာမွမ႐ွိေတာ့တာေတာင္ မအီမသာျဖစ္တာ နည္းနည္းမွ မေလ်ာ့သြားခဲ့။ ပိုၿပီးေတာင္ စူးစူး႐ွ႐ွ နာက်င္လာတယ္။
ေ႐ွာင္းလီ ေခ်ာင္းေျခာက္ေတြဆက္တိုက္ ဆိုးကာ တစ္ကိ္ုယ္လံုး မခံမရပ္ႏိုင္ေအာင္ နာက်င္လာတယ္။ ထို႔ေနာက္ သူ႔ေက်ာကို ႏိွပ္ေပးေနတဲ့ အားျပင္းတဲ့ အေပၚေအာက္ေရြ႕ေနတဲ့ လက္တစ္စံုကို ခံစားလိုက္ရတယ္။
" မင္းအတြက္ ခက္ခဲေနမွာပဲ။ "
ေရွာင္းလီနားထဲ ေႏြးေထြးတဲ့ အသံကိုၾကားလိုက္ရတယ္။
ေ႐ွာင္းလီ ေခါင္းခါျပတယ္။ သူ ခ်င္းရယ္ကို ဂ႐ုစိုက္ေပးလို႔ေက်းဇူးတင္ပါတယ္၊ ကြၽန္ေတာ္အဆင္ေျပပါတယ္လို႔ ေျပာလိုက္ခ်င္ေပမယ့္ ဘာအသံမွ မထြက္ႏိုင္ျဖစ္ေနတယ္။ ဗိုက္က ထိုးေအာင့္လာလို႔ ေ႐ွကိုကုန္းၿပီး အန္ေနရတယ္။
လီ႐ွီခ်င္းက သူ႔ပံုစံကိုၾကည့္ကာ သက္ျပင္းခ်ၿပီး ထြက္သြားတယ္။ ထို႔ေနာက္ ေရတစ္ခြက္ယူလာကာ ေ႐ွာင္းလီထံ ကမ္းေပးလိုက္တယ္။
ေ႐ွာင္းလီ ပါးစပ္ကိုေဆးေၾကာေနတာေစာင့္ၾကည့္ေနၿပီးမွ ခပ္ဖြဖြေျပာတယ္။
" မင္းဒီတစ္ခါေတာ့ ကံေကာင္းသြားတယ္။ စြန္းက်ဲယြီေတာင္ ငါတို႔ကိုဖဲ့ဖို႔ ဘာေအာက္ဖဲမွ မလွန္ႏိုင္ေသးဘူး။ "
ေ႐ွာင္းလီ ျပံဳးျပဖို႔ အတတ္ႏိုင္ဆံုး အားတင္းလိုက္တယ္။ သူ႔ဗိုက္ေအာင့္တာ အနည္းငယ္ ေျပေလ်ာ့သြားၿပီဆိုေသာ္ျငား ေခါင္းက ထိုးကိုက္လာျပန္တယ္။ ခဏေနေတာ့ သူ႔နားထဲ အသံေတြျမည္ဟည္းလာတယ္။ ဘယ္လိုမွ မခံႏိုင္ေတာ့လို႔ ေခါင္းကို ဆုပ္ကိုင္ၿပီး ၾကမ္းျပင္ေပၚ ထိုင္ခ်လိုက္ရတယ္။
ထိုစဥ္ လီ႐ွီခ်င္းေျပာတာကို သူၾကားလိုက္တယ္။
" ငါ့ေနရာကိုသြားၿပီး နားရေအာင္။ ငါ့မိသားစု ဆရာဝန္ကို ျမန္ျမန္ ဖုန္းဆက္ေခၚလိုက္မယ္။ "
ေ႐ွာင္းလီ သူ႔ေခါင္းကို ကိုင္ထားတဲ့ လက္ကို ေအာက္ခ်ကာ မ်က္လံုးဖြင့္ၿပီး လီ႐ွီခ်င္းကို ၾကည့္လိုက္တယ္။ ေရခ်ိဳးဝတ္စံု အေ႐ွ႕ဘက္ကို ေဟာင္းေလာင္း ဖြင့္ၿပီး ဝတ္ထားတဲ့ လီ႐ွီခ်င္းကို သူေတြ႔လိုက္ရတယ္။ ထိုလူ ဒီကိုမလာခင္ မိန္းမတစ္ေယာက္နဲ႔ ပလူးပလဲလုပ္ေနတုန္းတန္းလန္း ဆိုတာ သိသာတယ္။
သူမ်က္လံုးမိွတ္ကာ ေခါင္းခါျပလိုက္တယ္။
" ကြ်န္ေတာ့္ကို ေစာင့္ေနတဲ့သူ႐ွိတယ္။ "
သူေျပာတဲ့ ေစာင့္ေနတဲ့သူဆိုတာက ဒီကိုမလာခင္ သူနဲ႔ကုတင္ေပၚမွာ႐ွိေနတဲ့ မိန္းမကို ေျပာတာျဖစ္တယ္။
" အေရးမႀကီးပါဘူး။ "
လီ႐ွီခ်င္းက သူ႔နားကို ငံု႕ကိုင္းကာ တိုးတိုးေလးကပ္ေျပာတယ္။
" မင္း ဘယ္သူ႔ကိုလိုခ်င္လဲ။ မင္းအတြက္ ငါ့ေနရာဆီ သူတို႔ကိုေခၚလာခိုင္းလိုက္မယ္။ "
ေ႐ွာင္းလီ မ်က္ေမွာင္ၾကံဳ႕ကာ လီ႐ွီခ်င္းကို တြန္းထုတ္လိုက္ၿပီး အိမ္သာဆီ အေျပးသြားရင္း ထပ္အန္တယ္။
မူးဝေအာ့အန္ေနတာေတြ ခံရခက္စြာ အေတာ္ခံစားလိုက္ရၿပီးမွ သက္သာသြားတယ္။ သူယိုင္တိုင္တိုင္နဲ႔ မတ္တပ္ရပ္ကာ မ်က္ႏွာသစ္ဖို႔ ေဘစင္႐ွိရာဆီ သြားၿပီး မ်က္ႏွာသစ္ျပီးေနာက္ သဘက္႐ွာတယ္။
လီ႐ွီခ်င္းက လက္ထဲမွာႀကိဳကိုင္ၿပီး ျပင္ဆင္ထားေပးတယ္။ ထို႔ေနာက္ ေ႐ွာင္းလီနားတိုးသြားကာ မ်က္ႏွာကို ယုယုယယ သုတ္ေပးတယ္။
ေ႐ွာင္းလီကေတာ့ ဘာမွမေျပာ။ မ်က္ႏွာသုတ္ၿပီးတဲ့အထိေစာင့္ၿပီး ကိုယ္ကိုကိုင္းကာ ႏႈတ္ဆက္တဲ့အထိ ႏႈတ္ဆိတ္ေနတယ္။
" ခ်င္းရယ္၊ ကြၽန္ေတာ္ ျပန္ၿပီေနာ္။ "
လီ႐ွီခ်င္း ျပန္ေျပာတာကို ေစာင့္မေနပဲ တံခါးဝဆီကို ေလ်ွာက္သြားလိုက္တယ္။ ဒီတံခါးဝေလးဆီ သြားရတဲ့ အကြာအေဝးေသးေသးေလးေတာင္ သူ႔အတြက္ ႐ွိသမ်ွ အားအင္ကုန္လုနီးပါးျဖစ္ေနေလၿပီ။ ဒါေပမယ့္ သူရပ္လိုက္လို႔မျဖစ္ဘူး။ ရပ္လို႔မျဖစ္ဘူး။
သူဓာတ္ေလွကား႐ွိရာအထိ ဒရြတ္တိုက္ေလ်ာက္လာလိုက္တယ္။
သူ႔ရဲ႕ျဖစ္ပ်က္ေနတဲ့ပံုစံကို ေတြ႔လိုက္ရတဲ့ ဓာတ္ေလွကားနားက စားပြဲထိုးေလးက ေၾကာက္လန္႔သြားတယ္။
ဒီေအးစက္စက္နဲ႔ေၾကာက္စရာေကာင္းတဲ့လူကို မေတြ႔ဖူးေသာ္လည္း အျခားခ႐ိုင္( နယ္ေျမ )ကလူဆိုတာေတာ့ သိသာတယ္။ စားပြဲထိုးေလးက ေ႐ွ႕ကိုတိုးလာကာ လက္ေမာင္းကို ကိုင္လို႔ကူတြဲေပးတယ္။
" ဆရာ၊ ေနလို႔မေကာင္းလို႔လား ခင္ဗ်ာ။ ဖ်ားေနတာလား။ က်င္းကုယြမ္မွာ နားဖို႔ အခန္း႐ွာေပးရမလားဗ်။ "
ေ႐ွာင္းလီ သူ႔ေဘးကေန ခပ္ခြာခြာေလ်ွာက္လိုက္ကာ ဓာတ္ေလွကား ခလုတ္ကိုႏွိပ္လိုက္တယ္။
" ဆရာ...ဓာတ္ေလွကားစီးမလို႔လား ခင္ဗ်။ ဘယ္အထပ္ကိုသြားမွာလဲဗ်။ ခဏေလာက္ေစာင့္ေပးပါ။ ခဏေနရင္ ဓာတ္ေလွကားတက္လာမွာပါ........"
" တိတ္တိတ္ေနစမ္း။ "
ေ႐ွာင္းလီ အသံတိုးတိုးနဲ႔ပင္ ေဆာင့္ေျပာလိုက္တယ္။
စားပြဲထိုးေလးက ခ်က္ခ်င္းလန္႔သြားကာ ပါးစပ္ပိတ္လိုက္ ၿပီး ေရွာင္းလီလက္ကိုသာ ခဏေလာက္ ကူတြဲေပးထားတယ္။ ထို႔ေနာက္ဓာတ္ေလွကားကို တိတ္ဆိတ္စြာ ေစာင့္ေနၾကတယ္။
ဓာတ္ေလွကားေရာက္လာေတာ့ စားပြဲထိုးေလးက သူ႔ကို ဂ႐ုတစိုက္နဲ႔ အထဲကိုပို႔ေပးတယ္။
ေ႐ွာင္းလီ ဓာတ္ေလွကား နံရံကိုမီွလိုက္ကာ လူသြားစၾကႍဆီ ျမန္ျမန္လွမ္းၾကည့္လိုက္တယ္။
လီ႐ွီခ်င္းက ေရခ်ိဳးခန္း တံခါးဝမွာရပ္ေနကာ သူ႔ကို အစအဆံုးၾကည့္ေနတယ္။
ဓာတ္ေလွကား ပထမထပ္ကိုေရာက္တဲ့အခ်ိန္ စားပြဲထိုးေလးက သူ႔ကို အျပင္ေရာက္ေအာင္ ကူတြဲေပးတယ္။ ထိုလူက သူ႔ကိုယ္ေပၚ ပိုပိုအားျပဳမီွလာၿပီး မ်က္ႏွာေပၚက ေသြးဆုတ္လာတာ ပိုပိုဆိုးလာေလတယ္။
" ဆရာ...ဆရာ... အဆင္ေျပရဲ႕လားဗ်။ "
ေ႐ွာင္းလီကေတာ့ အေရးမလုပ္ပဲ ေမာပန္းႏြမ္နယ္ေနတဲ့ အမူအရာနဲ႔ ဖုန္းကိုထုတ္ကာ နံပါတ္တစ္ခုကိုေခၚလိုက္တယ္။
" ခ်ီ႐ႈိ႕ယြမ္.......ငါ့ကို လာေခၚပါလား.... အခုငါက...... "
--------------------------------
Translator's Note :
လီ႐ွီခ်င္းဆိုတာ ခ်င္းရယ္ပါပဲေနာ္။ လီ႐ွီခ်င္းကိုပဲ သခင္ႀကီးခ်င္း ( ခ်င္းရယ္ ) လို႔ေခၚတာပါ။
စာလံုးေပါင္းမွားတာေတြ၊ စာက်န္ခဲ့တာေလးေတြက ဇာတ္သိမ္းၿပီးမွပဲ ျပင္ေတာ့မယ္ေနာ္။ ဒီၾကားထဲ လိုက္ျပင္ေနရင္ ၾကာေနမွာစိုးလို႔။ ကိုယ့္ဟာကိုယ္ျဖည့္ၿပီး ဖတ္ေပးထားၾကပါေနာ္။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္႐ွင့္။ 💓💓💓
------------------------------------------------------
အပိုင်း ၁၉
Unicode
" ရှောင်းလီ၊ ကျင်းကုယွမ်( T/N ပြည့်တန်ဆာအိမ်နာမည် )ကိုမြန်မြန်လာခဲ့။ "
ဖုန်းတစ်ဖက်က ဖုန်းချန်ရဲ့အသံကိုကြားရတယ်။
" စွန်းမျိုးရိုးနဲ့လူတစ်ယောက်က မင်းကိုမေးနေလို့။ မင်းအကြောင်းကိုသိချင်တယ်တယ်ပြောလို့.. ချင်းရယ်က မင်းကိုဖုန်းဆက်ခေါ်ခိုင်းလိုက်တာ။ "
ရှောင်းလီ မျက်မှောင်ကြုံ့လိုက်ကာ သူ့ကိုယ်ပေါ်မှာ လှဲနေတဲ့ မိန်းမကို ဘေးတွန်းထုတ်ပြီး ထထိုင်လိုက်တယ်။
" သူက ငါ့အကြောင်း သိစရာလိုလို့လား။ "
" နယ်မြေတစ်ခုစီက ခေါင်းဆောင်ငါးယောက် ဒီကိုရောက်နေတယ်။ မင်းပဲမရှိတာဆိုတော့ စွန်းဆိုတဲ့ကောင်က သိပ်မကျေနပ်ဘူးဖြစ်နေတယ်။ "
ဖုန်းချန်က အသံခပ်တိုးတိုးနဲ့
" မြန်မြန်လာ...စကားပြောရင်လည်း သတိထားဦး။ ငါကြည့်ရတာ အဲ့စွန်းဆိုတဲ့ကောင်က ချင်းရယ်ကိုလည်း မလေးမစားနဲ့။ "
ရှောင်းလီထပြီး ရေချိုးခန်းဆီ သွားလိုက်တယ်။
" မင်း ဘာပြောချင်တာလဲ။ "
" သူပြောတာနားထောင်ရသလောက် သူက တခြားဟာပြောချင်နေတာ သိသာတယ်။ ငါတို့ဒီမှာ စိုးမိုးနေတာကို မကျေနပ်ဘူးဖြစ်နေတာ။ လော်တုန်း ဒီကိုပြန်လာတာ ဘာကိစ္စမရှိဘူးလို့ ထင်နေတယ်။ ပိုဆိုးတာက ငါတို့က သူ့ကို ဒုက္ခပေးမယ်ထင်နေတာပဲ။ ငါထင်တာတော့ လော်တုန်းက သူ့ကို ထောက်ပံ့ပေးမယ့် အကောင်ကြီးကြီးကို ရှာတွေ့ထားတာဖြစ်မယ်။ အဲ့တာကြောင့် ဒီစောက်စွန်းဆိုတဲ့ကောင်တောင် ငါတို့ကို မကူညီရဲတာပေါ့။ မဟုတ်ရင် ဒီလိုစောက်ရေးမပါတာတွေ လာပြောမှာမဟုတ်ဘူး။ "
" အဲ့ဒါဆို ငါတို့က ဘာလို့ အခုထိ သူနဲ့ အရေးမပါတာတွေ ထိုင်ပြောနေတာလဲ။ "
" ငါထင်တာပြောရတာလေ။ အခြေအနေက သေချာတော့ မသိသေးဘူး။ ငါတို့သူ့ကို ဆွဲထားနိုင်မှဖြစ်မယ်။ ပြီးတော့ ချင်းရယ်ရဲ့ လုပ်ငန်းအကြီးကြီးတစ်ခုကို အဲ့ကောင်က ကိုင်ထားသေးတယ်။ သူငါတို့ကို မကူညီဘူးဆိုရင်တောင် နောက်ကျ ငါတို့ကိုဆန့်ကျင်ဖို့ အပြစ်ရှာတွေ့လို့မဖြစ်ဘူး။ "
" ငါခဏနေ လာခဲ့မယ်။ "
ရှောင်းလီ ရေမြန်မြန်ချိုးပြီး မြို့ရဲ့တောင်ဘက်ပိုင်းကို ကားမောင်းကာ တန်းထွက်လာလိုက်တယ်။ ကျင်းကုယွမ်မှာ ခြေချမယ်လုပ်တုန်း ဖုန်းချဆီက နောက်ထပ် ဖုန်းခေါ်လာတယ်။
" အခုဘယ်မှာလဲ "
" အောက်ထပ်မှာ "
" ငါမင်းကို ပြောစရာရှိတယ်။ "
ဖုန်းချန်က ခပ်မြန်မြန် ပြောတယ်။
" စောစောတုန်းက လျို့ကျိချန်က မင်းဘက်ကနေ ပြောပေးတယ်။ မင်း ဒဏ်ရာရထားလို့ မသောက်နိုင်ဘူးဆိုပြီး။ အခု အရက်အစား လက်ဘက်ရည်နဲ့လဲခိုင်းထားတယ် အဲ့စွန်းမျိုးရိုးဘယ်သူ့ကိုမှ ပြဿနာမရှာနိုင်အောင်။ ဒါပေမယ့် အဲ့စွန်းမျိုးရိုးက ချင်းရယ်ကို မိုက်ကြည့်ကြည့်ပြီး ရယ်နေတယ်ကွာ။ ပြီးတော့ ' ခင်ဗျားရဲ့ လက်အောက်ငယ်သားက ခင်ဗျားရဲ့ နာမည်ဂုဏ်သတင်းထက် ပိုအရေးကြီးတယ် သဘောလား ' ဆိုပြီးပြောသေးတယ်။ "
"........ ချင်းရယ် ဘာပြန်ပြောလဲ။ "
" ချင်းရယ်က ဘာမှတော့ ပြန်မပြောပေမယ့် မျက်နှာတော့ သိပ်မကောင်းဘူးပေါ့ကွာ။ "
ရှောင်းလီတစ်ယောက် တိတ်သွားတယ်။
" ရှောင်းလီ....မင်းက အခု သောက်ရောသောက်နိုင်လို့လား။ "
" ငါအခု ဓာတ်လှေကားထဲဝင်တော့မှာမလို့ ဖုန်းချတော့မယ်။ မင်းအရင်သွားနှင့်လိုက်။ "
ရှောင်းလီ ဖုန်းပိတ်ပြီး ဓာတ်လှေကားထဲ ဝင်လိုက်တယ်။ ဆယ့်ငါးလွှာကိုရောက်တော့ သူချက်ချင်းပဲ ကျင်းကုယွမ်ရဲ့ ဇိမ်အကျဆုံး အကောင်းစားသီးသန့်ခန်းထဲကို တန်းသွားတယ်။
အသက်ကိုခပ်ပြင်းပြင်းရှုပြီး တံခါးကိုတွန်းဖွင့်ကာ အထဲသို့ဝင်လိုက်တယ်။
" အကြီးအကဲစွန်း....ချင်းရယ်...။ နောက်ကျမှရောက်လို့ တောင်းပန်ပါတယ်။ ပြစ်ဒဏ်အနေနဲ့ အရင်ဆုံး သုံးခွက်သောက်ပါရစေ။ "
သူတို့စားသောက်ကြပြီးနောက် ဖြေရှင်းစရာ ကိစ္စတစ်ခုကျန်နေသေးတယ်။
ကျင်းကုယွမ်ပြည့်တန်ဆာအိမ်ခေါင်းက မာလီလျန်လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမထိန်းချုပ်ကိုင်တွယ်ပုံက ဟန်ကျားနဲ့ လုံးဝမတူပေ။ သူမပြုံးနေရင် ရိုးသားလေးစားမှုကို ခံစားရပြီး ပြုံးမနေရင်တော့ ဆွဲဆောင်မှုတို့ လျှံဖိတ်နေတယ်။
သူမက ရှိသမျှလူတွေကို ခမ်းနားထည်ဝါတင့်တယ်လွန်းလှတဲ့ ရေချိုးဆောင်ဆီကို ကျက်သရေနဲ့ ဦးဆောင်ခေါ်သွားတယ်။ ရေပူစမ်းကန်ရဲ့အလယ်မှာ အဝတ်အစားမဲ့အမျိုးသမီးပုံ ရေပန်းကြီးတစ်ခုရှိလေတယ်။ ဝတ်လစ်စလစ်နဲ့ အမျိုးသားအမျိုးသမီးတို့က နှိပ်ပေးခြင်း ဝန်ဆောင်မှုကိုပြုတယ်။ တကယ့်ကို ' ကာမရာဂ ' ဆိုတဲ့စကားရဲ့ အကောင်းဆုံး ဥပမာဖြစ်တယ်။
အဲ့ဒီအချိန်မှာ ရေပူစမ်းကန်ထဲ စိမ်နေတဲ့ ဝူချင်းဟွာကလွဲရင် ကျန်တဲ့သူတွေက သူတို့ကိုနှိပ်ပေးတဲ့သူတွေကို ပုံစံအမျိုးမျိုးနဲ့ အသားယူကြတယ်။ မကြာခင်ပဲ တစ်ယောက်ပြီးတစ်ယောက် ပြည့်တန်ဆာအိမ်ထဲ မိန်းမရှာထွက်သွားကြတယ်။
ရှောင်းလီ အံကြိတ်ပြီးလမ်းလျှောက်လာတယ်။ မာလီလျန်က သူ့ကိုနှုတ်ဆက်ချင်လို့ လျှောက်လာပေမယ့် သူ့ရဲ့ အခြေအနေမကောင်းတာကို တွေ့လိုက်ရလို့ အကြောက်တရားက အရေပြားအောက်က ထွက်လာပြီး နောကြ်ပန်ဆုတ်လိုက်ရတယ်။
သူ့ရဲ့ အစာအိမ်ထဲကနေ မချိမဆံ့နာကျင်မှုကို ခံစားနေရပြီး ဗိုက်ထဲကအစာတွေ ပျို့မတက်လာသေးခင် ရေချိုးဆောင်က ပြေးထွက်ကာ အိမ်သာဘေးနား ဒူးထောက်ထိုင်ရင်း အန်ချလိုက်တယ်။
နောက်ဆုံး အန်စရာ ဘာမှမရှိတော့တာတောင် မအီမသာဖြစ်တာ နည်းနည်းမှ မလျော့သွားခဲ့။ ပိုပြီးတောင် စူးစူးရှရှ နာကျင်လာတယ်။
ရှောင်းလီ ချောင်းခြောက်တွေဆက်တိုက် ဆိုးကာ တစ်က်ိုယ်လုံး မခံမရပ်နိုင်အောင် နာကျင်လာတယ်။ ထို့နောက် သူ့ကျောကို နှိပ်ပေးနေတဲ့ အားပြင်းတဲ့ အပေါ်အောက်ရွေ့နေတဲ့ လက်တစ်စုံကို ခံစားလိုက်ရတယ်။
" မင်းအတွက် ခက်ခဲနေမှာပဲ။ "
ရှောင်းလီနားထဲ နွေးထွေးတဲ့ အသံကိုကြားလိုက်ရတယ်။
ရှောင်းလီ ခေါင်းခါပြတယ်။ သူ ချင်းရယ်ကို ဂရုစိုက်ပေးလို့ကျေးဇူးတင်ပါတယ်၊ ကျွန်တော်အဆင်ပြေပါတယ်လို့ ပြောလိုက်ချင်ပေမယ့် ဘာအသံမှ မထွက်နိုင်ဖြစ်နေတယ်။ ဗိုက်က ထိုးအောင့်လာလို့ ရှေကိုကုန်းပြီး အန်နေရတယ်။
လီရှီချင်းက သူ့ပုံစံကိုကြည့်ကာ သက်ပြင်းချပြီး ထွက်သွားတယ်။ ထို့နောက် ရေတစ်ခွက်ယူလာကာ ရှောင်းလီထံ ကမ်းပေးလိုက်တယ်။
ရှောင်းလီ ပါးစပ်ကိုဆေးကြောနေတာစောင့်ကြည့်နေပြီးမှ ခပ်ဖွဖွပြောတယ်။
" မင်းဒီတစ်ခါတော့ ကံကောင်းသွားတယ်။ စွန်းကျဲယွီတောင် ငါတို့ကိုဖဲ့ဖို့ ဘာအောက်ဖဲမှ မလှန်နိုင်သေးဘူး။ "
ရှောင်းလီ ပြုံးပြဖို့ အတတ်နိုင်ဆုံး အားတင်းလိုက်တယ်။ သူ့ဗိုက်အောင့်တာ အနည်းငယ် ပြေလျော့သွားပြီဆိုသော်ငြား ခေါင်းက ထိုးကိုက်လာပြန်တယ်။ ခဏနေတော့ သူ့နားထဲ အသံတွေမြည်ဟည်းလာတယ်။ ဘယ်လိုမှ မခံနိုင်တော့လို့ ခေါင်းကို ဆုပ်ကိုင်ပြီး ကြမ်းပြင်ပေါ် ထိုင်ချလိုက်ရတယ်။
ထိုစဉ် လီရှီချင်းပြောတာကို သူကြားလိုက်တယ်။
" ငါ့နေရာကိုသွားပြီး နားရအောင်။ ငါ့မိသားစု ဆရာဝန်ကို မြန်မြန် ဖုန်းဆက်ခေါ်လိုက်မယ်။ "
ရှောင်းလီ သူ့ခေါင်းကို ကိုင်ထားတဲ့ လက်ကို အောက်ချကာ မျက်လုံးဖွင့်ပြီး လီရှီချင်းကို ကြည့်လိုက်တယ်။ ရေချိုးဝတ်စုံ အရှေ့ဘက်ကို ဟောင်းလောင်း ဖွင့်ပြီး ဝတ်ထားတဲ့ လီရှီချင်းကို သူတွေ့လိုက်ရတယ်။ ထိုလူ ဒီကိုမလာခင် မိန်းမတစ်ယောက်နဲ့ ပလူးပလဲလုပ်နေတုန်းတန်းလန်း ဆိုတာ သိသာတယ်။
သူမျက်လုံးမှိတ်ကာ ခေါင်းခါပြလိုက်တယ်။
" ကျွန်တော့်ကို စောင့်နေတဲ့သူရှိတယ်။ "
သူပြောတဲ့ စောင့်နေတဲ့သူဆိုတာက ဒီကိုမလာခင် သူနဲ့ကုတင်ပေါ်မှာရှိနေတဲ့ မိန်းမကို ပြောတာဖြစ်တယ်။
" အရေးမကြီးပါဘူး။ "
လီရှီချင်းက သူ့နားကို ငုံ့ကိုင်းကာ တိုးတိုးလေးကပ်ပြောတယ်။
" မင်း ဘယ်သူ့ကိုလိုချင်လဲ။ မင်းအတွက် ငါ့နေရာဆီ သူတို့ကိုခေါ်လာခိုင်းလိုက်မယ်။ "
ရှောင်းလီ မျက်မှောင်ကြုံ့ကာ လီရှီချင်းကို တွန်းထုတ်လိုက်ပြီး အိမ်သာဆီ အပြေးသွားရင်း ထပ်အန်တယ်။
မူးဝအော့အန်နေတာတွေ ခံရခက်စွာ အတော်ခံစားလိုက်ရပြီးမှ သက်သာသွားတယ်။ သူယိုင်တိုင်တိုင်နဲ့ မတ်တပ်ရပ်ကာ မျက်နှာသစ်ဖို့ ဘေစင်ရှိရာဆီ သွားပြီး မျက်နှာသစ်ပြီးနောက် သဘက်ရှာတယ်။
လီရှီချင်းက လက်ထဲမှာကြိုကိုင်ပြီး ပြင်ဆင်ထားပေးတယ်။ ထို့နောက် ရှောင်းလီနားတိုးသွားကာ မျက်နှာကို ယုယုယယ သုတ်ပေးတယ်။
ရှောင်းလီကတော့ ဘာမှမပြော။ မျက်နှာသုတ်ပြီးတဲ့အထိစောင့်ပြီး ကိုယ်ကိုကိုင်းကာ နှုတ်ဆက်တဲ့အထိ နှုတ်ဆိတ်နေတယ်။
" ချင်းရယ်၊ ကျွန်တော် ပြန်ပြီနော်။ "
လီရှီချင်း ပြန်ပြောတာကို စောင့်မနေပဲ တံခါးဝဆီကို လျှောက်သွားလိုက်တယ်။ ဒီတံခါးဝလေးဆီ သွားရတဲ့ အကွာအဝေးသေးသေးလေးတောင် သူ့အတွက် ရှိသမျှ အားအင်ကုန်လုနီးပါးဖြစ်နေလေပြီ။ ဒါပေမယ့် သူရပ်လိုက်လို့မဖြစ်ဘူး။ ရပ်လို့မဖြစ်ဘူး။
သူဓာတ်လှေကားရှိရာအထိ ဒရွတ်တိုက်လျောက်လာလိုက်တယ်။
သူ့ရဲ့ဖြစ်ပျက်နေတဲ့ပုံစံကို တွေ့လိုက်ရတဲ့ ဓာတ်လှေကားနားက စားပွဲထိုးလေးက ကြောက်လန့်သွားတယ်။
ဒီအေးစက်စက်နဲ့ကြောက်စရာကောင်းတဲ့လူကို မတွေ့ဖူးသော်လည်း အခြားခရိုင်( နယ်မြေ )ကလူဆိုတာတော့ သိသာတယ်။ စားပွဲထိုးလေးက ရှေ့ကိုတိုးလာကာ လက်မောင်းကို ကိုင်လို့ကူတွဲပေးတယ်။
" ဆရာ၊ နေလို့မကောင်းလို့လား ခင်ဗျာ။ ဖျားနေတာလား။ ကျင်းကုယွမ်မှာ နားဖို့ အခန်းရှာပေးရမလားဗျ။ "
ရှောင်းလီ သူ့ဘေးကနေ ခပ်ခွာခွာလျှောက်လိုက်ကာ ဓာတ်လှေကား ခလုတ်ကိုနှိပ်လိုက်တယ်။
" ဆရာ...ဓာတ်လှေကားစီးမလို့လား ခင်ဗျ။ ဘယ်အထပ်ကိုသွားမှာလဲဗျ။ ခဏလောက်စောင့်ပေးပါ။ ခဏနေရင် ဓာတ်လှေကားတက်လာမှာပါ........"
" တိတ်တိတ်နေစမ်း။ "
ရှောင်းလီ အသံတိုးတိုးနဲ့ပင် ဆောင့်ပြောလိုက်တယ်။
စားပွဲထိုးလေးက ချက်ချင်းလန့်သွားကာ ပါးစပ်ပိတ်လိုက် ပြီး ရှောင်းလီလက်ကိုသာ ခဏလောက် ကူတွဲပေးထားတယ်။ ထို့နောက်ဓာတ်လှေကားကို တိတ်ဆိတ်စွာ စောင့်နေကြတယ်။
ဓာတ်လှေကားရောက်လာတော့ စားပွဲထိုးလေးက သူ့ကို ဂရုတစိုက်နဲ့ အထဲကိုပို့ပေးတယ်။
ရှောင်းလီ ဓာတ်လှေကား နံရံကိုမှီလိုက်ကာ လူသွားစင်္ကြံဆီ မြန်မြန်လှမ်းကြည့်လိုက်တယ်။
လီရှီချင်းက ရေချိုးခန်း တံခါးဝမှာရပ်နေကာ သူ့ကို အစအဆုံးကြည့်နေတယ်။
ဓာတ်လှေကား ပထမထပ်ကိုရောက်တဲ့အချိန် စားပွဲထိုးလေးက သူ့ကို အပြင်ရောက်အောင် ကူတွဲပေးတယ်။ ထိုလူက သူ့ကိုယ်ပေါ် ပိုပိုအားပြုမှီလာပြီး မျက်နှာပေါ်က သွေးဆုတ်လာတာ ပိုပိုဆိုးလာလေတယ်။
" ဆရာ...ဆရာ... အဆင်ပြေရဲ့လားဗျ။ "
ရှောင်းလီကတော့ အရေးမလုပ်ပဲ မောပန်းနွမ်နယ်နေတဲ့ အမူအရာနဲ့ ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုကိုခေါ်လိုက်တယ်။
" ချီရှို့ယွမ်.......ငါ့ကို လာခေါ်ပါလား.... အခုငါက...... "
--------------------------------
Translator's Note :
လီရှီချင်းဆိုတာ ချင်းရယ်ပါပဲနော်။ လီရှီချင်းကိုပဲ သခင်ကြီးချင်း ( ချင်းရယ် ) လို့ခေါ်တာပါ။
စာလုံးပေါင်းမှားတာတွေ၊ စာကျန်ခဲ့တာလေးတွေက ဇာတ်သိမ်းပြီးမှပဲ ပြင်တော့မယ်နော်။ ဒီကြားထဲ လိုက်ပြင်နေရင် ကြာနေမှာစိုးလို့။ ကိုယ့်ဟာကိုယ်ဖြည့်ပြီး ဖတ်ပေးထားကြပါနော်။ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ 💓💓💓