#Unicode
"မနက်ဖြန် Tutorial ဖြေရမှာတဲ့။ စာမကျက်ချင်ဘူးကွာ"
"Tutorial ဖြေရတာများ ထူးထူးဆန်းဆန်း လုပ်လို့ လင်းရာ ရာ။ အရင်လိုပဲ ခိုးချလိုက်ပေါ့ဟ။ ခါတိုင်းလည်း ခိုးချနေကြကို။ ခုမှ ထပြီး ကြီးကြီး ကျယ်ကျယ် လုပ်နေတယ်"
"တခြားဘာသာတွေ ခိုးချလို့ အဆင်ပြေပေမယ့် ဌာနမှုး အချိန်ကြ ဘယ်လိုလုပ်မလဲ သာထူးရ"
"အေး ဟုတ်သားဟ။ မင်း ယောက္ခမကြီးကို မေ့နေတာ"
"စိတ်ညစ်လိုက်တာကွာ။ ကြောက်လည်း ကြောက်တယ်"
"အေးကွာ။ အရင်လိုပဲ ဌာနမှူးက ကိုကြီးစစ်ပိုင် အမေမှန်း မသိခဲ့ရရင် ကောင်းသား။ ခုလိုကြီး သိရတော့ နေရခက်ပြီး အနေအစားကြပ်တယ်"
"မင်းတို့က တော်သေးတယ်။ ငါက ပိုဆိုးတာပေါ့ ထူးခြားရာ။ သူသားနဲ့ကြိုက်နေတာကြီး။ ခုနောက်ပိုင်းဆို ဌာနမှူးနဲ့ မျက်နှာချင်းဆိုင်ရမှာတောင် လန့်လို့ အကြည့်ချင်းမဆုံမိအောင် ရှောင်နေရတယ်။ ဌာနမှူးကို မြင်ရင် ဟိုးအဝေးကြီးထဲက ပတ်ပြေးနေရတဲ့ဘဝ"
"မင်းကြောင့် ငါတို့ပါ ဌာနမှူးကိုမြင်ရင် လန့်နေရတယ်။ မင်းကလည်း ကြိုက်စရာရှားလို့ ဌာနမှူးသားမှ သွားကြိုက်ရတယ်လို့"
"ဟ ငါကလူကြီးကို ဌာနမှူးသားမှန်း သိမလားဟ သာထူးရ။ မနေ့တနေ့ကမှ သိရတာလေ"
"သိလည်း ကြိုက်တာပဲမလား"
"ကြိုက်တာ မဟုတ်ဘူး ချစ်တာ"
လင်းရာ ပြန်ဖြေတဲ့စကားကိုကြားပြီး သာထူးတို့ ဘီလူးမ သံပုရာခြမ်းကိုက်ထားသလို ရှုံးမဲ့သွားလေသည်။
"မင်းပဲပြောတော့။ မနက်ဖြန် တခြားဘာသာတွေကို ခိုးဖြေလို့ရတော့ မကျက်လည်းရတယ်။ လင်းရာ ယောက္ခမဘာသာကိုပဲ ကျက်လာခဲ့တော့မယ်။ အကျိုးမပေးတဲ့ သူငယ်ချင်းစုတ်လေး"
"ငါ့လည်း သနားပါဦးကွာ။ ဌာနမှူးစာသင်ချိန်ဆို ခေါင်းတောင် မဖော်ရဲဘူး။ တစ်ခါတစ်လေ ခေါင်းငုံ့ထားရလွန်းလို့ ဇက်တွေတောင်ညောင်းတယ်"
"မင်းထိုက်နဲ့မင်းကံပဲ။ ဌာနမှူးသားကိုမှ ချစ်မိတော့လည်း ခံပေါ့ကွာ"
"အေးပါကွာ မင်းတို့ပဲ ပြောကြပါ"
သာထူးနဲ့ထူးခြားရဲ့ တစ်ယောက်တစ်ခွန်း ပြစ်တင်ဝေဖန်သံကို နားထောင်ပြီး ပိုစိတ်ညစ်ရသည်။ သူငယ်ချင်းသုံးယောက် ဌာနရှေ့တွင်ထိုင်ပြီးပြောနေကြသည်က ကိုယ့်ယောက္ခမနှင့် Tutorial ခိုးဖြေဖို့ အကြောင်းပင်။
သုံးယောက်သား စကားထိုင်ပြောနေတုန်းမှာ လင်းရာတို့အဖွဲ့ထဲက တခြားလေးယောက်ရဲ့ အော်သံကို ကြားလိုက်သည်မို့ ပြေးကြည့်ရသည်။
"မြွေ . . . မြွေ။ ဟိုအစပ်မှာ မြွေကြီး အကြီးကြီးပဲ"
"ဘာမြွေလဲ"
"မြွေဟောက်ကြီး အကြီးကြီးပဲ"
မြွေဆိုသည့် အသံကြားတော့ လင်းရာတို့ ခုနှစ်ယောက်လုံး ဌာနဘေးမှာ မြွေကို အသည်းအသန်ရှာမိကြသည်။
စစ်ပိုင်တို့အတန်းက စာသင်ချိန် တစ်ချိန် ကုန်သွားပြီမို့ ချယ်မလာသေးတာကြောင့် အတန်းရဲ့ ပြတင်းပေါက်မှာ ခဏထိုင်နေလိုက်သည်။ ထိုင်ပြီး သိပ်မကြာခင်မှာ ကျောင်းအောက်က အော်သံ ဆူဆူညံညံကို ကြားတာမို့ ငုံ့ကြည့်လိုက်တော့ ဘေဘီတို့အဖွဲ့ကို တွေ့လိုက်ရလေသည်။ ဘာလုပ်နေတာလဲဆိုပြီး သေချာလေး နားထောင်တော့ မြွေလိုက်နေသည့်ပုံပါပဲ။ ဘေဘီဝဲယာကို ကြည့်ပြီး လူရှင်းသည်ဆိုမှ အောက်က ကလေးကို လှမ်းအော်ရသည်။
"လင်းရာ အဲ့တာ ဘာလုပ်နေတာလဲ"
ကိုယ့်နာမည်ကို ခေါ်လိုက်သံကြားတာမို့ ခေါ်သူကို လိုက်ရှာကြည့်တော့ ကျောင်းအပေါ်ထပ် ပြတင်းပေါက်မှာ ရပ်နေသည့် လူကြီးကိုတွေ့လိုက်ရသည်။
"ဘာလုပ်နေတာလဲလို့ ကိုယ်မေးနေတယ်လေ"
"မြွေလိုက်နေတာ"
"ခုချက်ချင်း အတန်းထဲကို ပြန်ဝင်ရင်ဝင်။ မဝင်ဘူးဆိုလည်း ကန်တင်းကိုသွားတော့ . . .သွား"
"ခဏလေး"
"ခဏလေးလို့ မရဘူး။ ဘာကို မြွေရှာနေတာလဲ။ ရှာနေတဲ့မြွေက ပေါက်သွားမှ ကိစ္စပြတ်နေမယ်"
"လူကြီးကလည်း"
"စကားနားမထောင်ဘူးလား"
"ထောင်မယ် ထောင်မယ် သွားပြီ"
မျက်နှာလေး ဆူပုတ်ပြီး ခြေစောင့်ကာ ထွက်သွားတဲ့ ဘေဘီ့ကိုကြည့်ပြီး ပြုံးလိုက်မိသည်။ ကိုယ့်စိုးရိမ်မှုကို သူက စိတ်ကောက်သွားရတယ်လို့။ သူကြည့်တော့ ကလေးသာသာ ရှိသေးတာကို မြွေရှာနေရတယ်လို့ကွာ။ သူ့ကို မြွေပေါက်သွားမှ ကိုယ့်မှာ ရင်ကျိုးရမှာ။
"ထူခြားတို့၊ သာထူးတို့၊ တစ်ဖွဲ့လုံး ဘာလုပ်နေလဲ။ သွားတော့လေ။ အန္တရာယ်များတာကို ရှာမနေနဲ့တော့ သွား"
"ဟုတ်"
ဘေဘီထွက်သွားသည်အထိ မြွေရှာနေဆဲဖြစ်သည့် ထူးခြားတို့ကိုပါ ဆူလိုက်တော့ တစ်ဖွဲ့လုံး ကန်တင်းကို ပြေးသွားကြလေသည်။
"လင်းရာ လူကြီးက ငါတို့ကိုပါ ဆူတာ"
"ဟုတ်ပ သူ့ဘေဘီကို စိတ်မချတာနဲ့ ငါတို့ပါ ကြားထဲက အဆူခံလိုက်ရတယ်"
"မြွေဟောက်က အကြီးကြီးပဲကွ"
"ထပ်သွားရှာရအောင်လေ"
"တော်ပါပြီ လင်းရာရယ်။ ထပ်ပြီး အဆူခံနေရမှဖြင့်"
"သူလည်း အတန်းတက်နေရလောက်ပါပြီ မဆူလောက်တော့ပါဘူး"
"တော်ပြီ မရှာတော့ဘူး လင်းရာ။ အတန်းပြန်တက်ကြမယ်"
"မြွေလိုက်ချင်သေးတာ"
"လိုက်မနေနဲ့တော့ ရှိမှာလည်း မဟုတ်တော့ဘူး။ လာ အတန်းသွားတက်မယ်လာ"
သာထူးကဆွဲခေါ်သည်မို့ သာထူးဆွဲခေါ်ရာနောက် လိုက်ခဲ့ရပြီး အတန်းပြန်တက်လိုက်ရသည်။
နောက်တနေ့ Tutorial ဖြေတော့ ဘဝက လွယ်ကူမနေခဲ့ပါ။ နောက်ဆုံးတန်းနဲ့ နောက်ဆုံးတန်းရဲ့အရှေ့တန်းမှာ ထိုင်ရဖို့အတွက် ကျောင်းကို အစောကြီး လာခဲ့ရသည်။ ဘေးဘက်အစွန်က နံရံမှာ လက်ရေးမြန်ပြီး စာခိုးကျွမ်းတဲ့ ထူးခြားက ထိုင်လေသည်။ ထူးခြားရဲ့ဘေးမှာ လင်းရာထိုင်ပြီး လင်းရာဘေးမှာတော့ သူငယ်ချင်းတွေ တန်းစီထိုင်ကြသည်။ နောက်ဆုံးတန်းနှစ်တန်းက လင်းရာတို့ ခုနှစ်ယောက်နှင့်ပင် ပြည့်နေပါသည်။
လက်ရေးမြန်လွန်းတဲ့ထူးခြားနောက်က အမှီလိုက်ကူးရတာလည်း မလွယ်ကူပေ။
ဌာနမှူးအချိန်ရောက်မှ လင်းရာတို့အဖွဲ့ စတင် ဒုက္ခရောက်ရသည်။ လင်းရာကောင်းမှူ အကြောင်းပြုပြီး စာခိုးလို့မရတာမို့ တစ်ဖွဲ့လုံး စာကျက်လာခဲ့ကြပေမယ့် ကိုသာထူးတို့က စာမရသေးဘူးတဲ့လေ။ ထို့ကြောင့် စာရတဲ့ လင်းရာနဲ့ ထူးခြားရဲ့အလယ်မှာ သာထူးကိုထားပြီး စာဖြေကြရသည်။
လင်းရာဘဝက တခြားသူများထက် ပိုဆိုးရသည်။ မျက်နှာမော့ကြည့်လိုက်လျှင် ယောက္ခမကြီး မျက်နှာကို မြင်ရမှာဆိုးသည်ကြောင့် ခေါင်းငုံထားရသည်။ ဌာနမှူးက လူကြီးမေမေမှန်းသိလိုက်ရတော့ မျက်နှာကိုတောင် မကြည့်ရဲတော့ပါ။ တခြားတီချယ်တွေအချိန်မှာဆို စောက်ကမျင်းကြောထလွန်းပြီး အငြိမ်မနေကြသည့် လင်းရာတို့တစ်ဖွဲ့လုံး ဌာနမှူးအချိန်ဆို မီးကိုရေနဲ့ငြိမ်းလိုက်သည့်အတိုင်း 'ရှဲ' လို့ပင်မမည်ရဲသလို လှုပ်တောင်မလှုပ်ရဲပေ။
ကျက်လာခဲ့သမျှ စာတွေကို မနည်း ဖျစ်ညှစ်ပြီးဖြေရသည်။ မရတော့သည့်နေရာရောက်လျှင် ထူးခြားကို မသိမသာလေး လှမ်းမေးရသည်။ သာထူးအောင်တို့ကတော့ နှစ်ယောက်အလယ်မှာနေ၍ ကြောက်ကြောက်နှင့်ပင် ခိုးချနေရရှာသည်။
အားလုံးက ကြိုးစားပမ်းစား ဖြေနေကြချိန် လက်ရေးမြန်လွန်းသည့် ထူးခြားကတော့ ဖြေလို့ပင် ပြီးသွားခဲ့ပါပြီ။
"သာထူး ပြီးပြီလား"
"ဟင့်အင်"
"မင်းစာအုပ် ငါ့ကိုပေး။ ငါ့စာအုပ်ကို မင်းခဏယူထားပြီး ရေးချင်ယောင် ဆောင်နေလိုက်"
သာထူး ဘာမှ ပြန်ပြောလို့ မရလိုက်ခင်မှာဘဲ ထူးခြားက တီချယ့် အလစ်မှာ စာအုပ်နှစ်အုပ်ကို လဲလိုက်လေသည်။
သာထူးစာအုပ်ကို ယူပြီး ထူးခြားက ဖြေပေးနေသည်မို့ သာထူးလက်ထဲက ထူခြားစာအုပ်ကိုကြည့်ပြီး မရတဲ့နေရာလေးတွေကို လင်းရာ ကူးရေးလိုက်ရသည်။
Tutorial ဖြေပြီးလို့ ဌာနမှူး ထွက်သွားတော့မှ သက်ပျင်းချပြီး အသက်ကို ဝဝရှူရသည်။
"ဪ . . . လင်းရာတို့ ဒုက္ခပေးပုံများ တစ်ကျောင်းလုံးခိုးချနေတဲ့ Tutorial ကို ငါတို့တစ်ဖွဲ့ထဲ စာကျက်ပြီး ဖြေရတယ်လို့ ရာဇဝင် ရိုင်းလိုက်တာကွာ"
"ဪ . . . တချို့တွေကြတော့လည်း စာကျက်မလာတာတောင် စာကူဖြေပေးမယ့်သူနဲ့ အားကျလိုက်တာကွာ"
သာထူးအောင်ကအရင် လင်းရာကို ခနဲ့လာသည်မို့ လင်းရာလည်း သာထူးကို ထူးခြားက စာကူဖြေပေးထားတာကို သိထားတာကြောင့် ပြန်၍ခနဲ့လိုက်သည်။
လင်းရာစကားဆုံးတော့ သာထူးအောင်တို့ မျက်နှာကြီးနီရဲလာကာ ရှက်ရှက်ဖြင့် ထွက်သွားလေသည်။
ညနေကျောင်းဆင်းတဲ့အချိန် မိုးတွေရွာနေတာကြောင့် ကျောင်းရှေ့ နေရာကျဉ်းကျဉ်းလေးမှာ ဇေယျာတို့ ဘောလုံးကန်နေကြသည်မို့ ထူးခြားနဲ့သာထူးလည်း ဘောလုံးဝင်ကန် လိုက်ကြသည်။
မမားနှင့်ကျောင်းပြန်မယ့်အချိန် မိုးရွာနေတာကြောင့် မိုးကာအင်္ကျီတွေဝတ်ကာ ပြန်ဖို့ပြင်ဆင်ပြီးမှ ဘောလုံးကန်နေသည့် ထူးခြားတို့ကိုတွေ့လိုက်ရသည်မို့ ကျန်နေခဲ့ဖို့ မမားကိုပြောရသည်။
"မမား"
"ရှင်"
"သား သာထူးတို့နဲ့ ကျန်ခဲ့ဦးမယ်"
"သားသားက ဘာလုပ်မလို့လဲ"
"ဟိုမှာလေ ထူးခြားတို့ ဘောလုံးကန်နေကြတာ။ သားလည်း ဝင်ကန်ချင်တယ်"
"မိုးတွေ ရွာနေတာသားသားရယ်။ ပြန်လာရင် အဝေးကြီး ပြန်လာရမှာ။ အေးနေမှာပေါ့"
"သား ဒီမိုးကာကို မချွတ်ဘဲ ကန်မယ်လေနော်"
"အင်း ပြီးရော ပြီးရော။ မိုးကာတော့ လုံးဝမချွတ်နဲ့နော် သားသား"
"ဟုတ်"
"ဖျားနေမှာဆိုးလို့ မချွတ်ရဘူးနော် သားသား"
"ဟုတ် မမားစိတ်ချ။ လုံးဝမချွတ်ဘူးနော်"
"အဲ့ဒါဆို မမားသွားပြီ။ စိတ်ချမယ်နော်သားသား"
"ဟုတ်"
မိုးကာမချွတ်ဖို့ ထပ်ကာထပ်ကာ မှာပြီးမှ မမားကထွက်သွားလေသည်။
ဝတ်ထားတဲ့ မိုးကာ အင်္ကျီအရှည်ကြီးကို မချွတ်တော့ဘဲ ဘောလုံးကန်နေသည့် ထူးခြားတို့ရှိရာကို ပြေးသွားလိုက်သည်။
"လင်းရာ လာ။ ဘောလုံးကန်ရအောင်"
"အေး လာနေတာဟေ့"
မိုးကာ အင်္ကျီကြီးဝတ်ကာ ဘောလုံးကန်နေရသည်မို့ ပြေးလို့လွှားလို့ အဆင်မပြေဘဲ ဘောလုံးက လိုရာမရောက်ဖြစ်နေရသည်။
"လင်းရာရာ မင်းမိုးကာအင်္ကျီကြီးကို ချွတ်ထားစမ်းပါကွာ"
"မမားက မချွတ်ရဘူး ပြောထားလို့ကွ"
"အမလေး ဟျောင့်ရာ မမားစကားသာ မင်းနားထောင်ရင် ခုချိန်ရည်းစားတောင် ရမှာမဟုတ်ဘူး"
"ငါ ရည်းစားထားတာ တစ်ခုပဲ မမားစကားကို နားမထောင်ခဲ့တာပါကွာ။ ကျန်တဲ့အရာအားလုံး မမားစကားကို တသွေမတိမ်း နားထောင်ခဲ့ပါတယ်ကွ သာထူးစုတ်ရ"
"မင်းကိုကြည့်ရတာ မင်းရည်းစားတော့ မသိဘူး ငါတောင် ပြေးဖက်ပြီး နမ်းချင်လာတယ်။ မိုးကာအင်္ကျီ အရှည်ကြီးနဲ့ မိုးကာခေါင်စွပ်ကလည်း ကလေးကုလား ယုန်လို နားရွက်နှစ်ခုနဲ့။ မင်းကိုကြည့်ရတာ Pikachu လေးကြနေတာပဲ။ အူတွေယားလိုက်တာကွာ"
"ဟျောင့် ငါအရင်လို လူကောင်သေးသေး ကလေးလေး မဟုတ်တော့ဘူးကွ"
"အရင်လို လူကောင်သာ မသေးတော့တာ။ မင်းမျက်နှာက သူငယ်နာ မစင်သေးဘူး ဟျောင့်"
"ချီးပဲ သာထူး"
သာထူးနဲ့လင်းရာ စကားများနေတာကိုကြည့်၍ သူငယ်ချင်းတွေက ရယ်လေသည်။
"မင်းတို့နှစ်ယောက် ကိုက်တာလျှော့ပြီး ကန်ပါဟ"
"အေးပါဟ"
ကျောင်းရှေ့မှာ အသံဆူဆူ ဆူဆူဖြင့် ကျောင်းသာများ ဘောလုံးကန်နေကြသည်မို့ စစ်ပိုင် ရပ်ကြည့်နေလိုက်မိသည်။ သေချာကြည့်မှ သာထူးနဲ့ ထူးခြားကို တွေ့လိုက်ရသည်မို့ ဘေဘီရော ပါနေမလားဆိုပြီး ရှာကြည့်မိသည်။ ဘေဘီ့ကို ရှာလို့မတွေ့ပေမဲ့ မိုးကာအင်္ကျီဝတ်ထားတဲ့ တစ်ယောက်ကိုလည်း ဘယ်သူမှန်း မသိပေ။
ဒါပေမဲ့ မိုးကာအင်္ကျီဝတ်ကာ လုံးတုံး လုံးတုံး ပြေးနေသည့် ကလေးကိုတော့ ဘေဘီလို့ ထင်မိသည်။
"လင်းရာ ငါ့ဘက်ကို ကန်လိုက်"
"အေးအေး"
ဘေဘီ့နာမည်ကို ခေါ်လိုက်တဲ့အသံ ကြားသည်မို့ ကိုယ်ထင်ထားသလို ကိုယ့်ဘေဘီ ဖြစ်နေပေသည်။
"ဘေဘီ"
"ဗျာ"
ကျောင်းဆင်ချိန်မို့ ဘယ်သူမှ မရှိတော့တာကြောင့် ဘေဘီဟူ၍သာ ခေါ်လိုက်သည်။
လူကြီးခေါ်သံကြားသည်မို့ တစ်ပတ်လှည့်ကာ လိုက်ရှာမိလိုက်သည်။
"အဲ့မှာ မိုးကာခေါင်းစွပ်ကြီး မျက်နှာကွယ်နေတာကို မ' မကြည့်ဘဲ လိုက်ရှာမနေနဲ့။ ကိုယ်က lobby မှာ"
"ဟမ်"
lobby ကိုလှမ်းကြည့်တော့မှ လူကြီးကို တွေ့လိုက်ရလေသည်။
မိုးကာအင်္ကျီဝတ်ပြီး လုံးတုံးလုံးတုံးနဲ့ ပြေးနေသည့် ဘေဘီ့ကိုကြည့်ကာ အသဲယားလာရသည်။ ဘာလေးမှန်းကိုမသိ တကယ်ကို ချစ်ဖို့ကောင်းလွန်းသည်။
"မိုးရေထဲမှာ ဆော့မနေနဲ့ ပြန်တော့"
"ဟာ မပြန်ချင်ပါဘူး။ ကစားဦးမှာ"
"မိုးတွေ ရွာနေတယ်လေကွာ။ ဖျားလိမ့်မယ်"
"ဟင့်အင် ဆော့ဦးမှာ"
"တော်ပြီ မကစားရတော့ဘူး။ ကစားနေတာဖြင့်ကြာနေပြီ။ တော်တော့"
"သူများတွေလည်း ကစားနေတာကို လူကြီးကလည်း"
"သူများတွေလည်း မကစားရတော့ဘူး။ သာထူးတို့လည်း တော်တော့"
"တစ်ဂိုးတော့ သွင်းလိုက်ဦးမယ် ကိုကြီး"
"ဘာတစ်ဂိုးမှ မသွင်းနဲ့တော့ မင်းတို့ကစားနေတာဖြင့် ကြာလှပြီ။ အကုန် ဖျားကုန်တော့မှာပဲကွာ"
စစ်ပိုင် ဘယ်လောက် ပြောပြော စစ်ပိုင်စကားကို နားမထောင်ဘဲ ဆက်ကစားနေကြပေသည်။
"ဘေဘီ တော်တော့လို့ ကိုယ်ပြောနေတာကြာလား"
"မကြားဘူး"
"အေး မကြားရင် ကိုယ်လာပြီ။ မကြားဘဲ ဆက်နေနော်"
လက်တစ်ဖက်က ထီးကိုဆောင်းကာ လက်တစ်ဖက်က အနားမှာတွေ့သည့် သစ်သားပြားအရှည်ကို ကောက်ကိုင်ပြီး ဘောလုံးကစားရာ နေရာကို ဆင်းလာလိုက်သည်။
ဘောလုံးကစားနေသည့် ဘေဘီ့အနားကို ရောက်အောင်သွားပြီး မိုးကာမဖုံးမိဘဲ ပေါ်နေသည့် ခြေသလုံးဖွေးဖွေးကို ခပ်ဆတ်ဆတ်လေး ရိုက်လိုက်သည်။
"အားးးး လူကြီး"
"ဘာမှ လူကြီးမနေနဲ့။ သွား ဆိုင်ကယ်ပေါ်တက်"
"လူကြီးကဗျာ"
"ထပ်ရိုက်ခံချင်သေးတာလား"
"သာထူးပြန်မှ ပြန်လို့ရမှာပေါ့"
"ပြန်ရမယ် အကုန်ပြန်ရမယ်။ သာထူးရော ထူးခြားရော တစ်ဖွဲ့လုံးပါ ပြန်ရမယ်။ ဒီလောက် မိုးရွာနေတာကို တစ်ဖွဲ့လုံး ကမျဉ်းကြောထနေတာ တော်တော်ကြာပြီ။ သွား"
စစ်ပိုင် ဆူလိုက်တော့ ဆူပုတ်ပြီး ဆိုင်ကယ်ပေါ် သွားထိုင်လေသည်။
"သာထူးအောင်"
"ဗျာ ကိုကြီး . . . တော်ပြီ . . . တော်ပြီ"
စစ်ပိုင်က နာမည်ခေါ်လိုက်ရုံနဲ့ သာထူးအောင်တစ်ယောက် ဆိုင်ကယ်ရှိရာသို့ ပြေးသွားလေသည်။ ဘေဘီ့ကို တကယ်ရိုက်လိုက်တာကို တွေ့ထားသည်မို့ သူတို့ကိုပါ တကယ်ရိုက်တော့မည် ဆိုတာလည်း သိသည်။ အရိုက်ခံရမှာတော့ တစ်ဖွဲ့လုံးကြောက်ကြသည်။ ထူးခြားနဲ့ တခြားလူတွေက နာမည်တောင် ခေါ်စရာမလိုလိုက် ဘောလုံးကန်တာကို ချက်ချင်းရပ်ပြီး ဆိုင်ကယ်ရှိရာကို ပြေးသွားကြသည်။
အားလုံး ဆိုင်ကယ် မောင်းထွက်သွားသည်ဆိုတော့မှ ကောက်လာသည့် သစ်သားပြားကို လွှင့်ပြစ်လိုက်ရသည်။
ဘေဘီကတော့ သာထူးအနောက်က ထိုင်ပြီး ကိုယ့်ကိုဆူပုတ်ကာ ကြည့်သွားလေရဲ့။
ဘေဘီ့ကို ကြည့်ပြီး ပြုံးလိုက်မိပြန်သည်။ ဒီကလေးကို ခုရက်ထဲ ခဏခဏ ဆူနေရသည်။ ဆူလိုက်တိုင်းလည်း မျက်နှာကို မိုင်ကုန် ဆူပုတ်ကာ စိတ်ဆိုးသွားတတ်သေးသည်။ အဲ့လို ဆူပုတ်သွားတိုင်းလည်း ချစ်ဖို့ကောင်းလွန်သည်မို့ ကျွန်တော့်မှာ အသဲယားကာ အချစ်ပိုရပြန်သည်။ ဒီရက်ထဲ ကျွန်တော် ကလေးထိန်းနေရလေသည်။
Mon, Aug 16 (16/8/2021/Mon)
**************
#Zawgyi
"မနက္ျဖန္ Tutorial ေျဖရမွာတဲ့။ စာမက်က္ခ်င္ဘူးကြာ"
"Tutorial ေျဖရတာမ်ား ထူးထူးဆန္းဆန္း လုပ္လို႔ လင္းရာ ရာ။ အရင္လိုပဲ ခိုးခ်လိုက္ေပါ့ဟ။ ခါတိုင္းလည္း ခိုးခ်ေနၾကကို။ ခုမွ ထၿပီး ႀကီးႀကီး က်ယ္က်ယ္ လုပ္ေနတယ္"
"တျခားဘာသာေတြ ခိုးခ်လို႔ အဆင္ေျပေပမယ့္ ဌာနမႈး အခ်ိန္ၾက ဘယ္လိုလုပ္မလဲ သာထူးရ"
"ေအး ဟုတ္သားဟ။ မင္း ေယာကၡမႀကီးကို ေမ့ေနတာ"
"စိတ္ညစ္လိုက္တာကြာ။ ေၾကာက္လည္း ေၾကာက္တယ္"
"ေအးကြာ။ အရင္လိုပဲ ဌာနမႉးက ကိုႀကီးစစ္ပိုင္ အေမမွန္း မသိခဲ့ရရင္ ေကာင္းသား။ ခုလိုႀကီး သိရေတာ့ ေနရခက္ၿပီး အေနအစားၾကပ္တယ္"
"မင္းတို႔က ေတာ္ေသးတယ္။ ငါက ပိုဆိုးတာေပါ့ ထူးျခားရာ။ သူသားနဲ႔ႀကိဳက္ေနတာႀကီး။ ခုေနာက္ပိုင္းဆို ဌာနမႉးနဲ႔ မ်က္ႏွာခ်င္းဆိုင္ရမွာေတာင္ လန႔္လို႔ အၾကည့္ခ်င္းမဆုံမိေအာင္ ေရွာင္ေနရတယ္။ ဌာနမႉးကို ျမင္ရင္ ဟိုးအေဝးႀကီးထဲက ပတ္ေျပးေနရတဲ့ဘဝ"
"မင္းေၾကာင့္ ငါတို႔ပါ ဌာနမႉးကိုျမင္ရင္ လန႔္ေနရတယ္။ မင္းကလည္း ႀကိဳက္စရာရွားလို႔ ဌာနမႉးသားမွ သြားႀကိဳက္ရတယ္လို႔"
"ဟ ငါကလူႀကီးကို ဌာနမႉးသားမွန္း သိမလားဟ သာထူးရ။ မေန႔တေန႔ကမွ သိရတာေလ"
"သိလည္း ႀကိဳက္တာပဲမလား"
"ႀကိဳက္တာ မဟုတ္ဘူး ခ်စ္တာ"
လင္းရာ ျပန္ေျဖတဲ့စကားကိုၾကားၿပီး သာထူးတို႔ ဘီလူးမ သံပုရာျခမ္းကိုက္ထားသလို ရႈံးမဲ့သြားေလသည္။
"မင္းပဲေျပာေတာ့။ မနက္ျဖန္ တျခားဘာသာေတြကို ခိုးေျဖလို႔ရေတာ့ မက်က္လည္းရတယ္။ လင္းရာ ေယာကၡမဘာသာကိုပဲ က်က္လာခဲ့ေတာ့မယ္။ အက်ိဳးမေပးတဲ့ သူငယ္ခ်င္းစုတ္ေလး"
"ငါ့လည္း သနားပါဦးကြာ။ ဌာနမႉးစာသင္ခ်ိန္ဆို ေခါင္းေတာင္ မေဖာ္ရဲဘူး။ တစ္ခါတစ္ေလ ေခါင္းငုံ႔ထားရလြန္းလို႔ ဇက္ေတြေတာင္ေညာင္းတယ္"
"မင္းထိုက္နဲ႔မင္းကံပဲ။ ဌာနမႉးသားကိုမွ ခ်စ္မိေတာ့လည္း ခံေပါ့ကြာ"
"ေအးပါကြာ မင္းတို႔ပဲ ေျပာၾကပါ"
သာထူးနဲ႔ထူးျခားရဲ့ တစ္ေယာက္တစ္ခြန္း ျပစ္တင္ေဝဖန္သံကို နားေထာင္ၿပီး ပိုစိတ္ညစ္ရသည္။ သူငယ္ခ်င္းသုံးေယာက္ ဌာနေရွ႕တြင္ထိုင္ၿပီးေျပာေနၾကသည္က ကိုယ့္ေယာကၡမႏွင့္ Tutorial ခိုးေျဖဖို႔ အေၾကာင္းပင္။
သုံးေယာက္သား စကားထိုင္ေျပာေနတုန္းမွာ လင္းရာတို႔အဖြဲ႕ထဲက တျခားေလးေယာက္ရဲ့ ေအာ္သံကို ၾကားလိုက္သည္မို႔ ေျပးၾကည့္ရသည္။
"ေႁမြ . . . ေႁမြ။ ဟိုအစပ္မွာ ေႁမြႀကီး အႀကီးႀကီးပဲ"
"ဘာေႁမြလဲ"
"ေႁမြေဟာက္ႀကီး အႀကီးႀကီးပဲ"
ေႁမြဆိုသည့္ အသံၾကားေတာ့ လင္းရာတို႔ ခုႏွစ္ေယာက္လုံး ဌာနေဘးမွာ ေႁမြကို အသည္းအသန္ရွာမိၾကသည္။
စစ္ပိုင္တို႔အတန္းက စာသင္ခ်ိန္ တစ္ခ်ိန္ ကုန္သြားၿပီမို႔ ခ်ယ္မလာေသးတာေၾကာင့္ အတန္းရဲ့ ျပတင္းေပါက္မွာ ခဏထိုင္ေနလိုက္သည္။ ထိုင္ၿပီး သိပ္မၾကာခင္မွာ ေက်ာင္းေအာက္က ေအာ္သံ ဆူဆူညံညံကို ၾကားတာမို႔ ငုံ႔ၾကည့္လိုက္ေတာ့ ေဘဘီတို႔အဖြဲ႕ကို ေတြ႕လိုက္ရေလသည္။ ဘာလုပ္ေနတာလဲဆိုၿပီး ေသခ်ာေလး နားေထာင္ေတာ့ ေႁမြလိုက္ေနသည့္ပုံပါပဲ။ ေဘဘီဝဲယာကို ၾကည့္ၿပီး လူရွင္းသည္ဆိုမွ ေအာက္က ကေလးကို လွမ္းေအာ္ရသည္။
"လင္းရာ အဲ့တာ ဘာလုပ္ေနတာလဲ"
ကိုယ့္နာမည္ကို ေခၚလိုက္သံၾကားတာမို႔ ေခၚသူကို လိုက္ရွာၾကည့္ေတာ့ ေက်ာင္းအေပၚထပ္ ျပတင္းေပါက္မွာ ရပ္ေနသည့္ လူႀကီးကိုေတြ႕လိုက္ရသည္။
"ဘာလုပ္ေနတာလဲလို႔ ကိုယ္ေမးေနတယ္ေလ"
"ေႁမြလိုက္ေနတာ"
"ခုခ်က္ခ်င္း အတန္းထဲကို ျပန္ဝင္ရင္ဝင္။ မဝင္ဘူးဆိုလည္း ကန္တင္းကိုသြားေတာ့ . . .သြား"
"ခဏေလး"
"ခဏေလးလို႔ မရဘူး။ ဘာကို ေႁမြရွာေနတာလဲ။ ရွာေနတဲ့ေႁမြက ေပါက္သြားမွ ကိစၥျပတ္ေနမယ္"
"လူႀကီးကလည္း"
"စကားနားမေထာင္ဘူးလား"
"ေထာင္မယ္ ေထာင္မယ္ သြားၿပီ"
မ်က္ႏွာေလး ဆူပုတ္ၿပီး ေျခေစာင့္ကာ ထြက္သြားတဲ့ ေဘဘီ့ကိုၾကည့္ၿပီး ျပဳံးလိုက္မိသည္။ ကိုယ့္စိုးရိမ္မႈကို သူက စိတ္ေကာက္သြားရတယ္လို႔။ သူၾကည့္ေတာ့ ကေလးသာသာ ရွိေသးတာကို ေႁမြရွာေနရတယ္လို႔ကြာ။ သူ႔ကို ေႁမြေပါက္သြားမွ ကိုယ့္မွာ ရင္က်ိဳးရမွာ။
"ထူျခားတို႔၊ သာထူးတို႔၊ တစ္ဖြဲ႕လုံး ဘာလုပ္ေနလဲ။ သြားေတာ့ေလ။ အႏၲရာယ္မ်ားတာကို ရွာမေနနဲ႔ေတာ့ သြား"
"ဟုတ္"
ေဘဘီထြက္သြားသည္အထိ ေႁမြရွာေနဆဲျဖစ္သည့္ ထူးျခားတို႔ကိုပါ ဆူလိုက္ေတာ့ တစ္ဖြဲ႕လုံး ကန္တင္းကို ေျပးသြားၾကေလသည္။
"လင္းရာ လူႀကီးက ငါတို႔ကိုပါ ဆူတာ"
"ဟုတ္ပ သူ႔ေဘဘီကို စိတ္မခ်တာနဲ႔ ငါတို႔ပါ ၾကားထဲက အဆူခံလိုက္ရတယ္"
"ေႁမြေဟာက္က အႀကီးႀကီးပဲကြ"
"ထပ္သြားရွာရေအာင္ေလ"
"ေတာ္ပါၿပီ လင္းရာရယ္။ ထပ္ၿပီး အဆူခံေနရမွျဖင့္"
"သူလည္း အတန္းတက္ေနရေလာက္ပါၿပီ မဆူေလာက္ေတာ့ပါဘူး"
"ေတာ္ၿပီ မရွာေတာ့ဘူး လင္းရာ။ အတန္းျပန္တက္ၾကမယ္"
"ေႁမြလိုက္ခ်င္ေသးတာ"
"လိုက္မေနနဲ႔ေတာ့ ရွိမွာလည္း မဟုတ္ေတာ့ဘူး။ လာ အတန္းသြားတက္မယ္လာ"
သာထူးကဆြဲေခၚသည္မို႔ သာထူးဆြဲေခၚရာေနာက္ လိုက္ခဲ့ရၿပီး အတန္းျပန္တက္လိုက္ရသည္။
ေနာက္တေန႔ Tutorial ေျဖေတာ့ ဘဝက လြယ္ကူမေနခဲ့ပါ။ ေနာက္ဆုံးတန္းနဲ႔ ေနာက္ဆုံးတန္းရဲ့အေရွ႕တန္းမွာ ထိုင္ရဖို႔အတြက္ ေက်ာင္းကို အေစာႀကီး လာခဲ့ရသည္။ ေဘးဘက္အစြန္က နံရံမွာ လက္ေရးျမန္ၿပီး စာခိုးကၽြမ္းတဲ့ ထူးျခားက ထိုင္ေလသည္။ ထူးျခားရဲ့ေဘးမွာ လင္းရာထိုင္ၿပီး လင္းရာေဘးမွာေတာ့ သူငယ္ခ်င္းေတြ တန္းစီထိုင္ၾကသည္။ ေနာက္ဆုံးတန္းႏွစ္တန္းက လင္းရာတို႔ ခုႏွစ္ေယာက္ႏွင့္ပင္ ျပည့္ေနပါသည္။
လက္ေရးျမန္လြန္းတဲ့ထူးျခားေနာက္က အမွီလိုက္ကူးရတာလည္း မလြယ္ကူေပ။
ဌာနမႉးအခ်ိန္ေရာက္မွ လင္းရာတို႔အဖြဲ႕ စတင္ ဒုကၡေရာက္ရသည္။ လင္းရာေကာင္းမႉ အေၾကာင္းျပဳၿပီး စာခိုးလို႔မရတာမို႔ တစ္ဖြဲ႕လုံး စာက်က္လာခဲ့ၾကေပမယ့္ ကိုသာထူးတို႔က စာမရေသးဘူးတဲ့ေလ။ ထို႔ေၾကာင့္ စာရတဲ့ လင္းရာနဲ႔ ထူးျခားရဲ့အလယ္မွာ သာထူးကိုထားၿပီး စာေျဖၾကရသည္။
လင္းရာဘဝက တျခားသူမ်ားထက္ ပိုဆိုးရသည္။ မ်က္ႏွာေမာ့ၾကည့္လိုက္လၽွင္ ေယာကၡမႀကီး မ်က္ႏွာကို ျမင္ရမွာဆိုးသည္ေၾကာင့္ ေခါင္းငုံထားရသည္။ ဌာနမႉးက လူႀကီးေမေမမွန္းသိလိုက္ရေတာ့ မ်က္ႏွာကိုေတာင္ မၾကည့္ရဲေတာ့ပါ။ တျခားတီခ်ယ္ေတြအခ်ိန္မွာဆို ေစာက္ကမ်င္းေၾကာထလြန္းၿပီး အၿငိမ္မေနၾကသည့္ လင္းရာတို႔တစ္ဖြဲ႕လုံး ဌာနမႉးအခ်ိန္ဆို မီးကိုေရနဲ႔ၿငိမ္းလိုက္သည့္အတိုင္း 'ရွဲ' လို႔ပင္မမည္ရဲသလို လႈပ္ေတာင္မလႈပ္ရဲေပ။
က်က္လာခဲ့သမၽွ စာေတြကို မနည္း ဖ်စ္ညႇစ္ၿပီးေျဖရသည္။ မရေတာ့သည့္ေနရာေရာက္လၽွင္ ထူးျခားကို မသိမသာေလး လွမ္းေမးရသည္။ သာထူးေအာင္တို႔ကေတာ့ ႏွစ္ေယာက္အလယ္မွာေန၍ ေၾကာက္ေၾကာက္ႏွင့္ပင္ ခိုးခ်ေနရရွာသည္။
အားလုံးက ႀကိဳးစားပမ္းစား ေျဖေနၾကခ်ိန္ လက္ေရးျမန္လြန္းသည့္ ထူးျခားကေတာ့ ေျဖလို႔ပင္ ၿပီးသြားခဲ့ပါၿပီ။
"သာထူး ၿပီးၿပီလား"
"ဟင့္အင္"
"မင္းစာအုပ္ ငါ့ကိုေပး။ ငါ့စာအုပ္ကို မင္းခဏယူထားၿပီး ေရးခ်င္ေယာင္ ေဆာင္ေနလိုက္"
သာထူး ဘာမွ ျပန္ေျပာလို႔ မရလိုက္ခင္မွာဘဲ ထူးျခားက တီခ်ယ့္ အလစ္မွာ စာအုပ္ႏွစ္အုပ္ကို လဲလိုက္ေလသည္။
သာထူးစာအုပ္ကို ယူၿပီး ထူးျခားက ေျဖေပးေနသည္မို႔ သာထူးလက္ထဲက ထူျခားစာအုပ္ကိုၾကည့္ၿပီး မရတဲ့ေနရာေလးေတြကို လင္းရာ ကူးေရးလိုက္ရသည္။
Tutorial ေျဖၿပီးလို႔ ဌာနမႉး ထြက္သြားေတာ့မွ သက္ပ်င္းခ်ၿပီး အသက္ကို ဝဝရႉရသည္။
"ဪ . . . လင္းရာတို႔ ဒုကၡေပးပုံမ်ား တစ္ေက်ာင္းလုံးခိုးခ်ေနတဲ့ Tutorial ကို ငါတို႔တစ္ဖြဲ႕ထဲ စာက်က္ၿပီး ေျဖရတယ္လို႔ ရာဇဝင္ ရိုင္းလိုက္တာကြာ"
"ဪ . . . တခ်ိဳ႕ေတြၾကေတာ့လည္း စာက်က္မလာတာေတာင္ စာကူေျဖေပးမယ့္သူနဲ႔ အားက်လိုက္တာကြာ"
သာထူးေအာင္ကအရင္ လင္းရာကို ခနဲ႔လာသည္မို႔ လင္းရာလည္း သာထူးကို ထူးျခားက စာကူေျဖေပးထားတာကို သိထားတာေၾကာင့္ ျပန္၍ခနဲ႔လိုက္သည္။
လင္းရာစကားဆုံးေတာ့ သာထူးေအာင္တို႔ မ်က္ႏွာႀကီးနီရဲလာကာ ရွက္ရွက္ျဖင့္ ထြက္သြားေလသည္။
ညေနေက်ာင္းဆင္းတဲ့အခ်ိန္ မိုးေတြရြာေနတာေၾကာင့္ ေက်ာင္းေရွ႕ ေနရာက်ဥ္းက်ဥ္းေလးမွာ ေဇယ်ာတို႔ ေဘာလုံးကန္ေနၾကသည္မို႔ ထူးျခားနဲ႔သာထူးလည္း ေဘာလုံးဝင္ကန္ လိုက္ၾကသည္။
မမားႏွင့္ေက်ာင္းျပန္မယ့္အခ်ိန္ မိုးရြာေနတာေၾကာင့္ မိုးကာအကၤ်ီေတြဝတ္ကာ ျပန္ဖို႔ျပင္ဆင္ၿပီးမွ ေဘာလုံးကန္ေနသည့္ ထူးျခားတို႔ကိုေတြ႕လိုက္ရသည္မို႔ က်န္ေနခဲ့ဖို႔ မမားကိုေျပာရသည္။
"မမား"
"ရွင္"
"သား သာထူးတို႔နဲ႔ က်န္ခဲ့ဦးမယ္"
"သားသားက ဘာလုပ္မလို႔လဲ"
"ဟိုမွာေလ ထူးျခားတို႔ ေဘာလုံးကန္ေနၾကတာ။ သားလည္း ဝင္ကန္ခ်င္တယ္"
"မိုးေတြ ရြာေနတာသားသားရယ္။ ျပန္လာရင္ အေဝးႀကီး ျပန္လာရမွာ။ ေအးေနမွာေပါ့"
"သား ဒီမိုးကာကို မခၽြတ္ဘဲ ကန္မယ္ေလေနာ္"
"အင္း ၿပီးေရာ ၿပီးေရာ။ မိုးကာေတာ့ လုံးဝမခၽြတ္နဲ႔ေနာ္ သားသား"
"ဟုတ္"
"ဖ်ားေနမွာဆိုးလို႔ မခၽြတ္ရဘူးေနာ္ သားသား"
"ဟုတ္ မမားစိတ္ခ်။ လုံးဝမခၽြတ္ဘူးေနာ္"
"အဲ့ဒါဆို မမားသြားၿပီ။ စိတ္ခ်မယ္ေနာ္သားသား"
"ဟုတ္"
မိုးကာမခၽြတ္ဖို႔ ထပ္ကာထပ္ကာ မွာၿပီးမွ မမားကထြက္သြားေလသည္။
ဝတ္ထားတဲ့ မိုးကာ အကၤ်ီအရွည္ႀကီးကို မခၽြတ္ေတာ့ဘဲ ေဘာလုံးကန္ေနသည့္ ထူးျခားတို႔ရွိရာကို ေျပးသြားလိုက္သည္။
"လင္းရာ လာ။ ေဘာလုံးကန္ရေအာင္"
"ေအး လာေနတာေဟ့"
မိုးကာ အကၤ်ီႀကီးဝတ္ကာ ေဘာလုံးကန္ေနရသည္မို႔ ေျပးလို႔လႊားလို႔ အဆင္မေျပဘဲ ေဘာလုံးက လိုရာမေရာက္ျဖစ္ေနရသည္။
"လင္းရာရာ မင္းမိုးကာအကၤ်ီႀကီးကို ခၽြတ္ထားစမ္းပါကြာ"
"မမားက မခၽြတ္ရဘူး ေျပာထားလို႔ကြ"
"အမေလး ေဟ်ာင့္ရာ မမားစကားသာ မင္းနားေထာင္ရင္ ခုခ်ိန္ရည္းစားေတာင္ ရမွာမဟုတ္ဘူး"
"ငါ ရည္းစားထားတာ တစ္ခုပဲ မမားစကားကို နားမေထာင္ခဲ့တာပါကြာ။ က်န္တဲ့အရာအားလုံး မမားစကားကို တေသြမတိမ္း နားေထာင္ခဲ့ပါတယ္ကြ သာထူးစုတ္ရ"
"မင္းကိုၾကည့္ရတာ မင္းရည္းစားေတာ့ မသိဘူး ငါေတာင္ ေျပးဖက္ၿပီး နမ္းခ်င္လာတယ္။ မိုးကာအကၤ်ီ အရွည္ႀကီးနဲ႔ မိုးကာေခါင္စြပ္ကလည္း ကေလးကုလား ယုန္လို နားရြက္ႏွစ္ခုနဲ႔။ မင္းကိုၾကည့္ရတာ Pikachu ေလးၾကေနတာပဲ။ အူေတြယားလိုက္တာကြာ"
"ေဟ်ာင့္ ငါအရင္လို လူေကာင္ေသးေသး ကေလးေလး မဟုတ္ေတာ့ဘူးကြ"
"အရင္လို လူေကာင္သာ မေသးေတာ့တာ။ မင္းမ်က္ႏွာက သူငယ္နာ မစင္ေသးဘူး ေဟ်ာင့္"
"ခ်ီးပဲ သာထူး"
သာထူးနဲ႔လင္းရာ စကားမ်ားေနတာကိုၾကည့္၍ သူငယ္ခ်င္းေတြက ရယ္ေလသည္။
"မင္းတို႔ႏွစ္ေယာက္ ကိုက္တာေလၽွာ့ၿပီး ကန္ပါဟ"
"ေအးပါဟ"
ေက်ာင္းေရွ႕မွာ အသံဆူဆူ ဆူဆူျဖင့္ ေက်ာင္းသာမ်ား ေဘာလုံးကန္ေနၾကသည္မို႔ စစ္ပိုင္ ရပ္ၾကည့္ေနလိုက္မိသည္။ ေသခ်ာၾကည့္မွ သာထူးနဲ႔ ထူးျခားကို ေတြ႕လိုက္ရသည္မို႔ ေဘဘီေရာ ပါေနမလားဆိုၿပီး ရွာၾကည့္မိသည္။ ေဘဘီ့ကို ရွာလို႔မေတြ႕ေပမဲ့ မိုးကာအကၤ်ီဝတ္ထားတဲ့ တစ္ေယာက္ကိုလည္း ဘယ္သူမွန္း မသိေပ။
ဒါေပမဲ့ မိုးကာအကၤ်ီဝတ္ကာ လုံးတုံး လုံးတုံး ေျပးေနသည့္ ကေလးကိုေတာ့ ေဘဘီလို႔ ထင္မိသည္။
"လင္းရာ ငါ့ဘက္ကို ကန္လိုက္"
"ေအးေအး"
ေဘဘီ့နာမည္ကို ေခၚလိုက္တဲ့အသံ ၾကားသည္မို႔ ကိုယ္ထင္ထားသလို ကိုယ့္ေဘဘီ ျဖစ္ေနေပသည္။
"ေဘဘီ"
"ဗ်ာ"
ေက်ာင္းဆင္ခ်ိန္မို႔ ဘယ္သူမွ မရွိေတာ့တာေၾကာင့္ ေဘဘီဟူ၍သာ ေခၚလိုက္သည္။
လူႀကီးေခၚသံၾကားသည္မို႔ တစ္ပတ္လွည့္ကာ လိုက္ရွာမိလိုက္သည္။
"အဲ့မွာ မိုးကာေခါင္းစြပ္ႀကီး မ်က္ႏွာကြယ္ေနတာကို မ' မၾကည့္ဘဲ လိုက္ရွာမေနနဲ႔။ ကိုယ္က lobby မွာ"
"ဟမ္"
lobby ကိုလွမ္းၾကည့္ေတာ့မွ လူႀကီးကို ေတြ႕လိုက္ရေလသည္။
မိုးကာအကၤ်ီဝတ္ၿပီး လုံးတုံးလုံးတုံးနဲ႔ ေျပးေနသည့္ ေဘဘီ့ကိုၾကည့္ကာ အသဲယားလာရသည္။ ဘာေလးမွန္းကိုမသိ တကယ္ကို ခ်စ္ဖို႔ေကာင္းလြန္းသည္။
"မိုးေရထဲမွာ ေဆာ့မေနနဲ႔ ျပန္ေတာ့"
"ဟာ မျပန္ခ်င္ပါဘူး။ ကစားဦးမွာ"
"မိုးေတြ ရြာေနတယ္ေလကြာ။ ဖ်ားလိမ့္မယ္"
"ဟင့္အင္ ေဆာ့ဦးမွာ"
"ေတာ္ၿပီ မကစားရေတာ့ဘူး။ ကစားေနတာျဖင့္ၾကာေနၿပီ။ ေတာ္ေတာ့"
"သူမ်ားေတြလည္း ကစားေနတာကို လူႀကီးကလည္း"
"သူမ်ားေတြလည္း မကစားရေတာ့ဘူး။ သာထူးတို႔လည္း ေတာ္ေတာ့"
"တစ္ဂိုးေတာ့ သြင္းလိုက္ဦးမယ္ ကိုႀကီး"
"ဘာတစ္ဂိုးမွ မသြင္းနဲ႔ေတာ့ မင္းတို႔ကစားေနတာျဖင့္ ၾကာလွၿပီ။ အကုန္ ဖ်ားကုန္ေတာ့မွာပဲကြာ"
စစ္ပိုင္ ဘယ္ေလာက္ ေျပာေျပာ စစ္ပိုင္စကားကို နားမေထာင္ဘဲ ဆက္ကစားေနၾကေပသည္။
"ေဘဘီ ေတာ္ေတာ့လို႔ ကိုယ္ေျပာေနတာၾကာလား"
"မၾကားဘူး"
"ေအး မၾကားရင္ ကိုယ္လာၿပီ။ မၾကားဘဲ ဆက္ေနေနာ္"
လက္တစ္ဖက္က ထီးကိုေဆာင္းကာ လက္တစ္ဖက္က အနားမွာေတြ႕သည့္ သစ္သားျပားအရွည္ကို ေကာက္ကိုင္ၿပီး ေဘာလုံးကစားရာ ေနရာကို ဆင္းလာလိုက္သည္။
ေဘာလုံးကစားေနသည့္ ေဘဘီ့အနားကို ေရာက္ေအာင္သြားၿပီး မိုးကာမဖုံးမိဘဲ ေပၚေနသည့္ ေျခသလုံးေဖြးေဖြးကို ခပ္ဆတ္ဆတ္ေလး ရိုက္လိုက္သည္။
"အားးးး လူႀကီး"
"ဘာမွ လူႀကီးမေနနဲ႔။ သြား ဆိုင္ကယ္ေပၚတက္"
"လူႀကီးကဗ်ာ"
"ထပ္ရိုက္ခံခ်င္ေသးတာလား"
"သာထူးျပန္မွ ျပန္လို႔ရမွာေပါ့"
"ျပန္ရမယ္ အကုန္ျပန္ရမယ္။ သာထူးေရာ ထူးျခားေရာ တစ္ဖြဲ႕လုံးပါ ျပန္ရမယ္။ ဒီေလာက္ မိုးရြာေနတာကို တစ္ဖြဲ႕လုံး ကမ်ဥ္းေၾကာထေနတာ ေတာ္ေတာ္ၾကာၿပီ။ သြား"
စစ္ပိုင္ ဆူလိုက္ေတာ့ ဆူပုတ္ၿပီး ဆိုင္ကယ္ေပၚ သြားထိုင္ေလသည္။
"သာထူးေအာင္"
"ဗ်ာ ကိုႀကီး . . . ေတာ္ၿပီ . . . ေတာ္ၿပီ"
စစ္ပိုင္က နာမည္ေခၚလိုက္႐ုံနဲ႔ သာထူးေအာင္တစ္ေယာက္ ဆိုင္ကယ္ရွိရာသို႔ ေျပးသြားေလသည္။ ေဘဘီ့ကို တကယ္ရိုက္လိုက္တာကို ေတြ႕ထားသည္မို႔ သူတို႔ကိုပါ တကယ္ရိုက္ေတာ့မည္ ဆိုတာလည္း သိသည္။ အရိုက္ခံရမွာေတာ့ တစ္ဖြဲ႕လုံးေၾကာက္ၾကသည္။ ထူးျခားနဲ႔ တျခားလူေတြက နာမည္ေတာင္ ေခၚစရာမလိုလိုက္ ေဘာလုံးကန္တာကို ခ်က္ခ်င္းရပ္ၿပီး ဆိုင္ကယ္ရွိရာကို ေျပးသြားၾကသည္။
အားလုံး ဆိုင္ကယ္ ေမာင္းထြက္သြားသည္ဆိုေတာ့မွ ေကာက္လာသည့္ သစ္သားျပားကို လႊင့္ျပစ္လိုက္ရသည္။
ေဘဘီကေတာ့ သာထူးအေနာက္က ထိုင္ၿပီး ကိုယ့္ကိုဆူပုတ္ကာ ၾကည့္သြားေလရဲ့။
ေဘဘီ့ကို ၾကည့္ၿပီး ျပဳံးလိုက္မိျပန္သည္။ ဒီကေလးကို ခုရက္ထဲ ခဏခဏ ဆူေနရသည္။ ဆူလိုက္တိုင္းလည္း မ်က္ႏွာကို မိုင္ကုန္ ဆူပုတ္ကာ စိတ္ဆိုးသြားတတ္ေသးသည္။ အဲ့လို ဆူပုတ္သြားတိုင္းလည္း ခ်စ္ဖို႔ေကာင္းလြန္သည္မို႔ ကၽြန္ေတာ့္မွာ အသဲယားကာ အခ်စ္ပိုရျပန္သည္။ ဒီရက္ထဲ ကၽြန္ေတာ္ ကေလးထိန္းေနရေလသည္။
Mon, Aug 16 (16/8/2021/Mon)
**************