ညဉ့်ငှက်

keiwaanjai88 által

19.9K 1.4K 89

အမှတ်မထင် တွေ့ခဲ့ရတဲ့ ညငှက်လေး ဒီငှက်လေးကို သူ ..... MEW Suppasit " I love you " ဆိုတဲ့ စကားသံတိုးတိုးလေး... Több

ညဉ့်ငှက်( အပိုင်း၂ )
ညဉ့်ငှက် (အပိုင်း၃)
ညဉ့်ငှက် (အပိုင်း၄)
ညဉ့်ငှက် (အပိုင်း၅)
ညဉ့်ငှက် (အပိုင်း၆)
ညဉ့်ငှက် (အပိုင်း၇)
ညဉ့်ငှက် (အပိုင်း၈)
ညဉ့်ငှက် (အပိုင်း၉)
ညဉ့်ငှက် အပိုင်း(၁၀)
ညဉ့်ငှက် အပိုင်း‌(၁၁)
ညဉ့်ငှက် (အပိုင်း၁၂)
ညဉ့်ငှက် (အပိုင်း၁၃)
ညဉ့်ငှက် (အပိုင်း၁၄)
ညဉ့်ငှက် (အပိုင်း၁၅)
ညဉ့်ငှက် ( ဇာတ်သိမ်းပိုင်း )

ညဉ့်ငှက် (အပိုင်း၁)

2.7K 112 6
keiwaanjai88 által

ညဉ့်ငှက် .. (အပိုင်း ၁)

" ဟဲ့ အဲဒါ နင်သောက်သုံးမကျလို့ပေါ့ "

" ဟာ ! ကောင်မ လျှာကိုရှည်တယ် "

" ဟဲ့ အကောင် နင် ငါ့ကို ရိုက်တယ် ဟုတ်လား "

" အမလေး လာကြပါအုန်း အရပ်ကတို့ .. "

" ဝုန်း .. ကလွမ် "

ဆူညံသံ အော်ဟစ်သံ ပစ္စည်းတွေ ပစ်ပေါက်ထုရိုက်သံတွေက Gulf တို့ အိမ်လေးစီကနေ
ပွက်လောညံထွက်လာတော့တယ် ..

Gulf သူ့နားနှစ်ဘက်ကို ပိတ်ပြီး
အိမ်လေးထဲက ထွက်လာပြီး
သစ်သားကွပ်ပျစ် ယိုင်နဲ့နဲ့မှာ
ဒူးနှစ်ဘက်ထောင်ပြီး ကျုံ့ကျုံ့လေး
ထိုင်ချလိုက်တယ် ..

ဒါကတော့ Gulf တို့အိမ်ရဲ့ ကြားနေကြဖြစ်တဲ့မိခင်ဖြစ်သူနဲ့ ပထွေးဖြစ်သူတို့ရဲ့ ညစဉ်ညတိုင်းရန်ဖြစ်သတ်ပုတ်နေတဲ့
အသံတွေပဲဖြစ်တော့တယ် .

Gulf မိခင် ဒေါ်နှင်းဆီဟာ Gulf ဖခင်
ဆုံးသွားပြီးနောက်ပိုင်း တစ်ရပ်ထဲသားဖြစ်တဲ့ ဂျင်မီဆိုသူသူ့ထက်
အသက်ထက်ဝက်လောက်‌ငယ်တဲ့ သူနဲ့ နောက်အိမ်ထောင်ထပ်ပြုခဲ့တယ် ..

Gulf ဖခင် ဦကျင်ဟန် ရှိတုန်းကတည်းက
ဒေါ်နှင်းဆီဟာအိမ်ထောင်ရေးကို
အလေးမထား ပေါ်ကြော့နေခဲ့သူ
တစ်ယောက် ..
ဦးကျင်ဟန် အိမ်ထောင်တာဝန်
ကျေပွန်ပေမယ့်
ဒေါ်နှင်းဆီကတော့ ပေါ့ပေါ့နေ ပေါ့ပေါ့စား
အိမ်ထောင်ရှင်မတယောက် ..

အိမ်မှု့ကိစ္စလည်း အလေးမထား ..
ခင်ပွန်းဖြစ်သူကိုလည်း ဂရုမစိုက် ..
သားဖြစ်သူGulfကိုလည်း ကိုယ့်ရင်သွေး
ရယ်လို့ သံယောဇဉ်မရှိ ဘယ်လို မိခင်မျိုး ဘယ်လို အိမ်ရှင်မမျိုး
သတ်မှတ်ခေါ်ရမှန်းတောင် မသိတော့တယ် ..

မိခင်ကပဲ မေတ္တာနည်းလို့လား မသိ Gulfကလဲမိခင်ဖြစ်သူအနားမကပ် ဖခင်နားပဲ
ကပ်တော့တယ် ..

ဒါပေမယ့် Gulf ဘဝက
ကံမကောင်းလှတယ် .. နေ့ညမရွေး
အလုပ်ပင်ပန်းတဲ့ ဒဏ်ကြောင့်
သူ့အလယ်တန်း အချိန်လောက်မှာပဲ
ဦးကျင်ဟန်ရောဂါဖိစီးပြီး ကွယ်လွန်အနိစ္စ ရောက်ခဲ့တော့တယ် ..

ဖခင်ကွယ်လွန်ပြီး မကြာပါဘူး Gulf တို့
အခြေယိုင်ခဲ့တော့တယ် ..
‌မနှင်းဆီဟာ အစကတည်း လက်ကြောတင်း
အလုပ်လုပ်ခဲ့သူမဟုတ်တော့
ဘယ်အလုပ်ကိုမှသူ ရေရှည် မလုပ်နိုင်တယ်

စားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ ဘဝမှာ Gulf ကျောင်းဆက်တက်ဖို့ အခက်အခဲဖြစ်ခဲ့တယ်

" နင်ဝမ်းဖြည့်ပေးဖို့တောင် ငါ သေအောင်
အလုပ် လုပ်နေရတာ
ကျောင်းတက်ချင် ကိုယ့်ကျောင်းစရိတ်
ကိုယ်ရှာ "

ဒါ မိခင်တစ်ယောက်ရဲ့ ‌မေတ္တာလားလို့
Gulfကိုယ့်ကိုကိုယ် တွေးမိတယ် ..

မိခင်က သူ့အပေါ် မေတ္တာစိတ်နည်းလို့ပဲလားမသိGulf ကလည်း မိခင်အပေါ် သံယောဇဉ်နည်းခဲ့တော့တယ် ..

ဒီလိုနဲ့ Gulf ကိုယ့်ကျောင်းစရိတ်ကို ကိုယ်တိုင်ရှာဖွေခဲ့တော့တယ် ..
သူ့ရဲ့အတန်းပိုင် ဆရာမကလည်း Gulf ရဲ့ အခြေအနေကို သိပြီး ဂရုဏာသက်မိတာနဲ့
သူ ထောက်ပံ့နိုင်သလောက်ကို တဖက်ကနေ
ပံ့ပိုးကူညီပေးခဲ့တယ် ..

Gulf အလယ်တန်းအောင်ပြီး အထက်တန်း
တက်ခါနီ အချိန်မှာပဲ သူနဲ့ အသက်
သိပ်မကွာတဲ့ ဂျင်မီ ဆိုတဲ့ တယောက်နဲ့
ဒေါ်နှင်းဆီ အိမ်ထောင်ထပ်ပြီး ထူထောင်
ခဲ့တော့တယ် ..

ဂျင်မီဆိုတာ လူပျင်းလူဖျင်း ရုပ်ရည်လေး
ဗန်းပြပြီး အလုပ်ကို လက်ကြေားတင်းအောင်
လုပ်ချင်တဲ့သူမဟုတ် ..
အရက် ဆေး မိန်းမ အကုန် မလွတ်ကင်း
ဒီလိုလူမျိုးကို မနှင်းဆီ ဘာတွေ
သဘောကျပြီးယူခဲ့တယ်မသိတော့ ..

ဂျင်မီ အိမ်ပေါ်ရောက်လာတဲ့ နေ့ကစလို့
Gulf အနေအထိုင် ကျဉ်းကျုံခဲ့တော့တယ် ..

ဂျင်မီဟာ သိက္ခာမရှိ ယောက်ျားမိန်းမ မရွေး
ထိကပါးရိကပါး လုပ်ချင်တဲ့ တဏှာရူး ..

အထက်တန်းကျောင်းသားအရွယ်ဖြစ်လာတဲ့
Gulf ကိုလည်း မနှင်းဆီ မရှိရင် မရှိသလို
ပြီတီတီနဲ့ ကျောသပ် ခေါင်းပုတ် လုပ်လာ
ခဲ့တယ်

ဒါကို မနှင်းဆီ သိတော့ ဂျင်မီနဲ့
ခဏ ခဏ ရန်ဖြစ်
မနှင်းဆီက ဂျင်မီကို မနိုင်တော့
Gulf အပေါ်မဲနဲ့
ဘာဖြစ်ဖြစ် Gulf ဒီအိမ်ကနေ
ထွက်ပြေးချင်စိတ်ဖြစ်လာရတော့တယ် ..

အခုလည်း ဘာအကြောင်းနဲ့
ရန်ဖြစ်ကြမှန်း မသိ
မကြာခင် သူ့အမေရဲ့ ဆဲ ဆို ပြောသံတွေ က
Gulf နားထဲ ရောက်လာတော့မယ် ..

" Gulf , မင်းအမေနဲ့ ပထွေး
ရန်ဖြစ်ပြန်ပြီလား "

" ထုံးစံအတိုင်းပေါ့ Lhong ရာ
စိတ်ညစ်တယ်ကွာ"

" လာ လာ ငါတို့ အိမ်ကို လိုက်ခဲ့ "

Lhong တို့ အိမ်ဘက်
Gulf လိုက်လာခဲ့လိုက်တယ်

Lhong ဆိုတာ သူနဲ့အလယ်တန်း‌ထိ
အတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်း..
Lhong တို့ အခြေအနေနဲ့ Gulf တို့အခြေအနေက မထူးမခြားနား..

ထူးခြားတာက Lhongက လူလည် ..
ဘာဆို ဘာ သူ လည်လည်ပတ်ပတ်ရှိတယ် ..

အလယ်တန်းဖြေပြီးတာနဲ့ ဘန်ကောက်
သွားပြီး အလုပ်လုပ်လိုက်တာ
သူတို့မိသားစု အခြေအနေ
တော်တော် ချောင်လည်လာခဲ့တယ် ..

မင်း ဘာအလုပ်တွေ လုပ်တာလည်းလို့
Gulf မေးရင်တော့..
ညဘက် ကလပ်တွေမှာ သန့်ရှင်းရေးတို့
တောက်တို့မယ်ရပေါ့ကွာလို့
Lhong ‌ဖြေတတ်ခဲ့တယ် ..

အလယ်တန်းအဆင့်ဦးနှောက်ဆိုတော့ Lhong ပြောသမျှ Gulf ဟုတ်တယ်ပဲ
ထင်ခဲ့မိတယ် ..

ဒါပေမယ့် သူ အထက်တန်းရောက်လာတော့
သိသင့်တာကို သူ သိလာခဲ့တယ် ..

အလယ်တန်းလောက်ထဲက အလုပ်လုပ်တဲ့
Lhong အခြေအနေက တဖြေးဖြေး
ထူးခြားလာတယ် ..

တစ်နှစ် နှစ်နှစ် အတွင်းမှာ Lhong လည်း
ပိုပြီး တောက်ပြောင်လာတယ် ..

အပြေအဆို အနေအထိုင် ပြောင်းလဲ
လာတယ်
အရင်ထက် ပိုပြီး သွက်လက်ရဲတင်း
လာတယ်လို့Gulf စိတ်ထဲ ထင်မိတယ် ..

" Gulf နင့်အမေနဲ့ပထွေး သတ်ပြန်ပြီလား "

Lhongအိမ်ကို လိုက်လာတဲ့ Gulf ကို
မြင်တာနဲ့ Lhong အမေ ဒေါ်သိန်း လှမ်းမေးလိုက်တယ် ..

" ဟုတ်တယ်အမေ အဲဒါကြောင့်
ကျတော် သူ့ကို ခေါ်လာတာ "

" Lhong နင် ဒီတခါ ဘန်ကောက်ပြန်ရင် Gulf ကိုခေါ်သွားပြီး နင်တို့ဆိုင်မှာ
အလုပ်သွင်းပေးလိုက်ပါလား
သူလည်း ကျောင်းပိတ်ထားတုန်း "

" ဟုတ်သားပဲ Gulfမင်း ငါနဲ့ လိုက်ခဲ့ပါလား "

Lhong နဲ့ သူ့အမေပြောတာကို
Gulf စဉ်းစားလိုက်မိတယ် ..
မကြာခင် သူလည်း နှစ်ဝက် စာမေးပွဲ ပြီးလို့
ကျောင်းပိတ်တော့မယ် ..
အဲဒီအချိန် ဒီမှာ သူ အလုပ်လုပ်လည်း
လုပ်ခက များများစားစား ရတာမဟုတ် ..
သူ့အမေကို ပြန်ပေးရတာနဲ့ သူ့ကျောင်းစရိတ်ကျန်အောင် မနည်း စုနေရတာ ..
Lhong နဲ့ လိုက်ပြီး အလုပ်လုပ်ရင် ဒီမှာထက်
လုပ်ခလည်း ပိုရမယ်..
မိခင်နဲ့ ပထွေးရဲ့ ရန်ပွဲတွေရန်ကလည်း
သူ ခဏတော့ လွတ်ကင်းသွားမယ် ..

" Lhong မင်း ငါ စာမေး‌ပွဲ ပြီးတဲ့အထိ
ခဏစောင့်နိုင်မလား "

" ဘာလည်း မင်း လိုက်ခဲ့မလို့လား Gulf "

" အေးကွ "

" ရတယ်လေ ငါ သူဌေးကို ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောပြလိုက်မယ် "

" မဲ့ ကျတော် Lhong နဲ့ ဘန်ကောက်ကို
အလုပ်လိုက်လုပ်မလို့ "

" နင်ဘာသာ လုပ်ချင်တဲ့နေရာမှာလုပ်
ငါစိတ်မဝင်စားဘူး ..
အေး ဒါပေမယ့် ပြသာနာတခုခု
ဖြစ်လာရင်တော့ကိုယ့်ပြသာနာကိုယ်ရှင်း
ငါ့ကို အမှု့မပတ်စေနဲ့ "

ဘယ်လိုမိခင်မျိုးလည်း ကိုယ့်သွေးသားကို
တခြားလူတ‌စ်ယောက်ကို ပြောသလိုမျိုး
ပစ်စလက်ခတ် ပြောလိုက်တာ ..

သူ့မိခင်ကို ကြည့်ပြီးသူ့ဟာ သားအရင်းမှ
ဟုတ်ရဲ့လားလို့ Gulf တွေးလိုက်မိတယ် ..

ဒီလိုနဲ့ Gulf သူ ရဲ့ နှစ်ဝက်စာမေးပွဲ ပြီးတာနဲ့
Lhong နဲ့ အလုပ်လုပ်ဖို့ ဘန်ကောက်ကို
လိုက်သွားခဲ့တော့တယ် ..

🐦🐦🐦🐦🐦

" Palace Hotel .. "

ချင်မိုင်မြို့မှာ ရှိတဲ့ အကြီးဆုံးနဲ့
အဆင့်မြင့်ဆုံး ဟိုတယ် ..

ပိုင်ရှင်ကတော့ MEW Suppasit ဆိုတဲ့
ထိုင်လူမျိုးစပ်တစ်ယောက် ..
မိဘတွေကတော့ မရှိတော့ ..
တစ်ယောက်ထဲသမား ..
အပျော်အပါး မိန်းမကိစ္စဆိုတာ အာရုံမရှိ
ခေါင်းထဲမှာ အလုပ်ပြီးအလုပ်ကလွဲလို့
ဘာမှမရှိသူတစ်ယောက် ..

တစ်ယောက်ထဲ အထီးကျန်တယ်လို့
ခံစားမိတိုင်း
MEW အလုပ်တွေပဲ ဖိလုပ်ခဲ့တယ် ..

သူ့ရဲ့ဝန်ထမ်းတွေ လုပ်ဖော်ကိုင်ဖက်တွေကတော့MEW ကို အေးစက်မာကျောတဲ့ ရေခဲလူသားလို့သူ့ နောက်ကွယ်မှာ
သတ်မှတ်ကြတယ် .

သူများတွေ ဘယ်လိုပဲ သတ်မှတ်သတ်မှတ်
MEW ကတော့ သူ့ရဲ့ကမ္ဘာနဲ့သူ
ကျေနပ်နေတော့တယ် .

ဟိုတယ်ကြီးရဲ့ ballroom ထဲမှာတော့
လူတွေစည်းကားများပြားနေတယ် ..
အများဆုံးက စီးပွားရေး လုပ်ငန်ရှင်တွေ ..

ဒီနေ့ Palace ဟိုတယ်ရဲ့ နှစ်ပတ်လည်အခမ်းအနား ပါတီပွဲ ကျင်းပနေချင်းပေ .

တကယ်တော့ ဒီပါတီပွဲကို အကြောင်းပြုပြီး
MEW နောက်ထပ် အခြေခိုင်တဲ့ စီးပွားရေးလုပ်ငန်းတခုကို ရှာဖွေနေချင်းပဲဖြစ်တယ် ..

MEW ဘန်ကောက်လို့ မြို့ကြီးမှာ
နောက်ထပ် စီးပွားရေးအခြေချချင်ခဲ့တယ် .
ဒါပေမယ် ဘန်ကောက်လို မြို့ကြီးရဲ့ စီးပွားရေးဈေးကွက်ကို တိုးဝင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ခဲ့ ..
ကိုယ်တိုင် အခြေချလုပ်ကိုင်ချင်ပေမယ့် အဆက်အသွယ်နဲ့ မိတ်ဖက်မရှိရင်
သူ့အတွက် လွယ်ကူမှာမဟုတ်ဘူးဆိုတာ MEW တွေးပြီး အရင်ဆုံး ခိုင်မာတဲ့
လုပ်ငန်းတခုမှာ ရှယ်ယာသဘောမျိုး ဝင်ပြီး လုပ်ငန်းသဘောသဘာဝအကြောင်းကို လေ့လာသင်ယူချင်မိတယ်..

အဲဒါကြောင့်လည်း ဟိုတယ်ရဲ့
နှစ်ပတ်လည်ပွဲမှာစီးပွားရေးသမားတွေ ရှယ်ယာရှင်တွေကိုပဲ MEW ရွေးပြီး ဖိတ်ကြားခဲ့လိုက်တယ် ..

သူတို့နဲ့ စကားပြောဆိုကြည့်ရင်တော့
သူတို့ရဲ့လုပ်ငန်းအခြေ ဘယ်လောက်
ခိုင်မာတယ် တိုးတက်ဖွံ့ဖြိုးမှု့ရှိတယ်ဆိုတာ ဘယ်လုပ်ငန်းကသူ့အတွက် အကျိုးရှိနိုင်မယ်ဆိုတာ သူ သိနိုင်တယ်ဆိုတာ တွေးပြီး
MEW စဉ်းစားစီစဉ်ခဲ့‌ တော့တယ် .

" Hello MEW "

‌" ဟေး မူယာ
နင်ကဘယ်လိုရောက်လာတာလဲ "

MEW သူနဲ့ကျောင်းနေဘက်မူယာကို
တွေ့လိုက်တော့ အံဩပြီး နှုတ်ဆက်
လိုက်တယ် ..

" ... ဆိုတဲ့လုပ်ငန်းစုလေ နင်သိတယ်မလား "

" အင်းသိတယ်
ငါ့တောင် ဖိတ်ထားသေးတယ် "

" အဲဒီလုပ်ငန်းစုက သားအငယ်နဲ့ငါက ဒီလို "

မူယာသူ့လက်တဖက်ကို ထောင်ပြီး
MEW ကိုပြလိုက်တယ် .

မူယာလက်သူကြွယ်မှာ ဝတ်ထားတဲ့
လက်စွပ်ကိုမြင်ပြီး MEW သဘောပေါက် ပြုံးလိုက်တယ်

" အောဟော ဒီလိုလား "

" အင်း ငါနဲ့ စေ့စပ်ထားတာ
မကြာခင်လက်ထပ်တော့မှာလေ "

" ဝမ်းသာပါတယ်ဟာ ငါ့သူငယ်ချင်း "

" နင်ရော MEW တစ်ယောက်ထဲနေတာ
မကောင်းဘူးနော်
အဖော်လေးဘာလေး ရှာတော့ ..

" ငါ့ နှလုံးသားက
အိပ်ပျော်နေတာခက်တယ်ဟ"

" နင်က မနှိုးပဲထားလို့ဖြစ်မှာပေါ့ "

" ဟား ဟား နင်ကတော့လေ "

" အေးဆေးနေနော် မူယာ ငါ ဟိုဘက်ခဏ "

" အေး သွား သွား MEW "

ထွက်သွားတဲ့ MEW ကို မူယာ လိုက်ကြည့်
လိုက်တယ် ..
အဘက်ဘက်က ပြည့်စုံနေတဲ့ MEW ကို
မူယာအပါအဝင် ဒီမြို့က အမျိုးသမီးတွေ
ခင်ပွန်းလောင်အဖြစ် စိတ်ကူးရင်ခဲ့မိကြတယ်

စိတ်ကူးသာရှိခဲ့ကြတာ လက်တွေ့မှာတော့
MEW ဟာ တကယ်ကိုပဲ မတုန်မလှုပ်
ရေခဲတုံး

သူ့ကို မူယာတို့ တမျိုးတောင်
ထင်ခဲ့ကြမိတယ်

အဲလိုထင်ရလောက်အောင်လည်း
MEW ပုံစံကမဟုတ်တော့ မူယာတို့
ဘယ်လိုနားလည်ရမှန်းမသိနဲ့ ကိုယ့်စိတ်ကိုကိုယ်ပြန်သိမ်းပြီး နောက်ဆုတ်လိုက်ကြ
တော့တယ် ..

" Hi ကျနော် Kai ပါ .. "

" အော် ဟုတ်ကဲ့ "

ရုတ်တရက် သူ့နာမည်ကတ်ထုတ်ပေးပြီး
မိတ်ဆက်လိုက်တဲ့ လူတယောက်ကို
MEW ပြန်ပြီး နှုတ်ဆက်လိုက်တယ် ..

" ဒီက MEW နော်
လုပ်ငန်း Partner ရှာနေတယ်ကြားလို့ "

MEW ဒီလိုအတွေးရှိတယ်ဆိုတာ အကြောင်း လူနည်းစုလောက်သာသိထားတာ ..
MEW တခါမှမတွေဘူး ဒီတစ်ယောက်က ဘယ်လို အနံခံမိပါလိမ့် ..

" ကျတော်က
ရှယ်ယာဈေးကွက်မန်နေဂျာပါ ..
ရှယ်ယာဝင်ချင်တဲ့သူနဲ့ တဘက်ကလုပ်ငန်းရှင်ကိုချိပ်ဆက်ပေးတဲ့ ပွဲစားပေါ့ဗျာ .. "

ဪ လက်စသပ်တော့ သူက ကြားကနေ
အမြတ်စားချင်‌လို့ သူ့ကို လာဆွယ်နေတာ . .

MEW စိတ်ထဲကနေ ရယ်လိုက်မိတယ် ..

" ကျတော်လည်း ဘာမှ
မဆုံးဖြတ်ရသေးပါဘူး
ဘန်ကောက် လာတော့မှ ဆက်ပြီး
စကားပြောကြတာပေါ့ဗျာ "

" ဟုတ်ကဲ့ ကျတော့်ကို ဆက်သွယ်လိုက်ပါ
MEW အတွက် အကောင်းဆုံး လုပ်ငန်ရှင်နဲ့
ကျတော် ဆက်သွယ်ပေးပါမယ် "

" ဟုတ် ကောင်းပါပြီခင်ဗျာ "

Kai ဆိုသူကို စကားပြောပြီးတာနဲ့
MEW ထွက်လာခဲ့လိုက်တယ် ..

အလုပ်ကမလုပ်ရသေးဘူး သူ့အပေါ်
လူလည်လုပ်ချင်တဲ့သူနဲ့ လာတွေ့နေရတယ် ..

MEW ကတော့ ဘယ်လောက်ပဲ
ကိုယ်မရင်းနှီးတဲ့ ပတ်ဝန်ကျင်
အစိမ်းသက်သက်ဖြစ်နေပါစေ
ကိုယ်တိုင်ပဲ စမ်းသပ် စိန်ခေါ်ကြည့်ဖို့
ဆုံးဖြတ်လိုက်တော့တယ် ..

🐦🐦🐦🐦🐦

Lhong နဲ့ ဘန်ကောက်ကို လိုက်ပြီး
Gulfအလုပ်လုပ်ခဲ့တာ အတိုင်းအတာတခုထိ
အဆင်ပြေလာခဲ့တယ် ..

အထက်တန်းပထမနှစ်ဝက် ကျောင်းပိတ်ချိန်
Lhong နဲ့ အလုပ်အတူတူ လိုက်လုပ် ..
ကျောင်းဖွင်ခါနီးတော့ သူ့မြို့ကို ပြန်လာ ကျောင်းဆက်တက်ခဲ့တယ် ..

တံငါနားနီးဆိုသလို Lhong နဲ့လိုက်ပြီး
ကလပ်မှာ သန့်ရှင်းရေးလုပ် တခါတလေ
စားပွဲထိုးလုပ်နဲ့ လုပ်လာခဲ့လိုက်တာ ..
Lhong ဘာလုပ်တယ်ဆိုတာ
သူ နားလည်လာရတယ် ..

Lhong ကတော့ တကယ့်ကို
လူရည်လည်နေတဲ့
ဧည့်ခံဖျော်ဖြေရေးသမား
ဖြစ်နေတော့တယ်..

ယောက်က်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် သူ့ကို
အလိုရှိလာရင် ဝိုင်ထိုင်ပြီး အရက်သောက် ..
ဟို ဧည့်သည်တွေက ထိကပါးရိကပါး
လုပ်သမျှငြိမ်ခံပြီး သူတို့ပေးသမျှ
ငွေကြေးကို ယူတော့တယ် ..

တခါတလေ ဧည့်သည်တွေကားနဲ့
လိုက်သွားပြီးမိုးလင်းမှ
ပြန်လာတတ်တာမျိုးလည်း
Gulf ခဏခဏ ကြုံရတတ်တယ် ..

မင်း သူတို့နဲ့လိုက်သွားပြီး
ဘာလုပ်ပေးရလဲလို့Gulf မေးရင်တော့ ..
ဒီအတိုင်း အရက်ထိုင်သောက်ပေးရတာလို့
ပြောတတ်ပေမယ့်..
ဒီလောက်လေး လုပ်ပေးယုံနဲ့
Lhong ပိုက်ဆံတွေအများကြီး
ရပါ့မလားလို့ Gulf တွေးမိတယ် ..

အရက်သောက်ပေး အတူထိုင်ပေးယုံလောက်
မဟုတ်ဘူးဆိုတာ Gulf ရိပ်မိလိုက်တယ် ..

ဒါဆို Lhong က သူ့ခန္ဓာပါ
ရောင်းစားနေတာလား

Lhong ကို Gulf မေးကြည့်ချင်ပေမယ့်
သူ့ကို အားနာတာနဲ့ မြိုသိပ်ထားခဲ့မိတယ် ..

ဒါပေမယ့် တစ်နေ့တော့ သူ့အတွေးကို
သိနေသလိုGulf ကို Lhong
ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တယ်

" ဟုတ်တယ် Gulf မင်းထင်နေသလိုပဲ တဲ့ "

Gulf အံ့ဩသွားတာကလွဲပြီး Lhong ကို
ဘာမှ ကောင်းတယ် ဆိုးတယ် မဝေဖန်
ခဲ့တယ်

Lhong ကျေးဇူးကြောင့်သာ သူ သင်ချင်တဲ့
အတန်းပညာကို ဆက်သင်ခွင့်ရခဲ့တာ
မဟုတ်လား
သူလည်း တစ်နေ့ ဒီလမ်းကို မလျှောက်ရဘူး
ဘယ်သူမှ မသိနိုင်ဘူးလေ ..

ဒီလိုနဲ့ Gulf အလုပ်လုပ်လိုက်
ကျောင်းတက်လိုက်လုပ်လာခဲ့တာ အထက်တန်းကျောင်းပြီးသွားပြီး
တက္ကသိုလ်တက်ဖို့ ဖြစ်လာတော့တယ် .

တက္ကသိုလ်တက်ရင်တော့
သူ သန့်ရှင်းရေလုပ်ရုံစာပွဲထိုးနေရုံ ဝင်ငွေနဲ့
မလုံလောက်တော့ ဒီထက် အများကြီး
သူ ပိုပြီး ရှာမှဖြစ်တော့မယ်

" အထက်တန်းအောင် တော်ပီပေါ့
အလကားပိုက်ဆံအပိုကုန်အောင် "

Gulf မိခင် ဒေါ်နှင်းဆီကတော့ ထုံးစံအတိုင်း
ကိုယ်ရှာကျွေးနေရတာလည်း မဟုတ်ပဲ
မြည်တွန် တောက်တီးနေတော့တယ် ..

" ခင်ဗျား သားက အလကား
ဘဝင်မြင့်နေတာ"

"ခင်ဗျား ဘာမှ ဝင်ပြောစရာမလိုဘူး ကိုဂျင်မီ
ကျုပ် ကျောင်းစရိတ် ကျုပ်ဘာသာ ရှာတာ
ခင်ဗျား သာ ကျုပ်အမေလုပ်စာ
ထိုင်စားနေတာကိုယ့်ကိုကိုယ် ရှက်တတ်ဖို့ ကောင်းတယ် "

" ဘာ ! ဘာကွ မင်းက
အစွယ်လေးထွက်လာတော့
အာခံချင်တာပေါ့"

" Gulf တော်စမ်း နင် လူကြီးကို "

" လူကြီးက လူကြီးလို နေရင်
ကျုပ်ဘာမှ ပြောစရာမလိုဘူး "

ကိုယ့်အမေကပါ ကိုယ်ဘက်မပါ
တစိမ်းဘက်ယိမ်းနေ‌တော့
Gulf စိတ်ပျက်ပျက်နဲ့ အိမ်ဝိုင်းက
ထွက်လာခဲ့တော့တယ် ..

အိမ်မှာ ခဏလေးနေ ခဏလေး
ပြသာနာဖြစ်ရတယ် ..
Gulf ဘန်ကောက်ပဲ အမြန်ပြန်ဖို့
တွေးလိုက်တယ်

ဒီတခါတော့ Gulf တက္ကသိုလ်တက်ခါနီးမှပဲ
သူ့မြို့ကိုပြန်လာတော့မယ်လို့ ဆုံးဖြတ်
လိုက်တယ် ..

🐦🐦🐦🐦🐦

" ဘာ ! Gulf မင်း ဘာပြောလိုက်တယ် "

မင်းလို ဆိုင်မှာ ထိုင်ပြီး ဧည့်ခံပေးရတာမျိုး
ငါလည်း လုပ်ချင်တယ်လို့ ပြောလိုက်တဲ့ Gulf စကားကြောင့် Lhong မျက်လုံးပြုးသွားရတယ်

Gulf ဘာအတွေးနဲ့ ဒီလိုတွေလုပ်နေပါလိမ့် ..

" ဟုတ်တယ် Lhong ငါ တက္ကသိုလ်တက်ရင်
ပိုက်ဆံ ဒီထက် ပိုလိုလာပြီ ..
အဲဒါကြောင့် ဆိုင်မှာ ဧည့်ခံပေးရတဲ့
အလုပ်မျိုး ငါ လုပ်မလားလို့ "

" မင်း လုပ်နိုင်ပါ့မလား Gulf အဲဒါ ဘယ်လိုအလုပ်ဆိုတာ မင်းလည်း မြင်သိနေတာ ..
မင်း ပထွေး မင်းကို ထိကပါး လုပ်တာ
မခံချင်လို့မင်း ရှောင်ထွက်ပြီး
အလုပ်လုပ်နေတာ ..
အခု ဒီလို အလုပ်ကို မင်းလုပ်မယ်ဆိုတော့
သီးခံနိုင်ပါမလား .. "

" ငါ ဒီ အလုပ်ကို အမြဲလုပ်မှာမဟုတ်ဘူး Lhongဒီထက်ကောင်းတဲ့ ဘဝကို
ငါ့တက်လှမ်းမှာ ..
ဒါပေမယ့် ငါတို့ရဲ့အခြေအနေက
အဲလို လှမ်းဖို့ကိုယ့်အားကိုယ်ကိုး ရတဲ့
ဘဝတွေဖြစ်နေတာ

ရောမရောက်ရင် ရောမလို
ကျင့်ရမှာပဲပေါ့ ကွာ "

Lhong သက်ပြင်းရှိုက်ရုံကလွဲလို့ ..

ညဉ့်နက်လေ အမှောင်ထုက ကြီးစိုးလေ ..
အလင်းမရောက်ခင်တော့ အမှောင်ထဲမှာ
သူတို့ လျှောက်လှမ်း ကြရအုန်းမှာပေါ့ ...

" Lhong ငါ ဝတ်စားထားတာ
ဘယ်လိုလည်း"

Gulf ဝတ်စားထားပုံကြည့်ပြီး
Lhong လူမှားသွားတယ် ..

ခုမှ Gulf ရဲ့ နုပျိုတဲ့ ရုပ်ရည်က
ရုပ်လုံးကြွသလိုရုပ်ထွက်လာရတယ် ..
အဝတ်အစား အပြင်အဆင်ကလည်း လူကို
တော်တော်လေး ပြောင်းလဲစေတယ် ..

ဒီနေ့တော့ ဆိုင်မှာ Gulf ကပေါ်ပြူလာ
ဖြစ်နေတော့မယ်လို့ Lhong ထင်မိတော့တယ် ...

ဆိုင်မှာ လုပ်လာတာ ကြာပြီး ဒါတွေကို
အမြင်နဲပဲ တတ်နေလို့လား ဒါမှမဟုတ်
Gulf သူ့စိတ်ကို ဆုံးဖြတ်ထားတဲ့ အတိုင်း
လုပ်လိုပဲလားတော့ မသိ Gulf ဟာ သူတို့
ဆိုင်ရဲ့ နာမည်ကြီး ယောက်ျားလေး
ညဉ့်ငှက်တစ်ကောင် ဖြစ်လာတော့တယ် ..

Club ကို လာသမျှ ‌ယောက်ျားတိုင်း
Gulf ကိုပဲအရင်မေး ရှာတတ်ခဲ့တယ် ..
ဒါပေမယ့် Gulf ဟာ ပိုက်ဆံရတာသိပေမယ့်
ပိုက်ဆံနောက်ကို ရူးရူးမိုက်မိုက်တော့
မလိုက်ခဲ့ တစ်ညတာ သူရချင်တဲ့
ပိုက်ဆံရရင် ဘယ်အရက်ဝိုင်းမှ မထိုင်တော့ တခါတည်း အဝတ်အစား လဲ ပြီးတာနဲ့
ဆိုင်အနောက်မှာ သန့်ရှင်းရေး လုပ်နေ
လိုက်တော့တယ် ..

" Gulf မင်း ပြီးရင်ပြန်ကြမယ် "

" အေး Lhong. ပြီးပြီ
ဒီနေ့မင်း အပြင်မလိုက်ဘူးလား "

" ငါ နေမကောင်းချင်သလို ဖြစ်နေလို့ "

" အိုကေ ခဏစောင့် "

Locker ထဲကနေ Gulf သူ့ကျောလွယ်အိတ်ကို အပြေးသွားယူလိုက်တယ် ..

MEW ကားမောင်းလာရင်း
ဘန်ကောက်လမ်းပေါ်မှာ
မျက်စိလည်နေရတယ်

တစ်ယောက်ထဲ ကိုယ့်ဘာသာလုပ်မယ်ဆိုတဲ့
စိတ်က သူ့ကို ဒုက္ခပေးနေပြီ ..

ဘန်ကောက်မှာ ရှိတဲ့ သူ့မိတ်ဆွေက
လိုက်ပို့မယ်ဆိုတာကို လက်မခံပဲ
ထွက်လာခဲ့တာ
ကားကလည်း ဘာဖြစ်မှန်းမသိ စက်က
ရပ် ရပ် သွားလိုက် ..
အဲဒီကြားထဲ ဘန်ကောက်ရဲ့
လမ်းတွေကများနဲ့
MEW မျက်စိတွေလည်ပြီး သူ တည်းခိုမယ့်
ဟိုတယ်ကို မရောက်နိုင် ဖြစ်နေရတယ် ..

" ဝူး .. ဝူး .. "

နောက်ဆုံး ကားက ဘယ်လိုမှ မောင်းမရ
စက်ရပ်ပြီး လမ်းဘေးတစ်နေရာကို
ထိုး ဆိုက်သွားတော့တယ် .. ..

Gulf နဲ့ Lhongတို့ ပြန်တော့မယ် ဆိုပြီး
ဆိုင်ထဲကထွက်လာကြတာ သူ့တို့ ဆိုင်နဲ့ မလှမ်းမကမ်းမှာကားတစ်စီး ထိုးရပ်သွားတာ သူတို့တွေ့လိုက်ရတယ် ..

" Gulf ဟိုမှာ ဧည့်သည်လားမသိဘူး "

တချို့ ဆိုင်မထိုင်ပဲ ဒီလို ကားနဲ့ ခေါ်သွား
တတ်တာတွေ ရှိတော့ Gulf ကို Lhong လက်ညှိုးထိုးပြလိုက်တယ် ..

" ကားက ရှယ် အကောင်းစားကြီးကွ ..
အဲလို လူမျိုးတွေက ဒါ သိပ်ကျတာ "

လက်ညိုးနဲ့ လက်မထိပ်ကို
Lhong ဝိုင်းပြလိုက်တယ် ..

" ငါ ဒီနေ့ နေမကောင်းလို့သာ
Gulf မင်း သွားကြည့်ပါလား "

" ဟာ ! ငါ အဲတာမျိုးကြီးတော့
မလုပ်ချင်ဘူး"

" တချို့က စကားပြောဖော်လိုချင်လို့
ငါတို့ကို လိုအပ်တာမျိုးတွေ ရှိတတ်ကြတာ
အဲလို လူမျိုးဆို မင်း ဘေးကနေ သူပြောသမျှ
နားထောင်ပေးယုံပဲ ..
ဟိုမှာ ကားရပ်နေတာ အကြာကြီး
သွား မေးကြည့်လိုက်ပေါ့ကွာ ..
တကယ်လို့ မင်း မလုပ်ချင်တာမျိုးပြောရင်
ငြင်းလိုက်လို့ရတာပဲ "

Lhong ပြောတာလည်း ဟုတ်တာပဲ ..
သူ မလုပ်ချင်တဲ့ အခြေအနေမျိုးဆို
ငြင်းလိုက်လို့ဖြစ်နေတာ ..

" အိုကေ ငါ စမ်းကြည့်မယ်ကွာ "

Lhong ကို ပြောပြီး Gulf ရပ်နေတဲ့ ကားစီ
လျှောက် သွားလိုက်တယ် ..

" Hi bro "

" ဘာ ကူညီရမလည်း "

ကားပြတင်းပေါက်ကနေ သူ့ကို ငုံ့ပြီး
မေးလိုက်တဲ့
ကောင်လေးတစ်ယောက် .

MEW ပတ်ဝန်းကျင်နဲ့ အချိန်ကို
ကြည့်လိုက်တော့
လူကောင်းတွေ ရှိသင့်တဲ့ အချိန်အခါမျိုး
မဟုတ်တော့ ..

ဒါဆို ဒီကောင်လေးက ဘာလည်း သူ့ကို
ကူညီယောင်ဆောင်ပြီး ဒုက္ခပေးတဲ့သူလား ..
ဒါမှမဟုတ် ...

" ကိုယ် လမ်းမှားနေလို့
မင်းကူညီပေးနိုင်မလား "

ဘယ်လိုပဲဖြစ်ဖြစ် MEW အခက်အခဲကို
ပြောလိုက်တယ် ..

လက်စသပ်တော့ ဒီလူက
ကားပျက်နေတာကိုး

မထူပါဘူး သူလည်း
အခြေအနေကြည့်တာပေါ့

" ခင်ဗျားက ဘယ်ကိုသွားမလို့လည်း "

" Jade ဟိုတယ်ကို "

" ကျွန်တော် လိုက်မောင်းပေးမယ်လေ
ဒါပေမယ့်အခတော့ ပေးရမယ် "

ရလာသမျှ ဂွင်ကို Gulf အမိဖမ်းဖို့
လုပ်လိုက်တယ်

ပိုက်ဆံစကား ပြောလိုက်ထဲက ဒီကောင်လေး
ဘာ ဆိုတာ MEW အထာပေါက်လိုက်တယ် .
ဒီလို မြိုပြကြီးမှာ ဒီလိုအလုပ်တွေကို
မိန်းကလေးတောင်မဟုတ် ယောက်ျားလေးပါ
လုပ်ကြတယ်လား ..
MEW အထူးအဆန်းတွေ မြင်လိုက်ရတယ်

" ရပါတယ်ကွာ မင်း ဘယ်လိုတွက်ယူလည်း
မင်း အချိန်ကုန်သွားသလောက်
ကိုယ်‌ပေးပါ့မယ် "

" အိုကေ အဲဒါဆို ခင်ဗျား ဒီဘက်ပြောင်း
ကျတော် မောင်းမယ်"

သူ့အတွက် ပိုက်ဆံရမယ်ဆိုတာ
သိလိုက်တော့ Gulf ကား လိုက်မောင်းပေးဖို့ သဘောတူ လိုက်တယ် ..

MEW ရွေ့ပေးတဲ့ မောင်းတဲ့သူနေရာမှာ
ဝင်မထိုင်ခင် သူ့ကို အခြေအနေ ကြည့်နေတဲ့ Lhong ကို Gulf အိုကေ ပြလိုက်တယ် ..

" ဟာ ! ခင်ဗျား ကားက အသစ်ကြီးပဲ "

ကားစီယာတိုင်ကို ကိုင်ကြည့်ပြီး
Gulf အံအားသင့်သလို ပြောလိုက်တယ် .

" ဝူးးးးးး "

ကားကို ဂီယာထိုးပြီး ခပ်ကြမ်းကြမ်း
မောင်းထွက်လိုက်တာကြောင့်
MEW အမိုးလက်ကိုင်ကို ကိုင်ထား
လိုက်ရတယ် ..

" ကားအသစ်ဆိုတာ
ဒီလို ကြမ်းကြမ်းကိုင်ရတယ် သူ့ကို နုနေရင် ခင်ဗျားကား ဒီလိုပဲ ထိုးရပ်နေမှာ "

လမ်းပေါ်မှာ ကားတွေကလည်း ရှင်း
Gulf ကလည်း အမြန်မောင်းလိုက်တော့ ..
MEW သူ သွားချင်တဲ့ ဟိုတယ်ကို တန်းတန်းမတ်မတ်ရောက်သွားတော့တယ် ..

" ကဲ ခင်ဗျား ပြောတဲ့ ဟိုတယ်ရောက်ပြီ "

ကားပေါ်က ဆင်းလိုက်ပြီး Gulf ကားသော့
MEWကို လှမ်းပေးလိုက်တယ် ..

" Thank you "

MEW ကားသော့ လှမ်းယူရင်း ပိုက်ဆံ
အထပ်လိုက် ထုတ်ပေးလိုက်တယ် ..

" မင်း လုပ်အားခ
ဒီလောက်ဆို လုံလောက်လား "

သူ့ကို လှမ်းပေးတဲ့ ပိုက်ဆံအထပ်ထဲက
သူ့ လုပ်အားခနဲ့ ညီမျှသလောက်ပဲ
Gulf ဆွဲယူလိုက်တယ် ..

" ဒီလောက်ဆို လုံလောက်ပါပြီ သွားပြီဗျ "

သူလိုသမျှပဲ ယူပြီး ထွက်သွားတဲ့
ကောင်လေးကိုMEW အံ့ဩပြီး
သူထွက်သွားတဲ့ အနောက်ကို
လိုက်ပြီး ကြည့်နေမိတယ် ..
တခြား ဒီလို အလုပ်လုပ်တဲ့သူဆို သူပေးတဲ့
ပိုက်ဆံအထပ်လိုက် အားရဝမ်းသာ
ယူလိုက်မှာ

ဒါပေမယ့် ဒီကောင်လေးကတော့
အဲလိုမဟုတ် ..
ပြီးတော့ သူ့ကိုလည်း ဘာအထာမှ‌မပေး ..

ဘယ်လိုကောင်လေးပါလိမ့် ဒီအလုပ်ကို
လုပ်နေကြမှ ဟုတ်ရဲ့လား ..

ဟိုတယ်ကြီးရဲ့ ထိုင်ခုံတန်းမှာ ထိုင်နေတဲ့
ညဉ့်ငှက်လေးကို MEWစိတ်ဝင်စား
သွားရတယ်

" ဟေး "

ခုံတန်းမှာထိုင်ပြီး သူနေတဲ့ နေရာကို ဘယ်လို
ကားစီးရမလဲ စဉ်းစားနေတုန်း လှမ်းခေါ်သံ
ကြားတာနဲ့ Gulf လှည့်ကြည့်လိုက်တယ် ..

" ဒီည မင်း တခြားအလုပ်ရှိသေးလား "

" မရှိဘူး ဗျ ပြန်တော့မှာ "

" အဲဒါဆို မင်းကို ကိုယ် ငှားလို့ရမလား "

သူ့အရှေ့က လူကို
Gulf စူးစမ်းကြည့်လိုက်တယ်

လူရည်သန့် လူကြီးလူကောင်း
စီးပွား‌‌ရေးသမားပုံစံ ..
သူထက်တော့ အသက်ကြီးမယ်ပုံ ..

" ခင်ဗျားက ဘယ်လို့မျိုး ငှားချင်တာလည်း
ကျုပ်က အရက်သောက်ပေးတာကလွဲရင်
Sex ကိစ္စ မလုပ်ဘူးဗျ "

ပွင့်ပွင့်လင်းလင်း ပြောလိုက်တဲ့
ကောင်လေးကြောင့် MEW ရှက်ပြီး
ရယ်လိုက်မိတယ် ..

" မဟုတ်ပါဘူးကွာ ကိုယ်တယောက်ထဲ
ဖြစ်နေလို့စကားပြောဖော် ‌ခေါ်တာပါ "

" အိုကေ အဲဒါဆို လိုက်ခဲ့မယ်
ပြီးမှ နာရီနဲ့ ရှင်းပေါ့ဗျာ ..

" မင်း နာမည် ဘယ်လိုခေါ်လဲကွ "

" Gulf "

" ကိုယ့်နာမည်က MEW Suppasit "

" ဟုတ်ပြီ Gulf အဲဒါဆို
မင်း ဒီကုတ် ခြုံခဲ့လိုက်"

MEW ဆိုတဲ့လူပေးတဲ့ long coat လို
အကျီကို Gulf ပုခုံးပေါ် လွှမ်းခြုံလိုက်တယ် ..

" အိုကေ ရပြီ ဒီဟိုတယ် သိတယ်မလား ..
VIP တွေ များတယ်လေ ..
မင်း အဝတ်အစားက နည်း နည်း "

Gulf ဝတ်စားထားပုံက သရုပ်ပျက်သလို
ဖြစ်နေတော့ MEW ပြောရမှာ အားနာ
သွားတယ်

" ရပါတယ် ကျတော် နားလည်ပါတယ် "

သူ့ ကုတ်အကျီဝတ်ထားတဲ့ Gulfဆိုတဲ့
ကောင်လေးရဲ့ ပုခုံးကိုဖက်ပြီး
ဟိုတယ်ကြီးထဲ
MEW ဝင်လာခဲ့တော့တယ် ..

🐦🐦🐦🐦🐦

ညဉ့်ငှက် .. (အပိုင်း ၂) ဆက်ရန်

အားလုံးရဲ့ တုံ့ပြန်မှု့တွေ မှတ်ချက်တွေနဲ့
အားပေးမှု့တွေအတွက် ကျေးဇူးတင်ပါတယ်

#ခရေဖြူ✍️

ညဉ့္ငွက္ .. (အပိုင္း ၁)

" ဟဲ့ အဲဒါ နင္ေသာက္သုံးမက်လိဳ႕ေပါ့ "

" ဟာ ! ေကာင္မ လွ်ာကိုရွည္တယ္ "

" ဟဲ့ အေကာင္ နင္ ငါ့ကို ရိုက္တယ္ ဟုတ္လား "

" အမေလး လာၾကပါအုန္း အရပ္ကတို႔ .. "

" ဝုန္း .. ကလြမ္ "

ဆူညံသံ ေအာ္ဟစ္သံ ပစၥည္းေတြ ပစ္ေပါက္ထုရိုက္သံေတြက Gulf တို႔ အိမ္ေလးစီကေန
ပြက္ေလာညံထြက္လာေတာ့တယ္ ..

Gulf သူ႕နားႏွစ္ဘက္ကို ပိတ္ၿပီး
အိမ္ေလးထဲက ထြက္လာၿပီး
သစ္သားကြပ္ပ်စ္ ယိုင္နဲ႕နဲ႕မွာ
ဒူးႏွစ္ဘက္ေထာင္ၿပီး က်ဳံ႕က်ဳံ႕ေလး
ထိုင္ခ်လိဳက္တယ္ ..

ဒါကေတာ့ Gulf တို႔အိမ္ရဲ႕ ၾကားေနၾကျဖစ္တဲ့မိခင္ျဖစ္သူနဲ႕ ပေထြးျဖစ္သူတို႔ရဲ႕ ညစဥ္ညတိုင္းရန္ျဖစ္သတ္ပုတ္ေနတဲ့
အသံေတြပဲျဖစ္ေတာ့တယ္ .

Gulf မိခင္ ေဒၚႏွင္းဆီဟာ Gulf ဖခင္
ဆုံးသြားၿပီးေနာက္ပိုင္း တစ္ရပ္ထဲသားျဖစ္တဲ့ ဂ်င္မီဆိုသူသူ႕ထက္
အသက္ထက္ဝက္ေလာက္‌ငယ္တဲ့ သူနဲ႕ ေနာက္အိမ္ေထာင္ထပ္ျပဳခဲ့တယ္ ..

Gulf ဖခင္ ဦက်င္ဟန္ ရွိတုန္းကတည္းက
ေဒၚႏွင္းဆီဟာအိမ္ေထာင္ေရးကို
အေလးမထား ေပၚေၾကာ့ေနခဲ့သူ
တစ္ေယာက္ ..
ဦးက်င္ဟန္ အိမ္ေထာင္တာဝန္
ေက်ပြန္ေပမယ့္
ေဒၚႏွင္းဆီကေတာ့ ေပါ့ေပါ့ေန ေပါ့ေပါ့စား
အိမ္ေထာင္ရွင္မတေယာက္ ..

အိမ္မႈ႕ကိစၥလည္း အေလးမထား ..
ခင္ပြန္းျဖစ္သူကိုလည္း ဂ႐ုမစိုက္ ..
သားျဖစ္သူGulfကိုလည္း ကိုယ့္ရင္ေသြး
ရယ္လို႔ သံေယာဇဥ္မရွိ ဘယ္လို မိခင္မ်ိဳး ဘယ္လို အိမ္ရွင္မမ်ိဳး
သတ္မွတ္ေခၚရမွန္းေတာင္ မသိေတာ့တယ္ ..

မိခင္ကပဲ ေမတၱာနည္းလို႔လား မသိ Gulfကလဲမိခင္ျဖစ္သူအနားမကပ္ ဖခင္နားပဲ
ကပ္ေတာ့တယ္ ..

ဒါေပမယ့္ Gulf ဘဝက
ကံမေကာင္းလွတယ္ .. ေန႕ညမေ႐ြး
အလုပ္ပင္ပန္းတဲ့ ဒဏ္ေၾကာင့္
သူ႕အလယ္တန္း အခ်ိန္ေလာက္မွာပဲ
ဦးက်င္ဟန္ေရာဂါဖိစီးၿပီး ကြယ္လြန္အနိစၥ ေရာက္ခဲ့ေတာ့တယ္ ..

ဖခင္ကြယ္လြန္ၿပီး မၾကာပါဘူး Gulf တို႔
အေျခယိုင္ခဲ့ေတာ့တယ္ ..
‌မႏွင္းဆီဟာ အစကတည္း လက္ေၾကာတင္း
အလုပ္လုပ္ခဲ့သူမဟုတ္ေတာ့
ဘယ္အလုပ္ကိုမွသူ ေရရွည္ မလုပ္နိုင္တယ္

စားဖို႔ေတာင္ အနိုင္နိုင္ျဖစ္ေနတဲ့ ဘဝမွာ Gulf ေက်ာင္းဆက္တက္ဖို႔ အခက္အခဲျဖစ္ခဲ့တယ္

" နင္ဝမ္းျဖည့္ေပးဖို႔ေတာင္ ငါ ေသေအာင္
အလုပ္ လုပ္ေနရတာ
ေက်ာင္းတက္ခ်င္ ကိုယ့္ေက်ာင္းစရိတ္
ကိုယ္ရွာ "

ဒါ မိခင္တစ္ေယာက္ရဲ႕ ‌ေမတၱာလားလို႔
Gulfကိုယ့္ကိုကိုယ္ ေတြးမိတယ္ ..

မိခင္က သူ႕အေပၚ ေမတၱာစိတ္နည္းလို႔ပဲလားမသိGulf ကလည္း မိခင္အေပၚ သံေယာဇဥ္နည္းခဲ့ေတာ့တယ္ ..

ဒီလိုနဲ႕ Gulf ကိုယ့္ေက်ာင္းစရိတ္ကို ကိုယ္တိုင္ရွာေဖြခဲ့ေတာ့တယ္ ..
သူ႕ရဲ႕အတန္းပိုင္ ဆရာမကလည္း Gulf ရဲ႕ အေျခအေနကို သိၿပီး ဂ႐ုဏာသက္မိတာနဲ႕
သူ ေထာက္ပံ့နိုင္သေလာက္ကို တဖက္ကေန
ပံ့ပိုးကူညီေပးခဲ့တယ္ ..

Gulf အလယ္တန္းေအာင္ၿပီး အထက္တန္း
တက္ခါနီ အခ်ိန္မွာပဲ သူနဲ႕ အသက္
သိပ္မကြာတဲ့ ဂ်င္မီ ဆိုတဲ့ တေယာက္နဲ႕
ေဒၚႏွင္းဆီ အိမ္ေထာင္ထပ္ၿပီး ထူေထာင္
ခဲ့ေတာ့တယ္ ..

ဂ်င္မီဆိုတာ လူပ်င္းလူဖ်င္း ႐ုပ္ရည္ေလး
ဗန္းျပၿပီး အလုပ္ကို လက္ေၾကားတင္းေအာင္
လုပ္ခ်င္တဲ့သူမဟုတ္ ..
အရက္ ေဆး မိန္းမ အကုန္ မလြတ္ကင္း
ဒီလိုလူမ်ိဳးကို မႏွင္းဆီ ဘာေတြ
သေဘာက်ၿပီးယူခဲ့တယ္မသိေတာ့ ..

ဂ်င္မီ အိမ္ေပၚေရာက္လာတဲ့ ေန႕ကစလို႔
Gulf အေနအထိုင္ က်ဥ္းက်ဳံခဲ့ေတာ့တယ္ ..

ဂ်င္မီဟာ သိကၡာမရွိ ေယာက္်ားမိန္းမ မေ႐ြး
ထိကပါးရိကပါး လုပ္ခ်င္တဲ့ တဏွာ႐ူး ..

အထက္တန္းေက်ာင္းသားအ႐ြယ္ျဖစ္လာတဲ့
Gulf ကိုလည္း မႏွင္းဆီ မရွိရင္ မရွိသလို
ၿပီတီတီနဲ႕ ေက်ာသပ္ ေခါင္းပုတ္ လုပ္လာ
ခဲ့တယ္

ဒါကို မႏွင္းဆီ သိေတာ့ ဂ်င္မီနဲ႕
ခဏ ခဏ ရန္ျဖစ္
မႏွင္းဆီက ဂ်င္မီကို မနိုင္ေတာ့
Gulf အေပၚမဲနဲ႕
ဘာျဖစ္ျဖစ္ Gulf ဒီအိမ္ကေန
ထြက္ေျပးခ်င္စိတ္ျဖစ္လာရေတာ့တယ္ ..

အခုလည္း ဘာအေၾကာင္းနဲ႕
ရန္ျဖစ္ၾကမွန္း မသိ
မၾကာခင္ သူ႕အေမရဲ႕ ဆဲ ဆို ေျပာသံေတြ က
Gulf နားထဲ ေရာက္လာေတာ့မယ္ ..

" Gulf , မင္းအေမနဲ႕ ပေထြး
ရန္ျဖစ္ျပန္ၿပီလား "

" ထုံးစံအတိုင္းေပါ့ Lhong ရာ
စိတ္ညစ္တယ္ကြာ"

" လာ လာ ငါတို႔ အိမ္ကို လိုက္ခဲ့ "

Lhong တို႔ အိမ္ဘက္
Gulf လိုက္လာခဲ့လိုက္တယ္

Lhong ဆိုတာ သူနဲ႕အလယ္တန္း‌ထိ
အတူတူတက္ခဲ့ၾကတဲ့ သူငယ္ခ်င္း..
Lhong တို႔ အေျခအေနနဲ႕ Gulf တို႔အေျခအေနက မထူးမျခားနား..

ထူးျခားတာက Lhongက လူလည္ ..
ဘာဆို ဘာ သူ လည္လည္ပတ္ပတ္ရွိတယ္ ..

အလယ္တန္းေျဖၿပီးတာနဲ႕ ဘန္ေကာက္
သြားၿပီး အလုပ္လုပ္လိုက္တာ
သူတို႔မိသားစု အေျခအေန
ေတာ္ေတာ္ ေခ်ာင္လည္လာခဲ့တယ္ ..

မင္း ဘာအလုပ္ေတြ လုပ္တာလည္းလို႔
Gulf ေမးရင္ေတာ့..
ညဘက္ ကလပ္ေတြမွာ သန႔္ရွင္းေရးတို႔
ေတာက္တို႔မယ္ရေပါ့ကြာလို႔
Lhong ‌ေျဖတတ္ခဲ့တယ္ ..

အလယ္တန္းအဆင့္ဦးေႏွာက္ဆိုေတာ့ Lhong ေျပာသမွ် Gulf ဟုတ္တယ္ပဲ
ထင္ခဲ့မိတယ္ ..

ဒါေပမယ့္ သူ အထက္တန္းေရာက္လာေတာ့
သိသင့္တာကို သူ သိလာခဲ့တယ္ ..

အလယ္တန္းေလာက္ထဲက အလုပ္လုပ္တဲ့
Lhong အေျခအေနက တေျဖးေျဖး
ထူးျခားလာတယ္ ..

တစ္ႏွစ္ ႏွစ္ႏွစ္ အတြင္းမွာ Lhong လည္း
ပိုၿပီး ေတာက္ေျပာင္လာတယ္ ..

အေျပအဆို အေနအထိုင္ ေျပာင္းလဲ
လာတယ္
အရင္ထက္ ပိုၿပီး သြက္လက္ရဲတင္း
လာတယ္လို႔Gulf စိတ္ထဲ ထင္မိတယ္ ..

" Gulf နင့္အေမနဲ႕ပေထြး သတ္ျပန္ၿပီလား "

Lhongအိမ္ကို လိုက္လာတဲ့ Gulf ကို
ျမင္တာနဲ႕ Lhong အေမ ေဒၚသိန္း လွမ္းေမးလိုက္တယ္ ..

" ဟုတ္တယ္အေမ အဲဒါေၾကာင့္
က်ေတာ္ သူ႕ကို ေခၚလာတာ "

" Lhong နင္ ဒီတခါ ဘန္ေကာက္ျပန္ရင္ Gulf ကိုေခၚသြားၿပီး နင္တို႔ဆိုင္မွာ
အလုပ္သြင္းေပးလိုက္ပါလား
သူလည္း ေက်ာင္းပိတ္ထားတုန္း "

" ဟုတ္သားပဲ Gulfမင္း ငါနဲ႕ လိုက္ခဲ့ပါလား "

Lhong နဲ႕ သူ႕အေမေျပာတာကို
Gulf စဥ္းစားလိုက္မိတယ္ ..
မၾကာခင္ သူလည္း ႏွစ္ဝက္ စာေမးပြဲ ၿပီးလို႔
ေက်ာင္းပိတ္ေတာ့မယ္ ..
အဲဒီအခ်ိန္ ဒီမွာ သူ အလုပ္လုပ္လည္း
လုပ္ခက မ်ားမ်ားစားစား ရတာမဟုတ္ ..
သူ႕အေမကို ျပန္ေပးရတာနဲ႕ သူ႕ေက်ာင္းစရိတ္က်န္ေအာင္ မနည္း စုေနရတာ ..
Lhong နဲ႕ လိုက္ၿပီး အလုပ္လုပ္ရင္ ဒီမွာထက္
လုပ္ခလည္း ပိုရမယ္..
မိခင္နဲ႕ ပေထြးရဲ႕ ရန္ပြဲေတြရန္ကလည္း
သူ ခဏေတာ့ လြတ္ကင္းသြားမယ္ ..

" Lhong မင္း ငါ စာေမး‌ပြဲ ၿပီးတဲ့အထိ
ခဏေစာင့္နိုင္မလား "

" ဘာလည္း မင္း လိုက္ခဲ့မလို႔လား Gulf "

" ေအးကြ "

" ရတယ္ေလ ငါ သူေဌးကို ဖုန္းဆက္ၿပီး အက်ိဳးအေၾကာင္း ေျပာျပလိုက္မယ္ "

" မဲ့ က်ေတာ္ Lhong နဲ႕ ဘန္ေကာက္ကို
အလုပ္လိုက္လုပ္မလို႔ "

" နင္ဘာသာ လုပ္ခ်င္တဲ့ေနရာမွာလုပ္
ငါစိတ္မဝင္စားဘူး ..
ေအး ဒါေပမယ့္ ျပသာနာတခုခု
ျဖစ္လာရင္ေတာ့ကိုယ့္ျပသာနာကိုယ္ရွင္း
ငါ့ကို အမႈ႕မပတ္ေစနဲ႕ "

ဘယ္လိုမိခင္မ်ိဳးလည္း ကိုယ့္ေသြးသားကို
တျခားလူတ‌စ္ေယာက္ကို ေျပာသလိုမ်ိဳး
ပစ္စလက္ခတ္ ေျပာလိုက္တာ ..

သူ႕မိခင္ကို ၾကည့္ၿပီးသူ႕ဟာ သားအရင္းမွ
ဟုတ္ရဲ႕လားလို႔ Gulf ေတြးလိုက္မိတယ္ ..

ဒီလိုနဲ႕ Gulf သူ ရဲ႕ ႏွစ္ဝက္စာေမးပြဲ ၿပီးတာနဲ႕
Lhong နဲ႕ အလုပ္လုပ္ဖို႔ ဘန္ေကာက္ကို
လိုက္သြားခဲ့ေတာ့တယ္ ..

🐦🐦🐦🐦🐦

" Palace Hotel .. "

ခ်င္မိုင္ၿမိဳ႕မွာ ရွိတဲ့ အႀကီးဆုံးနဲ႕
အဆင့္ျမင့္ဆုံး ဟိုတယ္ ..

ပိုင္ရွင္ကေတာ့ MEW Suppasit ဆိုတဲ့
ထိုင္လူမ်ိဳးစပ္တစ္ေယာက္ ..
မိဘေတြကေတာ့ မရွိေတာ့ ..
တစ္ေယာက္ထဲသမား ..
အေပ်ာ္အပါး မိန္းမကိစၥဆိုတာ အာ႐ုံမရွိ
ေခါင္းထဲမွာ အလုပ္ၿပီးအလုပ္ကလြဲလို႔
ဘာမွမရွိသူတစ္ေယာက္ ..

တစ္ေယာက္ထဲ အထီးက်န္တယ္လို႔
ခံစားမိတိုင္း
MEW အလုပ္ေတြပဲ ဖိလုပ္ခဲ့တယ္ ..

သူ႕ရဲ႕ဝန္ထမ္းေတြ လုပ္ေဖာ္ကိုင္ဖက္ေတြကေတာ့MEW ကို ေအးစက္မာေက်ာတဲ့ ေရခဲလူသားလို႔သူ႕ ေနာက္ကြယ္မွာ
သတ္မွတ္ၾကတယ္ .

သူမ်ားေတြ ဘယ္လိုပဲ သတ္မွတ္သတ္မွတ္
MEW ကေတာ့ သူ႕ရဲ႕ကမာၻနဲ႕သူ
ေက်နပ္ေနေတာ့တယ္ .

ဟိုတယ္ႀကီးရဲ႕ ballroom ထဲမွာေတာ့
လူေတြစည္းကားမ်ားျပားေနတယ္ ..
အမ်ားဆုံးက စီးပြားေရး လုပ္ငန္ရွင္ေတြ ..

ဒီေန႕ Palace ဟိုတယ္ရဲ႕ ႏွစ္ပတ္လည္အခမ္းအနား ပါတီပြဲ က်င္းပေနခ်င္းေပ .

တကယ္ေတာ့ ဒီပါတီပြဲကို အေၾကာင္းျပဳၿပီး
MEW ေနာက္ထပ္ အေျခခိုင္တဲ့ စီးပြားေရးလုပ္ငန္းတခုကို ရွာေဖြေနခ်င္းပဲျဖစ္တယ္ ..

MEW ဘန္ေကာက္လို႔ ၿမိဳ႕ႀကီးမွာ
ေနာက္ထပ္ စီးပြားေရးအေျခခ်ခ်င္ခဲ့တယ္ .
ဒါေပမယ္ ဘန္ေကာက္လို ၿမိဳ႕ႀကီးရဲ႕ စီးပြားေရးေဈးကြက္ကို တိုးဝင္ဖို႔ဆိုတာ လြယ္ကူတဲ့ ကိစၥမဟုတ္ခဲ့ ..
ကိုယ္တိုင္ အေျခခ်လဳပ္ကိုင္ခ်င္ေပမယ့္ အဆက္အသြယ္နဲ႕ မိတ္ဖက္မရွိရင္
သူ႕အတြက္ လြယ္ကူမွာမဟုတ္ဘူးဆိုတာ MEW ေတြးၿပီး အရင္ဆုံး ခိုင္မာတဲ့
လုပ္ငန္းတခုမွာ ရွယ္ယာသေဘာမ်ိဳး ဝင္ၿပီး လုပ္ငန္းသေဘာသဘာဝအေၾကာင္းကို ေလ့လာသင္ယူခ်င္မိတယ္..

အဲဒါေၾကာင့္လည္း ဟိုတယ္ရဲ႕
ႏွစ္ပတ္လည္ပြဲမွာစီးပြားေရးသမားေတြ ရွယ္ယာရွင္ေတြကိုပဲ MEW ေ႐ြးၿပီး ဖိတ္ၾကားခဲ့လိုက္တယ္ ..

သူတို႔နဲ႕ စကားေျပာဆိုၾကည့္ရင္ေတာ့
သူတို႔ရဲ႕လုပ္ငန္းအေျခ ဘယ္ေလာက္
ခိုင္မာတယ္ တိုးတက္ဖြံ႕ၿဖိဳးမႈ႕ရွိတယ္ဆိုတာ ဘယ္လုပ္ငန္းကသူ႕အတြက္ အက်ိဳးရွိနိုင္မယ္ဆိုတာ သူ သိနိုင္တယ္ဆိုတာ ေတြးၿပီး
MEW စဥ္းစားစီစဥ္ခဲ့‌ ေတာ့တယ္ .

" Hello MEW "

‌" ေဟး မူယာ
နင္ကဘယ္လိုေရာက္လာတာလဲ "

MEW သူနဲ႕ေက်ာင္းေနဘက္မူယာကို
ေတြ႕လိုက္ေတာ့ အံဩၿပီး ႏႈတ္ဆက္
လိုက္တယ္ ..

" ... ဆိုတဲ့လုပ္ငန္းစုေလ နင္သိတယ္မလား "

" အင္းသိတယ္
ငါ့ေတာင္ ဖိတ္ထားေသးတယ္ "

" အဲဒီလုပ္ငန္းစုက သားအငယ္နဲ႕ငါက ဒီလို "

မူယာသူ႕လက္တဖက္ကို ေထာင္ၿပီး
MEW ကိုျပလိုက္တယ္ .

မူယာလက္သူႂကြယ္မွာ ဝတ္ထားတဲ့
လက္စြပ္ကိုျမင္ၿပီး MEW သေဘာေပါက္ ၿပဳံးလိုက္တယ္

" ေအာေဟာ ဒီလိုလား "

" အင္း ငါနဲ႕ ေစ့စပ္ထားတာ
မၾကာခင္လက္ထပ္ေတာ့မွာေလ "

" ဝမ္းသာပါတယ္ဟာ ငါ့သူငယ္ခ်င္း "

" နင္ေရာ MEW တစ္ေယာက္ထဲေနတာ
မေကာင္းဘူးေနာ္
အေဖာ္ေလးဘာေလး ရွာေတာ့ ..

" ငါ့ ႏွလုံးသားက
အိပ္ေပ်ာ္ေနတာခက္တယ္ဟ"

" နင္က မႏွိုးပဲထားလို႔ျဖစ္မွာေပါ့ "

" ဟား ဟား နင္ကေတာ့ေလ "

" ေအးေဆးေနေနာ္ မူယာ ငါ ဟိုဘက္ခဏ "

" ေအး သြား သြား MEW "

ထြက္သြားတဲ့ MEW ကို မူယာ လိုက္ၾကည့္
လိုက္တယ္ ..
အဘက္ဘက္က ျပည့္စုံေနတဲ့ MEW ကို
မူယာအပါအဝင္ ဒီၿမိဳ႕က အမ်ိဳးသမီးေတြ
ခင္ပြန္းေလာင္အျဖစ္ စိတ္ကူးရင္ခဲ့မိၾကတယ္

စိတ္ကူးသာရွိခဲ့ၾကတာ လက္ေတြ႕မွာေတာ့
MEW ဟာ တကယ္ကိုပဲ မတုန္မလႈပ္
ေရခဲတုံး

သူ႕ကို မူယာတို႔ တမ်ိဳးေတာင္
ထင္ခဲ့ၾကမိတယ္

အဲလိုထင္ရေလာက္ေအာင္လည္း
MEW ပုံစံကမဟုတ္ေတာ့ မူယာတို႔
ဘယ္လိုနားလည္ရမွန္းမသိနဲ႕ ကိုယ့္စိတ္ကိုကိုယ္ျပန္သိမ္းၿပီး ေနာက္ဆုတ္လိုက္ၾက
ေတာ့တယ္ ..

" Hi က်ေနာ္ Kai ပါ .. "

" ေအာ္ ဟုတ္ကဲ့ "

႐ုတ္တရက္ သူ႕နာမည္ကတ္ထုတ္ေပးၿပီး
မိတ္ဆက္လိုက္တဲ့ လူတေယာက္ကို
MEW ျပန္ၿပီး ႏႈတ္ဆက္လိုက္တယ္ ..

" ဒီက MEW ေနာ္
လုပ္ငန္း Partner ရွာေနတယ္ၾကားလို႔ "

MEW ဒီလိုအေတြးရွိတယ္ဆိုတာ အေၾကာင္း လူနည္းစုေလာက္သာသိထားတာ ..
MEW တခါမွမေတြဘူး ဒီတစ္ေယာက္က ဘယ္လို အနံခံမိပါလိမ့္ ..

" က်ေတာ္က
ရွယ္ယာေဈးကြက္မန္ေနဂ်ာပါ ..
ရွယ္ယာဝင္ခ်င္တဲ့သူနဲ႕ တဘက္ကလုပ္ငန္းရွင္ကိုခ်ိပ္ဆက္ေပးတဲ့ ပြဲစားေပါ့ဗ်ာ .. "

ဪ လက္စသပ္ေတာ့ သူက ၾကားကေန
အျမတ္စားခ်င္‌လို႔ သူ႕ကို လာဆြယ္ေနတာ . .

MEW စိတ္ထဲကေန ရယ္လိုက္မိတယ္ ..

" က်ေတာ္လည္း ဘာမွ
မဆုံးျဖတ္ရေသးပါဘူး
ဘန္ေကာက္ လာေတာ့မွ ဆက္ၿပီး
စကားေျပာၾကတာေပါ့ဗ်ာ "

" ဟုတ္ကဲ့ က်ေတာ့္ကို ဆက္သြယ္လိုက္ပါ
MEW အတြက္ အေကာင္းဆုံး လုပ္ငန္ရွင္နဲ႕
က်ေတာ္ ဆက္သြယ္ေပးပါမယ္ "

" ဟုတ္ ေကာင္းပါၿပီခင္ဗ်ာ "

Kai ဆိုသူကို စကားေျပာၿပီးတာနဲ႕
MEW ထြက္လာခဲ့လိုက္တယ္ ..

အလုပ္ကမလုပ္ရေသးဘူး သူ႕အေပၚ
လူလည္လုပ္ခ်င္တဲ့သူနဲ႕ လာေတြ႕ေနရတယ္ ..

MEW ကေတာ့ ဘယ္ေလာက္ပဲ
ကိုယ္မရင္းႏွီးတဲ့ ပတ္ဝန္က်င္
အစိမ္းသက္သက္ျဖစ္ေနပါေစ
ကိုယ္တိုင္ပဲ စမ္းသပ္ စိန္ေခၚၾကည့္ဖို႔
ဆုံးျဖတ္လိုက္ေတာ့တယ္ ..

🐦🐦🐦🐦🐦

Lhong နဲ႕ ဘန္ေကာက္ကို လိုက္ၿပီး
Gulfအလုပ္လုပ္ခဲ့တာ အတိုင္းအတာတခုထိ
အဆင္ေျပလာခဲ့တယ္ ..

အထက္တန္းပထမႏွစ္ဝက္ ေက်ာင္းပိတ္ခ်ိန္
Lhong နဲ႕ အလုပ္အတူတူ လိုက္လုပ္ ..
ေက်ာင္းဖြင္ခါနီးေတာ့ သူ႕ၿမိဳ႕ကို ျပန္လာ ေက်ာင္းဆက္တက္ခဲ့တယ္ ..

တံငါနားနီးဆိုသလို Lhong နဲ႕လိုက္ၿပီး
ကလပ္မွာ သန႔္ရွင္းေရးလုပ္ တခါတေလ
စားပြဲထိုးလုပ္နဲ႕ လုပ္လာခဲ့လိုက္တာ ..
Lhong ဘာလုပ္တယ္ဆိုတာ
သူ နားလည္လာရတယ္ ..

Lhong ကေတာ့ တကယ့္ကို
လူရည္လည္ေနတဲ့
ဧည့္ခံေဖ်ာ္ေျဖေရးသမား
ျဖစ္ေနေတာ့တယ္..

ေယာက္က္်ားျဖစ္ျဖစ္ မိန္းမျဖစ္ျဖစ္ သူ႕ကို
အလိုရွိလာရင္ ဝိုင္ထိုင္ၿပီး အရက္ေသာက္ ..
ဟို ဧည့္သည္ေတြက ထိကပါးရိကပါး
လုပ္သမွ်ၿငိမ္ခံၿပီး သူတို႔ေပးသမွ်
ေငြေၾကးကို ယူေတာ့တယ္ ..

တခါတေလ ဧည့္သည္ေတြကားနဲ႕
လိုက္သြားၿပီးမိုးလင္းမွ
ျပန္လာတတ္တာမ်ိဳးလည္း
Gulf ခဏခဏ ႀကဳံရတတ္တယ္ ..

မင္း သူတို႔နဲ႕လိုက္သြားၿပီး
ဘာလုပ္ေပးရလဲလို႔Gulf ေမးရင္ေတာ့ ..
ဒီအတိုင္း အရက္ထိုင္ေသာက္ေပးရတာလို႔
ေျပာတတ္ေပမယ့္..
ဒီေလာက္ေလး လုပ္ေပးယုံနဲ႕
Lhong ပိုက္ဆံေတြအမ်ားႀကီး
ရပါ့မလားလို႔ Gulf ေတြးမိတယ္ ..

အရက္ေသာက္ေပး အတူထိုင္ေပးယုံေလာက္
မဟုတ္ဘူးဆိုတာ Gulf ရိပ္မိလိုက္တယ္ ..

ဒါဆို Lhong က သူ႕ခႏၶာပါ
ေရာင္းစားေနတာလား

Lhong ကို Gulf ေမးၾကည့္ခ်င္ေပမယ့္
သူ႕ကို အားနာတာနဲ႕ ၿမိဳသိပ္ထားခဲ့မိတယ္ ..

ဒါေပမယ့္ တစ္ေန႕ေတာ့ သူ႕အေတြးကို
သိေနသလိုGulf ကို Lhong
ပြင့္ပြင့္လင္းလင္း ေျပာျပခဲ့တယ္

" ဟုတ္တယ္ Gulf မင္းထင္ေနသလိုပဲ တဲ့ "

Gulf အံ့ဩသြားတာကလြဲၿပီး Lhong ကို
ဘာမွ ေကာင္းတယ္ ဆိုးတယ္ မေဝဖန္
ခဲ့တယ္

Lhong ေက်းဇူးေၾကာင့္သာ သူ သင္ခ်င္တဲ့
အတန္းပညာကို ဆက္သင္ခြင့္ရခဲ့တာ
မဟုတ္လား
သူလည္း တစ္ေန႕ ဒီလမ္းကို မေလွ်ာက္ရဘူး
ဘယ္သူမွ မသိနိုင္ဘူးေလ ..

ဒီလိုနဲ႕ Gulf အလုပ္လုပ္လိုက္
ေက်ာင္းတက္လိုက္လုပ္လာခဲ့တာ အထက္တန္းေက်ာင္းၿပီးသြားၿပီး
တကၠသိုလ္တက္ဖို႔ ျဖစ္လာေတာ့တယ္ .

တကၠသိုလ္တက္ရင္ေတာ့
သူ သန႔္ရွင္းေရလုပ္႐ုံစာပြဲထိုးေန႐ုံ ဝင္ေငြနဲ႕
မလုံေလာက္ေတာ့ ဒီထက္ အမ်ားႀကီး
သူ ပိုၿပီး ရွာမွျဖစ္ေတာ့မယ္

" အထက္တန္းေအာင္ ေတာ္ပီေပါ့
အလကားပိုက္ဆံအပိုကုန္ေအာင္ "

Gulf မိခင္ ေဒၚႏွင္းဆီကေတာ့ ထုံးစံအတိုင္း
ကိုယ္ရွာေကြၽးေနရတာလည္း မဟုတ္ပဲ
ျမည္တြန္ ေတာက္တီးေနေတာ့တယ္ ..

" ခင္ဗ်ား သားက အလကား
ဘဝင္ျမင့္ေနတာ"

"ခင္ဗ်ား ဘာမွ ဝင္ေျပာစရာမလိုဘူး ကိုဂ်င္မီ
က်ဳပ္ ေက်ာင္းစရိတ္ က်ဳပ္ဘာသာ ရွာတာ
ခင္ဗ်ား သာ က်ဳပ္အေမလုပ္စာ
ထိုင္စားေနတာကိုယ့္ကိုကိုယ္ ရွက္တတ္ဖို႔ ေကာင္းတယ္ "

" ဘာ ! ဘာကြ မင္းက
အစြယ္ေလးထြက္လာေတာ့
အာခံခ်င္တာေပါ့"

" Gulf ေတာ္စမ္း နင္ လူႀကီးကို "

" လူႀကီးက လူႀကီးလို ေနရင္
က်ဳပ္ဘာမွ ေျပာစရာမလိုဘူး "

ကိုယ့္အေမကပါ ကိုယ္ဘက္မပါ
တစိမ္းဘက္ယိမ္းေန‌ေတာ့
Gulf စိတ္ပ်က္ပ်က္နဲ႕ အိမ္ဝိုင္းက
ထြက္လာခဲ့ေတာ့တယ္ ..

အိမ္မွာ ခဏေလးေန ခဏေလး
ျပသာနာျဖစ္ရတယ္ ..
Gulf ဘန္ေကာက္ပဲ အျမန္ျပန္ဖို႔
ေတြးလိုက္တယ္

ဒီတခါေတာ့ Gulf တကၠသိုလ္တက္ခါနီးမွပဲ
သူ႕ၿမိဳ႕ကိုျပန္လာေတာ့မယ္လို႔ ဆုံးျဖတ္
လိုက္တယ္ ..

🐦🐦🐦🐦🐦

" ဘာ ! Gulf မင္း ဘာေျပာလိုက္တယ္ "

မင္းလို ဆိုင္မွာ ထိုင္ၿပီး ဧည့္ခံေပးရတာမ်ိဳး
ငါလည္း လုပ္ခ်င္တယ္လို႔ ေျပာလိုက္တဲ့ Gulf စကားေၾကာင့္ Lhong မ်က္လုံးျပဳးသြားရတယ္

Gulf ဘာအေတြးနဲ႕ ဒီလိုေတြလုပ္ေနပါလိမ့္ ..

" ဟုတ္တယ္ Lhong ငါ တကၠသိုလ္တက္ရင္
ပိုက္ဆံ ဒီထက္ ပိုလိုလာၿပီ ..
အဲဒါေၾကာင့္ ဆိုင္မွာ ဧည့္ခံေပးရတဲ့
အလုပ္မ်ိဳး ငါ လုပ္မလားလို႔ "

" မင္း လုပ္နိုင္ပါ့မလား Gulf အဲဒါ ဘယ္လိုအလုပ္ဆိုတာ မင္းလည္း ျမင္သိေနတာ ..
မင္း ပေထြး မင္းကို ထိကပါး လုပ္တာ
မခံခ်င္လို႔မင္း ေရွာင္ထြက္ၿပီး
အလုပ္လုပ္ေနတာ ..
အခု ဒီလို အလုပ္ကို မင္းလုပ္မယ္ဆိုေတာ့
သီးခံနိုင္ပါမလား .. "

" ငါ ဒီ အလုပ္ကို အၿမဲလုပ္မွာမဟုတ္ဘူး Lhongဒီထက္ေကာင္းတဲ့ ဘဝကို
ငါ့တက္လွမ္းမွာ ..
ဒါေပမယ့္ ငါတို႔ရဲ႕အေျခအေနက
အဲလို လွမ္းဖို႔ကိုယ့္အားကိုယ္ကိုး ရတဲ့
ဘဝေတြျဖစ္ေနတာ

ေရာမေရာက္ရင္ ေရာမလို
က်င့္ရမွာပဲေပါ့ ကြာ "

Lhong သက္ျပင္းရွိုက္႐ုံကလြဲလို႔ ..

ညဉ့္နက္ေလ အေမွာင္ထုက ႀကီးစိုးေလ ..
အလင္းမေရာက္ခင္ေတာ့ အေမွာင္ထဲမွာ
သူတို႔ ေလွ်ာက္လွမ္း ၾကရအုန္းမွာေပါ့ ...

" Lhong ငါ ဝတ္စားထားတာ
ဘယ္လိုလည္း"

Gulf ဝတ္စားထားပုံၾကည့္ၿပီး
Lhong လူမွားသြားတယ္ ..

ခုမွ Gulf ရဲ႕ ႏုပ်ိဳတဲ့ ႐ုပ္ရည္က
႐ုပ္လုံးႂကြသလို႐ုပ္ထြက္လာရတယ္ ..
အဝတ္အစား အျပင္အဆင္ကလည္း လူကို
ေတာ္ေတာ္ေလး ေျပာင္းလဲေစတယ္ ..

ဒီေန႕ေတာ့ ဆိုင္မွာ Gulf ကေပၚျပဴလာ
ျဖစ္ေနေတာ့မယ္လို႔ Lhong ထင္မိေတာ့တယ္ ...

ဆိုင္မွာ လုပ္လာတာ ၾကာၿပီး ဒါေတြကို
အျမင္နဲပဲ တတ္ေနလို႔လား ဒါမွမဟုတ္
Gulf သူ႕စိတ္ကို ဆုံးျဖတ္ထားတဲ့ အတိုင္း
လုပ္လိုပဲလားေတာ့ မသိ Gulf ဟာ သူတို႔
ဆိုင္ရဲ႕ နာမည္ႀကီး ေယာက္်ားေလး
ညဉ့္ငွက္တစ္ေကာင္ ျဖစ္လာေတာ့တယ္ ..

Club ကို လာသမွ် ‌ေယာက္်ားတိုင္း
Gulf ကိုပဲအရင္ေမး ရွာတတ္ခဲ့တယ္ ..
ဒါေပမယ့္ Gulf ဟာ ပိုက္ဆံရတာသိေပမယ့္
ပိုက္ဆံေနာက္ကို ႐ူး႐ူးမိုက္မိုက္ေတာ့
မလိုက္ခဲ့ တစ္ညတာ သူရခ်င္တဲ့
ပိုက္ဆံရရင္ ဘယ္အရက္ဝိုင္းမွ မထိုင္ေတာ့ တခါတည္း အဝတ္အစား လဲ ၿပီးတာနဲ႕
ဆိုင္အေနာက္မွာ သန႔္ရွင္းေရး လုပ္ေန
လိုက္ေတာ့တယ္ ..

" Gulf မင္း ၿပီးရင္ျပန္ၾကမယ္ "

" ေအး Lhong. ၿပီးၿပီ
ဒီေန႕မင္း အျပင္မလိုက္ဘူးလား "

" ငါ ေနမေကာင္းခ်င္သလို ျဖစ္ေနလို႔ "

" အိုေက ခဏေစာင့္ "

Locker ထဲကေန Gulf သူ႕ေက်ာလြယ္အိတ္ကို အေျပးသြားယူလိုက္တယ္ ..

MEW ကားေမာင္းလာရင္း
ဘန္ေကာက္လမ္းေပၚမွာ
မ်က္စိလည္ေနရတယ္

တစ္ေယာက္ထဲ ကိုယ့္ဘာသာလုပ္မယ္ဆိုတဲ့
စိတ္က သူ႕ကို ဒုကၡေပးေနၿပီ ..

ဘန္ေကာက္မွာ ရွိတဲ့ သူ႕မိတ္ေဆြက
လိုက္ပို႔မယ္ဆိုတာကို လက္မခံပဲ
ထြက္လာခဲ့တာ
ကားကလည္း ဘာျဖစ္မွန္းမသိ စက္က
ရပ္ ရပ္ သြားလိုက္ ..
အဲဒီၾကားထဲ ဘန္ေကာက္ရဲ႕
လမ္းေတြကမ်ားနဲ႕
MEW မ်က္စိေတြလည္ၿပီး သူ တည္းခိုမယ့္
ဟိုတယ္ကို မေရာက္နိုင္ ျဖစ္ေနရတယ္ ..

" ဝူး .. ဝူး .. "

ေနာက္ဆုံး ကားက ဘယ္လိုမွ ေမာင္းမရ
စက္ရပ္ၿပီး လမ္းေဘးတစ္ေနရာကို
ထိုး ဆိုက္သြားေတာ့တယ္ .. ..

Gulf နဲ႕ Lhongတို႔ ျပန္ေတာ့မယ္ ဆိုၿပီး
ဆိုင္ထဲကထြက္လာၾကတာ သူ႕တို႔ ဆိုင္နဲ႕ မလွမ္းမကမ္းမွာကားတစ္စီး ထိုးရပ္သြားတာ သူတို႔ေတြ႕လိုက္ရတယ္ ..

" Gulf ဟိုမွာ ဧည့္သည္လားမသိဘူး "

တခ်ိဳ႕ ဆိုင္မထိုင္ပဲ ဒီလို ကားနဲ႕ ေခၚသြား
တတ္တာေတြ ရွိေတာ့ Gulf ကို Lhong လက္ညွိုးထိုးျပလိုက္တယ္ ..

" ကားက ရွယ္ အေကာင္းစားႀကီးကြ ..
အဲလို လူမ်ိဳးေတြက ဒါ သိပ္က်တာ "

လက္ညိုးနဲ႕ လက္မထိပ္ကို
Lhong ဝိုင္းျပလိုက္တယ္ ..

" ငါ ဒီေန႕ ေနမေကာင္းလို႔သာ
Gulf မင္း သြားၾကည့္ပါလား "

" ဟာ ! ငါ အဲတာမ်ိဳးႀကီးေတာ့
မလုပ္ခ်င္ဘူး"

" တခ်ိဳ႕က စကားေျပာေဖာ္လိုခ်င္လို႔
ငါတို႔ကို လိုအပ္တာမ်ိဳးေတြ ရွိတတ္ၾကတာ
အဲလို လူမ်ိဳးဆို မင္း ေဘးကေန သူေျပာသမွ်
နားေထာင္ေပးယုံပဲ ..
ဟိုမွာ ကားရပ္ေနတာ အၾကာႀကီး
သြား ေမးၾကည့္လိုက္ေပါ့ကြာ ..
တကယ္လို႔ မင္း မလုပ္ခ်င္တာမ်ိဳးေျပာရင္
ျငင္းလိုက္လို႔ရတာပဲ "

Lhong ေျပာတာလည္း ဟုတ္တာပဲ ..
သူ မလုပ္ခ်င္တဲ့ အေျခအေနမ်ိဳးဆို
ျငင္းလိုက္လို႔ျဖစ္ေနတာ ..

" အိုေက ငါ စမ္းၾကည့္မယ္ကြာ "

Lhong ကို ေျပာၿပီး Gulf ရပ္ေနတဲ့ ကားစီ
ေလွ်ာက္ သြားလိုက္တယ္ ..

" Hi bro "

" ဘာ ကူညီရမလည္း "

ကားျပတင္းေပါက္ကေန သူ႕ကို ငုံ႕ၿပီး
ေမးလိုက္တဲ့
ေကာင္ေလးတစ္ေယာက္ .

MEW ပတ္ဝန္းက်င္နဲ႕ အခ်ိန္ကို
ၾကည့္လိုက္ေတာ့
လူေကာင္းေတြ ရွိသင့္တဲ့ အခ်ိန္အခါမ်ိဳး
မဟုတ္ေတာ့ ..

ဒါဆို ဒီေကာင္ေလးက ဘာလည္း သူ႕ကို
ကူညီေယာင္ေဆာင္ၿပီး ဒုကၡေပးတဲ့သူလား ..
ဒါမွမဟုတ္ ...

" ကိုယ္ လမ္းမွားေနလို႔
မင္းကူညီေပးနိုင္မလား "

ဘယ္လိုပဲျဖစ္ျဖစ္ MEW အခက္အခဲကို
ေျပာလိုက္တယ္ ..

လက္စသပ္ေတာ့ ဒီလူက
ကားပ်က္ေနတာကိုး

မထူပါဘူး သူလည္း
အေျခအေနၾကည့္တာေပါ့

" ခင္ဗ်ားက ဘယ္ကိုသြားမလို႔လည္း "

" Jade ဟိုတယ္ကို "

" ကြၽန္ေတာ္ လိုက္ေမာင္းေပးမယ္ေလ
ဒါေပမယ့္အခေတာ့ ေပးရမယ္ "

ရလာသမွ် ဂြင္ကို Gulf အမိဖမ္းဖို႔
လုပ္လိုက္တယ္

ပိုက္ဆံစကား ေျပာလိုက္ထဲက ဒီေကာင္ေလး
ဘာ ဆိုတာ MEW အထာေပါက္လိုက္တယ္ .
ဒီလို ၿမိဳျပႀကီးမွာ ဒီလိုအလုပ္ေတြကို
မိန္းကေလးေတာင္မဟုတ္ ေယာက္်ားေလးပါ
လုပ္ၾကတယ္လား ..
MEW အထူးအဆန္းေတြ ျမင္လိုက္ရတယ္

" ရပါတယ္ကြာ မင္း ဘယ္လိုတြက္ယူလည္း
မင္း အခ်ိန္ကုန္သြားသေလာက္
ကိုယ္‌ေပးပါ့မယ္ "

" အိုေက အဲဒါဆို ခင္ဗ်ား ဒီဘက္ေျပာင္း
က်ေတာ္ ေမာင္းမယ္"

သူ႕အတြက္ ပိုက္ဆံရမယ္ဆိုတာ
သိလိုက္ေတာ့ Gulf ကား လိုက္ေမာင္းေပးဖို႔ သေဘာတူ လိုက္တယ္ ..

MEW ေ႐ြ႕ေပးတဲ့ ေမာင္းတဲ့သူေနရာမွာ
ဝင္မထိုင္ခင္ သူ႕ကို အေျခအေန ၾကည့္ေနတဲ့ Lhong ကို Gulf အိုေက ျပလိုက္တယ္ ..

" ဟာ ! ခင္ဗ်ား ကားက အသစ္ႀကီးပဲ "

ကားစီယာတိုင္ကို ကိုင္ၾကည့္ၿပီး
Gulf အံအားသင့္သလို ေျပာလိုက္တယ္ .

" ဝူးးးးးး "

ကားကို ဂီယာထိုးၿပီး ခပ္ၾကမ္းၾကမ္း
ေမာင္းထြက္လိုက္တာေၾကာင့္
MEW အမိုးလက္ကိုင္ကို ကိုင္ထား
လိုက္ရတယ္ ..

" ကားအသစ္ဆိုတာ
ဒီလို ၾကမ္းၾကမ္းကိုင္ရတယ္ သူ႕ကို ႏုေနရင္ ခင္ဗ်ားကား ဒီလိုပဲ ထိုးရပ္ေနမွာ "

လမ္းေပၚမွာ ကားေတြကလည္း ရွင္း
Gulf ကလည္း အျမန္ေမာင္းလိုက္ေတာ့ ..
MEW သူ သြားခ်င္တဲ့ ဟိုတယ္ကို တန္းတန္းမတ္မတ္ေရာက္သြားေတာ့တယ္ ..

" ကဲ ခင္ဗ်ား ေျပာတဲ့ ဟိုတယ္ေရာက္ၿပီ "

ကားေပၚက ဆင္းလိုက္ၿပီး Gulf ကားေသာ့
MEWကို လွမ္းေပးလိုက္တယ္ ..

" Thank you "

MEW ကားေသာ့ လွမ္းယူရင္း ပိုက္ဆံ
အထပ္လိုက္ ထုတ္ေပးလိုက္တယ္ ..

" မင္း လုပ္အားခ
ဒီေလာက္ဆို လုံေလာက္လား "

သူ႕ကို လွမ္းေပးတဲ့ ပိုက္ဆံအထပ္ထဲက
သူ႕ လုပ္အားခနဲ႕ ညီမွ်သေလာက္ပဲ
Gulf ဆြဲယူလိုက္တယ္ ..

" ဒီေလာက္ဆို လုံေလာက္ပါၿပီ သြားၿပီဗ် "

သူလိုသမွ်ပဲ ယူၿပီး ထြက္သြားတဲ့
ေကာင္ေလးကိုMEW အံ့ဩၿပီး
သူထြက္သြားတဲ့ အေနာက္ကို
လိုက္ၿပီး ၾကည့္ေနမိတယ္ ..
တျခား ဒီလို အလုပ္လုပ္တဲ့သူဆို သူေပးတဲ့
ပိုက္ဆံအထပ္လိုက္ အားရဝမ္းသာ
ယူလိုက္မွာ

ဒါေပမယ့္ ဒီေကာင္ေလးကေတာ့
အဲလိုမဟုတ္ ..
ၿပီးေတာ့ သူ႕ကိုလည္း ဘာအထာမွ‌မေပး ..

ဘယ္လိုေကာင္ေလးပါလိမ့္ ဒီအလုပ္ကို
လုပ္ေနၾကမွ ဟုတ္ရဲ႕လား ..

ဟိုတယ္ႀကီးရဲ႕ ထိုင္ခုံတန္းမွာ ထိုင္ေနတဲ့
ညဉ့္ငွက္ေလးကို MEWစိတ္ဝင္စား
သြားရတယ္

" ေဟး "

ခုံတန္းမွာထိုင္ၿပီး သူေနတဲ့ ေနရာကို ဘယ္လို
ကားစီးရမလဲ စဥ္းစားေနတုန္း လွမ္းေခၚသံ
ၾကားတာနဲ႕ Gulf လွည့္ၾကည့္လိုက္တယ္ ..

" ဒီည မင္း တျခားအလုပ္ရွိေသးလား "

" မရွိဘူး ဗ် ျပန္ေတာ့မွာ "

" အဲဒါဆို မင္းကို ကိုယ္ ငွားလို႔ရမလား "

သူ႕အေရွ႕က လူကို
Gulf စူးစမ္းၾကည့္လိုက္တယ္

လူရည္သန႔္ လူႀကီးလူေကာင္း
စီးပြား‌‌ေရးသမားပုံစံ ..
သူထက္ေတာ့ အသက္ႀကီးမယ္ပုံ ..

" ခင္ဗ်ားက ဘယ္လို႔မ်ိဳး ငွားခ်င္တာလည္း
က်ဳပ္က အရက္ေသာက္ေပးတာကလြဲရင္
Sex ကိစၥ မလုပ္ဘူးဗ် "

ပြင့္ပြင့္လင္းလင္း ေျပာလိုက္တဲ့
ေကာင္ေလးေၾကာင့္ MEW ရွက္ၿပီး
ရယ္လိုက္မိတယ္ ..

" မဟုတ္ပါဘူးကြာ ကိုယ္တေယာက္ထဲ
ျဖစ္ေနလို႔စကားေျပာေဖာ္ ‌ေခၚတာပါ "

" အိုေက အဲဒါဆို လိုက္ခဲ့မယ္
ၿပီးမွ နာရီနဲ႕ ရွင္းေပါ့ဗ်ာ ..

" မင္း နာမည္ ဘယ္လိုေခၚလဲကြ "

" Gulf "

" ကိုယ့္နာမည္က MEW Suppasit "

" ဟုတ္ၿပီ Gulf အဲဒါဆို
မင္း ဒီကုတ္ ၿခဳံခဲ့လိုက္"

MEW ဆိုတဲ့လူေပးတဲ့ long coat လို
အက်ီကို Gulf ပုခုံးေပၚ လႊမ္းၿခဳံလိုက္တယ္ ..

" အိုေက ရၿပီ ဒီဟိုတယ္ သိတယ္မလား ..
VIP ေတြ မ်ားတယ္ေလ ..
မင္း အဝတ္အစားက နည္း နည္း "

Gulf ဝတ္စားထားပုံက သ႐ုပ္ပ်က္သလို
ျဖစ္ေနေတာ့ MEW ေျပာရမွာ အားနာ
သြားတယ္

" ရပါတယ္ က်ေတာ္ နားလည္ပါတယ္ "

သူ႕ ကုတ္အက်ီဝတ္ထားတဲ့ Gulfဆိုတဲ့
ေကာင္ေလးရဲ႕ ပုခုံးကိုဖက္ၿပီး
ဟိုတယ္ႀကီးထဲ
MEW ဝင္လာခဲ့ေတာ့တယ္ ..

🐦🐦🐦🐦🐦

ညဉ့္ငွက္ .. (အပိုင္း ၂) ဆက္ရန္

အားလုံးရဲ႕ တုံ႕ျပန္မႈ႕ေတြ မွတ္ခ်က္ေတြနဲ႕
အားေပးမႈ႕ေတြအတြက္ ေက်းဇူးတင္ပါတယ္

#ခေရျဖဴ✍️

Olvasás folytatása

You'll Also Like

1.1M 49.1K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
13.6K 336 4
One short လေးတွေရေးပါ့မယ် သိပ်မရေးတတ်လို့ အားပေးကြပါအ​ုန်းကလေးတွေ punishment type တွေပါပဲနော်
960 84 15
ဒီficလေးကညီမရဲ့ပထမဆုံးficလေးမို့လို့အမှားပါရင်ကြိုတောင်းပန်ပါတယ် ဒီficလေးကတော့LGBTဆိုတဲ့အသိုင်းဝိုင်းကိုရှုံ့ချနေ‌ကြတဲ့အတွက်ရေးသားခြင်းပဲဖြစ်ပါတယ်ရှင...