ညဉ့်ငှက် (အပိုင်း၃)

1.1K 81 3
                                    

ညဉ့်ငှက် .. (အပိုင်း ၃ )

" ကလင် ကလင် ကလင် "

ဖုန်းလာတာနဲ့ Yu ဖုန်းကိုင်ပြီးဖြေလိုက်တယ်

" Hello Jade Hotel ကပါရှင် "

" ရှင်  ဟုတ်ကဲ့ ရှိပါတယ် ဘယ်သူ ... ?"

" ခဏ ကိုင်ထားပါရှင် "

" မန်နေဂျာကြီး "

သူတို့ ဧည့်ကြိုကောင်တာနဲ့ မလှမ်းမကမ်းမှာ
ရှိနေတဲ့ ဦးဒယ်နီယယ်ကို Yu ဖုန်း လှမ်း ပြ
လိုက်တယ် ..

အိုကေဆိုကာ လက်ပြပြီး Yu လှမ်းပေးတဲ့ ဖုန်းကို ဦးဒယ်နီယယ် ကိုင်လိုက်တယ် ..

Yu  ဖုန်းလှမ်းပေးလိုက်ရင်း VIP လို့ လေသံနဲ့ 
ဦးဒယ်နီယယ် ကို ပြောလိုက်တယ် .  ..

" Hello  ဒယ်နီယယ်ပါ "

" ဟုတ်ကဲ့ ကျတော် Suppasit ပါ "

"  ‌ဟုတ် မဂ်လာပါ Mr.mew 
ကျတော် ဘာများအကူအညီ
ပေးရမလည်း ခင်ဗျ "

" ကျတော်နဲ့အတူတူ ဟိုတယ်မှာ Gulf ဆိုတဲ့
ကောင်လေးတစ်ယောက် ရှိတယ်ဗျ ..

ညနေကို  dinner အတူတူ တက်စရာရှိလို့
သူ့ကိုအဲဒါ မန်နေဂျာကြီးက လိုအပ်တာလေး
ပြင်ဆင်ပြီး သင်ပြပေးပါလို့  ..
အဲဒါလေး အကူအညီတောင်းချင်လို့ပါ  "

" ဪ ဟုတ်ကဲ့ ရပါတယ် 
အဆင်သင့်ဖြစ်အောင် စီစဉ်လိုက်ပါမယ် "

" ဟုတ်ကဲ့ ကျေးဇူးပါ "

MEW Suppasit ဆိုတာ ချင်းမိုင်မြို့ရဲ့
ဟိုတယ် လုပ်ငန်းရှင်ကြီးဆိုလည်း မမှား ..

ဘန်ကောက်ရဲ့ နာမည်ကြီး
ဒီ Jade ဟိုတယ်မှာရဲ့အများဆုံး
ရှယ်ယာဝင်တစ်ယောက် ..

သူဌေးတစ်ယောက်ဆိုပေမယ့် သူ့ကိုယ်သူ
သူဌေးတစ်ယောက်လို ခမ်းခမ်းနားနား ဘယ်တော့မှ မနေခဲ့ . 

ပုံမှန်အတိုင်းပဲ ဝတ်စားနေထိုင် သွားလာ
တတ်တော့ MEW Suppasit ကို သူဌေးလို့
တော်တန် ဘယ်သူမှ မသိခဲ့ကြတယ် ..

ဒီလို ရိုးရိုးစင်းစင်းနဲ့ အလုပ်ကလွဲပြီး
မိန်းမကိစ္စတောင် အာရုံမရှိတဲ့သူက
ဘယ်ကဘယ်လို   ဒီလို Club boy
တယောက်နဲ့တွေ့ဆုံခဲ့ကြပါလိမ့် ..

ညဉ့်ငှက်Where stories live. Discover now