ညဉ့်ငှက်( အပိုင်း၂ )

1.1K 78 10
                                    

ညဉ့်ငှက် .. (အပိုင်း ၂)
🐦🐦🐦🐦🐦

သူ့အရပ်နဲ့သူ ထောင်ထောင်မောင်းမောင်း
ကြည့်ကောင်းနေတာ  ..
MEW ဆိုတဲ့သူ သူ့ပုခုံး လာဖက်လိုက်တော့
Gulf ကိုယ်လုံးက လက်မောင်ကြားထဲ
သေးငယ်သွားသလို ခံစားလိုက်ရတယ် ..

ဓာတ်လှေကားရုံရှေ့မှာ  အပေါ်ကနေ
ဆင်းလာတာ MEW  တို့ စောင့်နေလိုက်တယ်

" ကလောင် ! "

အပေါ်ကဆင်းလာတဲ့ ဓာတ်လှေကားထဲ
Gulf ဖျတ်ဆို ဝင်သွားလိုက်တယ် ..

တကယ်တော့ MEW တို့ အရှေ့မှာ အသက်ကြီးလင်မယားနှစ်ယောက်
ရှိ နေ သေးတာ ..
သူတို့ ပြီးမှ MEW တို့ ဝင်ရမှာ ..

Gulf အရင် ဓာတ်လှေကားထဲ
ဝင်သွားလိုက်တော့MEW အားနာပြီး
သူ့အရှေ့က လင်မယားကို ပြုံးပြလိုက်တယ်

" ရပါတယ် အရင်သွားလိုက်ပါ "

လင်မယားနှစ်ယောက်ကို MEW ပြုံးပြပြီး
ဓာတ်လှေကားထဲ ဝင်ခဲ့လိုက်တယ် ..

Gulf ကတော့ဒီလိုယဉ်ကျေးမှု့တွေကို
နားလည်ပုံ သိပုံလည်းမရ ..
သူ မရောက်ဘူးတဲ့ နေရာကို ရောက်လာ
ရတော့ ဓာတ်လှေကားကို အထူးအဆန်းလို လိုက်ကြည့်နေတာ MEW တွေ့လိုက်ရတယ် ..

သူ့တည်းခိုမယ့် အခန်းရောက်တာနဲ့
သော့ကတ်နဲ့ဖွင့်လိုက်တယ် ..

" Gulf လာ အထဲဝင် "

" WOW WOW "

ဟိုတယ်အခန်းသာဆိုတယ်
အ်ိမ်တစ်လုံးလောက် ခမ်းနား ပြည့်စုံနေတဲ့ အခန်းကို မျက်စိအပြုးသား
ပါးစပ်အဟောင်းသားနဲ့ Gulf လှည့်ပတ်
ကြည့်လိုက်မိတယ် ..

" ခင်ဗျား အခန်းကြီးက မိုက်တယ်နော် "

သူ့ကို အားရပါးရ လှမ်းပြောလိုက်တဲ့
Gulf ကို MEW ‌ပြုံးကြည့်လိုက်တယ် ..

ပစ္စည်းတွေ သယ်ပေးလာတဲ့
Bellboy ကောင်လေးကို မုန့်ဖိုးပေးရင်း MEW အသီးနဲ့ ရှန်ပိန် မှာလိုက်တယ် ..

" လွတ်လွတ်လပ်လပ်နေနော် Gulf
ကိုယ် စားစရာမှာထားတယ် တော်ကြာရောက်လာလိမ်မယ် "

ဟိုတယ်အခန်းထဲမှာ ရှိတဲ့ အသုံးအဆောင်
ပစ္စည်းတွေကို Gulf လိုက်ကြည့်လို့ မဆုံး
ဖြစ်နေရတယ် ..

ညဉ့်ငှက်Where stories live. Discover now