#Unicode
ဘေဘီနဲ့တွေ့ဖို့ ချမ်းမြေ့တို့ကို အကူအညီ တောင်းထားသည်မို့ ချမ်းမြေ့တို့ လာခေါ်တာကို စောင့်နေခဲ့မိသည်။ ချမ်းမြေ့တို့ကို မေမေ မသိအောင် မျှော်ရတာလည်း လည်ပင်းတောင် ရှည်နေပါပြီ။
"စစ်ပိုင်ရေ"
"ချမ်းမြေ့တို့ပါ့လား။ လာလေ အထဲဝင်"
"ဟုတ်ချယ်"
အိမ်အဝမှာတင် တီချယ်နဲ့တွေ့ရသည်မို့ နည်းနည်းလေးတော့ လန့်မိသည်။ စစ်ပိုင်ရှိရာကို ကြောက်ကြောက်နှင့်သာ လာခဲ့ရသည်။ ချယ့်ကိုတော့ အသေလန့်သည်။
"စစ်ပိုင် ချမ်းမြေ့တို့လာတယ်"
"ဟုတ်မေမေ။ သားလာပြီ"
ချမ်းမြေ့တို့လာတာကို အခန်းထဲက ကြားနေရပေမယ့် မေမေလှမ်းခေါ်တာကို စောင့်နေခဲ့တာပါ။
"ဟိုလေ ချယ်"
"ပြောလေသား"
"ဒီနေ့ သားမွေးနေ့မို့ စစ်ပိုင်ကို ခဏလောက် ခေါ်သွားလို့ရမလားဟင်။ သိပ်မကြာပါဘူးချယ်"
"မှောင်တောင် မှောင်နေပြီရယ် သားရယ်။ ရှစ်နာရီတောင် ကျော်နေပြီ။ ဒီအချိန်ကြီး ကြမှ"
"သူငယ်ချင်းတွေက ဒီအချိန်မှ စုံကြမှာမို့ပါချယ်။ စိတ်မပူပါနဲ့ချယ်။ သား သူ့ကို လုံးဝမတိုက်ဘူးနော်"
"အင်း ကြာတော့ မကြာစေနဲ့နော်သား။ နောက်ကျနေပြီမို့ ပြန်ရင်တော့ သားကိုယ်တိုင် ပြန်ပို့ပေး"
"ဟုတ်ချယ် စိတ်ချပါ။ သားကိုယ်တိုင် လိုက်ပို့ပါ့မယ်"
"အင်း အဲ့ဒါဆို ခေါ်သွားလေ"
"ဟုတ်"
မေမေနဲ့ ချမ်းမြေ့တို့ ပြောတာကို ဘေးကနေ ရင်ခုန်စွာဖြင့် နားထောင်နေရသည်။ မေမေ့ဆီက ခွင့်ပြုချက်ရတော့ လူက ထခုန်ပစ်ချင်စိတ်တောင် ပေါက်သည်။
အင်္ကျီလဲပြီးတာနဲ့ ချမ်းမြေ့တို့နောက် ပျော်ပျော်ကြီးလိုက်ခဲ့ရသည်။
"မင်းတို့ကလည်း နောက်ကျမှ လာခေါ်ရလား"
"ချယ့်ကိုကြောက်လို့ အရှိန်ယူနေရတာနဲ့ ကြာသွားတာ"
"အေးပါကွာ။ ဘာပဲပြောပြော ကျေးဇူးတင်ပါတယ်။ ခုတော့ ဘေဘီ့ အဆောင်ရှေ့ လိုက်ပို့ပေး ချမ်းမြေ့"
"အေးပါကွာ ငါသိပါတယ်"
"သိရင် ပြီးရော"
ဘေဘီ့အဆောင်ရှေ့ရောက်တော့ ချမ်းမြေ့က ဖုန်းခေါ်ပေးလေသည်။ ဘေဘီထွက်လာတော့ ချမ်းမြေ့က အနားကနေ ထွက်သွားပေးခဲ့သည်။
ကိုကြီးချမ်းမြေ့က အပြင်ခဏ ထွက်လာခဲ့ပါလို့ပြောလို့ ခြံထဲက ထွက်လာတဲ့အချိန် လူကြီးကို မြင်လိုက်ရသည်မို့ လင်းရာ အပျော်ကြီး ပျော်သွားရသည်။
"လူကြီး"
ခြံထဲက ထွက်လာတဲ့ဘေဘီက စစ်ပိုင်ရင်ခွင်ထဲကို ပြေးဝင်ပြီး တင်းကျပ်စွာ ဖက်တွယ်ထားလေသည်။ စစ်ပိုင်လည်း လွမ်းခဲ့ရသမျှ အတိုးချပြီး တင်းကြပ်စွာ ပြန်ဖက်ထားလိုက်သည်။
"လူကြီးကို ကျွန်တော် အရမ်းချစ်တယ်"
ဘေဘီက ကျွန်တော့်ကို ချစ်တယ်တဲ့။ တွဲလာတဲ့ တစ်နှစ်တာအတွင်းမှာ ဘေဘီက ကျွန်တော့်ကို ချစ်တယ်လို့ ပြောတာ ဒါပထမဆုံးပါ။ ဘေဘီ့နှုတ်က ချစ်တယ်လို့ ပြောတာကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပါ။ ကျွန်တော်ကသာ ချစ်တယ်လို့ တဖွဖွ ပြောခဲ့ပေမယ့် ဘေဘီက ကျွန်တော့်ကို ချစ်တယ်လို့ တစ်ခါမှ မပြောခဲ့ဖူးဘူးလေ။ ခုတော့ ကြားရခဲစွာ ဘေဘီ့ဆီက ချစ်တယ်ဆိုတဲ့စကား ကြားခဲ့ရဖူးပြီ။
"နောက်ဆို ကိုယ့်ကို ချစ်တယ်လို့ တဖွဖွ ပြောပေးနော်"
"နောက်ဆို လူကြီးက မပြောပါနဲ့တော့လို့ တားရတဲ့အထိ ကျွန်တော်က ချစ်တယ်လို့ ပြောနေတော့မှာ"
"ကိုယ့်ဘေဘီလေး စကားတွေ အရမ်းတတ်နေပါ့လား"
"လူကြီးကို လွမ်းတဲ့ အလွမ်းတွေက စကားတတ်အောင် သင်ပေးသွားတာနေမှာ။ လူကြီးနဲ့ ဝေးရတဲ့ ရက်တွေမှာ လူကြီးကို အရမ်းလွမ်းနေခဲ့တာ။ တကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ"
ဘေဘီ့စကားတွေအောက် ကျရှုံးရပြန်ပါပြီ။ ဒီလူ မချစ်ဘဲ မနေနိုင်တာလည်း မပြောနဲ့။ စကားလုံးတိုင်းက ပြစ်ကြွေချင်စရာ ကောင်းနေတာကိုး။ ကျွန်တော် ဒီကလေးကို ချစ်မိတာ မှားလား။
"ခြွေပြန်ပြီကွာ။ ကိုယ့်ကို အသေသတ်ဖို့များ တွေးထားသလား ဘေဘီ"
"တကယ်ပြောတာ လူကြီးရ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း ခင်ဗျားကိုလွမ်းဖို့ သတိပေးနေသလိုပဲ။ ကျွန်တော် ခြေတစ်လှမ်း လှမ်းရမှာတောင် ကြောက်ခဲ့တာ"
"ကိုယ်ပေးခဲ့တဲ့ လက်ဆောင်က မှန်သွားပြီထင်တယ်"
"လူကြီးကို အဆက်အသွယ်မရတဲ့ ဒီကာလမှာ ကျွန်တော် ရူးတော့မလိုပဲ။ လူကြီးကျွန်တော့်ကို ဘာတစ်ခွန်းမှ မပြောဘဲ လက်ကို ဖြုတ်ချထားခဲ့တော့လည်း ကျွန်တော့်ကို မချစ်တော့ဘူးလို့ ထင်နေခဲ့တာ။ လူကြီး ကျွန်တော့်ကို ထားခဲ့ပြီမှတ်လို့ ကျွန်တော် အရင်က လူကြီးကို ချစ်တယ်လို့ မပြောခဲ့မိတာကို နောင်တရနေခဲ့တာ။ လူကြီးကို အရမ်းချစ်တယ်ဆိုတဲ့အကြောင်း ပြောပြချင်ခဲ့တာ။ လူကြီးကို အရမ်းလွမ်းနေခဲ့တာ"
"ကိုယ်ရောပဲ ဘေဘီ့ကို အရမ်းလွမ်းနေခဲ့တာ။ ဘေဘီနဲ့ဝေးတဲ့ အတောအတွင်း မှန်လုံးဝမကြည့်ခဲ့ဘူး"
"ဘာလို့လဲ"
"ခင်ဗျားလေးပေးထားတဲ့ နားကပ်လေးကို မြင်တိုင်း ခင်ဗျားလေးကို လွမ်းနေရလို့လေ။ ချွတ်လည်း မထားနိုင်ဘူး။ ဒါတောင် တစ်ခါတစ်လေ နားကို ကိုင်မိတဲ့အခါတိုင်း နင့်နင့်နဲနဲ လွမ်းမိသေးတာ"
"အချိန်တိုင်း မလွမ်းခဲ့ဘူးလား ကျွန်တော့်ကို"
"စာသင်ချိန်တွေမှာတော့ မေ့သလိုလို ဖြစ်သွားတာပေါ့ဗျာ"
"ကျွန်တော်ကတော့ စာသင်ချိန်မှာလည်း လွမ်းနေခဲ့တာ။ အချိန်ပြည့် လွမ်းခဲ့တာ"
"ကျွန်တော်မျိုး ဒူးထောက် လက်မြှောက် အရှုံးပေးပါတယ် ဘေဘီလင်းရာလေးခင်ဗျာ"
"အဟီး။ တကယ်တော့ မနေ့က ညနေက ကိုကြီးချမ်းမြေ့က အဆောင်ကို လာသွားတယ်။ သူလာမှ အငိုတိတ်ပြီး ပြုံးနိုင်ခဲ့တာ"
"အင်း ချမ်းမြေ့ကို ကိုယ့်ကိုယ်စား ဘေဘီ့ကို ရှင်းပြပေးဖို့ ကိုယ်အကူအညီတောင်းခဲ့တာ"
"ကိုကြီးချမ်းမြေ့က လူကြီးဘက်က အခက်အခဲတွေအားလုံးကို လူကြီးပြောခိုင်းလိုက်တာဆိုပြီး အားလုံးကို ရှင်းပြပေးသွားတယ်။ ဌာနမှုးက လူကြီးရဲ့မေမေဆိုတာကိုလည်း ကိုကြီးချမ်းမြေ့ ပြောပြလို့ သိလိုက်ရတော့ ကျွန်တော်ဖြင့် အရမ်းကြောက်သွားတာ။ ဘာလို့ အရင်က ပြောမပြခဲ့တာလဲ"
"ကိုယ်က မေမေ့သားဆိုပြီး လူတွေကို မသိစေချင်ဘူး။ မေမေ့သားဆိုရင် ဆိုးချင်တိုင်း ဆိုးလို့မရဘူးလေ။ ဌာနမှူးသားဖြစ်ပြီးတော့ ဆိုးလိုက်တာလို့ မေမေ့ကို ထိခိုက်ပြောမှာကို မလိုလားဘူး။ ကိုယ်က ကိုယ့်အရည်အချင်းနဲ့ ကိုယ်တော်လို့ အခွင့်အရေး ရခဲ့ရင်တောင် ဌာနမှူးသားမို့လို့ အခွင့်အရေးရတာပါကွာ။ ဌာနမှူးသားမို့ မျက်နှာလိုက်ပြီး ပေးလိုက်တာနေမှာပေါ့လို့ ပြောလာမယ့် စကားတွေကို ကိုယ်မကြိုက်ဘူး"
". . ."
"စာမေးပွဲဖြေရင်တောင် သူ့အမေက ဌာနမှူးပဲ သူတော့ မေးခွန်းတွေ ကြိုသိနေမှာပဲလို့ ထင်ကြမှာကို မကြိုက်ဘူး။ အဲ့ဒါကြောင့် ကိုယ်က မေမေနဲ့မေဂျာ မတူအောင် EP ကို တမင်ယူခဲ့တာ။ မေမေ့လွှမ်းမိုးမှုတွေနဲ့ဆို ကိုယ်ကျောင်းသားဘဝကို လွပ်လွပ်လပ်လပ် ပျော်ရွှင်ရမှာ မဟုတ်ဘူးလေ။ ခုလို ကိုယ့်မေမေက ဌာနမှူးဆိုတာကို ဘယ်သူမှ မသိတော့ ကိုယ်ဆိုးချင်တိုင်းဆိုးလည်း ဘုန်းစစ်ပိုင်က ဆိုးလိုက်တာလို့ပဲ နာမည်ကြီးတာ။ ဌာနမှူးသားဖြစ်ပြီး ဆိုးလိုက်တာဟယ်လို့ ဘယ်သူမှ မပြောကြဘူး။ မေမေ့သားမှန်းသိရင် နည်းနည်း နေရကြပ်တယ်။ အဲ့ကြောင့် ဘယ်သူ့ကိုမှ ပေးမသိခဲ့တာ"
"ဒါဆို လူကြီး ဆိုးချင်တိုင်း ဆိုးလို့ရအောင်လို့ လွတ်လွတ်လပ်လပ် နေချင်လို့ပေါ့"
"အင်း အဲ့ဒါလည်းပါတယ်။ မေမေ့ လွှမ်းမိုးမှု မရှိချင်တာလည်းပါတယ်။ တခုခုဆိုကွာ သိတယ်မို့လား ဌာနမှူးသားမို့လို့၊ ဒေါက်တာသားမို့လို့၊ တီချယ်ကြီးသားမို့လို့ ဆိုတာကြီးကို မကြိုက်တာ"
"အင်း ကျွန်တော် နားလည်သွားပြီ။ ဒါပေမဲ့ နောက်ဆို ကျွန်တော့်ကို ခုလို ထားမခဲ့ရဘူးနော်။ ကျွန်တော် အရမ်းချစ်တာမို့ ခုလို မထားခဲ့ပါနဲ့တော့နော်"
"လုံးဝ ထားမခဲ့ပါဘူးဗျာ။ ထားခဲ့ရင်လည်း ခင်ဗျားလေး မမားက ကျွန်တော်မျိုးကို သတ်လိမ့်မယ်"
"ဘာလို့လဲ"
"ဘေဘီ မသိဘူးလား။ မနေ့က ကိုယ့်ကို ခင်လေးလာတွေ့သွားတယ်"
"ဟင် တကယ်"
"တကယ်"
"မမား ဘာတွေ ပြောသွားသေးလဲဟင်"
"ဘေဘီ့ကို စိတ်ဒဏ်ရာတွေ ပေးပြီးထားခဲ့ရင် ကိုယ့်ကို သတ်မယ်လို့ ပြောသွားတယ်"
"တကယ်"
"အင်း ကိုယ်လည်း ဖြစ်ခဲ့သမျှ အရာအားလုံး ခင်လေးကို ရှင်းပြလိုက်ပါတယ်။ မနေ့က ကိုယ် ခင်လေးကို ရှင်းပြလိုက်တဲ့ အကြောင်းအရာအတိုင်း ဘေဘီ့ကိုလည်း ချမ်းမြေ့နဲ့ ရှင်းပြခိုင်းလိုက်တာ။ ခင်လေးနဲ့တွေပြီး သိပ်မကြာဘူး ဘေဘီ့ကို ချမ်းမြေ့လာရှင်းပြတာ"
"ဒါဆို ကျွန်တော့်ကို လာရှင်းမပြခင် မမားနဲ့ အရင်တွေ့ခဲ့တာပေါ့"
"အင်းလေ"
"မမားက လက်ခံပေးလား"
"အင်း ဘေဘီ့ကို စိတ်ချမ်းသာအောင် ထားပေးပါလို့ ပြောသွားတယ်"
"လူကြီး ဘာပြန်ပြောလိုက်လဲ"
"ဘေဘီ့ကို ကိုယ့်ကြောင့် ဘယ်တော့မှ စိတ်ဆင်းမရဲစေရပါဘူးလို့ ကတိပေးလိုက်တယ်"
"အရမ်းချစ်တယ် လူကြီး"
"ကိုယ်လည်း အရမ်းချစ်တယ် ဘေဘီ"
လရိပ်အောက်မှာ တစ်ယောက်ကို တစ်ယောက် တင်းကြပ်စွာ ဖက်ထားရင်း အပြန်အလှန် ချစ်တယ်လို့ တဖွဖွ ပြောနေကြတဲ့ ကောင်လေးနှစ်ယောက်ကို လမင်ကြီးနဲ့ ကြယ်လေးတွေက ထွေးပွေ့ကာ ကာကွယ်ပေးထားလေရဲ့။
မနက်ပိုင်း ကျောင်းမတက်ချင်သေးတာမို့ နွယ်တို့အိမ်မှာ ခင်လေး ဝင်နေခဲ့ပြီး သားသားကို တစ်ယောက်ထဲ ကျောင်းကို လွှတ်လိုက်ရသည်။
"တကယ်တော့လေ ငါ့ရင်ထဲမှာ အဆင်မပြေဘူးနွယ်"
"ဘာကိုလဲ"
"သားသားနဲ့ ဘုန်းစစ်ပိုင်ကိုပေါ့"
"အင်း"
"ငါသားသားကိုနှမြောတယ်"
"ငါတောင် ဒီလောက်နှမြောရင် နင်ဆို ပိုဆိုးမှာပေါ့"
"အဲ့ဒီ့နေ့က သားသားနာကျင်နေတာ မြင်ရလို့ ငါ စိတ်လျှော့ပေးခဲ့တာ။ သားသား စိတ်ချမ်းသာပါစေဆိုပြီး နားလည်ပေးခဲ့တာ။ ငါပြုစုပျိုးထောင်ခဲ့တဲ့ ပန်းလေး ငါကိုယ်တိုင်ချိုးမိသလို ဖြစ်မှာဆိုးလို့ ငါကပါ တင်းမာနေခဲ့ရင် သားသားညှိုးနွမ်းသွားမှာကို မလိုလားလို့ ငါ့နာကျင်မှုကို မြိုသိပ်ခဲ့တာ။ ငါ သားသားကို အရမ်းမျှော်လင့်ခဲ့တာ"
"ခင်လေးရယ် ငါနင့်ကို နားလည်တာပေါ့ဟာ"
"အဲ့နေ့က သားသားငိုနေတာ မြင်ရတော့ ငါ့ရင်ထဲက နာကျင်မှုက အတိုင်းအဆမဲ့ပဲဟာ"
"နင်က သားသားကို သိပ်ချစ်တာကိုး"
"သားသားအတွက် ငါ့မှာ ရတက်မအေးရဘူး။ ဘယ်အချိန်မှာများ သားသား ဘုန်းစစ်ပိုင်ကြောင့် စိတ်ဆင်းရဲနေရှာရပါ့မလဲလို့ အမြဲတွေးပူနေရတယ်"
"အရမ်းကြီးလည်း မပူပါနဲ့။ ဘုန်းစစ်ပိုင်က အဲ့လောက်ထိတော့ မဆိုးလောက်တော့ဘူး ထင်ပါတယ်"
"မျှော်လင့်ရတာပဲ နွယ်။ မဆိုးစေဖို့ ဆုတောင်းရမှာပေါ့"
"အင်း"
"ငါလေ သားသားက ဘုန်းစစ်ပိုင်နဲ့ချစ်သူတွေ ဖြစ်နေပြီလို့ ပထမဆုံး စပြောတဲ့နေ့ကဆို ဘာမှမမြင်နိုင်တော့ဘဲ ခြေတွေလက်တွေ မခိုင်တော့တဲ့အထိ ဖြစ်ပြီး လဲကျသွားခဲ့တာ။ ရင်ဘတ်ကြီးတစ်ခုလုံး တင်းကျပ်ပြီး ဆောက်တည်ရာမရ ဖြစ်ရသလို ယူကျုံးမရ ဖြစ်ခဲ့ရတယ်။ မယုံနိုင်ခဲ့ဘူး။ ယုံလည်း ယုံကြည်မပေးနိုင်ခဲ့ဘူး။ ငါ့သားသားက လိင်တူချစ်နေတယ်ဆိုတာ သိရတော့ ငါလေ ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဘယ်လို လက်ခံပေးလို့ ပေးရမှန်းလည်း မသိဘူး။ ရင်ဘတ်ကြီးတစ်ခုလုံး ဆုတ်ဖြဲခံလိုက်ရသလိုပဲ ရင်တွေလည်းနာတယ်။ နှမြောလည်း နှမြောတယ်။ ငါ့ကလေးလေး စိတ်ပင်ပန်းရတော့မယ်။ ပတ်ဝန်းကျင်ရဲ့ အကြည့်တွေ အပြောအဆိုတွေကို ရင်ဆိုင်ရတော့မယ်။ ကလေး ရင်ဆိုင်ရမယ့် အရာတွေက ခက်ခဲပင်ပန်းတော့မှာပဲဆိုပြီး တွေးပူခဲ့တာ။ ဘုန်းစစ်ပိုင် ဖြစ်နေတော့ပိုဆိုးတယ်။ ဘာလို့ ဘုန်းစစ်ပိုင်မှလဲပေါ့။ ဘုန်းစစ်ပိုင်နဲ့ လုံးဝလက်ခံမပေးနိုင်ခဲ့ဘူး"
"ငါက နင်ဘုန်းစစ်ပိုင်ကို တစ်ခုခု သွားလုပ်မယ်လို့တောင် ထင်နေတာ"
"လုပ်ချင်တာပေါ့နွယ်ရယ်။ ဖြစ်နိုင်ရင် ဘုန်းစစ်ပိုင်ကို စိတ်ရှိလက်ရှိ ထုရိုက်ပြီး ပိုးစိုးပက်စက် ပြောလိုက်ချင်တာ။ ဒါပေမဲ့ ငါမလုပ်ခဲ့ဘူး။ သားသားက မေ့ပစ်ပါ့မယ်လို့ ကတိပေးထားရက်နဲ့ ငါက ဘုန်းစစ်ပိုင်ကို ပြဿနာသွားရှာလိုက်ရင် ကလေး ပိုပြီးအဆင်မပြေ ဖြစ်သွားမယ်လို့ တွေးခဲ့မိလို့ သူ့ကိုလျစ်လျူရှုပြီး ဥပေက္ခာပြုခဲ့တာ။ အဓိကက ကိုယ့်လူလေ။ ကိုယ့်လူကို နိုင်အောင်ထိန်းရမှာ။ အဲ့တော့ ကိုယ့်လူကိုယ်ပဲ နိုင်အောင်ထိန်းမယ်ပေါ့ အဲ့လိုတွေးခဲ့လို့ ဘာမှမလုပ်ခဲ့တာ။ ဒါပေမဲ့ ဟိုနေ့က သားသားရှိုက်ကြီးတငင် ငိုနေတာ မြင်ရတော့ ဘယ်လိုမှ မရတော့ဘူး။ စိတ်လည်း မထိန်းနိုင်တော့ဘူး။ ဘုန်းစစ်ပိုင်ကို စိတ်ရှိလက်ရှိ ထုရိုက်လိုက်တယ်"
"ကောင်းတယ် ငါဖို့ပါ အများကြီး ပိုရိုက်ခဲ့ရမှာ"
"အေး ရိုက်ခဲ့တယ် စိတ်ချ"
သူငယ်ချင်းနှစ်ယောက်ကို သူများကိုရိုက်ဖို့ အားကျိုးမာန်တက် ပြောမိတော့ ရယ်မိကြပြန်သည်။
"အရမ်းကြီး စိတ်ထဲထည့်တွေးပြီး အပင်ပန်းမခံနဲ့ ခင်လေး။ အရာရာ အဆင်ပြေသွားမှာပါလို့တွေးပြီး အဆင်ပြေအောင်နေပါ။ မဟုတ်ရင် နင်ပဲ စိတ်ပင်ပန်းရမယ်"
"အေးပါဟာ။ ငါကြိုးစားနေပါတယ်"
နွယ့်ကို ရင်ဖွင့်ကာ စကားတွေအများကြီး ပြောပြီးမှ နှစ်ယောက်သား ကျောင်းကို အတူတူလာဖြစ်ခဲ့ကြသည်။
ညနေ ကျောင်းက ပြန်လာတော့ သားသားက မမားနဲ့အတူတူ ဆိုင်ကယ်စီးချင်တယ်ပြောပြီး ချစ်သူ့လမ်းကြားဘက်ကို ခေါ်လာခဲ့လေသည်။
"မမား သားကို ခုရက်ထဲ စကားလည်း မပြောဘူး"
"မမားစိတ်ကို ပြင်ဆင်နေရလို့ပါကွယ်။ သားနဲ့ဘုန်းစစ်ပိုင်ကို လက်ခံပေးနိုင်ဖို့ မမားပြင်ဆင်နေရလို့ပါ"
"သားကြောင့် စိတ်ညစ်နေရပြီလားဟင်"
"မမားသားလေး ပျော်ဖို့က အရေးကြီးတယ် မဟုတ်လား"
"သားအတွက်တော့ မမားအပြုံးက ပိုအရေးကြီးတယ်"
"သားအဆင်ပြေတာကိုပဲ မြင်ချင်တာမို့ သားအဆင်ပြေတယ်ဆိုရင် မမားလည်း အဆင်ပြေတယ်။ သားပျော်နေတာမြင်ရင် မမားလည်းပျော်ပါတယ်"
"အဲ့ဒီနေ့က သားအရမ်းငိုနေခဲ့လို မမား ဘာမှမပြောဘဲ သားစိတ်ချမ်းသာအောင် နေပေးခဲ့တာမို့လား"
"သားသိနေခဲ့တာလား"
"နောက်နေ့ ပြန်တွေးကြည့်ခဲ့တာ။ မမား သားအတွက် ရင်ကျိုးနေမှာကို ပြန်စဉ်းစားမိခဲ့တာ။ မမားမျှော်လင့်ထားသလို သားက ဖြစ်မလာခဲ့ဘူးလေ"
"ဒါပေမဲ့ သားသားက ဘုန်းစစ်ပိုင်ကို အရမ်းချစ်နေတယ်မို့လား"
"အဲ့ဒါကြောင့် မမားက အဲ့နေ့က လူကြီးကို သွား တွေ့ခဲ့တာမို့လား။ သားအတွက်လေ"
"သားသားသိနေခဲ့တာပဲ"
"လူကြီး ပြောပြတာ"
"အင်း"
"မမားက သားအတွက် အမေပါပဲ။ မမားမျက်နှာကို အရိပ်လို ကြည့်နေခဲ့တာပါ။ မမားမျက်နှာကိုပဲ စာဖတ်ခဲ့တာပါ။ မမား စိတ်ညစ်နေရမှာကို သားမလိုလားဘူး။ သားကြောင့် စိတ်ညစ်ရမှာကို ပိုပြီး မလိုလာဘူး"
"မညစ်ပါဘူး သားသားရယ်။ မမားက မမားကလေးလေးကို သူများကို ပေးလိုက်ရမှာ နှမြောနေမိလို့ပါ။ မမားကလေးလေးကို သူများနဲ့ခွဲဝေချစ်ရတော့မယ်လို့ တွေးမိတိုင်း စိတ်မကောင်းဘူး"
"သူများနဲ့ ခွဲဝေချစ်စရာ မလိုပါဘူး မမားရဲ့။ မမားကလည်း အရင်ကလိုပဲ သားကို အများကြီးချစ်ပေး။ သာကလည်း မမားကိုပဲ အများကြီးပိုချစ်မှာ"
"အပြောကောင်းလေး။ အဲ့ဒါကြောင့် ဟိုနေ့က ကျမရင်ခွင်ထဲမှာငိုပြီး ဘုန်းစစ်ပိုင်ကို အရမ်းချစ်တယ်ဆိုပြီး ပြောခဲ့တာပေါ့လေ"
"မမားကလည်း"
"ရှင်လေးပြောတော့ ကျမကို အချစ်ဆုံးပါဆို"
"ခုလည်း မမားကို အချစ်ဆုံးလေ"
"ကျမကို အချစ်ဆုံးပြောပြီး ဘုန်းစစ်ပိုင်နဲ့ ကြိုက်နေတာတောင် ကျမ မသိခဲ့ရပါ့လား မောင်လင်းရာလေးရယ်။ ဘယ်အချိန်ကြိုက်မှန်းတောင် မသိလိုက်ဘူး။ လုံအောင် ချစ်တတ်လိုက်တာ"
"မမား သိသွားမှာ ဆိုးလို့ပါ။ မမားကလည်း"
"အရမ်းချစ်တာပဲလား"
"ဟင်"
"ဘုန်းစစ်ပိုင်ကိုလေ"
"သားဘက်က ပြန်ချစ်လို့ ချစ်သူတွေ ဖြစ်ခဲ့ကြတာ မဟုတ်ဘူး မမား။ ချစ်သူတွေ ဖြစ်ပြီးမှ လူကြီးကို တဖြည်းဖြည်းနဲ့ ချစ်မှန်းမသိ ချစ်လာခဲ့တာ။ လူကြီးက သူ့ကို သားပြန်ချစ်လာတဲ့အထိ အများကြီး ချစ်ပေးခဲ့တာ"
"ဒါဆို သားက သူ့ကို မချစ်ဘဲ အဖြေပေးခဲ့တာပေါ့"
"မဟုတ်ဘူး မမား။ လူကြီးက ပြန်မချစ်လည်း ချစ်သူတွေအဖြစ် ရှိနေပေးရင်ရပြီတဲ့။ ဘေဘီ့ဘက်က ပြန်ချစ်ပေးဖို့မလိုဘူး။ ဘေဘီချစ်လာအောင် ကိုယ်ကြိုးစားမယ်လို့ ပြောခဲ့တာ"
"အင်း . . . အဲ့ဒါနဲ့ပဲ ရှင်လေးက ချစ်မိသွားတယ်ပေါ့လေ"
"ဟုတ်"
"မမားထက်တော့ ပိုမချစ်နဲ့နော်။ မမားက သဝန်တိုတယ်"
"ဟုတ် မမားထက် လုံးဝပိုမချစ်ဘူး"
"အဲ့ဒါကြောင့် ဟိုနေ့က တက်မတတ် ချက်မတတ် ရှိုက်ကြီးတငင် ငိုနေခဲ့တာပေါ့လေ"
"မမားကလည်း"
သားသား ပျော်ရင် ခင်လေးလည်း ပျော်တာမို့ သားသား ပျော်နေရင်ရပြီ။ ခင်လေးတို့ ခုလိုလေးပဲ အေးချမ်းပျော်ရွင်စွာ နေသွားချင်တယ်။
Sat, Aug 14 (14/8/2021/Sat)
****************
#Zawgyi
ေဘဘီနဲ႔ေတြ႕ဖို႔ ခ်မ္းေျမ့တို႔ကို အကူအညီ ေတာင္းထားသည္မို႔ ခ်မ္းေျမ့တို႔ လာေခၚတာကို ေစာင့္ေနခဲ့မိသည္။ ခ်မ္းေျမ့တို႔ကို ေမေမ မသိေအာင္ ေမၽွာ္ရတာလည္း လည္ပင္းေတာင္ ရွည္ေနပါၿပီ။
"စစ္ပိုင္ေရ"
"ခ်မ္းေျမ့တို႔ပါ့လား။ လာေလ အထဲဝင္"
"ဟုတ္ခ်ယ္"
အိမ္အဝမွာတင္ တီခ်ယ္နဲ႔ေတြ႕ရသည္မို႔ နည္းနည္းေလးေတာ့ လန႔္မိသည္။ စစ္ပိုင္ရွိရာကို ေၾကာက္ေၾကာက္ႏွင့္သာ လာခဲ့ရသည္။ ခ်ယ့္ကိုေတာ့ အေသလန႔္သည္။
"စစ္ပိုင္ ခ်မ္းေျမ့တို႔လာတယ္"
"ဟုတ္ေမေမ။ သားလာၿပီ"
ခ်မ္းေျမ့တို႔လာတာကို အခန္းထဲက ၾကားေနရေပမယ့္ ေမေမလွမ္းေခၚတာကို ေစာင့္ေနခဲ့တာပါ။
"ဟိုေလ ခ်ယ္"
"ေျပာေလသား"
"ဒီေန႔ သားေမြးေန႔မို႔ စစ္ပိုင္ကို ခဏေလာက္ ေခၚသြားလို႔ရမလားဟင္။ သိပ္မၾကာပါဘူးခ်ယ္"
"ေမွာင္ေတာင္ ေမွာင္ေနၿပီရယ္ သားရယ္။ ရွစ္နာရီေတာင္ ေက်ာ္ေနၿပီ။ ဒီအခ်ိန္ႀကီး ၾကမွ"
"သူငယ္ခ်င္းေတြက ဒီအခ်ိန္မွ စုံၾကမွာမို႔ပါခ်ယ္။ စိတ္မပူပါနဲ႔ခ်ယ္။ သား သူ႔ကို လုံးဝမတိုက္ဘူးေနာ္"
"အင္း ၾကာေတာ့ မၾကာေစနဲ႔ေနာ္သား။ ေနာက္က်ေနၿပီမို႔ ျပန္ရင္ေတာ့ သားကိုယ္တိုင္ ျပန္ပို႔ေပး"
"ဟုတ္ခ်ယ္ စိတ္ခ်ပါ။ သားကိုယ္တိုင္ လိုက္ပို႔ပါ့မယ္"
"အင္း အဲ့ဒါဆို ေခၚသြားေလ"
"ဟုတ္"
ေမေမနဲ႔ ခ်မ္းေျမ့တို႔ ေျပာတာကို ေဘးကေန ရင္ခုန္စြာျဖင့္ နားေထာင္ေနရသည္။ ေမေမ့ဆီက ခြင့္ျပဳခ်က္ရေတာ့ လူက ထခုန္ပစ္ခ်င္စိတ္ေတာင္ ေပါက္သည္။
အကၤ်ီလဲၿပီးတာနဲ႔ ခ်မ္းေျမ့တို႔ေနာက္ ေပ်ာ္ေပ်ာ္ႀကီးလိုက္ခဲ့ရသည္။
"မင္းတို႔ကလည္း ေနာက္က်မွ လာေခၚရလား"
"ခ်ယ့္ကိုေၾကာက္လို႔ အရွိန္ယူေနရတာနဲ႔ ၾကာသြားတာ"
"ေအးပါကြာ။ ဘာပဲေျပာေျပာ ေက်းဇူးတင္ပါတယ္။ ခုေတာ့ ေဘဘီ့ အေဆာင္ေရွ႕ လိုက္ပို႔ေပး ခ်မ္းေျမ့"
"ေအးပါကြာ ငါသိပါတယ္"
"သိရင္ ၿပီးေရာ"
ေဘဘီ့အေဆာင္ေရွ႕ေရာက္ေတာ့ ခ်မ္းေျမ့က ဖုန္းေခၚေပးေလသည္။ ေဘဘီထြက္လာေတာ့ ခ်မ္းေျမ့က အနားကေန ထြက္သြားေပးခဲ့သည္။
ကိုႀကီးခ်မ္းေျမ့က အျပင္ခဏ ထြက္လာခဲ့ပါလို႔ေျပာလို႔ ၿခံထဲက ထြက္လာတဲ့အခ်ိန္ လူႀကီးကို ျမင္လိုက္ရသည္မို႔ လင္းရာ အေပ်ာ္ႀကီး ေပ်ာ္သြားရသည္။
"လူႀကီး"
ၿခံထဲက ထြက္လာတဲ့ေဘဘီက စစ္ပိုင္ရင္ခြင္ထဲကို ေျပးဝင္ၿပီး တင္းက်ပ္စြာ ဖက္တြယ္ထားေလသည္။ စစ္ပိုင္လည္း လြမ္းခဲ့ရသမၽွ အတိုးခ်ၿပီး တင္းၾကပ္စြာ ျပန္ဖက္ထားလိုက္သည္။
"လူႀကီးကို ကၽြန္ေတာ္ အရမ္းခ်စ္တယ္"
ေဘဘီက ကၽြန္ေတာ့္ကို ခ်စ္တယ္တဲ့။ တြဲလာတဲ့ တစ္ႏွစ္တာအတြင္းမွာ ေဘဘီက ကၽြန္ေတာ့္ကို ခ်စ္တယ္လို႔ ေျပာတာ ဒါပထမဆုံးပါ။ ေဘဘီ့ႏႈတ္က ခ်စ္တယ္လို႔ ေျပာတာကို ပထမဆုံးအႀကိမ္ ၾကားဖူးျခင္းပါ။ ကၽြန္ေတာ္ကသာ ခ်စ္တယ္လို႔ တဖြဖြ ေျပာခဲ့ေပမယ့္ ေဘဘီက ကၽြန္ေတာ့္ကို ခ်စ္တယ္လို႔ တစ္ခါမွ မေျပာခဲ့ဖူးဘူးေလ။ ခုေတာ့ ၾကားရခဲစြာ ေဘဘီ့ဆီက ခ်စ္တယ္ဆိုတဲ့စကား ၾကားခဲ့ရဖူးၿပီ။
"ေနာက္ဆို ကိုယ့္ကို ခ်စ္တယ္လို႔ တဖြဖြ ေျပာေပးေနာ္"
"ေနာက္ဆို လူႀကီးက မေျပာပါနဲ႔ေတာ့လို႔ တားရတဲ့အထိ ကၽြန္ေတာ္က ခ်စ္တယ္လို႔ ေျပာေနေတာ့မွာ"
"ကိုယ့္ေဘဘီေလး စကားေတြ အရမ္းတတ္ေနပါ့လား"
"လူႀကီးကို လြမ္းတဲ့ အလြမ္းေတြက စကားတတ္ေအာင္ သင္ေပးသြားတာေနမွာ။ လူႀကီးနဲ႔ ေဝးရတဲ့ ရက္ေတြမွာ လူႀကီးကို အရမ္းလြမ္းေနခဲ့တာ။ တကယ္ပါ ေျခတစ္လွမ္း လွမ္းတိုင္း လူႀကီးကို တစ္ခါလြမ္းခဲ့တာ"
ေဘဘီ့စကားေတြေအာက္ က်ရႈံးရျပန္ပါၿပီ။ ဒီလူ မခ်စ္ဘဲ မေနနိုင္တာလည္း မေျပာနဲ႔။ စကားလုံးတိုင္းက ျပစ္ေႂကြခ်င္စရာ ေကာင္းေနတာကိုး။ ကၽြန္ေတာ္ ဒီကေလးကို ခ်စ္မိတာ မွားလား။
"ေႁခြျပန္ၿပီကြာ။ ကိုယ့္ကို အေသသတ္ဖို႔မ်ား ေတြးထားသလား ေဘဘီ"
"တကယ္ေျပာတာ လူႀကီးရ။ ခင္ဗ်ားေပးခဲ့တဲ့ Foot Chainေလးက ေျခလွမ္းလိုက္တိုင္း ခင္ဗ်ားကိုလြမ္းဖို႔ သတိေပးေနသလိုပဲ။ ကၽြန္ေတာ္ ေျခတစ္လွမ္း လွမ္းရမွာေတာင္ ေၾကာက္ခဲ့တာ"
"ကိုယ္ေပးခဲ့တဲ့ လက္ေဆာင္က မွန္သြားၿပီထင္တယ္"
"လူႀကီးကို အဆက္အသြယ္မရတဲ့ ဒီကာလမွာ ကၽြန္ေတာ္ ႐ူးေတာ့မလိုပဲ။ လူႀကီးကၽြန္ေတာ့္ကို ဘာတစ္ခြန္းမွ မေျပာဘဲ လက္ကို ျဖဳတ္ခ်ထားခဲ့ေတာ့လည္း ကၽြန္ေတာ့္ကို မခ်စ္ေတာ့ဘူးလို႔ ထင္ေနခဲ့တာ။ လူႀကီး ကၽြန္ေတာ့္ကို ထားခဲ့ၿပီမွတ္လို႔ ကၽြန္ေတာ္ အရင္က လူႀကီးကို ခ်စ္တယ္လို႔ မေျပာခဲ့မိတာကို ေနာင္တရေနခဲ့တာ။ လူႀကီးကို အရမ္းခ်စ္တယ္ဆိုတဲ့အေၾကာင္း ေျပာျပခ်င္ခဲ့တာ။ လူႀကီးကို အရမ္းလြမ္းေနခဲ့တာ"
"ကိုယ္ေရာပဲ ေဘဘီ့ကို အရမ္းလြမ္းေနခဲ့တာ။ ေဘဘီနဲ႔ေဝးတဲ့ အေတာအတြင္း မွန္လုံးဝမၾကည့္ခဲ့ဘူး"
"ဘာလို႔လဲ"
"ခင္ဗ်ားေလးေပးထားတဲ့ နားကပ္ေလးကို ျမင္တိုင္း ခင္ဗ်ားေလးကို လြမ္းေနရလို႔ေလ။ ခၽြတ္လည္း မထားနိုင္ဘူး။ ဒါေတာင္ တစ္ခါတစ္ေလ နားကို ကိုင္မိတဲ့အခါတိုင္း နင့္နင့္နဲနဲ လြမ္းမိေသးတာ"
"အခ်ိန္တိုင္း မလြမ္းခဲ့ဘူးလား ကၽြန္ေတာ့္ကို"
"စာသင္ခ်ိန္ေတြမွာေတာ့ ေမ့သလိုလို ျဖစ္သြားတာေပါ့ဗ်ာ"
"ကၽြန္ေတာ္ကေတာ့ စာသင္ခ်ိန္မွာလည္း လြမ္းေနခဲ့တာ။ အခ်ိန္ျပည့္ လြမ္းခဲ့တာ"
"ကၽြန္ေတာ္မ်ိဳး ဒူးေထာက္ လက္ေျမႇာက္ အရႈံးေပးပါတယ္ ေဘဘီလင္းရာေလးခင္ဗ်ာ"
"အဟီး။ တကယ္ေတာ့ မေန႔က ညေနက ကိုႀကီးခ်မ္းေျမ့က အေဆာင္ကို လာသြားတယ္။ သူလာမွ အငိုတိတ္ၿပီး ျပဳံးနိုင္ခဲ့တာ"
"အင္း ခ်မ္းေျမ့ကို ကိုယ့္ကိုယ္စား ေဘဘီ့ကို ရွင္းျပေပးဖို႔ ကိုယ္အကူအညီေတာင္းခဲ့တာ"
"ကိုႀကီးခ်မ္းေျမ့က လူႀကီးဘက္က အခက္အခဲေတြအားလုံးကို လူႀကီးေျပာခိုင္းလိုက္တာဆိုၿပီး အားလုံးကို ရွင္းျပေပးသြားတယ္။ ဌာနမႈးက လူႀကီးရဲ့ေမေမဆိုတာကိုလည္း ကိုႀကီးခ်မ္းေျမ့ ေျပာျပလို႔ သိလိုက္ရေတာ့ ကၽြန္ေတာ္ျဖင့္ အရမ္းေၾကာက္သြားတာ။ ဘာလို႔ အရင္က ေျပာမျပခဲ့တာလဲ"
"ကိုယ္က ေမေမ့သားဆိုၿပီး လူေတြကို မသိေစခ်င္ဘူး။ ေမေမ့သားဆိုရင္ ဆိုးခ်င္တိုင္း ဆိုးလို႔မရဘူးေလ။ ဌာနမႉးသားျဖစ္ၿပီးေတာ့ ဆိုးလိုက္တာလို႔ ေမေမ့ကို ထိခိုက္ေျပာမွာကို မလိုလားဘူး။ ကိုယ္က ကိုယ့္အရည္အခ်င္းနဲ႔ ကိုယ္ေတာ္လို႔ အခြင့္အေရး ရခဲ့ရင္ေတာင္ ဌာနမႉးသားမို႔လို႔ အခြင့္အေရးရတာပါကြာ။ ဌာနမႉးသားမို႔ မ်က္ႏွာလိုက္ၿပီး ေပးလိုက္တာေနမွာေပါ့လို႔ ေျပာလာမယ့္ စကားေတြကို ကိုယ္မႀကိဳက္ဘူး"
". . ."
"စာေမးပြဲေျဖရင္ေတာင္ သူ႔အေမက ဌာနမႉးပဲ သူေတာ့ ေမးခြန္းေတြ ႀကိဳသိေနမွာပဲလို႔ ထင္ၾကမွာကို မႀကိဳက္ဘူး။ အဲ့ဒါေၾကာင့္ ကိုယ္က ေမေမနဲ႔ေမဂ်ာ မတူေအာင္ EP ကို တမင္ယူခဲ့တာ။ ေမေမ့လႊမ္းမိုးမႈေတြနဲ႔ဆို ကိုယ္ေက်ာင္းသားဘဝကို လြပ္လြပ္လပ္လပ္ ေပ်ာ္ရႊင္ရမွာ မဟုတ္ဘူးေလ။ ခုလို ကိုယ့္ေမေမက ဌာနမႉးဆိုတာကို ဘယ္သူမွ မသိေတာ့ ကိုယ္ဆိုးခ်င္တိုင္းဆိုးလည္း ဘုန္းစစ္ပိုင္က ဆိုးလိုက္တာလို႔ပဲ နာမည္ႀကီးတာ။ ဌာနမႉးသားျဖစ္ၿပီး ဆိုးလိုက္တာဟယ္လို႔ ဘယ္သူမွ မေျပာၾကဘူး။ ေမေမ့သားမွန္းသိရင္ နည္းနည္း ေနရၾကပ္တယ္။ အဲ့ေၾကာင့္ ဘယ္သူ႔ကိုမွ ေပးမသိခဲ့တာ"
"ဒါဆို လူႀကီး ဆိုးခ်င္တိုင္း ဆိုးလို႔ရေအာင္လို႔ လြတ္လြတ္လပ္လပ္ ေနခ်င္လို႔ေပါ့"
"အင္း အဲ့ဒါလည္းပါတယ္။ ေမေမ့ လႊမ္းမိုးမႈ မရွိခ်င္တာလည္းပါတယ္။ တခုခုဆိုကြာ သိတယ္မို႔လား ဌာနမႉးသားမို႔လို႔၊ ေဒါက္တာသားမို႔လို႔၊ တီခ်ယ္ႀကီးသားမို႔လို႔ ဆိုတာႀကီးကို မႀကိဳက္တာ"
"အင္း ကၽြန္ေတာ္ နားလည္သြားၿပီ။ ဒါေပမဲ့ ေနာက္ဆို ကၽြန္ေတာ့္ကို ခုလို ထားမခဲ့ရဘူးေနာ္။ ကၽြန္ေတာ္ အရမ္းခ်စ္တာမို႔ ခုလို မထားခဲ့ပါနဲ႔ေတာ့ေနာ္"
"လုံးဝ ထားမခဲ့ပါဘူးဗ်ာ။ ထားခဲ့ရင္လည္း ခင္ဗ်ားေလး မမားက ကၽြန္ေတာ္မ်ိဳးကို သတ္လိမ့္မယ္"
"ဘာလို႔လဲ"
"ေဘဘီ မသိဘူးလား။ မေန႔က ကိုယ့္ကို ခင္ေလးလာေတြ႕သြားတယ္"
"ဟင္ တကယ္"
"တကယ္"
"မမား ဘာေတြ ေျပာသြားေသးလဲဟင္"
"ေဘဘီ့ကို စိတ္ဒဏ္ရာေတြ ေပးၿပီးထားခဲ့ရင္ ကိုယ့္ကို သတ္မယ္လို႔ ေျပာသြားတယ္"
"တကယ္"
"အင္း ကိုယ္လည္း ျဖစ္ခဲ့သမၽွ အရာအားလုံး ခင္ေလးကို ရွင္းျပလိုက္ပါတယ္။ မေန႔က ကိုယ္ ခင္ေလးကို ရွင္းျပလိုက္တဲ့ အေၾကာင္းအရာအတိုင္း ေဘဘီ့ကိုလည္း ခ်မ္းေျမ့နဲ႔ ရွင္းျပခိုင္းလိုက္တာ။ ခင္ေလးနဲ႔ေတြၿပီး သိပ္မၾကာဘူး ေဘဘီ့ကို ခ်မ္းေျမ့လာရွင္းျပတာ"
"ဒါဆို ကၽြန္ေတာ့္ကို လာရွင္းမျပခင္ မမားနဲ႔ အရင္ေတြ႕ခဲ့တာေပါ့"
"အင္းေလ"
"မမားက လက္ခံေပးလား"
"အင္း ေဘဘီ့ကို စိတ္ခ်မ္းသာေအာင္ ထားေပးပါလို႔ ေျပာသြားတယ္"
"လူႀကီး ဘာျပန္ေျပာလိုက္လဲ"
"ေဘဘီ့ကို ကိုယ့္ေၾကာင့္ ဘယ္ေတာ့မွ စိတ္ဆင္းမရဲေစရပါဘူးလို႔ ကတိေပးလိုက္တယ္"
"အရမ္းခ်စ္တယ္ လူႀကီး"
"ကိုယ္လည္း အရမ္းခ်စ္တယ္ ေဘဘီ"
လရိပ္ေအာက္မွာ တစ္ေယာက္ကို တစ္ေယာက္ တင္းၾကပ္စြာ ဖက္ထားရင္း အျပန္အလွန္ ခ်စ္တယ္လို႔ တဖြဖြ ေျပာေနၾကတဲ့ ေကာင္ေလးႏွစ္ေယာက္ကို လမင္ႀကီးနဲ႔ ၾကယ္ေလးေတြက ေထြးေပြ႕ကာ ကာကြယ္ေပးထားေလရဲ့။
မနက္ပိုင္း ေက်ာင္းမတက္ခ်င္ေသးတာမို႔ ႏြယ္တို႔အိမ္မွာ ခင္ေလး ဝင္ေနခဲ့ၿပီး သားသားကို တစ္ေယာက္ထဲ ေက်ာင္းကို လႊတ္လိုက္ရသည္။
"တကယ္ေတာ့ေလ ငါ့ရင္ထဲမွာ အဆင္မေျပဘူးႏြယ္"
"ဘာကိုလဲ"
"သားသားနဲ႔ ဘုန္းစစ္ပိုင္ကိုေပါ့"
"အင္း"
"ငါသားသားကိုႏွေျမာတယ္"
"ငါေတာင္ ဒီေလာက္ႏွေျမာရင္ နင္ဆို ပိုဆိုးမွာေပါ့"
"အဲ့ဒီ့ေန႔က သားသားနာက်င္ေနတာ ျမင္ရလို႔ ငါ စိတ္ေလၽွာ့ေပးခဲ့တာ။ သားသား စိတ္ခ်မ္းသာပါေစဆိုၿပီး နားလည္ေပးခဲ့တာ။ ငါျပဳစုပ်ိဳးေထာင္ခဲ့တဲ့ ပန္းေလး ငါကိုယ္တိုင္ခ်ိဳးမိသလို ျဖစ္မွာဆိုးလို႔ ငါကပါ တင္းမာေနခဲ့ရင္ သားသားညႇိုးႏြမ္းသြားမွာကို မလိုလားလို႔ ငါ့နာက်င္မႈကို ၿမိဳသိပ္ခဲ့တာ။ ငါ သားသားကို အရမ္းေမၽွာ္လင့္ခဲ့တာ"
"ခင္ေလးရယ္ ငါနင့္ကို နားလည္တာေပါ့ဟာ"
"အဲ့ေန႔က သားသားငိုေနတာ ျမင္ရေတာ့ ငါ့ရင္ထဲက နာက်င္မႈက အတိုင္းအဆမဲ့ပဲဟာ"
"နင္က သားသားကို သိပ္ခ်စ္တာကိုး"
"သားသားအတြက္ ငါ့မွာ ရတက္မေအးရဘူး။ ဘယ္အခ်ိန္မွာမ်ား သားသား ဘုန္းစစ္ပိုင္ေၾကာင့္ စိတ္ဆင္းရဲေနရွာရပါ့မလဲလို႔ အျမဲေတြးပူေနရတယ္"
"အရမ္းႀကီးလည္း မပူပါနဲ႔။ ဘုန္းစစ္ပိုင္က အဲ့ေလာက္ထိေတာ့ မဆိုးေလာက္ေတာ့ဘူး ထင္ပါတယ္"
"ေမၽွာ္လင့္ရတာပဲ ႏြယ္။ မဆိုးေစဖို႔ ဆုေတာင္းရမွာေပါ့"
"အင္း"
"ငါေလ သားသားက ဘုန္းစစ္ပိုင္နဲ႔ခ်စ္သူေတြ ျဖစ္ေနၿပီလို႔ ပထမဆုံး စေျပာတဲ့ေန႔ကဆို ဘာမွမျမင္နိုင္ေတာ့ဘဲ ေျခေတြလက္ေတြ မခိုင္ေတာ့တဲ့အထိ ျဖစ္ၿပီး လဲက်သြားခဲ့တာ။ ရင္ဘတ္ႀကီးတစ္ခုလုံး တင္းက်ပ္ၿပီး ေဆာက္တည္ရာမရ ျဖစ္ရသလို ယူက်ဳံးမရ ျဖစ္ခဲ့ရတယ္။ မယုံနိုင္ခဲ့ဘူး။ ယုံလည္း ယုံၾကည္မေပးနိုင္ခဲ့ဘူး။ ငါ့သားသားက လိင္တူခ်စ္ေနတယ္ဆိုတာ သိရေတာ့ ငါေလ ဘယ္လိုမွ လက္မခံနိုင္ဘူး။ ဘယ္လို လက္ခံေပးလို႔ ေပးရမွန္းလည္း မသိဘူး။ ရင္ဘတ္ႀကီးတစ္ခုလုံး ဆုတ္ျဖဲခံလိုက္ရသလိုပဲ ရင္ေတြလည္းနာတယ္။ ႏွေျမာလည္း ႏွေျမာတယ္။ ငါ့ကေလးေလး စိတ္ပင္ပန္းရေတာ့မယ္။ ပတ္ဝန္းက်င္ရဲ့ အၾကည့္ေတြ အေျပာအဆိုေတြကို ရင္ဆိုင္ရေတာ့မယ္။ ကေလး ရင္ဆိုင္ရမယ့္ အရာေတြက ခက္ခဲပင္ပန္းေတာ့မွာပဲဆိုၿပီး ေတြးပူခဲ့တာ။ ဘုန္းစစ္ပိုင္ ျဖစ္ေနေတာ့ပိုဆိုးတယ္။ ဘာလို႔ ဘုန္းစစ္ပိုင္မွလဲေပါ့။ ဘုန္းစစ္ပိုင္နဲ႔ လုံးဝလက္ခံမေပးနိုင္ခဲ့ဘူး"
"ငါက နင္ဘုန္းစစ္ပိုင္ကို တစ္ခုခု သြားလုပ္မယ္လို႔ေတာင္ ထင္ေနတာ"
"လုပ္ခ်င္တာေပါ့ႏြယ္ရယ္။ ျဖစ္နိုင္ရင္ ဘုန္းစစ္ပိုင္ကို စိတ္ရွိလက္ရွိ ထုရိုက္ၿပီး ပိုးစိုးပက္စက္ ေျပာလိုက္ခ်င္တာ။ ဒါေပမဲ့ ငါမလုပ္ခဲ့ဘူး။ သားသားက ေမ့ပစ္ပါ့မယ္လို႔ ကတိေပးထားရက္နဲ႔ ငါက ဘုန္းစစ္ပိုင္ကို ျပႆနာသြားရွာလိုက္ရင္ ကေလး ပိုၿပီးအဆင္မေၿပ ျဖစ္သြားမယ္လို႔ ေတြးခဲ့မိလို႔ သူ႔ကိုလ်စ္လ်ဴရႈၿပီး ဥေပကၡာျပဳခဲ့တာ။ အဓိကက ကိုယ့္လူေလ။ ကိုယ့္လူကို နိုင္ေအာင္ထိန္းရမွာ။ အဲ့ေတာ့ ကိုယ့္လူကိုယ္ပဲ နိုင္ေအာင္ထိန္းမယ္ေပါ့ အဲ့လိုေတြးခဲ့လို႔ ဘာမွမလုပ္ခဲ့တာ။ ဒါေပမဲ့ ဟိုေန႔က သားသားရွိုက္ႀကီးတငင္ ငိုေနတာ ျမင္ရေတာ့ ဘယ္လိုမွ မရေတာ့ဘူး။ စိတ္လည္း မထိန္းနိုင္ေတာ့ဘူး။ ဘုန္းစစ္ပိုင္ကို စိတ္ရွိလက္ရွိ ထုရိုက္လိုက္တယ္"
"ေကာင္းတယ္ ငါဖို႔ပါ အမ်ားႀကီး ပိုရိုက္ခဲ့ရမွာ"
"ေအး ရိုက္ခဲ့တယ္ စိတ္ခ်"
သူငယ္ခ်င္းႏွစ္ေယာက္ကို သူမ်ားကိုရိုက္ဖို႔ အားက်ိဳးမာန္တက္ ေျပာမိေတာ့ ရယ္မိၾကျပန္သည္။
"အရမ္းႀကီး စိတ္ထဲထည့္ေတြးၿပီး အပင္ပန္းမခံနဲ႔ ခင္ေလး။ အရာရာ အဆင္ေျပသြားမွာပါလို႔ေတြးၿပီး အဆင္ေျပေအာင္ေနပါ။ မဟုတ္ရင္ နင္ပဲ စိတ္ပင္ပန္းရမယ္"
"ေအးပါဟာ။ ငါႀကိဳးစားေနပါတယ္"
ႏြယ့္ကို ရင္ဖြင့္ကာ စကားေတြအမ်ားႀကီး ေျပာၿပီးမွ ႏွစ္ေယာက္သား ေက်ာင္းကို အတူတူလာျဖစ္ခဲ့ၾကသည္။
ညေန ေက်ာင္းက ျပန္လာေတာ့ သားသားက မမားနဲ႔အတူတူ ဆိုင္ကယ္စီးခ်င္တယ္ေျပာၿပီး ခ်စ္သူ႔လမ္းၾကားဘက္ကို ေခၚလာခဲ့ေလသည္။
"မမား သားကို ခုရက္ထဲ စကားလည္း မေျပာဘူး"
"မမားစိတ္ကို ျပင္ဆင္ေနရလို႔ပါကြယ္။ သားနဲ႔ဘုန္းစစ္ပိုင္ကို လက္ခံေပးနိုင္ဖို႔ မမားျပင္ဆင္ေနရလို႔ပါ"
"သားေၾကာင့္ စိတ္ညစ္ေနရၿပီလားဟင္"
"မမားသားေလး ေပ်ာ္ဖို႔က အေရးႀကီးတယ္ မဟုတ္လား"
"သားအတြက္ေတာ့ မမားအျပဳံးက ပိုအေရးႀကီးတယ္"
"သားအဆင္ေျပတာကိုပဲ ျမင္ခ်င္တာမို႔ သားအဆင္ေျပတယ္ဆိုရင္ မမားလည္း အဆင္ေျပတယ္။ သားေပ်ာ္ေနတာျမင္ရင္ မမားလည္းေပ်ာ္ပါတယ္"
"အဲ့ဒီေန႔က သားအရမ္းငိုေနခဲ့လို မမား ဘာမွမေျပာဘဲ သားစိတ္ခ်မ္းသာေအာင္ ေနေပးခဲ့တာမို႔လား"
"သားသိေနခဲ့တာလား"
"ေနာက္ေန႔ ျပန္ေတြးၾကည့္ခဲ့တာ။ မမား သားအတြက္ ရင္က်ိဳးေနမွာကို ျပန္စဥ္းစားမိခဲ့တာ။ မမားေမၽွာ္လင့္ထားသလို သားက ျဖစ္မလာခဲ့ဘူးေလ"
"ဒါေပမဲ့ သားသားက ဘုန္းစစ္ပိုင္ကို အရမ္းခ်စ္ေနတယ္မို႔လား"
"အဲ့ဒါေၾကာင့္ မမားက အဲ့ေန႔က လူႀကီးကို သြား ေတြ႕ခဲ့တာမို႔လား။ သားအတြက္ေလ"
"သားသားသိေနခဲ့တာပဲ"
"လူႀကီး ေျပာျပတာ"
"အင္း"
"မမားက သားအတြက္ အေမပါပဲ။ မမားမ်က္ႏွာကို အရိပ္လို ၾကည့္ေနခဲ့တာပါ။ မမားမ်က္ႏွာကိုပဲ စာဖတ္ခဲ့တာပါ။ မမား စိတ္ညစ္ေနရမွာကို သားမလိုလားဘူး။ သားေၾကာင့္ စိတ္ညစ္ရမွာကို ပိုၿပီး မလိုလာဘူး"
"မညစ္ပါဘူး သားသားရယ္။ မမားက မမားကေလးေလးကို သူမ်ားကို ေပးလိုက္ရမွာ ႏွေျမာေနမိလို႔ပါ။ မမားကေလးေလးကို သူမ်ားနဲ႔ခြဲေဝခ်စ္ရေတာ့မယ္လို႔ ေတြးမိတိုင္း စိတ္မေကာင္းဘူး"
"သူမ်ားနဲ႔ ခြဲေဝခ်စ္စရာ မလိုပါဘူး မမားရဲ့။ မမားကလည္း အရင္ကလိုပဲ သားကို အမ်ားႀကီးခ်စ္ေပး။ သာကလည္း မမားကိုပဲ အမ်ားႀကီးပိုခ်စ္မွာ"
"အေျပာေကာင္းေလး။ အဲ့ဒါေၾကာင့္ ဟိုေန႔က က်မရင္ခြင္ထဲမွာငိုၿပီး ဘုန္းစစ္ပိုင္ကို အရမ္းခ်စ္တယ္ဆိုၿပီး ေျပာခဲ့တာေပါ့ေလ"
"မမားကလည္း"
"ရွင္ေလးေျပာေတာ့ က်မကို အခ်စ္ဆုံးပါဆို"
"ခုလည္း မမားကို အခ်စ္ဆုံးေလ"
"က်မကို အခ်စ္ဆုံးေျပာၿပီး ဘုန္းစစ္ပိုင္နဲ႔ ႀကိဳက္ေနတာေတာင္ က်မ မသိခဲ့ရပါ့လား ေမာင္လင္းရာေလးရယ္။ ဘယ္အခ်ိန္ႀကိဳက္မွန္းေတာင္ မသိလိုက္ဘူး။ လုံေအာင္ ခ်စ္တတ္လိုက္တာ"
"မမား သိသြားမွာ ဆိုးလို႔ပါ။ မမားကလည္း"
"အရမ္းခ်စ္တာပဲလား"
"ဟင္"
"ဘုန္းစစ္ပိုင္ကိုေလ"
"သားဘက္က ျပန္ခ်စ္လို႔ ခ်စ္သူေတြ ျဖစ္ခဲ့ၾကတာ မဟုတ္ဘူး မမား။ ခ်စ္သူေတြ ျဖစ္ၿပီးမွ လူႀကီးကို တျဖည္းျဖည္းနဲ႔ ခ်စ္မွန္းမသိ ခ်စ္လာခဲ့တာ။ လူႀကီးက သူ႔ကို သားျပန္ခ်စ္လာတဲ့အထိ အမ်ားႀကီး ခ်စ္ေပးခဲ့တာ"
"ဒါဆို သားက သူ႔ကို မခ်စ္ဘဲ အေျဖေပးခဲ့တာေပါ့"
"မဟုတ္ဘူး မမား။ လူႀကီးက ျပန္မခ်စ္လည္း ခ်စ္သူေတြအျဖစ္ ရွိေနေပးရင္ရၿပီတဲ့။ ေဘဘီ့ဘက္က ျပန္ခ်စ္ေပးဖို႔မလိုဘူး။ ေဘဘီခ်စ္လာေအာင္ ကိုယ္ႀကိဳးစားမယ္လို႔ ေျပာခဲ့တာ"
"အင္း . . . အဲ့ဒါနဲ႔ပဲ ရွင္ေလးက ခ်စ္မိသြားတယ္ေပါ့ေလ"
"ဟုတ္"
"မမားထက္ေတာ့ ပိုမခ်စ္နဲ႔ေနာ္။ မမားက သဝန္တိုတယ္"
"ဟုတ္ မမားထက္ လုံးဝပိုမခ်စ္ဘူး"
"အဲ့ဒါေၾကာင့္ ဟိုေန႔က တက္မတတ္ ခ်က္မတတ္ ရွိုက္ႀကီးတငင္ ငိုေနခဲ့တာေပါ့ေလ"
"မမားကလည္း"
သားသား ေပ်ာ္ရင္ ခင္ေလးလည္း ေပ်ာ္တာမို႔ သားသား ေပ်ာ္ေနရင္ရၿပီ။ ခင္ေလးတို႔ ခုလိုေလးပဲ ေအးခ်မ္းေပ်ာ္ရြင္စြာ ေနသြားခ်င္တယ္။
Sat, Aug 14 (14/8/2021/Sat)
****************