မြတ်နိုးစွာ နှောင်ဖွဲ့မိသော

By ShayyLinkar

349K 24.1K 2.8K

တကယ်ပါ ခြေတစ်လှမ်း လှမ်းတိုင်း လူကြီးကို တစ်ခါလွမ်းခဲ့တာ။ ခင်ဗျားပေးခဲ့တဲ့ Foot Chainလေးက ခြေလှမ်းလိုက်တိုင်း... More

Part 1 (U+Z)
Part 2 (U+Z)
Part 3 (U+Z)
Part 4 (U+Z)
Part 5 (U+Z)
Part 6 (U+Z)
Part 7 (U+Z)
Part 8 (U+Z)
Part 9 (U+Z)
Part 10 (U+Z)
Part 11 (U+Z)
Part 12 (U+Z)
Part 13 (U+Z)
Part 14 (U+Z)
Part 15 (U+Z)
Part 16 (U+Z)
Part 17 (U+Z)
Part 18 (U+Z)
Part 19 (U+Z)
Part 20 (U+Z)
Part 21 (U+Z)
Part 22 (U+Z)
Part 23 (U+Z)
Part 24 (U+Z)
Part 25 (U+Z)
Part 26 (U+Z)
Part 27 (U+Z)
Part 28 (U+Z)
Part 29 (U+Z)
Part 30 (U+Z)
Part 31 (U+Z)
Part 32 (U+Z)
Part 33 (U+Z)
Part 35 (U+Z)
Part 36 (U+Z)
Part 37 (U+Z)
Part 38 (U+Z)
Part 39 (U+Z)
Part 40 (U+Z)
Part 41 (U+Z)
Part 42 (U+Z)
Part 43 (U+Z)
Part 44 (U+Z)
Part 45 (U+Z)
Part 46 (U+Z)
Part 47 (U+Z)🚦 Waning 🚦
Part 48 (U+Z)
Part 49 (U+Z)
Part 50 (U+Z) The End! 🚦 Waning 🚦

Part 34 (U+Z)

5.3K 428 12
By ShayyLinkar

#Unicode

ဒီနေ့ လူကြီးနှင့် တွေ့ခဲ့လျှင်တော့ ပြတ်ပြတ်သားသား မေးကြည့်ဖို့ လင်းရာ ဆုံးဖြတ်ထားခဲ့သည်။

မနက်အတန်းတက်ခါနီး ငါးမိနစ်ပဲ လိုတော့တာကြောင့် ကန်တင်းကထွက်လာတော့ လူကြီးနှင့် မမမေချယ်ကို ကျောင်းလှေကားထစ်မှာ တွေ့လိုက်သည်မို့ နောက်ကနေ လင်းရာ အပြေးလိုက်သွားမိသည်။ အနားရောက်တဲ့အချိန် လူကြီးလက်တစ်ဖက်ကို လှမ်းဆွဲလိုက်တော့ လူကြီးက လှည့်ကြည့်လာသည်။

"လူကြီး"

"ဘေဘီ"

"ကျွန်တော် လူကြီးကို ဖုန်းဆက်လိုက်တိုင်း စက်ပိတ်ထားတယ်ပဲပြောတယ်။ ကျွန်တော့်ကိုလည်း လူကြီးက တစ်ခါလေးတောင် ဆက်သွယ်မလာဘူး။ ကျောင်းတက်တာလည်း ကြာနေပြီ။ လူကြီးကျွန်တော့်ကို လာလည်းမရှာသလို လမ်းမှာတွေ့ရင်လည်း မခေါ်ဘူး။ မမမေချယ်နဲ့ ပြန်တွဲနေတယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရတယ်။ လူကြီးတို့ တကယ်ပဲ ပြန်တွဲနေကြတာလား။ ဒါဆို ကျွန်တော့်ကိုရော လူကြီး ဘယ်လို သတ်မှတ်ထားလဲ။ ခု ကျွန်တော်တို့ အခြေအနေက ဘယ်လို အခြေအနေလဲ။ တိကျသေချာတဲ့ အဖြေကို ပြတ်ပြတ်သားသားတော့ ပြောခဲ့ပေး"

"ကိုယ် . . . "

မလှမ်းမကမ်းမှာ တီချယ်တွေကို လှမ်းမြင်လိုက်ရသည်မို့ ဘေဘီ့လက်ကိုသာ ဖြုတ်ချလိုက်ရသည်။

"ကိုယ် အတန်းတက်ရဦးမယ် ဘေဘီ။ ကိုယ်သွားတော့မယ်နော်"

လင်းရာလက်ကို ဖြုတ်ချပြီး မမမေချယ်နဲ့ အတူတူ ထွက်သွားတဲ့ လူကြီးကို ဘာတစ်ခွန်းမှ ပြန်မပြောနိုင်ဘဲ ကြောင်အစွာ ရပ်ပြီး ငေးကြည့်နေခဲ့မိသည်။ လူကြီး ကျွန်တော့်ကို ဘယ်လိုဆက်ဆံလိုက်တာလဲဟင်။ ရင်ဘတ်ကြီးတစ်ခုလုံး ပေါက်ကွဲ မတတ်နာကျင်ရသည်။

အနည်းဆုံးတော့ လင်းရာမေးသမျှကို ပြန်ဖြေရှင်းရမည် မဟုတ်လား။ ဖြေရှင်းချက်တစ်ခု မဆိုသလို ဘာစကားမှ မပြောဘဲ ဒီတိုင်းကြီး ထားခဲ့ရက်တာမို့ နာကျင်မှုက ပြောမပြတတ်။

ဒီတစ်ခါတော့ ကျဆင်းလာတဲ့ မျက်ရည်တွေကို မသုတ်ဖြစ်တော့။ အသဲကွဲတယ်ဆိုတဲ့ ခံစားချက်ကို ခံစားလိုက်ရသည်မို့ ပြိုလဲကျမတတ်ပင်။

"လင်းရာ ဘာဖြစ်တာလဲ"

"သာထူး . . . အီးးဟီးးးဟီးးး . . . အင့် "

"ဘာဖြစ်တာလဲ ငါ့ကိုပြော လင်းရာ။ ဘာဖြစ်လာတာလဲ။ ဘယ်သူနဲ့ ဘာဖြစ်လို့လဲ ပြောစမ်းပါ လင်းရာရယ်။ ငါရင်တွေပူလို့ သေတော့မယ်"

"အ‌ . . အဆောင် . . ပြန် လိုက် ပို့ပေးပါ အီးးးဟီးးး"

"ငါအဆောင် ပြန်လိုက်ပို့ပေးမယ်နော်။ လာ လင်းရာ"

လင်းရာက မမခင်လေးနှင့် ကျောင်းအတူတူသွားသည်မို့ ကျောင်းကို စောရောက်နေခဲ့ပြီး သာထူးကတော့ ဒီနေ့မှ အိပ်ရာထနောက်ကျသဖြင့် ကျောင်းနောက်ကျနေခဲ့တာပါ။ ဆိုင်ကယ်ရပ်ပြီး ကျောင်းလှေကားပေါ်အတက်မှာ ငိုနေတဲ့ လင်းရာကို တွေ့လိုက်သည်မို့ စိတ်ပူစွာ မေးမိပေမယ့် ဘာမှ ပြန်မဖြေဘဲ ငို၍သာ နေလေသည်။ ဝတ်လာတဲ့ Hoodie အင်္ကျီလေးကို ချွတ်ပြီး ငိုနေတဲ့ လင်းရာရဲ့ ခေါင်းပေါ် အုပ်ပေးထားလိုက်သည်။

အဆက်မပြတ်ငိုနေတဲ့ ထိုကောင်လေးက အဆောင်ပြန်လိုက်ပို့ပေးဖို့သာ တောင်းဆိုနေခဲ့သည်မို့ အဆောင်ပြန်လိုက်ပို့ခဲ့ရသည်။ လင်းရာလေးက ဘယ်လောက်ပဲမေးမေး ပြန်မဖြေဘဲ တစ်လမ်းလုံး ငိုနေခဲ့သည်မို့ ပိုပြီး စိတ်ပူနေရသည်။

အဆောင်ရောက်တော့ အခန်းထဲဝင်သွားပြီး အိပ်ရာပေါ်မှာ စောင်ကိုခေါင်းမှီးခြုံကာ ရှိုက်ကြီးတငင် ငိုနေသည်မို့ အငိုတိတ်သည်အထိ အခန်းအပြင်မှာ ထိုင်စောင့်ပေးဖို့ တွေးလိုက်သည်။ မေးလည်း မဖြေတာမို့ ဆက်မမေးတော့ဘဲ ငိုချင်သလောက် ငိုပါစေဟူ၍ လွှတ်ပေးထားလိုက်ရသည်။

လင်းရာက ကျောင်းကပြန်လာထဲက အခန်းထဲမှာငိုနေတာ မရပ်သည်မို့ သာထူး ဘာလုပ်ရမှန်းမသိပေ။ မေးတော့လည်း ခုချိန်ထိ ဘာတစ်ခွန်းမှ မပြောသည်မို့ သူငိုတာကို ဘေးက ထိုင်ကြည့်နေရုံအပြင် ကိုယ့်မှာ ဘာမှမတတ်နိုင်။ ကျောင်းမလာလို့ ဖုန်းဆက်မေးသည့် ထူးခြားကို လင်းရာတစ်မနက်လုံး ငိုနေတဲ့အကြောင်းပြောပြလိုက်တော့ ကျောင်းက ချက်ချင်းပြန်လာပြီး အဆောင်‌ကို ရောက်လာလေသည်။ ထူးခြားမေးတော့လည်း ဘာမှမပြောသည်မို့ နှစ်ယောက်လုံး ခြေမကိုင်မိ လက်မကိုင်မိ ‌ဖြစ်နေကြရသည်။ နောက်ဆုံးတော့ မမခင်လေးကိုသာ လှမ်းခေါ်လိုက်ရသည်။

လင်းရာ တစ်မနက်လုံး အသည်းအသန်ငိုနေလို့ မမခင်လေး မြန်မြန်လာခဲ့ပေးပါဆိုပြီး သာထူးလေးက ဖုန်းဆက်လာသည်မို့ ကျောင်းကနေ ဆိုင်ကယ်ကို မိုင်ကုန်မောင်းပြီး အမြန်‌ပြေးလာခဲ့ရသည်။

ဘာလို့ငိုတာလဲလို့ သာထူးကိုမေးကြည့်တော့ သူတို့လည်း တစ်မနက်လုံးမေးနေပေမယ့် သားသားက တစ်ခွန်းမှ ‌မဖြေဘူးတဲ့လေ။ ဘာများဖြစ်လို့လည်း သားသားရယ် မမားရင်တွေပူလိုက်တာ။

အဆောင်ကိုရောက်တော့ သားသားအခန်းကို အမြန်ပြေးဝင်ခဲ့မိသည်။ ကုတင်ပေါ်မှာ စောင်ကို ခေါင်းမှီးခြုံပြီး ငိုနေတဲ့သားသားကိုမြင်ရတော့ ခင်လေးရင်ထဲ နာကျင်ရပြန်သည်။

"သားသား"

ဟင် မမားရောက်လာတာလား။ လင်းရာငိုနေတုန်းမှာ မမားအသံကို ကြားလိုက်ရသည်မို့ ပိုပြီးဝမ်းနည်းလာရသည်။

"မမား"

ရင်ခွင်ထဲကို တိုးဝင်ပြီး ငိုနေတဲ့ကလေးကြောင့် ခင်လေးလည်း ဝမ်းနည်းလာရသည်။

"ဘာဖြစ်တာလဲ သားသားရယ်။ မမားကိုပြောပါဦး။ မမားရင်တွေပူလိုက်တာ"

"မမား အီးးဟီးးး လူကြီးကလေ"

"အင်း ဘုန်းစစ်ပိုင်က ဘာလို့လဲသားသား"

"လူကြီးကလေ သား‌မေးတာကို တစ်ခွန်းမှ ပြန်မဖြေဘဲ သားလက်ကို ဖြုတ်ချထားခဲ့ပြီး မမမေချယ်နဲ့ ထွက်သွားတယ် အင့်"

သားသားစကားကို ကြားလိုက်ရတော့ ခင်လေး ရင်တွေ နာရသည်။ လာပြန်ပြီ သားသားရဲ့ နာကျင်မှုကလည်း မေချယ်ပဲလား။

"သားသားရယ် မေ့ပြစ်လိုက်ပါလို့ ပြောနေခဲ့တဲ့ကြားက ဘာလို့ ဒီလောက် ရူးမိုက်ရတာလဲ"

"သား မေ့လို့မရဘူး မမားရယ်။ သား လူကြီးကို အရမ်းချစ်တယ်"

လင်းရာစကားကြောင့် အပြင်ဘက်မှာ နားထောင်နေခဲ့သည့် သာထူးတစ်ယောက် အကြီးအကျယ် အံ့ဩသွားရသည်။ သူတို့ ဘယ်ချိန် ချစ်သူတွေ ဖြစ်ခဲ့ကြတာလဲ။

လင်းရာရဲ့ စကားကိုကြားတော့ သာထူးက အရမ်းအံ့ဩသွားပေမယ့် ထူးခြားကတော့ မအံ့ဩမိပေ။ အစထဲက ကိုယ်က သိနေခဲ့သည်လေ။ သူကိုယ်တိုင် ပွင့်လင်းစွာ ရင်ဖွင့်လာမယ့်အချိန်ကို အလိုက်တသိ စောင့်နေပေးခဲ့တာပါ။

"‌သားသားကို သူက အခု ဘာပြောလိုက်လို့လဲ"

"လူကြီးက မမမေချယ်နဲ့ ပြန်တွဲနေတယ်လို့ သတင်းတွေကြားခဲ့ရတယ်။ ညက မမမေချယ် My Day မှာတင်ထားတဲ့ လူကြီးရေးပေးထားတဲ့ စာကိုလည်း ဖတ်လိုက်ရတယ်။ အဲ့ဒါကြောင့် မနက်က သားသူ့လက်ကိုဆွဲ‌ပြီး မေးခဲ့တာ။ ကျွန်တော်တို့ အခြေအနေက ဘယ်လို အခြေအနေလဲ။ တိကျသေချာတဲ့ အဖြေကို ပြတ်ပြတ်သားသားတော့ ပြောခဲ့ပေး လို့ပြောတော့ သားကို စကားတစ်ခွန်းမှ ပြန်မပြောဘဲ သားလက်ကို ဖြုတ်ချပြီး ထွက်သွားတယ်"

"သားသားရယ် ဘာလို့များ သွားမေးခဲ့တာလဲကွယ်။ မေ့လိုက်ပါလို့ မမား ပြောခဲ့တယ်လေ"

"မေ့မရဘူး မမား အီးးဟီးးး။ သား လူကြီးကို အရမ်းချစ်တယ်။ သားကို ခွင့်လွှတ်ပေးပါ မမားရယ်။ သားလူကြီးကို အရမ်းချစ်မိနေလို့ပါ။ သား တောင်းပန်ပါတယ် သားကို နားလည်ပေးပါနော်"

ငိုယိုကာတောင်းပန်နေသည့် သားသားကိုကြည့်ပြီး ခင်လေးဒီ့ထက်ပိုပြီး မမာကျောနိုင်တော့ပေ။ ခင်လေးရဲ့ အတ္တက သားသားကို ပိုပြီးနာကျင်စေမိပြီလား။ ခင်လေး သားသားကို ဒီ့ထက်ပိုပြီး မခံစားစေချင်တော့ပေ။ သားသား ပျော်တာကိုပဲ မြင်ချင်တာမို့ ခင်လေးက သားသားကို သိပ်ချစ်တဲ့သူမို့ သားသားရဲ့ ဖြစ်တည်မှုကို လက်ခံပြီး သားသားရဲ့အချစ်ကိုပါ နားလည်ပေးရတော့မှာပေါ့။ ကလေးကို ကိုယ့်ကြောင့်ပါ မပင်ပန်းစေချင်တော့ဘူး။

"မငိုနဲ့တော့ တိတ်တော့နော်။ မမားကလေးလေး ချစ်ချင်တဲ့သူကို လွတ်လပ်စွာချစ်ပါ။ မမားက နားလည်လက်ခံပြီး ခွင့်ပြုပေးမှာမို့။ မမားကိုချစ်ရင် အငိုတိတ်ပါတော့ ကလေးလေးရယ်။ ကလေးငိုနေတာမြင်ရတော့ မမားရင်တွေ နာကျင်ရတယ်"

သားသားကိုဖက်ကာ ခင်လေးလည်း ငိုမိသည်။ သားသားက သူ့ကိုမှ ချစ်သည်တဲ့လေ။ ခင်လေး ဘာတတ်နိုင်ပါတော့မလဲ။ အချစ်ဆိုတာ တားဆီးပိတ်ပင်လို့ ရတဲ့အရာမှ မဟုတ်တာ။ ခင်လေး သားသားအချစ်ကို ဒီ့ထက်ပိုပြီး မတားဆီးချင်တော့ပေ။ ချစ်ချင်တဲ့သူကို ချစ်ပါစေ။ အချစ်ကြောင့် နာကျင်နေရတဲ့ သားသားကို ခင်လေးရဲ့ တားဆီးမှုကြောင့် ထပ်ပြီးမနာကျင်စေချင်တော့ဘူး။

"သာထူးလေးနဲ့ ထူးခြားလေး လင်းရာလေးကို စောင့်ကြည့်ပေးဦးနော်"

"ဟုတ်မမ စိတ်ချနော်"

သားသားကို့ စောင့်ကြည့်ပေးဖို့ သာထူးနဲ့ ထူးခြားလေးကို မှာခဲ့ရသည်။ ကလေးက စိတ်အလိုလိုက်ပြီး တစ်ခုခုလုပ်လိုက်မှာဆိုးလို့ပါ။

ဖုန်းထဲက ဖုန်းနံပတ်ကို အလှန်အလှော ရှာလိုက်တော့ ချမ်းမြေ့ဖုန်းနံပတ်ကို တွေ့သည်မို့ ချမ်းမြေ့ကိုပဲ ဖုန်းလှမ်းဆက်လိုက်သည်။

"ချမ်းမြေ့ နင်ဘယ်မှာလဲ"

"ငါတို့ မြို့ပတ်လမ်းမှာ"

"ဘုန်းစစ်ပိုင် နင်နဲ့အတူရှိလား"

"အေးရှိတယ် ခင်လေး"

"ငါခုလာခဲ့မှာမို့ ခဏစောင့်နေပေး"

"အေးအေး ခင်လေး"

ဘာတွေဖြစ်ကြမှန်းမသိပေမယ့် စိတ်ပူသွား‌တာတော့အမှန်ပင်။ ခင်လေးကလည်း ခုလာခဲ့မည်တဲ့။ စစ်ပိုင်ကလည်း ငါမင်းတို့ကို အရေးကြီး ပြောပြစရာရှိတယ်လို့ ပြောပြီး မြို့ပတ်လမ်းကို ခေါ်လာခဲ့တာပါ။

"ဘာတွေဖြစ်ကြတာလဲ စစ်ပိုင်။ ခင်လေးကလည်း လာခဲ့မယ်တဲ့"

"ခင်လေးလာတဲ့အထိ စောင့်ကြရအောင်"

"အေးပါကွာ"

ဒီအချိန်မှာ ဘုန်းစစ်ပိုင်ကိုပဲ အမြန်တွေ့ချင်နေမိသည်။ သားသားက ခင်လေးဘဝမို့ သားသားနာကျင်တာမြင်ရတိုင်း ခင်လေးလည်း နာကျင်ရသည်။ သားသားဇောနဲ့ ဆိုက်ကယ်မောင်းလာခဲ့တာ အရှိန်ဘယ်လောက်တွေ ဖြစ်နေမှန်းမသိတော့။ ခင်လေးသိသည်က မြို့ပတ်လမ်းက ဘုန်းစစ်ပိုင်ရှိရာကို အမြန်ရောက်ဖို့ပင်။

မြို့ပတ်လမ်းက ဂုန်းပေါက်ပေါ်မှာ ထိုင်နေကြသည့် ဘုန်းစစ်ပိုင်တို့ အဖွဲ့ကို တွေ့လိုက်ရသည်မို့ ဆိုင်ကယ်ကို သူတို့အနားထိမောင်းသွားလိုက်ပြီး ဂုန်းပေါက် ဘေးမှာရပ်လိုက်သည်။ ဘုန်းစစ်ပိုင်ကိုမြင်မှ ဒေါသတွေက အဆုံးထိရောက်သွားသည်။

ခင်လေးကို ရပ်ကြည့်နေတဲ့ ဘုန်းစစ်ပိုင်က ခင်လေး ဘာဖြစ်လာသလဲဆိုတာကို ကြိုသိနေသည့်ပုံပါပဲ။ ဘုန်းစစ်ပိုင်အနားကို သွားပြီး ဘုန်းစစ်ပိုင် ရင်ဘတ်ကို ခင်လေး အားရပါးရထုလိုက်သည်။

"ဘာလို့လဲ ဘုန်းစစ်ပိုင်။ ဘာလို့ သားသားမှလဲ။ သားသားက နင့်အပေါ် ဘာတွေများ မှားခဲ့မိလို့လဲ။ ဘာလို့ သားသားအပေါ် ရက်စက်ရတာလဲ။ ဘာအညှိုးတွေနဲ့များ ရက်စက်ရတာလဲ။ ငါ့ကိုမကျေနပ်ခဲ့လို့လားဟင်။ ငါ့ကို မကျေနပ်ခဲ့တာဆိုရင် ငါ့ကိုပဲ အပြစ်ပေးပါ။ ကလေးကို မရက်စက်ပါနဲ့ ဘုန်းစစ်ပိုင်ရယ်"

ရင်ဘတ်ကို ထုရိုက်ပြီး ငိုနေတဲ့ခင်လေးကို စစ်ပိုင် အပြစ်မတင်နိုင်။ သူသိပ်ချစ်ရတဲ့မောင်လေးမို့လား သူ့မှာ လုပ်ပိုင်ခွင့်ရှိတာပေါ့။

"မဟုတ်ပါဘူး ခင်လေးရယ်။ နင်ထင်သလိုမဟုတ်ပါဘူးဟာ။ နင့်ကို မကျေနပ်လို့ လက်စားချေခဲ့တာ မဟုတ်ပါဘူး။ ဘေဘီ့ကို ငါတကယ်ချစ်ခဲ့တာပါ"

"နင်တကယ် ချစ်ခဲ့တယ်ဆိုရင် ဒီလောက်ထိ ကလေးအပေါ် ရက်စက်ဖို့လိုလား ပြော"

"ငါ့မှာလည်း အခက်အခဲတွေ ရှိနေလို့ပါ"

"ဘာအခက်အခဲလဲ။ ကျောင်းပိတ်တဲ့ တစ်လလုံး တစ်ချက်လေးတောင် ဖုန်းမခေါ်ဘဲ ပြစ်ထားရအောင် နင့်အခက်အခဲက ဘာမို့လို့လဲ။ ပြော ငါ့ကိုပြော"

"ဘေဘီနဲ့ ဖုန်းပြောတာကို မေမေသိသွားတယ်။ ဘေဘီက‌ ယောင်္ကျားလေးဆိုတာကိုလည်း မေမေသိသွားပြီး ငါ့ဖုန်းကို သိမ်းသွားတယ်ခင်လေး။ ဘေဘီနဲ့နောက်ဆုံး‌ဖုန်းပြောပြီးထဲက ဖုန်းသိမ်းသွားတာ ဒီနေ့အထိပါ ခင်လေးရယ်။ ငါမညာပါဘူး"

"ကျောင်းပိတ်တဲ့အချိန် နင်အိမ်က သိသွားလို့ ဆက်သွယ်လို့မရခဲ့တာကို ငါလက်ခံပေးလို့ရတယ်။ ကျောင်းတက်တဲ့အချိန်တော့ နင်သားသားကို အကျိုးအကြောင်း ပြောပြပြီး စကားပြောလို့ရတယ် မဟုတ်ဘူးလား။ နင့်အိမ်က လူတွေက ကျောင်းအထိ လိုက်လာနေလို့လား ဘုန်းစစ်ပိုင် ဟမ်။ သားသားကို သစ်စိမ်းချိုး ချိုးပြီး မခေါ်နိုင် မပြောနိုင် ဖြစ်နေရအောင် နင့်အိမ်ကလူတွေက ကျောင်းမှာ ရှိနေလို့လား"

"ရှိတယ် ငါ့အိမ်က လူက ကျောင်းမှာရှိတယ်"

"ဘယ်သူမို့လို့လဲ ငါ့ကိုပြော"

"နင့်ကို သိပ်ချစ်ခဲ့တဲ့ နင်နဲ့ငါ့ကို အရမ်းသဘောတူခဲ့တဲ့ ဘေဘီတို့ရဲ့ ဌာနမှုး တီချယ် ဒေါ်ခင်လဲ့လဲ့သူက ငါ့အမေပဲ ခင်လေး"

"ဘာ . . . တီချယ် ဒေါ်ခင်လဲ့လဲ့သူက နင့်အမေ"

"ဟုတ်တယ် ငါ့မေမေ။ ဘယ်သူမှ မသိကြပေမယ့် တီချယ်ဒေါ်ခင်လဲ့လဲ့သူက ငါ့မေမေပါ။ မေမေက ရှေးရိုးစွဲတယ် ခင်လေး။ ပြီးတော့ မေမေက ဒေါက်တာဖြစ်သလို ဌာနမှူးတစ်ယောက်လည်း ဖြစ်တာမို့ မေမေ့ဂုဏ်သိက္ခာကို ငါငဲ့ရတယ် ခင်လေးရယ်။ မေမေကပြောတယ် နင့်အကြောင်းတွေ တခြားတီချယ်တွေ သိကုန်ရင် ငါသိက္ခာကျရမယ်လို့ပြောတယ်။ ယောင်္ကျားလေးချင်း ချစ်တာ အပြစ်မဟုတ်ပါဘူး သိက္ခာကျစရာမဟုတ်ပါဘူးလို့ ငါဘယ်လောက်ပဲ ရှင်းပြ ရှင်းပြ မေမေက လက်မခံဘူး ခင်လေး။ ပြီးတော့ ငါကိုယ်တိုင်လည်း ဘေဘီ့လက်ကိုတွဲပြီး အရာရာ ရင်ဆိုင်နိုင်ပါ့မလားဆိုတာ မသေချာသေးလို့ပါ။ ဘေဘီ့လက်ကို တွဲတဲ့အခါ ပတ်ဝန်းကျင်ရဲ့ အတိုက်အခိုက် အပြောအဆိုတွေကို ငါ ခံနိုင်ရည်ရှိပါ့မလားလို့ သေချာစဉ်းစားခဲ့တယ်။ အစကတော့ ချစ်တာတစ်ခုပဲသိပြီး တွဲခဲ့တာ။ မေမေသိ‌သွားတော့မှ တွေးစရာတွေ များလာခဲ့တယ်။ ဒါ့ကြောင့် ငါဘေဘီ့ကို အတတ်နိုင်ဆုံး ရှောင်နေခဲ့တာပါ။ ငါဘေဘီ့ကို နေ့တိုင်း ဘေဘီမသိအောင် ခိုးကြည့်နေခဲ့တာပါ။ တကယ်ပါ ငါပြောတာအကုန် အမှန်တွေပါပဲ ခင်လေးရယ်"

"ချယ်က နင့်အမေဆိုတာကို ငါမသိခဲ့ဘူး"

"နင်ပဲမသိခဲ့တာ မဟုတ်ပါဘူး။ ချယ်တွေကလွဲရင် တစ်ကျောင်းလုံးက ကျောင်းသားတွေလည်း မသိခဲ့ကြဘူး။ ငါ့သူငယ်ချင်း အရင်းကြီးဖြစ်တဲ့ ငါ့နားမှာနေတဲ့ ချမ်းမြေ့တို့တောင် မသိကြဘူး။ ငါကိုယ်တိုင်က မသိစေချင်လို့ ဘယ်သူမှမရိပ်မိအောင် နေခဲ့တယ်ဆို ပိုမှန်လိမ့်မယ်"

"အင်း"

"မေမေက ငါ့ကို ဘေဘီနဲ့ ဆက်သွယ်မှာဆိုးလို့ ဒုတိယနှစ်ဝက်ကို ကျောင်းမတက်ခိုင်းဘဲ ဆေးခွင့်ယူပြီး စာမေးပွဲ‌ဖြေခါနီးမှ လာဖြေရဖို့အထိ လုပ်ခဲ့တာ။ ဘေဘီ့ကို လုံးဝ အဆက်အသွယ် မလုပ်ပါဘူး ကျောင်းတော့ တက်ပါရစေဆိုပြီး ငါငိုယိုပြီး တောင်းပန်ခဲ့လို့ ကျောင်းပြန်တက်ခွင့် ရခဲ့တာပါ။ ငါမလိမ်ပါဘူးဟာ။ မနက်ကလည်း ဘေဘီငါ့လက်ကိုဆွဲပြီး ငါ့ကို စကားပြောတဲ့အချိန် မလှမ်းမကမ်းမှာ တီချယ်တွေနဲ့အတူ မေမေပါရှိနေလို့ ငါဘေဘီ့လက်ကို ဖြုတ်ချပြီး ဘာစကားမှ မပြောဘဲ ထွက်သွားခဲ့တာပါ ငါမလိမ်ပါဘူး"

"မေချယ်ကရော"

"သူငယ်ချင်းပါ။ နင်တို့ မယုံကြည်နိုင်ပေမယ့် တကယ်သူငယ်ချင်းပါ။ ဒီတစ်ခါတော့ ငါ့ကို ယုံပေးပါခင်လေးရယ် နော်။ ငါ့ ဘေဘီ့ကို တကယ်ချစ်ခဲ့တာပါ။ ဘေဘီ့ကို စချစ်ထဲက နင့်ကို လက်စားချေလိုစိတ် လုံးဝမရှိခဲ့တာ အမှန်ပါ။ နင့်ကို ချစ်ခဲ့တုန်းက နင်က ငါ့ဘဝအတွက် မရှိမဖြစ် ဖြစ်ခဲ့တယ်ဆိုရင် ဘေဘီက ငါ့ဘဝအတွက် အရာရာပါ။ နင့်ကို ချစ်ခဲ့တုန်းက ချစ်သူလိုပဲ ချစ်ခဲ့တာ။ ဘေဘီ့ကို ချစ်တဲ့အချစ်က နင်နဲ့မတူဘူးခင်လေး။ ဘေဘီ့ကို ငါချစ်တဲ့ အချစ်‌တွေထဲမှာ ဘေဘီ့ကို ကလေးလေးတစ်ယောက်လို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ပေးချင်စိတ်တွေပါတယ်။ ငါဘေဘီ့ကို ချစ်သူလို ချစ်သလို ညီလေးတစ်ယောက်လို သူငယ်ချင်းလို အချစ်မျိုးစုံနဲ့ ချစ်ခဲ့တာ။ အရာရာကို ကလေးလေးလိုပဲ တွေးတတ်ခဲ့တဲ့ ဘေဘီ့ကို အနားမှာ စောင့်ရှောက်ပေးရင်း မီးအိမ်လို အလင်းရောင်ပေးပြီး လမ်းပြပေးခဲ့ချင်ခဲ့တာပါ။ ဘေဘီအားကိုးရတဲ့သူ အဖြစ်နဲ့ နေချင်ခဲ့တာ။ ကလေးဘဝထဲက မိခင်မေတ္တာ မခံစားခဲ့ရတဲ့သူမို့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ထွေးပွေ့ပေးချင်ခဲ့တယ်။ တကယ်ပါ ဒါတွေအကုန်လုံးက ငါ့ရင်ထဲကလာတဲ့ အစစ်အမှန်တွေပါ"

". . ."

"ငါ့အတွေးက မေမေ့အရိပ်နဲ့ မလွတ်‌နိုင်သေးတာမို့ ဒီဒုတိယနှစ်ဝက်ကို ဘေဘီ့နဲ့ ခဏခွဲနေပြီး စာမေးပွဲ ‌အောင်အောင် အရင်ဖြေမယ်။ စာမေးပွဲဖြေပြီးသွားတဲ့အခါ မေမေ့အရိပ်ကနေ ငါရုန်းထွက် နိုင်သွားပြီ။ ငါ့ဘဝ ငါ့လမ်း ငါလျှောက်နိုင်သွားပြီမို့ အဲ့အချိန်ကြ ဘယ်သူပဲတားတား ဘေဘီ့အနားမှာနေဖို့ ငါဆုံးဖြတ်ပြီးသားပါ"

". . ."

"ခုလောလောဆယ်ခဏတော့ မေမေရှိတဲ့ ဒီကျောင်းမှာနေပြီး မေမေ့မျက်စိအောက်တင် ငါက ယောင်္ကျားလေးတစ်ယောက်နဲ့ တွဲနေတယ်ဆိုတာကို တခြားသူတွေသိရင် ဆရာ၊ ဆရာမတွေကြား မေမေ မျက်နှာငယ်ရမှာ ဆိုးလို့ပါ။ ဒီတစ်ဖြတ်ပြီးသွားရင် ငါလည်း ဒီကျောင်းမှာ မရှိတော့ဘူးလေ။ မေမေလည်း နောက်နှစ်ကျောင်းပြောင်းမှာမို့ ဒီကျောင်းမှာ မရှိတော့ဘူး။ ငါနဲ့ဘေဘီ ချစ်သူဖြစ်နေတယ်ဆိုရင်တောင် ဘယ်သူမှမသိနိုင်သလို သိခဲ့ရင်လည်း မေမေ့ကို မျက်နှာ မပူရတော့ဘူးပေါ့။ အဲ့ကြောင့် ငါခဏလေး ဘေဘီ့နဲ့ ခွဲနေဖို့ ဆုံးဖြတ်ခဲ့တာပါ။ ယုံပေးပါ ခင်လေးရာနော်။ ငါပြောခဲ့သမျှအကုန် အမှန်တွေချည်းပါပဲ"

အရှည်ကြီးရှင်းပြနေတဲ့ ဘုန်းစစ်ပိုင် စကားတွေကို နားထောင်ပြီး ခင်လေး ဘာပြန်ပြောရမှန်း မသိတော့ပေ။ ဘုန်းစစ်ပိုင် ရှင်းပြနေတာလည်း တရားနည်းလမ်းကျသည်မို့ ခင်လေး ယုံပါသည်။

"တကယ်ဆို ကျောင်းပြန်တက်တဲ့အချိန် နင့်မှာ ဖုန်းမရှိရင်တောင် ချမ်းမြေ့တို့ဖုန်းကို ခဏယူပြီး သားသားကို ဒီအကြောင်းတွေ ရှင်းပြပေးလို့ရတယ်လေ"

"ငါမေမေနဲ့ ကျောင်းထဲက အဆောင်မှာ တူတူနေရတယ် ခင်လေး။ နေ့လည်ဆို မေမေနဲ့ အတူတူ ထမင်းစားရတယ်။ ခုလည်း မေမေ့အလစ်ကို ခိုးထွက်လာခဲ့ရတာ။ သူငယ်ချင်းတွေနဲ့ တွေ့ရတဲ့အချိန်က စာသင်ချိန်ပဲရှိတယ်။ အဲ့အချိန်မှာ သူတို့ကို အကူအညီတောင်းပြီး ဖုန်းဆက်ရအောင်လည်း ငါနဲ့ဘေဘီ ချစ်သူဖြစ်တာကို ဘယ်သူမှ မသိဘူး ခင်လေး။ သူတို့ဖုန်းကို ယူဆက်တဲ့အခါ သူတို့က ငါ့ကို မေးလာမယ့် မေးခွန်းတွေကို ငါပြန်မဖြေတတ်ဘူး။ ငါကိုယ်တိုင်က သူငယ်ချင်းတွေကို ပြောဖို့ မရဲခဲ့တာပါ။ ငါတို့ ယောင်္ကျားလေးချင်း ကြိုက်နေတဲ့အပေါ် သူငယ်ချင်းတွေ လက်ခံပေးနိုင်ပါ့မလားလို့ တွေးပြီး စိုးရိမ်ခဲ့တာပါ။ ဒီနေ့ ငါဘေဘီ့ကို ဆက်ဆံလိုက်တဲ့အပေါ် ဘေဘီငါ့ကို စိတ်ဆိုးစိတ်နာသွားမှာလည်းသိသလို ဘေဘီငိုနေမယ်ဆိုတာကိုလည်း သိတယ်။ အဲ့ဒါကြောင့် နောက်ဆုံးတော့ သူငယ်ချင်းတွေကို ငါတို့နှစ်ယောက် အကြောင်းဖွင့်ပြောပြီး ချမ်မြေ့တို့ကတစ်ဆင့် ဘေဘီ့ကို ဒီအကြောင်းတွေ ရှင်းပြမလို့ပါ။ ခုလည်း ချမ်းမြေ့တို့ကို ဖွင့်ပြောဖို့ ဒီကို ခေါ်လာခဲ့တာပါ။ ချမ်းမြေ့တို့က ငါတို့ကို နားလည်ပြီး ကူညီပေးခဲ့ရင် နောက်ဆို ဘေဘီနဲ့ ဖုန်းလေးပဲဖြစ်ဖြစ် ဆက်သွယ်လို့ရတာပေါ့"

"ငါနားလည်ပြီမို့ နင့်ကို ပြတ်ပြတ်သားသား တစ်ခုတော့ မေးပါရစေ"

"မေးပါ နင်မေးချင်တာမေးပါ"

"နင် သားသားလက်ကိုတွဲပြီး အရာရာရင်ဆိုင်ဖို့ သတ္တိရှိလား။ ဘယ်လို အခက်အခဲတွေပဲ ရှိလာ ရှိလာ သားသားလက်ကို ဘယ်တော့မှ ဖြုတ်ချမထားခဲ့ပါဘူးလို့ ငါ့ကို ကတိပေးနိုင်မလား"

"အင်း ငါ သေချာစဉ်းစားခဲ့ပြီးပြီမို့ နင့်တောင်းတဲ့ ကတိကို ပေးနိုင်ပါပြီ။ ဘေဘီ့ကို သိပ်ချစ်တာမို့ သူ့လက်ကိုဆွဲပြီး အရာရာရင်ဆိုင်ဖို့ ဆုံးဖြတ်ပြီးသွားပြီ။ အဲ့ဒါကြောင့် နင်တောင်းတဲ့ကတိကို ငါပေးနိုင်တယ်။ ဘေဘီ့လက်ကို ဘယ်တော့မှ ဖြုတ်ချမထားခဲ့ဘူးလို့ ငါကတိပေးတယ် ခင်လေး"

"နင်ပေးတဲ့ ကတိကို ငါယုံကြည်ပေးမှာမို့ နင့်ဘက်ကလည်း ငါယုံကြည်နိုင်တဲ့အထိ သက်သေပြပေးပါ။ သားသားကို စိတ်ချမ်းသာအောင် ထား‌ပေးပါ ဘုန်းစစ်ပိုင်။ ငါဒါလေးတစ်ခုတော့ တောင်းဆိုပါရစေ"

"စိတ်ချပါ ဘေဘီ့ကို ငါ့ကြောင့် စိတ်မဆင်းရဲစေရပါဘူး။ ဘေဘီ့ကို ငါဘယ်တော့မှ ထားမခဲ့ဘူးလို့ ကတိပေးတယ်"

"ကလေးကို စိတ်ဒဏ်ရာတွေပေးပြီး ထားခဲ့မယ်ဆိုရင် နင့်ကို ငါလာသတ်မှာ။ ကလေးကို ထိခိုက်စေမယ့်အရာမှန်သမျှ ငါမလိုလားဘူး။ ကလေးက ငါ့ဘဝဆိုတာကို သိထားပေး"

"ဘေဘီ့က နင့်ဘဝဆိုတာ ငါသိပါတယ်။ စိတ်ချပါ ဘေဘီ့ကို ငါဘယ်တော့မှ နာကျင်အောင် မလုပ်ပါဘူး"

"ယုံနေမယ်။ နင်အဆင်ပြေတဲ့အချိန် သားသားကို လာတွေ့လိုက်ပါဦး"

"အေးပါ ငါဘေဘီနဲ့ တွေ့လို့ရအောင် ကြံပါ့မယ်"

"အင်း"

"ငါသွားတော့မယ် ဘုန်းစစ်ပိုင်"

"အေးပါ ဆိုင်ကယ်ကို ဂရုစိုက်မောင်းနော်"

"အင်း ငါသွားပြီ"

စစ်ပိုင်နဲ့ ခင်လေး ပြောသမျှကို ဘေးက နားထောင်ရင်း ဇာတ်လမ်း အစအဆုံးကို သိလိုက်ရပေသည်။

"အစထဲက ငါတို့ကိုတော့ ပြောပြခဲ့သင့်တာပေါ့ စစ်ပိုင်ရာ။ အဲ့ဒါဆို ငါတို့ ကူညီပေးလို့ ရတာပေါ့"

"မင်းတို့ လက်မခံနိုင်မှာဆိုးလို့ပါ"

"မင်းက ဘာကြီးပဲဖြစ်နေဖြစ်နေ ငါတို့သူငယ်ချင်းပါ။ တစ်ခါသူငယ်ချင်းဆို အမြဲတမ်း သူငယ်ချင်းပဲ ဟျောင့်။ ကောင်းကောင်းဆိုးဆိုး မင်းကို ငါတို့ကာကွယ်ပေးမှာ။ မင်းက ငါတို့သူငယ်ချင်းမို့ အရာအားလုံးကို လက်ခံနိုင်တယ်။ ပြီးတော့ ငါတို့က ခေတ်လူငယ်တွေပါကွာ။ ယောင်္ကျားလေးချင်း ချစ်တာ အပြစ်မှမဟုတ်တာ"

"ကျေးဇူးပါကွာ"

မေမေ့အလစ်မှာ ခိုးထွက်ခဲ့ရတာမို့ ကျောင်းကို အမြန်ပြန်လာခဲ့ရသည်။ မေမေက မျက်လုံးဒေါက်ထောက် ကြည့်နေသည်မို့ ဒီအချိန်လေးတောင် ကံကောင်းလို့ ခိုးထွက်လို့ရခဲ့တာ‌ပါ။

Sat, Aug 14 (14/8/2021/Sat)

***************

#Zawgyi

ဒီေန႔ လူႀကီးႏွင့္ ေတြ႕ခဲ့လၽွင္ေတာ့ ျပတ္ျပတ္သားသား ေမးၾကည့္ဖို႔ လင္းရာ ဆုံးျဖတ္ထားခဲ့သည္။

မနက္အတန္းတက္ခါနီး ငါးမိနစ္ပဲ လိုေတာ့တာေၾကာင့္ ကန္တင္းကထြက္လာေတာ့ လူႀကီးႏွင့္ မမေမခ်ယ္ကို ေက်ာင္းေလွကားထစ္မွာ ေတြ႕လိုက္သည္မို႔ ေနာက္ကေန လင္းရာ အေျပးလိုက္သြားမိသည္။ အနားေရာက္တဲ့အခ်ိန္ လူႀကီးလက္တစ္ဖက္ကို လွမ္းဆြဲလိုက္ေတာ့ လူႀကီးက လွည့္ၾကည့္လာသည္။

"လူႀကီး"

"ေဘဘီ"

"ကၽြန္ေတာ္ လူႀကီးကို ဖုန္းဆက္လိုက္တိုင္း စက္ပိတ္ထားတယ္ပဲေျပာတယ္။ ကၽြန္ေတာ့္ကိုလည္း လူႀကီးက တစ္ခါေလးေတာင္ ဆက္သြယ္မလာဘူး။ ေက်ာင္းတက္တာလည္း ၾကာေနၿပီ။ လူႀကီးကၽြန္ေတာ့္ကို လာလည္းမရွာသလို လမ္းမွာေတြ႕ရင္လည္း မေခၚဘူး။ မမေမခ်ယ္နဲ႔ ျပန္တြဲေနတယ္ဆိုတဲ့ သတင္းေတြလည္း ၾကားေနရတယ္။ လူႀကီးတို႔ တကယ္ပဲ ျပန္တြဲေနၾကတာလား။ ဒါဆို ကၽြန္ေတာ့္ကိုေရာ လူႀကီး ဘယ္လို သတ္မွတ္ထားလဲ။ ခု ကၽြန္ေတာ္တို႔ အေျခအေနက ဘယ္လို အေျခအေနလဲ။ တိက်ေသခ်ာတဲ့ အေျဖကို ျပတ္ျပတ္သားသားေတာ့ ေျပာခဲ့ေပး"

"ကိုယ္ . . . "

မလွမ္းမကမ္းမွာ တီခ်ယ္ေတြကို လွမ္းျမင္လိုက္ရသည္မို႔ ေဘဘီ့လက္ကိုသာ ျဖဳတ္ခ်လိုက္ရသည္။

"ကိုယ္ အတန္းတက္ရဦးမယ္ ေဘဘီ။ ကိုယ္သြားေတာ့မယ္ေနာ္"

လင္းရာလက္ကို ျဖဳတ္ခ်ၿပီး မမေမခ်ယ္နဲ႔ အတူတူ ထြက္သြားတဲ့ လူႀကီးကို ဘာတစ္ခြန္းမွ ျပန္မေျပာနိုင္ဘဲ ေၾကာင္အစြာ ရပ္ၿပီး ေငးၾကည့္ေနခဲ့မိသည္။ လူႀကီး ကၽြန္ေတာ့္ကို ဘယ္လိုဆက္ဆံလိုက္တာလဲဟင္။ ရင္ဘတ္ႀကီးတစ္ခုလုံး ေပါက္ကြဲ မတတ္နာက်င္ရသည္။

အနည္းဆုံးေတာ့ လင္းရာေမးသမၽွကို ျပန္ေျဖရွင္းရမည္ မဟုတ္လား။ ေျဖရွင္းခ်က္တစ္ခု မဆိုသလို ဘာစကားမွ မေျပာဘဲ ဒီတိုင္းႀကီး ထားခဲ့ရက္တာမို႔ နာက်င္မႈက ေျပာမျပတတ္။

ဒီတစ္ခါေတာ့ က်ဆင္းလာတဲ့ မ်က္ရည္ေတြကို မသုတ္ျဖစ္ေတာ့။ အသဲကြဲတယ္ဆိုတဲ့ ခံစားခ်က္ကို ခံစားလိုက္ရသည္မို႔ ၿပိဳလဲက်မတတ္ပင္။

"လင္းရာ ဘာျဖစ္တာလဲ"

"သာထူး . . . အီးးဟီးးးဟီးးး . . . အင့္ "

"ဘာျဖစ္တာလဲ ငါ့ကိုေျပာ လင္းရာ။ ဘာျဖစ္လာတာလဲ။ ဘယ္သူနဲ႔ ဘာျဖစ္လို႔လဲ ေျပာစမ္းပါ လင္းရာရယ္။ ငါရင္ေတြပူလို႔ ေသေတာ့မယ္"

"အ‌ . . အေဆာင္ . . ျပန္ လိုက္ ပို႔ေပးပါ အီးးးဟီးးး"

"ငါအေဆာင္ ျပန္လိုက္ပို႔ေပးမယ္ေနာ္။ လာ လင္းရာ"

လင္းရာက မမခင္ေလးႏွင့္ ေက်ာင္းအတူတူသြားသည္မို႔ ေက်ာင္းကို ေစာေရာက္ေနခဲ့ၿပီး သာထူးကေတာ့ ဒီေန႔မွ အိပ္ရာထေနာက္က်သျဖင့္ ေက်ာင္းေနာက္က်ေနခဲ့တာပါ။ ဆိုင္ကယ္ရပ္ၿပီး ေက်ာင္းေလွကားေပၚအတက္မွာ ငိုေနတဲ့ လင္းရာကို ေတြ႕လိုက္သည္မို႔ စိတ္ပူစြာ ေမးမိေပမယ့္ ဘာမွ ျပန္မေျဖဘဲ ငို၍သာ ေနေလသည္။ ဝတ္လာတဲ့ Hoodie အကၤ်ီေလးကို ခၽြတ္ၿပီး ငိုေနတဲ့ လင္းရာရဲ့ ေခါင္းေပၚ အုပ္ေပးထားလိုက္သည္။

အဆက္မျပတ္ငိုေနတဲ့ ထိုေကာင္ေလးက အေဆာင္ျပန္လိုက္ပို႔ေပးဖို႔သာ ေတာင္းဆိုေနခဲ့သည္မို႔ အေဆာင္ျပန္လိုက္ပို႔ခဲ့ရသည္။ လင္းရာေလးက ဘယ္ေလာက္ပဲေမးေမး ျပန္မေျဖဘဲ တစ္လမ္းလုံး ငိုေနခဲ့သည္မို႔ ပိုၿပီး စိတ္ပူေနရသည္။

အေဆာင္ေရာက္ေတာ့ အခန္းထဲဝင္သြားၿပီး အိပ္ရာေပၚမွာ ေစာင္ကိုေခါင္းမွီးျခဳံကာ ရွိုက္ႀကီးတငင္ ငိုေနသည္မို႔ အငိုတိတ္သည္အထိ အခန္းအျပင္မွာ ထိုင္ေစာင့္ေပးဖို႔ ေတြးလိုက္သည္။ ေမးလည္း မေျဖတာမို႔ ဆက္မေမးေတာ့ဘဲ ငိုခ်င္သေလာက္ ငိုပါေစဟူ၍ လႊတ္ေပးထားလိုက္ရသည္။

လင္းရာက ေက်ာင္းကျပန္လာထဲက အခန္းထဲမွာငိုေနတာ မရပ္သည္မို႔ သာထူး ဘာလုပ္ရမွန္းမသိေပ။ ေမးေတာ့လည္း ခုခ်ိန္ထိ ဘာတစ္ခြန္းမွ မေျပာသည္မို႔ သူငိုတာကို ေဘးက ထိုင္ၾကည့္ေန႐ုံအျပင္ ကိုယ့္မွာ ဘာမွမတတ္နိုင္။ ေက်ာင္းမလာလို႔ ဖုန္းဆက္ေမးသည့္ ထူးျခားကို လင္းရာတစ္မနက္လုံး ငိုေနတဲ့အေၾကာင္းေျပာျပလိုက္ေတာ့ ေက်ာင္းက ခ်က္ခ်င္းျပန္လာၿပီး အေဆာင္‌ကို ေရာက္လာေလသည္။ ထူးျခားေမးေတာ့လည္း ဘာမွမေျပာသည္မို႔ ႏွစ္ေယာက္လုံး ေျခမကိုင္မိ လက္မကိုင္မိ ‌ျဖစ္ေနၾကရသည္။ ေနာက္ဆုံးေတာ့ မမခင္ေလးကိုသာ လွမ္းေခၚလိုက္ရသည္။

လင္းရာ တစ္မနက္လုံး အသည္းအသန္ငိုေနလို႔ မမခင္ေလး ျမန္ျမန္လာခဲ့ေပးပါဆိုၿပီး သာထူးေလးက ဖုန္းဆက္လာသည္မို႔ ေက်ာင္းကေန ဆိုင္ကယ္ကို မိုင္ကုန္ေမာင္းၿပီး အျမန္‌ေျပးလာခဲ့ရသည္။

ဘာလို႔ငိုတာလဲလို႔ သာထူးကိုေမးၾကည့္ေတာ့ သူတို႔လည္း တစ္မနက္လုံးေမးေနေပမယ့္ သားသားက တစ္ခြန္းမွ ‌မေျဖဘူးတဲ့ေလ။ ဘာမ်ားျဖစ္လို႔လည္း သားသားရယ္ မမားရင္ေတြပူလိုက္တာ။

အေဆာင္ကိုေရာက္ေတာ့ သားသားအခန္းကို အျမန္ေျပးဝင္ခဲ့မိသည္။ ကုတင္ေပၚမွာ ေစာင္ကို ေခါင္းမွီးျခဳံၿပီး ငိုေနတဲ့သားသားကိုျမင္ရေတာ့ ခင္ေလးရင္ထဲ နာက်င္ရျပန္သည္။

"သားသား"

ဟင္ မမားေရာက္လာတာလား။ လင္းရာငိုေနတုန္းမွာ မမားအသံကို ၾကားလိုက္ရသည္မို႔ ပိုၿပီးဝမ္းနည္းလာရသည္။

"မမား"

ရင္ခြင္ထဲကို တိုးဝင္ၿပီး ငိုေနတဲ့ကေလးေၾကာင့္ ခင္ေလးလည္း ဝမ္းနည္းလာရသည္။

"ဘာျဖစ္တာလဲ သားသားရယ္။ မမားကိုေျပာပါဦး။ မမားရင္ေတြပူလိုက္တာ"

"မမား အီးးဟီးးး လူႀကီးကေလ"

"အင္း ဘုန္းစစ္ပိုင္က ဘာလို႔လဲသားသား"

"လူႀကီးကေလ သား‌ေမးတာကို တစ္ခြန္းမွ ျပန္မေျဖဘဲ သားလက္ကို ျဖဳတ္ခ်ထားခဲ့ၿပီး မမေမခ်ယ္နဲ႔ ထြက္သြားတယ္ အင့္"

သားသားစကားကို ၾကားလိုက္ရေတာ့ ခင္ေလး ရင္ေတြ နာရသည္။ လာျပန္ၿပီ သားသားရဲ့ နာက်င္မႈကလည္း ေမခ်ယ္ပဲလား။

"သားသားရယ္ ေမ့ျပစ္လိုက္ပါလို႔ ေျပာေနခဲ့တဲ့ၾကားက ဘာလို႔ ဒီေလာက္ ႐ူးမိုက္ရတာလဲ"

"သား ေမ့လို႔မရဘူး မမားရယ္။ သား လူႀကီးကို အရမ္းခ်စ္တယ္"

လင္းရာစကားေၾကာင့္ အျပင္ဘက္မွာ နားေထာင္ေနခဲ့သည့္ သာထူးတစ္ေယာက္ အႀကီးအက်ယ္ အံ့ဩသြားရသည္။ သူတို႔ ဘယ္ခ်ိန္ ခ်စ္သူေတြ ျဖစ္ခဲ့ၾကတာလဲ။

လင္းရာရဲ့ စကားကိုၾကားေတာ့ သာထူးက အရမ္းအံ့ဩသြားေပမယ့္ ထူးျခားကေတာ့ မအံ့ဩမိေပ။ အစထဲက ကိုယ္က သိေနခဲ့သည္ေလ။ သူကိုယ္တိုင္ ပြင့္လင္းစြာ ရင္ဖြင့္လာမယ့္အခ်ိန္ကို အလိုက္တသိ ေစာင့္ေနေပးခဲ့တာပါ။

"‌သားသားကို သူက အခု ဘာေျပာလိုက္လို႔လဲ"

"လူႀကီးက မမေမခ်ယ္နဲ႔ ျပန္တြဲေနတယ္လို႔ သတင္းေတြၾကားခဲ့ရတယ္။ ညက မမေမခ်ယ္ My Day မွာတင္ထားတဲ့ လူႀကီးေရးေပးထားတဲ့ စာကိုလည္း ဖတ္လိုက္ရတယ္။ အဲ့ဒါေၾကာင့္ မနက္က သားသူ႔လက္ကိုဆြဲ‌ၿပီး ေမးခဲ့တာ။ ကၽြန္ေတာ္တို႔ အေျခအေနက ဘယ္လို အေျခအေနလဲ။ တိက်ေသခ်ာတဲ့ အေျဖကို ျပတ္ျပတ္သားသားေတာ့ ေျပာခဲ့ေပး လို႔ေျပာေတာ့ သားကို စကားတစ္ခြန္းမွ ျပန္မေျပာဘဲ သားလက္ကို ျဖဳတ္ခ်ၿပီး ထြက္သြားတယ္"

"သားသားရယ္ ဘာလို႔မ်ား သြားေမးခဲ့တာလဲကြယ္။ ေမ့လိုက္ပါလို႔ မမား ေျပာခဲ့တယ္ေလ"

"ေမ့မရဘူး မမား အီးးဟီးးး။ သား လူႀကီးကို အရမ္းခ်စ္တယ္။ သားကို ခြင့္လႊတ္ေပးပါ မမားရယ္။ သားလူႀကီးကို အရမ္းခ်စ္မိေနလို႔ပါ။ သား ေတာင္းပန္ပါတယ္ သားကို နားလည္ေပးပါေနာ္"

ငိုယိုကာေတာင္းပန္ေနသည့္ သားသားကိုၾကည့္ၿပီး ခင္ေလးဒီ့ထက္ပိုၿပီး မမာေက်ာနိုင္ေတာ့ေပ။ ခင္ေလးရဲ့ အတၱက သားသားကို ပိုၿပီးနာက်င္ေစမိၿပီလား။ ခင္ေလး သားသားကို ဒီ့ထက္ပိုၿပီး မခံစားေစခ်င္ေတာ့ေပ။ သားသား ေပ်ာ္တာကိုပဲ ျမင္ခ်င္တာမို႔ ခင္ေလးက သားသားကို သိပ္ခ်စ္တဲ့သူမို႔ သားသားရဲ့ ျဖစ္တည္မႈကို လက္ခံၿပီး သားသားရဲ့အခ်စ္ကိုပါ နားလည္ေပးရေတာ့မွာေပါ့။ ကေလးကို ကိုယ့္ေၾကာင့္ပါ မပင္ပန္းေစခ်င္ေတာ့ဘူး။

"မငိုနဲ႔ေတာ့ တိတ္ေတာ့ေနာ္။ မမားကေလးေလး ခ်စ္ခ်င္တဲ့သူကို လြတ္လပ္စြာခ်စ္ပါ။ မမားက နားလည္လက္ခံၿပီး ခြင့္ျပဳေပးမွာမို႔။ မမားကိုခ်စ္ရင္ အငိုတိတ္ပါေတာ့ ကေလးေလးရယ္။ ကေလးငိုေနတာျမင္ရေတာ့ မမားရင္ေတြ နာက်င္ရတယ္"

သားသားကိုဖက္ကာ ခင္ေလးလည္း ငိုမိသည္။ သားသားက သူ႔ကိုမွ ခ်စ္သည္တဲ့ေလ။ ခင္ေလး ဘာတတ္နိုင္ပါေတာ့မလဲ။ အခ်စ္ဆိုတာ တားဆီးပိတ္ပင္လို႔ ရတဲ့အရာမွ မဟုတ္တာ။ ခင္ေလး သားသားအခ်စ္ကို ဒီ့ထက္ပိုၿပီး မတားဆီးခ်င္ေတာ့ေပ။ ခ်စ္ခ်င္တဲ့သူကို ခ်စ္ပါေစ။ အခ်စ္ေၾကာင့္ နာက်င္ေနရတဲ့ သားသားကို ခင္ေလးရဲ့ တားဆီးမႈေၾကာင့္ ထပ္ၿပီးမနာက်င္ေစခ်င္ေတာ့ဘူး။

"သာထူးေလးနဲ႔ ထူးျခားေလး လင္းရာေလးကို ေစာင့္ၾကည့္ေပးဦးေနာ္"

"ဟုတ္မမ စိတ္ခ်ေနာ္"

သားသားကို႔ ေစာင့္ၾကည့္ေပးဖို႔ သာထူးနဲ႔ ထူးျခားေလးကို မွာခဲ့ရသည္။ ကေလးက စိတ္အလိုလိုက္ၿပီး တစ္ခုခုလုပ္လိုက္မွာဆိုးလို႔ပါ။

ဖုန္းထဲက ဖုန္းနံပတ္ကို အလွန္အေလွာ ရွာလိုက္ေတာ့ ခ်မ္းေျမ့ဖုန္းနံပတ္ကို ေတြ႕သည္မို႔ ခ်မ္းေျမ့ကိုပဲ ဖုန္းလွမ္းဆက္လိုက္သည္။

"ခ်မ္းေျမ့ နင္ဘယ္မွာလဲ"

"ငါတို႔ ၿမိဳ႕ပတ္လမ္းမွာ"

"ဘုန္းစစ္ပိုင္ နင္နဲ႔အတူရွိလား"

"ေအးရွိတယ္ ခင္ေလး"

"ငါခုလာခဲ့မွာမို႔ ခဏေစာင့္ေနေပး"

"ေအးေအး ခင္ေလး"

ဘာေတြျဖစ္ၾကမွန္းမသိေပမယ့္ စိတ္ပူသြား‌တာေတာ့အမွန္ပင္။ ခင္ေလးကလည္း ခုလာခဲ့မည္တဲ့။ စစ္ပိုင္ကလည္း ငါမင္းတို႔ကို အေရးႀကီး ေျပာျပစရာရွိတယ္လို႔ ေျပာၿပီး ၿမိဳ႕ပတ္လမ္းကို ေခၚလာခဲ့တာပါ။

"ဘာေတြျဖစ္ၾကတာလဲ စစ္ပိုင္။ ခင္ေလးကလည္း လာခဲ့မယ္တဲ့"

"ခင္ေလးလာတဲ့အထိ ေစာင့္ၾကရေအာင္"

"ေအးပါကြာ"

ဒီအခ်ိန္မွာ ဘုန္းစစ္ပိုင္ကိုပဲ အျမန္ေတြ႕ခ်င္ေနမိသည္။ သားသားက ခင္ေလးဘဝမို႔ သားသားနာက်င္တာျမင္ရတိုင္း ခင္ေလးလည္း နာက်င္ရသည္။ သားသားေဇာနဲ႔ ဆိုက္ကယ္ေမာင္းလာခဲ့တာ အရွိန္ဘယ္ေလာက္ေတြ ျဖစ္ေနမွန္းမသိေတာ့။ ခင္ေလးသိသည္က ၿမိဳ႕ပတ္လမ္းက ဘုန္းစစ္ပိုင္ရွိရာကို အျမန္ေရာက္ဖို႔ပင္။

ၿမိဳ႕ပတ္လမ္းက ဂုန္းေပါက္ေပၚမွာ ထိုင္ေနၾကသည့္ ဘုန္းစစ္ပိုင္တို႔ အဖြဲ႕ကို ေတြ႕လိုက္ရသည္မို႔ ဆိုင္ကယ္ကို သူတို႔အနားထိေမာင္းသြားလိုက္ၿပီး ဂုန္းေပါက္ ေဘးမွာရပ္လိုက္သည္။ ဘုန္းစစ္ပိုင္ကိုျမင္မွ ေဒါသေတြက အဆုံးထိေရာက္သြားသည္။

ခင္ေလးကို ရပ္ၾကည့္ေနတဲ့ ဘုန္းစစ္ပိုင္က ခင္ေလး ဘာျဖစ္လာသလဲဆိုတာကို ႀကိဳသိေနသည့္ပုံပါပဲ။ ဘုန္းစစ္ပိုင္အနားကို သြားၿပီး ဘုန္းစစ္ပိုင္ ရင္ဘတ္ကို ခင္ေလး အားရပါးရထုလိုက္သည္။

"ဘာလို႔လဲ ဘုန္းစစ္ပိုင္။ ဘာလို႔ သားသားမွလဲ။ သားသားက နင့္အေပၚ ဘာေတြမ်ား မွားခဲ့မိလို႔လဲ။ ဘာလို႔ သားသားအေပၚ ရက္စက္ရတာလဲ။ ဘာအညႇိုးေတြနဲ႔မ်ား ရက္စက္ရတာလဲ။ ငါ့ကိုမေက်နပ္ခဲ့လို႔လားဟင္။ ငါ့ကို မေက်နပ္ခဲ့တာဆိုရင္ ငါ့ကိုပဲ အျပစ္ေပးပါ။ ကေလးကို မရက္စက္ပါနဲ႔ ဘုန္းစစ္ပိုင္ရယ္"

ရင္ဘတ္ကို ထုရိုက္ၿပီး ငိုေနတဲ့ခင္ေလးကို စစ္ပိုင္ အျပစ္မတင္နိုင္။ သူသိပ္ခ်စ္ရတဲ့ေမာင္ေလးမို႔လား သူ႔မွာ လုပ္ပိုင္ခြင့္ရွိတာေပါ့။

"မဟုတ္ပါဘူး ခင္ေလးရယ္။ နင္ထင္သလိုမဟုတ္ပါဘူးဟာ။ နင့္ကို မေက်နပ္လို႔ လက္စားေခ်ခဲ့တာ မဟုတ္ပါဘူး။ ေဘဘီ့ကို ငါတကယ္ခ်စ္ခဲ့တာပါ"

"နင္တကယ္ ခ်စ္ခဲ့တယ္ဆိုရင္ ဒီေလာက္ထိ ကေလးအေပၚ ရက္စက္ဖို႔လိုလား ေျပာ"

"ငါ့မွာလည္း အခက္အခဲေတြ ရွိေနလို႔ပါ"

"ဘာအခက္အခဲလဲ။ ေက်ာင္းပိတ္တဲ့ တစ္လလုံး တစ္ခ်က္ေလးေတာင္ ဖုန္းမေခၚဘဲ ျပစ္ထားရေအာင္ နင့္အခက္အခဲက ဘာမို႔လို႔လဲ။ ေျပာ ငါ့ကိုေျပာ"

"ေဘဘီနဲ႔ ဖုန္းေျပာတာကို ေမေမသိသြားတယ္။ ေဘဘီက‌ ေယာကၤ်ားေလးဆိုတာကိုလည္း ေမေမသိသြားၿပီး ငါ့ဖုန္းကို သိမ္းသြားတယ္ခင္ေလး။ ေဘဘီနဲ႔ေနာက္ဆုံး‌ဖုန္းေျပာၿပီးထဲက ဖုန္းသိမ္းသြားတာ ဒီေန႔အထိပါ ခင္ေလးရယ္။ ငါမညာပါဘူး"

"ေက်ာင္းပိတ္တဲ့အခ်ိန္ နင္အိမ္က သိသြားလို႔ ဆက္သြယ္လို႔မရခဲ့တာကို ငါလက္ခံေပးလို႔ရတယ္။ ေက်ာင္းတက္တဲ့အခ်ိန္ေတာ့ နင္သားသားကို အက်ိဳးအေၾကာင္း ေျပာျပၿပီး စကားေျပာလို႔ရတယ္ မဟုတ္ဘူးလား။ နင့္အိမ္က လူေတြက ေက်ာင္းအထိ လိုက္လာေနလို႔လား ဘုန္းစစ္ပိုင္ ဟမ္။ သားသားကို သစ္စိမ္းခ်ိဳး ခ်ိဳးၿပီး မေခၚနိုင္ မေျပာနိုင္ ျဖစ္ေနရေအာင္ နင့္အိမ္ကလူေတြက ေက်ာင္းမွာ ရွိေနလို႔လား"

"ရွိတယ္ ငါ့အိမ္က လူက ေက်ာင္းမွာရွိတယ္"

"ဘယ္သူမို႔လို႔လဲ ငါ့ကိုေျပာ"

"နင့္ကို သိပ္ခ်စ္ခဲ့တဲ့ နင္နဲ႔ငါ့ကို အရမ္းသေဘာတူခဲ့တဲ့ ေဘဘီတို႔ရဲ့ ဌာနမႈး တီခ်ယ္ ေဒၚခင္လဲ့လဲ့သူက ငါ့အေမပဲ ခင္ေလး"

"ဘာ . . . တီခ်ယ္ ေဒၚခင္လဲ့လဲ့သူက နင့္အေမ"

"ဟုတ္တယ္ ငါ့ေမေမ။ ဘယ္သူမွ မသိၾကေပမယ့္ တီခ်ယ္ေဒၚခင္လဲ့လဲ့သူက ငါ့ေမေမပါ။ ေမေမက ေရွးရိုးစြဲတယ္ ခင္ေလး။ ၿပီးေတာ့ ေမေမက ေဒါက္တာျဖစ္သလို ဌာနမႉးတစ္ေယာက္လည္း ျဖစ္တာမို႔ ေမေမ့ဂုဏ္သိကၡာကို ငါငဲ့ရတယ္ ခင္ေလးရယ္။ ေမေမကေျပာတယ္ နင့္အေၾကာင္းေတြ တျခားတီခ်ယ္ေတြ သိကုန္ရင္ ငါသိကၡာက်ရမယ္လို႔ေျပာတယ္။ ေယာကၤ်ားေလးခ်င္း ခ်စ္တာ အျပစ္မဟုတ္ပါဘူး သိကၡာက်စရာမဟုတ္ပါဘူးလို႔ ငါဘယ္ေလာက္ပဲ ရွင္းၿပ ရွင္းၿပ ေမေမက လက္မခံဘူး ခင္ေလး။ ၿပီးေတာ့ ငါကိုယ္တိုင္လည္း ေဘဘီ့လက္ကိုတြဲၿပီး အရာရာ ရင္ဆိုင္နိုင္ပါ့မလားဆိုတာ မေသခ်ာေသးလို႔ပါ။ ေဘဘီ့လက္ကို တြဲတဲ့အခါ ပတ္ဝန္းက်င္ရဲ့ အတိုက္အခိုက္ အေျပာအဆိုေတြကို ငါ ခံနိုင္ရည္ရွိပါ့မလားလို႔ ေသခ်ာစဥ္းစားခဲ့တယ္။ အစကေတာ့ ခ်စ္တာတစ္ခုပဲသိၿပီး တြဲခဲ့တာ။ ေမေမသိ‌သြားေတာ့မွ ေတြးစရာေတြ မ်ားလာခဲ့တယ္။ ဒါ့ေၾကာင့္ ငါေဘဘီ့ကို အတတ္နိုင္ဆုံး ေရွာင္ေနခဲ့တာပါ။ ငါေဘဘီ့ကို ေန႔တိုင္း ေဘဘီမသိေအာင္ ခိုးၾကည့္ေနခဲ့တာပါ။ တကယ္ပါ ငါေျပာတာအကုန္ အမွန္ေတြပါပဲ ခင္ေလးရယ္"

"ခ်ယ္က နင့္အေမဆိုတာကို ငါမသိခဲ့ဘူး"

"နင္ပဲမသိခဲ့တာ မဟုတ္ပါဘူး။ ခ်ယ္ေတြကလြဲရင္ တစ္ေက်ာင္းလုံးက ေက်ာင္းသားေတြလည္း မသိခဲ့ၾကဘူး။ ငါ့သူငယ္ခ်င္း အရင္းႀကီးျဖစ္တဲ့ ငါ့နားမွာေနတဲ့ ခ်မ္းေျမ့တို႔ေတာင္ မသိၾကဘူး။ ငါကိုယ္တိုင္က မသိေစခ်င္လို႔ ဘယ္သူမွမရိပ္မိေအာင္ ေနခဲ့တယ္ဆို ပိုမွန္လိမ့္မယ္"

"အင္း"

"ေမေမက ငါ့ကို ေဘဘီနဲ႔ ဆက္သြယ္မွာဆိုးလို႔ ဒုတိယႏွစ္ဝက္ကို ေက်ာင္းမတက္ခိုင္းဘဲ ေဆးခြင့္ယူၿပီး စာေမးပြဲ‌ေျဖခါနီးမွ လာေျဖရဖို႔အထိ လုပ္ခဲ့တာ။ ေဘဘီ့ကို လုံးဝ အဆက္အသြယ္ မလုပ္ပါဘူး ေက်ာင္းေတာ့ တက္ပါရေစဆိုၿပီး ငါငိုယိုၿပီး ေတာင္းပန္ခဲ့လို႔ ေက်ာင္းျပန္တက္ခြင့္ ရခဲ့တာပါ။ ငါမလိမ္ပါဘူးဟာ။ မနက္ကလည္း ေဘဘီငါ့လက္ကိုဆြဲၿပီး ငါ့ကို စကားေျပာတဲ့အခ်ိန္ မလွမ္းမကမ္းမွာ တီခ်ယ္ေတြနဲ႔အတူ ေမေမပါရွိေနလို႔ ငါေဘဘီ့လက္ကို ျဖဳတ္ခ်ၿပီး ဘာစကားမွ မေျပာဘဲ ထြက္သြားခဲ့တာပါ ငါမလိမ္ပါဘူး"

"ေမခ်ယ္ကေရာ"

"သူငယ္ခ်င္းပါ။ နင္တို႔ မယုံၾကည္နိုင္ေပမယ့္ တကယ္သူငယ္ခ်င္းပါ။ ဒီတစ္ခါေတာ့ ငါ့ကို ယုံေပးပါခင္ေလးရယ္ ေနာ္။ ငါ့ ေဘဘီ့ကို တကယ္ခ်စ္ခဲ့တာပါ။ ေဘဘီ့ကို စခ်စ္ထဲက နင့္ကို လက္စားေခ်လိုစိတ္ လုံးဝမရွိခဲ့တာ အမွန္ပါ။ နင့္ကို ခ်စ္ခဲ့တုန္းက နင္က ငါ့ဘဝအတြက္ မရွိမျဖစ္ ျဖစ္ခဲ့တယ္ဆိုရင္ ေဘဘီက ငါ့ဘဝအတြက္ အရာရာပါ။ နင့္ကို ခ်စ္ခဲ့တုန္းက ခ်စ္သူလိုပဲ ခ်စ္ခဲ့တာ။ ေဘဘီ့ကို ခ်စ္တဲ့အခ်စ္က နင္နဲ႔မတူဘူးခင္ေလး။ ေဘဘီ့ကို ငါခ်စ္တဲ့ အခ်စ္‌ေတြထဲမွာ ေဘဘီ့ကို ကေလးေလးတစ္ေယာက္လို အရိပ္တၾကည့္ၾကည့္နဲ႔ ေစာင့္ေရွာက္ေပးခ်င္စိတ္ေတြပါတယ္။ ငါေဘဘီ့ကို ခ်စ္သူလို ခ်စ္သလို ညီေလးတစ္ေယာက္လို သူငယ္ခ်င္းလို အခ်စ္မ်ိဳးစုံနဲ႔ ခ်စ္ခဲ့တာ။ အရာရာကို ကေလးေလးလိုပဲ ေတြးတတ္ခဲ့တဲ့ ေဘဘီ့ကို အနားမွာ ေစာင့္ေရွာက္ေပးရင္း မီးအိမ္လို အလင္းေရာင္ေပးၿပီး လမ္းျပေပးခဲ့ခ်င္ခဲ့တာပါ။ ေဘဘီအားကိုးရတဲ့သူ အျဖစ္နဲ႔ ေနခ်င္ခဲ့တာ။ ကေလးဘဝထဲက မိခင္ေမတၱာ မခံစားခဲ့ရတဲ့သူမို႔ ေႏြးေထြးတဲ့ ခ်စ္ျခင္းေမတၱာေတြနဲ႔ ေထြးေပြ႕ေပးခ်င္ခဲ့တယ္။ တကယ္ပါ ဒါေတြအကုန္လုံးက ငါ့ရင္ထဲကလာတဲ့ အစစ္အမွန္ေတြပါ"

". . ."

"ငါ့အေတြးက ေမေမ့အရိပ္နဲ႔ မလြတ္‌နိုင္ေသးတာမို႔ ဒီဒုတိယႏွစ္ဝက္ကို ေဘဘီ့နဲ႔ ခဏခြဲေနၿပီး စာေမးပြဲ ‌ေအာင္ေအာင္ အရင္ေျဖမယ္။ စာေမးပြဲေျဖၿပီးသြားတဲ့အခါ ေမေမ့အရိပ္ကေန ငါ႐ုန္းထြက္ နိုင္သြားၿပီ။ ငါ့ဘဝ ငါ့လမ္း ငါေလၽွာက္နိုင္သြားၿပီမို႔ အဲ့အခ်ိန္ၾက ဘယ္သူပဲတားတား ေဘဘီ့အနားမွာေနဖို႔ ငါဆုံးျဖတ္ၿပီးသားပါ"

". . ."

"ခုေလာေလာဆယ္ခဏေတာ့ ေမေမရွိတဲ့ ဒီေက်ာင္းမွာေနၿပီး ေမေမ့မ်က္စိေအာက္တင္ ငါက ေယာကၤ်ားေလးတစ္ေယာက္နဲ႔ တြဲေနတယ္ဆိုတာကို တျခားသူေတြသိရင္ ဆရာ၊ ဆရာမေတြၾကား ေမေမ မ်က္ႏွာငယ္ရမွာ ဆိုးလို႔ပါ။ ဒီတစ္ျဖတ္ၿပီးသြားရင္ ငါလည္း ဒီေက်ာင္းမွာ မရွိေတာ့ဘူးေလ။ ေမေမလည္း ေနာက္ႏွစ္ေက်ာင္းေျပာင္းမွာမို႔ ဒီေက်ာင္းမွာ မရွိေတာ့ဘူး။ ငါနဲ႔ေဘဘီ ခ်စ္သူျဖစ္ေနတယ္ဆိုရင္ေတာင္ ဘယ္သူမွမသိနိုင္သလို သိခဲ့ရင္လည္း ေမေမ့ကို မ်က္ႏွာ မပူရေတာ့ဘူးေပါ့။ အဲ့ေၾကာင့္ ငါခဏေလး ေဘဘီ့နဲ႔ ခြဲေနဖို႔ ဆုံးျဖတ္ခဲ့တာပါ။ ယုံေပးပါ ခင္ေလးရာေနာ္။ ငါေျပာခဲ့သမၽွအကုန္ အမွန္ေတြခ်ည္းပါပဲ"

အရွည္ႀကီးရွင္းျပေနတဲ့ ဘုန္းစစ္ပိုင္ စကားေတြကို နားေထာင္ၿပီး ခင္ေလး ဘာျပန္ေျပာရမွန္း မသိေတာ့ေပ။ ဘုန္းစစ္ပိုင္ ရွင္းျပေနတာလည္း တရားနည္းလမ္းက်သည္မို႔ ခင္ေလး ယုံပါသည္။

"တကယ္ဆို ေက်ာင္းျပန္တက္တဲ့အခ်ိန္ နင့္မွာ ဖုန္းမရွိရင္ေတာင္ ခ်မ္းေျမ့တို႔ဖုန္းကို ခဏယူၿပီး သားသားကို ဒီအေၾကာင္းေတြ ရွင္းျပေပးလို႔ရတယ္ေလ"

"ငါေမေမနဲ႔ ေက်ာင္းထဲက အေဆာင္မွာ တူတူေနရတယ္ ခင္ေလး။ ေန႔လည္ဆို ေမေမနဲ႔ အတူတူ ထမင္းစားရတယ္။ ခုလည္း ေမေမ့အလစ္ကို ခိုးထြက္လာခဲ့ရတာ။ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ရတဲ့အခ်ိန္က စာသင္ခ်ိန္ပဲရွိတယ္။ အဲ့အခ်ိန္မွာ သူတို႔ကို အကူအညီေတာင္းၿပီး ဖုန္းဆက္ရေအာင္လည္း ငါနဲ႔ေဘဘီ ခ်စ္သူျဖစ္တာကို ဘယ္သူမွ မသိဘူး ခင္ေလး။ သူတို႔ဖုန္းကို ယူဆက္တဲ့အခါ သူတို႔က ငါ့ကို ေမးလာမယ့္ ေမးခြန္းေတြကို ငါျပန္မေျဖတတ္ဘူး။ ငါကိုယ္တိုင္က သူငယ္ခ်င္းေတြကို ေျပာဖို႔ မရဲခဲ့တာပါ။ ငါတို႔ ေယာကၤ်ားေလးခ်င္း ႀကိဳက္ေနတဲ့အေပၚ သူငယ္ခ်င္းေတြ လက္ခံေပးနိုင္ပါ့မလားလို႔ ေတြးၿပီး စိုးရိမ္ခဲ့တာပါ။ ဒီေန႔ ငါေဘဘီ့ကို ဆက္ဆံလိုက္တဲ့အေပၚ ေဘဘီငါ့ကို စိတ္ဆိုးစိတ္နာသြားမွာလည္းသိသလို ေဘဘီငိုေနမယ္ဆိုတာကိုလည္း သိတယ္။ အဲ့ဒါေၾကာင့္ ေနာက္ဆုံးေတာ့ သူငယ္ခ်င္းေတြကို ငါတို႔ႏွစ္ေယာက္ အေၾကာင္းဖြင့္ေျပာၿပီး ခ်မ္ေျမ့တို႔ကတစ္ဆင့္ ေဘဘီ့ကို ဒီအေၾကာင္းေတြ ရွင္းျပမလို႔ပါ။ ခုလည္း ခ်မ္းေျမ့တို႔ကို ဖြင့္ေျပာဖို႔ ဒီကို ေခၚလာခဲ့တာပါ။ ခ်မ္းေျမ့တို႔က ငါတို႔ကို နားလည္ၿပီး ကူညီေပးခဲ့ရင္ ေနာက္ဆို ေဘဘီနဲ႔ ဖုန္းေလးပဲျဖစ္ျဖစ္ ဆက္သြယ္လို႔ရတာေပါ့"

"ငါနားလည္ၿပီမို႔ နင့္ကို ျပတ္ျပတ္သားသား တစ္ခုေတာ့ ေမးပါရေစ"

"ေမးပါ နင္ေမးခ်င္တာေမးပါ"

"နင္ သားသားလက္ကိုတြဲၿပီး အရာရာရင္ဆိုင္ဖို႔ သတၱိရွိလား။ ဘယ္လို အခက္အခဲေတြပဲ ရွိလာ ရွိလာ သားသားလက္ကို ဘယ္ေတာ့မွ ျဖဳတ္ခ်မထားခဲ့ပါဘူးလို႔ ငါ့ကို ကတိေပးနိုင္မလား"

"အင္း ငါ ေသခ်ာစဥ္းစားခဲ့ၿပီးၿပီမို႔ နင့္ေတာင္းတဲ့ ကတိကို ေပးနိုင္ပါၿပီ။ ေဘဘီ့ကို သိပ္ခ်စ္တာမို႔ သူ႔လက္ကိုဆြဲၿပီး အရာရာရင္ဆိုင္ဖို႔ ဆုံးျဖတ္ၿပီးသြားၿပီ။ အဲ့ဒါေၾကာင့္ နင္ေတာင္းတဲ့ကတိကို ငါေပးနိုင္တယ္။ ေဘဘီ့လက္ကို ဘယ္ေတာ့မွ ျဖဳတ္ခ်မထားခဲ့ဘူးလို႔ ငါကတိေပးတယ္ ခင္ေလး"

"နင္ေပးတဲ့ ကတိကို ငါယုံၾကည္ေပးမွာမို႔ နင့္ဘက္ကလည္း ငါယုံၾကည္နိုင္တဲ့အထိ သက္ေသျပေပးပါ။ သားသားကို စိတ္ခ်မ္းသာေအာင္ ထား‌ေပးပါ ဘုန္းစစ္ပိုင္။ ငါဒါေလးတစ္ခုေတာ့ ေတာင္းဆိုပါရေစ"

"စိတ္ခ်ပါ ေဘဘီ့ကို ငါ့ေၾကာင့္ စိတ္မဆင္းရဲေစရပါဘူး။ ေဘဘီ့ကို ငါဘယ္ေတာ့မွ ထားမခဲ့ဘူးလို႔ ကတိေပးတယ္"

"ကေလးကို စိတ္ဒဏ္ရာေတြေပးၿပီး ထားခဲ့မယ္ဆိုရင္ နင့္ကို ငါလာသတ္မွာ။ ကေလးကို ထိခိုက္ေစမယ့္အရာမွန္သမၽွ ငါမလိုလားဘူး။ ကေလးက ငါ့ဘဝဆိုတာကို သိထားေပး"

"ေဘဘီ့က နင့္ဘဝဆိုတာ ငါသိပါတယ္။ စိတ္ခ်ပါ ေဘဘီ့ကို ငါဘယ္ေတာ့မွ နာက်င္ေအာင္ မလုပ္ပါဘူး"

"ယုံေနမယ္။ နင္အဆင္ေျပတဲ့အခ်ိန္ သားသားကို လာေတြ႕လိုက္ပါဦး"

"ေအးပါ ငါေဘဘီနဲ႔ ေတြ႕လို႔ရေအာင္ ႀကံပါ့မယ္"

"အင္း"

"ငါသြားေတာ့မယ္ ဘုန္းစစ္ပိုင္"

"ေအးပါ ဆိုင္ကယ္ကို ဂ႐ုစိုက္ေမာင္းေနာ္"

"အင္း ငါသြားၿပီ"

စစ္ပိုင္နဲ႔ ခင္ေလး ေျပာသမၽွကို ေဘးက နားေထာင္ရင္း ဇာတ္လမ္း အစအဆုံးကို သိလိုက္ရေပသည္။

"အစထဲက ငါတို႔ကိုေတာ့ ေျပာျပခဲ့သင့္တာေပါ့ စစ္ပိုင္ရာ။ အဲ့ဒါဆို ငါတို႔ ကူညီေပးလို႔ ရတာေပါ့"

"မင္းတို႔ လက္မခံနိုင္မွာဆိုးလို႔ပါ"

"မင္းက ဘာႀကီးပဲျဖစ္ေနျဖစ္ေန ငါတို႔သူငယ္ခ်င္းပါ။ တစ္ခါသူငယ္ခ်င္းဆို အျမဲတမ္း သူငယ္ခ်င္းပဲ ေဟ်ာင့္။ ေကာင္းေကာင္းဆိုးဆိုး မင္းကို ငါတို႔ကာကြယ္ေပးမွာ။ မင္းက ငါတို႔သူငယ္ခ်င္းမို႔ အရာအားလုံးကို လက္ခံနိုင္တယ္။ ၿပီးေတာ့ ငါတို႔က ေခတ္လူငယ္ေတြပါကြာ။ ေယာကၤ်ားေလးခ်င္း ခ်စ္တာ အျပစ္မွမဟုတ္တာ"

"ေက်းဇူးပါကြာ"

ေမေမ့အလစ္မွာ ခိုးထြက္ခဲ့ရတာမို႔ ေက်ာင္းကို အျမန္ျပန္လာခဲ့ရသည္။ ေမေမက မ်က္လုံးေဒါက္ေထာက္ ၾကည့္ေနသည္မို႔ ဒီအခ်ိန္ေလးေတာင္ ကံေကာင္းလို႔ ခိုးထြက္လို႔ရခဲ့တာ‌ပါ။

Sat, Aug 14 (14/8/2021/Sat)

***************

Continue Reading

You'll Also Like

991K 35.6K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
113K 4.9K 47
#Unicode ကျွန်တော်တို့နှစ်ယောက်ရဲ့ချစ်ခြင်းသည် နှလုံးသားဖြင့်အထပ်ထပ်ရစ်နှောင်ထားခြင်းကြောင့် ဘယ်သောအခါမှ ပျက်စီးပျောက်ကွယ်သွားလိမ့်မည်မဟုတ်။ #Zawgyi ...
5.8K 205 22
"ကျုပ်ကြားဖူးတာ ဝါးပင်တွေက တစ်သက်မှာတစ်ခါပဲ အပွင့်ပွင့်၊အသီးသီးကြပြီးသေဆုံးသွားကြတယ်၊ ကျုပ်နှလုံးသား ကလဲ တစ်သက်မှာတစ်ခါပဲ ချစ်ချင်တယ် အဲ့လူရင်ခွင်ထဲမ...