Mafia Is My Alpha ( Lion ) {...

By MikkyLay1

4.8M 514K 61.4K

ဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ်... More

ဇာတ်ကောင်မိတ်ဆက် 💕
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4 ( 🚨🔞🚨 )
Chapter - 5 ( 🚨🔞🚨 )
Intro💕
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10 ( 🚨🔞🚨 )
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15 ( 🚨🔞🚨 )
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20 ( 🚨🔞🚨 )
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28 ( Kiss 💋💋💋 )
Chapter - 29
Chapter - 30 ( 🚨🔞🚨 )
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45 ( 🚨🔞🚨 )
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52 ( 💔💔💔 )
Chapter - 53 ( 💔💔💔 )
Chapter - 54
Chapter - 55 ( 💔💔💔😭 )
Chapter - 56 ( S1 End 💕 )
Chapter - 57 ( S2 💕 )
Chapter - 58 ( 👪💕👼 )
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62 ( 👪💕 )
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67 ( 👪💕👪 )
Chapter - 68
Chapter - 69
Chpter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75 ( Kiss 💑💕💕 )
Chapter - 76 ( 🚨🔞🚨 )
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
💔💔💔💔
🎉🎉 Happy Birthday 🎉🎉
Chapter - 85
Chapter - 86
Chapter - 87 ( 💕💕💕 )
Chapter - 88
Chapter - 89 ( 🚨🔞🚨 )
Chapter - 90 ( S2 End )💕💕
Chapter - 91 ( S3 )
Chapter - 92
Chapter - 93
အသိပေးချက်💕
သတင်းထူး ( ဖန်းဂူတို့နဲ့မဆိုင်ပေမဲ့ ဒီမှာလဲတင်မယ် 😁 ) 💕
Chapter - 94
Chapter - 95
Chapter - 96 ( ☃️❄️🌚🚨 )
Chapter - 97 🚨🌚
Chapter - 98
📢 Order 📣 ( ဖန်းဂူရဲ့အကိုဖန်လုံးရဲ့စာအုပ်လေး )
Chapter - 99
Chapter - 100
Chapter - 101
Chapter -102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
အသဲကျော်လေးတွေ 💕
Chapter - 108
Chapter - 109
❗❗❗
Chapter-110 ( 🌚🌚🌚 )
Chapter - 111
Chapter - 112
Chapter - 113
Chapter - 114
Chapter - 115
Chapter - 116
Chapter - 117 🚨🚨🚨
Chapter - 118
Chapter - 119
Chapter - 120
Chapter - 121
Chapter - 122
Chapter - 123
Chapter - 124 ( 🚨🔞🚨 )
Chapter - 125
Chapter - 126
Chapter - 127
Chapter - 129
Chapter - 130
Chapter - 131
Chapter - 132
Happy Birthday 🎂🎊🎉
Chapter - 133
Chapter - 134
Chapter - 135 💔💔💔
Chapter - 136👪👬💏
Chapter - 137
Chapter - 138
Chapter - 139
Chapter - 140 ( End ❣️ )
Extra - 1 🚨🔞🚨
Extra - 2
Extra - 3
Extra - 4 ( 🚨🔞🚨 )
Extra - 5
Extra - 6 ( End )❤️
ကျေးဇူးတင်လွှာ ❤️

Chapter -128

7.6K 1K 111
By MikkyLay1

Unicode
~~~~~~~

အသားဖြူဖြူ အရပ်မြင့်မြင် အမျိုးသမီးအိုမီဂါတစ်ဦးနှင့် အသက် 8 နှစ်အရွယ်သမီးတစ်ယောက် အသက် 3 နှစ်အရွယ်သားတစ်ယောက်တို့သည် အိမ်ဆောင်ထဲ၌ တည်ငြိမ်စွာပင် ထိုင်နေကြတယ် … Mr.ဂျိုးလ်က ဖန်းဂူတို့ကို ထိုအိမ်ဆောင်ထဲသို့ ခေါ်လာခဲ့တယ် … အားလုံးအနားယူပြီးကြပြီမို့ အားအင်ပြန်လည်ပြည့်ဝနေကြပြီ …

" ဟန်နီ "

" ဒါလင် "

ထိုအမျိုးသမီးက ဂျိုးလ်အား အနမ်းဖြင့်နှုတ်ဆက်လိုက်တယ် … မနေ့ကရောက်စက ဂျိုးလ်ရဲ့မိသားစုနဲ့ တွေ့ခဲ့ပေမဲ့ နှုတ်ဆက်စကားပင်မပြောခဲ့ရဘူး … ဒီနေ့တော့ နေ့လည်စာစားရင်း မိတ်ဆက်ပေးရန်ခေါ်လာခြင်းဖြစ်တယ် … သူမက ရှုယွမ်နဲ့လဲအတော်လေး ရင်းနီးပုံပဲ …

" ရှုယွမ် "

" မဒန် "

ပါးချင်းထိကပ်ကာ အနမ်းဖြင့်နှုတ်ဆက်နေကြတယ် … မင်းယွီကတော့ လုယီလေးနဲ့အတူ ခုံပေါ်မှာ ဝင်ထိုင်လိုက်တယ် … ဖန်းဂူကတော့ တည်ငြိမ်အေးချမ်းစွာပင်ရပ်နေတယ်  … သူမကဖန်းဂူသတင်းကိုလဲကြားထားပုံပင် … ဖန်းဂူကိုမြင်တော့ ဖော်ရွှေစွာပင် နှုတ်ဆက်လာတယ် …

" Mr.ရှန်ဖန်းဂူမဟုတ်လား … တွေ့ရတာဝမ်းသာပါတယ် "

ဖန်းဂူကမတုန်မလှုပ်နဲ့ပင် ခေါင်းငြိမ့်ပြလိုက်ပြီး သူမအနမ်းဖြစ်နှုတ်ဆက်မှာကို ငြင်းပယ်လိုက်တယ် … သူကလူတွေနဲ့နီးနီးကပ်ကပ်နေရတာ မနှစ်သက်သူမို့ အနောက်ကခုံပေါ်အမြန်ထိုင်လိုက်တယ် … ထိုအခါ ဂျိုးလ်က သူ့ရဲ့အမျိုးသမီးအားဖက်ကာ မိတ်ဆက်ပေးလာတယ် …

" ဒါကကျွန်တော့အမျိုးသမီး မန်စီယာ "

အနောက်ကကလေး ၂ ယောက်ကိုပါ ညွှန်ပြကာ မိတ်ဆက်ပေးလိုက်တယ် …

" ဒါကကျွန်တော့သမီးကြီး ပရမ်နီ … ဒါက သာလေး ပက်ထရစ် "

၃ နှစ်အရွယ်ကလေးလေးက ခုံပေါ်ကနေအမြန်ဆင်းက ရှုယွမ်ပေါ်ပြေးတက်သွားတာကြောင့် မိခင်ဖြစ်သူက ဝင်တားလိုက်တယ် …

" ထရစ် … ဦးလေးကခုမှရောက်တာကို မဆိုးရဘူးလေ "

လုယီလေးက သူနဲ့ရွယ်တူကလေးလေးကိုတွေ့တော့ ငေးကြည့်နေမိတယ် … မျက်စံပြာပြာနဲ့အသားအရေကဖွေးအုနေပြီး ဆံသားလေးတွေက သိုးမွေးလိုနုအိပြီးဖြူစွပ်နေပုံက အရုပ်လေးအတိုင်းပဲ … လူကြီးတွေအချင်းချင်း မိတ်ဆက်ပြီး စားသောက်နေကြချိန် လုယီလေးက ရှုယွမ်ဘေးက ထရစ်လေးထံလျှောက်သွားလေတယ် …

ကောင်ငယ်လေးက လုယီလေးထက်သေးပြီး အရုပ်လေးနဲ့တူတဲ့အပြင် ပြုံးလိုက်တဲ့အချိန်မှာ ပါးချိုင့်လေးကခွက်ဝင်သွားပြီးအသည်းယားစရာကောင်းလွန်းနေတယ် … လုယီလေးက ဖန်ဂူသားပီပီ သူစိမ်းတွေရှေ့ဆို အနေအေးပြီးတည်ငြိမ်လွန်းတာကြောင့် ဘာစကားတစ်ခွန်းမှဆိုမလာဘူး … ထိုအခါမှ ကောင်ငယ်လေးက စတင်နှုတ်ဆက်လာတယ် …

" Hi "

" အာ "

ဘာသာစကားမတူတာကြောင့် သူတို့စကားပြောဖို့အခက်တွေ့နေကြတယ် … ရှုယွမ်က သူ့နားလာရပ်နေတဲ့ လုယီလေးကိုပါ ပွေ့ဖက်လိုက်ပြီး နှုတ်ဆက်ပေးလိုက်တယ် …

" လုယီလေး … သူ့နာမည်က ပက်ထရစ် … လုယီလေးထက်ငယ်လို့ ညီလေးလို့ခေါ်ရမယ်နော် "

" ဟုတ် "

" ထရစ် … သူက ပိုင်လုယီ … ကိုကိုလို့ခေါ်ရမယ် … သားထက်ကြီးတယ် "

" OK "

လုယီလေးကအဖော်မက်သလို ထရစ်က ဖော်ရွေသူမို့ ခနလေးနဲ့ခင်မင်သွားကြတယ် … ဘာသာစကားမတူပေမဲ့ လက်ဟန်ခြေဟန်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်ဖို့ကြိုးစားနေကြတယ် …

" ရုပ်ရုပ်တွေရှိတယ် … ကိုကိုလိုချင်လား "

" ဟင် "

ကလေးတွေချင်းခင်မင်နေတာမြင်ရတော့ ဂျိုးလ်ရဲ့ဇနီးကပြုံးရယ်လိုက်ပြီး …

" အိမ်ကသားလေးက အဖော်အရမ်းမက်တာ … သူ့အမကတည်ငြိမ်တော့ သူနဲ့ဆော့မပေးရင်အမြဲငိုနေတတ်တယ် … ခုအဖော်ရပြီဆိုတော့ သူဘယ်လောက်ပျော်နေလိုက်မလဲ "

မင်းယွီကလဲ ကလေးတွေကိုကြည့်ကာ ဆိုလိုက်တယ် …

" ကျွန်တော့်သားလေးလဲအတူတူပဲမို့ ထိန်းမရမှာတောင်ဆိုးရတယ် "

" အဲ့အတွက်မပူပါနဲ့ … သမီးကြီး ပရမ်နီက ဘာသာစကား ၂ မျိုးလုံးတတ်တာမို့ ကလေးတွေကိုထိန်းပေးနိုင်တယ် "

သူမရဲ့စေခိုင်းမှုကြောင့် သမီးကြီးက လုယီနဲ့မောင်ဖြစ်သူကို ခေါ်ကာ ကစားဖို့ထွက်သွားကြလေတယ် … ကလေးအဖော်တွေရှိနေတော့ လုယီလေးက ဖခင်တွေအနားအပူမကပ်တော့ပေ … စားသောက်ပြီးသွားတော့ မင်းယွီက သူမအားမေးလိုက်တယ် …

" ဒါဆို ကျွန်တော်ရော ဘာလုပ်ပေးနိုင်တာရှိလဲ … ကလေးတွေအတွက် စိတ်ပူစရာမလိုဘူးဆိုတော့ ကျွန်တော်ခု အားနေတာပဲ "

" အတော်ပဲ … ဒို့နဲ့ ဥယျာဉ်ထဲလိုက်ခဲ့ပါလား "

သူမက ဖန်းဂူရဲ့အကြည့်စိမ်းကြီးတွေကိုသတိထားမိပြီး အမြန်ဖြေရှင်းချက်ပေးလိုက်တယ် …

" မပူပါနဲ့ … ကျွန်မကအိမ်တော်ထဲပဲခေါ်မှာပါ … ရှုယွမ်ကလဲအမြဲဒီကမင်းယွီနဲ့လုယီလေးတို့သားအဖအကြောင်းပြောနေတတ်လို့ တစ်ချို့အကြောင်းအရာတွေကိုသိပြီးသားပါ … ဒီကမင်းယွီက ပန်းတွေကိုနှစ်သက်တယ်မဟုတ်လား … ဒါကြောင့် ကျွန်မတို့ဥယျာဉ်ထဲကိုအလည်ခေါ်ချင်တာပါ … ရှင်တို့လဲအလုပ်ကိစ္စလွတ်လွတ်လပ်လပ်ဆွေးနွေလို့ရတာပေါ့ "

မင်းယွီကလဲ လိုက်ချင်သလို ရှုယွမ်နဲ့ဂျိုးလ်ကလဲ ထောက်ခံနေတာကြောင့် ဖန်းဂူ မင်းယွီနဲ့သားလေးကို သူတို့သားအမိထံ စိတ်ချစွာအပ်လိုက်ပြီး အလုပ်အကြောင်း စတင်ဆွေးနွေးကြလေတယ် …

ဒီဘက်နိုင်ငံမှာလဲ လူတိုင်းအလင်းကိုလိုချင်နေကြတာမျိုးမဟုတ်ပဲ အမှန်တရားကိုဆန့်ကျင်တဲ့သူများစွာရှိနေတယ် … Lion နဲ့ဂျိုးလ်တို့ ပူးပေါင်းတဲ့ကိစ္စက တစ်ကယ်တော့ လျှို့ဝှက်လုပ်ဆောင်နေခြင်းသာ … A မြို့တော်ရဲ့သတင်းတွေက အပြင်လောကထိပျံ့လွင့်နေ၍ အရင်လိုလုပ်ဆောင်ရာ၌ ပေါ်တင်ဆောင်ရွက်လို့မရနိုင်တော့ဘူး … သူတို့အားလုံးက A မြို့တော်မတည်ငြိမ်တာကိုအခွင့်ယူပြီး ထကြွဖို့ကြံရွယ်နေကြတယ် … အရာရှိတွေထဲမှာလဲ ပူးပေါင်းသူတွေရှိနေတာကြောင့် မှန်ကန်တဲ့ဂျိုးလ်ရဲ့လုပ်ရပ်တွေကို ကန့်ကွက်တဲ့သူများစွာရှိနေတယ် …

ဂျိုးလ်ဟာ အမှန်ဘက်ကရပ်တည်ပြီး အောင်မြင်စွာလုပ်ကိုင်တတ်သူမို့ မျက်မုန်းကြိုးနေသူတွေရှိတာမဆန်းလှပါဘူး  … ဒါကြောင့် သူ့မိသားစုဝင်အားလုံးဟာ ကိုယ်ခံပညာတက်မြောက်ထားပြီး ကလေးကအစမိမိကိုယ်ကို ကာကွယ်နိုင်အောင် လက်နက်များဆောင်ထားကြတယ် … ထိုအခြေအနေမျိုးက ဒီဘက်နိုင်ငံမှာ အထူးအဆန်းတော့မဟုတ်နေတော့ဘူး …

အရပ်မျက်နှာအသီးသီးက စောင့်ကြည့်ခံနေရ၍ ဖန်းဂူထိုနယ်မြေကနေထွက်ကာ ရှင်ဘုရင်နဲ့တွေ့ခွင့်ရဖို့အချိန်အပိုင်းအခြားတစ်ခုထိစောင့်နေရတယ် … တွေ့ခွင့်ရခဲ့ရင်တောင် ပထမအကြိမ်တွေ့တုန်းကလို လူတွေအများကြီးရှိတဲ့ဟောခန်းထဲမှာတွေ့ရတာမျိုးမဟုတ်ပဲ လျှို့ဝှက်စွာတွေ့စုံရလိမ့်မယ် … ဒါကအတွင်းရှိသူလျှိုတွေရဲ့ရန်ကနေ ကာကွယ်ရန်အတွက်ပင် … တစ်ပတ်ခန့်အချိန်ထိ ဂျိုးလ်ရဲ့အိမ်တော်မှာပဲ အခြေချနေပြီးနောက် ဖန်ဂူပထမဆုံး အပြင်သို့ထွက်ကာ စတင်လေ့လာခဲ့တယ် …

အိမ်တော်မှာကျန်ရှိနေတဲ့ မင်းယွီက ကိုယ်ခံပညာနဲ့ သေနတ်ပြစ်ပညာကို စတင်လေ့လာသင်ယူလေ့လာတယ် … အခြေအနေတွေက ဘယ်လိုဖြစ်လာမလဲမသိနိုင်၍ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ကအရေးကြီးဆုံးပဲ … ဒါမှ ရှန်ဖန်းဂူအတွက် ဝင်ထုတ်ဝန်ပိုးမဖြစ်မှာ …

အပြင်ကိုထွက်ပြီးလေ့လာနေတဲ့ဖန်းဂူက သူတို့ဆီမှာလဲ တူညီတဲ့အမှောင်လောကသားတွေရှိနေတာကို သိရှိနေခြင်းကြောင့် ဂျိုးလ်တို့အရာရှိတွေပင် ရှာမတွေ့နိုင်တဲ့ အပုန်းကောင်းတဲ့အဖွဲ့အစည်းတွေကို အသာလေးအကြပ်ကိုင်ကာထိန်းချုပ်လိုက်တယ် … ထိုအချက်က အင်အားကြီးနေတဲ့ အဲလက်စ်ကို လက်နတ်မပါ လူအသေအပျောက်မရှိစေပဲ အနုနည်းနဲ့ပြန်လည်တိုက်ခိုက်နိုင်ခြင်းပင် … ဖန်းဂူအနိုင်ယူလိုက်တဲ့အဖွဲ့တွေထဲက အဲလက်စ်အားကိုအားထားပြုရတဲ့ လက်နက်ပံ့ပိုးပေးနေတဲ့ ကုန်သည်တွေပါဝင်နေတယ် … ထိုလူတွေကအစကတည်းက အဲလက်စ်ထက် Lion ကိုသာယုံကြည်အားကိုသူများဖြစ်တယ် …

အမှောင်ကိုကြီးစိုးချိန်က Lion ရဲ့နယ်ချဲထွန်နိုင်မှုဟာ အတားအစီးမရှိသလို ဂုဏ်သတင်းဟာလဲ ပျံ့လွင့်နေတာကြောင့် ယခုလိုမတည်ငြိမ်တဲ့အချိန်မှာ Lion လက်အောက်ခံဖြစ်ချင်သူတွေများစွာရှိနေတယ် … ယခု Lion က B မြို့တော်အရေးပါ ဝင်စွတ်ဖက်လာတော့ အမှောင်လောကသားတွေနဲ့ပူးပေါင်းထားတဲ့နောက်ကွယ်ကအရာရှိတစ်ချို့ မျက်ခုံးလှုပ်လာကြတယ် … သူတို့ထက်အင်အားကြီးတဲ့ Lion ကိုသူတို့ယှဉ်နိုင်မည်မဟုတ်မှန်း သိနေ၍ပင် …  Lion ကိုယခုလိုလှုပ်ရှားနိုင်အောင် ကူညီနေတဲ့နောက်ကွယ်ကလူကိုစုံစမ်းလာကြတယ် … ရှင်ဘုရင်နဲ့ ဂျိုးလ်ကိုယ်တိုင်က ကာကွယ်ပေးထားတာမို့ ဘယ်သူမှရှာတွေ့နိုင်မှာမဟုတ်ဘူး …

" ၂ ပတ်အတွင်းမှာ အဖွဲ့အစည်းတော်တော်များများကို ချုပ်ကိုင်နိုင်တာ အံ့ဩစရာပဲ Mr.ဖန်းဂူ … မင်းကငါတို့ဟိုးအရင်ကတည်းက ရှာဖွေနေတဲ့အဖွဲ့အစည်းတွေကိုလဲ အလွယ်လေး ရှာနိုင်တာပဲ … ငါမင်းကိုမလေးစားပဲ မနေနိုင်တော့ဘူး "

" ဒါကကျွန်တော့အတွက် ခက်ခဲတဲ့အရာမဟုတ်ပါဘူး … ဟိုးအရင်က သူတို့ကိုယ်တိုင်ကျွန်တော့ကိုပူးပေါင်းဖို့ကမ်းလှမ်းလာကြတာ … ဒါကြောင့် သူတို့ကိုခြေရာခံဖို့မခက်ဘူး "

" အမှောင်လောကရဲ့ Lion က အမှန်တရားဘက်ကဆိုတာ နောက်ကွယ်ကလူတွေသိရင်ဘယ်လောက်တောင်မခံမရပ်နိုင်ဖြစ်နေကြမလဲ … အမှောင်ကိုဖြိုခွင်းဖို့ကလဲ ဒီတနည်းပဲရှိတော့တယ် "

" ဒါပေမဲ့ ကျွန်တော်တစ်ခုတော့ပြောမယ် … ခုကျွန်တော်က ခများတို့နဲ့ပူးပေါင်းတယ်ဆိုပေမဲ့ ကျွန်တော့်လောကကလူတွေကို ခများတို့လုပ်ချင်သလိုလုပ်ခွင့်ပေးခဲ့တာမဟုတ်ဘူး … တစ်ချို့အဖွဲ့အစည်းတွေက အလင်းလောကရဲ့စည်းကမ်းဖောက်ဖျက်ပြီးရောင်းဝယ်နေကြပေမဲ့ လူတွေကိုအန္တရာယ်မပြုပဲ အချင်းချင်းပဲအကျိုးသက်ရောက်စေတယ် … အဲ့လိုလူတွေကကျွန်တော့လက်အောက်အညံ့ခံပြီးသား … ဒါကြောင့်သူတို့ကိုထိခိုက်ခွင့်မပေးနိုင်ဘူး … နောက်ကွယ်ကနေစေခိုင်နေတဲ့အလင်းလောကရဲ့အရာရှိတွေကိုပဲဖော်ထုတ်ပေးပါ … ကျွန်တော့လက်အောက်ကလူတွေနောက်မဟုတ်တာမလုပ်ရဲအောင် ကျွန်တော်ဆုံးမနိုင်တယ် "

ဖန်းဂူရဲ့ရဲရင့်ပျက်သားပြီး လူသားဆန်တဲ့ဆုံးဖြတ်ချက်ကြောင့် ဂျိုးလ်ရောရှုယွမ်ပါအံ့ဩသွားကြတယ် … ဟိုးအရင်က လူ့အသက်ကို ခြင်တစ်ကောင်လောက်ပင်တန်ဖိုးမထားတတ်တဲ့ ရှန်ဖန်းဂူဟာ ပျောက်ကွယ်သွားပြီး ယခုသူ့လက်အောက်ခံတွေကို ဘယ်လိုအင်အားကြီးအဖွဲ့အစည်းရဲ့ တိုက်ခိုက်မှုကိုမှမခံရအောင်ကာကွယ်ပေးနေတယ် … သူဟာအမှောင်လောကကိုအုပ်စိုးနိုင်မဲ့ရှင်ဘုရင်တစ်ပါအလားပင် …

" ကျွန်တော်ခများရဲ့ရွေးချယ်မှုကို သဘောကျတယ် … ခများက နောင်အနာဂတ်မှာ အမှောင်နဲ့အလင်းကို ငြိမ်ချမ်းစေမဲ့ သမာန်တော်တစ်ပါးဖြစ်လာလိမ့်မယ် ရှန်ဖန်းဂူ "

*

*

*

အပြင်လောကမှာတော့ ရှန်ဟွှာအမှုကမတည်ငြိမ်သေးသလို ဘယ်တော့အမှုကိုတရားဝင်ချမှတ်မလဲ သိချင်နေကြတယ် … တစ်ချို့က အန္တရာယ်ကြီးမားတဲ့ ရှန်ဟွှာအုပ်စုကို အမြစ်ဖြုတ်ပြစ်ဖို့တောင်းဆိုနေကြပြီး တစ်ချို့ကလဲ ထွက်ပြေးနေသေးတဲ့ရှန်ဖန်းဂူကိုအမြန်ရှာပြီးအပြစ်ပေးဖို့တောင်းဆိုနေကြတယ် … Lion ဆိုတဲ့အိမ်မက်ဆိုးကြီးက သူတို့အတွက် မနိုးထနိုင်တဲ့ အမှောင်ယံညတွေလိုပဲ အမှားနဲ့အမှန်မခွဲခြားတတ်တော့ဘူး …

သခင်မကြီးမှာတော့ သူ့ရဲ့တတ်နိုင်သမျှအင်အားနဲ့ ဖခင်နဲ့ခင်ပွန်းဖြစ်သူကို အနောက်ကနေနောက်ယောင်ခံလိုက်ပေမဲ့ တည်နေရာက အလွန်သိုဝှက်လွန်းသာကြောင့်အချီးနှီးသာဖြစ်နေတယ် … ချူးသားအဖတွေကလဲမနားမနေတတ်နိုင်သမျှကူညီရှာတယ် … အသက်ကြီးပြီဖြစ်တဲ့ ချူးဖိုးဖိုးဆို အိပ်ယာထဲလဲသွားသည်ထိ … အိမ်တော်ထိန်းသိမ်တဲ့ကိစ္စတွေထက် သခင်ကိုစိတ်ပူနေရတဲ့စိတ်ကြောင့် ပိုပြီးပင်ပန်းနွမ်းနယ်သွားခြင်းပင် …

" သ … သခင်မလေး … ဒီအဖိုးကြီး ဒုက္ခပေးမိပြီ "

" ချူးဖိုးဖိုး ကျန်းမာအောင်နေပါ … ကျွန်မတို့ ဒါကိုလုပ်နိုင်မယ်ဆိုတာ ယုံကြည်တယ် … သားလေးလဲကျွန်မကိုဆက်သွယ်လာတယ် … အဖေနဲ့အကိုတို့ရဲ့တည်နေရာကိုသိနိုင်ဖို့ သူ့ကိုကူညီမဲ့သူရှိတယ်တဲ့ … အချိန်ခနတော့စောင့်ရမှာပေါ့ … ဒီပွဲကအရင်ကနဲ့မတူဘူး … သူသေကိုယ်သေဖြစ်လိမ့်မယ် "

" ကျွန်တော်သေရမယ်ဆိုရင်တောင် သခင်ကြီးအတွက်တာဝန်ကျေပေးချင်သေးတယ် … အဟွတ် … ဒါပေမဲ့ သခင်ကြီးကိုတွေ့ခွင့်တောင်ရှိပါဦးမလား မသိပါဘူး "

" ချူးဖိုးဖိုး တာဝန်တွေအများကြီးကျေပွန်ခဲ့ပါပြီ … ကျွန်မတို့အိမ်တော်ကြီးကို အချိန်အကြာကြီး ထိန်းသိမ်လာပေးခဲ့ပြီးပြီ … ဘာမှစိတ်ပူစရာမလိုတော့ဘူး "

" မမလေး တစ်ခုတော့ကတိပေးပါ … ဒီတိုက်ပွဲပြီးသွားခဲ့ရင် သခင်လေးကူးမန်ကို ဒိထပ်ပိုပြီးနားလည်ပေးပါ … သူက ကျွန်တော်စောင့်ရှောက်လာခဲ့တဲ့တစ်လျှောက်မှာ ဘယ်တုန်းကမှ သစ္စာမဲ့တဲ့အလုပ်ကိုမလုပ်ခဲ့ဘူး … သူပျော်နေတာကို မြင်ချင်မိတယ် "

" ကျွန်မကတိပေးပါတယ် … ဒီအိမ်တော်ကိုနွေးထွေးအောင် ကျွန်မသေချာဂရုစိုက်ပြီး စောင့်ရှောက်ပါ့မယ် "

စကားတွေအများကြီးပြောပြီးနောက် အသက် ၈၀ ကျော် အဖိုးချူးလောင်ဝီ ကွယ်လွန်သွားခဲ့လေတယ် … ထိုသတင်းကို B မြို့တော်ကိုရောက်နေတဲ့ ဖန်းဂူတို့လဲကြားသိရသလို ရှန်ဝေအိမ်ရောက်နေတဲ့ ချူးရှန့်လဲ ကြားသိသွားလေတယ် …

ငယ်စဉ်ကတည်းက အဖေတစ်ယောက်လိုပြုစုစောင့်ရှောက်လာခဲ့တဲ့အဖိုးရဲ့ နောက်ဆုံးအချိန်ကို တွေ့ခွင့်မရတဲ့ချူးရှန့် အခန်းလေးထဲက ချောင်လေးတစ်ခုမှာ တစ်ယောက်ထည်းကြိတ်ခါ ငိုကြွေးနေမိတယ် … သူ့ဘဝမှာနွေးထွေးမှုအပေးခဲ့ဆုံးသူက အဖိုးတစ်ယောက်သာရှိခဲ့တယ် … ခုလောကကြီးထဲမှာ သူ့ကိုစောင့်ရှောက်ပေးတဲ့ အဖိုးမရှိတော့သလို သူ့ဘဝဟာလဲ အချုပ်အနှောင်တွေကြားထဲမှာ လမ်းပျောက်နေခဲ့ပြီ …

" အကို … တံခါးဖွင့်ပေး "

ရှန်ဝေရဲ့အသံကအခန်းအပြင်ကနေထွက်ပေါ်လာပြီး တံခါးဖွင့်ပေးဖို့ကိုတောင်းဆိုနေတယ် … သူမဖွင့်ပေးရင်တောင် ရှန်ဝေကသူ့ဘာသာဖွင့်ပြီးဝင်လာနေကြပင် … ထင်တဲ့အတိုင်း ခနမျှကြာတော့ သော့အပိုနဲ့ဖွင့်ပြီးအထဲကိုဝင်လာတယ် …

ချောင်လေးထဲမှာထိုင်နေတဲ့ ချူးရှန့်ကိုမြင်တော့ ရှန်ဝေစိတ်ပူသွားပြီး ပြေးကာပွေ့ဖက်ထားလေတယ် …

" ခုချိန်မှာ အကို့ရဲ့ခံစားချက်ကိုနားလည်ပေမဲ့ အကိုသွားလို့မဖြစ်ဘူး … အကို့ရဲ့သခင်ရှိနေရင်လဲ သွားခွင့်ပြုမှာမဟုတ်ဘူး … သူတို့က အကို့ကိုတွေ့တာနဲ့ ဖမ်းသွားကြမှာ "

ချူးရှန့်က ခေါင်းထောင်လာပြီး ရှန်ဝေအားကြည့်ကာ ဆိုလိုက်တယ် …

" ခုလဲ ငါမင်းရဲ့ဖမ်းချုပ်ခြင်းကို ခံထားရတာပဲ … ဘာများကွာခြားနေလို့လဲ "

" မတူဘူလေ … သူတို့ရဲ့အဖမ်းခံရရင် အကို့ကိုနှိပ်စက်ပြီးစစ်မေးကြလိမ့်မယ် … ကျွန်တော့ဆီမှာက အကို့ဘယ်လိုနေနေခွင့်ပြုထားတယ် … ကျွန်တော်အကို့ကိုဖမ်းချုပ်ထားတာမဟုတ်ပါဘူး … စောင့်ရှောက်ပေးချင်ယုံပါ "

" ငါမင်းရဲ့စောင့်ရှောက်ပေးမှုကိုမလိုချင်ဘူး …  ခုလိုနေနေတာက ငါ့မိသားစု ငါ့သခင်ရဲ့မိသားစု ဒုက္ခရောက်နေတာကို ဘာမှလုပ်မပေးနိုင်ပဲ ကိုယ်လွတ်ရုံးသလိုဖြစ်မနေဘူးလား … မင်းစဉ်းစားကြည့်စမ်းပါ … ငါသာငါ့အဖိုးနားရှိနေခဲ့ရင် သူတို့ကိုအကောင်းဆုံးကာကွယ်ပေးနိုင်မှာ "

" အကို့ရဲ့အမှားမဟုတ်ပါဘူး … ကြံဖန်ပြီးအပြစ်တင်မနေပါနဲ့တော့ … အကို့အမှားမဟုတ်ဘူး "

" မင်းမှမခံစားဘူးတာ … မင်းကဘယ်လိုလုပ်နားလည်နိုင်မှာလဲ … ငါ့အဖိုးကအမြဲကျန်းမာရေးကောင်းပြီးအရွယ်နဲ့မလိုက်အောင်သွက်လက်တယ် … သူ့မှာဘာရောဂါမှမရှိဘူး … သခင်ကြီးကိုလဲ အပြည့်အဝစောင့်ရှောက်နိုင်တယ် … သူကငါလေးစားရတဲ့သူ … သူဘာကြောင့်ခုလို ထားသွားရတာလဲ … ငါ့ကိုစောင့်ရှောက်ပေးမဲ့သူ မရှိတော့ဘူး "

ချူးရှန့်အသံတွေက တုန်ယင်နေပြီး ထိန်းမထားနိုင်တဲ့မျက်ရည်တွေက ပါးပြင်ထက် စီးကျလာတယ် … ရှန်ဝေရှေ့မှာ မငိုမိဖို့ကြိုးစားပေမဲ့ အရာမထင်ခဲ့ပေ … ချူးရှန့်ငိုနေတာကိုတွေ့ရတော့ ရှန်ဝေရင်ဘက်ကနာကျင်လာတယ် …

" ကျွန်တော်ရှိတယ်လေ … အကို့အနားမှာ ကျွန်တော်အမြဲရှိနေတယ် "

ရှန်ဝေက မျက်ရည်များရစ်ဝဲနေတဲ့ ချူးရှန်မျက်နှာလေးအား သူ့ရင်ဘက်ထဲဆွဲဖက်ကာ နွေးထွေးမှုပေးလေတယ် … ဝမ်းနည်းနေတဲ့အချိန်မို့ ချူးရှန့်မရုန်းကန်တော့ပဲ ရှန်ဝေရင်ဘက်ကို ထုရင် စိတ်ထဲရှိသမျှကို ရင်ဖွင့်နေတော့တယ် …

" သူက … သူကငါ့အတွက်အဖေတစ်ယောက်လိုပဲ … ငါသိတတ်စအရွယ်ကတည်းက ငါ့ကိုပြုစုပျိုးထောင်ပြီး သင်ပြပေးခဲ့တာ … ငါ့ဘက်မှာအမြဲရပ်တည်ပေးတယ် သဘောလဲကောင်းတယ် … အားလုံးကိုစီမံနိုင်ပြီး ဉာဏ်ရည်လဲကောင်းတယ် … ငါ ငါ့အဖိုးလိုထက်မြတ်တဲ့သူမျိုးဖြစ်ချင်တာ … သူငါ့ကိုအမြဲကာကွယ်ပေးမယ်လို့ပြောခဲ့ပေမဲ့ ငါကတော့ သူ့နောက်ဆုံးအချိန်လေးမှာတောင် လိုက်ပို့ခွင့်မရခဲ့ဘူး "

" သူရှိနေသေးရင်လဲ အကို့ကိုလာခွင့်ပေးမှာမဟုတ်ဘူး … သူကအကို့ကိုဒုက္ခရောက်စေချင်မှာမဟုတ်ဘူးလေ … သူစိတ်ချမ်းသာအောင် အကို ကို့ကိုယ်ကို ကာကွယ်ပြီး အဆုံးထိရှိနေရမယ် "

" ငါကဒီလိုပုံစံမျိုးနဲ့ ဘာများအသုံးဝင်မှာလဲ … ငါ့သခင်ကပါငါ့ကိုစွန်ပြစ်လိုက်ရင် … "

" ကျွန်တော်ရှိတယ်လေ … အကို့ဘက်မှာ ကျွန်တော်အမြဲရှိနေတယ် … အရာအားလုံးကိုစွန့်လွှတ်ရမယ်ဆိုရင်တောင် ကျွန်တော် အကို့ကိုပဲ ရွေးချယ်မှာ "

ချူးရှန့်ဘာမှဆက်မပြောတော့ပဲ ရှန်ဝေရင်ခွင်ထက်၌ တုန်ယင်ကာ ငိုကြွေနေမိတယ် … သူလိုသန်မာတဲ့လူတစ်ယောက်က ဘယ်တုန်းကမှ ယခုလိုမျိုးဝမ်းနည်းစွာငိုကြွေးရလိမ့်မည်ဟု မတွေးဘူးခဲ့ပေ … ရှန်ဝေရဲ့ရင်ခွင်ဟာ သူ့အတွက် လုံခြုံပြီးနွေးထွေမှုအပြည့်ပေးစွမ်းနေ၍ ချူးရှန့်ထက်ပြီး ရုန်မထွက်နိုင်တော့ပေ …

*

*

*

ယာရှာဟာ ရှန်ဖန်းဂူလက်အောက်ခံလာတဲ့အဖွဲ့တွေကိုဦးစည်းပြီး အင်အားတောင့်တင်းအောင်လေ့ကျင့်ပေးနေတယ် … ယခုဆို အမှောင်လောကတစ်ဝက်လောက်က ဖန်းဂူကိုမဆန့်ကျင်ရဲတော့ပဲ လက်အောက်ခံအဖြစ် အညံ့ခံလာကြတယ် … သူတို့အားလုံးကို ရှန်ဖန်းဂူက အသက်ရှင်ခွင်ပေးတာကိုပဲ ကျေးဇူးတင်နေကြပြီ … ရှန်ဖန်းဂူနဲ့ ထိပ်တိုက်တွေ့ဆုံခြင်း ဒုထိယအကြိမ်ဆိုတာရှိလာခဲ့ရင် သူတို့အသက်ကို ပေးရမယ်ဆိုတာသိနေ၍ သစ္စာဖောက်ဖို့ကိုနည်းနည်းလေးမှမတွေးရဲကြဘူး …

ယာရှာကလဲ သတ္တိရှိပြီး ရဲရင့်သူများကိုသာ အဆင့်မြှင့်တင်ဖို့ရွေးချယ်ထားတယ် … သူတို့ရဲ့လက်အောက်ခံတိုင်းက အသက်အာမခံအတွက် သစ္စာရှိမှုကိုပြသရတယ် … သစ္စာဖောက်ခဲ့ရင် ထိုလူအသက်ကို အသာလေးနှုတ်ယူနိုင်ပဲလက်နတ်မျိုးကို ပြင်ဆင်ထားပြီးသားပင် … ဒါကြောင့် ယာရှာရဲ့လေ့ကျင့်ပေးမှုခံရတဲ့လူတိုင်းက တစ်သက်လုံး Lion ရဲ့လက်အောက်ခံဖြစ်ရမည့်သူများဖြစ်တယ် …

" မဒန် … ဒီနေ့အဖွဲ့အစည်အချို့က လူတွေရောက်နေတယ် "

" သူတို့ထဲကအင်အားကြီးတဲ့သူကိုရွေးထား … အပျယ်ခံရတဲ့သူကို နှုတ်လုံအောင်ဆုံးမပြီး နယ်မြေထဲမှာ ထိန်းသိမ်းထားလိုက် "

" အမိန့်တိုင်းပါ မဒန် "

တစ်နေ့နဲ့တစ်နေ့ လက်နတ်ချကာအညံ့ခံလာတဲ့အဖွဲ့အစည်းတွေကမနည်းမနောပဲ … ဖန်းဂူရဲ့နယ်မြေဟာလဲ ပို၍ကျယ်ပြန့်လာတာကြောင့် ယုံကြည်ရတဲ့သူတွေကို နယ်မြေခွဲခြားပြီးစောင့်ရှောက်ဖို့ပို့ဆောင်ထားရတာကြောင့် လူအင်အားလိုအပ်တယ် … ယာရှာရဲ့ နဂါးအုပ်စုက ဖန်းဂူကိုအပြည့်အဝကူညီထောက်ပံ့ပေးထားခြင်းကြောင့် မဖြစ်နိုင်တဲ့အရာဆိုတာမရှိဘူး … ဒီနေ့ လူရွေးချယ်ဖို့အတွက် ယာရှာကိုယ်တိုင် ကွင်းပြင်ထဲသို့ဆင်းလာခဲ့တယ် …

လက်နတ်ကိုင်အဖွဲ့အစည်းတိုင်းက ဝတ်ရုံနက်များကိုအများဆုံးဝတ်ဆင်ထားကြတယ် … တစ်ချို့က ကျည်ကာဖို့အတွက် ကိုယ်ကိုမမြင်ရအောင်ဖုံးအုပ်ထားကြတယ် … ကွင်းပြင်ထဲမှာရှိတဲ့လူအားလုံးက စစ်ဆေးပြီးသားမို့ သူတို့ကိုယ်မှာ ဘာလက်နတ်မှမရှိနေဘူးဆိုတာသေချာတာကြောင့် ယာရှာအေးဆေးပင်ခုံပေါ်မှာထိုင်လိုက်တယ် …

အဖွဲ့ဝင်ဖြစ်ဖို့အညံ့ခံလာသူတွေထဲက အင်အားကြီးတဲ့သူတွေကိုရွေးထုတ်လိုက်တဲ့အခါ အယောက် ၅၀ မှာ ၂၀ လောက်သာကျန်ရှိနေတယ် … သူတို့အားလုံးက မျက်နှာကို အဝတ်နဲ့စည်းထားခြင်းကြောင့် ဘယ်အဖွဲ့အစည်းကလဲဆိုတာမသိနိုင်ဘူး … ထိုထဲကမှ ယာရှာက သူအသုံးပြုလို့ရလောက်မည့်သူကိုရွေးချယ်ပြီး တာဝန်ခွဲဝေပေးရမှာဖြစ်တယ် …

" မင်းတို့အားလုံးကို နောက်ဆုံးစမ်းသပ်စရာရှိတယ် … အဲ့ဒါကမင်းတို့ရဲ့ သေနတ်ပြစ်စွမ်းရည်ပဲ … မင်းတို့အားလုံးက ကိုယ်ခံပညာစမ်းသပ်ချက်မှာအောင်မြင်ပြီးပြီဆိုတော့ ဒီပွဲမှာအောင်မြင်ရင် တရားဝင်လက်အောက်ခံဖြစ်ခွင့်ရမယ် "

အားလုံးကမသေချင်ရင် လက်အောက်ခံအဖြစ်လိမ်မာစွာနေရမယ်ဆိုတာသိနေ၍ ကြိုးစားကာယှဉ်ပြိုင်နေကြတယ် … အားလုံးရဲ့လက်ထဲ ရာဘာကျည်ထည့်ထားသည့်သေနတ်များပေးထားပြီး အရှေ့မှာသစ်သားပြားထောင်ထားကာ ပြစ်ခိုင်းလိုက်တယ် … အများစုကဗဟိုကိုထိမှန်ပေမဲ့ ကျည်ကသစ်သားပြားကိုပေါက်မသွားဘူး … ယာရှာကလဲ လေးနက်စွာပင် သူတို့လက်ရည်ကို လေ့လာနေလိုက်တယ် …

ထိုစဉ် သူမသတိထားမိသွားတဲ့လူတစ်ယောက်က ခန္ဓာကိုယ်ကအလွန်သေးငယ်ပြီး အားမရှိဘူးဟုထင်ရပေမဲ့ ထိုလူပြစ်လိုက်တဲ့ ရာဘာကျည်က သစ်သားပြားကိုထုတ်ခြင်းပေါက်စေတဲ့ထိ အားပြင်းလွန်းလှတယ် … အားလုံးကလဲ ထိုလူအား သတိထားမိသွားကြလေတယ် …

" မဒန်  … သူ့ရဲ့လက်ရည်ကကောင်းမွန်ပြီးအင်အားကြီးတယ် … ဒီလိုနှုန်းက သာမာန်မာဗီးယားတွေ မပြစ်နိုင်ကြဘူး … ကျွန်တော်သူ့ကို ပြန်ပြီး စစ်ဆေးလိုက်ရမလား "

" နေဦး … သူဘာဆက်လုပ်မှာလဲ ငါစောင့်ကြည့်ချင်တယ် "

ယာရှာထိုလူရဲ့လှုပ်ရှားမှုတွေကို အာရုံစိုက်ပြီးအကဲခပ်နေမိတယ် … ကြာကြာကြည့်လေ သူ့ရဲ့လှုပ်ရှားမှု ပုံစံတွေက တစ်စုံတစ်ယောက်နဲ့ လွန်စွာတူညီနေတယ် … ထိုစဉ် ထိုလူလက်ထဲက သေနတ်က ယာရှာထိုင်နေတဲ့ ခုံထံသို့ တန်းတန်းမတ်မတ် ချိန်ရွယ်လိုက်လေတော့တယ် … ထိုအခြေအနေကြောင့် အစောင့်များနဲ့ ထိုလူနဲ့အတူယှဉ်ပြိုင်နေတဲ့သူတွေအားလုံး ရပ်တန့်သွားကြပြီး ထိုလူအား တားစီးဖို့ ကြိုးစားကြလေတယ် …

' ဖောက် '

" မဒန် "

သေနတ်ထဲကကျည်ဆံထွက်လာသည့်အသံကကျယ်လောင်လှပေမဲ့ ထိုကျဉ်ဆံက အတုဆိုတာကို ထိုလူမေ့ဟန်ဆောင်နေတာများလား … ယာရှာက သူ့ထံပြေးဝင်လာသည့် ရာဘာကျည်အား အသာလေးလှည့်ပြီး ရှောင်လိုက်ခြင်းကြောင့် အနောက်ကခုံရဲ့သစ်သားဘောင်အား ထိုးစိုက်သွားလေတယ် … ထိုအခါ ယာရှာရဲ့လက်ထောက်က အလန့်တကြား ထအော်လေတော့တယ် …

"  မင်းဘာလုပ်တာလဲ … သူ့ကိုဖမ်းစမ်း "

ဘေးနားကအစောင့်တွေက ချက်ချင်းပဲ ထိုလူအားဖမ်းချုပ်လိုက်ကြတယ် … ယာရှာ စိတ်ဝင်စားသွားပြီး ထိုင်နေရာကနေ အောက်သို့ဆင်းလာခဲ့တယ် … ထိုလူရှေ့ရောက်တော့ ဖမ်းချုပ်ထားတဲ့အစောင့်တွေကို လွှတ်ပေးဖို့အမိန့်ပေးလိုက်ပြီးနောက် ထိုလူရဲ့မျက်နှာအားဖုံးကွယ်ထားတဲ့အဝတ်အား ဆွဲဖြုတ်လိုက်တဲ့အခါ မြင်လိုက်ရတဲ့အရာကြောင့် သူမမျက်ဝန်းတွေပြူးကျယ်သွားလေတော့တယ် …

" ဆုန်းချူ "

ထိုလူက ဆုန်းချူပင် … သူမကရုပ်ဖျက်ကာ ဝင်လာခြင်းဖြစ်လိမ့်မည် … သူမဘယ်လောက်ရုပ်ဖျက်ဖျက် လှပတဲ့သူမမျက်နှာအား ယာရှာမမှတ်မိစရာအကြောင်းမရှိပေ … ယာရှာ သူ့ရဲ့ဒီပုံစံကိုပြန်တွေးမိတော့ ဆုန်းချူလန့်သွားလေမလားဆိုတဲ့အတွေးကဝင်လာတယ် … ဆုန်းချူကသူမအားမော့ကြည့်လာပြီး တစ်ခွန်းထည်းသာဆိုလိုက်တယ် …

" မမကိုရှာတွေ့ပြီ "

ယာရှာဘာမှမပြောနိုင်တော့ပဲ ပွဲကိုအမြန်သိမ်စေကာ သူမအားအိမ်တော်ထဲသို့ ဆွဲခေါ်လာခဲ့တယ် … သူမကဒီလိုအန္တရာယ်များတဲ့နေရာမျိုးမှာ ရှိနေသင့်တဲ့သူမဟုတ်ဘူး …

ဆုန်းချူအိမ်တော်ထဲရောက်တော့ လှည့်ပတ်ကာကြည့်ရှု့ရင်းဆိုလိုက်တယ် …

" မမရဲ့အိမ်က ထင်ထားတာထက်ကြည့်ကောင်းတာပဲ … ကြောက်စရာကောင်းမယ်ထင်ထားတာ "

" မင်း ဘယ်လိုရောက်လာတာလဲ ဆုန်းချူ "

ဆုန်းချူက အနည်းငယ်စိတ်ဆိုးနေသည့်ဟန် မျက်ခုံးကြုတ်လိုက်ပြီး ယာရှာအားကြည့်ကာဆိုလိုက်တယ် …

" မမက ဘာမှမ​ပြောပဲနဲ့ထွက်သွားတာလေ … အဲ့ဒါကြောင့် လာရှာတာ "

ခုချိန်က ဟန်ဆောင်ထားတယတွေအားလုံးပေါ်ကုန်ပြီမို့ ယာရှာ သူမအား လေးနက်စွာမေးလိုက်တယ် …

" ဆုန်းချူး … ငါကဘယ်သူလဲဆိုတာ မင်းသိနေတာတောင် ငါ့ကိုလိုက်ရှာနေခဲ့တာလား … ငါ့ကိုမင်းမကြောက်ဘူးလား "

သူမအားလေးနက်စွာမေးလာတော့ ဆုန်းချူလဲ ယာရှာအားကြည့်ကာ လေးနက်စွာပြန်ဖြေလိုက်တယ် …

" မမရဲ့လုပ်ရက်တွေက ဒီလောက်သိသာနေတာ ကျွန်မကအားလုံးကိုယုံကြည်မယ်လို့ထင်နေတာလား … ဒါပေမဲ့ကျွန်မ မမကိုသဘောကျမိတာက စိတ်ထားဖြူစင်တဲ့မမဖြစ်နေလို့ပဲ … မမဘာသာ မာဖီးယားမကသူပုန်ပဲဖြစ်နေပါစေ မမရဲ့ဖြူစင်မှုကိုယုံကြည်လို့လိုက်လာတာ "

သူမရဲ့ရိုးသားစွာထွက်ဆိုမှုက အားလုံးလေးစားရတဲ့ယာရှာလိုလူရဲ့နားများကိုရဲသွားစေတယ် … ဆုန်းချူက ယခုအချိန်မှာ ဘယ်အရာကိုမှချန်ဝှက်မထားတော့ဖို့ စိတ်ဆုံးဖြတ်ချက်ချထားလေတယ် … ယာရှာက ဆုန်းချူအား ထပ်မံမေးမြန်းလိုက်တယ် …

"  ခုငါ့ရဲ့ပုံစံအမှန်ကိုတွေ့တော့ရောဘယ်လိုလဲ … ကြောက်နေပြီလား "

" စစသတင်းကြားမိတော့ အံ့ဩသွားတယ် … နဂါးအုပ်စုကိုနာမည်ပဲကြားဖူးတာ မမကအဖွဲ့ခေါင်းဆောင်မှန်းသိလိုက်ရတော့ ဘာကြောင့်ဒီလောက်တော်နေလဲဆိုတဲ့အဖြေကိုရှာတွေ့ပြီး ပျော်နေမိတယ် … မမကအရမ်းမိုက်တာပဲ ငယ်ငယ်လေးနဲ့ ဒီလောက်လူတွေအများထိန်းချုပ်နိုင်တယ် "

ဆုန်းချူက သူမထင်ထားသလိုကြောက်လန့်မနေပဲ သတ္တိရှိကာ သူမအားလက်ခံပေးခြင်းကြောင့် ယာရှာပျော်ရွှင်သွားပြီး သူမအားဆွဲဖက်လိုက်တယ် …

" ဆုန်းချူ … ဒီလိုအန္တရာယ်များတဲ့နေရာကို ဘယ်လိုရောက်လာတာလဲ … ညီမလေးကအရာရှိတစ်ယောက်လေ "

" ထွက်လိုက်ပြီ "

" ဘယ်လို "

" ဟုတ်တယ် … ညီမလေးလဲ အကိုရှုယွမ်လိုပဲ ရာထူးက နှုတ်ထွက်လိုက်တာ … တရားမမျှတတဲ့သူတွေဘက်မှုနေပြီးတရားမှုကိုရှာဖွေတာက အဓိပ္ပါယ်မရှိဘူးလေ "

" ညီမလေးအဖေကရော မကန့်ကွက်ဘူးလား "

" ဖေဖေလား … ဖေဖေကိုယ်တိုင်ခွင့်ပြုခဲ့တာ … အကိုတို့ကိုကာကွယ်ပေးဖို့လေ  … ခုအလင်းကလူတွေက အမှောင်ကလူတွေထက်ပိုကြောက်ဖို့ကောင်းတယ် … ဒီနေရာကိုလဲ အကိုရှုယွမ်ပြောပြတာမို့ အနောက်ကဘယ်သူမှနောက်ယောင်ခံလိုက်လာလို့မရဘူး … မပူနဲ့ "

" လမ်းမှာရော အန္တရာယ်ကင်းရဲ့လား … အဲ့လိုဆို ဆက်သွယ်လိုက်ရင် ကိုယ်တိုင်လာခေါ်ပေးမှာပေါ့ "

" အဲ့လိုဆို ဘယ်လိုလုပ် စပရိုက်ဖြစ်တော့မှာလဲ "

" ဒါဆို စောစောက ကျည်ဆံနဲ့ပြစ်တာလဲ စပရိုက်ပဲပေါ့ "

" အဲ့ဒါကအပြစ်ပေးတာ … မမကလိမ်ညာပြီးအမှန်ကိုဝန်မခံသွားတဲ့အပြင် ဘာမှမပြောပဲထွက်သွားတာလေ … မမရဲ့ဘဝမှန်ကို ကိုယ်တိုင်ဖွင့်ပြောမလားလို့ စောင့်နေခဲ့တာ "

" ဒါဆို ဆုန်းချူက မမကိုခွင့်လွှတ်ပြီပေါ့ "

" ခုတော့နည်းနည်းခွင့်လွှတ်ပေးလိုက်မယ် … ခုကစပြီး မမကျွန်မနားကနေ ဘယ်မှသွားခွင့်မပေးတော့ဘူး "

ဆုန်းချူက လွမ်းစွတ်စွာပင် ယာရှာအား ဖက်သွယ်လိုက်တယ် … သူမနောက်ဆုံးတော့ အချစ်စစ်ကိုတွေ့လိုက်ရတဲ့အခါမှာ အကိုမင်းယွီဘာကြောင့် ရှန်ဖန်းဂူကိုကာကွယ်ပြီး တစ်လောကလုံးနဲ့ဆန့်ကျင်နေလဲဆိုတာ သဘောပေါက်သွားလေတယ် … အချစ်နဲ့တွေ့တဲ့အခါ လူတိုင်းက သတ္တိရှိလာပြီး အန္တရာယ်တွေကို တူတူရင်ဆိုင်ကာ တစ်ယောက်ကိုတစ်ယောက်ကာကွယ်ကြလိမ့်မယ် … ဒါဟာ အချစ်စစ်ရဲ့ တန်ခိုးတွေပဲ …

……………….……………………………………

To Be Continued ……

Zawgyi
~~~~~~~

အသားျဖဴျဖဴ အရပ္ျမင့္ျမင္ အမ်ိဳးသမီးအိုမီဂါတစ္ဦးႏွင့္ အသက္ 8 ႏွစ္အ႐ြယ္သမီးတစ္ေယာက္ အသက္ 3 ႏွစ္အ႐ြယ္သားတစ္ေယာက္တို႔သည္ အိမ္ေဆာင္ထဲ၌ တည္ၿငိမ္စြာပင္ ထိုင္ေနၾကတယ္ … Mr.ဂ်ိဳးလ္က ဖန္းဂူတို႔ကို ထိုအိမ္ေဆာင္ထဲသို႔ ေခၚလာခဲ့တယ္ … အားလုံးအနားယူၿပီးၾကၿပီမို႔ အားအင္ျပန္လည္ျပည့္ဝေနၾကၿပီ …

" ဟန္နီ "

" ဒါလင္ "

ထိုအမ်ိဳးသမီးက ဂ်ိဳးလ္အား အနမ္းျဖင့္ႏႈတ္ဆက္လိုက္တယ္ … မေန႕ကေရာက္စက ဂ်ိဳးလ္ရဲ႕မိသားစုနဲ႕ ေတြ႕ခဲ့ေပမဲ့ ႏႈတ္ဆက္စကားပင္မေျပာခဲ့ရဘူး … ဒီေန႕ေတာ့ ေန႕လည္စာစားရင္း မိတ္ဆက္ေပးရန္ေခၚလာျခင္းျဖစ္တယ္ … သူမက ရႈယြမ္နဲ႕လဲအေတာ္ေလး ရင္းနီးပုံပဲ …

" ရႈယြမ္ "

" မဒန္ "

ပါးခ်င္းထိကပ္ကာ အနမ္းျဖင့္ႏႈတ္ဆက္ေနၾကတယ္ … မင္းယြီကေတာ့ လုယီေလးနဲ႕အတူ ခုံေပၚမွာ ဝင္ထိုင္လိုက္တယ္ … ဖန္းဂူကေတာ့ တည္ၿငိမ္ေအးခ်မ္းစြာပင္ရပ္ေနတယ္  … သူမကဖန္းဂူသတင္းကိုလဲၾကားထားပုံပင္ … ဖန္းဂူကိုျမင္ေတာ့ ေဖာ္ေ႐ႊစြာပင္ ႏႈတ္ဆက္လာတယ္ …

" Mr.ရွန္ဖန္းဂူမဟုတ္လား … ေတြ႕ရတာဝမ္းသာပါတယ္ "

ဖန္းဂူကမတုန္မလႈပ္နဲ႕ပင္ ေခါင္းၿငိမ့္ျပလိုက္ၿပီး သူမအနမ္းျဖစ္ႏႈတ္ဆက္မွာကို ျငင္းပယ္လိုက္တယ္ … သူကလူေတြနဲ႕နီးနီးကပ္ကပ္ေနရတာ မႏွစ္သက္သူမို႔ အေနာက္ကခုံေပၚအျမန္ထိုင္လိုက္တယ္ … ထိုအခါ ဂ်ိဳးလ္က သူ႕ရဲ႕အမ်ိဳးသမီးအားဖက္ကာ မိတ္ဆက္ေပးလာတယ္ …

" ဒါကကြၽန္ေတာ့အမ်ိဳးသမီး မန္စီယာ "

အေနာက္ကကေလး ၂ ေယာက္ကိုပါ ၫႊန္ျပကာ မိတ္ဆက္ေပးလိုက္တယ္ …

" ဒါကကြၽန္ေတာ့သမီးႀကီး ပရမ္နီ … ဒါက သာေလး ပက္ထရစ္ "

၃ ႏွစ္အ႐ြယ္ကေလးေလးက ခုံေပၚကေနအျမန္ဆင္းက ရႈယြမ္ေပၚေျပးတက္သြားတာေၾကာင့္ မိခင္ျဖစ္သူက ဝင္တားလိုက္တယ္ …

" ထရစ္ … ဦးေလးကခုမွေရာက္တာကို မဆိုးရဘူးေလ "

လုယီေလးက သူနဲ႕႐ြယ္တူကေလးေလးကိုေတြ႕ေတာ့ ေငးၾကည့္ေနမိတယ္ … မ်က္စံျပာျပာနဲ႕အသားအေရကေဖြးအုေနၿပီး ဆံသားေလးေတြက သိုးေမြးလိုႏုအိၿပီးျဖဴစြပ္ေနပုံက အ႐ုပ္ေလးအတိုင္းပဲ … လူႀကီးေတြအခ်င္းခ်င္း မိတ္ဆက္ၿပီး စားေသာက္ေနၾကခ်ိန္ လုယီေလးက ရႈယြမ္ေဘးက ထရစ္ေလးထံေလွ်ာက္သြားေလတယ္ …

ေကာင္ငယ္ေလးက လုယီေလးထက္ေသးၿပီး အ႐ုပ္ေလးနဲ႕တူတဲ့အျပင္ ၿပဳံးလိုက္တဲ့အခ်ိန္မွာ ပါးခ်ိဳင့္ေလးကခြက္ဝင္သြားၿပီးအသည္းယားစရာေကာင္းလြန္းေနတယ္ … လုယီေလးက ဖန္ဂူသားပီပီ သူစိမ္းေတြေရွ႕ဆို အေနေအးၿပီးတည္ၿငိမ္လြန္းတာေၾကာင့္ ဘာစကားတစ္ခြန္းမွဆိုမလာဘူး … ထိုအခါမွ ေကာင္ငယ္ေလးက စတင္ႏႈတ္ဆက္လာတယ္ …

" Hi "

" အာ "

ဘာသာစကားမတူတာေၾကာင့္ သူတို႔စကားေျပာဖို႔အခက္ေတြ႕ေနၾကတယ္ … ရႈယြမ္က သူ႕နားလာရပ္ေနတဲ့ လုယီေလးကိုပါ ေပြ႕ဖက္လိုက္ၿပီး ႏႈတ္ဆက္ေပးလိုက္တယ္ …

" လုယီေလး … သူ႕နာမည္က ပက္ထရစ္ … လုယီေလးထက္ငယ္လို႔ ညီေလးလို႔ေခၚရမယ္ေနာ္ "

" ဟုတ္ "

" ထရစ္ … သူက ပိုင္လုယီ … ကိုကိုလို႔ေခၚရမယ္ … သားထက္ႀကီးတယ္ "

" OK "

လုယီေလးကအေဖာ္မက္သလို ထရစ္က ေဖာ္ေ႐ြသူမို႔ ခနေလးနဲ႕ခင္မင္သြားၾကတယ္ … ဘာသာစကားမတူေပမဲ့ လက္ဟန္ေျခဟန္ေတြနဲ႕ တစ္ေယာက္နဲ႕တစ္ေယာက္ နားလည္နိုင္ဖို႔ႀကိဳးစားေနၾကတယ္ …

" ႐ုပ္႐ုပ္ေတြရွိတယ္ … ကိုကိုလိုခ်င္လား "

" ဟင္ "

ကေလးေတြခ်င္းခင္မင္ေနတာျမင္ရေတာ့ ဂ်ိဳးလ္ရဲ႕ဇနီးကၿပဳံးရယ္လိုက္ၿပီး …

" အိမ္ကသားေလးက အေဖာ္အရမ္းမက္တာ … သူ႕အမကတည္ၿငိမ္ေတာ့ သူနဲ႕ေဆာ့မေပးရင္အၿမဲငိုေနတတ္တယ္ … ခုအေဖာ္ရၿပီဆိုေတာ့ သူဘယ္ေလာက္ေပ်ာ္ေနလိုက္မလဲ "

မင္းယြီကလဲ ကေလးေတြကိုၾကည့္ကာ ဆိုလိုက္တယ္ …

" ကြၽန္ေတာ့္သားေလးလဲအတူတူပဲမို႔ ထိန္းမရမွာေတာင္ဆိုးရတယ္ "

" အဲ့အတြက္မပူပါနဲ႕ … သမီးႀကီး ပရမ္နီက ဘာသာစကား ၂ မ်ိဳးလုံးတတ္တာမို႔ ကေလးေတြကိုထိန္းေပးနိုင္တယ္ "

သူမရဲ႕ေစခိုင္းမႈေၾကာင့္ သမီးႀကီးက လုယီနဲ႕ေမာင္ျဖစ္သူကို ေခၚကာ ကစားဖို႔ထြက္သြားၾကေလတယ္ … ကေလးအေဖာ္ေတြရွိေနေတာ့ လုယီေလးက ဖခင္ေတြအနားအပူမကပ္ေတာ့ေပ … စားေသာက္ၿပီးသြားေတာ့ မင္းယြီက သူမအားေမးလိုက္တယ္ …

" ဒါဆို ကြၽန္ေတာ္ေရာ ဘာလုပ္ေပးနိုင္တာရွိလဲ … ကေလးေတြအတြက္ စိတ္ပူစရာမလိုဘူးဆိုေတာ့ ကြၽန္ေတာ္ခု အားေနတာပဲ "

" အေတာ္ပဲ … ဒို႔နဲ႕ ဥယ်ာဥ္ထဲလိုက္ခဲ့ပါလား "

သူမက ဖန္းဂူရဲ႕အၾကည့္စိမ္းႀကီးေတြကိုသတိထားမိၿပီး အျမန္ေျဖရွင္းခ်က္ေပးလိုက္တယ္ …

" မပူပါနဲ႕ … ကြၽန္မကအိမ္ေတာ္ထဲပဲေခၚမွာပါ … ရႈယြမ္ကလဲအၿမဲဒီကမင္းယြီနဲ႕လုယီေလးတို႔သားအဖအေၾကာင္းေျပာေနတတ္လို႔ တစ္ခ်ိဳ႕အေၾကာင္းအရာေတြကိုသိၿပီးသားပါ … ဒီကမင္းယြီက ပန္းေတြကိုႏွစ္သက္တယ္မဟုတ္လား … ဒါေၾကာင့္ ကြၽန္မတို႔ဥယ်ာဥ္ထဲကိုအလည္ေခၚခ်င္တာပါ … ရွင္တို႔လဲအလုပ္ကိစၥလြတ္လြတ္လပ္လပ္ေဆြးေႏြလို႔ရတာေပါ့ "

မင္းယြီကလဲ လိုက္ခ်င္သလို ရႈယြမ္နဲ႕ဂ်ိဳးလ္ကလဲ ေထာက္ခံေနတာေၾကာင့္ ဖန္းဂူ မင္းယြီနဲ႕သားေလးကို သူတို႔သားအမိထံ စိတ္ခ်စြာအပ္လိုက္ၿပီး အလုပ္အေၾကာင္း စတင္ေဆြးေႏြးၾကေလတယ္ …

ဒီဘက္နိုင္ငံမွာလဲ လူတိုင္းအလင္းကိုလိုခ်င္ေနၾကတာမ်ိဳးမဟုတ္ပဲ အမွန္တရားကိုဆန႔္က်င္တဲ့သူမ်ားစြာရွိေနတယ္ … Lion နဲ႕ဂ်ိဳးလ္တို႔ ပူးေပါင္းတဲ့ကိစၥက တစ္ကယ္ေတာ့ လွ်ို႔ဝွက္လုပ္ေဆာင္ေနျခင္းသာ … A ၿမိဳ႕ေတာ္ရဲ႕သတင္းေတြက အျပင္ေလာကထိပ်ံ့လြင့္ေန၍ အရင္လိုလုပ္ေဆာင္ရာ၌ ေပၚတင္ေဆာင္႐ြက္လို႔မရနိုင္ေတာ့ဘူး … သူတို႔အားလုံးက A ၿမိဳ႕ေတာ္မတည္ၿငိမ္တာကိုအခြင့္ယူၿပီး ထႂကြဖို႔ႀကံ႐ြယ္ေနၾကတယ္ … အရာရွိေတြထဲမွာလဲ ပူးေပါင္းသူေတြရွိေနတာေၾကာင့္ မွန္ကန္တဲ့ဂ်ိဳးလ္ရဲ႕လုပ္ရပ္ေတြကို ကန႔္ကြက္တဲ့သူမ်ားစြာရွိေနတယ္ …

ဂ်ိဳးလ္ဟာ အမွန္ဘက္ကရပ္တည္ၿပီး ေအာင္ျမင္စြာလုပ္ကိုင္တတ္သူမို႔ မ်က္မုန္းႀကိဳးေနသူေတြရွိတာမဆန္းလွပါဘူး  … ဒါေၾကာင့္ သူ႕မိသားစုဝင္အားလုံးဟာ ကိုယ္ခံပညာတက္ေျမာက္ထားၿပီး ကေလးကအစမိမိကိုယ္ကို ကာကြယ္နိုင္ေအာင္ လက္နက္မ်ားေဆာင္ထားၾကတယ္ … ထိုအေျခအေနမ်ိဳးက ဒီဘက္နိုင္ငံမွာ အထူးအဆန္းေတာ့မဟုတ္ေနေတာ့ဘူး …

အရပ္မ်က္ႏွာအသီးသီးက ေစာင့္ၾကည့္ခံေနရ၍ ဖန္းဂူထိုနယ္ေျမကေနထြက္ကာ ရွင္ဘုရင္နဲ႕ေတြ႕ခြင့္ရဖို႔အခ်ိန္အပိုင္းအျခားတစ္ခုထိေစာင့္ေနရတယ္ … ေတြ႕ခြင့္ရခဲ့ရင္ေတာင္ ပထမအႀကိမ္ေတြ႕တုန္းကလို လူေတြအမ်ားႀကီးရွိတဲ့ေဟာခန္းထဲမွာေတြ႕ရတာမ်ိဳးမဟုတ္ပဲ လွ်ို႔ဝွက္စြာေတြ႕စုံရလိမ့္မယ္ … ဒါကအတြင္းရွိသူလွ်ိုေတြရဲ႕ရန္ကေန ကာကြယ္ရန္အတြက္ပင္ … တစ္ပတ္ခန႔္အခ်ိန္ထိ ဂ်ိဳးလ္ရဲ႕အိမ္ေတာ္မွာပဲ အေျခခ်ေနၿပီးေနာက္ ဖန္ဂူပထမဆုံး အျပင္သို႔ထြက္ကာ စတင္ေလ့လာခဲ့တယ္ …

အိမ္ေတာ္မွာက်န္ရွိေနတဲ့ မင္းယြီက ကိုယ္ခံပညာနဲ႕ ေသနတ္ျပစ္ပညာကို စတင္ေလ့လာသင္ယူေလ့လာတယ္ … အေျခအေနေတြက ဘယ္လိုျဖစ္လာမလဲမသိနိုင္၍ မိမိကိုယ္ကို ကာကြယ္နိုင္ဖို႔ကအေရးႀကီးဆုံးပဲ … ဒါမွ ရွန္ဖန္းဂူအတြက္ ဝင္ထုတ္ဝန္ပိုးမျဖစ္မွာ …

အျပင္ကိုထြက္ၿပီးေလ့လာေနတဲ့ဖန္းဂူက သူတို႔ဆီမွာလဲ တူညီတဲ့အေမွာင္ေလာကသားေတြရွိေနတာကို သိရွိေနျခင္းေၾကာင့္ ဂ်ိဳးလ္တို႔အရာရွိေတြပင္ ရွာမေတြ႕နိုင္တဲ့ အပုန္းေကာင္းတဲ့အဖြဲ႕အစည္းေတြကို အသာေလးအၾကပ္ကိုင္ကာထိန္းခ်ဳပ္လိုက္တယ္ … ထိုအခ်က္က အင္အားႀကီးေနတဲ့ အဲလက္စ္ကို လက္နတ္မပါ လူအေသအေပ်ာက္မရွိေစပဲ အႏုနည္းနဲ႕ျပန္လည္တိုက္ခိုက္နိုင္ျခင္းပင္ … ဖန္းဂူအနိုင္ယူလိုက္တဲ့အဖြဲ႕ေတြထဲက အဲလက္စ္အားကိုအားထားျပဳရတဲ့ လက္နက္ပံ့ပိုးေပးေနတဲ့ ကုန္သည္ေတြပါဝင္ေနတယ္ … ထိုလူေတြကအစကတည္းက အဲလက္စ္ထက္ Lion ကိုသာယုံၾကည္အားကိုသူမ်ားျဖစ္တယ္ …

အေမွာင္ကိုႀကီးစိုးခ်ိန္က Lion ရဲ႕နယ္ခ်ဲထြန္နိုင္မႈဟာ အတားအစီးမရွိသလို ဂုဏ္သတင္းဟာလဲ ပ်ံ့လြင့္ေနတာေၾကာင့္ ယခုလိုမတည္ၿငိမ္တဲ့အခ်ိန္မွာ Lion လက္ေအာက္ခံျဖစ္ခ်င္သူေတြမ်ားစြာရွိေနတယ္ … ယခု Lion က B ၿမိဳ႕ေတာ္အေရးပါ ဝင္စြတ္ဖက္လာေတာ့ အေမွာင္ေလာကသားေတြနဲ႕ပူးေပါင္းထားတဲ့ေနာက္ကြယ္ကအရာရွိတစ္ခ်ိဳ႕ မ်က္ခုံးလႈပ္လာၾကတယ္ … သူတို႔ထက္အင္အားႀကီးတဲ့ Lion ကိုသူတို႔ယွဥ္နိုင္မည္မဟုတ္မွန္း သိေန၍ပင္ …  Lion ကိုယခုလိုလႈပ္ရွားနိုင္ေအာင္ ကူညီေနတဲ့ေနာက္ကြယ္ကလူကိုစုံစမ္းလာၾကတယ္ … ရွင္ဘုရင္နဲ႕ ဂ်ိဳးလ္ကိုယ္တိုင္က ကာကြယ္ေပးထားတာမို႔ ဘယ္သူမွရွာေတြ႕နိုင္မွာမဟုတ္ဘူး …

" ၂ ပတ္အတြင္းမွာ အဖြဲ႕အစည္းေတာ္ေတာ္မ်ားမ်ားကို ခ်ဳပ္ကိုင္နိုင္တာ အံ့ဩစရာပဲ Mr.ဖန္းဂူ … မင္းကငါတို႔ဟိုးအရင္ကတည္းက ရွာေဖြေနတဲ့အဖြဲ႕အစည္းေတြကိုလဲ အလြယ္ေလး ရွာနိုင္တာပဲ … ငါမင္းကိုမေလးစားပဲ မေနနိုင္ေတာ့ဘူး "

" ဒါကကြၽန္ေတာ့အတြက္ ခက္ခဲတဲ့အရာမဟုတ္ပါဘူး … ဟိုးအရင္က သူတို႔ကိုယ္တိုင္ကြၽန္ေတာ့ကိုပူးေပါင္းဖို႔ကမ္းလွမ္းလာၾကတာ … ဒါေၾကာင့္ သူတို႔ကိုေျခရာခံဖို႔မခက္ဘူး "

" အေမွာင္ေလာကရဲ႕ Lion က အမွန္တရားဘက္ကဆိုတာ ေနာက္ကြယ္ကလူေတြသိရင္ဘယ္ေလာက္ေတာင္မခံမရပ္နိုင္ျဖစ္ေနၾကမလဲ … အေမွာင္ကိုၿဖိဳခြင္းဖို႔ကလဲ ဒီတနည္းပဲရွိေတာ့တယ္ "

" ဒါေပမဲ့ ကြၽန္ေတာ္တစ္ခုေတာ့ေျပာမယ္ … ခုကြၽန္ေတာ္က ခမ်ားတို႔နဲ႕ပူးေပါင္းတယ္ဆိုေပမဲ့ ကြၽန္ေတာ့္ေလာကကလူေတြကို ခမ်ားတို႔လုပ္ခ်င္သလိုလုပ္ခြင့္ေပးခဲ့တာမဟုတ္ဘူး … တစ္ခ်ိဳ႕အဖြဲ႕အစည္းေတြက အလင္းေလာကရဲ႕စည္းကမ္းေဖာက္ဖ်က္ၿပီးေရာင္းဝယ္ေနၾကေပမဲ့ လူေတြကိုအႏၲရာယ္မျပဳပဲ အခ်င္းခ်င္းပဲအက်ိဳးသက္ေရာက္ေစတယ္ … အဲ့လိုလူေတြကကြၽန္ေတာ့လက္ေအာက္အညံ့ခံၿပီးသား … ဒါေၾကာင့္သူတို႔ကိုထိခိုက္ခြင့္မေပးနိုင္ဘူး … ေနာက္ကြယ္ကေနေစခိုင္ေနတဲ့အလင္းေလာကရဲ႕အရာရွိေတြကိုပဲေဖာ္ထုတ္ေပးပါ … ကြၽန္ေတာ့လက္ေအာက္ကလူေတြေနာက္မဟုတ္တာမလုပ္ရဲေအာင္ ကြၽန္ေတာ္ဆုံးမနိုင္တယ္ "

ဖန္းဂူရဲ႕ရဲရင့္ပ်က္သားၿပီး လူသားဆန္တဲ့ဆုံးျဖတ္ခ်က္ေၾကာင့္ ဂ်ိဳးလ္ေရာရႈယြမ္ပါအံ့ဩသြားၾကတယ္ … ဟိုးအရင္က လူ႕အသက္ကို ျခင္တစ္ေကာင္ေလာက္ပင္တန္ဖိုးမထားတတ္တဲ့ ရွန္ဖန္းဂူဟာ ေပ်ာက္ကြယ္သြားၿပီး ယခုသူ႕လက္ေအာက္ခံေတြကို ဘယ္လိုအင္အားႀကီးအဖြဲ႕အစည္းရဲ႕ တိုက္ခိုက္မႈကိုမွမခံရေအာင္ကာကြယ္ေပးေနတယ္ … သူဟာအေမွာင္ေလာကကိုအုပ္စိုးနိုင္မဲ့ရွင္ဘုရင္တစ္ပါအလားပင္ …

" ကြၽန္ေတာ္ခမ်ားရဲ႕ေ႐ြးခ်ယ္မႈကို သေဘာက်တယ္ … ခမ်ားက ေနာင္အနာဂတ္မွာ အေမွာင္နဲ႕အလင္းကို ၿငိမ္ခ်မ္းေစမဲ့ သမာန္ေတာ္တစ္ပါးျဖစ္လာလိမ့္မယ္ ရွန္ဖန္းဂူ "

*

*

*

အျပင္ေလာကမွာေတာ့ ရွန္ဟႊာအမႈကမတည္ၿငိမ္ေသးသလို ဘယ္ေတာ့အမႈကိုတရားဝင္ခ်မွတ္မလဲ သိခ်င္ေနၾကတယ္ … တစ္ခ်ိဳ႕က အႏၲရာယ္ႀကီးမားတဲ့ ရွန္ဟႊာအုပ္စုကို အျမစ္ျဖဳတ္ျပစ္ဖို႔ေတာင္းဆိုေနၾကၿပီး တစ္ခ်ိဳ႕ကလဲ ထြက္ေျပးေနေသးတဲ့ရွန္ဖန္းဂူကိုအျမန္ရွာၿပီးအျပစ္ေပးဖို႔ေတာင္းဆိုေနၾကတယ္ … Lion ဆိုတဲ့အိမ္မက္ဆိုးႀကီးက သူတို႔အတြက္ မနိုးထနိုင္တဲ့ အေမွာင္ယံညေတြလိုပဲ အမွားနဲ႕အမွန္မခြဲျခားတတ္ေတာ့ဘူး …

သခင္မႀကီးမွာေတာ့ သူ႕ရဲ႕တတ္နိုင္သမွ်အင္အားနဲ႕ ဖခင္နဲ႕ခင္ပြန္းျဖစ္သူကို အေနာက္ကေနေနာက္ေယာင္ခံလိုက္ေပမဲ့ တည္ေနရာက အလြန္သိုဝွက္လြန္းသာေၾကာင့္အခ်ီးႏွီးသာျဖစ္ေနတယ္ … ခ်ဴးသားအဖေတြကလဲမနားမေနတတ္နိုင္သမွ်ကူညီရွာတယ္ … အသက္ႀကီးၿပီျဖစ္တဲ့ ခ်ဴးဖိုးဖိုးဆို အိပ္ယာထဲလဲသြားသည္ထိ … အိမ္ေတာ္ထိန္းသိမ္တဲ့ကိစၥေတြထက္ သခင္ကိုစိတ္ပူေနရတဲ့စိတ္ေၾကာင့္ ပိုၿပီးပင္ပန္းႏြမ္းနယ္သြားျခင္းပင္ …

" သ … သခင္မေလး … ဒီအဖိုးႀကီး ဒုကၡေပးမိၿပီ "

" ခ်ဴးဖိုးဖိုး က်န္းမာေအာင္ေနပါ … ကြၽန္မတို႔ ဒါကိုလုပ္နိုင္မယ္ဆိုတာ ယုံၾကည္တယ္ … သားေလးလဲကြၽန္မကိုဆက္သြယ္လာတယ္ … အေဖနဲ႕အကိုတို႔ရဲ႕တည္ေနရာကိုသိနိုင္ဖို႔ သူ႕ကိုကူညီမဲ့သူရွိတယ္တဲ့ … အခ်ိန္ခနေတာ့ေစာင့္ရမွာေပါ့ … ဒီပြဲကအရင္ကနဲ႕မတူဘူး … သူေသကိုယ္ေသျဖစ္လိမ့္မယ္ "

" ကြၽန္ေတာ္ေသရမယ္ဆိုရင္ေတာင္ သခင္ႀကီးအတြက္တာဝန္ေက်ေပးခ်င္ေသးတယ္ … အဟြတ္ … ဒါေပမဲ့ သခင္ႀကီးကိုေတြ႕ခြင့္ေတာင္ရွိပါဦးမလား မသိပါဘူး "

" ခ်ဴးဖိုးဖိုး တာဝန္ေတြအမ်ားႀကီးေက်ပြန္ခဲ့ပါၿပီ … ကြၽန္မတို႔အိမ္ေတာ္ႀကီးကို အခ်ိန္အၾကာႀကီး ထိန္းသိမ္လာေပးခဲ့ၿပီးၿပီ … ဘာမွစိတ္ပူစရာမလိုေတာ့ဘူး "

" မမေလး တစ္ခုေတာ့ကတိေပးပါ … ဒီတိုက္ပြဲၿပီးသြားခဲ့ရင္ သခင္ေလးကူးမန္ကို ဒိထပ္ပိုၿပီးနားလည္ေပးပါ … သူက ကြၽန္ေတာ္ေစာင့္ေရွာက္လာခဲ့တဲ့တစ္ေလွ်ာက္မွာ ဘယ္တုန္းကမွ သစၥာမဲ့တဲ့အလုပ္ကိုမလုပ္ခဲ့ဘူး … သူေပ်ာ္ေနတာကို ျမင္ခ်င္မိတယ္ "

" ကြၽန္မကတိေပးပါတယ္ … ဒီအိမ္ေတာ္ကိုေႏြးေထြးေအာင္ ကြၽန္မေသခ်ာဂ႐ုစိုက္ၿပီး ေစာင့္ေရွာက္ပါ့မယ္ "

စကားေတြအမ်ားႀကီးေျပာၿပီးေနာက္ အသက္ ၈၀ ေက်ာ္ အဖိုးခ်ဴးေလာင္ဝီ ကြယ္လြန္သြားခဲ့ေလတယ္ … ထိုသတင္းကို B ၿမိဳ႕ေတာ္ကိုေရာက္ေနတဲ့ ဖန္းဂူတို႔လဲၾကားသိရသလို ရွန္ေဝအိမ္ေရာက္ေနတဲ့ ခ်ဴးရွန႔္လဲ ၾကားသိသြားေလတယ္ …

ငယ္စဥ္ကတည္းက အေဖတစ္ေယာက္လိုျပဳစုေစာင့္ေရွာက္လာခဲ့တဲ့အဖိုးရဲ႕ ေနာက္ဆုံးအခ်ိန္ကို ေတြ႕ခြင့္မရတဲ့ခ်ဴးရွန႔္ အခန္းေလးထဲက ေခ်ာင္ေလးတစ္ခုမွာ တစ္ေယာက္ထည္းႀကိတ္ခါ ငိုေႂကြးေနမိတယ္ … သူ႕ဘဝမွာေႏြးေထြးမႈအေပးခဲ့ဆုံးသူက အဖိုးတစ္ေယာက္သာရွိခဲ့တယ္ … ခုေလာကႀကီးထဲမွာ သူ႕ကိုေစာင့္ေရွာက္ေပးတဲ့ အဖိုးမရွိေတာ့သလို သူ႕ဘဝဟာလဲ အခ်ဳပ္အေႏွာင္ေတြၾကားထဲမွာ လမ္းေပ်ာက္ေနခဲ့ၿပီ …

" အကို … တံခါးဖြင့္ေပး "

ရွန္ေဝရဲ႕အသံကအခန္းအျပင္ကေနထြက္ေပၚလာၿပီး တံခါးဖြင့္ေပးဖို႔ကိုေတာင္းဆိုေနတယ္ … သူမဖြင့္ေပးရင္ေတာင္ ရွန္ေဝကသူ႕ဘာသာဖြင့္ၿပီးဝင္လာေနၾကပင္ … ထင္တဲ့အတိုင္း ခနမွ်ၾကာေတာ့ ေသာ့အပိုနဲ႕ဖြင့္ၿပီးအထဲကိုဝင္လာတယ္ …

ေခ်ာင္ေလးထဲမွာထိုင္ေနတဲ့ ခ်ဴးရွန႔္ကိုျမင္ေတာ့ ရွန္ေဝစိတ္ပူသြားၿပီး ေျပးကာေပြ႕ဖက္ထားေလတယ္ …

" ခုခ်ိန္မွာ အကို႔ရဲ႕ခံစားခ်က္ကိုနားလည္ေပမဲ့ အကိုသြားလို႔မျဖစ္ဘူး … အကို႔ရဲ႕သခင္ရွိေနရင္လဲ သြားခြင့္ျပဳမွာမဟုတ္ဘူး … သူတို႔က အကို႔ကိုေတြ႕တာနဲ႕ ဖမ္းသြားၾကမွာ "

ခ်ဴးရွန႔္က ေခါင္းေထာင္လာၿပီး ရွန္ေဝအားၾကည့္ကာ ဆိုလိုက္တယ္ …

" ခုလဲ ငါမင္းရဲ႕ဖမ္းခ်ဳပ္ျခင္းကို ခံထားရတာပဲ … ဘာမ်ားကြာျခားေနလို႔လဲ "

" မတူဘူေလ … သူတို႔ရဲ႕အဖမ္းခံရရင္ အကို႔ကိုႏွိပ္စက္ၿပီးစစ္ေမးၾကလိမ့္မယ္ … ကြၽန္ေတာ့ဆီမွာက အကို႔ဘယ္လိုေနေနခြင့္ျပဳထားတယ္ … ကြၽန္ေတာ္အကို႔ကိုဖမ္းခ်ဳပ္ထားတာမဟုတ္ပါဘူး … ေစာင့္ေရွာက္ေပးခ်င္ယုံပါ "

" ငါမင္းရဲ႕ေစာင့္ေရွာက္ေပးမႈကိုမလိုခ်င္ဘူး …  ခုလိုေနေနတာက ငါ့မိသားစု ငါ့သခင္ရဲ႕မိသားစု ဒုကၡေရာက္ေနတာကို ဘာမွလုပ္မေပးနိုင္ပဲ ကိုယ္လြတ္႐ုံးသလိုျဖစ္မေနဘူးလား … မင္းစဥ္းစားၾကည့္စမ္းပါ … ငါသာငါ့အဖိုးနားရွိေနခဲ့ရင္ သူတို႔ကိုအေကာင္းဆုံးကာကြယ္ေပးနိုင္မွာ "

" အကို႔ရဲ႕အမွားမဟုတ္ပါဘူး … ႀကံဖန္ၿပီးအျပစ္တင္မေနပါနဲ႕ေတာ့ … အကို႔အမွားမဟုတ္ဘူး "

" မင္းမွမခံစားဘူးတာ … မင္းကဘယ္လိုလုပ္နားလည္နိုင္မွာလဲ … ငါ့အဖိုးကအၿမဲက်န္းမာေရးေကာင္းၿပီးအ႐ြယ္နဲ႕မလိုက္ေအာင္သြက္လက္တယ္ … သူ႕မွာဘာေရာဂါမွမရွိဘူး … သခင္ႀကီးကိုလဲ အျပည့္အဝေစာင့္ေရွာက္နိုင္တယ္ … သူကငါေလးစားရတဲ့သူ … သူဘာေၾကာင့္ခုလို ထားသြားရတာလဲ … ငါ့ကိုေစာင့္ေရွာက္ေပးမဲ့သူ မရွိေတာ့ဘူး "

ခ်ဴးရွန႔္အသံေတြက တုန္ယင္ေနၿပီး ထိန္းမထားနိုင္တဲ့မ်က္ရည္ေတြက ပါးျပင္ထက္ စီးက်လာတယ္ … ရွန္ေဝေရွ႕မွာ မငိုမိဖို႔ႀကိဳးစားေပမဲ့ အရာမထင္ခဲ့ေပ … ခ်ဴးရွန႔္ငိုေနတာကိုေတြ႕ရေတာ့ ရွန္ေဝရင္ဘက္ကနာက်င္လာတယ္ …

" ကြၽန္ေတာ္ရွိတယ္ေလ … အကို႔အနားမွာ ကြၽန္ေတာ္အၿမဲရွိေနတယ္ "

ရွန္ေဝက မ်က္ရည္မ်ားရစ္ဝဲေနတဲ့ ခ်ဴးရွန္မ်က္ႏွာေလးအား သူ႕ရင္ဘက္ထဲဆြဲဖက္ကာ ေႏြးေထြးမႈေပးေလတယ္ … ဝမ္းနည္းေနတဲ့အခ်ိန္မို႔ ခ်ဴးရွန႔္မ႐ုန္းကန္ေတာ့ပဲ ရွန္ေဝရင္ဘက္ကို ထုရင္ စိတ္ထဲရွိသမွ်ကို ရင္ဖြင့္ေနေတာ့တယ္ …

" သူက … သူကငါ့အတြက္အေဖတစ္ေယာက္လိုပဲ … ငါသိတတ္စအ႐ြယ္ကတည္းက ငါ့ကိုျပဳစုပ်ိဳးေထာင္ၿပီး သင္ျပေပးခဲ့တာ … ငါ့ဘက္မွာအၿမဲရပ္တည္ေပးတယ္ သေဘာလဲေကာင္းတယ္ … အားလုံးကိုစီမံနိုင္ၿပီး ဉာဏ္ရည္လဲေကာင္းတယ္ … ငါ ငါ့အဖိုးလိုထက္ျမတ္တဲ့သူမ်ိဳးျဖစ္ခ်င္တာ … သူငါ့ကိုအၿမဲကာကြယ္ေပးမယ္လို႔ေျပာခဲ့ေပမဲ့ ငါကေတာ့ သူ႕ေနာက္ဆုံးအခ်ိန္ေလးမွာေတာင္ လိုက္ပို႔ခြင့္မရခဲ့ဘူး "

" သူရွိေနေသးရင္လဲ အကို႔ကိုလာခြင့္ေပးမွာမဟုတ္ဘူး … သူကအကို႔ကိုဒုကၡေရာက္ေစခ်င္မွာမဟုတ္ဘူးေလ … သူစိတ္ခ်မ္းသာေအာင္ အကို ကို႔ကိုယ္ကို ကာကြယ္ၿပီး အဆုံးထိရွိေနရမယ္ "

" ငါကဒီလိုပုံစံမ်ိဳးနဲ႕ ဘာမ်ားအသုံးဝင္မွာလဲ … ငါ့သခင္ကပါငါ့ကိုစြန္ျပစ္လိုက္ရင္ … "

" ကြၽန္ေတာ္ရွိတယ္ေလ … အကို႔ဘက္မွာ ကြၽန္ေတာ္အၿမဲရွိေနတယ္ … အရာအားလုံးကိုစြန႔္လႊတ္ရမယ္ဆိုရင္ေတာင္ ကြၽန္ေတာ္ အကို႔ကိုပဲ ေ႐ြးခ်ယ္မွာ "

ခ်ဴးရွန့္ဘာမွဆက္မေျပာေတာ့ပဲ ရွန္ေဝရင္ခြင္ထက္၌ တုန္ယင္ကာ ငိုေႂကြေနမိတယ္ … သူလိုသန္မာတဲ့လူတစ္ေယာက္က ဘယ္တုန္းကမွ ယခုလိုမ်ိဳးဝမ္းနည္းစြာငိုေႂကြးရလိမ့္မည္ဟု မေတြးဘူးခဲ့ေပ … ရွန္ေဝရဲ႕ရင္ခြင္ဟာ သူ႕အတြက္ လုံၿခဳံၿပီးေႏြးေထြမႈအျပည့္ေပးစြမ္းေန၍ ခ်ဴးရွန႔္ထက္ၿပီး ႐ုန္မထြက္နိုင္ေတာ့ေပ …

*

*

*

ယာရွာဟာ ရွန္ဖန္းဂူလက္ေအာက္ခံလာတဲ့အဖြဲ႕ေတြကိုဦးစည္းၿပီး အင္အားေတာင့္တင္းေအာင္ေလ့က်င့္ေပးေနတယ္ … ယခုဆို အေမွာင္ေလာကတစ္ဝက္ေလာက္က ဖန္းဂူကိုမဆန႔္က်င္ရဲေတာ့ပဲ လက္ေအာက္ခံအျဖစ္ အညံ့ခံလာၾကတယ္ … သူတို႔အားလုံးကို ရွန္ဖန္းဂူက အသက္ရွင္ခြင္ေပးတာကိုပဲ ေက်းဇူးတင္ေနၾကၿပီ … ရွန္ဖန္းဂူနဲ႕ ထိပ္တိုက္ေတြ႕ဆုံျခင္း ဒုထိယအႀကိမ္ဆိုတာရွိလာခဲ့ရင္ သူတို႔အသက္ကို ေပးရမယ္ဆိုတာသိေန၍ သစၥာေဖာက္ဖို႔ကိုနည္းနည္းေလးမွမေတြးရဲၾကဘူး …

ယာရွာကလဲ သတၱိရွိၿပီး ရဲရင့္သူမ်ားကိုသာ အဆင့္ျမႇင့္တင္ဖို႔ေ႐ြးခ်ယ္ထားတယ္ … သူတို႔ရဲ႕လက္ေအာက္ခံတိုင္းက အသက္အာမခံအတြက္ သစၥာရွိမႈကိုျပသရတယ္ … သစၥာေဖာက္ခဲ့ရင္ ထိုလူအသက္ကို အသာေလးႏႈတ္ယူနိုင္ပဲလက္နတ္မ်ိဳးကို ျပင္ဆင္ထားၿပီးသားပင္ … ဒါေၾကာင့္ ယာရွာရဲ႕ေလ့က်င့္ေပးမႈခံရတဲ့လူတိုင္းက တစ္သက္လုံး Lion ရဲ႕လက္ေအာက္ခံျဖစ္ရမည့္သူမ်ားျဖစ္တယ္ …

" မဒန္ … ဒီေန႕အဖြဲ႕အစည္အခ်ိဳ႕က လူေတြေရာက္ေနတယ္ "

" သူတို႔ထဲကအင္အားႀကီးတဲ့သူကိုေ႐ြးထား … အပ်ယ္ခံရတဲ့သူကို ႏႈတ္လုံေအာင္ဆုံးမၿပီး နယ္ေျမထဲမွာ ထိန္းသိမ္းထားလိုက္ "

" အမိန႔္တိုင္းပါ မဒန္ "

တစ္ေန႕နဲ႕တစ္ေန႕ လက္နတ္ခ်ကာအညံ့ခံလာတဲ့အဖြဲ႕အစည္းေတြကမနည္းမေနာပဲ … ဖန္းဂူရဲ႕နယ္ေျမဟာလဲ ပို၍က်ယ္ျပန႔္လာတာေၾကာင့္ ယုံၾကည္ရတဲ့သူေတြကို နယ္ေျမခြဲျခားၿပီးေစာင့္ေရွာက္ဖို႔ပို႔ေဆာင္ထားရတာေၾကာင့္ လူအင္အားလိုအပ္တယ္ … ယာရွာရဲ႕ နဂါးအုပ္စုက ဖန္းဂူကိုအျပည့္အဝကူညီေထာက္ပံ့ေပးထားျခင္းေၾကာင့္ မျဖစ္နိုင္တဲ့အရာဆိုတာမရွိဘူး … ဒီေန႕ လူေ႐ြးခ်ယ္ဖို႔အတြက္ ယာရွာကိုယ္တိုင္ ကြင္းျပင္ထဲသို႔ဆင္းလာခဲ့တယ္ …

လက္နတ္ကိုင္အဖြဲ႕အစည္းတိုင္းက ဝတ္႐ုံနက္မ်ားကိုအမ်ားဆုံးဝတ္ဆင္ထားၾကတယ္ … တစ္ခ်ိဳ႕က က်ည္ကာဖို႔အတြက္ ကိုယ္ကိုမျမင္ရေအာင္ဖုံးအုပ္ထားၾကတယ္ … ကြင္းျပင္ထဲမွာရွိတဲ့လူအားလုံးက စစ္ေဆးၿပီးသားမို႔ သူတို႔ကိုယ္မွာ ဘာလက္နတ္မွမရွိေနဘူးဆိုတာေသခ်ာတာေၾကာင့္ ယာရွာေအးေဆးပင္ခုံေပၚမွာထိုင္လိုက္တယ္ …

အဖြဲ႕ဝင္ျဖစ္ဖို႔အညံ့ခံလာသူေတြထဲက အင္အားႀကီးတဲ့သူေတြကိုေ႐ြးထုတ္လိုက္တဲ့အခါ အေယာက္ ၅၀ မွာ ၂၀ ေလာက္သာက်န္ရွိေနတယ္ … သူတို႔အားလုံးက မ်က္ႏွာကို အဝတ္နဲ႕စည္းထားျခင္းေၾကာင့္ ဘယ္အဖြဲ႕အစည္းကလဲဆိုတာမသိနိုင္ဘူး … ထိုထဲကမွ ယာရွာက သူအသုံးျပဳလို႔ရေလာက္မည့္သူကိုေ႐ြးခ်ယ္ၿပီး တာဝန္ခြဲေဝေပးရမွာျဖစ္တယ္ …

" မင္းတို႔အားလုံးကို ေနာက္ဆုံးစမ္းသပ္စရာရွိတယ္ … အဲ့ဒါကမင္းတို႔ရဲ႕ ေသနတ္ျပစ္စြမ္းရည္ပဲ … မင္းတို႔အားလုံးက ကိုယ္ခံပညာစမ္းသပ္ခ်က္မွာေအာင္ျမင္ၿပီးၿပီဆိုေတာ့ ဒီပြဲမွာေအာင္ျမင္ရင္ တရားဝင္လက္ေအာက္ခံျဖစ္ခြင့္ရမယ္ "

အားလုံးကမေသခ်င္ရင္ လက္ေအာက္ခံအျဖစ္လိမ္မာစြာေနရမယ္ဆိုတာသိေန၍ ႀကိဳးစားကာယွဥ္ၿပိဳင္ေနၾကတယ္ … အားလုံးရဲ႕လက္ထဲ ရာဘာက်ည္ထည့္ထားသည့္ေသနတ္မ်ားေပးထားၿပီး အေရွ႕မွာသစ္သားျပားေထာင္ထားကာ ျပစ္ခိုင္းလိုက္တယ္ … အမ်ားစုကဗဟိုကိုထိမွန္ေပမဲ့ က်ည္ကသစ္သားျပားကိုေပါက္မသြားဘူး … ယာရွာကလဲ ေလးနက္စြာပင္ သူတို႔လက္ရည္ကို ေလ့လာေနလိုက္တယ္ …

ထိုစဥ္ သူမသတိထားမိသြားတဲ့လူတစ္ေယာက္က ခႏၶာကိုယ္ကအလြန္ေသးငယ္ၿပီး အားမရွိဘူးဟုထင္ရေပမဲ့ ထိုလူျပစ္လိုက္တဲ့ ရာဘာက်ည္က သစ္သားျပားကိုထုတ္ျခင္းေပါက္ေစတဲ့ထိ အားျပင္းလြန္းလွတယ္ … အားလုံးကလဲ ထိုလူအား သတိထားမိသြားၾကေလတယ္ …

" မဒန္  … သူ႕ရဲ႕လက္ရည္ကေကာင္းမြန္ၿပီးအင္အားႀကီးတယ္ … ဒီလိုႏႈန္းက သာမာန္မာဗီးယားေတြ မျပစ္နိုင္ၾကဘူး … ကြၽန္ေတာ္သူ႕ကို ျပန္ၿပီး စစ္ေဆးလိုက္ရမလား "

" ေနဦး … သူဘာဆက္လုပ္မွာလဲ ငါေစာင့္ၾကည့္ခ်င္တယ္ "

ယာရွာထိုလူရဲ႕လႈပ္ရွားမႈေတြကို အာ႐ုံစိုက္ၿပီးအကဲခပ္ေနမိတယ္ … ၾကာၾကာၾကည့္ေလ သူ႕ရဲ႕လႈပ္ရွားမႈ ပုံစံေတြက တစ္စုံတစ္ေယာက္နဲ႕ လြန္စြာတူညီေနတယ္ … ထိုစဥ္ ထိုလူလက္ထဲက ေသနတ္က ယာရွာထိုင္ေနတဲ့ ခုံထံသို႔ တန္းတန္းမတ္မတ္ ခ်ိန္႐ြယ္လိုက္ေလေတာ့တယ္ … ထိုအေျခအေနေၾကာင့္ အေစာင့္မ်ားနဲ႕ ထိုလူနဲ႕အတူယွဥ္ၿပိဳင္ေနတဲ့သူေတြအားလုံး ရပ္တန႔္သြားၾကၿပီး ထိုလူအား တားစီးဖို႔ ႀကိဳးစားၾကေလတယ္ …

' ေဖာက္ '

" မဒန္ "

ေသနတ္ထဲကက်ည္ဆံထြက္လာသည့္အသံကက်ယ္ေလာင္လွေပမဲ့ ထိုက်ဥ္ဆံက အတုဆိုတာကို ထိုလူေမ့ဟန္ေဆာင္ေနတာမ်ားလား … ယာရွာက သူ႕ထံေျပးဝင္လာသည့္ ရာဘာက်ည္အား အသာေလးလွည့္ၿပီး ေရွာင္လိုက္ျခင္းေၾကာင့္ အေနာက္ကခုံရဲ႕သစ္သားေဘာင္အား ထိုးစိုက္သြားေလတယ္ … ထိုအခါ ယာရွာရဲ႕လက္ေထာက္က အလန႔္တၾကား ထေအာ္ေလေတာ့တယ္ …

"  မင္းဘာလုပ္တာလဲ … သူ႕ကိုဖမ္းစမ္း "

ေဘးနားကအေစာင့္ေတြက ခ်က္ခ်င္းပဲ ထိုလူအားဖမ္းခ်ဳပ္လိုက္ၾကတယ္ … ယာရွာ စိတ္ဝင္စားသြားၿပီး ထိုင္ေနရာကေန ေအာက္သို႔ဆင္းလာခဲ့တယ္ … ထိုလူေရွ႕ေရာက္ေတာ့ ဖမ္းခ်ဳပ္ထားတဲ့အေစာင့္ေတြကို လႊတ္ေပးဖို႔အမိန႔္ေပးလိုက္ၿပီးေနာက္ ထိုလူရဲ႕မ်က္ႏွာအားဖုံးကြယ္ထားတဲ့အဝတ္အား ဆြဲျဖဳတ္လိုက္တဲ့အခါ ျမင္လိုက္ရတဲ့အရာေၾကာင့္ သူမမ်က္ဝန္းေတြျပဴးက်ယ္သြားေလေတာ့တယ္ …

" ဆုန္းခ်ဴ "

ထိုလူက ဆုန္းခ်ဴပင္ … သူမက႐ုပ္ဖ်က္ကာ ဝင္လာျခင္းျဖစ္လိမ့္မည္ … သူမဘယ္ေလာက္႐ုပ္ဖ်က္ဖ်က္ လွပတဲ့သူမမ်က္ႏွာအား ယာရွာမမွတ္မိစရာအေၾကာင္းမရွိေပ … ယာရွာ သူ႕ရဲ႕ဒီပုံစံကိုျပန္ေတြးမိေတာ့ ဆုန္းခ်ဴလန႔္သြားေလမလားဆိုတဲ့အေတြးကဝင္လာတယ္ … ဆုန္းခ်ဴကသူမအားေမာ့ၾကည့္လာၿပီး တစ္ခြန္းထည္းသာဆိုလိုက္တယ္ …

" မမကိုရွာေတြ႕ၿပီ "

ယာရွာဘာမွမေျပာနိုင္ေတာ့ပဲ ပြဲကိုအျမန္သိမ္ေစကာ သူမအားအိမ္ေတာ္ထဲသို႔ ဆြဲေခၚလာခဲ့တယ္ … သူမကဒီလိုအႏၲရာယ္မ်ားတဲ့ေနရာမ်ိဳးမွာ ရွိေနသင့္တဲ့သူမဟုတ္ဘူး …

ဆုန္းခ်ဴအိမ္ေတာ္ထဲေရာက္ေတာ့ လွည့္ပတ္ကာၾကည့္ရႈ႕ရင္းဆိုလိုက္တယ္ …

" မမရဲ႕အိမ္က ထင္ထားတာထက္ၾကည့္ေကာင္းတာပဲ … ေၾကာက္စရာေကာင္းမယ္ထင္ထားတာ "

" မင္း ဘယ္လိုေရာက္လာတာလဲ ဆုန္းခ်ဴ "

ဆုန္းခ်ဴက အနည္းငယ္စိတ္ဆိုးေနသည့္ဟန္ မ်က္ခုံးၾကဳတ္လိုက္ၿပီး ယာရွာအားၾကည့္ကာဆိုလိုက္တယ္ …

" မမက ဘာမွမ​ေျပာပဲနဲ႕ထြက္သြားတာေလ … အဲ့ဒါေၾကာင့္ လာရွာတာ "

ခုခ်ိန္က ဟန္ေဆာင္ထားတယေတြအားလုံးေပၚကုန္ၿပီမို႔ ယာရွာ သူမအား ေလးနက္စြာေမးလိုက္တယ္ …

" ဆုန္းခ်ဴး … ငါကဘယ္သူလဲဆိုတာ မင္းသိေနတာေတာင္ ငါ့ကိုလိုက္ရွာေနခဲ့တာလား … ငါ့ကိုမင္းမေၾကာက္ဘူးလား "

သူမအားေလးနက္စြာေမးလာေတာ့ ဆုန္းခ်ဴလဲ ယာရွာအားၾကည့္ကာ ေလးနက္စြာျပန္ေျဖလိုက္တယ္ …

" မမရဲ႕လုပ္ရက္ေတြက ဒီေလာက္သိသာေနတာ ကြၽန္မကအားလုံးကိုယုံၾကည္မယ္လို႔ထင္ေနတာလား … ဒါေပမဲ့ကြၽန္မ မမကိုသေဘာက်မိတာက စိတ္ထားျဖဴစင္တဲ့မမျဖစ္ေနလို႔ပဲ … မမဘာသာ မာဖီးယားမကသူပုန္ပဲျဖစ္ေနပါေစ မမရဲ႕ျဖဴစင္မႈကိုယုံၾကည္လို႔လိုက္လာတာ "

သူမရဲ႕ရိုးသားစြာထြက္ဆိုမႈက အားလုံးေလးစားရတဲ့ယာရွာလိုလူရဲ႕နားမ်ားကိုရဲသြားေစတယ္ … ဆုန္းခ်ဴက ယခုအခ်ိန္မွာ ဘယ္အရာကိုမွခ်န္ဝွက္မထားေတာ့ဖို႔ စိတ္ဆုံးျဖတ္ခ်က္ခ်ထားေလတယ္ … ယာရွာက ဆုန္းခ်ဴအား ထပ္မံေမးျမန္းလိုက္တယ္ …

"  ခုငါ့ရဲ႕ပုံစံအမွန္ကိုေတြ႕ေတာ့ေရာဘယ္လိုလဲ … ေၾကာက္ေနၿပီလား "

" စစသတင္းၾကားမိေတာ့ အံ့ဩသြားတယ္ … နဂါးအုပ္စုကိုနာမည္ပဲၾကားဖူးတာ မမကအဖြဲ႕ေခါင္းေဆာင္မွန္းသိလိုက္ရေတာ့ ဘာေၾကာင့္ဒီေလာက္ေတာ္ေနလဲဆိုတဲ့အေျဖကိုရွာေတြ႕ၿပီး ေပ်ာ္ေနမိတယ္ … မမကအရမ္းမိုက္တာပဲ ငယ္ငယ္ေလးနဲ႕ ဒီေလာက္လူေတြအမ်ားထိန္းခ်ဳပ္နိုင္တယ္ "

ဆုန္းခ်ဴက သူမထင္ထားသလိုေၾကာက္လန႔္မေနပဲ သတၱိရွိကာ သူမအားလက္ခံေပးျခင္းေၾကာင့္ ယာရွာေပ်ာ္႐ႊင္သြားၿပီး သူမအားဆြဲဖက္လိုက္တယ္ …

" ဆုန္းခ်ဴ … ဒီလိုအႏၲရာယ္မ်ားတဲ့ေနရာကို ဘယ္လိုေရာက္လာတာလဲ … ညီမေလးကအရာရွိတစ္ေယာက္ေလ "

" ထြက္လိုက္ၿပီ "

" ဘယ္လို "

" ဟုတ္တယ္ … ညီမေလးလဲ အကိုရႈယြမ္လိုပဲ ရာထူးက ႏႈတ္ထြက္လိုက္တာ … တရားမမွ်တတဲ့သူေတြဘက္မႈေနၿပီးတရားမႈကိုရွာေဖြတာက အဓိပၸါယ္မရွိဘူးေလ "

" ညီမေလးအေဖကေရာ မကန႔္ကြက္ဘူးလား "

" ေဖေဖလား … ေဖေဖကိုယ္တိုင္ခြင့္ျပဳခဲ့တာ … အကိုတို႔ကိုကာကြယ္ေပးဖို႔ေလ  … ခုအလင္းကလူေတြက အေမွာင္ကလူေတြထက္ပိုေၾကာက္ဖို႔ေကာင္းတယ္ … ဒီေနရာကိုလဲ အကိုရႈယြမ္ေျပာျပတာမို႔ အေနာက္ကဘယ္သူမွေနာက္ေယာင္ခံလိုက္လာလို႔မရဘူး … မပူနဲ႕ "

" လမ္းမွာေရာ အႏၲရာယ္ကင္းရဲ႕လား … အဲ့လိုဆို ဆက္သြယ္လိုက္ရင္ ကိုယ္တိုင္လာေခၚေပးမွာေပါ့ "

" အဲ့လိုဆို ဘယ္လိုလုပ္ စပရိုက္ျဖစ္ေတာ့မွာလဲ "

" ဒါဆို ေစာေစာက က်ည္ဆံနဲ႕ျပစ္တာလဲ စပရိုက္ပဲေပါ့ "

" အဲ့ဒါကအျပစ္ေပးတာ … မမကလိမ္ညာၿပီးအမွန္ကိုဝန္မခံသြားတဲ့အျပင္ ဘာမွမေျပာပဲထြက္သြားတာေလ … မမရဲ႕ဘဝမွန္ကို ကိုယ္တိုင္ဖြင့္ေျပာမလားလို႔ ေစာင့္ေနခဲ့တာ "

" ဒါဆို ဆုန္းခ်ဴက မမကိုခြင့္လႊတ္ၿပီေပါ့ "

" ခုေတာ့နည္းနည္းခြင့္လႊတ္ေပးလိုက္မယ္ … ခုကစၿပီး မမကြၽန္မနားကေန ဘယ္မွသြားခြင့္မေပးေတာ့ဘူး "

ဆုန္းခ်ဴက လြမ္းစြတ္စြာပင္ ယာရွာအား ဖက္သြယ္လိုက္တယ္ … သူမေနာက္ဆုံးေတာ့ အခ်စ္စစ္ကိုေတြ႕လိုက္ရတဲ့အခါမွာ အကိုမင္းယြီဘာေၾကာင့္ ရွန္ဖန္းဂူကိုကာကြယ္ၿပီး တစ္ေလာကလုံးနဲ႕ဆန႔္က်င္ေနလဲဆိုတာ သေဘာေပါက္သြားေလတယ္ … အခ်စ္နဲ႕ေတြ႕တဲ့အခါ လူတိုင္းက သတၱိရွိလာၿပီး အႏၲရာယ္ေတြကို တူတူရင္ဆိုင္ကာ တစ္ေယာက္ကိုတစ္ေယာက္ကာကြယ္ၾကလိမ့္မယ္ … ဒါဟာ အခ်စ္စစ္ရဲ႕ တန္ခိုးေတြပဲ …

……………….……………………………………

To Be Continued ……

Continue Reading

You'll Also Like

710K 7.5K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
413K 21.7K 47
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
192K 14.1K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
438K 10.5K 114
This is my first translation. It is not my own.