Lawless Gangster (Myanmar Tra...

By ViVianKhin

40.9K 7.6K 490

Original Author - Bai Shan Hei Shui Total - 79 chapters + 5 extras Genre - Action, Romance, Modern Time Discl... More

Disclaimer
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37
Episode 38
Episode 39
Episode 40
Episode 41
Episode 42
Episode 43
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
Episode 51
Episode 52
Episode 53
Episode 54
Episode 55

Episode 17

551 151 5
By ViVianKhin

အပိုင္း ၁၇

Zawgyi

ခ်ီ႐ႈိ႕ယြမ္ ေ႐ွာင္းလီရဲ႕လူနာခန္းထဲကိုဝင္လာေတာ့ အထဲမွာစကားေျပာေနတဲ့ လူငါးေယာက္ေျခာက္ေယာက္ေလာက္က ခ်က္ခ်င္းတိတ္သြားတယ္။ ပိုဆိုးတာက သူ႔လက္ထဲက ပန္းစည္းဆီ အားလံုးရဲ႕အၾကည့္ေတြစုပံုလာတာပါပဲ။

" ဟို..ဒါက...."

သူတို႔ကိုျပန္ၾကည့္ကာ ခ်ီ႐ႈိ႕ယြမ္ ပန္းစည္းယူလာရျခင္းအေၾကာင္းကို ႐ွင္းျပေလတယ္။

" ဆရာဝန္က မင္းကိုယ္ထဲက အဆိပ္အေတာက္ေတြေျပေအာင္ လုပ္ရမယ္လို႔ေျပာထားတယ္မဟုတ္လား။ ၿပီးေတာ့ ဒီရက္ပိုင္း ေဆးရံုက အစားအေသာက္ေတြပဲ စားေနရမွာဆိုေတာ့ အစားအေသာက္လည္း ဝယ္မလာခ်င္တာနဲ႔.... "

အစားအေသာက္ေတြဝယ္လာတဲ့ လူဆိုးဂိုဏ္းအဖြဲ႔ဝင္ေတြက သူ႔အေျပာကို သေဘာမတူေၾကာင္း မ်က္ႏွာအမူအရာနဲ႔ေဖာ္ျပၾကတယ္။

" ကြၽန္ေတာ္ ဒီမွာေဆးရံုတက္ေနတာ ခင္ဗ်ားဘယ္လိုသိလဲ။ "

ေ႐ွာင္းလီက ခ်ီ႐ႈိ႕ယြမ္ကို ခပ္ျမန္ျမန္ၾကည့္ကာ ေမးတယ္။
ထိုစကားေတြကို ၾကားၿပီးေနာက္ခ်ီ႐ႈိ႕ယြမ္ ေခတၱမ်ွ ေၾကာင္အသြားတယ္။ ဒါေပမယ့္ ေ႐ွာင္းလီရဲ႕ အၾကည့္ေနာက္ကြယ္က ဆိုလိုရင္းကို နားလည္လိုက္ၿပီးေနာက္ အျပံဳးေလးနဲ႔ တံု႔ျပန္စကားဆိုလိုက္တယ္။

" တစ္ေယာက္ေယာက္လာေျပာလို႔ေလ။ "

ထိုသို႔ေျပာၿပီးေနာက္ လူနာကုတင္ေဘးသို႔ ေလ်ွာက္သြားလိုက္ကာ ပန္းစည္းကို ထားလိုက္တယ္။

" ဆရာခ်င္က တကယ္ ႐ိုမန္႔တစ္ဆန္တာပဲ။ "

ဟန္က်ားက ႐ုတ္တရက္ ထေျပာတယ္။

" ဒါေပမယ့္ ဒီတစ္ခါအရမ္း ယဥ္ေက်းေနေတာ့ ေ႐ွာင္းလီဆီ ႐ွာစရာ ျပႆနာမ်ား႐ွိေနလို႔လား။ "

ခ်ီ႐ႈိ႕ယြမ္လည္း စိတ္ထဲထားမေနပဲ ျပန္ေျပာလိုက္တယ္။

" ကြၽန္ေတာ့္ မ်ိဳး႐ိုးက ခ်ီပါ။ "

" လိမ္မေနပါနဲ႔၊ ခင္ဗ်ားမ်ိဳး႐ိုးက ခ်င္မဟုတ္လား။ ရက္စက္ၾကမ္းၾကဳတ္တဲ့ သတၱဝါႀကီးဆိုတဲ့ စာလံုးေပါင္းနဲ႔ ခ်င္ေလ။ "

ဟန္က်ားက ေလွာင္ရယ္ရင္းေျပာတယ္။

အခန္းထဲမွာ႐ွိတဲ့ လူဆိုးဂိုဏ္းအဖြဲ႔ဝင္ေတြလည္း ပြဲက်သြားၿပီး ရယ္ေမာၾကတယ္။

" ေတာ္ၾကေတာ့။ လုပ္စရာ႐ွိတာသြားလုပ္ၾက။ ငါဆရာခ်ီနဲ႔ စကားေျပာလိုက္ဦးမယ္။ "

ေ႐ွာင္းလီထိုသို႔ေျပာလိုက္ေတာ့ တစ္ေယာက္ၿပီးတစ္ေယာက္ ေ႐ွာင္းလီကို ႏႈတ္ဆက္ကာ အခန္းထဲကထြက္သြားၾကတယ္။ ေနာက္ဆံုးဟန္က်ားတစ္ေယာက္တည္း ထြက္သြားဖို႔က်န္တဲ့အခ်ိန္ ခ်ီ႐ႈိ႕ယြမ္ေဘးနားက ျဖတ္သြားခိုက္ ခ်ီ႐ႈိ႕ယြမ္ကို အဓိပၸာယ္အျပည့္ပါတဲ့ အၾကည့္နဲ႔ၾကည့္ျပီး သာသာယာယာပဲ အခန္းထဲက ထြက္သြားတယ္။

အဲ့ေတာ့မွပဲ ခ်ီ႐ႈိ႕ယြမ္လည္း အသက္ဝဝ႐ႈႏိုင္ေတာ့တယ္။ ထို႔ေနာက္ ေ႐ွာင္းလီရဲ႕ကုတင္ေဘးမွာ သြားထိုင္လိုက္တယ္။

" ဆရာခ်ီ..မေန႔က ကြၽန္ေတာ့္ကို ကယ္ခဲ့တဲ့အေၾကာင္းက လူမသိေလ ေကာင္းေလပဲ။ ၿပီးေတာ့ ဟန္က်ားကိုလည္း ႐ွင္း႐ွင္းလင္းလင္းေျပာလိုက္ပါ့မယ္....."

" ကိုယ္ အဲ့တာကို စိတ္ထဲမထားပါဘူး။ "

ခ်ီ႐ႈိ႕ယြမ္က ရယ္ရယ္ေမာေမာနဲ႔ ေျပာတယ္။

" ဘာလို႔ အခုထိ တေလးတစားေတြ ေခၚေျပာေနတာလဲ။ "

ခပ္ေတြေတြ အမူအရာနဲ႔ ေ႐ွာင္းလီက

" ဆရာခ်ီ၊ ကြၽန္ေတာ့္ကို ကယ္ဆယ္ေစာင့္ေ႐ွာက္ေပးခဲ့တာအတြက္ တကယ္ကို ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ စည္းကမ္းအရ ေနာက္ဆို ဆရာခ်ီစကားတစ္ခြန္းနဲ႔တင္ ေ႐ွာင္းလီ အသက္ေပးႏိုင္ပါတယ္။ "

ခ်ီ႐ႈိ႕ယြမ္ သူ႔ကို စူးစိုက္ၾကည့္ကာ ျပန္ေျပာလုိက္တယ္။

" ကိုယ္လို ေက်ာင္းဆရာတစ္ေယာက္က မင္းအသက္ကို ဘာလို႔ လိုရမွာလဲ။ "

ေ႐ွာင္းလီကေတာ့ ဘာမွမေျပာႏိုင္ပဲ ခ်ီ႐ႈိ႕ယြမ္ကို ေတြေတြႀကီး ျပန္ၾကည့္တယ္။

ေ႐ွာင္းလီရဲ႕ ခပ္ေတြေတြအမူအရာကို ျမင္ရေတာ့ ခ်ီ႐ႈိ႕ယြမ္ စိတ္ထဲေပ်ာ္မိသြားတယ္။

" ကုိယ္မင္းကို ကယ္တာက မိတ္ေဆြသူငယ္ခ်င္းျဖစ္ေနလို႔ေလ။ မင္းလည္းကိုယ့္ကို သူငယ္ခ်င္းအျဖစ္အသိအမွတ္ျပဳရင္ ႐ို႐ိုေသေသ ေျပာမေနနဲ႔ေပါ့။ ဘယ္လိုလဲ။ "

ေ႐ွာင္းလီမ်က္ေမွာင္က်ံဳ႕လိုက္ကာ ဘာမွမေျပာ။

ခ်ီ႐ႈိ႕ယြမ္က ခဏေတာ့ ေစာင့္လိုက္ၿပီး ေ႐ွာင္းလီဘာမွ ျပန္မေျပာတာကိုေတြ႔ေတာ့

" ကုိယ္မင္းကို သူငယ္ခ်င္းလို သေဘာထားတာကို မယံုတာလား။ "

ေ႐ွာင္းလီက ခ်င့္ခ်ိန္ေတြးေတာၿပီးတဲ့ပံုနဲ႔ သူ႔ကိုၾကည့္ၿပီး ျပန္ေျပာတယ္။

" ကြၽန္ေတာ္ လမ္းေဘးမွာ လူဆိုးစျဖစ္ေတာ့ ဆယ့္ငါးႏွစ္ပဲ႐ွိေသးတယ္။ ပညာလည္းမတတ္ ဗဟုသုတလည္းမ႐ွိ ဂုဏ္လည္းမ႐ွိတဲ့ ကြၽန္ေတာ့္လိုလူကို ခင္ဗ်ားက ဘယ္လိုလုပ္ မိတ္ေဆြဖြဲ႔ခ်င္မွာလဲ။ "

ခ်ီ႐ႈိ႕ယြမ္ ေပါ့ေပါ့ပါးပါးေလ ရယ္လိုက္တယ္။

" အဲ့ဒါဆို ေမ်ွာ္လင့္ျခင္းျမစ္ Tea House မွာ ထမင္းလိုက္ေကြၽးတုန္းက ကိုယ္က မင္းနဲ႔မိတ္ေဆြသူငယ္ခ်င္းျဖစ္ခ်င္ပါတယ္လို႔ ေျပာတုန္းကလည္း မင္းမယံုခဲ့ဘူးေပါ့။ "

ေ႐ွာင္းလီကလည္း ရယ္ေလတယ္။

" ကြၽန္ေတာ့္ေနရာမွာ ဆရာခ်ီဆိုရင္ေရာ ယံုမွာလား။ "

ခ်ီ႐ႈိ႕ယြမ္ ေခါင္းငံု႔ကာ ေခတၱမ်ွစဥ္းစားၿပီးေနာက္

" မင္းက ဆယ့္ငါးႏွစ္အရြယ္မွာ ဂိုဏ္းစတားျဖစ္တယ္။ ကိုယ္ ဆယ့္ငါးႏွစ္အရြယ္တုန္းကေတာ့ ဖုန္းလံုနယ္မွာ မိသားစုနဲ႔ အတူတူေနတယ္။ "

အမွန္အတိုင္းေျပာရရင္ ခ်ီ႐ႈိ႕ယြမ္ ဘာေျပာခ်င္တာလဲ ေ႐ွာင္းလီမခန္႔မွန္းတတ္ဘူး။ အဲ့ဒါေၾကာင့္ ခ်ီ႐ႈိ႕ယြမ္ကို သံသယမ်က္ဝန္းနဲ႔ပဲ စိုက္ၾကည့္ေနလိုက္တယ္။

သို႔ေသာ္ ခ်ီ႐ႈိ႕ယြမ္ကေတာ့ သူ႔ကိုၾကည့္မေနပဲ ဆက္ေျပာေနတယ္။

" အရင္တုန္းက ဖုန္းလံုနယ္မွာ ဖုန္းလံုဆိုတဲ့ ဂိုဏ္းတစ္ဂိုဏ္း႐ွိတယ္။ မင္းၾကားဖူးလားေတာ့ မသိဘူး။ "

ေ႐ွာင္းလီ ခဏေလာက္စဥ္းစားလိုက္ၿပီး

" အဲ့ဂိုဏ္းက အရင္တုန္းက ဂိုဏ္းစတားႀကီးေတြ တည္ေထာင္ခဲ့တဲ့ ဂိုဏ္းပဲ။ သူတို႔အဲ့မွာ ေလာင္းကစားဝိုင္းေတြဖြင့္တယ္လို႔ၾကားတယ္။ ေခါင္းေဆာင္က တုယန္စန္းေကာ ေလ။ "

ခ်ီ႐ႈိ႕ယြမ္က ရယ္လိုက္ကာ

" ေနာက္ပိုင္း ဖုန္းလံုဂိုဏ္းကို ဖ်က္လိုက္ၿပီး ဂိုဏ္းသားေတြလည္း တကြဲတျပားျဖစ္ကုန္တယ္။ ဒါေပမယ္႔ ဖုန္းလံုဂိုဏ္းရဲ႕ ေခါင္းေဆာင္ကေတာ့ အဖမ္းခံလိုက္ရတယ္။ ေထာင္က်တာ အႏွစ္ ႏွစ္ဆယ္ၾကာတယ္။ သူျပန္လြတ္လာေတာ့ သူ႔သားက အိမ္ေထာင္က်ၿပီး ကေလးေတာင္ရေနၿပီ။ "

ထို႔ေနာက္ ခ်ီ႐ႈိ႕ယြမ္ ေခါင္းေမာ့ကာ ေ႐ွာင္းလီကိုၾကည့္ၿပီး တစ္ခြန္းခ်င္းေျပာလိုက္တယ္။

" သူက ကိုယ့္အဘိုးပဲ။ "

ေ႐ွာင္းလီကေတာ့ သူ႔ကို အ့ံျသတႀကီးစိုက္ၾကည့္ေနတယ္။ နည္းနည္းေလာက္ၾကာမွ

" ခင္ဗ်ား ကြၽန္ေတာ့္ကို မေၾကာက္တာ မအ့ံျသေတာ့ပါဘူး။ "

ခ်ီ႐ႈိ႕ယြမ္က ဆက္ေျပာတယ္။

" ကိုယ့္အဘိုးက ကိုယ္နဲ႔စုစုကို တကယ္ခ်စ္တဲ့ လူေကာင္းတစ္ေယာက္ေလ။ သူေထာင္ကလြတ္ေတာ့ အသက္ငါးဆယ္ေက်ာ္ေနၿပီ။ တစ္ခ်ိဳ႕လူေတြက အဘိုးကို သူတို႔နဲ႔အလုပ္လုပ္ဖို႔ လာေျပာေနၾကတုန္းပဲ။ အဘိုးက အျမဲျငင္းလႊတ္ေပမယ့္လည္း အဲ့ဒီလူေတြကို တေလးတစားပဲ ဆက္ဆံတယ္။ အဘိုးက ကိုယ့္ကို တစ္ခါတစ္ေလ ေျပာတယ္။ သူတို႔ေလ်ွာက္တဲ့လမ္းက ငါတို႔ေလ်ွာက္တဲ့လမ္းနဲ႔ မတူေပမယ့္ သူတို႔ကလည္း လူေတြပဲေလ တဲ့။ "

ေ႐ွာင္းလီ ျပန္ေျပာစရာစကားမ႐ွိျဖစ္ေနတယ္။

ခ်ီ႐ႈိ႕ယြမ္ကေတာ့ သူ႔ကိုၾကည့္ရင္း စကားကို ခပ္ျဖည္းျဖည္း ဆက္ေျပာေနတယ္။

" အခု ကိုယ္မင္းနဲ႔ သူငယ္ခ်င္းျဖစ္ခ်င္တာပါလို႔ေျပာရင္ ယံုမွာလား..မယံုဘူးလား။ "

ေ႐ွာင္းလီက သူ႔ကို ျပံဳးရင္းၾကည့္တယ္။

ခ်ီ႐ႈိ႕ယြမ္ ေ႐ွာင္းလီရဲ႕ ဒီလိုအျပံဳးကို အရင္က တစ္ခါမွ မေတြ႔ဖူးဘူး။ ဒီအျပံဳးက သူ႔မ်က္လံုးထဲ ေတာက္ပလြန္းလို႔ သူ႔ႏွလံုးသားေလး ျပာက်သြားၿပီေတာင္ ထင္ရတယ္။

ထို႔ေနာက္ ေ႐ွာင္းလီေျပာတာကိုျကားလိုက္ရတယ္။

" ခ်ီ႐ႈိ႕ယြမ္...မင္းကေတာ့ တကယ္စိတ္ဝင္စားစရာပဲ။ "

-----------------------------------------------

အပိုင်း ၁၇

Unicode

ချီရှို့ယွမ် ရှောင်းလီရဲ့လူနာခန်းထဲကိုဝင်လာတော့ အထဲမှာစကားပြောနေတဲ့ လူငါးယောက်ခြောက်ယောက်လောက်က ချက်ချင်းတိတ်သွားတယ်။ ပိုဆိုးတာက သူ့လက်ထဲက ပန်းစည်းဆီ အားလုံးရဲ့အကြည့်တွေစုပုံလာတာပါပဲ။

" ဟို..ဒါက...."

သူတို့ကိုပြန်ကြည့်ကာ ချီရှို့ယွမ် ပန်းစည်းယူလာရခြင်းအကြောင်းကို ရှင်းပြလေတယ်။

" ဆရာဝန်က မင်းကိုယ်ထဲက အဆိပ်အတောက်တွေပြေအောင် လုပ်ရမယ်လို့ပြောထားတယ်မဟုတ်လား။ ပြီးတော့ ဒီရက်ပိုင်း ဆေးရုံက အစားအသောက်တွေပဲ စားနေရမှာဆိုတော့ အစားအသောက်လည်း ဝယ်မလာချင်တာနဲ့.... "

အစားအသောက်တွေဝယ်လာတဲ့ လူဆိုးဂိုဏ်းအဖွဲ့ဝင်တွေက သူ့အပြောကို သဘောမတူကြောင်း မျက်နှာအမူအရာနဲ့ဖော်ပြကြတယ်။

" ကျွန်တော် ဒီမှာဆေးရုံတက်နေတာ ခင်ဗျားဘယ်လိုသိလဲ။ "

ရှောင်းလီက ချီရှို့ယွမ်ကို ခပ်မြန်မြန်ကြည့်ကာ မေးတယ်။
ထိုစကားတွေကို ကြားပြီးနောက်ချီရှို့ယွမ် ခေတ္တမျှ ကြောင်အသွားတယ်။ ဒါပေမယ့် ရှောင်းလီရဲ့ အကြည့်နောက်ကွယ်က ဆိုလိုရင်းကို နားလည်လိုက်ပြီးနောက် အပြုံးလေးနဲ့ တုံ့ပြန်စကားဆိုလိုက်တယ်။

" တစ်ယောက်ယောက်လာပြောလို့လေ။ "

ထိုသို့ပြောပြီးနောက် လူနာကုတင်ဘေးသို့ လျှောက်သွားလိုက်ကာ ပန်းစည်းကို ထားလိုက်တယ်။

" ဆရာချင်က တကယ် ရိုမန့်တစ်ဆန်တာပဲ။ "

ဟန်ကျားက ရုတ်တရက် ထပြောတယ်။

" ဒါပေမယ့် ဒီတစ်ခါအရမ်း ယဉ်ကျေးနေတော့ ရှောင်းလီဆီ ရှာစရာ ပြဿနာများရှိနေလို့လား။ "

ချီရှို့ယွမ်လည်း စိတ်ထဲထားမနေပဲ ပြန်ပြောလိုက်တယ်။

" ကျွန်တော့် မျိုးရိုးက ချီပါ။ "

" လိမ်မနေပါနဲ့၊ ခင်ဗျားမျိုးရိုးက ချင်မဟုတ်လား။ ရက်စက်ကြမ်းကြုတ်တဲ့ သတ္တဝါကြီးဆိုတဲ့ စာလုံးပေါင်းနဲ့ ချင်လေ။ "

ဟန်ကျားက လှောင်ရယ်ရင်းပြောတယ်။

အခန်းထဲမှာရှိတဲ့ လူဆိုးဂိုဏ်းအဖွဲ့ဝင်တွေလည်း ပွဲကျသွားပြီး ရယ်မောကြတယ်။

" တော်ကြတော့။ လုပ်စရာရှိတာသွားလုပ်ကြ။ ငါဆရာချီနဲ့ စကားပြောလိုက်ဦးမယ်။ "

ရှောင်းလီထိုသို့ပြောလိုက်တော့ တစ်ယောက်ပြီးတစ်ယောက် ရှောင်းလီကို နှုတ်ဆက်ကာ အခန်းထဲကထွက်သွားကြတယ်။ နောက်ဆုံးဟန်ကျားတစ်ယောက်တည်း ထွက်သွားဖို့ကျန်တဲ့အချိန် ချီရှို့ယွမ်ဘေးနားက ဖြတ်သွားခိုက် ချီရှို့ယွမ်ကို အဓိပ္ပာယ်အပြည့်ပါတဲ့ အကြည့်နဲ့ကြည့်ပြီး သာသာယာယာပဲ အခန်းထဲက ထွက်သွားတယ်။

အဲ့တော့မှပဲ ချီရှို့ယွမ်လည်း အသက်ဝဝရှုနိုင်တော့တယ်။ ထို့နောက် ရှောင်းလီရဲ့ကုတင်ဘေးမှာ သွားထိုင်လိုက်တယ်။

" ဆရာချီ..မနေ့က ကျွန်တော့်ကို ကယ်ခဲ့တဲ့အကြောင်းက လူမသိလေ ကောင်းလေပဲ။ ပြီးတော့ ဟန်ကျားကိုလည်း ရှင်းရှင်းလင်းလင်းပြောလိုက်ပါ့မယ်....."

" ကိုယ် အဲ့တာကို စိတ်ထဲမထားပါဘူး။ "

ချီရှို့ယွမ်က ရယ်ရယ်မောမောနဲ့ ပြောတယ်။

" ဘာလို့ အခုထိ တလေးတစားတွေ ခေါ်ပြောနေတာလဲ။ "

ခပ်တွေတွေ အမူအရာနဲ့ ရှောင်းလီက

" ဆရာချီ၊ ကျွန်တော့်ကို ကယ်ဆယ်စောင့်ရှောက်ပေးခဲ့တာအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ စည်းကမ်းအရ နောက်ဆို ဆရာချီစကားတစ်ခွန်းနဲ့တင် ရှောင်းလီ အသက်ပေးနိုင်ပါတယ်။ "

ချီရှို့ယွမ် သူ့ကို စူးစိုက်ကြည့်ကာ ပြန်ပြောလိုက်တယ်။

" ကိုယ်လို ကျောင်းဆရာတစ်ယောက်က မင်းအသက်ကို ဘာလို့ လိုရမှာလဲ။ "

ရှောင်းလီကတော့ ဘာမှမပြောနိုင်ပဲ ချီရှို့ယွမ်ကို တွေတွေကြီး ပြန်ကြည့်တယ်။

ရှောင်းလီရဲ့ ခပ်တွေတွေအမူအရာကို မြင်ရတော့ ချီရှို့ယွမ် စိတ်ထဲပျော်မိသွားတယ်။

" ကိုယ်မင်းကို ကယ်တာက မိတ်ဆွေသူငယ်ချင်းဖြစ်နေလို့လေ။ မင်းလည်းကိုယ့်ကို သူငယ်ချင်းအဖြစ်အသိအမှတ်ပြုရင် ရိုရိုသေသေ ပြောမနေနဲ့ပေါ့။ ဘယ်လိုလဲ။ "

ရှောင်းလီမျက်မှောင်ကျုံ့လိုက်ကာ ဘာမှမပြော။

ချီရှို့ယွမ်က ခဏတော့ စောင့်လိုက်ပြီး ရှောင်းလီဘာမှ ပြန်မပြောတာကိုတွေ့တော့

" ကိုယ်မင်းကို သူငယ်ချင်းလို သဘောထားတာကို မယုံတာလား။ "

ရှောင်းလီက ချင့်ချိန်တွေးတောပြီးတဲ့ပုံနဲ့ သူ့ကိုကြည့်ပြီး ပြန်ပြောတယ်။

" ကျွန်တော် လမ်းဘေးမှာ လူဆိုးစဖြစ်တော့ ဆယ့်ငါးနှစ်ပဲရှိသေးတယ်။ ပညာလည်းမတတ် ဗဟုသုတလည်းမရှိ ဂုဏ်လည်းမရှိတဲ့ ကျွန်တော့်လိုလူကို ခင်ဗျားက ဘယ်လိုလုပ် မိတ်ဆွေဖွဲ့ချင်မှာလဲ။ "

ချီရှို့ယွမ် ပေါ့ပေါ့ပါးပါးလေ ရယ်လိုက်တယ်။

" အဲ့ဒါဆို မျှော်လင့်ခြင်းမြစ် Tea House မှာ ထမင်းလိုက်ကျွေးတုန်းက ကိုယ်က မင်းနဲ့မိတ်ဆွေသူငယ်ချင်းဖြစ်ချင်ပါတယ်လို့ ပြောတုန်းကလည်း မင်းမယုံခဲ့ဘူးပေါ့။ "

ရှောင်းလီကလည်း ရယ်လေတယ်။

" ကျွန်တော့်နေရာမှာ ဆရာချီဆိုရင်ရော ယုံမှာလား။ "

ချီရှို့ယွမ် ခေါင်းငုံ့ကာ ခေတ္တမျှစဉ်းစားပြီးနောက်

" မင်းက ဆယ့်ငါးနှစ်အရွယ်မှာ ဂိုဏ်းစတားဖြစ်တယ်။ ကိုယ် ဆယ့်ငါးနှစ်အရွယ်တုန်းကတော့ ဖုန်းလုံနယ်မှာ မိသားစုနဲ့ အတူတူနေတယ်။ "

အမှန်အတိုင်းပြောရရင် ချီရှို့ယွမ် ဘာပြောချင်တာလဲ ရှောင်းလီမခန့်မှန်းတတ်ဘူး။ အဲ့ဒါကြောင့် ချီရှို့ယွမ်ကို သံသယမျက်ဝန်းနဲ့ပဲ စိုက်ကြည့်နေလိုက်တယ်။

သို့သော် ချီရှို့ယွမ်ကတော့ သူ့ကိုကြည့်မနေပဲ ဆက်ပြောနေတယ်။

" အရင်တုန်းက ဖုန်းလုံနယ်မှာ ဖုန်းလုံဆိုတဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိတယ်။ မင်းကြားဖူးလားတော့ မသိဘူး။ "

ရှောင်းလီ ခဏလောက်စဉ်းစားလိုက်ပြီး

" အဲ့ဂိုဏ်းက အရင်တုန်းက ဂိုဏ်းစတားကြီးတွေ တည်ထောင်ခဲ့တဲ့ ဂိုဏ်းပဲ။ သူတို့အဲ့မှာ လောင်းကစားဝိုင်းတွေဖွင့်တယ်လို့ကြားတယ်။ ခေါင်းဆောင်က တုယန်စန်းကော လေ။ "

ချီရှို့ယွမ်က ရယ်လိုက်ကာ

" နောက်ပိုင်း ဖုန်းလုံဂိုဏ်းကို ဖျက်လိုက်ပြီး ဂိုဏ်းသားတွေလည်း တကွဲတပြားဖြစ်ကုန်တယ်။ ဒါပေမယ့် ဖုန်းလုံဂိုဏ်းရဲ့ ခေါင်းဆောင်ကတော့ အဖမ်းခံလိုက်ရတယ်။ ထောင်ကျတာ အနှစ် နှစ်ဆယ်ကြာတယ်။ သူပြန်လွတ်လာတော့ သူ့သားက အိမ်ထောင်ကျပြီး ကလေးတောင်ရနေပြီ။ "

ထို့နောက် ချီရှို့ယွမ် ခေါင်းမော့ကာ ရှောင်းလီကိုကြည့်ပြီး တစ်ခွန်းချင်းပြောလိုက်တယ်။

" သူက ကိုယ့်အဘိုးပဲ။ "

ရှောင်းလီကတော့ သူ့ကို အံ့သြတကြီးစိုက်ကြည့်နေတယ်။ နည်းနည်းလောက်ကြာမှ

" ခင်ဗျား ကျွန်တော့်ကို မကြောက်တာ မအံ့သြတော့ပါဘူး။ "

ချီရှို့ယွမ်က ဆက်ပြောတယ်။

" ကိုယ့်အဘိုးက ကိုယ်နဲ့စုစုကို တကယ်ချစ်တဲ့ လူကောင်းတစ်ယောက်လေ။ သူထောင်ကလွတ်တော့ အသက်ငါးဆယ်ကျော်နေပြီ။ တစ်ချို့လူတွေက အဘိုးကို သူတို့နဲ့အလုပ်လုပ်ဖို့ လာပြောနေကြတုန်းပဲ။ အဘိုးက အမြဲငြင်းလွှတ်ပေမယ့်လည်း အဲ့ဒီလူတွေကို တလေးတစားပဲ ဆက်ဆံတယ်။ အဘိုးက ကိုယ့်ကို တစ်ခါတစ်လေ ပြောတယ်။ သူတို့လျှောက်တဲ့လမ်းက ငါတို့လျှောက်တဲ့လမ်းနဲ့ မတူပေမယ့် သူတို့ကလည်း လူတွေပဲလေ တဲ့။ "

ရှောင်းလီ ပြန်ပြောစရာစကားမရှိဖြစ်နေတယ်။

ချီရှို့ယွမ်ကတော့ သူ့ကိုကြည့်ရင်း စကားကို ခပ်ဖြည်းဖြည်း ဆက်ပြောနေတယ်။

" အခု ကိုယ်မင်းနဲ့ သူငယ်ချင်းဖြစ်ချင်တာပါလို့ပြောရင် ယုံမှာလား..မယုံဘူးလား။ "

ရှောင်းလီက သူ့ကို ပြုံးရင်းကြည့်တယ်။

ချီရှို့ယွမ် ရှောင်းလီရဲ့ ဒီလိုအပြုံးကို အရင်က တစ်ခါမှ မတွေ့ဖူးဘူး။ ဒီအပြုံးက သူ့မျက်လုံးထဲ တောက်ပလွန်းလို့ သူ့နှလုံးသားလေး ပြာကျသွားပြီတောင် ထင်ရတယ်။

ထို့နောက် ရှောင်းလီပြောတာကိုကြားလိုက်ရတယ်။

" ချီရှို့ယွမ်...မင်းကတော့ တကယ်စိတ်ဝင်စားစရာပဲ။ "

Continue Reading

You'll Also Like

216K 21.5K 81
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
489K 11.8K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
262K 41.6K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .