The Same as {Completed}💛

By EiThu1020

10.2K 1.2K 121

Jaehyuk ရဲ့အမေကြောင့် တစ်အိမ်ထဲတူတူနေရတဲ့ Jaehyuk နဲ့ Asahi JaeHyuk က သူနဲ့ opposite type ဆိုပြီးAsahi အမြဲငြ... More

The Same as P1 Unicode
The Same as P1 Zg
The Same as p-2 uni
The same as p-2 zg
The Same as P3 uni
The Same as P3 ZG
The Same as p-4 Uni
The Same as p-4 ZG
The Same as P-5 Uni
The Same as P-5 ZG
The Same as P-6 Uni
The Same as P-6 ZG
The Same as P-7 Uni
The Same as P-7 ZG
The Same as P-8 Uni
The Same as P-8 ZG
The Same as P-9 Uni
The Same as P-9 ZG
The Same as...the end ZG

The Same as...the end Uni

839 112 16
By EiThu1020

JaeHyuk ဖက်ထားလိုက်တာ အချိန်ဘယ်လောက်ကြာသွားမှန်းမသိ ရင်ခွင်ထဲက Asahi မရှိမဲ့ရှိမဲ့အားလေးသုံးကာ တွန်းထုတ်လိုက်သည်

"သွား....အပိုတွေလာမလုပ်နေနဲ့ "

"အပိုတွေလုပ်တုန်းက ဘယ်သူကငြိမ်ခံနေတာလည်းနော် "

"ဘယ်သူကငြိမ်နေလို့လည်း တွန်းထုတ်လိုက်တာမတွေ့ဘူးလား"

"တွေ့ပါတယ် တွေ့ပါတယ် ဒါဖြင့် ပြန်တော့မယ်နော်"

ပြန်တော့မယ်နော် လို့ပြောပြီး ကုတင်ပေါ်ဘေးစောင်းထိုင်နေတဲ့ Asahi မျက်နှာကိုမြင်ရအောင်စောင်းပြီး ကြည့်ရင်းပြောလိုက်သည်
သူများ ဘယ်လိုတုံ့ပြန်မလည်းသိချင်သောစိတ်ဖြင့်ပေါ့

"ပြန်လေ...ဘာလို့ရပ်နေသေးတာလည်း "

*သွားပါပြီ ငါ့မျှော်လင့်ချက်လေး *

"ဟာကွာ...ပင်ပင်ပန်းပန်းနဲ့လာရတာကို ဘယ်လိုမောင်းထုတ်ချလိုက်ရက်တာလည်းကွာ"

JaeHyuk က ဆွဲမယ်ထင်လို့သွားမယ်တကဲကဲ လုပ်နေတာ မဆွဲသည့်အပြင်မောင်းထုတ်ခံရတော့ JaeHyuk Asahi ဘေးနားကိုမြန်မြန်သွားလိုက်ပြီး
သူ့ပေါင်ပေါ်ခေါင်းအုံးလိုက်ကာလှဲချလိုက်သည်
ပေါင်ပေါ်ကနေ သူ့မျက်နှာလေးကိုမော့ကြည့်လိုက်တော့
ကိုယ့်ကိုငုံကြည့်နေတဲ့မျက်နှာက အပေါ်ကိုပြန်မော့သွားပြန်သည်
ပြန်မော့သွားလို့မြင်နေရတဲ့ လည်တိုင်ကျော့ကျော့က adam's apple လေးကို ဆွဲကိုက်ချင်တဲ့စိတ်ကတစ်ဖွားဖွား ....

"မျက်နှာပြန်ငုံ့ပါအုံး ဒီမှာသတိရလို့ကြည့်နေတာကို"

"မင်းရူးနေလား ဆေးမှားသောက်ထားတာလား ငါတို့ကသူငယ်ချင်းနော် မင်းပြောနေတဲ့ပုံစံက ဟို.... အမ်......."

"ဘာဖြစ်လည်း ငါ့သူငယ်ချင်းငါသတိရလို့လေမဖက်ရဘူးလား သူငယ်ချင်းမျက်နှာတောင်မကြည့်ရတော့ဘူးလား "

"ဒါဆို ငါကမင်းသူငယ်ချင်းဆိုရင်... မင်းနဲ့ HyunSuk Hyung အဆင်ပြေလားလို့မေးတုန်းကဘာလို့မဖြေခဲ့တာလည်း"

"အဲ့နေ့က မင်းပြန်တော့မယ်ဆိုတော့ ဒီကစိတ်မကောင်းဖြစ်နေတာနဲ့ ဘယ်ပြောထွက်ပါ့မလည်း ပြီးတော့ HyunSuk Hyung အကြောင်းပြောရင် သူ့ချစ်သူဟိုကောင့်မျက်နှာကိုပြန်မြင်လာရော
ဟင့်...ငါစိတ်တိုလွန်းလို့"

"မဟုတ်မှ.. သူ့ချစ်သူကိုပဲရွေးကြောင်းပြောလိုက်တာလား "

"အင်း... မမေးနဲ့တော့"

JaeHyuk က မျက်နှာကိုပြတင်းပေါက်ရှိရာဘက်သို့လှည့်ရင်း သက်ပြင်းနှင့်အတူလေပူကိုမှုတ်ထုတ်လိုက်သည်
Asahi ကတော့ လိုချင်တဲ့အဖြေရလို့ ပျော်နေတဲ့မျက်နှာကိုမသိသာအောင်မနည်းထိန်းထားရသည်

"အခုငါလာတာအကြောင်းရှိတယ် "

"ဘာအကြောင်းလည်း"

"ငါ HyunSuk မဟုတ်ဘဲ တခြားတစ်ယောက်ကိုချစ်မိနေပြီ
အဲ့တာ ငါ့အမေကိုသေချာခွင့်တောင်းချင်လို့ "

"အဲ့ဒါ မင်းအမေဆီမသွားဘဲဘာလို့ငါ့ဆီလာလည်း"

လေသံလေးနည်းနည်းအပြောင်းအလဲဖြစ်သွားသော Asahi ကိုမရီမိအောင် JaeHyuk မနည်းထိန်းထားရသည်

"မင်းက ငါ့သူငယ်ချင်းလေ မင်းကိုလည်းတိုင်ပင်ရမယ်လေ"

"ဘယ်သူလည်း မိန်းခလေးလား ယောကျာ်းလေးလား ချောလား ဘယ်မှာနေတာလည်း သူ့အိမ်ကရောမင်းနဲ့သဘောတူလား "

"သေလောက်အောင်ကိုချောတာ...သူ့အိမ်ကတော့ပြောစရာမလိုလောက်ပါဘူး အဆင်ပြေမယ်ထင်တာပဲ "

*JaeHyuk ရာ မင်းဘာလို့ငါ့ကိုအမြဲမျှော်လင့်ချက်တွေပေးနေနိုင်ရက်တာလည်း *

"ငါလာခဲ့မယ် မင်းတို့မဂ်လာပွဲကို....ငါတို့ကသူငယ်ချင်းတွေပဲ"

"ငါ....မင်းနဲ့သူငယ်ချင်းမဖြစ်ချင်တော့ဘူး "

JaeHyuk ကထထိုင်ပြီးပြောလိုက်တာကြောင့် Asahi က
အံ့ဩသလိုနဲ့ လှည့်ကြည့်လာသည်

"ငါမင်းရဲ့ချစ်သူဖြစ်ချင်တာ "

*ဟူး....စကားကိုကောင်းကောင်းပြောရင်သေမှာမို့လို့ လူကိုလန့်အောင်....ဟင်းဟင်း*

"အရူးကောင် အခန်းထဲကထွက်သွားတော့"

"မသွားနိုင်ဘူး... ငါအတည်ပြုပြီးပြီး
မင်းမရှိတဲ့ 7 ရက်လုံး ငါဘယ်လောက်လွမ်းနေရလည်းသိလား "

"မသိဘူး လွမ်းတဲ့သူက ဖုန်းတောင်မကိုင်ရလောက်​အောင် လွမ်းနေမှန်း "

"အဲ့တာက မင်းကို suprise လုပ်ချင်လို့ပါ မယုံရက် Haruto တို့ကိုမေးကြည့် "

"ဪ...ဖုန်းမကိုင်တဲ့ကိစ္စက Haruto တို့နဲ့ပါပတ်သတ်နေတယ်ပေါ့ "

"အဲ့တာက.... ဟို.... သူတို့ကအိမ်လာလည်လို့ပါ "

"အခုရော အိမ်အခန်းထဲအထိ ရည်းစားစကားလာပြောဖို့ဘယ်သူမြှောက်ပေးလိုက်တာလည်း "

"အဲ့တာက Ruto ကိုနည်းနည်းလေးလေ့လာလိုက်ရုံလေးပါ ဟီး"

"ထွက်သွား ငါ့အခန်းထဲမလာနဲ့ "

"ဘာလို့အဲ့လောက်ထွက်သွားခိုင်းနေတာလည်း မသွားနိုင်ဘူးလို့ပြောနေတာကို "

"သွလို့ပြောနေတာကို ဘယ်သူကလက်ခံလို့ သူများအခန်းထဲနေနေသေးတာလ..... "

"စကားမများနဲ့နော် နားညီးတယ် နောက်အဲ့တာထပ်ဆိုးမယ် "

JaeHyuk က အခန်းထဲကထွက်သွားပြီးအောက်ထပ်ဆင်းသွားသည်
Asahi ကတော့ JaeHyuk နမ်းခဲ့သည့်အတိုင်းအခန်းထဲကြောင်ပြီးကျန်ခဲ့နေဆဲ....

*ဘာလည်း...သူငါ့ကိုနမ်းသွားတာလား အား....ငါ...ငါ...ရင်ပူလိုက်တာ ဟူး.....*

JaeHyuk Asahi ကိုပါးစပ်ပိတ်ထားခဲ့ပြီး သူကတော့အောက်ထပ်ဆင်းလာကာ Asahi အမေနှင့်စကားသွားပြောနေသည်

သိပ်မကြာဘူး အပေါ်ထပ်တက်လာပြီး Asahi အခန်းထဲဝင်လာပြန်တာကြောင့် Asahi ခန္ဓာကိုယ်လေးလန့်ပြီးနောက်ဆုတ်သွားသည်

"ကိုယ် ဘာမှမလုပ်တော့ပါဘူး.."

"မင်း..ဘာလာလုပ်ပြန်ပြီလည်း "

"ကိုယ့်အသည်းနှလုံးလေးအခန်းထဲမှာကျန်ခဲ့လို့ လာပြန်ယူတာ "

"ဘယ်...ဘယ်မှာလည်း "

Asahi လည်းယောင်ယောင်မှားမှား ထစ်ထစ်ငေါ့ငေါ့နှင့်
အဓိပ္ပါယ်မရှိတာတွေပါလျှောက်မေးမိကုန်သည်
ဖြေတဲ့သူကလည်း...

"ဒီမှာ.... ဒိီမှာကပ်နေတယ် ကိုယ့်အသဲနှလုံးလေးက "

Asahi ရဲ့ပါးကိုသွားကိုင်ကာ မျက်နှာအနားကိုပိုကပ်ရင်းပြောနေတာကြောင့် Asahi မျက်နှာကိုသာအတင်းအောက်ငုံ့နေရသည်

ရှက်လွန်းလို့အငွေ့ပါပျံချင်သွားတယ်
သူဘာဖြစ်လို့အဲ့လောက်အနီးကပ်ဆွဲဆောင်မှုရှိကြောင်းတွေလာကြွားနေရတာလည်း
မျှော်နေရတဲ့ငါတောင် သူ့ကြောင့် အလိုလိုရှက်စိတ်တွေဝင်လာရပြန်တယ်

"မွ..."

JaeHyuk Asahi ရဲ့ပါးပြင်ကေိုခပ်ဖွဖွနမ်းကာ

"ကိုယ့်ကိုချစ်တယ်မလား ဟင်...ချစ်လားလို့... ချစ်လားလို့မေးနေတယ်လေ မြန်မြန်ဖြေပေးပါတော့ကွာ.. ဒီရင်ဘတ်ထဲကသေတော့မယ် "

"ငါ...ဟို...ဟို...မပြောရဲဘူးလို့ပဲထားလိုက်တော့"

"အာ...အဲ့လိုတော့မလုပ်ပါနဲ့ကွာ ကိုယ်ကြားချင်တာလေနော် ကြားချင်လို့ပါ ပလိစ် "

"အဲ့ဒါဆို မျက်စိမှိတ်ထား.... "

"အင်း"

JaeHyuk ကလည်း အဖြေကိုကြားချင်လွန်းနေတာကြောင့်မျက်စိကိုအတင်းမှိတ်ထားလိုက်သည်

Asahi ဒီလိုပုံစံမျိုးလေးကိုဘယ်တော့မှမေ့လို့မရနိုင်ပါ
အရင်က JaeHyukနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန်ဆို ခိုးကြည့်ပြီးကြည်နူးခဲ့ရတဲ့အခိုက်အတန့်လေးတွေကိုတောင် ပြန်သတိရမိသွားသည်
JaeHyuk ကိုမျက်စိမှိတ်ခိုင်းတာကလည်း
သူဘယ်လိုမှ JaeHyuk မျက်လုံးကိုရင်မဆိုင်နိုင်သေးတာကြောင့်....

"ချစ်တယ်....JaeHyuk ကိုငါလည်းချစ်တယ်"

JaeHyuk က Asahi အသံကြားသည်နှင့်မျက်လုံးကိုပြန်ဖွင့်လိုက်တော့ နှစ်ယောက်သား အကြည့်ချင်းစုံမိသွားသည်

JaeHyuk ကတော့ အောင်နိုင်သူပမာပြုံးပြုံးကြီးကြည့်နေပေမယ့် Asahiကတော့ ဘေးနကနံရံထဲကိုသာပြေးဝင်နေချင်လိုက်သည်

"ငါ...မနေတတ်တော့ဘူး မကြည့်နဲ့တော့လို့"

"အင်း အဲ့တာဆို အထုတ်ပြင် တစ်ခါထဲကိုယ်နဲ့လိုက်ခဲ့ပေတော့ ကိုယ်တို့အိမ်လေးကို.."

"ဟင်.⁉"

"မဟင်နဲ့.... မင်းအမေကိုသွားပြောပြီးသွားပြီ ကိုယ့်အမေကိုလည်းပြောပြီးသွားပြီ အကုန်သဘောတူတယ်"

"ဟာ...ဘယ်တုန်းကအဖြေပေးလို့အပိုင်သွားပြောလိုက်တာလည်း"

"ခုနတင်လေ ဟီးဟီး"

"ဖယ်....သွား"

JaeHyuk ကိုတွန်းဖယ်ကာ လျှောက်သွားတဲ့ Asahi ကြောင့် JaeHyuk လှည့်ပြီးမေးလိုက်တော့ 

"အထုတ်သွားပြင်မလို့လေ "

(A/N _ အ မ လေး ဆာတာဟိရယ် 😑 😂)

JaeHyuk ကတော့ပြုံးပြီးရင်းကိုပြုံးနေရတော့တာပဲ

~~~~~~~~~~~~~~~~~~~
အချိန်တစ်ခုအကြာမှာတေ့ ပြန်ရောက်လာပါပြီ သူတို့ရဲ့အိမ်လေးဆီသို့

ဒီတစ်ခေါက်တော့အရင်အခေါက်တုန်းကနဲ့ မတူ
နှစ်ယောက်စလုံး စိတ်တူကိုယ်တူ ရောက်ရှိလာကြတဲ့အိမ်လေးမို့အရင်ကထက်အဆပေါင်းများစွာ
ပျော်ရွှင်ကြည်နူးရမှာတော့ အသေအချာပင် ......

အရင်တစ်ချိန်က သူစိမ်းကြောင့် မျက်ရည်ကျခဲ့ရတဲ့အထိစိတ်ပင်ပန်းခဲ့ပေမယ့်
ကိုယ်နဲ့ပုံစံမတူလို့ စိတ်ညစ်နေခဲ့ရပေမယ့်
တဂယ်တမ်းကျတော့ သူကကိုယ့်ရဲ့100 % မရှိမဖြစ်လေး ဆိုတာသိခဲ့ရပါပြီ
*ဒီတစ်ခါတွဲလိုက်သော လက်လေးကို နောက်ဘယ်တော့မှဖြုတ်ဖို့စိတ်ကူးမရှိဘူးဆိုတာ သူသိပါစေ.......*

___________________♥____________________

JaeSahi fic လေးကို ကိုယ်တတ်သလောက်လေးနဲ့
ရေးသားခဲ့ပြီးပါပြီ 🤗
အများကြီးလိုအပ်နေသေးတာသိပေမယ့် 😞 စာလုံးပေါင်းအမှားတွေကိုလည်း ဘာတစ်ခုမှမပြောဘဲသီးခံဖတ်ပေးကြလို့ တဂယ်ကျေးဇူးတင်ပြီးအားနာမိပါတယ် 😁

JaeSahi ဒါဒါ Bye 👋👋💙



Continue Reading

You'll Also Like

1K 84 15
ဒီficလေးကညီမရဲ့ပထမဆုံးficလေးမို့လို့အမှားပါရင်ကြိုတောင်းပန်ပါတယ် ဒီficလေးကတော့LGBTဆိုတဲ့အသိုင်းဝိုင်းကိုရှုံ့ချနေ‌ကြတဲ့အတွက်ရေးသားခြင်းပဲဖြစ်ပါတယ်ရှင...
9.8M 642K 75
Yaduvanshi series #1 An Arranged Marriage Story. POWER!!!!! That's what he always wanted. He is king of a small kingdom of Madhya Pradesh but his pow...
14.2K 379 9
(An alternate version of Wmmap.) "execute her!" She endured it. "how dare her poison our beloved lovely princess!" Endured it. "how dare she!" She wa...
1.2M 15.2K 52
NOT EDITED YET Gracie Owen's a headstrong journalist major rooms with her childhood best friend JJ Anderson for junior year, little does she know she...