Unicode
အပိုင်း(၂၇)-(၂) Lili က နှင်ထုတ်ပြီလား
Liza ကားကို လမ်းဘေးချရပ်ကာ စက်သတ်လိုက်သည်။ နောက်ကြည့်မှန်ကို သူမ မျက်နှာဘင်လှည့်လိုက်ကာ ကိုယ့်ပုံရိပ်ကို ကြည့်လိုက်၏။ သူမ ခေါင်းစောင်းလိုက်တော့ မိတ်ကပ်နဲ့ ဖုံးထားတာတောင် နှုတ်ခမ်းထောင့် နားက ခြစ်ရာကို မမြင်ဘဲ မနေချေ။ အဲ့ခြစ်ရာနားက ယောင်နေတဲ့ နေရာကို လက်နဲ့ တို့ကြည့်လိုက်သည်။
နည်းနည်းတော့ နာနေတုန်းပင်။
နောက်တော့ Lisa သူမကိုယ် သူမ ဧည်သည်လုပ်ပြီး Jennie ရုံးခန်းကို ရောက်လာသည်။ Jennie က သူမကို ဝမ်းနည်းနေတာတွေ သက်သာအောင် နှစ်သိမ့်ပေးတဲ့နေရာမှာ ဘယ်တာ့မှ မကျရှံုးဖူးသလို သူမကိုယ်သူမ ပြန်ရပ်တည်နိုင်အောင်လည်း ဖြေသိပ်ပေးတက်သည်။
အရာအားလုံးက အဆင်ပြေသွားမယ်ဆိုတာ သေချာအောင် Jennie ရဲ့ နှစ်သိမ့်မှုေတွကို သူမ လိုအပ်သည်။
Jennie က အစည်းအဝေးခန်းမှာ ရှိနေပြီး သူမရဲ့ အတွင်းရေးမှူးက မကြာခင် အစည်းအဝး ပြီးတော့မှာ ဖြစ်တဲ့အတွက် ရုံးခန်းထဲမှာ စောင့်နေလို့ရကြောင်း ပြော၏။
Lisa ပြတင်းပေါက်ကနေ တဆင့် ရှုပ်ထွေးနေတဲ့လမ်းမပေါ် ငေးကြည့်မိသည်။
"ဘာကြည့်နေတာလဲ" Jennie ရုတ်တရက်ကြီး သူမနောက်က ပေါ်လာသည်။ သူမ ဝင်လာတာကို Lisa မကြားလိုက်ပေ။ Jennie က အမျိုးသမီးဝတ် အနက်ရောင် ကုတ်ကို ဝတ်ထားပြီး သူမရဲ့ အညိုနက်ရောင် ဆံပင်ကို ပုခုံးထက် ဝဲချထားသည်။
"ဘာမှ မဟုတ်ဘူး" Lisa လည်ချောင်း ရှင်းလိုက်ပြီး Jennie က သူမ ဒဏ်ရာ တွေ့မှာ စိုးတဲ့အတွက် ခေါင်းငုံချလိုက်သည်။ "ခဏလောက် ငါနဲ့အတူတူ နေပေးရင် အဆင်ပြေမလား" Lisa ခေါင်းမမော့ဘဲ မေးလိုက်၏။
"ရတာပေါ့။ တစ်ခုခု သောက် မလား" Lisa ယဉ်ယဉ်ကျေးကျေးပဲ ငြင်းလိုက်သည်။
"ဘာဖြစ်လို့လဲ Lili" Lisa က အခုထိ သူမရဲ့ အကြည့်ကို ရှောင်နေတာကြောင့် မေးလိုက်သည်။
သတိကြီးကြီးနဲ့ Lisa ခေါင်းမော့လိုက်ကာ မမြင်စေချင်တဲ့အရာကို ဖုံးကွယ်ဖို့အတွက် အောက်နှုတ်ခမ်းကို ဖိကိုက်ထားလိုက်သည်။
"ဘာမှ မဖြစ်ဘူး" ပါးစပ်ကို လက်နဲ့ကာလိုက်ကာ ပိုပြီပြင်အောင် ချောင်းဆိုးချင်ယောင်ဆောင်လိုက်၏။
"ဘာမှမဟုတ်ဘူး ဘာမှမဖြစ်ဘူးဆိုတဲ့ စကားထက် တခြားဟာ ဘာပဲဖြစ်ဖြစ် ပြောပါလား" Jennie တစ်ချက် နှာရှုပ်လိုက်ကာ လက်ပိုက်ထားသည်။
Lisa ဆိုသည်မှာ Jennie ချစ်ဖို့ကောင်းနေရင် ခံနိုင်ရည် ရှိသူ မဟုတ်သောကြောင့် အဲ့အပြုအမှူေလးကြောင့် ရယ်လိုက် မိသည်။ သူမ ပါးစပ်ကနေ ဖွင့် ရယ်လိုက်တာနဲ့ ဒဏ်ရာက ဆစ်ခနဲ့ နာလာသည်။
"အာ... သေစမ်း" သတိမထားမိပါဘဲ ဒဏ်ရာရတဲ့နေရာကို ထိလိုက် မိပြီး အနာလျော့သွားမလား မျှော်လင့်ကာ နိုပ်နယ်လိုက်သည်။ အရမ်းတာနေတာ မဟုတ်တဲ့အတွက် သူမ ခံနိုင်ရည်ရှိေပမယ့် ရုတ်တရက် နာသွားသောကြောင့် လန့်သွားခြင်းသာဖြစ်၏။
"Honey ဘာဖြစ်သွားတာလဲ" ရှေ့နေမလေးက စိုးရိမ်တကြီး မေးလာသည်။ သူမ လက်လှမ်းလိုက်ကာ Lisa မျက်နှာကို လှမ်းကိုင်ရင်း ကြည့်ကြည့်လိုက်သည်။ "ဘယ်သူလုပ်လိုက်တာလဲ"
"ဘာမှမဖြစ်ပါဘူး Nini ရဲ့" သူမ အကြည့်လွဲလိုက်ကာ "ဒီအတိုင်း မေ့ထားလိုက်နော်" သူမ တောင်းပန်လိုက်၏။
"Lili?"Jennie သူမကို ထုတ်ပြောဖို့ တွန်းအားပေးနေတာ မဟုတ်ပေ။ သူမကို အသေးစိတ်ရှင်းပြစေချင်ယုံဖြစ်ပြီး Lisa က သူမကို ပိုယုံကြည်ပေးပါရန် တောင်းဆိုနေခြင်းဖြစ်သည်။
"Nini ငါအဆင်ပြေတယ်။ တကယ်ပြောတာ" စိတ်ပူခြင်းတွေက သူမလေးမျက်နှာလှလှလေးပေါ်မှာ ပျောက်ကွယ်မသွားသေးပေ။
"ငါ့ကို ပြောပြနော် ဟုတ်ပြီလား" Jennie သူမကို ဖြောင်းဖြသည်။
သူမ သက်ပြင်းချလိုက်ကာ ပင်ပန်းစွာ နဲ့ပဲ ခေါင်းခါမိလိုက်သည်။ သူမ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်တာကို စိတ်ထဲ မထားပေမယ့် သူမ ထိန်းချုပ်ရမယ့် စိတ်ပိုင်းဆိုင်ရာ ဖိအားကြောင့် ဝမ်းနည်းရသည်။ ပြီးတော့ သူမ ဝမ်းနည်းမှုတွေကို မျိုချနေရပြီး အလုံးကြီးကို မျိုချနေရသလို ခံစားနေရတဲ့အတွက် အသက်ရှုရမှာတောင် ခက်လာ၏။
"ငါထိုက်တန်တာ ရခဲ့တယ် ထင်တာပဲ" သူမ အသံမှာ တုံ့ဆိုင်းမှုတွေပါလာသည်။ "ကိစ္စကြီး မဟုတ်ပါဘူး Nini ရဲ့။ ငါအဆင်ပြေပါတယ်" သူမအဆင်ပြေကြောင်း ထပ်ခါ ထပ်ခါ ပြောနေပေမယ့် သူမ တကယ်ပဲ အဆင်ပြေနေတာလား ဒါမှမဟုတ် အဆင်ပြေတယ်ဆိုပြီး သူမကို သူမ နှစ်သိမ့်ပေးချင်နေတာလား မသေချာတော့ပေ။
"နင် ဒီလိုမျိုး ဘယ်အရာကိုမှ မထိုက်တန်ဘူး Lisa ။ ဘာဖြစ်လာတာလဲ"
"သူသေသွားတယ် ငါ့လူနာလေ။ သူအမေက စိတ်လွတ်သွားပြီး ငါ့ကို ရိုက်လိုက်တာ ပြီးတော့ နင် မြင်ရတဲ့အတိုင်းပဲ" Lisa ပုခုံး တွန့်ပြသည်။ "သူ အမှား မဟုတ်ဘူး။ သူလည်း ယူကျုံးမရဖြစ်နေတော့ မျှတပါတယ်"
"ဘယ်လောက်ပြင်းပြင်း ရိုက်လိုက်တာလဲ။ ခြစ်ရာတောင်ဖြစ်တယ်"
"သူလက်စွပ်ကြောင့် ဖြစ်မယ်"
"အဆင်မပြေဘူး Lili ရဲ့" Lisa လက်ဖမိုးကို ပွတ်ပေးလိုက်သည်။ "နင်က-"
"ငါအကောင်းဆုံး လုပ်ပေးခဲ့တာ သိတယ်။ အရမ်းမစိုးရိမ်နဲ့နော် Nini ။ ငါအခု အဆင်ပြေနေပြီ။ သူဖြတ်သန်းနေရတာထက် စာရင် ဘာမှမဟုတ်ဘူး။ ငါ အဲ့အကြောင်း မပြောချင်တော့ဘူးဟာ။ ဖြစ်ပျက်ခဲ့တာက ဖြစ်ခဲ့ပြီးပြီဆိုတော့ ဘာပဲဖြစ်ဖြစ် ငါ ပြန်ပြင်ချင်တာတောင် ပြင်လို့ မရဘူးလေ"
"နင့်မှာ ကြင်နာတက်တဲ့နှလုံးသားရှိတယ်။ သိတယ်မလား"
"သိတယ်။ နင် အမြဲတမ်း သတိပေးနေတာပဲ" သူမ ပြုံးလိုက်သည်။
"ဘာလို့ အိမ်မပြန်တာလဲ။ သွားအိပ်သင့်တာကို" ခဏကြာတော့ Jennie မေးလာသည်။ သူမတို့က Jennie ရဲ့ ဆိုဖာပေါ်မှာ ထိုင်နေတာ ဖြစ်ပြီး တိတိကျကျ ပြောရရင် Jennie က ထိုင်နေကာ Lisa က Jennie ပေါင်ပေါ် ခေါင်းတင် အိပ်နေချင်းဖြစ်၏။
"ဘာလို့ဆို နင်အဲ့မှာမှ မရှိတာ" သူမ ဒီအတိုင်းသာ ပြန်ဖြေလိုက်သည်။
*****
"ငါ ကြည့်ကောင်းလား" Lisa ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတဲ့ အပေါ် အင်္ကျီကို ပြင်တာ လုပ်သည်။
"နင် ကြည့်ရတာ တကယ့်ကို လှတယ်။ အခုတော်တော့ honey" Jennie နားကပ်တပ်လိုက်သည်။ "နင် နောက်ဆုံး ရှုပ်အောင် လုပ်မိလိမ့်မယ်။ လာတော့ ငါတို့ နောက်ကျတော့မှာပဲ" Lisa နှုတ်ခမ်းကို တစ်ချက်နမ်းလိုက်ကာ လက်ကိုင်အိတ်ကို တစ်ဖက်လက်က ကိုင်ရင် တစ်ဖက်က Lisa လက်ကို လှမ်းဆွဲလိုက်ပြီး ဦးတည်ရာကို သွားကြသည်။
သူမတို့က မြို့လယ်ခေါင်မှာရှိတဲ့ ဟော်တယ်မှ ကျင်းပတဲ့ Jennie ရဲ့ေကျာင်းသားဟောင်း တွေ့ဆုံပွဲကို ကားမောင်း သွားနေကြခြင်း ဖြစ်သည်။ Lisa နောက်တစ်ခါထပ်ပြီး အိမ်ပြန်နောက်ကျပြန်တာက Jennie ကို စိတ်အနှောက်အယှက် အလွန်ပေးနေ၏။ သူတို့ လွန်ခဲ့တဲ့ နာရီဝက်အလိုကတည်းက ထွက်လာရမှာ ဆိုပေမယ့် Lisa က အဝတ်အစားဝတ်ဖို့လိုပြီး အခု သူတို့တွေ ကားပိတ်တာနဲ့ကြုံရပြန်သည်။
"တနင်္ဂနွေနေ့ဆိုမှာတော့ ကားပိတ်တာ ကြမ်းမှာပေါ့" Lisa သူမကိုယ် သူမ ပြော၏။ "Chaeyoung ကို ဖုန်းဆက်ကြည့်ပြီးပြီလား။ စနေပြီတဲ့လား"
"လွန်ခဲ့တဲ့ ဆယ်ငါးမိနစ်ကတည်းက စနေတာတဲ့" Jennie ဖုန်းကို ကြည့်နေကာ တခြားစာကို ပြန်စာပို့ဖို့ စောင့်နေ၏။
"ငါတောင်းပန်ပါတယ်" Lisa ခရီးသည်ထိုင်ခုံဘက်ကို လှည့်ကြည့်လိုက်သည်။
"ရပါတယ်။ ငါနားလည်တယ်" Lisa သီချင်းအသံကို မြင့်လိုက်ကာ Jennie စိတ်သက်သာအောင်လုပ်လိုက်သည်။
စပီကာကနေ ထွက်လာတဲ့ အရင်က သီချင်းဟောင်းဖြစ်ပြီး သံဇဉ်က ငြိမ့်ညောင်းနေသည်။
"O is for the only one I see" Lisa သူမကို စသလို သီချင်းဆိုကာ သူမကို ရယ်အောင်လုပ်သည်။ "V is very, very extraordinary ငါနဲ့လိုက်ဆိုလေ Nini!"
"Love was made for me and you" Jennie အလယ်ပိုက်ကို လိုက်ဆိုကာ သူမတို့ရဲ့ ရူးကြောင်ကြောင် အပြုအမှူကြောင့် ရယ်လိုက်မိသည်။
လေထုအခြေအနေက ပုံမှန်ပြန်ရောက်သွားတာကြောင့် Lisa စိတ်သက်သာရာ ရသွားသည်။ Jennie လက်ဖမိုးကို နမ်းလိုက်ကာ ပါးမှာကပ်လိုက်တော့ သူမလေးရဲ့ ရေမွေးအနံ့က သူမကို ယစ်မူးစေသည်။
ဆယ့်သုံးမိနစ်အကြာမှာတော့ သူမတို့ သွားချင်တဲ့အရပ်သို့ ရောက်လာ၏။ Lisa ကားသော့ကို ဧည့်ကြိုကို ပေးလိုကိသည်။ Jennie က နာမည်ကို ဧည့်စာအုပ်ထဲမှာ ရေးနေတဲ့အခါ သူမက Jennie လက်ကို ကိုင်ဆွဲထားသည်။ သူမတို့ အမှန်တရလက်ဆောင်အနေနဲ့ ချစ်ဖို့ကောင်းတဲ့ အညိုရောင်ဝက်ဝံရုပ်သေးသေးလေးကို ရခဲ့၏။
Jennie က သူမမှတ်မိသမျှ လူတိုင်းကို နှုတ်ဆက်သည်။ Lisa ကိုလည်း သူမရဲ့လက်တွဲေဖာ်ဖြစ်ကြောင်း မိတ်ဆက်ပေးသည်။ Lisa လည်း Jennie ရဲ့ သူငယ်ချင်းတွေကို သူမသူငယ်ချင်းတွေလို စကားပြောနှုတ်ဆက်သည်။ သူမက စကားဝိုင်းကို စတင်တက်တဲ့ လူမျိုးတော့မဟုတ်ပေ။ သူမ ဒီလို စကားပြောတာက Jennie ရဲ့ ကောင်းကျိုးတစ်ခုတည်းအတွက်သာဖြစ်၏။ ဒီညက Jennie အတွက် အရေးကြီးတဲ့အတွက် သူမကို နောက်ကျအောင်လုပ်ပြီး ဖျက်လိုဖျက်ဆီး လုပ်ထားမိတဲ့အတွက် Lisa အနေနဲ့ အနည်းဆုံး ဖော်ရွေတဲ့ ပါတနာ ဖြစ်အောင်နေ၏။
Chaeyoung နဲ့ Irene လည်း ရောက်နေသည်။
Jennie သူတို့နှစ်ယောက်ကို ဖက်ကာ နှုတ်ဆက်လိုက်ပြီး Lisa ကတော့ နွေးထွေးတဲ့ အပြုံးကိုသာ ပြုံးပြလိုက်သည်။
ပေါင်းစည်းခြင်း ဆိုတာမျိုးက Lisa လုပ်လေ့ရှိတာမျိုး မဟုတ်ပေ။ သူမ သိပြီးသားလူထက် သူစိမ်းတွေနဲ့ စကားပြောဝိုင်းကို ရှည်လျားပြေပစ်အောင် လုပ်တာက သူမအတွက် ခက်ခဲလှသည်။
သူမ Jennie ကျောကို ပုတ်လိုက်ကာ သူမ စားစရာတစ်ခုခု သွားရှာမည်ဖြစ်ကြောင်း ပြောလိုက်သည်။ Jennie ခေါင်းညိပ်ယုံသာ ညိပ်ပြပြီး ပထမနှစ်အခန်းဖော်လို့ ပြောတဲ့ ဆံပင်အနီရောင် ကောင်မလေးနဲ့ စကားဆက်ပြောနေ၏။
"ဆိုတော့ အခု Jennie Kim က မိန်းကလေးတစ်ယောက်နဲ့ တွဲနေတယ်လို့ ကြားတယ်" Lisa စားစရာကို စားမလို့ ပြင်နေတုန်းမှာ တန့်သွားသည်။ "ကြည့်ရတာတော့ သူနာပြုပဲ။ မင်္ဂလာနေ့လည်ခင်းပါ Ms. Lalisa Manoban"
သူမ လှည့်ကြည့်လိုက်တော့ သပ်ရက်သားနားတဲ့ ခပ်ဝဝ ယောက်ျားတစ်ယောက်က အနောက်မှာ ရပ်နေတာ တွေ့လိုက်သည်။ သူမ ခေါင်းစောင်းလိုက်ကာ ဒီဒိုင်နိုဆောကြီးကို ဘယ်လို တုံ့ပြန်ရင် ကောင်းမလဲဆိုတာ စဉ်းစားနေသည်။
"နင်သိလား နင်...အမ် ပြောချင်တာက နင်လိုမျိုးလူနဲ့ သူအဆင်ပြေသွားမယ်လို့ တစ်ခါမှ မတွေးဖူးဘူး" ထိုလူက စော်ကားမော်ကား သူမကို လာပြောတာကြောင့် သူမ မျက်ခုံးကြုပ်လိုက်မိသည်။ "သူနာပြုဆိုကတည်းက အဲ့လောက် ပိုက်ဆံမရှိလောက်ဘူးဆိုတော့" ထိုလူက နှုတ်ခမ်းသပ်လိုက်ကာ ဝိုင်ကို တစ်ငုံသောက်လိုက်သည်။ "သူရဲ့လိုအပ်ချက်တွေကို ဘယ်လို ဖြည့်ဆည်းပေးလဲဆိုတာ ငါ သိချင်မိတယ်။ နင် ငါပြောချင်တာ သိတယ်ဆိုရင်ပေါ့" ထိုလူက မျက်စိမှိတ်ပြသည်။ "အိတ်လေးက လှလိုက်တာ အို ဒီဖိနပ်လေးကို ကြည့်ပါဦး။ အမြင်ဖမ်းစားစရာလေး" Jennie ကို ပျက်ရယ်ပြုရင်း ရွံစရာအသံလုပ်ပြသည်။
Lisa အံ့ကျိတ်လိုက်သည်။ သူမရဲ့ လက်သီးက အဲ့စက်ဆုပ်ဖွယ်ကောင်းတဲ့အကောင်ကို ထိုးဖို့ အဆင်သင့် ဖြစ်နေ၏။
"မတန်ဘူး" Jennie က ဘယ်နေရာကမှန်း မသိ ရောက်လာကာ သူမလက်ကို ညင်ညင်သာသာ ဆွဲကိုင်လိုက်ရင်း တိုးတိုးပြောလာသည်။ "သွားရအောင်" သူမကို သာသာလေး ထိလိုက်ကာ တစ်ခြားလူတွေရဲ့ အာရုံစိုက်လာတာ မခံရအောင် တောင်းဆိုလိုက်သည်။
Lisa သူမနောက်ကို လိုက်လာပေမယ့် အလယ်မှာရပ်လိုက်သည်။ Jennie အံ့ဩသွား၏။ သူမက Lisa ကို ဖြစ်နိုင်သမျှ မြန်မြန် ဒီနေရာကနေ ဆွဲခေါ်သွားချင်မိသည်။ Lisa သူမဘက်ကို လှည့်လာတော့ Lisa မျက်နှာပေါ်မှာ ဒေါသထွက်နေတဲ့အရိပ်အယောင် မတွေ့သလို အဲ့အစား Lisa က သူမကို နူးနူးညံညံလေးနဲ့ အချစ်တွေနဲ့ ပြည့်ဝနေတဲ့ မျက်ဝန်းနဲ့ ကြည့်လာသည်။
"ငါ ကိုင်တွယ်ပါရစေ" သူမပြောသည်။ "ငါတို့နှစ်ယောက်စလုံးကို လှောင်စရာ မဖြစ်စေချင်ဘူး" အနည်းဆုံးတစ်ဒါဇင်ကျော်လောက်ရှိတဲ့ လူတွေအရှေ့မှာ သူမ Jennie ပါးကို အသာလေး ပွတ်သပ်လိုက်သည်။
"ဆိုတော့ Mr. Ok" သူမ မျက်ခုံးကြုပ်လိုက်ကာ သူရဲ့ ကုတ်ပေါ်က နာမည်ကို ကြည့်လိုက်သည်။ "ပထမဆုံးအနေနဲ့ သူနာပြုဆိုတာက ပရော်ဖက်ရှင်နယ်အကျဆုံး လူေတွပါရှင့်။ ပြောရရင် လူကြီးမင်းက သူတို့ကို ပြဿနာရှာ မကောင်းပြောရင်တောင် သူတို့က လူကြီးမင်းကို ကယ်ဖို့ အသင့်ရှိနေတယ်။ ပြီးတော့ ဒီကလူကြီးမင်းက Jennie အကြောင်း နည်းနည်းလေးတောင် နားမလည်ဘူး။ ဒုတိယအနေနဲ့ ကျွန်မကို Ms. Lisa Manoban လို့ခေါ်လိုက်တာ နားသိပ်မယဉ်ဘူးဖြစ်နေတယ်။ ဘာလို့ဆို လူတွေက ကျွန်မကို Doctor Lisa Manoban လို့ခေါ်တက်ကြလို့လေ" သူမ ပြန်လှည့်လိုက်ကာ ပြီးမှာ ပြန်လှည့်ကြည့်လိုက်ပြီး ထိုလူနဲ့ ပိုပြီး အထက်တန်းဆန်ဆန်နဲ့ နှုတ်ခမ်း သပ်ပြလိုက်သည်။
"အို ပြီးတော့ နောက်တစ်ခုက လူကြီးမင်းအနေနဲ့ နှလုံးနဲ့ပတ်သတ်ပြီး ပြဿနာရှိလာရင် Seoul Trauma Center Hospital ကို လာဆက်သွယ်ပါနော်။ အဲ့မှာ ကျွန်မက တစ်ဦးတည်းသော နှလုံးအထူးကုခွဲစိတ်ဆရာဝန် အနေနဲ့ အလုပ်လုပ်တာဆိုတော့ ကျွန်မ ကူညီနိုင်မယ် ထင်တာပဲ" မျက်ခုံးပင့်ပြလိုက်ကာ မာနကြီးတဲ့ပုံစံနဲ့ ပြုံးပြလိုက်သည်။
သူမ လက်ကို Jennie ခါးပေါ် တင်လိုက်ကာ လှည့်ထွက်လာသည်။
"နင် ဘယ်သူနဲ့ တွဲနေတယ်ဆိုတာ မသိဘူးမလား" သူ တခြားလူတွေ အားလုံးကြားအောင် အကျယ်ကြီး အော်ပြောသည်။ "နင် လောဘကြီးတဲ့ မိန်းမပျက်နဲ့ တွဲနေတာ။ နင်ပိုက်ဆံကြောင့် နင်နဲ့ တွဲနေတာ ဖြစ်မှာပေါ့ ဒါပေမယ့် နင့်မှာ ဘာမှ မရှိတော့ရင် နင့်ကို ထားခဲ့လိမ့်မယ်"
Lisa မျက်နှာ ရုတ်တရက် နီရဲလာ၏။ သူမသွေးတွေ ဆူပွတ်လာပြီး ဒေါသကြောင့် ကိုယ်တစ်ခုလုံးတုန်လှုပ်လာသည်။
"အို ဟုတ်တယ် နင်ကြားတာ မှန်တယ်" ထိုလူက သူမတို့ ရှိရာဆီကို လျှောက်လာသည်။ "အခုအထိ နားမလည်သေးဘူးဆိုရင် Jennie မျက်နှာပေါ်က အမာရွတ်က ဘယ်က ရလဲမေးကြည့်လေ" ထိုလူကြီး အသာကုန် ရယ်တော့သည်။
သူရဲ့ရယ်သံက တစ်နေရာက အကူအညီတောင်းသံ အကျယ်ကြီးကြောင့် ရပ်သွား၏။
လူတစ်ယောက်က ရင်ဘက်ကို ဆုပ်ကိုင်ကာ ကြမ်းပေါ် လဲကျသွားသည်။
Lisa ဘေးကို လှည့်ကြည့်လိုက်တော့ Jennie ကို မတွေ့တော့ပေ။ သူမ လူအုပ်ကြီးဆီတိုးသွားပြီး Jennie အဲ့မှာ ရှိနေပါစေလို့ မျှော်လင့်လိုက်၏။
"ဟေး နင်က ဆရာဝန်လေ။ သူကို ကူညီ" အဲ့ လူယုတ်မာက လှမ်းအော်သည်။ Jennie က တံခါးဝကို ထွက်သွားတာကို မြင်လိုက်ရသည်။
သူမ ခေါင်းတွေ ချာချာလည်လာသလို။ ဘယ်ဟာကို လုပ်ရမလဲ သူမ မသိတော့ပေ။
Jennie က နာကျင်ခံစားနေရသလို ကြမ်းပြင်ပေါ်က လူကလည်း သူမကို လိုအပ်သည်။
"သူကို ကူညီလိုက်။ ငါတို့ Jennie ကို သွားကြည့်လိုက်မယ်" Irene က သူမဘေးနားပေါ်လာကာ သူမလက်မောင်းကို ဖွဖွလေး ဆုပ်ကိုင်လာသည်။
Irene က Jennie ကို မှီဖို့အတွက် မြန်မြန်ပြေးသွားတာတွေ့လိုက်သည်။ Lisa လည်း လူအိုကြီးဆီသွားကာ မြန်မြန် စစ်ဆေးလိုက်ပြီး သွေးလွှတ်ကြောမှာ သွေးခုန်နှုန်း မစမ်းမိတော့တဲ့အတွက် CPR လုပ်သည်။
ဒီညကတော့ တကယ်ကို အိပ်မက် ဆိုး ဖြစ်လာမည့်ပုံပင်။
******
Lisa ဖိနပ်ကိုေတာင် ကန်ထုတ်ဖို့ စိတ်မဝင်စားတော့ဘဲ အိမ်ထဲဝင်လာသည်။
"Nini" သူမ လှမ်းအော်သည်။
Chaeyoung နဲ့ Ireneလည်း ရုတ်တရက် ဆိုဖာပေါ်က ထရပ်လိုက်၏။
"သူ ဘယ်မှာလဲ" Lisa အသက်ရှု ရပ်တော့မလိုပင်။ သူမ မြေကြီးပေါ် ခြေချကတည်းက မရပ်မနား ပြေးလာခဲ့ခြင်း ဖြစ်သည်။
"သူအခန်းထဲမှာ Lisa" Irene သူမကို ပိတ်ရပ်လိုက်သည်။ "သူက မကောင်းလူမဟုတ်ပါဘူး။ ငါ အဲ့တာတော့ အာမခံနိုင်တယ်။ နင် ဘာပဲဆုံးဖြတ်ဆုံးဖြတ် သေချာစဉ်းစားစေချင်တယ်"
"နင် ဘာတွေပြောနေတာလဲဆိုတာ ငါ မသိဘူး" Lisa ဖြတ်လျှောက်လာလိုက်သည်။
သူတို့နှစ်ယောက်စလုံး Lisa ဝင်သွားတဲ့အခန်းတံခါးကို ငေးကြည့်နေကြသည်။ သူမတို့ နှလုံးသားထဲကနေပြီး သူမတို့အချစ်ဆုံး သူငယ်ချင်းအတွက် အကောင်းဆုံးကို ဆုတောင်းပေးကာ အိမ်ကနေ ထွက်လာကြသည်။
သူတို့ ဖုန်းကို ကိုင်ထားပြီး ဘယ်တော့မှ မချထားပေ။ Jennie ကို သွားကြိုဖို့ လိုလာလျှင် သူတို့ ချက်ချင်း သိနိုင်အောင် ဖြစ်၏။
*****
"Nini ဘာလုပ်နေတာလဲ" အဝတ်အစားတွေ နေရာအနှံပြန့်ကျဲနေတဲ့ပုံက Lisa ကို ခြောက်လန့်စေသည်။
"Jennie"
ရှုပ်ဖွ နေတဲ့ ဆံပင်နဲ့ မိန်းကလေး တစ်ယောက် ရေချိုးခန်းကနေ ထွက်လာ၏။
"Lisa" သူမ တစ်ချိန်လုံးငိုထားမှန်း သိသာနေသည်။ သူမ မျက်လုံးက နီရဲနေပြီး ဖူးယောင်နေသည်။ သူမရဲ့ မျက်တောင်ချယ်ဆေးကလည်း မျက်လုံးနားမှာ ပေကျံနေသည်။ သူမချက်ချင်းပဲ သူမသူငယ်ချင်းတွေကို ဆဲမိသည်။ Lisa ကို ပေးမဝင်ဖို့ ပြောထားရဲ့သားနဲ့။
"နင် ဘာလုပ်နေတာလဲ" Lisa ကြောက်လန့်မှုအပြည့်နဲ့ ထပ်မေးလိုက်သည်။ "နင် ဘယ်သွားမလို့လဲ"
"မသိသာလို့လား Lisa-ah" သူမအသံက အက်ကွဲနေ၏။ "တစ်နှစ်ရှိသွားပြီ။ တစ်နှစ်ကျော်သွားပြီ" သူမ ကျလာတဲ့ မျက်ရည်ကို သုတ်လိုက်သည်။
Lisa နားမလည်သေးပေ။ "ဘာကိုလဲ"
"နင်မမှတ်မိဘူးလား"
'တစ်နှစ်ပဲ သမီးလေး'
'သူနဲ့ တစ်နှစ်သိအောင်လုပ် ပြီးမှ သူနဲ့တကယ်ပဲ အဆင်မပြေဘူးဆိုရင် အဖေတို့ ဒီကိစ္စကို ထပ်မပြောတော့ဘူး'
'တစ်နှစ်အတွင်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး'
'တစ်နှစ်အတွင်း ငါကို နင် ချစ်လာအောင် နင်မလုပ်နိုင်ဘူးဆိုရင် နင်ကို ထပ်တွေ့စရာ ဘာအကြောင်းမှ မရှိတော့ဘူး'
"မဟုတ်... မဟုတ်ဘူး မဟုတ်တာ Nini ။ နင် အဲ့လို မလုပ်ပါနဲ့။ နင် ငါ့ကို ထားခဲ့လို့ မရဘူးလေ" Lisa အနားကပ်ဖို့ ကြိုးစားပေမယ့် Jennie ခြေလှမ်း ပြန်ဆုတ်လိုက်သည်။
Jennie ရဲ့ အပြုအမှူကြောင့် သူမ လည်ပင်းကနေတစ်ဆင့် ကျောရိုးအထိ ကြောက်ရွံမှုကြောင့် ခိုက်ခိုက်တုန်တာကို ခံစားလိုက်ရသည်။
"အပေးအယူက ပြီးသွားပြီ Lisa-ah" Jennie ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်၏။ "ငါအထင် အခုက ကိုယ့်လမ်း ကိုယ်လျှောက်ရမယ့် အချိန်လေ" သူမ ခါးခါးသပ်သပ်ပဲ ပြုံးပြလိုက်သည်။
"မဟုတ်ဘူး" Lisa သေချာ ပြောသည်။ "မဟုတ်တာ" သူမ ခြေလှမ်းတိုးလာသည်။ နောက်တစ်ကြိမ်ပဲ Jennie ထပ် နောက်ဆုတ်သွား၏။
"သူပြောတာ နင်မကြားလိုက်ဘူးလား" Jennie အော်လိုက်၏။ သူမ ရမ်းကား ကြမ်းတမ်းနေသလို နာကျင်နေပြန်သည်။ Lisa ရှိနေတာက အရာအားလုံး ပိုဆိုးအောင် လုပ်နေသလိုပင်။
"သူက နင့်အကြောင်း ဘာမှ မသိဘူး"
"သူအားလုံးကို သိတယ် Lisa ရဲ့။ သူ အားလုံးကို သိတယ် ဒါပေမယ့် နင်မသိဘူး" သူမ ရင်ဘက်က အရမ်း နာကျင်လာပြီး ငိုတော့သည်။
"ဘာကို ပြောနေတာလဲ" Lisa လည်း ကိုယ်တိုင် မျက်ရည်ဝဲလာတာကို လျစ်လှူရှထားသလို သူမရဲ့အသက်ရှုသံလည်း ပြင်းထန်လာ၏။
"သူ ငါ့အကြောင်းပြောတာတွေက အားလုံးအမှန်တွေ ချည်းပဲ။ ငါ ကျောင်းတက်တုန်းက ရည်စားများတယ်။ ငါမှာ ရည်စားကောင်လေးတွေအများကြီး ရှိတယ်။ လက်ညိုးတစ်ချက်ညွှန်ယုံနဲ့ သူတို့အားလုံးကို ရနိုင်တယ်။ အဲ့အရူးတွေကို ငါလိုချင်တာ ပေးဖို့ အယုံသွင်းရတာ အလွယ်လေးပဲ" Lisa ကို အဝေးတွန်းထုတ်နိုင်အောင် Lisa သူမကို ရွံသွားအောင် လုပ်ဖို့ ရည်ရွယ်ချက်နဲ့ သူမ ချဲကားသော အပြအမှူနဲ့ ပြော၏။
သူမရဲ့ ဝန်ခံမှုကြောင့် Lisa မှင်သက်သွားသည်။
"တစ်နေ့ ငါ ရည်စားဟောင်းနဲ့ နမ်းနေရင်း သူနဲ့ sex လုပ်ဖို့ အတင်းအကျပ်ခိုင်းတယ်။ ငါ သူ့ကို ငြင်းတော့ ဒီအမာရွတ်ကို ရခဲ့တာပဲ" Jennie သူမ ညာဘက် ပါးပေါ်က မိတ်ကပ်ကို သုတ်ပစ်ဖို့ အတင်းပွတ်၏။
"သူ ငါ့ကို ကုတ်လိုက်တာ။ အဲ့တာကြောင့် ငါ နှစ်ဆယ့်လေးနာရီ ခုနှစ်ရက်ပတ်လုံး မိတ်ကပ်လိမ်းထားတာ။ အဲ့မှတ်ဉာဏ်တွေ ဖုံးကွယ်ဖို့ New Zealand ကနေ Seoul ကို ပြောင်းလာခဲ့တာ။ ကဲ အခုတော့ ငါနောက်ကို ထပ်လိုက်လာပြန်ပြီ။ သူ ဒီညပွဲမှာ ဘယ်က ဘယ်လို ပေါ်လာတာလဲ ဆိုတာ ငါလည်း မသိဘူး။ ကံကြမ္မာဆိုတာ တော်တော် ဆိုးတာပဲ မဟုတ်လား" သူမ ကြေကွဲနေတဲ့ နှလုံးသားနဲ့ ခြောက်ကပ်ကပ်ရယ်လိုက်သည်။
တိတ်ဆိတ်မှုက သူတို့ကို ဝါးမျိုသွားသည်။
နောက်ဆုံးမှာတော့ Lisa ဖိနပ်အသံကြောင့် ကြမ်းပြင်ရဲ့ တစ်ရှပ်ရှပ်အသံကို စတင် ကြားရတော့သည်။
သူမက စကားတစ်ခွန်းတောင် မပြောတော့ဘဲ ပြန့်ကျဲနေတဲ့ အဝတ်အားလုံးကို လက်ဆွဲသေတ္တာ ထဲ ထည့်ကာ ဇစ်ပိတ်လိုက်သည်။
Jennie နေရာမှာပဲ အေးခဲသွားသလိုပင်။
Lisa က လက်ဆွဲသေတ္တာကို အခန်းအပြင်ဘက် ဆွဲထုတ်သွားသည်။ လွန်ခဲ့တဲ့ နာရီအနည်းငယ်ကတည်းက သူမပုခုံးပေါ် ထမ်းထားရတဲ့ ဝန်ကြောင့် သူမခြေထောက်တွေ မရပ်နိုင်တော့ချေ။
သူမ ကြမ်းပြင်ပေါ် ပုံကျလဲကျသွားသည်။
ဒါက သူမ လိုချင်တာပဲ မဟုတ်ဘူးလား။ Lisa သူမကို မုန်းအောင်လုပ်ပြီး သူမအရင် ထွက်သွားနိုင်အောင်လေ။
ဒါဆို Lisa သူမကို နှင်ထုတ်တော့ ဘာလို့ အဲ့လောက်တောင် နာကျင်ရတာလဲ။
--------------------------------------------------------------
Date-10.8.2021
-အပျင်းကြီးတဲ့ LeoN
နည်းနည်းရှို့ပေးတာ။။
=======================================
Zawgyi
အပိုင္း(၂၇)-(၂) Lili က ႏွင္ထုတ္ၿပီလား
Liza ကားကို လမ္းေဘးခ်ရပ္ကာ စက္သတ္လိုက္သည္။ ေနာက္ၾကည့္မွန္ကို သူမ မ်က္ႏွာဘင္လွည့္လိုက္ကာ ကိုယ့္ပုံရိပ္ကို ၾကည့္လိုက္၏။ သူမ ေခါင္းေစာင္းလိုက္ေတာ့ မိတ္ကပ္နဲ႔ ဖုံးထားတာေတာင္ ႏႈတ္ခမ္းေထာင့္ နားက ျခစ္ရာကို မျမင္ဘဲ မေနေခ်။ အဲ့ျခစ္ရာနားက ေယာင္ေနတဲ့ ေနရာကို လက္နဲ႔ တို႔ၾကည့္လိုက္သည္။
နည္းနည္းေတာ့ နာေနတုန္းပင္။
ေနာက္ေတာ့ Lisa သူမကိုယ္ သူမ ဧည္သည္လုပ္ၿပီး Jennie ႐ုံးခန္းကို ေရာက္လာသည္။ Jennie က သူမကို ဝမ္းနည္းေနတာေတြ သက္သာေအာင္ ႏွစ္သိမ့္ေပးတဲ့ေနရာမွာ ဘယ္တာ့မွ မက်ရွံုးဖူးသလို သူမကိုယ္သူမ ျပန္ရပ္တည္ႏိုင္ေအာင္လည္း ေျဖသိပ္ေပးတက္သည္။
အရာအားလုံးက အဆင္ေျပသြားမယ္ဆိုတာ ေသခ်ာေအာင္ Jennie ရဲ႕ ႏွစ္သိမ့္မႈေတြကို သူမ လိုအပ္သည္။
Jennie က အစည္းအေဝးခန္းမွာ ရွိေနၿပီး သူမရဲ႕ အတြင္းေရးမႉးက မၾကာခင္ အစည္းအဝး ၿပီးေတာ့မွာ ျဖစ္တဲ့အတြက္ ႐ုံးခန္းထဲမွာ ေစာင့္ေနလို႔ရေၾကာင္း ေျပာ၏။
Lisa ျပတင္းေပါက္ကေန တဆင့္ ရႈပ္ေထြးေနတဲ့လမ္းမေပၚ ေငးၾကည့္မိသည္။
"ဘာၾကည့္ေနတာလဲ" Jennie ႐ုတ္တရက္ႀကီး သူမေနာက္က ေပၚလာသည္။ သူမ ဝင္လာတာကို Lisa မၾကားလိုက္ေပ။ Jennie က အမ်ိဳးသမီးဝတ္ အနက္ေရာင္ ကုတ္ကို ဝတ္ထားၿပီး သူမရဲ႕ အညိဳနက္ေရာင္ ဆံပင္ကို ပုခုံးထက္ ဝဲခ်ထားသည္။
"ဘာမွ မဟုတ္ဘူး" Lisa လည္ေခ်ာင္း ရွင္းလိုက္ၿပီး Jennie က သူမ ဒဏ္ရာ ေတြ႕မွာ စိုးတဲ့အတြက္ ေခါင္းငုံခ်လိုက္သည္။ "ခဏေလာက္ ငါနဲ႔အတူတူ ေနေပးရင္ အဆင္ေျပမလား" Lisa ေခါင္းမေမာ့ဘဲ ေမးလိုက္၏။
"ရတာေပါ့။ တစ္ခုခု ေသာက္ မလား" Lisa ယဥ္ယဥ္ေက်းေက်းပဲ ျငင္းလိုက္သည္။
"ဘာျဖစ္လို႔လဲ Lili" Lisa က အခုထိ သူမရဲ႕ အၾကည့္ကို ေရွာင္ေနတာေၾကာင့္ ေမးလိုက္သည္။
သတိႀကီးႀကီးနဲ႔ Lisa ေခါင္းေမာ့လိုက္ကာ မျမင္ေစခ်င္တဲ့အရာကို ဖုံးကြယ္ဖို႔အတြက္ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ထားလိုက္သည္။
"ဘာမွ မျဖစ္ဘူး" ပါးစပ္ကို လက္နဲ႔ကာလိုက္ကာ ပိုၿပီျပင္ေအာင္ ေခ်ာင္းဆိုးခ်င္ေယာင္ေဆာင္လိုက္၏။
"ဘာမွမဟုတ္ဘူး ဘာမွမျဖစ္ဘူးဆိုတဲ့ စကားထက္ တျခားဟာ ဘာပဲျဖစ္ျဖစ္ ေျပာပါလား" Jennie တစ္ခ်က္ ႏွာရႈပ္လိုက္ကာ လက္ပိုက္ထားသည္။
Lisa ဆိုသည္မွာ Jennie ခ်စ္ဖို႔ေကာင္းေနရင္ ခံႏိုင္ရည္ ရွိသူ မဟုတ္ေသာေၾကာင့္ အဲ့အျပဳအမႉေလးေၾကာင့္ ရယ္လိုက္ မိသည္။ သူမ ပါးစပ္ကေန ဖြင့္ ရယ္လိုက္တာနဲ႔ ဒဏ္ရာက ဆစ္ခနဲ႔ နာလာသည္။
"အာ... ေသစမ္း" သတိမထားမိပါဘဲ ဒဏ္ရာရတဲ့ေနရာကို ထိလိုက္ မိၿပီး အနာေလ်ာ့သြားမလား ေမွ်ာ္လင့္ကာ ႏိုပ္နယ္လိုက္သည္။ အရမ္းတာေနတာ မဟုတ္တဲ့အတြက္ သူမ ခံႏိုင္ရည္ရွိေပမယ့္ ႐ုတ္တရက္ နာသြားေသာေၾကာင့္ လန႔္သြားျခင္းသာျဖစ္၏။
"Honey ဘာျဖစ္သြားတာလဲ" ေရွ႕ေနမေလးက စိုးရိမ္တႀကီး ေမးလာသည္။ သူမ လက္လွမ္းလိုက္ကာ Lisa မ်က္ႏွာကို လွမ္းကိုင္ရင္း ၾကည့္ၾကည့္လိုက္သည္။ "ဘယ္သူလုပ္လိုက္တာလဲ"
"ဘာမွမျဖစ္ပါဘူး Nini ရဲ႕" သူမ အၾကည့္လြဲလိုက္ကာ "ဒီအတိုင္း ေမ့ထားလိုက္ေနာ္" သူမ ေတာင္းပန္လိုက္၏။
"Lili?"Jennie သူမကို ထုတ္ေျပာဖို႔ တြန္းအားေပးေနတာ မဟုတ္ေပ။ သူမကို အေသးစိတ္ရွင္းျပေစခ်င္ယုံျဖစ္ၿပီး Lisa က သူမကို ပိုယုံၾကည္ေပးပါရန္ ေတာင္းဆိုေနျခင္းျဖစ္သည္။
"Nini ငါအဆင္ေျပတယ္။ တကယ္ေျပာတာ" စိတ္ပူျခင္းေတြက သူမေလးမ်က္ႏွာလွလွေလးေပၚမွာ ေပ်ာက္ကြယ္မသြားေသးေပ။
"ငါ့ကို ေျပာျပေနာ္ ဟုတ္ၿပီလား" Jennie သူမကို ေျဖာင္းျဖသည္။
သူမ သက္ျပင္းခ်လိုက္ကာ ပင္ပန္းစြာ နဲ႔ပဲ ေခါင္းခါမိလိုက္သည္။ သူမ ႐ုပ္ပိုင္းဆိုင္ရာ ထိခိုက္တာကို စိတ္ထဲ မထားေပမယ့္ သူမ ထိန္းခ်ဳပ္ရမယ့္ စိတ္ပိုင္းဆိုင္ရာ ဖိအားေၾကာင့္ ဝမ္းနည္းရသည္။ ၿပီးေတာ့ သူမ ဝမ္းနည္းမႈေတြကို မ်ိဳခ်ေနရၿပီး အလုံးႀကီးကို မ်ိဳခ်ေနရသလို ခံစားေနရတဲ့အတြက္ အသက္ရႈရမွာေတာင္ ခက္လာ၏။
"ငါထိုက္တန္တာ ရခဲ့တယ္ ထင္တာပဲ" သူမ အသံမွာ တုံ႔ဆိုင္းမႈေတြပါလာသည္။ "ကိစၥႀကီး မဟုတ္ပါဘူး Nini ရဲ႕။ ငါအဆင္ေျပပါတယ္" သူမအဆင္ေျပေၾကာင္း ထပ္ခါ ထပ္ခါ ေျပာေနေပမယ့္ သူမ တကယ္ပဲ အဆင္ေျပေနတာလား ဒါမွမဟုတ္ အဆင္ေျပတယ္ဆိုၿပီး သူမကို သူမ ႏွစ္သိမ့္ေပးခ်င္ေနတာလား မေသခ်ာေတာ့ေပ။
"နင္ ဒီလိုမ်ိဳး ဘယ္အရာကိုမွ မထိုက္တန္ဘူး Lisa ။ ဘာျဖစ္လာတာလဲ"
"သူေသသြားတယ္ ငါ့လူနာေလ။ သူအေမက စိတ္လြတ္သြားၿပီး ငါ့ကို ႐ိုက္လိုက္တာ ၿပီးေတာ့ နင္ ျမင္ရတဲ့အတိုင္းပဲ" Lisa ပုခုံး တြန႔္ျပသည္။ "သူ အမွား မဟုတ္ဘူး။ သူလည္း ယူက်ဳံးမရျဖစ္ေနေတာ့ မွ်တပါတယ္"
"ဘယ္ေလာက္ျပင္းျပင္း ႐ိုက္လိုက္တာလဲ။ ျခစ္ရာေတာင္ျဖစ္တယ္"
"သူလက္စြပ္ေၾကာင့္ ျဖစ္မယ္"
"အဆင္မေျပဘူး Lili ရဲ႕" Lisa လက္ဖမိုးကို ပြတ္ေပးလိုက္သည္။ "နင္က-"
"ငါအေကာင္းဆုံး လုပ္ေပးခဲ့တာ သိတယ္။ အရမ္းမစိုးရိမ္နဲ႔ေနာ္ Nini ။ ငါအခု အဆင္ေျပေနၿပီ။ သူျဖတ္သန္းေနရတာထက္ စာရင္ ဘာမွမဟုတ္ဘူး။ ငါ အဲ့အေၾကာင္း မေျပာခ်င္ေတာ့ဘူးဟာ။ ျဖစ္ပ်က္ခဲ့တာက ျဖစ္ခဲ့ၿပီးၿပီဆိုေတာ့ ဘာပဲျဖစ္ျဖစ္ ငါ ျပန္ျပင္ခ်င္တာေတာင္ ျပင္လို႔ မရဘူးေလ"
"နင့္မွာ ၾကင္နာတက္တဲ့ႏွလုံးသားရွိတယ္။ သိတယ္မလား"
"သိတယ္။ နင္ အၿမဲတမ္း သတိေပးေနတာပဲ" သူမ ၿပဳံးလိုက္သည္။
"ဘာလို႔ အိမ္မျပန္တာလဲ။ သြားအိပ္သင့္တာကို" ခဏၾကာေတာ့ Jennie ေမးလာသည္။ သူမတို႔က Jennie ရဲ႕ ဆိုဖာေပၚမွာ ထိုင္ေနတာ ျဖစ္ၿပီး တိတိက်က် ေျပာရရင္ Jennie က ထိုင္ေနကာ Lisa က Jennie ေပါင္ေပၚ ေခါင္းတင္ အိပ္ေနခ်င္းျဖစ္၏။
"ဘာလို႔ဆို နင္အဲ့မွာမွ မရွိတာ" သူမ ဒီအတိုင္းသာ ျပန္ေျဖလိုက္သည္။
*****
"ငါ ၾကည့္ေကာင္းလား" Lisa ဘယ္ႏွစ္ႀကိမ္ေျမာက္မွန္း မသိတဲ့ အေပၚ အက်ႌကို ျပင္တာ လုပ္သည္။
"နင္ ၾကည့္ရတာ တကယ့္ကို လွတယ္။ အခုေတာ္ေတာ့ honey" Jennie နားကပ္တပ္လိုက္သည္။ "နင္ ေနာက္ဆုံး ရႈပ္ေအာင္ လုပ္မိလိမ့္မယ္။ လာေတာ့ ငါတို႔ ေနာက္က်ေတာ့မွာပဲ" Lisa ႏႈတ္ခမ္းကို တစ္ခ်က္နမ္းလိုက္ကာ လက္ကိုင္အိတ္ကို တစ္ဖက္လက္က ကိုင္ရင္ တစ္ဖက္က Lisa လက္ကို လွမ္းဆြဲလိုက္ၿပီး ဦးတည္ရာကို သြားၾကသည္။
သူမတို႔က ၿမိဳ႕လယ္ေခါင္မွာရွိတဲ့ ေဟာ္တယ္မွ က်င္းပတဲ့ Jennie ရဲ႕ေက်ာင္းသားေဟာင္း ေတြ႕ဆုံပြဲကို ကားေမာင္း သြားေနၾကျခင္း ျဖစ္သည္။ Lisa ေနာက္တစ္ခါထပ္ၿပီး အိမ္ျပန္ေနာက္က်ျပန္တာက Jennie ကို စိတ္အေႏွာက္အယွက္ အလြန္ေပးေန၏။ သူတို႔ လြန္ခဲ့တဲ့ နာရီဝက္အလိုကတည္းက ထြက္လာရမွာ ဆိုေပမယ့္ Lisa က အဝတ္အစားဝတ္ဖို႔လိုၿပီး အခု သူတို႔ေတြ ကားပိတ္တာနဲ႔ႀကဳံရျပန္သည္။
"တနဂၤေႏြေန႔ဆိုမွာေတာ့ ကားပိတ္တာ ၾကမ္းမွာေပါ့" Lisa သူမကိုယ္ သူမ ေျပာ၏။ "Chaeyoung ကို ဖုန္းဆက္ၾကည့္ၿပီးၿပီလား။ စေနၿပီတဲ့လား"
"လြန္ခဲ့တဲ့ ဆယ္ငါးမိနစ္ကတည္းက စေနတာတဲ့" Jennie ဖုန္းကို ၾကည့္ေနကာ တျခားစာကို ျပန္စာပို႔ဖို႔ ေစာင့္ေန၏။
"ငါေတာင္းပန္ပါတယ္" Lisa ခရီးသည္ထိုင္ခုံဘက္ကို လွည့္ၾကည့္လိုက္သည္။
"ရပါတယ္။ ငါနားလည္တယ္" Lisa သီခ်င္းအသံကို ျမင့္လိုက္ကာ Jennie စိတ္သက္သာေအာင္လုပ္လိုက္သည္။
စပီကာကေန ထြက္လာတဲ့ အရင္က သီခ်င္းေဟာင္းျဖစ္ၿပီး သံဇဥ္က ၿငိမ့္ေညာင္းေနသည္။
"O is for the only one I see" Lisa သူမကို စသလို သီခ်င္းဆိုကာ သူမကို ရယ္ေအာင္လုပ္သည္။ "V is very, very extraordinary ငါနဲ႔လိုက္ဆိုေလ Nini!"
"Love was made for me and you" Jennie အလယ္ပိုက္ကို လိုက္ဆိုကာ သူမတို႔ရဲ႕ ႐ူးေၾကာင္ေၾကာင္ အျပဳအမႉေၾကာင့္ ရယ္လိုက္မိသည္။
ေလထုအေျခအေနက ပုံမွန္ျပန္ေရာက္သြားတာေၾကာင့္ Lisa စိတ္သက္သာရာ ရသြားသည္။ Jennie လက္ဖမိုးကို နမ္းလိုက္ကာ ပါးမွာကပ္လိုက္ေတာ့ သူမေလးရဲ႕ ေရေမြးအနံ႔က သူမကို ယစ္မူးေစသည္။
ဆယ့္သုံးမိနစ္အၾကာမွာေတာ့ သူမတို႔ သြားခ်င္တဲ့အရပ္သို႔ ေရာက္လာ၏။ Lisa ကားေသာ့ကို ဧည့္ႀကိဳကို ေပးလိုကိသည္။ Jennie က နာမည္ကို ဧည့္စာအုပ္ထဲမွာ ေရးေနတဲ့အခါ သူမက Jennie လက္ကို ကိုင္ဆြဲထားသည္။ သူမတို႔ အမွန္တရလက္ေဆာင္အေနနဲ႔ ခ်စ္ဖို႔ေကာင္းတဲ့ အညိဳေရာင္ဝက္ဝံ႐ုပ္ေသးေသးေလးကို ရခဲ့၏။
Jennie က သူမမွတ္မိသမွ် လူတိုင္းကို ႏႈတ္ဆက္သည္။ Lisa ကိုလည္း သူမရဲ႕လက္တြဲေဖာ္ျဖစ္ေၾကာင္း မိတ္ဆက္ေပးသည္။ Lisa လည္း Jennie ရဲ႕ သူငယ္ခ်င္းေတြကို သူမသူငယ္ခ်င္းေတြလို စကားေျပာႏႈတ္ဆက္သည္။ သူမက စကားဝိုင္းကို စတင္တက္တဲ့ လူမ်ိဳးေတာ့မဟုတ္ေပ။ သူမ ဒီလို စကားေျပာတာက Jennie ရဲ႕ ေကာင္းက်ိဳးတစ္ခုတည္းအတြက္သာျဖစ္၏။ ဒီညက Jennie အတြက္ အေရးႀကီးတဲ့အတြက္ သူမကို ေနာက္က်ေအာင္လုပ္ၿပီး ဖ်က္လိုဖ်က္ဆီး လုပ္ထားမိတဲ့အတြက္ Lisa အေနနဲ႔ အနည္းဆုံး ေဖာ္ေ႐ြတဲ့ ပါတနာ ျဖစ္ေအာင္ေန၏။
Chaeyoung နဲ႔ Irene လည္း ေရာက္ေနသည္။
Jennie သူတို႔ႏွစ္ေယာက္ကို ဖက္ကာ ႏႈတ္ဆက္လိုက္ၿပီး Lisa ကေတာ့ ေႏြးေထြးတဲ့ အၿပဳံးကိုသာ ၿပဳံးျပလိုက္သည္။
ေပါင္းစည္းျခင္း ဆိုတာမ်ိဳးက Lisa လုပ္ေလ့ရွိတာမ်ိဳး မဟုတ္ေပ။ သူမ သိၿပီးသားလူထက္ သူစိမ္းေတြနဲ႔ စကားေျပာဝိုင္းကို ရွည္လ်ားေျပပစ္ေအာင္ လုပ္တာက သူမအတြက္ ခက္ခဲလွသည္။
သူမ Jennie ေက်ာကို ပုတ္လိုက္ကာ သူမ စားစရာတစ္ခုခု သြားရွာမည္ျဖစ္ေၾကာင္း ေျပာလိုက္သည္။ Jennie ေခါင္းညိပ္ယုံသာ ညိပ္ျပၿပီး ပထမႏွစ္အခန္းေဖာ္လို႔ ေျပာတဲ့ ဆံပင္အနီေရာင္ ေကာင္မေလးနဲ႔ စကားဆက္ေျပာေန၏။
"ဆိုေတာ့ အခု Jennie Kim က မိန္းကေလးတစ္ေယာက္နဲ႔ တြဲေနတယ္လို႔ ၾကားတယ္" Lisa စားစရာကို စားမလို႔ ျပင္ေနတုန္းမွာ တန႔္သြားသည္။ "ၾကည့္ရတာေတာ့ သူနာျပဳပဲ။ မဂၤလာေန႔လည္ခင္းပါ Ms. Lalisa Manoban"
သူမ လွည့္ၾကည့္လိုက္ေတာ့ သပ္ရက္သားနားတဲ့ ခပ္ဝဝ ေယာက္်ားတစ္ေယာက္က အေနာက္မွာ ရပ္ေနတာ ေတြ႕လိုက္သည္။ သူမ ေခါင္းေစာင္းလိုက္ကာ ဒီဒိုင္ႏိုေဆာႀကီးကို ဘယ္လို တုံ႔ျပန္ရင္ ေကာင္းမလဲဆိုတာ စဥ္းစားေနသည္။
"နင္သိလား နင္...အမ္ ေျပာခ်င္တာက နင္လိုမ်ိဳးလူနဲ႔ သူအဆင္ေျပသြားမယ္လို႔ တစ္ခါမွ မေတြးဖူးဘူး" ထိုလူက ေစာ္ကားေမာ္ကား သူမကို လာေျပာတာေၾကာင့္ သူမ မ်က္ခုံးၾကဳပ္လိုက္မိသည္။ "သူနာျပဳဆိုကတည္းက အဲ့ေလာက္ ပိုက္ဆံမရွိေလာက္ဘူးဆိုေတာ့" ထိုလူက ႏႈတ္ခမ္းသပ္လိုက္ကာ ဝိုင္ကို တစ္ငုံေသာက္လိုက္သည္။ "သူရဲ႕လိုအပ္ခ်က္ေတြကို ဘယ္လို ျဖည့္ဆည္းေပးလဲဆိုတာ ငါ သိခ်င္မိတယ္။ နင္ ငါေျပာခ်င္တာ သိတယ္ဆိုရင္ေပါ့" ထိုလူက မ်က္စိမွိတ္ျပသည္။ "အိတ္ေလးက လွလိုက္တာ အို ဒီဖိနပ္ေလးကို ၾကည့္ပါဦး။ အျမင္ဖမ္းစားစရာေလး" Jennie ကို ပ်က္ရယ္ျပဳရင္း ႐ြံစရာအသံလုပ္ျပသည္။
Lisa အံ့က်ိတ္လိုက္သည္။ သူမရဲ႕ လက္သီးက အဲ့စက္ဆုပ္ဖြယ္ေကာင္းတဲ့အေကာင္ကို ထိုးဖို႔ အဆင္သင့္ ျဖစ္ေန၏။
"မတန္ဘူး" Jennie က ဘယ္ေနရာကမွန္း မသိ ေရာက္လာကာ သူမလက္ကို ညင္ညင္သာသာ ဆြဲကိုင္လိုက္ရင္း တိုးတိုးေျပာလာသည္။ "သြားရေအာင္" သူမကို သာသာေလး ထိလိုက္ကာ တစ္ျခားလူေတြရဲ႕ အာ႐ုံစိုက္လာတာ မခံရေအာင္ ေတာင္းဆိုလိုက္သည္။
Lisa သူမေနာက္ကို လိုက္လာေပမယ့္ အလယ္မွာရပ္လိုက္သည္။ Jennie အံ့ဩသြား၏။ သူမက Lisa ကို ျဖစ္ႏိုင္သမွ် ျမန္ျမန္ ဒီေနရာကေန ဆြဲေခၚသြားခ်င္မိသည္။ Lisa သူမဘက္ကို လွည့္လာေတာ့ Lisa မ်က္ႏွာေပၚမွာ ေဒါသထြက္ေနတဲ့အရိပ္အေယာင္ မေတြ႕သလို အဲ့အစား Lisa က သူမကို ႏူးႏူးညံညံေလးနဲ႔ အခ်စ္ေတြနဲ႔ ျပည့္ဝေနတဲ့ မ်က္ဝန္းနဲ႔ ၾကည့္လာသည္။
"ငါ ကိုင္တြယ္ပါရေစ" သူမေျပာသည္။ "ငါတို႔ႏွစ္ေယာက္စလုံးကို ေလွာင္စရာ မျဖစ္ေစခ်င္ဘူး" အနည္းဆုံးတစ္ဒါဇင္ေက်ာ္ေလာက္ရွိတဲ့ လူေတြအေရွ႕မွာ သူမ Jennie ပါးကို အသာေလး ပြတ္သပ္လိုက္သည္။
"ဆိုေတာ့ Mr. Ok" သူမ မ်က္ခုံးၾကဳပ္လိုက္ကာ သူရဲ႕ ကုတ္ေပၚက နာမည္ကို ၾကည့္လိုက္သည္။ "ပထမဆုံးအေနနဲ႔ သူနာျပဳဆိုတာက ပေရာ္ဖက္ရွင္နယ္အက်ဆုံး လူေတြပါရွင့္။ ေျပာရရင္ လူႀကီးမင္းက သူတို႔ကို ျပႆနာရွာ မေကာင္းေျပာရင္ေတာင္ သူတို႔က လူႀကီးမင္းကို ကယ္ဖို႔ အသင့္ရွိေနတယ္။ ၿပီးေတာ့ ဒီကလူႀကီးမင္းက Jennie အေၾကာင္း နည္းနည္းေလးေတာင္ နားမလည္ဘူး။ ဒုတိယအေနနဲ႔ ကြၽန္မကို Ms. Lisa Manoban လို႔ေခၚလိုက္တာ နားသိပ္မယဥ္ဘူးျဖစ္ေနတယ္။ ဘာလို႔ဆို လူေတြက ကြၽန္မကို Doctor Lisa Manoban လို႔ေခၚတက္ၾကလို႔ေလ" သူမ ျပန္လွည့္လိုက္ကာ ၿပီးမွာ ျပန္လွည့္ၾကည့္လိုက္ၿပီး ထိုလူနဲ႔ ပိုၿပီး အထက္တန္းဆန္ဆန္နဲ႔ ႏႈတ္ခမ္း သပ္ျပလိုက္သည္။
"အို ၿပီးေတာ့ ေနာက္တစ္ခုက လူႀကီးမင္းအေနနဲ႔ ႏွလုံးနဲ႔ပတ္သတ္ၿပီး ျပႆနာရွိလာရင္ Seoul Trauma Center Hospital ကို လာဆက္သြယ္ပါေနာ္။ အဲ့မွာ ကြၽန္မက တစ္ဦးတည္းေသာ ႏွလုံးအထူးကုခြဲစိတ္ဆရာဝန္ အေနနဲ႔ အလုပ္လုပ္တာဆိုေတာ့ ကြၽန္မ ကူညီႏိုင္မယ္ ထင္တာပဲ" မ်က္ခုံးပင့္ျပလိုက္ကာ မာနႀကီးတဲ့ပုံစံနဲ႔ ၿပဳံးျပလိုက္သည္။
သူမ လက္ကို Jennie ခါးေပၚ တင္လိုက္ကာ လွည့္ထြက္လာသည္။
"နင္ ဘယ္သူနဲ႔ တြဲေနတယ္ဆိုတာ မသိဘူးမလား" သူ တျခားလူေတြ အားလုံးၾကားေအာင္ အက်ယ္ႀကီး ေအာ္ေျပာသည္။ "နင္ ေလာဘႀကီးတဲ့ မိန္းမပ်က္နဲ႔ တြဲေနတာ။ နင္ပိုက္ဆံေၾကာင့္ နင္နဲ႔ တြဲေနတာ ျဖစ္မွာေပါ့ ဒါေပမယ့္ နင့္မွာ ဘာမွ မရွိေတာ့ရင္ နင့္ကို ထားခဲ့လိမ့္မယ္"
Lisa မ်က္ႏွာ ႐ုတ္တရက္ နီရဲလာ၏။ သူမေသြးေတြ ဆူပြတ္လာၿပီး ေဒါသေၾကာင့္ ကိုယ္တစ္ခုလုံးတုန္လႈပ္လာသည္။
"အို ဟုတ္တယ္ နင္ၾကားတာ မွန္တယ္" ထိုလူက သူမတို႔ ရွိရာဆီကို ေလွ်ာက္လာသည္။ "အခုအထိ နားမလည္ေသးဘူးဆိုရင္ Jennie မ်က္ႏွာေပၚက အမာ႐ြတ္က ဘယ္က ရလဲေမးၾကည့္ေလ" ထိုလူႀကီး အသာကုန္ ရယ္ေတာ့သည္။
သူရဲ႕ရယ္သံက တစ္ေနရာက အကူအညီေတာင္းသံ အက်ယ္ႀကီးေၾကာင့္ ရပ္သြား၏။
လူတစ္ေယာက္က ရင္ဘက္ကို ဆုပ္ကိုင္ကာ ၾကမ္းေပၚ လဲက်သြားသည္။
Lisa ေဘးကို လွည့္ၾကည့္လိုက္ေတာ့ Jennie ကို မေတြ႕ေတာ့ေပ။ သူမ လူအုပ္ႀကီးဆီတိုးသြားၿပီး Jennie အဲ့မွာ ရွိေနပါေစလို႔ ေမွ်ာ္လင့္လိုက္၏။
"ေဟး နင္က ဆရာဝန္ေလ။ သူကို ကူညီ" အဲ့ လူယုတ္မာက လွမ္းေအာ္သည္။ Jennie က တံခါးဝကို ထြက္သြားတာကို ျမင္လိုက္ရသည္။
သူမ ေခါင္းေတြ ခ်ာခ်ာလည္လာသလို။ ဘယ္ဟာကို လုပ္ရမလဲ သူမ မသိေတာ့ေပ။
Jennie က နာက်င္ခံစားေနရသလို ၾကမ္းျပင္ေပၚက လူကလည္း သူမကို လိုအပ္သည္။
"သူကို ကူညီလိုက္။ ငါတို႔ Jennie ကို သြားၾကည့္လိုက္မယ္" Irene က သူမေဘးနားေပၚလာကာ သူမလက္ေမာင္းကို ဖြဖြေလး ဆုပ္ကိုင္လာသည္။
Irene က Jennie ကို မွီဖို႔အတြက္ ျမန္ျမန္ေျပးသြားတာေတြ႕လိုက္သည္။ Lisa လည္း လူအိုႀကီးဆီသြားကာ ျမန္ျမန္ စစ္ေဆးလိုက္ၿပီး ေသြးလႊတ္ေၾကာမွာ ေသြးခုန္ႏႈန္း မစမ္းမိေတာ့တဲ့အတြက္ CPR လုပ္သည္။
ဒီညကေတာ့ တကယ္ကို အိပ္မက္ ဆိုး ျဖစ္လာမည့္ပုံပင္။
******
Lisa ဖိနပ္ကိုေတာင္ ကန္ထုတ္ဖို႔ စိတ္မဝင္စားေတာ့ဘဲ အိမ္ထဲဝင္လာသည္။
"Nini" သူမ လွမ္းေအာ္သည္။
Chaeyoung နဲ႔ Ireneလည္း ႐ုတ္တရက္ ဆိုဖာေပၚက ထရပ္လိုက္၏။
"သူ ဘယ္မွာလဲ" Lisa အသက္ရႈ ရပ္ေတာ့မလိုပင္။ သူမ ေျမႀကီးေပၚ ေျခခ်ကတည္းက မရပ္မနား ေျပးလာခဲ့ျခင္း ျဖစ္သည္။
"သူအခန္းထဲမွာ Lisa" Irene သူမကို ပိတ္ရပ္လိုက္သည္။ "သူက မေကာင္းလူမဟုတ္ပါဘူး။ ငါ အဲ့တာေတာ့ အာမခံႏိုင္တယ္။ နင္ ဘာပဲဆုံးျဖတ္ဆုံးျဖတ္ ေသခ်ာစဥ္းစားေစခ်င္တယ္"
"နင္ ဘာေတြေျပာေနတာလဲဆိုတာ ငါ မသိဘူး" Lisa ျဖတ္ေလွ်ာက္လာလိုက္သည္။
သူတို႔ႏွစ္ေယာက္စလုံး Lisa ဝင္သြားတဲ့အခန္းတံခါးကို ေငးၾကည့္ေနၾကသည္။ သူမတို႔ ႏွလုံးသားထဲကေနၿပီး သူမတို႔အခ်စ္ဆုံး သူငယ္ခ်င္းအတြက္ အေကာင္းဆုံးကို ဆုေတာင္းေပးကာ အိမ္ကေန ထြက္လာၾကသည္။
သူတို႔ ဖုန္းကို ကိုင္ထားၿပီး ဘယ္ေတာ့မွ မခ်ထားေပ။ Jennie ကို သြားႀကိဳဖို႔ လိုလာလွ်င္ သူတို႔ ခ်က္ခ်င္း သိႏိုင္ေအာင္ ျဖစ္၏။
*****
"Nini ဘာလုပ္ေနတာလဲ" အဝတ္အစားေတြ ေနရာအႏွံျပန႔္က်ဲေနတဲ့ပုံက Lisa ကို ေျခာက္လန႔္ေစသည္။
"Jennie"
ရႈပ္ဖြ ေနတဲ့ ဆံပင္နဲ႔ မိန္းကေလး တစ္ေယာက္ ေရခ်ိဳးခန္းကေန ထြက္လာ၏။
"Lisa" သူမ တစ္ခ်ိန္လုံးငိုထားမွန္း သိသာေနသည္။ သူမ မ်က္လုံးက နီရဲေနၿပီး ဖူးေယာင္ေနသည္။ သူမရဲ႕ မ်က္ေတာင္ခ်ယ္ေဆးကလည္း မ်က္လုံးနားမွာ ေပက်ံေနသည္။ သူမခ်က္ခ်င္းပဲ သူမသူငယ္ခ်င္းေတြကို ဆဲမိသည္။ Lisa ကို ေပးမဝင္ဖို႔ ေျပာထားရဲ႕သားနဲ႔။
"နင္ ဘာလုပ္ေနတာလဲ" Lisa ေၾကာက္လန႔္မႈအျပည့္နဲ႔ ထပ္ေမးလိုက္သည္။ "နင္ ဘယ္သြားမလို႔လဲ"
"မသိသာလို႔လား Lisa-ah" သူမအသံက အက္ကြဲေန၏။ "တစ္ႏွစ္ရွိသြားၿပီ။ တစ္ႏွစ္ေက်ာ္သြားၿပီ" သူမ က်လာတဲ့ မ်က္ရည္ကို သုတ္လိုက္သည္။
Lisa နားမလည္ေသးေပ။ "ဘာကိုလဲ"
"နင္မမွတ္မိဘူးလား"
'တစ္ႏွစ္ပဲ သမီးေလး'
'သူနဲ႔ တစ္ႏွစ္သိေအာင္လုပ္ ၿပီးမွ သူနဲ႔တကယ္ပဲ အဆင္မေျပဘူးဆိုရင္ အေဖတို႔ ဒီကိစၥကို ထပ္မေျပာေတာ့ဘူး'
'တစ္ႏွစ္အတြင္း ဘာမွ ျဖစ္လာမွာ မဟုတ္ဘူး'
'တစ္ႏွစ္အတြင္း ငါကို နင္ ခ်စ္လာေအာင္ နင္မလုပ္ႏိုင္ဘူးဆိုရင္ နင္ကို ထပ္ေတြ႕စရာ ဘာအေၾကာင္းမွ မရွိေတာ့ဘူး'
"မဟုတ္... မဟုတ္ဘူး မဟုတ္တာ Nini ။ နင္ အဲ့လို မလုပ္ပါနဲ႔။ နင္ ငါ့ကို ထားခဲ့လို႔ မရဘူးေလ" Lisa အနားကပ္ဖို႔ ႀကိဳးစားေပမယ့္ Jennie ေျခလွမ္း ျပန္ဆုတ္လိုက္သည္။
Jennie ရဲ႕ အျပဳအမႉေၾကာင့္ သူမ လည္ပင္းကေနတစ္ဆင့္ ေက်ာ႐ိုးအထိ ေၾကာက္႐ြံမႈေၾကာင့္ ခိုက္ခိုက္တုန္တာကို ခံစားလိုက္ရသည္။
"အေပးအယူက ၿပီးသြားၿပီ Lisa-ah" Jennie ခက္ခက္ခဲခဲ တံေတြးမ်ိဳခ်လိုက္၏။ "ငါအထင္ အခုက ကိုယ့္လမ္း ကိုယ္ေလွ်ာက္ရမယ့္ အခ်ိန္ေလ" သူမ ခါးခါးသပ္သပ္ပဲ ၿပဳံးျပလိုက္သည္။
"မဟုတ္ဘူး" Lisa ေသခ်ာ ေျပာသည္။ "မဟုတ္တာ" သူမ ေျခလွမ္းတိုးလာသည္။ ေနာက္တစ္ႀကိမ္ပဲ Jennie ထပ္ ေနာက္ဆုတ္သြား၏။
"သူေျပာတာ နင္မၾကားလိုက္ဘူးလား" Jennie ေအာ္လိုက္၏။ သူမ ရမ္းကား ၾကမ္းတမ္းေနသလို နာက်င္ေနျပန္သည္။ Lisa ရွိေနတာက အရာအားလုံး ပိုဆိုးေအာင္ လုပ္ေနသလိုပင္။
"သူက နင့္အေၾကာင္း ဘာမွ မသိဘူး"
"သူအားလုံးကို သိတယ္ Lisa ရဲ႕။ သူ အားလုံးကို သိတယ္ ဒါေပမယ့္ နင္မသိဘူး" သူမ ရင္ဘက္က အရမ္း နာက်င္လာၿပီး ငိုေတာ့သည္။
"ဘာကို ေျပာေနတာလဲ" Lisa လည္း ကိုယ္တိုင္ မ်က္ရည္ဝဲလာတာကို လ်စ္လႉရွထားသလို သူမရဲ႕အသက္ရႈသံလည္း ျပင္းထန္လာ၏။
"သူ ငါ့အေၾကာင္းေျပာတာေတြက အားလုံးအမွန္ေတြ ခ်ည္းပဲ။ ငါ ေက်ာင္းတက္တုန္းက ရည္စားမ်ားတယ္။ ငါမွာ ရည္စားေကာင္ေလးေတြအမ်ားႀကီး ရွိတယ္။ လက္ညိဳးတစ္ခ်က္ၫႊန္ယုံနဲ႔ သူတို႔အားလုံးကို ရႏိုင္တယ္။ အဲ့အ႐ူးေတြကို ငါလိုခ်င္တာ ေပးဖို႔ အယုံသြင္းရတာ အလြယ္ေလးပဲ" Lisa ကို အေဝးတြန္းထုတ္ႏိုင္ေအာင္ Lisa သူမကို ႐ြံသြားေအာင္ လုပ္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ သူမ ခ်ဲကားေသာ အျပအမႉနဲ႔ ေျပာ၏။
သူမရဲ႕ ဝန္ခံမႈေၾကာင့္ Lisa မွင္သက္သြားသည္။
"တစ္ေန႔ ငါ ရည္စားေဟာင္းနဲ႔ နမ္းေနရင္း သူနဲ႔ sex လုပ္ဖို႔ အတင္းအက်ပ္ခိုင္းတယ္။ ငါ သူ႔ကို ျငင္းေတာ့ ဒီအမာ႐ြတ္ကို ရခဲ့တာပဲ" Jennie သူမ ညာဘက္ ပါးေပၚက မိတ္ကပ္ကို သုတ္ပစ္ဖို႔ အတင္းပြတ္၏။
"သူ ငါ့ကို ကုတ္လိုက္တာ။ အဲ့တာေၾကာင့္ ငါ ႏွစ္ဆယ့္ေလးနာရီ ခုႏွစ္ရက္ပတ္လုံး မိတ္ကပ္လိမ္းထားတာ။ အဲ့မွတ္ဉာဏ္ေတြ ဖုံးကြယ္ဖို႔ New Zealand ကေန Seoul ကို ေျပာင္းလာခဲ့တာ။ ကဲ အခုေတာ့ ငါေနာက္ကို ထပ္လိုက္လာျပန္ၿပီ။ သူ ဒီညပြဲမွာ ဘယ္က ဘယ္လို ေပၚလာတာလဲ ဆိုတာ ငါလည္း မသိဘူး။ ကံၾကမၼာဆိုတာ ေတာ္ေတာ္ ဆိုးတာပဲ မဟုတ္လား" သူမ ေၾကကြဲေနတဲ့ ႏွလုံးသားနဲ႔ ေျခာက္ကပ္ကပ္ရယ္လိုက္သည္။
တိတ္ဆိတ္မႈက သူတို႔ကို ဝါးမ်ိဳသြားသည္။
ေနာက္ဆုံးမွာေတာ့ Lisa ဖိနပ္အသံေၾကာင့္ ၾကမ္းျပင္ရဲ႕ တစ္ရွပ္ရွပ္အသံကို စတင္ ၾကားရေတာ့သည္။
သူမက စကားတစ္ခြန္းေတာင္ မေျပာေတာ့ဘဲ ျပန႔္က်ဲေနတဲ့ အဝတ္အားလုံးကို လက္ဆြဲေသတၱာ ထဲ ထည့္ကာ ဇစ္ပိတ္လိုက္သည္။
Jennie ေနရာမွာပဲ ေအးခဲသြားသလိုပင္။
Lisa က လက္ဆြဲေသတၱာကို အခန္းအျပင္ဘက္ ဆြဲထုတ္သြားသည္။ လြန္ခဲ့တဲ့ နာရီအနည္းငယ္ကတည္းက သူမပုခုံးေပၚ ထမ္းထားရတဲ့ ဝန္ေၾကာင့္ သူမေျခေထာက္ေတြ မရပ္ႏိုင္ေတာ့ေခ်။
သူမ ၾကမ္းျပင္ေပၚ ပုံက်လဲက်သြားသည္။
ဒါက သူမ လိုခ်င္တာပဲ မဟုတ္ဘူးလား။ Lisa သူမကို မုန္းေအာင္လုပ္ၿပီး သူမအရင္ ထြက္သြားႏိုင္ေအာင္ေလ။
ဒါဆို Lisa သူမကို ႏွင္ထုတ္ေတာ့ ဘာလို႔ အဲ့ေလာက္ေတာင္ နာက်င္ရတာလဲ။
--------------------------------------------------------------
Date-10.8.2021
-အပ်င္းႀကီးတဲ့ LeoN
နည္းနည္းရႈိ႕ေပးတာ။။
=======================================