Unicode
ဤဆက်ဆံရေးကြောင့် ကျန်းယွမ်ပိုင်ဟာ ရှီပုဖန်ရဲ့နာမည်ကို ကြားလိုက်ရတဲ့အချိန်တိုင်း စိတ်လှုပ်ရှားလာ၏။ ထမင်းစားပွဲမှာ ထုံးစံအတိုင်း သူ့အဖေက မေးလာသည်
“ ဒီနေ့ရော ရှီပုဖန်ရန်ဖြစ်သေးလား? မင်းကရော သူနဲ့ ဘာတွေလုပ်နေတာလဲ? မင်းတို့ကောင်တွေ ကျောင်းစည်းကမ်းရော ချိုးဖောက်ခဲ့ကြသေးလား? ”
ကျန်းယွမ်ပိုင်ကလည်း ထုံးစံအတိုင်း သာမန်ကာလျှံကာပဲပြန်ဖြေပြီးတော့ သူ့ခေါင်းကိုသာ တိတ်တဆိတ်ခါယမ်းလိုက်သည်။ သူ့မားက သူ့ပန်းကန်ထဲ ဟင်းတွေထည့်ပေးလိုက်တော့ သူ စားစရာကိုသာ ပါးစပ်ထဲထိုးသွတ်နေလိုက်သည်။ ကျန်းယိုရှို့က ရုတ်ခြည်း သူ့ကိုမော့ကြည့်လာသည်။
နောက်နေ့မနက် ကျန်းယွမ်ပိုင်က သူ့ပစ္စည်းတွေထည့်ပြီး သွားခါနီးမှာ ကျန်းယိုရှို့က ရုတ်တရက် သူ့အား လှမ်းခေါ်လာသည်။
“ ကော ကျွန်တော့်ကိုစောင့်ပါအုံး”
သူမြန်မြန်သွက်သွက် မျက်နှာသစ်သွားတိုက်လိုက်ကာ သူ့ရဲ့စက်ဘီးကိုတွန်းရင်း ကျန်းယွမ်ပိုင်ကို စကားဆိုလိုက်သည်။
“ ကျွန်တော် ကောကိုကျောင်းလိုက်ပို့ပေးမယ်”
ကျန်းယိုရှို့က သူ့ကျောင်းကိုသွားဖို့ဆိုရင် ကျန်းယွမ်ပိုင်၏ကျောင်းကို ဖြတ်သွားရသည်။ သူက လူတွေ သူ့စက်ဘီးကို ဖျက်စီးမှာအား မကြောက်သည့်အတွက် ဘယ်သောအခါမှ ကျန်းယွမ်ပိုင်နဲ့အတူ ဘတ်စ်ကားပေါ်မှာ တိုးကြိတ်ရင်းမသွားလေဘူး။ နေ့တိုင်း သူဟာ အိပ်ရာပေါ်ကနေထဖို့အချိန်ဆွဲနေတတ်ပြီး ကျောင်းတက်ခါနီးမှအချိန်ကွက်တိ ကမန်းကတန်းသွားတာဖြစ်သည်။
ကျန်းယွမ်ပိုင်က ကျန်းယိုရှို့ရဲ့စက်ဘီးနောက်ကနေ လိုက်စီးခဲ့၏။
ကျန်းယိုရှို့က ကျန်းယွမ်ပိုင်အား ကျောင်းဆီ သယ်သွားပေးပြီးနောက် အနောက်လှည့်ကာ မေးလိုက်သည်။
“ ကော ဒီညနေခင်း ကိုယ်ပိုင်စာကြည့်ချိန် ရှိသေးလား”
“ သိပ်မသေချာသေးဘူး ဘာဖြစ်လို့လဲ”
“ ကော အဲ့အတန်းချိန်ကိုတက်မယ် မတက်ဘူးဆိုတာ ကျွန်တော့်ကို စာပို့ထားလိုက်နော်။ ကျွန်တော်အခုသွားတော့မယ်”
ကျန်းယွမ်ပိုင်က ဤသည်မှာ ယိုရှို့က ဒီတိုင်းမးလိုက်တယ်လို့ပဲတွေးလိုက်ပေမဲ့ ကျန်းယိုရှို့ထွက်သွားတဲ့အထိ အဲ့နေရာမှာရပ်နေလိုက်သည်။ သူအကျင့်ပါနေကျအတိုင်း ဖုန်းကိုထုတ်ကာ အချိန်ကြည့်ဖို့လုပ်လိုက်တော့ ရှီထဲ့ဖန်မှ သူ့အားပို့ထားတဲ့စာနှစ်စောင်ကို တွေ့လိုက်သည်။
ရှီထဲ့ဖန် : မင်းဘာလို့ခုထိထွက်မလာသေးတာလဲ
ရှီထဲ့ဖန် : ?
“?”
ကြည့်ရတာ ရှီပုဖန်က ကျန်းယွမ်ပိုင်ပြန်ဖြေတာကိုစောင့်ဖို့ စိတ်မရှည်တော့လို့ထင်သည်၊ ကျန်းယွမ်ပိုင် စာပြန်ဖို့ မနှိပ်နိုင်သေးခင်မှာဘဲ ရှီပုဖန်က ဖုန်းခေါ်လာ၏
“မင်းဒီနေ့အိပ်ရာထနောက်ကျလို့လား”
“ မဟုတ်ဘူး” ကျန်းယွမ်ပိုင် အဲ့တော့မှတစ်ခုခုကို သတိရသွားပြီး ဆိုလိုက်သည်
“ မင်းငါ့ကိုကြိုဖို့အတွက် ငါ့အိမ်ကို ရောက်နေပြန်တာလား”
“ မင်းဘယ်လိုထင်လဲ”
ရှီပုဖန်က မနက်စာကို သယ်ထားပြီး လမ်းပလက်ဖောင်းပေါ်မှာရပ်နေကာ တိုက်ခတ်လာတဲ့လေအေးတွေကြောင့် စိတ်အခြေအနေဆိုးရွားနေလျက်
“ မင်းဘယ်မှာလဲ”
“ ဒီနေ့ ငါ့ညီလေးက စောစောနိုးတာနဲ့ သူငါ့ကိုလိုက်ပို့ပေးတာ။ ငါ့ကိုလာမကြိုပါနဲ့လို့ မင်းကို ငါမပြောခဲ့ဘူးလား” နောက်ဆုံးနေရာလေးကို ပြောလိုက်တဲ့အချိန်မှာ သူ့လေသံက အင်မတန်ကို နူးညံ့နေလေသည်။
အရင်တုန်းက သူဘတ်စ်ကားစီးဖို့အတွက် ဆန့်ကျင်ဘက်အရပ်ကို လမ်းလျှောက်သွားဖို့လိုလေသည်။ သို့သော်ငြား ဒီနေ့မှာတော့ သူကျောင်းကို စက်ဘီးနဲ့လာဖြစ်သွားတာမို့လို့ သူတို့ ဘတ်စ်ကားဂိတ်ဘက် သွားစရာမလိုပေ။ သူတို့ ရှီပုဖန်ကို အဲ့နေရာမှာစောင့်နေစေရတဲ့အတွက် အပြစ်ရှိသလို ခံစားနေရသည်။ တစ်ဖက်ကပြန်ပြောတာကို သူကြားလိုက်တဲ့အခါမှာတော့ ရှီပုဖန်က စိတ်ဆိုးနေမှန်း သူသိလိုက်သည်။
“ ဒီကိုလာခဲ့ ကိုယ်မင်းအတွက်မနက်စာဝယ်ထားတယ်”
“ ဒီကိုလာပြီး ကိုယ့်ကိုလာကြို”
“…” ကျန်းယွမ်ပိုင် ဖုန်းမှ အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ဒေါသူပုန်ထမှုကြောင့် ရှော့ခ်ရသွားရသည်
“ တကယ်လို့ငါအဲ့ကိုလာရင် ငါ ကျိန်းသေပေါက် နောက်ကျသွားလိမ့်မယ်”
“ ကိုယ်ဂရုမစိုက်ဘူး” ရှီပုဖန်ပြောလိုက်၏
“ ဒီကိုလာပြီး ကိုယ့်ကိုလာကြို မဟုတ်ရင် ကိုယ်အတန်းထဲမှာ ကိုယ်တို့ရဲ့အိမ်စာကို လက်တွေ့လုပ်ပစ်မယ်”
“ …” ကျန်းယွမ်ပိုင် သူ့ခေါင်းကွဲထွက်တော့မယောင် ခံစားနေရသည်။ သူ အခုချက်ချင်းဘတ်စ်ကားစီးသွားရင်တောင် သေချာပေါက် အချိန်မီပြန်ရောက်နိုင်မှာ မဟုတ်ပေ။ သူပတ်လည်ကိုလိုက်ကြည့်လိုက်တော့ စုန့်မော့က မနက်စာအားကိုင်ကာ လာနေတာကို တွေ့လိုက်ရသည်။ ကျန်းယွမ်ပိုင် သူ့ဆီ အပြေးလေးသွားလိုက်ပြီး
“ ငါ့ကိုမင်းစက်ဘီးလေးငှားပေးစမ်းပါ”
စုန့်မော့က ကားမူးတတ်တာမို့ သူက အများအားဖြင့် ကျောင်းကိုစက်ဘီးနဲ့လာလေ့ရှိသည်။ ကျန်းယွမ်ပိုင် စုန့်မော့လက်ထဲမှ သော့ကို ယူလိုက်ကာ စုန့်မော့ကလည်း စက်ဘီးကို သူ့ဆီလက်လွှဲပေးရင်း မေးလိုက်သည်
“ မင်းဒီလောက်အပြေးအလွှားနဲ့ ဘယ်သွားမို့လဲ”
“ ငါမေ့ကျန်ခဲ့တာလေးရှိလို့”
“အဲ့ဒါက အရမ်းအရေးကြီးလို့လား”
ကျန်းယွမ်ပိုင်လေဒဏ်ကနေ သက်သာစေဖို့အတွက် ဘေးဘက်မှ သိုင်းကြိုးနှစ်ခုအား ဆွဲရင်း စက်ဘီးစီးဦးထုပ်ကို ဆောင်းလိုက်ကာ မျက်ရည်ဝိုင်းနေသောမျက်ဝန်းလေးများဖြင့် စုန့်မော့ကို ပြန်ဖြေလိုက်၏
“ အရမ်းအရေးကြီးတယ်”
စုန့်မော့ ခပ်မြန်မြန်ပြောလိုက်သည်
“ ဒါဆိုလဲ လမ်းမှာဂရုစိုက်အုံးနော်။ ငါ မင်းအတွက် မနက်စာဝယ်ထားပေးရအုံးမလား”
“ ရတယ် မဝယ်နဲ့တော့” ကျန်းယွမ်ပိုင် ခြေနင်းကိုနင်းကာ အလောတကြီး တဟုန်ထိုးထွက်သွားတော့သည်။
ရှီပုဖန် အနီးနားမှ သံဘူးကိုခြေထောက်နဲ့ကန်လိုက်ပြီး မျက်နှာက မှုန်မှိုင်းနေလျက်။ သူ သူ့သူငယ်ချင်းလေးက လာခေါ်ဖို့အတွက် နေ့တိုင်းစောစောထခဲ့ပေမဲ့ ဒီနေ့မှာတော့ လွဲချော်ခြင်းနဲ့ အဆုံးသတ်သွားရသည်။ ဘယ်သူမဆို ဒီလိုဖြစ်ပျက်သွားရင် မပျော်မရွှင်ဖြစ်ကြမှာပင်၊ အထူးသဖြင့် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အတည်ပြုပြီးတဲ့အခါမှာပေါ့။ ဒီနေ့ ကျန်းယွမ်ပိုင်ကသူ့ကိုမတ်တပ်ရပ်စောင့်နေစေခဲ့၏၊ သူအတော်လေးသတ္တိရှိနေတာပဲ။
သူ ဆယ်မိနစ်လောက်စောင့်ပြီးတော့ ကျန်းယွမ်ပိုင်က သူ့မြင်ကွင်းထဲပေါ်လာသည်။ ဦးထုပ်က သူ့နားရွက်တွေနှင့် ဆံပင်အနည်းငယ်ကို ဖုံးအုပ်ထားလျက်။ ရှီပုဖန် သူ့နဖူးရှေ့ရှိ ဆံပင်ကောက်လေးအနည်းငယ်ကိုသာ မြင်နိုင်ပြီး ဦးထုပ်မှ သူ့ဆံပင်တွေအား မရှိတော့သလိုဖုံးထားတဲ့အတွက် ကျန်းယွမ်ပိုင်ကို ထိပ်ပြောင်နေတဲ့ပုံပေါက်သွားစေသည်။ အချို့လူတွေအတွက်ကတော့ ယင်းက လွန်စွာ ရုပ်ဆိုးသွားစေလိမ့်မည်။ သို့ပေတည်း ကျန်းယွမ်ပိုင်အတွက်ကတော့ ခြားနားသွားသည်၊ နံနက်ခင်းလေအေးတွေကြောင့် ဖြစ်လာတဲ့ သူ၏ဖျော့တော့တော့နှုတ်ခမ်းလေးမှ လွဲရင်ပေါ့။
သူစက်ဘီးရပ်လိုက်တာနဲ့ ချက်ချင်းအမောတကော အသက်ရှူနေရသည်။
“ မြန်မြန်လေး ..မြန်မြန်တက် ငါတို့နောက်ကျတော့မယ်”
သူ့ကိုမြင်လိုက်တာနဲ့ ရှီပုဖန်၏ဒေါသတွေက ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ ကျန်းယွမ်ပိုင်၏အမိန့်အတိုင်းလိုက်နာကာ စက်ဘီးပေါ်တက်လိုက်သည်။ သူတို့ကျောင်းကိုရောက်သွားတဲ့အချိန်မှာတော့ ရီမုနဲ့ အဖွင့်အပိတ်လုပ်ရတဲ့ကျောင်းတံခါးက ဖြည်းညင်းစွာပိတ်နေပြီဖြစ်သည်။ ကျန်းယွမ်ပိုင်ပါးဖောင်းကာ အရှိန်တင်လိုက်ပြီး ခေါင်းလောင်းမြည်သံနဲ့ကွက်တိ ဝင်ရောက်သွားသည်။
ကျန်းယွမ်ပိုင် သူ့ဘဝမှာ ဒီလိုစာသင်ခန်းထဲ အပြေးအလွှားလာရတာမျိုး မကြုံဖူးသလောက်ပင်။ လောင်ရှီးက မရောက်သေးပင်၊ စုန့်မော့ကသ က်ပြင်းချပြီး သူ့ကိုမေးလိုက်သည်
“ မင်းရဲ့ပစ္စည်းကိုရခဲ့…”
သူပြောလို့မပြီးသေးခင်မှာပဲ သူ ကျန်းယွမ်ပိုင်၏နောက်ရှိ ရှီပုဖန်ကို တွေ့လိုက်ရသည်။ ကျန်းယွမ်ပိုင်သွားယူတဲ့“ပစ္စည်း”ဆိုတာကို သတိရလိုက်ပြီးနောက် စုန့်မော့ တစ်မဟုတ်ချင်း သူစကားလုံးတွေကို မျိုချလိုက်ပြီး ကျန်းယွမ်ပိုင်ကို သနားညှာတာမှုဖြင့် ကြည့်လိုက်သည်။
ကျန်းယွမ်ပိုင်သော့ပြန်ပေးလိုက်ကာ စားပွဲပေါ်မှာ မှောက်လိုက်ပြီး သူ အသက်ဆက်ရှင်စရာအကြောင်းရင်း မရှိတော့သလိုမျိုး သက်ပြင်းချလိုက်၏။
တစ်စုံတစ်ယောက်နဲ့ ဟန်ဆောင်တွဲရတာအရမ်းပင်ပန်းတာပဲ။ အဲ့တော့ သူ တစ်ယောက်ယောက်နဲ့ တကယ်တွဲတယ်လို့ တွေးကြည့်လိုက်စမ်းပါ?
သူနားနေတဲ့အချိန်မှာ ရှီပုဖန်က အနွေးဓာတ်အား ဆုံးရှုံးသွားပြီဖြစ်တဲ့မနက်စာကို ထိကြည့်လိုက်သည်။ သူ ယဲ့လျန်အား ယင်းကို သူ့အစား အမှိုက်ပုံးထဲထည့်ခိုင်းလိုက်သည်။
ကျောင်းက မနက်စာအတွက် 5:30ကနေ 8:30အထိ ထောက်ပံ့ပေးထား၏။ တစ်ညလုံး စာလေ့လာတဲ့ဂျူနီယာလေးတွေ ရှိတတ်တာမို့ ကျောင်းက ညလယ်စာလည်း ထောက်ပံ့ပေးလျက်ရှိသည်။ သို့ရာတွင် တိတိကျကျသတ်မှတ်ထားတဲ့အချိန်တွေ ရှိသည်၊ အဆုံးမှာတော့ ကန်တင်းမှလူတွေလည်း အနားယူဖို့လိုလေသည်။ ရှီပုဖန်က ရုတ်တရက် ကျန်းယွမ်ပိုင်ကို မေးလိုက်သည်။
“ မင်းမနက်စာစားပြီးပြီလား”
“ ငါမနက်စာစားဖို့ ဘယ်မှာအချိန်ရှိလို့လဲ” ကျန်းယွမ်ပိုင် စောဒကတက်လိုက်သည်။ သူ ကျန်နေတဲ့အချိန်တွေကို ရှီပုဖန်ကို သွားခေါ်ရင်း သုံးလိုက်ရသည်လေ။
မနက်ပိုင်းစာကြည့်ချိန်မပြီးသေးခင်မှာ ရှီပုဖန်က အတန်းအပြင်ကို ထွက်သွားလေသည်။ အတန်းနားချိန်မှာတော့ သူအတန်းထဲကို ပူနွေးပြီးအရသာရှိတဲ့ဖက်ထုပ်တစ်ဘူးသယ်လာပြီး ကျန်းယွမ်ပိုင်အားပေးလိုက်ကာ
“ ဒီမှာ မင်းအတွက်ဆု”
ကျန်းယွမ်ပိုင်ချက်ချင်းမတ်မတ်ထိုင်လိုက်ကာ ရှီပုဖန်၏အကြည့်ကို လိုက်ရင်း မေးလိုက်သည်
“ မင်း နံရံကျော်တက်ပြန်ပြီလား”
“ မင်းက ဘာတွေကြောက်နေတာလဲ။ မင်းက ကိုယ်နဲ့တူတူသွားတာလဲ မဟုတ်ဘဲနဲ့”
ရှီပုဖန် မေးဆတ်ပြရင်း ပြောလိုက်သည်
“မြန်မြန်စားလိုက်တော့။ အတန်းစတော့မယ်”
သူတို့ဘေးပတ်လည်မှလူတွေက ဒါကို ရှင်းရှင်းလင်းလင်းကြားလိုက်ရပြီး သူတို့အားလုံး ဘေးနားက လူနှင့်အတူ အတင်းစပြောကြတော့သည်။ နှစ်မိနစ်အတွင်းမှာပဲ သတင်းပြန့်သွားပြီး လူတိုင်း၏အကြည့်က ကျန်းယွမ်ပိုင်ပေါ် ဆိုက်ရောက်လာသည်။
ကျန်းယွမ်ပိုင်နှင့်ရှီပုဖန်ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေမှန်း သူတို့သိသော်ငြား သူတို့ဆက်ဆံရေးက ဘယ်လောက်တောင်ကောင်းတာလဲ? ရှီပုဖန်က ကျန်းယွမ်ပိုင်အတွက် စားစရာဝယ်ပေးဖို့ နံရံကိုတောင်ကျော်တက်လေသည်။ ရှီပုဖန်နံရံကို ကျော်တက်တာကြောင့် နှစ်ယောက်သား အတန်းအပြင်ဘက်မှာ မတ်တပ်ရပ်နေရတာကို သူတို့ပြန်သတိရသွားကြ၏။ တစ်ယောက်က အတင်းစပြောလိုက်သည်
“ နောက်ဆုံးတစ်ကြိမ်တုန်းကလည်း သူ ကျန်းယွမ်ပိုင်အတွက် စားစရာသွားဝယ်တာပဲလား မသိဘူး?”
“ ရှီပုဖန်က ကျေးဇူးကြွေးပြန်ဆပ်တဲ့နေရာမှာ တော်တာပဲ…”
“ ဘာလို့ ငါလဲ ရှီပုဖန်အတွက် လူနာတင်ယာဉ်ခေါ်ပေးဖို့အခွင့်အရေးတစ်ခုလောက် မရလိုက်ရတာလဲ။ ကျန်းယွမ်ပိုင် ကောင်းကောင်းဆက်ဆံခံနေရတဲ့ပုံကို ကြည့်လိုက်ပါအုံး!”
မနာလိုဖြစ်နေကြတာက အတန်းထဲမှာ တစ်ယောက်နှစ်ယောက် မကလေဘူး။ အဆုံးမှာတော့ ကျောင်းအပြင်က အစားအစာတွေကို မကြိုက်တဲ့သူ ဘယ်သူရှိမှာလဲ။ သို့ပေတည်း သူတို့က ရှီပုဖန်လို သတ္တိရှိရှိမလုပ်ရဲကြဘူးလေ။ သူတို့က ကျောင်းစည်းကမ်းဖောက်ဖျက်မိမှာကို ကြောက်ရွံ့ကြတာကြောင့် သူတို့အတွက် ဒီလိုလုပ်ပေးမည့်သူတစ်ယောက်ရှိရင် အလွန့်အလွန်ဝမ်းသာပီတိဖြစ်ကြမှာပင်!
သို့ပေမဲ့ ကျန်းယွမ်ပိုင်ကတော့မစားရဲလေဘူး။ သူနူးညံ့စွာပြောလိုက်သည်
“ ငါတို့ကို အတန်းထဲမှာ စားခွင့်မပြုထားဘူးလေ”
“ မင်းဘာတွေကြောက်နေပြန်တာလဲ” ရှီပုဖန်က ဖက်ထုပ်တွေထည့်ထားတဲ့အိတ်ထဲမှ တစ်စုံတစ်ခုအားထုတ်ကာ ယင်းကို လှုပ်လိုက်၏။ သူ ၎င်းကို ခုံတွေကြားထဲဖျန်းလိုက်ပြီး တစ်ခန်းကို လိုက်ဖျန်းပြီးနောက် ပြန်လာလိုက်သည်။ အခန်းက ရေမွှေးနံ့ပြင်းပြင်းနဲ့ ပြည့်နှက်နေပြီး တစ်စုံတစ်ယောက်က ရေမွှေးရဲ့Brandကို ခွဲခြားသိသွားကာ အလန့်တကြားရေရွတ်လိုက်မိသည်။
“ ရှီပုဖန်က တကယ်ကိုချမ်းသာတာပဲ!”
ကျန်းယွမ်ပိုင်က ရှီပုဖန်ကိုရှုပ်ထွေးမှုဖြင့် စိုက်ကြည့်လိုက်တော့
“တစ်ယောက်ယောက်ကသာ မတိုင်ရင် လောင်ရှီးလဲ သိမှာမဟုတ်ဘူး”
နောက်ဆုံးမှာတော့ လူတိုင်းက ရှီပုဖန်ဟာ ဖက်ထုပ်အနံ့ကို ရေမွှေးနှင့် ဖုံးလိုက်မှန်း နားလည်သွားကြသည်။ ရှီပုဖန်က အတန်းထဲမှလူတိုင်းကို စိုက်ကြည့်လိုက်ပြီး လူတိုင်းကလည်း ရှီပုဖန်ပြောတာကို ကြားလိုက်တဲ့အခါ အကြည့်ပြန်လွှဲသွားကြသည်။
“ တစ်ယောက်ယောက်ကသာ အတို့အထောင်လုပ်ရဲရင် ငါ သူတို့ကိုရိုက်ပစ်မယ်။ တကယ်လို့ ငါတရားခံကိုမရှာနိုင်ရင် လူတိုင်းကိုရိုက်ပစ်မယ်”
လူတိုင်းပြောစရာစကားပျောက်သွားရလျက်။
မင်းဘာလို့ဒီလောက်ရဲတင်းနေရတာလဲ?
ချုံးကျင့်နှင့် မင်မိုင့်တို့က ခုံပေါ်မှာ လှဲနေကြသည်၊ မျက်လုံးတွေအား တိတ်တဆိတ်ပိတ်ထားလျက်။ ယဲ့လျန်ကတော့ ခေါင်းမော့လာပြီးနောက် ပြန်ငုံ့သွားကာ မရယ်မိအောင်ထိန်းထားရသည်။
ကျန်းယွမ်ပိုင် တုံ့ဆိုင်းနေတုန်းမှာပဲ ရှီပုဖန်က သူ့ကိုခြိမ်းခြောက်လာတာအား ကြားလိုက်ရသည်။
“ မင်းမစားဘူးဆိုရင် ကိုယ် မင်းကိုလဲရိုက်ပစ်မယ်”
ရှီပုဖန်က ယင်းကိုပြောလိုက်တဲ့အချိန် ရှီပုဖန်က သူ့ကိုယ်သူသာ အပြစ်တွေပုံချနေမှန်း တစ်ယောက်ယောက်က ချက်ချင်း သတိပြုမိသွားသည်။ တစ်ယောက်ယောက်က လောင်ရှီးကို အတို့အထောင်သွားလုပ်ရင်တောင် သူက ကျန်းယွမ်ပိုင်ကို အတင်းအကျပ်စားခိုင်းမှန်း လောင်ရှီးသိသွားလိမ့်မည်ပင်။
ကျန်းယွမ်ပိုင်ကတော့ သတိမပြုမိသေးပင်။ ရှီပုဖန်က တစ်ယောက်ယောက်ကိုရိုက်မဲ့အကြောင်းကိုကြားတိုင်း သူအမှန်တကယ်ပင် ကြောက်လန့်မှုကြောင့် စတင်တုန်ယင်လာသည်။
ကျန်းယွမ်ပိုင်ဘူးအဖုံးကို ဖွင့်လိုက်တော့ လေပူတွေက သူ့မျက်နှာကိုလာရောက်ရိုက်ခတ်လျက်။
သူမိနစ်အနည်းငယ်လောက်တုံ့ဆိုင်းနေမိတဲ့အတွက် သူစားဖို့အချိန်မလောက်တော့ပေ။ ကျန်းယွမ်ပိုင်ဖက်ထုပ်တစ်ခုကိုတူနဲ့ညှပ်လိုက်ပြီး ယင်းအား မှုတ်ကာ လူတိုင်း၏စောင့်ကြည့်နေတဲ့အကြည့်တွေအောက်မှာပင် ပထမဆုံးတစ်ခုကို စားလိုက်သည်။ အဲ့နောက်မှာတော့ သူစိတ်အားထက်သန်စွာဖြင့်ပင် ဒုတိယတစ်ခုကို တူနဲ့ထပ်ညှပ်လိုက်သည်။ လောင်ရှီးအတန်းထဲဝင်မလာခင် သူပြီးအောင်စားဖို့လိုသည်။
ဒါကိုမြင်တော့ ရှီပုဖန်၏မျက်ခုံးတွေ တွန့်ချိုးသွားသည်။ ရုတ်တရက် သူ ပျင်းရိနေတဲ့ဝက်နှစ်ကောင်ရဲ့ခုံတွေကို ကန်လိုက်တော့ ချုံးကျင့်က ချက်ချင်းမတ်တပ်ထရပ်ကာ မေးလိုက်သည်။
“ ဘာဖြစ်လို့လဲ”
“ မင်းတို့ကောင်တွေ လှေကားနားမှာ သွားထိုင်ပြီး လျန်လောင်ရှီးလာမှာကို သွားတားထားလိုက်” ၎င်းကိုပြောပြီးနောက် သူကျန်းယွမ်ပိုင်ဘက်လှည့်ကာ
“ဖြေးဖြေးစားနော် မနင်စေနဲ့”
ကျန်းယွမ်ပိုင် ချက်ချင်း ချောင်းထဆိုးမိသွားပြီး သူ၏နှင်းလိုဖြူဖွေးတဲ့မျက်နှာလေးကလည်း တဖြည်းဖြည်းနီရဲလာသည်။
ချုံးကျင့်နဲ့မင်မိုင့်တို့နှစ်ယောက်လုံး မတ်တပ်ရပ်ကာ လှေကားဆီသွားတဲ့အချိန် လျန်ရှိုးသယ်ကလည်း ရောက်လာသည်။ ကျောင်းသားနှစ်ယောက်က ရုတ်ခြည်းဆိုသလို အားပါးတရပြုံးကာ သူတို့၏သွားဖွေးဖွေးတွေအား လှစ်ဟပြလိုက်သည်
“ လျန်လောင်ရှီးက ဒီကိုအတန်းချိန်ဝင်ဖို့ လာတာလား”
လျန်ရှိုးသယ်က သတိအနေအထားဖြင့် လမ်းလျှောက်တာကို ရပ်လိုက်ပြီး အဲ့အချိန်မှာပဲ ခေါင်းလောင်းသံမြည်လာလေသည်။ သူခဏတန့်သွားကာ သတိအနေအထားဖြင့်
“ မင်းတို့ကောင်တွေဘာလိုချင်လို့လဲ”
ဒီကျောင်းသားနှစ်ယောက်က သူ့ကိုရိုက်ချင်နေတာလား? သူအဲ့လိုတွေးမိလိုက်တော့ သူ ဒီနောက်ပိုင်း သူတို့တွေကို ရန်စမိထားတယ်လို့ မထင်ပေ။ ထပ်ပြောရရင် သူ သူတို့တွေကို မျက်ကွယ်ပြုထားပေးခဲ့တယ်လေ။ အဲ့ဒါကို သူတို့တွေက ဘာလုပ်ချင်နေကြတာလဲ?
“ မဟုတ်ပါဘူး ကျွန်တော်တို့ဘာမှမလုပ်ချင်ပါဘူး” ချုံးကျင့်က အိတ်ကပ်ထဲ လှန်လှောရှာဖွေလိုက်တော့ စီးကရက်ဘူးဝက်ကို တွေ့သွားပြီး ချက်ချင်းအိတ်ကပ်ထဲ ပြန်ထိုးထည့်လိုက်သည်။ မင်မိုင့်ကလည်း အလိုက်တသိ လှေကားထစ်အနည်းငယ်ဆင်းပြီး ကာလိုက်ကာ စစ်မှန်စွာဖြင့် ဆိုလိုက်သည်
“ကျွန်တော်တို့ဆရာများနေ့က လောင်ရှီးကို ဘာလက်ဆောင်မှမပေးလိုက်ရတာကို သတိရသွားလို့။ ဒါကြောင့် ကျွန်တော်တို့က လောင်ရှီးကို ကျွန်တော်တို့ရဲ့ရင်တွင်းခံစားချက်လေးတွေ ပြောပြချင်လို့ပါ”
မင်မိုင့် တစ်ခဏမျှ လှန်လှောရှာဖွေလိုက်ပြီး နောက်ဆုံးမှာတော့ Alpsချိုချဉ်ကို တွေ့သွားတော့သည်။
“ ဒီမှာပါ ဒါလေးကလောင်ရှီးအတွက်ပါ”
လျန်ရှိုးသယ် လက်ဆန့်ကာ ယင်းကို လှမ်းယူလိုက်ပြီး သူတို့ဘေးကနေ ပတ်လျှောက်သွားဖို့ ပြင်လိုက်ချိန် ချုံးကျင့်ကလည်း ရုတ်တရက်ကြီး သူ့ဆီလျှောက်လာ၏
“ အဲ…ဒီနေ့ ရာသီဥတုအတော်လေးသာယာတယ်နော် ။ လောင်ရှီးလျန်ကလဲ အရမ်းချောတာပဲ”
လျန်ရှိုးသယ်ဆွံ့အသွားရလျက်။
အမှန်တကယ်လည်း သူက ကျောင်းမှာချောမောတဲ့လောင်ရှီးတစ်ယောက်ဆိုတော့ အလိုအလျောက်ပင် သူ့မျက်မှန်ကိုပင့်ရင်း ပြောလိုက်သည်
“ ရပြီ ကောင်လေးတွေ။ ငါ့ကို မြှောက်နေတာ ရပ်လိုက်ကြတော့။ ငါတို့စာသင်ရအုံးမယ်လေ”
“ ကျွန်တော်ကြားတာတော့ လောင်ရှီးဆီမှာ ခုထိကောင်မလေးမရှိသေးဘူးဆို ဟုတ်လားလောင်ရှီး?” မင်မိုင့်ကလည်းထပ်ပြောကာ ပြုံးလျက်ဖြင့် လျှောက်သွားလိုက်ပြီး
“ လောင်ရှီး ကျွန်တော့်မှာ လောင်ရှီးအရွယ်လောက်အစ်မဝမ်းကွဲတစ်ယောက်ရှိတယ်။ သူကPh.Dဘွဲ့လဲရထားတာနော် လောင်ရှီးတို့ တစ်ရက်လောက်ဆုံကြရင် ဘယ်လိုလဲ”
“…” မင်းတို့ကောင်တွေ ဘာလုပ်ချင်နေကြတာလဲကွာ?
လူတိုင်း၏စောင့်ကြည့်နေတဲ့အကြည့်တွေအောက်မှာပဲ ကျန်းယွမ်ပိုင် နောက်ဆုံးတော့ ဖက်ထုပ်တွေစားလို့ကုန်သွားခဲ့လေပြီ။ ဆောင်းရာသီကို ရောက်တော့မှာပေမဲ့ ကျန်းယွမ်ပိုင်၏နဖူးထက်မှာတော့ ချွေးစို့နေလျက်ပင်။ ရှီပုဖန် ဘူးခွံကို ယူလိုက်ပြီး အနောက်ဘက်က အမှိုက်ပုံးထဲပစ်ထည့်လိုက်ကာ ရေမွှေးထပ်ဖျန်းလိုက်သည်။ သူချောင်းကြည့်လိုက်ကာ ချုံးကျင့်တို့ကိုပြန်ခေါ်လိုက်သည်။
“ မင်းတို့ကောင်တွေဘာလုပ်နေကြတာလဲ”
ချုံးကျင့်နဲ့မင်မိုင့်လည်း သူပြောတာကိုသဘောပေါက်ကာ မြန်မြန်ဆန်ဆန်ပဲ ဘေးကိုဖယ်ပေးလိုက်ပြီး လောင်ရှီးကို လမ်းလျှောက်ဖို့ အမူအရာပြလိုက်သည်။
“ လောင်ရှီး အတန်းထဲအမြန်ဝင်ပါတော့ ကျွန်တော်တို့လိုက်ပို့ပေးပါ့မယ်”
“ …” လျန်ရှိုးသယ်ပြောစရာစကားတို့ပျောက်ရှသွားပြီး ရေမွှေးနံ့တွေမွှန်ထူနေတဲ့အခန်းထဲကို ကြောက်စရာကောင်းပြီး ဆိုးသွမ်းတဲ့ကျောင်းသားနှစ်ယောက်၏လိုက်ပို့ခြင်းအား ခံလိုက်ရသည်။
အမှန်အတိုင်းပြောရမယ်ဆိုရင် ဘယ်လောက်ဈေးကြီးတဲ့ရေမွှေးဖြစ်နေပါစေ ထပ်ခါထပ်ခါဖျန်းထားရင် အနံ့ကောင်းမှာ မဟုတ်လေဘူး။
လောင်ရှီးက နှာခေါင်းရှုံ့ကာ မျက်မှောင်ကြုတ်လိုက်ပြီး အတန်းထဲကို စိတ်ရှုပ်စွာဖြင့် ဝေ့ဝိုက်ကြည့်လုက်သည်။
“ ဘယ်သူဖျန်းထားတာလဲ ? အခန်းကို ဒီလောက် ချိုမြမြအနံ့ကြီးထွက်အောင် ဘာလို့လုပ်ထားရတာတုန်းကွ?”
ကျောင်းသားအားလုံး အကြည့်ကို အောက်စိုက်လိုက်ကြ၏။
အတန်းထဲမှာ “နတ်ဆိုး”ရှိနေမှတော့ ဘယ်သူက ကျန်းယွမ်ပိုင်စာသင်ခန်းထဲမှာ မုန့်စားတဲ့အကြောင်းပြောရဲမှာလဲ?
ရှီပုဖန်ကပြန်ဖြေ၏ “ ကျွန်တော်ဖျန်းထားတာပါ”
သူ့စကားတွေကြားတော့ လျန်ရှိုးသယ်ခေါင်းကိုက်လာသလို ခံစားလာရကာ ရေမွှေးနံ့ကို ရှူလိုက်ပြီးနောက် ခေါင်းကိုက်တာက ပိုလို့တောင် ဆိုးလာလေသည်။
“ မင်းဘာတွေလုပ်ထားတာလဲ”
“ CLKက ဒီCherry Rainလို့ခေါ်တဲ့ရေမွှေးအသစ်ထုတ်တယ်လေ 10မီလီမီတာဘူးလေးကို 680တောင်ပေးရတယ်ဗျာ။ ကျွန်တော်က အားလုံးကို ကျွန်တော်တို့အတန်းက ချမ်းသာပြီး ဒီအရာတွေကိုတောင် တတ်နိုင်တယ်ဆိုတာ သိစေချင်လို့ပါ”
လူတိုင်းက စတင်ရယ်မောကြတော့သည်။ လျန်ရှိုးသယ်နဲ့ ကျောင်းသားတွေအကုန်လုံးရဲ့ကိုယ်မှာ ဒီရေမွှေးရနံ့က ရွှဲရွဲစိုနေပြီဖြစ်သည်။ လောင်ရှီးရဲ့နှုတ်ခမ်းတွေတွန့်သွားကာ
“ ကောင်းပြီ..အဲ့တော့ ငါကကံကောင်းသွားတာပေါ့ ဟုတ်လား”
ရှီပုဖန်က “လောင်ရှီး အဲ့လိုခံစားရသင့်ပါတယ်”
ကျန်းယွမ်ပိုင် တိတ်တဆိတ်ဖြင့် ခေါင်းငုံ့ကာ မရယ်ဘဲမနေနိုင်တော့။
လူတိုင်းက ဤရနံ့ထဲ နစ်မြုပ်ရင်းဖြင့် ပျော်ပျော်ရွှင်ရွှင်ပဲ စာထဲမှာ အာရုံစိုက်လိုက်ကြသည်။ မွန်းလွဲပိုင်းမှာတော့ လူတိုင်းရဲ့ကိုယ်ပေါ်မှာ အနံ့က စွဲထင်ကျန်ရစ်လို့နေ၏။ အရည်အချင်းရှိတဲ့သူတွေ ဒါမှမဟုတ် ငွေသုံးနိုင်တဲ့သူတွေသာဝင်ရောက်နိုင်တဲ့ဒီလိုနေရာမျိုးမှာ လူတိုင်းက တန်းခွဲတစ်ဟာ သူတို့ရဲ့ချမ်းသာမှုကိုကြွားလုံးထုတ်တတ်တဲ့ ချမ်းသာပြီး ဇွတ်တရွတ်နိုင်သောလူတွေနဲ့ပြည့်နှက်နေမှန်း သိခဲ့ကြရသည်။
ကျောင်းမဂ္ဂဇင်းဌာနက သူတို့ကို အင်တာဗျူးလာမေးတဲ့အခါမှာတော့ တစ်စုံတစ်ယောက်က ရှီပုဖန်ပြောတာကို ပြန်ပြောပြလိုက်သည်။ အဲ့ညမှာပဲ ဌာနက စာမူကြမ်းကို ပြင်ဆင်လိုက်သည်။ နောက်တစ်နေ့မှာ Class1ကိုတုပပြီး ပိုဈေးကြီးသောရေမွှေးကိုဝယ်လာကြတဲ့ အခြားအတန်းတွေတောင် ရှိလေသည်။ ကျန်းယွမ်ပိုင်နဲ့အခြားသူတွေ ကန်တင်းမှာ အတူတူထိုင်လိုက်ပြီးနောက် ချုံးကျင့်ကထရယ်ကာ
“ အခု ဘာတွေဖြစ်နေလဲဆိုတာ ကြည့်လိုက်ကြအုံး။ တန်းခွဲတစ်ဆယ်က LOရဲ့ Forest Lightကိုဝယ်ပြီး တန်းခွဲသုံးကတော့ FLAOရဲ့ Babilaကို ဝယ်ခဲ့တယ်လေ။ အနာဂတ်မှာ ငါတို့က ဘယ်အတန်းက ဘယ်သူဆိုတာကို အနံ့တွေအပေါ် မူတည်ပြီး ခွဲခြားလို့ ရနေလောက်ပြီ”
မင်မိုင့်က ချက်ချင်းအသံနေအသံထားနှင့် ထပြောသည်
“ ငါကတော့ တန်းခွဲတစ်က _ Cherry Rain ရေမွှေးနံ့!”
စုန့်မော့လည်း အားရပါးရရယ်မောလိုက်သည်။
ဤယှဉ်ပြိုင်မှုက သိပ်မကြာလိုက်ပေ။ သောကြာနေ့မနက်ခင်းမှာ လူတိုင်းက အားကစားကွင်းမှာ စုစည်းကြရ၏။ ကျောင်းအုပ်အိုကြီးက အသံချဲ့စက်အားကိုင်ကာ ကျောင်းတွင် ကျောင်းသားတွေ စတင်ခဲ့တဲ့အပြိုင်အဆိုင်လေထုကို ဖြိုခွဲလိုက်သည်။
“ သုံးရက်အတွင်း အတန်းတွေအားလုံး ငါ့ဆီ သုံးသပ်စာတင်ရမယ်! မင်းတို့ ဘာလို့ ကျောင်းကို လာကြတာလဲဆိုတာ သေသေချာချာပြန်စဉ်းစား! လာမဲ့တနင်္လာနေ့မှာ သုံးသပ်စာကို ကျယ်ကျယ်လောင်လောင်နဲ့ဖတ်ပြဖို့အတွက် ကိုယ်စားပြုတစ်ယောက်စီရွေးထားကြ!”
အသံချဲ့စက်က သူ၏အသံကို ပိုမိုကျယ်လောင်သွားစေကာ အားကစားကွင်းတစ်ခုလုံးကို ရိုက်ခတ်သွား၏။ တန်းစီပြီး ညီညီညာညာရပ်ထားတဲ့အတန်းတွေကြားထဲမှာ ဒီပြိုင်ပွဲ၌ မပါဝင်ထားတဲ့တန်းခွဲတွေက သူတို့ဗိုက်ကိုကိုင်ကာ အားပါးတရ ကျယ်ကျယ်လောင်လောင် ရယ်မောနေကြလေသည်။ ပါဝင်ခဲ့တဲ့ကျောင်းသားတွေအားလုံးကတော့ သနားစရာကောင်းလျက်ဖြင့် စာရေးရန် စုစည်းလိုက်ကြသည်။
တန်းခွဲတစ်၏သုံးသပ်စာနှင့်ပတ်သက်ပြီး ကျန်းယွမ်ပိုင်က အပြစ်ကို သူ့အပေါ်သာ သူပုံချလိုက်သည်။
အိမ်ပြန်တဲ့လမ်းမှာ သူအရှုံးသမားတစ်ယောက်လို ခေါင်းအားငုံ့ထားရင်းဖြင့် ခြေလှမ်းကို မလှမ်းချင်လှမ်းချင်ဖြင့်လျှောက်နေ၏။ ရှီပုဖန်ကတော့ ထုံးစံအတိုင်း တက်ကြွဖျတ်လတ်နေဆဲ။
“ စာကို ပုံမှန်အိမ်စာလိုပဲရေးလိုက်ပေါ့။ အစပိုင်းမှာ အတန်းရဲ့အမှားတွေကိုရေးပြီး နောက်ပိုင်းမှာတော့ အတန်းက ဘယ်လိုပြုပြင်သွားပါ့မယ်ဆိုတာတွေကို ရေးလိုက်”
“မင်းပြောတာတော့အလွယ်လေးပေ့ါ” ကျန်းယွမ်ပိုင်က သူ့ကိုစိုက်ကြည့်ကာ
“ နောက်တနင်္လာနေ့ကျရင် အတန်းအတွက် ထွက်ဖတ်ပေးရမဲ့ကိုယ်စားလှယ်က ငါဖြစ်ဖို့များတယ်။ ငါတော့မျက်နှာပျက်တော့မှာပဲ”
“ မင်းကဘာလို့မျက်နှာပျက်ရမှာလဲ? စာထွက်ဖတ်ရမဲ့တစ်ယောက်က မင်းလို့ ဘယ်သူပြောလဲ?”
“ ဒါပေမဲ့ ဒီဟာက ငါဖက်ထုပ်စားတာကြောင့် စဖြစ်တယ်ဆိုတာကို တစ်တန်းလုံးသိနေကြတာပဲလေ!”
ရှီပုဖန်ရယ်ချင်စိတ်ကို ထိန်းချုပ်ထားရပြီး ကျန်းယွမ်ပိုင်က အဲ့အကြောင်းကိုပိုတွေးနေလေလေ သူကပိုရယ်ချင်လေလေပင်။ ကျန်းယွမ်ပိုင်ရှက်သွားပြီး ရှီပုဖန်ကို ထုရိုက်ကာ
“မင်းကရယ်နေတုန်းပဲ! မင်းက ငါ့ကို ပြဿနာတက်စေဖို့ပဲသိတယ်! အရင်တစ်ခေါက်တုန်းကလဲ မင်းပြောလိုက်တဲ့စကားကြောင့် ငါအတန်းအပြင်မှာ မတ်တပ်ရပ်ရတယ်။ ဒီတစ်ခေါက်လဲ မင်းပြောလိုက်တာကြောင့် ငါကသုံးသပ်စာရေးရအုံးမယ်! ငါမျက်နှာပျက်ရတာ တော်တော်များနေပြီ”
ရှီပုဖန်က ကျန်းယွမ်ပိုင်ရဲ့လက်ကို ဆုပ်ကိုင်ကာ ကျန်းယွမ်ပိုင်အား သူ့လက်မောင်းကြားထဲ ဆွဲသွင်းလိုက်ပြီး နှုတ်ခမ်းထောင့်တွေက ကော့တက်သွားလျက်။
“ ဒီတစ်ကြိမ်မှာတော့ မင်းမငိုဘူးနော်?”
ကျန်းယွမ်ပိုင်၏မျက်တောင်လေးတွေ လှုပ်ခတ်သွားသည်။
အရင်တစ်ခေါက် သူအတန်းအပြင်ဘက်မှာ မတ်တပ်ရပ်ရတုန်းက သူကျယ်လောင်စွာ ရှိုက်ငိုခဲ့၏။ သူ အရှက်ရမှုကြောင့် ကျွင်းတစ်ကျွင်းထဲ တွားဝင်ချင်စိတ်တောင် ပေါက်ခဲ့လေသည်။ သို့ပေတည်း ဒီတစ်ခေါက် သူတစ်တန်းလုံးကို သူနဲ့အတူဆွဲချမိတာတောင် သူမငိုခဲ့။ သူ ရှီပုဖန်ရဲ့လက်မောင်းတွေကြားထဲမှ ရုန်းထွက်လိုက်ပြီး ရှေ့သွားလျှောက်သွားရင်း တီးတိုးပြောလိုက်သည်
“ မင်းကြောင့် ငါက ပိုပိုပြီးအရှက်မရှိဖြစ်လာပြီ”
သူဒါကိုပြောနေရင်း သူ့နားဖျားလေးက ရေးရေးလေးနီလာလေသည်။
ရှီပုဖန်က တကယ်ကို ပြဿနာကောင်ပဲ။
ကျန်းယွမ်ပိုင်က ဘတ်စ်ကားဂိတ်ဘက်ကို တန်းမသွားတာကြောင့်ရှီပုဖန် အနည်းငယ်စိတ်ပျက်သွားရသည်။ သူ မျက်ခုံးတွေကို တွန့်ချိုးလိုက်ကာ
“ မင်းညီလေးက မင်းကိုလာကြိုအုံးမှာလား”
“ အင်း” ကျန်းယွမ်ပိုင် ဘေးဘက်ကိုလှမ်းကြည့်လိုက်ပြိး ကျန်းယိုရှို့ သူ့အားလာကြိုချိန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ အနည်းဆုံးတော့ ယခု ရှီပုဖန်က သူ့ကို နေ့တိုင်းလာကြို၊ လိုက်ပို့စရာမလိုတော့ပေ။ သူ့မိဘတွေကလည်း သူက ရှီပုဖန်နှင့် နီးကပ်နေမှန်း သိတော့မည်မဟုတ်။ သူ တစ်ခဏလောက်လှမ်းကြည့်နေလိုက်ပြီးနောက် ရှီပုဖန်ကို တွန်းထုတ်လိုက်ကာ
“ငါ့ညီလေးလာနေပြီ မြန်မြန်သွားတော့”
ရှီပုဖန်က သူ့ကိုတွန်းတာအား ခွင့်ပြုထားလိုက်ပြီး ပြုံးလိုက်သည်။
“ မင်းက အမြဲတမ်း ကိုယ်တို့ကြားမှာ လျို့ဝှက်ကိစ္စလေးတွေရှိနေတဲ့ပုံပေါက်အောင် လုပ်နေတယ်။ ကိုယ်တို့ကြားမှာ ဘာမှမရှိရင်တောင်မှ မင်းလုပ်နေတာတွေက တစ်ခုခုရှိနေသလိုမျိုးပဲ”
ကျန်းယိုရှို့က ရောက်ခါနီးပြီဖြစ်ပြီး ကျန်းယွမ်ပိုင် မြန်မြန်ဆန်ဆန် လှမ်းကြည့်လိုက်သည်။ ရှီပုဖန်က ကျန်းယွမ်ပိုင်၏ဘေးမှာရပ်နေပြီး ကျန်းယိုရှို့၏မျက်လုံးတွေနဲ့ ဆုံတွေ့သွားလေသည်။ ကျန်းယိုရှို့မှာ ကျန်းယွမ်ပိုင်နဲ့တူတဲ့မျက်နှာလေးရှိကာ ရှီပုဖန်အား အေးစက်စွာကြည့်လိုက်သော်ငြား ကျန်းယွမ်ပိုင်ကိုပြောလိုက်၏
“တက်”
ကျန်းယွမ်ပိုင်က စက်ဘီးနောက်ခုံပေါ်မှာထိုင်လိုက်ပြီး ရှီပုဖန်ကို လက်ပြလိုက်သည်။ ကျန်းယိုရှို့က တုံ့ဆိုင်းခြင်းမရှိဘဲ ခြေနင်းကို နင်းလိုက်ပြီး တော်တော်လှမ်းလှမ်းရောက်တော့ သူရုတ်တရက်ပြောလာသည်
“ ကျွန်တော်မနက်ဖြန်အတန်းမရှိဘူး”
“ အိုး ဟုတ်သား။ မနက်ဖြန်ကစနေနေ့ပဲ” ကျန်းယွမ်ပိုင်ပြောလိုက်သည်
“ ငါတို့ကတော့ မနက်ဖြန် ပထမဆုံးလေးချိန်တော့ သွားတက်ဖို့လိုလိမ့်မယ်”
“ ကောနဲ့ ရှီပုဖန်ကြားထဲမှာ ဘာတွေဖြစ်ထားတာလဲ”
ကျန်းယွမ်ပိုင် အလွန်ပင်မလုံမလဲဖြစ်သွားကာ
“ ဘာကိုလဲ ..ဘာဖြစ်ရမှာလဲ”
“ တစ်ခုခုတော့ မဟုတ်သေးဘူး” ကျန်းယိုရှို့အသံက လေထဲမှာပျံ့လွင်လာသည်
“ သူက ဘာလို့ ကောကို နေ့တိုင်းအိမ်ပြန်လိုက်ပို့ပေးနေတာလဲ”
ကျန်းယွမ်ပိုင်ရဲ့နှလုံးက စည်းချက်တစ်ချက်ကို ခုန်ကျော်သွားပြီး
“ ဘယ်ကတည်းကသိနေတာလဲ”
“ကျွန်တော် လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက မြင်လိုက်တာ အဲ့ဒါနဲ့ အဲ့အချိန်တည်းက ကျွန်တော်စောင့်ကြည့်နေတာ”
ကျန်းယိုရှို့ကပြောသည်
“ ကောတို့တွေ တစ်ယောက်နဲ့တစ်ယောက် ခပ်ဝေးဝေးနေလို့မရဘူးလား”
ကျန်းယွမ်ပိုင် သူ၏စိုးရိမ်ပူပန်မှုကို သည်းခံထားရင်း တမင် သူ့ကို စိတ်ရှုပ်ထွေးအောင်လုပ်လိုက်သည်။
“ ငါတို့က အချင်းချင်းကော်လိုကပ်နေတာလေ”
“ ဟမ့်” ကျန်းယိုရှို့ပြောလိုက်သည်
“ ကော ဂရုစိုက်တာပိုကောင်းမယ်။ သူမှတ်ဉာဏ်တွေ ပျောက်အောင်လုပ်လိုက်တာက ကောလေ၊ သူပြန်သတိရသွားတာနဲ့ ကောတော့ ပျက်ကိန်းဆိုက်ပြီပဲ”
ကျန်းယွမ်ပိုင် သူ့ဆံပင်တွေထောင်သွားသလို ခံစားလိုက်ရပြီး
“ ပေါက်တတ်ကရတွေလျှောက်မပြောနဲ့တော့!”
သို့ရာတွင် ကျန်းယိုရှို့၏စကားတွေက ကျန်းယွမ်ပိုင်အား အထိတ်တလန့်ဖြစ်စေသည်။ အဲ့ညမှာပဲ ရှီပုဖန်က မှတ်ဉာဏ်တွေပြန်ရသွားကာ သူ့ကို ကြမ်းပြင်ပေါ်မှာ ဖိထားပြီး အသေရိုက်နေတာအား အိပ်မက်မက်ခဲ့သည်။ သူပြောနေကျလိုပဲ ကြမ်းတမ်းစွာပြောလာ၏
“ ငါကအများအားဖြင့် လူတွေကို ငိုတဲ့အထိရိုက်တာ ဒါပေမဲ့ မင်းကတော့မတူဘူး။ ဒီနေ့ မင်းရဲ့ချွေးပေါက်တွေအားလုံးကနေ.. သွေးတွေထွက်တဲ့အထိ ငါမင်းကိုရိုက်ပစ်မယ်!”
ကျန်းယွမ်ပိုင် အိပ်မက်ဆိုးကနေ လန့်နိုးလာသည်။
ဤတိတ်ဆိတ်နေတဲ့အခန်းထဲမှာ ခုန်ပေါက်နေသောသူ့နှလုံးသား၏ ပဲ့တင်သံကိုသာ ကြားနေရသည်။ သူ့၏နာကျင်နေတဲ့ရင်ဘတ်ကို ပွတ်သပ်ပြီး လေးပင်စွာဖြင့် သက်ပြင်းချကာ တုန်ယင်စွာနဲ့ပဲ ပြန်လှဲလိုက်သည်။ သူဖုန်းကို ဆွဲယူလိုက်တော့ ရှီပုဖန်၏စာကို မြင်လိုက်ရသည်။
ရှီထဲ့ဖန် : မနက်ဖြန်လဲ မင်းညီလေးက လိုက်ပို့အုံးမှာပဲလား?
ကျန်းယွမ်ပိုင်ပြန်ဖြေလိုက်၏
“ဟုတ်တယ်”
အဲ့နောက်မှာတော့ သူစောင်ကိုဆွဲခြုံလိုက်ကာ မျက်နှာကြတ်ကိုငေးကြည့်ပြီး ရောက်တတ်ရာရာ စဉ်းစားရင်း အိပ်ပျော်သွားတော့သည်။
ကျန်းယိုရှို့မှာအတန်းမရှိတဲ့အတွက် ကျောင်းယွမ်ပိုင်ကို ကျောင်းလိုက်ပို့ပေးရန် အခွင့်အရေးမရှိချေ။ ကျန်းယွမ်ပိုင် အောက်ထပ်ကို ဆင်းကာ ဘတ်စ်ကားဂိတ်ကို ပြေးသွားလိုက်ချိန် နီရဲတောက်နေတဲ့မော်တော်ဆိုင်ကယ်တစ်စီးက ရုတ်ခြည်းဆိုသလို သူ့ရှေ့မှာ လာရပ်၏။ ရှီပုဖန်က ကျောင်းယူနီဖောင်းပေါ်မှာ ဂျာကင်အပွကြီးကိုထပ်ဝတ်ထားပြီး သူ့ဆိုင်ကယ်ဦးထုပ်ကို ချွတ်ကာ မျက်ခုံးပင့်လိုက်သည်။
“ မင်းပြောတော့ မင်းညီလေးက လိုက်ပို့ပေးမှာဆို?”
ကျန်းယွမ်ပိုင်ကလည်းပြန်ပက်၏
“မင်း18ပြည့်ပြီမို့လား”
“ပြည့်ခါနီးပြီလေ” ရှီပုဖန်ရဲ့နှုတ်ခမ်းထောင့်က ကော့တက်သွားပြီး သူ့နောက်မှခုံကိုပုတ်ပြကာ
“ ဒီဆိုင်ကယ်မမိုက်ဘူးလား”
“…” မိုက်ပါတယ် ဒါပေမဲ့ ဒါကမော်တော်ဆိုင်ကယ်လေ! မင်းလို အသက်မပြည့်သေးတဲ့ကလေးက မော်တော်ဆိုင်ကယ် မောင်းလို့ရလို့လား?!
ရှီပုဖန်က ကျန်းယွမ်ပိုင်ဆီ ဦးထုပ်ပစ်ပေးလိုက်ပြီး
“ တက်လေ”
“မတက်ဘူး” ကျန်းယွမ်ပိုင် မြန်မြန်ပဲ သူ့ကိုငြင်းလိုက်ပြီး ဆိုင်ကယ်စီးဦးထုပ်က အာလူးပူပူလို ခံစားလာရသည်။ ယင်းက သူ့လက်အား ထိသွားတဲ့အခိုက်မှာပဲ ဦးထုပ်အား ပြန်ပစ်ပေးလိုက်သည်။ ကျန်းယွမ်ပိုင် ကြောက်အားလန့်အားဖြင့် ပြောလိုက်သည်
“ ငါလိုင်စင်မရှိတဲ့ယာဉ်တွေပေါ်မှာ ထိုင်ဖို့ကို ငြင်းပယ်တယ်”
ရှီပုဖန်က ကျစ်ခနဲစုပ်သပ်လိုက်ပြီး ကျန်းယွမ်ပိုင်ရဲ့နောက်ကနေ ဆိုင်ကယ်အား ဖြည်းညင်းစွာမောင်းရင်း
“ ဘာကိုလိုင်စင်မရှိတဲ့ယာဉ်လဲ? အဲ့ဒါကဘာကိုဆိုလိုမှန်းမင်းသိလို့လား?”
“မင်းရဲ့ဆိုင်ကယ်ကလိုင်စင်မရှိတဲ့ယာဉ်လေ” ကျန်းယွမ်ပိုင်က သူ့ကိုဆုံးမလိုက်သည်
“မင်းအဖမ်းခံရလိမ့်မယ်!”
“ကိုယ်တို့ ကျောင်းကို ဆယ်မိနစ်အတွင်း ရောက်နိုင်တယ်လေ”
ရှီပုဖန်က သူ့ကိုဆိုင်ကယ်ပေါ်ဆွဲတင်သွားမှာအား ကျန်းယွမ်ပိုင်ကြောက်မိသည်။ တကယ်လို့ ရဲကသာ သူတို့ကိုဖမ်းသွားရင် ကျန်းယွမ်ပိုင် သေချာပေါက် ရှီပုဖန်ကို အကြိမ်အနည်းငယ်ခန့်ရိုက်မိမှာပင်။ သူ့ကျောပိုးအိတ် အထက်အောက်ခုန်ပေါက်နေမည်စိုးသည့်အတွက် သိုင်းကြိုးတွေကို တင်းတင်းဆုပ်ကာ အရှိန်တင်ပြေးလိုက်သည်မှာ သူ့နောက်ကနေ သရဲတစ်ကောင်လိုက်နေသလိုမျိုးပင်။
“ငါ့နောက်ကိုမလိုက်နဲ့”
“ကိုယ်တို့ဒီမနက်ပဲအတန်းရှိတာလေ။ နေ့လည်ကျပြီးပြီ”
ကျန်းယွမ်ပိုင်ရှင်းလင်းစွာသိပေမဲ့ သူ့မှာ ရှီပုဖန် ဘာကိုဆိုလိုချင်လဲဆိုတာအား နားလည်အောင်လုပ်ဖို့ အချိန်မရှိလေဘူး။ သူအရှေ့ကိုပဲဆက်ပြေးနေပြီး မယှဉ်သာအောင် ထိတ်လန့်နေမိသည်။
“ ငါဆိုင်ကယ်မစီးဘူးနော်။ ငါနဲ့ဝေးဝေးမှာနေ”
သူချုံပုတ်စိမ်းစိမ်းတွေကို ဖြတ်ကျော်ပြီး အထဲကနေပြေးကာ ရှီပုဖန် နောက်ကလိုက်ဖို့ခက်အောင်လုပ်လိုက်သည်။ ရှီပုဖန်စက်နှိုးလိုက်ပြီး အရှေ့ဘက်ထောင့်ကနေလှည့်ကာ ကျန်းယွမ်ပိုင်ကို စောင့်နေလိုက်၏။ ထိုအခါ ကျန်းယွမ်ပိုင်က အတွင်းလမ်းက အုတ်နီခဲတွေနားကို ပြေးသွားလိုက်ပြီး ယင်းက လမ်းလျှောက်ဖို့အတွက် နေရာတစ်ခုဖြစ်နေတာမို့ ရှီပုဖန် အမှန်ပင် သူ့နောက်ကိုဆက်မလိုက်နိုင်တော့။ ရှီပုဖန်ရယ်ချင်သွားသည်
“ ကိုယ် မင်းကို ဆိုင်ကယ်ပေါ် တက်ဖို့ ဖိအားမပေးပါဘူးကွာ။ ဒီနားကိုလာပါအုံး”
“ငါမင်းကိုမယုံဘူး” ကျန်းယွမ်ပိုင်ပြောလိုက်၏
“ ကျောင်းစည်းကမ်းကို ချိုးဖောက်တာက ကိစ္စတစ်ခုဆိုပေမဲ့ မင်းအခု ဘာလုပ်နေလဲဆိုတာကိုရော မင်းသိရဲ့လား? မင်းကဥပဒေကိုချိုးဖောက်နေတာ!”
ရှီပုဖန်က သူပြောတာကိုလက်ခံလိုက်ပြီး ကူကယ်ရာမဲ့နေသောလေသံဖြင့် ပြောလိုက်သည်
“ ကိုယ် ဆိုင်ကယ်ကို စူပါမားကတ်ရှေ့မှာ ပါကင်ထိုးလိုက်ပြီး ကိုယ်တို့ ကျောင်းကို စက်ဘီးစီးသွားကြမယ်။ အိုခေပြီလား”
ကျန်းယွမ်ပိုင် ရှီပုဖန်ကို သံသယဖြစ်စွာ စိုက်ကြည့်လိုက်ပြီး
“ဒါဆို ပါကင်အရင်သွားထိုးလိုက်”
ရှီပုဖန် ဂဝါရပြုသလိုမျိုး သူ့လက်သီးဆုပ်ကို အခြားလက်တစ်ဖက်နှင့် ဆုပ်ကိုင်ပြလိုက်ပြီး ဆိုင်ကယ်ကို ရှေ့သို့ မောင်းသွားလိုက်သည်။
[*တရုတ်သိုင်းကားတွေထဲက ဂါဝရပြုတဲ့ပုံစံမျိုးပါ]
ရှီပုဖန် ဆိုင်ကယ်သော့ကို ယူလိုက်ပြီး စက်ဘီးနဲ့လဲလိုက်တာကို တွေ့တဲ့အချိန်မှပဲ ကျန်းယွမ်ပိုင်လည်း သက်ပြင်းချနိုင်တော့သည်။ ရှီပုဖန်က စက်ဘီးကိုယူလာတဲ့အချိန်မှာ ကျန်းယွင်ပိုင်ကို လှောင်ပြုံးပြုံးပြလိုက်သော်ငြား ကျန်းယွမ်ပိုင်ကတော့ မသိချင်ယောင်သာဆောင်နေလိုက်သည်။
သူတို့ကျောင်းကိုရောက်တဲ့အချိန်မှာ စက်ဘီးကို သော့ခတ်၍ လမ်းလျှောက်သွားကြသည်။ ကျန်းယွမ်ပိုင် သူ့အားမေးလိုက်သည်
“ မင်း ဘာလို့အဲ့ဒါကြီးကိုယူခဲ့ရတာလဲ”
“ ဘာကြီးကိုယူခဲ့တာလဲ”
“ဆိုင်ကယ်လေ”
“အိုး” ရှီပုဖန်က လက်ဆန့်၍ သူ့ကိုဖက်လိုက်ကာ သာမန်ကာလျှံကာဖြင့် ပြောလာသည်
“ ကိုယ်တို့ဒီနေ့အတန်းက နေ့တစ်ဝက်ပဲတက်ရမှာမလား”
ရှီပုဖန်ခုနတုန်းကလည်း ဒီကိစ္စကိုပြောသေး၏။ ကျန်းယွမ်ပိုင် စိတ်ရှုပ်ထွေးသွားကာ အမေးဆိုလိုက်သည်
“အဲ့ဒါဘာဖြစ်လို့လဲ”
“အတန်းပြီးရင် ကိုယ်က မင်းကို ဆိုင်ကယ်စီးခေါ်သွားပြီး ပျော်စရာလေးတွေသွားလုပ်မို့လေ”
ကျန်းယွမ်ပိုင် သူနားကြားမှားတယ်လို့ တွေးလိုက်မိကာ အနည်းငယ်တောင့်တင်းသွားပြီး သတိအနေအထားဖြင့်မေးလိုက်သည်
“ မင်းဘာပြောနေတာလဲ”
ကျန်းယွမ်ပိုင်ပေါ် သူ၏ဆုပ်ကိုင်ထားမှုအား ရှီပုဖန်တင်းကျပ်လိုက်ပြီး တမင်တကာပင် သူ့အားခြိမ်းခြောက်၍ ရယ်မောလျက် ပြောလိုက်သည်
“ကိုယ်ပြောတာက အတန်းပြီးသွားရင် ကိုယ်မင်းကိုပြန်ပေးဆွဲမလို့၊ အဲ့လိုဆို ကိုယ်တို့လျှောက်လည်လို့ရပြီ”
__________________________________________________
Zawgyi
ဤဆက္ဆံေရးေၾကာင့္ က်န္းယြမ္ပိုင္ဟာ ရွီပုဖန္ရဲ႕နာမည္ကို ၾကားလိုက္ရတဲ့အခ်ိန္တိုင္း စိတ္လႈပ္ရွားလာ၏။ ထမင္းစားပြဲမွာ ထုံးစံအတိုင္း သူ႕အေဖက ေမးလာသည္
“ ဒီေန႕ေရာ ရွီပုဖန္ရန္ျဖစ္ေသးလား? မင္းကေရာ သူနဲ႕ ဘာေတြလုပ္ေနတာလဲ? မင္းတို႔ေကာင္ေတြ ေက်ာင္းစည္းကမ္းေရာ ခ်ိဳးေဖာက္ခဲ့ၾကေသးလား? ”
က်န္းယြမ္ပိုင္ကလည္း ထုံးစံအတိုင္း သာမန္ကာလွ်ံကာပဲျပန္ေျဖၿပီးေတာ့ သူ႕ေခါင္းကိုသာ တိတ္တဆိတ္ခါယမ္းလိုက္သည္။ သူ႕မားက သူ႕ပန္းကန္ထဲ ဟင္းေတြထည့္ေပးလိုက္ေတာ့ သူ စားစရာကိုသာ ပါးစပ္ထဲထိုးသြတ္ေနလိုက္သည္။ က်န္းယိုရွို႔က ႐ုတ္ျခည္း သူ႕ကိုေမာ့ၾကည့္လာသည္။
ေနာက္ေန႕မနက္ က်န္းယြမ္ပိုင္က သူ႕ပစၥည္းေတြထည့္ၿပီး သြားခါနီးမွာ က်န္းယိုရွို႔က ႐ုတ္တရက္ သူ႕အား လွမ္းေခၚလာသည္။
“ ေကာ ကြၽန္ေတာ့္ကိုေစာင့္ပါအုံး”
သူျမန္ျမန္သြက္သြက္ မ်က္ႏွာသစ္သြားတိုက္လိုက္ကာ သူ႕ရဲ႕စက္ဘီးကိုတြန္းရင္း က်န္းယြမ္ပိုင္ကို စကားဆိုလိုက္သည္။
“ ကြၽန္ေတာ္ ေကာကိုေက်ာင္းလိုက္ပို႔ေပးမယ္”
က်န္းယိုရွို႔က သူ႕ေက်ာင္းကိုသြားဖို႔ဆိုရင္ က်န္းယြမ္ပိုင္၏ေက်ာင္းကို ျဖတ္သြားရသည္။ သူက လူေတြ သူ႕စက္ဘီးကို ဖ်က္စီးမွာအား မေၾကာက္သည့္အတြက္ ဘယ္ေသာအခါမွ က်န္းယြမ္ပိုင္နဲ႕အတူ ဘတ္စ္ကားေပၚမွာ တိုးႀကိတ္ရင္းမသြားေလဘူး။ ေန႕တိုင္း သူဟာ အိပ္ရာေပၚကေနထဖို႔အခ်ိန္ဆြဲေနတတ္ၿပီး ေက်ာင္းတက္ခါနီးမွအခ်ိန္ကြက္တိ ကမန္းကတန္းသြားတာျဖစ္သည္။
က်န္းယြမ္ပိုင္က က်န္းယိုရွို႔ရဲ႕စက္ဘီးေနာက္ကေန လိုက္စီးခဲ့၏။
က်န္းယိုရွို႔က က်န္းယြမ္ပိုင္အား ေက်ာင္းဆီ သယ္သြားေပးၿပီးေနာက္ အေနာက္လွည့္ကာ ေမးလိုက္သည္။
“ ေကာ ဒီညေနခင္း ကိုယ္ပိုင္စာၾကည့္ခ်ိန္ ရွိေသးလား”
“ သိပ္မေသခ်ာေသးဘူး ဘာျဖစ္လို႔လဲ”
“ ေကာ အဲ့အတန္းခ်ိန္ကိုတက္မယ္ မတက္ဘူးဆိုတာ ကြၽန္ေတာ့္ကို စာပို႔ထားလိုက္ေနာ္။ ကြၽန္ေတာ္အခုသြားေတာ့မယ္”
က်န္းယြမ္ပိုင္က ဤသည္မွာ ယိုရွို႔က ဒီတိုင္းမးလိုက္တယ္လို႔ပဲေတြးလိုက္ေပမဲ့ က်န္းယိုရွို႔ထြက္သြားတဲ့အထိ အဲ့ေနရာမွာရပ္ေနလိုက္သည္။ သူအက်င့္ပါေနက်အတိုင္း ဖုန္းကိုထုတ္ကာ အခ်ိန္ၾကည့္ဖို႔လုပ္လိုက္ေတာ့ ရွီထဲ့ဖန္မွ သူ႕အားပို႔ထားတဲ့စာႏွစ္ေစာင္ကို ေတြ႕လိုက္သည္။
ရွီထဲ့ဖန္ : မင္းဘာလို႔ခုထိထြက္မလာေသးတာလဲ
ရွီထဲ့ဖန္ : ?
“?”
ၾကည့္ရတာ ရွီပုဖန္က က်န္းယြမ္ပိုင္ျပန္ေျဖတာကိုေစာင့္ဖို႔ စိတ္မရွည္ေတာ့လို႔ထင္သည္၊ က်န္းယြမ္ပိုင္ စာျပန္ဖို႔ မႏွိပ္နိုင္ေသးခင္မွာဘဲ ရွီပုဖန္က ဖုန္းေခၚလာ၏
“မင္းဒီေန႕အိပ္ရာထေနာက္က်လိဳ႕လား”
“ မဟုတ္ဘူး” က်န္းယြမ္ပိုင္ အဲ့ေတာ့မွတစ္ခုခုကို သတိရသြားၿပီး ဆိုလိုက္သည္
“ မင္းငါ့ကိုႀကိဳဖို႔အတြက္ ငါ့အိမ္ကို ေရာက္ေနျပန္တာလား”
“ မင္းဘယ္လိုထင္လဲ”
ရွီပုဖန္က မနက္စာကို သယ္ထားၿပီး လမ္းပလက္ေဖာင္းေပၚမွာရပ္ေနကာ တိုက္ခတ္လာတဲ့ေလေအးေတြေၾကာင့္ စိတ္အေျခအေနဆိုး႐ြားေနလ်က္
“ မင္းဘယ္မွာလဲ”
“ ဒီေန႕ ငါ့ညီေလးက ေစာေစာနိုးတာနဲ႕ သူငါ့ကိုလိုက္ပို႔ေပးတာ။ ငါ့ကိုလာမႀကိဳပါနဲ႕လို႔ မင္းကို ငါမေျပာခဲ့ဘူးလား” ေနာက္ဆုံးေနရာေလးကို ေျပာလိုက္တဲ့အခ်ိန္မွာ သူ႕ေလသံက အင္မတန္ကို ႏူးညံ့ေနေလသည္။
အရင္တုန္းက သူဘတ္စ္ကားစီးဖို႔အတြက္ ဆန႔္က်င္ဘက္အရပ္ကို လမ္းေလွ်ာက္သြားဖို႔လိုေလသည္။ သို႔ေသာ္ျငား ဒီေန႕မွာေတာ့ သူေက်ာင္းကို စက္ဘီးနဲ႕လာျဖစ္သြားတာမို႔လို႔ သူတို႔ ဘတ္စ္ကားဂိတ္ဘက္ သြားစရာမလိုေပ။ သူတို႔ ရွီပုဖန္ကို အဲ့ေနရာမွာေစာင့္ေနေစရတဲ့အတြက္ အျပစ္ရွိသလို ခံစားေနရသည္။ တစ္ဖက္ကျပန္ေျပာတာကို သူၾကားလိုက္တဲ့အခါမွာေတာ့ ရွီပုဖန္က စိတ္ဆိုးေနမွန္း သူသိလိုက္သည္။
“ ဒီကိုလာခဲ့ ကိုယ္မင္းအတြက္မနက္စာဝယ္ထားတယ္”
“ ဒီကိုလာၿပီး ကိုယ့္ကိုလာႀကိဳ”
“…” က်န္းယြမ္ပိုင္ ဖုန္းမွ အခ်ိန္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူ၏ေဒါသူပုန္ထမႈေၾကာင့္ ေရွာ့ခ္ရသြားရသည္
“ တကယ္လို႔ငါအဲ့ကိုလာရင္ ငါ က်ိန္းေသေပါက္ ေနာက္က်သြားလိမ့္မယ္”
“ ကိုယ္ဂ႐ုမစိုက္ဘူး” ရွီပုဖန္ေျပာလိုက္၏
“ ဒီကိုလာၿပီး ကိုယ့္ကိုလာႀကိဳ မဟုတ္ရင္ ကိုယ္အတန္းထဲမွာ ကိုယ္တို႔ရဲ႕အိမ္စာကို လက္ေတြ႕လုပ္ပစ္မယ္”
“ …” က်န္းယြမ္ပိုင္ သူ႕ေခါင္းကြဲထြက္ေတာ့မေယာင္ ခံစားေနရသည္။ သူ အခုခ်က္ခ်င္းဘတ္စ္ကားစီးသြားရင္ေတာင္ ေသခ်ာေပါက္ အခ်ိန္မီျပန္ေရာက္နိုင္မွာ မဟုတ္ေပ။ သူပတ္လည္ကိုလိုက္ၾကည့္လိုက္ေတာ့ စုန႔္ေမာ့က မနက္စာအားကိုင္ကာ လာေနတာကို ေတြ႕လိုက္ရသည္။ က်န္းယြမ္ပိုင္ သူ႕ဆီ အေျပးေလးသြားလိုက္ၿပီး
“ ငါ့ကိုမင္းစက္ဘီးေလးငွားေပးစမ္းပါ”
စုန႔္ေမာ့က ကားမူးတတ္တာမို႔ သူက အမ်ားအားျဖင့္ ေက်ာင္းကိုစက္ဘီးနဲ႕လာေလ့ရွိသည္။ က်န္းယြမ္ပိုင္ စုန႔္ေမာ့လက္ထဲမွ ေသာ့ကို ယူလိုက္ကာ စုန႔္ေမာ့ကလည္း စက္ဘီးကို သူ႕ဆီလက္လႊဲေပးရင္း ေမးလိုက္သည္
“ မင္းဒီေလာက္အေျပးအလႊားနဲ႕ ဘယ္သြားမို႔လဲ”
“ ငါေမ့က်န္ခဲ့တာေလးရွိလို႔”
“အဲ့ဒါက အရမ္းအေရးႀကီးလို႔လား”
က်န္းယြမ္ပိုင္ေလဒဏ္ကေန သက္သာေစဖို႔အတြက္ ေဘးဘက္မွ သိုင္းႀကိဳးႏွစ္ခုအား ဆြဲရင္း စက္ဘီးစီးဦးထုပ္ကို ေဆာင္းလိုက္ကာ မ်က္ရည္ဝိုင္းေနေသာမ်က္ဝန္းေလးမ်ားျဖင့္ စုန႔္ေမာ့ကို ျပန္ေျဖလိုက္၏
“ အရမ္းအေရးႀကီးတယ္”
စုန႔္ေမာ့ ခပ္ျမန္ျမန္ေျပာလိုက္သည္
“ ဒါဆိုလဲ လမ္းမွာဂ႐ုစိုက္အုံးေနာ္။ ငါ မင္းအတြက္ မနက္စာဝယ္ထားေပးရအုံးမလား”
“ ရတယ္ မဝယ္နဲ႕ေတာ့” က်န္းယြမ္ပိုင္ ေျခနင္းကိုနင္းကာ အေလာတႀကီး တဟုန္ထိုးထြက္သြားေတာ့သည္။
ရွီပုဖန္ အနီးနားမွ သံဘူးကိုေျခေထာက္နဲ႕ကန္လိုက္ၿပီး မ်က္ႏွာက မႈန္မွိုင္းေနလ်က္။ သူ သူ႕သူငယ္ခ်င္းေလးက လာေခၚဖို႔အတြက္ ေန႕တိုင္းေစာေစာထခဲ့ေပမဲ့ ဒီေန႕မွာေတာ့ လြဲေခ်ာ္ျခင္းနဲ႕ အဆုံးသတ္သြားရသည္။ ဘယ္သူမဆို ဒီလိုျဖစ္ပ်က္သြားရင္ မေပ်ာ္မ႐ႊင္ျဖစ္ၾကမွာပင္၊ အထူးသျဖင့္ သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးကို အတည္ျပဳၿပီးတဲ့အခါမွာေပါ့။ ဒီေန႕ က်န္းယြမ္ပိုင္ကသူ႕ကိုမတ္တပ္ရပ္ေစာင့္ေနေစခဲ့၏၊ သူအေတာ္ေလးသတၱိရွိေနတာပဲ။
သူ ဆယ္မိနစ္ေလာက္ေစာင့္ၿပီးေတာ့ က်န္းယြမ္ပိုင္က သူ႕ျမင္ကြင္းထဲေပၚလာသည္။ ဦးထုပ္က သူ႕နား႐ြက္ေတြႏွင့္ ဆံပင္အနည္းငယ္ကို ဖုံးအုပ္ထားလ်က္။ ရွီပုဖန္ သူ႕နဖူးေရွ႕ရွိ ဆံပင္ေကာက္ေလးအနည္းငယ္ကိုသာ ျမင္နိုင္ၿပီး ဦးထုပ္မွ သူ႕ဆံပင္ေတြအား မရွိေတာ့သလိုဖုံးထားတဲ့အတြက္ က်န္းယြမ္ပိုင္ကို ထိပ္ေျပာင္ေနတဲ့ပုံေပါက္သြားေစသည္။ အခ်ိဳ႕လူေတြအတြက္ကေတာ့ ယင္းက လြန္စြာ ႐ုပ္ဆိုးသြားေစလိမ့္မည္။ သို႔ေပတည္း က်န္းယြမ္ပိုင္အတြက္ကေတာ့ ျခားနားသြားသည္၊ နံနက္ခင္းေလေအးေတြေၾကာင့္ ျဖစ္လာတဲ့ သူ၏ေဖ်ာ့ေတာ့ေတာ့ႏႈတ္ခမ္းေလးမွ လြဲရင္ေပါ့။
သူစက္ဘီးရပ္လိုက္တာနဲ႕ ခ်က္ခ်င္းအေမာတေကာ အသက္ရႉေနရသည္။
“ ျမန္ျမန္ေလး ..ျမန္ျမန္တက္ ငါတို႔ေနာက္က်ေတာ့မယ္”
သူ႕ကိုျမင္လိုက္တာနဲ႕ ရွီပုဖန္၏ေဒါသေတြက ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။ သူ က်န္းယြမ္ပိုင္၏အမိန႔္အတိုင္းလိုက္နာကာ စက္ဘီးေပၚတက္လိုက္သည္။ သူတို႔ေက်ာင္းကိုေရာက္သြားတဲ့အခ်ိန္မွာေတာ့ ရီမုနဲ႕ အဖြင့္အပိတ္လုပ္ရတဲ့ေက်ာင္းတံခါးက ျဖည္းညင္းစြာပိတ္ေနၿပီျဖစ္သည္။ က်န္းယြမ္ပိုင္ပါးေဖာင္းကာ အရွိန္တင္လိုက္ၿပီး ေခါင္းေလာင္းျမည္သံနဲ႕ကြက္တိ ဝင္ေရာက္သြားသည္။
က်န္းယြမ္ပိုင္ သူ႕ဘဝမွာ ဒီလိုစာသင္ခန္းထဲ အေျပးအလႊားလာရတာမ်ိဳး မႀကဳံဖူးသေလာက္ပင္။ ေလာင္ရွီးက မေရာက္ေသးပင္၊ စုန႔္ေမာ့ကသ က္ျပင္းခ်ၿပီး သူ႕ကိုေမးလိုက္သည္
“ မင္းရဲ႕ပစၥည္းကိုရခဲ့…”
သူေျပာလို႔မၿပီးေသးခင္မွာပဲ သူ က်န္းယြမ္ပိုင္၏ေနာက္ရွိ ရွီပုဖန္ကို ေတြ႕လိုက္ရသည္။ က်န္းယြမ္ပိုင္သြားယူတဲ့“ပစၥည္း”ဆိုတာကို သတိရလိုက္ၿပီးေနာက္ စုန႔္ေမာ့ တစ္မဟုတ္ခ်င္း သူစကားလုံးေတြကို မ်ိဳခ်လိဳက္ၿပီး က်န္းယြမ္ပိုင္ကို သနားညွာတာမႈျဖင့္ ၾကည့္လိုက္သည္။
က်န္းယြမ္ပိုင္ေသာ့ျပန္ေပးလိုက္ကာ စားပြဲေပၚမွာ ေမွာက္လိုက္ၿပီး သူ အသက္ဆက္ရွင္စရာအေၾကာင္းရင္း မရွိေတာ့သလိုမ်ိဳး သက္ျပင္းခ်လိဳက္၏။
တစ္စုံတစ္ေယာက္နဲ႕ ဟန္ေဆာင္တြဲရတာအရမ္းပင္ပန္းတာပဲ။ အဲ့ေတာ့ သူ တစ္ေယာက္ေယာက္နဲ႕ တကယ္တြဲတယ္လို႔ ေတြးၾကည့္လိုက္စမ္းပါ?
သူနားေနတဲ့အခ်ိန္မွာ ရွီပုဖန္က အေႏြးဓာတ္အား ဆုံးရႈံးသြားၿပီျဖစ္တဲ့မနက္စာကို ထိၾကည့္လိုက္သည္။ သူ ယဲ့လ်န္အား ယင္းကို သူ႕အစား အမွိုက္ပုံးထဲထည့္ခိုင္းလိုက္သည္။
ေက်ာင္းက မနက္စာအတြက္ 5:30ကေန 8:30အထိ ေထာက္ပံ့ေပးထား၏။ တစ္ညလုံး စာေလ့လာတဲ့ဂ်ဴနီယာေလးေတြ ရွိတတ္တာမို႔ ေက်ာင္းက ညလယ္စာလည္း ေထာက္ပံ့ေပးလ်က္ရွိသည္။ သို႔ရာတြင္ တိတိက်က်သတ္မွတ္ထားတဲ့အခ်ိန္ေတြ ရွိသည္၊ အဆုံးမွာေတာ့ ကန္တင္းမွလူေတြလည္း အနားယူဖို႔လိုေလသည္။ ရွီပုဖန္က ႐ုတ္တရက္ က်န္းယြမ္ပိုင္ကို ေမးလိုက္သည္။
“ မင္းမနက္စာစားၿပီးၿပီလား”
“ ငါမနက္စာစားဖို႔ ဘယ္မွာအခ်ိန္ရွိလို႔လဲ” က်န္းယြမ္ပိုင္ ေစာဒကတက္လိုက္သည္။ သူ က်န္ေနတဲ့အခ်ိန္ေတြကို ရွီပုဖန္ကို သြားေခၚရင္း သုံးလိုက္ရသည္ေလ။
မနက္ပိုင္းစာၾကည့္ခ်ိန္မၿပီးေသးခင္မွာ ရွီပုဖန္က အတန္းအျပင္ကို ထြက္သြားေလသည္။ အတန္းနားခ်ိန္မွာေတာ့ သူအတန္းထဲကို ပူေႏြးၿပီးအရသာရွိတဲ့ဖက္ထုပ္တစ္ဘူးသယ္လာၿပီး က်န္းယြမ္ပိုင္အားေပးလိုက္ကာ
“ ဒီမွာ မင္းအတြက္ဆု”
က်န္းယြမ္ပိုင္ခ်က္ခ်င္းမတ္မတ္ထိုင္လိုက္ကာ ရွီပုဖန္၏အၾကည့္ကို လိုက္ရင္း ေမးလိုက္သည္
“ မင္း နံရံေက်ာ္တက္ျပန္ၿပီလား”
“ မင္းက ဘာေတြေၾကာက္ေနတာလဲ။ မင္းက ကိုယ္နဲ႕တူတူသြားတာလဲ မဟုတ္ဘဲနဲ႕”
ရွီပုဖန္ ေမးဆတ္ျပရင္း ေျပာလိုက္သည္
“ျမန္ျမန္စားလိုက္ေတာ့။ အတန္းစေတာ့မယ္”
သူတို႔ေဘးပတ္လည္မွလူေတြက ဒါကို ရွင္းရွင္းလင္းလင္းၾကားလိုက္ရၿပီး သူတို႔အားလုံး ေဘးနားက လူႏွင့္အတူ အတင္းစေျပာၾကေတာ့သည္။ ႏွစ္မိနစ္အတြင္းမွာပဲ သတင္းျပန႔္သြားၿပီး လူတိုင္း၏အၾကည့္က က်န္းယြမ္ပိုင္ေပၚ ဆိုက္ေရာက္လာသည္။
က်န္းယြမ္ပိုင္ႏွင့္ရွီပုဖန္ၾကားမွာ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိေနမွန္း သူတို႔သိေသာ္ျငား သူတို႔ဆက္ဆံေရးက ဘယ္ေလာက္ေတာင္ေကာင္းတာလဲ? ရွီပုဖန္က က်န္းယြမ္ပိုင္အတြက္ စားစရာဝယ္ေပးဖို႔ နံရံကိုေတာင္ေက်ာ္တက္ေလသည္။ ရွီပုဖန္နံရံကို ေက်ာ္တက္တာေၾကာင့္ ႏွစ္ေယာက္သား အတန္းအျပင္ဘက္မွာ မတ္တပ္ရပ္ေနရတာကို သူတို႔ျပန္သတိရသြားၾက၏။ တစ္ေယာက္က အတင္းစေျပာလိုက္သည္
“ ေနာက္ဆုံးတစ္ႀကိမ္တုန္းကလည္း သူ က်န္းယြမ္ပိုင္အတြက္ စားစရာသြားဝယ္တာပဲလား မသိဘူး?”
“ ရွီပုဖန္က ေက်းဇူးေႂကြးျပန္ဆပ္တဲ့ေနရာမွာ ေတာ္တာပဲ…”
“ ဘာလို႔ ငါလဲ ရွီပုဖန္အတြက္ လူနာတင္ယာဥ္ေခၚေပးဖို႔အခြင့္အေရးတစ္ခုေလာက္ မရလိုက္ရတာလဲ။ က်န္းယြမ္ပိုင္ ေကာင္းေကာင္းဆက္ဆံခံေနရတဲ့ပုံကို ၾကည့္လိုက္ပါအုံး!”
မနာလိုျဖစ္ေနၾကတာက အတန္းထဲမွာ တစ္ေယာက္ႏွစ္ေယာက္ မကေလဘူး။ အဆုံးမွာေတာ့ ေက်ာင္းအျပင္က အစားအစာေတြကို မႀကိဳက္တဲ့သူ ဘယ္သူရွိမွာလဲ။ သို႔ေပတည္း သူတို႔က ရွီပုဖန္လို သတၱိရွိရွိမလုပ္ရဲၾကဘူးေလ။ သူတို႔က ေက်ာင္းစည္းကမ္းေဖာက္ဖ်က္မိမွာကို ေၾကာက္႐ြံ႕ၾကတာေၾကာင့္ သူတို႔အတြက္ ဒီလိုလုပ္ေပးမည့္သူတစ္ေယာက္ရွိရင္ အလြန႔္အလြန္ဝမ္းသာပီတိျဖစ္ၾကမွာပင္!
သို႔ေပမဲ့ က်န္းယြမ္ပိုင္ကေတာ့မစားရဲေလဘူး။ သူႏူးညံ့စြာေျပာလိုက္သည္
“ ငါတို႔ကို အတန္းထဲမွာ စားခြင့္မျပဳထားဘူးေလ”
“ မင္းဘာေတြေၾကာက္ေနျပန္တာလဲ” ရွီပုဖန္က ဖက္ထုပ္ေတြထည့္ထားတဲ့အိတ္ထဲမွ တစ္စုံတစ္ခုအားထုတ္ကာ ယင္းကို လႈပ္လိုက္၏။ သူ ၎ကို ခုံေတြၾကားထဲဖ်န္းလိုက္ၿပီး တစ္ခန္းကို လိုက္ဖ်န္းၿပီးေနာက္ ျပန္လာလိုက္သည္။ အခန္းက ေရေမႊးနံ႕ျပင္းျပင္းနဲ႕ ျပည့္ႏွက္ေနၿပီး တစ္စုံတစ္ေယာက္က ေရေမႊးရဲ႕Brandကို ခြဲျခားသိသြားကာ အလန႔္တၾကားေရ႐ြတ္လိုက္မိသည္။
“ ရွီပုဖန္က တကယ္ကိုခ်မ္းသာတာပဲ!”
က်န္းယြမ္ပိုင္က ရွီပုဖန္ကိုရႈပ္ေထြးမႈျဖင့္ စိုက္ၾကည့္လိုက္ေတာ့
“တစ္ေယာက္ေယာက္ကသာ မတိုင္ရင္ ေလာင္ရွီးလဲ သိမွာမဟုတ္ဘူး”
ေနာက္ဆုံးမွာေတာ့ လူတိုင္းက ရွီပုဖန္ဟာ ဖက္ထုပ္အနံ႕ကို ေရေမႊးႏွင့္ ဖုံးလိုက္မွန္း နားလည္သြားၾကသည္။ ရွီပုဖန္က အတန္းထဲမွလူတိုင္းကို စိုက္ၾကည့္လိုက္ၿပီး လူတိုင္းကလည္း ရွီပုဖန္ေျပာတာကို ၾကားလိုက္တဲ့အခါ အၾကည့္ျပန္လႊဲသြားၾကသည္။
“ တစ္ေယာက္ေယာက္ကသာ အတို႔အေထာင္လုပ္ရဲရင္ ငါ သူတို႔ကိုရိုက္ပစ္မယ္။ တကယ္လို႔ ငါတရားခံကိုမရွာနိုင္ရင္ လူတိုင္းကိုရိုက္ပစ္မယ္”
လူတိုင္းေျပာစရာစကားေပ်ာက္သြားရလ်က္။
မင္းဘာလို႔ဒီေလာက္ရဲတင္းေနရတာလဲ?
ခ်ဳံးက်င့္ႏွင့္ မင္မိုင့္တို႔က ခုံေပၚမွာ လွဲေနၾကသည္၊ မ်က္လုံးေတြအား တိတ္တဆိတ္ပိတ္ထားလ်က္။ ယဲ့လ်န္ကေတာ့ ေခါင္းေမာ့လာၿပီးေနာက္ ျပန္ငုံ႕သြားကာ မရယ္မိေအာင္ထိန္းထားရသည္။
က်န္းယြမ္ပိုင္ တုံ႕ဆိုင္းေနတုန္းမွာပဲ ရွီပုဖန္က သူ႕ကိုၿခိမ္းေျခာက္လာတာအား ၾကားလိုက္ရသည္။
“ မင္းမစားဘူးဆိုရင္ ကိုယ္ မင္းကိုလဲရိုက္ပစ္မယ္”
ရွီပုဖန္က ယင္းကိုေျပာလိုက္တဲ့အခ်ိန္ ရွီပုဖန္က သူ႕ကိုယ္သူသာ အျပစ္ေတြပုံခ်ေနမွန္း တစ္ေယာက္ေယာက္က ခ်က္ခ်င္း သတိျပဳမိသြားသည္။ တစ္ေယာက္ေယာက္က ေလာင္ရွီးကို အတို႔အေထာင္သြားလုပ္ရင္ေတာင္ သူက က်န္းယြမ္ပိုင္ကို အတင္းအက်ပ္စားခိုင္းမွန္း ေလာင္ရွီးသိသြားလိမ့္မည္ပင္။
က်န္းယြမ္ပိုင္ကေတာ့ သတိမျပဳမိေသးပင္။ ရွီပုဖန္က တစ္ေယာက္ေယာက္ကိုရိုက္မဲ့အေၾကာင္းကိုၾကားတိုင္း သူအမွန္တကယ္ပင္ ေၾကာက္လန႔္မႈေၾကာင့္ စတင္တုန္ယင္လာသည္။
က်န္းယြမ္ပိုင္ဘူးအဖုံးကို ဖြင့္လိုက္ေတာ့ ေလပူေတြက သူ႕မ်က္ႏွာကိုလာေရာက္ရိုက္ခတ္လ်က္။
သူမိနစ္အနည္းငယ္ေလာက္တုံ႕ဆိုင္းေနမိတဲ့အတြက္ သူစားဖို႔အခ်ိန္မေလာက္ေတာ့ေပ။ က်န္းယြမ္ပိုင္ဖက္ထုပ္တစ္ခုကိုတူနဲ႕ညွပ္လိုက္ၿပီး ယင္းအား မႈတ္ကာ လူတိုင္း၏ေစာင့္ၾကည့္ေနတဲ့အၾကည့္ေတြေအာက္မွာပင္ ပထမဆုံးတစ္ခုကို စားလိုက္သည္။ အဲ့ေနာက္မွာေတာ့ သူစိတ္အားထက္သန္စြာျဖင့္ပင္ ဒုတိယတစ္ခုကို တူနဲ႕ထပ္ညွပ္လိုက္သည္။ ေလာင္ရွီးအတန္းထဲဝင္မလာခင္ သူၿပီးေအာင္စားဖို႔လိုသည္။
ဒါကိုျမင္ေတာ့ ရွီပုဖန္၏မ်က္ခုံးေတြ တြန႔္ခ်ိဳးသြားသည္။ ႐ုတ္တရက္ သူ ပ်င္းရိေနတဲ့ဝက္ႏွစ္ေကာင္ရဲ႕ခုံေတြကို ကန္လိုက္ေတာ့ ခ်ဳံးက်င့္က ခ်က္ခ်င္းမတ္တပ္ထရပ္ကာ ေမးလိုက္သည္။
“ ဘာျဖစ္လို႔လဲ”
“ မင္းတို႔ေကာင္ေတြ ေလွကားနားမွာ သြားထိုင္ၿပီး လ်န္ေလာင္ရွီးလာမွာကို သြားတားထားလိုက္” ၎ကိုေျပာၿပီးေနာက္ သူက်န္းယြမ္ပိုင္ဘက္လွည့္ကာ
“ေျဖးေျဖးစားေနာ္ မနင္ေစနဲ႕”
က်န္းယြမ္ပိုင္ ခ်က္ခ်င္း ေခ်ာင္းထဆိုးမိသြားၿပီး သူ၏ႏွင္းလိုျဖဴေဖြးတဲ့မ်က္ႏွာေလးကလည္း တျဖည္းျဖည္းနီရဲလာသည္။
ခ်ဳံးက်င့္နဲ႕မင္မိုင့္တို႔ႏွစ္ေယာက္လုံး မတ္တပ္ရပ္ကာ ေလွကားဆီသြားတဲ့အခ်ိန္ လ်န္ရွိုးသယ္ကလည္း ေရာက္လာသည္။ ေက်ာင္းသားႏွစ္ေယာက္က ႐ုတ္ျခည္းဆိုသလို အားပါးတရၿပဳံးကာ သူတို႔၏သြားေဖြးေဖြးေတြအား လွစ္ဟျပလိုက္သည္
“ လ်န္ေလာင္ရွီးက ဒီကိုအတန္းခ်ိန္ဝင္ဖို႔ လာတာလား”
လ်န္ရွိုးသယ္က သတိအေနအထားျဖင့္ လမ္းေလွ်ာက္တာကို ရပ္လိုက္ၿပီး အဲ့အခ်ိန္မွာပဲ ေခါင္းေလာင္းသံျမည္လာေလသည္။ သူခဏတန႔္သြားကာ သတိအေနအထားျဖင့္
“ မင္းတို႔ေကာင္ေတြဘာလိုခ်င္လို႔လဲ”
ဒီေက်ာင္းသားႏွစ္ေယာက္က သူ႕ကိုရိုက္ခ်င္ေနတာလား? သူအဲ့လိုေတြးမိလိုက္ေတာ့ သူ ဒီေနာက္ပိုင္း သူတို႔ေတြကို ရန္စမိထားတယ္လို႔ မထင္ေပ။ ထပ္ေျပာရရင္ သူ သူတို႔ေတြကို မ်က္ကြယ္ျပဳထားေပးခဲ့တယ္ေလ။ အဲ့ဒါကို သူတို႔ေတြက ဘာလုပ္ခ်င္ေနၾကတာလဲ?
“ မဟုတ္ပါဘူး ကြၽန္ေတာ္တို႔ဘာမွမလုပ္ခ်င္ပါဘူး” ခ်ဳံးက်င့္က အိတ္ကပ္ထဲ လွန္ေလွာရွာေဖြလိုက္ေတာ့ စီးကရက္ဘူးဝက္ကို ေတြ႕သြားၿပီး ခ်က္ခ်င္းအိတ္ကပ္ထဲ ျပန္ထိုးထည့္လိုက္သည္။ မင္မိုင့္ကလည္း အလိုက္တသိ ေလွကားထစ္အနည္းငယ္ဆင္းၿပီး ကာလိုက္ကာ စစ္မွန္စြာျဖင့္ ဆိုလိုက္သည္
“ကြၽန္ေတာ္တို႔ဆရာမ်ားေန႕က ေလာင္ရွီးကို ဘာလက္ေဆာင္မွမေပးလိုက္ရတာကို သတိရသြားလို႔။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က ေလာင္ရွီးကို ကြၽန္ေတာ္တို႔ရဲ႕ရင္တြင္းခံစားခ်က္ေလးေတြ ေျပာျပခ်င္လို႔ပါ”
မင္မိုင့္ တစ္ခဏမွ် လွန္ေလွာရွာေဖြလိုက္ၿပီး ေနာက္ဆုံးမွာေတာ့ Alpsခ်ိဳခ်ဥ္ကို ေတြ႕သြားေတာ့သည္။
“ ဒီမွာပါ ဒါေလးကေလာင္ရွီးအတြက္ပါ”
လ်န္ရွိုးသယ္ လက္ဆန႔္ကာ ယင္းကို လွမ္းယူလိုက္ၿပီး သူတို႔ေဘးကေန ပတ္ေလွ်ာက္သြားဖို႔ ျပင္လိုက္ခ်ိန္ ခ်ဳံးက်င့္ကလည္း ႐ုတ္တရက္ႀကီး သူ႕ဆီေလွ်ာက္လာ၏
“ အဲ…ဒီေန႕ ရာသီဥတုအေတာ္ေလးသာယာတယ္ေနာ္ ။ ေလာင္ရွီးလ်န္ကလဲ အရမ္းေခ်ာတာပဲ”
လ်န္ရွိုးသယ္ဆြံ႕အသြားရလ်က္။
အမွန္တကယ္လည္း သူက ေက်ာင္းမွာေခ်ာေမာတဲ့ေလာင္ရွီးတစ္ေယာက္ဆိုေတာ့ အလိုအေလ်ာက္ပင္ သူ႕မ်က္မွန္ကိုပင့္ရင္း ေျပာလိုက္သည္
“ ရၿပီ ေကာင္ေလးေတြ။ ငါ့ကို ျမႇောက္ေနတာ ရပ္လိုက္ၾကေတာ့။ ငါတို႔စာသင္ရအုံးမယ္ေလ”
“ ကြၽန္ေတာ္ၾကားတာေတာ့ ေလာင္ရွီးဆီမွာ ခုထိေကာင္မေလးမရွိေသးဘူးဆို ဟုတ္လားေလာင္ရွီး?” မင္မိုင့္ကလည္းထပ္ေျပာကာ ၿပဳံးလ်က္ျဖင့္ ေလွ်ာက္သြားလိုက္ၿပီး
“ ေလာင္ရွီး ကြၽန္ေတာ့္မွာ ေလာင္ရွီးအ႐ြယ္ေလာက္အစ္မဝမ္းကြဲတစ္ေယာက္ရွိတယ္။ သူကPh.Dဘြဲ႕လဲရထားတာေနာ္ ေလာင္ရွီးတို႔ တစ္ရက္ေလာက္ဆုံၾကရင္ ဘယ္လိုလဲ”
“…” မင္းတို႔ေကာင္ေတြ ဘာလုပ္ခ်င္ေနၾကတာလဲကြာ?
လူတိုင္း၏ေစာင့္ၾကည့္ေနတဲ့အၾကည့္ေတြေအာက္မွာပဲ က်န္းယြမ္ပိုင္ ေနာက္ဆုံးေတာ့ ဖက္ထုပ္ေတြစားလို႔ကုန္သြားခဲ့ေလၿပီ။ ေဆာင္းရာသီကို ေရာက္ေတာ့မွာေပမဲ့ က်န္းယြမ္ပိုင္၏နဖူးထက္မွာေတာ့ ေခြၽးစို႔ေနလ်က္ပင္။ ရွီပုဖန္ ဘူးခြံကို ယူလိုက္ၿပီး အေနာက္ဘက္က အမွိုက္ပုံးထဲပစ္ထည့္လိုက္ကာ ေရေမႊးထပ္ဖ်န္းလိုက္သည္။ သူေခ်ာင္းၾကည့္လိုက္ကာ ခ်ဳံးက်င့္တို႔ကိုျပန္ေခၚလိုက္သည္။
“ မင္းတို႔ေကာင္ေတြဘာလုပ္ေနၾကတာလဲ”
ခ်ဳံးက်င့္နဲ႕မင္မိုင့္လည္း သူေျပာတာကိုသေဘာေပါက္ကာ ျမန္ျမန္ဆန္ဆန္ပဲ ေဘးကိုဖယ္ေပးလိုက္ၿပီး ေလာင္ရွီးကို လမ္းေလွ်ာက္ဖို႔ အမူအရာျပလိုက္သည္။
“ ေလာင္ရွီး အတန္းထဲအျမန္ဝင္ပါေတာ့ ကြၽန္ေတာ္တို႔လိုက္ပို႔ေပးပါ့မယ္”
“ …” လ်န္ရွိုးသယ္ေျပာစရာစကားတို႔ေပ်ာက္ရွသြားၿပီး ေရေမႊးနံ႕ေတြမႊန္ထူေနတဲ့အခန္းထဲကို ေၾကာက္စရာေကာင္းၿပီး ဆိုးသြမ္းတဲ့ေက်ာင္းသားႏွစ္ေယာက္၏လိုက္ပို႔ျခင္းအား ခံလိုက္ရသည္။
အမွန္အတိုင္းေျပာရမယ္ဆိုရင္ ဘယ္ေလာက္ေဈးႀကီးတဲ့ေရေမႊးျဖစ္ေနပါေစ ထပ္ခါထပ္ခါဖ်န္းထားရင္ အနံ႕ေကာင္းမွာ မဟုတ္ေလဘူး။
ေလာင္ရွီးက ႏွာေခါင္းရႈံ႕ကာ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး အတန္းထဲကို စိတ္ရႈပ္စြာျဖင့္ ေဝ့ဝိုက္ၾကည့္လုက္သည္။
“ ဘယ္သူဖ်န္းထားတာလဲ ? အခန္းကို ဒီေလာက္ ခ်ိဳျမျမအနံ႕ႀကီးထြက္ေအာင္ ဘာလို႔လုပ္ထားရတာတုန္းကြ?”
ေက်ာင္းသားအားလုံး အၾကည့္ကို ေအာက္စိုက္လိုက္ၾက၏။
အတန္းထဲမွာ “နတ္ဆိုး”ရွိေနမွေတာ့ ဘယ္သူက က်န္းယြမ္ပိုင္စာသင္ခန္းထဲမွာ မုန႔္စားတဲ့အေၾကာင္းေျပာရဲမွာလဲ?
ရွီပုဖန္ကျပန္ေျဖ၏ “ ကြၽန္ေတာ္ဖ်န္းထားတာပါ”
သူ႕စကားေတြၾကားေတာ့ လ်န္ရွိုးသယ္ေခါင္းကိုက္လာသလို ခံစားလာရကာ ေရေမႊးနံ႕ကို ရႉလိုက္ၿပီးေနာက္ ေခါင္းကိုက္တာက ပိုလို႔ေတာင္ ဆိုးလာေလသည္။
“ မင္းဘာေတြလုပ္ထားတာလဲ”
“ CLKက ဒီCherry Rainလို႔ေခၚတဲ့ေရေမႊးအသစ္ထုတ္တယ္ေလ 10မီလီမီတာဘူးေလးကို 680ေတာင္ေပးရတယ္ဗ်ာ။ ကြၽန္ေတာ္က အားလုံးကို ကြၽန္ေတာ္တို႔အတန္းက ခ်မ္းသာၿပီး ဒီအရာေတြကိုေတာင္ တတ္နိုင္တယ္ဆိုတာ သိေစခ်င္လို႔ပါ”
လူတိုင္းက စတင္ရယ္ေမာၾကေတာ့သည္။ လ်န္ရွိုးသယ္နဲ႕ ေက်ာင္းသားေတြအကုန္လုံးရဲ႕ကိုယ္မွာ ဒီေရေမႊးရနံ႕က ႐ႊဲ႐ြဲစိုေနၿပီျဖစ္သည္။ ေလာင္ရွီးရဲ႕ႏႈတ္ခမ္းေတြတြန႔္သြားကာ
“ ေကာင္းၿပီ..အဲ့ေတာ့ ငါကကံေကာင္းသြားတာေပါ့ ဟုတ္လား”
ရွီပုဖန္က “ေလာင္ရွီး အဲ့လိုခံစားရသင့္ပါတယ္”
က်န္းယြမ္ပိုင္ တိတ္တဆိတ္ျဖင့္ ေခါင္းငုံ႕ကာ မရယ္ဘဲမေနနိုင္ေတာ့။
လူတိုင္းက ဤရနံ႕ထဲ နစ္ျမဳပ္ရင္းျဖင့္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲ စာထဲမွာ အာ႐ုံစိုက္လိုက္ၾကသည္။ မြန္းလြဲပိုင္းမွာေတာ့ လူတိုင္းရဲ႕ကိုယ္ေပၚမွာ အနံ႕က စြဲထင္က်န္ရစ္လို႔ေန၏။ အရည္အခ်င္းရွိတဲ့သူေတြ ဒါမွမဟုတ္ ေငြသုံးနိုင္တဲ့သူေတြသာဝင္ေရာက္နိုင္တဲ့ဒီလိုေနရာမ်ိဳးမွာ လူတိုင္းက တန္းခြဲတစ္ဟာ သူတို႔ရဲ႕ခ်မ္းသာမႈကိုႂကြားလုံးထုတ္တတ္တဲ့ ခ်မ္းသာၿပီး ဇြတ္တ႐ြတ္နိုင္ေသာလူေတြနဲ႕ျပည့္ႏွက္ေနမွန္း သိခဲ့ၾကရသည္။
ေက်ာင္းမဂၢဇင္းဌာနက သူတို႔ကို အင္တာဗ်ဴးလာေမးတဲ့အခါမွာေတာ့ တစ္စုံတစ္ေယာက္က ရွီပုဖန္ေျပာတာကို ျပန္ေျပာျပလိုက္သည္။ အဲ့ညမွာပဲ ဌာနက စာမူၾကမ္းကို ျပင္ဆင္လိုက္သည္။ ေနာက္တစ္ေန႕မွာ Class1ကိုတုပၿပီး ပိုေဈးႀကီးေသာေရေမႊးကိုဝယ္လာၾကတဲ့ အျခားအတန္းေတြေတာင္ ရွိေလသည္။ က်န္းယြမ္ပိုင္နဲ႕အျခားသူေတြ ကန္တင္းမွာ အတူတူထိုင္လိုက္ၿပီးေနာက္ ခ်ဳံးက်င့္ကထရယ္ကာ
“ အခု ဘာေတြျဖစ္ေနလဲဆိုတာ ၾကည့္လိုက္ၾကအုံး။ တန္းခြဲတစ္ဆယ္က LOရဲ႕ Forest Lightကိုဝယ္ၿပီး တန္းခြဲသုံးကေတာ့ FLAOရဲ႕ Babilaကို ဝယ္ခဲ့တယ္ေလ။ အနာဂတ္မွာ ငါတို႔က ဘယ္အတန္းက ဘယ္သူဆိုတာကို အနံ႕ေတြအေပၚ မူတည္ၿပီး ခြဲျခားလို႔ ရေနေလာက္ၿပီ”
မင္မိုင့္က ခ်က္ခ်င္းအသံေနအသံထားႏွင့္ ထေျပာသည္
“ ငါကေတာ့ တန္းခြဲတစ္က _ Cherry Rain ေရေမႊးနံ႕!”
စုန႔္ေမာ့လည္း အားရပါးရရယ္ေမာလိုက္သည္။
ဤယွဥ္ၿပိဳင္မႈက သိပ္မၾကာလိုက္ေပ။ ေသာၾကာေန႕မနက္ခင္းမွာ လူတိုင္းက အားကစားကြင္းမွာ စုစည္းၾကရ၏။ ေက်ာင္းအုပ္အိုႀကီးက အသံခ်ဲ့စက္အားကိုင္ကာ ေက်ာင္းတြင္ ေက်ာင္းသားေတြ စတင္ခဲ့တဲ့အၿပိဳင္အဆိုင္ေလထုကို ၿဖိဳခြဲလိုက္သည္။
“ သုံးရက္အတြင္း အတန္းေတြအားလုံး ငါ့ဆီ သုံးသပ္စာတင္ရမယ္! မင္းတို႔ ဘာလို႔ ေက်ာင္းကို လာၾကတာလဲဆိုတာ ေသေသခ်ာခ်ာျပန္စဥ္းစား! လာမဲ့တနလၤာေန႕မွာ သုံးသပ္စာကို က်ယ္က်ယ္ေလာင္ေလာင္နဲ႕ဖတ္ျပဖို႔အတြက္ ကိုယ္စားျပဳတစ္ေယာက္စီေ႐ြးထားၾက!”
အသံခ်ဲ့စက္က သူ၏အသံကို ပိုမိုက်ယ္ေလာင္သြားေစကာ အားကစားကြင္းတစ္ခုလုံးကို ရိုက္ခတ္သြား၏။ တန္းစီၿပီး ညီညီညာညာရပ္ထားတဲ့အတန္းေတြၾကားထဲမွာ ဒီၿပိဳင္ပြဲ၌ မပါဝင္ထားတဲ့တန္းခြဲေတြက သူတို႔ဗိုက္ကိုကိုင္ကာ အားပါးတရ က်ယ္က်ယ္ေလာင္ေလာင္ ရယ္ေမာေနၾကေလသည္။ ပါဝင္ခဲ့တဲ့ေက်ာင္းသားေတြအားလုံးကေတာ့ သနားစရာေကာင္းလ်က္ျဖင့္ စာေရးရန္ စုစည္းလိုက္ၾကသည္။
တန္းခြဲတစ္၏သုံးသပ္စာႏွင့္ပတ္သက္ၿပီး က်န္းယြမ္ပိုင္က အျပစ္ကို သူ႕အေပၚသာ သူပုံခ်လိဳက္သည္။
အိမ္ျပန္တဲ့လမ္းမွာ သူအရႈံးသမားတစ္ေယာက္လို ေခါင္းအားငုံ႕ထားရင္းျဖင့္ ေျခလွမ္းကို မလွမ္းခ်င္လွမ္းခ်င္ျဖင့္ေလွ်ာက္ေန၏။ ရွီပုဖန္ကေတာ့ ထုံးစံအတိုင္း တက္ႂကြဖ်တ္လတ္ေနဆဲ။
“ စာကို ပုံမွန္အိမ္စာလိုပဲေရးလိုက္ေပါ့။ အစပိုင္းမွာ အတန္းရဲ႕အမွားေတြကိုေရးၿပီး ေနာက္ပိုင္းမွာေတာ့ အတန္းက ဘယ္လိုျပဳျပင္သြားပါ့မယ္ဆိုတာေတြကို ေရးလိုက္”
“မင္းေျပာတာေတာ့အလြယ္ေလးေပ့ါ” က်န္းယြမ္ပိုင္က သူ႕ကိုစိုက္ၾကည့္ကာ
“ ေနာက္တနလၤာေန႕က်ရင္ အတန္းအတြက္ ထြက္ဖတ္ေပးရမဲ့ကိုယ္စားလွယ္က ငါျဖစ္ဖို႔မ်ားတယ္။ ငါေတာ့မ်က္ႏွာပ်က္ေတာ့မွာပဲ”
“ မင္းကဘာလို႔မ်က္ႏွာပ်က္ရမွာလဲ? စာထြက္ဖတ္ရမဲ့တစ္ေယာက္က မင္းလို႔ ဘယ္သူေျပာလဲ?”
“ ဒါေပမဲ့ ဒီဟာက ငါဖက္ထုပ္စားတာေၾကာင့္ စျဖစ္တယ္ဆိုတာကို တစ္တန္းလုံးသိေနၾကတာပဲေလ!”
ရွီပုဖန္ရယ္ခ်င္စိတ္ကို ထိန္းခ်ဳပ္ထားရၿပီး က်န္းယြမ္ပိုင္က အဲ့အေၾကာင္းကိုပိုေတြးေနေလေလ သူကပိုရယ္ခ်င္ေလေလပင္။ က်န္းယြမ္ပိုင္ရွက္သြားၿပီး ရွီပုဖန္ကို ထုရိုက္ကာ
“မင္းကရယ္ေနတုန္းပဲ! မင္းက ငါ့ကို ျပႆနာတက္ေစဖို႔ပဲသိတယ္! အရင္တစ္ေခါက္တုန္းကလဲ မင္းေျပာလိုက္တဲ့စကားေၾကာင့္ ငါအတန္းအျပင္မွာ မတ္တပ္ရပ္ရတယ္။ ဒီတစ္ေခါက္လဲ မင္းေျပာလိုက္တာေၾကာင့္ ငါကသုံးသပ္စာေရးရအုံးမယ္! ငါမ်က္ႏွာပ်က္ရတာ ေတာ္ေတာ္မ်ားေနၿပီ”
ရွီပုဖန္က က်န္းယြမ္ပိုင္ရဲ႕လက္ကို ဆုပ္ကိုင္ကာ က်န္းယြမ္ပိုင္အား သူ႕လက္ေမာင္းၾကားထဲ ဆြဲသြင္းလိုက္ၿပီး ႏႈတ္ခမ္းေထာင့္ေတြက ေကာ့တက္သြားလ်က္။
“ ဒီတစ္ႀကိမ္မွာေတာ့ မင္းမငိုဘူးေနာ္?”
က်န္းယြမ္ပိုင္၏မ်က္ေတာင္ေလးေတြ လႈပ္ခတ္သြားသည္။
အရင္တစ္ေခါက္ သူအတန္းအျပင္ဘက္မွာ မတ္တပ္ရပ္ရတုန္းက သူက်ယ္ေလာင္စြာ ရွိုက္ငိုခဲ့၏။ သူ အရွက္ရမႈေၾကာင့္ ကြၽင္းတစ္ကြၽင္းထဲ တြားဝင္ခ်င္စိတ္ေတာင္ ေပါက္ခဲ့ေလသည္။ သို႔ေပတည္း ဒီတစ္ေခါက္ သူတစ္တန္းလုံးကို သူနဲ႕အတူဆြဲခ်မိတာေတာင္ သူမငိုခဲ့။ သူ ရွီပုဖန္ရဲ႕လက္ေမာင္းေတြၾကားထဲမွ ႐ုန္းထြက္လိုက္ၿပီး ေရွ႕သြားေလွ်ာက္သြားရင္း တီးတိုးေျပာလိုက္သည္
“ မင္းေၾကာင့္ ငါက ပိုပိုၿပီးအရွက္မရွိျဖစ္လာၿပီ”
သူဒါကိုေျပာေနရင္း သူ႕နားဖ်ားေလးက ေရးေရးေလးနီလာေလသည္။
ရွီပုဖန္က တကယ္ကို ျပႆနာေကာင္ပဲ။
က်န္းယြမ္ပိုင္က ဘတ္စ္ကားဂိတ္ဘက္ကို တန္းမသြားတာေၾကာင့္ရွီပုဖန္ အနည္းငယ္စိတ္ပ်က္သြားရသည္။ သူ မ်က္ခုံးေတြကို တြန႔္ခ်ိဳးလိုက္ကာ
“ မင္းညီေလးက မင္းကိုလာႀကိဳအုံးမွာလား”
“ အင္း” က်န္းယြမ္ပိုင္ ေဘးဘက္ကိုလွမ္းၾကည့္လိုက္ၿပိး က်န္းယိုရွို႔ သူ႕အားလာႀကိဳခ်ိန္ စိတ္သက္သာရာရစြာျဖင့္ သက္ျပင္းခ်လိဳက္သည္။ အနည္းဆုံးေတာ့ ယခု ရွီပုဖန္က သူ႕ကို ေန႕တိုင္းလာႀကိဳ၊ လိုက္ပို႔စရာမလိုေတာ့ေပ။ သူ႕မိဘေတြကလည္း သူက ရွီပုဖန္ႏွင့္ နီးကပ္ေနမွန္း သိေတာ့မည္မဟုတ္။ သူ တစ္ခဏေလာက္လွမ္းၾကည့္ေနလိုက္ၿပီးေနာက္ ရွီပုဖန္ကို တြန္းထုတ္လိုက္ကာ
“ငါ့ညီေလးလာေနၿပီ ျမန္ျမန္သြားေတာ့”
ရွီပုဖန္က သူ႕ကိုတြန္းတာအား ခြင့္ျပဳထားလိုက္ၿပီး ၿပဳံးလိုက္သည္။
“ မင္းက အၿမဲတမ္း ကိုယ္တို႔ၾကားမွာ လ်ိဳ႕ဝွက္ကိစၥေလးေတြရွိေနတဲ့ပုံေပါက္ေအာင္ လုပ္ေနတယ္။ ကိုယ္တို႔ၾကားမွာ ဘာမွမရွိရင္ေတာင္မွ မင္းလုပ္ေနတာေတြက တစ္ခုခုရွိေနသလိုမ်ိဳးပဲ”
က်န္းယိုရွို႔က ေရာက္ခါနီးၿပီျဖစ္ၿပီး က်န္းယြမ္ပိုင္ ျမန္ျမန္ဆန္ဆန္ လွမ္းၾကည့္လိုက္သည္။ ရွီပုဖန္က က်န္းယြမ္ပိုင္၏ေဘးမွာရပ္ေနၿပီး က်န္းယိုရွို႔၏မ်က္လုံးေတြနဲ႕ ဆုံေတြ႕သြားေလသည္။ က်န္းယိုရွို႔မွာ က်န္းယြမ္ပိုင္နဲ႕တူတဲ့မ်က္ႏွာေလးရွိကာ ရွီပုဖန္အား ေအးစက္စြာၾကည့္လိုက္ေသာ္ျငား က်န္းယြမ္ပိုင္ကိုေျပာလိုက္၏
“တက္”
က်န္းယြမ္ပိုင္က စက္ဘီးေနာက္ခုံေပၚမွာထိုင္လိုက္ၿပီး ရွီပုဖန္ကို လက္ျပလိုက္သည္။ က်န္းယိုရွို႔က တုံ႕ဆိုင္းျခင္းမရွိဘဲ ေျခနင္းကို နင္းလိုက္ၿပီး ေတာ္ေတာ္လွမ္းလွမ္းေရာက္ေတာ့ သူ႐ုတ္တရက္ေျပာလာသည္
“ ကြၽန္ေတာ္မနက္ျဖန္အတန္းမရွိဘူး”
“ အိုး ဟုတ္သား။ မနက္ျဖန္ကစေနေန႕ပဲ” က်န္းယြမ္ပိုင္ေျပာလိုက္သည္
“ ငါတို႔ကေတာ့ မနက္ျဖန္ ပထမဆုံးေလးခ်ိန္ေတာ့ သြားတက္ဖို႔လိုလိမ့္မယ္”
“ ေကာနဲ႕ ရွီပုဖန္ၾကားထဲမွာ ဘာေတြျဖစ္ထားတာလဲ”
က်န္းယြမ္ပိုင္ အလြန္ပင္မလုံမလဲျဖစ္သြားကာ
“ ဘာကိုလဲ ..ဘာျဖစ္ရမွာလဲ”
“ တစ္ခုခုေတာ့ မဟုတ္ေသးဘူး” က်န္းယိုရွို႔အသံက ေလထဲမွာပ်ံ့လြင္လာသည္
“ သူက ဘာလို႔ ေကာကို ေန႕တိုင္းအိမ္ျပန္လိုက္ပို႔ေပးေနတာလဲ”
က်န္းယြမ္ပိုင္ရဲ႕ႏွလုံးက စည္းခ်က္တစ္ခ်က္ကို ခုန္ေက်ာ္သြားၿပီး
“ ဘယ္ကတည္းကသိေနတာလဲ”
“ကြၽန္ေတာ္ လြန္ခဲ့တဲ့ရက္အနည္းငယ္တုန္းက ျမင္လိုက္တာ အဲ့ဒါနဲ႕ အဲ့အခ်ိန္တည္းက ကြၽန္ေတာ္ေစာင့္ၾကည့္ေနတာ”
က်န္းယိုရွို႔ကေျပာသည္
“ ေကာတို႔ေတြ တစ္ေယာက္နဲ႕တစ္ေယာက္ ခပ္ေဝးေဝးေနလို႔မရဘူးလား”
က်န္းယြမ္ပိုင္ သူ၏စိုးရိမ္ပူပန္မႈကို သည္းခံထားရင္း တမင္ သူ႕ကို စိတ္ရႈပ္ေထြးေအာင္လုပ္လိုက္သည္။
“ ငါတို႔က အခ်င္းခ်င္းေကာ္လိုကပ္ေနတာေလ”
“ ဟမ့္” က်န္းယိုရွို႔ေျပာလိုက္သည္
“ ေကာ ဂ႐ုစိုက္တာပိုေကာင္းမယ္။ သူမွတ္ဉာဏ္ေတြ ေပ်ာက္ေအာင္လုပ္လိုက္တာက ေကာေလ၊ သူျပန္သတိရသြားတာနဲ႕ ေကာေတာ့ ပ်က္ကိန္းဆိုက္ၿပီပဲ”
က်န္းယြမ္ပိုင္ သူ႕ဆံပင္ေတြေထာင္သြားသလို ခံစားလိုက္ရၿပီး
“ ေပါက္တတ္ကရေတြေလွ်ာက္မေျပာနဲ႕ေတာ့!”
သို႔ရာတြင္ က်န္းယိုရွို႔၏စကားေတြက က်န္းယြမ္ပိုင္အား အထိတ္တလန႔္ျဖစ္ေစသည္။ အဲ့ညမွာပဲ ရွီပုဖန္က မွတ္ဉာဏ္ေတြျပန္ရသြားကာ သူ႕ကို ၾကမ္းျပင္ေပၚမွာ ဖိထားၿပီး အေသရိုက္ေနတာအား အိပ္မက္မက္ခဲ့သည္။ သူေျပာေနက်လိဳပဲ ၾကမ္းတမ္းစြာေျပာလာ၏
“ ငါကအမ်ားအားျဖင့္ လူေတြကို ငိုတဲ့အထိရိုက္တာ ဒါေပမဲ့ မင္းကေတာ့မတူဘူး။ ဒီေန႕ မင္းရဲ႕ေခြၽးေပါက္ေတြအားလုံးကေန.. ေသြးေတြထြက္တဲ့အထိ ငါမင္းကိုရိုက္ပစ္မယ္!”
က်န္းယြမ္ပိုင္ အိပ္မက္ဆိုးကေန လန႔္နိုးလာသည္။
ဤတိတ္ဆိတ္ေနတဲ့အခန္းထဲမွာ ခုန္ေပါက္ေနေသာသူ႕ႏွလုံးသား၏ ပဲ့တင္သံကိုသာ ၾကားေနရသည္။ သူ႕၏နာက်င္ေနတဲ့ရင္ဘတ္ကို ပြတ္သပ္ၿပီး ေလးပင္စြာျဖင့္ သက္ျပင္းခ်ကာ တုန္ယင္စြာနဲ႕ပဲ ျပန္လွဲလိုက္သည္။ သူဖုန္းကို ဆြဲယူလိုက္ေတာ့ ရွီပုဖန္၏စာကို ျမင္လိုက္ရသည္။
ရွီထဲ့ဖန္ : မနက္ျဖန္လဲ မင္းညီေလးက လိုက္ပို႔အုံးမွာပဲလား?
က်န္းယြမ္ပိုင္ျပန္ေျဖလိုက္၏
“ဟုတ္တယ္”
အဲ့ေနာက္မွာေတာ့ သူေစာင္ကိုဆြဲၿခဳံလိုက္ကာ မ်က္ႏွာၾကတ္ကိုေငးၾကည့္ၿပီး ေရာက္တတ္ရာရာ စဥ္းစားရင္း အိပ္ေပ်ာ္သြားေတာ့သည္။
က်န္းယိုရွို႔မွာအတန္းမရွိတဲ့အတြက္ ေက်ာင္းယြမ္ပိုင္ကို ေက်ာင္းလိုက္ပို႔ေပးရန္ အခြင့္အေရးမရွိေခ်။ က်န္းယြမ္ပိုင္ ေအာက္ထပ္ကို ဆင္းကာ ဘတ္စ္ကားဂိတ္ကို ေျပးသြားလိုက္ခ်ိန္ နီရဲေတာက္ေနတဲ့ေမာ္ေတာ္ဆိုင္ကယ္တစ္စီးက ႐ုတ္ျခည္းဆိုသလို သူ႕ေရွ႕မွာ လာရပ္၏။ ရွီပုဖန္က ေက်ာင္းယူနီေဖာင္းေပၚမွာ ဂ်ာကင္အပြႀကီးကိုထပ္ဝတ္ထားၿပီး သူ႕ဆိုင္ကယ္ဦးထုပ္ကို ခြၽတ္ကာ မ်က္ခုံးပင့္လိုက္သည္။
“ မင္းေျပာေတာ့ မင္းညီေလးက လိုက္ပို႔ေပးမွာဆို?”
က်န္းယြမ္ပိုင္ကလည္းျပန္ပက္၏
“မင္း18ျပည့္ၿပီမို႔လား”
“ျပည့္ခါနီးၿပီေလ” ရွီပုဖန္ရဲ႕ႏႈတ္ခမ္းေထာင့္က ေကာ့တက္သြားၿပီး သူ႕ေနာက္မွခုံကိုပုတ္ျပကာ
“ ဒီဆိုင္ကယ္မမိုက္ဘူးလား”
“…” မိုက္ပါတယ္ ဒါေပမဲ့ ဒါကေမာ္ေတာ္ဆိုင္ကယ္ေလ! မင္းလို အသက္မျပည့္ေသးတဲ့ကေလးက ေမာ္ေတာ္ဆိုင္ကယ္ ေမာင္းလို႔ရလို႔လား?!
ရွီပုဖန္က က်န္းယြမ္ပိုင္ဆီ ဦးထုပ္ပစ္ေပးလိုက္ၿပီး
“ တက္ေလ”
“မတက္ဘူး” က်န္းယြမ္ပိုင္ ျမန္ျမန္ပဲ သူ႕ကိုျငင္းလိုက္ၿပီး ဆိုင္ကယ္စီးဦးထုပ္က အာလူးပူပူလို ခံစားလာရသည္။ ယင္းက သူ႕လက္အား ထိသြားတဲ့အခိုက္မွာပဲ ဦးထုပ္အား ျပန္ပစ္ေပးလိုက္သည္။ က်န္းယြမ္ပိုင္ ေၾကာက္အားလန႔္အားျဖင့္ ေျပာလိုက္သည္
“ ငါလိုင္စင္မရွိတဲ့ယာဥ္ေတြေပၚမွာ ထိုင္ဖို႔ကို ျငင္းပယ္တယ္”
ရွီပုဖန္က က်စ္ခနဲစုပ္သပ္လိုက္ၿပီး က်န္းယြမ္ပိုင္ရဲ႕ေနာက္ကေန ဆိုင္ကယ္အား ျဖည္းညင္းစြာေမာင္းရင္း
“ ဘာကိုလိုင္စင္မရွိတဲ့ယာဥ္လဲ? အဲ့ဒါကဘာကိုဆိုလိုမွန္းမင္းသိလို႔လား?”
“မင္းရဲ႕ဆိုင္ကယ္ကလိုင္စင္မရွိတဲ့ယာဥ္ေလ” က်န္းယြမ္ပိုင္က သူ႕ကိုဆုံးမလိုက္သည္
“မင္းအဖမ္းခံရလိမ့္မယ္!”
“ကိုယ္တို႔ ေက်ာင္းကို ဆယ္မိနစ္အတြင္း ေရာက္နိုင္တယ္ေလ”
ရွီပုဖန္က သူ႕ကိုဆိုင္ကယ္ေပၚဆြဲတင္သြားမွာအား က်န္းယြမ္ပိုင္ေၾကာက္မိသည္။ တကယ္လို႔ ရဲကသာ သူတို႔ကိုဖမ္းသြားရင္ က်န္းယြမ္ပိုင္ ေသခ်ာေပါက္ ရွီပုဖန္ကို အႀကိမ္အနည္းငယ္ခန႔္ရိုက္မိမွာပင္။ သူ႕ေက်ာပိုးအိတ္ အထက္ေအာက္ခုန္ေပါက္ေနမည္စိုးသည့္အတြက္ သိုင္းႀကိဳးေတြကို တင္းတင္းဆုပ္ကာ အရွိန္တင္ေျပးလိုက္သည္မွာ သူ႕ေနာက္ကေန သရဲတစ္ေကာင္လိုက္ေနသလိုမ်ိဳးပင္။
“ငါ့ေနာက္ကိုမလိုက္နဲ႕”
“ကိုယ္တို႔ဒီမနက္ပဲအတန္းရွိတာေလ။ ေန႕လည္က်ၿပီးၿပီ”
က်န္းယြမ္ပိုင္ရွင္းလင္းစြာသိေပမဲ့ သူ႕မွာ ရွီပုဖန္ ဘာကိုဆိုလိုခ်င္လဲဆိုတာအား နားလည္ေအာင္လုပ္ဖို႔ အခ်ိန္မရွိေလဘူး။ သူအေရွ႕ကိုပဲဆက္ေျပးေနၿပီး မယွဥ္သာေအာင္ ထိတ္လန႔္ေနမိသည္။
“ ငါဆိုင္ကယ္မစီးဘူးေနာ္။ ငါနဲ႕ေဝးေဝးမွာေန”
သူခ်ဳံပုတ္စိမ္းစိမ္းေတြကို ျဖတ္ေက်ာ္ၿပီး အထဲကေနေျပးကာ ရွီပုဖန္ ေနာက္ကလိုက္ဖို႔ခက္ေအာင္လုပ္လိုက္သည္။ ရွီပုဖန္စက္ႏွိုးလိုက္ၿပီး အေရွ႕ဘက္ေထာင့္ကေနလွည့္ကာ က်န္းယြမ္ပိုင္ကို ေစာင့္ေနလိုက္၏။ ထိုအခါ က်န္းယြမ္ပိုင္က အတြင္းလမ္းက အုတ္နီခဲေတြနားကို ေျပးသြားလိုက္ၿပီး ယင္းက လမ္းေလွ်ာက္ဖို႔အတြက္ ေနရာတစ္ခုျဖစ္ေနတာမို႔ ရွီပုဖန္ အမွန္ပင္ သူ႕ေနာက္ကိုဆက္မလိုက္နိုင္ေတာ့။ ရွီပုဖန္ရယ္ခ်င္သြားသည္
“ ကိုယ္ မင္းကို ဆိုင္ကယ္ေပၚ တက္ဖို႔ ဖိအားမေပးပါဘူးကြာ။ ဒီနားကိုလာပါအုံး”
“ငါမင္းကိုမယုံဘူး” က်န္းယြမ္ပိုင္ေျပာလိုက္၏
“ ေက်ာင္းစည္းကမ္းကို ခ်ိဳးေဖာက္တာက ကိစၥတစ္ခုဆိုေပမဲ့ မင္းအခု ဘာလုပ္ေနလဲဆိုတာကိုေရာ မင္းသိရဲ႕လား? မင္းကဥပေဒကိုခ်ိဳးေဖာက္ေနတာ!”
ရွီပုဖန္က သူေျပာတာကိုလက္ခံလိုက္ၿပီး ကူကယ္ရာမဲ့ေနေသာေလသံျဖင့္ ေျပာလိုက္သည္
“ ကိုယ္ ဆိုင္ကယ္ကို စူပါမားကတ္ေရွ႕မွာ ပါကင္ထိုးလိုက္ၿပီး ကိုယ္တို႔ ေက်ာင္းကို စက္ဘီးစီးသြားၾကမယ္။ အိုေခၿပီလား”
က်န္းယြမ္ပိုင္ ရွီပုဖန္ကို သံသယျဖစ္စြာ စိုက္ၾကည့္လိုက္ၿပီး
“ဒါဆို ပါကင္အရင္သြားထိုးလိုက္”
ရွီပုဖန္ ဂဝါရျပဳသလိုမ်ိဳး သူ႕လက္သီးဆုပ္ကို အျခားလက္တစ္ဖက္ႏွင့္ ဆုပ္ကိုင္ျပလိုက္ၿပီး ဆိုင္ကယ္ကို ေရွ႕သို႔ ေမာင္းသြားလိုက္သည္။
[*တ႐ုတ္သိုင္းကားေတြထဲက ဂါဝရျပဳတဲ့ပုံစံမ်ိဳးပါ]
ရွီပုဖန္ ဆိုင္ကယ္ေသာ့ကို ယူလိုက္ၿပီး စက္ဘီးနဲ႕လဲလိုက္တာကို ေတြ႕တဲ့အခ်ိန္မွပဲ က်န္းယြမ္ပိုင္လည္း သက္ျပင္းခ်နိဳင္ေတာ့သည္။ ရွီပုဖန္က စက္ဘီးကိုယူလာတဲ့အခ်ိန္မွာ က်န္းယြင္ပိုင္ကို ေလွာင္ၿပဳံးၿပဳံးျပလိုက္ေသာ္ျငား က်န္းယြမ္ပိုင္ကေတာ့ မသိခ်င္ေယာင္သာေဆာင္ေနလိုက္သည္။
သူတို႔ေက်ာင္းကိုေရာက္တဲ့အခ်ိန္မွာ စက္ဘီးကို ေသာ့ခတ္၍ လမ္းေလွ်ာက္သြားၾကသည္။ က်န္းယြမ္ပိုင္ သူ႕အားေမးလိုက္သည္
“ မင္း ဘာလို႔အဲ့ဒါႀကီးကိုယူခဲ့ရတာလဲ”
“ ဘာႀကီးကိုယူခဲ့တာလဲ”
“ဆိုင္ကယ္ေလ”
“အိုး” ရွီပုဖန္က လက္ဆန႔္၍ သူ႕ကိုဖက္လိုက္ကာ သာမန္ကာလွ်ံကာျဖင့္ ေျပာလာသည္
“ ကိုယ္တ ို႔ဒီေန႕အတန္းက ေန႕တစ္ဝက္ပဲတက္ရမွာမလား”
ရွီပုဖန္ခုနတုန္းကလည္း ဒီကိစၥကိုေျပာေသး၏။ က်န္းယြမ္ပိုင္ စိတ္ရႈပ္ေထြးသြားကာ အေမးဆိုလိုက္သည္
“အဲ့ဒါဘာျဖစ္လို႔လဲ”
“အတန္းၿပီးရင္ ကိုယ္က မင္းကို ဆိုင္ကယ္စီးေခၚသြားၿပီး ေပ်ာ္စရာေလးေတြသြားလုပ္မို႔ေလ”
က်န္းယြမ္ပိုင္ သူနားၾကားမွားတယ္လို႔ ေတြးလိုက္မိကာ အနည္းငယ္ေတာင့္တင္းသြားၿပီး သတိအေနအထားျဖင့္ေမးလိုက္သည္
“ မင္းဘာေျပာေနတာလဲ”
က်န္းယြမ္ပိုင္ေပၚ သူ၏ဆုပ္ကိုင္ထားမႈအား ရွီပုဖန္တင္းက်ပ္လိုက္ၿပီး တမင္တကာပင္ သူ႕အားၿခိမ္းေျခာက္၍ ရယ္ေမာလ်က္ ေျပာလိုက္သည္
“ကိုယ္ေျပာတာက အတန္းၿပီးသြားရင္ ကိုယ္မင္းကိုျပန္ေပးဆြဲမလို႔၊ အဲ့လိုဆို ကိုယ္တို႔ေလွ်ာက္လည္လို႔ရၿပီ”