အတိတ်မေ့နေသောကျောင်းလူဆိုးလေး...

By Cora0411

402K 38.9K 1.2K

This is just Translation. ✨All credits to original author and english translator. Start date-12.1.2021 End da... More

//Description//
//Chapter 1//
//Chapter 2//
//Chapter 3//
//Chapter 4//
//Chapter 5//
//Chapter 6//
//Chapter 7//
//Chapter 8.1//
//Chapter 8.2//
//Chapter 9.1//
//Chapter 9.2//
//Chapter 10.1//
//Chapter 10.2//
//Chapter 11.1//
//Chapter 11.2//
//Chapter 12.1//
//Chapter 12.2//
//Chapter 13.1//
//Chapter 13.2//
//Chapter 14//
//Chapter 15//
//Chapter 16//
//Chapter 17//
//Chapter 18//
//Chapter 19//
//Chapter 20//
//Chapter 21.2//
//Chapter 22//
//Chapter 23//
//Chapter 24//

//Chapter 21.1//

4.8K 908 39
By Cora0411

Unicode

ကျန်းယွမ်ပိုင်ကြားလိုက်ရတဲ့ ရှီပုဖန်ရဲ့စကားတွေက လွန်စွာရှော့ခ်ဖြစ်စရာကောင်းတာကြောင့် ရှီပုဖန် သူ့မျက်နှာအား လာနမ်းတာကို တားဖို့တောင် သူအချိန်မရလိုက်။

ရှီပုဖန် ဘာပြောလိုက်တာလဲ?

သူက သူ့ကိုကြိုက်နေတယ်? သူက ရှီပုဖန်အတိတ်မေ့နေတာကို အခွင့်ကောင်းယူပြီးတော့ သူနဲ့နီးစပ်အောင်လုပ်တယ်? ဘယ်တုန်းက အဲ့လိုဖြစ်သွားတာလဲ?

ကျန်းယွမ်ပိုင်က အလိုအလျောက် သူ့ခေါင်းကိုယမ်းကာ ပြောလိုက်သည်
“ မဟုတ်…မဟုတ်ဘူး…ငါအဲ့လိုမ..”

ရှီပုဖန်က အရာအားလုံးကို ထိုးထွင်းသိမြင်နေသကဲ့သို့ ဆက်ပြုံးနေ၏
“ မင်းငါ့ကိုမကြိုက်ဘူးဆိုရင် ဘာလို့ ငါ့ဆီလာလည်တဲ့ ပထမဆုံးသူက မင်းဖြစ်နေရတာလဲ?”

ဘာလို့လဲဆိုတော့ငါ…မင်းသေသွားမှာကို ကြောက်လို့ပေါ့ဟ…ကျန်းယွမ်ပိုင် ရှုပ်ထွေးကာ ပဟေဠိဖြစ်နေမိပြီး သူ့လက်ချောင်းများထံမှ ထုံထိုင်းမှုကို ခံစားမိနေကာ မင်သေနေသောအမူအရာကို ကိုင်စွဲထားလျက်ဖြင့်ပင်။

ရှီပုဖန်က နူးညံ့တဲ့လေသံလေးနဲ့ပဲ ဆက်မေးလာသည်။
“ မင်းငါ့ကိုမကြိုက်ဘူးဆိုရင် ဘာလို့ ငါ့သူငယ်ချင်းကောင်းဆိုပြီး ဟန်ဆောင်ရတာလဲ ဒါပေမဲ့လည်း ငါတို့ဆက်ဆံရေးကို အရိပ်အမြွက်ပေးနေတာနဲ့ပဲ အဆုံးသတ်သွားခဲ့တယ်လေ”

ဟင့်အင်း ငါ သူ့ကို တစ်ခါမှ အရိပ်အမြွက်မပေးခဲ့ဖူးဘူး။

“ မင်းက မင်းကိုယ်မင်းဖုံးကွယ်ထားနိုင်တယ်လို့ ထင်ပေမဲ့ မင်းသဲလွန်စတွေအများကြီး ချန်ထားခဲ့တယ်။ မင်းက ငါ့ရဲ့သူငယ်ချင်းကောင်းလို့ပြောခဲ့ပေမဲ့ မင်း ငါတို့တွေ 'ငါတို့ရဲ့ဆက်ဆံရေးကို အတည်ပြုပြီးပြီ´လို့လဲ ပြောခဲ့တယ် ပြီးတော့ အဲ့အကြောင်းကို ဘယ်သူကမှလဲ မသိဘူးတဲ့။ မင်းကို လူတိုင်းဆီကနေ လျှို့ဝှက်ချက်တစ်ခုအနေနဲ့ပဲ ထားဖို့လဲ မင်းပြောခဲ့သေးတယ်…အစကတည်းက မင်း ငါ့ကိုလိမ်နေခဲ့တာပဲ”

ရှီပုဖန်က ဖူးဖူးမှုတ်အလိုလိုက်တဲ့အပြုံးလေး ပြုံးကာ ပြောလိုက်သည်
“ နောက်ပိုင်း ငါမင်းနဲ့ပိုပြီးနီးကပ်ဖို့ကြိုးစားတိုင်း မင်း ငါ့ကိုရှောင်နေတတ်တယ်ဆိုတာ ငါသတိထားမိသွားတယ်။ မင်းပြောတာနဲ့ မင်းလုပ်တာက လုံးဝကိုအကွာကြီး။ မင်းက ငါနဲ့နီးကပ်ချင်ပေမဲ့လဲ ငါ့ကိုငြင်းဆန်နေပြန်တယ်… မင်း ဘေးကျပ်နံကျပ်အခြေအနေမှာ ရှိနေလို့ပဲဖြစ်ရမယ်၊ ငါ အဲ့အကြောင်းကိုပဲ တွေးနေခဲ့တာ။ ငါ့ရဲ့ချုံးမင်လေးက ဘာတွေများ အကျပ်ရိုက်နေပါလိမ့်?”

ကျန်းယွမ်ပိုင်မှာ အသက်ရှူဖို့ကိုတောင် အောင့်အည်းထားမိ၏။

“ သိပ်မကြာခင်မှာဘဲ နောက်ဆုံးတော့ ငါဖော်ထုတ်နိုင်သွားတယ်… မင်းကငါနဲ့အတူရှိချင်တယ် ဒါပေမဲ့ ငါမှတ်ဉာဏ်တွေပြန်ရသွားပြီး မင်းက ငါနဲ့နီးစပ်အောင် လိမ်နေခဲ့မှန်း သိသွားရင် ငါ မင်းကိုရိုက်မှာ ကြောက်နေတာ ဟုတ်တယ်မလား?”

“ …” ကျန်းယွမ်ပိုင် ဘာမှမပြောနိုင်တော့။

သုံးသပ်ချက်က မှန်တယ်လို့ ထင်ရပေမဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တိတိကျကျ ဘာလွဲနေတာလဲ? သူ သူ့ကိုကြိုက်နေမှန်း သူ(ရှီပုဖန်)သိသွားမှာကို သူ(ကျန်းယွမ်ပိုင်)ကြောက်နေတယ်လို့ ရှီပုဖန်ဘယ်လိုများတွေးလိုက်တာလဲ?

သူတံတွေးမျိုချလိုက်ကာ ဗလုံးဗထွေးပြောဖို့အတွက် အချိန်ယူလိုက်ပြီး
“ မဟုတ်ဘူးလေ။ မဟုတ်….”

ရှီပုဖန်က မျက်စိမှေးကြည့်၍ ပြောလာသည်
“ ဒါတွေ အကုန်လုံးက တစ်ဖက်သတ်အချစ်လို့ မင်းပြောချင်တာလား?”

ကျန်းယွမ်ပိုင်က ခေါင်းညိတ်ပြလိုက်ချင်ပေမဲ့ သူ့ခေါင်းကတောင့်နေပုံပင်။ သူ ရှီပုဖန်အား ကြောက်လန့်တကြားကြည့်နေစဉ်တွင် တစ်ဖက်လူက ကျန်းယွမ်ပိုင်၏နူးညံ့အိစက်တဲ့မျက်နှာလေးကို ပွတ်သပ်လာသည်။
“ ငါကအားလုံးကိုပြောပြီးသွားပြီ။ မင်း ငါ့ကို အမှန်တရားကို မပြောပြတော့ဘူးလား?”

တကယ်လို့ ကျန်းယွမ်ပိုင်မှာသာ သတ္တိအလုံအလောက်ရှိမယ်ဆိုရင် ရှီပုဖန်ပြောတာတွေကို သူရယ်သွမ်းလှောင်ပြောင်ကာ သူငယ်ချင်းကောင်းဆိုတာက သူ ဒီတိုင်းလိမ်ထားရုံသာဖြစ်တယ်လို့ ပြောလိုက်မှာပင်၊ ဘာပဲဖြစ်ဖြစ် အခြားဖြေရှင်းချက်မှ သူ့ဆီမှာမရှိဘဲ။ အဲ့နောက်မှာ မူရင်းအလိမ်အညာအပေါ် အခြားအလိမ်အညာတွေထပ်ဆင့်ကာဖြင့်  သူ့မှာ သရုပ်ဆောင်မှုကို ထိန်းသိမ်းထားရန် ဖိအားပေးခံခဲ့ရသည်။ မင်းက ငါ့စကားတွေကို အရမ်းအတွေးလွန်သွားတာပဲ။ ငါ မင်းကိုမကြိုက်တဲ့အပြင် မင်းခေါင်းကို ရိုက်လိုက်တာလည်း ငါပဲလို့!

သို့ရာတွင် သူ့မှာ အဲ့လောက်သတ္တိမရှိပေ။

ရှီပုဖန်က သူ့အလိမ်အညာကို သိထားပြီး ဇာတ်လမ်းရဲ့ ကျိုးကြောင်းမဆီလျော်တဲ့အပိုင်းတွေအားလုံးကိုတောင် ရှင်းပြချက်ပေးလိုက်သေးတယ်။ အခု ကျန်းယွမ်ပိုင်မှာ ရွေးချယ်စရာနှစ်ခုရှိသည်။ ပထမတစ်ခုကတော့ သူအမှန်တရားကိုပြောလိုက်ပြီးတော့ ယင်းက ရှီပုဖန်ကို လှောင်တဲ့ပုံမပေါက်အောင် အကောင်းဆုံးကြိုးစားဖို့ပင်။ သို့သော်ငြားလည်း စကားပြောတာက စွမ်းရည်တစ်မျိုးပဲလေ….၎င်းက ကျန်းယွမ်ပိုင်ရဲ့စကားလုံးသုံးနှုန်းမှုပေါ်မှာ မူတည်သွားပြီ။ သူသာ သူ့အတွက်သူ ရှင်းပြနိုင်သရွေ့၊ သူဘယ်လောက်ပဲ ပါးပါးနပ်နပ်ဖြစ်အောင် ကြိုးစားပါစေ ကိစ္စမရှိပေ၊ ရှီပုဖန်ကတော့ ကျိန်းသေပေါက် သူ့ခေါင်းကို ရိုက်ခွဲမှာပင်။

ရှီပုဖန်က သူ့ကြောင့်ဒဏ်ရာရတာကို ထည့်မပြောလေနှင့်ဦး၊ သို့ပေတည်း ရှီပုဖန်ကို မင်းက ဒီကိစ္စကို အရမ်းအတွေးလွန်နေရုံလို့ပြောလိုက်ရင် သူ့ကို သေချာပေါက်ဒေါသထွက်သွားစေမှာပဲ။

ဒုတိယရွေးချယ်စရာကတော့ သူ အခု ရှီပုဖန်ပြောတဲ့အတိုင်း လက်ခံလိုက်ပြီး သူအရိုက်ခံရမည့်အရေးကို နှောင့်နှေးလိုက်စေဖို့ပဲ။ ရှီပုဖန် ပြောတာမှန်သလို ဟန်ဆောင်ပြီးတော့ သူက ရှီပုဖန်ကို တကယ်ကြိုက်နေသလိုမျိုး ပြုမူနိုင်ရမည်။ အဲ့နောက် ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင် အကြောင်းပြချက်တစ်ခုရှာပြီး လမ်းခွဲကာ ကောလိပ်တစ်ခုကို သေသေချာချာ ရွေးချယ်၍ သွားရောက်ရမည်။ နှစ်ဦးသားက ကွဲကွာသွားပြီး ကိုယ်လုပ်ချင်ရာကိုလုပ်ကြလိမ့်မည်ပင်။ အဲ့နည်းနဲ့ဆို ရှီပုဖန်သာ မှတ်ဉာဏ်တွေပြန်မရသေးသရွေ့ ဒီအကြောင်းကို ဘယ်သောအခါမှ သိမည်မဟုတ်တော့ပေ။

သို့ပေတည်း လောလောဆယ် ချို့ယွင်းချက်တော့ ရှိနေသည်။ ရှီပုဖန်က မှတ်ဉာဏ်တွေပျောက်သွားတာမို့ အရာရာတိုင်းဟာ သူ့ခန့်မှန်းချက်အပေါ် အခြေခံထားတာပင်။ အဲ့ထက်ပိုတာက ဤနောက်ဆုံးသုံးသပ်ချက်ကိုလည်း သူ့ရဲ့ပထမဆုံးထင်မြင်မှုကြောင့် လုပ်ခဲ့တာပင်။ ဒါကြောင့် ရှီပုဖန် မှတ်ဉာဏ်လေးတစ်ခုလောက် ပြန်ရသွားတာနဲ့ ကျန်းယွမ်ပိုင်က သူ့သူငယ်ချင်းကောင်း မဟုတ်တဲ့အပြင် သူဟာ သူ့အပေါ်မှာ ထပ်တူခံစားချက်မရှိတဲ့ တစ်စုံတစ်ယောက်နှင့် တွဲလိုက်မိတာကိုလည်း သိသွားလိမ့်မည်။  အဲ့နေ့ရောက်လာရင် ကျန်းယွမ်ပိုင်ခေါင်းကို ရိုက်ခွဲခံလိုက်ရရုံနဲ့ပြီးမှာ မဟုတ်လောက်။

ရှီပုဖန်က ကျန်းယွမ်ပိုင်ရဲ့မျက်နှာပေါ်ကို လေမှုတ်ထုတ်လိုက်တာကြောင့် ကျန်းယွမ်ပိုင်ရဲ့တစ်ကိုယ်လုံး ကြက်သီးထလာရသည်။ သူအလိုအလျောက်တုန်ယင်သွားပြီး ရှီပုဖန်ပြောတာကို ကြားလိုက်ရ၏။
“ မင်းဘာလို့ဘာမှမပြောတော့တာလဲ ငါပြောတာမှားနေလို့လား?”

“ …ဟုတ်တယ်” ကျန်းယွမ်ပိုင် ခေါင်းမော့ကြည့်လိုက်ပြီး အကောင်သေးသေးလေးတစ်ကောင်လို မျက်လုံးက ပတ်လည်ကို လျှောက်ပတ်ကြည့်နေပြီး အသံတိုးတိုးလေးဖြင့်
“ မင်း…မင်းပြောတာမှန်ပါတယ်”

ရှီပုဖန်က ကျေနပ်စွာ ရယ်မောလိုက်ပြီး ကျန်းယွမ်ပိုင်ကို သူ့လက်မောင်းထဲထည့်ကာ ဖက်ထားလိုက်၏။ ရှီပုဖန်ရဲ့ရင်ဘတ် တုန်နေသည်ကို သူခံစားနိုင်ပြီး ရှီပုဖန်မှ ကြည်နူးသာယာတဲ့လေသံနှင့် ပြောလာသည်အား နားထောင်နေလိုက်သည်။
“ အခု ကိုယ်တို့ အားလုံးက ရှင်းပြီးပြီဆိုတော့ မင်းကိုယ့်ကိုဘာပြောချင်သေးလဲ?”

“ …” ငိုချင်နေတာအပြင် ကျန်းယွမ်ပိုင်မှာ ဘာမှကိုပြောစရာမရှိတော့။

သူက သေဆုံးခါနီးအခြေအနေကနေ သီသီလေးလွတ်မြောက်လာသလို ခံစားရသည်။ ဆရာဝန်ပြောတာကတော့ ရှီပုဖန် မှတ်ဉာဏ်တွေကို ဆုံးရှုံးလိုက်ရတာက ပြင်ပဒဏ်ရာတွေကြောင့်တဲ့။ သူက ငယ်ရွယ်သေးတော့ ဆဲလ်တွေက လျင်လျင်မြန်မြန်ပြန်လည်ဖွံ့ဖြိုးလာနိုင်သည်။

ကျန်းယွမ်ပိုင်ကတော့ သူကောလိပ်မသွားခင် ရှီပုဖန် ဘာမှပြန်သတိမရပါစေနဲ့လို့သာ ဆုတောင်းနိုင်တော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ ရှီပုဖန်ရဲ့လက်ရှိအဆင့်နဲ့ဆိုရင် သူနဲ့အတူတူ ကောလိပ်တက်ဖို့က လုံးဝမဖြစ်နိုင်ပေ။ တကယ်လို့ ရှီပုဖန်ရဲ့အဆင့်တွေကောင်းခဲ့ရင်တောင်မှ သူ့အတွက် ရွေးချယ်စရာကျော်ကြားတဲ့တက္ကသိုလ်တွေက အများကြီးပဲရှိတာလေ။ တကယ်လို့ ရှီပုဖန်က ချင်းဟွာတက္ကသိုလ်ကိုရွေးမယ်ဆိုရင် သူက ပီကင်းတက္ကသိုလ်ကိုရွေးမည် ။ ရှီပုဖန်က ဖုသန့်တက္ကသိုလ်ကို ရွေးမယ်ဆိုရင် သူက ကျောင်းထုန်းတက္ကသိုလ်ကိုရွေးလိုက်မည်ပင်။ ထပ်ပြောရရင် ရှီပုဖန်ရဲ့မိသားစုက ချမ်းသာတော့ သူနိုင်ငံခြားမှာ တက္ကသိုလ်သွားတက်တာနှင့် အဆုံးသတ်သွားလောက်သည်! အဲ့လိုဖြစ်ရင် ပိုတောင်ကောင်းဦးမယ်!

ကျန်းယွမ်ပိုင်ရဲ့စိတ်ကူးလေးက လှပပေမဲ့လည်း ရှီပုဖန်နဲ့ဟန်ဆောင်တွဲဖို့ တွန်းအားပေးခံလိုက်ရတာကို စဉ်းစားလိုက်ရင် သူအလွန့်အလွန်ကို စိတ်ပျက်နေမိတုန်းပင်။

ရှီပုဖန်က ခဏလောက်ကြာသည်အထိ ကျန်းယွမ်ပိုင်ဆီမှ အဖြေစကားကို မကြားရတော့ ကျန်းယွမ်ပိုင်ကို သူ့လက်မောင်းထဲကထုတ်၍ ကြည့်လိုက်တဲ့အခါ တစ်ဖက်လူက နှုတ်ခမ်းကို တင်းတင်းစေ့လျက် ငိုတော့မလိုဖြစ်နေတာကို တွေ့လိုက်ရသည်။ ရှီပုဖန်က နည်းနည်းတန့်သွားပြီး မျက်မှောင်ကြုတ်လိုက်ကာ
“ မင်းဘာလို့ငိုနေရတာလဲ?”

“ ပျော်လို့…ပျော်လို့ငိုတာ ဟုတ်ပြီလား?”
ကျန်းယွမ်ပိုင်က ယင်းကိုပြောပြီးတော့ သူရှိုက်ငိုလိုက်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ကောင်းကင်ဘုံက သူတို့ကိုကြည့်နေသည်။ သူက ဘာလို့ ဒါကိုလုပ်နေရတာလဲ?...ကျန်းယွမ်ပိုင်က ရှီပုဖန် သူ့ကိုမရေမတွက်နိုင်အောင် အနိုင်ကျင့်တာအား သည်းခံခဲ့သည်။ အဲ့ဒါကို ဘာလို့ တစ်ဖက်လူကို ကယ်တင်တဲ့အချိန် သူ့ကိုယ်သူ ဘာလို့မထိန်းချုပ်နိုင်ခဲ့ရတာလဲ? ရှီပုဖန်လည်း မျက်နှာပျက်ရပြီ။ ပုံမှန်ဆို ရှီပုဖန်က မြေညီတဲ့နေရာတွေမှာပဲ စကိတ်စီးတာလေ…ဒါကို ဘာလို့ အဲ့နေ့ကျမှ ပုံမှန်စံနှုန်းကိုမလိုက်နာရတာလဲ ဒါကမဖြစ်သင့်ဘူးလေ!!

ရှီပုဖန်က ကျန်းယွမ်ပိုင်ရဲ့မျက်နှာလေးကို လက်ခုပ်ထဲထည့်လိုက်ကာ ကျန်းယွမ်ပိုင်၏မျက်ရည်တွေစိုနေတဲ့မျက်ဝန်းလေးတွေကို မြင်ရတဲ့အခါ သူ့နှလုံးသားလေး တင်းကြပ်သွားသလိုခံစားရသည်။ သူ ကျန်းယွမ်ပိုင်ရဲ့မျက်ရည်တွေကို နမ်းလိုက်ပြီး
“ ဟုတ်ပြီ မငိုနဲ့တော့နော် …ဒီကချစ်သူကောင်လေးက မင်းကိုအနမ်းတစ်ပွင့်ပေးမယ်လေ”

ကျန်းယွမ်ပိုင်ကိုယ်ကနေ ချက်ချင်း ကြက်သီးတွေထလာပြန်သည်။ ရှီပုဖန်ကို သူတွန်းလိုက်ကာ
“ ဆက်မပြောနဲ့တော့”

ရှီပုဖန်က တိုးညင်းစွာရယ်သွမ်းလိုက်ပြီး
“ ဒါဆိုလဲ မင်း ဘာလို့ ကိုယ့်ပါးစပ်ကို မပိတ်ပေးတာလဲ?”

ရှီပုဖန် ဘာကိုဆိုလိုတာလဲဆိုတာ ရှင်းလင်းလေသည်။ ကျန်းယွမ်ပိုင်က ရှီပုဖန်ရဲ့လှပတဲ့ နှုတ်ခမ်းတစ်စုံကိုကြည့်လိုက်ပြီး သဘောမကျစွာ နှုတ်ခမ်းဆူလိုက်သည်။ ရှီပုဖန်ဘေးကနေ သူအပြင်ကိုလျှောက်ထွက်ကာ ပြောလိုက်သည်
“ ငါမင်းနဲ့စကားမပြောတော့ဘူး”

သူဒီလောက်ပြောပြီးတာတောင် ဘာလို့ သူက တအားရှက်နေရသေးတာလဲ?

ရှီပုဖန်က လက်တွေကို သူ့အိတ်ကပ်ထဲထည့်ရင်း ကျန်းယွမ်ပိုင်ကို အလွယ်တကူပြန်မိသွားကာ ကျန်းယွမ်ပိုင်၏ခါးပတ်လည်တွင် သူ့လက်မောင်းအားထားလိုက်ရင်းဖြင့်
“ မင်းဒီညဘာစားချင်လဲ? ညစာစားပြီးရင် ကိုယ် မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ်လေ”

“ ငါဘာမှမစားချင်ဘူး” ကျန်းယွမ်ပိုင်က သူ့ခါးမှ ရှီပုဖန်ရဲ့လက်မောင်းတွေကို တွန်းထုတ်လိုက်ကာ မသဲမကွဲပြောလိုက်သည်။
“ ငါ့ခါးကိုထိနေတာရပ်တော့”

ရှီပုဖန်က သူ့လက်တွေကိုဖယ်လိုက်ပြီး
“ ဒါဆိုမင်းဘာလုပ်ချင်လဲ?”

“ အိမ်ပြန်ပြီးအိမ်စာလုပ်မယ်”

ရှီပုဖန်က သူ့ကိုဖိတ်ခေါ်လိုက်သည်
“ ဒါဆို ကိုယ့်အိမ်မှာအိမ်စာလုပ်ရင်ရော ဘယ်လိုလဲ?”

“ မလုပ်ဘူး”

ရှီပုဖန်ရဲ့နှလုံးသားလေးက ယားကျိကျိဖြစ်သွားကာ နူးညံ့စွာဖြင့် ပြောလိုက်သည်
“ မင်း ဘာလို့ ထပ်ပြီး ချစ်စရာကောင်းအောင် လုပ်နေရပြန်တာလဲကွာ?”

“ ဘယ်သူ…ဘယ်သူကချစ်စရာကောင်းအောင်လုပ်နေလို့လဲ!”
ကျန်းယွမ်ပိုင်က စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်ပြီး သူ့အသံက အမြဲလိုလိုနူးညံ့နေတာပင်။ သူငိုပြီးသွားတဲ့အခါမှာတော့ သူ့အသံက ပိုလို့ပင်နူးညံ့နေကာ ယင်းကကြားရတဲ့သူကို အတော်လေးစိတ်ချမ်းသာစေပြီး ချစ်စရာကောင်းသလို ခံစားရစေသည်။ ရှီပုဖန်က ကျန်းယွမ်ပိုင်ဟာ သူ့အတွက် သီးသန့်ဖြစ်တည်လာတဲ့သကြားလုံးလေးလို ခံစားရပြီး မထိန်းနိုင်ဘဲ လျှက်၍ အရသာခံချင်လာမိသည်။

သို့သော်ငြား သူတို့က ကျောင်းတံခါးအပြင်ကိုတောင် မရောက်သေးတာကြောင့် ရှီပုဖန် သူ့ကိုယ်သူသာ ထိန်းချုပ်လိုက်ရ၏။ သူမေးလိုက်သည်
“ ဒါဆို ကိုယ်တို့ စာကြည့်တိုက်မှာပဲ အိမ်စာလုပ်ကြမယ်ဆိုရင်ရော?”

“ ဆူလွန်းတယ်”

“ ဒါဆို ကိုယ်တို့အဆင့်မြင့်စားသောက်ဆိုင်တစ်ခုရှာပြီး  ညစာစားရင်း စာလုပ်လို့ရတာပဲ?”

“ ငါကအစားစားပြီးသွားရင် နိုးနိုးကြားကြားသိပ်မရှိတော့ဘူး”

ရှီပုဖန်မျက်ခုံးပင့်လိုက်သည်။ သူတို့ ခုမှစတွဲခါစကို ကျန်းယွမ်ပိုင်က ဘာလို့ သဘောထားတွေပြောင်းနေရတာလဲ?  သူက လက်မောင်းတစ်ဖက်အား ကျန်းယွမ်ပိုင်ခါးထက်ထားကာ အနားဆွဲလိုက်ရင်း ဆိုလိုက်သည်
“ ဒီညရုပ်ရှင်သွားကြရအောင် မဟုတ်ရင် ကိုယ် မင်းကို အခုချက်ချင်းနမ်းပစ်မယ်”

ကျန်းယွမ်ပိုင်က ပြန်မဖြေခင် တစ်ခဏလောက်တိတ်ဆိတ်သွားပြီး
“ ဒါပေမဲ့ ငါအခုထိအိမ်စာတွေမပြီးသေးဘူး”

“ ဘာလို့ မင်းမှာ အမြဲတမ်းအိမ်စာတွေက ဒီလောက်တောင်များနေရတာလဲ?”

“ ပထမနေရာရဖို့က လွယ်တယ်လို့မင်းထင်နေတာလား?” ကျန်းယွမ်ပိုင်က မပျော်ရွှင်စွာ ပြောလိုက်သည်။
“ ဆရာတွေဆီကအပြင် ငါ့ကိုယ်ငါ အိမ်စာအချို့ပေးလေ့ရှိတယ်လေ”

“ကောင်းပြီလေ”  သူ့ပေါင်ပေ့လေးက သူ့အားနှစ်သက်ရမည့် သူ့ရဲ့တာဝန်တွေကို လျစ်လျူရှုနေတာအား ရှီပုဖန်မလိုချင်တာကြောင့်
“ ဒါဆို ကိုယ်လဲ မင်းကိုအိမ်စာပေးမယ်”

ကျန်းယွမ်ပိုင်ရဲ့မျက်လုံးလှလှလေးတွေက တောက်ပသွားပြီး သူ့နှုတ်ခမ်းလေးတွေကို ဆူကာ ရှားရှားပါးပါး အာခံတဲ့အပြုံးလေးရေးရေးလေး လှစ်ဟလာသည်။
“ မင်းက ငါ့ကိုဘာအိမ်စာပေးချင်တာလဲ?”

“ ကိုယ့်ကိုနမ်း”

“…” ကျန်းယွမ်ပိုင်ရဲ့လှောင်ပြောင်လိုတဲ့အပြုံးက မှိန်ဖျော့သွားပြီး သူပြောလိုက်၏
“ ကျောင်းသားတွေက ကျောင်းသားတွေလိုပဲ ပြုမူသင့်တယ်လေ။ ငါ့ရဲ့အိမ်စာတွေကိုအရင်လုပ်ရမယ်”

“စုံတွဲတွေကလဲ စုံတွဲတွေလို ပြုမူသင့်တယ်လေ။ မင်း ဘာလို့ ဒီအခြေခံသဘောတရားတွေကို နားမလည်ရတာလဲ?”

“ ဘာအခြေခံသဘောတရားတွေလဲ?”  ကျန်းယွမ်ပိုင်က သူ့ရဲ့ပေါက်တတ်ကရတွေကို ဆက်နားထောင်ဖို့ ငြင်းဆန်ကာ ပြောလိုက်သည်
“ ရှေ့နောက်မစဉ်းစားဘဲ ပေါက်တတ်ကရပြောနေတာတွေကို ရပ်လိုက်တော့”

“ မင်းကောင်လေးက မင်းကိုအလိုလိုက်ဖူးဖူးမှုတ်နေတာလေ ဒါကို မင်းက ဘာလို့ မင်းကောင်လေးကို အလိုလိုက်ဖို့ စိတ်ကူးမရှိရတာလဲ?”

ကျန်းယွမ်ပိုင်က မသဲမကွဲဗလုံးဗထွေးသာ အသံပြုလိုက်သည်။

စကားပြောနေရင်းနဲ့ နှစ်ဦးသားက ကားမှတ်တိုင်နားရောက်လာကြသည်။ ကြည့်ရတာ ရှီပုဖန်က သူ့ကို ထပ်ပြီးအိမ်လိုက်ပို့ပေးမည့်ပုံပင်။ နဂို သူတို့ သူငယ်ချင်းကောင်းတွေအဖြစ် ရှိနေကြကတည်းက ကျန်းယွမ်ပိုင်က သူ့မိဘတွေသတိပြုမိမှာကို ကြောက်နေတာပင်။ အခုလို သာမန်ထက်ပိုတဲ့ဆက်ဆံရေးမျိုးနဲ့ဆိုတော့ သူပိုပြီးတောင်ကြောက်မိသည်။ သူ ရှီပုဖန်ကို ဆွဲကာ ပြောလိုက်သည်။
“ မင်းငါ့ကိုအိမ်လိုက်ပို့ပေးဖို့ မလိုဘူး”

“ အနည်းဆုံး ကိုယ်တို့ထဲကတစ်ယောက်ကတော့ ကိုယ်တို့ရဲ့အိမ်စာကိုလုပ်ရမယ်လေ။ မင်းက မလုပ်ချင်မှတော့ ကိုယ်ကပဲ လုပ်ရမှာပေါ့”

ကျန်းယွမ်ပိုင်ရဲ့မျက်နှာက နီမြန်းသွားပြီး
“ ဒါပေမဲ့…မင်း..အဲ့ဒါကို လုပ်ပြီးပြီ မဟုတ်ဘူးလား?”

“ကိုယ်နားမလည်ဘူး။ မင်းဘာတွေပြောနေတာလဲ?”

ကျန်းယွမ်ပိုင်က ဘယ်ညာကို လှည့်ကြည့်လိုက်သည်။ အခုက ကျောင်းဆင်းချိန်ဖြစ်လို့ အနားပတ်ဝန်းကျင်မှာ ကျောင်းယူနီဖောင်းဝတ်ထားတဲ့ကျောင်းသားလေးတွေရှိနေပြီး ဆူညံစွာ စကားဆိုနေကြလျက်။ သူအကျယ်ကြီးမပြောရဲတာကြောင့် ရှီပုဖန်ရဲ့အဝတ်အစားကို ဆောင့်ဆွဲလိုက်သည်။ ရှီပုဖန်က သူနဲ့မပူးပေါင်းပေးဘဲ တန်းတန်းမတ်မတ်သာရပ်နေ၏။ ကျန်းယွမ်ပိုင်က ရှီပုဖန်လောက် အရပ်မရှည်တာမို့ သူ့မှာရွေးချယ်စရာမရှိဘဲ ခြေဖျားထောက်ကာ တစ်ဖက်လူနား,နား တီးတိုးပြောလိုက်သည်။
“ ခုနတုန်းက..လှေကားမှာ မင်းငါ့ကို…ခဲ့တယ်မဟုတ်ဘူးလား?”

သူပြောပြီးသွားတော့ တစ်ယောက်ယောက်က သူပြောတာကိုကြားသွားမှာစိုးပြီး မလုံမလဲဘယ်ညာကိုကြည့်လိုက်၏။

ရှီပုဖန်က စိတ်အားထက်သန်စွာနဲ့ပဲ ကျန်းယွမ်ပိုင်ရဲ့နား၌ နူးညံ့စွာပြောလိုက်သည်။
“ ကိုယ်မင်းကို…ခဲ့တာကိုမင်းသိတာပဲ ကိုယ်က ကိုယ့်ရဲ့အိမ်စာကိုပြီးသွားပြီလေ ဒီတော့မင်းကရော?”

ရှီပုဖန်က မတ်မတ်ပြန်ရပ်လိုက်စဉ် ကျန်းယွမ်ပိုင်က မျက်ခုံးတွေကို တွန့်ချိုးလိုက်သည်။ ကျန်းယွမ်ပိုင်လည်း ဘာမှမတတ်နိုင်တော့ဘဲ ခြေဖျားထောက်လိုက်ကာ သူ့ရဲ့အသက်ရှူသံဖျော့ဖျော့လေးက ရှီပုဖန်ရဲ့နားကို ရိုက်ခတ်လို့နေသည်။
“ ဒါဆို ငါ့အိမ်စာပြီးသွားရင် မင်း ငါ့ကို အိမ်ပြန်မပို့ပေးလို့ရမလား?”

အခြားလူတွေရဲ့အမြင်ကနေဆိုရင် နှစ်ယောက်သားက တစ်ယောက်နဲ့တစ်ယောက် လျို့ဝှက်စွာ စကားဆိုနေကြသလိုပင်။ ရှီပုဖန်ရဲ့နှုတ်ခမ်းတွေက ကျန်းယွမ်ပိုင်ရဲ့နားဆီ ထိလုနီးပါးအထိ ကပ်နေကာ
“ ကိုယ်အဲ့ဒါကိုစဉ်းစားပေးနိုင်ပါတယ်”

ကျန်းယွမ်ပိုင်က အကြပ်ရိုက်စွာနဲ့ လက်ချောင်းတွေကို ကစားနေမိပြီး အဆုံးမှာတော့ ရှီပုဖန်ရဲ့အင်္ကျီလက်အစွန်းလေးကို ဆွဲကိုင်လိုက်သည်။ ရှီပုဖန်ကမျက်ခုံးပင့်လိုက်ပြီး ရည်ရွယ်ချက်ရှိရှိမေးလိုက်သည်။
“ ဘယ်ကိုသွားမလို့လဲ?”

“ ဘယ်သူမှ…” ကျန်းယွမ်ပိုင်က စကားပြောနေရင်းဖြင့် ဟိုကြည့်ဒီကြည့် ကြည့်ကာ “မရှိတဲ့နေရာကို သွားကြမယ်…”

အဲ့အချိန်မှာ ကျန်းယွမ်ပိုင်ရဲ့ပတ်ပတ်လည်အား ခိုးကြောင်ခိုးဝှက် လိုက်ကြည့်နေတာလေးကို ကြည့်နေရင်း ရှီပုဖန်ရဲ့နှလုံးသားက ယားကျိကျိဖြစ်လာရသည်။ သူရယ်ချင်စိတ်ကို ထိန်းထားကာ ကျန်းယွမ်ပိုင်က သူ့အား လူအုပ်ကြီးရဲ့အဝေးဆီ ဆွဲခေါ်သွားတာကို ခွင့်ပြုထားလိုက်သည်။ သူတို့ ဆင်ခြေလျှောနားကို ပြန်ရောက်လာကြပြီး လူတွေက ဒီနေရာကို ရံဖန်ရံခါဖြစ်လျှောက်လာကြပေမဲ့ လာတဲ့လူတွေက အတော်လေးပါးသည်။ တစ်စုံတစ်ယောက်က ဒီနေရာကနေ ဖြတ်လျှောက်သွားရင်တောင် လူတွေအနေနဲ့ သူတို့ကို ရှာတွေ့ဖို့အတွက် ခက်လေသည်။

ကျန်းယွမ်ပိုင်က မလုံမလဲဖြစ်နေစဉ်မှာပဲ ရှီပုဖန်က နံရံကို အေးအေးဆေးဆေးမှီကာ ပြောလိုက်သည်
“ မင်း မင်းရဲ့အိမ်စာကိုဒီနေရာမှာ လုပ်ချင်တာလား?”

ကျန်းယွမ်ပိုင်က လေးလေးနက်နက်ကိုခေါင်းညိတ်ပြ၏။

ကျန်းယွမ်ပိုင်က ပတ်လည်ကို လိုက်ကြည့်လိုက်သည်။ ဆင်ခြေလျှောရဲ့အခြားတစ်ဖက်မှာ သစ်တောအုပ်လေးရှိနေပြီး အဲ့နေရာမှာ ရေညှိတွေနဲ့ ချုံပုတ်တွေရှိသည်။ ဒီနေရာက “သူ့ရဲ့အိမ်စာ”ကိုလုပ်ဖို့ နေရာကောင်းတစ်ခုပင်။

သူငုံ့ကာအနားကပ်လိုက်ပြီး
“ ကိုယ်တို့အခုစလို့ရပြီလား?”

ကျန်းယွမ်ပိုင် နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်သည်။

ရှီပုဖန်က အရမ်းချောမောနေပေမဲ့ သူကယောကျာ်းတစ်ယောက်ဖြစ်နေတုန်းပင်။ ကျန်းယွမ်ပိုင်က သူ့အား နမ်းရမှာကိုတွေးမိတဲ့အခါ သူ့စိတ်ကို ပြင်ဆင်ဖို့လိုလေသည်။ ရှီပုဖန်ကလည်း နောက်တစ်လှမ်းပြန်ဆုတ်ပေးကာ
“ အဆင်ပြေပါတယ် ကိုယ်တို့ဖြည်းဖြည်းချင်းလုပ်လို့ရပါတယ်”

သူက သူ့ရဲ့သူငယ်ချင်းလေးရှက်ဖို့အတွက် အချိန်အနည်းငယ်ပေးရတာကို စိတ်ထဲမထားပါဘူး။

နောက်ဆုံးမှာတော့ ကျန်းယွမ်ပိုင်က သူ့ကိုယ်သူပြင်ဆင်လိုက်ပြီး ခေါင်းမော့ကြည့်ကာ အနားကို ဖြည်းညင်းစွာတိုးကပ်သွားလိုက်၏။ ရှီပုဖန်က ကျန်းယွမ်ပိုင်ရဲ့တုန်ယင်နေတဲ့မျက်တောင်လေးတွေကို မြင်လိုက်ရတဲ့အခါ အနည်းငယ်ငုံ့ပေး၍ ပူးပေါင်းလိုက်၏။ သူအတော်လေးစိတ်လှုပ်ရှားနေတယ်ဆိုတာကို မည်သူမဆို ပြောနိုင်ပေသည်။ ဤအရာက ရယ်စရာကောင်းမှန်း ရှီပုဖန်သိလိုက်ရပေမဲ့ သူလည်းပဲ အနည်းငယ်စိတ်လှုပ်ရှားနေမိလျက်။

သူတို့နှုတ်ခမ်းတွေ ထိခါနီးလေးမှာ ဆင်ခြေလျှောအပေါ်ကနေ အသံတစ်ခုကြားလိုက်ရပြီး ကျန်းယွမ်ပိုင်အား အနောက်ပြန်ဆုတ်သွားစေ၏။

ရှီပုဖန်မှာ ပြောစရာများပျောက်ရှကုန်သည်။

သူ့နှလုံးသားကတရွရွဖြစ်လာပြီးနောက် စိတ်ကိုလျှော့တဲ့အနေနဲ့ ရှီပုဖန်နှုတ်ခမ်းသပ်လိုက်သည်။

ဆင်ခြေလျှောအထက်မှလူက လျှပ်စစ်စက်ဘီးကိုစီးထားပြီး မြန်မြန်ဆန်ဆန်ပဲ အောက်ကိုဆင်းလာသည်။ ကျောင်းသားလေးတွေက စကားပြောရင်း ခပ်သွက်သွက်ပင် ဖြတ်သွားကြသည်။

ဆင်ခြေလျှောရဲ့အောက်ခြေမှ နှစ်ယောက်ကတော့ အကြည့်ချင်းဆုံသွားကြပြီး သူတို့မျက်နှာတွေကလည်း ရှက်သွေးဖြန်းနေကြလျက်။ ကျန်းယွမ်ပိုင်က နောက်တစ်ကြိမ် သူ့စိတ်သူပြင်ဆင်လိုက်ကာ ရှီပုဖန်ကို ခပ်မြန်မြန်နမ်းလိုက်ပြီး
“ ရပြီနော် ပြန်ကြရအောင်”

ကျန်းယွမ်ပိုင် အနောက်ကိုလှည့်ကာ ပြေးထွက်သွားတာက ရှီပုဖန်အား စိတ်မချမ်းမသာဖြစ်စေသည်။
“ကိုယ်က အိမ်စာတွေ ဒီလောက်အများကြီးလုပ်ထားတာကို မင်းက ဒီလိုမျိုးနည်းနည်းလေးပဲလုပ်ဖို့ စီစဉ်ထားတာပေါ့?”

“ မင်းက မင်းကို တစ်ခါနမ်းဖို့ကိုပဲပြောခဲ့တာလေ။ ငါ မင်းကို ဘယ်လိုနမ်းရမယ်လို့မှ မပြောခဲ့ပဲနဲ့”  ပြေးနေတဲ့ကျန်းယွမ်ပိုင်က အနောက်ကိုလှည့်ကြည့်ကာ
“ မင်းငါ့ကိုလိုက်မပို့နဲ့တော့ ငါပြန်တော့မယ်”

ကျန်းယွမ်ပိုင်က ဘတ်စ်ကားဂိတ်ကိုပြေးသွားလိုက်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ဘတ်စ်ကားတစ်စီးကလည်း ရပ်လာသည်။ သူက ရှီပုဖန်ရောက်လာတာကို မစောင့်တော့ဘဲ အထဲကို စိတ်အားထက်သန်စွာ တိုးဝင်သွားလိုက်သည်။

ဘတ်စ်ကားကလူတွေပြည့်နေပြီး ကျန်းယွမ်ပိုင်ကလည်း လူကြားထဲညပ်နေသည်။ သူ ရှီပုဖန်နဲ့တူတူစီးတိုင်း ရှီပုဖန်က သူ့ကို အခြားသူတွေဆီကနေ ကာပေးထားတာကို ပြန်တွေးမိသွားတော့ ကျန်းယွမ်ပိုင်နှုတ်ခမ်းဆူလိုက်မိသည်။ ရှီပုဖန်ရဲ့နှုတ်ခမ်းကို သူနမ်းလိုက်တာအား ပြန်သတိရမိတော့ သူ့နှလုံးသားက လျင်မြန်စွာ ခုန်ပေါက်လာတော့သည်။

______________________________________________________

Zawgyi

က်န္းယြမ္ပိုင္ၾကားလိုက္ရတဲ့ ရွီပုဖန္ရဲ႕စကားေတြက လြန္စြာေရွာ့ခ္ျဖစ္စရာေကာင္းတာေၾကာင့္ ရွီပုဖန္ သူ႕မ်က္ႏွာအား လာနမ္းတာကို တားဖို႔ေတာင္ သူအခ်ိန္မရလိုက္။

ရွီပုဖန္ ဘာေျပာလိုက္တာလဲ?

သူက သူ႕ကိုႀကိဳက္ေနတယ္? သူက ရွီပုဖန္အတိတ္ေမ့ေနတာကို အခြင့္ေကာင္းယူၿပီးေတာ့ သူနဲ႕နီးစပ္ေအာင္လုပ္တယ္? ဘယ္တုန္းက အဲ့လိုျဖစ္သြားတာလဲ?

က်န္းယြမ္ပိုင္က အလိုအေလ်ာက္ သူ႕ေခါင္းကိုယမ္းကာ ေျပာလိုက္သည္
“ မဟုတ္…မဟုတ္ဘူး…ငါအဲ့လိုမ..”

ရွီပုဖန္က အရာအားလုံးကို ထိုးထြင္းသိျမင္ေနသကဲ့သို႔ ဆက္ၿပဳံးေန၏
“ မင္းငါ့ကိုမႀကိဳက္ဘူးဆိုရင္ ဘာလို႔ ငါ့ဆီလာလည္တဲ့ ပထမဆုံးသူက မင္းျဖစ္ေနရတာလဲ?”

ဘာလို႔လဲဆိုေတာ့ငါ…မင္းေသသြားမွာကို ေၾကာက္လို႔ေပါ့ဟ…က်န္းယြမ္ပိုင္ ရႈပ္ေထြးကာ ပေဟဠိျဖစ္ေနမိၿပီး သူ႕လက္ေခ်ာင္းမ်ားထံမွ ထုံထိုင္းမႈကို ခံစားမိေနကာ မင္ေသေနေသာအမူအရာကို ကိုင္စြဲထားလ်က္ျဖင့္ပင္။

ရွီပုဖန္က ႏူးညံ့တဲ့ေလသံေလးနဲ႕ပဲ ဆက္ေမးလာသည္။
“ မင္းငါ့ကိုမႀကိဳက္ဘူးဆိုရင္ ဘာလို႔ ငါ့သူငယ္ခ်င္းေကာင္းဆိုၿပီး ဟန္ေဆာင္ရတာလဲ ဒါေပမဲ့လည္း ငါတို႔ဆက္ဆံေရးကို အရိပ္အႁမြက္ေပးေနတာနဲ႕ပဲ အဆုံးသတ္သြားခဲ့တယ္ေလ”

ဟင့္အင္း ငါ သူ႕ကို တစ္ခါမွ အရိပ္အႁမြက္မေပးခဲ့ဖူးဘူး။

“ မင္းက မင္းကိုယ္မင္းဖုံးကြယ္ထားနိုင္တယ္လို႔ ထင္ေပမဲ့ မင္းသဲလြန္စေတြအမ်ားႀကီး ခ်န္ထားခဲ့တယ္။ မင္းက ငါ့ရဲ႕သူငယ္ခ်င္းေကာင္းလို႔ေျပာခဲ့ေပမဲ့ မင္း ငါတို႔ေတြ 'ငါတို႔ရဲ႕ဆက္ဆံေရးကို အတည္ျပဳၿပီးၿပီ´လို႔လဲ ေျပာခဲ့တယ္ ၿပီးေတာ့ အဲ့အေၾကာင္းကို ဘယ္သူကမွလဲ မသိဘူးတဲ့။ မင္းကို လူတိုင္းဆီကေန လွ်ို႔ဝွက္ခ်က္တစ္ခုအေနနဲ႕ပဲ ထားဖို႔လဲ မင္းေျပာခဲ့ေသးတယ္…အစကတည္းက မင္း ငါ့ကိုလိမ္ေနခဲ့တာပဲ”

ရွီပုဖန္က ဖူးဖူးမႈတ္အလိုလိုက္တဲ့အၿပဳံးေလး ၿပဳံးကာ ေျပာလိုက္သည္
“ ေနာက္ပိုင္း ငါမင္းနဲ႕ပိုၿပီးနီးကပ္ဖို႔ႀကိဳးစားတိုင္း မင္း ငါ့ကိုေရွာင္ေနတတ္တယ္ဆိုတာ ငါသတိထားမိသြားတယ္။ မင္းေျပာတာနဲ႕ မင္းလုပ္တာက လုံးဝကိုအကြာႀကီး။ မင္းက ငါနဲ႕နီးကပ္ခ်င္ေပမဲ့လဲ ငါ့ကိုျငင္းဆန္ေနျပန္တယ္… မင္း ေဘးက်ပ္နံက်ပ္အေျခအေနမွာ ရွိေနလို႔ပဲျဖစ္ရမယ္၊ ငါ အဲ့အေၾကာင္းကိုပဲ ေတြးေနခဲ့တာ။ ငါ့ရဲ႕ခ်ဳံးမင္ေလးက ဘာေတြမ်ား အက်ပ္ရိုက္ေနပါလိမ့္?”

က်န္းယြမ္ပိုင္မွာ အသက္ရႉဖို႔ကိုေတာင္ ေအာင့္အည္းထားမိ၏။

“ သိပ္မၾကာခင္မွာဘဲ ေနာက္ဆုံးေတာ့ ငါေဖာ္ထုတ္နိုင္သြားတယ္… မင္းကငါနဲ႕အတူရွိခ်င္တယ္ ဒါေပမဲ့ ငါမွတ္ဉာဏ္ေတြျပန္ရသြားၿပီး မင္းက ငါနဲ႕နီးစပ္ေအာင္ လိမ္ေနခဲ့မွန္း သိသြားရင္ ငါ မင္းကိုရိုက္မွာ ေၾကာက္ေနတာ ဟုတ္တယ္မလား?”

“ …” က်န္းယြမ္ပိုင္ ဘာမွမေျပာနိုင္ေတာ့။

သုံးသပ္ခ်က္က မွန္တယ္လို႔ ထင္ရေပမဲ့ ျဖစ္စဥ္နဲ႕ပတ္သက္ၿပီး တိတိက်က် ဘာလြဲေနတာလဲ? သူ သူ႕ကိုႀကိဳက္ေနမွန္း သူ(ရွီပုဖန္)သိသြားမွာကို သူ(က်န္းယြမ္ပိုင္)ေၾကာက္ေနတယ္လို႔ ရွီပုဖန္ဘယ္လိုမ်ားေတြးလိုက္တာလဲ?

သူတံေတြးမ်ိဳခ်လိဳက္ကာ ဗလုံးဗေထြးေျပာဖို႔အတြက္ အခ်ိန္ယူလိုက္ၿပီး
“ မဟုတ္ဘူးေလ။ မဟုတ္….”

ရွီပုဖန္က မ်က္စိေမွးၾကည့္၍ ေျပာလာသည္
“ ဒါေတြ အကုန္လုံးက တစ္ဖက္သတ္အခ်စ္လို႔ မင္းေျပာခ်င္တာလား?”

က်န္းယြမ္ပိုင္က ေခါင္းညိတ္ျပလိုက္ခ်င္ေပမဲ့ သူ႕ေခါင္းကေတာင့္ေနပုံပင္။ သူ ရွီပုဖန္အား ေၾကာက္လန႔္တၾကားၾကည့္ေနစဥ္တြင္ တစ္ဖက္လူက က်န္းယြမ္ပိုင္၏ႏူးညံ့အိစက္တဲ့မ်က္ႏွာေလးကို ပြတ္သပ္လာသည္။
“ ငါကအားလုံးကိုေျပာၿပီးသြားၿပီ။ မင္း ငါ့ကို အမွန္တရားကို မေျပာျပေတာ့ဘူးလား?”

တကယ္လို႔ က်န္းယြမ္ပိုင္မွာသာ သတၱိအလုံအေလာက္ရွိမယ္ဆိုရင္ ရွီပုဖန္ေျပာတာေတြကို သူရယ္သြမ္းေလွာင္ေျပာင္ကာ သူငယ္ခ်င္းေကာင္းဆိုတာက သူ ဒီတိုင္းလိမ္ထား႐ုံသာျဖစ္တယ္လို႔ ေျပာလိုက္မွာပင္၊ ဘာပဲျဖစ္ျဖစ္ အျခားေျဖရွင္းခ်က္မွ သူ႕ဆီမွာမရွိဘဲ။ အဲ့ေနာက္မွာ မူရင္းအလိမ္အညာအေပၚ အျခားအလိမ္အညာေတြထပ္ဆင့္ကာျဖင့္  သူ႕မွာ သ႐ုပ္ေဆာင္မႈကို ထိန္းသိမ္းထားရန္ ဖိအားေပးခံခဲ့ရသည္။ မင္းက ငါ့စကားေတြကို အရမ္းအေတြးလြန္သြားတာပဲ။ ငါ မင္းကိုမႀကိဳက္တဲ့အျပင္ မင္းေခါင္းကို ရိုက္လိုက္တာလည္း ငါပဲလို႔!

သို႔ရာတြင္ သူ႕မွာ အဲ့ေလာက္သတၱိမရွိေပ။

ရွီပုဖန္က သူ႕အလိမ္အညာကို သိထားၿပီး ဇာတ္လမ္းရဲ႕ က်ိဳးေၾကာင္းမဆီေလ်ာ္တဲ့အပိုင္းေတြအားလုံးကိုေတာင္ ရွင္းျပခ်က္ေပးလိုက္ေသးတယ္။ အခု က်န္းယြမ္ပိုင္မွာ ေ႐ြးခ်ယ္စရာႏွစ္ခုရွိသည္။ ပထမတစ္ခုကေတာ့ သူအမွန္တရားကိုေျပာလိုက္ၿပီးေတာ့ ယင္းက ရွီပုဖန္ကို ေလွာင္တဲ့ပုံမေပါက္ေအာင္ အေကာင္းဆုံးႀကိဳးစားဖို႔ပင္။ သို႔ေသာ္ျငားလည္း စကားေျပာတာက စြမ္းရည္တစ္မ်ိဳးပဲေလ….၎က က်န္းယြမ္ပိုင္ရဲ႕စကားလုံးသုံးႏႈန္းမႈေပၚမွာ မူတည္သြားၿပီ။ သူသာ သူ႕အတြက္သူ ရွင္းျပနိုင္သေ႐ြ႕၊ သူဘယ္ေလာက္ပဲ ပါးပါးနပ္နပ္ျဖစ္ေအာင္ ႀကိဳးစားပါေစ ကိစၥမရွိေပ၊ ရွီပုဖန္ကေတာ့ က်ိန္းေသေပါက္ သူ႕ေခါင္းကို ရိုက္ခြဲမွာပင္။

ရွီပုဖန္က သူ႕ေၾကာင့္ဒဏ္ရာရတာကို ထည့္မေျပာေလႏွင့္ဦး၊ သို႔ေပတည္း ရွီပုဖန္ကို မင္းက ဒီကိစၥကို အရမ္းအေတြးလြန္ေန႐ုံလို႔ေျပာလိုက္ရင္ သူ႕ကို ေသခ်ာေပါက္ေဒါသထြက္သြားေစမွာပဲ။

ဒုတိယေ႐ြးခ်ယ္စရာကေတာ့ သူ အခု ရွီပုဖန္ေျပာတဲ့အတိုင္း လက္ခံလိုက္ၿပီး သူအရိုက္ခံရမည့္အေရးကို ေႏွာင့္ေႏွးလိုက္ေစဖို႔ပဲ။ ရွီပုဖန္ ေျပာတာမွန္သလို ဟန္ေဆာင္ၿပီးေတာ့ သူက ရွီပုဖန္ကို တကယ္ႀကိဳက္ေနသလိုမ်ိဳး ျပဳမူနိုင္ရမည္။ အဲ့ေနာက္ ေကာလိပ္ဝင္ခြင့္စာေမးပြဲမတိုင္ခင္ အေၾကာင္းျပခ်က္တစ္ခုရွာၿပီး လမ္းခြဲကာ ေကာလိပ္တစ္ခုကို ေသေသခ်ာခ်ာ ေ႐ြးခ်ယ္၍ သြားေရာက္ရမည္။ ႏွစ္ဦးသားက ကြဲကြာသြားၿပီး ကိုယ္လုပ္ခ်င္ရာကိုလုပ္ၾကလိမ့္မည္ပင္။ အဲ့နည္းနဲ႕ဆို ရွီပုဖန္သာ မွတ္ဉာဏ္ေတြျပန္မရေသးသေ႐ြ႕ ဒီအေၾကာင္းကို ဘယ္ေသာအခါမွ သိမည္မဟုတ္ေတာ့ေပ။

သို႔ေပတည္း ေလာေလာဆယ္ ခ်ိဳ႕ယြင္းခ်က္ေတာ့ ရွိေနသည္။ ရွီပုဖန္က မွတ္ဉာဏ္ေတြေပ်ာက္သြားတာမို႔ အရာရာတိုင္းဟာ သူ႕ခန႔္မွန္းခ်က္အေပၚ အေျခခံထားတာပင္။ အဲ့ထက္ပိုတာက ဤေနာက္ဆုံးသုံးသပ္ခ်က္ကိုလည္း သူ႕ရဲ႕ပထမဆုံးထင္ျမင္မႈေၾကာင့္ လုပ္ခဲ့တာပင္။ ဒါေၾကာင့္ ရွီပုဖန္ မွတ္ဉာဏ္ေလးတစ္ခုေလာက္ ျပန္ရသြားတာနဲ႕ က်န္းယြမ္ပိုင္က သူ႕သူငယ္ခ်င္းေကာင္း မဟုတ္တဲ့အျပင္ သူဟာ သူ႕အေပၚမွာ ထပ္တူခံစားခ်က္မရွိတဲ့ တစ္စုံတစ္ေယာက္ႏွင့္ တြဲလိုက္မိတာကိုလည္း သိသြားလိမ့္မည္။  အဲ့ေန႕ေရာက္လာရင္ က်န္းယြမ္ပိုင္ေခါင္းကို ရိုက္ခြဲခံလိုက္ရ႐ုံနဲ႕ၿပီးမွာ မဟုတ္ေလာက္။

ရွီပုဖန္က က်န္းယြမ္ပိုင္ရဲ႕မ်က္ႏွာေပၚကို ေလမႈတ္ထုတ္လိုက္တာေၾကာင့္ က်န္းယြမ္ပိုင္ရဲ႕တစ္ကိုယ္လုံး ၾကက္သီးထလာရသည္။ သူအလိုအေလ်ာက္တုန္ယင္သြားၿပီး ရွီပုဖန္ေျပာတာကို ၾကားလိုက္ရ၏။
“ မင္းဘာလို႔ဘာမွမေျပာေတာ့တာလဲ ငါေျပာတာမွားေနလို႔လား?”

“ …ဟုတ္တယ္” က်န္းယြမ္ပိုင္ ေခါင္းေမာ့ၾကည့္လိုက္ၿပီး အေကာင္ေသးေသးေလးတစ္ေကာင္လို မ်က္လုံးက ပတ္လည္ကို ေလွ်ာက္ပတ္ၾကည့္ေနၿပီး အသံတိုးတိုးေလးျဖင့္
“ မင္း…မင္းေျပာတာမွန္ပါတယ္”

ရွီပုဖန္က ေက်နပ္စြာ ရယ္ေမာလိုက္ၿပီး က်န္းယြမ္ပိုင္ကို သူ႕လက္ေမာင္းထဲထည့္ကာ ဖက္ထားလိုက္၏။ ရွီပုဖန္ရဲ႕ရင္ဘတ္ တုန္ေနသည္ကို သူခံစားနိုင္ၿပီး ရွီပုဖန္မွ ၾကည္ႏူးသာယာတဲ့ေလသံႏွင့္ ေျပာလာသည္အား နားေထာင္ေနလိုက္သည္။
“ အခု ကိုယ္တို႔ အားလုံးက ရွင္းၿပီးၿပီဆိုေတာ့ မင္းကိုယ့္ကိုဘာေျပာခ်င္ေသးလဲ?”

“ …” ငိုခ်င္ေနတာအျပင္ က်န္းယြမ္ပိုင္မွာ ဘာမွကိုေျပာစရာမရွိေတာ့။

သူက ေသဆုံးခါနီးအေျခအေနကေန သီသီေလးလြတ္ေျမာက္လာသလို ခံစားရသည္။ ဆရာဝန္ေျပာတာကေတာ့ ရွီပုဖန္ မွတ္ဉာဏ္ေတြကို ဆုံးရႈံးလိုက္ရတာက ျပင္ပဒဏ္ရာေတြေၾကာင့္တဲ့။ သူက ငယ္႐ြယ္ေသးေတာ့ ဆဲလ္ေတြက လ်င္လ်င္ျမန္ျမန္ျပန္လည္ဖြံ႕ၿဖိဳးလာနိုင္သည္။

က်န္းယြမ္ပိုင္ကေတာ့ သူေကာလိပ္မသြားခင္ ရွီပုဖန္ ဘာမွျပန္သတိမရပါေစနဲ႕လို႔သာ ဆုေတာင္းနိုင္ေတာ့သည္။ ဘယ္လိုပဲျဖစ္ျဖစ္ ေနာက္ဆုံးမွာေတာ့ ရွီပုဖန္ရဲ႕လက္ရွိအဆင့္နဲ႕ဆိုရင္ သူနဲ႕အတူတူ ေကာလိပ္တက္ဖို႔က လုံးဝမျဖစ္နိုင္ေပ။ တကယ္လို႔ ရွီပုဖန္ရဲ႕အဆင့္ေတြေကာင္းခဲ့ရင္ေတာင္မွ သူ႕အတြက္ ေ႐ြးခ်ယ္စရာေက်ာ္ၾကားတဲ့တကၠသိုလ္ေတြက အမ်ားႀကီးပဲရွိတာေလ။ တကယ္လို႔ ရွီပုဖန္က ခ်င္းဟြာတကၠသိုလ္ကိုေ႐ြးမယ္ဆိုရင္ သူက ပီကင္းတကၠသိုလ္ကိုေ႐ြးမည္ ။ ရွီပုဖန္က ဖုသန႔္တကၠသိုလ္ကို ေ႐ြးမယ္ဆိုရင္ သူက ေက်ာင္းထုန္းတကၠသိုလ္ကိုေ႐ြးလိုက္မည္ပင္။ ထပ္ေျပာရရင္ ရွီပုဖန္ရဲ႕မိသားစုက ခ်မ္းသာေတာ့ သူနိုင္ငံျခားမွာ တကၠသိုလ္သြားတက္တာႏွင့္ အဆုံးသတ္သြားေလာက္သည္! အဲ့လိုျဖစ္ရင္ ပိုေတာင္ေကာင္းဦးမယ္!

က်န္းယြမ္ပိုင္ရဲ႕စိတ္ကူးေလးက လွပေပမဲ့လည္း ရွီပုဖန္နဲ႕ဟန္ေဆာင္တြဲဖို႔ တြန္းအားေပးခံလိုက္ရတာကို စဥ္းစားလိုက္ရင္ သူအလြန႔္အလြန္ကို စိတ္ပ်က္ေနမိတုန္းပင္။

ရွီပုဖန္က ခဏေလာက္ၾကာသည္အထိ က်န္းယြမ္ပိုင္ဆီမွ အေျဖစကားကို မၾကားရေတာ့ က်န္းယြမ္ပိုင္ကို သူ႕လက္ေမာင္းထဲကထုတ္၍ ၾကည့္လိုက္တဲ့အခါ တစ္ဖက္လူက ႏႈတ္ခမ္းကို တင္းတင္းေစ့လ်က္ ငိုေတာ့မလိုျဖစ္ေနတာကို ေတြ႕လိုက္ရသည္။ ရွီပုဖန္က နည္းနည္းတန႔္သြားၿပီး မ်က္ေမွာင္ၾကဳတ္လိုက္ကာ
“ မင္းဘာလို႔ငိုေနရတာလဲ?”

“ ေပ်ာ္လို႔…ေပ်ာ္လို႔ငိုတာ ဟုတ္ၿပီလား?”
က်န္းယြမ္ပိုင္က ယင္းကိုေျပာၿပီးေတာ့ သူရွိုက္ငိုလိုက္ခ်င္စိတ္ကို မနည္းထိန္းထားရသည္။ ေကာင္းကင္ဘုံက သူတို႔ကိုၾကည့္ေနသည္။ သူက ဘာလို႔ ဒါကိုလုပ္ေနရတာလဲ?...က်န္းယြမ္ပိုင္က ရွီပုဖန္ သူ႕ကိုမေရမတြက္နိုင္ေအာင္ အနိုင္က်င့္တာအား သည္းခံခဲ့သည္။ အဲ့ဒါကို ဘာလို႔ တစ္ဖက္လူကို ကယ္တင္တဲ့အခ်ိန္ သူ႕ကိုယ္သူ ဘာလို႔မထိန္းခ်ဳပ္နိုင္ခဲ့ရတာလဲ? ရွီပုဖန္လည္း မ်က္ႏွာပ်က္ရၿပီ။ ပုံမွန္ဆို ရွီပုဖန္က ေျမညီတဲ့ေနရာေတြမွာပဲ စကိတ္စီးတာေလ…ဒါကို ဘာလို႔ အဲ့ေန႕က်မွ ပုံမွန္စံႏႈန္းကိုမလိုက္နာရတာလဲ ဒါကမျဖစ္သင့္ဘူးေလ!!

ရွီပုဖန္က က်န္းယြမ္ပိုင္ရဲ႕မ်က္ႏွာေလးကို လက္ခုပ္ထဲထည့္လိုက္ကာ က်န္းယြမ္ပိုင္၏မ်က္ရည္ေတြစိုေနတဲ့မ်က္ဝန္းေလးေတြကို ျမင္ရတဲ့အခါ သူ႕ႏွလုံးသားေလး တင္းၾကပ္သြားသလိုခံစားရသည္။ သူ က်န္းယြမ္ပိုင္ရဲ႕မ်က္ရည္ေတြကို နမ္းလိုက္ၿပီး
“ ဟုတ္ၿပီ မငိုနဲ႕ေတာ့ေနာ္ …ဒီကခ်စ္သူေကာင္ေလးက မင္းကိုအနမ္းတစ္ပြင့္ေပးမယ္ေလ”

က်န္းယြမ္ပိုင္ကိုယ္ကေန ခ်က္ခ်င္း ၾကက္သီးေတြထလာျပန္သည္။ ရွီပုဖန္ကို သူတြန္းလိုက္ကာ
“ ဆက္မေျပာနဲ႕ေတာ့”

ရွီပုဖန္က တိုးညင္းစြာရယ္သြမ္းလိုက္ၿပီး
“ ဒါဆိုလဲ မင္း ဘာလို႔ ကိုယ့္ပါးစပ္ကို မပိတ္ေပးတာလဲ?”

ရွီပုဖန္ ဘာကိုဆိုလိုတာလဲဆိုတာ ရွင္းလင္းေလသည္။ က်န္းယြမ္ပိုင္က ရွီပုဖန္ရဲ႕လွပတဲ့ ႏႈတ္ခမ္းတစ္စုံကိုၾကည့္လိုက္ၿပီး သေဘာမက်စြာ ႏႈတ္ခမ္းဆူလိုက္သည္။ ရွီပုဖန္ေဘးကေန သူအျပင္ကိုေလွ်ာက္ထြက္ကာ ေျပာလိုက္သည္
“ ငါမင္းနဲ႕စကားမေျပာေတာ့ဘူး”

သူဒီေလာက္ေျပာၿပီးတာေတာင္ ဘာလို႔ သူက တအားရွက္ေနရေသးတာလဲ?

ရွီပုဖန္က လက္ေတြကို သူ႕အိတ္ကပ္ထဲထည့္ရင္း က်န္းယြမ္ပိုင္ကို အလြယ္တကူျပန္မိသြားကာ က်န္းယြမ္ပိုင္၏ခါးပတ္လည္တြင္ သူ႕လက္ေမာင္းအားထားလိုက္ရင္းျဖင့္
“ မင္းဒီညဘာစားခ်င္လဲ? ညစာစားၿပီးရင္ ကိုယ္ မင္းကို အိမ္ျပန္လိုက္ပို႔ေပးမယ္ေလ”

“ ငါဘာမွမစားခ်င္ဘူး” က်န္းယြမ္ပိုင္က သူ႕ခါးမွ ရွီပုဖန္ရဲ႕လက္ေမာင္းေတြကို တြန္းထုတ္လိုက္ကာ မသဲမကြဲေျပာလိုက္သည္။
“ ငါ့ခါးကိုထိေနတာရပ္ေတာ့”

ရွီပုဖန္က သူ႕လက္ေတြကိုဖယ္လိုက္ၿပီး
“ ဒါဆိုမင္းဘာလုပ္ခ်င္လဲ?”

“ အိမ္ျပန္ၿပီးအိမ္စာလုပ္မယ္”

ရွီပုဖန္က သူ႕ကိုဖိတ္ေခၚလိုက္သည္
“ ဒါဆို ကိုယ့္အိမ္မွာအိမ္စာလုပ္ရင္ေရာ ဘယ္လိုလဲ?”

“ မလုပ္ဘူး”

ရွီပုဖန္ရဲ႕ႏွလုံးသားေလးက ယားက်ိက်ိျဖစ္သြားကာ ႏူးညံ့စြာျဖင့္ ေျပာလိုက္သည္
“ မင္း ဘာလို႔ ထပ္ၿပီး ခ်စ္စရာေကာင္းေအာင္ လုပ္ေနရျပန္တာလဲကြာ?”

“ ဘယ္သူ…ဘယ္သူကခ်စ္စရာေကာင္းေအာင္လုပ္ေနလို႔လဲ!”
က်န္းယြမ္ပိုင္က စိန္းစိန္းဝါးဝါးစိုက္ၾကည့္လိုက္ၿပီး သူ႕အသံက အၿမဲလိုလိုႏူးညံ့ေနတာပင္။ သူငိုၿပီးသြားတဲ့အခါမွာေတာ့ သူ႕အသံက ပိုလို႔ပင္ႏူးညံ့ေနကာ ယင္းကၾကားရတဲ့သူကို အေတာ္ေလးစိတ္ခ်မ္းသာေစၿပီး ခ်စ္စရာေကာင္းသလို ခံစားရေစသည္။ ရွီပုဖန္က က်န္းယြမ္ပိုင္ဟာ သူ႕အတြက္ သီးသန႔္ျဖစ္တည္လာတဲ့သၾကားလုံးေလးလို ခံစားရၿပီး မထိန္းနိုင္ဘဲ လွ်က္၍ အရသာခံခ်င္လာမိသည္။

သို႔ေသာ္ျငား သူတို႔က ေက်ာင္းတံခါးအျပင္ကိုေတာင္ မေရာက္ေသးတာေၾကာင့္ ရွီပုဖန္ သူ႕ကိုယ္သူသာ ထိန္းခ်ဳပ္လိုက္ရ၏။ သူေမးလိုက္သည္
“ ဒါဆို ကိုယ္တို႔ စာၾကည့္တိုက္မွာပဲ အိမ္စာလုပ္ၾကမယ္ဆိုရင္ေရာ?”

“ ဆူလြန္းတယ္”

“ ဒါဆို ကိုယ္တို႔အဆင့္ျမင့္စားေသာက္ဆိုင္တစ္ခုရွာၿပီး  ညစာစားရင္း စာလုပ္လို႔ရတာပဲ?”

“ ငါကအစားစားၿပီးသြားရင္ နိုးနိုးၾကားၾကားသိပ္မရွိေတာ့ဘူး”

ရွီပုဖန္မ်က္ခုံးပင့္လိုက္သည္။ သူတို႔ ခုမွစတြဲခါစကို က်န္းယြမ္ပိုင္က ဘာလို႔ သေဘာထားေတြေျပာင္းေနရတာလဲ?  သူက လက္ေမာင္းတစ္ဖက္အား က်န္းယြမ္ပိုင္ခါးထက္ထားကာ အနားဆြဲလိုက္ရင္း ဆိုလိုက္သည္
“ ဒီည႐ုပ္ရွင္သြားၾကရေအာင္ မဟုတ္ရင္ ကိုယ္ မင္းကို အခုခ်က္ခ်င္းနမ္းပစ္မယ္”

က်န္းယြမ္ပိုင္က ျပန္မေျဖခင္ တစ္ခဏေလာက္တိတ္ဆိတ္သြားၿပီး
“ ဒါေပမဲ့ ငါအခုထိအိမ္စာေတြမၿပီးေသးဘူး”

“ ဘာလို႔ မင္းမွာ အၿမဲတမ္းအိမ္စာေတြက ဒီေလာက္ေတာင္မ်ားေနရတာလဲ?”

“ ပထမေနရာရဖို႔က လြယ္တယ္လို႔မင္းထင္ေနတာလား?” က်န္းယြမ္ပိုင္က မေပ်ာ္႐ႊင္စြာ ေျပာလိုက္သည္။
“ ဆရာေတြဆီကအျပင္ ငါ့ကိုယ္ငါ အိမ္စာအခ်ိဳ႕ေပးေလ့ရွိတယ္ေလ”

“ေကာင္းၿပီေလ”  သူ႕ေပါင္ေပ့ေလးက သူ႕အားႏွစ္သက္ရမည့္ သူ႕ရဲ႕တာဝန္ေတြကို လ်စ္လ်ဴရႈေနတာအား ရွီပုဖန္မလိုခ်င္တာေၾကာင့္
“ ဒါဆို ကိုယ္လဲ မင္းကိုအိမ္စာေပးမယ္”

က်န္းယြမ္ပိုင္ရဲ႕မ်က္လုံးလွလွေလးေတြက ေတာက္ပသြားၿပီး သူ႕ႏႈတ္ခမ္းေလးေတြကို ဆူကာ ရွားရွားပါးပါး အာခံတဲ့အၿပဳံးေလးေရးေရးေလး လွစ္ဟလာသည္။
“ မင္းက ငါ့ကိုဘာအိမ္စာေပးခ်င္တာလဲ?”

“ ကိုယ့္ကိုနမ္း”

“…” က်န္းယြမ္ပိုင္ရဲ႕ေလွာင္ေျပာင္လိုတဲ့အၿပဳံးက မွိန္ေဖ်ာ့သြားၿပီး သူေျပာလိုက္၏
“ ေက်ာင္းသားေတြက ေက်ာင္းသားေတြလိုပဲ ျပဳမူသင့္တယ္ေလ။ ငါ့ရဲ႕အိမ္စာေတြကိုအရင္လုပ္ရမယ္”

“စုံတြဲေတြကလဲ စုံတြဲေတြလို ျပဳမူသင့္တယ္ေလ။ မင္း ဘာလို႔ ဒီအေျခခံသေဘာတရားေတြကို နားမလည္ရတာလဲ?”

“ ဘာအေျခခံသေဘာတရားေတြလဲ?”  က်န္းယြမ္ပိုင္က သူ႕ရဲ႕ေပါက္တတ္ကရေတြကို ဆက္နားေထာင္ဖို႔ ျငင္းဆန္ကာ ေျပာလိုက္သည္
“ ေရွ႕ေနာက္မစဥ္းစားဘဲ ေပါက္တတ္ကရေျပာေနတာေတြကို ရပ္လိုက္ေတာ့”

“ မင္းေကာင္ေလးက မင္းကိုအလိုလိုက္ဖူးဖူးမႈတ္ေနတာေလ ဒါကို မင္းက ဘာလို႔ မင္းေကာင္ေလးကို အလိုလိုက္ဖို႔ စိတ္ကူးမရွိရတာလဲ?”

က်န္းယြမ္ပိုင္က မသဲမကြဲဗလုံးဗေထြးသာ အသံျပဳလိုက္သည္။

စကားေျပာေနရင္းနဲ႕ ႏွစ္ဦးသားက ကားမွတ္တိုင္နားေရာက္လာၾကသည္။ ၾကည့္ရတာ ရွီပုဖန္က သူ႕ကို ထပ္ၿပီးအိမ္လိုက္ပို႔ေပးမည့္ပုံပင္။ နဂို သူတို႔ သူငယ္ခ်င္းေကာင္းေတြအျဖစ္ ရွိေနၾကကတည္းက က်န္းယြမ္ပိုင္က သူ႕မိဘေတြသတိျပဳမိမွာကို ေၾကာက္ေနတာပင္။ အခုလို သာမန္ထက္ပိုတဲ့ဆက္ဆံေရးမ်ိဳးနဲ႕ဆိုေတာ့ သူပိုၿပီးေတာင္ေၾကာက္မိသည္။ သူ ရွီပုဖန္ကို ဆြဲကာ ေျပာလိုက္သည္။
“ မင္းငါ့ကိုအိမ္လိုက္ပို႔ေပးဖို႔ မလိုဘူး”

“ အနည္းဆုံး ကိုယ္တို႔ထဲကတစ္ေယာက္ကေတာ့ ကိုယ္တို႔ရဲ႕အိမ္စာကိုလုပ္ရမယ္ေလ။ မင္းက မလုပ္ခ်င္မွေတာ့ ကိုယ္ကပဲ လုပ္ရမွာေပါ့”

က်န္းယြမ္ပိုင္ရဲ႕မ်က္ႏွာက နီျမန္းသြားၿပီး
“ ဒါေပမဲ့…မင္း..အဲ့ဒါကို လုပ္ၿပီးၿပီ မဟုတ္ဘူးလား?”

“ကိုယ္နားမလည္ဘူး။ မင္းဘာေတြေျပာေနတာလဲ?”

က်န္းယြမ္ပိုင္က ဘယ္ညာကို လွည့္ၾကည့္လိုက္သည္။ အခုက ေက်ာင္းဆင္းခ်ိန္ျဖစ္လို႔ အနားပတ္ဝန္းက်င္မွာ ေက်ာင္းယူနီေဖာင္းဝတ္ထားတဲ့ေက်ာင္းသားေလးေတြရွိေနၿပီး ဆူညံစြာ စကားဆိုေနၾကလ်က္။ သူအက်ယ္ႀကီးမေျပာရဲတာေၾကာင့္ ရွီပုဖန္ရဲ႕အဝတ္အစားကို ေဆာင့္ဆြဲလိုက္သည္။ ရွီပုဖန္က သူနဲ႕မပူးေပါင္းေပးဘဲ တန္းတန္းမတ္မတ္သာရပ္ေန၏။ က်န္းယြမ္ပိုင္က ရွီပုဖန္ေလာက္ အရပ္မရွည္တာမို႔ သူ႕မွာေ႐ြးခ်ယ္စရာမရွိဘဲ ေျခဖ်ားေထာက္ကာ တစ္ဖက္လူနား,နား တီးတိုးေျပာလိုက္သည္။
“ ခုနတုန္းက..ေလွကားမွာ မင္းငါ့ကို…ခဲ့တယ္မဟုတ္ဘူးလား?”

သူေျပာၿပီးသြားေတာ့ တစ္ေယာက္ေယာက္က သူေျပာတာကိုၾကားသြားမွာစိုးၿပီး မလုံမလဲဘယ္ညာကိုၾကည့္လိုက္၏။

ရွီပုဖန္က စိတ္အားထက္သန္စြာနဲ႕ပဲ က်န္းယြမ္ပိုင္ရဲ႕နား၌ ႏူးညံ့စြာေျပာလိုက္သည္။
“ ကိုယ္မင္းကို…ခဲ့တာကိုမင္းသိတာပဲ ကိုယ္က ကိုယ့္ရဲ႕အိမ္စာကိုၿပီးသြားၿပီေလ ဒီေတာ့မင္းကေရာ?”

ရွီပုဖန္က မတ္မတ္ျပန္ရပ္လိုက္စဥ္ က်န္းယြမ္ပိုင္က မ်က္ခုံးေတြကို တြန႔္ခ်ိဳးလိုက္သည္။ က်န္းယြမ္ပိုင္လည္း ဘာမွမတတ္နိုင္ေတာ့ဘဲ ေျခဖ်ားေထာက္လိုက္ကာ သူ႕ရဲ႕အသက္ရႉသံေဖ်ာ့ေဖ်ာ့ေလးက ရွီပုဖန္ရဲ႕နားကို ရိုက္ခတ္လို႔ေနသည္။
“ ဒါဆို ငါ့အိမ္စာၿပီးသြားရင္ မင္း ငါ့ကို အိမ္ျပန္မပို႔ေပးလို႔ရမလား?”

အျခားလူေတြရဲ႕အျမင္ကေနဆိုရင္ ႏွစ္ေယာက္သားက တစ္ေယာက္နဲ႕တစ္ေယာက္ လ်ိဳ႕ဝွက္စြာ စကားဆိုေနၾကသလိုပင္။ ရွီပုဖန္ရဲ႕ႏႈတ္ခမ္းေတြက က်န္းယြမ္ပိုင္ရဲ႕နားဆီ ထိလုနီးပါးအထိ ကပ္ေနကာ
“ ကိုယ္အဲ့ဒါကိုစဥ္းစားေပးနိုင္ပါတယ္”

က်န္းယြမ္ပိုင္က အၾကပ္ရိုက္စြာနဲ႕ လက္ေခ်ာင္းေတြကို ကစားေနမိၿပီး အဆုံးမွာေတာ့ ရွီပုဖန္ရဲ႕အကၤ်ီလက္အစြန္းေလးကို ဆြဲကိုင္လိုက္သည္။ ရွီပုဖန္ကမ်က္ခုံးပင့္လိုက္ၿပီး ရည္႐ြယ္ခ်က္ရွိရွိေမးလိုက္သည္။
“ ဘယ္ကိုသြားမလို႔လဲ?”

“ ဘယ္သူမွ…” က်န္းယြမ္ပိုင္က စကားေျပာေနရင္းျဖင့္ ဟိုၾကည့္ဒီၾကည့္ ၾကည့္ကာ “မရွိတဲ့ေနရာကို သြားၾကမယ္…”

အဲ့အခ်ိန္မွာ က်န္းယြမ္ပိုင္ရဲ႕ပတ္ပတ္လည္အား ခိုးေၾကာင္ခိုးဝွက္ လိုက္ၾကည့္ေနတာေလးကို ၾကည့္ေနရင္း ရွီပုဖန္ရဲ႕ႏွလုံးသားက ယားက်ိက်ိျဖစ္လာရသည္။ သူရယ္ခ်င္စိတ္ကို ထိန္းထားကာ က်န္းယြမ္ပိုင္က သူ႕အား လူအုပ္ႀကီးရဲ႕အေဝးဆီ ဆြဲေခၚသြားတာကို ခြင့္ျပဳထားလိုက္သည္။ သူတို႔ ဆင္ေျခေလွ်ာနားကို ျပန္ေရာက္လာၾကၿပီး လူေတြက ဒီေနရာကို ရံဖန္ရံခါျဖစ္ေလွ်ာက္လာၾကေပမဲ့ လာတဲ့လူေတြက အေတာ္ေလးပါးသည္။ တစ္စုံတစ္ေယာက္က ဒီေနရာကေန ျဖတ္ေလွ်ာက္သြားရင္ေတာင္ လူေတြအေနနဲ႕ သူတို႔ကို ရွာေတြ႕ဖို႔အတြက္ ခက္ေလသည္။

က်န္းယြမ္ပိုင္က မလုံမလဲျဖစ္ေနစဥ္မွာပဲ ရွီပုဖန္က နံရံကို ေအးေအးေဆးေဆးမွီကာ ေျပာလိုက္သည္
“ မင္း မင္းရဲ႕အိမ္စာကိုဒီေနရာမွာ လုပ္ခ်င္တာလား?”

က်န္းယြမ္ပိုင္က ေလးေလးနက္နက္ကိုေခါင္းညိတ္ျပ၏။

က်န္းယြမ္ပိုင္က ပတ္လည္ကို လိုက္ၾကည့္လိုက္သည္။ ဆင္ေျခေလွ်ာရဲ႕အျခားတစ္ဖက္မွာ သစ္ေတာအုပ္ေလးရွိေနၿပီး အဲ့ေနရာမွာ ေရညွိေတြနဲ႕ ခ်ဳံပုတ္ေတြရွိသည္။ ဒီေနရာက “သူ႕ရဲ႕အိမ္စာ”ကိုလုပ္ဖို႔ ေနရာေကာင္းတစ္ခုပင္။

သူငုံ႕ကာအနားကပ္လိုက္ၿပီး
“ ကိုယ္တို႔အခုစလို႔ရၿပီလား?”

က်န္းယြမ္ပိုင္ ေနာက္ကို ေျခတစ္လွမ္းဆုတ္လိုက္သည္။

ရွီပုဖန္က အရမ္းေခ်ာေမာေနေပမဲ့ သူကေယာက်ာ္းတစ္ေယာက္ျဖစ္ေနတုန္းပင္။ က်န္းယြမ္ပိုင္က သူ႕အား နမ္းရမွာကိုေတြးမိတဲ့အခါ သူ႕စိတ္ကို ျပင္ဆင္ဖို႔လိုေလသည္။ ရွီပုဖန္ကလည္း ေနာက္တစ္လွမ္းျပန္ဆုတ္ေပးကာ
“ အဆင္ေျပပါတယ္ ကိုယ္တို႔ျဖည္းျဖည္းခ်င္းလုပ္လို႔ရပါတယ္”

သူက သူ႕ရဲ႕သူငယ္ခ်င္းေလးရွက္ဖို႔အတြက္ အခ်ိန္အနည္းငယ္ေပးရတာကို စိတ္ထဲမထားပါဘူး။

ေနာက္ဆုံးမွာေတာ့ က်န္းယြမ္ပိုင္က သူ႕ကိုယ္သူျပင္ဆင္လိုက္ၿပီး ေခါင္းေမာ့ၾကည့္ကာ အနားကို ျဖည္းညင္းစြာတိုးကပ္သြားလိုက္၏။ ရွီပုဖန္က က်န္းယြမ္ပိုင္ရဲ႕တုန္ယင္ေနတဲ့မ်က္ေတာင္ေလးေတြကို ျမင္လိုက္ရတဲ့အခါ အနည္းငယ္ငုံ႕ေပး၍ ပူးေပါင္းလိုက္၏။ သူအေတာ္ေလးစိတ္လႈပ္ရွားေနတယ္ဆိုတာကို မည္သူမဆို ေျပာနိုင္ေပသည္။ ဤအရာက ရယ္စရာေကာင္းမွန္း ရွီပုဖန္သိလိုက္ရေပမဲ့ သူလည္းပဲ အနည္းငယ္စိတ္လႈပ္ရွားေနမိလ်က္။

သူတို႔ႏႈတ္ခမ္းေတြ ထိခါနီးေလးမွာ ဆင္ေျခေလွ်ာအေပၚကေန အသံတစ္ခုၾကားလိုက္ရၿပီး က်န္းယြမ္ပိုင္အား အေနာက္ျပန္ဆုတ္သြားေစ၏။

ရွီပုဖန္မွာ ေျပာစရာမ်ားေပ်ာက္ရွကုန္သည္။

သူ႕ႏွလုံးသားကတ႐ြ႐ြျဖစ္လာၿပီးေနာက္ စိတ္ကိုေလွ်ာ့တဲ့အေနနဲ႕ ရွီပုဖန္ႏႈတ္ခမ္းသပ္လိုက္သည္။

ဆင္ေျခေလွ်ာအထက္မွလူက လွ်ပ္စစ္စက္ဘီးကိုစီးထားၿပီး ျမန္ျမန္ဆန္ဆန္ပဲ ေအာက္ကိုဆင္းလာသည္။ ေက်ာင္းသားေလးေတြက စကားေျပာရင္း ခပ္သြက္သြက္ပင္ ျဖတ္သြားၾကသည္။

ဆင္ေျခေလွ်ာရဲ႕ေအာက္ေျခမွ ႏွစ္ေယာက္ကေတာ့ အၾကည့္ခ်င္းဆုံသြားၾကၿပီး သူတို႔မ်က္ႏွာေတြကလည္း ရွက္ေသြးျဖန္းေနၾကလ်က္။ က်န္းယြမ္ပိုင္က ေနာက္တစ္ႀကိမ္ သူ႕စိတ္သူျပင္ဆင္လိုက္ကာ ရွီပုဖန္ကို ခပ္ျမန္ျမန္နမ္းလိုက္ၿပီး
“ ရၿပီေနာ္ ျပန္ၾကရေအာင္”

က်န္းယြမ္ပိုင္ အေနာက္ကိုလွည့္ကာ ေျပးထြက္သြားတာက ရွီပုဖန္အား စိတ္မခ်မ္းမသာျဖစ္ေစသည္။
“ကိုယ္က အိမ္စာေတြ ဒီေလာက္အမ်ားႀကီးလုပ္ထားတာကို မင္းက ဒီလိုမ်ိဳးနည္းနည္းေလးပဲလုပ္ဖို႔ စီစဥ္ထားတာေပါ့?”

“ မင္းက မင္းကို တစ္ခါနမ္းဖို႔ကိုပဲေျပာခဲ့တာေလ။ ငါ မင္းကို ဘယ္လိုနမ္းရမယ္လို႔မွ မေျပာခဲ့ပဲနဲ႕”  ေျပးေနတဲ့က်န္းယြမ္ပိုင္က အေနာက္ကိုလွည့္ၾကည့္ကာ
“ မင္းငါ့ကိုလိုက္မပို႔နဲ႕ေတာ့ ငါျပန္ေတာ့မယ္”

က်န္းယြမ္ပိုင္က ဘတ္စ္ကားဂိတ္ကိုေျပးသြားလိုက္ၿပီး တိုက္တိုက္ဆိုင္ဆိုင္ပဲ ဘတ္စ္ကားတစ္စီးကလည္း ရပ္လာသည္။ သူက ရွီပုဖန္ေရာက္လာတာကို မေစာင့္ေတာ့ဘဲ အထဲကို စိတ္အားထက္သန္စြာ တိုးဝင္သြားလိုက္သည္။

ဘတ္စ္ကားကလူေတြျပည့္ေနၿပီး က်န္းယြမ္ပိုင္ကလည္း လူၾကားထဲညပ္ေနသည္။ သူ ရွီပုဖန္နဲ႕တူတူစီးတိုင္း ရွီပုဖန္က သူ႕ကို အျခားသူေတြဆီကေန ကာေပးထားတာကို ျပန္ေတြးမိသြားေတာ့ က်န္းယြမ္ပိုင္ႏႈတ္ခမ္းဆူလိုက္မိသည္။ ရွီပုဖန္ရဲ႕ႏႈတ္ခမ္းကို သူနမ္းလိုက္တာအား ျပန္သတိရမိေတာ့ သူ႕ႏွလုံးသားက လ်င္ျမန္စြာ ခုန္ေပါက္လာေတာ့သည္။





Continue Reading

You'll Also Like

515K 84.7K 128
Author: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ...
409K 9.9K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
117K 9.9K 39
This is myanmar translation. Not my own story. Eng Title-Its Not Easy Being your love ravil's Big Brother (Completed) Chinese Tit...
228K 34.7K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest