ပန်းခရေပုံပြင် (The Story of...

Galing kay suekhatpann

65.7K 4.2K 137

ေဆာင္ၾကာၿမိဳင္ကမိန္းကေလးနဲ႔ ေတာ္ဝင္မင္းသားတစ္ပါးရဲ႕ အခ်စ္ဇာတ္လမ္း... ဒီလိုနဲ႔ဝမ္းနည္းစရာခေရပန္းပံုျပင္တစ္ပုဒ... Higit pa

Part- 1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-17
Part- 18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46(End)

Part-16

1.1K 86 0
Galing kay suekhatpann

Zawgyi

~~ပန္းခေရပံုျပင္~~
(The Story of Star-Flower)
အပိုင္း(၁၆)

စိုစြတ္စြတ္ေျမသင္းရနံ႔ႏွင့္အတူ ခပ္ေဖ်ာ့ေဖ်ာ့ ခေရရနံ႔ကလည္း ေဝ့ယမ္းလို႔...

ဟိုး... အျမင့္ေပၚကေန တျဖဳတ္ျဖဳတ္လြင့္က်လာသည့္ ခေရပြင့္ေလးေတြကေတာ့ ေျမနီလမ္းေလးေပၚ အလုအယက္ေႂကြခေနလ်ွက္။

ၾကည့္စမ္း... တစ္လမ္းလံုးခေရပန္းေလးေတြ ေဖြးေဖြးလူပ္ေနပါလား။

စီတန္းေနသည့္ ခေရပင္ႀကီးေတြ။ ထို႔ေနာက္ ေလတစ္ခ်က္အယမ္းမွာပင္ ႏူးညံ့စြာေႂကြဆင္းလာသည့္ ပန္းေလးေတြ....

ထိုပန္းတို႔က ေျမသို႔တျဖဳတ္ျဖဳတ္ခုန္ဆင္းလာသည္မွာ ေျမသင္းရနံ႔စိမ့္ဝင္ေနသည့္ ေျမနီလမ္းေလးေပၚတြင္ ေမြ႔ယာတစ္ခ်ပ္ႏွယ္ ခင္းက်င္းထားသည့္အလား....

အို...... လွရက္လိုက္တာ။

သို႔ေသာ္ ထိုသဘာဝတရားေတြထက္ ပို၍လွပေနေသာ မိန္းကေလးတစ္ေယာက္က ခေရပင္ေအာက္တြင္ ႏြဲ႕ေႏွာင္းစြာရပ္ေနခဲ့ရာ...

ေလေျပသည္ သူမထံၿပိဳဆင္းသြား၏။ ေလတစ္ခ်က္ေဝွ႔တိုင္း ယမ္းခါသြားသည့္ဆံႏြယ္ရွည္တို႔က ခေရပင္ႀကီးငိုခ်င္းခ်ရေအာင္ လွလြန္းေနသည္။

သို႔ေသာ္ခေရပန္းတို႔ကာ ေကာ့ၫႊတ္ေနေသာ မ်က္ေတာင္ေလးႏွင့္ ႏူးညံ့လွပလြန္းေသာ ခပ္ေဖ်ာ့ေဖ်ာ့မ်က္ဝန္းတို႔ၾကား ႏွစ္လိုၾကည္ျဖဴစြာပင္ အရူံးေပးၾကၿပီထင္ပါသည္။

သူမအေပၚတျဖဳတ္ျဖဳတ္ႏွင့္ ေႂကြဆင္းခစား ေနရုံသာမက လွပလြန္းေသာခႏၶာကိုယ္ေလးအားလည္း ေလေျပသည္ တစ္ခ်က္တခ်က္ သိမ္းႀကံဳး ေပြ႕ဖက္သြားေတာ့သည္။

ႏွာတံစင္းစင္းေအာက္မွ ေဆးမကူးထားသည့္ ႏူတ္ခမ္းတို႔က ေနဝင္ဆည္းဆာကိုပင္ မိူင္းက်သြားေစသည္ထိ အို....... လွရက္ေလျခင္း။

ထိုအလွတရားတို႔ၾကား တစ္စံုတစ္ရာသည္မိန္းမူးစြာပင္စိတ္ဝိညာဥ္တစ္ခုလံုးလြင့္စင္သြားလ်က္။

အရွိတရားႏွင့္မရွိျခင္းတို႔ၾကား ေဝဝါးစြာနစ္ျမႇပ္ေနရင္းႏွင့္ သူ၏လက္သည္ေမွာ္ဝင္ထားသကဲ့သို႔ ဆြဲခ်က္တို႔က အလိုအေလ်ာက္သက္ဝင္စီးေမ်ာေနရာ

အရာရာေသာခံစားမူသည္ လူးလြင့္ေနေသာခေရႏွင့္အၿပိဳင္ မိန္းေမာဖြယ္ေကာင္းေသာ အလွတရားတို႔ၾကား နစ္ျမႇပ္ၿပိဳဆင္းခဲ့သည္မွာ လက္ရွိအခ်ိန္ကာလႏွင့္ ဘယ္ေလာက္မ်ားေတာင္ ျပတ္ေတာက္သြားခဲ့ပါလိမ့္။

"အစ္ကို မၿပီးေသးဘူးလားဟင္ ပန္းခေရေညာင္းလာၿပီ"

ၾကာျမင့္စြာရပ္ေနရ၍ ေညာင္းလာဟန္တူပါရဲ႕။ ခပ္တိုးတိုးညည္းညဴလိုက္သံက လိပ္ျပာေတာင္ပံခတ္လိုက္သည့္အလား။

ညည္းညဴသံေလးပင္... အို သာယာလြန္းေပစြ။

ေက်းဌက္ေတြပင္ ငိုခ်င္းခ်ေအာင္ သာလြန္းေသာ အသံေလးၾကားေတာ့မွ သူသည္ လက္ရွိကမၻာကို သတိဝင္ကာႏူိးထလာရသည္။

ဟုတ္ပါရဲ႕.... ဒီအလွတရားေတြၾကား စ်ာန္ဝင္သြားသည္မွာ အရာရာကိုေမ့ေလ်ာ့သြားမိသည္ အထိပါလား။

တကယ္က သူဟာပန္းခ်ီကားတစ္ခ်ပ္ကို ေရးဆြဲေနခဲ့သည္ပဲ။ သို႔ေသာ္ ထိုအရာသည္ အလြန္လွပလြန္းေနသည္ျဖစ္သျဖင့္ ခံစားခ်က္တို႔ျဖင့္ သူဖန္တီးခဲ့မိသည့္ ပန္းခ်ီကားတစ္ခ်ပ္သည္ ခမ္းနားစြာ အသက္ဝင္လာခဲ့သည္ မဟုတ္လား။

ၾကည့္စမ္း... ရက္ရက္စက္စက္ကို လွလြန္းေသာ ပန္းခ်ီကားတစ္ခ်ပ္။

ရက္စက္စြာသက္ဝင္ေနေသာ ဆြဲခ်က္မ်ားျဖင့္ ပန္းခ်ီကားသည္ ေမွာ္ဝင္ေနသည့္အလား ခမ္းနားလြန္းလွပါသည္။ သူသည္ သူကိုယ္တိုင္ ေရးဆြဲထားသည့္ ပန္းခ်ီကားဟုပင္ ေတြးမထင္မိေအာင္ ပန္းခ်ီကားကို မွင္သက္စြာေငးေမာၾကည့္ရင္းမွ ေက်နပ္စြာ ၿပံဳးလိုက္ရင္း

"ၿပီးသြားပါၿပီ ေဆးေရာင္ေတြအနားသတ္ဖို႔ပဲ လိုေတာ့တယ္"

သူ႔စကားေၾကာင့္ သူမကေညာင္းညာေနသည့္ ကိုယ္ေလးအား လူပ္ယမ္းလိုက္ၿပီးေနာက္

"ပံုတူပန္းခ်ီကားတစ္ခ်ပ္ရဖို႔ မလြယ္ဘူးေနာ္ အေတာ္ေလး ရပ္လိုက္ရတယ္.. "

ရယ္ေမာဟန္ေလးျဖင့္ ခပ္တိုးတိုးညည္းဆိုရင္း သူမက သူ႔နားေလ်ွာက္လာၿပီး ပန္းခ်ီကားေလးကို စပ္စပ္စုစုပင္ ၾကည့္လိုက္မိသည္။ မယံုၾကည္ႏုိင္ေအာင္ လွပသက္ဝင္ေနေသာ ပန္းခ်ီကားေလးကိုျမင္ေတာ့ အံ့ၾသသင့္သြားဟန္ျဖင့္ သူမႏူတ္ခမ္းဖူးဖူးေလးေတြ လူပ္ဟလာလ်ွက္ႏွင့္ တေမ့တေမာပင္ ေငးၾကည့္ေနေတာ့သည္။

ဒါ သူမပံုတူပန္းခ်ီကားတစ္ခ်ပ္ဆိုတာပင္ သတိမထားမိေအာင္ ပန္းခ်ီကားထဲ သက္ဝင္သြားၿပီး လြတ္ခနဲ႔ ေရ႐ြတ္လိုက္မိ၏။

"လွလိုက္တာ..... "

"ဟုတ္တယ္ သိပ္လွတဲ့ပန္းခ်ီကားေလးပဲ အစ္ကို႔ဘဝမွာ အလွဆံုးပန္းခ်ီကားတစ္ခ်ပ္ေပါ့ ဘယ္အရာမွ ဒီထက္ပိုမလွႏုိင္ေတာ့ဘူး"

သူ႔စကားေၾကာင့္ သူမသည္ တစ္စံုတစ္ရာကို အမွတ္ရသြားဟန္တူသည္။ မ်က္ႏွာေလးညိွဳးငယ္သြားရင္း...

"ဒါေပမဲ့ ပန္းခ်ီကားထဲကမိန္းကေလးကေတာ့ လွမယ္မထင္ပါဘူး အစ္ကို"

"ဘယ္လိုေျပာလိုက္သလဲ ပန္းခေရရယ္ ဒီပန္းခ်ီကားမွာ အခမ္းနားဆံုးက ဒီမိန္းကေလးရဲ႕ အလွပဲေလ ၾကည့္စမ္းဘယ္ေလာက္ေတာင္ လွပခမ္းနားေနသလဲ အစ္ကိုေရးဆြဲခဲ့တဲ့ ပန္းခ်ီကားေတြအားလံုးမွာ ဒီထက္ပိုတဲ့အလွတရားေတြ ရွာမေတြ႕ခဲ့ဘူး အစ္ကို႔အတြက္ေတာ့ ဒီထက္ခမ္းနားတဲ့ ပန္းခ်ီကားလည္း ရွိလာမွာမဟုတ္ဘူး"

သူမ... ၿပံဳးလိုက္၏။ တကယ္ကို ခပ္ယဲ့ယဲ့ေလး။

"လူအေတာ္မ်ားမ်ားဟာ ေနဝင္ဆည္းဆာကသိပ္လွတာပဲ ျမင္တယ္ ဒါေပမဲ့ သိပ္သည္းတဲ့အေမွာင္ထုကို ရင္ခြင္ပိုက္ထားရတာကိုေတာ့ မသိၾကဘူးေလ ဘယ္ေလာက္လွပခမ္းနားေနပါေစ မၾကာခင္ဒီအေမွာင္နက္ႀကီးက လႊမ္းၿခံဳေတာ့မယ္ ခဏတျဖဳတ္အလွေတြနဲ႔ ေလာကႀကီးကိုျမဴဆြယ္ခဲ့တယ္ ၿပီးေတာ့ အေမွာင္ထုထဲဆြဲသြင္းလိုက္တယ္ ဘာထူးလို႔လဲ တကယ္ေတာ့ ေနဝင္ခ်ိန္ဟာ ယိုယြင္းပ်က္ဆီးခါနီးအလွတရားတစ္ခုပါ သိပ္လွတဲ့ေနဝန္းႀကီးလို႔ထင္ၿပီး ေငးၾကည့္ေနတဲ့လူေတြက သူတိတ္တဆိတ္ငိုေႂကြးသံကိုေတာ့ မၾကားႏုိင္ခဲ့ဘူးေလ ဆည္းဆာဟာ ဒီအခ်ိန္တိုင္းငိုေနခဲ့တယ္ သူေၾကာက္တဲ့အေမွာင္ထုႀကီး ေရာက္လာေတာ့မွာကို"

"မဟုတ္ဘူး ပန္းခေရ ေနဝင္ၿပီးေနျပန္ထြက္မွာပဲေလ ကမၻာႀကီးဟာဒီသဘာဝတရားနဲ႔ လည္ပတ္ေနတာပါ အၿမဲတမ္းအေမွာင္မိုက္ဖံုးလႊမ္းမေနဘူး"

သူမထပ္ၿပံဳးလိုက္ျပန္၏။ ဒီတစ္ခါေတာ့ ေဆြးေျမ့နာက်င္သြားဟန္ႏွင့္။ ထို႔ေနာက္ တျဖဳတ္ျဖဳတ္ေႂကြခေနေသာ ခေရပန္းေလးေတြထဲမွတစ္ပြင့္ကို ေကာက္ယူလိုက္ၿပီး

"ပန္းတစ္ပြင့္အတြက္ေတာ့ ကမၻာႀကီးဟာ သဘာဝတရားနဲ႔ေသြဖယ္ခဲ့တယ္ အႀကိမ္ႀကိမ္ အခါခါေနဝင္ခဲ့ေပမဲ့ ေနထြက္ခ်ိန္မရွိခဲ့ဘူး "

"ပန္းခေရရယ္"

"ပန္းခေရ... သြားရေတာ့မယ္အစ္ကို"

ဟိုး... ဝင္လုဆဲ ေနမင္းႀကီးကို ေငးစိုက္ၾကည့္ရင္း သူမေျခာက္ေသြ႕စြာ ဆိုလိုက္သည္။ သူ သက္ေမာတစ္ခုကို ေလးပင့္စြာခ်လိုက္မိၿပီးေနာက္

"မသြားလို႔မရဘူးလားကြာ...."

"မသြားလို႔ရခဲ့ရင္ ပန္းခေရဒီအိမ္ႀကီးကို ေက်ာခိုင္းခဲ့တာ ၾကာခဲ့ေရာေပါ့ အစ္ကိုရယ္.."

"ဒါေပမဲ့... "

"ပန္းခေရမွာဆပ္ရမယ့္ ဝဋ္ေႂကြးေတြ သိပ္မ်ားလြန္းတယ္ထင္ပါရဲ႕ ေနဝင္ခ်ိန္တိုင္းမွာ သူတစ္ပါး နင္းေျခဖို႔ လည္စင္းေပးေနခဲ့ရတယ္ ၾကာေတာ့ေနဝင္ခ်ိန္ေတြကို ပန္းခေရမုန္းလာတယ္"

"ပန္းခေရရယ္.."

"အခုလည္း အခ်ိန္က်ျပန္ၿပီ"

သူမထရပ္လိုက္၏။ ခေရပန္းအခ်ိဳ႕ကေတာ့ သူမကိုယ္ေပၚ တျဖဳတ္ျဖဳတ္ ေႂကြခေနဆဲ။

သူလက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္မိရင္း

"အစ္ကို မင္းကိုေခၚထုတ္သြားမယ္ ညီမေလး"

"စိတ္ကူးမယဥ္ပါနဲ႔အစ္ကို ပန္းခေရရဲ႕လြတ္ေျမာက္မူဟာ တျခားသူဒုကၡေရာက္ေစမယ့္ အရာမ်ိဳး ဘယ္ေသာမွလုပ္မွာမဟုတ္ဘူး အထူးသျဖင့္ ပန္းခေရလိုမိန္းကေလးကို တေလးတစား ဆက္ဆံေပးၿပီး ညီမေလးလို႔သေဘာထားခဲ့တဲ့ အစ္ကို႔လိုလူကိုေပါ့ အစ္ကို႔ဘဝကို ရင္းပစ္လိုက္ရတဲ့ထိ မတန္ပါဘူးအစ္ကို ေႂကြမြပ်က္ဆီးၿပီးသား ပန္းတစ္ပြင့္ဟာ ဘယ္နည္းနဲ႔မွ တန္ဖိုးျပန္တက္လာမွာ မဟုတ္ဘူး.. "

"ဒါေပမဲ့... "

"ဒီေန႔အတြက္ ေက်းဇူးတင္ပါတယ္ ပန္းခေရသြားေတာ့မယ္ ေနာက္က်ရင္ ေနာက္ရက္ သူတို႔ပန္းခေရကို ေပးမထြက္ဘဲေနလိမ့္မယ္ "

ထို႔ေနာက္... ပန္းခ်ီကားတစ္ခ်က္ႏွင့္သူ။ ၿပီးေတာ့ တျဖဳတ္ျဖဳတ္ေႂကြလြင့္ေနေသာ ခေရပန္းမ်ားႏွင့္ ေျမနီလမ္းေလးကို ေက်ာခိုင္းလ်က္ သူမတေ႐ြ႕ေ႐ြ႕ထြက္ခြာသြား၏။

မွိန္ဝါးေပ်ာက္ကြယ္သြားသည့္ သူမေက်ာျပင္ေလးကိုေငးၾကည့္ၿပီး သူမ်က္ရည္ေတြဝဲေနမိသည္လားမသဲကြဲ... ။

ေသခ်ာသည္က သူ႔ရင္ေတြနာက်င္ေန၏။ ဟုတ္သည္... ထပ္ခါထပ္ခါနင္းေျခဖ်က္ဆီးခံရၿပီး အဖန္တလဲလဲေသဆံုးေနမည့္ဘဝေလးတစ္ခုကို သူမကယ္တင္ေပးႏုိင္ခဲ့ဘူး မဟုတ္လား။

သူက.... ဘာေကာင္မို႔လဲ။

ေျခဦးတည့္ရာေလ်ွာက္သြားရင္း ဤဘုရားေက်ာင္းဝန္းတြင္ ကိုနက္ေက်ာ္ႏွင့္ခင္မင္ရင္းႏွီးကာ ေနစရာတစ္ခုအတည္ရလာသည့္ ခပ္ႏူတ္ႏူတ္ ပန္းခ်ီဆရာတစ္ေယာက္။

ဒီလိုေနရာမ်ိဳးမွာ ပန္းခ်ီဆရာတစ္ေယာက္ရဲ႕ ရပ္တည္မူမ်ိဳးက ဘယ္ေလာက္ယိုင္နဲ႔ေနလိုက္ေလသလဲ။ သူမကိုအႏၲရယ္ကင္းစြာ ေ႐ြးထုတ္သြားဖို႔ သူ႔မွာလံုေလာက္သည့္ ေငြေၾကးမတတ္ႏုိင္ခဲ့ပါ။

ဒီတိုင္းေခၚထုတ္ၿပီး ထြက္ေျပးသြားဖို႔ကေရာ...

သူေတြးသလို မလြယ္ကူႏုိင္ဘူးထင္ပါရဲ႕။ သူ႔ဘဝကရွိေစဦး.. သူမဘဝပ်က္ခံၿပီးကာကြယ္ေပးခဲ့သည့္ မိသားစုေလးေရာ ဘာျဖစ္သြားႏုိင္မွာလဲ။

ဟိုး... ငရဲတြင္းႏွင့္တူေသာအိမ္ႀကီးက လူေတြကေရာ ဒီအတိုင္းေနမည္တဲ့လား။

ေနာက္ဆံုးေတာ့ သူမကိုအႀကိမ္ႀကိမ္ေသေအာင္ ညႇင္းပန္းႏွိပ္စက္သည့္ ေနရာတစ္ခုမွန္း သိေနလ်ွက္ႏွင့္။

သူမအသတ္ခံဖို႔ျပန္သြားတိုင္း သူရင္နာနာႏွင့္ မ်က္ဝန္းေတြ စံုမွိတ္ထားမိဆဲ။ အံႀကိတ္ကာ နာက်င္ေပးရုံမွလြဲၿပီး... သူဒီအတိုင္း ေငးၾကည့္ရုံသာ။

ေျမနီလမ္းက စိုစြတ္ေနဆဲ....
ခေရေတြကလည္း ေႂကြလြင့္ေနဆဲ...
သို႔တိုင္.... ခေရပန္းကေတာ့ မေမႊးႏုိင္ေတာ့ရာ
................. .............................. ..........

"ေဆာင္ၾကာၿမိဳင္" တဲ့။

လူအမ်ားေခၚေနၾကတဲ့ ေနရာ။ ဒါမွမဟုတ္ မေကာင္းေသာညစ္ေထးျခင္းေတြ စုၿပံဳေနသည့္ အိမ္ႀကီးတစ္လံုး။

ႀကီးမားခမ္းနားသည့္ အိမ္ႀကီးတစ္လံုး၏ အတြင္းပိုင္းက ဘယ္ေလာက္ပုပ္သိုးေနမယ္ဆိုတာ ဘယ္သူမ်ား ေတြးထင္ႏုိင္မွာလဲ။

ဟင့္အင္း ဒီေနရာက အဆင့္အတန္းျမင့္မားလွပါသည္ဆိုေသာ ေငြေၾကးျပည့္လ်ွံသည့္ ေယာက်ာၤးအမ်ားစု၏ ေပ်ာ္စရာဘံုဗိမၼာန္တစ္ခု။

ေငြေၾကးေအာက္မွာ ပန္းေပါင္းစံု၏ဝတ္ရည္ကို လိုသလို ဝါၿမိဳစားေသာက္ႏုိင္သည္ မဟုတ္လား။

ေငြခင္းလိုက္ရုံႏွင့္ လိုခ်င္ေတာင့္တသမ်ွအကုန္ရႏုိင္ေသာ ဤေနရာကသူတို႔အတြက္ သိပ္ေပ်ာ္ျမဴးဖြယ္ရွိသည္မွာ သိပ္ေတာ့ မဆန္းပါ။

ပူေလာင္လူးလြင့္ေနသည့္ နာက်င္မူေတြ။ ခါးသီးနက္ရူိင္းသည့္ ဒဏ္ရာေတြ။ တိတ္တဆိတ္ ေႂကြခခဲ့ရသည့္ မ်က္ရည္ေတြအတြက္ေတာ့ ဘယ္သူမွကမ်ား အေရးတယူရွိေနမွာလဲ။

ဘဝေတြက ေငြစကၠဴႏွင့္ယွဥ္ရင္ သိပ္တန္ေၾကး မရွိေတာ့ဘူးေလ။

"ျပန္ေရာက္လာၿပီလား ပန္းခေရ.."

ခပ္တင္းတင္းေလသံႏွင့္အေပါက္ဝတြင္ ဆီးႀကိဳေနေသာ ေ႐ႊေရာင္တလက္လက္ႏွင့္ အမ်ိဳးသမီးကို သူမဘာမွမတုန္႔ျပန္ေတာ့ပါ။ ဒါကိုပဲမေက်နပ္ဟန္ျဖင့္ အမ်ိဳးသမီးႀကီးက

"ဟဲ့... ညည္းကိုေမးေနတယ္ မၾကားဘူးလာ." 

"ျပန္ေရာက္ေနတာကို အန္တီျမင္ေနတာပဲေလ"

"ၾကည့္စမ္း ငါ့ကိုျပန္ခံေျပာေနသလား ညည္းေရာက္လာတဲ့အခ်ိန္လည္းၾကည့္ဦး ဒီအိမ္မွာညည္းတစ္ေယာက္ပဲ အျပင္ထြက္ခြင့္ရတာေနာ္ စည္းကမ္းမပ်က္ခ်င္နဲ႔.. ညည္းကိုညည္းသိ "

"ကြၽန္မ အခ်ိန္မီေရာက္ပါတယ္ ၿပီးေတာ့ကြၽန္မကို ကြၽန္မဘာဆိုတာကိုလည္း နားလည္တယ္ စိတ္ခ်ပါ"

သူမအသံေသႏွင့္ ခပ္ေအးေအးပင္ဆိုလိုက္ေတာ့ အန္တီႀကီးက စိတ္ေလ်ွာ႔လိုက္သည္။ မေလ်ွာ႔လို႔လည္း မရ။ ပန္းခေရႏွင့္ ေတြ႕ခ်င္သည့္ ဧည့္သည္ေရာက္ေနသည္ကို။

သူမဟာဒီေဆာင္ၾကာၿမိဳင္မွာ အလွပဆံုးေသာႏွင့္ တန္ေၾကးအျမင့္ဆံုး မိန္းကေလး။

ေတာ္ရုံေငြေၾကးႏွင့္သူမနားကပ္ခြင့္မရ။ ေစ်းျမင့္လြန္းလွေသာ္လည္း သူမႏွင့္ဆံုေတြ႕ခ်င္သည့္ ကုန္သည္သူေဌးေတြက အၿမဲတန္းစီေစာင့္ေနရသည္။ သူမ၏အလွတရားေၾကာင့္ ရူးရူးသြပ္သြပ္ စြဲလမ္းေနသူေတြ ဒုႏွင့္ေဒး။

ပန္းခေရကေဆာင္ၾကာၿမိဳင္အတြက္ ေငြရွာေပးႏုိင္သည့္ မိန္းကေလးဟုဆိုလ်ွင္မမွား။ ထို႔ေၾကာင့္ ေတာ္ရုံတန္ရုံ သိပ္မာမာထန္ထန္ မဆက္ဆံရဲ။ သူမကို ခုိင္းစားရဦးမည္။ အခုခ်ိန္မွာ သူမကတန္ေၾကးအရွိဆံုးမဟုတ္လား။

ေဒၚေဒစီကလည္းလည္သည္။ ေရရွည္ခိုင္းစားလို႔ရေအာင္ ပန္းခေရကိုေတာ္ရုံလူႏွင့္ မလြတ္ေပးပါ။ ေစ်းအျမင့္ေပးႏုိင္သည့္ တကယ့္သူေဌးေတြႏွင့္မွ ေပးေတြ႕သည္။ ေပးေတြ႕သည္မွာလည္း တစ္ပတ္မွာတစ္ရက္သာ။ သို႔ေသာ္ တစ္ပတ္တစ္ပတ္ အလုအယက္ေငြပံုေပးၿပီး ေစာင့္ေနသည့္တဏွာရူးသူေဌးေတြက တစ္ပံုတပင္။ သူတို႔အလွည့္ရေအာင္ လေတြၾကသည္အထိ ပိုက္ဆံပိုက္ၿပီး စိတ္ရွည္လက္ရွည္ ေစာင့္ၾကသည္။

ဒီအထိ ပန္းခေရဟာ ေရပန္းစားၿပီး နာမည္ႀကီးသည္။ သူတို႔အတြက္ ပန္းခေရဆိုသည္မွာ တကယ့္နတ္သမီး စစ္စစ္ကို။

ေတာ္ရုံေငြႏွင့္ေႁခြခြင့္မရေသာပန္း။ လူကံုထံေတြသာ သီးသန္႔စားသံုးခြင့္ရသည့္ အျမင့္ဆံုးေသာ အေပ်ာ္မယ္မိန္းကေလးဆိုတာ။

အခုလည္း သူမႏွင့္ေတြ႕ဆံုဖို႔ ကုန္သည္တစ္ေယာက္ ေငြထုပ္ပိုက္ၿပီး ေစာင့္ေနပါရဲ႕။ ထို႔ေၾကာင့္ ေဒၚေဒစီမ်က္ႏွာခ်ိဳေသြးလိုက္ၿပီး

"ဧည့္သည္ေရာက္ေနတယ္ အလွဆံုးျပင္ထားပါ ခဏေနငါလြတ္လိုက္မယ္ သူစိတ္ေက်နပ္ေအာင္ ေသခ်ာဝန္ေဆာင္မူေပးပါ"

နားထဲပူေလာင္စြာ စီးက်လာသည့္စကားေတြက ခါးသက္လြန္းလွ၏။ သို႔ေသာ္ ပန္းခေရဘာမ်ား ဘာမ်ားတတ္ႏုိင္မည္နည္း။

သူမအတြက္ေပးထားသည့္ ဤအိမ္ႀကီး၏ အခမ္းနားဆံုးေသာ အခန္းသို႔ဝင္ရသည္မွာ ငရဲခန္းသို႔ ဝင္ရသည့္ႏွယ္ စပ္ဆုပ္ဖြယ္အတိ။

အေပၚယံမိတ္ကပ္တို႔ ျခယ္သေနရင္း မ်က္ရည္ေတြ စီးက်မလာေအာင္ေတာ့ သူမ ႀကိဳးစားထိန္းခ်ဳပ္ႏုိင္ခဲ့ပါသည္။ သို႔ေသာ္ အလွဆံုးဆိုေသာ ဝတ္စံုကိုဝတ္လိုက္ၿပီးခ်ိန္တြင္ေတာ့ မ်က္ရည္အခ်ိဳ႕က လြင့္ခနဲ႔..။

ဟင့္အင္း... မ်က္ရည္မက်နဲ႔ ပန္းခေရ
နင္ငိုေနေတာ့ေရာ... ဘာထူးလဲ
ဘယ္မုဆိုးကမ်ား သနားၿပီးလြတ္ေပးမွာတဲ့လဲ

နာနာက်ဥ္းက်ဥ္းပင္ေတြးလိုက္ရင္း ဧည္သည္ႏွင့္ေတြ႕ဆံုရမည့္အခန္းတြင္ အသက္မဲ့ေနသည့္အလား ထိုင္ေစာင့္ေနခဲ့ပါသည္။

ဘယ္သူမွန္းမသိသည့္ တစ္စံုတစ္ရာစားေသာက္ရန္ အသင့္ေစာင့္ဆိုင္းလည္စင္းေပးေနသည့္အခါတိုင္းဟာ သူမအတြက္ေသပစ္ခ်င္ေလာက္ေအာင္ ခါးသီးလြန္းလွ၏။ အခိုးအေငြ႕တစ္ခုလို ေပ်ာက္ကြယ္သြားခဲ့ခ်င္သည္။ 

ဒီအေၾကာက္တရားေတြႏွင့္အခါခါနာက်င္ရျပန္သည္။ ငရဲက်ေနသည့္အလားမၾကာမီေႂကြမြပ်က္ဆီးရမည့္အျဖစ္ကို ထပ္ခါထပ္ခါခံစားနာက်င္ေနရင္း အႀကိမ္ႀကိမ္ေသဆံုးေနရဆဲ။

ဒါပထမဆံုးအႀကိမ္မွမဟုတ္ေတာ့တာ...
ေနသားက်ေနသင့္ၿပီ... တည္ၿငိမ္ေနသင့္ၿပီဟု ကိုယ့္ကိုယ္ကိုယ္နာက်င္စြာအားေပးၿပီး ဘာမွမျဖစ္သလို ေနခဲ့ရမည္ျဖစ္သည့္တိုင္ သူမတုန္လူပ္ေခ်ာက္ခ်ားေနရတုန္းပါလား။

ဒီလိုေန႔...ဒီလိုအခ်ိန္ေတြေရာက္တိုင္း ဒီအခန္းထဲက ကုတင္တစ္လံုးေပၚမွာ ဒီအေၾကာက္တရားေတြနဲ႔ သူမဟာညႇင္းပန္းႏွိပ္စက္ခံေနရတုန္း။

ေဟာ..... အခုလည္းၾကည့္

ဖ်ပ္ခနဲ႔ အခန္းတံခါးပြင့္လာသည္။ ဘယ္သူဝင္လာသည္လဲသူမေမာ့မၾကည့္မိပါ။ လိုမွမလိုအပ္သည္ပဲေလ။

"လွလိုက္တာပန္းခေရရယ္ မင္းကိုေတြ႕ရဖို႔အတြက္ငါအၾကာႀကီးေစာင့္ခဲ့ရတယ္ ေနာက္ဆံုးေတာ့ ငါမင္းကို တစ္ညတာပိုင္ဆိုင္ရေတာ့မယ္ ဒီတစ္ညအတြက္ကို ငါေစ်းအမ်ားႀကီးေပးခဲ့ရတယ္ "

တဏွာရမၼက္ေတြ လိူင္ထေနေသာအသံက စက္ဆုပ္ဖို႔ေကာင္းလိုက္တာ။

ခႏၶာကိုယ္ေပၚ ထိေတြ႕ရန္ႀကိဳးစားေနသည့္ လက္တို႔အား ရုိက္ခါပစ္ၿပီး ေအာ္ဟစ္ေမာင္းထုတ္ပစ္လိုက္ခ်င္ေသာ္လည္း...

အံကိုတင္းတင္းႀကိတ္ၿပီး လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ထားလိုက္မိရင္း မ်က္လံုးကိုမွိတ္ခ်လိုက္ခ်ိန္တြင္ေတာ့ မ်က္ရည္အခ်ိဳ႕က လြင့္ခနဲ႔..။

ထို႔ေနာက္....... ထို႔ေနာက္တြင္ေတာ့...

ညည့္ေတြက ပိုနက္လာရင္း..
မိုးေတြက သည္းေနဆဲ.. လိူင္းေတြထန္ေနတုန္း
ကမ္းပါးေတာင္ ၿပိဳလို႔...။

အေမွာင္ထုဟာ လြမ္းၿခံဳလာခ်ိန္မွာ ဘဝဟာ စုန္းစုန္းျမႇပ္ခဲ့ျပန္သည္။ ပိုသိပ္သည္းလာတဲ့ ညအေမွာင္ေအာက္မွာ နာက်င္မူအပိုင္းအစေလးေတြ ရွာေတြ႕ဖို႔ေတာင္ ခဲယဥ္းလာတယ္။

ငိုေႂကြးေနလား... ဟင့္အင္း မသိလိုက္ျပန္ဘူး
မိုးေတြက သည္းႀကီးမည္းႀကီး႐ြာေနတာကို။

ငရဲက်ေနသလိုပဲ ညႇင္းပန္းႏွိပ္စက္ခံေနရသည့္ ေဝဒနာေတြက.... နာက်င္လိုက္တာ။

ဘယ္ေလာက္ေတာင္ၾကာသြားခဲ့ၿပီလဲ.. မသိလိုက္ပါ။ တိတ္ဆိတ္ၿငိမ္သက္စြာနဲ႔ ဘဝဟာ တစ္ခါေသသြားခဲ့ၿပီပဲ။ အႀကိမ္ႀကိမ္အသတ္ခံရသည့္တိုင္ သူမလတ္လတ္ဆက္ဆက္ နာက်င္ေနရဆဲ။

ထို႔ေနာက္ အေသြးအသားမ်က္ရည္ေတြကို စိတ္တိုင္းက်ဝါးၿမိဳစာေသာက္ရသည္မွာ ေက်နပ္သြားဟန္တူသည္။ နာက်င္စြာရူိက္ငိုသံကို ဂီတတစ္ခုလိုနားဆင္းရင္းလူ႔ဘီလူးႀကီးကေတာ့ အိပ္ေပ်ာ္သြားၿပီျဖစ္သည္။

ထိုလူေဘးမွ ထလာခဲ့ၿပီးေနာက္ သူမအခန္းရွိရာ ျပန္လာခဲ့သည္။ အံႀကိတ္တင္းခံထားသမ်ွ မ်က္ရည္တို႔က တေပါက္ေပါက္..။

ေရခ်ိဳးခန္းထဲေျပးဝင္သြားျပီး အားရပါးရငိုေႂကြးမိျပန္သည္။ ဘယ္ႏွစ္ခါေျမႇာက္ေသဆံုးခဲ့ရသည္မွန္းမသိေသာ အဖန္တလဲလဲျဖစ္ေနေသာ နာက်င္မူဇုန္တစ္ခုထဲတြင္ သူမငိုေႂကြးေနရုံမွလြဲ၍...

ပန္းခေရဟာထပ္ေသဆံုးရင္း ေနာက္တစ္ခါ အသတ္ခံရဖို႔ ရွင္သန္ရဦးမည္မဟုတ္လား။

ခႏၶာကိုယ္အႏွံ႔ေရေမြးဆပ္ျပာမ်ားျဖင့္ အႀကိမ္ႀကိမ္တိုက္ခြၽတ္မိသည့္တိုင္ သူမျဖဴစင္ႏုိင္ဦးမွာတဲ့လား။

သို႔ေသာ္ပန္းခေရဟာ သိပ္ျဖဴစင္ခဲ့ဖူးပါသည္။ ဟိုးလြန္ခဲ့ေသာ တစ္ႏွစ္မတိုင္ခင္က သိပ္ျဖဴစင္လွပခဲ့ဖူးပါသည္။

ျပတင္းေပါက္မွတဆင့္ျမင္ေနရသည့္ အေမွာင္ထုႀကီးကို မ်က္ရည္ေတြၾကားမွ သူမေငးၾကည့္ေနခဲ့မိ၏။

ဒီလိုေမွာင္မည္းသိပ္သည္းေနသည့္ညမွာပဲ အရာအားလံုး ၿပိဳလဲပ်က္ဆီးခဲ့ဖူးသည္။ ဒီလိုမ်ိဳးပဲ မိုးေတြ႐ြာေနခဲ့မည္ထင္သည္။

မေႂကြလြင့္ခင္က ခေရဟာအပင္ေပၚမွာ ေမႊးႀကိဳင္ေနခဲ့ဖူးသည္။ ေႂကြလြင့္ခဲ့ေတာ့လည္း ထပ္သင္းပ်ံ့ႏုိင္ဖို႔ ႀကိဳးစားခဲ့သည္။ သို႔တိုင္ ရက္စက္စြာ နင္းေျခမူေအာက္မွာ ညိွဳးႏြမ္းပ်က္ဆီးခဲ့ရသည္ပဲေလ။

သူမဆိုေသာ ပန္းခေရကေရာ...
တစ္ခ်ိန္တ္ခါက သိပ္ျဖဴစင္ခဲ့ပါလ်ွက္ႏွင့္....

တစ္ခ်ိဳ႕ေသာဘဝေတြ လွပစြာပြင့္လန္းလာဖို႔အတြက္ ဘဝအခ်ိဳ႕ကနာနာက်င္က်င္ေပးဆပ္ခဲ့ရသည္ပဲေလ။

သူမဟာ...ေပးဆပ္ခံပန္းတစ္ပြင့္ပဲ ျဖစ္ပါေစ

ဘာမွႀကိဳတင္ျပင္ဆင္ခြင့္ မရခဲ့သည့္အခိုက္ေလးမွာပဲ ကံတရားဟာသူမကို ရက္စက္စြာ ရုိက္ခ်ိဳးခဲ့သည္။ ဘာမွမသိလိုက္ခင္မွာပဲ သူမဟာနင္းေျခဖ်က္ဆီးခံၿပီး ဒီအိမ္ႀကီးေပၚေရာက္ခဲ့သည္ မဟုတ္လား။

ဒီေနရာႏွင့္ဟိုးအေဝးႀကီးက ေတာ႐ြာေလးတစ္႐ြာမွာ  ပန္းခေရဟာသိပ္ျဖဴစင္ခဲ့ဖူးသည္ေလ။

ဘာမွမသိနားမလည္သည့္ ရုိးသားျဖဴစင္လြန္းေသာ မိန္းကေလးဟာ အဲ့ဒီ့ေန႔မွာေတာ့....

ဟုတ္ပါသည္... အရာအားလံုးေႂကြမြပ်က္ဆီးခဲ့ရသည့္ေန႔... သူမနာက်င္စြာမွတ္မိပါေသးသည္။

ညည့္ေတြကပိုနက္လာသည့္တိုင္...
မခမ္းေျခာက္ေသးသည့္မ်က္ရည္ႏွင့္
အသံတိတ္ၿပိဳလဲရင္း...

သူမအေတြးတို႔က တစ္ခ်ိန္က ျဖဴစင္လြန္းခဲ့ေသာပန္းခေရဆီသို႔...
လူးလြင့္သြားၿပီးေနာက္...

ဆက္ရန္
ဆူးခတ္ပန္း

Unicode

~~ပန်းခရေပုံပြင်~~
(The Story of Star-Flower)
အပိုင်း(၁၆)

စိုစွတ်စွတ်မြေသင်းရနံ့နှင့်အတူ ခပ်ဖျော့ဖျော့ ခရေရနံ့ကလည်း ဝေ့ယမ်းလို့...

ဟိုး... အမြင့်ပေါ်ကနေ တဖြုတ်ဖြုတ်လွင့်ကျလာသည့် ခရေပွင့်လေးတွေကတော့ မြေနီလမ်းလေးပေါ် အလုအယက်ကြွေခနေလျှက်။

ကြည့်စမ်း... တစ်လမ်းလုံးခရေပန်းလေးတွေ ဖွေးဖွေးလူပ်နေပါလား။

စီတန်းနေသည့် ခရေပင်ကြီးတွေ။ ထို့နောက် လေတစ်ချက်အယမ်းမှာပင် နူးညံ့စွာကြွေဆင်းလာသည့် ပန်းလေးတွေ....

ထိုပန်းတို့က မြေသို့တဖြုတ်ဖြုတ်ခုန်ဆင်းလာသည်မှာ မြေသင်းရနံ့စိမ့်ဝင်နေသည့် မြေနီလမ်းလေးပေါ်တွင် မွေ့ယာတစ်ချပ်နှယ် ခင်းကျင်းထားသည့်အလား....

အို...... လှရက်လိုက်တာ။

သို့သော် ထိုသဘာဝတရားတွေထက် ပို၍လှပနေသော မိန်းကလေးတစ်ယောက်က ခရေပင်အောက်တွင် နွဲ့နှောင်းစွာရပ်နေခဲ့ရာ...

လေပြေသည် သူမထံပြိုဆင်းသွား၏။ လေတစ်ချက်ဝှေ့တိုင်း ယမ်းခါသွားသည့်ဆံနွယ်ရှည်တို့က ခရေပင်ကြီးငိုချင်းချရအောင် လှလွန်းနေသည်။

သို့သော်ခရေပန်းတို့ကာ ကော့ညွှတ်နေသော မျက်တောင်လေးနှင့် နူးညံ့လှပလွန်းသော ခပ်ဖျော့ဖျော့မျက်ဝန်းတို့ကြား နှစ်လိုကြည်ဖြူစွာပင် အရူံးပေးကြပြီထင်ပါသည်။

သူမအပေါ်တဖြုတ်ဖြုတ်နှင့် ကြွေဆင်းခစား နေရုံသာမက လှပလွန်းသောခန္ဓာကိုယ်လေးအားလည်း လေပြေသည် တစ်ချက်တချက် သိမ်းကြုံး ပွေ့ဖက်သွားတော့သည်။

နှာတံစင်းစင်းအောက်မှ ဆေးမကူးထားသည့် နူတ်ခမ်းတို့က နေဝင်ဆည်းဆာကိုပင် မိူင်းကျသွားစေသည်ထိ အို....... လှရက်လေခြင်း။

ထိုအလှတရားတို့ကြား တစ်စုံတစ်ရာသည်မိန်းမူးစွာပင်စိတ်ဝိညာဉ်တစ်ခုလုံးလွင့်စင်သွားလျက်။

အရှိတရားနှင့်မရှိခြင်းတို့ကြား ဝေဝါးစွာနစ်မြှပ်နေရင်းနှင့် သူ၏လက်သည်မှော်ဝင်ထားသကဲ့သို့ ဆွဲချက်တို့က အလိုအလျောက်သက်ဝင်စီးမျောနေရာ

အရာရာသောခံစားမူသည် လူးလွင့်နေသောခရေနှင့်အပြိုင် မိန်းမောဖွယ်ကောင်းသော အလှတရားတို့ကြား နစ်မြှပ်ပြိုဆင်းခဲ့သည်မှာ လက်ရှိအချိန်ကာလနှင့် ဘယ်လောက်များတောင် ပြတ်တောက်သွားခဲ့ပါလိမ့်။

"အစ်ကို မပြီးသေးဘူးလားဟင် ပန်းခရေညောင်းလာပြီ"

ကြာမြင့်စွာရပ်နေရ၍ ညောင်းလာဟန်တူပါရဲ့။ ခပ်တိုးတိုးညည်းညူလိုက်သံက လိပ်ပြာတောင်ပံခတ်လိုက်သည့်အလား။

ညည်းညူသံလေးပင်... အို သာယာလွန်းပေစွ။

ကျေးဌက်တွေပင် ငိုချင်းချအောင် သာလွန်းသော အသံလေးကြားတော့မှ သူသည် လက်ရှိကမ္ဘာကို သတိဝင်ကာနိူးထလာရသည်။

ဟုတ်ပါရဲ့.... ဒီအလှတရားတွေကြား ဈာန်ဝင်သွားသည်မှာ အရာရာကိုမေ့လျော့သွားမိသည် အထိပါလား။

တကယ်က သူဟာပန်းချီကားတစ်ချပ်ကို ရေးဆွဲနေခဲ့သည်ပဲ။ သို့သော် ထိုအရာသည် အလွန်လှပလွန်းနေသည်ဖြစ်သဖြင့် ခံစားချက်တို့ဖြင့် သူဖန်တီးခဲ့မိသည့် ပန်းချီကားတစ်ချပ်သည် ခမ်းနားစွာ အသက်ဝင်လာခဲ့သည် မဟုတ်လား။

ကြည့်စမ်း... ရက်ရက်စက်စက်ကို လှလွန်းသော ပန်းချီကားတစ်ချပ်။

ရက်စက်စွာသက်ဝင်နေသော ဆွဲချက်များဖြင့် ပန်းချီကားသည် မှော်ဝင်နေသည့်အလား ခမ်းနားလွန်းလှပါသည်။ သူသည် သူကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီကားဟုပင် တွေးမထင်မိအောင် ပန်းချီကားကို မှင်သက်စွာငေးမောကြည့်ရင်းမှ ကျေနပ်စွာ ပြုံးလိုက်ရင်း

"ပြီးသွားပါပြီ ဆေးရောင်တွေအနားသတ်ဖို့ပဲ လိုတော့တယ်"

သူ့စကားကြောင့် သူမကညောင်းညာနေသည့် ကိုယ်လေးအား လူပ်ယမ်းလိုက်ပြီးနောက်

"ပုံတူပန်းချီကားတစ်ချပ်ရဖို့ မလွယ်ဘူးနော် အတော်လေး ရပ်လိုက်ရတယ်.. "

ရယ်မောဟန်လေးဖြင့် ခပ်တိုးတိုးညည်းဆိုရင်း သူမက သူ့နားလျှောက်လာပြီး ပန်းချီကားလေးကို စပ်စပ်စုစုပင် ကြည့်လိုက်မိသည်။ မယုံကြည်နိုင်အောင် လှပသက်ဝင်နေသော ပန်းချီကားလေးကိုမြင်တော့ အံ့သြသင့်သွားဟန်ဖြင့် သူမနူတ်ခမ်းဖူးဖူးလေးတွေ လူပ်ဟလာလျှက်နှင့် တမေ့တမောပင် ငေးကြည့်နေတော့သည်။

ဒါ သူမပုံတူပန်းချီကားတစ်ချပ်ဆိုတာပင် သတိမထားမိအောင် ပန်းချီကားထဲ သက်ဝင်သွားပြီး လွတ်ခနဲ့ ရေရွတ်လိုက်မိ၏။

"လှလိုက်တာ..... "

"ဟုတ်တယ် သိပ်လှတဲ့ပန်းချီကားလေးပဲ အစ်ကို့ဘဝမှာ အလှဆုံးပန်းချီကားတစ်ချပ်ပေါ့ ဘယ်အရာမှ ဒီထက်ပိုမလှနိုင်တော့ဘူး"

သူ့စကားကြောင့် သူမသည် တစ်စုံတစ်ရာကို အမှတ်ရသွားဟန်တူသည်။ မျက်နှာလေးညှိုးငယ်သွားရင်း...

"ဒါပေမဲ့ ပန်းချီကားထဲကမိန်းကလေးကတော့ လှမယ်မထင်ပါဘူး အစ်ကို"

"ဘယ်လိုပြောလိုက်သလဲ ပန်းခရေရယ် ဒီပန်းချီကားမှာ အခမ်းနားဆုံးက ဒီမိန်းကလေးရဲ့ အလှပဲလေ ကြည့်စမ်းဘယ်လောက်တောင် လှပခမ်းနားနေသလဲ အစ်ကိုရေးဆွဲခဲ့တဲ့ ပန်းချီကားတွေအားလုံးမှာ ဒီထက်ပိုတဲ့အလှတရားတွေ ရှာမတွေ့ခဲ့ဘူး အစ်ကို့အတွက်တော့ ဒီထက်ခမ်းနားတဲ့ ပန်းချီကားလည်း ရှိလာမှာမဟုတ်ဘူး"

သူမ... ပြုံးလိုက်၏။ တကယ်ကို ခပ်ယဲ့ယဲ့လေး။

"လူအတော်များများဟာ နေဝင်ဆည်းဆာကသိပ်လှတာပဲ မြင်တယ် ဒါပေမဲ့ သိပ်သည်းတဲ့အမှောင်ထုကို ရင်ခွင်ပိုက်ထားရတာကိုတော့ မသိကြဘူးလေ ဘယ်လောက်လှပခမ်းနားနေပါစေ မကြာခင်ဒီအမှောင်နက်ကြီးက လွှမ်းခြုံတော့မယ် ခဏတဖြုတ်အလှတွေနဲ့ လောကကြီးကိုမြူဆွယ်ခဲ့တယ် ပြီးတော့ အမှောင်ထုထဲဆွဲသွင်းလိုက်တယ် ဘာထူးလို့လဲ တကယ်တော့ နေဝင်ချိန်ဟာ ယိုယွင်းပျက်ဆီးခါနီးအလှတရားတစ်ခုပါ သိပ်လှတဲ့နေဝန်းကြီးလို့ထင်ပြီး ငေးကြည့်နေတဲ့လူတွေက သူတိတ်တဆိတ်ငိုကြွေးသံကိုတော့ မကြားနိုင်ခဲ့ဘူးလေ ဆည်းဆာဟာ ဒီအချိန်တိုင်းငိုနေခဲ့တယ် သူကြောက်တဲ့အမှောင်ထုကြီး ရောက်လာတော့မှာကို"

"မဟုတ်ဘူး ပန်းခရေ နေဝင်ပြီးနေပြန်ထွက်မှာပဲလေ ကမ္ဘာကြီးဟာဒီသဘာဝတရားနဲ့ လည်ပတ်နေတာပါ အမြဲတမ်းအမှောင်မိုက်ဖုံးလွှမ်းမနေဘူး"

သူမထပ်ပြုံးလိုက်ပြန်၏။ ဒီတစ်ခါတော့ ဆွေးမြေ့နာကျင်သွားဟန်နှင့်။ ထို့နောက် တဖြုတ်ဖြုတ်ကြွေခနေသော ခရေပန်းလေးတွေထဲမှတစ်ပွင့်ကို ကောက်ယူလိုက်ပြီး

"ပန်းတစ်ပွင့်အတွက်တော့ ကမ္ဘာကြီးဟာ သဘာဝတရားနဲ့သွေဖယ်ခဲ့တယ် အကြိမ်ကြိမ် အခါခါနေဝင်ခဲ့ပေမဲ့ နေထွက်ချိန်မရှိခဲ့ဘူး "

"ပန်းခရေရယ်"

"ပန်းခရေ... သွားရတော့မယ်အစ်ကို"

ဟိုး... ဝင်လုဆဲ နေမင်းကြီးကို ငေးစိုက်ကြည့်ရင်း သူမခြောက်သွေ့စွာ ဆိုလိုက်သည်။ သူ သက်မောတစ်ခုကို လေးပင့်စွာချလိုက်မိပြီးနောက်

"မသွားလို့မရဘူးလားကွာ...."

"မသွားလို့ရခဲ့ရင် ပန်းခရေဒီအိမ်ကြီးကို ကျောခိုင်းခဲ့တာ ကြာခဲ့ရောပေါ့ အစ်ကိုရယ်.."

"ဒါပေမဲ့... "

"ပန်းခရေမှာဆပ်ရမယ့် ဝဋ်ကြွေးတွေ သိပ်များလွန်းတယ်ထင်ပါရဲ့ နေဝင်ချိန်တိုင်းမှာ သူတစ်ပါး နင်းခြေဖို့ လည်စင်းပေးနေခဲ့ရတယ် ကြာတော့နေဝင်ချိန်တွေကို ပန်းခရေမုန်းလာတယ်"

"ပန်းခရေရယ်.."

"အခုလည်း အချိန်ကျပြန်ပြီ"

သူမထရပ်လိုက်၏။ ခရေပန်းအချို့ကတော့ သူမကိုယ်ပေါ် တဖြုတ်ဖြုတ် ကြွေခနေဆဲ။

သူလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိရင်း

"အစ်ကို မင်းကိုခေါ်ထုတ်သွားမယ် ညီမလေး"

"စိတ်ကူးမယဉ်ပါနဲ့အစ်ကို ပန်းခရေရဲ့လွတ်မြောက်မူဟာ တခြားသူဒုက္ခရောက်စေမယ့် အရာမျိုး ဘယ်သောမှလုပ်မှာမဟုတ်ဘူး အထူးသဖြင့် ပန်းခရေလိုမိန်းကလေးကို တလေးတစား ဆက်ဆံပေးပြီး ညီမလေးလို့သဘောထားခဲ့တဲ့ အစ်ကို့လိုလူကိုပေါ့ အစ်ကို့ဘဝကို ရင်းပစ်လိုက်ရတဲ့ထိ မတန်ပါဘူးအစ်ကို ကြွေမွပျက်ဆီးပြီးသား ပန်းတစ်ပွင့်ဟာ ဘယ်နည်းနဲ့မှ တန်ဖိုးပြန်တက်လာမှာ မဟုတ်ဘူး.. "

"ဒါပေမဲ့... "

"ဒီနေ့အတွက် ကျေးဇူးတင်ပါတယ် ပန်းခရေသွားတော့မယ် နောက်ကျရင် နောက်ရက် သူတို့ပန်းခရေကို ပေးမထွက်ဘဲနေလိမ့်မယ် "

ထို့နောက်... ပန်းချီကားတစ်ချက်နှင့်သူ။ ပြီးတော့ တဖြုတ်ဖြုတ်ကြွေလွင့်နေသော ခရေပန်းများနှင့် မြေနီလမ်းလေးကို ကျောခိုင်းလျက် သူမတရွေ့ရွေ့ထွက်ခွာသွား၏။

မှိန်ဝါးပျောက်ကွယ်သွားသည့် သူမကျောပြင်လေးကိုငေးကြည့်ပြီး သူမျက်ရည်တွေဝဲနေမိသည်လားမသဲကွဲ... ။

သေချာသည်က သူ့ရင်တွေနာကျင်နေ၏။ ဟုတ်သည်... ထပ်ခါထပ်ခါနင်းခြေဖျက်ဆီးခံရပြီး အဖန်တလဲလဲသေဆုံးနေမည့်ဘဝလေးတစ်ခုကို သူမကယ်တင်ပေးနိုင်ခဲ့ဘူး မဟုတ်လား။

သူက.... ဘာကောင်မို့လဲ။

ခြေဦးတည့်ရာလျှောက်သွားရင်း ဤဘုရားကျောင်းဝန်းတွင် ကိုနက်ကျော်နှင့်ခင်မင်ရင်းနှီးကာ နေစရာတစ်ခုအတည်ရလာသည့် ခပ်နူတ်နူတ် ပန်းချီဆရာတစ်ယောက်။

ဒီလိုနေရာမျိုးမှာ ပန်းချီဆရာတစ်ယောက်ရဲ့ ရပ်တည်မူမျိုးက ဘယ်လောက်ယိုင်နဲ့နေလိုက်လေသလဲ။ သူမကိုအန္တရယ်ကင်းစွာ ရွေးထုတ်သွားဖို့ သူ့မှာလုံလောက်သည့် ငွေကြေးမတတ်နိုင်ခဲ့ပါ။

ဒီတိုင်းခေါ်ထုတ်ပြီး ထွက်ပြေးသွားဖို့ကရော...

သူတွေးသလို မလွယ်ကူနိုင်ဘူးထင်ပါရဲ့။ သူ့ဘဝကရှိစေဦး.. သူမဘဝပျက်ခံပြီးကာကွယ်ပေးခဲ့သည့် မိသားစုလေးရော ဘာဖြစ်သွားနိုင်မှာလဲ။

ဟိုး... ငရဲတွင်းနှင့်တူသောအိမ်ကြီးက လူတွေကရော ဒီအတိုင်းနေမည်တဲ့လား။

နောက်ဆုံးတော့ သူမကိုအကြိမ်ကြိမ်သေအောင် ညှင်းပန်းနှိပ်စက်သည့် နေရာတစ်ခုမှန်း သိနေလျှက်နှင့်။

သူမအသတ်ခံဖို့ပြန်သွားတိုင်း သူရင်နာနာနှင့် မျက်ဝန်းတွေ စုံမှိတ်ထားမိဆဲ။ အံကြိတ်ကာ နာကျင်ပေးရုံမှလွဲပြီး... သူဒီအတိုင်း ငေးကြည့်ရုံသာ။

မြေနီလမ်းက စိုစွတ်နေဆဲ....
ခရေတွေကလည်း ကြွေလွင့်နေဆဲ...
သို့တိုင်.... ခရေပန်းကတော့ မမွှေးနိုင်တော့ရာ
................. .............................. ..........

"ဆောင်ကြာမြိုင်" တဲ့။

လူအများခေါ်နေကြတဲ့ နေရာ။ ဒါမှမဟုတ် မကောင်းသောညစ်ထေးခြင်းတွေ စုပြုံနေသည့် အိမ်ကြီးတစ်လုံး။

ကြီးမားခမ်းနားသည့် အိမ်ကြီးတစ်လုံး၏ အတွင်းပိုင်းက ဘယ်လောက်ပုပ်သိုးနေမယ်ဆိုတာ ဘယ်သူများ တွေးထင်နိုင်မှာလဲ။

ဟင့်အင်း ဒီနေရာက အဆင့်အတန်းမြင့်မားလှပါသည်ဆိုသော ငွေကြေးပြည့်လျှံသည့် ယောကျာၤးအများစု၏ ပျော်စရာဘုံဗိမ္မာန်တစ်ခု။

ငွေကြေးအောက်မှာ ပန်းပေါင်းစုံ၏ဝတ်ရည်ကို လိုသလို ဝါမြိုစားသောက်နိုင်သည် မဟုတ်လား။

ငွေခင်းလိုက်ရုံနှင့် လိုချင်တောင့်တသမျှအကုန်ရနိုင်သော ဤနေရာကသူတို့အတွက် သိပ်ပျော်မြူးဖွယ်ရှိသည်မှာ သိပ်တော့ မဆန်းပါ။

ပူလောင်လူးလွင့်နေသည့် နာကျင်မူတွေ။ ခါးသီးနက်ရိူင်းသည့် ဒဏ်ရာတွေ။ တိတ်တဆိတ် ကြွေခခဲ့ရသည့် မျက်ရည်တွေအတွက်တော့ ဘယ်သူမှကများ အရေးတယူရှိနေမှာလဲ။

ဘဝတွေက ငွေစက္ကူနှင့်ယှဉ်ရင် သိပ်တန်ကြေး မရှိတော့ဘူးလေ။

"ပြန်ရောက်လာပြီလား ပန်းခရေ.."

ခပ်တင်းတင်းလေသံနှင့်အပေါက်ဝတွင် ဆီးကြိုနေသော ရွှေရောင်တလက်လက်နှင့် အမျိုးသမီးကို သူမဘာမှမတုန့်ပြန်တော့ပါ။ ဒါကိုပဲမကျေနပ်ဟန်ဖြင့် အမျိုးသမီးကြီးက

"ဟဲ့... ညည်းကိုမေးနေတယ် မကြားဘူးလာ." 

"ပြန်ရောက်နေတာကို အန်တီမြင်နေတာပဲလေ"

"ကြည့်စမ်း ငါ့ကိုပြန်ခံပြောနေသလား ညည်းရောက်လာတဲ့အချိန်လည်းကြည့်ဦး ဒီအိမ်မှာညည်းတစ်ယောက်ပဲ အပြင်ထွက်ခွင့်ရတာနော် စည်းကမ်းမပျက်ချင်နဲ့.. ညည်းကိုညည်းသိ "

"ကျွန်မ အချိန်မီရောက်ပါတယ် ပြီးတော့ကျွန်မကို ကျွန်မဘာဆိုတာကိုလည်း နားလည်တယ် စိတ်ချပါ"

သူမအသံသေနှင့် ခပ်အေးအေးပင်ဆိုလိုက်တော့ အန်တီကြီးက စိတ်လျှော့လိုက်သည်။ မလျှော့လို့လည်း မရ။ ပန်းခရေနှင့် တွေ့ချင်သည့် ဧည့်သည်ရောက်နေသည်ကို။

သူမဟာဒီဆောင်ကြာမြိုင်မှာ အလှပဆုံးသောနှင့် တန်ကြေးအမြင့်ဆုံး မိန်းကလေး။

တော်ရုံငွေကြေးနှင့်သူမနားကပ်ခွင့်မရ။ ဈေးမြင့်လွန်းလှသော်လည်း သူမနှင့်ဆုံတွေ့ချင်သည့် ကုန်သည်သူဌေးတွေက အမြဲတန်းစီစောင့်နေရသည်။ သူမ၏အလှတရားကြောင့် ရူးရူးသွပ်သွပ် စွဲလမ်းနေသူတွေ ဒုနှင့်ဒေး။

ပန်းခရေကဆောင်ကြာမြိုင်အတွက် ငွေရှာပေးနိုင်သည့် မိန်းကလေးဟုဆိုလျှင်မမှား။ ထို့ကြောင့် တော်ရုံတန်ရုံ သိပ်မာမာထန်ထန် မဆက်ဆံရဲ။ သူမကို ခိုင်းစားရဦးမည်။ အခုချိန်မှာ သူမကတန်ကြေးအရှိဆုံးမဟုတ်လား။

ဒေါ်ဒေစီကလည်းလည်သည်။ ရေရှည်ခိုင်းစားလို့ရအောင် ပန်းခရေကိုတော်ရုံလူနှင့် မလွတ်ပေးပါ။ ဈေးအမြင့်ပေးနိုင်သည့် တကယ့်သူဌေးတွေနှင့်မှ ပေးတွေ့သည်။ ပေးတွေ့သည်မှာလည်း တစ်ပတ်မှာတစ်ရက်သာ။ သို့သော် တစ်ပတ်တစ်ပတ် အလုအယက်ငွေပုံပေးပြီး စောင့်နေသည့်တဏှာရူးသူဌေးတွေက တစ်ပုံတပင်။ သူတို့အလှည့်ရအောင် လတွေကြသည်အထိ ပိုက်ဆံပိုက်ပြီး စိတ်ရှည်လက်ရှည် စောင့်ကြသည်။

ဒီအထိ ပန်းခရေဟာ ရေပန်းစားပြီး နာမည်ကြီးသည်။ သူတို့အတွက် ပန်းခရေဆိုသည်မှာ တကယ့်နတ်သမီး စစ်စစ်ကို။

တော်ရုံငွေနှင့်ခြွေခွင့်မရသောပန်း။ လူကုံထံတွေသာ သီးသန့်စားသုံးခွင့်ရသည့် အမြင့်ဆုံးသော အပျော်မယ်မိန်းကလေးဆိုတာ။

အခုလည်း သူမနှင့်တွေ့ဆုံဖို့ ကုန်သည်တစ်ယောက် ငွေထုပ်ပိုက်ပြီး စောင့်နေပါရဲ့။ ထို့ကြောင့် ဒေါ်ဒေစီမျက်နှာချိုသွေးလိုက်ပြီး

"ဧည့်သည်ရောက်နေတယ် အလှဆုံးပြင်ထားပါ ခဏနေငါလွတ်လိုက်မယ် သူစိတ်ကျေနပ်အောင် သေချာဝန်ဆောင်မူပေးပါ"

နားထဲပူလောင်စွာ စီးကျလာသည့်စကားတွေက ခါးသက်လွန်းလှ၏။ သို့သော် ပန်းခရေဘာများ ဘာများတတ်နိုင်မည်နည်း။

သူမအတွက်ပေးထားသည့် ဤအိမ်ကြီး၏ အခမ်းနားဆုံးသော အခန်းသို့ဝင်ရသည်မှာ ငရဲခန်းသို့ ဝင်ရသည့်နှယ် စပ်ဆုပ်ဖွယ်အတိ။

အပေါ်ယံမိတ်ကပ်တို့ ခြယ်သနေရင်း မျက်ရည်တွေ စီးကျမလာအောင်တော့ သူမ ကြိုးစားထိန်းချုပ်နိုင်ခဲ့ပါသည်။ သို့သော် အလှဆုံးဆိုသော ဝတ်စုံကိုဝတ်လိုက်ပြီးချိန်တွင်တော့ မျက်ရည်အချို့က လွင့်ခနဲ့..။

ဟင့်အင်း... မျက်ရည်မကျနဲ့ ပန်းခရေ
နင်ငိုနေတော့ရော... ဘာထူးလဲ
ဘယ်မုဆိုးကများ သနားပြီးလွတ်ပေးမှာတဲ့လဲ

နာနာကျဉ်းကျဉ်းပင်တွေးလိုက်ရင်း ဧည်သည်နှင့်တွေ့ဆုံရမည့်အခန်းတွင် အသက်မဲ့နေသည့်အလား ထိုင်စောင့်နေခဲ့ပါသည်။

ဘယ်သူမှန်းမသိသည့် တစ်စုံတစ်ရာစားသောက်ရန် အသင့်စောင့်ဆိုင်းလည်စင်းပေးနေသည့်အခါတိုင်းဟာ သူမအတွက်သေပစ်ချင်လောက်အောင် ခါးသီးလွန်းလှ၏။ အခိုးအငွေ့တစ်ခုလို ပျောက်ကွယ်သွားခဲ့ချင်သည်။ 

ဒီအကြောက်တရားတွေနှင့်အခါခါနာကျင်ရပြန်သည်။ ငရဲကျနေသည့်အလားမကြာမီကြွေမွပျက်ဆီးရမည့်အဖြစ်ကို ထပ်ခါထပ်ခါခံစားနာကျင်နေရင်း အကြိမ်ကြိမ်သေဆုံးနေရဆဲ။

ဒါပထမဆုံးအကြိမ်မှမဟုတ်တော့တာ...
နေသားကျနေသင့်ပြီ... တည်ငြိမ်နေသင့်ပြီဟု ကိုယ့်ကိုယ်ကိုယ်နာကျင်စွာအားပေးပြီး ဘာမှမဖြစ်သလို နေခဲ့ရမည်ဖြစ်သည့်တိုင် သူမတုန်လူပ်ချောက်ချားနေရတုန်းပါလား။

ဒီလိုနေ့...ဒီလိုအချိန်တွေရောက်တိုင်း ဒီအခန်းထဲက ကုတင်တစ်လုံးပေါ်မှာ ဒီအကြောက်တရားတွေနဲ့ သူမဟာညှင်းပန်းနှိပ်စက်ခံနေရတုန်း။

ဟော..... အခုလည်းကြည့်

ဖျပ်ခနဲ့ အခန်းတံခါးပွင့်လာသည်။ ဘယ်သူဝင်လာသည်လဲသူမမော့မကြည့်မိပါ။ လိုမှမလိုအပ်သည်ပဲလေ။

"လှလိုက်တာပန်းခရေရယ် မင်းကိုတွေ့ရဖို့အတွက်ငါအကြာကြီးစောင့်ခဲ့ရတယ် နောက်ဆုံးတော့ ငါမင်းကို တစ်ညတာပိုင်ဆိုင်ရတော့မယ် ဒီတစ်ညအတွက်ကို ငါဈေးအများကြီးပေးခဲ့ရတယ် "

တဏှာရမ္မက်တွေ လိူင်ထနေသောအသံက စက်ဆုပ်ဖို့ကောင်းလိုက်တာ။

ခန္ဓာကိုယ်ပေါ် ထိတွေ့ရန်ကြိုးစားနေသည့် လက်တို့အား ရိုက်ခါပစ်ပြီး အော်ဟစ်မောင်းထုတ်ပစ်လိုက်ချင်သော်လည်း...

အံကိုတင်းတင်းကြိတ်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိရင်း မျက်လုံးကိုမှိတ်ချလိုက်ချိန်တွင်တော့ မျက်ရည်အချို့က လွင့်ခနဲ့..။

ထို့နောက်....... ထို့နောက်တွင်တော့...

ညည့်တွေက ပိုနက်လာရင်း..
မိုးတွေက သည်းနေဆဲ.. လိူင်းတွေထန်နေတုန်း
ကမ်းပါးတောင် ပြိုလို့...။

အမှောင်ထုဟာ လွမ်းခြုံလာချိန်မှာ ဘဝဟာ စုန်းစုန်းမြှပ်ခဲ့ပြန်သည်။ ပိုသိပ်သည်းလာတဲ့ ညအမှောင်အောက်မှာ နာကျင်မူအပိုင်းအစလေးတွေ ရှာတွေ့ဖို့တောင် ခဲယဉ်းလာတယ်။

ငိုကြွေးနေလား... ဟင့်အင်း မသိလိုက်ပြန်ဘူး
မိုးတွေက သည်းကြီးမည်းကြီးရွာနေတာကို။

ငရဲကျနေသလိုပဲ ညှင်းပန်းနှိပ်စက်ခံနေရသည့် ဝေဒနာတွေက.... နာကျင်လိုက်တာ။

ဘယ်လောက်တောင်ကြာသွားခဲ့ပြီလဲ.. မသိလိုက်ပါ။ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ဘဝဟာ တစ်ခါသေသွားခဲ့ပြီပဲ။ အကြိမ်ကြိမ်အသတ်ခံရသည့်တိုင် သူမလတ်လတ်ဆက်ဆက် နာကျင်နေရဆဲ။

ထို့နောက် အသွေးအသားမျက်ရည်တွေကို စိတ်တိုင်းကျဝါးမြိုစာသောက်ရသည်မှာ ကျေနပ်သွားဟန်တူသည်။ နာကျင်စွာရိူက်ငိုသံကို ဂီတတစ်ခုလိုနားဆင်းရင်းလူ့ဘီလူးကြီးကတော့ အိပ်ပျော်သွားပြီဖြစ်သည်။

ထိုလူဘေးမှ ထလာခဲ့ပြီးနောက် သူမအခန်းရှိရာ ပြန်လာခဲ့သည်။ အံကြိတ်တင်းခံထားသမျှ မျက်ရည်တို့က တပေါက်ပေါက်..။

ရေချိုးခန်းထဲပြေးဝင်သွားပြီး အားရပါးရငိုကြွေးမိပြန်သည်။ ဘယ်နှစ်ခါမြှောက်သေဆုံးခဲ့ရသည်မှန်းမသိသော အဖန်တလဲလဲဖြစ်နေသော နာကျင်မူဇုန်တစ်ခုထဲတွင် သူမငိုကြွေးနေရုံမှလွဲ၍...

ပန်းခရေဟာထပ်သေဆုံးရင်း နောက်တစ်ခါ အသတ်ခံရဖို့ ရှင်သန်ရဦးမည်မဟုတ်လား။

ခန္ဓာကိုယ်အနှံ့ရေမွေးဆပ်ပြာများဖြင့် အကြိမ်ကြိမ်တိုက်ချွတ်မိသည့်တိုင် သူမဖြူစင်နိုင်ဦးမှာတဲ့လား။

သို့သော်ပန်းခရေဟာ သိပ်ဖြူစင်ခဲ့ဖူးပါသည်။ ဟိုးလွန်ခဲ့သော တစ်နှစ်မတိုင်ခင်က သိပ်ဖြူစင်လှပခဲ့ဖူးပါသည်။

ပြတင်းပေါက်မှတဆင့်မြင်နေရသည့် အမှောင်ထုကြီးကို မျက်ရည်တွေကြားမှ သူမငေးကြည့်နေခဲ့မိ၏။

ဒီလိုမှောင်မည်းသိပ်သည်းနေသည့်ညမှာပဲ အရာအားလုံး ပြိုလဲပျက်ဆီးခဲ့ဖူးသည်။ ဒီလိုမျိုးပဲ မိုးတွေရွာနေခဲ့မည်ထင်သည်။

မကြွေလွင့်ခင်က ခရေဟာအပင်ပေါ်မှာ မွှေးကြိုင်နေခဲ့ဖူးသည်။ ကြွေလွင့်ခဲ့တော့လည်း ထပ်သင်းပျံ့နိုင်ဖို့ ကြိုးစားခဲ့သည်။ သို့တိုင် ရက်စက်စွာ နင်းခြေမူအောက်မှာ ညှိုးနွမ်းပျက်ဆီးခဲ့ရသည်ပဲလေ။

သူမဆိုသော ပန်းခရေကရော...
တစ်ချိန်တ်ခါက သိပ်ဖြူစင်ခဲ့ပါလျှက်နှင့်....

တစ်ချို့သောဘဝတွေ လှပစွာပွင့်လန်းလာဖို့အတွက် ဘဝအချို့ကနာနာကျင်ကျင်ပေးဆပ်ခဲ့ရသည်ပဲလေ။

သူမဟာ...ပေးဆပ်ခံပန်းတစ်ပွင့်ပဲ ဖြစ်ပါစေ

ဘာမှကြိုတင်ပြင်ဆင်ခွင့် မရခဲ့သည့်အခိုက်လေးမှာပဲ ကံတရားဟာသူမကို ရက်စက်စွာ ရိုက်ချိုးခဲ့သည်။ ဘာမှမသိလိုက်ခင်မှာပဲ သူမဟာနင်းခြေဖျက်ဆီးခံပြီး ဒီအိမ်ကြီးပေါ်ရောက်ခဲ့သည် မဟုတ်လား။

ဒီနေရာနှင့်ဟိုးအဝေးကြီးက တောရွာလေးတစ်ရွာမှာ  ပန်းခရေဟာသိပ်ဖြူစင်ခဲ့ဖူးသည်လေ။

ဘာမှမသိနားမလည်သည့် ရိုးသားဖြူစင်လွန်းသော မိန်းကလေးဟာ အဲ့ဒီ့နေ့မှာတော့....

ဟုတ်ပါသည်... အရာအားလုံးကြွေမွပျက်ဆီးခဲ့ရသည့်နေ့... သူမနာကျင်စွာမှတ်မိပါသေးသည်။

ညည့်တွေကပိုနက်လာသည့်တိုင်...
မခမ်းခြောက်သေးသည့်မျက်ရည်နှင့်
အသံတိတ်ပြိုလဲရင်း...

သူမအတွေးတို့က တစ်ချိန်က ဖြူစင်လွန်းခဲ့သောပန်းခရေဆီသို့...
လူးလွင့်သွားပြီးနောက်...

ဆက်ရန်
ဆူးခတ်ပန်း













Ipagpatuloy ang Pagbabasa

Magugustuhan mo rin

259K 34.4K 131
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်
411K 11.3K 21
မာနကြီးပြီး အချစ်ကို စိတ်မ၀င်စားတဲ့ မိုးစျေ နဲ့ အဖေသဘောမတူတဲ့ကြားကမိုးစျေကို ရအောင်လက်ထပ်ခဲ့တဲ့ ခခ... လက်ထပ်ပြီးတဲ့နောက် မိုးစျေရဲ့ မိသားစု အပေါ်မှ...
120K 13.4K 140
ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြေ...
183K 5.5K 70
တောင်ပေါ်ဒေသကအုပ်ချုပ်သူလူတန်းစား‌ေတာင်ပိုင်းအကြီးအကဲရဲ့သား ဖြစ်သူမျိုးရိုးမြင့်သခင်လေး..ဆောင်းဦးခိုက်..... ‌မြောက်ပိုင်းသူ‌‌ေလးမိန်းမပျိုလေးခဂါဦး ...