Apologize , my baby's father...

By shwepin

164K 9.8K 152

ဒီဇာတ်လမ်းသည်စာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည် ။ More

Reminder 💣
Part : 1 [ U & Z ]
Part : 2 [ U & Z ]
Part : 3 [ U & Z ]
𝑯𝒂𝒑𝒑𝒚 24ᵗʰ 𝑩𝒊𝒓𝒕𝒉𝒅𝒂𝒚 𝑾𝒂𝒏𝒈 𝒀𝒊𝒃𝒐 ...
Part : 5 [ U & Z ]
Part : 6 [ U & Z ]
Part : 7 [ U & Z ]
Part : 8 [ U & Z ]
Part : 9 [ U & Z ]
Part : 10 [ U & Z ]
Part : 11 [ U & Z ]
Part : 12 [ U & Z ]
Part : 13 [ U & Z ]
Part : 14 [ U & Z ]
Part : 15 [ U & Z ]
Part : 16 [ U & Z ]
Part : 17 [ U & Z ]
Part : 18 [ U & Z ]
𝑯𝒂𝒑𝒑𝒚 30ᵗʰ 𝑩𝒊𝒓𝒕𝒉𝒅𝒂𝒚 𝑿𝒊𝒂𝒐 𝒁𝒉𝒂𝒏 ...
Part : 19 [ U & Z ]
Part : 20 [ U & Z ]
Part : 21 [ U & Z ]
Part : 22 [ U & Z ]
Part : 23 [ U & Z ]
Part : 24[ U & Z ]
Final ;

Part : 4 [ U & Z ]

5.3K 415 2
By shwepin

Uni ❤️

နောက်နေ့မနက်ကျောင်းသွားဖို့ပြင်ဆင်ပြီးတော့ ထမင်းစားဖို့ဆင်းလာတော့ထမင်းဝိုင်းမှာဘယ်သူမှရှိမနေတာကြောင့်ထိုင်စောင့်နေလိုက်သည် ။ မကြာပါဘူးကိုငယ်ကရောက်လာတယ် ညကကိစ္စကြောင့်စကားလည်းပြောချင်စိတ်မရှိတာနဲ့ခေါင်းငုံ့ပြီးပဲထိုင်နေလိုက်တယ် ။ သူမှစမပြောရင်ကိုငယ်ကလဲစခေါ်မဲ့လူစားမျိုးမဟုတ်ဘူး ။

ထမင်းစားပွဲမှအေးတိအေးစက်နဲ့ထိုင်နေကြတာ တစ်အောင့်လောက်ကြာမှဦးငယ်နဲ့ကိုကြီးကရှေ့ဆင့်နောက်ဆင့်ရောက်လာကြသည်မို့မနက်စာကိုအတူတူစားလိုက်ကြသည် ။ ပြီးတာနဲ့ကျောင်းသွားဖို့ပြင်ပေးထားသည့်ကားပေါ်တတ်ပြီးကျောင်းသို့လာရတော့သည် ။ ကျောင်းကားပေါ်တွင်လည်းကိုငယ်နဲ့စကားမပြောဖြစ်ဘူး ။

ဒီလိုပုံစံနဲ့နေ့လည်စာကိုအတူတူဘယ်လိုစားကြမလဲ ?

အကောင်ပေါက်ကဒီနေ့တော်တော်ကိုငြိမ်နေတယ် ။ စိတ်ဆိုးနေတာလားမသိဘူး ။ ကိုယ်နဲ့ကလည်းခင်ချင်သေးတယ် ကိုကိုနဲ့ကျဟီးဟီးဟားဟားနဲ့ ။ အဲ့ဒါကြောင့်သူ့အတွက်နောက်တစ်ယောက်ထပ်မလိုလောက်တော့ဘူး ကိုကိုတစ်ယောက်နဲ့တင်လုံလောက်နေပြီထင်လို့ကိုယ့်အကန့်နဲ့ကိုယ်နေလိုက်တာလေ သူကဘာတွေလာစိတ်ဆိုးနေရတာတဲ့လဲ ။

မနက်ခင်းစတွေ့ပါပြီဆိုကတည်းကခပ်တည်တည်နဲ့စကားမပြောဘူး ကျောင်းရောက်တဲ့အထိဆိုပါတော့ ။ နေပေါ့ သူမခေါ်တော့ရောဘာအရေးလဲ ။ တစ်ယောက်နဲ့စကားမပြောရတော့တစ်ယောက်စာလေကုန်သက်သာတာပေါ့ ။

ညကလည်းနွားနို့တိုက်ဖို့တံခါးခေါက်တာကိုတံခါးမဖွင့်ပေးဘူး တစ်ခါမှလော့မချဖူးဘဲနဲ့ချထားတယ် ။ နေ့လည်စာစားဖို့လည်းခေါ်နေကျတိုင်းသွားခေါ်လိုက်မယ် လိုက်တာမလိုက်တာသူ့ကိစ္စ ခေါ်ရမှာကကိုယ့်ကိစ္စ ။

××××××××××

နေ့လည်ရောက်လို့ထမင်းစားဖို့သွားခေါ်တော့ရှောင်းကျန့်နေရာမှာရှေောင်းကျန့်ကမရှိဘူး သူမှမဟုတ်ဘူးတစ်ခန်းလုံးဘယ်သူမှမရှိဘူး ။ ဝမ်ရိပေါ်လဲရှာမနေတော့ဘဲထမင်းစားတဲ့ဘက်ကိုထွက်လာတော့ချင်းယွဲ့ကသူ့အနားပြေးလာသည် ။

ရှောင်းကျန့်ကိုတော့ရှာမနေတော့ဘူး သူတောင်ကိုယ်နဲ့မစားချင်လို့မစောင့်တာကိုကိုယ်ကရှာစရာလား ။ သူလည်းကျောင်းတတ်တာကြာပြီပဲ သူငယ်ချင်းတွေရနေလောက်ပါပြီ ။ လိုက်ပြီးစိတ်ပူနေစရာမလိုတော့ပါဘူး ။

" ရိပေါ် "

" ဘာလဲ "

" ဟိုနေ့ကနင့်အိမ်မှာတွေ့ခဲ့တဲ့ကောင်လေးကဒီကျောင်းမှာတတ်တာလား "

" အင်း "

" အစောကတွေ့လိုက်လို့မေးကြည့်တာ ငါများမျက်စိမှားတာလားလို့လေ "

" အော် "

" သူကနင်တို့အိမ်မှာနေတာလား "

" စကားများလိုက်တာ ထမင်းစားမှာမလားသွားစား နားလာမငြီးနဲ့ "

" ဟွန့် ! ထမင်းစားဖို့လာခေါ်တာလေ မလိုက်ဘူးလား "

" ငါ့ကိုလား "

" အေးလေ .. ငါဒီနေ့ထမင်းဘူးပါလာတယ် အမေကနင့်အတွက်ပါထည့်ပေးလိုက်တာ "

" အော် .. အဲ့ဒါဆိုစားမယ်လေ "

" အင်း လာ "

ဝမ်ရိပေါ်လည်းချင်းယွဲ့ခေါ်တဲ့ဝိုင်းကိုလိုက်လာတော့ တော်သေးသည်သူတို့နှစ်ယောက်ထဲမလို့ လူများရင်သူမှမကြိုက်တာ  ။ ချင်းယွဲ့ကမ်းပေးတဲ့ထမင်းဘူးတစ်ဆင့်ကိုစားနေတုန်း မျက်စောင်းထိုးဝိုင်းကပန်းကန်ကျကွဲတဲ့အသံကိုရုတ်တရက်ကြားလိုက်ရသည်မို့မော့ကြည့်လိုက်တော့ ရှောင်းကျန့် ။

ထိုင်ခုံမှမတ်တပ်ထရပ်နေတဲ့ကောင်လေးကစိတ်တိုနေဟန်ရှိသည် ။ စားပွဲဝိုင်းထဲကမဟုတ်ဘဲအပြင်ဘက်မှာရပ်နေတဲ့ကောင်လေးကလည်းစိတ်တိုနေဟန်ရှိသည် ။ ဘာမှမဖြစ်တာကထိုင်ခုံမှမတ်တပ်ထရပ်နေတဲ့ကောင်လေးနဲ့မျက်နှာချင်းဆိုင်ကရှောင်းကျန့်ပဲ ။ ရှေ့ကကိစ္စကသူနဲ့မဆိုင်သည့်ဟန်နဲ့ရှောင်းကျန့်ကအေးအေးလူလူပဲထမင်းစားနေလေသည် ။

တစ်ဝိုင်းထဲမှာထိုင်နေတဲ့ရှောင်းကျန့်ကတောင်ဘာမှမဆိုင်သလိုထမင်းစားနိုင်သေးတာ ဒီဘက်ဝိုင်းမှာထမင်းထိုင်စားနေတဲ့ကိုယ်ကရောဆိုင်သလား လှည့်ကြည့်မိတာတောင်အချိန်ကုန်သေးတယ် ။ ချင်းယွဲ့ကတော့မိန်းကလေးပီပီစပ်စုချင်တော့အဲ့ဝိုင်းကကိုအကြည့်မခွာဘူး ။

ရှောင်းကျန့်ကတော့ကိုယ့်ထမင်းကိုအာရုံစိုက်စားနေသည်မို့ဘေးကကိစ္စကိုစိတ်ဝင်စားမနေဘူး ကိစ္စကလည်းကြီးကြီးမားမားမှမဟုတ်တာ ။ ဟိုဘက်ကကောင်ကထမင်းပန်းကန်ကိုင်ပြီးလမ်းလျှောက်လာတာကို' လီဘိုဝန် 'ရဲ့စားပွဲအပြင်ထွက်နေတဲ့ခြေတံရှည်ကြီးနဲ့ခလုတ်တိုက်မိတော့ပန်းကန်တွေကျကွဲတာပေါ့ ။

ကိုငယ့်ကိုလား ?

တွေ့သားပဲ အစောကတည်းက ..
သူကသာဟိုတခါအိမ်လာဖူးတဲ့အစ်မနဲ့မိုးမမြင်လေမမြင်ပြုံးဖြီးနေလို့ကိုယ့်ကိုမမြင်တာနေမှာပေါ့ အဟွန်း !

" ဘိုဝန် ! ရှောင်းကျန့် ! "

ဒီမသာဘယ်ချောင်ကအခုမှထွက်လာတာလဲမသိဘူး !

" ဘာဖြစ်လာတာလဲ မင်းကြည့်ရတာမောလိုက်တာ "

ရှောင်းကျန့်ကထိုသို့ပြောလိုက်တော့ ဖန်ရှင်းဆိုတဲ့အကောင်ကချက်ချင်းပြန်ချေပလေသည် ။

" ဟုတ်တယ်ငါလည်းမောလာတာ မင်းအဖေကဇွတ်လိုက်နေလို့ပြေးလာတာ "

" ဘယ်သူလဲငါ့အဖေက "

" စီနီယာတန်းကယူဘင်တဲ့ "

" !!! "

" မင်းကဘာသွားလုပ်လို့လဲ "

ဒီတစ်ခါကတော့ဘိုဝန်ကပဲမေးလိုက်သည် ။

" ဘာမှမလုပ်ဘူး ရည်းစားစကားလိုက်ပြောတာ "

" ဖရူး !! အဟွတ် အဟွတ် "

ဖန်ရှင်းပြောပြလိုက်တော့ နှစ်ကောင်သားစားနေတဲ့ထမင်းတွေသီးပါလေရော ...
မရည်ရွယ်ပါဘူး သူငယ်ချင်းတို့ရယ် ...

" မင်း .. မင်းပြောတာကစီနီယာတန်းကအစ်ကိုကြီးကမင်းကိုကြိုက်နေတယ်လို့ပြောတာလား "

" အေးလေ ဘာလို့လဲ "

" ဘာမှမလို့ပါဘူး .. အင်း သေချာစဉ်းစားကြည့်တော့လဲထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး "

ဘိုဝန်ကခေါင်းတညိမ့်ညိမ့်နဲ့ပြောနေပေမဲ့ ရှောင်းကျန့်ကတော့တစ်ခုခုကိုနက်နက်နဲနဲတွေးနေဟန် !

" ဟေ့ရောင် ဘာတွေစဉ်းစားနေတာလဲ သဲကြီးမဲကြီး "

" အစောကမင်းပြောတဲ့ယူဘင်ဆိုတာကယောက်ျားလေးမလား "

" ဘာလဲမင်းစဉ်းစားနေတာက ယောက်ျားလေးချင်းကြိုက်လို့ရလားလို့စဉ်းစားနေတာလား "

" ဒါပဲပေါ့ "

ရှောင်းကျန့်ကထပ်ပြီးစဉ်းစားနေပြန်တော့ ဘိုဝန့်မှာမနေနိုင်တော့ဘဲ …

" ဟ့ကောင် .. ခေါင်းမွှေးဖြူတော့မယ်လက်လမ်းမမှီတာတွေကိုတအားစဉ်းစားမနေနဲ့ ထမင်းမြန်မြန်စား ဒါနဲ့တင်ကျောင်းပြန်တတ်တော့မယ် "

ဘိုဝန်ပြောတော့မှထပ်မစဉ်းစားတော့ဘဲထမင်းထဲစိတ်နှစ်လိုက်တော့သည် ။ ထို့နောက်ကျောင်းတတ် bell မြည်တော့မှာမို့ထမင်းအမြန်စားကာအတန်းထဲပြန်သွားလိုက်သည် ။

အတန်းချိန်တွေပြီးလို့ကျောင်းဆင်းချိန်ရောက်တော့အိမ်ကလာကြိုတဲ့ကားပေါ်တိတ်တိတ်ဆိတ်ဆိတ်ပဲလိုက်လာခဲ့လိုက်သည် ။ ကိုငယ်နဲ့သူကစကားမှမပြောတာ …

အိမ်ပြန်ရောက်တော့ကိုကြီးနဲ့ဦးငယ်ဆီကနောက်ကျမယ်ဆိုတဲ့ကြီးကြီးစကားကြောင့်ညစာကို ကိုငယ်နဲ့နှစ်ယောက်ထဲစားရမယ်ဆိုတဲ့အသိနဲ့တင်ရူးချင်သွားသည် ။ ကိုယ့်ကိုအလိုမရှိတဲ့သူနဲ့အတူတူတစ်ဝိုင်းထဲစားရမယ်ဆိုတဲ့အသိကခေါင်းရှုပ်ဖို့ကောင်းလွန်းတယ် ။

မနက်စာနဲ့ညစာကိုမိသားစုအားလုံးအတူတူစားရမယ်ဆိုတဲ့စည်းကမ်းကြီးကဒီတစ်ခါမှာတော့ရှောင်းကျန့်အတွက်လုံးဝအဆင်မပြေခဲ့ပါဘူး ။ သူကသာအတွေးလွန်နေပေမဲ့ကိုငယ်ကတော့ပုံမှန်ပါပဲ ။

ကျောင်းကပြန်လာတော့ချွေးတွေနဲ့မို့ရေမိုးချိုးပြီးအခန်းထဲပဲနားနေလိုက်တယ် ။ စာကတော့မကြည့်သေးဘူး ညရောက်မှကြည့်တော့မယ် ။ ဘယ်လောက်မှတောင်မနားရသေးဘူး ဒီနေ့ဘာစိတ်ကူးပေါက်တယ်ရယ်မသိ ကြီးကြီးကညစာစားဖို့ကိုအစောကြီးလာခေါ်သည် ။

ဘယ်လိုပဲဖြစ်ဖြစ်စားရမှာပဲမို့အောက်ထပ်ကိုညစာစားဖို့ဆင်လာခဲ့လိုက်သည် စောတာနဲ့နောက်ကျတာပဲကွာသွားတာပါပဲ ။ ထမင်းစားခန်းထဲရောက်တော့ဘယ်သူမှမရှိသေး ကိုယ်ပဲရောက်နှင့်တာမို့ထိုင်စောင့်နေလိုက်တယ် ။ ကိုငယ်ဆင်းလာမှအတူတူစားလိုက်ကြသည် ။

ကိုငယ့်ပုံစံကတော့ဘာမှမဖြစ်သလိုပင် …

အင်းလေ .. ကိုယ်နဲ့စကားမပြောတာလောက်ကိုသူကဘာဖြစ်နေရမှာတဲ့လဲ !

အရင်ကလည်းဖော်ဖော်ရွေရွေမှသိပ်မရှိခဲ့တာကို ..  ကိုကြီးနဲ့များတခြားစီ !!

××××××××××

ဦးငယ်နဲ့ကိုကြီးကအရေးကြီးကိစ္စရှိတယ်ဆိုပြီးမနက်အစောကြီးထသွားကြတာမို့ဒီနေ့မနက်စာလဲကိုငယ်နဲ့နှစ်ယောက်တည်းစားရပေအုံးမည်ပေါ့ ။

" အဟမ်း ! "

ကိုငယ်ချောင်းဟန့်သံကိုကြားလိုက်ပါသည် ဒါပေမဲ့သူ့ဘာသာဟန့်တာလားကိုယ့်ကိုစကားပြောချင်လို့အသံအစပြုတာလားမသေချာတာမို့မသိသလိုပဲနေလိုက်သည် ။

" ရှောင်းကျန့် "

" ဗျာ ကိုငယ် "

" ဟိုနေ့ညကကိုငယ်လွန်သွားတယ်ထင်တယ် .. ဟို .. စိတ်ထဲမထားပါနဲ့နော် "

လွန်သွားတယ်ထင်တယ် ! စိတ်ထဲမထားပါနဲ့တဲ့လား !

" ဟုတ်ကဲ့ "

" အရင်လိုပဲပြောစရာရှိပြော ဆိုစရာရှိဆို အဲ့လိုပဲနေကြရအောင် အခုဟာကတမျိုးကြီး "

" ဘာဖြစ်လို့လဲကိုငယ် .. ကိုငယ်ကလည်းကျွန်တော့်ကိုမခင်ချင်ဘူးထင်လို့စကားမပြောတာပါ အဲ့တာကိုငယ့်အတွက်ပိုအဆင်ပြေတယ်မလား "

" ဘယ်သူပြောလဲ "

" … "

" မင်းကိုမခင်ချင်ဘူးအလိုမရှိဘူးလို့ ဘယ်သူပြောလဲ "

" မပြောပေမဲ့ ... "

" ငါ့ပါးစပ်ကပြောတာမဟုတ်သရွေ့ဘာမှလျှောက်မ‌တွေးနဲ့ !
ကိုငယ်ကိုယ်တိုင်ပြောတာမဟုတ်သရွေ့ဘယ်အရာမှကိုငယ့်သဘောမဟုတ်ဘူး .. နားလည်လား "

" ဟုတ်ကဲ့ "

" ဒီစကားကအခုပဲအကျုံးဝင်တာမဟုတ်ဘူးတသက်လုံးစာအကျုံးဝင်တာမို့သေသေချာချာမှတ်ထားပေး "

" ဟုတ်ကဲ့ကိုငယ် "

××××××××××

အချိန်တွေကြာလာတော့ကိုငယ်နဲ့အရင်ကထက်ပိုပြီးခင်လာတယ် ။ ကိုငယ်ကအထက်တန်းတတ်နေပြီ သူကတော့အလယ်တန်းတတ်တုန်း ။ အချိန်တွေကြာလာလေကိုငယ်ကသူ့ကိုဂရုပိုစိုက်လာလေပဲ ။

အချိန်ကြာလာလေဆိုတဲ့စကားနောက်ကွယ်မှာကိုငယ်ကသူ့အပေါ်ကောင်းပေးလာတာတွေအများကြီးရှိလာတယ် ။ ကိုကြီးကလည်း car showroom ကိုဦးစီးနိုင်နေပြီမလို့ဦးငယ်ကလည်းဂျပန်ကိုပြန်သွားပြီ ။

ဒီအိမ်မှာနေတာလဲ 4 နှစ်တောင်ရှိခဲ့ပြီ ……

" အငယ် ! "

ဟီးဟီး ! ပြောဖို့မေ့နေတာ .. ကိုငယ်ကကျွန်တော့်ကိုအငယ်လို့ပဲခေါ်တော့တာ ..

" ဗျာ "

" ဒီနေ့ကျူရှင်မသွားရဘူးလား "

" ပိတ်တယ်လေ "

" ပိတ်ရက်လဲမဟုတ်ပါဘူး "

" တီချယ်ကခရီးသွားစရာရှိလို့ဆိုပြီးတစ်ပတ်ပိတ်ထားတာ "

" အော် .. "

" … "

" ကိုငယ်အပြင်သွားအုံးမယ် ကိုကိုပြန်လာလို့မေးရင်ချင်းယွဲ့အိမ်မှာလို့ပြောလိုက်နော် "

ကိုငယ်ကအဖြေတောင်မစောင့်ဘဲပြေးထွက်သွားသည် ။

အစ်မချင်းယွဲ့ကိုဆိုအရမ်းအရေးပေးလွန်းတယ် ကိုငယ်က ။

××××××××××

" အငယ် !!! "

" ကိုငယ် ~ "

အခန်းတံခါးကို ' ဒုန်း ' ကနဲမြည်အောင်အကြမ်းပတမ်းဖွင့်ဝင်လာတဲ့ကိုငယ့်ကြောင့် ' ကိုငယ် ' လို့ခေါ်လိုက်တဲ့အသံကတုန်သွားလာတောင်သတိမထားမိဘူး ။

" ရည်းစားထားနေတယ်ဆို !! "

" မ .. မဟုတ်ပါဘူးကိုငယ် ... အငယ့်မှာရည်းစားမရှိပါဘူး "

" မယုံဘူး "

" တကယ်ပါကိုငယ် .. ကျွန်တော်မလိမ်ပါဘူး "

ဟုတ်ပါရဲ့ … ရှောင်းကျန့်ကဘယ်တုန်းကလိမ်တတ်ခဲ့လို့လဲ …

" အဲ့တာဆိုငါကြားခဲ့တာတွေကဘာလဲ "

ကိုငယ်ကအစောကလိုမအော်တော့ပေမဲ့ အသံကတော့မာနေဆဲပဲ …

" ကိုငယ်ကဘာတွေကြားခဲ့လို့လဲ "

" မင်းရည်းစားရှိနေတယ်ဆိုတဲ့အကြောင်းပေါ့ "

" ကိုငယ့်ကိုကျွန်တော့်အကြောင်းတကူးတကအချိန်ကုန်ခံပြီးလာပြောပြမဲ့သူရှိတာလား "

" တကူးတကအချိန်ကုန်ခံပြီးလာပြောတာမဟုတ်ဘူး သူ့မှာလာပြောရမဲ့တာဝန်ရှိလို့ "

" ကျွန်တော့်နောက်ကိုလူလွှတ်ထားတာလားကိုငယ် "

" အိပ်တော့ ! "

ကိုငယ်ကထွက်သွားပြီ သူ့အခန်းထဲက …

လူလွှတ်ထားတာပေါ့ ဟုတ်လားကိုငယ် .. ကျွန်တော့်ကိုမယုံဘူးပေါ့ …

#############

Zawgyi ❤️

ေနာက္ေန့မနက္ေက်ာင္းသြားဖို႔ျပင္ဆင္ၿပီးေတာ့ ထမင္းစားဖို႔ဆင္းလာေတာ့ထမင္းဝိုင္းမွာဘယ္သူမွရိွမေနတာေၾကာင့္ထိုင္ေစာင့္ေနလိုက္သည္ ။ မၾကာပါဘူးကိုငယ္ကေရာက္လာတယ္ ညကကိစၥေၾကာင့္စကားလည္းေျပာခ်င္စိတ္မရိွတာနဲ႔ေခါင္းငံု႔ၿပီးပဲထိုင္ေနလိုက္တယ္ ။ သူမွစမေျပာရင္ကိုငယ္ကလဲစေခၚမဲ့လူစားမ်ိဳးမဟုတ္ဘူး ။

ထမင္းစားပြဲမွေအးတိေအးစက္နဲ႔ထိုင္ေနၾကတာ တစ္ေအာင့္ေလာက္ၾကာမွဦးငယ္နဲ႔ကိုႀကီးကေရ႔ွဆင့္ေနာက္ဆင့္ေရာက္လာၾကသည္မို႔မနက္စာကိုအတူတူစားလိုက္ၾကသည္ ။ ၿပီးတာနဲ႔ေက်ာင္းသြားဖို႔ျပင္ေပးထားသၫ့္ကားေပၚတတ္ၿပီးေက်ာင္းသို႔လာရေတာ့သည္ ။ ေက်ာင္းကားေပၚတြင္လည္းကိုငယ္နဲ႔စကားမေျပာျဖစ္ဘူး ။

ဒီလိုပံုစံနဲ႔ေန့လည္စာကိုအတူတူဘယ္လိုစားၾကမလဲ ?

အေကာင္ေပါက္ကဒီေန့ေတာ္ေတာ္ကိုၿငိမ္ေနတယ္ ။ စိတ္ဆိုးေနတာလားမသိဘူး ။ ကိုယ္နဲ႔ကလည္းခင္ခ်င္ေသးတယ္ ကိုကိုနဲ႔က်ဟီးဟီးဟားဟားနဲ႔ ။ အဲ့ဒါေၾကာင့္သူ႔အတြက္ေနာက္တစ္ေယာက္ထပ္မလိုေလာက္ေတာ့ဘူး ကိုကိုတစ္ေယာက္နဲ႔တင္လံုေလာက္ေနၿပီထင္လို႔ကိုယ့္အကန႔္နဲ႔ကိုယ္ေနလိုက္တာေလ သူကဘာေတြလာစိတ္ဆိုးေနရတာတဲ့လဲ ။

မနက္ခင္းစေတြ့ပါၿပီဆိုကတည္းကခပ္တည္တည္နဲ႔စကားမေျပာဘူး ေက်ာင္းေရာက္တဲ့အထိဆိုပါေတာ့ ။ ေနေပါ့ သူမေခၚေတာ့ေရာဘာအေရးလဲ ။ တစ္ေယာက္နဲ႔စကားမေျပာရေတာ့တစ္ေယာက္စာေလကုန္သက္သာတာေပါ့ ။

ညကလည္းႏြားႏို႔တိုက္ဖို႔တံခါးေခါက္တာကိုတံခါးမဖြင့္ေပးဘူး တစ္ခါမွေလာ့မခ်ဖူးဘဲနဲ႔ခ်ထားတယ္ ။ ေန့လည္စာစားဖို႔လည္းေခၚေနက်တိုင္းသြားေခၚလိုက္မယ္ လိုက္တာမလိုက္တာသူ႔ကိစၥ ေခၚရမွာကကိုယ့္ကိစၥ ။

××××××××××

ေန့လည္ေရာက္လို႔ထမင္းစားဖို႔သြားေခၚေတာ့ေရွာင္းက်န႔္ေနရာမွာေရွောင္းက်န႔္ကမရိွဘူး သူမွမဟုတ္ဘူးတစ္ခန္းလံုးဘယ္သူမွမရိွဘူး ။ ဝမ္ရိေပၚလဲရွာမေနေတာ့ဘဲထမင္းစားတဲ့ဘက္ကိုထြက္လာေတာ့ခ်င္းယြဲ႔ကသူ႔အနားေျပးလာသည္ ။

ေရွာင္းက်န႔္ကိုေတာ့ရွာမေနေတာ့ဘူး သူေတာင္ကိုယ္နဲ႔မစားခ်င္လို႔မေစာင့္တာကိုကိုယ္ကရွာစရာလား ။ သူလည္းေက်ာင္းတတ္တာၾကာၿပီပဲ သူငယ္ခ်င္းေတြရေနေလာက္ပါၿပီ ။ လိုက္ၿပီးစိတ္ပူေနစရာမလိုေတာ့ပါဘူး ။

" ရိေပၚ "

" ဘာလဲ "

" ဟိုေန့ကနင့္အိမ္မွာေတြ့ခဲ့တဲ့ေကာင္ေလးကဒီေက်ာင္းမွာတတ္တာလား "

" အင္း "

" အေစာကေတြ့လိုက္လို႔ေမးၾကၫ့္တာ ငါမ်ားမ်က္စိမွားတာလားလို႔ေလ "

" ေအာ္ "

" သူကနင္တို႔အိမ္မွာေနတာလား "

" စကားမ်ားလိုက္တာ ထမင္းစားမွာမလားသြားစား နားလာမၿငီးနဲ႔ "

" ဟြန႔္ ! ထမင္းစားဖို႔လာေခၚတာေလ မလိုက္ဘူးလား "

" ငါ့ကိုလား "

" ေအးေလ .. ငါဒီေန့ထမင္းဘူးပါလာတယ္ အေမကနင့္အတြက္ပါထၫ့္ေပးလိုက္တာ "

" ေအာ္ .. အဲ့ဒါဆိုစားမယ္ေလ "

" အင္း လာ "

ဝမ္ရိေပၚလည္းခ်င္းယြဲ႔ေခၚတဲ့ဝိုင္းကိုလိုက္လာေတာ့ ေတာ္ေသးသည္သူတို႔ႏွစ္ေယာက္ထဲမလို႔ လူမ်ားရင္သူမွမႀကိဳက္တာ  ။ ခ်င္းယြဲ႔ကမ္းေပးတဲ့ထမင္းဘူးတစ္ဆင့္ကိုစားေနတုန္း မ်က္ေစာင္းထိုးဝိုင္းကပန္းကန္က်ကြဲတဲ့အသံကိုရုတ္တရက္ၾကားလိုက္ရသည္မို႔ေမာ့ၾကၫ့္လိုက္ေတာ့ ေရွာင္းက်န႔္ ။

ထိုင္ခံုမွမတ္တပ္ထရပ္ေနတဲ့ေကာင္ေလးကစိတ္တိုေနဟန္ရိွသည္ ။ စားပြဲဝိုင္းထဲကမဟုတ္ဘဲအျပင္ဘက္မွာရပ္ေနတဲ့ေကာင္ေလးကလည္းစိတ္တိုေနဟန္ရိွသည္ ။ ဘာမွမျဖစ္တာကထိုင္ခံုမွမတ္တပ္ထရပ္ေနတဲ့ေကာင္ေလးနဲ႔မ်က္ႏွာခ်င္းဆိုင္ကေရွာင္းက်န႔္ပဲ ။ ေရ႔ွကကိစၥကသူနဲ႔မဆိုင္သည့္ဟန္နဲ႔ေရွာင္းက်န႔္ကေအးေအးလူလူပဲထမင္းစားေနေလသည္ ။

တစ္ဝိုင္းထဲမွာထိုင္ေနတဲ့ေရွာင္းက်န႔္ကေတာင္ဘာမွမဆိုင္သလိုထမင္းစားႏိုင္ေသးတာ ဒီဘက္ဝိုင္းမွာထမင္းထိုင္စားေနတဲ့ကိုယ္ကေရာဆိုင္သလား လွၫ့္ၾကၫ့္မိတာေတာင္အခ်ိန္ကုန္ေသးတယ္ ။ ခ်င္းယြဲ႔ကေတာ့မိန္းကေလးပီပီစပ္စုခ်င္ေတာ့အဲ့ဝိုင္းကကိုအၾကၫ့္မခြာဘူး ။

ေရွာင္းက်န႔္ကေတာ့ကိုယ့္ထမင္းကိုအာရံုစိုက္စားေနသည္မို႔ေဘးကကိစၥကိုစိတ္ဝင္စားမေနဘူး ကိစၥကလည္းႀကီးႀကီးမားမားမွမဟုတ္တာ ။ ဟိုဘက္ကေကာင္ကထမင္းပန္းကန္ကိုင္ၿပီးလမ္းေလ်ွာက္လာတာကို' လီဘိုဝန္ 'ရဲ့စားပြဲအျပင္ထြက္ေနတဲ့ေျခတံရွည္ႀကီးနဲ႔ခလုတ္တိုက္မိေတာ့ပန္းကန္ေတြက်ကြဲတာေပါ့ ။

ကိုငယ့္ကိုလား ?

ေတြ့သားပဲ အေစာကတည္းက ..
သူကသာဟိုတခါအိမ္လာဖူးတဲ့အစ္မနဲ႔မိုးမျမင္ေလမျမင္ၿပံဳးၿဖီးေနလို႔ကိုယ့္ကိုမျမင္တာေနမွာေပါ့ အဟြန္း !

" ဘိုဝန္ ! ေရွာင္းက်န႔္ ! "

ဒီမသာဘယ္ေခ်ာင္ကအခုမွထြက္လာတာလဲမသိဘူး !

" ဘာျဖစ္လာတာလဲ မင္းၾကၫ့္ရတာေမာလိုက္တာ "

ေရွာင္းက်န႔္ကထိုသို႔ေျပာလိုက္ေတာ့ ဖန္ရွင္းဆိုတဲ့အေကာင္ကခ်က္ခ်င္းျပန္ေခ်ပေလသည္ ။

" ဟုတ္တယ္ငါလည္းေမာလာတာ မင္းအေဖကဇြတ္လိုက္ေနလို႔ေျပးလာတာ "

" ဘယ္သူလဲငါ့အေဖက "

" စီနီယာတန္းကယူဘင္တဲ့ "

" !!! "

" မင္းကဘာသြားလုပ္လို႔လဲ "

ဒီတစ္ခါကေတာ့ဘိုဝန္ကပဲေမးလိုက္သည္ ။

" ဘာမွမလုပ္ဘူး ရည္းစားစကားလိုက္ေျပာတာ "

" ဖရူး !! အဟြတ္ အဟြတ္ "

ဖန္ရွင္းေျပာျပလိုက္ေတာ့ ႏွစ္ေကာင္သားစားေနတဲ့ထမင္းေတြသီးပါေလေရာ ...
မရည္ရြယ္ပါဘူး သူငယ္ခ်င္းတို႔ရယ္ ...

" မင္း .. မင္းေျပာတာကစီနီယာတန္းကအစ္ကိုႀကီးကမင္းကိုႀကိဳက္ေနတယ္လို႔ေျပာတာလား "

" ေအးေလ ဘာလို႔လဲ "

" ဘာမွမလို႔ပါဘူး .. အင္း ေသခ်ာစဉ္းစားၾကၫ့္ေတာ့လဲထူးဆန္းတဲ့ကိစၥေတာ့မဟုတ္ပါဘူး "

ဘိုဝန္ကေခါင္းတညိမ့္ညိမ့္နဲ႔ေျပာေနေပမဲ့ ေရွာင္းက်န႔္ကေတာ့တစ္ခုခုကိုနက္နက္နဲနဲေတြးေနဟန္ !

" ေဟ့ေရာင္ ဘာေတြစဉ္းစားေနတာလဲ သဲႀကီးမဲႀကီး "

" အေစာကမင္းေျပာတဲ့ယူဘင္ဆိုတာကေယာက္်ားေလးမလား "

" ဘာလဲမင္းစဉ္းစားေနတာက ေယာက္်ားေလးခ်င္းႀကိဳက္လို႔ရလားလို႔စဉ္းစားေနတာလား "

" ဒါပဲေပါ့ "

ေရွာင္းက်န႔္ကထပ္ၿပီးစဉ္းစားေနျပန္ေတာ့ ဘိုဝန႔္မွာမေနႏိုင္ေတာ့ဘဲ …

" ဟ့ေကာင္ .. ေခါင္းေမႊးျဖဴေတာ့မယ္လက္လမ္းမမွီတာေတြကိုတအားစဉ္းစားမေနနဲ႔ ထမင္းျမန္ျမန္စား ဒါနဲ႔တင္ေက်ာင္းျပန္တတ္ေတာ့မယ္ "

ဘိုဝန္ေျပာေတာ့မွထပ္မစဉ္းစားေတာ့ဘဲထမင္းထဲစိတ္ႏွစ္လိုက္ေတာ့သည္ ။ ထို႔ေနာက္ေက်ာင္းတတ္ bell ျမည္ေတာ့မွာမို႔ထမင္းအျမန္စားကာအတန္းထဲျပန္သြားလိုက္သည္ ။

အတန္းခ်ိန္ေတြၿပီးလို႔ေက်ာင္းဆင္းခ်ိန္ေရာက္ေတာ့အိမ္ကလာႀကိဳတဲ့ကားေပၚတိတ္တိတ္ဆိတ္ဆိတ္ပဲလိုက္လာခဲ့လိုက္သည္ ။ ကိုငယ္နဲ႔သူကစကားမွမေျပာတာ …

အိမ္ျပန္ေရာက္ေတာ့ကိုႀကီးနဲ႔ဦးငယ္ဆီကေနာက္က်မယ္ဆိုတဲ့ႀကီးႀကီးစကားေၾကာင့္ညစာကို ကိုငယ္နဲ႔ႏွစ္ေယာက္ထဲစားရမယ္ဆိုတဲ့အသိနဲ႔တင္ရူးခ်င္သြားသည္ ။ ကိုယ့္ကိုအလိုမရိွတဲ့သူနဲ႔အတူတူတစ္ဝိုင္းထဲစားရမယ္ဆိုတဲ့အသိကေခါင္းရႈပ္ဖို႔ေကာင္းလြန္းတယ္ ။

မနက္စာနဲ႔ညစာကိုမိသားစုအားလံုးအတူတူစားရမယ္ဆိုတဲ့စည္းကမ္းႀကီးကဒီတစ္ခါမွာေတာ့ေရွာင္းက်န႔္အတြက္လံုးဝအဆင္မေျပခဲ့ပါဘူး ။ သူကသာအေတြးလြန္ေနေပမဲ့ကိုငယ္ကေတာ့ပံုမွန္ပါပဲ ။

ေက်ာင္းကျပန္လာေတာ့ေခြၽးေတြနဲ႔မို႔ေရမိုးခ်ိဳးၿပီးအခန္းထဲပဲနားေနလိုက္တယ္ ။ စာကေတာ့မၾကၫ့္ေသးဘူး ညေရာက္မွၾကၫ့္ေတာ့မယ္ ။ ဘယ္ေလာက္မွေတာင္မနားရေသးဘူး ဒီေန့ဘာစိတ္ကူးေပါက္တယ္ရယ္မသိ ႀကီးႀကီးကညစာစားဖို႔ကိုအေစာႀကီးလာေခၚသည္ ။

ဘယ္လိုပဲျဖစ္ျဖစ္စားရမွာပဲမို႔ေအာက္ထပ္ကိုညစာစားဖို႔ဆင္လာခဲ့လိုက္သည္ ေစာတာနဲ႔ေနာက္က်တာပဲကြာသြားတာပါပဲ ။ ထမင္းစားခန္းထဲေရာက္ေတာ့ဘယ္သူမွမရိွေသး ကိုယ္ပဲေရာက္ႏွင့္တာမို႔ထိုင္ေစာင့္ေနလိုက္တယ္ ။ ကိုငယ္ဆင္းလာမွအတူတူစားလိုက္ၾကသည္ ။

ကိုငယ့္ပံုစံကေတာ့ဘာမွမျဖစ္သလိုပင္ …

အင္းေလ .. ကိုယ္နဲ႔စကားမေျပာတာေလာက္ကိုသူကဘာျဖစ္ေနရမွာတဲ့လဲ !

အရင္ကလည္းေဖာ္ေဖာ္ေရြေရြမွသိပ္မရိွခဲ့တာကို ..  ကိုႀကီးနဲ႔မ်ားတျခားစီ !!

××××××××××

ဦးငယ္နဲ႔ကိုႀကီးကအေရးႀကီးကိစၥရိွတယ္ဆိုၿပီးမနက္အေစာႀကီးထသြားၾကတာမို႔ဒီေန့မနက္စာလဲကိုငယ္နဲ႔ႏွစ္ေယာက္တည္းစားရေပအံုးမည္ေပါ့ ။

" အဟမ္း ! "

ကိုငယ္ေခ်ာင္းဟန႔္သံကိုၾကားလိုက္ပါသည္ ဒါေပမဲ့သူ႔ဘာသာဟန႔္တာလားကိုယ့္ကိုစကားေျပာခ်င္လို႔အသံအစျပဳတာလားမေသခ်ာတာမို႔မသိသလိုပဲေနလိုက္သည္ ။

" ေရွာင္းက်န႔္ "

" ဗ်ာ ကိုငယ္ "

" ဟိုေန့ညကကိုငယ္လြန္သြားတယ္ထင္တယ္ .. ဟို .. စိတ္ထဲမထားပါနဲ႔ေနာ္ "

လြန္သြားတယ္ထင္တယ္ ! စိတ္ထဲမထားပါနဲ႔တဲ့လား !

" ဟုတ္ကဲ့ "

" အရင္လိုပဲေျပာစရာရိွေျပာ ဆိုစရာရိွဆို အဲ့လိုပဲေနၾကရေအာင္ အခုဟာကတမ်ိဳးႀကီး "

" ဘာျဖစ္လို႔လဲကိုငယ္ .. ကိုငယ္ကလည္းကြၽန္ေတာ့္ကိုမခင္ခ်င္ဘူးထင္လို႔စကားမေျပာတာပါ အဲ့တာကိုငယ့္အတြက္ပိုအဆင္ေျပတယ္မလား "

" ဘယ္သူေျပာလဲ "

" … "

" မင္းကိုမခင္ခ်င္ဘူးအလိုမရိွဘူးလို႔ ဘယ္သူေျပာလဲ "

" မေျပာေပမဲ့ ... "

" ငါ့ပါးစပ္ကေျပာတာမဟုတ္သေရြ့ဘာမွေလ်ွာက္မ‌ေတြးနဲ႔ !
ကိုငယ္ကိုယ္တိုင္ေျပာတာမဟုတ္သေရြ့ဘယ္အရာမွကိုငယ့္သေဘာမဟုတ္ဘူး .. နားလည္လား "

" ဟုတ္ကဲ့ "

" ဒီစကားကအခုပဲအက်ံဳးဝင္တာမဟုတ္ဘူးတသက္လံုးစာအက်ံဳးဝင္တာမို႔ေသေသခ်ာခ်ာမွတ္ထားေပး "

" ဟုတ္ကဲ့ကိုငယ္ "

××××××××××

အခ်ိန္ေတြၾကာလာေတာ့ကိုငယ္နဲ႔အရင္ကထက္ပိုၿပီးခင္လာတယ္ ။ ကိုငယ္ကအထက္တန္းတတ္ေနၿပီ သူကေတာ့အလယ္တန္းတတ္တုန္း ။ အခ်ိန္ေတြၾကာလာေလကိုငယ္ကသူ႔ကိုဂရုပိုစိုက္လာေလပဲ ။

အခ်ိန္ၾကာလာေလဆိုတဲ့စကားေနာက္ကြယ္မွာကိုငယ္ကသူ႔အေပၚေကာင္းေပးလာတာေတြအမ်ားႀကီးရိွလာတယ္ ။ ကိုႀကီးကလည္း car showroom ကိုၪီးစီးႏိုင္ေနၿပီမလို႔ဦးငယ္ကလည္းဂ်ပန္ကိုျပန္သြားၿပီ ။

ဒီအိမ္မွာေနတာလဲ 4 ႏွစ္ေတာင္ရိွခဲ့ၿပီ ……

" အငယ္ ! "

ဟီးဟီး ! ေျပာဖို႔ေမ့ေနတာ .. ကိုငယ္ကကြၽန္ေတာ့္ကိုအငယ္လို႔ပဲေခၚေတာ့တာ ..

" ဗ်ာ "

" ဒီေန့က်ူရွင္မသြားရဘူးလား "

" ပိတ္တယ္ေလ "

" ပိတ္ရက္လဲမဟုတ္ပါဘူး "

" တီခ်ယ္ကခရီးသြားစရာရိွလို႔ဆိုၿပီးတစ္ပတ္ပိတ္ထားတာ "

" ေအာ္ .. "

" … "

" ကိုငယ္အျပင္သြားအံုးမယ္ ကိုကိုျပန္လာလို႔ေမးရင္ခ်င္းယြဲ႔အိမ္မွာလို႔ေျပာလိုက္ေနာ္ "

ကိုငယ္ကအေျဖေတာင္မေစာင့္ဘဲေျပးထြက္သြားသည္ ။

အစ္မခ်င္းယြဲ႔ကိုဆိုအရမ္းအေရးေပးလြန္းတယ္ ကိုငယ္က ။

××××××××××

" အငယ္ !!! "

" ကိုငယ္ ~ "

အခန္းတံခါးကို ' ဒုန္း ' ကနဲျမည္ေအာင္အၾကမ္းပတမ္းဖြင့္ဝင္လာတဲ့ကိုငယ့္ေၾကာင့္ ' ကိုငယ္ ' လို႔ေခၚလိုက္တဲ့အသံကတုန္သြားလာေတာင္သတိမထားမိဘူး ။

" ရည္းစားထားေနတယ္ဆို !! "

" မ .. မဟုတ္ပါဘူးကိုငယ္ ... အငယ့္မွာရည္းစားမရိွပါဘူး "

" မယံုဘူး "

" တကယ္ပါကိုငယ္ .. ကြၽန္ေတာ္မလိမ္ပါဘူး "

ဟုတ္ပါရဲ့ … ေရွာင္းက်န႔္ကဘယ္တုန္းကလိမ္တတ္ခဲ့လို႔လဲ …

" အဲ့တာဆိုငါၾကားခဲ့တာေတြကဘာလဲ "

ကိုငယ္ကအေစာကလိုမေအာ္ေတာ့ေပမဲ့ အသံကေတာ့မာေနဆဲပဲ …

" ကိုငယ္ကဘာေတြၾကားခဲ့လို႔လဲ "

" မင္းရည္းစားရိွေနတယ္ဆိုတဲ့အေၾကာင္းေပါ့ "

" ကိုငယ့္ကိုကြၽန္ေတာ့္အေၾကာင္းတကူးတကအခ်ိန္ကုန္ခံၿပီးလာေျပာျပမဲ့သူရိွတာလား "

" တကူးတကအခ်ိန္ကုန္ခံၿပီးလာေျပာတာမဟုတ္ဘူး သူ႔မွာလာေျပာရမဲ့တာဝန္ရိွလို႔ "

" ကြၽန္ေတာ့္ေနာက္ကိုလူလႊတ္ထားတာလားကိုငယ္ "

" အိပ္ေတာ့ ! "

ကိုငယ္ကထြက္သြားၿပီ သူ႔အခန္းထဲက …

လူလႊတ္ထားတာေပါ့ ဟုတ္လားကိုငယ္ .. ကြၽန္ေတာ့္ကိုမယံုဘူးေပါ့ …

#############

Continue Reading

You'll Also Like