Mafia Is My Alpha ( Lion ) {...

By MikkyLay1

4.8M 514K 61.4K

ဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ်... More

ဇာတ်ကောင်မိတ်ဆက် 💕
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4 ( 🚨🔞🚨 )
Chapter - 5 ( 🚨🔞🚨 )
Intro💕
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10 ( 🚨🔞🚨 )
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15 ( 🚨🔞🚨 )
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20 ( 🚨🔞🚨 )
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28 ( Kiss 💋💋💋 )
Chapter - 29
Chapter - 30 ( 🚨🔞🚨 )
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45 ( 🚨🔞🚨 )
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52 ( 💔💔💔 )
Chapter - 53 ( 💔💔💔 )
Chapter - 54
Chapter - 55 ( 💔💔💔😭 )
Chapter - 56 ( S1 End 💕 )
Chapter - 57 ( S2 💕 )
Chapter - 58 ( 👪💕👼 )
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62 ( 👪💕 )
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67 ( 👪💕👪 )
Chapter - 68
Chapter - 69
Chpter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75 ( Kiss 💑💕💕 )
Chapter - 76 ( 🚨🔞🚨 )
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
💔💔💔💔
🎉🎉 Happy Birthday 🎉🎉
Chapter - 85
Chapter - 86
Chapter - 87 ( 💕💕💕 )
Chapter - 88
Chapter - 89 ( 🚨🔞🚨 )
Chapter - 90 ( S2 End )💕💕
Chapter - 91 ( S3 )
Chapter - 92
Chapter - 93
အသိပေးချက်💕
သတင်းထူး ( ဖန်းဂူတို့နဲ့မဆိုင်ပေမဲ့ ဒီမှာလဲတင်မယ် 😁 ) 💕
Chapter - 94
Chapter - 95
Chapter - 96 ( ☃️❄️🌚🚨 )
Chapter - 97 🚨🌚
Chapter - 98
📢 Order 📣 ( ဖန်းဂူရဲ့အကိုဖန်လုံးရဲ့စာအုပ်လေး )
Chapter - 99
Chapter - 100
Chapter - 101
Chapter -102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
အသဲကျော်လေးတွေ 💕
Chapter - 108
Chapter - 109
❗❗❗
Chapter-110 ( 🌚🌚🌚 )
Chapter - 111
Chapter - 112
Chapter - 113
Chapter - 114
Chapter - 115
Chapter - 116
Chapter - 117 🚨🚨🚨
Chapter - 118
Chapter - 119
Chapter - 120
Chapter - 121
Chapter - 122
Chapter - 123
Chapter - 124 ( 🚨🔞🚨 )
Chapter - 125
Chapter - 127
Chapter -128
Chapter - 129
Chapter - 130
Chapter - 131
Chapter - 132
Happy Birthday 🎂🎊🎉
Chapter - 133
Chapter - 134
Chapter - 135 💔💔💔
Chapter - 136👪👬💏
Chapter - 137
Chapter - 138
Chapter - 139
Chapter - 140 ( End ❣️ )
Extra - 1 🚨🔞🚨
Extra - 2
Extra - 3
Extra - 4 ( 🚨🔞🚨 )
Extra - 5
Extra - 6 ( End )❤️
ကျေးဇူးတင်လွှာ ❤️

Chapter - 126

9K 1.4K 233
By MikkyLay1

Unicode
~~~~~~~~~

အချိန်တွေက ဒီရေလိုပဲ တားစီးလို့မရနိုင်သလို တဖြေးဖြေးကုန်ဆုံးလာတယ် ... ကံကြမ္မာအတက်အကျမှာ ရုန်းထွက်နိုင်သူက အောင်နိုင်သူပဲ ... ထိုပြဿနာကြီးဖြစ်ပြီးတစ်လခန့်ကြာသွားခဲ့ပေမဲ့ ဘာမှထူးထူးခြားခြားပြောင်းလဲသွားခြင်းမျိုးမရှိခဲ့ဘူး ... ရှန်ဖန်းဂူဟာ အမှောင်မှာဝရမ်းပြေးအဖြစ်ရှိနေပြီး လွတ်မြောက်နေဆဲပဲ ... သူ့ရဲ့ခြေရာကိုပင်ခံလို့မရနိုင်ဘူး ... ရှန်ဟွှာရန်းနဲ့ရှန်ကူမန်က ထိန်းသိမ်းစောင့်ရှောက်ခံနေရပြီး ခုချိန်ထိ အမှုစစ်ဆေးလို့မပြီးသေးဘူး ... အမှုကိုင်အရာရှိပတ်ဒိုမင်းမှာ ခိုင်မာတဲ့သက်သေတွေရှိပေမဲ့ ရှန်ကူးမန်ကို ထောင်ချဖို့အထက်ကအမိန့်မရသေးတာကြောင့် ရပ်တန့်ထားရတယ် ... အကြောင်းပြချက်ကိုတော့မသိရဘူး ...

အမှုပေါင်းများစွာနဲ့ရင်ဆိုင်နေရတဲ့ ရှန်ကူးမန်နဲ့ ရှန်ဟွှာရန်းကို ရုတ်တရပ် အထက်ကအမိန့်ချမှတ်မယ်ဆိုပြီး A မြို့တော်ပင်မစခန်းမှာ ထိန်းသိမ်းထားရာကနေ အမိန့်နဲ့ခေါ်ဆောင်သွားကြတယ် ... အရာရှိကျန်းရှားမေ့နဲ့ ပတ်ဒိုမင်းတို့တောင်မှ တားစီးခွင့်မရခဲ့ဘူး ... သခင်မ မိုနန်းလဲ အကြောင်းပြချက်မရှိ ခေါ်​ဆောင်သွားတဲ့ သူမဖခင်နဲ့အမျိုးသားကို ကယ်ထုပ်ဖို့ သူမရဲ့လျှို့ဝှက်အမျိုးသမီး စစ်ဆင်ရေးအဖွဲ့နဲ့အကြံထုတ်နေကြတယ် ...

လူတွေကငြိမ်ခံနေရင်ပိုပြီးရောင့်တက်ကြတယ် ... သူမငြိမ်နေတယ်ဆိုတာက ကြောက်လို့တော့မဟုတ်ဘူး ... ဖခင်မှာထားတဲ့အတိုင်း အစောတလျှင်မလုပ်မိအောင်ထိန်းနေခြင်းသာ ... ခုသူတို့ဘက်ကစတင်လှုပ်ရှားလာပြီဆိုတော့ သူမလဲစတင်ဖို့ပြင်ဆင်ရတော့တယ် ... ဒါကနိုင်ငံရေးလှည့်ကွက်တစ်ခုလိုမျိုးပဲ ... ရှန်ဟွှာကို နိုင်ငံရေးချက်ပြားပေါ်က အနက်ရောင်ကျားကွက်စေ့အဖြစ်အသုံးပြုနေသူကို ဖော်ထုပ်ရမယ် ... တဖက်က ဘုရင်ကိုအလဲထိုးနိုင်ရင် သူတို့အောင်မြင်လိမ့်မယ် ...

' ဇီဝဆေးပညာသုတေသန တက္ကသိုလ် '

ကြီးမားတဲ့အဆောက်အဦးကြီးတစ်ခုထဲသို့ အနက်ရောင်ကားတန်းကြီးဝင်ရောက်သွားကြတယ် ... ထိုနယ်မြေက အစိုးရပိုင်နယ်မြေဖြစ်ပြီး ဝင်ခွင့်ရှိတဲ့ဆရာများနဲ့ပါမောက္ခသာလျှင် လာရောက်ခွင့်ရှိတယ် ... ထိုဆေးသက္ကသိုလ်က မြို့တော်မှာ နာမည်အကြီးဆုံးဖြစ်ပြီး အိုမီဂါအယ်ဖာတွေအတွက် သီးသန့်တရားဝင်ဆေးတွေကို ထုတ်လုပ်ပေးနေတဲ့ အစိုးရလက်အောက်က လုပ်ငန်းစုတစ်ခုလဲဖြစ်တယ် ... ရှန်ဟွှာလိုကိုယ်ပိုင်သုတေသနအဖွဲအစည်းနဲ့ ဆန်ကျင်ဘက်ပင် ...

လက်တွေ့ သင်ကြားနေတဲ့ကျောင်းကတစ်ဖက်မှာဖြစ်ပြီး ထုတ်လုပ်နေတဲ့အဆောင်အဦးနဲ့ နီးကပ်စွာရှိနေတယ် ... ဘယ်သူကထင်မိမှာလဲ ဒီလိုနာမည်ကြီးပြီးအစိုးရရဲ့လက်အောက်မှာ တရားဝင်ရှိနေတဲ့ တက္ကသိုလ်ရဲ့အနောက်မှာ အန္တရာယ်များတဲ့ သုတေသနစမ်းသပ်ခန်းတွေရှိနေလိမ့်မယ်လို့ ... ဒါကသင်ကြားယုံသာမက လက်တွေ့ပါထုတ်လုပ်နေတဲ့နေရာဖြစ်တယ် ... ဒီလိုဆိုရင် သူတို့ဘာလုပ်လုပ်အစိုးရကမသိနိုင်တော့ဘူး ... ထိုနေရာအားသူတို့အုပ်စိုးကာအပိုင်စီးထာ၍ပင် ...

ကားပေါ်မှာပါလာသူများက ဖမ်းစီးခံထားရတဲ့ရှန်ဟွှာရန်းနဲ့ရှန်းကူမန်ဖြစ်ပြီး သူတို့ကို အနက်ရောင်ဝတ်စုံပြည့်နဲ့ လူတစ်ချို့က အဆောက်အဦးထဲသို့ခေါ်လာကြတယ် ... အပြစ်သားတွေကို ထောင်မပို့ပဲ သုတေသနခန်းထံခေါ်လာ၍ ရှန်သခင်ကြီးတို့ သားအဖ သူတို့လုပ်ရပ်ကအောင်မြင်ကြောင်း သဘောပေါက်သွားတယ် ...

သူတို့လိုချင်တဲ့အဖြေက အနောက်ကကြိုးကိုင်သူဟာ ဘယ်အဖွဲ့အစည်းနဲ့ပတ်သပ်နေလဲဆိုတာကိုပဲ ... ထင်ထားသည်ထပ်ပင် အကောင်ကြီးကြီးအစိုးရလက်အောက်ကဖြစ်နေပြီး ဒီလိုလျှို့ဝှက်တဲ့နေရာကိုပါ ခေါ်လာခြင်းခံရတယ် ... သူတို့ဘာတွေကြံစည်နေလဲမသိနိုင်ပေမဲ့ သူတို့ရဲ့သရုပ်မှန်ကိုဖော်ထုပ်ပြီး ရှန်ဟွှာရဲ့သတင်းဆိုးတွေကိုဖယ်ရှားဖို့အခွင့်အရေးကို အရယူရမယ်ဟု ဆုံးဖြတ်ချက်ချထားတယ် ...

အဆောက်အဦးအတွင်းရောက်တော့ အစောင့်အကြပ်များက များပြားလွန်းပြီး လမ်းတွေကလဲ မှတ်ရခက်လှတယ် ... အချိုးအကွေ့များစွာကို ဖြတ်ကျော်လာပြီးတဲ့နောက်မှာတော့ အခန်းတစ်ခုအတွင်းရောက်ရှိသွားလေတယ် ...

" ရောက်လာပြီလား ... ရှန်ကူးမန် "

ထိုအသံကရင်းနီးနေ၍ ကူးမန်မျက်ခုန်းကြုံ့လိုက်တယ် ... ခုံပေါ်မှာ အခန့်သားထိုင်နေသူက ချန်းဆောဒိုပင် ... သူ့ရဲ့အနောက်မှာ လူ ဆယ်ယောက်ခန့်ကရပ်နေပြီး အသင့်အနေအထားမှာရှိနေကြတယ် ... သူ့ရဲ့ကိုယ်မှာ ဂျူတီကုတ်ဝတ်ထားခြင်းအားဖြင့် ထိုလူက ဒီသုတေသနလုပ်ငန်းနဲ့ ဆက်စပ်နေကြောင်းသဘောပေါက်သွားတယ် ...

သူသိတဲ့ချန်းမျိုးရိုးက အစိုးရလက်အောက်မှာ တရားဝင်အာမခံနဲ့ချေးငွေလုပ်ငန်းကိုလုပ်ကိုင်ပြီး စီးပွားရေးလောကမှာကျင်လည်နေသူ ... ခုလိုသုတေသနလုပ်ငန်း ဆေးဝါးထုတ်လုပ်ရေးထိ စီးပွားရေးတိုးချဲ့လိမ့်မည်ဟုထင်မထားခဲ့ပေ ... ဒီလိုဆိုရင် ရှန်ဟွှာတံဆိပ်တုတွေနဲ့ ဆေးဝါးအတုတွေထုတ်လုပ်နေတဲ့ တရားခံက ချန်းဆိုတာလုံးဝပေါ်လွင်နေပြီ ... ဒါဟာ သူတို့ရဲ့ပြိုင်ဘက်ကို ထိုးချတဲ့နည်းတစ်မျိုးပဲ ... ထိုအရာကိုတွေးမိတော့ ရှန်ဟွှာရန်းရဲ့မျက်နှာထားက လုံးဝပြောင်းလဲသွားကာ အေးဆက်စွာပင် ဆိုလိုက်တယ် ...

" ချန်းဆောဒို ... မင်းလဲမင်းအဖေခြေရာကိုအမှီနင်းနေတာပဲ ... ဘယ်လိုအောက်တန်းကျတဲ့နည်းလမ်းမျိုးလဲ "

ထိုစကားကြားတော့ ဆောဒိုက လှောယ်ရယ်ကာ အမေးအား ပြန်ဆိုလာတယ် ...

" အောက်တန်းကျတယ် ဟုတ်လား ... ဒါကစီးပွားရေးလုပ်နေတာ အပျော်ကစားနေတာမဟုတ်ဘူး ... ဘယ်လိုလဲ တရားမျှတတဲ့လူကြီး ... သူငယ်ချင်းကိုသစ္စာဖောက်ပြီးရလာတဲ့ ခများတို့ရဲ့လုပ်ငန်းကြီးကရော အဆင်မှပြေသေးရဲ့လား Mr.ရှန်ဟွှာရန်း "

သူ့ဖခင်ကိုစော်ကားနေတာမြင်ရတော့ ရှန်ကူးမန် ထိန်းမထားနိုင်တော့ပဲ ပေါက်ကွဲသွားလေတယ် ...

" ဘယ်သူကဘယ်သူ့ကိုသစ္စာဖောက်တာလဲ ... မင်း ခွေးစကားမပြောနဲ့ ... သတ္တိရှိရင် ငါတို့ထပ်ကောင်းတဲ့ဆေးဝါးတွေထုတ်လုပ်ပြီးယှဉ်ပြိုင် ... မကောင်းတဲ့ဆေးတွေကိုတံဆိပ်အတုတပ်ပြီး နာမည်ဖျက်တာက မင်းလုပ်နေကြ ကလေးကလားအကွက်တွေလား "

" အဟား ... သူများရဲ့အောင်မြင်မှုကို နာမည်ကောင်းဝင်ယူတာကလဲ ခများတို့ရဲ့ ကလေးကလားအကွက်တွေပဲလေ ... သနားစရာတီထွင်သူကတော့ မိသားစုအားလုံးရဲ့အသက်ပါပေးလိုက်ရတယ် ... ခများတို့က သူတီထွင်ထားတာတွေကို အသာလေးယူပြီး ထုတ်လုပ်နေတာလေ ... ဘယ်သူကပိုပြီးအောက်တန်းကျတာလဲ "

" မင်းစကားကိုမလှိမ့်တပတ်မလုပ်နဲ့ ... အားလုံးအတူတူတီထွင်ခဲ့တာ ... စပြီးသစ္စာဖောက်တာလဲမင်းတို့ သေအောင်ကြံစည်တာလဲမင်းတို့အပြင်ဘယ်သူမှမရှိဘူး ... မင်းတို့တစ်ဦးတည်း ဒီအောင်မြင်မှုကိုရယူချင်နေခဲ့တာမလား "

" မင်းသိပြီဆိုတော့လဲ ဘာမှထွေထွေထူးထူးမပြောတော့ပါဘူး ... ခုငါတို့လိုချင်သလို အောင်မြင်မှုက ငါတို့လက်ထဲရောက်လာတော့မှာ ... မင်းတို့ရှန်ဟွှာက ကျရှုံးနေပြီ ... ငါ့ဆီမှာအညံ့ခံပြီး သစ္စာခံခွေးလုပ်မယ်ဆိုရင် မင်းတို့ကိုတီထွင်သူအဖြစ်နေခိုင်းမယ် ... ဆန့်ကျင်ရင်တော့ မင်းတို့တင်မက တစ်မိသားစုလုံးရဲ့အသက်တွေကိုရယူပြစ်မယ် ... ခုမင်းတို့မှာ ဘာအာဏာ အားအင်မှ မကျန်တော့ဘူး "

" မင်း "

အနောက်က လူ ၂ ယောက်က ဒေါသကြီးနေတဲ့ ကူးမန်အား ဖမ်းချုပ်ထားလေတယ် ... ရှန်ဟွှာရန်းက လူကြီးပီပီတည်ငြိမ်နေပြီး သူတို့စကားပြောပြီးတဲ့ထိစောင့်နေပြီးမှ ချန်းဆောဒိုအားကြည့်ကာ လေးနက်စွာဆိုလိုက်တယ် ...

" မင်း ဒီကိစ္စကို အေးအေးဆေးဆေး ဆွေးနွေသင့်တယ်လို့ထင်တယ် "

ရှန်ဟွှာရန်းရဲ့စကားကြောင့် ချန်းဆောဒိုအနည်းငယ်မျှအံ့အားသင့်သွားတယ် ... ရှန်ဟွှာရန်ထံက မျှော်လင့်ထားတာထက်ပိုတဲ့ တုန့်ပြန်မှုမျိုး ရလိုက်ခြင်းကြောင့်ပင် ...

" ရှန်ဟွှာရန်း ... ခများကထင်ထားတာထက်အမျှော်အမြင်ကြီးတာပဲ "

ကူးမန်က လက်မခံနိုင်စွာပင် ဝင်တားစီးလိုက်တယ် ...

" အဖေ ... သူနဲ့ဘာကိစ္စမှဆွေးနွေးနေစရာမလိုဘူး ... ကျွန်တော်တို့ ... "

ရှန်ဟွှာရန်းက ကူးမန်စကားနားမထောင်ပဲ ထည်ငြိမ်စွာပင်အမိန့်ပေးလိုက်တယ် ...

" မင်း ... အသာလေးငြိမ်နေ "

ချန်း​စောဒိုက ထိုအခြေအနေအားမှင်သက်ကာ သဘောကျနှစ်သက်သွားလေတယ် ...

" အဟား ... ထိုင်ပါဦး ကျွန်တော်တို့အေးဆေးစကားပြောကြတာပေါ့ "

ထိုအခါမှ ရှန်ဟွှာရန်းနဲ့ ရှန်ကူးမန်ကို ဖမ်းချုပ်ထားတဲ့လူတွေ လွှတ်ပေးလာပြီး ခုံပေါ်မှာ ထိုင်စေလိုက်တယ် ... ရှန်ဟွှာရန်းက တိုက်ပွဲပေါင်းများစွာဆင်နွှဲခဲ့ရ၍ ရန်သူကိုအကဲခပ်ကာ ဘယ်လိုဖြေရှင်းသင့်လဲဆိုတာ သိနေတယ် ... ချန်းဆောဒိုလိုလူက အထက်ကိုအပိုင်ချုပ်ထားနိုင်၍ ခုချိန်မှာ တောင်းဆိုမှုအား သူတို့ကန့်ကွက်နေရင်တောင် ကယ်တင်ပေးနိုင်မဲ့သူမရှိဘူး ... ချန်ဆောဒိုရဲ့အလိုကိုလိုက်ပြီး သူသတိလက်လွတ်ဖြစ်တဲ့အချိန် အချက်အလက်တွေကိုအရယူပြီးမှ အမိဖမ်းလျှင် အပြစ်တွေအားလုံးကို ထုတ်ဖော်နိုင်လိမ့်မယ် ... ယခုလိုကမ်းလှမ်းခံရတာက သူတို့အတွက် အမှန်တရားကိုထုတ်ဖော်နိုင်မဲ့ အခွင့်အရေးပဲ ...

" ကောင်းပြီ မင်းဘာကြောင့် ငါတို့ကိုပူးပေါင်းစေချင်လဲ ပြောပြနိုင်မလား "

" ခများကတစ်ချိန်တုန်းက အဆင့်မြင်တီထွင်သူတစ်ဦးပဲလေ ... ဒီတိုင်းသေသွားတာထက် ခများမသေခင် လူသားတွေအကျိုးပြုဖို့ တီထွင်စမ်းစစ်မှုလေးတွေ လုပ်သွားသင့်တယ်မဟုတ်လား ... Mr.ရှန်ဟွှာရန်း ခများလဲသခင်ကြီးတစ်ယောက်ဆိုတော့ ကျွန်တော်လေးစားတဲ့အနေနဲ့ ခများသစ္စာခံမယ်ဆိုရင် ခများရဲ့အကျောတင်းတဲ့သားနဲ့မြေးမိသားစုကိုချမ်းသာပေးမယ် ... ဒါပေမဲ့ခများတီထွင်မှုမအောင်မြင်ရင်တော့ သူတို့အားလုံးရဲ့အသက်ကိုပေးရမယ် "

ရှန်ဟွှာရန်းက ခပ်မဲ့မဲ့ပြုံးလိုက်ပြီး ...

" ငါ့ရဲ့တီထွင်မှုက အောင်မြင်မယ်မအောင်မြင်ဘူးဆိုတာတော့မသေချာဘူး ... ဒါပေမဲ့ မင်းငါ့မိသားစုအသက်ကို လောင်းကစားအဖြစ်သုံးရဲ့တဲ့ သတ္တိကိုတော့လေးစားသွားပြီ ... မင်းမေ့နေပြီလား Lion ကဘယ်လိုလူစားမျိုးလဲဆိုတာ ... Lion ရဲ့အဖေအမေနဲ့ အဖိုးတွေကရော မင်းအမြင်မှာ ဘယ်လိုလူစားမျိုးလဲ "

ရှန်ဟွှာရန်းရဲ့အကြည့်တွေက အနှောင်အဖွဲ့တွေနဲ့ ထိန်းသိမ်းခံထားရတာတောင်မှ အရှိန်အဝါပြင်းလွန်းလှတဲ့ ခြင်္သေ့တစ်ကောင်ပမာ စူးရဲနေ၍ ချန်းဆောဒိုခနမျှကြောင်အမ်းသွားလေတယ် ... ဒါကသူ့ရဲ့နယ်မြေလား ဘယ်သူ့နယ်မြေလဲဆိုတာပင် ခနမျှမေ့မောသွားသည်ထိ ... လူတစ်ရာကိုတစ်ယောက်ထည်းချနိုင်တဲ့ ခြင်္သေ့အိုကြီးရဲ့ ဂုဏ်သတင်းတွေက အမှားတော့မဟုတ်ဘူးပဲ ... ဘေးနားမှာ အစောင့်တွေအများကြီးရှိတာတောင် ဘယ်အချိန်ကို့ကိုလာပြီး လည်ပင်းညှစ်မလဲ တွေးကြောက်ရမဲ့အခြေအနေမျိုးဖြစ်နေတာကြောင့် ချန်းဆောဒို ရှန်ဟွှာရန်းအား အနည်းငယ်ရှိန်သွားတာတော့အမှန်ပင် ... ထပ်မံအနိုင်ယူဖို့တစ်ခြားနည်းလမ်းပြောင်းသုံးရန် ဆုံးဖြတ်လိုက်တယ် ...

" အဟား ... ခများကနာမည်ကြီးနေတာလဲမပြောနဲ့ ယုံကြည်မှုအပြည့်ရှိနေတာပဲ ... ထားပါတော့ ခများက ခများမိသားစုကို မထိနိုင်ဘူးလို့ ထင်နေတာလား ... ခုခများတို့တစ်မိသားစုလုံးကဝရမ်းပြေးဖြစ်နေပြီ ... ကျွန်တော်မရှာတောင် ရှာတွေ့တဲ့သူက ကျွန်တော့ကိုဆက်သွယ်မှာပဲ ... ပြီးတော့ ခများတို့ပုန်းအောင်းနိုင်တဲ့နေရာတွေအားလုံးကိုသိတဲ့ လူတစ်ယောက်ရှိတယ် "

ချန်းဆောဒိုက တံခါးဘက်ကအစောင့်ထံမျက်နှာမူပြီး အမိန့်ပေးလိုက်တယ် ...

" သူ့ကိုဝင်လာခိုင်းလိုက် "

ထိုစဉ်တံခါးချပ်ပွင့်လာပြီး လူတစ်ယောက်အထဲသို့ဝင်လာတယ် ... သူ့ရဲ့အနားမှာ အထိန်းအချုပ်မရှိ လွတ်လပ်စွာပင် ... ထိုလူက ချန်းဆောဒိုရဲ့လူဆိုသာ သိသာလှတယ် ... ရှန်ဟွှာရန်းနဲ့ရှန်ကူးမန်ထိုလူအားမြင်လိုက်ရတော့ မျက်မှောင်ကုပ်သွားပြီး ကူးမန်ကလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်တယ် ... ချန်းဆောဒိုက ရှန်သားအဖရဲ့မျက်နှာထားကိုကြကာ သဘောကျစွာအောင်ရယ်လိုက်ပြီး ...

" ဘယ်လိုလဲ ... ခများတို့ရဲ့ချစ်လှစွာသောမြေးက ခများတို့ဘက်ကလို့ထင်နေတာလား "

ဝင်လာသူက ရှုမန်းပင် ... သူ့အဖေနဲ့အဖိုးအား တစ်ချက်မျှသာကြည့်လိုက်ပြီး ချန်းဆောဒိုဘေးကခုံမှာဝင်ထိုင်လိုက်တယ် ... ခုသူ့ရဲ့ရာထူးက ဆောဒိုရဲ့လက်ရုံးဖြစ်နေပြီး ဒီအဆောက်အဦးထဲမှာ အတားအစီးမရှိသွားလာနိုင်တယ် ... ဒီလိုအခွင့်အရေးရဖို့ သူ့အဖိုးနဲ့ဖခင်ထောင်ကျအောင်ကူညီခဲ့တာပဲ ... ရှန်ဟွှာရန်က ဘာမှမဆိုပေမဲ့ ငြိမ်နေပေမဲ့ ကူးမန်က သူ့သားအားကြည့်ကာ အော်ကာပြောလာတယ် ...

" ရှန်ရှုမန်း ... မင်းဘာတွေလုပ်နေတယ်ဆိုတာရောသိရဲ့လား ... မင်းကဒီလိုမကောင်းတဲ့ကောင်တွေနဲ့ပူးပေါင်းပြီး ကိုယ့်မိသားစုကိုတောင်ပြန်ဒုက္ခပေးနေသေးတယ် ... မင်းကိုယ်မင်း ရှန်ဟွှာရဲ့သားလို့သတ်မှတ်နေသေးတာလား "

" ကျွန်တော့ကို အဖေပဲစွန့်ပြစ်ခဲ့တာမဟုတ်လား ... ဘာကြောင့် ရှန်ဟွှာရဲ့သားလို့ပြောနေသေးလဲ ... ကျွန်တော်ကမိဘမဲ့ ... ကျွန်တော့မှာ ဘာဆွေမျိုးမှမရှိတော့ဘူး "

" မင်း ... ငါမင်းကိုဘယ်တုန်းကစွန့်ပြစ်ခဲ့လို့လဲ ... ငါမင်းလုပ်စားနိုင်အောင် လုံလောက်တဲ့စည်းစိမ်ပေးခဲ့တယ် ... မင်းရဲ့အိမ်ကိုသိမ်ခဲ့ပေမဲ့ သာမန်ဘဝမှာ မင်းရှင်သန်နိုင်တဲ့အခြေအနေမျိုးပေးခဲ့တယ် ... မင်းဘယ်လောက်ထိ ချမ်းသာကြွယ်ဝဖို့ လောဘကြီးနေတာလဲ "

" ကျွန်တော့ကိုသာမန်ဘဝမှာနေခိုင်းတယ် ... ကျွန်တော့လိုပြီးပြည့်စုံတဲ့ဘဝမှာနေခဲ့တဲ့သူက သာမန်ဘဝမှာဘာလုပ်စားရမှာ ... ကျွန်တော်လုပ်တတ်တာ ဒီနည်းလမ်းပဲရှိတယ် "

" မင်းကလိမ်ကကျစ်ကျတဲ့နေရာမှာ ဆရာကြီးပဲ ... ဖန်းဂူပြောတာတွေငါမယုံမိခဲ့တာငါ့အမှားပဲ ... မင်းကိုငယ်ငယ်ကတည်းကသာ ထိန်းသိမ်းနိုင်ခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး ... ဒါတောင်မင်းက မင်းအကိုနဲ့ယှဉ်ချင်သေးတယ် ... ရှန်ဖန်းဂူက သူ့ကိုယ်သူဒုက္ခခံပြီး မျိုးနွယ်စုကိုကာကွယ်ပေးနေတာ ... မင်းလိုကိုယ်ကောင်းဖို့တစ်ခုတည်းအတွက် မျိုးနွယ်စုကို သစ္စာမဖောက်ဘူး ... ရှန်ရှုမန်း မင်းကငါ့သားမဟုတ်တော့ဘူး "

ရှန်ကူးမန်က လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်လိုက်ပြီး ...

" ကျွန်တော်က ဘယ်တုန်းကအဖေ့သားဖြစ်ခဲ့လို့လဲ ... မယားပါသားပဲလေ "

ထိုစကား၌သူ့အသံတွေကအနည်းငယ်တုန်ယင်နေပုံပင် ... ရှန်ကူးမန်လဲ ဒေါသတွေကိုမနည်းထိန်းချုပ်နေရတာနဲ့ ဘာစကားမှဆက်မဆိုနိုင်တော့ပေ ... ဆောဒိုက သားအဖ ၂ ယောက်စကားများနေတာကို ပွဲတဖွယ်ထိုင်ကြည့်နေပြီး မီးလောင်ရာလေပင့်ထပ်လုပ်နေတော့တယ် ...

" ခများတို့ရဲ့အိမ်တွင်းကအရှုတ်ကိုတောင်မရှင်းနိုင်တာ ဒီပြဿနာကို ဘယ်လိုရှင်းမှာလဲ ... အော်ဒါနဲ့ ပြောဖို့မေ့နေတာ ... ရှန်ကူးမန် ခများရဲ့သားကလေ ဘယ်လောက်ထိအသုံးဝင်သလဲဆိုရင် သူ့အဖိုးစွတ်ဆွဲခံရဖို့ ရှန်ဟွှာအိမ်တော်ထဲထိဝင်ပြီး စိန် ၇ လုံးကိုသွားထားပေးတာ ... ခများပြောတာထက်ကိုသတ္တိပိုကောင်းတယ် ... ပြီးတော့ သူ့အဖေရဲ့မတရားတဲ့အမှုတွေပေါ်ဖို့အချက်အလပ်တွေလဲ စုဆောင်းပေးသေးတယ် ... အဟား ဘယ်လောက်တောင် ကျေးဇူးသိတတ်တဲ့သားလဲ "

ရှန်ဟွှာရန်းက ရေခဲသမျှအေးဆက်နေပြီး အကြည့်တွေက ရေခဲစူးသမျှချွန်ထွက်နေတယ် ... လှောင်ရယ်နေသည့် ဆောဒိုပင် ချက်ချင်းရပ်သွားမိလေတယ် ... သူှန်သားအဖရဲ့ဒေါသကိုစွလိုက်တာက အတော်အတန် လုံလောက်ပြီမို့ ရှုမန်းအားလှည့်ကြည့်ကာ အမိန့်ပေးလိုက်တယ် ...

" ရှုမန်း ... ဒီနေ့မင်းလုပ်တာကောင်းတယ် ... ခုငါတို့ဆေးဝါးအသစ်တီထွင်ကျတော့မှာဆိုတော့ စမ်းသပ်ခံသားကောင်လိုတယ် ... ငါခိုင်းထားတဲ့အတိုင်း မင်းသူတို့သားအဖကိုရအောင်ရှာလာခဲ့ "

" ကောင်းပြီ "

ရှုမန်းက ရှန်ဟွှာရန်းနဲ့ကူးမန်အား တစ်ချက်မျှ လှည့်ကြည့်ပြီးနောက် အခန်းထဲမှထွက်သွားလေတယ် ... ချန်းဆောဒိုရဲ့တောင်းဆိုမှုကို လက်ခံပြီး ကူးမန်နဲ့ဟွှာရန်း လက်တွေ့စမ်းသပ်ခန်းထံလိုက်ပါလာခဲ့ကြတယ် ... ဘယ်လိုမကောင်းတဲ့အကြံစည်တွေနဲ့ တီထွင်မှုတွေက သူတို့အား စည်းကြိုနေမလဲ မသိနိုင် ပေ ...

*

*

*


အမှောင်မှာရှိတဲ့ အဖွဲအစည်းတွေက ရှန်ဖန်းဂူပြန်ရောက်လာပြီးနောက် မျက်ခုံးတလှုပ်လှုပ်နဲ့ ကြောက်ရွံ့နေကြရတယ် ... သူတို့ထင်ထားတာက Lion ရဲ့မျက်နှာအမှန်ပေါ်လာခဲ့ရင် အလင်းကအရာရှိတွေက Lion ကိုဖမ်းစီးကြလိမ့်မယ် ပြီးရင်သူတို့ကိုတားစီးမဲ့သူမရှိတော့ဘူးဟူ၍ ... လက်တွေ့မှာ Lion ကအလင်းကိုမကြောက်တဲ့အပြင် အမှောင်မှာပိုပြီးတင်းကြပ်လာကာ တစ်လအတွင်း Lion ရဲ့ချေမှုန်းချင်းခံရတဲ့အဖွဲ့အစည်းတွေဆိုတာ မနည်းမနောပဲ ... ဒါတောင် Lion ကိုခြေရာခံနိုင်တဲ့သူမရှိသေးဘူး ... ရုတ်တရပ်လေထဲကနေပေါ်လာပြီး ပျောက်ကွယ်သွားတတ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်အလားပင် ...

ပို၍ ဆိုးတာက တစ်ချိန်တုန်းက ရန်သူဖြစ်ခဲ့ပြီးအမြဲတိုက်ခိုက်နေကြတဲ့ ပြိုင်ဘက်ကင်း ၂ ယောက်ဖြစ်တဲ့ Lion နဲ့အရာရှိရှုယွမ်ဟာ ခုတော့ တစ်ဖွဲ့ထည်းဖြစ်သွားကာ အရာရှိဆိုတဲ့ရာထူးကိုစွန့်လွှတ်လိုက်တဲ့အပြင် Lion နဲ့အတူ အမှောင်မှာနေပြီး ပူးပေါင်းတိုက်ခိုက်နေ၍ ခြင်္သေ့ညီနောင်ဟုပင်တင်စားရလောက်သည်ထိ အုပ်စိုးထားလေတယ် ...

" တောက် ! အဓိပ္ပါယ်မရှိလိုက်တာ ... ငါလုပ်ငန်းတွေကို ဖျက်စီးရဲတယ် "

လက်ထဲက ပျက်စီးဆုံးရှုံးသွားတဲ့တန်ဖိုး စာရင်းစာရွက်ကိုကိုင်ပြီး ဒေါသအကြီးအကျယ်ထွက်နေသူကတော့ အမှောင်မှာကျင်လည်နေတာ နှစ်ဆယ်ချီကြာပြီဖြစ်တဲ့ မှောင်ခိုဈေးကွက်သမား လန်ကျောက်ချူးပင်ဖြစ်တယ် ... သူဟာနေရာအနှံ့ဖြန့်ကြပ်ကာ တရားမဝင်ဆေးနဲ့ လက်နက်တွေကို ပြည်နယ်အသီးသီးသို့ တင်သွင်းနေပြီး သူ့ရဲ့နယ်ပြေကိုဘယ်သူမှမနှောက်ယှက်အောင် အလုံအလောက်ငွေပေးကာ သတင်းပိတ်ဆို့ထားခြင်းပင် ... Lion ပြန်ပေါ်လာပြီးနောက် သူငွေပေးပြီးနှုတ်ပိတ်လို့မရတော့တဲ့အပြင် သူတင်သွင်းသမျှပစ္စည်းတွေကိုလိုက်လံဖျက်စီးကာ ဈေးကွက်ကျအောင်လုပ်ဆောင်နေတယ် ... ခုဆို မီလီယန်နဲ့ချီတဲ့ပစ္စည်းတန်ဖိုးတွေဆုံးရှုံးလိုက်ရပြီ ...

" ခွေးကောင်းတွေ သတ္တိရှိရင် ထိပ်တိုက်လာတွေ့စမ်း ... နောက်ကွယ်ကနေ ကြောင်တစ်ကောင်လိုပုန်းပြီး ချောင်းမတိုက်နဲ့ ... မင်းတို့က ပစ္စည်းတွေကိုပဲ ဖျက်ဆီးရဲပြီး ငါ့အဖွဲ့အစည်းကိုကျမတိုက်ခိုက်ရဲဘူးမလား ... မင်းတို့က ခြင်္သေ့ညီနောင်မဟုတ်ဘူး သူရဲဘောကြောင်တဲ့ ကြောင်ညီနောင်လို့ပြောတာက ပိုမှန်လိမ့်မယ် ... ဟမ့် "

ထိုသူက ဒေါသကြီးကာ စားပွဲခုံကိုပုတ်၍ ဆိုနေခြင်းပင် ... သူ့ဘေးနားကတပည့်များကတော့ ဘေးပတ်ဝန်းကျင်အား လှည့်တကြည့်ကြည့်နဲ့ ကြောက်ရွံ့နေကြတယ် ... သူတို့ ဆရာ ကိုလဲမတားရဲ ဘယ်အချိန် ခြင်္သေ့ ၂ ကောင် ဝုန်းကနဲ့ ထွက်လာမလဲ လန့်နေခြင်းပင် ...

' ဒုန်း ... ဒုန်း '

" အား "

အသံကတံခါးခေါက်သံရိုးရိုးသာ ... လန့်ပြီးအော်မိသွားတာက လန်ကျောက်ချူးရဲ့အားကိုးအားထားရတဲ့တပည့်များပင် ... လန်ကျောက်ချူးက သူ့တပည့်တွေကိုကြည့်လိုက်ပြီး ...

" မင်းတို့က ဘာကိစ္စသေမလိုကြောက်နေတာတုန်း ... ငါပြောလိုက်ယုံနဲ့ အဲ့ ၂ ကောင်က ဝုန်းကနဲ ရောက်လာမယ်ထင်နေတာလား "

" မ ... မဟုတ်ပါဘူးဆရာ ... လန့်သွားလို့ပါ "

" မင်းတို့က မာဖီးယားလား လမ်းဘေးလူမိုက်တွေလား ဟမ် ... သူတို့ကို ဘာမှကြောက်စရာမလို "

' ဝုန်း '

" ဘယ်ကောင်းတုန်းကွ "

အသံကထပ်မံကြယ်လောင်လာ၍ စိတ်မရှည်နိုင်တော့ပဲ အနားကတပည့်ဖြစ်သူအား သွားဖွင့်ရန် အမိန့်ပေးလိုက်တယ် ... ထိုတပည့်က ကြောက်ကြောက်လန့်လန့်နဲ့ တံခါးအားဖွင့်လိုက်တဲ့အခါ ဝင်လာသူက အဖွဲ့ဝင်တစ်ဦးသာ ... ထိုအခါမှ သူတို့အားလုံး သက်ပြင်းချနိုင်တော့တယ် ... လန်ကျောက်ချူးက သူ့အားလန့်အောင်လုပ်တဲ့ ထိုတပည့်မိုက်အား ဆူပူလေတော့တယ် ...

" မင်းတံခါးကို ရိုးရိုးခေါက်လို့မရဘူးလား ... အနောက်ကခွေးရိုင်းတအုပ် လိုက်လာတဲ့အတိုင်းပဲ "

ထိုလူက မောဟိုက်စွာပင်အသက်ကိုပြင်းပြင်းရှူထုပ်ရင်း တင်ပြလေတော့တယ် ...

" ခွေး ... ခွေးရိုင်းမဟုတ်ဘူး ... ခြင် ... ခြင် ... "

" ဘာလဲကွ ... ခြင်ကိုက်လို့လား "

" မ ... မဟုတ်ဘူး ... ခြင် ... ခြင် ..."

ထိုစဉ်ဘေးနားက တပည့်ဖြစ်သူက အော်ကာပြောလိုက်လေတော့တယ် ...

" ခြင်္သေ့ ၂ ကောင် "

" အဟား ... မင်းအိမ်မက်မက်နေတာလား ... ခြင်္သေ့ ၂ ကောင်က ဘယ်လိုဖြစ်ပြီး ငါ့ဆီလာနိုင်မှာလဲ ... ဒီအဆောက်အဦးက ၅ ထပ်တိုက် ... အောက်မှာအစောင့် ၁၀၀ ကျော်ရှိတယ် ... သူတို့အတောင်ပံတပ်ပြီး လေပေါ်ကနေပျံလာမှရမယ် "

" ရောက်နေပြီဆရာ "

" ဘာ ... တောင်ပံနဲ့လား "

" မဟုတ်ဘူး ခြေထောက်နဲ့လာတာဆရာ ... တံခါးဝမှာ "

ပွင့်နေတဲ့တံခါးဝကနေ ကြီးမားတဲ့အရိပ်မဲကြီးနှစ်ခု စတင်ဝင်ရောက်လာပြီးနောက် ရဲရင့်တဲ့ခြေလှမ်းတွေနဲ့အတူ အတားအစီးမဲ့ ခန့်ညားလှတဲ့ လူ ၂ ယောက်ဝင်လာလေတော့တယ် ... ၂ ယောက်စလုံးရဲ့ မျက်နှာတစ်ဝက်ဆီမှာ မျက်နှာဖုံးသပ်ဆင်ထားပြီး အကြည့်တွေက လူကိုပင်အေးခဲမတတ်ပင် ... Lion တစ်ယောက်ထည်းတောင် တုန်နေအောင်ကြောက်ရတာ ခု ၂ ယောက်ဆိုတော့ ရှိသမျှလူတွေအားလုံးကြက်သေသေကာ ထိုက်ခိုက်ဖို့ပင်မေ့လျော့သွားလေတယ် ... ပြီးနောက် လန်ကျောက်ချူးက စတင်အော်လေတော့တယ် ....

" အပြင်ကကောင်တွေ ဘယ်ရောက်သွားတာလဲ ... မတားကျဘူးလား "

တုန်တုန်ယင်ယင်နဲ့ဝင်လာတဲ့တပည့်က အားကြိုးမန်တက်ပြောလာတယ် ...

" မရှိတော့ဘူးဆရာ "

" ဘ ... ဘာ ... ဒါဆို အထူးလက်ရုံးအဖွဲရော "

" သူတို့လဲမရှိကြတော့ဘူးဆရာ "

" တံခါးစောင့်တဲ့ကောင်တွေရော ... လက်နတ်တွေမသုံးကြဘူးလား "

" အကုန်မရှိကြတော့ဘူးဆရာ "

" ငါ့ကိုယ်ရံတော်တွေရော "

" သူတို့လဲမရှိတော့ဘူးဆရာ "

နောက်ဆုံးပေါက်ကွဲကာ ဖြေဆိုနေတဲ့တပည့်အား အော်လေတော့တယ် ...

" အကုန်မရှိတော့တာကို မင်းကပျော်နေတာလား ... ခွေး တိရစ္ဆာန်ကောင် "

" ဆ ... ဆရာ သူတို့ကျွန်တော်ကိုမသတ်တာပဲ ကျေးဇူးတင်နေပြီ ... ဆရာကဘာတွေမျှော်လင့်နေတာလဲဗျာ "

" မင်း ... မင်း "

သွေးများပင်စောင့်တက်လာသလို ... အခန်းတွင်းရှိလူတွေအားလုံးလဲ လေးလံတဲ့လေထုဖိအားကြောင့် အကုန်ဒူးထောက်ကုန်ကြတယ် ... ထိုလူက ထိုင်ခုံပေါ်ထိုင်နေပြီး အောက်ထိုင်ရမလား ထပြီးထိပ်တိုက်ရင်ဆိုင်ရမလားတွေးနေစဉ် ခုပဲ သူဆူငေါက်လိုက်တဲ့တပည့်ဖြစ်သူက အနားနားကပ်လာကာ တိုးတိုးလေးပြောလာတယ် ...

" ဆရာ အဲ့ ၂ ယောက်က ဝင်လာပြီးနာရီဝက်အတွင်း ဘာအသံမှမဆူညံအောင် ဆရာလက်အောက်ကလူတွေအကုန်လုံးကိုဖမ်းချုပ်ထားတာ ... သူတို့ ၂ ယောက်ကိုသွားစမိရင် အရိုးတခြားအသားတစ်ခြားဖြစ်သွားမယ် ... ခုံပေါ်မှာ ဆက်ထိုင်နေဦးမှာလား "

" ဘ ... ဘာ တကယ်လားကွ ... အဲ့ဒါကကောလဟာလပဲမဟုတ်ဘူးလား "

" မယုံရင်ဆရာထပြီး ရန်စကြည့်ပါလား "

" ငါသေမှာပေါ့ဟ "

" အဲ့ဒါဆို မြန်မြန်ထိုင်လေ "

ထိုလူမှာ ဘာမှဆက်မတွေးနိုင်တော့ပဲ ခုံပေါ်ကနေ အောက်သို့ထိုင်ချလိုက်တော့တယ် ... သူတို့အမှောင်မှာကျင်လည်နေတယ်ဆိုတာက ဘာတိုက်ခိုက်ရည်မှမရှိပဲ ငွေကျေးနဲ့လူအင်အားကိုသုံးကာ အမောက်ထောင်နေတဲ့ အဆွယ်မရှိတဲ့မြွေပွေးသာသာပင် ... ထိုသို့ခေါင်းပုံဖြတ်တဲ့စီးပွားရေးသမားတွေက တကယ်တန်း တိုက်ခိုက်ရမည်ဆိုလျှင် တစ်ချက်ထည်းနဲ့သေနိုင်တယ် ... သူ့လူတွေမရှိကြတော့ဘူးဆိုတော့ Lion ကိုမျက်လုံးပင်ရဲရဲမကြည့်ရဲတော့ပေ ...

ဖန်းဂူနဲ့ရှုယွမ်တို့ တစ်ယောကိုတစ်ယောက်ကြည့်လိုက်ပြီး အညံ့ခံသွားတဲ့ မြေခွေးထံလျှောက်လာခဲ့တယ် ...

" မင်း ခုချိန်ကစပြီး ဒီအလုပ်ကိုစွန့်လွှတ်ရမယ် "

" ဗျာ "

ထိုလူမှာ ပြာယာခပ်ကာ တောင်းပန်လေတော့တယ် ...

" ကျွန်တော့မှာ ဒီအလုပ်လေးရှိမှစားရတာပါ ... ကလေး ၂ ယောက်နဲ့မိန်းမလဲရှိပါတယ် ... ကျွန်တော်သာအလုပ်မရှိရင် သူတို့အားလုံး ငတ်ပြီးသေသွားကြမှာ "

" အခု မင်းသေမှာကိုရော စိတ်မပူဘူးလား "

ထိုလူမှာ ဘာမှဆက်မပြောနိုင်တော့ပေ ... ရှုယွမ်က ဖန်းဂူအနားကပ်ပြီး တိုးတိုးလေး မေးလိုက်တယ် ...

" မင်း သူ့ကို ဒီတိုင်းလွှတ်ပေးလိုက်တော့မှာလား "

ဖန်းဂူက ထိုလူအား တစ်ချက်မျှကြည့်လိုက်ပြီး ...

" သူကအဆွယ်မပါတဲ့မြွေပဲ ... အဆိတ်မရှိဘူး "

" ဒါပေမဲ့ သူကမင်းကိုကြိုးကိုင်ဖို့ကြိုးစားနေတဲ့အဖွဲ့အစည်းနဲ့ပတ်သပ်နေရင်ရော "

" သူပြောခဲ့တယ်မဟုတ်လား ... သူမှာမိသားစုတွေရှိနေသေးတယ် ... သူဘယ်လောက်မွဲပြာကျနေပါစေ သူ့မိသားစုထိခိုက်စေမဲ့အလုပ်ကိုမလုပ်နိုင်ဘူး "

" မင်းတကယ်ကိုပြောင်းလဲသွားပြီပဲဖန်းဂူ ... အရင်ကမင်းလမ်းမှာလာရှုတ်တဲ့ခြင်ကအစသတ်ခဲ့တဲ့မင်းက ဒီလိုအုပ်စုကြီးကြီးကလူကိုအရှင်ထားတယ် ... မင်း ဒီလူလိုမသတ်ပဲအသက်ရှင်ခွင်ပေးခဲ့တာအများကြီးပဲ ... မင်းကိုယ်မင်းယုံကြည်မှုအပြည့်ရှိပုံပဲ ... ငါပဲတွေးပူနေမိတာလား "

ရှန်ဖန်းဂူက အပြင်လောကတစ်နေရာကိုငေးကြည့်ပြီး ရှုယွမ်စကားတွေအားနားထောင်ရင်း တစ်ချိန်ကမိုက်ရူးရဲခဲ့တဲ့အချိန်တွေကိုပြန်အမှတ်ရမိသွားလေတယ် ... လူ့အသက်ကိုတန်ဖိုးမထား မိသားစုတွေကိုမငဲ့ကွက်ပဲ သူ့ကိုအာခံတာနဲ့သတ်ပြစ်ခဲ့တယ် ... ခုတော့မိသားစုရဲ့တန်ဖိုးကိုသိပြီမို့ သူတစ်ခြားနည်းလမ်းနဲ့အနိုင်ယူဖို့ဆုံးဖြတ်လိုက်ခြင်းပင် ... ဖန်းဂူက ရှုယွမ်ရဲ့အမေးအား လေးနက်စွာပြန်ဖြေလိုက်တယ် ...

" မင်းချက်စ်ကစားဖူးတယ်မလား "

" အင်း "

" သူကတစ်ဖက်မှာ ဘုရင်ရုပ်ထုတစ်ခုစီရှိပြီး အနက်နဲ့အဖြူ ကျားကွက်စေ့တွေယှဉ်ပြိုင်ရတယ် ... မင်ကအဖြူဆိုငါကအနက် ... ငါရဲ့အနက်ရောင်ကျားကွက်စေ့က မင်းရဲ့အဖြူရောင်ကျားကွက်စေ့ရဲ့နေရာကိုယူလိုက်ရင်အဖြူရောင်ကျားကွက်စေ့ကအလိုလိုငါ့ဟာဖြစ်လာတယ်မဟုတ်လား "

" အင်း ... မင်းပိုင်တာပေါ့ "

" မင်း လုယူလို့ရောရလား "

" မရနိုင်ဘူး ... မင်းနေရာကိုပဲပြန်ပြီးလုယူနိုင်မယ် "

" ဒီလိုပဲလေ ... ငါတို့သွားနေတာကဘုရင်ကိုတိုက်ထုပ်ပြီးနယ်ချဲ့ဖို့ပဲ ... ကျားကွက်စေ့ကိုအမှုန်ချေပြစ်တာကဘာထူးခြားမှာလဲ ... သူတို့အသက်တွေကလဲကျားကွက်စေ့လိုပဲ ... သူတို့ငါ့လက်အောက်မှာရှိနေသ၍ လုံခြုံတယ် ... သူတို့ဘာသာထွက်ပြေးလို့သေသွားရင်တော့ငါနဲ့မဆိုင်ဘူး ... ငါ့တာဝန်က နယ်ချဲ့ပြီး ဘုရင်ကိုအလဲထိုးနိုင်ရမယ် "

ရှုယွမ်မှာ ဖန်းဂူဖြေရှင်းချက်အား သဘောကျ၍ လက်မထောင်ပြလိုက်တယ် ... ဖန်းဂူကလဲ ဂုဏ်ဆာနေတဲ့အပြုံးနဲ့ လက်ပိုက်လျှက် ရပ်နေပြီး အောက်ကလူများကတော့ ကြောင်ကြောင်လေးတွေကြည့်နေကြတယ် ... ခနကြာတော့ လန်ကျောက်ချူးက မရဲတရဲနဲ့ဆိုလာခဲ့တယ် ...

" ကျွန် ကျွန်တော့လုပ်ငန်းတွေက ခုဒေဝါလီခံရတော့မှာဆိုတော့ ကျွန်တော်ဘာလုပ်စားရမလဲ ဆရာ "

" မင်းလုပ်စားဖို့လုပ်ငန်းကအစ ငါရှာပေးရမှာလား "

ထိုလူမှာ ထိပ်ထိပ်ပြာပြာပင် ...

" မ မဟုတ်ပါဘူး ... ဆရာ Lion ကကျွန်တော့ကိုအသက်ချမ်းသာမေးတာကိုပဲ ကျေးဇူးတင်လှပါပြီ ... ကျွန်တော်ဆရာထံမှာ အညံ့ခံပါ့မယ် ... ကျွန်တော့ကို ဆရာ့လက်အောက်မှာနေခွင့်ပေးပါ "

ထိုလူက ဘယ်သူ့လက်အောက်ကပိုလုံခြုံမလဲသိသွားပုံပင် ... သူ့တပည့်တွေကလဲ အညံ့ခံကာ ရှန်ဖန်းဂူလက်အောက်မှာနေဖို့အသနားခံလာကြတယ် ... ရှန်ဖန်းဂူက အသက်သာချမ်းသာပေးချင်ပေးမယ် ဒီလိုအသုံးမကျတဲ့သူတွေကိုတော့ သူ့လက်အောက်ခံအဖြစ်မထားနိုင်ဘူး ... သူကတစ်ခွန်းထည်းသာပြန်ဖြေလိုက်တယ် ...

" မင်းတို့လို သူငယ်တန်းအဆင့်အရည်အချင်းမျိုးနဲ့ Lion ရဲ့လက်အောက်ခံဖြစ်ချင်နေတယ် ... စိတ်ကူးယဉ်မနေနဲ့ "

" ဒါ ဒါဆို ကျွန်တော်တို့ ဘာလုပ်စားရမလဲ ... ထပ်ပြီးကုန်သွယ်လို့မှမရ ... "

" မင်းထပ်ပြီးကုန်သွယ်ရင်မင်းတင်မကဘူး တစ်မိသားစုခုံးကိုသတ်ပြစ်မယ် "

" ဟုတ် ... ဟုတ် "

ထိုလူမှာ စကားစပင်မစရဲတော့ပေ ... ခနကြာတော့ ရှုယွမ်ကအတွေးတစ်ခုဝင်လာပြီး ပြောလိုက်တယ် ...

" မင်းတို့ ပင်လယ်ခရီးသွားတာကြွမ်းကျင်တယ်မလား "

" ဒါပေါ့ ... ကျွန်တော်တို့က ပင်လယ်ထဲမှာအလုပ်လုပ်တာလေ "

" ဒါဆိုအဆင်ပြေပြီလေ ... မင်းတို့ ငါးဖမ်းစားလို့ရတယ် "

" ဗျာ "

လန်ကျောက်ချူးမှာ တစ်သက်နဲ့တစ်ကိုယ် အဆင့်မြင်ကုန်သည်ဘဝကနေ ငါးဖမ်းသမားဘဝရောက်လိမ့်မယ်ဟု ထင်မထားပေ ...

" ကျွန်တော်က ငါးတွေကို အရှင်လတ်လတ်ကိုင်ရဲတာမဟုတ်ဘူးဗျ "

" ဒါဆိုမင်းတပြည့်တွေကို ခိုင်းပေါ့ "

ထပည့်တွေကလဲ ထပ်တူပင်ငြင်းဆန်နေကြတယ် ...

" ကျွန်တော်တို့က လူပဲသပ်ရဲတာ ... ငါးဖမ်းတာတော့မလုပ်တတ်ဘူး "

ရှန်ဖန်းဂူမှာ စိတ်မရှည်နိုင်တော့ပေ ...

" မင်းတို့ဘာသာ ဘာပဲလုပ်စားလုပ်စား ငါ့ရှေ့ထပ်ပြီးပေါ်မလာစေနဲ့ ... မင်းရဲ့လူတွေအကုန်လုံးကိုဖမ်းပြီး မျက်နှာမှာ အမှတ်အသားပေးထားတယ် ... သူတို့ကိုဒီနယ်မှာနောက်တစ်ခါထပ်တွေ့ရင်အသေပဲ ... ပြီးတော့မင်းနဲ့ဒီအခန်းထဲကမင်းလူတွေအကုန်လုံးကို ငါမှတ်မိတယ် ... ငါ့ကိုနှောက်ယှက်လာရင်မင်းတို့ကိုအခွင့်အရေး ၂ ခါမပေးဘူး "

" ဟုတ် ဟုတ်ကဲ့ပါဆရာ ... ကျွန်တော်တို့ကောင်းကောင်းနေပြီ ငါးဖမ်းစားပါ့မယ် "

အားလုံးကိုသတိပေးပြီးနောက် ဖန်းဂူနဲ့ရှုယွမ်တို့ အိမ်ပြန်လာကြတယ် ... ဒီနေ့လဲ အောင်နိုင်ခဲ့ပြီမို့ ၂ ယောက်လုံးရွှင်မြူးလျှက်ပင် ... လမ်းလျှောက်နေရင်း ရှုယွမ်ကစတင် စကားဆိုလိုက်တယ် ...

" ငါတို့ကိုလူတိုင်းသိနေတာပဲလေ ... ဘာကြောင့်မျက်နှာဖုံးဝတ်နေသေးတာလဲ "

" ငါကအကျင့်ပါနေလို့ ... ပြီးတော့ ငါ့ရဲ့ပုံစံအမှန်ကိုပြရင် လန့်သေသွားမှာဆိုးလို့ "

" ဒါဆိုငါကရော "

" မင်းမျက်နှာမြင်ရင် သူတို့ကြောက်မှာမဟုတ်တော့ဘူး "

" ငါကဘာဖြစ်နေလို့လဲ ... မင်းထပ်ချောနေလို့လား "

" ဟက် ... မင်မျက်နှာက တရားပေါက်နေတဲ့ဘုန်းကြီးလိုပဲ မာဖီးယားနဲ့မတူဘူး ... မင်းကိုဘယ်သူမှကြောက်မှာမဟုတ်ဘူး "

" ငါကမာဖီးယားမှမဟုတ်တာ ... မင်းလောက်တော့ ဘယ်ကြောက်ဖို့ကောင်းမှာလဲ "

" စကားများမနေနဲ့တော့ ... အိမ်ရောက်ပြီ "

သူတို့အိမ်ထဲဝင်ဝင်ခြင်း တံခါးဝမှာ ရပ်စောင့်နေတဲ့ လုယီလေးကိုတွေ့လိုက်ရတယ် ...

" ဒယ်ဒီ "

လုယီလေးကပြေးလာပြီး ဖန်းဂူနဲ့ရှုယွမ်ရှေ့ရောက်တော့ ရပ်တန့်သွားတယ် ... သူက အကဲခပ်ကြည့်နေပြီးနောက် ဖန်းဂူနဲ့ရှုယွမ် သူ့ထံလက်ကမ်းလာတော့ ဘယ်သူ့ထံကိုမှမလိုက်ပဲ တစ်ခွန်းထဲဆိုလိုက်တယ် .

" YiYi အတွက် မုန့်မုန့်ပါလား "

ဖန်းဂူက သားလေးကိုပွေ့ချီချင်ပေမဲ့ သားလေးအတွက်မုန့်မပါ၍ လုယီလေးစိတ်ဆိုးမှာကြောက်နေမိတယ် ... ထိုစဉ် ရှုယွမ်က သူ့အင်္ကျိအိပ်ကပ်ထဲကနေ သကြားလုံးလေးတစ်လုံး ထုတ်ယူကာ လုယီလေးထံကမ်းပေးလိုက်တယ် ... မုန့်ရတော့ လုယီလေး လွန်စွာပျော်ရွှင်သွားပုံပင် ...

" ရေး ... ဒယ်ဒီယွမ်ကိုချစ်တယ် "

" ....... "

လုယီလေးက ရှုယွမ်ထံကောက်ကနဲပါအောင်လိုက်သွားလေတော့တယ် ... ဖန်းဂူခမျာ သားအရင်းရဲ့ပြစ်ပယ်ချင်းကိုခံရ၍ မျက်နှာမကြည်မသာနှင့် ရပ်နေလေတော့တယ် ...

" လုယီ "

အိမ်ထဲကနေ ထွက်လာတဲ့မင်းယွီကိုမြင်တော့ ဖန်းဂူအားကျမခံ ပြေးဖတ်လေတော့တယ် ...

" အာ ... အကိုတို့ပြန်ရောက်နေပြီလား ... အိမ်ထဲဝင် ... "

" ယွီလေး ... ကိုယ်တို့သားလေးက သူများကိုအဖေခေါ်နေတယ် "

" ဟင် "

ကလေးပမာ ကပ်ခါချွဲနေတဲ့ ဖန်းဂူကြောင့် မင်းယွီဘာပြောရမည်မသိတော့ပေ ... လုယီလေး ရှုယွမ်အပေါ်မှာ သကြားလုံးလေးကိုင်ပြီး ပျော်နေတာကိုမြင်တော့မှ မင်းယွီသဘောပေါက်သွားလေတော့တယ် ...

" လုယီ ... ဒယ်ဒီကို ဦးဦးယွမ်နဲ့ပေါင်းပြီး ငိုအောင်မစရဘူးလို့ ပြောထားတယ်လေ "

" ခ်ခ် "

လုယီလေးက သူ့အကြံအောင်မြင်သွား၍ သဘောကျကာ တခ်ခ်အော်ရယ်နေတော့တယ် ...

" ကိုယ်မငိုပါဘူး ... ဝမ်းနည်းယုံပါ "

" သားလေးကအမြဲစနေကြပဲကို "

" ဒါပေမဲ့ သူကအမြဲ ရှုယွမ်ကိုအဖေခေါ်နေတာ ... ကိုယ်တကယ်ခံစားရတယ် "

" ကဲ့ပါ အထူးအဆန်းလဲမဟုတ်တော့ဘူး ထမင်းစားဖို့ပြင်ပေးမယ် ... အိမ်ထဲဝင်ရအောင် "

ဖန်းဂူကအလျော့မပေးခြေ ... ကပ်ခါချွဲနေဆဲပင် ... လူဆိုးတွေရှေ့ကြမ်းခဲ့တဲ့ Lion က အိမ်ရောက်တော့ ကြောင်အဖြစ်ပြောင်းလဲသွားလေတယ် ...

" မင်းတကယ်ပဲ ဒါကိုစိတ်ထဲမထားဘူးလား ... မင်းနဲ့ကို့ရဲ့သားက တစ်ခြားသူကို ဒယ်ဒီခေါ်နေတာလေ "

မင်းယွီအားတင်းနေအောင်ဖက်ကာ ချွဲနေတဲ့ဖန်းဂူအား ရှုယွမ်အမြင်ကပ်ကာ နောက်ကျောအား ရိုက်လိုက်ပြီး ...

" မင်းအပိုတွေလုပ်နေတာတော်လိုက်တော့ ... မင်းနောက်ကျရင် ငတ်ဖို့သာပြင် "

" ဒါကမင်းအိမ်လား ... ငါ့အိမ်လား "

" ဦးရာလူစားကြေး ... လုယီနဲ့ငါက မင်းအတွက်မချန်ပဲ အကုန်စားပြစ်မယ် "

" ဟုတ်တယ် YiYi တို့ကုန်ကုန်စားပြစ်မှာ "

" လုယီ ... မင်းကဘယ်ဖေဖေဘက်ကလဲ "

" ဒယ်ဒီယွမ် ဘက်က ... ခ်ခ် "

" လာစမ် ... ဒယ်ဒီကိုစရဲတယ်ပေါ့ "

" အားဟားဟား "

ဖန်းဂူက မင်းယွီအားဖက်ထားရာကနေလွှတ်ကာ အသည်းယားအောင်စနေတဲ့ ရှုယွမ်ပေါ်ကလုယီလေးအား လုယူလိုက်တယ် ... လုယီလေးကဘယ်သူ့နောက်မှမလိုက်တော့ပဲ အောက်ဆင်းကာ အထဲပြေးဝင်သွားတော့ ဖန်းဂူနဲ့ရှုယွမ်လဲ သားလေးအနောက်ကိုပြေးလိုက်သွားကာ သုံးယောက်သားစနောက်ရင် အိမ်ထဲသို့ဝင်သွားကြလေတယ် ... မင်းယွီ ထိုသူငယ်ချင်း ၂ ယောက်နဲ့ လုယီလေး တစ်နေ့နဲ့တစ်နေ့ စနောက်ကာရန်ဖြစ်နေတာလေးတွေကိုကြည့်ပြီး အမြဲကြည်နူးနေခဲ့ရတယ် ...

အိမ်ထဲကိုဝင်ဝင်ခြင်း မွှေးပြန်တဲ့ရနံ့တွေကြောင့် ၂ ယောက်သား မီးဖိုခန်းရှီရာထံပြေးသွားလေတယ် ... သို့ပေမဲ့ လုယီလေးက အဝင်မခံပဲ အရှေ့ကနေတားစီးကာ အမိန့်ပေးလိုက်တယ် ...

" ဒယ်ဒီနဲ့ ဦးဦးယွမ်နေဦး ... ခုပြင်ပြင်ကပြန်လာတာဆိုတော့ ရေအရင်ချိုးပြီးမှချားရမယ်လို့ပါပါးကမှာထားတယ် "

" ဒယ်ဒီဗိုက်စာနေပြီ "

" ရဝူး ... မြန်မြန်ချားချင်ရင် မြန်မြန်ပြီးအောင်ချိုး ... နောက်ကျတဲ့လူကိုနည်းနည်းပဲကြွေးမယ် "

" ဟုတ်ပါပြီဗျာ "

ရှုယွမ်နဲ့ဖန်းဂူ လုယီလေးအမိန့်အားမလွန်ဆန်နိုင်၍ အခန်းထဲသို့အမြန်သွားကာ ရေမိုးချိုးပြီးမှ ထွက်လာခဲ့ကြတယ် ... သူတို့ထွက်လာတော့ စားစရာတွေအဆင်သင့်ဖြစ်နေပြီး လုယီနဲ့မင်းယွီတို့က အရန်သင့်စောင့်နေကြတယ် ... ဖန်းဂူက မင်းယွီဘေးမှာထိုင်ပြီး ရှုယွမ်က လုယီဘေးမှာဝင်ထိုင်လိုက်တယ် ...

" ကဲ စားလို့ရပြီလားဗျာ "

" ရပါပြီ ... ဒယ်ဒီနဲ့ ဦးယွမ်းများများစား "

အစားစားချိန်မှာတော့ အားလုံးကနွေးထွေးပြီး လုယီလေးကသူ့ဒယ်ဒီရော ဦးဦးကိုပါ တစ်လှည့်စီခွန့်ကြွေးနေတော့တယ် ...

" လုယီ ဒယ်ဒီကရေအရင်ချိုးပြီးတာကို ဘာကြောင့်နည်းနည်းပဲကြွေးတာလဲ "

" ဒယ်ဒီကပါပါးချိတယ် ... YiYiက ဦးဦးယွမ်ကိုများများကြွေးမယ် "

ရှုယွမ်ရောက်လာမှ လုယီလေးက သူ့ဖခင်ကိုစနောက်ရတာသဘောကျပြီး ဖန်းဂူကလဲ သားလေးနဲ့ရှုယွမ်ကိုအမြဲအူတိုကာ လိုက်ခွဲရင်း ပျော်ရွှင်နေကြတယ် ... ဒီကျွန်းလေးပေါ်မှာနေရတဲ့ တစ်လဆိုတဲ့အချိန်လေးက မင်းယွီဘဝမှာအကြည်နူးရဆုံးနဲ့အပျော်ရွှင်ရဆုံးအခိုက်အတန့်လေးတစ်ခုသာ ဖြစ်လေတော့တယ် ...

...............................................................

To Be Continued ......

( မျက်လုံးနာနေတဲ့ကြားက အရှည်ကြီးရေးပေးထားတယ်နော် ... ကို့ကိုအားဆေးအဖြစ် Star လေးတစ်ချက်နှိပ်ပြီး fb လေးပဲဝင်ရေးပေးသွားပါ 🤧 + ခန်းမှာတော့ ချက်ချင်း 500 ကျော်သွားပြီး နောက်တစ်ပိုင်းမှာ ဝင်ဖတ်ပြီး 500 တောင်မပြည့်ဘူး ... ဖတ်တဲ့သူတစ်ဝက်လောက်ပဲပေးရင်ရနေပြီကို 😥 ကို့ကိုအားရှိအောင် တစ်ပိုင်းဖတ်ပြီးတိုင်း ကြယ်လေးတော့နှိပ်ပေးသွားပါဒါဒါလေးတို့ ❣️ )

Zawgyi
~~~~~~

အခ်ိန္ေတြက ဒီေရလိုပဲ တားစီးလို႔မရနိုင္သလို တေျဖးေျဖးကုန္ဆုံးလာတယ္ ... ကံၾကမၼာအတက္အက်မွာ ႐ုန္းထြက္နိုင္သူက ေအာင္နိုင္သူပဲ ... ထိုျပႆနာႀကီးျဖစ္ၿပီးတစ္လခန႔္ၾကာသြားခဲ့ေပမဲ့ ဘာမွထူးထူးျခားျခားေျပာင္းလဲသြားျခင္းမ်ိဳးမရွိခဲ့ဘူး ... ရွန္ဖန္းဂူဟာ အေမွာင္မွာဝရမ္းေျပးအျဖစ္ရွိေနၿပီး လြတ္ေျမာက္ေနဆဲပဲ ... သူ႕ရဲ႕ေျခရာကိုပင္ခံလို႔မရနိုင္ဘူး ... ရွန္ဟႊာရန္းနဲ႕ရွန္ကူမန္က ထိန္းသိမ္းေစာင့္ေရွာက္ခံေနရၿပီး ခုခ်ိန္ထိ အမႈစစ္ေဆးလို႔မၿပီးေသးဘူး ... အမႈကိုင္အရာရွိပတ္ဒိုမင္းမွာ ခိုင္မာတဲ့သက္ေသေတြရွိေပမဲ့ ရွန္ကူးမန္ကို ေထာင္ခ်ဖိဳ႕အထက္ကအမိန႔္မရေသးတာေၾကာင့္ ရပ္တန႔္ထားရတယ္ ... အေၾကာင္းျပခ်က္ကိုေတာ့မသိရဘူး ...

အမႈေပါင္းမ်ားစြာနဲ႕ရင္ဆိုင္ေနရတဲ့ ရွန္ကူးမန္နဲ႕ ရွန္ဟႊာရန္းကို ႐ုတ္တရပ္ အထက္ကအမိန႔္ခ်မွတ္မယ္ဆိုၿပီး A ၿမိဳ႕ေတာ္ပင္မစခန္းမွာ ထိန္းသိမ္းထားရာကေန အမိန႔္နဲ႕ေခၚေဆာင္သြားၾကတယ္ ... အရာရွိက်န္းရွားေမ့နဲ႕ ပတ္ဒိုမင္းတို႔ေတာင္မွ တားစီးခြင့္မရခဲ့ဘူး ... သခင္မ မိုနန္းလဲ အေၾကာင္းျပခ်က္မရွိ ေခၚ​ေဆာင္သြားတဲ့ သူမဖခင္နဲ႕အမ်ိဳးသားကို ကယ္ထုပ္ဖို႔ သူမရဲ႕လွ်ို႔ဝွက္အမ်ိဳးသမီး စစ္ဆင္ေရးအဖြဲ႕နဲ႕အႀကံထုတ္ေနၾကတယ္ ...

လူေတြကၿငိမ္ခံေနရင္ပိုၿပီးေရာင့္တက္ၾကတယ္ ... သူမၿငိမ္ေနတယ္ဆိုတာက ေၾကာက္လို႔ေတာ့မဟုတ္ဘူး ... ဖခင္မွာထားတဲ့အတိုင္း အေစာတလွ်င္မလုပ္မိေအာင္ထိန္းေနျခင္းသာ ... ခုသူတို႔ဘက္ကစတင္လႈပ္ရွားလာၿပီဆိုေတာ့ သူမလဲစတင္ဖို႔ျပင္ဆင္ရေတာ့တယ္ ... ဒါကနိုင္ငံေရးလွည့္ကြက္တစ္ခုလိုမ်ိဳးပဲ ... ရွန္ဟႊာကို နိုင္ငံေရးခ်က္ျပားေပၚက အနက္ေရာင္က်ားကြက္ေစ့အျဖစ္အသုံးျပဳေနသူကို ေဖာ္ထုပ္ရမယ္ ... တဖက္က ဘုရင္ကိုအလဲထိုးနိုင္ရင္ သူတို႔ေအာင္ျမင္လိမ့္မယ္ ...

' ဇီဝေဆးပညာသုေတသန တကၠသိုလ္ '

ႀကီးမားတဲ့အေဆာက္အဦးႀကီးတစ္ခုထဲသို႔ အနက္ေရာင္ကားတန္းႀကီးဝင္ေရာက္သြားၾကတယ္ ... ထိုနယ္ေျမက အစိုးရပိုင္နယ္ေျမျဖစ္ၿပီး ဝင္ခြင့္ရွိတဲ့ဆရာမ်ားနဲ႕ပါေမာကၡသာလွ်င္ လာေရာက္ခြင့္ရွိတယ္ ... ထိုေဆးသကၠသိုလ္က ၿမိဳ႕ေတာ္မွာ နာမည္အႀကီးဆုံးျဖစ္ၿပီး အိုမီဂါအယ္ဖာေတြအတြက္ သီးသန႔္တရားဝင္ေဆးေတြကို ထုတ္လုပ္ေပးေနတဲ့ အစိုးရလက္ေအာက္က လုပ္ငန္းစုတစ္ခုလဲျဖစ္တယ္ ... ရွန္ဟႊာလိုကိုယ္ပိုင္သုေတသနအဖြဲအစည္းနဲ႕ ဆန္က်င္ဘက္ပင္ ...

လက္ေတြ႕ သင္ၾကားေနတဲ့ေက်ာင္းကတစ္ဖက္မွာျဖစ္ၿပီး ထုတ္လုပ္ေနတဲ့အေဆာင္အဦးနဲ႕ နီးကပ္စြာရွိေနတယ္ ... ဘယ္သူကထင္မိမွာလဲ ဒီလိုနာမည္ႀကီးၿပီးအစိုးရရဲ႕လက္ေအာက္မွာ တရားဝင္ရွိေနတဲ့ တကၠသိုလ္ရဲ႕အေနာက္မွာ အႏၲရာယ္မ်ားတဲ့ သုေတသနစမ္းသပ္ခန္းေတြရွိေနလိမ့္မယ္လို႔ ... ဒါကသင္ၾကားယုံသာမက လက္ေတြ႕ပါထုတ္လုပ္ေနတဲ့ေနရာျဖစ္တယ္ ... ဒီလိုဆိုရင္ သူတို႔ဘာလုပ္လုပ္အစိုးရကမသိနိုင္ေတာ့ဘူး ... ထိုေနရာအားသူတို႔အုပ္စိုးကာအပိုင္စီးထာ၍ပင္ ...

ကားေပၚမွာပါလာသူမ်ားက ဖမ္းစီးခံထားရတဲ့ရွန္ဟႊာရန္းနဲ႕ရွန္းကူမန္ျဖစ္ၿပီး သူတို႔ကို အနက္ေရာင္ဝတ္စုံျပည့္နဲ႕ လူတစ္ခ်ိဳ႕က အေဆာက္အဦးထဲသို႔ေခၚလာၾကတယ္ ... အျပစ္သားေတြကို ေထာင္မပို႔ပဲ သုေတသနခန္းထံေခၚလာ၍ ရွန္သခင္ႀကီးတို႔ သားအဖ သူတို႔လုပ္ရပ္ကေအာင္ျမင္ေၾကာင္း သေဘာေပါက္သြားတယ္ ...

သူတို႔လိုခ်င္တဲ့အေျဖက အေနာက္ကႀကိဳးကိုင္သူဟာ ဘယ္အဖြဲ႕အစည္းနဲ႕ပတ္သပ္ေနလဲဆိုတာကိုပဲ ... ထင္ထားသည္ထပ္ပင္ အေကာင္ႀကီးႀကီးအစိုးရလက္ေအာက္ကျဖစ္ေနၿပီး ဒီလိုလွ်ို႔ဝွက္တဲ့ေနရာကိုပါ ေခၚလာျခင္းခံရတယ္ ... သူတို႔ဘာေတြႀကံစည္ေနလဲမသိနိုင္ေပမဲ့ သူတို႔ရဲ႕သ႐ုပ္မွန္ကိုေဖာ္ထုပ္ၿပီး ရွန္ဟႊာရဲ႕သတင္းဆိုးေတြကိုဖယ္ရွားဖို႔အခြင့္အေရးကို အရယူရမယ္ဟု ဆုံးျဖတ္ခ်က္ခ်ထားတယ္ ...

အေဆာက္အဦးအတြင္းေရာက္ေတာ့ အေစာင့္အၾကပ္မ်ားက မ်ားျပားလြန္းၿပီး လမ္းေတြကလဲ မွတ္ရခက္လွတယ္ ... အခ်ိဳးအေကြ႕မ်ားစြာကို ျဖတ္ေက်ာ္လာၿပီးတဲ့ေနာက္မွာေတာ့ အခန္းတစ္ခုအတြင္းေရာက္ရွိသြားေလတယ္ ...

" ေရာက္လာၿပီလား ... ရွန္ကူးမန္ "

ထိုအသံကရင္းနီးေန၍ ကူးမန္မ်က္ခုန္းႀကဳံ႕လိုက္တယ္ ... ခုံေပၚမွာ အခန႔္သားထိုင္ေနသူက ခ်န္းေဆာဒိုပင္ ... သူ႕ရဲ႕အေနာက္မွာ လူ ဆယ္ေယာက္ခန႔္ကရပ္ေနၿပီး အသင့္အေနအထားမွာရွိေနၾကတယ္ ... သူ႕ရဲ႕ကိုယ္မွာ ဂ်ဴတီကုတ္ဝတ္ထားျခင္းအားျဖင့္ ထိုလူက ဒီသုေတသနလုပ္ငန္းနဲ႕ ဆက္စပ္ေနေၾကာင္းသေဘာေပါက္သြားတယ္ ...

သူသိတဲ့ခ်န္းမ်ိဳးရိုးက အစိုးရလက္ေအာက္မွာ တရားဝင္အာမခံနဲ႕ေခ်းေငြလုပ္ငန္းကိုလုပ္ကိုင္ၿပီး စီးပြားေရးေလာကမွာက်င္လည္ေနသူ ... ခုလိုသုေတသနလုပ္ငန္း ေဆးဝါးထုတ္လုပ္ေရးထိ စီးပြားေရးတိုးခ်ဲ့လိမ့္မည္ဟုထင္မထားခဲ့ေပ ... ဒီလိုဆိုရင္ ရွန္ဟႊာတံဆိပ္တုေတြနဲ႕ ေဆးဝါးအတုေတြထုတ္လုပ္ေနတဲ့ တရားခံက ခ်န္းဆိုတာလုံးဝေပၚလြင္ေနၿပီ ... ဒါဟာ သူတို႔ရဲ႕ၿပိဳင္ဘက္ကို ထိုးခ်တဲ့နည္းတစ္မ်ိဳးပဲ ... ထိုအရာကိုေတြးမိေတာ့ ရွန္ဟႊာရန္းရဲ႕မ်က္ႏွာထားက လုံးဝေျပာင္းလဲသြားကာ ေအးဆက္စြာပင္ ဆိုလိုက္တယ္ ...

" ခ်န္းေဆာဒို ... မင္းလဲမင္းအေဖေျခရာကိုအမွီနင္းေနတာပဲ ... ဘယ္လိုေအာက္တန္းက်တဲ့နည္းလမ္းမ်ိဳးလဲ "

ထိုစကားၾကားေတာ့ ေဆာဒိုက ေလွာယ္ရယ္ကာ အေမးအား ျပန္ဆိုလာတယ္ ...

" ေအာက္တန္းက်တယ္ ဟုတ္လား ... ဒါကစီးပြားေရးလုပ္ေနတာ အေပ်ာ္ကစားေနတာမဟုတ္ဘူး ... ဘယ္လိုလဲ တရားမွ်တတဲ့လူႀကီး ... သူငယ္ခ်င္းကိုသစၥာေဖာက္ၿပီးရလာတဲ့ ခမ်ားတို႔ရဲ႕လုပ္ငန္းႀကီးကေရာ အဆင္မွေျပေသးရဲ႕လား Mr.ရွန္ဟႊာရန္း "

သူ႕ဖခင္ကိုေစာ္ကားေနတာျမင္ရေတာ့ ရွန္ကူးမန္ ထိန္းမထားနိုင္ေတာ့ပဲ ေပါက္ကြဲသြားေလတယ္ ...

" ဘယ္သူကဘယ္သူ႕ကိုသစၥာေဖာက္တာလဲ ... မင္း ေခြးစကားမေျပာနဲ႕ ... သတၱိရွိရင္ ငါတို႔ထပ္ေကာင္းတဲ့ေဆးဝါးေတြထုတ္လုပ္ၿပီးယွဥ္ၿပိဳင္ ... မေကာင္းတဲ့ေဆးေတြကိုတံဆိပ္အတုတပ္ၿပီး နာမည္ဖ်က္တာက မင္းလုပ္ေနၾက ကေလးကလားအကြက္ေတြလား "

" အဟား ... သူမ်ားရဲ႕ေအာင္ျမင္မႈကို နာမည္ေကာင္းဝင္ယူတာကလဲ ခမ်ားတို႔ရဲ႕ ကေလးကလားအကြက္ေတြပဲေလ ... သနားစရာတီထြင္သူကေတာ့ မိသားစုအားလုံးရဲ႕အသက္ပါေပးလိုက္ရတယ္ ... ခမ်ားတို႔က သူတီထြင္ထားတာေတြကို အသာေလးယူၿပီး ထုတ္လုပ္ေနတာေလ ... ဘယ္သူကပိုၿပီးေအာက္တန္းက်တာလဲ "

" မင္းစကားကိုမလွိမ့္တပတ္မလုပ္နဲ႕ ... အားလုံးအတူတူတီထြင္ခဲ့တာ ... စၿပီးသစၥာေဖာက္တာလဲမင္းတို႔ ေသေအာင္ႀကံစည္တာလဲမင္းတို႔အျပင္ဘယ္သူမွမရွိဘူး ... မင္းတို႔တစ္ဦးတည္း ဒီေအာင္ျမင္မႈကိုရယူခ်င္ေနခဲ့တာမလား "

" မင္းသိၿပီဆိုေတာ့လဲ ဘာမွေထြေထြထူးထူးမေျပာေတာ့ပါဘူး ... ခုငါတို႔လိုခ်င္သလို ေအာင္ျမင္မႈက ငါတို႔လက္ထဲေရာက္လာေတာ့မွာ ... မင္းတို႔ရွန္ဟႊာက က်ရႈံးေနၿပီ ... ငါ့ဆီမွာအညံ့ခံၿပီး သစၥာခံေခြးလုပ္မယ္ဆိုရင္ မင္းတို႔ကိုတီထြင္သူအျဖစ္ေနခိုင္းမယ္ ... ဆန႔္က်င္ရင္ေတာ့ မင္းတို႔တင္မက တစ္မိသားစုလုံးရဲ႕အသက္ေတြကိုရယူျပစ္မယ္ ... ခုမင္းတို႔မွာ ဘာအာဏာ အားအင္မွ မက်န္ေတာ့ဘူး "

" မင္း "

အေနာက္က လူ ၂ ေယာက္က ေဒါသႀကီးေနတဲ့ ကူးမန္အား ဖမ္းခ်ဳပ္ထားေလတယ္ ... ရွန္ဟႊာရန္းက လူႀကီးပီပီတည္ၿငိမ္ေနၿပီး သူတို႔စကားေျပာၿပီးတဲ့ထိေစာင့္ေနၿပီးမွ ခ်န္းေဆာဒိုအားၾကည့္ကာ ေလးနက္စြာဆိုလိုက္တယ္ ...

" မင္း ဒီကိစၥကို ေအးေအးေဆးေဆး ေဆြးေႏြသင့္တယ္လို႔ထင္တယ္ "

ရွန္ဟႊာရန္းရဲ႕စကားေၾကာင့္ ခ်န္းေဆာဒိုအနည္းငယ္မွ်အံ့အားသင့္သြားတယ္ ... ရွန္ဟႊာရန္ထံက ေမွ်ာ္လင့္ထားတာထက္ပိုတဲ့ တုန႔္ျပန္မႈမ်ိဳး ရလိုက္ျခင္းေၾကာင့္ပင္ ...

" ရွန္ဟႊာရန္း ... ခမ်ားကထင္ထားတာထက္အေမွ်ာ္အျမင္ႀကီးတာပဲ "

ကူးမန္က လက္မခံနိုင္စြာပင္ ဝင္တားစီးလိုက္တယ္ ...

" အေဖ ... သူနဲ႕ဘာကိစၥမွေဆြးေႏြးေနစရာမလိုဘူး ... ကြၽန္ေတာ္တို႔ ... "

ရွန္ဟႊာရန္းက ကူးမန္စကားနားမေထာင္ပဲ ထည္ၿငိမ္စြာပင္အမိန႔္ေပးလိုက္တယ္ ...

" မင္း ... အသာေလးၿငိမ္ေန "

ခ်န္း​ေစာဒိုက ထိုအေျခအေနအားမွင္သက္ကာ သေဘာက်ႏွစ္သက္သြားေလတယ္ ...

" အဟား ... ထိုင္ပါဦး ကြၽန္ေတာ္တို႔ေအးေဆးစကားေျပာၾကတာေပါ့ "

ထိုအခါမွ ရွန္ဟႊာရန္းနဲ႕ ရွန္ကူးမန္ကို ဖမ္းခ်ဳပ္ထားတဲ့လူေတြ လႊတ္ေပးလာၿပီး ခုံေပၚမွာ ထိုင္ေစလိုက္တယ္ ... ရွန္ဟႊာရန္းက တိုက္ပြဲေပါင္းမ်ားစြာဆင္ႏႊဲခဲ့ရ၍ ရန္သူကိုအကဲခပ္ကာ ဘယ္လိုေျဖရွင္းသင့္လဲဆိုတာ သိေနတယ္ ... ခ်န္းေဆာဒိုလိုလူက အထက္ကိုအပိုင္ခ်ဳပ္ထားနိုင္၍ ခုခ်ိန္မွာ ေတာင္းဆိုမႈအား သူတို႔ကန႔္ကြက္ေနရင္ေတာင္ ကယ္တင္ေပးနိုင္မဲ့သူမရွိဘူး ... ခ်န္ေဆာဒိုရဲ႕အလိုကိုလိုက္ၿပီး သူသတိလက္လြတ္ျဖစ္တဲ့အခ်ိန္ အခ်က္အလက္ေတြကိုအရယူၿပီးမွ အမိဖမ္းလွ်င္ အျပစ္ေတြအားလုံးကို ထုတ္ေဖာ္နိုင္လိမ့္မယ္ ... ယခုလိုကမ္းလွမ္းခံရတာက သူတို႔အတြက္ အမွန္တရားကိုထုတ္ေဖာ္နိုင္မဲ့ အခြင့္အေရးပဲ ...

" ေကာင္းၿပီ မင္းဘာေၾကာင့္ ငါတို႔ကိုပူးေပါင္းေစခ်င္လဲ ေျပာျပနိုင္မလား "

" ခမ်ားကတစ္ခ်ိန္တုန္းက အဆင့္ျမင္တီထြင္သူတစ္ဦးပဲေလ ... ဒီတိုင္းေသသြားတာထက္ ခမ်ားမေသခင္ လူသားေတြအက်ိဳးျပဳဖို႔ တီထြင္စမ္းစစ္မႈေလးေတြ လုပ္သြားသင့္တယ္မဟုတ္လား ... Mr.ရွန္ဟႊာရန္း ခမ်ားလဲသခင္ႀကီးတစ္ေယာက္ဆိုေတာ့ ကြၽန္ေတာ္ေလးစားတဲ့အေနနဲ႕ ခမ်ားသစၥာခံမယ္ဆိုရင္ ခမ်ားရဲ႕အေက်ာတင္းတဲ့သားနဲ႕ေျမးမိသားစုကိုခ်မ္းသာေပးမယ္ ... ဒါေပမဲ့ခမ်ားတီထြင္မႈမေအာင္ျမင္ရင္ေတာ့ သူတို႔အားလုံးရဲ႕အသက္ကိုေပးရမယ္ "

ရွန္ဟႊာရန္းက ခပ္မဲ့မဲ့ၿပဳံးလိုက္ၿပီး ...

" ငါ့ရဲ႕တီထြင္မႈက ေအာင္ျမင္မယ္မေအာင္ျမင္ဘူးဆိုတာေတာ့မေသခ်ာဘူး ... ဒါေပမဲ့ မင္းငါ့မိသားစုအသက္ကို ေလာင္းကစားအျဖစ္သုံးရဲ႕တဲ့ သတၱိကိုေတာ့ေလးစားသြားၿပီ ... မင္းေမ့ေနၿပီလား Lion ကဘယ္လိုလူစားမ်ိဳးလဲဆိုတာ ... Lion ရဲ႕အေဖအေမနဲ႕ အဖိုးေတြကေရာ မင္းအျမင္မွာ ဘယ္လိုလူစားမ်ိဳးလဲ "

ရွန္ဟႊာရန္းရဲ႕အၾကည့္ေတြက အေႏွာင္အဖြဲ႕ေတြနဲ႕ ထိန္းသိမ္းခံထားရတာေတာင္မွ အရွိန္အဝါျပင္းလြန္းလွတဲ့ ျခေသၤ့တစ္ေကာင္ပမာ စူးရဲေန၍ ခ်န္းေဆာဒိုခနမွ်ေၾကာင္အမ္းသြားေလတယ္ ... ဒါကသူ႕ရဲ႕နယ္ေျမလား ဘယ္သူ႕နယ္ေျမလဲဆိုတာပင္ ခနမွ်ေမ့ေမာသြားသည္ထိ ... လူတစ္ရာကိုတစ္ေယာက္ထည္းခ်နိဳင္တဲ့ ျခေသၤ့အိုႀကီးရဲ႕ ဂုဏ္သတင္းေတြက အမွားေတာ့မဟုတ္ဘူးပဲ ... ေဘးနားမွာ အေစာင့္ေတြအမ်ားႀကီးရွိတာေတာင္ ဘယ္အခ်ိန္ကို႔ကိုလာၿပီး လည္ပင္းညွစ္မလဲ ေတြးေၾကာက္ရမဲ့အေျခအေနမ်ိဳးျဖစ္ေနတာေၾကာင့္ ခ်န္းေဆာဒို ရွန္ဟႊာရန္းအား အနည္းငယ္ရွိန္သြားတာေတာ့အမွန္ပင္ ... ထပ္မံအနိုင္ယူဖို႔တစ္ျခားနည္းလမ္းေျပာင္းသုံးရန္ ဆုံးျဖတ္လိုက္တယ္ ...

" အဟား ... ခမ်ားကနာမည္ႀကီးေနတာလဲမေျပာနဲ႕ ယုံၾကည္မႈအျပည့္ရွိေနတာပဲ ... ထားပါေတာ့ ခမ်ားက ခမ်ားမိသားစုကို မထိနိုင္ဘူးလို႔ ထင္ေနတာလား ... ခုခမ်ားတို႔တစ္မိသားစုလုံးကဝရမ္းေျပးျဖစ္ေနၿပီ ... ကြၽန္ေတာ္မရွာေတာင္ ရွာေတြ႕တဲ့သူက ကြၽန္ေတာ့ကိုဆက္သြယ္မွာပဲ ... ၿပီးေတာ့ ခမ်ားတို႔ပုန္းေအာင္းနိုင္တဲ့ေနရာေတြအားလုံးကိုသိတဲ့ လူတစ္ေယာက္ရွိတယ္ "

ခ်န္းေဆာဒိုက တံခါးဘက္ကအေစာင့္ထံမ်က္ႏွာမူၿပီး အမိန႔္ေပးလိုက္တယ္ ...

" သူ႕ကိုဝင္လာခိုင္းလိုက္ "

ထိုစဥ္တံခါးခ်ပ္ပြင့္လာၿပီး လူတစ္ေယာက္အထဲသို႔ဝင္လာတယ္ ... သူ႕ရဲ႕အနားမွာ အထိန္းအခ်ဳပ္မရွိ လြတ္လပ္စြာပင္ ... ထိုလူက ခ်န္းေဆာဒိုရဲ႕လူဆိုသာ သိသာလွတယ္ ... ရွန္ဟႊာရန္းနဲ႕ရွန္ကူးမန္ထိုလူအားျမင္လိုက္ရေတာ့ မ်က္ေမွာင္ကုပ္သြားၿပီး ကူးမန္ကလက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္လိုက္တယ္ ... ခ်န္းေဆာဒိုက ရွန္သားအဖရဲ႕မ်က္ႏွာထားကိုၾကကာ သေဘာက်စြာေအာင္ရယ္လိုက္ၿပီး ...

" ဘယ္လိုလဲ ... ခမ်ားတို႔ရဲ႕ခ်စ္လွစြာေသာေျမးက ခမ်ားတို႔ဘက္ကလို႔ထင္ေနတာလား "

ဝင္လာသူက ရႈမန္းပင္ ... သူ႕အေဖနဲ႕အဖိုးအား တစ္ခ်က္မွ်သာၾကည့္လိုက္ၿပီး ခ်န္းေဆာဒိုေဘးကခုံမွာဝင္ထိုင္လိုက္တယ္ ... ခုသူ႕ရဲ႕ရာထူးက ေဆာဒိုရဲ႕လက္႐ုံးျဖစ္ေနၿပီး ဒီအေဆာက္အဦးထဲမွာ အတားအစီးမရွိသြားလာနိုင္တယ္ ... ဒီလိုအခြင့္အေရးရဖို႔ သူ႕အဖိုးနဲ႕ဖခင္ေထာင္က်ေအာင္ကူညီခဲ့တာပဲ ... ရွန္ဟႊာရန္က ဘာမွမဆိုေပမဲ့ ၿငိမ္ေနေပမဲ့ ကူးမန္က သူ႕သားအားၾကည့္ကာ ေအာ္ကာေျပာလာတယ္ ...

" ရွန္ရႈမန္း ... မင္းဘာေတြလုပ္ေနတယ္ဆိုတာေရာသိရဲ႕လား ... မင္းကဒီလိုမေကာင္းတဲ့ေကာင္ေတြနဲ႕ပူးေပါင္းၿပီး ကိုယ့္မိသားစုကိုေတာင္ျပန္ဒုကၡေပးေနေသးတယ္ ... မင္းကိုယ္မင္း ရွန္ဟႊာရဲ႕သားလို႔သတ္မွတ္ေနေသးတာလား "

" ကြၽန္ေတာ့ကို အေဖပဲစြန႔္ျပစ္ခဲ့တာမဟုတ္လား ... ဘာေၾကာင့္ ရွန္ဟႊာရဲ႕သားလို႔ေျပာေနေသးလဲ ... ကြၽန္ေတာ္ကမိဘမဲ့ ... ကြၽန္ေတာ့မွာ ဘာေဆြမ်ိဳးမွမရွိေတာ့ဘူး "

" မင္း ... ငါမင္းကိုဘယ္တုန္းကစြန႔္ျပစ္ခဲ့လို႔လဲ ... ငါမင္းလုပ္စားနိုင္ေအာင္ လုံေလာက္တဲ့စည္းစိမ္ေပးခဲ့တယ္ ... မင္းရဲ႕အိမ္ကိုသိမ္ခဲ့ေပမဲ့ သာမန္ဘဝမွာ မင္းရွင္သန္နိုင္တဲ့အေျခအေနမ်ိဳးေပးခဲ့တယ္ ... မင္းဘယ္ေလာက္ထိ ခ်မ္းသာႂကြယ္ဝဖို႔ ေလာဘႀကီးေနတာလဲ "

" ကြၽန္ေတာ့ကိုသာမန္ဘဝမွာေနခိုင္းတယ္ ... ကြၽန္ေတာ့လိုၿပီးျပည့္စုံတဲ့ဘဝမွာေနခဲ့တဲ့သူက သာမန္ဘဝမွာဘာလုပ္စားရမွာ ... ကြၽန္ေတာ္လုပ္တတ္တာ ဒီနည္းလမ္းပဲရွိတယ္ "

" မင္းကလိမ္ကက်စ္က်တဲ့ေနရာမွာ ဆရာႀကီးပဲ ... ဖန္းဂူေျပာတာေတြငါမယုံမိခဲ့တာငါ့အမွားပဲ ... မင္းကိုငယ္ငယ္ကတည္းကသာ ထိန္းသိမ္းနိုင္ခဲ့ရင္ ဒီလိုျဖစ္လာမွာမဟုတ္ဘူး ... ဒါေတာင္မင္းက မင္းအကိုနဲ႕ယွဥ္ခ်င္ေသးတယ္ ... ရွန္ဖန္းဂူက သူ႕ကိုယ္သူဒုကၡခံၿပီး မ်ိဳးႏြယ္စုကိုကာကြယ္ေပးေနတာ ... မင္းလိုကိုယ္ေကာင္းဖို႔တစ္ခုတည္းအတြက္ မ်ိဳးႏြယ္စုကို သစၥာမေဖာက္ဘူး ... ရွန္ရႈမန္း မင္းကငါ့သားမဟုတ္ေတာ့ဘူး "

ရွန္ကူးမန္က လက္သီးကိုက်စ္က်စ္ပါေအာင္ဆုတ္လိုက္ၿပီး ...

" ကြၽန္ေတာ္က ဘယ္တုန္းကအေဖ့သားျဖစ္ခဲ့လို႔လဲ ... မယားပါသားပဲေလ "

ထိုစကား၌သူ႕အသံေတြကအနည္းငယ္တုန္ယင္ေနပုံပင္ ... ရွန္ကူးမန္လဲ ေဒါသေတြကိုမနည္းထိန္းခ်ဳပ္ေနရတာနဲ႕ ဘာစကားမွဆက္မဆိုနိုင္ေတာ့ေပ ... ေဆာဒိုက သားအဖ ၂ ေယာက္စကားမ်ားေနတာကို ပြဲတဖြယ္ထိုင္ၾကည့္ေနၿပီး မီးေလာင္ရာေလပင့္ထပ္လုပ္ေနေတာ့တယ္ ...

" ခမ်ားတို႔ရဲ႕အိမ္တြင္းကအရႈတ္ကိုေတာင္မရွင္းနိုင္တာ ဒီျပႆနာကို ဘယ္လိုရွင္းမွာလဲ ... ေအာ္ဒါနဲ႕ ေျပာဖို႔ေမ့ေနတာ ... ရွန္ကူးမန္ ခမ်ားရဲ႕သားကေလ ဘယ္ေလာက္ထိအသုံးဝင္သလဲဆိုရင္ သူ႕အဖိုးစြတ္ဆြဲခံရဖို႔ ရွန္ဟႊာအိမ္ေတာ္ထဲထိဝင္ၿပီး စိန္ ၇ လုံးကိုသြားထားေပးတာ ... ခမ်ားေျပာတာထက္ကိုသတၱိပိုေကာင္းတယ္ ... ၿပီးေတာ့ သူ႕အေဖရဲ႕မတရားတဲ့အမႈေတြေပၚဖို႔အခ်က္အလပ္ေတြလဲ စုေဆာင္းေပးေသးတယ္ ... အဟား ဘယ္ေလာက္ေတာင္ ေက်းဇူးသိတတ္တဲ့သားလဲ "

ရွန္ဟႊာရန္းက ေရခဲသမွ်ေအးဆက္ေနၿပီး အၾကည့္ေတြက ေရခဲစူးသမွ်ခြၽန္ထြက္ေနတယ္ ... ေလွာင္ရယ္ေနသည့္ ေဆာဒိုပင္ ခ်က္ခ်င္းရပ္သြားမိေလတယ္ ... သူွန္သားအဖရဲ႕ေဒါသကိုစြလိုက္တာက အေတာ္အတန္ လုံေလာက္ၿပီမို႔ ရႈမန္းအားလွည့္ၾကည့္ကာ အမိန႔္ေပးလိုက္တယ္ ...

" ရႈမန္း ... ဒီေန႕မင္းလုပ္တာေကာင္းတယ္ ... ခုငါတို႔ေဆးဝါးအသစ္တီထြင္က်ေတာ့မွာဆိုေတာ့ စမ္းသပ္ခံသားေကာင္လိုတယ္ ... ငါခိုင္းထားတဲ့အတိုင္း မင္းသူတို႔သားအဖကိုရေအာင္ရွာလာခဲ့ "

" ေကာင္းၿပီ "

ရႈမန္းက ရွန္ဟႊာရန္းနဲ႕ကူးမန္အား တစ္ခ်က္မွ် လွည့္ၾကည့္ၿပီးေနာက္ အခန္းထဲမွထြက္သြားေလတယ္ ... ခ်န္းေဆာဒိုရဲ႕ေတာင္းဆိုမႈကို လက္ခံၿပီး ကူးမန္နဲ႕ဟႊာရန္း လက္ေတြ႕စမ္းသပ္ခန္းထံလိုက္ပါလာခဲ့ၾကတယ္ ... ဘယ္လိုမေကာင္းတဲ့အႀကံစည္ေတြနဲ႕ တီထြင္မႈေတြက သူတို႔အား စည္းႀကိဳေနမလဲ မသိနိုင္ ေပ ...

*

*

*

အေမွာင္မွာရွိတဲ့ အဖြဲအစည္းေတြက ရွန္ဖန္းဂူျပန္ေရာက္လာၿပီးေနာက္ မ်က္ခုံးတလႈပ္လႈပ္နဲ႕ ေၾကာက္႐ြံ႕ေနၾကရတယ္ ... သူတို႔ထင္ထားတာက Lion ရဲ႕မ်က္ႏွာအမွန္ေပၚလာခဲ့ရင္ အလင္းကအရာရွိေတြက Lion ကိုဖမ္းစီးၾကလိမ့္မယ္ ၿပီးရင္သူတို႔ကိုတားစီးမဲ့သူမရွိေတာ့ဘူးဟူ၍ ... လက္ေတြ႕မွာ Lion ကအလင္းကိုမေၾကာက္တဲ့အျပင္ အေမွာင္မွာပိုၿပီးတင္းၾကပ္လာကာ တစ္လအတြင္း Lion ရဲ႕ေခ်မႈန္းခ်င္းခံရတဲ့အဖြဲ႕အစည္းေတြဆိုတာ မနည္းမေနာပဲ ... ဒါေတာင္ Lion ကိုေျခရာခံနိုင္တဲ့သူမရွိေသးဘူး ... ႐ုတ္တရပ္ေလထဲကေနေပၚလာၿပီး ေပ်ာက္ကြယ္သြားတတ္တဲ့ မေကာင္းဆိုးဝါးတစ္ေကာင္အလားပင္ ...

ပို၍ ဆိုးတာက တစ္ခ်ိန္တုန္းက ရန္သူျဖစ္ခဲ့ၿပီးအၿမဲတိုက္ခိုက္ေနၾကတဲ့ ၿပိဳင္ဘက္ကင္း ၂ ေယာက္ျဖစ္တဲ့ Lion နဲ႕အရာရွိရႈယြမ္ဟာ ခုေတာ့ တစ္ဖြဲ႕ထည္းျဖစ္သြားကာ အရာရွိဆိုတဲ့ရာထူးကိုစြန႔္လႊတ္လိုက္တဲ့အျပင္ Lion နဲ႕အတူ အေမွာင္မွာေနၿပီး ပူးေပါင္းတိုက္ခိုက္ေန၍ ျခေသၤ့ညီေနာင္ဟုပင္တင္စားရေလာက္သည္ထိ အုပ္စိုးထားေလတယ္ ...

" ေတာက္ ! အဓိပၸါယ္မရွိလိုက္တာ ... ငါလုပ္ငန္းေတြကို ဖ်က္စီးရဲတယ္ "

လက္ထဲက ပ်က္စီးဆုံးရႈံးသြားတဲ့တန္ဖိုး စာရင္းစာ႐ြက္ကိုကိုင္ၿပီး ေဒါသအႀကီးအက်ယ္ထြက္ေနသူကေတာ့ အေမွာင္မွာက်င္လည္ေနတာ ႏွစ္ဆယ္ခ်ီၾကာၿပီျဖစ္တဲ့ ေမွာင္ခိုေဈးကြက္သမား လန္ေက်ာက္ခ်ဴးပင္ျဖစ္တယ္ ... သူဟာေနရာအႏွံ႕ျဖန႔္ၾကပ္ကာ တရားမဝင္ေဆးနဲ႕ လက္နက္ေတြကို ျပည္နယ္အသီးသီးသို႔ တင္သြင္းေနၿပီး သူ႕ရဲ႕နယ္ေျပကိုဘယ္သူမွမေႏွာက္ယွက္ေအာင္ အလုံအေလာက္ေငြေပးကာ သတင္းပိတ္ဆို႔ထားျခင္းပင္ ... Lion ျပန္ေပၚလာၿပီးေနာက္ သူေငြေပးၿပီးႏႈတ္ပိတ္လို႔မရေတာ့တဲ့အျပင္ သူတင္သြင္းသမွ်ပစၥည္းေတြကိုလိုက္လံဖ်က္စီးကာ ေဈးကြက္က်ေအာင္လုပ္ေဆာင္ေနတယ္ ... ခုဆို မီလီယန္နဲ႕ခ်ီတဲ့ပစၥည္းတန္ဖိုးေတြဆုံးရႈံးလိုက္ရၿပီ ...

" ေခြးေကာင္းေတြ သတၱိရွိရင္ ထိပ္တိုက္လာေတြ႕စမ္း ... ေနာက္ကြယ္ကေန ေၾကာင္တစ္ေကာင္လိုပုန္းၿပီး ေခ်ာင္းမတိုက္နဲ႕ ... မင္းတို႔က ပစၥည္းေတြကိုပဲ ဖ်က္ဆီးရဲၿပီး ငါ့အဖြဲ႕အစည္းကိုက်မတိုက္ခိုက္ရဲဘူးမလား ... မင္းတို႔က ျခေသၤ့ညီေနာင္မဟုတ္ဘူး သူရဲေဘာေၾကာင္တဲ့ ေၾကာင္ညီေနာင္လို႔ေျပာတာက ပိုမွန္လိမ့္မယ္ ... ဟမ့္ "

ထိုသူက ေဒါသႀကီးကာ စားပြဲခုံကိုပုတ္၍ ဆိုေနျခင္းပင္ ... သူ႕ေဘးနားကတပည့္မ်ားကေတာ့ ေဘးပတ္ဝန္းက်င္အား လွည့္တၾကည့္ၾကည့္နဲ႕ ေၾကာက္႐ြံ႕ေနၾကတယ္ ... သူတို႔ ဆရာ ကိုလဲမတားရဲ ဘယ္အခ်ိန္ ျခေသၤ့ ၂ ေကာင္ ဝုန္းကနဲ႕ ထြက္လာမလဲ လန႔္ေနျခင္းပင္ ...

' ဒုန္း ... ဒုန္း '

" အား "

အသံကတံခါးေခါက္သံရိုးရိုးသာ ... လန႔္ၿပီးေအာ္မိသြားတာက လန္ေက်ာက္ခ်ဴးရဲ႕အားကိုးအားထားရတဲ့တပည့္မ်ားပင္ ... လန္ေက်ာက္ခ်ဴးက သူ႕တပည့္ေတြကိုၾကည့္လိုက္ၿပီး ...

" မင္းတို႔က ဘာကိစၥေသမလိုေၾကာက္ေနတာတုန္း ... ငါေျပာလိုက္ယုံနဲ႕ အဲ့ ၂ ေကာင္က ဝုန္းကနဲ ေရာက္လာမယ္ထင္ေနတာလား "

" မ ... မဟုတ္ပါဘူးဆရာ ... လန႔္သြားလို႔ပါ "

" မင္းတို႔က မာဖီးယားလား လမ္းေဘးလူမိုက္ေတြလား ဟမ္ ... သူတို႔ကို ဘာမွေၾကာက္စရာမလို "

' ဝုန္း '

" ဘယ္ေကာင္းတုန္းကြ "

အသံကထပ္မံၾကယ္ေလာင္လာ၍ စိတ္မရွည္နိုင္ေတာ့ပဲ အနားကတပည့္ျဖစ္သူအား သြားဖြင့္ရန္ အမိန႔္ေပးလိုက္တယ္ ... ထိုတပည့္က ေၾကာက္ေၾကာက္လန႔္လန႔္နဲ႕ တံခါးအားဖြင့္လိုက္တဲ့အခါ ဝင္လာသူက အဖြဲ႕ဝင္တစ္ဦးသာ ... ထိုအခါမွ သူတို႔အားလုံး သက္ျပင္းခ်နိဳင္ေတာ့တယ္ ... လန္ေက်ာက္ခ်ဴးက သူ႕အားလန႔္ေအာင္လုပ္တဲ့ ထိုတပည့္မိုက္အား ဆူပူေလေတာ့တယ္ ...

" မင္းတံခါးကို ရိုးရိုးေခါက္လို႔မရဘူးလား ... အေနာက္ကေခြးရိုင္းတအုပ္ လိုက္လာတဲ့အတိုင္းပဲ "

ထိုလူက ေမာဟိုက္စြာပင္အသက္ကိုျပင္းျပင္းရႉထုပ္ရင္း တင္ျပေလေတာ့တယ္ ...

" ေခြး ... ေခြးရိုင္းမဟုတ္ဘူး ... ျခင္ ... ျခင္ ... "

" ဘာလဲကြ ... ျခင္ကိုက္လို႔လား "

" မ ... မဟုတ္ဘူး ... ျခင္ ... ျခင္ ..."

ထိုစဥ္ေဘးနားက တပည့္ျဖစ္သူက ေအာ္ကာေျပာလိုက္ေလေတာ့တယ္ ...

" ျခေသၤ့ ၂ ေကာင္ "

" အဟား ... မင္းအိမ္မက္မက္ေနတာလား ... ျခေသၤ့ ၂ ေကာင္က ဘယ္လိုျဖစ္ၿပီး ငါ့ဆီလာနိုင္မွာလဲ ... ဒီအေဆာက္အဦးက ၅ ထပ္တိုက္ ... ေအာက္မွာအေစာင့္ ၁၀၀ ေက်ာ္ရွိတယ္ ... သူတို႔အေတာင္ပံတပ္ၿပီး ေလေပၚကေနပ်ံလာမွရမယ္ "

" ေရာက္ေနၿပီဆရာ "

" ဘာ ... ေတာင္ပံနဲ႕လား "

" မဟုတ္ဘူး ေျခေထာက္နဲ႕လာတာဆရာ ... တံခါးဝမွာ "

ပြင့္ေနတဲ့တံခါးဝကေန ႀကီးမားတဲ့အရိပ္မဲႀကီးႏွစ္ခု စတင္ဝင္ေရာက္လာၿပီးေနာက္ ရဲရင့္တဲ့ေျခလွမ္းေတြနဲ႕အတူ အတားအစီးမဲ့ ခန႔္ညားလွတဲ့ လူ ၂ ေယာက္ဝင္လာေလေတာ့တယ္ ... ၂ ေယာက္စလုံးရဲ႕ မ်က္ႏွာတစ္ဝက္ဆီမွာ မ်က္ႏွာဖုံးသပ္ဆင္ထားၿပီး အၾကည့္ေတြက လူကိုပင္ေအးခဲမတတ္ပင္ ... Lion တစ္ေယာက္ထည္းေတာင္ တုန္ေနေအာင္ေၾကာက္ရတာ ခု ၂ ေယာက္ဆိုေတာ့ ရွိသမွ်လူေတြအားလုံးၾကက္ေသေသကာ ထိုက္ခိုက္ဖို႔ပင္ေမ့ေလ်ာ့သြားေလတယ္ ... ၿပီးေနာက္ လန္ေက်ာက္ခ်ဴးက စတင္ေအာ္ေလေတာ့တယ္ ....

" အျပင္ကေကာင္ေတြ ဘယ္ေရာက္သြားတာလဲ ... မတားက်ဘဴးလား "

တုန္တုန္ယင္ယင္နဲ႕ဝင္လာတဲ့တပည့္က အားႀကိဳးမန္တက္ေျပာလာတယ္ ...

" မရွိေတာ့ဘူးဆရာ "

" ဘ ... ဘာ ... ဒါဆို အထူးလက္႐ုံးအဖြဲေရာ "

" သူတို႔လဲမရွိၾကေတာ့ဘူးဆရာ "

" တံခါးေစာင့္တဲ့ေကာင္ေတြေရာ ... လက္နတ္ေတြမသုံးၾကဘူးလား "

" အကုန္မရွိၾကေတာ့ဘူးဆရာ "

" ငါ့ကိုယ္ရံေတာ္ေတြေရာ "

" သူတို႔လဲမရွိေတာ့ဘူးဆရာ "

ေနာက္ဆုံးေပါက္ကြဲကာ ေျဖဆိုေနတဲ့တပည့္အား ေအာ္ေလေတာ့တယ္ ...

" အကုန္မရွိေတာ့တာကို မင္းကေပ်ာ္ေနတာလား ... ေခြး တိရစာၦန္ေကာင္ "

" ဆ ... ဆရာ သူတို႔ကြၽန္ေတာ္ကိုမသတ္တာပဲ ေက်းဇူးတင္ေနၿပီ ... ဆရာကဘာေတြေမွ်ာ္လင့္ေနတာလဲဗ်ာ "

" မင္း ... မင္း "

ေသြးမ်ားပင္ေစာင့္တက္လာသလို ... အခန္းတြင္းရွိလူေတြအားလုံးလဲ ေလးလံတဲ့ေလထုဖိအားေၾကာင့္ အကုန္ဒူးေထာက္ကုန္ၾကတယ္ ... ထိုလူက ထိုင္ခုံေပၚထိုင္ေနၿပီး ေအာက္ထိုင္ရမလား ထၿပီးထိပ္တိုက္ရင္ဆိုင္ရမလားေတြးေနစဥ္ ခုပဲ သူဆူေငါက္လိုက္တဲ့တပည့္ျဖစ္သူက အနားနားကပ္လာကာ တိုးတိုးေလးေျပာလာတယ္ ...

" ဆရာ အဲ့ ၂ ေယာက္က ဝင္လာၿပီးနာရီဝက္အတြင္း ဘာအသံမွမဆူညံေအာင္ ဆရာလက္ေအာက္ကလူေတြအကုန္လုံးကိုဖမ္းခ်ဳပ္ထားတာ ... သူတို႔ ၂ ေယာက္ကိုသြားစမိရင္ အရိုးတျခားအသားတစ္ျခားျဖစ္သြားမယ္ ... ခုံေပၚမွာ ဆက္ထိုင္ေနဦးမွာလား "

" ဘ ... ဘာ တကယ္လားကြ ... အဲ့ဒါကေကာလဟာလပဲမဟုတ္ဘူးလား "

" မယုံရင္ဆရာထၿပီး ရန္စၾကည့္ပါလား "

" ငါေသမွာေပါ့ဟ "

" အဲ့ဒါဆို ျမန္ျမန္ထိုင္ေလ "

ထိုလူမွာ ဘာမွဆက္မေတြးနိုင္ေတာ့ပဲ ခုံေပၚကေန ေအာက္သို႔ထိုင္ခ်လိဳက္ေတာ့တယ္ ... သူတို႔အေမွာင္မွာက်င္လည္ေနတယ္ဆိုတာက ဘာတိုက္ခိုက္ရည္မွမရွိပဲ ေငြေက်းနဲ႕လူအင္အားကိုသုံးကာ အေမာက္ေထာင္ေနတဲ့ အဆြယ္မရွိတဲ့ေႁမြေပြးသာသာပင္ ... ထိုသို႔ေခါင္းပုံျဖတ္တဲ့စီးပြားေရးသမားေတြက တကယ္တန္း တိုက္ခိုက္ရမည္ဆိုလွ်င္ တစ္ခ်က္ထည္းနဲ႕ေသနိုင္တယ္ ... သူ႕လူေတြမရွိၾကေတာ့ဘူးဆိုေတာ့ Lion ကိုမ်က္လုံးပင္ရဲရဲမၾကည့္ရဲေတာ့ေပ ...

ဖန္းဂူနဲ႕ရႈယြမ္တို႔ တစ္ေယာကိုတစ္ေယာက္ၾကည့္လိုက္ၿပီး အညံ့ခံသြားတဲ့ ေျမေခြးထံေလွ်ာက္လာခဲ့တယ္ ...

" မင္း ခုခ်ိန္ကစၿပီး ဒီအလုပ္ကိုစြန႔္လႊတ္ရမယ္ "

" ဗ်ာ "

ထိုလူမွာ ျပာယာခပ္ကာ ေတာင္းပန္ေလေတာ့တယ္ ...

" ကြၽန္ေတာ့မွာ ဒီအလုပ္ေလးရွိမွစားရတာပါ ... ကေလး ၂ ေယာက္နဲ႕မိန္းမလဲရွိပါတယ္ ... ကြၽန္ေတာ္သာအလုပ္မရွိရင္ သူတို႔အားလုံး ငတ္ၿပီးေသသြားၾကမွာ "

" အခု မင္းေသမွာကိုေရာ စိတ္မပူဘူးလား "

ထိုလူမွာ ဘာမွဆက္မေျပာနိုင္ေတာ့ေပ ... ရႈယြမ္က ဖန္းဂူအနားကပ္ၿပီး တိုးတိုးေလး ေမးလိုက္တယ္ ...

" မင္း သူ႕ကို ဒီတိုင္းလႊတ္ေပးလိုက္ေတာ့မွာလား "

ဖန္းဂူက ထိုလူအား တစ္ခ်က္မွ်ၾကည့္လိုက္ၿပီး ...

" သူကအဆြယ္မပါတဲ့ေႁမြပဲ ... အဆိတ္မရွိဘူး "

" ဒါေပမဲ့ သူကမင္းကိုႀကိဳးကိုင္ဖို႔ႀကိဳးစားေနတဲ့အဖြဲ႕အစည္းနဲ႕ပတ္သပ္ေနရင္ေရာ "

" သူေျပာခဲ့တယ္မဟုတ္လား ... သူမွာမိသားစုေတြရွိေနေသးတယ္ ... သူဘယ္ေလာက္မြဲျပာက်ေနပါေစ သူ႕မိသားစုထိခိုက္ေစမဲ့အလုပ္ကိုမလုပ္နိုင္ဘူး "

" မင္းတကယ္ကိုေျပာင္းလဲသြားၿပီပဲဖန္းဂူ ... အရင္ကမင္းလမ္းမွာလာရႈတ္တဲ့ျခင္ကအစသတ္ခဲ့တဲ့မင္းက ဒီလိုအုပ္စုႀကီးႀကီးကလူကိုအရွင္ထားတယ္ ... မင္း ဒီလူလိုမသတ္ပဲအသက္ရွင္ခြင္ေပးခဲ့တာအမ်ားႀကီးပဲ ... မင္းကိုယ္မင္းယုံၾကည္မႈအျပည့္ရွိပုံပဲ ... ငါပဲေတြးပူေနမိတာလား "

ရွန္ဖန္းဂူက အျပင္ေလာကတစ္ေနရာကိုေငးၾကည့္ၿပီး ရႈယြမ္စကားေတြအားနားေထာင္ရင္း တစ္ခ်ိန္ကမိုက္႐ူးရဲခဲ့တဲ့အခ်ိန္ေတြကိုျပန္အမွတ္ရမိသြားေလတယ္ ... လူ႕အသက္ကိုတန္ဖိုးမထား မိသားစုေတြကိုမငဲ့ကြက္ပဲ သူ႕ကိုအာခံတာနဲ႕သတ္ျပစ္ခဲ့တယ္ ... ခုေတာ့မိသားစုရဲ႕တန္ဖိုးကိုသိၿပီမို႔ သူတစ္ျခားနည္းလမ္းနဲ႕အနိုင္ယူဖို႔ဆုံးျဖတ္လိုက္ျခင္းပင္ ... ဖန္းဂူက ရႈယြမ္ရဲ႕အေမးအား ေလးနက္စြာျပန္ေျဖလိုက္တယ္ ...

" မင္းခ်က္စ္ကစားဖူးတယ္မလား "

" အင္း "

" သူကတစ္ဖက္မွာ ဘုရင္႐ုပ္ထုတစ္ခုစီရွိၿပီး အနက္နဲ႕အျဖဴ က်ားကြက္ေစ့ေတြယွဥ္ၿပိဳင္ရတယ္ ... မင္ကအျဖဴဆိုငါကအနက္ ... ငါရဲ႕အနက္ေရာင္က်ားကြက္ေစ့က မင္းရဲ႕အျဖဴေရာင္က်ားကြက္ေစ့ရဲ႕ေနရာကိုယူလိုက္ရင္အျဖဴေရာင္က်ားကြက္ေစ့ကအလိုလိုငါ့ဟာျဖစ္လာတယ္မဟုတ္လား "

" အင္း ... မင္းပိုင္တာေပါ့ "

" မင္း လုယူလို႔ေရာရလား "

" မရနိုင္ဘူး ... မင္းေနရာကိုပဲျပန္ၿပီးလုယူနိုင္မယ္ "

" ဒီလိုပဲေလ ... ငါတို႔သြားေနတာကဘုရင္ကိုတိုက္ထုပ္ၿပီးနယ္ခ်ဲ့ဖို႔ပဲ ... က်ားကြက္ေစ့ကိုအမႈန္ေခ်ျပစ္တာကဘာထူးျခားမွာလဲ ... သူတို႔အသက္ေတြကလဲက်ားကြက္ေစ့လိုပဲ ... သူတို႔ငါ့လက္ေအာက္မွာရွိေနသ၍ လုံၿခဳံတယ္ ... သူတို႔ဘာသာထြက္ေျပးလို႔ေသသြားရင္ေတာ့ငါနဲ႕မဆိုင္ဘူး ... ငါ့တာဝန္က နယ္ခ်ဲ့ၿပီး ဘုရင္ကိုအလဲထိုးနိုင္ရမယ္ "

ရႈယြမ္မွာ ဖန္းဂူေျဖရွင္းခ်က္အား သေဘာက်၍ လက္မေထာင္ျပလိုက္တယ္ ... ဖန္းဂူကလဲ ဂုဏ္ဆာေနတဲ့အၿပဳံးနဲ႕ လက္ပိုက္လွ်က္ ရပ္ေနၿပီး ေအာက္ကလူမ်ားကေတာ့ ေၾကာင္ေၾကာင္ေလးေတြၾကည့္ေနၾကတယ္ ... ခနၾကာေတာ့ လန္ေက်ာက္ခ်ဴးက မရဲတရဲနဲ႕ဆိုလာခဲ့တယ္ ...

" ကြၽန္ ကြၽန္ေတာ့လုပ္ငန္းေတြက ခုေဒဝါလီခံရေတာ့မွာဆိုေတာ့ ကြၽန္ေတာ္ဘာလုပ္စားရမလဲ ဆရာ "

" မင္းလုပ္စားဖို႔လုပ္ငန္းကအစ ငါရွာေပးရမွာလား "

ထိုလူမွာ ထိပ္ထိပ္ျပာျပာပင္ ...

" မ မဟုတ္ပါဘူး ... ဆရာ Lion ကကြၽန္ေတာ့ကိုအသက္ခ်မ္းသာေမးတာကိုပဲ ေက်းဇူးတင္လွပါၿပီ ... ကြၽန္ေတာ္ဆရာထံမွာ အညံ့ခံပါ့မယ္ ... ကြၽန္ေတာ့ကို ဆရာ့လက္ေအာက္မွာေနခြင့္ေပးပါ "

ထိုလူက ဘယ္သူ႕လက္ေအာက္ကပိုလုံၿခဳံမလဲသိသြားပုံပင္ ... သူ႕တပည့္ေတြကလဲ အညံ့ခံကာ ရွန္ဖန္းဂူလက္ေအာက္မွာေနဖို႔အသနားခံလာၾကတယ္ ... ရွန္ဖန္းဂူက အသက္သာခ်မ္းသာေပးခ်င္ေပးမယ္ ဒီလိုအသုံးမက်တဲ့သူေတြကိုေတာ့ သူ႕လက္ေအာက္ခံအျဖစ္မထားနိုင္ဘူး ... သူကတစ္ခြန္းထည္းသာျပန္ေျဖလိုက္တယ္ ...

" မင္းတို႔လို သူငယ္တန္းအဆင့္အရည္အခ်င္းမ်ိဳးနဲ႕ Lion ရဲ႕လက္ေအာက္ခံျဖစ္ခ်င္ေနတယ္ ... စိတ္ကူးယဥ္မေနနဲ႕ "

" ဒါ ဒါဆို ကြၽန္ေတာ္တို႔ ဘာလုပ္စားရမလဲ ... ထပ္ၿပီးကုန္သြယ္လို႔မွမရ ... "

" မင္းထပ္ၿပီးကုန္သြယ္ရင္မင္းတင္မကဘူး တစ္မိသားစုခုံးကိုသတ္ျပစ္မယ္ "

" ဟုတ္ ... ဟုတ္ "

ထိုလူမွာ စကားစပင္မစရဲေတာ့ေပ ... ခနၾကာေတာ့ ရႈယြမ္ကအေတြးတစ္ခုဝင္လာၿပီး ေျပာလိုက္တယ္ ...

" မင္းတို႔ ပင္လယ္ခရီးသြားတာႂကြမ္းက်င္တယ္မလား "

" ဒါေပါ့ ... ကြၽန္ေတာ္တို႔က ပင္လယ္ထဲမွာအလုပ္လုပ္တာေလ "

" ဒါဆိုအဆင္ေျပၿပီေလ ... မင္းတို႔ ငါးဖမ္းစားလို႔ရတယ္ "

" ဗ်ာ "

လန္ေက်ာက္ခ်ဴးမွာ တစ္သက္နဲ႕တစ္ကိုယ္ အဆင့္ျမင္ကုန္သည္ဘဝကေန ငါးဖမ္းသမားဘဝေရာက္လိမ့္မယ္ဟု ထင္မထားေပ ...

" ကြၽန္ေတာ္က ငါးေတြကို အရွင္လတ္လတ္ကိုင္ရဲတာမဟုတ္ဘူးဗ် "

" ဒါဆိုမင္းတျပည့္ေတြကို ခိုင္းေပါ့ "

ထပည့္ေတြကလဲ ထပ္တူပင္ျငင္းဆန္ေနၾကတယ္ ...

" ကြၽန္ေတာ္တို႔က လူပဲသပ္ရဲတာ ... ငါးဖမ္းတာေတာ့မလုပ္တတ္ဘူး "

ရွန္ဖန္းဂူမွာ စိတ္မရွည္နိုင္ေတာ့ေပ ...

" မင္းတို႔ဘာသာ ဘာပဲလုပ္စားလုပ္စား ငါ့ေရွ႕ထပ္ၿပီးေပၚမလာေစနဲ႕ ... မင္းရဲ႕လူေတြအကုန္လုံးကိုဖမ္းၿပီး မ်က္ႏွာမွာ အမွတ္အသားေပးထားတယ္ ... သူတို႔ကိုဒီနယ္မွာေနာက္တစ္ခါထပ္ေတြ႕ရင္အေသပဲ ... ၿပီးေတာ့မင္းနဲ႕ဒီအခန္းထဲကမင္းလူေတြအကုန္လုံးကို ငါမွတ္မိတယ္ ... ငါ့ကိုေႏွာက္ယွက္လာရင္မင္းတို႔ကိုအခြင့္အေရး ၂ ခါမေပးဘူး "

" ဟုတ္ ဟုတ္ကဲ့ပါဆရာ ... ကြၽန္ေတာ္တို႔ေကာင္းေကာင္းေနၿပီ ငါးဖမ္းစားပါ့မယ္ "

အားလုံးကိုသတိေပးၿပီးေနာက္ ဖန္းဂူနဲ႕ရႈယြမ္တို႔ အိမ္ျပန္လာၾကတယ္ ... ဒီေန႕လဲ ေအာင္နိုင္ခဲ့ၿပီမို႔ ၂ ေယာက္လုံး႐ႊင္ျမဴးလွ်က္ပင္ ... လမ္းေလွ်ာက္ေနရင္း ရႈယြမ္ကစတင္ စကားဆိုလိုက္တယ္ ...

" ငါတို႔ကိုလူတိုင္းသိေနတာပဲေလ ... ဘာေၾကာင့္မ်က္ႏွာဖုံးဝတ္ေနေသးတာလဲ "

" ငါကအက်င့္ပါေနလို႔ ... ၿပီးေတာ့ ငါ့ရဲ႕ပုံစံအမွန္ကိုျပရင္ လန႔္ေသသြားမွာဆိုးလို႔ "

" ဒါဆိုငါကေရာ "

" မင္းမ်က္ႏွာျမင္ရင္ သူတို႔ေၾကာက္မွာမဟုတ္ေတာ့ဘူး "

" ငါကဘာျဖစ္ေနလို႔လဲ ... မင္းထပ္ေခ်ာေနလို႔လား "

" ဟက္ ... မင္မ်က္ႏွာက တရားေပါက္ေနတဲ့ဘုန္းႀကီးလိုပဲ မာဖီးယားနဲ႕မတူဘူး ... မင္းကိုဘယ္သူမွေၾကာက္မွာမဟုတ္ဘူး "

" ငါကမာဖီးယားမွမဟုတ္တာ ... မင္းေလာက္ေတာ့ ဘယ္ေၾကာက္ဖို႔ေကာင္းမွာလဲ "

" စကားမ်ားမေနနဲ႕ေတာ့ ... အိမ္ေရာက္ၿပီ "

သူတို႔အိမ္ထဲဝင္ဝင္ျခင္း တံခါးဝမွာ ရပ္ေစာင့္ေနတဲ့ လုယီေလးကိုေတြ႕လိုက္ရတယ္ ...

" ဒယ္ဒီ "

လုယီေလးကေျပးလာၿပီး ဖန္းဂူနဲ႕ရႈယြမ္ေရွ႕ေရာက္ေတာ့ ရပ္တန႔္သြားတယ္ ... သူက အကဲခပ္ၾကည့္ေနၿပီးေနာက္ ဖန္းဂူနဲ႕ရႈယြမ္ သူ႕ထံလက္ကမ္းလာေတာ့ ဘယ္သူ႕ထံကိုမွမလိုက္ပဲ တစ္ခြန္းထဲဆိုလိုက္တယ္ .

" YiYi အတြက္ မုန႔္မုန႔္ပါလား "

ဖန္းဂူက သားေလးကိုေပြ႕ခ်ီခ်င္ေပမဲ့ သားေလးအတြက္မုန႔္မပါ၍ လုယီေလးစိတ္ဆိုးမွာေၾကာက္ေနမိတယ္ ... ထိုစဥ္ ရႈယြမ္က သူ႕အကၤ်ိအိပ္ကပ္ထဲကေန သၾကားလုံးေလးတစ္လုံး ထုတ္ယူကာ လုယီေလးထံကမ္းေပးလိုက္တယ္ ... မုန႔္ရေတာ့ လုယီေလး လြန္စြာေပ်ာ္႐ႊင္သြားပုံပင္ ...

" ေရး ... ဒယ္ဒီယြမ္ကိုခ်စ္တယ္ "

" ....... "

လုယီေလးက ရႈယြမ္ထံေကာက္ကနဲပါေအာင္လိုက္သြားေလေတာ့တယ္ ... ဖန္းဂူခမ်ာ သားအရင္းရဲ႕ျပစ္ပယ္ခ်င္းကိုခံရ၍ မ်က္ႏွာမၾကည္မသာႏွင့္ ရပ္ေနေလေတာ့တယ္ ...

" လုယီ "

အိမ္ထဲကေန ထြက္လာတဲ့မင္းယြီကိုျမင္ေတာ့ ဖန္းဂူအားက်မခံ ေျပးဖတ္ေလေတာ့တယ္ ...

" အာ ... အကိုတို႔ျပန္ေရာက္ေနၿပီလား ... အိမ္ထဲဝင္ ... "

" ယြီေလး ... ကိုယ္တို႔သားေလးက သူမ်ားကိုအေဖေခၚေနတယ္ "

" ဟင္ "

ကေလးပမာ ကပ္ခါခြၽဲေနတဲ့ ဖန္းဂူေၾကာင့္ မင္းယြီဘာေျပာရမည္မသိေတာ့ေပ ... လုယီေလး ရႈယြမ္အေပၚမွာ သၾကားလုံးေလးကိုင္ၿပီး ေပ်ာ္ေနတာကိုျမင္ေတာ့မွ မင္းယြီသေဘာေပါက္သြားေလေတာ့တယ္ ...

" လုယီ ... ဒယ္ဒီကို ဦးဦးယြမ္နဲ႕ေပါင္းၿပီး ငိုေအာင္မစရဘူးလို႔ ေျပာထားတယ္ေလ "

" ခ္ခ္ "

လုယီေလးက သူ႕အႀကံေအာင္ျမင္သြား၍ သေဘာက်ကာ တခ္ခ္ေအာ္ရယ္ေနေတာ့တယ္ ...

" ကိုယ္မငိုပါဘူး ... ဝမ္းနည္းယုံပါ "

" သားေလးကအၿမဲစေနၾကပဲကို "

" ဒါေပမဲ့ သူကအၿမဲ ရႈယြမ္ကိုအေဖေခၚေနတာ ... ကိုယ္တကယ္ခံစားရတယ္ "

" ကဲ့ပါ အထူးအဆန္းလဲမဟုတ္ေတာ့ဘူး ထမင္းစားဖို႔ျပင္ေပးမယ္ ... အိမ္ထဲဝင္ရေအာင္ "

ဖန္းဂူကအေလ်ာ့မေပးေျခ ... ကပ္ခါခြၽဲေနဆဲပင္ ... လူဆိုးေတြေရွ႕ၾကမ္းခဲ့တဲ့ Lion က အိမ္ေရာက္ေတာ့ ေၾကာင္အျဖစ္ေျပာင္းလဲသြားေလတယ္ ...

" မင္းတကယ္ပဲ ဒါကိုစိတ္ထဲမထားဘူးလား ... မင္းနဲ႕ကို႔ရဲ႕သားက တစ္ျခားသူကို ဒယ္ဒီေခၚေနတာေလ "

မင္းယြီအားတင္းေနေအာင္ဖက္ကာ ခြၽဲေနတဲ့ဖန္းဂူအား ရႈယြမ္အျမင္ကပ္ကာ ေနာက္ေက်ာအား ရိုက္လိုက္ၿပီး ...

" မင္းအပိုေတြလုပ္ေနတာေတာ္လိုက္ေတာ့ ... မင္းေနာက္က်ရင္ ငတ္ဖို႔သာျပင္ "

" ဒါကမင္းအိမ္လား ... ငါ့အိမ္လား "

" ဦးရာလူစားေၾကး ... လုယီနဲ႕ငါက မင္းအတြက္မခ်န္ပဲ အကုန္စားျပစ္မယ္ "

" ဟုတ္တယ္ YiYi တို႔ကုန္ကုန္စားျပစ္မွာ "

" လုယီ ... မင္းကဘယ္ေဖေဖဘက္ကလဲ "

" ဒယ္ဒီယြမ္ ဘက္က ... ခ္ခ္ "

" လာစမ္ ... ဒယ္ဒီကိုစရဲတယ္ေပါ့ "

" အားဟားဟား "

ဖန္းဂူက မင္းယြီအားဖက္ထားရာကေနလႊတ္ကာ အသည္းယားေအာင္စေနတဲ့ ရႈယြမ္ေပၚကလုယီေလးအား လုယူလိုက္တယ္ ... လုယီေလးကဘယ္သူ႕ေနာက္မွမလိုက္ေတာ့ပဲ ေအာက္ဆင္းကာ အထဲေျပးဝင္သြားေတာ့ ဖန္းဂူနဲ႕ရႈယြမ္လဲ သားေလးအေနာက္ကိုေျပးလိုက္သြားကာ သုံးေယာက္သားစေနာက္ရင္ အိမ္ထဲသို႔ဝင္သြားၾကေလတယ္ ... မင္းယြီ ထိုသူငယ္ခ်င္း ၂ ေယာက္နဲ႕ လုယီေလး တစ္ေန႕နဲ႕တစ္ေန႕ စေနာက္ကာရန္ျဖစ္ေနတာေလးေတြကိုၾကည့္ၿပီး အၿမဲၾကည္ႏူးေနခဲ့ရတယ္ ...

အိမ္ထဲကိုဝင္ဝင္ျခင္း ေမႊးျပန္တဲ့ရနံ႕ေတြေၾကာင့္ ၂ ေယာက္သား မီးဖိုခန္းရွီရာထံေျပးသြားေလတယ္ ... သို႔ေပမဲ့ လုယီေလးက အဝင္မခံပဲ အေရွ႕ကေနတားစီးကာ အမိန႔္ေပးလိုက္တယ္ ...

" ဒယ္ဒီနဲ႕ ဦးဦးယြမ္ေနဦး ... ခုျပင္ျပင္ကျပန္လာတာဆိုေတာ့ ေရအရင္ခ်ိဳးၿပီးမွခ်ားရမယ္လို႔ပါပါးကမွာထားတယ္ "

" ဒယ္ဒီဗိုက္စာေနၿပီ "

" ရဝူး ... ျမန္ျမန္ခ်ားခ်င္ရင္ ျမန္ျမန္ၿပီးေအာင္ခ်ိဳး ... ေနာက္က်တဲ့လူကိုနည္းနည္းပဲေႂကြးမယ္ "

" ဟုတ္ပါၿပီဗ်ာ "

ရႈယြမ္နဲ႕ဖန္းဂူ လုယီေလးအမိန႔္အားမလြန္ဆန္နိုင္၍ အခန္းထဲသို႔အျမန္သြားကာ ေရမိုးခ်ိဳးၿပီးမွ ထြက္လာခဲ့ၾကတယ္ ... သူတို႔ထြက္လာေတာ့ စားစရာေတြအဆင္သင့္ျဖစ္ေနၿပီး လုယီနဲ႕မင္းယြီတို႔က အရန္သင့္ေစာင့္ေနၾကတယ္ ... ဖန္းဂူက မင္းယြီေဘးမွာထိုင္ၿပီး ရႈယြမ္က လုယီေဘးမွာဝင္ထိုင္လိုက္တယ္ ...

" ကဲ စားလို႔ရၿပီလားဗ်ာ "

" ရပါၿပီ ... ဒယ္ဒီနဲ႕ ဦးယြမ္းမ်ားမ်ားစား "

အစားစားခ်ိန္မွာေတာ့ အားလုံးကေႏြးေထြးၿပီး လုယီေလးကသူ႕ဒယ္ဒီေရာ ဦးဦးကိုပါ တစ္လွည့္စီခြန႔္ေႂကြးေနေတာ့တယ္ ...

" လုယီ ဒယ္ဒီကေရအရင္ခ်ိဳးၿပီးတာကို ဘာေၾကာင့္နည္းနည္းပဲေႂကြးတာလဲ "

" ဒယ္ဒီကပါပါးခ်ိတယ္ ... YiYiက ဦးဦးယြမ္ကိုမ်ားမ်ားေႂကြးမယ္ "

ရႈယြမ္ေရာက္လာမွ လုယီေလးက သူ႕ဖခင္ကိုစေနာက္ရတာသေဘာက်ၿပီး ဖန္းဂူကလဲ သားေလးနဲ႕ရႈယြမ္ကိုအၿမဲအူတိုကာ လိုက္ခြဲရင္း ေပ်ာ္႐ႊင္ေနၾကတယ္ ... ဒီကြၽန္းေလးေပၚမွာေနရတဲ့ တစ္လဆိုတဲ့အခ်ိန္ေလးက မင္းယြီဘဝမွာအၾကည္ႏူးရဆုံးနဲ႕အေပ်ာ္႐ႊင္ရဆုံးအခိုက္အတန႔္ေလးတစ္ခုသာ ျဖစ္ေလေတာ့တယ္ ...

...............................................................

To Be Continued ......

( မ်က္လုံးနာေနတဲ့ၾကားက အရွည္ႀကီးေရးေပးထားတယ္ေနာ္ ... ကို႔ကိုအားေဆးအျဖစ္ Star ေလးတစ္ခ်က္ႏွိပ္ၿပီး fb ေလးပဲဝင္ေရးေပးသြားပါ 🤧 + ခန္းမွာေတာ့ ခ်က္ခ်င္း 500 ေက်ာ္သြားၿပီး ေနာက္တစ္ပိုင္းမွာ ဝင္ဖတ္ၿပီး 500 ေတာင္မျပည့္ဘူး ... ဖတ္တဲ့သူတစ္ဝက္ေလာက္ပဲေပးရင္ရေနၿပီကို 😥 ကို႔ကိုအားရွိေအာင္ တစ္ပိုင္းဖတ္ၿပီးတိုင္း ၾကယ္ေလးေတာ့ႏွိပ္ေပးသြားပါဒါဒါေလးတို႔ ❣️ )

Continue Reading

You'll Also Like

173K 18.6K 65
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
978K 35.3K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
303K 24.4K 29
Mini Story Uni Life Style Sweet Romance
509K 31.4K 50
"မင်းချစ်သူမောင် !!!" "အင်း....မင်းချစ်သူ~~~~~မောင် လေ" "မင္းခ်စ္သူေမာင္" "အင္း....မင္းခ်စ္သူ....ေမာင္ေလ..."