Game Of Life

Da AChit7777

85.9K 5.3K 203

ကျန့်ကောနဲ့တိတိကိုချစ်လို့ရေးတာပါ မည်သူတဦးတယောက်ကိုမျှထိခိုက်လိုစိတ်မရှိပါဘူးနော် ficကိုဖတ်ပေးပါဝေဖန်ပေးပါ... Altro

Part1
Part-2
Part-3
Part-4
Part-5
Part-6
Part- 7
Part-8
Part-9
10
11
12
13
14
15
16
17
18
20
21
22
23
24
25
26
27
28
29
30 (end)
Xiao's part

19

1.9K 140 2
Da AChit7777

Unicode
"ဝမ်လေး...မပြိုင်လို့မရဘူးလား "

မျက်နှာငယ်လေးနဲ့ဘေးကနေလိုက်နေတဲ့ကောရဲ့ပါးလေးကို လက်နှစ်ဘက်နဲ့ညှစ်လိုက်တော့ နှုတ်ခမ်းလေးဆူထွက်လို့လာသည်...

ရိပေါ်အသဲတယားယားနဲ့အနမ်းပေးလိုက်ပြီး..
"ကောကမကြိုက်ဘူးလား "

"မကြိုက်ဘူးလို့တော့မဟုတ်ပါဘူး ဝမ်လေးထိခိုက်မိမှာစိုးရိမ်လို့"

ဒီနေ့ဆိုင်ကယ်အသင်းပေါင်းစုံပြိုင်ပွဲမလို့ ရိပေါ်ဝင်ပြိုင်မည်ကို ရှောင်ကျန့်စိုးရိမ်နေခြင်းပင်...

"ကိုယ့်ကိုမယုံဘူးလား "

"အာ့လိုမဟုတ်ပါဘူး ဟူး...အဲဒါဆိုလဲ ဆုရအောင်လုပ် ယွိပင်းတို့နဲ့ကောလာခဲ့မယ်ဟုတ်ပီလား "

"ဒါမှ ကိုယ့်အသဲ...အားဆေးပေးပါဦး "

~~~ ပြွတ် ~~~

"ကိုယ်သွားပီနော် "

"အင်း "

ရှောင်ကျန့်စိုးရိမ်ပေမဲ့ ရိပေါ်ချစ်မြတ်နိုးရတဲ့ဝါသနာတခုမလား ပါရမီဖြည့်ဘက်အနေနဲ့အားပေးသင့်တယ်လေ...

ရိပေါ်ထွက်သွားပြီး ရှောင်ကျန့်လဲပြင်ဆင်ကာ ယွိပင်းတို့ကိုစောင့်နေလိုက်သည်။ ရိပေါ်အကြောင်း ယွိပင်းတို့အခုထိမသိသေး သူ့ချစ်သူဖန်ရှင်းအကြောင်းရောပေါ့...

ကျိုးချန်ကသူ့လူကြီးပါခေါ်လာမည်ဆိုသောကြောင့် ယွိပင်းနဲ့ရှောင်ကျန့် သူ့ရဲ့ကားအသစ်လေးနဲ့သွားဖို့ဆုံးဖြတ်ထားခဲ့သည်...

ရှောင်ကျန့်အိမ်ကြီးဆီကိုထွက်လာတော့..

အပေါ်ထပ်ကနေ ဂျင်းဘောင်းဘီ.တီရှပ်အပြာလေးတွဲဖက်ဝတ်ဆင်၍ အပြာနုရောင်working shoesစီးပြီး လျှာထိုးဦးထုပ်လေးဆောင်းကာ ဆင်းလာတဲ့ မာမားကိုတွေ့လိုက်၍...
"မာမား.."

"အမလေး လန့်လိုက်တာ ဟင် ကျန့်ကျန့် ကုမ္ပဏီမသွားဘူးလား "
သူ့ခေါ်သံကိုလန့်သွားတယ်တဲ့ ဘာတွေတွေးပြီး ဆင်းလာလဲမသိဘူး

"အင်း ကိစ္စလေးရှိလို့ မာမားကရော လန်းနေပါလား "

"အဲဒါက မာမားလဲအလုပ်လေးရှိလို့ ဒီလိုလေးသွားရမဲ့နေရာမလို့လေ "

" အော်...ထူးတော့ထူးနေသလိုပဲ "

"ဘာ ဘာကိုထူးတာလဲ "

"ဘာမှမဟုတ်ပါဘူး သွားလေ အလုပ်ရှိတယ်ဆိုလဲ "

"အော့ အင်း သွား သွားတော့မယ်"

*စကားပြောတာလဲပုံမှန်မဟုတ်ဘူး တခုခုပဲ..* ရှောင်ကျန့်ကိုယ့်အတွေးနဲ့ကိုယ် ပြုံးလိုက်မိသည်...

"ရှောင်ကျန့်ကောကော "

"အော ချင်းချင်း ကျောင်းသွားတော့မလို့လား "

"ဟုတ် ဒါနဲ့ရိပေါ်ကောကောရော အလုပ်သွားပီလား "

ရှောင်ကျန့်မျက်နှာတစ်ချက်ပျက်သွားပေမဲ့ ထိန်းလိုက်ကာ..
"အင်း ကုမ္ပဏီတော့မဟုတ်ဘူး အလုပ်လေးရှိလို့ အစောကြီးထွက်သွားတယ် "

"ဟွန်း...တစ်အိမ်ထဲသာနေရတာ မျက်နှာမြင်ရဖို့အတော်ခက်တာပဲနော် "

"ဘာလိုအပ်တာရှိလို့လဲ ကောကိုပြောလေ ''

"ဘာမှမလိုပါဘူး ဟိဟိ ဒါနဲ့ရှောင်ကျန့်ကောကော "

"အင်း "

"ရှောင်ကျန့်ကောကောနဲ့ ရိပေါ်ကောကော ငယ်ငယ်ကမတည်ဘူးဆို ရန်အမြဲဖြစ်တယ်ပြောတယ် ဟုတ်လား "

"အဲဒါက ကလေးတွေဆိုတော့ ကလေးအတွေးနဲ့ပေါ့ "

"ရိပေါ်ကောကော ငယ်ငယ်ကပုံတွေကြည့်ရတယ် အရမ်းချစ်ဖို့ကောင်းတာပဲနော် ဟိဟိ ရိပေါ်ကောကောရဲ့ကလေးမွေးရင် သူ့လိုပဲအရမ်းချစ်ဖို့ကောင်းမှာ ပါးဖောင်းဖောင်းလေးနဲ့လေ "

ချင်းချင်းစကားက သူကလေးမွေးမရတာကို သိအောင်သတိပေးလိုက်တဲ့သဘော ဒါပေမဲ့သူဘာမှပြန်မပြောမိ...

"အင်း "

"ဟိုနေ့က အန်တီရှောင်နဲ့ဖွားပြောသံကြားလိုက်ရသေးတယ် ကလေးသေးသေးလေးတွေရှိရင်ကောင်းမှာပဲတဲ့ မျက်နှာငယ်လေးတွေနဲ့ "

ဟုတ်သားပဲ သူနဲ့ရိပေါ်သာအဆင်သင့်မဖြစ်လို့ မစဥ်းစားပဲနေနေတာ ဖွားနဲ့မာမားကိုမေ့နေတာပဲ...

"ချင်းချင်း သွားတော့မယ်နော် "

"အင်း အင်း "

ချင်းချင်းရဲ့အတွေးတွေက ရှောင်ကျန့်ဝမ်းနည်းပြီး ရိပေါ်ကိုလက်လွတ်ပေးလိုက်လေမလားပေါ့... သူ့အတွက်ရိပေါ်ကိုရဖို့နည်းလမ်းမရှိတာသူမသိခဲ့ဘူးလေ.... ကိစ္စတခုသာမဖြစ်ခဲ့ရင်ပေါ့...

............
ရှောင်ကျန့်တို့အုပ်စု ပွဲကြည့်တဲ့နေရာမှာရောက်လို့နေသည်...

လူတွေစုံနေပြီဖြစ်ပြီး အော်သံတွေဆူညံလို့....

ပွဲမစသေးသည်မို့ သူ့နေရာနဲ့သူ ဆိုင်ကယ်စစ်တဲ့သူကစစ် ပြင်ဆင်တဲ့သူကပြင်ဆင်နဲ့ အလုပ်ရှုပ်နေကြတော့သည်...

Clubပေါင်းစုံဖြစ်တာကြောင့် မီဒီယာတော်တော်များများလဲရောက်နေကြသည်... Liveလွှင့်ထားတဲ့ LEDကြီးမှာ တချက်တချက်ပေါ်ပေါ်လာတဲ့ YZ အသင်းနေရာနဲ့ ပြင်ဆင်နေကြတဲ့သူတွေ...

အသင်းသားတွေတော့မပါ ထုံးစံအတိုင်း ပွဲချိန်စခါနီးမှ ဝတ်စုံပြည့်နဲ့ထွက်လာကြမှာပေါ့...

"ဟွန့်...မင်းသားတွေကပြင်လို့မပြီးသေးဘူးလားမသိဘူး "
ရှောင်ကျန့်တိုးတိုးလေးရွတ်လိုက်မိသည်...

ထိုစဥ် MCမှ အားလုံးကိုနှုတ်ဆက်ပြီး ဒီနေ့ပွဲမှာအရင်ပွဲတွေနဲ့မတူ အရမ်းထူးခြားကြောင်းပြောရင်း...စောင့်ကြည့်ဖို့ပြောသွားခဲ့သည်....

ခဏကြာတော့...
"ပြိုင်ပွဲဝင်အားလုံးပဲအသင့်ဖြစ်ရင် နေရာယူပေးကြပါ.."

ရှောင်ကျန့်လဲစိတ်လှုပ်ရှားစွာ YZ အသင်းနေရာကိုသာကြည့်နေမိတော့သည်... သူ့ရဲ့အလုံထုတ်လေးကိုတွေ့ရတော့မယ်မဟုတ်လား...

"အား.....အား......."

ထိုအသံကကွင်းတစ်ခုလုံးရှိကောင်မလေးတွေရဲ့အော်သံပင်...

ထို့အတူသူ့ဘေးကယွိပင်းနဲ့ကျိုးချန်ရဲ့အော်သံသည်လဲ ထိုအတိုင်းပဲ...
ရှောင်ကျန့်နှာခေါင်းတစ်ချက်ရှုံ့လိုက်တော့သည်...

ပြိုင်ပွဲစတင်ပြီ... ရှောင်ကျန့်လဲရှိသမျှဘုရားအကုန်တရတော့သည် ပြိုင်ပွဲဆိုပေမဲ့ သူ့လူသားလေးက ပြေးလမ်းပေါ်မှာမလား စိုးရိမ်တာပေါ့...

အချိန်တွေတဖြေးဖြေးကုန်လွန်လာတာနဲ့အမျှ ပွဲတွေလဲတစ်ပွဲပြီးတစ်ပွဲမောင်လို့ပြီးသွားခဲ့ပြီ...နောက်ဆုံးအချိန်ဖြစ်တာကြောင့် ပရိတ်သတ်တွေရဲ့အသံတွေပိုပိုအုံကြွလိုလာသည်။

သူချစ်ရသူကတော့ သူ့လူသားလို့မပြောရဘူး ထိပ်ဆုံးမှာပြေးလျှက်...ပွဲတခုလုံးမှာသူသာသိသောဖန်ရှင်းကလဲ သူ့အကိုခြေဖျား မဟုတ်သေးဘူး ဘီးဖျားမှီအောင်ကြိုးစားနေပေမဲ့ ရိပေါ်နဲ့ကပ်လျက်က hepeng ဆိုင်ကယ်ပင်...

စိတ်ထဲမှကြိတ်ပြီး ဝမ်ရိပေါ် နဲ့သူ့အသင်းသားတွေဘေးကင်းစေဖို့ ဆုတောင်းရသေးသည်...

ပန်းဝင်ဖို့အချိန်နီးကပ်လာသည်မို့ လူအုပ်ကြီးကမတ်တပ်ရပ်အော်ဟစ်နေကြတော့သည်။ရှောင်ကျန့်မကြည့်ရဲတော့၍ မျက်လုံးအသာမှိတ်ထားလိုက်မိသည်။

ခဏကြာတော့...

"ရေး....ငါ့တို့85ကွ ရှောင်ကျန့် ငါ့တို့85 ၁ရသွားပီ''
ကျိုးချန်ရဲ့အော်သံကြားမှ မရဲတရဲလေးမျက်လုံးဖွင့်ကြည့်လိုက်တော့...

အမှန်ပင် 85ဆိုတဲ့ အစိမ်းလုံးလေးက ဆိုင်ကယ်ပေါ်ကနေပြီး အောင်ပွဲခံနေလေရဲ့...

ရှောင်ကျန့် မျက်လုံးတွေမှိတ်သွားတဲ့အထိရယ်လိုက်မိသည်။ ဒီအချိန်ဖုံးကွယ်နေတဲ့ရိပေါ်လဲ သူ့လိုပဲရယ်နေမိမယ်ထင်တယ်....

သူ့ရဲ့အလုံထုတ်အစိမ်းလုံးလေးက YZအသင်းသားတွေ ဆုယူဖို့နေရာယူနေကြသည်... ဆုလက်ခံရယူပြီးတော့ MCက...

"ဟုတ်ကဲ့ အားလုံးပဲ ကျွန်တော်ပြောခဲ့သလို ဒီနှစ်ရဲ့ထူးခြားချက်တခုရှိပါတယ် အဲဒါကတော့...."

MCက ဆုပေးတဲ့အစင်ဘက်ကိုညွှန်ပြလိုက်တော့ Live လွှင့်နေတဲ့မီဒီယာအားလုံးရဲ့ဆုံမှတ်က YZ အသင်းသားတွေဆီမှာ....

ထိုအချိန်မှာပဲ အသင်းသားတွေအားလုံး ကိုယ်စီဆောင်းထားတဲ့ဦးထုပ်တွေ ချွတ်လိုက်ကြတော့သည်...

အသင်းခေါင်းဆောင်ဖြစ်သူကို MCကမိုက်ခ် လှမ်းပေးသည်မို့ ရိပေါ်ယူလိုက်ပြီး...
"အားလုံးပဲတွေ့ရတာဝမ်းသာပါတယ် ဝမ်ရိပေါ်ပါ ''

အားလုံးရဲ့အံ့သြသံတွေဆူညံလျက်..ရိပေါ်ကိုသိသူများသိပြီး မသိသူများကတော့ထုံးစံအတိုင်း ကြွေတဲ့သံတွေနဲ့ပေါ့...

ရှောင်ကျန့်ပြုံး၍ငေးနေမိတုန်းမှာပဲ...

"ဝမ်ရိပေါ်...ရှောင်ကျန့် အဲဒါငါတို့ ငါတို့ဒါရိုက်တာ မင်းယောက်ျား ဝမ်ရိပေါ်မလား"
ကျိုးချန်ကသူ့ပုခုံးတဖက်ကိုရိုက်ကာ မေးနေပြီး..

"ငါ့ ငါ့ကလေးကဘယ်လိုလုပ် အဲထဲရောက်နေတာလဲ ရှောင်ကျန့် မင်းဟာကြီးကဘာလို့ 85ရဲ့ဝတ်စုံကြီးဝတ်ထားတာလဲ ရှောင်ကျန့်ကြည့်ဦး ဟိုးမှာလေ တွေ့လား မင်းဟာကြီးဟုတ်တယ်မလား "

ယွိပင်းကမယုံတဝက်နဲ့ သူ့ပုခုံးတဖက်ကိုရိုက်ရိုက်ပြီး မေးတော့သည်....

ကွင်းတစ်ခုလုံးအော်သံတွေကလဲဆူညံလို့LEDပေါ်က သူ့လူသားလေးကတော့ ပင်တိုင်အချေစတိုင်နှင့်ပင်....

ရုတ်တရက်. ရိပေါ်က သူ့ကိုမြင်သည့်အလား တည့်တည့်ကြည့်နေပြီး ပြုံးပြလာကာ...

"ကျန့်ကော အရမ်းချစ်တယ် "

ခြွေလွန်းပါတယ် ဝမ်လေးရယ်...
ဝမ်လေးမသိတာက ဒီလူသားက မခြွေခင်ထဲကကြွေနေရတဲ့သူပါ.

တစ်ယောက်နဲ့တစ်ယောက် အချိန်အတန်ကြာအောင်စိုက်ကြည့်နေမိသည်။ ရှောင်ကျန့်လဲ ထပ်တူချစ်တယ်ဆိုတာ ရိပေါ်သိသည်မို့ အော်ပြောဖို့လိုမယ်မထင်တော့ပါ......

ရိပေါ်နဲ့ရှောင်ကျန့် မသိခဲ့တာက ပွဲကြည့်စင်ရဲ့ လူအနည်းငယ်များတဲ့ အလယ်တစ်နေရာမှာ အပြာရောင်အင်္ကျီဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ဦးနဲ့အတူ တွဲလျက်ထိုင်နေတဲ့ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ရှိနေသည်ကိုပင်...

..................

3.8.2021

ချစ်တယ်နော်😘
🥳🥳🥳Happy birthday လျှိုဟွိုက်ခွမ်း (လန်ရှီးချန် or ဇယ်ဝူကျွင်း)ပျော်ရွှင်ဖွယ်၂၇နှစ်ပြည့်မွေးနေ့လေးပါ

Zawgyi



"ကောကမကြိုက်ဘူးလား "



"ကိုယ့်ကိုမယုံဘူးလား "



~~~ ပြွတ် ~~~

"ကိုယ်သွားပီနော် "

"အင်း "





"မာမား.."





"ဘာ ဘာကိုထူးတာလဲ "




"ရှောင်ကျန့်ကောကော "







"အင်း "





"အင်း "




"အင်း အင်း "


............







ခဏကြာတော့...


"အား.....အား......."








ခဏကြာတော့...




















..................

3.8.2021

ချစ်တယ်နော်😘

Continua a leggere

Ti piacerà anche

81.8K 6.2K 39
This is a story about Xiao Zhan , Wang Yibo and a cat named BaoBao .
324K 9.7K 105
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
469K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...