Zawgi;
အခုဆို ကိုကိုနဲ႔အနီးဆံုးတစ္ေနရာမွာ အတူရိွေနခဲ့တာ ငါးလေတာင္ရိွသြားပီ...ေနဦး! မဟုတ္ေသးဘူး...ကိုကို ႏိုင္ငံျခားသြားရတဲ့ရက္ေတြ ဖယ္လိုက္ရင္ ႏွစ္လေတာင္ ျပည့္ခ်င္မွျပည့္မွာ...
ဘာလို႔ဆို ကိုကိုက ႏိုင္ငံျခားကို အလုပ္ကိစၥနဲ႔ သြားလိုက္ျပန္လိုက္လုပ္ေနတဲ့ပံုစံက အနီးအနားတစ္ေနရာကို ေပ်ာ္ပဲြစားထြက္ေနသလိုေတာင္ ထင္ရတယ္...ဒါဟာ ကြၽန္ေတာ္တင္စားပီးေျပာတာပါ...ကိုကို႔အလုပ္က ဟာသတစ္ပုဒ္ မဟုတ္ဘဲ ခက္ခဲလြန္းတယ္ဆိုတာ ကြၽန္ေတာ္နားလည္ပါတယ္...
Company စေရာက္ေရာက္ခ်င္း ကြၽန္ေတာ့္ေခါင္းထဲဝင္လာတာက ကိုကို႔ဆီ ဘယ္လိုေရာက္ေအာင္သြားရမလဲဆိုတာပါပဲ...ဒါေပမဲ့ ကြၽန္ေတာ့္အတြက္ေတာ့ ဘယ္လိုမွ ျဖစ္မလာႏိုင္တဲ့အရာႀကီးလိုပဲ...ကြၽန္ေတာ္ အရင္ကပံုစံလို တစ္ဇြတ္ထိုးလုပ္ရေအာင္လဲ Company က ကစားကြင္းမွမဟုတ္တာ...
ဒါေပမဲ့ ကိုကိုဆီသြားရမဲ့ တစ္ခုတည္းေသာ နည္းလမ္းေလးေတာ့ရိွတယ္!!
"Jungkook ေရ ေန႔လည္စာစားခ်ိန္ပီးရင္ Hyung ဆီက စာရြက္ေတြ လာယူပီး မိတၱဴသြားဆဲြေပးပါဦး...."
ဒါပါပဲ!!! ကြၽန္ေတာ္ရဲ႕တစ္ခုတည္းေသာ ကယ္တင္႐ွင္ေလး....
Kook-ဟုတ္ကဲ့ Hyung...
တကယ္ေတာ့ မိတၱဴစက္က တျခားေနရာေတြမွာလဲ အမ်ားႀကီးရိွပါတယ္...ဒါေပမဲ့ ကြၽန္ေတာ့္မ်က္လံုးထဲမွာ CEO အခန္းထဲက မိတၱဴစက္တစ္လံုးပဲျမင္တယ္...ဌာနထဲက လူေတြ မိတၱဴဆဲြခ်င္ရင္ ကြၽန္ေတာ္ပဲ ေျခာက္ထပ္ကေန ဆယ့္ေလးထပ္ေျမာက္အထိ အေျပးအလႊား သြားဆဲြေပးေနက်...အမ်ားအျမင္မွာေတာ့ အလုပ္ႀကိဳးစားသူႀကီးေပါ့😅
ကိုကို ရံုးခန္းထဲမွာ ရိွမွသာ တက္ႂကြတာပါ...ကိုကို ႏိုင္ငံျခားသြားရင္ CEO ရံုးခန္းကို လွည့္ေတာင္ၾကည့္ခ်င္တာမဟုတ္ဘူး...အဲ့ဒါေၾကာင့္ အနီးအနားက မိတၱဴစက္မွာပဲ ခပ္ျမန္ျမန္ဆဲြေပးလိုက္တယ္😎
ကိုကို႔ရံုးခန္းထိ မိတၱဴသြားဆဲြတာ တျခား ဘာရည္ရြယ္ခ်က္မွေတာ့ မရိွပါဘူး...ဒီအတိုင္းေလး ကိုကို႔ကိုေငးၾကည့္ပီး ျပန္လာခဲ့တာ...အဲ့ဒါေၾကာင့္ မိတၱဴဆဲြရမဲ့ အေစာင္အေရအတြက္မ်ားေလေလ ပိုေကာင္းေလေလပဲ...ၾကာၾကာၾကည့္ရတာေပါ့...
ကြၽန္ေတာ္ မိတၱဴသြားဆဲြတိုင္း ကိုကို ကြၽန္ေတာ့္ကို ဘာမွမေျပာဘူး...မလာနဲ႔လို႔လဲ မေမာင္းထုတ္ဘူး...ကြၽန္ေတာ့္ကို ဘာစကားမွကို မေျပာတာ...တကယ္ဆို "တျခားမိတၱဴစက္ေတြလဲရိွတယ္ ငါ့ရံုးခန္းကိုမလာနဲ႔" လို႔ ကိုကို ကြၽန္ေတာ့္ကို ေျပာလို႔ရတဲ့အေနအထားတစ္ခုပဲမလား...ဒါေပမဲ့ ကိုကိုမေျပာေတာ့ ကြၽန္ေတာ့္အတြက္ ကိုကို႔ကိုေတြ႔ရဖို႔ အခြင့္အေရးတစ္ခုလိုျဖစ္သြားတာေပါ့...
ကြၽန္ေတာ္ ကိုကို႔ကို ဝါးစားမတတ္ စိုက္ၾကည့္တဲ့အခ်ိန္ေတြဆိုရင္ ကိုကို လုပ္မထိ ကိုင္မထိ ဘာလုပ္လို႔လုပ္ရမွန္းမသိ ျဖစ္သြားတယ္ဆိုတာ ကြၽန္ေတာ္ သတိထားမိတယ္...အဲ့လိုအခ်ိန္ဆိုရင္ ခ်စ္ဖို႔ေကာင္းလြန္းတဲ့ကိုကို႔ကို အေကာင္လိုက္သာၿမိဳခ်ပစ္လိုက္ခ်င္တယ္...
တစ္ခ်က္ တစ္ခ်က္ ကြၽန္ေတာ္နဲ႔အၾကည့္ခ်င္းဆံုသြားရင္လဲ ကိုကို႔မ်က္ႏွာက မွည့္ေရာေနတဲ့ ခရမ္းခ်ဥ္သီးတစ္လံုးလို ျဖစ္သြားတတ္တယ္...ရွက္ေသြးျဖာပီး နီရဲသြားတဲ့ ပါးျပင္ႏွစ္ဖက္ကို ရႊတ္ခနဲျမည္ေအာင္ နမ္းလိုက္ခ်င္တယ္...
ကြၽန္ေတာ္က အၾကည့္ခ်င္းဆံုသြားလို႔ ရင္ခုန္မလို႔ရိွေသး...ကိုကိုက ဆက္ခနဲ ေခါင္းျပန္ငုံ႔သြားလို႔ ရင္ခုန္မဲ့အရိွန္ေတြ ဘရိတ္အုပ္လိုက္သလို တုံ႔ခနဲ ရပ္သြားခဲ့ရတဲ့အခ်ိန္ေတြ တစ္ပံုႀကီး...
"ေတာ္ေတာ္ ေဒါသထြက္ဖို႔ေကာင္းတယ္...ေကာင္စုတ္ေလး..."
ေဒါသတႀကီးနဲ႔ ပြစိပြစိေျပာပီး ကြၽန္ေတာ့္ေဘးက သူ႔ခံုမွာဝင္ထိုင္လိုက္တဲ့ ဟာနာ...
Kook-ဘာျဖစ္လာတာလဲ...ဒါနဲ႔ ဟာနာ ဒီေန႔ေနာက္က်တယ္ေနာ္...
"ေနာက္က်မွာေပါ့...ဟို ႏို႔နံမစင္ေသးတဲ့ သူေတာင္းစားေၾကာင့္ေလ..."
Kook-ဟမ္! သူေတာင္းစား ဟုတ္လား...
"ေအ... Jungkook နင္ပဲ စဥ္းစားၾကည့္ဟာ..."
Kook-အင္ ေျပာ...
"ငါရပ္ထားတဲ့ကားကို သူ႔ဆိုင္ကယ္နဲ႔ ဝင္တိုက္ေသးတယ္...ငါ့ကိုလဲ ေလ်ာ္ေၾကးေတာင္းတယ္...ဒါ ျဖစ္သင့္လား..."
Kook-ဟင့္အင္း မျဖစ္သင့္ဘူး...
ဒီဌာနမွာ ကြၽန္ေတာ္နဲ႔သူပဲ အသစ္ေရာက္လာသလို အသက္အရြယ္လဲတူတယ္...ဟာနာက ခင္ဖို႔ေကာင္းတဲ့လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ပါ...ဘာလုပ္လုပ္ ႐ွပ္ျပာ႐ွပ္ျပာ ႏိုင္လြန္းတယ္...အခုလဲ ဘာျဖစ္လာျပန္ပီလဲမသိ~~သူ႔အျဖစ္အပ်က္ကို လုပ္လက္စအလုပ္ ခဏထားပီး နားေထာင္ေပးလိုက္တယ္...သူရဲ႕အက်င့္အတိုင္း ကြၽန္ေတာ္နဲ႔စကားေျပာရင္း အားပါရင္ပါသေလာက္ ကြၽန္ေတာ့္ကို ႐ိုက္လိုက္ ထိလိုက္နဲ႔ေပါ့...ကြၽန္ေတာ့္အတြက္ ဒါဟာ မထူးဆန္းေတာ့ပါဘူး...
"CEO~~ ဝန္ထမ္းအေျခအေန လာစစ္ေဆးတာလား..."
Seokjin-အင္ ဟုတ္တယ္...ကြၽန္ေတာ္ ကုန္ၾကမ္းစက္ရံု မသြားခင္ဝင္လာတာ...
ကြၽန္ေတာ္ အခု ကုန္ၾကမ္းစက္ရံုမွာ သြားစစ္ေဆးစရာရိွလို႔ Elevator ထဲဝင္ေတာ့ ပထမထပ္ကိုသြားဖို႔ နံပါတ္တစ္ကို ႏိွပ္မလို႔ရိွေသး...ႏိုင္ငံျခားက ျပန္ေရာက္ပီးကတည္းက Koo နဲ႔မေတြ႕ရေသးလို႔ Koo ကို ဌာနအျပင္ဘက္ကပဲ ခဏျဖစ္ျဖစ္ အလြမ္းေျပၾကည့္ဖို႔ နံပါတ္ေျခာက္ကို ႏိွပ္လိုက္တယ္...
ေျခာက္ထပ္ေျမာက္ ေရာက္ေတာ့ ဌာနအျပင္ဘက္ကေန Koo ကိုလိုက္႐ွာလိုက္တာ...ေတြ႔ပါပီ စိတ္႐ူပ္စရာျမင္ကြင္းတစ္ခု~~
Koo ေဘးနားက ဝန္ထမ္းေကာင္မေလးတစ္ေယာက္နဲ႔ မ်က္ႏွာခ်င္းဆိုင္ထိုင္ပီး Koo ကို ႐ိုက္လိုက္ပုတ္လိုက္နဲ႔ အားရပါးရ ဘာေတြေျပာလို႔ေျပာေနမွန္းမသိ...Koo ကေတာ့ သူ႐ိုက္လိုက္တဲ့ေနရာေတြကို ခပ္ဖြဖြပြတ္ေနရင္း စိတ္ဝင္တစားနားေထာင္ေပးေနလိုက္တာ...
အရင္တုန္းကအတိုင္းဆို ကြၽန္ေတာ္ ေ႐ွာင္ေျပးေနမိမွာ အေသအခ်ာပဲ...အခုေတာ့ မေ႐ွာင္ေျပးေတာ့ဘူး...အရင္တုန္းက သူရဲေဘာေၾကာင္ပီး အျမဲတမ္းထြက္ေျပးေနတတ္တဲ့ ေပ်ာ့ညံ့ညံ့ေကာင္ Seokjin မွမဟုတ္ေတာ့တာ...ဒါေၾကာင့္ ဒီျမင္ကြင္းကို ဖ်က္စီးခ်င္လို႔ ကြၽန္ေတာ္ ဌာနထဲဝင္သြားလိုက္တယ္...
"CEO ျပင္ဆင္ခ်င္တာ အလိုမက်တာေတြရိွရင္ ေျပာပါ...ကြၽန္ေတာ္ လုပ္လိုက္ပါ့မယ္..."
Seokjin-ဒီအခန္းထဲေနရတာ ေတာ္ေတာ္ပူတယ္ေနာ္...
"ဗ်ာ!!"
Seokjin-ေျပာရင္းနဲ႔ ေခြၽးေတြထြက္လာပီ...အဖဲြ႔မႉးေရာ မပူဘူးလား...
"ဟမ္!! ပူ..ပူတာေပါ့ အရမ္းပူတယ္...ေဟ်ာင့္ေတြ မင္းတို႔ေရာ မပူဘူးလား..."
All-ဟင္ ပူတယ္ ပူတယ္ အဖဲြ႔မႉး...
CEO က သစ္ဆို ကိုယ္ေတြက ဝါးလုပ္လို႔မွမရတာ...CEO က ပူတယ္ဆို ပူလိုက္...ေအးတယ္ဆို ေအးလိုက္...ဒါက ဝန္ထမ္းေတြရဲ႕ဘဝပဲမလား🤧
"ပူတယ္တဲ့ CEO....အဲ့ဆို ကြၽန္ေတာ္ aircon နံပါတ္သြားေျပာင္းလိုက္ဦးမယ္..."
CEO-ေန..ေနပါဦး...Aircon ကအေအးဓာတ္မ်ားရင္ က်န္းမာေရးအတြက္ ဘယ္ေကာင္းမလဲ...အဲ့ဒါေၾကာင့္ လူခ်င္း နဲနဲခဲြပီးေနၾကေပါ့...တစ္ေယာက္နဲ႔တစ္ေယာက္ မထိရင္အေကာင္းဆံုးပဲ...စကားလဲ သိပ္မမ်ားၾကပါနဲ႔...
"ၾကားလား CEO ေျပာတာၾကားၾကလား...တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္ေဝးေဝးေနၾက...မထိၾကနဲ႔....စကားလဲ မမ်ားၾကနဲ႔...."
All-ဟုတ္ကဲ့ ဟုတ္ကဲ့...
အကုန္လံုးက တစ္ေယာက္နဲ႔တစ္ေယာက္ ေဝးသထက္ေဝးေအာင္ ခံုေတြေရြ႔ေနေပမဲ့ Jungkook တစ္ေယာက္တည္း ပတ္ဝန္းက်င္နဲ႔အဆက္ျပတ္ေနခဲ့သည္...
ကြၽန္ေတာ္ ဟာနာေျပာတာနားေထာင္ရင္း အဖဲြ႔မႉးဆီက CEO လို႔ေခၚသံၾကားေတာ့...ကြၽန္ေတာ္ အေပ်ာ္လံုးဆို႔ပီး ကိုကို႔ဘက္လွည့္ၾကည့္ပီး သတိလက္လႊတ္ေငးေနမိတယ္...ကိုကို႔ကို အရမ္းလြမ္းေနခဲ့တာ...ဒီတစ္ပါတ္ ႏိုင္ငံျခားသြားတာ အရမ္းၾကာတယ္...
ကိုကို႔ကို အလြမ္းေျပေအာင္ ၾကည့္ေနရတာနဲ႔ ကိုကို ဘာေတြေျပာသြားမွန္းေတာင္မသိလိုက္ဘူး...အလြမ္းေတာင္မေျပေသးဘူး...အဖ်က္သမားက ေရာက္လာပီ...
Hoseok-CEO ကဒီေရာက္ေနတာကိုး...ကြၽန္ေတာ္က ပထမထပ္မွာေစာင့္ေနတာ...သြားရေအာင္ ေနာက္က်ေတာ့မယ္...
Seokjin-Aww အင္ အင္...သြားၾကမယ္...အဖဲြ႔မႉး ကြၽန္ေတာ္တို႔သြားလိုက္ပါဦးမယ္...
"ဟုတ္ကဲ့ CEO...ေကာင္းေကာင္းသြားပါ..."
"Jungkook နင္ေရာ ပူလား..."
မန္ေနဂ်ာကို မေက်မနပ္ျဖစ္ေနတုန္း ၾကားလိုက္တဲ့အသံေၾကာင့္ ကြၽန္ေတာ့္ေဘးကို လွည့္ၾကည့္လိုက္ေတာ့...
Kook-ဟင့္အင္း မပူပါဘူး Aircon ႀကီးဖြင့္ထားတဲ့ဟာကို...ဒါနဲ႔ ဟာနာက ဘာလို႔ အေဝးႀကီးေရာက္ေနတာလဲ...
"CEO ေျပာသြားတာ နင္မၾကားဘူးလား...ပူတယ္တဲ့ အဲ့ေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္ေဝးေဝးေနရမယ္ မထိရဘူးတဲ့..."
Kook-CEO အဲ့လိုႀကီးေျပာသြားတာလား...
"Jungkook နင္ ငုတ္တုတ္ႀကီး အိပ္ေပ်ာ္ေနတာလားေဟ..."
ကြၽန္ေတာ္ ဟာနာကို ျပံဳးျပလိုက္ပီး အေ႐ွ႕ကိုျပန္လွည့္ကာ ေဘာပင္ကို အေတြးတစ္ခုႏွင့္အတူ အေၾကာင္းမရိွ လွည့္ေနမိသည္...ဒါဟာ သိပ္မေသခ်ာေပမဲ့ ကိုကို သဝန္တိုတာမ်ားလား!!
^^^^^
ေန႔လည္စာစားခ်ိန္အပီး...
"Jungkook ေရ Hyung လုပ္ပီးသြားပီ...ဒါေလးေတြ မိတၱဴသြားဆဲြေပးပါဦး...တစ္ရြက္ကို ဆယ္ေစာင္စီေနာ္..."
Kook-ဟုတ္ကဲ့ ကြၽန္ေတာ္လာပီ Hyung...
ကြၽန္ေတာ္ လုပ္လက္စအလုပ္ကိုပစ္ကာ သူ႔စားပဲြဆီသြားပီး စာရြက္ေတြသြားယူေတာ့...
"Jungkook တို႔က အလုပ္အရမ္းႀကိဳးစားတာေနာ္..."
ဂုတ္နားကိုပြတ္လိုက္ပီး ရယ္က်ဲက်ဲျဖင့္
Kook-မ..မဟုတ္ပါဘူး အဖဲြ႔မႉးရဲ႕...
"CEO က မင္းကို ရာထူးတိုးေပးမွာပါ..စိတ္မပူနဲ႔..."
Kook-Arr မဟုတ္ပါဘူးဆို အဖဲြ႔မႉးကလဲ...ကြၽန္ေတာ္ သြားေတာ့မယ္...
ကြၽန္ေတာ့္အေၾကာင္း ကြၽန္ေတာ္ပဲသိတယ္ အဖဲြ႔မႉးေရ...ဒါေတာ့ စိတ္ထဲမွာပဲ ေျပာလိုက္သည္...
ကြၽန္ေတာ္ စာရြက္ေတြနဲ႔အတူ Elevator စီးပီး CEO အခန္းရိွရာ ဆယ့္ေလးထပ္ေျမာက္သို႔...
ေကာင္တာမွာ အတြင္းေရးမႉးမေလးကိုလဲ မေတြ႔ေတာ့ အခန္းတံခါးကို မေခါက္မိဘဲ တစ္ခါတည္းဖြင့္လိုက္ေတာ့ ျမင္လိုက္တဲ့ ျမင္ကြင္းတစ္ခုေၾကာင့္ ေျခလွမ္းမ်ား ရပ္တန္႔သြားခဲ့ရသည္...
ကိုကိုက အက်ႌၾကယ္သီးေတြျပဳတ္ေနပီး အက်ႌက အေပၚပိုင္းခႏၶာကိုယ္ကေန ကြၽတ္လုနီးပါး...ထိုင္ေနတဲ့ ကိုကိုေနာက္မွာ မတ္တပ္ရပ္ေနတဲ့ မန္ေနဂ်ာ...ကြၽန္ေတာ္ ခဏေၾကာင္အသြားေပမဲ့ ခ်က္ခ်င္းပဲ တံခါးကိုျပန္ပိတ္လိုက္တယ္...
Hoseok-Jungkook..Jungkook!! Hyung လဲအက်ႌျပန္ဝတ္လိုက္ေတာ့ ဘာအေကာင္မွ မရိွဘူး...
Seokjin-ဟမ္! အင္ အင္...
Hoseok-ကြၽန္ေတာ္ ေျပာသားပဲ...စက္ရံုမွာ ဘာအေကာင္မွမရိွနိုင္ပါဘူးဆိုေန...Hyung ယားတယ္ ေျပာေနလို႔သာ အက်ႌခြၽတ္ခိုင္းပီး ၾကည့္ေပးတာ...ခုေတာ့ Jungkook အထင္လဲြပီ...
Seokjin-ဟမ္! သူ အထင္လဲြသြားပီ ဟုတ္လား...
Hoseok-ေအေပါ့...သူ အထင္လဲြသြားလို႔ တံခါးခ်က္ခ်င္းျပန္ပိတ္ပီး ထြက္သြားတာေပါ့...စိတ္မပူပါနဲ႔ ကြၽန္ေတာ္ သူ႔ကို နားလည္ေအာင္႐ွင္းျပလိုက္ပါ့မယ္...
Seokjin-ရ..ရတယ္...Hyung ပဲ သူ႔ကို႐ွင္းျပလိုက္မယ္...
Hoseok-အင္ အဲ့ဆိုလဲပီးတာပဲ...ခုေရာ ယားေသးလား...
Seokjin-မယားေတာ့ဘူး...ယားတဲ့ဟာေတာင္ ဘယ္ေပ်ာက္သြားမွန္းမသိဘူး...
Hoseok-Jungkook က အလုပ္လုပ္တာအရမ္းေတာ္တယ္...တိလဲတိက်တယ္ ျမန္လဲျမန္ဆန္တယ္...သူ ငယ္ငယ္တုန္းက စာေတာ္ေတာ္,ေတာ္ခဲ့တယ္ထင္တယ္...
Seokjin-ေတာ္တာေပါ့...ဥာဏ္ကလဲ အရမ္းေကာင္းတာ...
Hoseok-ဟမ္! Hyung ဘယ္လိုသိတာလဲ...
Seokjin-Arr Hyung..Hyung မွန္းေျပာၾကည့္တာ...
Hoseok-Hyung မွန္းေျပာတဲ့ပံုစံကလဲ အတိအက်သိလို႔ေျပာေနသလိုပဲ...
ေျပာမိတဲ့ပါးစပ္ကို ႐ိုက္ပစ္ခ်င္လိုက္တာ...
Seokjin-ထားပါ...မင္းလဲ ျပန္ေတာ့ အလုပ္ရိွေသးတယ္မလား...
Hoseok-အင္ အင္...အဲ့ဆို ကြၽန္ေတာ္ျပန္ေတာ့မယ္...
Hoseok တံခါးဆဲြဖြင့္ကာ ျပန္ပိတ္လိုက္ပီး အေနာက္ကိုၾကည့္လိုက္ေတာ့ တံခါးေဘးမွာ ေတာင့္ေတာင့္ႀကီးရပ္ေနတဲ့ Jungkook...
Hoseok-Jungkook မင္း ဒီမွာ အခုထိရပ္ေနတာလား...
အေတြးေတြလြန္ေနတုန္း...
Kook-ဗ်ာ! ဟုတ္..ဟုတ္တယ္...ကြၽန္ေတာ္ မိတၱဴဆဲြဖို႔ေစာင့္ေနတာ...
Hoseok-Aww ငါက မင္းျပန္သြားပီထင္ေနတာ...ေအ ေအ အဲ့ဒါဆိုလဲ ဝင္သြားလိုက္...ငါ သြားေတာ့မယ္...
Kook-ဟုတ္ကဲ့ မန္ေနဂ်ာ...
ကိုကိုနဲ႔ မန္ေနဂ်ာနဲ႔က ဘယ္လိုပတ္သတ္မႈမ်ိဳးလဲ...ဘယ္အထိေတာင္ ေရာက္ေနၾကတာလဲ...အဖဲြ႔မႉးေျပာျပတဲ့ ငယ္ငယ္တည္းက ရင္းႏီွးတဲ့အဆင့္ထက္ ပိုေနၾကပီလား...ဟင့္အင္း မျဖစ္ရဘူး...ကိုကိုက ကြၽန္ေတာ့္အပိုင္!!
ကြၽန္ေတာ္ တံခါးကိုေခါက္လိုက္ေတာ့...
Seokjin-ဝင္လာခဲ့ပါ...
ကြၽန္ေတာ္ အထဲဝင္သြားပီး ကိုကိုစားပဲြခံုနဲ႔ ကပ္လ်က္ထား,ထားတဲ့ မိတၱဴစက္ဆီ မ်က္ႏွာထားတည္တည္ႏွင့္ တည့္တည့္မတ္မတ္ ဦးတည္လိုက္သည္...ကြၽန္ေတာ္ ကိုကို႔ကို ဘယ္ကစေမးရင္ ေကာင္းမလဲ....ေမးလိုက္ရင္ ကိုကိုစိတ္ဆိုးသြားမွာလား...ေျဖခဲ့ရင္လဲ အဲ့အေျဖက ကြၽန္ေတာ့္ကို ဘယ္လိုေျခအေနထိေရာက္သြားေစမွာလဲ....ကြၽန္ေတာ့္တစ္ေယာက္တည္း အေတြးေတြပတ္ခ်ာလည္႐ိုက္ေနခဲ့တယ္...
----------
Koo ကို ဘယ္ကေနဘယ္လို႐ွင္းျပရမလဲ...သူ တကယ္အထင္လဲြသြားတာလား...Koo အဲ့ပံုစံကိုေတြ႔ပီး သူ႔စိတ္ထဲဘာေတြေတြးေနမလဲ...သူ႔မ်က္နွာမွာလဲ ဘာအရိပ္အေယာင္မွမေပၚေတာ့ ခန္႔မွန္းရခက္သား....
သူ႔မ်က္ႏွာ အဲ့လိုတည္တည္ႀကီးျဖစ္ေနေတာ့ ကြၽန္ေတာ္မေနတတ္ဘူး...ခါတိုင္းဆို ဝါးစားမတတ္ ၾကည့္ေနေပမဲ့ အခုေတာ့ ကြၽန္ေတာ့္ကို လံုးဝမၾကည့္ဘူး...မိတၱဴစက္ကိုပဲ ငံု႔ၾကည့္ေနတာ...ကြၽန္ေတာ္က အမွားလုပ္ထားတဲ့သူဆိုေတာ့ ဘယ္လိုျဖစ္ျဖစ္ ေျဖ႐ွင္းခ်က္ေတာ့ ေပးခ်င္တယ္...
ကြၽန္ေတာ္ Koo ကိုမၾကည့္ဘဲ...
Seokjin-ခုနက ဘာမွမဟုတ္ဘူးေနာ္...မင္း အထင္လဲြေနတာ...
Kook-ဟမ္! အထင္လဲြတယ္ ဟုတ္လား...
Koo ကြၽန္ေတာ့္ကို ၾကည့္ပီးေျပာေတာ့ ကြၽန္ေတာ္လဲ Koo ကိုလွည့္ၾကည့္လိုက္ကာ...
Seokjin-ဟုတ္တယ္...ငါ ေက်ာကုန္းယားေနလို႔ Hobi ကို ေက်ာကုန္းမွာ အေကာင္ရိွေနလားဆိုပီး အက်ႌခြၽတ္ပီး ၾကည့္ခိုင္းေနတာ...
အဲ့ေတာ့မွ ခုနက မ်က္ႏွာတည္တည္ႀကီးက ခုေတာ့ ရိွသမ်ွသြား အကုန္ေပၚေအာင္ ယုန္အျပံဳး ျပံဳးေတာ့တာပဲ...
Kook-ကြၽန္ေတာ္ အထင္လဲြမွာစိုးလို႔ ႐ွင္းျပေနတာလား...
Seokjin-ေအေလ...မင္း အထင္လဲြသြားတယ္မလား...
Kook-ကြၽန္ေတာ္ အထင္လဲြသြားမွာ ေၾကာက္ေနတာလား...
Jungkook Seokjin နားကပ္သြားကာ မ်က္ႏွာခ်င္း နီးေအာင္ ႐ုတ္တရပ္ ေ႐ွ႕တိုးလိုက္ေတာ့ Seokjin တစ္ေယာက္ နားရြက္နွစ္ဖက္လံုး နီရဲပီး အသက္႐ူဖို႔ပင္ ေမ့သြားေလသည္...Jungkook ကေတာ့ Seokjin လန္႔သြားတဲ့ပံုစံကိုၾကည့္ကာ အသဲယားပီး ကိုက္စားခ်င္စိတ္ပါ ေပါက္ေနမွာ အေသအခ်ာပင္...
Seokjin ခပ္ျမန္ျမန္ မ်က္ႏွာလဲႊလိုက္ပီး...
Seokjin-အဲ့..အဲ့ဒါက မင္း..မင္း တျခားသူေတြကို မဟုတ္ဘဲ လိုက္ေျပာေနမွာ စိုးလို႔ေလ...
ကိုကိုက မလိမ္တတ္ဘဲလိမ္ေနျပန္ပီ...ဟုတ္ပါပီ...ယံုေပးလိုက္ပါ့မယ္...ကိုကို စိတ္ခ်မ္းသာသြားေအာင္ေလ...
ရယ္ခ်င္စိတ္ကို မ်ိဳသိပ္ကာ...
Kook-ဟုတ္ကဲ့ပါ CEO...ကြၽန္ေတာ္ အထင္လဲမလဲြေတာ့ပါဘူး...သူမ်ားကိုလဲ လိုက္မေျပာပါဘူး...
Seokjin-အထင္မလဲြေတာ့ရင္လဲ ပီးတာပဲ...
Kook-CEO ကြၽန္ေတာ့္ကို မေျပာခ်င္ဘူးလား...CEO ရဲ႕ငယ္ဘဝေတြကိုေလ...ကြၽန္ေတာ့္ကို ေျပာျပသင့္ပီလို႔ေရာ မထင္ဘူးလား...
Koo နဲ႔ကြၽန္ေတာ္နဲ႔တဲြခဲ့တ့ဲကာလတစ္ေလ်ွာက္လံုး ကြၽန္ေတာ့္အေၾကာင္းေတြ ကြၽန္ေတာ့္မိဘအေၾကာင္းေတြကို တစ္ခါမွ မေျပာျပဖူးဘူး...Koo ကေတာ့ ေမး႐ွာပါတယ္...ကြၽန္ေတာ္ကသာ မေျဖခ်င္လို႔ ေ႐ွာင္ေနခဲ့တာ...ကြၽန္ေတာ္ ဒီအေၾကာင္းေတြကို ပါးစပ္ကေန ထုတ္မေျပာခ်င္ဘူး...ထုတ္ေျပာမိရင္ ေျပာရင္းနဲ႔ ေဖေဖ့ကို ပိုမုန္းသြားမွာစိုးလို႔...
ဒါေၾကာင့္ ကြၽန္ေတာ္ ဘယ္သူကိုမွ ဒီအေၾကာင္းမေျပာဘဲ မ်ိဳသိပ္ခဲ့တယ္...Yoongi ကလဲြရင္ေပါ့...ကြၽန္ေတာ့္စိတ္ထဲမြန္းက်ပ္ပီး ရင္ဖြင့္ခ်င္ေနတဲ့အခ်ိန္မွာ Yoongi တစ္ေယာက္တည္း ကြၽန္ေတာ့္ေ႐ွ႕မွာ ရိွေနခဲ့တယ္...ကြၽန္ေတာ္ သူ႔ကို တစ္ခုမက်န္ရင္ဖြင့္ပီး ဘယ္သူ႔ကိုမွ မေျပာပါနဲ႔ဆိုတဲ့ကတိ ေတာင္းခဲ့တယ္...Yoongi ကလဲ အခုခ်ိန္ထိ ကတိတည္ခဲ့တယ္...Koo ကိုေတာင္ သူေျပာျပခဲ့တာမဟုတ္ဘူး...
အခုခ်ိန္က ေဖေဖနဲ႔ကြၽန္ေတာ္ရဲ႕ဆက္ဆံေရးက အရင္ကလို မတင္းမာေနေတာ့ဘူး...အရမ္းႀကီး ေႏြးေႏြးေထြးေထြးေတာ့ မဟုတ္ေပမဲ့ မေအးစက္ပါဘူး...တခ်ိန္ခ်ိန္မွာ Koo ကို ကြၽန္ေတာ္ေျပာျပဖို႔ရည္ရြယ္ပီးသား...မထင္မွတ္ထားေပမဲ့ အဲ့အခ်ိန္က လမ္းခဲြပီးတဲ့အခ်ိန္ျဖစ္ေနတယ္...Koo လဲသိခ်င္ေနတာမလို႔ ေျပာျပလိုက္ေတာ့မယ္...
Seokjin-ေကာင္းပီေလ ငါေျပာျပပါ့မယ္...ငါ့ေဖေဖက အရင္က အလုပ္ကို တအားကိုးကြယ္တဲ့သူႀကီးေပါ့...အလုပ္လုပ္ေနရင္ ထမင္းေမ့ ဟင္းေမ့ မိသားစုကိုပါ ေမ့တာ...နဲနဲေတာ့ ရယ္ဖို႔ေကာင္းတယ္မလား...
Company ကိုအိမ္လို႔မ်ား ထင္ေနလားမသိ...အိမ္ကို ျပန္လာတဲ့ေန႔ေတြဆို လက္ခ်ိဳးေရလို႔ရတယ္...ေဖေဖ အဲ့လိုပံုစံလုပ္ေနခဲ့တာ ငါ အထက္တန္းတက္တဲ့အခ်ိန္ထိပဲ...ၾကာလာေတာ့ ေမေမလဲ အထီးက်န္ဆန္ေနခဲ့မွာေပါ့...ငါက ေက်ာင္းသားေလ အိမ္မွာ အခ်ိန္ျပည့္ ေမေမ့ကို အေဖာ္မျပဳေပးႏိုင္ဘူး...
အဲ့ဒါနဲ႔ ေမေမလဲ ေဖေဖ့ကိုစိတ္ကုန္ပီး Paris ကိုတစ္ေယာက္တည္းထြက္သြားခဲ့တယ္...ငါ ေမေမ့ကို မသြားပါနဲ႔လို႔ အတန္တန္တားေနတာေတာင္ မရခဲ့ဘူး...သားေဖေဖနဲ႔ ေမေမ မေနႏိုင္ေတာ့ဘူးတဲ့ သားလိုက္ခဲ့မလားတဲ့...
ဒါေပမဲ့ ငါ မလိုက္သြားဘူး ငါသာလိုက္သြားခဲ့ရင္ ေဖေဖနဲ႔ေမေမ ဘယ္ေတာ့မွအဆင္မေျပေတာ့မွာစိုးလို႔..ဘယ္ေတာ့မွ မေတြ႔ရေတာ့မွာစိုးလို႔...အဲ့ဒါေၾကာင့္ ငါေနခဲ့တယ္..ပီးေတာ့ ေဖေဖကို ေက်းဇူးျပဳပီး ေမေမ့ကို သြားေခၚေပးပါဆိုပီး အသည္းအသန္ငိုပီး ပူဆာခဲ့တယ္...
ေဖေဖကလဲ ျပန္ေျပာပါတယ္...အင္ သားစိတ္မပူနဲ႔..ေဖေဖ ရေအာင္ ေမေမ့ကိုျပန္ေခၚလာခဲ့မယ္တဲ့...ဒါေပမဲ့ ေဖေဖကတိမတည္ခဲ့ဘူး...Company မွာ ေဖေဖမရိွရင္ မျဖစ္တဲ့ အေရးေပၚကိစၥေပၚလာလို႔ အခုသြားမေခၚျဖစ္ေသးဘူးတဲ့...အဲ့အခ်ိန္မွာ ငါနားလည္လိုက္တာက ေဖေဖ့အတြက္ အလုပ္ကသာ ဦးစားေပး ပထမေနရာကဆိုတာပဲ...
အဲ့ခ်ိန္မွာေတာင္ ေဖေဖ မေျပာင္းလဲခဲ့ဘူး...ေနာက္ေတာ့ သိပ္မၾကာလိုက္ပါဘူး...ေမေမ အိပ္ေဆးေတြအမ်ားႀကီးေသာက္ပီး ကိုယ့္ကိုကိုယ္ သတ္ေသသြားတယ္တဲ့...အဲ့သတင္းၾကားၾကားခ်င္း ငါ့ကမၻာႀကီး အေမွာင္က်သြားသလိုပဲ...
ေသခ်ာတယ္ ေမေမ ေဖေဖ့ကို ေစာင့္ေနခဲ့မွာ...ေမေမ ေဖေဖ့ကို ဒုတိယအခြင့္အေရး ေပးခ်င္ခဲ့မွာ...ေဖေဖ့ရဲ႕ ျပန္လာခဲ့ပါဆိုတဲ့ အသံကိုၾကားခ်င္ခဲ့မွာ...ဒါေပမဲ့ အဆံုးထိ ေဖေဖရဲ႕ဦးစားေပးက ေမေမမဟုတ္ခဲ့ဘူး...ေမေမေသရတာ ေဖေဖ့ေၾကာင့္ဆိုပီး ေဖေဖကို အရမ္းမုန္းတယ္...ေသေလာက္ေအာင္ မုန္းတယ္...မျမင္ခ်င္ေလာက္ေအာင္ မုန္းတယ္...
အဲ့ဒါေၾကာင့္ ေဖေဖနဲ႔ အဲ့ေန႔က အႀကီးအက်ယ္ရန္ျဖစ္ပီး အိမ္ေပၚကဆင္းလာခဲ့တယ္...စုထားတဲ့ပိုက္ဆံလဲ ရိွသင့္သေလာက္ရိွေနေတာ့ အေဆာင္ငွါးေနပီး ေက်ာင္းဆက္တက္ဖို႔ အဆင္ေျပခဲ့တယ္...အဲ့မွာ Yoongi နဲ႔စေတြ႔တာပဲ...
ေဖေဖကလဲ ေနာင္တေတာ့ရပါတယ္...ေဖေဖ အခန္းထဲမွာ ေမေမ့ဓာတ္ပံုကိုကိုင္ပီး ငိုေနတာငါေတြ႔ခဲ့တယ္...ဒါေပမဲ့ အခုခ်ိန္မွ လာငိုေနလို႔ဘာလုပ္ရမွာလဲ..ရလာတဲ့ေနာင္တက ေမေမ့ကို အသက္ျပန္႐ွင္ေအာင္ လုပ္လို႔မွမရတာ...အဲ့ဒါေၾကာင့္ ငါရဲ႕အမုန္းဆံုးလူသားက ေဖေဖျဖစ္ခဲ့တယ္...
ငါ အိမ္ေပၚက စဆင္းကတည္းက ေဖေဖ လတိုင္း ပိုက္ဆံပို္႔ေပးခဲ့တယ္...ငါ မယူဘူးလို႔ သြားေျပာေတာ့ သံုးသံုး မသံုးသံုး ယူထားပါတဲ့ ပိုက္ဆံလိုတဲ့အခ်ိန္လဲ ရိွခ်င္ရိွလာမွာေပါ့တဲ့...ငါလဲ စကားဆက္ေျပာခ်င္တဲ့စိတ္မရိွေတာ့တာနဲ႔ ေဖေဖ ပို႔ေပးတဲ့ပိုက္ဆံေတြကို ယူခဲ့တယ္ တစ္ျပားမွ မသံုးခဲ့ဘူး...သံုးမွာလဲ မဟုတ္ဘူးလို႔ ဆံုးျဖတ္ခဲ့တယ္...
ဒါေပမဲ့ ေဖေဖေျပာခဲ့တဲ့ ပိုက္ဆံလိုတဲ့အခ်ိန္ ေရာက္လာခဲ့တယ္...လူတစ္ေယာက္ရဲ႕ ရည္မွန္းခ်က္ကို ျဖည့္ဆည္းေပးခ်င္လို႔...သူလိုခ်င္ေနတဲ့နာရီကို ဝယ္ေပးခ်င္လို႔...သူနဲ႔ တစ္ဘဝလံုးေနလို႔ရတဲ့ အိမ္တစ္လံုး လိုခ်င္လို႔...အဲ့လူတစ္ေယာက္က ငါ့အတြက္ အေရးပါလြန္းလို႔ ငါ ဘယ္ေတာ႔မွမသံုးဘူးလို႔ စိတ္နာနာနဲ႔ ဆံုးျဖတ္ထားတာေတာင္ သူ႔အတြက္ မ်က္ႏွာေျပာင္တိုက္ပီး အဲ့ပိုက္ဆံေတြကို သံုးခဲ့မိတယ္...
အဲ့လူတစ္ေယာက္ေၾကာင့္ပဲ ငါဘယ္ေတာ့မွ မေတြ႔ေတာ့ဘူးလို႔ ဆံုးျဖတ္ထားတဲ့ေဖေဖနဲ႔ ျပန္ေတြ႔ခဲ့ရတယ္...သူေၾကာင့္ ျဖစ္ပ်က္သြားတဲ့အရာေတြက မ်ားလြန္းေပမဲ့ အဆံုးသတ္မွာ သူနဲ႔ ဘာမွမဆိုင္ေတာ့ဘူး...ဇာတ္သိမ္းေလးေတာ့ မလွေပမဲ့ နားေထာင္လို႔ေကာင္းတယ္မလား Jungkook...
--------
ကိုကို႔ဇာတ္လမ္းက အနာအဆာေတြ မ်ားလြန္းတယ္...ကိုကို႔ဇာတ္လမ္းက ဇာတ္သိမ္းသြားပီလို႔ ဘယ္သူေျပာလဲ...ဇာတ္မသိမ္းေသးဘူး ကိုကို...ကိုကိုရဲ႕ ရင္နာစရာ ဇာတ္လမ္းေလးကို ကြၽန္ေတာ္ ေပ်ာ္ရႊင္ျခင္းေတြနဲ႔ ဇာတ္သိမ္းေပးမယ္...ကိုကို ေစာင့္ၾကည့္ေနလိုက္~~
ကိုကို ကြၽန္ေတာ့္ကို သံုးသြားတဲ့နာမ္စားေလးက လူတစ္ေယာက္တဲ့...ကြၽန္ေတာ္ကလဲ ကိုကို႔ကို ျပန္ေမးလိုက္ခ်င္တယ္...အဲ့လူတစ္ေယာက္ကို ဆက္ခ်စ္ေနတုန္းပဲလားလို႔~~
Kook-ဒါဆို မန္ေနဂ်ာကေရာ...
Seokjin-သူ႔အိမ္နဲ႔ ငါ့အိမ္နဲ႔က အရမ္းရင္းႏီွးတယ္...အထူးသျဖင့္ သူ႔ေမေမနဲ႔ငါ့ေမေမေပါ့...ေနာက္ေတာ့ ငါတို႔လဲ ညီအစ္ကိုအရင္းေတြလို ရင္းႏီွးသြားၾကတယ္...ငါ ဝမ္းနည္းေနတိုင္း သူႏွစ္သိမ့္ေပးခဲ့တယ္...ေနာက္ ငါ အိမ္ေပၚက ဆင္းသြားေတာ့ သူ႔ကိုပါ အဆက္အသြယ္ျဖတ္ခဲ့တယ္...သူနဲ႔ အဆက္အသြယ္ရိွေနရင္ ေဖေဖ ငါ ျပန္လာဖို႔အတြက္ သူ႔ကို တစ္ခုခုလုပ္ခိုင္းမွာစိုးလို႔...ေဖေဖက စီးပြားေရးသမားပီပီ ဥာဏ္နီဥာဏ္နက္ သိပ္မ်ားတယ္...အရင္တုန္းကပါ အခုေတာ့ အစြယ္က်ိဳးေနတဲ့ ျခေသၤ့တစ္ေကာင္ေပါ့...
Kook-CEO ေဖေဖကို ျမင္ေတာင္မျမင္ဖူးဘဲ ၾကက္သီးပါထလာပီ...
Seokjin-ျမင္လိုက္ရင္ လိပ္ျပာပါလြင့္သြားေလာက္တယ္...
Kook-ဟမ္! တကယ္..တကယ္ႀကီးလား...
Seokjin ခပ္ဟဟ ရယ္လိုက္ပီး...
Seokjin-ေနာက္တာပါကြာ အဲ့ေလာက္လဲ မေၾကာက္ေနပါနဲ႔...
ေယာကၡထီးႀကီးဆိုေတာ့ မေၾကာက္လို႔မရဘူး ကိုကိုေရ...
Kook-CEO အလုပ္ဆင္းရင္အားလား...
Seokjin-ဘာလုပ္ဖို႔လဲ...
Kook-Yoongi Hyung ဆိုင္ကို လာခဲ့ပါ...ကြၽန္ေတာ္ ေစာင့္ေနမယ္...
Seokjin-ငါ လာမွာမဟုတ္ဘူး မေစာင့္ေနနဲ႔...
Jungkook မ်က္ႏွာတစ္ခ်က္ညိွးသြားေပမဲ့ ျပန္ထိန္းကာ...
Kook-CEO လာတဲ့အထိ ကြၽန္ေတာ္ေစာင့္ေနမယ္...
မိတၱဴစက္ထဲက ေနာက္ဆံုးစာရြက္ထြက္လာတာနဲ႔...
Kook-ဒါဆို ကြၽန္ေတာ့္ကို သြားခြင့္ျပဳပါဦး...
^^^^^^
ညေန ၆နာရီ...
"ကလင္ ကလင္"
Yoongi-ေဟ်ာင့္ Jungkook...
Kook-Yoongi Hyung...
Yoongi Jungkook ကို ဖက္လိုက္ကာ ျပန္ဖယ္ခြာလိုက္ပီး...
Yoongi-မင္း ေပ်ာက္ေနတာ ၾကာပီေနာ္...ငါ့ဆီေတာင္ လာမလည္ဘူး...
Kook-ကြၽန္ေတာ္ အခုတေလာ အလုပ္မ်ားေနလို႔ပါ...
Yoongi-ငါ မင္းအေၾကာင္း Seokjin ဆီက အကုန္ၾကားပီးပီ...စိတ္မေကာင္းပါဘူးကြာ...
Kook-ကံစီမံရာအတိုင္းေပါ့ ဘယ္တတ္ႏိုင္မလဲ...
Yoongi Jungkook လက္ေမာင္းကို တစ္ခ်က္႐ိုက္လိုက္ပီး
Yoongi-မင္းေတာင္ အရြယ္ေရာက္လာပီပဲ...ဒါနဲ႔ ဒီကို ဘာလာလုပ္တာလဲ...လာလည္တာလား လာအားေပးတာလား...
Kook-ကိုကိုနဲ႔ ဒီမွာ ခ်ိန္းထားတယ္...
Seokjin-ဟင္ မင္းတို႔ႏွစ္ေယာက္က အဲ့ေလာက္ေတာင္ အဆင္ေျပသြားၾကပီလား...
Kook-မဟုတ္ပါဘူး ကိုကိုက မလာဘူးေျပာေနတာ...ကြၽန္ေတာ္က ကိုကိုမလာမခ်င္း ေစာင့္ေနမယ္လို႔ေျပာခဲ့တာ...
Yoongi Jungkook နားနားကပ္သြားပီး တိုးတိုးေလး ေျပာလိုက္သည္...
Yoongi-သူ လာမွာပါ...
Jungkook လဲ Yoongi ကိုျပံဳးျပလိုက္ပီး...
Kook-ကြၽန္ေတာ္လဲ သိတယ္ Hyung...
Yoongi-ေအကြာ...သြား လြတ္တဲ့ဝိုင္းမွာ သြားထိုင္ပီးေစာင့္ေနလိုက္...ငါ ေကာ္ဖီတစ္ခြက္ ယူလာခဲ့မယ္...
Kook-ဟုတ္ကဲ့ Hyung...
ဟုတ္တာေပါ့ Yoongi Hyung ေျပာသလိုပဲ...ကိုကိုလာမွာ ကြၽန္ေတာ္သိတာေပါ့...ေသခ်ာတယ္ ကိုကိုက ေမာင့္ဆီ လာကိုလာမွာ~~
အခုဆို နာရီလက္တံေတြ တစ္ေရြ႔ေရြ႔ သြားေနခဲ့တာ ၈နာရီေတာင္ထိုးေတာ့မယ္...ဆိုင္ေတာင္ ပိတ္ေတာ့မယ္...ကိုကို အခုထိ ဆိုင္ထဲေရာက္မလာေသးဘူး...ဒါေပမဲ့ ကြၽန္ေတာ္ကေတာ့ ေစာင့္ျမဲေစာင့္ေနဆဲ...
ကြၽန္ေတာ္ကေတာ့ မိုးလင္းေပါက္ ကိုကို႔ကိုေစာင့္ႏိုင္ေပမဲ့...
Yoongi-Jungkook ဆိုင္ကပိတ္ခ်ိန္ေရာက္ေတာ့မယ္...ေရာ့ ဒါနဲ႔ဆို ၈ခြက္ရိွပီ...
Kook-Hyung ကလဲ ကြၽန္ေတာ္ ပိုက္ဆံ႐ွင္းပါ့မယ္...
Yoongi-ငါ ပိုက္ဆံအေၾကာင္းကိုေျပာေနတာ မဟုတ္ဘူး...မင္း ေရာဂါျဖစ္မွာစိုးလို႔ ေျပာေနတာ...
Kook-Hyung က ေမ့ေနတာလား...ကြၽန္ေတာ္ ဆရာဝန္တစ္ေယာက္ဆိုတာ...
Yoongi-အေရးထဲ ေၾကာ္ျငာဝင္ေနေသးတယ္...ဆရာဝန္မလို႔ပဲ ေကာ္ဖီ ၈ခြက္ေသာက္တာ ဆရာဝန္သာ မဟုတ္ရင္ အခြက္တစ္ရာေလာက္ ပါးစပ္ထဲ ေလာင္းထည္႔ေနမလားမသိဘူး...
Kook-ဟား...Yoongi Hyung ကလဲ ကြၽန္ေတာ္ အဲ့ေလာက္လဲမေသာက္ပါဘူး...
-------
ိဆိုင္ထဲက စကားေျပာေနတဲ့ လူႏွစ္ေယာက္ကို ဆိုင္အျပင္ဘက္ကေန လမ္းေဘးမွာရပ္ထားတဲ့ ကားေပၚမွာ ညေန ၆နာရီကေန အခုခ်ိန္ထိ ထိုင္ၾကည့္ေနတဲ့ လူတစ္ေယာက္ရိွေနသည္...
Koo ရယ္ ေခါင္းမာလိုက္တာ...ကိုကိုမလာရင္ မင္းျပန္လိုက္ပါလား...ဘာလို႔ ဆက္ေစာင့္ေနရတာလဲ...Yoongi ဆိုင္သာ 24 hours ဆို Koo အဲ့ဆိုင္မွာပဲ ကြၽန္ေတာ္ မလာမခ်င္း ေစာင့္ရင္း အေျခခ်ေနမလားမသိ...ေတာ္ေသးတာေပါ့ ဆိုင္က ည ၈နာရီဆို ပိတ္လို႔...
ကြၽန္ေတာ္ သူ႔ကို သြားမေတြ႔ခ်င္တာက သူနဲ႔ ဇာတ္လမ္းျပန္စမွာစိုးလို႔...ကြၽန္ေတာ္ရဲ႕ခံစားခ်က္ကို မထိန္းခ်ဳပ္ႏိုင္မွာစိုးလို႔...ကြၽန္ေတာ္ သူ႔ကို သိပ္ခ်စ္ေတာ့ ျပႆနာတစ္စံုတစ္ခု ထပ္ျဖစ္ခဲ့ရင္ ကြၽန္ေတာ္ ေတာင့္ခံႏိုင္ေတာ့မွာမဟုတ္ဘူး...ဒါေၾကာင့္ Koo နဲ႔ကြၽန္ေတာ္ရဲ႕ အခ်စ္ဇာတ္လမ္းေလးကို ထပ္မဆက္မိေအာင္ ကြၽန္ေတာ့္ခံစားခ်က္ကို တတ္သမ်ွ ခ်ဳပ္တည္းထားမယ္...
^^^^^
Yoongi-၈နာရီထိုးပီေနာ္ Jungkook...
Kook-အင္ အဲ့ဆို ကြၽန္ေတာ္ျပန္ေတာ့မယ္ Hyung...
Jungkook မတ္တပ္ရပ္လိုက္ေတာ့ Yoongi သူ႔ပုခံုးကိုပုတ္လိုက္ကာ...
Yoongi-မင္းတို႔ ဖူးစာပါပါတယ္ကြာ...လက္မေလ်ာ့လိုက္နဲ႔...
Kook-ဒါေပါ့ ကိုကိုနဲ႔ကြၽန္ေတာ္ ဖူးစာပါတယ္ဆိုတာ ကြၽန္ေတာ္သိပီးသား...Yoongi Hyung ဘယ္ေလာက္က်လဲ...
Yoongi-ေတာ္ပါပီကြာ မယူေတာ့ပါဘူး...မင္း႐ွင္းရင္ မင္းရဲ႕လစာတစ္လစာလံုး ငါ့အိတ္ထဲေရာက္ကုန္လိမ့္မယ္...ငါပဲ အရင္းျပဳတ္ခံလိုက္ပါ့မယ္...
Kook-အဲ့ဒါဆိုလဲ ဝယ္တိုက္တာ ေက်းဇူးပဲ Yoongi Hyung ေရ... ကြၽန္ေတာ္ျပန္ေတာ့မယ္
ဆိုင္တံခါးဝ ေရာက္မွ...
Yoongi-ေအ ေအ ကားပါလား...
Kook-မယူလာဘူး...တမင္သက္သက္ကို မယူလာတာ...
Yoongi-အဲ့ဆို ေကာင္းေကာင္းျပန္ကြာ...
Kook-သြားပီ...
--------
Koo ဆိုင္ထဲက ထြက္လာတာျမင္ေတာ့ ကြၽန္ေတာ့္ကို ေတြ႔သြားမွာစိုးလို႔ ကားစတီယာတိုင္နဲ႔ကြယ္ပီး ေခါင္းငုံ႔ထားလိုက္တယ္...ခဏေနက် ျပန္ေမာ့ၾကည့္ေတာ့ Koo မရိွေတာ့ဘူး...အဲနားပတ္ပတ္လည္ကို လိုက္ၾကည့္ေတာ့လဲ မေတြ႔ျပန္ဘူး....Koo က ဘယ္ေရာက္သြားတာလဲ...
Kook-ကိုကို...
Seokjin-အေမေရ!!!
ကြၽန္ေတာ္ အေ႐ွ႕ကို ၾကည့္ပီး သူ႔ကို လိုက္႐ွာေနတုန္း ေဘးမွန္ခ်ထားတဲ့ဘက္ကေန ဘြားကနဲေပၚလာတဲ့ ေပါက္စ...
Kook-ကိုကို လန္႔သြားတာလား...
Seokjin-မင္း ငါ့ကို ဘယ္လိုေခၚလိုက္တာလဲ...
Kook-ကိုကိုလို႔ ေခၚလိုက္တာေလ...ဘာလဲ CEO လို႔ အေခၚခံခ်င္လို႔လား...
Seokjin-အဲ့လိုပဲ ေခၚရမွာမဟုတ္ဘူးလား...
Kook-ကိုကိုကလဲ Company မွမဟုတ္တာ...အျပင္မွာပဲ ႀကိဳက္သလိုေခၚမွာေပါ့...
Seokjin-CEO လို႔မေခၚခ်င္လဲ တျခားနာမည္ေျပာင္းေခၚကြာ...
Kook-ေခၚဘူး...ကိုကိုလို႔ပဲ ေခၚမွာ...
Seokjin-ေတာ္ေတာ္ ေျပာရဆိုရခက္တာပဲ....Company မွာေျပာပံုဆိုပံုနဲ႔ တျခားစီပဲ...
Kook-ေမာင္ ေျပာပီးသားပဲ...Company နဲ႔အျပင္နဲ႔ မတူပါဘူးလို႔...ဒါနဲ႔ ေရာက္ရင္လဲ ဆိုင္ထဲဝင္လာေလ...ဘာလို႔ ကားထဲမွာပဲ ေန,ေနလဲ...
Seokjin-ငါ..ငါမင္းဆီ လာတာမဟုတ္ဘူး...ဒီမွာ ငါသြားစရာေနရာရိွလို႔...
Jungkook ခပ္ဟဟရယ္လိုက္ပီး...
Kook-လိမ္တယ္!!
Seokjin-ငါ..ငါ ဘယ္မွာလိမ္လို႔လဲ...ငါ အမွန္တိုင္းေျပာတာ...
Kook-ဟုတ္ပါပီ...ခုေလာေလာဆယ္ေတာ့ ကားေပၚက ဆင္းလာခဲ့...
Seokjin-ငါက ဘာလို႔ဆင္းရမွာလဲ...မဆင္းႏိုင္ပါဘူး...
Kook-ဆင္းပါ ကိုကိုရယ္...ကိုကိုနဲ႔ စကားေျပာခ်င္လို႔ အလုပ္ကျပန္လာကတည္းက ေစာင့္ေနတာ...ဘာမွမစားရေသးဘူး...
Seokjin-ဗိုက္ဆာရင္ အိမ္ျပန္ေလ...ဘာလို႔ ငါ့ကို ကားေပၚကဆင္းခိုင္းေနလဲ...
Kook-ကိုကို တကယ္မဆင္းလာေတာ့ဘူးလား...
Seokjin-အင္ မဆင္းဘူး...
Kook-ေမာင္ အတည္ေမးေနတာ တကယ္လား...
Seokjin-တကယ္!
Kook-ေကာင္းပီေလ CEO ဘက္က မဆင္းလာတာ ေသခ်ာပီဆိုေတာ့...ကြၽန္ေတာ့္ကို ျပန္ခြင့္ျပဳပါဦး...
ဟင္ ဘာလို႔ အသံုးအႏႈန္းေတြပါ ေျပာင္းသြားရတာလဲ...Koo ကိုကို႔ကို တကယ္စိတ္ဆိုးသြားတာလား...ကိုကို ကားေပၚက ဆင္းလိုက္ပီဆိုတာနဲ႔ Koo ေနာက္ကို ေကာက္ေကာက္ပါေအာင္ လိုက္သြားေတာ့မယ္ဆိုတာ ကိုယ့္ကိုကိုယ္သိလို႔ Koo ဘယ္ေလာက္ေခၚေခၚ ကိုကို ကားေပၚက မဆင္းမိေအာင္ ေတာင့္ခံထားရတာ...အခုေတာ့ မရေတာ့ဘူး....Koo ကိုလိုက္ေခ်ာ့ရေတာ့မယ္...Koo သိတယ္မလား...Koo စိတ္ဆိုးရင္ ကိုကိုမေနတတ္ဘူးဆိုတာ...
Koo ေနာက္လိုက္ေခ်ာ့ဖို႔ ကားေပၚကအဆင္း...Koo ကို လိုက္႐ွာမိေတာ့ ဟိုဘက္လမ္းကူးဖို႔ မီးပိြဳင့္နီတာကို တစ္ေယာက္တည္း ရပ္ေစာင့္ေနတဲ့ စိတ္ဆိုးသြားတဲ့ခေလးေလး...
Seokjin Jungkook ရပ္ေနတဲ့ေနရာကို ေျခလွမ္းမွန္မွန္နဲ႔ေလ်ွာက္ေနရင္း Jungkook နားေရာက္ခါနီးေတာ့ မီးနီသြားပီး Jungkook ကားလမ္းကူးေနတဲ့အခ်ိန္တြင္ မီးနီေနပါလ်က္နဲ႔ ဆိုင္ကယ္တစ္စီး အရိွန္ျပင္းျပင္းနဲ႔ေမာင္းလာတာ Seokjin ျမင္သြားေတာ့...
Seokjin-Koo!!!!!!
Seokjin Jungkook ကိုေျပးဖက္လိုက္ကာ ႏွစ္ေယာက္စလံုး ဆိုင္ကယ္ရဲ႕အရိွန္နဲ႔ လႊင့္ထြက္သြားပီး လမ္းမေပၚတြင္ တလိမ့္လိမ့္ႏွင့္ လူးလိမ့္သြားကာ သစ္ပင္တစ္ပင္နဲ႔ေစာင့္မိပီး ပတ္ဝန္းက်င္တစ္ခုလံုး အေမွာင္က်သြားကာ ေလာကႀကီးႏွင့္ အဆက္အသြယ္ျပတ္သြားေတာ့သည္...
**************************************
စာမ်ားသြားတယ္...ဖတ္ရတာ အီသြားၾကလား...
ျဖတ္ခ်လို႔ရတဲ့ေနရာမရိွလို႔ ဆက္ေရးလိုက္တာ...
Take care babies🤗
Thanks you♥
Unicode;
အခုဆို ကိုကိုနဲ့အနီးဆုံးတစ်နေရာမှာ အတူရှိနေခဲ့တာ ငါးလတောင်ရှိသွားပီ...နေဦး! မဟုတ်သေးဘူး...ကိုကို နိုင်ငံခြားသွားရတဲ့ရက်တွေ ဖယ်လိုက်ရင် နှစ်လတောင် ပြည့်ချင်မှပြည့်မှာ...
ဘာလို့ဆို ကိုကိုက နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ သွားလိုက်ပြန်လိုက်လုပ်နေတဲ့ပုံစံက အနီးအနားတစ်နေရာကို ပျော်ပွဲစားထွက်နေသလိုတောင် ထင်ရတယ်...ဒါဟာ ကျွန်တော်တင်စားပီးပြောတာပါ...ကိုကို့အလုပ်က ဟာသတစ်ပုဒ် မဟုတ်ဘဲ ခက်ခဲလွန်းတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်...
Company စရောက်ရောက်ချင်း ကျွန်တော့်ခေါင်းထဲဝင်လာတာက ကိုကို့ဆီ ဘယ်လိုရောက်အောင်သွားရမလဲဆိုတာပါပဲ...ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ဘယ်လိုမှ ဖြစ်မလာနိုင်တဲ့အရာကြီးလိုပဲ...ကျွန်တော် အရင်ကပုံစံလို တစ်ဇွတ်ထိုးလုပ်ရအောင်လဲ Company က ကစားကွင်းမှမဟုတ်တာ...
ဒါပေမဲ့ ကိုကိုဆီသွားရမဲ့ တစ်ခုတည်းသော နည်းလမ်းလေးတော့ရှိတယ်!!
"Jungkook ရေ နေ့လည်စာစားချိန်ပီးရင် Hyung ဆီက စာရွက်တွေ လာယူပီး မိတ္တူသွားဆွဲပေးပါဦး...."
ဒါပါပဲ!!! ကျွန်တော်ရဲ့တစ်ခုတည်းသော ကယ်တင်ရှင်လေး....
Kook-ဟုတ်ကဲ့ Hyung...
တကယ်တော့ မိတ္တူစက်က တခြားနေရာတွေမှာလဲ အများကြီးရှိပါတယ်...ဒါပေမဲ့ ကျွန်တော့်မျက်လုံးထဲမှာ CEO အခန်းထဲက မိတ္တူစက်တစ်လုံးပဲမြင်တယ်...ဌာနထဲက လူတွေ မိတ္တူဆွဲချင်ရင် ကျွန်တော်ပဲ ခြောက်ထပ်ကနေ ဆယ့်လေးထပ်မြောက်အထိ အပြေးအလွှား သွားဆွဲပေးနေကျ...အများအမြင်မှာတော့ အလုပ်ကြိုးစားသူကြီးပေါ့😅
ကိုကို ရုံးခန်းထဲမှာ ရှိမှသာ တက်ကြွတာပါ...ကိုကို နိုင်ငံခြားသွားရင် CEO ရုံးခန်းကို လှည့်တောင်ကြည့်ချင်တာမဟုတ်ဘူး...အဲ့ဒါကြောင့် အနီးအနားက မိတ္တူစက်မှာပဲ ခပ်မြန်မြန်ဆွဲပေးလိုက်တယ်😎
ကိုကို့ရုံးခန်းထိ မိတ္တူသွားဆွဲတာ တခြား ဘာရည်ရွယ်ချက်မှတော့ မရှိပါဘူး...ဒီအတိုင်းလေး ကိုကို့ကိုငေးကြည့်ပီး ပြန်လာခဲ့တာ...အဲ့ဒါကြောင့် မိတ္တူဆွဲရမဲ့ အစောင်အရေအတွက်များလေလေ ပိုကောင်းလေလေပဲ...ကြာကြာကြည့်ရတာပေါ့...
ကျွန်တော် မိတ္တူသွားဆွဲတိုင်း ကိုကို ကျွန်တော့်ကို ဘာမှမပြောဘူး...မလာနဲ့လို့လဲ မမောင်းထုတ်ဘူး...ကျွန်တော့်ကို ဘာစကားမှကို မပြောတာ...တကယ်ဆို "တခြားမိတ္တူစက်တွေလဲရှိတယ် ငါ့ရုံးခန်းကိုမလာနဲ့" လို့ ကိုကို ကျွန်တော့်ကို ပြောလို့ရတဲ့အနေအထားတစ်ခုပဲမလား...ဒါပေမဲ့ ကိုကိုမပြောတော့ ကျွန်တော့်အတွက် ကိုကို့ကိုတွေ့ရဖို့ အခွင့်အရေးတစ်ခုလိုဖြစ်သွားတာပေါ့...
ကျွန်တော် ကိုကို့ကို ဝါးစားမတတ် စိုက်ကြည့်တဲ့အချိန်တွေဆိုရင် ကိုကို လုပ်မထိ ကိုင်မထိ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားတယ်ဆိုတာ ကျွန်တော် သတိထားမိတယ်...အဲ့လိုအချိန်ဆိုရင် ချစ်ဖို့ကောင်းလွန်းတဲ့ကိုကို့ကို အကောင်လိုက်သာမြိုချပစ်လိုက်ချင်တယ်...
တစ်ချက် တစ်ချက် ကျွန်တော်နဲ့အကြည့်ချင်းဆုံသွားရင်လဲ ကိုကို့မျက်နှာက မှည့်ရောနေတဲ့ ခရမ်းချဉ်သီးတစ်လုံးလို ဖြစ်သွားတတ်တယ်...ရှက်သွေးဖြာပီး နီရဲသွားတဲ့ ပါးပြင်နှစ်ဖက်ကို ရွှတ်ခနဲမြည်အောင် နမ်းလိုက်ချင်တယ်...
ကျွန်တော်က အကြည့်ချင်းဆုံသွားလို့ ရင်ခုန်မလို့ရှိသေး...ကိုကိုက ဆက်ခနဲ ခေါင်းပြန်ငုံ့သွားလို့ ရင်ခုန်မဲ့အရှိန်တွေ ဘရိတ်အုပ်လိုက်သလို တုံ့ခနဲ ရပ်သွားခဲ့ရတဲ့အချိန်တွေ တစ်ပုံကြီး...
"တော်တော် ဒေါသထွက်ဖို့ကောင်းတယ်...ကောင်စုတ်လေး..."
ဒေါသတကြီးနဲ့ ပွစိပွစိပြောပီး ကျွန်တော့်ဘေးက သူ့ခုံမှာဝင်ထိုင်လိုက်တဲ့ ဟာနာ...
Kook-ဘာဖြစ်လာတာလဲ...ဒါနဲ့ ဟာနာ ဒီနေ့နောက်ကျတယ်နော်...
"နောက်ကျမှာပေါ့...ဟို နို့နံမစင်သေးတဲ့ သူတောင်းစားကြောင့်လေ..."
Kook-ဟမ်! သူတောင်းစား ဟုတ်လား...
"အေ... Jungkook နင်ပဲ စဉ်းစားကြည့်ဟာ..."
Kook-အင် ပြော...
"ငါရပ်ထားတဲ့ကားကို သူ့ဆိုင်ကယ်နဲ့ ဝင်တိုက်သေးတယ်...ငါ့ကိုလဲ လျော်ကြေးတောင်းတယ်...ဒါ ဖြစ်သင့်လား..."
Kook-ဟင့်အင်း မဖြစ်သင့်ဘူး...
ဒီဌာနမှာ ကျွန်တော်နဲ့သူပဲ အသစ်ရောက်လာသလို အသက်အရွယ်လဲတူတယ်...ဟာနာက ခင်ဖို့ကောင်းတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ...ဘာလုပ်လုပ် ရှပ်ပြာရှပ်ပြာ နိုင်လွန်းတယ်...အခုလဲ ဘာဖြစ်လာပြန်ပီလဲမသိ~~သူ့အဖြစ်အပျက်ကို လုပ်လက်စအလုပ် ခဏထားပီး နားထောင်ပေးလိုက်တယ်...သူရဲ့အကျင့်အတိုင်း ကျွန်တော်နဲ့စကားပြောရင်း အားပါရင်ပါသလောက် ကျွန်တော့်ကို ရိုက်လိုက် ထိလိုက်နဲ့ပေါ့...ကျွန်တော့်အတွက် ဒါဟာ မထူးဆန်းတော့ပါဘူး...
"CEO~~ ဝန်ထမ်းအခြေအနေ လာစစ်ဆေးတာလား..."
Seokjin-အင် ဟုတ်တယ်...ကျွန်တော် ကုန်ကြမ်းစက်ရုံ မသွားခင်ဝင်လာတာ...
ကျွန်တော် အခု ကုန်ကြမ်းစက်ရုံမှာ သွားစစ်ဆေးစရာရှိလို့ Elevator ထဲဝင်တော့ ပထမထပ်ကိုသွားဖို့ နံပါတ်တစ်ကို နှိပ်မလို့ရှိသေး...နိုင်ငံခြားက ပြန်ရောက်ပီးကတည်းက Koo နဲ့မတွေ့ရသေးလို့ Koo ကို ဌာနအပြင်ဘက်ကပဲ ခဏဖြစ်ဖြစ် အလွမ်းပြေကြည့်ဖို့ နံပါတ်ခြောက်ကို နှိပ်လိုက်တယ်...
ခြောက်ထပ်မြောက် ရောက်တော့ ဌာနအပြင်ဘက်ကနေ Koo ကိုလိုက်ရှာလိုက်တာ...တွေ့ပါပီ စိတ်ရူပ်စရာမြင်ကွင်းတစ်ခု~~
Koo ဘေးနားက ဝန်ထမ်းကောင်မလေးတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်ထိုင်ပီး Koo ကို ရိုက်လိုက်ပုတ်လိုက်နဲ့ အားရပါးရ ဘာတွေပြောလို့ပြောနေမှန်းမသိ...Koo ကတော့ သူရိုက်လိုက်တဲ့နေရာတွေကို ခပ်ဖွဖွပွတ်နေရင်း စိတ်ဝင်တစားနားထောင်ပေးနေလိုက်တာ...
အရင်တုန်းကအတိုင်းဆို ကျွန်တော် ရှောင်ပြေးနေမိမှာ အသေအချာပဲ...အခုတော့ မရှောင်ပြေးတော့ဘူး...အရင်တုန်းက သူရဲဘောကြောင်ပီး အမြဲတမ်းထွက်ပြေးနေတတ်တဲ့ ပျော့ညံ့ညံ့ကောင် Seokjin မှမဟုတ်တော့တာ...ဒါကြောင့် ဒီမြင်ကွင်းကို ဖျက်စီးချင်လို့ ကျွန်တော် ဌာနထဲဝင်သွားလိုက်တယ်...
"CEO ပြင်ဆင်ချင်တာ အလိုမကျတာတွေရှိရင် ပြောပါ...ကျွန်တော် လုပ်လိုက်ပါ့မယ်..."
Seokjin-ဒီအခန်းထဲနေရတာ တော်တော်ပူတယ်နော်...
"ဗျာ!!"
Seokjin-ပြောရင်းနဲ့ ချွေးတွေထွက်လာပီ...အဖွဲ့မှူးရော မပူဘူးလား...
"ဟမ်!! ပူ..ပူတာပေါ့ အရမ်းပူတယ်...ဟျောင့်တွေ မင်းတို့ရော မပူဘူးလား..."
All-ဟင် ပူတယ် ပူတယ် အဖွဲ့မှူး...
CEO က သစ်ဆို ကိုယ်တွေက ဝါးလုပ်လို့မှမရတာ...CEO က ပူတယ်ဆို ပူလိုက်...အေးတယ်ဆို အေးလိုက်...ဒါက ဝန်ထမ်းတွေရဲ့ဘဝပဲမလား🤧
"ပူတယ်တဲ့ CEO....အဲ့ဆို ကျွန်တော် aircon နံပါတ်သွားပြောင်းလိုက်ဦးမယ်..."
CEO-နေ..နေပါဦး...Aircon ကအအေးဓာတ်များရင် ကျန်းမာရေးအတွက် ဘယ်ကောင်းမလဲ...အဲ့ဒါကြောင့် လူချင်း နဲနဲခွဲပီးနေကြပေါ့...တစ်ယောက်နဲ့တစ်ယောက် မထိရင်အကောင်းဆုံးပဲ...စကားလဲ သိပ်မများကြပါနဲ့...
"ကြားလား CEO ပြောတာကြားကြလား...တစ်ယောက်နဲ့တစ်ယောက် ခပ်ဝေးဝေးနေကြ...မထိကြနဲ့....စကားလဲ မများကြနဲ့...."
All-ဟုတ်ကဲ့ ဟုတ်ကဲ့...
အကုန်လုံးက တစ်ယောက်နဲ့တစ်ယောက် ဝေးသထက်ဝေးအောင် ခုံတွေရွေ့နေပေမဲ့ Jungkook တစ်ယောက်တည်း ပတ်ဝန်းကျင်နဲ့အဆက်ပြတ်နေခဲ့သည်...
ကျွန်တော် ဟာနာပြောတာနားထောင်ရင်း အဖွဲ့မှူးဆီက CEO လို့ခေါ်သံကြားတော့...ကျွန်တော် အပျော်လုံးဆို့ပီး ကိုကို့ဘက်လှည့်ကြည့်ပီး သတိလက်လွှတ်ငေးနေမိတယ်...ကိုကို့ကို အရမ်းလွမ်းနေခဲ့တာ...ဒီတစ်ပါတ် နိုင်ငံခြားသွားတာ အရမ်းကြာတယ်...
ကိုကို့ကို အလွမ်းပြေအောင် ကြည့်နေရတာနဲ့ ကိုကို ဘာတွေပြောသွားမှန်းတောင်မသိလိုက်ဘူး...အလွမ်းတောင်မပြေသေးဘူး...အဖျက်သမားက ရောက်လာပီ...
Hoseok-CEO ကဒီရောက်နေတာကိုး...ကျွန်တော်က ပထမထပ်မှာစောင့်နေတာ...သွားရအောင် နောက်ကျတော့မယ်...
Seokjin-Aww အင် အင်...သွားကြမယ်...အဖွဲ့မှူး ကျွန်တော်တို့သွားလိုက်ပါဦးမယ်...
"ဟုတ်ကဲ့ CEO...ကောင်းကောင်းသွားပါ..."
"Jungkook နင်ရော ပူလား..."
မန်နေဂျာကို မကျေမနပ်ဖြစ်နေတုန်း ကြားလိုက်တဲ့အသံကြောင့် ကျွန်တော့်ဘေးကို လှည့်ကြည့်လိုက်တော့...
Kook-ဟင့်အင်း မပူပါဘူး Aircon ကြီးဖွင့်ထားတဲ့ဟာကို...ဒါနဲ့ ဟာနာက ဘာလို့ အဝေးကြီးရောက်နေတာလဲ...
"CEO ပြောသွားတာ နင်မကြားဘူးလား...ပူတယ်တဲ့ အဲ့ကြောင့် တစ်ယောက်နဲ့တစ်ယောက် ခပ်ဝေးဝေးနေရမယ် မထိရဘူးတဲ့..."
Kook-CEO အဲ့လိုကြီးပြောသွားတာလား...
"Jungkook နင် ငုတ်တုတ်ကြီး အိပ်ပျော်နေတာလားဟေ..."
ကျွန်တော် ဟာနာကို ပြုံးပြလိုက်ပီး အရှေ့ကိုပြန်လှည့်ကာ ဘောပင်ကို အတွေးတစ်ခုနှင့်အတူ အကြောင်းမရှိ လှည့်နေမိသည်...ဒါဟာ သိပ်မသေချာပေမဲ့ ကိုကို သဝန်တိုတာများလား!!
^^^^^
နေ့လည်စာစားချိန်အပီး...
"Jungkook ရေ Hyung လုပ်ပီးသွားပီ...ဒါလေးတွေ မိတ္တူသွားဆွဲပေးပါဦး...တစ်ရွက်ကို ဆယ်စောင်စီနော်..."
Kook-ဟုတ်ကဲ့ ကျွန်တော်လာပီ Hyung...
ကျွန်တော် လုပ်လက်စအလုပ်ကိုပစ်ကာ သူ့စားပွဲဆီသွားပီး စာရွက်တွေသွားယူတော့...
"Jungkook တို့က အလုပ်အရမ်းကြိုးစားတာနော်..."
ဂုတ်နားကိုပွတ်လိုက်ပီး ရယ်ကျဲကျဲဖြင့်
Kook-မ..မဟုတ်ပါဘူး အဖွဲ့မှူးရဲ့...
"CEO က မင်းကို ရာထူးတိုးပေးမှာပါ..စိတ်မပူနဲ့..."
Kook-Arr မဟုတ်ပါဘူးဆို အဖွဲ့မှူးကလဲ...ကျွန်တော် သွားတော့မယ်...
ကျွန်တော့်အကြောင်း ကျွန်တော်ပဲသိတယ် အဖွဲ့မှူးရေ...ဒါတော့ စိတ်ထဲမှာပဲ ပြောလိုက်သည်...
ကျွန်တော် စာရွက်တွေနဲ့အတူ Elevator စီးပီး CEO အခန်းရှိရာ ဆယ့်လေးထပ်မြောက်သို့...
ကောင်တာမှာ အတွင်းရေးမှူးမလေးကိုလဲ မတွေ့တော့ အခန်းတံခါးကို မခေါက်မိဘဲ တစ်ခါတည်းဖွင့်လိုက်တော့ မြင်လိုက်တဲ့ မြင်ကွင်းတစ်ခုကြောင့် ခြေလှမ်းများ ရပ်တန့်သွားခဲ့ရသည်...
ကိုကိုက အင်္ကျီကြယ်သီးတွေပြုတ်နေပီး အင်္ကျီက အပေါ်ပိုင်းခန္ဓာကိုယ်ကနေ ကျွတ်လုနီးပါး...ထိုင်နေတဲ့ ကိုကိုနောက်မှ မတ်တပ်ရပ်နေတဲ့ မန်နေဂျာ...ကျွန်တော် ခဏကြောင်အသွားပေမဲ့ ချက်ချင်းပဲ တံခါးကိုပြန်ပိတ်လိုက်တယ်...
Hoseok-Jungkook..Jungkook!! Hyung လဲအင်္ကျီပြန်ဝတ်လိုက်တော့ ဘာအကောင်မှ မရှိဘူး...
Seokjin-ဟမ်! အင် အင်...
Hoseok-ကျွန်တော် ပြောသားပဲ...စက်ရုံမှာ ဘာအကောင်မှမရှိနိုင်ပါဘူးဆိုနေ...Hyung ယားတယ် ပြောနေလို့သာ အင်္ကျီချွတ်ခိုင်းပီး ကြည့်ပေးတာ...ခုတော့ Jungkook အထင်လွဲပီ...
Seokjin-ဟမ်! သူ အထင်လွဲသွားပီ ဟုတ်လား...
Hoseok-အေပေါ့...သူ အထင်လွဲသွားလို့ တံခါးချက်ချင်းပြန်ပိတ်ပီး ထွက်သွားတာပေါ့...စိတ်မပူပါနဲ့ ကျွန်တော် သူ့ကို နားလည်အောင်ရှင်းပြလိုက်ပါ့မယ်...
Seokjin-ရ..ရတယ်...Hyung ပဲ သူ့ကိုရှင်းပြလိုက်မယ်...
Hoseok-အင် အဲ့ဆိုလဲပီးတာပဲ...ခုရော ယားသေးလား...
Seokjin-မယားတော့ဘူး...ယားတဲ့ဟာတောင် ဘယ်ပျောက်သွားမှန်းမသိဘူး...
Hoseok-Jungkook က အလုပ်လုပ်တာအရမ်းတော်တယ်...တိလဲတိကျတယ် မြန်လဲမြန်ဆန်တယ်...သူ ငယ်ငယ်တုန်းက စာတော်တော်,တော်ခဲ့တယ်ထင်တယ်...
Seokjin-တော်တာပေါ့...ဉာဏ်ကလဲ အရမ်းကောင်းတာ...
Hoseok-ဟမ်! Hyung ဘယ်လိုသိတာလဲ...
Seokjin-Arr Hyung..Hyung မှန်းပြောကြည့်တာ...
Hoseok-Hyung မှန်းပြောတဲ့ပုံစံကလဲ အတိအကျသိလို့ပြောနေသလိုပဲ...
ပြောမိတဲ့ပါးစပ်ကို ရိုက်ပစ်ချင်လိုက်တာ...
Seokjin-ထားပါ...မင်းလဲ ပြန်တော့ အလုပ်ရှိသေးတယ်မလား...
Hoseok-အင် အင်...အဲ့ဆို ကျွန်တော်ပြန်တော့မယ်...
Hoseok တံခါးဆွဲဖွင့်ကာ ပြန်ပိတ်လိုက်ပီး အနောက်ကိုကြည့်လိုက်တော့ တံခါးဘေးမှာ တောင့်တောင့်ကြီးရပ်နေတဲ့ Jungkook...
Hoseok-Jungkook မင်း ဒီမှာ အခုထိရပ်နေတာလား...
အတွေးတွေလွန်နေတုန်း...
Kook-ဗျာ! ဟုတ်..ဟုတ်တယ်...ကျွန်တော် မိတ္တူဆွဲဖို့စောင့်နေတာ...
Hoseok-Aww ငါက မင်းပြန်သွားပီထင်နေတာ...အေ အေ အဲ့ဒါဆိုလဲ ဝင်သွားလိုက်...ငါ သွားတော့မယ်...
Kook-ဟုတ်ကဲ့ မန်နေဂျာ...
ကိုကိုနဲ့ မန်နေဂျာနဲ့က ဘယ်လိုပတ်သတ်မှုမျိုးလဲ...ဘယ်အထိတောင် ရောက်နေကြတာလဲ...အဖွဲ့မှူးပြောပြတဲ့ ငယ်ငယ်တည်းက ရင်းနှီးတဲ့အဆင့်ထက် ပိုနေကြပီလား...ဟင့်အင်း မဖြစ်ရဘူး...ကိုကိုက ကျွန်တော့်အပိုင်!!
ကျွန်တော် တံခါးကိုခေါက်လိုက်တော့...
Seokjin-ဝင်လာခဲ့ပါ...
ကျွန်တော် အထဲဝင်သွားပီး ကိုကိုစားပွဲခုံနဲ့ ကပ်လျက်ထား,ထားတဲ့ မိတ္တူစက်ဆီ မျက်နှာထားတည်တည်နှင့် တည့်တည့်မတ်မတ် ဦးတည်လိုက်သည်...ကျွန်တော် ကိုကို့ကို ဘယ်ကစမေးရင် ကောင်းမလဲ....မေးလိုက်ရင် ကိုကိုစိတ်ဆိုးသွားမှာလား...ဖြေခဲ့ရင်လဲ အဲ့အဖြေက ကျွန်တော့်ကို ဘယ်လိုခြေအနေထိရောက်သွားစေမှာလဲ....ကျွန်တော့်တစ်ယောက်တည်း အတွေးတွေပတ်ချာလည်ရိုက်နေခဲ့တယ်...
----------
Koo ကို ဘယ်ကနေဘယ်လိုရှင်းပြရမလဲ...သူ တကယ်အထင်လွဲသွားတာလား...Koo အဲ့ပုံစံကိုတွေ့ပီး သူ့စိတ်ထဲဘာတွေတွေးနေမလဲ...သူ့မျက်နှာမှာလဲ ဘာအရိပ်အယောင်မှမပေါ်တော့ ခန့်မှန်းရခက်သား....
သူ့မျက်နှာ အဲ့လိုတည်တည်ကြီးဖြစ်နေတော့ ကျွန်တော်မနေတတ်ဘူး...ခါတိုင်းဆို ဝါးစားမတတ် ကြည့်နေပေမဲ့ အခုတော့ ကျွန်တော့်ကို လုံးဝမကြည့်ဘူး...မိတ္တူစက်ကိုပဲ ငုံ့ကြည့်နေတာ...ကျွန်တော်က အမှားလုပ်ထားတဲ့သူဆိုတော့ ဘယ်လိုဖြစ်ဖြစ် ဖြေရှင်းချက်တော့ ပေးချင်တယ်...
ကျွန်တော် Koo ကိုမကြည့်ဘဲ...
Seokjin-ခုနက ဘာမှမဟုတ်ဘူးနော်...မင်း အထင်လွဲနေတာ...
Kook-ဟမ်! အထင်လွဲတယ် ဟုတ်လား...
Koo ကျွန်တော့်ကို ကြည့်ပီးပြောတော့ ကျွန်တော်လဲ Koo ကိုလှည့်ကြည့်လိုက်ကာ...
Seokjin-ဟုတ်တယ်...ငါ ကျောကုန်းယားနေလို့ Hobi ကို ကျောကုန်းမှာ အကောင်ရှိနေလားဆိုပီး အင်္ကျီချွတ်ပီး ကြည့်ခိုင်းနေတာ...
အဲ့တော့မှ ခုနက မျက်နှာတည်တည်ကြီးက ခုတော့ ရှိသမျှသွား အကုန်ပေါ်အောင် ယုန်အပြုံး ပြုံးတော့တာပဲ...
Kook-ကျွန်တော် အထင်လွဲမှာစိုးလို့ ရှင်းပြနေတာလား...
Seokjin-အေလေ...မင်း အထင်လွဲသွားတယ်မလား...
Kook-ကျွန်တော် အထင်လွဲသွားမှာ ကြောက်နေတာလား...
Jungkook Seokjin နားကပ်သွားကာ မျက်နှာချင်း နီးအောင် ရုတ်တရပ် ရှေ့တိုးလိုက်တော့ Seokjin တစ်ယောက် နားရွက်နှစ်ဖက်လုံး နီရဲပီး အသက်ရူဖို့ပင် မေ့သွားလေသည်...Jungkook ကတော့ Seokjin လန့်သွားတဲ့ပုံစံကိုကြည့်ကာ အသဲယားပီး ကိုက်စားချင်စိတ်ပါ ပေါက်နေမှာ အသေအချာပင်...
Seokjin ခပ်မြန်မြန် မျက်နှာလွှဲလိုက်ပီး...
Seokjin-အဲ့..အဲ့ဒါက မင်း..မင်း တခြားသူတွေကို မဟုတ်ဘဲ လိုက်ပြောနေမှာ စိုးလို့လေ...
ကိုကိုက မလိမ်တတ်ဘဲလိမ်နေပြန်ပီ...ဟုတ်ပါပီ...ယုံပေးလိုက်ပါ့မယ်...ကိုကို စိတ်ချမ်းသာသွားအောင်လေ...
ရယ်ချင်စိတ်ကို မျိုသိပ်ကာ...
Kook-ဟုတ်ကဲ့ပါ CEO...ကျွန်တော် အထင်လဲမလွဲတော့ပါဘူး...သူများကိုလဲ လိုက်မပြောပါဘူး...
Seokjin-အထင်မလွဲတော့ရင်လဲ ပီးတာပဲ...
Kook-CEO ကျွန်တော့်ကို မပြောချင်ဘူးလား...CEO ရဲ့ငယ်ဘဝတွေကိုလေ...ကျွန်တော့်ကို ပြောပြသင့်ပီလို့ရော မထင်ဘူးလား...
Koo နဲ့ကျွန်တော်နဲ့တွဲခဲ့တဲ့ကာလတစ်လျှောက်လုံး ကျွန်တော့်အကြောင်းတွေ ကျွန်တော့်မိဘအကြောင်းတွေကို တစ်ခါမှ မပြောပြဖူးဘူး...Koo ကတော့ မေးရှာပါတယ်...ကျွန်တော်ကသာ မဖြေချင်လို့ ရှောင်နေခဲ့တာ...ကျွန်တော် ဒီအကြောင်းတွေကို ပါးစပ်ကနေ ထုတ်မပြောချင်ဘူး...ထုတ်ပြောမိရင် ပြောရင်းနဲ့ ဖေဖေ့ကို ပိုမုန်းသွားမှာစိုးလို့...
ဒါကြောင့် ကျွန်တော် ဘယ်သူကိုမှ ဒီအကြောင်းမပြောဘဲ မျိုသိပ်ခဲ့တယ်...Yoongi ကလွဲရင်ပေါ့...ကျွန်တော့်စိတ်ထဲမွန်းကျပ်ပီး ရင်ဖွင့်ချင်နေတဲ့အချိန်မှာ Yoongi တစ်ယောက်တည်း ကျွန်တော့်ရှေ့မှာ ရှိနေခဲ့တယ်...ကျွန်တော် သူ့ကို တစ်ခုမကျန်ရင်ဖွင့်ပီး ဘယ်သူ့ကိုမှ မပြောပါနဲ့ဆိုတဲ့ကတိ တောင်းခဲ့တယ်...Yoongi ကလဲ အခုချိန်ထိ ကတိတည်ခဲ့တယ်...Koo ကိုတောင် သူပြောပြခဲ့တာမဟုတ်ဘူး...
အခုချိန်က ဖေဖေနဲ့ကျွန်တော်ရဲ့ဆက်ဆံရေးက အရင်ကလို မတင်းမာနေတော့ဘူး...အရမ်းကြီး နွေးနွေးထွေးထွေးတော့ မဟုတ်ပေမဲ့ မအေးစက်ပါဘူး...တချိန်ချိန်မှာ Koo ကို ကျွန်တော်ပြောပြဖို့ရည်ရွယ်ပီးသား...မထင်မှတ်ထားပေမဲ့ အဲ့အချိန်က လမ်းခွဲပီးတဲ့အချိန်ဖြစ်နေတယ်...Koo လဲသိချင်နေတာမလို့ ပြောပြလိုက်တော့မယ်...
Seokjin-ကောင်းပီလေ ငါပြောပြပါ့မယ်...ငါ့ဖေဖေက အရင်က အလုပ်ကို တအားကိုးကွယ်တဲ့သူကြီးပေါ့...အလုပ်လုပ်နေရင် ထမင်းမေ့ ဟင်းမေ့ မိသားစုကိုပါ မေ့တာ...နဲနဲတော့ ရယ်ဖို့ကောင်းတယ်မလား...
Company ကိုအိမ်လို့များ ထင်နေလားမသိ...အိမ်ကို ပြန်လာတဲ့နေ့တွေဆို လက်ချိုးရေလို့ရတယ်...ဖေဖေ အဲ့လိုပုံစံလုပ်နေခဲ့တာ ငါ အထက်တန်းတက်တဲ့အချိန်ထိပဲ...ကြာလာတော့ မေမေလဲ အထီးကျန်ဆန်နေခဲ့မှာပေါ့...ငါက ကျောင်းသားလေ အိမ်မှာ အချိန်ပြည့် မေမေ့ကို အဖော်မပြုပေးနိုင်ဘူး...
အဲ့ဒါနဲ့ မေမေလဲ ဖေဖေ့ကိုစိတ်ကုန်ပီး Paris ကိုတစ်ယောက်တည်းထွက်သွားခဲ့တယ်...ငါ မေမေ့ကို မသွားပါနဲ့လို့ အတန်တန်တားနေတာတောင် မရခဲ့ဘူး...သားဖေဖေနဲ့ မေမေ မနေနိုင်တော့ဘူးတဲ့ သားလိုက်ခဲ့မလားတဲ့...
ဒါပေမဲ့ ငါ မလိုက်သွားဘူး ငါသာလိုက်သွားခဲ့ရင် ဖေဖေနဲ့မေမေ ဘယ်တော့မှအဆင်မပြေတော့မှာစိုးလို့..ဘယ်တော့မှ မတွေ့ရတော့မှာစိုးလို့...အဲ့ဒါကြောင့် ငါနေခဲ့တယ်..ပီးတော့ ဖေဖေကို ကျေးဇူးပြုပီး မေမေ့ကို သွားခေါ်ပေးပါဆိုပီး အသည်းအသန်ငိုပီး ပူဆာခဲ့တယ်...
ဖေဖေကလဲ ပြန်ပြောပါတယ်...အင် သားစိတ်မပူနဲ့..ဖေဖေ ရအောင် မေမေ့ကိုပြန်ခေါ်လာခဲ့မယ်တဲ့...ဒါပေမဲ့ ဖေဖေကတိမတည်ခဲ့ဘူး...Company မှာ ဖေဖေမရှိရင် မဖြစ်တဲ့ အရေးပေါ်ကိစ္စပေါ်လာလို့ အခုသွားမခေါ်ဖြစ်သေးဘူးတဲ့...အဲ့အချိန်မှာ ငါနားလည်လိုက်တာက ဖေဖေ့အတွက် အလုပ်ကသာ ဦးစားပေး ပထမနေရာကဆိုတာပဲ...
အဲ့ချိန်မှာတောင် ဖေဖေ မပြောင်းလဲခဲ့ဘူး...နောက်တော့ သိပ်မကြာလိုက်ပါဘူး...မေမေ အိပ်ဆေးတွေအများကြီးသောက်ပီး ကိုယ့်ကိုကိုယ် သတ်သေသွားတယ်တဲ့...အဲ့သတင်းကြားကြားချင်း ငါ့ကမ္ဘာကြီး အမှောင်ကျသွားသလိုပဲ...
သေချာတယ် မေမေ ဖေဖေ့ကို စောင့်နေခဲ့မှာ...မေမေ ဖေဖေ့ကို ဒုတိယအခွင့်အရေး ပေးချင်ခဲ့မှာ...ဖေဖေ့ရဲ့ ပြန်လာခဲ့ပါဆိုတဲ့ အသံကိုကြားချင်ခဲ့မှာ...ဒါပေမဲ့ အဆုံးထိ ဖေဖေရဲ့ဦးစားပေးက မေမေမဟုတ်ခဲ့ဘူး...မေမေသေရတာ ဖေဖေ့ကြောင့်ဆိုပီး ဖေဖေကို အရမ်းမုန်းတယ်...သေလောက်အောင် မုန်းတယ်...မမြင်ချင်လောက်အောင် မုန်းတယ်...
အဲ့ဒါကြောင့် ဖေဖေနဲ့ အဲ့နေ့က အကြီးအကျယ်ရန်ဖြစ်ပီး အိမ်ပေါ်ကဆင်းလာခဲ့တယ်...စုထားတဲ့ပိုက်ဆံလဲ ရှိသင့်သလောက်ရှိနေတော့ အဆောင်ငှါးနေပီး ကျောင်းဆက်တက်ဖို့ အဆင်ပြေခဲ့တယ်...အဲ့မှာ Yoongi နဲ့စတွေ့တာပဲ...
ဖေဖေကလဲ နောင်တတော့ရပါတယ်...ဖေဖေ အခန်းထဲမှာ မေမေ့ဓာတ်ပုံကိုကိုင်ပီး ငိုနေတာငါတွေ့ခဲ့တယ်...ဒါပေမဲ့ အခုချိန်မှ လာငိုနေလို့ဘာလုပ်ရမှာလဲ..ရလာတဲ့နောင်တက မေမေ့ကို အသက်ပြန်ရှင်အောင် လုပ်လို့မှမရတာ...အဲ့ဒါကြောင့် ငါရဲ့အမုန်းဆုံးလူသားက ဖေဖေဖြစ်ခဲ့တယ်...
ငါ အိမ်ပေါ်က စဆင်းကတည်းက ဖေဖေ လတိုင်း ပိုက်ဆံပ်ို့ပေးခဲ့တယ်...ငါ မယူဘူးလို့ သွားပြောတော့ သုံးသုံး မသုံးသုံး ယူထားပါတဲ့ ပိုက်ဆံလိုတဲ့အချိန်လဲ ရှိချင်ရှိလာမှာပေါ့တဲ့...ငါလဲ စကားဆက်ပြောချင်တဲ့စိတ်မရှိတော့တာနဲ့ ဖေဖေ ပို့ပေးတဲ့ပိုက်ဆံတွေကို ယူခဲ့တယ် တစ်ပြားမှ မသုံးခဲ့ဘူး...သုံးမှာလဲ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်...
ဒါပေမဲ့ ဖေဖေပြောခဲ့တဲ့ ပိုက်ဆံလိုတဲ့အချိန် ရောက်လာခဲ့တယ်...လူတစ်ယောက်ရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးချင်လို့...သူလိုချင်နေတဲ့နာရီကို ဝယ်ပေးချင်လို့...သူနဲ့ တစ်ဘဝလုံးနေလို့ရတဲ့ အိမ်တစ်လုံး လိုချင်လို့...အဲ့လူတစ်ယောက်က ငါ့အတွက် အရေးပါလွန်းလို့ ငါ ဘယ်တော့မှမသုံးဘူးလို့ စိတ်နာနာနဲ့ ဆုံးဖြတ်ထားတာတောင် သူ့အတွက် မျက်နှာပြောင်တိုက်ပီး အဲ့ပိုက်ဆံတွေကို သုံးခဲ့မိတယ်...
အဲ့လူတစ်ယောက်ကြောင့်ပဲ ငါဘယ်တော့မှ မတွေ့တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ဖေဖေနဲ့ ပြန်တွေ့ခဲ့ရတယ်...သူကြောင့် ဖြစ်ပျက်သွားတဲ့အရာတွေက များလွန်းပေမဲ့ အဆုံးသတ်မှာ သူနဲ့ ဘာမှမဆိုင်တော့ဘူး...ဇာတ်သိမ်းလေးတော့ မလှပေမဲ့ နားထောင်လို့ကောင်းတယ်မလား Jungkook...
--------
ကိုကို့ဇာတ်လမ်းက အနာအဆာတွေ များလွန်းတယ်...ကိုကို့ဇာတ်လမ်းက ဇာတ်သိမ်းသွားပီလို့ ဘယ်သူပြောလဲ...ဇာတ်မသိမ်းသေးဘူး ကိုကို...ကိုကိုရဲ့ ရင်နာစရာ ဇာတ်လမ်းလေးကို ကျွန်တော် ပျော်ရွှင်ခြင်းတွေနဲ့ ဇာတ်သိမ်းပေးမယ်...ကိုကို စောင့်ကြည့်နေလိုက်~~
ကိုကို ကျွန်တော့်ကို သုံးသွားတဲ့နာမ်စားလေးက လူတစ်ယောက်တဲ့...ကျွန်တော်ကလဲ ကိုကို့ကို ပြန်မေးလိုက်ချင်တယ်...အဲ့လူတစ်ယောက်ကို ဆက်ချစ်နေတုန်းပဲလားလို့~~
Kook-ဒါဆို မန်နေဂျာကရော...
Seokjin-သူ့အိမ်နဲ့ ငါ့အိမ်နဲ့က အရမ်းရင်းနှီးတယ်...အထူးသဖြင့် သူ့မေမေနဲ့ငါ့မေမေပေါ့...နောက်တော့ ငါတို့လဲ ညီအစ်ကိုအရင်းတွေလို ရင်းနှီးသွားကြတယ်...ငါ ဝမ်းနည်းနေတိုင်း သူနှစ်သိမ့်ပေးခဲ့တယ်...နောက် ငါ အိမ်ပေါ်က ဆင်းသွားတော့ သူ့ကိုပါ အဆက်အသွယ်ဖြတ်ခဲ့တယ်...သူနဲ့ အဆက်အသွယ်ရှိနေရင် ဖေဖေ ငါ ပြန်လာဖို့အတွက် သူ့ကို တစ်ခုခုလုပ်ခိုင်းမှာစိုးလို့...ဖေဖေက စီးပွားရေးသမားပီပီ ဉာဏ်နီဉာဏ်နက် သိပ်များတယ်...အရင်တုန်းကပါ အခုတော့ အစွယ်ကျိုးနေတဲ့ ခြင်္သေ့တစ်ကောင်ပေါ့...
Kook-CEO ဖေဖေကို မြင်တောင်မမြင်ဖူးဘဲ ကြက်သီးပါထလာပီ...
Seokjin-မြင်လိုက်ရင် လိပ်ပြာပါလွင့်သွားလောက်တယ်...
Kook-ဟမ်! တကယ်..တကယ်ကြီးလား...
Seokjin ခပ်ဟဟ ရယ်လိုက်ပီး...
Seokjin-နောက်တာပါကွာ အဲ့လောက်လဲ မကြောက်နေပါနဲ့...
ယောက္ခထီးကြီးဆိုတော့ မကြောက်လို့မရဘူး ကိုကိုရေ...
Kook-CEO အလုပ်ဆင်းရင်အားလား...
Seokjin-ဘာလုပ်ဖို့လဲ...
Kook-Yoongi Hyung ဆိုင်ကို လာခဲ့ပါ...ကျွန်တော် စောင့်နေမယ်...
Seokjin-ငါ လာမှာမဟုတ်ဘူး မစောင့်နေနဲ့...
Jungkook မျက်နှာတစ်ချက်ညှိးသွားပေမဲ့ ပြန်ထိန်းကာ...
Kook-CEO လာတဲ့အထိ ကျွန်တော်စောင့်နေမယ်...
မိတ္တူစက်ထဲက နောက်ဆုံးစာရွက်ထွက်လာတာနဲ့...
Kook-ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦး...
^^^^^^
ညနေ ၆နာရီ...
"ကလင် ကလင်"
Yoongi-ဟျောင့် Jungkook...
Kook-Yoongi Hyung...
Yoongi Jungkook ကို ဖက်လိုက်ကာ ပြန်ဖယ်ခွာလိုက်ပီး...
Yoongi-မင်း ပျောက်နေတာ ကြာပီနော်...ငါ့ဆီတောင် လာမလည်ဘူး...
Kook-ကျွန်တော် အခုတလော အလုပ်များနေလို့ပါ...
Yoongi-ငါ မင်းအကြောင်း Seokjin ဆီက အကုန်ကြားပီးပီ...စိတ်မကောင်းပါဘူးကွာ...
Kook-ကံစီမံရာအတိုင်းပေါ့ ဘယ်တတ်နိုင်မလဲ...
Yoongi Jungkook လက်မောင်းကို တစ်ချက်ရိုက်လိုက်ပီး
Yoongi-မင်းတောင် အရွယ်ရောက်လာပီပဲ...ဒါနဲ့ ဒီကို ဘာလာလုပ်တာလဲ...လာလည်တာလား လာအားပေးတာလား...
Kook-ကိုကိုနဲ့ ဒီမှာ ချိန်းထားတယ်...
Seokjin-ဟင် မင်းတို့နှစ်ယောက်က အဲ့လောက်တောင် အဆင်ပြေသွားကြပီလား...
Kook-မဟုတ်ပါဘူး ကိုကိုက မလာဘူးပြောနေတာ...ကျွန်တော်က ကိုကိုမလာမချင်း စောင့်နေမယ်လို့ပြောခဲ့တာ...
Yoongi Jungkook နားနားကပ်သွားပီး တိုးတိုးလေး ပြောလိုက်သည်...
Yoongi-သူ လာမှာပါ...
Jungkook လဲ Yoongi ကိုပြုံးပြလိုက်ပီး...
Kook-ကျွန်တော်လဲ သိတယ် Hyung...
Yoongi-အေကွာ...သွား လွတ်တဲ့ဝိုင်းမှာ သွားထိုင်ပီးစောင့်နေလိုက်...ငါ ကော်ဖီတစ်ခွက် ယူလာခဲ့မယ်...
Kook-ဟုတ်ကဲ့ Hyung...
ဟုတ်တာပေါ့ Yoongi Hyung ပြောသလိုပဲ...ကိုကိုလာမှာ ကျွန်တော်သိတာပေါ့...သေချာတယ် ကိုကိုက မောင့်ဆီ လာကိုလာမှာ~~
အခုဆို နာရီလက်တံတွေ တစ်ရွေ့ရွေ့ သွားနေခဲ့တာ ၈နာရီတောင်ထိုးတော့မယ်...ဆိုင်တောင် ပိတ်တော့မယ်...ကိုကို အခုထိ ဆိုင်ထဲရောက်မလာသေးဘူး...ဒါပေမဲ့ ကျွန်တော်ကတော့ စောင့်မြဲစောင့်နေဆဲ...
ကျွန်တော်ကတော့ မိုးလင်းပေါက် ကိုကို့ကိုစောင့်နိုင်ပေမဲ့...
Yoongi-Jungkook ဆိုင်ကပိတ်ချိန်ရောက်တော့မယ်...ရော့ ဒါနဲ့ဆို ၈ခွက်ရှိပီ...
Kook-Hyung ကလဲ ကျွန်တော် ပိုက်ဆံရှင်းပါ့မယ်...
Yoongi-ငါ ပိုက်ဆံအကြောင်းကိုပြောနေတာ မဟုတ်ဘူး...မင်း ရောဂါဖြစ်မှာစိုးလို့ ပြောနေတာ...
Kook-Hyung က မေ့နေတာလား...ကျွန်တော် ဆရာဝန်တစ်ယောက်ဆိုတာ...
Yoongi-အရေးထဲ ကြော်ငြာဝင်နေသေးတယ်...ဆရာဝန်မလို့ပဲ ကော်ဖီ ၈ခွက်သောက်တာ ဆရာဝန်သာ မဟုတ်ရင် အခွက်တစ်ရာလောက် ပါးစပ်ထဲ လောင်းထည့်နေမလားမသိဘူး...
Kook-ဟား...Yoongi Hyung ကလဲ ကျွန်တော် အဲ့လောက်လဲမသောက်ပါဘူး...
-------
ိဆိုင်ထဲက စကားပြောနေတဲ့ လူနှစ်ယောက်ကို ဆိုင်အပြင်ဘက်ကနေ လမ်းဘေးမှာရပ်ထားတဲ့ ကားပေါ်မှာ ညနေ ၆နာရီကနေ အခုချိန်ထိ ထိုင်ကြည့်နေတဲ့ လူတစ်ယောက်ရှိနေသည်...
Koo ရယ် ခေါင်းမာလိုက်တာ...ကိုကိုမလာရင် မင်းပြန်လိုက်ပါလား...ဘာလို့ ဆက်စောင့်နေရတာလဲ...Yoongi ဆိုင်သာ 24 hours ဆို Koo အဲ့ဆိုင်မှာပဲ ကျွန်တော် မလာမချင်း စောင့်ရင်း အခြေချနေမလားမသိ...တော်သေးတာပေါ့ ဆိုင်က ည ၈နာရီဆို ပိတ်လို့...
ကျွန်တော် သူ့ကို သွားမတွေ့ချင်တာက သူနဲ့ ဇာတ်လမ်းပြန်စမှာစိုးလို့...ကျွန်တော်ရဲ့ခံစားချက်ကို မထိန်းချုပ်နိုင်မှာစိုးလို့...ကျွန်တော် သူ့ကို သိပ်ချစ်တော့ ပြဿနာတစ်စုံတစ်ခု ထပ်ဖြစ်ခဲ့ရင် ကျွန်တော် တောင့်ခံနိုင်တော့မှာမဟုတ်ဘူး...ဒါကြောင့် Koo နဲ့ကျွန်တော်ရဲ့ အချစ်ဇာတ်လမ်းလေးကို ထပ်မဆက်မိအောင် ကျွန်တော့်ခံစားချက်ကို တတ်သမျှ ချုပ်တည်းထားမယ်...
^^^^^
Yoongi-၈နာရီထိုးပီနော် Jungkook...
Kook-အင် အဲ့ဆို ကျွန်တော်ပြန်တော့မယ် Hyung...
Jungkook မတ်တပ်ရပ်လိုက်တော့ Yoongi သူ့ပုခုံးကိုပုတ်လိုက်ကာ...
Yoongi-မင်းတို့ ဖူးစာပါပါတယ်ကွာ...လက်မလျော့လိုက်နဲ့...
Kook-ဒါပေါ့ ကိုကိုနဲ့ကျွန်တော် ဖူးစာပါတယ်ဆိုတာ ကျွန်တော်သိပီးသား...Yoongi Hyung ဘယ်လောက်ကျလဲ...
Yoongi-တော်ပါပီကွာ မယူတော့ပါဘူး...မင်းရှင်းရင် မင်းရဲ့လစာတစ်လစာလုံး ငါ့အိတ်ထဲရောက်ကုန်လိမ့်မယ်...ငါပဲ အရင်းပြုတ်ခံလိုက်ပါ့မယ်...
Kook-အဲ့ဒါဆိုလဲ ဝယ်တိုက်တာ ကျေးဇူးပဲ Yoongi Hyung ရေ... ကျွန်တော်ပြန်တော့မယ်
ဆိုင်တံခါးဝ ရောက်မှ...
Yoongi-အေ အေ ကားပါလား...
Kook-မယူလာဘူး...တမင်သက်သက်ကို မယူလာတာ...
Yoongi-အဲ့ဆို ကောင်းကောင်းပြန်ကွာ...
Kook-သွားပီ...
--------
Koo ဆိုင်ထဲက ထွက်လာတာမြင်တော့ ကျွန်တော့်ကို တွေ့သွားမှာစိုးလို့ ကားစတီယာတိုင်နဲ့ကွယ်ပီး ခေါင်းငုံ့ထားလိုက်တယ်...ခဏနေကျ ပြန်မော့ကြည့်တော့ Koo မရှိတော့ဘူး...အဲနားပတ်ပတ်လည်ကို လိုက်ကြည့်တော့လဲ မတွေ့ပြန်ဘူး....Koo က ဘယ်ရောက်သွားတာလဲ...
Kook-ကိုကို...
Seokjin-အမေရေ!!!
ကျွန်တော် အရှေ့ကို ကြည့်ပီး သူ့ကို လိုက်ရှာနေတုန်း ဘေးမှန်ချထားတဲ့ဘက်ကနေ ဘွားကနဲပေါ်လာတဲ့ ပေါက်စ...
Kook-ကိုကို လန့်သွားတာလား...
Seokjin-မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ...
Kook-ကိုကိုလို့ ခေါ်လိုက်တာလေ...ဘာလဲ CEO လို့ အခေါ်ခံချင်လို့လား...
Seokjin-အဲ့လိုပဲ ခေါ်ရမှာမဟုတ်ဘူးလား...
Kook-ကိုကိုကလဲ Company မှမဟုတ်တာ...အပြင်မှာပဲ ကြိုက်သလိုခေါ်မှာပေါ့...
Seokjin-CEO လို့မခေါ်ချင်လဲ တခြားနာမည်ပြောင်းခေါ်ကွာ...
Kook-ခေါ်ဘူး...ကိုကိုလို့ပဲ ခေါ်မှာ...
Seokjin-တော်တော် ပြောရဆိုရခက်တာပဲ....Company မှာပြောပုံဆိုပုံနဲ့ တခြားစီပဲ...
Kook-မောင် ပြောပီးသားပဲ...Company နဲ့အပြင်နဲ့ မတူပါဘူးလို့...ဒါနဲ့ ရောက်ရင်လဲ ဆိုင်ထဲဝင်လာလေ...ဘာလို့ ကားထဲမှာပဲ နေ,နေလဲ...
Seokjin-ငါ..ငါမင်းဆီ လာတာမဟုတ်ဘူး...ဒီမှာ ငါသွားစရာနေရာရှိလို့...
Jungkook ခပ်ဟဟရယ်လိုက်ပီး...
Kook-လိမ်တယ်!!
Seokjin-ငါ..ငါ ဘယ်မှာလိမ်လို့လဲ...ငါ အမှန်တိုင်းပြောတာ...
Kook-ဟုတ်ပါပီ...ခုလောလောဆယ်တော့ ကားပေါ်က ဆင်းလာခဲ့...
Seokjin-ငါက ဘာလို့ဆင်းရမှာလဲ...မဆင်းနိုင်ပါဘူး...
Kook-ဆင်းပါ ကိုကိုရယ်...ကိုကိုနဲ့ စကားပြောချင်လို့ အလုပ်ကပြန်လာကတည်းက စောင့်နေတာ...ဘာမှမစားရသေးဘူး...
Seokjin-ဗိုက်ဆာရင် အိမ်ပြန်လေ...ဘာလို့ ငါ့ကို ကားပေါ်ကဆင်းခိုင်းနေလဲ...
Kook-ကိုကို တကယ်မဆင်းလာတော့ဘူးလား...
Seokjin-အင် မဆင်းဘူး...
Kook-မောင် အတည်မေးနေတာ တကယ်လား...
Seokjin-တကယ်!
Kook-ကောင်းပီလေ CEO ဘက်က မဆင်းလာတာ သေချာပီဆိုတော့...ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး...
ဟင် ဘာလို့ အသုံးအနှုန်းတွေပါ ပြောင်းသွားရတာလဲ...Koo ကိုကို့ကို တကယ်စိတ်ဆိုးသွားတာလား...ကိုကို ကားပေါ်က ဆင်းလိုက်ပီဆိုတာနဲ့ Koo နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတော့မယ်ဆိုတာ ကိုယ့်ကိုကိုယ်သိလို့ Koo ဘယ်လောက်ခေါ်ခေါ် ကိုကို ကားပေါ်က မဆင်းမိအောင် တောင့်ခံထားရတာ...အခုတော့ မရတော့ဘူး....Koo ကိုလိုက်ချော့ရတော့မယ်...Koo သိတယ်မလား...Koo စိတ်ဆိုးရင် ကိုကိုမနေတတ်ဘူးဆိုတာ...
Koo နောက်လိုက်ချော့ဖို့ ကားပေါ်ကအဆင်း...Koo ကို လိုက်ရှာမိတော့ ဟိုဘက်လမ်းကူးဖို့ မီးပွိုင့်နီတာကို တစ်ယောက်တည်း ရပ်စောင့်နေတဲ့ စိတ်ဆိုးသွားတဲ့ခလေးလေး...
Seokjin Jungkook ရပ်နေတဲ့နေရာကို ခြေလှမ်းမှန်မှန်နဲ့လျှောက်နေရင်း Jungkook နားရောက်ခါနီးတော့ မီးနီသွားပီး Jungkook ကားလမ်းကူးနေတဲ့အချိန်တွင် မီးနီနေပါလျက်နဲ့ ဆိုင်ကယ်တစ်စီး အရှိန်ပြင်းပြင်းနဲ့မောင်းလာတာ Seokjin မြင်သွားတော့...
Seokjin-Koo!!!!!!
Seokjin Jungkook ကိုပြေးဖက်လိုက်ကာ နှစ်ယောက်စလုံး ဆိုင်ကယ်ရဲ့အရှိန်နဲ့ လွှင့်ထွက်သွားပီး လမ်းမပေါ်တွင် တလိမ့်လိမ့်နှင့် လူးလိမ့်သွားကာ သစ်ပင်တစ်ပင်နဲ့စောင့်မိပီး ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျသွားကာ လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားတော့သည်...
**************************************
စာများသွားတယ်...ဖတ်ရတာ အီသွားကြလား...
ဖြတ်ချလို့ရတဲ့နေရာမရှိလို့ ဆက်ရေးလိုက်တာ...
Take care babies🤗
Thanks you♥