ပန်းခရေပုံပြင် (The Story of...

By suekhatpann

64.8K 4.2K 137

ေဆာင္ၾကာၿမိဳင္ကမိန္းကေလးနဲ႔ ေတာ္ဝင္မင္းသားတစ္ပါးရဲ႕ အခ်စ္ဇာတ္လမ္း... ဒီလိုနဲ႔ဝမ္းနည္းစရာခေရပန္းပံုျပင္တစ္ပုဒ... More

Part- 1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part- 18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46(End)

Part-9

1.2K 104 4
By suekhatpann

Zawgyi

~~ပန္းခေရပံုျပင္~~
(The Story of Star-Flower)
အပိုင္း(၉)

တရိပ္ရိပ္ႏွင့္ေက်ာ္ျဖတ္လာသည့္ေတာင္တန္းေတြကိုေငးၾကည့္ရင္း ဆူးစိတ္ေတြအနည္းငယ္ၾကည္လင္လာခဲ့မိသည္မွာ အမွန္။

တစ္ခါတစ္ခါ ေတာင္ေတြကိုေကြ႕ပတ္လာသည့္ အခါတြင္လည္း ျမင္ေနရသည့္ ေခ်ာက္ကမ္းပါးေတြေၾကာင့္ ရင္တဖိုဖိုျဖစ္ေနရေတာ့၏။

ေတာင္ေပၚေဒသကိုတစ္ခါမွမေရာက္ဖူးခဲ့သူမို႔ ျမင္ျမင္သမ်ွကာ သူမအတြက္အသစ္အဆန္းျဖစ္ကာ ရူမဝေငးမဝႏုိင္ေအာင္ပင္။ စိမ္းစိုလန္းဆန္းေနသည့္ ေတာင္တန္းေတြကို တေမ့တေမာေငးၾကည့္ရင္း အလိုလိုၾကည္ႏူးလာသည္မွာ လက္ရွိခံစားေနရသည့္ ေသာကေတြကို ေခတၱာေမ့ေလ်ာသြားမိသည္အထိပင္။

သို႔ေသာ္..

"အိုက္ကြမ္း.. ရွင့္မွာလည္း မနက္အေစာႀကီးကို အရက္နဲ႔မ်က္ႏွာသစ္ထားျပန္ၿပီ ကားေမာင္းရမယ္ဆိုတာသိရဲ႕သားနဲ႔ ဒီအရည္ကိုေသာက္ျဖစ္ေအာင္ ေသာက္ေသးတယ္"

"ဟ... မိန္းမရာ ငါနည္းနည္းပဲေသာက္တာပါ "

"အိုေတာ္.. နည္းနည္းမ်ားမ်ား ခရီးထြက္မွာကို ေသာက္စရာလား မေတာ္ မေျပာေကာင္း မဆိုေကာင္း က်ဳပ္တို႔တစ္ခုခုျဖစ္သြားရင္ ဘယ္လိုလုပ္မွာလဲ"

အေရွ႕ကလင္မယားႏွစ္ေယာက္၏ တက်က္က်က္ ရန္ျဖစ္သံက အနည္းငယ္စိတ္အေႏွာင့္အယွက္ ျဖစ္ရသည္။ ကားက Vanကားေလးျဖစ္ၿပီး အေရွ႕တြင္ လင္မယား၂ေယာက္စီးၿပီး ေနာက္တြင္ေတာ့ သူမကလမ္းႀကံဳလိုက္လာခဲ့ျခင္းပင္။ ပစၥည္းေတြကလည္း အျပည့္အေမွာက္တင္လာသျဖင့္ ကုန္သည္ေတြျဖစ္ဟန္တူသည္။

သူမ သြားခ်င္ေသာၿမိဳ႕ကိုထြက္သည့္ကားက လူျပည့္မွထြက္သည္မို႔ ကားမေစာင့္ခ်င္သည့္အတြက္ ထိုၿမိဳ႕ငယ္ေလးကိုသြားမည့္ကားတစ္စီးကို လမ္းႀကံဳလိုက္ဖို႔ ခြင့္ေတာင္းခဲ့သည္။ ကားဆရာလင္မယားကလည္း အပိုဝင္ေငြရေအာင္ သူမကိုတင္ေခၚလာခဲ့ျခင္းပင္။ 

"အလကားေနစိတ္ပူမေနစမ္းပါနဲ႔ မိန္းမရာ ဒီလမ္းကို ငါတစ္သက္လံုးေမာင္းလာခဲ့တာ ဘာမွမျဖစ္ဘူး မ်က္စိမွိတ္ၿပီးေတာင္ ေမာင္းလို႔ရတယ္ကြ"

ကားဆရာစကားေၾကာင့္ ဆူးသက္ျပင္းေလး ခိုးရူိက္လိုက္မိ၏။ အရက္ေသာက္ထားေသာ္လည္း လမ္းခရီးကြၽမ္းက်င္ဟန္ရွိေသာ ကားဆရာေၾကာင့္ အနည္းငယ္ေတာ့ စိတ္သက္သာရာရသြားသည္။ ထို႔ေနာက္ေလေလးတျဖဴးျဖဴးႏွင့္ အျပင္ရူးခင္းကိုေငးရင္းေငးရင္းႏွင့္ ဆူးတစ္ေယာက္ ငိုက္ျမည္းလာၿပီး ေမွးခနဲ႔အိပ္ေပ်ာ္သြားေတာ့သည္။

အိုက္ကြမ္း... ေရသန္႔ဘူးထဲထည့္ထားသည့္ အရက္ကိုေနာက္ဆံုးအႀကိမ္ ေမာ့ေသာက္လိုက္သည္။ သူ႔limitကိုေရာက္သြားၿပီျဖစ္သည္။ ဒီထက္ပိုေသာက္ရင္ သူမူးသြားႏုိင္သည္။ အခုေတာင္ နည္းနည္းေထြခ်င္ေနၿပီ မဟုတ္လား။

သို႔တိုင္ သူသိပ္ေတာ့စိတ္မပူမိပါ။ ဒီလမ္းဒီေတာင္ကို သူတစ္သက္လံုးေမာင္းလာခဲ့သည္။ မူးၿပီးလည္း ေမာင္းခဲ့ဖူးသည္။ ဘယ္ေလာက္မူးမူး ကားကိုေတာ့ သူသတိရွိရွိထိန္းႏုိင္ခဲ့သည္။ ဒါေၾကာင့္မို႔ မိန္းမျဖစ္သူက သူ႔ဗီဇအတိုင္းပြစိပြစိလုပ္ေနသည့္တိုင္ အိုက္ကြမ္းအရက္ေသာက္သည့္ကိစၥကိုျပင္းျပင္းထန္ထန္တားေလ့ေတာ့မရွိပါ။ အခုလည္း ပြစိပြစိေျပာၿပီး တေခါေခါနဲ႔အိပ္ေပ်ာ္သြားေတာ့သည္။

သူလည္းနည္းနည္းေထြေနသည့္တိုင္ ကားကိုေတာ့သတိႀကီးစြာ ေမာင္းႏုိင္ေသးသည္။ တျဖည္းျဖည္းႏွင့္ ကားကသူတို႔ၿမိဳ႕ေလးဆီသို႔သြားရသည့္ လမ္းခြဲတစ္ခုကိုပင္ ေရာက္ေနပင္ျဖစ္သည္။ လမ္းကိုခ်ိဳးေကြ႕လိုက္ၿပီးေနာက္ ၿမိဳ႕ကိုေရာက္ဖို႔ မၾကာေတာ့ပါ။ ဘာအႏၲရယ္မွ မရွိ။ သို႔ေသာ္..

ရီေဝေဝျဖစ္ေနသည့္အိုက္ကြမ္းတစ္ေယာက္ ေနာက္ၾကည့္မွန္သို႔ အမွတ္မထင္အၾကည့္ေရာက္သြားစဥ္..

"ဟင္..."

ကားေနာက္ခန္းမွာ လမ္းႀကံဳလိုက္လာသည့္ မိန္းကေလးေဘးတြင္ ေခါင္းငိုက္စိုက္ၿပီး ေတာင့္ေတာင့္ထိုင္ေနသည့္အျဖဴေရာင္အက်ႌျဖဴႏွင့္ မိန္းကေလးတစ္ေယာက္။

အိုက္ကြမ္းၾကက္သီးေတြျဖန္းခနဲ႔ထၿပီး ေနာက္ကိုမရဲတရဲၾကည့္လိုက္ေတာ့ ဘာမွမရွိ...

ခရီးသည္မိန္းကေလးတစ္ေယာက္တည္းသာ အိပ္ေပ်ာ္ေနသည္။ သို႔ေသာ္ သူ႔စူးခနဲ႔ရလိုက္မိသည္က ပုပ္အက္အက္အနံ႔တစ္ခု...

အိုက္ကြမ္းေခါင္းနွပန္းႀကီးသြားေတာ့၏။ အေရွ႕သို႔ျပန္လွည့္လာသည့္တိုင္ သူ႔စိတ္ေတြ ဇေဝဇဝါ ျဖစ္ေနေတာ့သည္။ သူအနည္းငယ္မူးေနလို႔ အျမင္မ်ားမွားသြားသလား။

အေတြးျဖင့္ အၾကည့္တို႔ကိုကားေနာက္ၾကည့္မွန္သို႔ အလိုလိုျပန္ေရာက္သြားခိုက္.

"ဟာ.."

ခုနကအျဖဴေရာင္အက်ႌႏွင့္မိန္းကေလးကို ထပ္ေတြ႔ျပန္သည္။ ထိုအမ်ိဳးသမီးက သူၾကည့္ေနသည္ကိုသိေနသည့္အလား ဖ်ပ္ခနဲ႔မ်က္လံုးလွန္ၾကည့္လိုက္စဥ္..

"အမေလး..."

မ်က္ဆံမပါေသာ မ်က္လံုးေသႀကီးေတြ..

တစ္သက္ႏွင့္တစ္ကိုယ္ မႀကံဳခဲ့ဖူးသည္မို႔ အိုက္ကြမ္းအလန္႔တၾကားျဖစ္သြားၿပီး ကားေမာင္းေနသည္ဆိုသည့္ အသိကလည္းလြတ္သြားခဲ့ရာ..

ထိုအခိုက္ ကံဆိုးစြာပင္ သူကားေရွ႕ရုတ္တရက္ျဖတ္ေျပးလာသည္က ႏြားတစ္အုပ္။

အထိတ္တလန္႔ေရွာင္လိုက္သည့္ကားက လမ္းေဘးေခ်ာက္တြင္းသို႔ အရွိန္မသတ္ဘဲ ေကြ႕ခ်သြားမိခိုက္..

ေၾကာက္အားလန္႔အားဘရိတ္နင္းလိုက္သည္တိုင္ မမီေတာ့ပါ။ ကားက ကားလမ္းေဘးကာထားသည့္အကာေတြကိုတိုက္ခ်ၿပီး ေခ်ာက္တြင္းသို႔ အရွိန္ႏွင့္ဝုန္းခနဲ႔...

"ကြၽီ..."

"ဒုန္း..."

"ဝုန္း.."

"အား.."

ဘာေတြျဖစ္သြားမွန္း အိုက္ကြမ္းမသိေတာ့ပါ။ သူ႔တစ္ကိုယ္လံုး ေျမာက္တတ္သြားၿပီးေနာက္ စူးစူးနင့္နင့္ခံစားလိုက္ရသည္က နာက်င္မူေတြ..

ၿပီးေနာက္... အေမွာင္အားလံုးေမွာင္က်လ်ွက္။

ကားကသစ္ပင္ႏွစ္ပင္ၾကားခံသြားသျဖင့္ ေအာက္ထိက်မသြားသည့္တိုင္ တိုက္မိသည့္အရွိန္ေၾကာင့္ ေခါင္းပိုင္းတစ္ခုလံုး ေႂကြမြပ်က္ဆီးသြားေတာ့သည္။ အေရွ႕ကလူႏွစ္ေယာက္၏ကံၾကမၼာကေတာ့ မေတြးဝ့ံစရာအတိ။

ဆူး...သူမကေရာ....။ ေမွးခနဲ႔အိပ္ေပ်ာ္ေနရာမွ ကားဘရိတ္ေစာင့္နင္းသံႏွင့္အတူ ကားတစ္စီးလံုး ယမ္းခါသြားေသာေၾကာင့္ အထိတ္တလန္႔ႏွင့္ လန္႔ႏုိးလာစဥ္မွာပင္ ကားကေခ်ာက္တြင္းသို႔ ဝုန္းခနဲ႔ထိုးက်သြားရာ..

ဘာျဖစ္သြားမွန္းမသိေသးခင္မွာပင္ ကားတိုက္မိသည့္အရွိန္ေၾကာင့္ ထင္သည္။ ကားတံခါးက ဝုန္းခနဲ႔ပြင့္သြားေတာ့ သူမသည္လည္း အျပင္သို႔အရွိန္ႏွင့္ ျပဳတ္က်သြားေတာ့သည္။

သူမျပဳတ္က်သြားၿပီး စကၠန္႔ပိုင္းအတြင္းမွာပင္ ကားက သစ္ပင္ႏွစ္ပင္ၾကားညိွကာရပ္တန္႔သြား၏။ အျမင့္ကေန အရွိန္ျပင္းျပင္းလိမ့္ဆင္းလာသည့္ကားက ေစာက္ထိုးမိုးေမ်ွာ္ေနေသာအေနအထားျဖင့္ ေႂကြမြပ်က္ဆီးသြားသည္ကို ေရးခနဲ႔သာ ျမင္လိုက္ရသည္။

ကားထဲပါမသြားသည့္တိုင္ ျပဳတ္က်သြားသည့္ အရွိန္ကျပင္းလွသျဖင့္ ေျမျပင္ႏွင့္ရုိက္ခတ္မိကာ သူမသည္လည္း နာက်င္လြန္းစြာ ေမ့ေမ်ာလုမတက္ျဖစ္ေနစဥ္..

ခပ္ဝါးဝါးျမင္ကြင္းထဲမွ ေရးေရးေလးျမင္လိုက္သည္က သူမရွိရာတေ႐ြ႕ေ႐ြ႕လွမ္းလာသည့္ အျဖဴေရာင္မိန္းကေလးတစ္ေယာက္။ ၿပီးေနာက္ ခပ္သဲ့သဲ့ေလးသင္းပ်ံ့လာသည္က ခေရရနံ႔ေတြ..

သူမဘယ္သူလဲ... ဘယ္လိုလုပ္ေရာက္လာသလဲ

အေတြးမဆံုးခင္မွာပင္ အနာရွိန္ေၾကာင့္ အရာအားလံုးက ေမွာင္အတိျဖစ္သြားရာ...

ထို႔ေနာက္.........
...............................  .........................

"ဟာ..ဘာလဲကြာ.."

"ကြၽီ..."

သူကားကိုခပ္မွန္မွန္ေလးေမာင္းေနရာမွ သူ႔ကားေရွ႕တြင္ ရုတ္တရက္ေပၚလာသည့္ မိန္းကေလးတစ္ေယာက္ေၾကာင့္ အလန္႔တၾကားႏွင့္ ဘရိတ္ကိုအုပ္လိုက္ရသည္။

ေတာ္ပါေသးရဲ႕ သီသီေလးသာလိုေတာ့သည္။ မဟုတ္ရင္တိုက္မိေတာ့မည္။ ကပ္လြတ္သြားေပလို႔...

စိတ္ေအးသြားသည့္တိုင္ ထိုမိန္းကေလးကိုေတာ့ ေဒါသထြက္သြားမိကာ

"ေဟ့အမိ.. ကားလမ္းမႀကီးေပၚမွာ ခင္ဗ်ားဘယ္လိုလုပ္လိုက္သလဲ မေတာ္တိုက္မိသြားရင္ ဒုကၡေရာက္ကုန္မယ္ သိလား.."

သူကားေပၚကမွ မဆင္းဘဲကားမွန္ဖြင့္ရင္းသာ ေဒါသထြက္ထြက္ႏွင့္ လွမ္းေအာ္လိုက္၏။ မိန္းကေလးက သူ႔ကိုမၾကည့္ပါ။

တစ္ေနရာသို႔ လက္ညိွဳးထိုးရင္း..

"ကြၽန္မသမီးကိုကယ္ေပးပါ.. သူဒုကၡေရာက္ေနတယ္.."

"ဘယ္လို..."

ထိုအမ်ိဳးသမီးစကားေၾကာင့္ ေဒါသထြက္ေနရင္းမွ သူအံ့ၾသသြားမိၿပီး..

"ဒုကၡေရာက္ေနတယ္ဟုတ္လား.. "

"ကြၽန္မသမီး စီးလာတဲ့ကားေခ်ာက္ထဲက်သြားလို႔ပါရွင္ ဟိုဖက္လမ္းအခ်ိဳးေလးမွာပါ အျမန္သြားကယ္ေပးပါ.."

"ဟင္..."

"အျမန္သြားကယ္ေပးပါ.."

ကယ္ဖို႔သာ တသြင္သြင္ေျပာေနေသာ အမ်ိဳးသမီးေၾကာင့္ သူဘာလုပ္ရမွန္းမသိေအာင္ ျဖစ္သြားရသည္။ အမ်ိဳးသမီးမ်က္ႏွာက ဆံပင္ရွည္ေတြဖံုးေနသလို လမ္းအခ်ိဳးဖက္တြင္သာ မ်က္ႏွာမူထားသျဖင့္ သူေသခ်ာမျမင္ရပါ။  သို႔ေသာ္အမ်ိဳးသမီးပံုစံက အမွန္တကယ္ကို စိုးရိမ္ပူပန္ေနဟန္ရွိသျဖင့္ သူကားေပၚမွဆင္းလာလိုက္ရင္း

"ကားေခ်ာက္ထဲက်သြားတယ္ ဘယ္နားမွာလဲ ခင္ဗ်ားကြၽန္ေတာ့္ကို လိုက္ျပလို႔ရမလား."

"ဒီလမ္းခ်ိဳးတိုင္းေကြ႕လိုက္ရင္ ရွင္ေတြ႕လိမ့္မယ္ အျမန္သြားကယ္ေပးပါေနာ္.."

ထိုမိန္းကေလးနားမေရာက္ခင္မွာပင္ ခပ္သင္းသင္းရလိုက္ေသာ ခေရပန္းရနံ႔ေၾကာင့္ သူ႔စိတ္ေတြတစ္မ်ိဳးတစ္မည္ ျဖစ္သြားသည္။ အမ်ိဳးသမီးက သူ႔ကိုမၾကည့္ဘဲ တစ္ဖက္သို႔သာလက္ညိွဳးထိုးလ်ွက္ႏွင့္

"အခု..သူ႔ကိုသြားကယ္ေပးပါ.."

"ဟုတ္ပါၿပီ ခင္ဗ်ား ကြၽန္ေတာ့္ကိုလိုက္ျပဖို႔ လိုတယ္ေလ ကားေပၚတက္ပါ "

"ဟင့္အင္း.. ရွင္သြားပါ ကြၽန္မလိုက္ခဲ့မယ္ ရွင္သာအျမန္သြားပါ ဘာမွမေမးပါနဲ႔ သူ႔ကိုအရင္သြားကယ္ေပးပါ"

ထူးဆန္ဖြယ္ရွိေသာမိန္းကေလးစကားေၾကာင့္ သူအံ့ၾသသြားသည့္တိုင္ အလ်င္လိုေနဟန္ရွိေသာ သူမပံုစံေၾကာင့္ ဘာမွဆက္မေမးေတာ့ဘဲ ကားေပၚျပန္တက္လိုက္၏။ ထို႔ေနာက္ သူမကိုထားရစ္ၿပီး သူမေျပာသည့္လမ္းအေကြ႕သို႔ ေမာင္းလာလိုက္သည္။

သူသြားမည့္လမ္းေၾကာင္းမဟုတ္သည့္ လမ္းကို ေမာင္းေနရင္းမွ စိတ္ထဲမသကၤာျဖစ္လာသည္။ အေရးတႀကီးကယ္ခိုင္းေနေပမဲ့ ဘာလို႔ေနာက္မွ လိုက္လာမယ္ဆိုၿပီး ေနခဲ့ရသလဲ..။

အေတြးျဖင့္ ကားေနာက္ၾကည့္မွန္ကေန က်န္ခဲ့သည့္ကားလမ္းမႀကီးကိုလွမ္းၾကည့္လိုက္ေတာ့..

"ဟင္..."

သူအေတာ္အံ့ၾသသြားသည္။ ကားလမ္းမႀကီးက ရွင္းလင္းေန၏။ ဘာဆိုဘာမွရွိမေနပါ။ ခဏတြင္းခ်င္းမွာပင္ ဒီမိန္းကေလးဘယ္ေပ်ာက္သြားပါလိမ့္။

ေဘးနားမွာလည္း သစ္ပင္ေတြေတာင္တန္းေတြသာရွိသည္။ လမ္းကလည္းေတာင္အဆင္းတြင္မို႔ ေျဖာင့္ျဖဴးေနသည္။  ခ်က္ခ်င္းႀကီးလို သူမေပ်ာက္သြားသည့္အျဖစ္က ထူးဆန္းလြန္းလွသည္။

ထို႔အျပင္ရုတ္တရက္သူမေပၚလာသည့္အျဖစ္ကို သူျပန္စဥ္းစားမိေတာ့ ပို၍အံ့ၾသသြားရျပန္သည္။ ဟုတ္ပါရဲ႕... ေဘးကေနထြက္လာတာမေတြ႕ဘဲ ခ်က္ခ်င္းဆိုသလို လမ္းမႀကီးကေန သူမကိုရုတ္တရက္ႀကီး ျမင္လိုက္ရသည္မဟုတ္လား။

သူပဲအိပ္ငိုက္ေန၍မျမင္မိသည္လား။  ထူးေတာ့ထူးဆန္းေနသည္မွာ အမွန္။

သို႔ေသာ္ သူ႔အေတြးတို႔ကခ်က္ခ်င္းရပ္တန္႔သြားသည္။ ကားတိုက္မိထားဟန္ရွိေသာ လမ္းေဘးမွတ္တိုင္ႏွင့္ က်ိဳးပဲ့ေနေသာ ေခ်ာက္အကာတို႔ကို ျမင္လိုက္ရေသာေၾကာင့္ပင္။ သူစိုးရိမ္သြားၿပီး ကားကိုရပ္လိုက္ကာ ထိုေနရာသို႔ ဆင္းလာၾကည့္လိုက္သည္။ ေခ်ာက္အစပ္ေလးတြင္ ဇာက္ထိုးျဖစ္ကာ သစ္ပင္ၾကားညႇပ္ေနသည့္ ကားကိုလွမ္းျမင္ရေတာ့မွ ပို၍ထိတ္လန္႔သြားေတာ့၏။

ဘုရားေရ... ကားေခါင္းတစ္ခုလံုး ပ်က္ဆီးေႂကြမြေနပါလား။ လူေတြေရာအသက္ရွင္ေသးရဲ႕လား

အေတြးျဖင့္ သူစိုးရိမ္စြာေအာက္သို႔သတိထားဆင္းလာလိုက္သည္။ ကားနားမေရာက္ခင္ ေတြ႕လိုက္ရသည္က ေျမျပင္ေပၚ ေခြေခြေလးလွဲကာ ၿငိမ္သက္ေနသည့္မိန္းကေလးတစ္ေယာက္။

သို႔ေသာ္သူမမ်က္ႏွာေလးကိုျမင္ေတာ့ သူပို၍အံ့ၾသတုန္လူပ္သြားေတာ့၏။ သူ႔ႏူတ္မွလည္း မယံုၾကည္ႏုိင္လြန္းစြာ ႐ြတ္ဆိုမိသည္က

"ဆူး..."

ဟုတ္ပါသည္... သူအျမင္မမွားပါ။ ဒဏ္ရာေတြစြန္းကာ သတိလစ္ေနသည့္တိုင္ လွပေနဆဲမ်က္ႏွာေလးက ပံုရိပ္တစ္ခုလိုစြဲထင္ခဲ့သည္မို႔ သူမွားႏုိင္စရာအေၾကာင္းမရွိပါ။

အံ့ၾသလြန္းသျဖင့္မွင္သက္သြားၿပီးမွ သူသူမကို စိုးရိမ္စြာေျပးထူလိုက္မိသည္။

"ဆူး..ဆူး "

ၾကည့္ရသည္မွာ ကားေအာက္သို႔က်စဥ္ ျပဳတ္က်သြားကာ ေျမျပင္ေပၚသတိလစ္သြားဟန္တူသည္။ ပြန္းပြဲ႕ဒဏ္ရာအခ်ိဳ႕ကလြဲ၍ ႀကီးႀကီးမားမား ဒဏ္ရာမေတြ႕လို႔ ေတာ္ပါေသးသည္။

သူမဘယ္လိုလုပ္ဒီကိုေရာက္ၿပီး ဒီလိုျဖစ္ရသလဲ သူမေတြးအားပါ။ ပ်က္ဆီးေနသည့္ကားအထဲမွ ေသြးအလူးလူးႏွင့္လူႏွစ္ေယာက္ကို ျမင္လိုက္ရေသာေၾကာင့္ အေရးေပၚဖုန္းနံပါတ္တစ္ခုသို႔ စိုးရိမ္တႀကီးေခၚဆိုလိုက္၏။

ထို႔ေနာက္တြင္ေတာ့ ေမ့ေမ်ာေနသည့္သူမကို ေပြ႕ထူလိုက္ရင္း ကားရွိရာသို႔အရင္ေခၚေဆာင္လာလိုက္သည္။ ဘာေၾကာင့္မွန္းမသိ သူ႔ရင္သည္ လိုသည္ထက္ပိုေသာ ပူပင္မူေတြကိန္းေအာင္းေနလ်က္ႏွင့္။

ထူးဆန္းသည္က ေနာက္မွလုိက္လာခဲ့မည္ဟုဆိုေသာ အမ်ိဳးသမီးကို လံုးဝမေတြ႔ရေတာ့ျခင္းပင္။ သို႔ေသာ္သူသတိမထားမိသည္က ေဘးပတ္လည္တြင္ လိူင္လိူင္ေမႊးပ်ံ့ေနသည္က...

ခေရပန္းရနံ႔မ်ားဆိုတာ..........
.......................................................

"အင္း...ဟင္း..."

"သတိရလာၿပီလား ဆူး"

ညည္းညဴသံႏွင့္အတူ သူမလူးလြင့္လာသည္။ ေႏြးေထြးေသာအသံႏွင့္အတူ ျမင္လိုက္ရသည့္မ်က္ႏွာေၾကာင့္ မယံုၾကည္ႏုိင္ဟန္ျဖင့္ သူမႏူတ္ခမ္းတို႔က အံ့ၾသသင့္စြာလူပ္ခတ္လာျပန္၏။

"ရွင္...ကိုရွိန္းေစကံ.."

"ဟုတ္ပါတယ္.. ကြၽန္ေတာ္ပါ ခင္ဗ်ားသက္သာရဲ႕လား"

"ကြၽန္မဘယ္ေရာက္ေနသလဲ ဘာျဖစ္သြားသလဲ ရွင္ကေရာဘယ္လိုလုပ္ဒီေရာက္ေနသလဲ.."

အူေၾကာင္ေၾကာင္ျဖစ္ကာ ေမးခြန္းေတြတရစပ္ေမးေနေသာသူမေၾကာင့္ သူအနည္းငယ္ရယ္ခ်င္လာမိသည္။ မူန္ကုပ္ကုပ္ျဖစ္ေနသည့္မ်က္ႏွာလွလွေလးကိုပဲ ဘာကိုသေဘာက်မွန္းမသိ ေငးခနဲ႔စိုက္ၾကည့္မိရင္းမွ..

"ခင္ဗ်ားလမ္းမွာကားမေတာ္တဆျဖစ္ခဲ့တယ္ ကြၽန္ေတာ္က ခရီးသြားရင္းနဲ႔ ခင္ဗ်ားတို႔ကားကို ေတြ႕ခဲ့လို႔ အနီးဆံုးၿမိဳ႕ကေဆးရုံကိုပို႔ေပးခဲ့တယ္ ဒါပါပဲ စဥ္းစားလို႔ရလား"

သူ႔စကားေၾကာင့္ သူမကတျဖည္းျဖည္းမွတ္မိလာပံုရသည္။ ငူငူငိုင္ငိုင္ေလးျဖစ္သြားရင္း

"မွတ္မိၿပီ ဟုတ္တယ္ကားေခ်ာက္ထဲက်သြားတာကို သိလိုက္တယ္ ကြၽန္မ ကြၽန္မဘာမွ မျဖစ္ဘူးပဲ"

"အင္း...ေခ်ာက္ထဲအက်မွာ ခင္ဗ်ားလြတ္ထြက္သြားၿပီး ျပဳတ္က်က်န္ခဲ့တာ ကံေကာင္းတယ္ ေျပာရမယ္ မဟုတ္ရင္ အသက္ရွင္ဖို႔မလြယ္ဘူး"

"ဒါနဲ႔... အေရွ႕ကလင္မယားႏွစ္ေယာက္ေရာ ဘယ္လိုျဖစ္သြားလဲဟင္"

"မိန္းမကအသက္ရွင္ႏုိင္ေပမဲ့ ကားသမားကေတာ့ ဆံုးသြားတယ္ ေဆးဆရာဝန္ေျပာတာေတာ့ သူအရက္ေသာက္ထားတယ္တဲ့ ဒါေၾကာင့္ ဒီလိုမေတာ္တဆမူ ျဖစ္ခဲ့တယ္လို႔ေျပာတယ္"

"ဟင္..."

သူမအေတာ္စိတ္မေကာင္းျဖစ္သြားဟန္တူသည္။ မ်က္ႏွာေလးႏြမ္းသြားကာ ၿငိမ္သက္သြား၏။ သူ သူမကိုေငးၾကည့္ေနရင္းမွ တစ္စံုတစ္ရာကို ဖ်ပ္နဲ႔အမွတ္ရသြားမိသည္။

သူမကိုကယ္ေပးရန္ အကူအညီလာေတာင္းေသာ အမ်ိဳးသမီး။ ၿပီးေတာ့ ေပ်ာက္ခ်င္းမလွ ေပ်ာက္သြားခဲ့ျပန္သည္။

"ဒါနဲ႔ ကားထဲမွာ ခင္ဗ်ားအျပင္ တစ္ျခားလူပါေသးလား"

"ဟင့္အင္း... ကြၽန္မတစ္ေယာက္တည္းပါ ဘာျဖစ္လို႔လဲဟင္"

သူမကတသ္ဖန္ျပန္ေမးေနေတာ့ သူဘာေျပာရမွန္းမသိႏုိင္ေအာင္ပင္ ျဖစ္သြားရသည္။ ထိုအေၾကာင္းအရာသည္ အနည္းငယ္ထူးဆန္းေနသျဖင့္ သူမကိုခုလိုအခ်ိန္မ်ိဳး ေျပာလိုက္ရင္ ပို၍စိတ္ရူပ္ေထြးသြားမွာကိုလည္း မလိုလားေပ။ ထို႔ေၾကာင့္ သူမေကာင္းေကာင္းမြန္မြန္ျပန္ျဖစ္လာခ်ိန္မွ ေျပာျပမည္ဟုေတြးလိုက္ၿပီး

"ဘာမွမဟုတ္ပါဘူး တျခားလူမ်ားရွိေနမလားလို႔ပါ"

"ဒါနဲ႔ အခုဘယ္ၿမိဳ႕မွာေရာက္ေနသလဲ"

ရူိင္းေစကံေျပာလိုက္သည့္ၿမိဳ႕က သူမသြားလိုသည့္ၿမိဳ႕ပဲျဖစ္ေနေတာ့ ဆူးလိူက္ခနဲ႔ဝမ္းသာသြားကာ

"ကြၽန္မေဆးရုံကဆင္းလို႔ရၿပီလားဟင္ ကြၽန္မသြားစရာရွိလို႔ပါ.."

"ဘာေတြအေရးႀကီးလို႔လဲ နားနားေနေနေနပါ ခင္ဗ်ား အမ်ားႀကီးမထိခိုက္ထားေပမဲ့ အထဲမွာအတြင္းဒဏ္ရာေတြရမွာစိုးရတယ္ ေသခ်ာစစ္ေဆးၿပီးမွ သြားပါလား"

"ဟင့္အင္း...ကြၽန္မအေရးတႀကီး ကိစၥရွိလို႔ပါ ကြၽန္မကိုေဆးရုံကဆင္းလို႔ရေအာင္ ကူညီေပးပါေနာ္"

မ်က္ႏွာေလးငယ္လ်ွက္ အေရးတႀကီးေတာင္းဆိုဟန္ရွိေသာသူမေၾကာင့္ သူစိတ္မသက္သာစြာ သက္ျပင္းခ်မိၿပီး

"ေကာင္းၿပီေလ ကြၽန္ေတာ္ဆရာဝန္ကိုေျပာေပးမယ္ တစ္ခုေတာ့ရွိတယ္ ခင္ဗ်ားဒီၿမိဳ႕ကေနေတာ့ ခ်က္ခ်င္းထြက္သြားလို႔မရေသးဘူးေနာ္ ေသမူေသခင္းျဖစ္ထားေတာ့ သက္ဆိုင္ရာက လိုအပ္ရင္ ခင္ဗ်ားကိုေမးျမန္းတာမ်ိဳးရွိလိမ့္မယ္"

"ကြၽန္မနားလည္ပါတယ္ ကြၽန္မလည္းဒီၿမိဳ႕ထဲပဲ သြားမွာပါ ဒီမွာေနရမယ့္ကိစၥေတြလည္း ရွိေသးတယ္"

ဆူးကကိုယ့္အဓိပၸါယ္ႏွင့္ကိုေျပာလိုက္ၿပီးမွ တစ္စံုတစ္ရာကို သတိရလိုက္ေတာ့ ရင္ထဲထိတ္ခနဲ႔စိုးရိမ္သြားမိကာ..

"ဟို...  ရွင္ေမေမငယ္ဆီကို ဖုန္းဆက္လိုက္ေသးလားဟင္"

"ခင္ဗ်ားအတြက္စိတ္ပူေနတာနဲ႔ေရာ ေသမူေသခင္းကိစၥမို႔ သက္ဆိုင္ရာနဲ႔ စကားေျပာေပးေနရတာေရာ အားလံုးကရူပ္ေထြးေနလို႔ ေမ့သြားတယ္ မဆက္သြယ္ရေသးဘူး "

"ေတာ္ပါေသးရဲ႕..."

စိတ္ေအးသြားဟန္ျဖင့္ သက္ျပင္းခ်လိုက္ေသာ သူမဟန္ေၾကာင့္ သူမ်က္ေမွာင္က်ံဳ႕မိၿပီး

"ဘာလဲ... ဒီကိုေရာက္ေနတာ အန္တီမသိဘူးလာ"

"ကြၽန္မအိမ္ကေနခိုးထြက္လာခဲ့တာပါ "

"ဘယ္လို..."

"ကြၽန္မဘဝနဲ႔သက္ဆိုင္တဲ့ အေရးႀကီးတဲ့ကိစၥေတြ စံုစမ္းဖို႔လိုအပ္လာလို႔ပါ အိမ္ကေနခိုးထြက္လာခဲ့တယ္ဆိုေပမဲ့ ကြၽန္မဘယ္သြားလဲဆိုတာ ေမေမငယ္ ေကာင္းေကာင္းသိမွာပါ "

"ခင္ဗ်ားစကားေတြကတစ္မ်ိဳးပဲ ကြၽန္ေတာ္သိပ္နားမလည္ေပမဲ့ အန္တီကခင္ဗ်ားကိုသိပ္ခ်စ္တာေတာ့ ကြၽန္ေတာ္သိတယ္ သူအေတာ့္ကိုစိတ္မေကာင္းျဖစ္ၿပီး ခင္ဗ်ားကိုစိတ္ပူေနမွာေသခ်ာတယ္"

သူ႔စကားကိုသူမဘာမွမတုန္႔ျပန္ဘဲ အတန္ၾကာေအာင္ ၿငိမ္သက္ေန၏။ သူမလည္း ေမေမငယ္ကို မလြမ္းဘဲေနပါ့မလား။

သို႔ေသာ္လည္း...

"မျဖစ္မေနလုပ္ရမယ့္ကိစၥမို႔ ေမေမငယ္နားလည္မွာပါ ေက်းဇူးျပဳ၍ ကြၽန္မဒီေရာက္ေနမွန္း ေမေမငယ္ကို အေၾကာင္းမၾကားလိုက္ပါနဲ႔ေနာ္ "

မ်က္ႏွာငယ္ေလးႏွင့္ သူ႔ကိုေတာင္းဆိုေနသည့္ မ်က္ဝန္းတစ္စံုကို သူဘယ္လိုမွမျငင္းရက္ႏုိင္သျဖင့္

"ေကာင္းၿပီေလ ဒါနဲ႔ေဆးရုံကဆင္းၿပီး ဘယ္သြားမလို႔လဲ ဒါကိုေတာ့ကြၽန္ေတာ့္ကိုေပးသိဖို႔ လိုအပ္လိမ့္မယ္"

"ကြၽန္မဒီၿမိဳ႕မွာလူတစ္ေယာက္အေၾကာင္းလာစံုစမ္းတာပါ သူ႔ကိုရွာေတြ႕ဖို႔အရမ္းအေရးႀကီးတယ္"

"လူတစ္ေယာက္ဟုတ္လား .."

"ဟုတ္တယ္..သူက ကြၽန္မသိခ်င္တဲ့ ကြၽန္မဘဝနဲ႔သက္ဆိုင္တဲ့အေၾကာင္းအရာကို ေျပာေပးႏုိင္မဲ့ တစ္ဦးတည္းေသာလူပါ သူ႔ကိုေတြ႕ေအာင္ရွာရမယ္ "

"ခင္ဗ်ား... သူ႔ကိုျမင္ဖူးလား"

"ဟင့္အင္း မျမင္ဖူးဘူး သူဘယ္သူမွန္းလည္း ကြၽန္မေသခ်ာမသိဘူး.. ကြၽန္မမွာရွိတာက သူ႔နာမည္နဲ႔လိပ္စာေလးပဲ"

"မဟုတ္ေသးပါဘူးကြာ.."

သူစိမ္းၿမိဳ႕တစ္ၿမိဳ႕မွာ မျမင္ဖူးသည့္လူတစ္ေယာက္အေၾကာင္း စံုစမ္းဖို႔ကိစၥကို သူဘယ္လိုမွ သေဘာမက်စြာဆိုလိုက္ေတာ့ သူမခပ္ယဲ့ယဲ့ေလးသာ ၿပံဳးလိုက္ရင္း

"ကြၽန္မအတြက္ သူနဲ႔ေတြ႕ဖို႔တကယ္လိုအပ္လို႔ပါ ကြၽန္မသူ႔ကိုေတြ႕မွျဖစ္မယ္"

"ခင္ဗ်ားကိစၥဘယ္ေလာက္အေရးႀကီးမွန္း ကြၽန္ေတာ္ မသိဘူး ဒါေပမဲ့ခင္ဗ်ားဒီလိုေလ်ွာက္သြားၿပီး စံုစမ္းဖို႔က ထင္သလိုလြယ္မွာမဟုတ္ဘူး ၿပီးေတာ့ ခင္ဗ်ားေနေကာင္းေသးတာလည္း မဟုတ္ဘူး ဒီလိုလုပ္ပါလား ကြၽန္ေတာ့္မွာကားပါတယ္ ခင္ဗ်ားသြားခ်င္တဲ့ေနရာလိုက္ပို႔ေပးမယ္ ဒီေလာက္ေတာ့ ကြၽန္ေတာ္ကူညီလို႔ရပါတယ္"

သူ႔စကားေၾကာင့္ သူမမ်က္ႏွာမွာ အံ့ၾသသင့္သြားဟန္ျဖင့္

"ရွင္က ကြၽန္မကိုလိုက္ကူညီမယ္ေပါ့ေနာ္ "

"ဆိုပါေတာ့ ကြၽန္ေတာ္လည္းလက္တေလာ အားေနတယ္ေလ ၿပီးေတာ့ ခင္ဗ်ားတစ္ေယာက္တည္း လြတ္လိုက္တာ အန္တီငယ္သိရင္ စိတ္မေကာင္းျဖစ္လိမ့္မယ္ ကြၽန္ေတာ္နဲ႔အန္တီက သိတာမၾကာလိုက္ေပမဲ့ အေတာ္ရင္းႏွီးခဲ့တယ္ေလ"

ဘာေၾကာင့္မွန္းမသိ သူမလံုမလဲျဖစ္ကာ ေျဖရွင္းခ်က္ေတြ ေပးေနမိသည္။ သူမကေတာ့ သူလိုက္ေပးမည္ဆို၍ ဝမ္းသာသြားမိသည္အမွန္ပင္။ တစ္ေယာက္တည္းေယာင္ခ်ာခ်ာျဖစ္ေနသည္ထက္စာရင္ အေဖာ္ရွိတာပိုေကာင္းသည္ မဟုတ္လား။

ရွိန္းေစကံအေၾကာင္းကို ေသခ်ာမသိေသးသည့္တိုင္ ရွင္းသန္႔ေခ်ာေမာေသာရုပ္ရည္ႏွင့္ ရည္ရည္မြန္မြန္ရွိေသာ သူ႔ပံုစံေၾကာင့္ အလိုလိုယံုၾကည္ေနမိသည္။

ထို႔ေၾကာင့္လည္း ေဆးရုံကဆင္းၿပီးေနာက္ သူႏွင့္အတူ ထြက္လာခဲ့လိုက္သည္။ သူကကားေမာင္းေနရင္းမွ..

"ဘယ္သြားခ်င္လဲ.. "

"ဆုေတာင္းျပည့္ေစတီဘုရားဝန္းက ပန္းခ်ီဆရာမိုးည "

အလြတ္ရေနၿပီျဖစ္သည့္ လိပ္စာတစ္ခုကို ဆူးတိုးတိတ္စြာေရ႐ြတ္လိုက္၏။ သူကၿမိဳ႕ခံေတြကိုေမးျမန္းၿပီးေနာက္ ဆုေတာင္းျပည့္ေစတီဘုရားတည္ရွိေသာ ၿမိဳ႕စြန္သို႔ေမာင္းလာလိုက္သည္။ ဘုရားအနီးတြင္ ကားကိုရပ္လိုက္ၿပီး ပတ္ဝန္းက်င္ကို တစ္ခ်က္အကဲခတ္ၾကည့္ရင္းမွ..

"ဘုရားဝန္းက်င္ကအေတာ္တိတ္ဆိတ္တာပဲ ခင္ဗ်ားရွာေနတဲ့လူေရာရွိရဲ႕လား.."

သူ႔စကားေၾကာင့္ ဆူးဘုရားဝန္းက်င္ကို ေဝ့ဝဲၾကည့္ၿပီး သက္ျပင္းေလးရူိက္လိုက္မိ၏။ သစ္ပင္ေတြ အုပ္အုပ္ဆိုင္းဆိုင္းႏွင့္ ေစတီဝန္းက်င္ကာ တိတ္ဆိတ္ေအးျမေနေတာ့သည္။ အနီးပတ္ဝန္းက်င္သည္ ေစ်းေရာင္းသည့္ဆိုင္ခန္းအခ်ိဳ႕ ရွိေသာ္လည္း ညေနေစာင္းဝန္းက်င္မို႔ အခ်ိဳ႕ကာ ဆိုင္ပိတ္ေနၿပီ ျဖစ္သည္။

ပို၍ဆိုးဝါးသည္က ေစတီေဘးတြင္ရွိေနေသာ ခေရပင္တန္းတစ္ခု..။ ထိုခေရပင္တန္းေလးေတြကို ေငးစိုက္ၾကည့္ေနရင္းမွ မႏွစ္ၿမိဳျခင္းေတြက ထူးဆန္းစြာပင္ သူမရင္ထဲအလိုလိုစိမ့္ဝင္လာသည္။ ဆူး ဒုတိယအႀကိမ္ သက္ျပင္းခိုးရူိက္လိုက္မိရင္းႏွင့္

"သူေသခ်ာေပါက္ရွိေနမွာပါ ကြၽန္မတို႔ ဟိုးဖက္ဆိုင္ခန္းေတြမွာ သြားစံုစမ္းရေအာင္"

သူမကေျပာလည္းေျပာရင္း ဆိုင္ခန္းေတြဖက္ေလ်ွာက္သြားကာ လိုက္လံစံုစမ္းေတာ့သည္။ သို႔ေသာ္ ဘယ္ေနရာေမးေမး ပန္းခ်ီဆရာမိုးညကို မသိဘူးဟုသာ အသံထြက္ေနရာ..

"သူေသခ်ာေပါက္ ဒီမွာရွိရမွာပါ.."

မ်က္ႏွာေလးပ်က္ယြင္းလ်ွက္ ညည္းညဴေနေသာ သူမကိုၾကည့္ၿပီး ရွိန္းစိတ္မသက္သက္စြာ သက္ျပင္းခ်လိုက္ၿပီး

"ခင္ဗ်ားလိပ္စာေသခ်ာတယ္ဆို သူရွိမွာပါ သူဘယ္တုန္းကေနသြားခဲ့သလဲ "

"ကြၽန္မေသခ်ာမသိဘူး ကြၽန္မမွာသူေရးဆြဲခဲ့တဲ့
လြန္ခဲ့တဲ့ႏွစ္ႏွစ္ဆယ္ေက်ာ္က ပန္းခ်ီကားတစ္ခ်ပ္ရယ္ ၿပီးေတာ့ လိပ္စာေလးတစ္ခုရယ္ပဲရွိတယ္"

"ဘယ္လို..."

သူ ဆူးကိုတအံ့တၾသပင္ၾကည့္လိုက္မိရင္း

"လြန္ခဲ့တဲ့ႏွစ္ႏွစ္ဆယ္ေက်ာ္က လူတစ္ေယာက္အေၾကာင္းကို ဒီလိုလြယ္လြယ္ေလးလာစံုစမ္းေနသလား ခင္ဗ်ားရူးေနတာေတာ့မဟုတ္ဘူးေနာ္ ဆူး"

"ကြၽန္မမရူးဘူး ဒါေပမဲ့ကြၽန္မသူ႔ကိုေတြ႕မွျဖစ္မယ္ သူကကြၽန္မအတြက္ တကယ္ကိုအေရးႀကီးေနတဲ့ လူတစ္ေယာက္မို႔ပါ"

သူမအေတာ္ထိခိုက္နာက်င္ေနဟန္တူသည္။ အသံေလးပင္ တုန္ရီေနသည္ကို သတိထားမိေတာ့ အျပစ္တင္လိုသည့္စိတ္ကို မ်ိဳသိပ္ထားပစ္ရင္း သူမခ်င့္မရဲဆိုလိုက္မိ၏။

"ႏွစ္ေတြဒီေလာက္ၾကာတာ ဒီလူဘယ္လိုလုပ္ရွိနိုင္ေတာ့မွာလဲဆူးရာ ေသသလားရွင္သလားေတာင္ ေသခ်ာမေျပာႏုိင္ဘူး ကြၽတ္.. မဟုတ္ေသးပါဘူး ခင္ဗ်ားသူ႔ကို ဘယ္လိုဆက္စံုစမ္းမွာလဲ ဒီနားေလးကလူေတြလည္း မသိၾကဘူး"

"ဒါေပမဲ့ ကြၽန္မသူ႔ကိုေတြ႕မွျဖစ္မယ္ သူေသခ်ာေပါက္ ရွိမွာပါ"

"ကဲ..ဒါဆိုရင္လည္း မနက္ျဖန္မွတစ္ေခါက္ ဆက္လာၾကတာေပါ့ အခုေမွာင္ေတာ့မယ္ ကြၽန္ေတာ္တို႔ ျပန္ၾကတာပိုေကာင္းမယ္ထင္တယ္"

သူ႔စကားကို သူမမျငင္းသာေတာ့ပါ။ အမွန္တကယ္လည္း ဒီထက္မိုးခ်ဳပ္သြားရုံသာရွိသည္။ စံုစမ္းဖို႔က မလြယ္ကူေတာ့သျဖင့္ ဆူးမသာမယာ ေခါင္းညိတ္လိုက္ရင္း

"အင္းပါ မျပန္ခင္ ဘုရားခဏဝင္ရွိခိုးရေအာင္ ေစတီဝန္းထဲေရာက္လာၿပီးမွ ဘုရားမရွိခိုးရင္ မေကာင္းဘူး "

"သေဘာပါဗ်ာ"

သူတို႔ေစတီေတာ္ဖက္သို႔ေလ်ွာက္သြားၿပီး ဘုရားရွိခိုးလိုက္သည္။ ဘုရားရွိခိုးၿပီးခ်ိန္တြင္ေတာ့ ေညာင္ပင္တစ္ပင္ေအာက္တြင္ တရားထိုင္ေနဟန္ရွိေသာ ဘုန္းႀကီးတစ္ပါးကို ရွိန္းသတိျပဳလိုက္မိသည္။ စင္ၾကယ္ေသာဥပဓိရုပ္သြင္ႏွင့္ သီလသမာဓိျပည့္စံုဟန္ရွိေသာသြင္ျပင္ေၾကာင့္ အလိုလိုၾကည္ညိဳသြားမိၿပီး

"ဆူး ကြၽန္ေတာ္တို႔ဟိုနားက ဘုန္းႀကီးကို အလွဴေငြထည့္ရင္းနဲ႔ သြားကန္ေတာ့ရေအာင္ ဘုန္းဘုန္းရုပ္သြင္ကအရမ္းၾကည္ညိဳဖို႔ေကာင္းတယ္ ခင္ဗ်ားေတာ့မသိဘူး ကြၽန္ေတာ္ကဒီကေနလွမ္းဖူးေနရင္းနဲ႔ကို စိတ္ေတြေအးခ်မ္းေနမိတယ္"

သူ႔စကားကို ဆူးဘာမွမတုန္႔ျပန္ဘဲ သူ႔ေနာက္သာ အသာလိုက္လာလိုက္၏။ ဘုန္းႀကီးအနားေရာက္ေတာ့ ေျခသံေတြေၾကာင့္ထင္သည္ ဘုန္းဘုန္းမ်က္လံုးေတြ ပြင့္လာသည္။ ရွိန္းေစကံႏွင့္ဆူးက ရုိေသက်ိဳးႏြံစြာ ထိုင္ကန္ေတာ့ၿပီးေနာက္ အလွဴေငြဆက္ကပ္လွဴဒါန္းလိုက္သည္။

ဘုန္းႀကီးက ေခါင္းတစ္ညိတ္ညိတ္ႏွင့္ သာဓုေခၚရင္းမွ တစ္စံုတစ္ရာထူးျခားမူကို သတိျပဳလိုက္မိသည္။ ဟိုးခပ္လွမ္းလွမ္းကို လွမ္းၾကည့္လိုက္ေတာ့ ေစတီရင္ျပင္ထဲ မဝင္ႏုိင္သျဖင့္ ရပ္က်န္ခဲ့သည့္ အရိပ္ျဖဴျဖဴေလးတစ္ခု...

ၿပီးေနာက္မိန္းကေလးငယ္၏မ်က္ႏွာကို စူးစူၾကည့္ရင္းမွ တစ္စံုတစ္ရာကိုနားလည္သြားကာ သက္ျပင္းကို ေလးပင့္စြာခ်လိုက္ေတာ့သည္။

"ဒကာမေလးပဲကို အိမ္း.. ဘုန္းဘုန္းနဲ႔ျပန္ဆံုရၿပီကို ေႏွာင္တြယ္ရာတစ္ခုေနာက္ အရိပ္တစ္ခုလို လိုက္ေနပါလား ဒုကၡ..ဒုကၡ"

"ရွင္ ဘုန္းဘုန္း ဘာေျပာလိုက္သလဲဘုရား တပည့္ေတာ္မ နားမလည္လို႔ပါ"

ဆူးက သူမကိုေျပာသည္ထင္သြားကာ နားမလည္ဟန္ျဖင့္ ဆိုလိုက္၏။ ဘုန္းႀကီးကာ ဘာမွမတုန္႔ျပန္ပါ။ သို႔ေသာ္ အာရုံတြင္ေပၚလာသည့္အရိပ္ဆိုးေတြေၾကာင့္ စိတ္မသက္သာစြာျဖင့္ ေခါင္းကိုခါရမ္းလိုက္ရင္း

"ဒကာမေလးနားမွာ မျမင္ႏုိင္တဲ့အရာတစ္ခု တြယ္ကပ္ေနတယ္.."

"ရွင္..."

"သူဟာဘာအတြက္နဲ႔ပဲ တြယ္ကပ္သည္ျဖစ္ပါေစ ဘဝခ်င္းမတူတဲ့ ဘံုတစ္ခုကမို႔ မေကာင္းတဲ့အေငြ႕အသက္နဲ႔ ကံၾကမၼာဆိုးေတြကေတာ့ လႊမ္းၿခံဳေနလိမ့္မယ္ ဒါေၾကာင့္ဒကာမေလးေဘးနားမွာ သူရွိေနသေ႐ြ႕ ဒကာမေလးသြားေလရာထိေတြ႕ရမယ့္ပတ္ဝန္းက်င္ေတြမွာ လူေတြအတြက္ထိခိုက္ေစမဲ့ဆိုးက်ိဳးေတြ ျဖစ္လာလိမ့္မယ္ တစ္ေယာက္ၿပီးတစ္ေယာက္ကံဆိုးသြားလိမ့္မယ္ "

ဘုန္းဘုန္းသည္ မန္ေနဂ်ာတိုးႀကီးႏွင့္ ကားဆရာအိုက္ကြမ္း၏အျဖစ္တို႔ကိုျမင္ေယာင္လာ၍ စိတ္မသက္သာစြာပင္႐ြတ္ဆိုလိုက္မိသည္။

ဘုန္းႀကီးကာ အမွန္တကယ္ေတာ့ ေဒၚမိုးမာန္အိမ္သို႔ေရာက္လာခဲ့ၿပီး ထိုဝိညာဥ္ျဖဴႏွင့္ တစ္ခါဆံုဆည္းခဲ့ဖူးသည့္ ဘုန္းႀကီးပင္ ျဖစ္သည္။ယခုလည္း ထပ္မံဆံုဆည္းခဲ့ရေခ်ၿပီ..။

ဤကေလးမေလးတြင္ရွိေနသည့္ မျမင္ႏုိင္ေသာ ဝိညာဥ္သည္ ျပင္းထန္ေသာအစြဲအလမ္းႏွင့္ အေမွာင္မိုက္ဖံုးေနေသာေမတၱာတို႔ျဖင့္ စြမ္းအားႀကီးလြန္းလွသည္။ ဟိုအေဝးကပင္ ပူေလာင္ျခင္းတို႔ကို ခံစားမိေစသည္အထိ ေၾကာက္စရာေကာင္းေသာ အရာတို႔ ဖံုးလႊမ္းေနသည္။ ဤဝိညာဥ္သည္ လူသားတစ္ေယာက္ေဘးနားဆက္ရွိေနပါက ေနာက္ထပ္လူေတြ ေသေက်ပ်က္ဆီးရေပဦးမည္။ ေနာက္ထပ္ကံနိမ့္သည့္လူတစ္ေယာက္ေယာက္ႏွင့္ ႀကံဳလာပါက အသက္ေတြေပးရသည္အထိ ဆိုးက်ိဳးေတြျဖစ္လာမည္။

ဒါကိုတားဆီးရမည္ဟူေသာ အေတြးျဖင့္ ဘုန္းႀကီးသည္ အိတ္ထဲမွအျဖဴေရာင္ ခ်ည္ႀကိဳးတစ္ခုကို ထုတ္ယူလိုက္ၿပီးေနာက္

"ဒီႀကိဳးကအဓိဌာန္ေအာင္ထားတဲ့ ပရိတ္ႀကိဳးပဲ ဒကာမေလး ဒါကိုလက္မွာအၿမဲခ်ည္ထားပါ ဒကာမေလးနား စြဲကပ္ေနတဲ့မေကာင္းတဲ့ အရာမွန္သမ်ွ လြင့္စင္သြားလိမ့္မယ္"

"တင့္ပါ့ဘုရား ..ေက်းဇူးႀကီးလွပါတယ္ဘုရား"

ဆူးသည္ ဘုန္းႀကီးကမ္းေပးသည့္ ပရိတ္ႀကိဳးကို လက္တြင္ခ်ည္ထားလိုက္ၿပီး ဘုန္းႀကီးကို ထပ္မံကန္ေတာ့လိုက္၏။ ထို႔ေနာက္ သူတို႔ထိုေနရာေလးမွ ထြက္လာေတာ့ ရွိန္းက..

"ဘုန္းႀကီးစကားေတြကထူးဆန္းတယ္ ကြၽန္ေတာ္ ဘာတစ္ခုမွကိုနားမလည္ဘူး သူခင္ဗ်ားကိုပဲ ၾကည့္ၿပီးေျပာသြားတယ္ဆူး ခင္ဗ်ားနားလည္လား"

"ဟင့္အင္း..."

ဆူးစိတ္ရူပ္ေထြးစြာပင္ ေခါင္းခါယမ္းလိုက္၏။ သူမဘာတစ္ခုမွ နားမလည္ေအာင္ျဖစ္ရသည့္တိုင္ ဘုန္းႀကီးကိုျပန္မေမးမိခဲ့ပါ။ စိတ္ထဲေနရင္းထိုင္ရင္း မသိုးမသန္႔ျဖစ္လာသျဖင့္ ဒီေနရာမွသာ အျမန္ဆံုးထြက္ခြာခ်င္ရာ..

"ကြၽန္မတို႔ အျမန္ျပန္ရေအာင္"

မ်က္ႏွာပ်က္ယြင္းေနသည့္ဆူးေၾကာင့္ သူလည္းဘာမွထပ္မေမးေတာ့ပါ။ သူတို႔မသိခဲ့သည္က သူတို႔ဘုရားဝန္းျပင္ထြက္လာသည္ႏွင့္ သူတို႔ေနာက္ကပ္ပါသည့္ အျဖဴေရာင္အရိပ္ေလးတစ္ခု..

သို႔ေသာ္..

"အား..."

ျပင္းထန္ေသာ စြမ္းအားတစ္ခု၏ တြန္းကန္မူေၾကာင့္ ျပန္လြင့္စင္သြားခဲ့ရာ..

"ေတာက္.."

ထိုအရိပ္ကေဒါသတႀကီးျပန္ထသည္။ ထပ္ကပ္လိုက္သြားရန္ျပင္သည့္တိုင္ အနီးေရာက္သည္ႏွင့္ တစ္ကိုယ္လံုး ေလာင္ၿမိဳက္သကဲ့သို႔ ခံစားလိုက္ရၿပီး အားႏွင့္တြန္းခံရျပန္၏။

ဒီတစ္ခါပိုနာက်င္သြားကာ ဒဏ္ရာရသြားသည္။ သို႔ေသာ္အားမာန္မေလ်ွာ႔ဘဲ သူမထပ္လိုက္သြားရန္ ႀကိဳးစားလိုက္စဥ္..

"ေတာ္ပါေတာ့ ဒကာမေလး.."

ၾကည္လင္ေအးျမေသာအသံႏွင့္အတူ အနားေရာက္လာသူက ဘုန္းဘုန္း။ သူမဝုန္းခနဲ႔ထရပ္ၿပီး ဘုန္းဘုန္းကို မေက်မနပ္ေသာမ်က္လံုးနီမ်ားျဖင့္ စူးစိုက္ၾကည့္လိုက္ကာ

"ဘုန္းဘုန္း သူ႔ကိုအေဆာင္ေပးလိုက္တာ ကြၽန္မတို႔ကို ခြဲလိုက္တယ္.."

"ဒကာမေလးတို႔က ဘဝခ်င္းမတူေတာ့ဘူးေလ ဒကာမေလး သူ႔အနားရွိေနလို႔ ဒီေန႔မေသသင့္တဲ့ လူတစ္ေယာက္ေသခဲ့ရၿပီ ေနာက္ထပ္ရွိေနေသးရင္ လူေတြအေၾကာင္းမဲ့ထပ္ေသရဦးမယ္ ဒါေၾကာင့္ ဘုန္းဘုန္းတားဆီးရတာပါ "

"ကြၽန္မသူ႔အနားပဲေနမယ္ သူ႔ကိုကာကြယ္ေပးရမယ္ ဘုန္းႀကီးထပ္တားရင္ ကြၽန္မဘုန္းႀကီးကိုလည္းမညာေတာ့ဘူးေနာ္ ကြၽန္မတို႔ရန္သူျဖစ္သြားမယ္"

"ဘုန္းဘုန္းစကားကို နားေထာင္ပါ ဒီေနရာဟာ ဒကာမေလးေနသင့္တဲ့ေနရာ မဟုတ္ဘူး လာခဲ့တဲ့ေနရာကို ျပန္သြားပါ ဒကာမေလးသူ႔ကို ဝဋ္ေႂကြးေတြ ထပ္မေပးခ်င္ပါနဲ႔ေတာ့ "

"ဟင့္အင္း..."

ဘုန္းႀကီးကာ သက္ျပင္းေလးခ်လ်က္ ထြက္သြားေတာ့၏။ အျဖဴေရာင္မိန္းကေလးကာ အနားကပ္ခြင့္မရေတာ့သည့္ ျမတ္ႏုိးလြန္းေသာ ေက်ာျပင္ေလးတစ္ခုကိုေငးၾကည့္ရင္း က်န္ခဲ့ရွာသည္။

တင္းမာလြန္းေသာမ်က္ဝန္းတို႔က အားေဖ်ာ့ညိွဳးငယ္လာၿပီးေနာက္ မ်က္ရည္တို႔ကတလိမ့္လိမ့္..

အနားတိုးဖို႔ႀကိဳးစားတိုင္း ပူေလာင္လြန္းသျဖင့္ ေနာက္ျပန္ဆုတ္ရင္း မခံရပ္ႏုိင္ေအာင္ တေျမ့ေျမ့နာက်င္ေနေတာ့သည္။ အျပင္ပူေလာင္မူထက္ ရင္တြင္းေလာင္ၿမိဳက္မူက ပို၍ျပင္းထန္ေနရာ..

ေနရာတြင္ပင္ လဲွၿပိဳက်သြားရင္း သူမမ်က္ဝန္းမွမ်က္ရည္တို႔က အဆက္မျပတ္စီးက်လာ၏။ တျဖည္းျဖည္းေဝးလြင့္သြားသည့္ ေက်ာျပင္ေလးကိုသာ နာနာက်င္က်င္ ေငးၾကည့္ေနမိသည္။

ထိုစဥ္ သစ္ပင္ထက္ဆီမွခေရပန္းတို႔က တျဖဳတ္ျဖဳတ္ေႂကြက်လာ၏။ ပူေလာင္စြာငိုေႂကြးေနေသာ ဝိညာဥ္ျဖဴေလးတစ္ခုနား ဝမ္းနည္းစြာစုပံုလာလ်ွက္

ေသြးမ်က္ရည္အခ်ိဳ႕ကေတာ့ ခေရပန္းျဖဴျဖဴေလးထက္ဝယ္ တေပါက္ေပါက္စီးက်ေနၿပီးေနာက္....

အရာအားလံုးတိတ္ဆိတ္ၿငိမ္သက္သြားခဲ့ျပန္၏။ ထို႔အတူ ဝိညာဥ္ျဖဴေလးတစ္ခုကေတာ့ နာနာက်င္က်င္ ရူိက္ငိုေနခဲ့ရာ..

ဆက္ရန္
ဆူးခတ္ပန္း

Unicode

~~ပန်းခရေပုံပြင်~~
(The Story of Star-Flower)
အပိုင်း(၉)

တရိပ်ရိပ်နှင့်ကျော်ဖြတ်လာသည့်တောင်တန်းတွေကိုငေးကြည့်ရင်း ဆူးစိတ်တွေအနည်းငယ်ကြည်လင်လာခဲ့မိသည်မှာ အမှန်။

တစ်ခါတစ်ခါ တောင်တွေကိုကွေ့ပတ်လာသည့် အခါတွင်လည်း မြင်နေရသည့် ချောက်ကမ်းပါးတွေကြောင့် ရင်တဖိုဖိုဖြစ်နေရတော့၏။

တောင်ပေါ်ဒေသကိုတစ်ခါမှမရောက်ဖူးခဲ့သူမို့ မြင်မြင်သမျှကာ သူမအတွက်အသစ်အဆန်းဖြစ်ကာ ရူမဝငေးမဝနိုင်အောင်ပင်။ စိမ်းစိုလန်းဆန်းနေသည့် တောင်တန်းတွေကို တမေ့တမောငေးကြည့်ရင်း အလိုလိုကြည်နူးလာသည်မှာ လက်ရှိခံစားနေရသည့် သောကတွေကို ခေတ္တာမေ့လျောသွားမိသည်အထိပင်။

သို့သော်..

"အိုက်ကွမ်း.. ရှင့်မှာလည်း မနက်အစောကြီးကို အရက်နဲ့မျက်နှာသစ်ထားပြန်ပြီ ကားမောင်းရမယ်ဆိုတာသိရဲ့သားနဲ့ ဒီအရည်ကိုသောက်ဖြစ်အောင် သောက်သေးတယ်"

"ဟ... မိန်းမရာ ငါနည်းနည်းပဲသောက်တာပါ "

"အိုတော်.. နည်းနည်းများများ ခရီးထွက်မှာကို သောက်စရာလား မတော် မပြောကောင်း မဆိုကောင်း ကျုပ်တို့တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မှာလဲ"

အရှေ့ကလင်မယားနှစ်ယောက်၏ တကျက်ကျက် ရန်ဖြစ်သံက အနည်းငယ်စိတ်အနှောင့်အယှက် ဖြစ်ရသည်။ ကားက Vanကားလေးဖြစ်ပြီး အရှေ့တွင် လင်မယား၂ယောက်စီးပြီး နောက်တွင်တော့ သူမကလမ်းကြုံလိုက်လာခဲ့ခြင်းပင်။ ပစ္စည်းတွေကလည်း အပြည့်အမှောက်တင်လာသဖြင့် ကုန်သည်တွေဖြစ်ဟန်တူသည်။

သူမ သွားချင်သောမြို့ကိုထွက်သည့်ကားက လူပြည့်မှထွက်သည်မို့ ကားမစောင့်ချင်သည့်အတွက် ထိုမြို့ငယ်လေးကိုသွားမည့်ကားတစ်စီးကို လမ်းကြုံလိုက်ဖို့ ခွင့်တောင်းခဲ့သည်။ ကားဆရာလင်မယားကလည်း အပိုဝင်ငွေရအောင် သူမကိုတင်ခေါ်လာခဲ့ခြင်းပင်။ 

"အလကားနေစိတ်ပူမနေစမ်းပါနဲ့ မိန်းမရာ ဒီလမ်းကို ငါတစ်သက်လုံးမောင်းလာခဲ့တာ ဘာမှမဖြစ်ဘူး မျက်စိမှိတ်ပြီးတောင် မောင်းလို့ရတယ်ကွ"

ကားဆရာစကားကြောင့် ဆူးသက်ပြင်းလေး ခိုးရိူက်လိုက်မိ၏။ အရက်သောက်ထားသော်လည်း လမ်းခရီးကျွမ်းကျင်ဟန်ရှိသော ကားဆရာကြောင့် အနည်းငယ်တော့ စိတ်သက်သာရာရသွားသည်။ ထို့နောက်လေလေးတဖြူးဖြူးနှင့် အပြင်ရူးခင်းကိုငေးရင်းငေးရင်းနှင့် ဆူးတစ်ယောက် ငိုက်မြည်းလာပြီး မှေးခနဲ့အိပ်ပျော်သွားတော့သည်။

အိုက်ကွမ်း... ရေသန့်ဘူးထဲထည့်ထားသည့် အရက်ကိုနောက်ဆုံးအကြိမ် မော့သောက်လိုက်သည်။ သူ့limitကိုရောက်သွားပြီဖြစ်သည်။ ဒီထက်ပိုသောက်ရင် သူမူးသွားနိုင်သည်။ အခုတောင် နည်းနည်းထွေချင်နေပြီ မဟုတ်လား။

သို့တိုင် သူသိပ်တော့စိတ်မပူမိပါ။ ဒီလမ်းဒီတောင်ကို သူတစ်သက်လုံးမောင်းလာခဲ့သည်။ မူးပြီးလည်း မောင်းခဲ့ဖူးသည်။ ဘယ်လောက်မူးမူး ကားကိုတော့ သူသတိရှိရှိထိန်းနိုင်ခဲ့သည်။ ဒါကြောင့်မို့ မိန်းမဖြစ်သူက သူ့ဗီဇအတိုင်းပွစိပွစိလုပ်နေသည့်တိုင် အိုက်ကွမ်းအရက်သောက်သည့်ကိစ္စကိုပြင်းပြင်းထန်ထန်တားလေ့တော့မရှိပါ။ အခုလည်း ပွစိပွစိပြောပြီး တခေါခေါနဲ့အိပ်ပျော်သွားတော့သည်။

သူလည်းနည်းနည်းထွေနေသည့်တိုင် ကားကိုတော့သတိကြီးစွာ မောင်းနိုင်သေးသည်။ တဖြည်းဖြည်းနှင့် ကားကသူတို့မြို့လေးဆီသို့သွားရသည့် လမ်းခွဲတစ်ခုကိုပင် ရောက်နေပင်ဖြစ်သည်။ လမ်းကိုချိုးကွေ့လိုက်ပြီးနောက် မြို့ကိုရောက်ဖို့ မကြာတော့ပါ။ ဘာအန္တရယ်မှ မရှိ။ သို့သော်..

ရီဝေဝေဖြစ်နေသည့်အိုက်ကွမ်းတစ်ယောက် နောက်ကြည့်မှန်သို့ အမှတ်မထင်အကြည့်ရောက်သွားစဉ်..

"ဟင်..."

ကားနောက်ခန်းမှာ လမ်းကြုံလိုက်လာသည့် မိန်းကလေးဘေးတွင် ခေါင်းငိုက်စိုက်ပြီး တောင့်တောင့်ထိုင်နေသည့်အဖြူရောင်အင်္ကျီဖြူနှင့် မိန်းကလေးတစ်ယောက်။

အိုက်ကွမ်းကြက်သီးတွေဖြန်းခနဲ့ထပြီး နောက်ကိုမရဲတရဲကြည့်လိုက်တော့ ဘာမှမရှိ...

ခရီးသည်မိန်းကလေးတစ်ယောက်တည်းသာ အိပ်ပျော်နေသည်။ သို့သော် သူ့စူးခနဲ့ရလိုက်မိသည်က ပုပ်အက်အက်အနံ့တစ်ခု...

အိုက်ကွမ်းခေါင်းနှပန်းကြီးသွားတော့၏။ အရှေ့သို့ပြန်လှည့်လာသည့်တိုင် သူ့စိတ်တွေ ဇဝေဇဝါ ဖြစ်နေတော့သည်။ သူအနည်းငယ်မူးနေလို့ အမြင်များမှားသွားသလား။

အတွေးဖြင့် အကြည့်တို့ကိုကားနောက်ကြည့်မှန်သို့ အလိုလိုပြန်ရောက်သွားခိုက်.

"ဟာ.."

ခုနကအဖြူရောင်အင်္ကျီနှင့်မိန်းကလေးကို ထပ်တွေ့ပြန်သည်။ ထိုအမျိုးသမီးက သူကြည့်နေသည်ကိုသိနေသည့်အလား ဖျပ်ခနဲ့မျက်လုံးလှန်ကြည့်လိုက်စဉ်..

"အမလေး..."

မျက်ဆံမပါသော မျက်လုံးသေကြီးတွေ..

တစ်သက်နှင့်တစ်ကိုယ် မကြုံခဲ့ဖူးသည်မို့ အိုက်ကွမ်းအလန့်တကြားဖြစ်သွားပြီး ကားမောင်းနေသည်ဆိုသည့် အသိကလည်းလွတ်သွားခဲ့ရာ..

ထိုအခိုက် ကံဆိုးစွာပင် သူကားရှေ့ရုတ်တရက်ဖြတ်ပြေးလာသည်က နွားတစ်အုပ်။

အထိတ်တလန့်ရှောင်လိုက်သည့်ကားက လမ်းဘေးချောက်တွင်းသို့ အရှိန်မသတ်ဘဲ ကွေ့ချသွားမိခိုက်..

ကြောက်အားလန့်အားဘရိတ်နင်းလိုက်သည်တိုင် မမီတော့ပါ။ ကားက ကားလမ်းဘေးကာထားသည့်အကာတွေကိုတိုက်ချပြီး ချောက်တွင်းသို့ အရှိန်နှင့်ဝုန်းခနဲ့...

"ကျွီ..."

"ဒုန်း..."

"ဝုန်း.."

"အား.."

ဘာတွေဖြစ်သွားမှန်း အိုက်ကွမ်းမသိတော့ပါ။ သူ့တစ်ကိုယ်လုံး မြောက်တတ်သွားပြီးနောက် စူးစူးနင့်နင့်ခံစားလိုက်ရသည်က နာကျင်မူတွေ..

ပြီးနောက်... အမှောင်အားလုံးမှောင်ကျလျှက်။

ကားကသစ်ပင်နှစ်ပင်ကြားခံသွားသဖြင့် အောက်ထိကျမသွားသည့်တိုင် တိုက်မိသည့်အရှိန်ကြောင့် ခေါင်းပိုင်းတစ်ခုလုံး ကြွေမွပျက်ဆီးသွားတော့သည်။ အရှေ့ကလူနှစ်ယောက်၏ကံကြမ္မာကတော့ မတွေးဝံ့စရာအတိ။

ဆူး...သူမကရော....။ မှေးခနဲ့အိပ်ပျော်နေရာမှ ကားဘရိတ်စောင့်နင်းသံနှင့်အတူ ကားတစ်စီးလုံး ယမ်းခါသွားသောကြောင့် အထိတ်တလန့်နှင့် လန့်နိုးလာစဉ်မှာပင် ကားကချောက်တွင်းသို့ ဝုန်းခနဲ့ထိုးကျသွားရာ..

ဘာဖြစ်သွားမှန်းမသိသေးခင်မှာပင် ကားတိုက်မိသည့်အရှိန်ကြောင့် ထင်သည်။ ကားတံခါးက ဝုန်းခနဲ့ပွင့်သွားတော့ သူမသည်လည်း အပြင်သို့အရှိန်နှင့် ပြုတ်ကျသွားတော့သည်။

သူမပြုတ်ကျသွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ကားက သစ်ပင်နှစ်ပင်ကြားညှိကာရပ်တန့်သွား၏။ အမြင့်ကနေ အရှိန်ပြင်းပြင်းလိမ့်ဆင်းလာသည့်ကားက စောက်ထိုးမိုးမျှော်နေသောအနေအထားဖြင့် ကြွေမွပျက်ဆီးသွားသည်ကို ရေးခနဲ့သာ မြင်လိုက်ရသည်။

ကားထဲပါမသွားသည့်တိုင် ပြုတ်ကျသွားသည့် အရှိန်ကပြင်းလှသဖြင့် မြေပြင်နှင့်ရိုက်ခတ်မိကာ သူမသည်လည်း နာကျင်လွန်းစွာ မေ့မျောလုမတက်ဖြစ်နေစဉ်..

ခပ်ဝါးဝါးမြင်ကွင်းထဲမှ ရေးရေးလေးမြင်လိုက်သည်က သူမရှိရာတရွေ့ရွေ့လှမ်းလာသည့် အဖြူရောင်မိန်းကလေးတစ်ယောက်။ ပြီးနောက် ခပ်သဲ့သဲ့လေးသင်းပျံ့လာသည်က ခရေရနံ့တွေ..

သူမဘယ်သူလဲ... ဘယ်လိုလုပ်ရောက်လာသလဲ

အတွေးမဆုံးခင်မှာပင် အနာရှိန်ကြောင့် အရာအားလုံးက မှောင်အတိဖြစ်သွားရာ...

ထို့နောက်.........
...............................  .........................

"ဟာ..ဘာလဲကွာ.."

"ကျွီ..."

သူကားကိုခပ်မှန်မှန်လေးမောင်းနေရာမှ သူ့ကားရှေ့တွင် ရုတ်တရက်ပေါ်လာသည့် မိန်းကလေးတစ်ယောက်ကြောင့် အလန့်တကြားနှင့် ဘရိတ်ကိုအုပ်လိုက်ရသည်။

တော်ပါသေးရဲ့ သီသီလေးသာလိုတော့သည်။ မဟုတ်ရင်တိုက်မိတော့မည်။ ကပ်လွတ်သွားပေလို့...

စိတ်အေးသွားသည့်တိုင် ထိုမိန်းကလေးကိုတော့ ဒေါသထွက်သွားမိကာ

"ဟေ့အမိ.. ကားလမ်းမကြီးပေါ်မှာ ခင်ဗျားဘယ်လိုလုပ်လိုက်သလဲ မတော်တိုက်မိသွားရင် ဒုက္ခရောက်ကုန်မယ် သိလား.."

သူကားပေါ်ကမှ မဆင်းဘဲကားမှန်ဖွင့်ရင်းသာ ဒေါသထွက်ထွက်နှင့် လှမ်းအော်လိုက်၏။ မိန်းကလေးက သူ့ကိုမကြည့်ပါ။

တစ်နေရာသို့ လက်ညှိုးထိုးရင်း..

"ကျွန်မသမီးကိုကယ်ပေးပါ.. သူဒုက္ခရောက်နေတယ်.."

"ဘယ်လို..."

ထိုအမျိုးသမီးစကားကြောင့် ဒေါသထွက်နေရင်းမှ သူအံ့သြသွားမိပြီး..

"ဒုက္ခရောက်နေတယ်ဟုတ်လား.. "

"ကျွန်မသမီး စီးလာတဲ့ကားချောက်ထဲကျသွားလို့ပါရှင် ဟိုဖက်လမ်းအချိုးလေးမှာပါ အမြန်သွားကယ်ပေးပါ.."

"ဟင်..."

"အမြန်သွားကယ်ပေးပါ.."

ကယ်ဖို့သာ တသွင်သွင်ပြောနေသော အမျိုးသမီးကြောင့် သူဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားရသည်။ အမျိုးသမီးမျက်နှာက ဆံပင်ရှည်တွေဖုံးနေသလို လမ်းအချိုးဖက်တွင်သာ မျက်နှာမူထားသဖြင့် သူသေချာမမြင်ရပါ။  သို့သော်အမျိုးသမီးပုံစံက အမှန်တကယ်ကို စိုးရိမ်ပူပန်နေဟန်ရှိသဖြင့် သူကားပေါ်မှဆင်းလာလိုက်ရင်း

"ကားချောက်ထဲကျသွားတယ် ဘယ်နားမှာလဲ ခင်ဗျားကျွန်တော့်ကို လိုက်ပြလို့ရမလား."

"ဒီလမ်းချိုးတိုင်းကွေ့လိုက်ရင် ရှင်တွေ့လိမ့်မယ် အမြန်သွားကယ်ပေးပါနော်.."

ထိုမိန်းကလေးနားမရောက်ခင်မှာပင် ခပ်သင်းသင်းရလိုက်သော ခရေပန်းရနံ့ကြောင့် သူ့စိတ်တွေတစ်မျိုးတစ်မည် ဖြစ်သွားသည်။ အမျိုးသမီးက သူ့ကိုမကြည့်ဘဲ တစ်ဖက်သို့သာလက်ညှိုးထိုးလျှက်နှင့်

"အခု..သူ့ကိုသွားကယ်ပေးပါ.."

"ဟုတ်ပါပြီ ခင်ဗျား ကျွန်တော့်ကိုလိုက်ပြဖို့ လိုတယ်လေ ကားပေါ်တက်ပါ "

"ဟင့်အင်း.. ရှင်သွားပါ ကျွန်မလိုက်ခဲ့မယ် ရှင်သာအမြန်သွားပါ ဘာမှမမေးပါနဲ့ သူ့ကိုအရင်သွားကယ်ပေးပါ"

ထူးဆန်ဖွယ်ရှိသောမိန်းကလေးစကားကြောင့် သူအံ့သြသွားသည့်တိုင် အလျင်လိုနေဟန်ရှိသော သူမပုံစံကြောင့် ဘာမှဆက်မမေးတော့ဘဲ ကားပေါ်ပြန်တက်လိုက်၏။ ထို့နောက် သူမကိုထားရစ်ပြီး သူမပြောသည့်လမ်းအကွေ့သို့ မောင်းလာလိုက်သည်။

သူသွားမည့်လမ်းကြောင်းမဟုတ်သည့် လမ်းကို မောင်းနေရင်းမှ စိတ်ထဲမသင်္ကာဖြစ်လာသည်။ အရေးတကြီးကယ်ခိုင်းနေပေမဲ့ ဘာလို့နောက်မှ လိုက်လာမယ်ဆိုပြီး နေခဲ့ရသလဲ..။

အတွေးဖြင့် ကားနောက်ကြည့်မှန်ကနေ ကျန်ခဲ့သည့်ကားလမ်းမကြီးကိုလှမ်းကြည့်လိုက်တော့..

"ဟင်..."

သူအတော်အံ့သြသွားသည်။ ကားလမ်းမကြီးက ရှင်းလင်းနေ၏။ ဘာဆိုဘာမှရှိမနေပါ။ ခဏတွင်းချင်းမှာပင် ဒီမိန်းကလေးဘယ်ပျောက်သွားပါလိမ့်။

ဘေးနားမှာလည်း သစ်ပင်တွေတောင်တန်းတွေသာရှိသည်။ လမ်းကလည်းတောင်အဆင်းတွင်မို့ ဖြောင့်ဖြူးနေသည်။  ချက်ချင်းကြီးလို သူမပျောက်သွားသည့်အဖြစ်က ထူးဆန်းလွန်းလှသည်။

ထို့အပြင်ရုတ်တရက်သူမပေါ်လာသည့်အဖြစ်ကို သူပြန်စဉ်းစားမိတော့ ပို၍အံ့သြသွားရပြန်သည်။ ဟုတ်ပါရဲ့... ဘေးကနေထွက်လာတာမတွေ့ဘဲ ချက်ချင်းဆိုသလို လမ်းမကြီးကနေ သူမကိုရုတ်တရက်ကြီး မြင်လိုက်ရသည်မဟုတ်လား။

သူပဲအိပ်ငိုက်နေ၍မမြင်မိသည်လား။  ထူးတော့ထူးဆန်းနေသည်မှာ အမှန်။

သို့သော် သူ့အတွေးတို့ကချက်ချင်းရပ်တန့်သွားသည်။ ကားတိုက်မိထားဟန်ရှိသော လမ်းဘေးမှတ်တိုင်နှင့် ကျိုးပဲ့နေသော ချောက်အကာတို့ကို မြင်လိုက်ရသောကြောင့်ပင်။ သူစိုးရိမ်သွားပြီး ကားကိုရပ်လိုက်ကာ ထိုနေရာသို့ ဆင်းလာကြည့်လိုက်သည်။ ချောက်အစပ်လေးတွင် ဇာက်ထိုးဖြစ်ကာ သစ်ပင်ကြားညှပ်နေသည့် ကားကိုလှမ်းမြင်ရတော့မှ ပို၍ထိတ်လန့်သွားတော့၏။

ဘုရားရေ... ကားခေါင်းတစ်ခုလုံး ပျက်ဆီးကြွေမွနေပါလား။ လူတွေရောအသက်ရှင်သေးရဲ့လား

အတွေးဖြင့် သူစိုးရိမ်စွာအောက်သို့သတိထားဆင်းလာလိုက်သည်။ ကားနားမရောက်ခင် တွေ့လိုက်ရသည်က မြေပြင်ပေါ် ခွေခွေလေးလှဲကာ ငြိမ်သက်နေသည့်မိန်းကလေးတစ်ယောက်။

သို့သော်သူမမျက်နှာလေးကိုမြင်တော့ သူပို၍အံ့သြတုန်လူပ်သွားတော့၏။ သူ့နူတ်မှလည်း မယုံကြည်နိုင်လွန်းစွာ ရွတ်ဆိုမိသည်က

"ဆူး..."

ဟုတ်ပါသည်... သူအမြင်မမှားပါ။ ဒဏ်ရာတွေစွန်းကာ သတိလစ်နေသည့်တိုင် လှပနေဆဲမျက်နှာလေးက ပုံရိပ်တစ်ခုလိုစွဲထင်ခဲ့သည်မို့ သူမှားနိုင်စရာအကြောင်းမရှိပါ။

အံ့သြလွန်းသဖြင့်မှင်သက်သွားပြီးမှ သူသူမကို စိုးရိမ်စွာပြေးထူလိုက်မိသည်။

"ဆူး..ဆူး "

ကြည့်ရသည်မှာ ကားအောက်သို့ကျစဉ် ပြုတ်ကျသွားကာ မြေပြင်ပေါ်သတိလစ်သွားဟန်တူသည်။ ပွန်းပွဲ့ဒဏ်ရာအချို့ကလွဲ၍ ကြီးကြီးမားမား ဒဏ်ရာမတွေ့လို့ တော်ပါသေးသည်။

သူမဘယ်လိုလုပ်ဒီကိုရောက်ပြီး ဒီလိုဖြစ်ရသလဲ သူမတွေးအားပါ။ ပျက်ဆီးနေသည့်ကားအထဲမှ သွေးအလူးလူးနှင့်လူနှစ်ယောက်ကို မြင်လိုက်ရသောကြောင့် အရေးပေါ်ဖုန်းနံပါတ်တစ်ခုသို့ စိုးရိမ်တကြီးခေါ်ဆိုလိုက်၏။

ထို့နောက်တွင်တော့ မေ့မျောနေသည့်သူမကို ပွေ့ထူလိုက်ရင်း ကားရှိရာသို့အရင်ခေါ်ဆောင်လာလိုက်သည်။ ဘာကြောင့်မှန်းမသိ သူ့ရင်သည် လိုသည်ထက်ပိုသော ပူပင်မူတွေကိန်းအောင်းနေလျက်နှင့်။

ထူးဆန်းသည်က နောက်မှလိုက်လာခဲ့မည်ဟုဆိုသော အမျိုးသမီးကို လုံးဝမတွေ့ရတော့ခြင်းပင်။ သို့သော်သူသတိမထားမိသည်က ဘေးပတ်လည်တွင် လိူင်လိူင်မွှေးပျံ့နေသည်က...

ခရေပန်းရနံ့များဆိုတာ..........
.......................................................

"အင်း...ဟင်း..."

"သတိရလာပြီလား ဆူး"

ညည်းညူသံနှင့်အတူ သူမလူးလွင့်လာသည်။ နွေးထွေးသောအသံနှင့်အတူ မြင်လိုက်ရသည့်မျက်နှာကြောင့် မယုံကြည်နိုင်ဟန်ဖြင့် သူမနူတ်ခမ်းတို့က အံ့သြသင့်စွာလူပ်ခတ်လာပြန်၏။

"ရှင်...ကိုရှိန်းစေကံ.."

"ဟုတ်ပါတယ်.. ကျွန်တော်ပါ ခင်ဗျားသက်သာရဲ့လား"

"ကျွန်မဘယ်ရောက်နေသလဲ ဘာဖြစ်သွားသလဲ ရှင်ကရောဘယ်လိုလုပ်ဒီရောက်နေသလဲ.."

အူကြောင်ကြောင်ဖြစ်ကာ မေးခွန်းတွေတရစပ်မေးနေသောသူမကြောင့် သူအနည်းငယ်ရယ်ချင်လာမိသည်။ မူန်ကုပ်ကုပ်ဖြစ်နေသည့်မျက်နှာလှလှလေးကိုပဲ ဘာကိုသဘောကျမှန်းမသိ ငေးခနဲ့စိုက်ကြည့်မိရင်းမှ..

"ခင်ဗျားလမ်းမှာကားမတော်တဆဖြစ်ခဲ့တယ် ကျွန်တော်က ခရီးသွားရင်းနဲ့ ခင်ဗျားတို့ကားကို တွေ့ခဲ့လို့ အနီးဆုံးမြို့ကဆေးရုံကိုပို့ပေးခဲ့တယ် ဒါပါပဲ စဉ်းစားလို့ရလား"

သူ့စကားကြောင့် သူမကတဖြည်းဖြည်းမှတ်မိလာပုံရသည်။ ငူငူငိုင်ငိုင်လေးဖြစ်သွားရင်း

"မှတ်မိပြီ ဟုတ်တယ်ကားချောက်ထဲကျသွားတာကို သိလိုက်တယ် ကျွန်မ ကျွန်မဘာမှ မဖြစ်ဘူးပဲ"

"အင်း...ချောက်ထဲအကျမှာ ခင်ဗျားလွတ်ထွက်သွားပြီး ပြုတ်ကျကျန်ခဲ့တာ ကံကောင်းတယ် ပြောရမယ် မဟုတ်ရင် အသက်ရှင်ဖို့မလွယ်ဘူး"

"ဒါနဲ့... အရှေ့ကလင်မယားနှစ်ယောက်ရော ဘယ်လိုဖြစ်သွားလဲဟင်"

"မိန်းမကအသက်ရှင်နိုင်ပေမဲ့ ကားသမားကတော့ ဆုံးသွားတယ် ဆေးဆရာဝန်ပြောတာတော့ သူအရက်သောက်ထားတယ်တဲ့ ဒါကြောင့် ဒီလိုမတော်တဆမူ ဖြစ်ခဲ့တယ်လို့ပြောတယ်"

"ဟင်..."

သူမအတော်စိတ်မကောင်းဖြစ်သွားဟန်တူသည်။ မျက်နှာလေးနွမ်းသွားကာ ငြိမ်သက်သွား၏။ သူ သူမကိုငေးကြည့်နေရင်းမှ တစ်စုံတစ်ရာကို ဖျပ်နဲ့အမှတ်ရသွားမိသည်။

သူမကိုကယ်ပေးရန် အကူအညီလာတောင်းသော အမျိုးသမီး။ ပြီးတော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြန်သည်။

"ဒါနဲ့ ကားထဲမှာ ခင်ဗျားအပြင် တစ်ခြားလူပါသေးလား"

"ဟင့်အင်း... ကျွန်မတစ်ယောက်တည်းပါ ဘာဖြစ်လို့လဲဟင်"

သူမကတသ်ဖန်ပြန်မေးနေတော့ သူဘာပြောရမှန်းမသိနိုင်အောင်ပင် ဖြစ်သွားရသည်။ ထိုအကြောင်းအရာသည် အနည်းငယ်ထူးဆန်းနေသဖြင့် သူမကိုခုလိုအချိန်မျိုး ပြောလိုက်ရင် ပို၍စိတ်ရူပ်ထွေးသွားမှာကိုလည်း မလိုလားပေ။ ထို့ကြောင့် သူမကောင်းကောင်းမွန်မွန်ပြန်ဖြစ်လာချိန်မှ ပြောပြမည်ဟုတွေးလိုက်ပြီး

"ဘာမှမဟုတ်ပါဘူး တခြားလူများရှိနေမလားလို့ပါ"

"ဒါနဲ့ အခုဘယ်မြို့မှာရောက်နေသလဲ"

ရိူင်းစေကံပြောလိုက်သည့်မြို့က သူမသွားလိုသည့်မြို့ပဲဖြစ်နေတော့ ဆူးလိူက်ခနဲ့ဝမ်းသာသွားကာ

"ကျွန်မဆေးရုံကဆင်းလို့ရပြီလားဟင် ကျွန်မသွားစရာရှိလို့ပါ.."

"ဘာတွေအရေးကြီးလို့လဲ နားနားနေနေနေပါ ခင်ဗျား အများကြီးမထိခိုက်ထားပေမဲ့ အထဲမှာအတွင်းဒဏ်ရာတွေရမှာစိုးရတယ် သေချာစစ်ဆေးပြီးမှ သွားပါလား"

"ဟင့်အင်း...ကျွန်မအရေးတကြီး ကိစ္စရှိလို့ပါ ကျွန်မကိုဆေးရုံကဆင်းလို့ရအောင် ကူညီပေးပါနော်"

မျက်နှာလေးငယ်လျှက် အရေးတကြီးတောင်းဆိုဟန်ရှိသောသူမကြောင့် သူစိတ်မသက်သာစွာ သက်ပြင်းချမိပြီး

"ကောင်းပြီလေ ကျွန်တော်ဆရာဝန်ကိုပြောပေးမယ် တစ်ခုတော့ရှိတယ် ခင်ဗျားဒီမြို့ကနေတော့ ချက်ချင်းထွက်သွားလို့မရသေးဘူးနော် သေမူသေခင်းဖြစ်ထားတော့ သက်ဆိုင်ရာက လိုအပ်ရင် ခင်ဗျားကိုမေးမြန်းတာမျိုးရှိလိမ့်မယ်"

"ကျွန်မနားလည်ပါတယ် ကျွန်မလည်းဒီမြို့ထဲပဲ သွားမှာပါ ဒီမှာနေရမယ့်ကိစ္စတွေလည်း ရှိသေးတယ်"

ဆူးကကိုယ့်အဓိပ္ပါယ်နှင့်ကိုပြောလိုက်ပြီးမှ တစ်စုံတစ်ရာကို သတိရလိုက်တော့ ရင်ထဲထိတ်ခနဲ့စိုးရိမ်သွားမိကာ..

"ဟို...  ရှင်မေမေငယ်ဆီကို ဖုန်းဆက်လိုက်သေးလားဟင်"

"ခင်ဗျားအတွက်စိတ်ပူနေတာနဲ့ရော သေမူသေခင်းကိစ္စမို့ သက်ဆိုင်ရာနဲ့ စကားပြောပေးနေရတာရော အားလုံးကရူပ်ထွေးနေလို့ မေ့သွားတယ် မဆက်သွယ်ရသေးဘူး "

"တော်ပါသေးရဲ့..."

စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်သော သူမဟန်ကြောင့် သူမျက်မှောင်ကျုံ့မိပြီး

"ဘာလဲ... ဒီကိုရောက်နေတာ အန်တီမသိဘူးလာ"

"ကျွန်မအိမ်ကနေခိုးထွက်လာခဲ့တာပါ "

"ဘယ်လို..."

"ကျွန်မဘဝနဲ့သက်ဆိုင်တဲ့ အရေးကြီးတဲ့ကိစ္စတွေ စုံစမ်းဖို့လိုအပ်လာလို့ပါ အိမ်ကနေခိုးထွက်လာခဲ့တယ်ဆိုပေမဲ့ ကျွန်မဘယ်သွားလဲဆိုတာ မေမေငယ် ကောင်းကောင်းသိမှာပါ "

"ခင်ဗျားစကားတွေကတစ်မျိုးပဲ ကျွန်တော်သိပ်နားမလည်ပေမဲ့ အန်တီကခင်ဗျားကိုသိပ်ချစ်တာတော့ ကျွန်တော်သိတယ် သူအတော့်ကိုစိတ်မကောင်းဖြစ်ပြီး ခင်ဗျားကိုစိတ်ပူနေမှာသေချာတယ်"

သူ့စကားကိုသူမဘာမှမတုန့်ပြန်ဘဲ အတန်ကြာအောင် ငြိမ်သက်နေ၏။ သူမလည်း မေမေငယ်ကို မလွမ်းဘဲနေပါ့မလား။

သို့သော်လည်း...

"မဖြစ်မနေလုပ်ရမယ့်ကိစ္စမို့ မေမေငယ်နားလည်မှာပါ ကျေးဇူးပြု၍ ကျွန်မဒီရောက်နေမှန်း မေမေငယ်ကို အကြောင်းမကြားလိုက်ပါနဲ့နော် "

မျက်နှာငယ်လေးနှင့် သူ့ကိုတောင်းဆိုနေသည့် မျက်ဝန်းတစ်စုံကို သူဘယ်လိုမှမငြင်းရက်နိုင်သဖြင့်

"ကောင်းပြီလေ ဒါနဲ့ဆေးရုံကဆင်းပြီး ဘယ်သွားမလို့လဲ ဒါကိုတော့ကျွန်တော့်ကိုပေးသိဖို့ လိုအပ်လိမ့်မယ်"

"ကျွန်မဒီမြို့မှာလူတစ်ယောက်အကြောင်းလာစုံစမ်းတာပါ သူ့ကိုရှာတွေ့ဖို့အရမ်းအရေးကြီးတယ်"

"လူတစ်ယောက်ဟုတ်လား .."

"ဟုတ်တယ်..သူက ကျွန်မသိချင်တဲ့ ကျွန်မဘဝနဲ့သက်ဆိုင်တဲ့အကြောင်းအရာကို ပြောပေးနိုင်မဲ့ တစ်ဦးတည်းသောလူပါ သူ့ကိုတွေ့အောင်ရှာရမယ် "

"ခင်ဗျား... သူ့ကိုမြင်ဖူးလား"

"ဟင့်အင်း မမြင်ဖူးဘူး သူဘယ်သူမှန်းလည်း ကျွန်မသေချာမသိဘူး.. ကျွန်မမှာရှိတာက သူ့နာမည်နဲ့လိပ်စာလေးပဲ"

"မဟုတ်သေးပါဘူးကွာ.."

သူစိမ်းမြို့တစ်မြို့မှာ မမြင်ဖူးသည့်လူတစ်ယောက်အကြောင်း စုံစမ်းဖို့ကိစ္စကို သူဘယ်လိုမှ သဘောမကျစွာဆိုလိုက်တော့ သူမခပ်ယဲ့ယဲ့လေးသာ ပြုံးလိုက်ရင်း

"ကျွန်မအတွက် သူနဲ့တွေ့ဖို့တကယ်လိုအပ်လို့ပါ ကျွန်မသူ့ကိုတွေ့မှဖြစ်မယ်"

"ခင်ဗျားကိစ္စဘယ်လောက်အရေးကြီးမှန်း ကျွန်တော် မသိဘူး ဒါပေမဲ့ခင်ဗျားဒီလိုလျှောက်သွားပြီး စုံစမ်းဖို့က ထင်သလိုလွယ်မှာမဟုတ်ဘူး ပြီးတော့ ခင်ဗျားနေကောင်းသေးတာလည်း မဟုတ်ဘူး ဒီလိုလုပ်ပါလား ကျွန်တော့်မှာကားပါတယ် ခင်ဗျားသွားချင်တဲ့နေရာလိုက်ပို့ပေးမယ် ဒီလောက်တော့ ကျွန်တော်ကူညီလို့ရပါတယ်"

သူ့စကားကြောင့် သူမမျက်နှာမှာ အံ့သြသင့်သွားဟန်ဖြင့်

"ရှင်က ကျွန်မကိုလိုက်ကူညီမယ်ပေါ့နော် "

"ဆိုပါတော့ ကျွန်တော်လည်းလက်တလော အားနေတယ်လေ ပြီးတော့ ခင်ဗျားတစ်ယောက်တည်း လွတ်လိုက်တာ အန်တီငယ်သိရင် စိတ်မကောင်းဖြစ်လိမ့်မယ် ကျွန်တော်နဲ့အန်တီက သိတာမကြာလိုက်ပေမဲ့ အတော်ရင်းနှီးခဲ့တယ်လေ"

ဘာကြောင့်မှန်းမသိ သူမလုံမလဲဖြစ်ကာ ဖြေရှင်းချက်တွေ ပေးနေမိသည်။ သူမကတော့ သူလိုက်ပေးမည်ဆို၍ ဝမ်းသာသွားမိသည်အမှန်ပင်။ တစ်ယောက်တည်းယောင်ချာချာဖြစ်နေသည်ထက်စာရင် အဖော်ရှိတာပိုကောင်းသည် မဟုတ်လား။

ရှိန်းစေကံအကြောင်းကို သေချာမသိသေးသည့်တိုင် ရှင်းသန့်ချောမောသောရုပ်ရည်နှင့် ရည်ရည်မွန်မွန်ရှိသော သူ့ပုံစံကြောင့် အလိုလိုယုံကြည်နေမိသည်။

ထို့ကြောင့်လည်း ဆေးရုံကဆင်းပြီးနောက် သူနှင့်အတူ ထွက်လာခဲ့လိုက်သည်။ သူကကားမောင်းနေရင်းမှ..

"ဘယ်သွားချင်လဲ.. "

"ဆုတောင်းပြည့်စေတီဘုရားဝန်းက ပန်းချီဆရာမိုးည "

အလွတ်ရနေပြီဖြစ်သည့် လိပ်စာတစ်ခုကို ဆူးတိုးတိတ်စွာရေရွတ်လိုက်၏။ သူကမြို့ခံတွေကိုမေးမြန်းပြီးနောက် ဆုတောင်းပြည့်စေတီဘုရားတည်ရှိသော မြို့စွန်သို့မောင်းလာလိုက်သည်။ ဘုရားအနီးတွင် ကားကိုရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်ရင်းမှ..

"ဘုရားဝန်းကျင်ကအတော်တိတ်ဆိတ်တာပဲ ခင်ဗျားရှာနေတဲ့လူရောရှိရဲ့လား.."

သူ့စကားကြောင့် ဆူးဘုရားဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီး သက်ပြင်းလေးရိူက်လိုက်မိ၏။ သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနှင့် စေတီဝန်းကျင်ကာ တိတ်ဆိတ်အေးမြနေတော့သည်။ အနီးပတ်ဝန်းကျင်သည် ဈေးရောင်းသည့်ဆိုင်ခန်းအချို့ ရှိသော်လည်း ညနေစောင်းဝန်းကျင်မို့ အချို့ကာ ဆိုင်ပိတ်နေပြီ ဖြစ်သည်။

ပို၍ဆိုးဝါးသည်က စေတီဘေးတွင်ရှိနေသော ခရေပင်တန်းတစ်ခု..။ ထိုခရေပင်တန်းလေးတွေကို ငေးစိုက်ကြည့်နေရင်းမှ မနှစ်မြိုခြင်းတွေက ထူးဆန်းစွာပင် သူမရင်ထဲအလိုလိုစိမ့်ဝင်လာသည်။ ဆူး ဒုတိယအကြိမ် သက်ပြင်းခိုးရိူက်လိုက်မိရင်းနှင့်

"သူသေချာပေါက်ရှိနေမှာပါ ကျွန်မတို့ ဟိုးဖက်ဆိုင်ခန်းတွေမှာ သွားစုံစမ်းရအောင်"

သူမကပြောလည်းပြောရင်း ဆိုင်ခန်းတွေဖက်လျှောက်သွားကာ လိုက်လံစုံစမ်းတော့သည်။ သို့သော် ဘယ်နေရာမေးမေး ပန်းချီဆရာမိုးညကို မသိဘူးဟုသာ အသံထွက်နေရာ..

"သူသေချာပေါက် ဒီမှာရှိရမှာပါ.."

မျက်နှာလေးပျက်ယွင်းလျှက် ညည်းညူနေသော သူမကိုကြည့်ပြီး ရှိန်းစိတ်မသက်သက်စွာ သက်ပြင်းချလိုက်ပြီး

"ခင်ဗျားလိပ်စာသေချာတယ်ဆို သူရှိမှာပါ သူဘယ်တုန်းကနေသွားခဲ့သလဲ "

"ကျွန်မသေချာမသိဘူး ကျွန်မမှာသူရေးဆွဲခဲ့တဲ့
လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်က ပန်းချီကားတစ်ချပ်ရယ် ပြီးတော့ လိပ်စာလေးတစ်ခုရယ်ပဲရှိတယ်"

"ဘယ်လို..."

သူ ဆူးကိုတအံ့တသြပင်ကြည့်လိုက်မိရင်း

"လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်က လူတစ်ယောက်အကြောင်းကို ဒီလိုလွယ်လွယ်လေးလာစုံစမ်းနေသလား ခင်ဗျားရူးနေတာတော့မဟုတ်ဘူးနော် ဆူး"

"ကျွန်မမရူးဘူး ဒါပေမဲ့ကျွန်မသူ့ကိုတွေ့မှဖြစ်မယ် သူကကျွန်မအတွက် တကယ်ကိုအရေးကြီးနေတဲ့ လူတစ်ယောက်မို့ပါ"

သူမအတော်ထိခိုက်နာကျင်နေဟန်တူသည်။ အသံလေးပင် တုန်ရီနေသည်ကို သတိထားမိတော့ အပြစ်တင်လိုသည့်စိတ်ကို မျိုသိပ်ထားပစ်ရင်း သူမချင့်မရဲဆိုလိုက်မိ၏။

"နှစ်တွေဒီလောက်ကြာတာ ဒီလူဘယ်လိုလုပ်ရှိနိုင်တော့မှာလဲဆူးရာ သေသလားရှင်သလားတောင် သေချာမပြောနိုင်ဘူး ကျွတ်.. မဟုတ်သေးပါဘူး ခင်ဗျားသူ့ကို ဘယ်လိုဆက်စုံစမ်းမှာလဲ ဒီနားလေးကလူတွေလည်း မသိကြဘူး"

"ဒါပေမဲ့ ကျွန်မသူ့ကိုတွေ့မှဖြစ်မယ် သူသေချာပေါက် ရှိမှာပါ"

"ကဲ..ဒါဆိုရင်လည်း မနက်ဖြန်မှတစ်ခေါက် ဆက်လာကြတာပေါ့ အခုမှောင်တော့မယ် ကျွန်တော်တို့ ပြန်ကြတာပိုကောင်းမယ်ထင်တယ်"

သူ့စကားကို သူမမငြင်းသာတော့ပါ။ အမှန်တကယ်လည်း ဒီထက်မိုးချုပ်သွားရုံသာရှိသည်။ စုံစမ်းဖို့က မလွယ်ကူတော့သဖြင့် ဆူးမသာမယာ ခေါင်းညိတ်လိုက်ရင်း

"အင်းပါ မပြန်ခင် ဘုရားခဏဝင်ရှိခိုးရအောင် စေတီဝန်းထဲရောက်လာပြီးမှ ဘုရားမရှိခိုးရင် မကောင်းဘူး "

"သဘောပါဗျာ"

သူတို့စေတီတော်ဖက်သို့လျှောက်သွားပြီး ဘုရားရှိခိုးလိုက်သည်။ ဘုရားရှိခိုးပြီးချိန်တွင်တော့ ညောင်ပင်တစ်ပင်အောက်တွင် တရားထိုင်နေဟန်ရှိသော ဘုန်းကြီးတစ်ပါးကို ရှိန်းသတိပြုလိုက်မိသည်။ စင်ကြယ်သောဥပဓိရုပ်သွင်နှင့် သီလသမာဓိပြည့်စုံဟန်ရှိသောသွင်ပြင်ကြောင့် အလိုလိုကြည်ညိုသွားမိပြီး

"ဆူး ကျွန်တော်တို့ဟိုနားက ဘုန်းကြီးကို အလှူငွေထည့်ရင်းနဲ့ သွားကန်တော့ရအောင် ဘုန်းဘုန်းရုပ်သွင်ကအရမ်းကြည်ညိုဖို့ကောင်းတယ် ခင်ဗျားတော့မသိဘူး ကျွန်တော်ကဒီကနေလှမ်းဖူးနေရင်းနဲ့ကို စိတ်တွေအေးချမ်းနေမိတယ်"

သူ့စကားကို ဆူးဘာမှမတုန့်ပြန်ဘဲ သူ့နောက်သာ အသာလိုက်လာလိုက်၏။ ဘုန်းကြီးအနားရောက်တော့ ခြေသံတွေကြောင့်ထင်သည် ဘုန်းဘုန်းမျက်လုံးတွေ ပွင့်လာသည်။ ရှိန်းစေကံနှင့်ဆူးက ရိုသေကျိုးနွံစွာ ထိုင်ကန်တော့ပြီးနောက် အလှူငွေဆက်ကပ်လှူဒါန်းလိုက်သည်။

ဘုန်းကြီးက ခေါင်းတစ်ညိတ်ညိတ်နှင့် သာဓုခေါ်ရင်းမှ တစ်စုံတစ်ရာထူးခြားမူကို သတိပြုလိုက်မိသည်။ ဟိုးခပ်လှမ်းလှမ်းကို လှမ်းကြည့်လိုက်တော့ စေတီရင်ပြင်ထဲ မဝင်နိုင်သဖြင့် ရပ်ကျန်ခဲ့သည့် အရိပ်ဖြူဖြူလေးတစ်ခု...

ပြီးနောက်မိန်းကလေးငယ်၏မျက်နှာကို စူးစူကြည့်ရင်းမှ တစ်စုံတစ်ရာကိုနားလည်သွားကာ သက်ပြင်းကို လေးပင့်စွာချလိုက်တော့သည်။

"ဒကာမလေးပဲကို အိမ်း.. ဘုန်းဘုန်းနဲ့ပြန်ဆုံရပြီကို နှောင်တွယ်ရာတစ်ခုနောက် အရိပ်တစ်ခုလို လိုက်နေပါလား ဒုက္ခ..ဒုက္ခ"

"ရှင် ဘုန်းဘုန်း ဘာပြောလိုက်သလဲဘုရား တပည့်တော်မ နားမလည်လို့ပါ"

ဆူးက သူမကိုပြောသည်ထင်သွားကာ နားမလည်ဟန်ဖြင့် ဆိုလိုက်၏။ ဘုန်းကြီးကာ ဘာမှမတုန့်ပြန်ပါ။ သို့သော် အာရုံတွင်ပေါ်လာသည့်အရိပ်ဆိုးတွေကြောင့် စိတ်မသက်သာစွာဖြင့် ခေါင်းကိုခါရမ်းလိုက်ရင်း

"ဒကာမလေးနားမှာ မမြင်နိုင်တဲ့အရာတစ်ခု တွယ်ကပ်နေတယ်.."

"ရှင်..."

"သူဟာဘာအတွက်နဲ့ပဲ တွယ်ကပ်သည်ဖြစ်ပါစေ ဘဝချင်းမတူတဲ့ ဘုံတစ်ခုကမို့ မကောင်းတဲ့အငွေ့အသက်နဲ့ ကံကြမ္မာဆိုးတွေကတော့ လွှမ်းခြုံနေလိမ့်မယ် ဒါကြောင့်ဒကာမလေးဘေးနားမှာ သူရှိနေသရွေ့ ဒကာမလေးသွားလေရာထိတွေ့ရမယ့်ပတ်ဝန်းကျင်တွေမှာ လူတွေအတွက်ထိခိုက်စေမဲ့ဆိုးကျိုးတွေ ဖြစ်လာလိမ့်မယ် တစ်ယောက်ပြီးတစ်ယောက်ကံဆိုးသွားလိမ့်မယ် "

ဘုန်းဘုန်းသည် မန်နေဂျာတိုးကြီးနှင့် ကားဆရာအိုက်ကွမ်း၏အဖြစ်တို့ကိုမြင်ယောင်လာ၍ စိတ်မသက်သာစွာပင်ရွတ်ဆိုလိုက်မိသည်။

ဘုန်းကြီးကာ အမှန်တကယ်တော့ ဒေါ်မိုးမာန်အိမ်သို့ရောက်လာခဲ့ပြီး ထိုဝိညာဉ်ဖြူနှင့် တစ်ခါဆုံဆည်းခဲ့ဖူးသည့် ဘုန်းကြီးပင် ဖြစ်သည်။ယခုလည်း ထပ်မံဆုံဆည်းခဲ့ရချေပြီ..။

ဤကလေးမလေးတွင်ရှိနေသည့် မမြင်နိုင်သော ဝိညာဉ်သည် ပြင်းထန်သောအစွဲအလမ်းနှင့် အမှောင်မိုက်ဖုံးနေသောမေတ္တာတို့ဖြင့် စွမ်းအားကြီးလွန်းလှသည်။ ဟိုအဝေးကပင် ပူလောင်ခြင်းတို့ကို ခံစားမိစေသည်အထိ ကြောက်စရာကောင်းသော အရာတို့ ဖုံးလွှမ်းနေသည်။ ဤဝိညာဉ်သည် လူသားတစ်ယောက်ဘေးနားဆက်ရှိနေပါက နောက်ထပ်လူတွေ သေကျေပျက်ဆီးရပေဦးမည်။ နောက်ထပ်ကံနိမ့်သည့်လူတစ်ယောက်ယောက်နှင့် ကြုံလာပါက အသက်တွေပေးရသည်အထိ ဆိုးကျိုးတွေဖြစ်လာမည်။

ဒါကိုတားဆီးရမည်ဟူသော အတွေးဖြင့် ဘုန်းကြီးသည် အိတ်ထဲမှအဖြူရောင် ချည်ကြိုးတစ်ခုကို ထုတ်ယူလိုက်ပြီးနောက်

"ဒီကြိုးကအဓိဌာန်အောင်ထားတဲ့ ပရိတ်ကြိုးပဲ ဒကာမလေး ဒါကိုလက်မှာအမြဲချည်ထားပါ ဒကာမလေးနား စွဲကပ်နေတဲ့မကောင်းတဲ့ အရာမှန်သမျှ လွင့်စင်သွားလိမ့်မယ်"

"တင့်ပါ့ဘုရား ..ကျေးဇူးကြီးလှပါတယ်ဘုရား"

ဆူးသည် ဘုန်းကြီးကမ်းပေးသည့် ပရိတ်ကြိုးကို လက်တွင်ချည်ထားလိုက်ပြီး ဘုန်းကြီးကို ထပ်မံကန်တော့လိုက်၏။ ထို့နောက် သူတို့ထိုနေရာလေးမှ ထွက်လာတော့ ရှိန်းက..

"ဘုန်းကြီးစကားတွေကထူးဆန်းတယ် ကျွန်တော် ဘာတစ်ခုမှကိုနားမလည်ဘူး သူခင်ဗျားကိုပဲ ကြည့်ပြီးပြောသွားတယ်ဆူး ခင်ဗျားနားလည်လား"

"ဟင့်အင်း..."

ဆူးစိတ်ရူပ်ထွေးစွာပင် ခေါင်းခါယမ်းလိုက်၏။ သူမဘာတစ်ခုမှ နားမလည်အောင်ဖြစ်ရသည့်တိုင် ဘုန်းကြီးကိုပြန်မမေးမိခဲ့ပါ။ စိတ်ထဲနေရင်းထိုင်ရင်း မသိုးမသန့်ဖြစ်လာသဖြင့် ဒီနေရာမှသာ အမြန်ဆုံးထွက်ခွာချင်ရာ..

"ကျွန်မတို့ အမြန်ပြန်ရအောင်"

မျက်နှာပျက်ယွင်းနေသည့်ဆူးကြောင့် သူလည်းဘာမှထပ်မမေးတော့ပါ။ သူတို့မသိခဲ့သည်က သူတို့ဘုရားဝန်းပြင်ထွက်လာသည်နှင့် သူတို့နောက်ကပ်ပါသည့် အဖြူရောင်အရိပ်လေးတစ်ခု..

သို့သော်..

"အား..."

ပြင်းထန်သော စွမ်းအားတစ်ခု၏ တွန်းကန်မူကြောင့် ပြန်လွင့်စင်သွားခဲ့ရာ..

"တောက်.."

ထိုအရိပ်ကဒေါသတကြီးပြန်ထသည်။ ထပ်ကပ်လိုက်သွားရန်ပြင်သည့်တိုင် အနီးရောက်သည်နှင့် တစ်ကိုယ်လုံး လောင်မြိုက်သကဲ့သို့ ခံစားလိုက်ရပြီး အားနှင့်တွန်းခံရပြန်၏။

ဒီတစ်ခါပိုနာကျင်သွားကာ ဒဏ်ရာရသွားသည်။ သို့သော်အားမာန်မလျှော့ဘဲ သူမထပ်လိုက်သွားရန် ကြိုးစားလိုက်စဉ်..

"တော်ပါတော့ ဒကာမလေး.."

ကြည်လင်အေးမြသောအသံနှင့်အတူ အနားရောက်လာသူက ဘုန်းဘုန်း။ သူမဝုန်းခနဲ့ထရပ်ပြီး ဘုန်းဘုန်းကို မကျေမနပ်သောမျက်လုံးနီများဖြင့် စူးစိုက်ကြည့်လိုက်ကာ

"ဘုန်းဘုန်း သူ့ကိုအဆောင်ပေးလိုက်တာ ကျွန်မတို့ကို ခွဲလိုက်တယ်.."

"ဒကာမလေးတို့က ဘဝချင်းမတူတော့ဘူးလေ ဒကာမလေး သူ့အနားရှိနေလို့ ဒီနေ့မသေသင့်တဲ့ လူတစ်ယောက်သေခဲ့ရပြီ နောက်ထပ်ရှိနေသေးရင် လူတွေအကြောင်းမဲ့ထပ်သေရဦးမယ် ဒါကြောင့် ဘုန်းဘုန်းတားဆီးရတာပါ "

"ကျွန်မသူ့အနားပဲနေမယ် သူ့ကိုကာကွယ်ပေးရမယ် ဘုန်းကြီးထပ်တားရင် ကျွန်မဘုန်းကြီးကိုလည်းမညာတော့ဘူးနော် ကျွန်မတို့ရန်သူဖြစ်သွားမယ်"

"ဘုန်းဘုန်းစကားကို နားထောင်ပါ ဒီနေရာဟာ ဒကာမလေးနေသင့်တဲ့နေရာ မဟုတ်ဘူး လာခဲ့တဲ့နေရာကို ပြန်သွားပါ ဒကာမလေးသူ့ကို ဝဋ်ကြွေးတွေ ထပ်မပေးချင်ပါနဲ့တော့ "

"ဟင့်အင်း..."

ဘုန်းကြီးကာ သက်ပြင်းလေးချလျက် ထွက်သွားတော့၏။ အဖြူရောင်မိန်းကလေးကာ အနားကပ်ခွင့်မရတော့သည့် မြတ်နိုးလွန်းသော ကျောပြင်လေးတစ်ခုကိုငေးကြည့်ရင်း ကျန်ခဲ့ရှာသည်။

တင်းမာလွန်းသောမျက်ဝန်းတို့က အားဖျော့ညှိုးငယ်လာပြီးနောက် မျက်ရည်တို့ကတလိမ့်လိမ့်..

အနားတိုးဖို့ကြိုးစားတိုင်း ပူလောင်လွန်းသဖြင့် နောက်ပြန်ဆုတ်ရင်း မခံရပ်နိုင်အောင် တမြေ့မြေ့နာကျင်နေတော့သည်။ အပြင်ပူလောင်မူထက် ရင်တွင်းလောင်မြိုက်မူက ပို၍ပြင်းထန်နေရာ..

နေရာတွင်ပင် လဲှပြိုကျသွားရင်း သူမမျက်ဝန်းမှမျက်ရည်တို့က အဆက်မပြတ်စီးကျလာ၏။ တဖြည်းဖြည်းဝေးလွင့်သွားသည့် ကျောပြင်လေးကိုသာ နာနာကျင်ကျင် ငေးကြည့်နေမိသည်။

ထိုစဉ် သစ်ပင်ထက်ဆီမှခရေပန်းတို့က တဖြုတ်ဖြုတ်ကြွေကျလာ၏။ ပူလောင်စွာငိုကြွေးနေသော ဝိညာဉ်ဖြူလေးတစ်ခုနား ဝမ်းနည်းစွာစုပုံလာလျှက်

သွေးမျက်ရည်အချို့ကတော့ ခရေပန်းဖြူဖြူလေးထက်ဝယ် တပေါက်ပေါက်စီးကျနေပြီးနောက်....

အရာအားလုံးတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြန်၏။ ထို့အတူ ဝိညာဉ်ဖြူလေးတစ်ခုကတော့ နာနာကျင်ကျင် ရိူက်ငိုနေခဲ့ရာ..

ဆက်ရန်
ဆူးခတ်ပန်း

Continue Reading

You'll Also Like

27.1K 2.2K 56
ဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက...
686K 18.1K 78
ညဘက်မှာပဲ ထွက်တဲ့ကြယ်လေးတွေက နေ့ခင်းဘက်မှာထွန်းလင်းတဲ့နေမင်းကြီးကို သတိရနေတတ်သလိုမျိုး ဘယ်သောအခါမှမဆုံနိုင်ပေမယ့် ကျမရှင့်ကို လွမ်းနေဦးမယ်ထင်ပါရဲ့...
414K 17.5K 44
UNICODE AND ZAW GYI❗️ Start Date - July 24 2022 End Date - Nov 29 2022 အဂၤလိပ္ေခတ္ကၿမိဳ႔စားမင္းရဲ့ ခ်စ္ဇာတ္လမ္းမၿပီးဆံုးပဲ အချစ္ေတြတဖန္ျပန္ရွင္သန္လာ...
454K 70.2K 183
ဘာသာပြန်သူ- စွဲညို့အသင်း (ဘာသာပြန်သူတစ်ဦးတည်း မဟုတ်ပါ) MC ကျန်းလော့က အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်နေသဘောသဘာဝကို ပိုင်ဆိုင်ထားပါတယ်။ ML ချီယုံကကျ စ...