The LOEY

By Astronv_61

109K 15.8K 2.8K

တောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68

Part 32

1.2K 238 24
By Astronv_61

Unicode

"လူသားမဟုတ်လောက်ဘူး ?"

ဘခ်ဟျွန်းလေသံသည် အထိတ်တလန့်မဟုတ်၊ မမျှော်လင့်ထားသည့်ဟန်ဖြင့် အံ့ဩသွားရုံသာ။ ချန်းယောလ်ခေါင်းညိတ်ပြလိုက်သည်။

"မင်းအမေကလည်း ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးခဲ့တာဆိုတော့ သူဒါတွေကို ဘယ်ကသိရတာလဲ ဆိုတာကလည်း တွေးစရာပဲ"

ဘခ်ဟျွန်းအနည်းငယ်ငြိမ်ကျသွားသည်။

"အမေက ငယ်ငယ်တည်းက အဲ့ဒီမျက်မမြင်ဖွားဖွားဆီက မကြာခဏသွားလေ့ရှိတာမို့ အဲ့ကနေသိရတယ်ထင်တာပဲ"

ထိုအချိန်မျိုးဆို ဘခ်ဟျွန်းပေါက်စလေးသည် အိမ်တွင်အမြဲတစ်ယောက်တည်းသာ ကျန်ခဲ့ရမြဲ။ ပြဿနာတော့မရှိပါချေ၊ သူ့ကို ငယ်ငယ်တည်းက တစ်ယောက်တည်းနေသားကျအောင် မားက အကျင့်လုပ်ပေးခဲ့ခြင်းကြောင့် ထူးထူးခြားခြား ခံစားချက်သိပ်မရှိ။

"မျက်မမြင်ဖွားဖွား ?"

ချန်းယောလ်မေးခွန်းထုတ်လာ၏။ ဘခ်ဟျွန်းခေါင်းသာ ခါပြမိသည်။

"ကျွန်တော်လည်းမသိဘူး ဟိုတလောက သွားကြည့်မိတော့ ဆုံးသွားပြီလို့ပဲ ကြားပြီး အဲ့ဒီဓားမြှောင်ကိုပေးခဲ့တာပဲ"

ထိုအဖွားသည် ဗေဒင်ဆရာမလည်းမဟုတ်သလို နတ်ကတော်လည်းမဟုတ်မှန်း သူ၏ ရိုးရှင်းနေသော ပျဥ်ထောင်အိမ်လေးကနေပင် ဘခ်ဟျွန်းသိသည်။ ငယ်ငယ်တည်းက မှတ်မိနေသည့်တစ်ချက်ကား ထိုအိမ်၏ ဟောင်းနွမ်းနေသော သုံးထပ်သားသစ်ရနံ့တို့နှင့် ခြောက်ခြောက်ကပ်ကပ် ပတ်ဝန်းကျင်ကိုသာ။ ဘခ်ဟျွန်းတစ်ယောက်တည်း သွားကြည့်တုန်းက သတိထားမိသလောက်ဆိုလျှင် ထိုအိမ်သည် ရပ်ရွာအတွင်းမှ ဖယ်ကျဥ်ထားခံ့ရပုံပေါ်သည်။ ထိုအိမ်ကိုလာရှာသော ဘခ်ဟျွန်းကိုပင် အထူးတဆန်းကြည့်ကြပုံများကို ယခုထိမှတ်မိနေသေးသည်မို့။

ဘခ်ဟျွန်းစကားကြောင့် ချန်းယောလ် ရုတ်ချည်းပြန်သတိရသွား၏။

ထိုနေ့က သူကိုယ်တိုင် ဘခ်ဟျွန်းနောက် လိုက်သွားခဲ့ခြင်း မဟုတ်ပေလား။ သတိပြုမိသည့်တစ်ချက်ကား ထိုနေရာသည် ချန်းယောလ်တို့ တောင်ခြေနှင့် အလွန်တရာမှ နီးစပ်သော နေရာတွင်ရှိသည် ဆိုသည်ကိုပင်။

တောင်ခြေတွင် နေထိုင်သည့်အပြင် ဓားမြှောင်ကိုပါ လက်ဝယ်ပိုင်ဆိုင်ထားသည်။ လူတွေကြား လျှို့ဝှက်စွာ ပုန်းလျှိုးကွယ်လျှိုး နေထိုင်နေသည့် စွမ်းအားရှင်တွေဖြစ်နိုင်ပြီး ၎င်းအချက်က မထူးဆန်းသည့်တိုင် ထိုဓားမြှောင်က အဘယ်ကြောင့် သူတို့လက်ထဲရောက်နေသည်လဲ။ အဘယ်ကြောင့် လက်ဝယ်ပိုင်ဆိုင်နေပါလျက်နှင့် တိတ်တဆိတ်ပုန်းလျှိုးကွယ်လျှိုး နေထိုင်ခဲ့ကြသည်လဲ။ ၎င်းဓားကို လက်ဝယ်ပိုင်ဆိုင်ထားသည့် မည်သည့်လူမဆို ဓားကို အသက်သွင်းမခံရပါက မျောက်အုန်းသီးရသလို အသုံးချကြမည်က မလွဲမသွေပင်။

ဖြစ်နိုင်သည်ကား တစ်ချက်သာရှိသည်။

နောက်ကွယ်ကနေ ဘခ်ဟျွန်းအား ကူညီနေကြသူများ။

နောက်ကွယ်ကနေ ကူညီနေကြသူများမို့ ပြဿနာမရှိဟု ယူဆနိုင်သည့်တိုင် မည်သူက ညွှန်ကြားထားသလဲ ဆိုသည်ကိုတော့ ချန်လှပ်ထား၍မရချေ။ မိမိနှင့်မသက်ဆိုင်သည့် လူတစ်ယောက်အပေါ် စိတ်လိုလက်ရကူညီချင်စိတ်ဆိုသည်ကား မည်သူတစ်ဦးတစ်ယောက်တွင်မှ မရှိပါချေ။ ချန်းယောလ်တို့လို စွမ်းအားရှင်တွေဆိုလျှင် ပိုလို့တောင် လူသားတွေအပေါ် ကူညီချင်စိတ်မရှိ။ ထို့အတူ လူသားမဆိုနှင့် ဘခ်ဟျွန်းကဲ့သို့ ကြင်ရာတော် တစ်ယောက်သာဆို အပေါ်ယံကူညီမှုသာဖြစ်ပြီး အတွင်းကျကြံစည်မှုသာ ဖြစ်နိုင်သည်။ အနည်းဆုံး ကောင်းစေချင်သည့် စိတ်နှင့်ဖြစ်စေ၊ ဆိုးစေချင်သည့်စိတ်နှင့် ဖြစ်စေ နောက်ကွယ်တွင်တော့ စေညွှန်ထားသည့် လူတစ်ယောက် ရှိကိုရှိလိမ့်မည်။ သို့ဆိုလျှင် ---

"မင်းငယ်ငယ်တည်းက ထူးဆန်းတဲ့အပြုအမူတွေ ကြုံခဲ့ရဖူးလား"

ဘခ်ဟျွန်းသည် သူ့ကိုသာ အပီအပြင်အားကိုးနေမှန်း သိပ်သိသာသည်။ အနည်းငယ်လောက် မေးသမျှပြန်ဖြေပြီးတိုင်း အစားအသောက်၌သာ အာရုံပြန်ရောက်သွားမြဲဖြစ်ပြီး ချန်းယောလ်ကသာ အစားအသောက်၌ အာရုံမရှိတော့ဘဲ သူ့အတွက်တွေးပူပေးနေရသည်။

ဘခ်ဟျွန်းခေါင်းခါပြသည်။ သို့ပေသည့် ဝါးနေသည့် ပါးလုံးလုံးလေးမှာ ရုတ်ချည်းရပ်တန့်ကာ ခေါင်းညိတ်လာပြန်သည်။ တဆတ်ဆတ်ညိတ်ပြခြင်းဖြစ်ပြီး ကြက်ကလေး ဆန်စေ့ပေါက်နေသည့်နှယ်။

"ထူးဆန်းတာဆိုရင် ခင်ဗျားပဲလေ !"

"......."

မျက်ခုံးတွေတွန့်ချိုးပြမိတော့ ပြုံးတုံ့တုံ့လေးလုပ်ပြကာ နောက်တစ်လုပ် ထပ်သွတ်သွင်း၏။

"ငါမဟုတ်ဘဲ တစ်ခြားရော ဘာရှိသေးလဲ"

အနည်းငယ် အတည်အတန့်ဖြစ်သွားကာ စဥ်းစားသည့်ဟန် မျက်စံထောင့်ကပ်ပြ၏။ ထမင်းကိုဝါးနေသည်ကို ရပ်လိုက်သည်မို့ ချန်းယောလ်ပါးစပ်ကလည်းမနေနိုင်၊ လွှတ်ကနဲ။

"ငုံမထားနဲ့ သေချာဝါး"

ကလေးတွေလိုပင်၊ အစအဆုံးလိုက်ပြောနေမိသည်ကို သိပေမယ့် ချန်းယောလ်ကိုယ်တိုင်လည်း ထိန်းချုပ်၍မရ။ ဘခ်ဟျွန်းကတော့ သိသိသာသာလိုက်နာပြပေမယ့် အတွေးတို့က မရပ်တန့်သေးသည့်ဟန်ဖြင့်။

"အိမ်ငှားတဲ့ဖွားဖွားကတော့ တစ်ချက်တစ်ချက် ထူးဆန်းတာတွေ ရှိခဲ့ဖူးတယ်ထင်တယ် ? မရှိဘူးထင်တယ် ရှိလားမသိဘူး"

ခေါင်းတကုပ်ကုပ်ဖြင့် သေချာပြန်တွေးနေသော ကောင်လေးကို ပစ္စုပ္ပန်သို့ပြန်ခေါ်ရသည်။

"ထမင်းအရင်စား၊ နောက်မှပြောရအောင်"

"ဟုတ်"

လက်ခံလိုက်ပေမယ့် စကားတော့နားမထောင်။

"ဒါပေမယ့်လေ ကျွန်တော်သတိထားမိသလောက်ဆိုရင် တစ်ခါတစ်လေ အဖွားက အဖွားမဟုတ်သလိုပဲ"

ချန်းယောလ်မျက်ခုံးတွေတွန့်ချိုးသွားသလို ဘခ်ဟျွန်းအတွေးတို့ကလည်း ထိုအချိန်နေရာတို့ထံ ပြန်သတိရမိသည်။

ဒေါသထွက်လွယ်သည့်အဖွားက တစ်ခါတစ်လေ စိတ်ရှည်နူးညံ့နေတတ်ပြီး တစ်ခါတစ်လေ သူကိုယ်တိုင်ပင် မသိသည့် စကားလုံးတွေကိုပြောတတ်သည်ကို သတိပြုမိသည်။ နှစ်ကြိမ် သုံးကြိမ်လောက်သာ ကြုံဖူးခြင်းမို့ ထိုစဥ်အခါတုန်းက သိပ်ပြီးအတွေးမလွန်ခဲ့မိချေ။

အတွေးအကုန်ထုတ်ပြောလာသည့် ဘခ်ဟျွန်းစကားကို ကြားပြီးနောက် ချန်းယောလ်ခေါင်းထဲတွင် သံသယရိပ်တစ်ခုသာ ထင်ဟပ်နေခဲ့၏။

ထိုမေးခွန်းအပြီးနောက်ပိုင်း ချန်းယောလ်လည်း ဘာမှမပြောတော့သည်မို့ ဘခ်ဟျွန်း စားလက်စကိုသာ ခပ်မြန်မြန်လက်စသတ်လိုက်သည်။

ထိုနောက်ပိုင်း ပန်းကန်ဆေးပေးပြီးသည်နှင့် အခန်းထဲက စာအုပ်ထုတ်ယူလာကာ ဧည့်ခန်းကျယ်ကြီးထဲတွင် ငုပ်တုပ်ထိုင်ဖတ်သည်။

ချန်းယောလ်အိမ်တွင်နေရခြင်းသည် ဘခ်ဟျွန်းမည်သည့်အခါကမှ မခံစားဖူးသည့် လုံခြုံမှုကိုပေးစွမ်းသည်။ သို့သည့်တိုင် ကျောင်းပြီးကတည်းက ဘခ်ဟျွန်းအတွက် လုပ်စရာမရှိ၍ နေ့တိုင်းလိုလို အပျင်းတစ်စေသည်ပင်။

တစ်နေ့တစ်နေ့ စားပြီးအိပ်၊ အိပ်ပြီးစားသာ လုပ်နေသည်မို့ ယခင်ကထက်ပင် နည်းနည်းပိုဝလာသလို။ နေ့ရက်တိုင်းသည် လုပ်စရာမရှိ၍ တီဗွီကြည့်သည်၊ ပြီးလျှင် ခြံထဲက ပန်းပင်တွေကို ရေလောင်းပြုစုပြီး ထိုနေရာတွင်သာ နှစ်နာရီလောက် အချိန်ဖြုန်းလေ့ရှိသည်။ ပြီးလျှင် နေ့လယ်တရေးတမောအိပ်သည်။ တစ်ခါတစ်ရံ ပျင်းလျှင် မီးဖိုချောင်ထဲ ဟင်းဝင်ချက်တတ်ပြီး ချန်းယောလ်ကို မရရအောင် ဆရာလုပ်သည်။

ဆိုရလျှင် ယခုကဲ့သို့ဖတ်စရာစာအုပ်အထူကြီးရနေခြင်းကား ဘခ်ဟျွန်းတစ်နေရာတည်းတွင်သာ ငြိမ်ကုပ်သွားစေပြီး တစ်ခြားမည်သည့်ကိစ္စကိုမှလည်း အာရုံမရစေတော့ပါချေ။

စံအိမ်ထဲတွင် နေထိုင်ကြသူများ တဲ့။ စွမ်းအားရှင် အများစုအတွက် ၎င်းစံအိမ်သည် မဖြစ်မနေ နေထိုင်စရာမလိုအပ်ချေ။ များသောအားဖြင့် မွေးဖွားကာစ ကလေးသူငယ်တချို့နှင့် အင်အာနည်းသည့် သားကောင်တစ်ချို့ နေထိုင်ရာဖြစ်ပြီး စံအိမ်အတွင်းရှိ အဓိက စည်းမျဥ်းစည်းကမ်းဟူသည်ကား သားကောင်တွေအပေါ် အနိုင်မကျင့်ဖို့တစ်ခုတည်းသာ။ ကျန်သည့် အရွယ်ရောက်ပြီး၊ မိမိကိုယ်ကိုယ် ကာကွယ်နိုင်သည့် မည်သူမဆို စံအိမ်ထဲကနေ ထွက်ပြီး လူ့လောကထဲရောနှောနေထိုင်၍ရသည်။

ဆိုရလျှင် ထိုစံအိမ်ထဲက ထွက်ပြီးနောက်ပိုင်း မည်သည့်စည်းကမ်းကမှ သားကောင်တွေအပေါ် ကာကွယ်ပေးထားတော့မည် မဟုတ်သလို အနိုင်ကျင့်မှုများဟာလည်း နေရာတိုင်းတွင် ဖြစ်နိုင်သည်။ သို့ကြောင့်လည်း ထိုစံအိမ်ဟူသည်ကား ၎င်းတို့အားနည်းသူတွေအတွက် ခိုလှုံစရာနေရပ်တစ်ခုဖြစ်ပြီး တစ်ခါတစ်ရံ စွမ်းအားရှင်တို့အတွက် စည်းဝေး တွေ့ဆုံဖို့ရာ သတ်မှတ်ထားသော နယ်မြေတစ်ခုထက်မပိုပါချေ။

ထိုအကြောင်းအရာများကို ဖတ်ပြီးနောက် ဘခ်ဟျွန်းခေါင်းထဲပေါ်လာသည့် တစ်ခုတည်းသော စကားလုံးကား ဇရပ်ဟူ၍ဖြစ်သည်။ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်၍ရပြီး လိုသည့်အချိန်တိုင်း ဝင်နားခို၍ရသည်မို့။

ဤသို့ဖြင့် နန်းတော်တမျှကြီးကျယ်ခမ်းနားလှပသော စံအိမ်ဟူသည်ကား ဘခ်ဟျွန်းအတွေးအောက် ဇရပ်တစ်ခုဖြစ်သွားရရှာ၏။

စာအုပ်ပါ အကြောင်းအရာများကို ပြန်ဆက်ရလျှင် ထိုသို့စံအိမ်များသည် အဖွဲ့အစည်း တစ်ခုချင်းစီတိုင်းတွင်ရှိပြီး လွန်ခဲ့သောညတစ်ညက ချန်းယောလ်ပြောခဲ့သလိုပင်၊ မြေကမ္ဘာအဖွဲ့အစည်းက စံအိမ်အား ဗဟိုစံအိမ်ဟု သတ်မှတ်ပြီး တစ်စုံတစ်ခုအတွက် စုဝေးချင်တိုင်း ဗဟိုစံအိမ်တွင်သာ စုဝေးလေ့ရှိသည်။ အကြောင်းပြချက်မှာ ရိုးရိုးရှင်းရှင်းသာ၊ မြေပေါ်တွင် ရှိ၍ တဲ့။

သေချာစဥ်းစားကြည့်လျှင်လည်း မမှားပါချေ။ အကယ်၍ ရေအဖွဲ့အစည်းသာ ဗဟိုစံအိမ်ဖြစ်ခဲ့မည်ဆို ရေအောက်ထဲ ဆင်းနေရမည်မဟုတ်ပေလား။ ပထမအဆင့် စွမ်းအားရှင်တိုင်းက ကိုယ်ပိုင်အသွင်ရှိစမြဲမို့ မြေပေါ်သက်ဆင်းကြရတာ သိပ်အခက်အခဲမရှိ။

ဘခ်ဟျွန်းစိတ်ဝင်စားသည်မှာ နေအဖွဲ့အစည်းအကြောင်းသာဖြစ်ပြီး တစ်ရွက်ပြီးတစ်ရွက် စိတ်ဝင်တစား လှန်ဖတ်နေသည့်တိုင် စာအုပ်ထဲတွင် အနည်းငယ်မျှသာ ထည့်သွင်းဖော်ပြသွားပြီး ၎င်းအချက်များဟာလည်း ချန်းယောလ်ပြောပြသလောက်ပင် မစုံလင်ပါချေ။ ထိုတစ်အုပ်လုံးကို ပြီးဖို့အတွက် သုံးရက်မျှအချိန်ပေးဖတ်လိုက်ရပြီးနောက် နေအဖွဲ့အစည်းအကြောင်း သိပ်မပါသည်မို့ ချန်းယောလ်ကို မေးကြည့်မိတော့ ဖြေလာသည်က ခပ်တုပ်တုပ်။

"မထွက်ပေါ်လာတာကြာပြီမလို့ ဘာအကြောင်းမှထည့်စရာမရှိတာ"

"သြော်"

ထိုစာအုပ်ပြီးနောက်ပိုင်း ဖတ်စရာအသစ်တစ်အုပ်ကို ကိုင်မည်လုပ်တော့ ချန်းယောလ်က နှစ်ရက်လောက် နားခိုင်းသည်။

ဒုတိယတစ်အုပ်ကား ဓားမြှောင်အကြောင်းဖြစ်သည်။

စာအုပ်သည် ၂ လက်မနီးပါးလောက် ထူထဲနေပြီး ထိုတစ်အုပ်လုံးတွင်ပါဝင်သမျှက ဓားတစ်ခုတည်းအကြောင်း တဲ့ ..

စာအုပ်ထဲတွင်ပါသမျှကတော့ အံ့ဩစရာတွေချည်းပင်။

ထိုဓားမြှောင်စတင်ဖြစ်ပေါ်လာပုံ။ စာက တော်တော်ရှည်သော်ငြား အကျဥ်းချုပ်ရလျှင်တော့ လောကရှိ အင်အားကြီးစောင့်ရှောက်သူတွေကို ထိန်းချုပ်နိုင်ဖို့ရာအတွက် ဖန်တီးပေးလိုက်သော အထိန်းအကွပ်ပစ္စည်းဟုပင် ဆို၍ရမတတ်။ ထို့အပြင် ဓားသည်သုံးသွယ်တည်းသာရှိပြီး အကုန်လုံးတွင် ခိုအောင်းနေသော ရှေးဟောင်းဝိဉာဥ်တစ်မျိုးရှိသည်ဟု ဆို၏။

လူအသွင်ပြောင်း၍တော့မရသည့်တိုင် စောင့်ရှောက်သူတွေထက်ပင် ပို၍ရှေးကျပြီး ဩဇာကလည်းပြင်းကာ မည်သူ့ကိုမှလည်း အကြောက်အလန့်မရှိ၊ အမိန့်မနာခံတတ် တဲ့ ...။

ထိုစဥ်က ဘခ်ဟျွန်းအူကြောင်ကြောင်လေးဖြင့် စင်ပေါ်တွင် တင်ချင်သလိုတင်ထားဖြစ်သည့် ဓားမြှောင်ကို မော့ကြည့်မိသေးသည်။

မည်သူ့ကိုမှအကြောက်အလန့်မရှိလို့သာပဲ ... ဘာကြောင့်များ ချန်းယောလ်ရှေ့ဆို ငြိမ်ကုပ်နေရသည်လဲ။

ရှင်းရှင်းဆိုရလျှင်ထိုကောင်တွေက အရွေးချယ်ခံထားရသည့် စောင့်ရှောက်သူကိုတောင် အထင်မကြီးချင်ကြတာမျိုးပေ။ သို့သည့်တိုင် ချန်းယောလ်က စောင့်ရှောက်သူလည်း ဟုတ်မနေခဲ့ .. ?

သက်ပြင်းတစ်ချက်ဖြင့်သာ သိချင်စိတ်တို့ကို ခေတ္တဖယ်ချရင်း စာအုပ်ထံ အာရုံပြန်ပို့ရသည်။

ဘခ်ဟျွန်းအတွက် အံ့ဩစရာအကောင်းဆုံး တစ်ချက်သည်ကား ထိုဓားမြှောင်သည် အသွင်မျိုးစုံပြောင်း၍ ရခြင်းဟူသည့် အချက်ဖြစ်သည်။

လူအသွင်တော့မပါပေမယ့်ပေါ့ ...

အမြဲလိုလို သံချေးတက်နေသည့် ခပ်တုံးတုံးဓားအနေဖြင့်သာ မြင်ရလေ့ရှိသည်ကား ထိုဓား၏မိမိကိုယ်ကိုယ် ခုခံကာကွယ်မှုသာဖြစ်ပြီး သူ၏ပုံရိပ်အစစ်လည်းမဟုတ်ချေ။ ပုံရိပ်အစစ်ဟူသည်ကားလည်း သတ်သတ်မတ်မတ်မရှိသလို ထိုဓားနှင့်ဆက်နွယ်ထားသည့် သခင်ဖြစ်သူကသာ လိုသလိုထိန်းချုပ်နိုင်လိမ့်မည်ဖြစ်သည်။

သခင်ဖြစ်သူ ....

သို့သည့်တိုင် ယခင်တစ်ခေါက်က ဖြစ်ခဲ့သောအလစ်တိုက်ခိုက်မှုကြောင့် ဘခ်ဟျွန်း ထိုဓားခုတ်ကောင်ကို ကိုင်ဖို့မဝံ့မရဲဖြစ်နေဆဲ။ ချန်းယောလ်ရှိလျှင်တော့ မည်သည့်ပြဿနာမှမရှိ၊ အလွယ်တကူပဲ လက်ထဲထိန်းနိုင်သလို ထိုဓားကလည်း ချန်းယောလ်ရှေ့ဆို တုပ်တုပ်မျှပင်မလှုပ်ရဲသည်မို့။

တကယ်ကို ချန်းယောလ်ကိုကြောက်နေတာပင် ..

ချန်းယောလ်ကွယ်ရာဆိုလျှင်တော့ ဘခ်ဟျွန်းစကားနားမထောင်သည့် ကလေးတစ်ယောက်အချိုး ပြန်ပြောင်းသွားမြဲဖြစ်ပြီး မနာခံချင်သည့်ဟန်အပြည့်။ ချန်းယောလ်၏ ဖိနှိပ်ထားသောစွမ်းအားအောက်တွင်သာ မဟုတ်ပါက ဘခ်ဟျွန်းကို ထိခိုက်အောင် တစ်မျိုးပြီးတစ်မျိုး ကြံစည်နေမလားပင်၊ တကယ်ကို မတတ်သာပါချေ။

ထိန်းချုပ်သည့်နေရာမှာ အဓိကလိုအပ်သည်ကား အမည်နာမ ဖြစ်ပြီး အမည်ကိုတိုက်ရိုက်ခေါ်လေ အမိန့်ကသက်ရောက်မှု ပြင်းထန်လေ ဖြစ်သည်။ ထိုအကြောင်းကို ဖတ်ပြီးပြီးချင်း ခေါင်းထဲဝင်လာသည့်နာမည်ကား တစ်ခုတည်း ---

"ဓားခုတ်ကောင် ပဲပေါ့ !"

စင်ပေါ်ကဓားက ချန်းယောလ်၏ဖိနှိပ်ထားသော စွမ်းအားအောက် တလှုပ်လှုပ်ဖြင့် တုန်ခါလာသည်မှာ ဘခ်ဟျွန်းစကားကို အသိအမှတ်ပြုနေသည်လား၊ ကျိန်ဆဲနေသည်လား မသဲကွဲ။ ဂရုမစိုက်ဘဲ ထိုနာမည်သာအတည်ယူလိုက်ပြီး တစ်ခုခုကို စေခိုင်းကြည့်သည်။

စေခိုင်းခြင်း ခေါင်းစဥ်သည်ကား မီးဖိုချောင်ထဲက မုန်လာဥကိုသွားလှီးဖို့။

မသွားချင်သွားချင်ဖြင့် ဝှစ်ကနဲထွက်သွားသည့်တိုင် မုန်လာဥကို လှီးနေသည့်အသံက လူသတ်ချင်နေသည့်အလား၊ မီးဖိုချောင်ထဲကအသံက ဧည့်ခန်းထဲမှောက်နေသော ဘခ်ဟျွန်းရှိရာအထိ တဇွက်ဇွက်နှင့်ပျံ့နှံ့နေခဲ့၏။

ချန်းယောလ်ကတော့ ထိုမြင်ကွင်းကိုတွေ့သည့်တိုင် မည်သည့်မှတ်ချက်မှမပြုသွား။ မြင်ရခဲသည့် ရေသေအိုင်လို မျက်ဝန်းများက ဓားကိုအနည်းငယ် သနားသလိုလေး ကြည့်သွားတာကလွဲလို့ပေါ့။

ထိုမှတစ်ဆင့် ဓားကိုထိန်းချုပ်ပုံအဆင့်ဆင့်နှင့် တိုက်ခိုက်နည်းတစ်ချို့အကြောင်း စာလုံးရေပေါင်းသောင်းချီကာ စာမျက်နှာပေါင်းထောင်ချီ၍ ဖော်ပြပြီးနောက်၊ နောက်ဆုံးတွင်တော့ အားတက်ချင်စရာ စာတစ်ကြောင်းကို ချန်ထားပေးခဲ့သည်။

ထိန်းချုပ်နည်းလမ်းပေါင်းစုံ ပြသထားသည့်တိုင် ယခုအချိန်ထိ ထိန်းချုပ်နိုင်သည့်သူ သမိုင်းတစ်လျှောက် တစ်ယောက်မှမရှိခဲ့ဖူးချေ ... ဟူ၍။

တစ်အုပ်လုံးပြီးဖို့ တစ်ပတ်လောက် အချိန်ပေးဖတ်လိုက်ရသော ဘခ်ဟျွန်း : ".........."

သို့နှင့် နှစ်ရက်လောက် ဆက်နားစေပြီးနောက် ချန်းယောလ်က ထိုဓားခုတ်ကောင်နှင့် လေ့ကျင့်ချိန်ကို ဇယားချကာ အတိအကျလိုက်နာစေတော့၏။

နေ့လယ်ပိုင်းက နေရှိန်သည်မို့ တစ်ရေးတစ်မော အိပ်ခြင်းဖြစ်ဖြစ် အားလပ်စေကာ ညနေစောင်းကနေ ညမှောင်ရီပျိုးအထိ လေ့ကျင့်ချိန်ဖြစ်ပြီး အားလပ်ရက်မရှိ နေ့တိုင်းဖြစ်သည်။

မရက်စက်လွန်းပေလား။ အနည်းဆုံးကျောင်းတောင်မှ ပိတ်ရက်နှစ်ရက်ရသေးသည်ပင်။ စိတ်ထဲကသာ တွေးမိခြင်းဖြစ်ပြီး အပြင်မှာတော့ ထုတ်မပြောရဲပါချေ။ မိမိအတွက်ပဲ သူလုပ်ပေးနေခြင်းမို့ ဘခ်ဟျွန်းကို ငပျင်းဟုမြင်သွားမည်ကလည်း စိုးသေးသည်။ ကြည့်ရသလောက်တော့ ကျောင်းပိတ်ရက်တွေက အပြည့်အဝအနားယူရမည့်အချိန် မဟုတ်လောက်တော့ပါချေ။ မည်သို့ပင်ဆိုစေကာမူ ယခင်ကလို အချိန်ပိုင်းအလုပ်ပေါင်း သောင်းခြောက်ထောင်နှင့် ပြေးလွှားနေရသည်ထက်စာလျှင် ယခုအခြေအနေက ပို၍သက်သောင့်သက်သာရှိပါ၏။

ထိုလေ့ကျင့်ချိန် ရက်များအတွင်းတွင် အဓိကအလျင်သင်ယူနေရသည်က တိုက်ခိုက်ကာကွယ်နည်းတွေ မဟုတ်သေး။ ဓားကိုလုံလုံလောက်လောက် ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရန် အဓိက လေ့ကျင့်ပေးပြီး အသွင်ပြောင်းနိုင်ဖို့အတွက်ကိုပင် အချိန်တော်တော်ယူရသည်။

ချန်းယောလ်က စိတ်ရှည်သည်။ အမြဲလိုလို မျက်မှောင်ကြီးကြုတ်နေတတ်ပြီး စကားကိုလိုတာထက် ပိုပြောလေ့မရှိသည့် ထိုလူက ဘခ်ဟျွန်းတစ်ပတ်လောက်နီးနီး ဓားကိုအသွင်ပြောင်းနေရစဥ် အခက်အခဲများကို စိတ်ရှည်လက်ရှည် သင်ကြားပြသပေးသည်။ စာတွေ့တော့ ပြီးပြီဆိုသော်ငြား ချန်းယောလ်နှင့် လက်တွေ့အသုံးချချိန်တွင် ဖတ်ထားသမျှက ဘယ်ရောက်လို့ ဘယ်ပေါက်သွားမှန်းပင်မသိ၊ အစပင်ရှာမရဘဲ ခေါင်းတကုတ်ကုတ်နှင့်။ သို့သည့်တိုင် ချန်းယောလ်က အပြစ်မဆို။

စိတ်သာငြိမ်ငြိမ်ထားစေသည်။

တစ်ပတ်အတွင်း မည်သည့်တိုးတက်မှုမှ မရှိသည့်တိုင် စိတ်ငြိမ်အောင်ထိန်းတတ်သွားတာ အမြတ်ဟု ချန်းယောလ်က ဆိုလာ၏။ အသက်ရှူသံကို ထိန်းချုပ်ကာ အသိကိုအမြဲဖွင့်ထားသောကြောင့် တစ်ခုခုဆိုလျှင် အာရုံစူးစိုက်နိုင်စွမ်းလျင်လာနိုင်သည်ကိုတော့ သတိပြုမိ၏။

တိုးတက်မှု မရှိ၍ စိတ်ဓာတ်ကျချင်သည့်တိုင် ချန်းယောလ်က သူ့ကိုညည်းချိန်လေးပင် မပေး။ သေချာတတ်မြောက်ပြီးသော စိတ်အာရုံကို တစ်ဆင့်ပြီးတစ်ဆင့် အသုံးချနိုင်အောင် ကြိုးစားခိုင်းပြီး ထိုမှတစ်ဆင့် ဓားကိုဆက်သွယ်ထိန်းချုပ်ခိုင်း၏။ မဖြစ်နိုင်သယောင်တော့ ထင်ရပေမယ့် တိုးတက်မှုရှိသည်။ ငြိမ်သက်နေသည့် ဓားက တစ်စက္ကန့်လောက်မျှ အနည်းငယ် လှုပ်ခါသွားခြင်းသာ။

မည်သို့ပင်ဆိုစေ၊ ဤသည်ကား နှစ်ပတ်အတွင်း တိုးတက်မှု အနည်းငယ်သာဖြစ်ပြီး ဘခ်ဟျွန်းကတော့ အတော့်ကိုမှ မြောက်ကြွနေတော့၏။ မည်သည့် မျှော်လင့်ချက်မျှ မရှိလောက်ဟု ထင်ထားရာမှ တိုးတက်မှုလေး မြင်လိုက်ရသည်ကား ရှေ့ဆက်စေဖို့ ယုံကြည်ချက် မဟုတ်ပေလား။

ချန်းယောလ်အနေနှင့်ကတော့ စိတ်မရှည်စရာ အကြောင်းမရှိ။ အဓိကက အကျွမ်းကျင်ကြီးမဟုတ်လျှင်တောင် မိမိကိုယ်ကိုယ် ကာကွယ်စေနိုင်လောက်သည်အထိ ဖြစ်ပြီး လေ့ကျင့်ချိန်တွေလည်း အများကြီးရှိသေးသည်။ ထိုဓားခုတ်ကောင်ကိုသာ အကျွမ်းတဝင်ဖြစ်သည်အထိ ထိန်းချုပ်နိုင်သွားလျှင် ဘခ်ဟျွန်းအတွက် သူအနည်းငယ် စိတ်ချရကောင်း၏။

"ဘယ်ကိုမှအတွေးမပျံ့စေနဲ့၊ စိတ်ကိုငြိမ်ငြိမ်ထားပြီး သူ့ကိုပဲ အာရုံစိုက်ထား"

ဓားကိုလက်ထဲဆုပ်ကိုင်ကာ ရပ်နေသော ဘခ်ဟျွန်းအား ဘေးကနေကြည့်ရင်း အသံခပ်တိမ်တိမ်ဖြင့် ချန်းယောလ်ဆိုသည်။ 'သူ' ဆိုသည်ကား ဘခ်ဟျွန်းလက်ထဲက ဓားဖြစ်ပြီး ကိုင်ပုံကိုင်နည်းတွေကအစ မှားယွင်းနေတာတွေ အများကြီးရှိနေသော်ငြား လောလောဆယ်ကား သူ၏အစွမ်းကို အသုံးချနိုင်အောင် ထုတ်ယူပေးနေရုံသာ။

"ချိတ်ဆက်ပြီလို့ ခံစားရတာနဲ့ တဖြည်းဖြည်း သူ့ကိုလွှတ်ချလိုက်"

ချန်းယောလ်စကားကိုကြားသည်နှင့် ဖြည်းဖြည်းချင်း လက်ချောင်းလေးများ ဖွထုတ်ကာ ဖယ်ချလိုက်တော့ ထိုဓားက ချွင်ကနဲ အောက်ကိုပြုတ်ကျ၏။

ဘခ်ဟျွန်း အသက်ရှူအောင့်ထားရာကနေ သက်ပြင်းမှုတ်ထုတ်မိကာ မျက်နှာပျက်သွားပေမယ့် ချန်းယောလ်လေသံကတော့ ခပ်သွက်သွက်။

"ပြန်ကောက်ပြီး အစကပြန်လုပ်"

ဒီတစ်ကြိမ်နှင့်ဆို ကျရှုံးနေတာ ဆယ်ကြိမ်မြောက်နေပြီဖြစ်သည်။

မလှုပ်မယှက်ငြိမ်သက်နေသော ဓားကို ပြန်လည်ကောက်ယူကာ လက်ထဲနေရာတကျထားရင်း ဘခ်ဟျွန်းခေါင်းပြန်ငုံ့လိုက်သည်။

"ဇက်ကြောတက်မယ် လက်ကိုရှေ့တိုးလိုက်"

ချပ်ချင်းပင် အကြည့်ကိုမလွှဲဘဲ လက်ကိုအနည်းငယ် ရှေ့ထုတ်လိုက်သည်။ မြင်ကွင်းရှုထောင့် ကွာခြားသွားသည်မို့ အနည်းငယ် အာရုံစူးစိုက်ရ ပိုကောင်းသွားသလိုပင်။ မျက်တောင်တစ်ချက်နှစ်ချက်ခက်ကာ အာရုံထပ်စိုက်လိုက်သည်။

တစ်လောကလုံးမှာ သူနှင့်ထိုဓားပဲရှိတော့သယောင်၊ မည်သည့်အရာမှ မရှိတော့သယောင်၊ ဗလာကျဥ်းနေသော လေဟာနယ်ထဲ လွင့်သွားသယောင် ခံစားရပေမယ့် ..... တကယ်တမ်း ဘာမှမခံစားရတာမဟုတ်။ အကုန်ခံစားနေရတာ။ ဘေးပတ်ပတ်လည်က ဖြည်းဖြည်းချင်းတိုးဝှေ့နေသော လေတိုက်သံကိုလည်း ခံစားမိနေသလို ငှက်ပေါင်းစုံ၏ အသံကိုလည်း နားထဲတစ်ကောင်ချင်းဆီကအစ ခွဲခြားနိုင်နေသည်။ ယခုအချိန်တွင် မည်သည့်အရာပဲ သူ့ထံ တိုးဝင်လာပါစေ လက်ထဲကဓားနှင့်ဘခ်ဟျွန်းကိုယ်တိုင်တောင် မသိလိုက်ပါဘဲ အလောတကြီး အန္တာရာယ်ပြုမိနိုင်သည်အထိ။

အာရုံစိုက်ထားသည်က ဓားတစ်ခုတည်းအပေါ်သာ။ ဓားအတွင်းထဲ၌ ခိုအောင်းနေသော ရှေးဟောင်းဝိဉာဥ်ကို အာရုံခံကာ မိမိသွေးနှင့် ချိတ်ဆက်ထားမှုကို ရှာဖွေရသည်။

ထိုအရာကို မမြင်ရသလို ကြားလည်းမကြားရ။

တစ်ခုတည်းသော သိရှိနိုင်မည့်နည်းလမ်းသည် အာရုံခံစားမှုသာ။

အစပိုင်းတွေမှာ မိမိကိုယ်ကို တိုးတက်ဖို့ ယုံကြည်ချက်မရှိတာလည်း မဆိုနှင့်၊ မမြင်နိုင် မကြားနိုင်သည့် ကိစ္စရပ်တစ်ခုအပေါ် ယုံကြည်ကာ အင်အားစိုက်ထုတ် ကြိုးပမ်းနေရသည်ကလည်း တကယ်ကိုခက်ခဲလှသည်မို့။

ထိုစဥ်ပင် ရုတ်ချည်းခံစားလိုက်ရသော အာရုံကြောမှဆတ်ကနဲ လှုပ်ရှားမှုကြောင့် ဦးနှောက်ထဲအသိပို့ချက် မရောက်သေးခင်တွင်ပင် ဘခ်ဟျွန်းလက်အစုံသည် ပက်ကနဲဓားကိုလွှတ်ချလိုက်မိ၏။

"........."

ချွင်ဟူသော အသံသည် ထွက်မလာ။

ထို့အတူ ဓားသည် အောက်ပြုတ်ကျမသွားပါချေ။

ထိုဓားတစ်စုံက ဘခ်ဟျွန်းလက်အောက်တွင် ငြိမ်သက်စွာဖြင့် လေထဲတည်ရှိနေ၏။

"ဝါး !! ချန်းယောလ် !! မြင်လား ! မြင်လား ! ကျွန်တော် လုပ်နိုင် -- ချွင်*"

ပြန်လည်ပြုတ်ကျသွား၏။

အလန့်တဖြတ် လှည့်ကြည့်လိုက်တော့ အောက်ကိုပြန်လည်ပြုတ်ကျသွားသော ဓားကိုမြင်လိုက်ရပြီး ခံစားချက်က အသည်းကွဲသွားသလို။

ချန်းယောလ်ထံမှ ဟက်ကနဲရယ်သံတစ်ချက်ကြောင့် မော့ကြည့်မိသည်။

"မင်း အရမ်းစိတ်လှုပ်ရှားသွားတာကိုး"

"ပထမဆုံးအကြိမ်လေဗျာ"

စူပူပ်ပုပ်နှင့် ပြောမိသော စကားကို ချန်းယောလ်မငြင်း။

"တစ်ခါထိန်းနိုင်ပြီမလို့ နောက်ဆိုဒီလောက် ခက်ခဲတော့မှာမဟုတ်ဘူး၊ ခုဏက ဓားက မင်းလက်ထဲငြိမ်နေတာ မြင်တယ်မလား အဲ့ဒါငါ့ကြောင့်မဟုတ်တော့ဘူး မင်းထိန်းချုပ်ထားလို့ ငြိမ်နေတာဖြစ်သွားပြီ"

ဘခ်ဟျွန်းမျက်ဝန်းများ အရောက်တောက်သွားသည်။

"တကယ်လား !?"

"အင်း နောက်ဆို အဲ့ကောင် ရန်လုပ်တာနဲ့ ငါ့ပဲအော်ခေါ်မနေဘဲ ကိုယ့်ဘာသာထိန်းနိုင်အောင်လုပ်"

"ကျွန်တော်အခုမှ စသင်တာလေ ! ဘယ်လိုလုပ်ကျွမ်းကျွမ်းကျင်ကျင် ထိန်းနိုင်ဦးမှာလဲ"

"အဲ့ဒါကြောင့် အခုလေ့ကျင့်ပေးနေတာလေ"

ဘခ်ဟျွန်းထပ်ပြောလာမည့် စကားကို ချန်းယောလ်စောင့်မနေတော့ဘဲ ဘခ်ဟျွန်းခြေထောက်နားကျနေသော ဓားကိုကောက်ယူရင်း လက်ထဲထည့်ပေးလိုက်သည်။

"တစ်နေရာရာကို ဦးတည်ပြီး ပစ်ထုတ်ကြည့်၊ စိတ်နဲ့ထိန်းချုပ်ပြီးမှပစ် ဒီတိုင်း အသေကောင်ကိုပစ်သလို လက်လွတ်စပယ်မပစ်နဲ့"

"ဟုတ်"

သေချာအာရုံပြန်စိုက်သွားသည်ကို ချန်းယောလ်စောင့်ကြည့်နေပြီး ဒီတစ်ခါတော့ ဘယ်လောက်မှမကြာ၊ ပထမတစ်ခေါက်ထက် ပိုလျင်မြန်စွာပင် ထိန်းချုပ်နိုင်သည်နှင့် ပျော်ရွှင်မှုကို ထိန်းချုပ်ထားသော မျက်နှာပေးဖြင့် ရှေ့တည့်တည့်ကို ဘခ်ဟျွန်းပစ်ထုတ်လိုက်၏။

သို့သည့်တိုင် ဓားလမ်းကြောင်းက ကွေ့ကောက်သွား၏။ !

ပစ်လိုက်သည့် သစ်ပင်ပေါ်သွားမစိုက်ဘဲ လေတိုက်၍ လမ်းလွဲသွားသည့်နှယ် မြေကြီးပေါ်တွင် ဆတ်ကနဲသွားစိုက်ကာ ဘခ်ဟျွန်းပစ်ထုတ်လိုက်သော အရှိန်ကြောင့် ဓားအမြှီးပိုင်းက တဆတ်ဆတ်နှင့်ပင် တုန်ခါနေ၏။

"ဟင်"

ဘခ်ဟျွန်းထံမှ ထွက်လာသော အသံသေးသေး။

"ဘယ်လိုဖြစ်လို့ --- ကျွန်တော်ပဲ စိတ်ထင်တာလား"

ချန်းယောလ်နဖူးကြောတို့အပေါ် လက်တင်ကာအသာနှိပ်နယ်မိ၏။

ဒီနေရာမှာ ဘခ်ဟျွန်းသာဟုတ်မနေလျှင် သူ၏မှတ်ချက်သည် တစ်ခုတည်းသာရှိနိုင်လိမ့်မည်။

"အလွန်အမင်း ညံ့ဖျင်း" ဟူ၍။

______•°•°•°•°•

ကလေးကို :')

Zawgyi

"လူသားမဟုတ္ေလာက္ဘူး ?"

ဘခ္ဟြၽန္းေလသံသည္ အထိတ္တလန္႔မဟုတ္၊ မေမ်ွာ္လင့္ထားသည့္ဟန္ျဖင့္ အံ့ဩသြားရံုသာ။ ခ်န္းေယာလ္ေခါင္းညိတ္ျပလိုက္သည္။

"မင္းအေမကလည္း ႀကိဳတင္ကာကြယ္မႈေတြ လုပ္ေပးခဲ့တာဆိုေတာ့ သူဒါေတြကို ဘယ္ကသိရတာလဲ ဆိုတာကလည္း ေတြးစရာပဲ"

ဘခ္ဟြၽန္းအနည္းငယ္ၿငိမ္က်သြားသည္။

"အေမက ငယ္ငယ္တည္းက အဲ့ဒီမ်က္မျမင္ဖြားဖြားဆီက မၾကာခဏသြားေလ့ရိွတာမို႔ အဲ့ကေနသိရတယ္ထင္တာပဲ"

ထိုအခ်ိန္မ်ိဳးဆို ဘခ္ဟြၽန္းေပါက္စေလးသည္ အိမ္တြင္အၿမဲတစ္ေယာက္တည္းသာ က်န္ခဲ့ရၿမဲ။ ျပႆနာေတာ့မရိွပါေခ်၊ သူ႔ကို ငယ္ငယ္တည္းက တစ္ေယာက္တည္းေနသားက်ေအာင္ မားက အက်င့္လုပ္ေပးခဲ့ျခင္းေၾကာင့္ ထူးထူးျခားျခား ခံစားခ်က္သိပ္မရိွ။

"မ်က္မျမင္ဖြားဖြား ?"

ခ်န္းေယာလ္ေမးခြန္းထုတ္လာ၏။ ဘခ္ဟြၽန္းေခါင္းသာ ခါျပမိသည္။

"ကြၽန္ေတာ္လည္းမသိဘူး ဟိုတေလာက သြားၾကည့္မိေတာ့ ဆံုးသြားၿပီလို႔ပဲ ၾကားၿပီး အဲ့ဒီဓားေျမႇာင္ကိုေပးခဲ့တာပဲ"

ထိုအဖြားသည္ ေဗဒင္ဆရာမလည္းမဟုတ္သလို နတ္ကေတာ္လည္းမဟုတ္မွန္း သူ၏ ရိုးရွင္းေနေသာ ပ်ဥ္ေထာင္အိမ္ေလးကေနပင္ ဘခ္ဟြၽန္းသိသည္။ ငယ္ငယ္တည္းက မွတ္မိေနသည့္တစ္ခ်က္ကား ထိုအိမ္၏ ေဟာင္းႏြမ္းေနေသာ သံုးထပ္သားသစ္ရနံ႔တို႔ႏွင့္ ေျခာက္ေျခာက္ကပ္ကပ္ ပတ္ဝန္းက်င္ကိုသာ။ ဘခ္ဟြၽန္းတစ္ေယာက္တည္း သြားၾကည့္တုန္းက သတိထားမိသေလာက္ဆိုလ်ွင္ ထိုအိမ္သည္ ရပ္ရြာအတြင္းမွ ဖယ္က်ဥ္ထားခံ့ရပံုေပၚသည္။ ထိုအိမ္ကိုလာရွာေသာ ဘခ္ဟြၽန္းကိုပင္ အထူးတဆန္းၾကည့္ၾကပံုမ်ားကို ယခုထိမွတ္မိေနေသးသည္မို႔။

ဘခ္ဟြၽန္းစကားေၾကာင့္ ခ်န္းေယာလ္ ရုတ္ခ်ည္းျပန္သတိရသြား၏။

ထိုေန့က သူကိုယ္တိုင္ ဘခ္ဟြၽန္းေနာက္ လိုက္သြားခဲ့ျခင္း မဟုတ္ေပလား။ သတိျပဳမိသည့္တစ္ခ်က္ကား ထိုေနရာသည္ ခ်န္းေယာလ္တို႔ ေတာင္ေျခႏွင့္ အလြန္တရာမွ နီးစပ္ေသာ ေနရာတြင္ရိွသည္ ဆိုသည္ကိုပင္။

ေတာင္ေျခတြင္ ေနထိုင္သည့္အျပင္ ဓားေျမႇာင္ကိုပါ လက္ဝယ္ပိုင္ဆိုင္ထားသည္။ လူေတြၾကား လ်ိႈ႔ဝွက္စြာ ပုန္းလ်ိႈးကြယ္လ်ိႈး ေနထိုင္ေနသည့္ စြမ္းအားရွင္ေတျြဖစ္ႏိုင္ၿပီး ၄အခ်က္က မထူးဆန္းသည့္တိုင္ ထိုဓားေျမႇာင္က အဘယ္ေၾကာင့္ သူတို႔လက္ထဲေရာက္ေနသည္လဲ။ အဘယ္ေၾကာင့္ လက္ဝယ္ပိုင္ဆိုင္ေနပါလ်က္ႏွင့္ တိတ္တဆိတ္ပုန္းလ်ိႈးကြယ္လ်ိႈး ေနထိုင္ခဲ့ၾကသည္လဲ။ ၄ဓားကို လက္ဝယ္ပိုင္ဆိုင္ထားသည့္ မည္သည့္လူမဆို ဓားကို အသက္သြင္းမခံရပါက ေမ်ာက္အုန္းသီးရသလို အသံုးခ်ၾကမည္က မလြဲမေသြပင္။

ျဖစ္ႏိုင္သည္ကား တစ္ခ်က္သာရိွသည္။

ေနာက္ကြယ္ကေန ဘခ္ဟြၽန္းအား ကူညီေနၾကသူမ်ား။

ေနာက္ကြယ္ကေန ကူညီေနၾကသူမ်ားမို႔ ျပႆနာမရိွဟု ယူဆႏိုင္သည့္တိုင္ မည္သူက ၫႊန္ၾကားထားသလဲ ဆိုသည္ကိုေတာ့ ခ်န္လွပ္ထား၍မရေခ်။ မိမိႏွင့္မသက္ဆိုင္သည့္ လူတစ္ေယာက္အေပၚ စိတ္လိုလက္ရကူညီခ်င္စိတ္ဆိုသည္ကား မည္သူတစ္ၪီးတစ္ေယာက္တြင္မွ မရိွပါေခ်။ ခ်န္းေယာလ္တို႔လို စြမ္းအားရွင္ေတြဆိုလ်ွင္ ပိုလို႔ေတာင္ လူသားေတြအေပၚ ကူညီခ်င္စိတ္မရိွ။ ထို႔အတူ လူသားမဆိုႏွင့္ ဘခ္ဟြၽန္းကဲ့သို႔ ၾကင္ရာေတာ္ တစ္ေယာက္သာဆို အေပၚယံကူညီမႈသာျဖစ္ၿပီး အတြင္းက်ႀကံစည္မႈသာ ျဖစ္ႏိုင္သည္။ အနည္းဆံုး ေကာင္းေစခ်င္သည့္ စိတ္ႏွင့္ျဖစ္ေစ၊ ဆိုးေစခ်င္သည့္စိတ္ႏွင့္ ျဖစ္ေစ ေနာက္ကြယ္တြင္ေတာ့ ေစၫႊန္ထားသည့္ လူတစ္ေယာက္ ရိွကိုရိွလိမ့္မည္။ သို႔ဆိုလ်ွင္ ---

"မင္းငယ္ငယ္တည္းက ထူးဆန္းတဲ့အျပဳအမူေတြ ႀကံဳခဲ့ရဖူးလား"

ဘခ္ဟြၽန္းသည္ သူ႔ကိုသာ အပီအျပင္အားကိုးေနမွန္း သိပ္သိသာသည္။ အနည္းငယ္ေလာက္ ေမးသမ်ျွပန္ေျဖၿပီးတိုင္း အစားအေသာက္၌သာ အာရံုျပန္ေရာက္သြားၿမဲျဖစ္ၿပီး ခ်န္းေယာလ္ကသာ အစားအေသာက္၌ အာရံုမရိွေတာ့ဘဲ သူ႔အတြက္ေတြးပူေပးေနရသည္။

ဘခ္ဟြၽန္းေခါင္းခါျပသည္။ သို႔ေပသည့္ ဝါးေနသည့္ ပါးလံုးလံုးေလးမွာ ရုတ္ခ်ည္းရပ္တန္႔ကာ ေခါင္းညိတ္လာျပန္သည္။ တဆတ္ဆတ္ညိတ္ျပျခင္းျဖစ္ၿပီး ၾကက္ကေလး ဆန္ေစ့ေပါက္ေနသည့္ႏွယ္။

"ထူးဆန္းတာဆိုရင္ ခင္ဗ်ားပဲေလ !"

"......."

မ်က္ခံုးေတြတြန္႔ခ်ိဳးျပမိေတာ့ ၿပံဳးတံု႔တံု႔ေလးလုပ္ျပကာ ေနာက္တစ္လုပ္ ထပ္သြတ္သြင္း၏။

"ငါမဟုတ္ဘဲ တစ္ျခားေရာ ဘာရိွေသးလဲ"

အနည္းငယ္ အတည္အတန္႔ျဖစ္သြားကာ စဥ္းစားသည့္ဟန္ မ်က္စံေထာင့္ကပ္ျပ၏။ ထမင္းကိုဝါးေနသည္ကို ရပ္လိုက္သည္မို႔ ခ်န္းေယာလ္ပါးစပ္ကလည္းမေနႏိုင္၊ လႊတ္ကနဲ။

"ငံုမထားနဲ႔ ေသခ်ာဝါး"

ကေလးေတြလိုပင္၊ အစအဆံုးလိုက္ေျပာေနမိသည္ကို သိေပမယ့္ ခ်န္းေယာလ္ကိုယ္တိုင္လည္း ထိန္းခ်ဳပ္၍မရ။ ဘခ္ဟြၽန္းကေတာ့ သိသိသာသာလိုက္နာျပေပမယ့္ အေတြးတို႔က မရပ္တန္႔ေသးသည့္ဟန္ျဖင့္။

"အိမ္ငွားတဲ့ဖြားဖြားကေတာ့ တစ္ခ်က္တစ္ခ်က္ ထူးဆန္းတာေတြ ရိွခဲ့ဖူးတယ္ထင္တယ္ ? မရိွဘူးထင္တယ္ ရိွလားမသိဘူး"

ေခါင္းတကုပ္ကုပ္ျဖင့္ ေသခ်ာျပန္ေတြးေနေသာ ေကာင္ေလးကို ပစၥုပၸန္သို႔ျပန္ေခၚရသည္။

"ထမင္းအရင္စား၊ ေနာက္မွေျပာရေအာင္"

"ဟုတ္"

လက္ခံလိုက္ေပမယ့္ စကားေတာ့နားမေထာင္။

"ဒါေပမယ့္ေလ ကြၽန္ေတာ္သတိထားမိသေလာက္ဆိုရင္ တစ္ခါတစ္ေလ အဖြားက အဖြားမဟုတ္သလိုပဲ"

ခ်န္းေယာလ္မ်က္ခံုးေတြတြန္႔ခ်ိဳးသြားသလို ဘခ္ဟြၽန္းအေတြးတို႔ကလည္း ထိုအခ်ိန္ေနရာတို႔ထံ ျပန္သတိရမိသည္။

ေဒါသထြက္လြယ္သည့္အဖြားက တစ္ခါတစ္ေလ စိတ္ရွည္ႏူးညံ့ေနတတ္ၿပီး တစ္ခါတစ္ေလ သူကိုယ္တိုင္ပင္ မသိသည့္ စကားလံုးေတြကိုေျပာတတ္သည္ကို သတိျပဳမိသည္။ ႏွစ္ႀကိမ္ သံုးႀကိမ္ေလာက္သာ ႀကံဳဖူးျခင္းမို႔ ထိုစဥ္အခါတုန္းက သိပ္ၿပီးအေတြးမလြန္ခဲ့မိေခ်။

အေတြးအကုန္ထုတ္ေျပာလာသည့္ ဘခ္ဟြၽန္းစကားကို ၾကားၿပီးေနာက္ ခ်န္းေယာလ္ေခါင္းထဲတြင္ သံသယရိပ္တစ္ခုသာ ထင္ဟပ္ေနခဲ့၏။

ထိုေမးခြန္းအၿပီးေနာက္ပိုင္း ခ်န္းေယာလ္လည္း ဘာမွမေျပာေတာ့သည္မို႔ ဘခ္ဟြၽန္း စားလက္စကိုသာ ခပ္ျမန္ျမန္လက္စသတ္လိုက္သည္။

ထိုေနာက္ပိုင္း ပန္းကန္ေဆးေပးၿပီးသည္ႏွင့္ အခန္းထဲက စာအုပ္ထုတ္ယူလာကာ ဧည့္ခန္းက်ယ္ႀကီးထဲတြင္ ငုပ္တုပ္ထိုင္ဖတ္သည္။

ခ်န္းေယာလ္အိမ္တြင္ေနရျခင္းသည္ ဘခ္ဟြၽန္းမည္သည့္အခါကမွ မခံစားဖူးသည့္ လံုၿခံဳမႈကိုေပးစြမ္းသည္။ သို႔သည့္တိုင္ ေက်ာင္းၿပီးကတည္းက ဘခ္ဟြၽန္းအတြက္ လုပ္စရာမရိွ၍ ေန့တိုင္းလိုလို အပ်င္းတစ္ေစသည္ပင္။

တစ္ေန့တစ္ေန့ စားၿပီးအိပ္၊ အိပ္ၿပီးစားသာ လုပ္ေနသည္မို႔ ယခင္ကထက္ပင္ နည္းနည္းပိုဝလာသလို။ ေန့ရက္တိုင္းသည္ လုပ္စရာမရိွ၍ တီဗြီၾကည့္သည္၊ ၿပီးလ်ွင္ ၿခံထဲက ပန္းပင္ေတြကို ေရေလာင္းျပဳစုၿပီး ထိုေနရာတြင္သာ ႏွစ္နာရီေလာက္ အခ်ိန္ျဖဳန္းေလ့ရိွသည္။ ၿပီးလ်ွင္ ေန့လယ္တေရးတေမာအိပ္သည္။ တစ္ခါတစ္ရံ ပ်င္းလ်ွင္ မီးဖိုေခ်ာင္ထဲ ဟင္းဝင္ခ်က္တတ္ၿပီး ခ်န္းေယာလ္ကို မရရေအာင္ ဆရာလုပ္သည္။

ဆိုရလ်ွင္ ယခုကဲ့သို႔ဖတ္စရာစာအုပ္အထူႀကီးရေနျခင္းကား ဘခ္ဟြၽန္းတစ္ေနရာတည္းတြင္သာ ၿငိမ္ကုပ္သြားေစၿပီး တစ္ျခားမည္သည့္ကိစၥကိုမွလည္း အာရံုမရေစေတာ့ပါေခ်။

စံအိမ္ထဲတြင္ ေနထိုင္ၾကသူမ်ား တဲ့။ စြမ္းအားရွင္ အမ်ားစုအတြက္ ၄စံအိမ္သည္ မျဖစ္မေန ေနထိုင္စရာမလိုအပ္ေခ်။ မ်ားေသာအားျဖင့္ ေမြးဖြားကာစ ကေလးသူငယ္တခ်ိဳ႕ႏွင့္ အင္အာနည္းသည့္ သားေကာင္တစ္ခ်ိဳ႕ ေနထိုင္ရာျဖစ္ၿပီး စံအိမ္အတြင္းရိွ အဓိက စည္းမ်ဥ္းစည္းကမ္းဟူသည္ကား သားေကာင္ေတြအေပၚ အႏိုင္မက်င့္ဖို႔တစ္ခုတည္းသာ။ က်န္သည့္ အရြယ္ေရာက္ၿပီး၊ မိမိကိုယ္ကိုယ္ ကာကြယ္ႏိုင္သည့္ မည္သူမဆို စံအိမ္ထဲကေန ထြက္ၿပီး လူ႔ေလာကထဲေရာေနွာေနထိုင္၍ရသည္။

ဆိုရလ်ွင္ ထိုစံအိမ္ထဲက ထြက္ၿပီးေနာက္ပိုင္း မည္သည့္စည္းကမ္းကမွ သားေကာင္ေတြအေပၚ ကာကြယ္ေပးထားေတာ့မည္ မဟုတ္သလို အႏိုင္က်င့္မႈမ်ားဟာလည္း ေနရာတိုင္းတြင္ ျဖစ္ႏိုင္သည္။ သို႔ေၾကာင့္လည္း ထိုစံအိမ္ဟူသည္ကား ၄တို႔အားနည္းသူေတြအတြက္ ခိုလႈံစရာေနရပ္တစ္ခုျဖစ္ၿပီး တစ္ခါတစ္ရံ စြမ္းအားရွင္တို႔အတြက္ စည္းေဝး ေတြ့ဆံုဖို႔ရာ သတ္မွတ္ထားေသာ နယ္ေျမတစ္ခုထက္မပိုပါေခ်။

ထိုအေၾကာင္းအရာမ်ားကို ဖတ္ၿပီးေနာက္ ဘခ္ဟြၽန္းေခါင္းထဲေပၚလာသည့္ တစ္ခုတည္းေသာ စကားလံုးကား ဇရပ္ဟူ၍ျဖစ္သည္။ ဝင္ခ်င္တိုင္းဝင္ ထြက္ခ်င္တိုင္းထြက္၍ရၿပီး လိုသည့္အခ်ိန္တိုင္း ဝင္နားခို၍ရသည္မို႔။

ဤသို႔ျဖင့္ နန္းေတာ္တမ်ွႀကီးက်ယ္ခမ္းနားလွပေသာ စံအိမ္ဟူသည္ကား ဘခ္ဟြၽန္းအေတြးေအာက္ ဇရပ္တစ္ခုျဖစ္သြားရရွာ၏။

စာအုပ္ပါ အေၾကာင္းအရာမ်ားကို ျပန္ဆက္ရလ်ွင္ ထိုသို႔စံအိမ္မ်ားသည္ အဖြဲ႔အစည္း တစ္ခုခ်င္းစီတိုင္းတြင္ရိွၿပီး လြန္ခဲ့ေသာညတစ္ညက ခ်န္းေယာလ္ေျပာခဲ့သလိုပင္၊ ေျမကမ႓ာအဖြဲ႔အစည္းက စံအိမ္အား ဗဟိုစံအိမ္ဟု သတ္မွတ္ၿပီး တစ္စံုတစ္ခုအတြက္ စုေဝးခ်င္တိုင္း ဗဟိုစံအိမ္တြင္သာ စုေဝးေလ့ရိွသည္။ အေၾကာင္းျပခ်က္မွာ ရိုးရိုးရွင္းရွင္းသာ၊ ေျမေပၚတြင္ ရိွ၍ တဲ့။

ေသခ်ာစဥ္းစားၾကည့္လ်ွင္လည္း မမွားပါေခ်။ အကယ္၍ ေရအဖြဲ႔အစည္းသာ ဗဟိုစံအိမ္ျဖစ္ခဲ့မည္ဆို ေရေအာက္ထဲ ဆင္းေနရမည္မဟုတ္ေပလား။ ပထမအဆင့္ စြမ္းအားရွင္တိုင္းက ကိုယ္ပိုင္အသြင္ရိွစၿမဲမို႔ ေျမေပၚသက္ဆင္းၾကရတာ သိပ္အခက္အခဲမရိွ။

ဘခ္ဟြၽန္းစိတ္ဝင္စားသည္မွာ ေနအဖြဲ႔အစည္းအေၾကာင္းသာျဖစ္ၿပီး တစ္ရြက္ၿပီးတစ္ရြက္ စိတ္ဝင္တစား လွန္ဖတ္ေနသည့္တိုင္ စာအုပ္ထဲတြင္ အနည္းငယ္မ်ွသာ ထည့္သြင္းေဖာ္ျပသြားၿပီး ၄အခ်က္မ်ားဟာလည္း ခ်န္းေယာလ္ေျပာျပသေလာက္ပင္ မစံုလင္ပါေခ်။ ထိုတစ္အုပ္လံုးကို ၿပီးဖို႔အတြက္ သံုးရက္မ်ွအခ်ိန္ေပးဖတ္လိုက္ရၿပီးေနာက္ ေနအဖြဲ႔အစည္းအေၾကာင္း သိပ္မပါသည္မို႔ ခ်န္းေယာလ္ကို ေမးၾကည့္မိေတာ့ ေျဖလာသည္က ခပ္တုပ္တုပ္။

"မထြက္ေပၚလာတာၾကာၿပီမလို႔ ဘာအေၾကာင္းမွထၫ့္စရာမရိွတာ"

"ေၾသာ္"

ထိုစာအုပ္ၿပီးေနာက္ပိုင္း ဖတ္စရာအသစ္တစ္အုပ္ကို ကိုင္မည္လုပ္ေတာ့ ခ်န္းေယာလ္က ႏွစ္ရက္ေလာက္ နားခိုင္းသည္။

ဒုတိယတစ္အုပ္ကား ဓားေျမႇာင္အေၾကာင္းျဖစ္သည္။

စာအုပ္သည္ ၂ လက္မနီးပါးေလာက္ ထူထဲေနၿပီး ထိုတစ္အုပ္လံုးတြင္ပါဝင္သမ်ွက ဓားတစ္ခုတည္းအေၾကာင္း တဲ့ ..

စာအုပ္ထဲတြင္ပါသမ်ွကေတာ့ အံ့ဩစရာေတြခ်ည္းပင္။

ထိုဓားေျမႇာင္စတင္ျဖစ္ေပၚလာပံု။ စာက ေတာ္ေတာ္ရွည္ေသာ္ျငား အက်ဥ္းခ်ဳပ္ရလ်ွင္ေတာ့ ေလာကရိွ အင္အားႀကီးေစာင့္ေရွာက္သူေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔ရာအတြက္ ဖန္တီးေပးလိုက္ေသာ အထိန္းအကြပ္ပစၥည္းဟုပင္ ဆို၍ရမတတ္။ ထို႔အျပင္ ဓားသည္သံုးသြယ္တည္းသာရိွၿပီး အကုန္လံုးတြင္ ခိုေအာင္းေနေသာ ေရွးေဟာင္းဝိဉာဥ္တစ္မ်ိဳးရိွသည္ဟု ဆို၏။

လူအသြင္ေျပာင္း၍ေတာ့မရသည့္တိုင္ ေစာင့္ေရွာက္သူေတြထက္ပင္ ပို၍ေရွးက်ၿပီး ဩဇာကလည္းျပင္းကာ မည္သူ႔ကိုမွလည္း အေၾကာက္အလန္႔မရိွ၊ အမိန္႔မနာခံတတ္ တဲ့ ...။

ထိုစဥ္က ဘခ္ဟြၽန္းအူေၾကာင္ေၾကာင္ေလးျဖင့္ စင္ေပၚတြင္ တင္ခ်င္သလိုတင္ထားျဖစ္သည့္ ဓားေျမႇာင္ကို ေမာ့ၾကည့္မိေသးသည္။

မည္သူ႔ကိုမွအေၾကာက္အလန္႔မရိွလို႔သာပဲ ... ဘာေၾကာင့္မ်ား ခ်န္းေယာလ္ေရ႔ွဆို ၿငိမ္ကုပ္ေနရသည္လဲ။

ရွင္းရွင္းဆိုရလ်ွင္ထိုေကာင္ေတြက အေရြးခ်ယ္ခံထားရသည့္ ေစာင့္ေရွာက္သူကိုေတာင္ အထင္မႀကီးခ်င္ၾကတာမ်ိဳးေပ။ သို႔သည့္တိုင္ ခ်န္းေယာလ္က ေစာင့္ေရွာက္သူလည္း ဟုတ္မေနခဲ့ .. ?

သက္ျပင္းတစ္ခ်က္ျဖင့္သာ သိခ်င္စိတ္တို႔ကို ေခတၲဖယ္ခ်ရင္း စာအုပ္ထံ အာရံုျပန္ပို႔ရသည္။

ဘခ္ဟြၽန္းအတြက္ အံ့ဩစရာအေကာင္းဆံုး တစ္ခ်က္သည္ကား ထိုဓားေျမႇာင္သည္ အသြင္မ်ိဳးစံုေျပာင္း၍ ရျခင္းဟူသည့္ အခ်က္ျဖစ္သည္။

လူအသြင္ေတာ့မပါေပမယ့္ေပါ့ ...

အၿမဲလိုလို သံေခ်းတက္ေနသည့္ ခပ္တံုးတံုးဓားအေနျဖင့္သာ ျမင္ရေလ့ရိွသည္ကား ထိုဓား၏မိမိကိုယ္ကိုယ္ ခုခံကာကြယ္မႈသာျဖစ္ၿပီး သူ၏ပံုရိပ္အစစ္လည္းမဟုတ္ေခ်။ ပံုရိပ္အစစ္ဟူသည္ကားလည္း သတ္သတ္မတ္မတ္မရိွသလို ထိုဓားႏွင့္ဆက္ႏြယ္ထားသည့္ သခင္ျဖစ္သူကသာ လိုသလိုထိန္းခ်ဳပ္ႏိုင္လိမ့္မည္ျဖစ္သည္။

သခင္ျဖစ္သူ ....

သို႔သည့္တိုင္ ယခင္တစ္ေခါက္က ျဖစ္ခဲ့ေသာအလစ္တိုက္ခိုက္မႈေၾကာင့္ ဘခ္ဟြၽန္း ထိုဓားခုတ္ေကာင္ကို ကိုင္ဖို႔မဝံ့မရဲျဖစ္ေနဆဲ။ ခ်န္းေယာလ္ရိွလ်ွင္ေတာ့ မည္သည့္ျပႆနာမွမရိွ၊ အလြယ္တကူပဲ လက္ထဲထိန္းႏိုင္သလို ထိုဓားကလည္း ခ်န္းေယာလ္ေရ႔ွဆို တုပ္တုပ္မ်ွပင္မလႈပ္ရဲသည္မို႔။

တကယ္ကို ခ်န္းေယာလ္ကိုေၾကာက္ေနတာပင္ ..

ခ်န္းေယာလ္ကြယ္ရာဆိုလ်ွင္ေတာ့ ဘခ္ဟြၽန္းစကားနားမေထာင္သည့္ ကေလးတစ္ေယာက္အခ်ိဳး ျပန္ေျပာင္းသြားၿမဲျဖစ္ၿပီး မနာခံခ်င္သည့္ဟန္အျပည့္။ ခ်န္းေယာလ္၏ ဖိႏိွပ္ထားေသာစြမ္းအားေအာက္တြင္သာ မဟုတ္ပါက ဘခ္ဟြၽန္းကို ထိခိုက္ေအာင္ တစ္မ်ိဳးၿပီးတစ္မ်ိဳး ႀကံစည္ေနမလားပင္၊ တကယ္ကို မတတ္သာပါေခ်။

ထိန္းခ်ဳပ္သည့္ေနရာမွာ အဓိကလိုအပ္သည္ကား အမည္နာမ ျဖစ္ၿပီး အမည္ကိုတိုက္ရိုက္ေခၚေလ အမိန္႔ကသက္ေရာက္မႈ ျပင္းထန္ေလ ျဖစ္သည္။ ထိုအေၾကာင္းကို ဖတ္ၿပီးၿပီးခ်င္း ေခါင္းထဲဝင္လာသည့္နာမည္ကား တစ္ခုတည္း ---

"ဓားခုတ္ေကာင္ ပဲေပါ့ !"

စင္ေပၚကဓားက ခ်န္းေယာလ္၏ဖိႏိွပ္ထားေသာ စြမ္းအားေအာက္ တလႈပ္လႈပ္ျဖင့္ တုန္ခါလာသည္မွာ ဘခ္ဟြၽန္းစကားကို အသိအမွတ္ျပဳေနသည္လား၊ က်ိန္ဆဲေနသည္လား မသဲကြဲ။ ဂရုမစိုက္ဘဲ ထိုနာမည္သာအတည္ယူလိုက္ၿပီး တစ္ခုခုကို ေစခိုင္းၾကည့္သည္။

ေစခိုင္းျခင္း ေခါင္းစဥ္သည္ကား မီးဖိုေခ်ာင္ထဲက မုန္လာဥကိုသြားလွီးဖို႔။

မသြားခ်င္သြားခ်င္ျဖင့္ ဝွစ္ကနဲထြက္သြားသည့္တိုင္ မုန္လာဥကို လွီးေနသည့္အသံက လူသတ္ခ်င္ေနသည့္အလား၊ မီးဖိုေခ်ာင္ထဲကအသံက ဧည့္ခန္းထဲေမွာက္ေနေသာ ဘခ္ဟြၽန္းရိွရာအထိ တဇြက္ဇြက္ႏွင့္ပ်ံ့ႏွံ႔ေနခဲ့၏။

ခ်န္းေယာလ္ကေတာ့ ထိုျမင္ကြင္းကိုေတြ့သည့္တိုင္ မည္သည့္မွတ္ခ်က္မွမျပဳသြား။ ျမင္ရခဲသည့္ ေရေသအိုင္လို မ်က္ဝန္းမ်ားက ဓားကိုအနည္းငယ္ သနားသလိုေလး ၾကည့္သြားတာကလြဲလို႔ေပါ့။

ထိုမွတစ္ဆင့္ ဓားကိုထိန္းခ်ဳပ္ပံုအဆင့္ဆင့္ႏွင့္ တိုက္ခိုက္နည္းတစ္ခ်ိဳ႕အေၾကာင္း စာလံုးေရေပါင္းေသာင္းခ်ီကာ စာမ်က္ႏွာေပါင္းေထာင္ခ်ီ၍ ေဖာ္ျပၿပီးေနာက္၊ ေနာက္ဆံုးတြင္ေတာ့ အားတက္ခ်င္စရာ စာတစ္ေၾကာင္းကို ခ်န္ထားေပးခဲ့သည္။

ထိန္းခ်ဳပ္နည္းလမ္းေပါင္းစံု ျပသထားသည့္တိုင္ ယခုအခ်ိန္ထိ ထိန္းခ်ဳပ္ႏိုင္သည့္သူ သမိုင္းတစ္ေလ်ွာက္ တစ္ေယာက္မွမရိွခဲ့ဖူးေခ် ... ဟူ၍။

တစ္အုပ္လံုးၿပီးဖို႔ တစ္ပတ္ေလာက္ အခ်ိန္ေပးဖတ္လိုက္ရေသာ ဘခ္ဟြၽန္း : ".........."

သို႔ႏွင့္ ႏွစ္ရက္ေလာက္ ဆက္နားေစၿပီးေနာက္ ခ်န္းေယာလ္က ထိုဓားခုတ္ေကာင္ႏွင့္ ေလ့က်င့္ခ်ိန္ကို ဇယားခ်ကာ အတိအက်လိုက္နာေစေတာ့၏။

ေန့လယ္ပိုင္းက ေနရိွန္သည္မို႔ တစ္ေရးတစ္ေမာ အိပ္ျခင္းျဖစ္ျဖစ္ အားလပ္ေစကာ ညေနေစာင္းကေန ညေမွာင္ရီပ်ိဳးအထိ ေလ့က်င့္ခ်ိန္ျဖစ္ၿပီး အားလပ္ရက္မရိွ ေန့တိုင္းျဖစ္သည္။

မရက္စက္လြန္းေပလား။ အနည္းဆံုးေက်ာင္းေတာင္မွ ပိတ္ရက္ႏွစ္ရက္ရေသးသည္ပင္။ စိတ္ထဲကသာ ေတြးမိျခင္းျဖစ္ၿပီး အျပင္မွာေတာ့ ထုတ္မေျပာရဲပါေခ်။ မိမိအတြက္ပဲ သူလုပ္ေပးေနျခင္းမို႔ ဘခ္ဟြၽန္းကို ငပ်င္းဟုျမင္သြားမည္ကလည္း စိုးေသးသည္။ ၾကည့္ရသေလာက္ေတာ့ ေက်ာင္းပိတ္ရက္ေတြက အျပည့္အဝအနားယူရမည့္အခ်ိန္ မဟုတ္ေလာက္ေတာ့ပါေခ်။ မည္သို႔ပင္ဆိုေစကာမူ ယခင္ကလို အခ်ိန္ပိုင္းအလုပ္ေပါင္း ေသာင္းေျခာက္ေထာင္ႏွင့္ ေျပးလႊားေနရသည္ထက္စာလ်ွင္ ယခုအေျခအေနက ပို၍သက္ေသာင့္သက္သာရိွပါ၏။

ထိုေလ့က်င့္ခ်ိန္ ရက္မ်ားအတြင္းတြင္ အဓိကအလ်င္သင္ယူေနရသည္က တိုက္ခိုက္ကာကြယ္နည္းေတြ မဟုတ္ေသး။ ဓားကိုလံုလံုေလာက္ေလာက္ ကြၽမ္းက်င္စြာ ကိုင္တြယ္ႏိုင္ရန္ အဓိက ေလ့က်င့္ေပးၿပီး အသြင္ေျပာင္းႏိုင္ဖို႔အတြက္ကိုပင္ အခ်ိန္ေတာ္ေတာ္ယူရသည္။

ခ်န္းေယာလ္က စိတ္ရွည္သည္။ အၿမဲလိုလို မ်က္ေမွာင္ႀကီးၾကဳတ္ေနတတ္ၿပီး စကားကိုလိုတာထက္ ပိုေျပာေလ့မရိွသည့္ ထိုလူက ဘခ္ဟြၽန္းတစ္ပတ္ေလာက္နီးနီး ဓားကိုအသြင္ေျပာင္းေနရစဥ္ အခက္အခဲမ်ားကို စိတ္ရွည္လက္ရွည္ သင္ၾကားျပသေပးသည္။ စာေတြ့ေတာ့ ၿပီးၿပီဆိုေသာ္ျငား ခ်န္းေယာလ္ႏွင့္ လက္ေတြ့အသံုးခ်ခ်ိန္တြင္ ဖတ္ထားသမ်ွက ဘယ္ေရာက္လို႔ ဘယ္ေပါက္သြားမွန္းပင္မသိ၊ အစပင္ရွာမရဘဲ ေခါင္းတကုတ္ကုတ္ႏွင့္။ သို႔သည့္တိုင္ ခ်န္းေယာလ္က အျပစ္မဆို။

စိတ္သာၿငိမ္ၿငိမ္ထားေစသည္။

တစ္ပတ္အတြင္း မည္သည့္တိုးတက္မႈမွ မရိွသည့္တိုင္ စိတ္ၿငိမ္ေအာင္ထိန္းတတ္သြားတာ အျမတ္ဟု ခ်န္းေယာလ္က ဆိုလာ၏။ အသက္ရႉသံကို ထိန္းခ်ဳပ္ကာ အသိကိုအၿမဲဖြင့္ထားေသာေၾကာင့္ တစ္ခုခုဆိုလ်ွင္ အာရံုစူးစိုက္ႏိုင္စြမ္းလ်င္လာႏိုင္သည္ကိုေတာ့ သတိျပဳမိ၏။

တိုးတက္မႈ မရိွ၍ စိတ္ဓာတ္က်ခ်င္သည့္တိုင္ ခ်န္းေယာလ္က သူ႔ကိုညည္းခ်ိန္ေလးပင္ မေပး။ ေသခ်ာတတ္ေျမာက္ၿပီးေသာ စိတ္အာရံုကို တစ္ဆင့္ၿပီးတစ္ဆင့္ အသံုးခ်ႏိုင္ေအာင္ ႀကိဳးစားခိုင္းၿပီး ထိုမွတစ္ဆင့္ ဓားကိုဆက္သြယ္ထိန္းခ်ဳပ္ခိုင္း၏။ မျဖစ္ႏိုင္သေယာင္ေတာ့ ထင္ရေပမယ့္ တိုးတက္မႈရိွသည္။ ၿငိမ္သက္ေနသည့္ ဓားက တစ္စကၠန္႔ေလာက္မ်ွ အနည္းငယ္ လႈပ္ခါသြားျခင္းသာ။

မည္သို႔ပင္ဆိုေစ၊ ဤသည္ကား ႏွစ္ပတ္အတြင္း တိုးတက္မႈ အနည္းငယ္သာျဖစ္ၿပီး ဘခ္ဟြၽန္းကေတာ့ အေတာ့္ကိုမွ ေျမာက္ႂကြေနေတာ့၏။ မည္သည့္ ေမ်ွာ္လင့္ခ်က္မ်ွ မရိွေလာက္ဟု ထင္ထားရာမွ တိုးတက္မႈေလး ျမင္လိုက္ရသည္ကား ေရ႔ွဆက္ေစဖို႔ ယံုၾကည္ခ်က္ မဟုတ္ေပလား။

ခ်န္းေယာလ္အေနႏွင့္ကေတာ့ စိတ္မရွည္စရာ အေၾကာင္းမရိွ။ အဓိကက အကြၽမ္းက်င္ႀကီးမဟုတ္လ်ွင္ေတာင္ မိမိကိုယ္ကိုယ္ ကာကြယ္ေစႏိုင္ေလာက္သည္အထိ ျဖစ္ၿပီး ေလ့က်င့္ခ်ိန္ေတြလည္း အမ်ားႀကီးရိွေသးသည္။ ထိုဓားခုတ္ေကာင္ကိုသာ အကြၽမ္းတဝင္ျဖစ္သည္အထိ ထိန္းခ်ဳပ္ႏိုင္သြားလ်ွင္ ဘခ္ဟြၽန္းအတြက္ သူအနည္းငယ္ စိတ္ခ်ရေကာင္း၏။

"ဘယ္ကိုမွအေတြးမပ်ံ့ေစနဲ႔၊ စိတ္ကိုၿငိမ္ၿငိမ္ထားၿပီး သူ႔ကိုပဲ အာရံုစိုက္ထား"

ဓားကိုလက္ထဲဆုပ္ကိုင္ကာ ရပ္ေနေသာ ဘခ္ဟြၽန္းအား ေဘးကေနၾကည့္ရင္း အသံခပ္တိမ္တိမ္ျဖင့္ ခ်န္းေယာလ္ဆိုသည္။ 'သူ' ဆိုသည္ကား ဘခ္ဟြၽန္းလက္ထဲက ဓားျဖစ္ၿပီး ကိုင္ပံုကိုင္နည္းေတြကအစ မွားယြင္းေနတာေတြ အမ်ားႀကီးရိွေနေသာ္ျငား ေလာေလာဆယ္ကား သူ၏အစြမ္းကို အသံုးခ်ႏိုင္ေအာင္ ထုတ္ယူေပးေနရံုသာ။

"ခ်ိတ္ဆက္ၿပီလို႔ ခံစားရတာနဲ႔ တျဖည္းျဖည္း သူ႔ကိုလႊတ္ခ်လိုက္"

ခ်န္းေယာလ္စကားကိုၾကားသည္ႏွင့္ ျဖည္းျဖည္းခ်င္း လက္ေခ်ာင္းေလးမ်ား ဖြထုတ္ကာ ဖယ္ခ်လိုက္ေတာ့ ထိုဓားက ခြၽင္ကနဲ ေအာက္ကိုျပဳတ္က်၏။

ဘခ္ဟြၽန္း အသက္ရႉေအာင့္ထားရာကေန သက္ျပင္းမႈတ္ထုတ္မိကာ မ်က္ႏွာပ်က္သြားေပမယ့္ ခ်န္းေယာလ္ေလသံကေတာ့ ခပ္သြက္သြက္။

"ျပန္ေကာက္ၿပီး အစကျပန္လုပ္"

ဒီတစ္ႀကိမ္ႏွင့္ဆို က်ရႈံးေနတာ ဆယ္ႀကိမ္ေျမာက္ေနၿပီျဖစ္သည္။

မလႈပ္မယွက္ၿငိမ္သက္ေနေသာ ဓားကို ျပန္လည္ေကာက္ယူကာ လက္ထဲေနရာတက်ထားရင္း ဘခ္ဟြၽန္းေခါင္းျပန္ငံု႔လိုက္သည္။

"ဇက္ေၾကာတက္မယ္ လက္ကိုေရ႔ွတိုးလိုက္"

ခ်ပ္ခ်င္းပင္ အၾကည့္ကိုမလႊဲဘဲ လက္ကိုအနည္းငယ္ ေရ႔ွထုတ္လိုက္သည္။ ျမင္ကြင္းရႈေထာင့္ ကြာျခားသြားသည္မို႔ အနည္းငယ္ အာရံုစူးစိုက္ရ ပိုေကာင္းသြားသလိုပင္။ မ်က္ေတာင္တစ္ခ်က္ႏွစ္ခ်က္ခက္ကာ အာရံုထပ္စိုက္လိုက္သည္။

တစ္ေလာကလံုးမွာ သူႏွင့္ထိုဓားပဲရိွေတာ့သေယာင္၊ မည္သည့္အရာမွ မရိွေတာ့သေယာင္၊ ဗလာက်ဥ္းေနေသာ ေလဟာနယ္ထဲ လြင့္သြားသေယာင္ ခံစားရေပမယ့္ ..... တကယ္တမ္း ဘာမွမခံစားရတာမဟုတ္။ အကုန္ခံစားေနရတာ။ ေဘးပတ္ပတ္လည္က ျဖည္းျဖည္းခ်င္းတိုးေဝ႔ွေနေသာ ေလတိုက္သံကိုလည္း ခံစားမိေနသလို ငွက္ေပါင္းစံု၏ အသံကိုလည္း နားထဲတစ္ေကာင္ခ်င္းဆီကအစ ခြဲျခားႏိုင္ေနသည္။ ယခုအခ်ိန္တြင္ မည္သည့္အရာပဲ သူ႔ထံ တိုးဝင္လာပါေစ လက္ထဲကဓားႏွင့္ဘခ္ဟြၽန္းကိုယ္တိုင္ေတာင္ မသိလိုက္ပါဘဲ အေလာတႀကီး အႏၲာရာယ္ျပဳမိႏိုင္သည္အထိ။

အာရံုစိုက္ထားသည္က ဓားတစ္ခုတည္းအေပၚသာ။ ဓားအတြင္းထဲ၌ ခိုေအာင္းေနေသာ ေရွးေဟာင္းဝိဉာဥ္ကို အာရံုခံကာ မိမိေသြးႏွင့္ ခ်ိတ္ဆက္ထားမႈကို ရွာေဖြရသည္။

ထိုအရာကို မျမင္ရသလို ၾကားလည္းမၾကားရ။

တစ္ခုတည္းေသာ သိရိွႏိုင္မည့္နည္းလမ္းသည္ အာရံုခံစားမႈသာ။

အစပိုင္းေတြမွာ မိမိကိုယ္ကို တိုးတက္ဖို႔ ယံုၾကည္ခ်က္မရိွတာလည္း မဆိုႏွင့္၊ မျမင္ႏိုင္ မၾကားႏိုင္သည့္ ကိစၥရပ္တစ္ခုအေပၚ ယံုၾကည္ကာ အင္အားစိုက္ထုတ္ ႀကိဳးပမ္းေနရသည္ကလည္း တကယ္ကိုခက္ခဲလွသည္မို႔။

ထိုစဥ္ပင္ ရုတ္ခ်ည္းခံစားလိုက္ရေသာ အာရံုေၾကာမွဆတ္ကနဲ လႈပ္ရွားမႈေၾကာင့္ ၪီးေနွာက္ထဲအသိပို႔ခ်က္ မေရာက္ေသးခင္တြင္ပင္ ဘခ္ဟြၽန္းလက္အစံုသည္ ပက္ကနဲဓားကိုလႊတ္ခ်လိုက္မိ၏။

"........."

ခြၽင္ဟူေသာ အသံသည္ ထြက္မလာ။

ထို႔အတူ ဓားသည္ ေအာက္ျပဳတ္က်မသြားပါေခ်။

ထိုဓားတစ္စံုက ဘခ္ဟြၽန္းလက္ေအာက္တြင္ ၿငိမ္သက္စြာျဖင့္ ေလထဲတည္ရိွေန၏။

"ဝါး !! ခ်န္းေယာလ္ !! ျမင္လား ! ျမင္လား ! ကြၽန္ေတာ္ လုပ္ႏိုင္ -- ခြၽင္*"

ျပန္လည္ျပဳတ္က်သြား၏။

အလန္႔တျဖတ္ လွည့္ၾကည့္လိုက္ေတာ့ ေအာက္ကိုျပန္လည္ျပဳတ္က်သြားေသာ ဓားကိုျမင္လိုက္ရၿပီး ခံစားခ်က္က အသည္းကြဲသြားသလို။

ခ်န္းေယာလ္ထံမွ ဟက္ကနဲရယ္သံတစ္ခ်က္ေၾကာင့္ ေမာ့ၾကည့္မိသည္။

"မင္း အရမ္းစိတ္လႈပ္ရွားသြားတာကိုး"

"ပထမဆံုးအႀကိမ္ေလဗ်ာ"

စူပူပ္ပုပ္ႏွင့္ ေျပာမိေသာ စကားကို ခ်န္းေယာလ္မျငင္း။

"တစ္ခါထိန္းႏိုင္ၿပီမလို႔ ေနာက္ဆိုဒီေလာက္ ခက္ခဲေတာ့မွာမဟုတ္ဘူး၊ ခုဏက ဓားက မင္းလက္ထဲၿငိမ္ေနတာ ျမင္တယ္မလား အဲ့ဒါငါ့ေၾကာင့္မဟုတ္ေတာ့ဘူး မင္းထိန္းခ်ဳပ္ထားလို႔ ၿငိမ္ေနတာျဖစ္သြားၿပီ"

ဘခ္ဟြၽန္းမ်က္ဝန္းမ်ား အေရာက္ေတာက္သြားသည္။

"တကယ္လား !?"

"အင္း ေနာက္ဆို အဲ့ေကာင္ ရန္လုပ္တာနဲ႔ ငါ့ပဲေအာ္ေခၚမေနဘဲ ကိုယ့္ဘာသာထိန္းႏိုင္ေအာင္လုပ္"

"ကြၽန္ေတာ္အခုမွ စသင္တာေလ ! ဘယ္လိုလုပ္ကြၽမ္းကြၽမ္းက်င္က်င္ ထိန္းႏိုင္ၪီးမွာလဲ"

"အဲ့ဒါေၾကာင့္ အခုေလ့က်င့္ေပးေနတာေလ"

ဘခ္ဟြၽန္းထပ္ေျပာလာမည့္ စကားကို ခ်န္းေယာလ္ေစာင့္မေနေတာ့ဘဲ ဘခ္ဟြၽန္းေျခေထာက္နားက်ေနေသာ ဓားကိုေကာက္ယူရင္း လက္ထဲထည့္ေပးလိုက္သည္။

"တစ္ေနရာရာကို ၪီးတည္ၿပီး ပစ္ထုတ္ၾကည့္၊ စိတ္နဲ႔ထိန္းခ်ဳပ္ၿပီးမွပစ္ ဒီတိုင္း အေသေကာင္ကိုပစ္သလို လက္လြတ္စပယ္မပစ္နဲ႔"

"ဟုတ္"

ေသခ်ာအာရံုျပန္စိုက္သြားသည္ကို ခ်န္းေယာလ္ေစာင့္ၾကည့္ေနၿပီး ဒီတစ္ခါေတာ့ ဘယ္ေလာက္မွမၾကာ၊ ပထမတစ္ေခါက္ထက္ ပိုလ်င္ျမန္စြာပင္ ထိန္းခ်ဳပ္ႏိုင္သည္ႏွင့္ ေပ်ာ္ရႊင္မႈကို ထိန္းခ်ဳပ္ထားေသာ မ်က္ႏွာေပးျဖင့္ ေရ႔ွတည့္တည့္ကို ဘခ္ဟြၽန္းပစ္ထုတ္လိုက္၏။

သို႔သည့္တိုင္ ဓားလမ္းေၾကာင္းက ေကြ့ေကာက္သြား၏။ !

ပစ္လိုက္သည့္ သစ္ပင္ေပၚသြားမစိုက္ဘဲ ေလတိုက္၍ လမ္းလြဲသြားသည့္ႏွယ္ ေျမၾကီးေပၚတြင္ ဆတ္ကနဲသြားစိုက္ကာ ဘခ္ဟြၽန္းပစ္ထုတ္လိုက္ေသာ အရိွန္ေၾကာင့္ ဓားအၿမႇီးပိုင္းက တဆတ္ဆတ္ႏွင့္ပင္ တုန္ခါေန၏။

"ဟင္"

ဘခ္ဟြၽန္းထံမွ ထြက္လာေသာ အသံေသးေသး။

"ဘယ္လိုျဖစ္လို႔ --- ကြၽန္ေတာ္ပဲ စိတ္ထင္တာလား"

ခ်န္းေယာလ္နဖူးေၾကာတို႔အေပၚ လက္တင္ကာအသာႏိွပ္နယ္မိ၏။

ဒီေနရာမွာ ဘခ္ဟြၽန္းသာဟုတ္မေနလ်ွင္ သူ၏မွတ္ခ်က္သည္ တစ္ခုတည္းသာရိွႏိုင္လိမ့္မည္။

"အလြန္အမင္း ညံ့ဖ်င္း" ဟူ၍။

______•°•°•°•°•

ကေလးကို :')

Continue Reading

You'll Also Like

533K 105K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
220K 40.6K 52
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
533K 31.2K 63
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
330K 21.5K 62
စီးပွားရေး လောက မှာကော မူးယစ်ဂိုဏ်း လောက မှာ ပါ DEVIL အဖြစ် နာမည်ကျော်ကြားတဲ့ XIAO ZHAN... ငယ်ငယ်ကထဲက ရှာနေသူလေးကို စတွေ့တဲ့ အချိန်မှာပဲ အရက်စက်ဆုံး...